Saturday, January 26

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာ၏ ဝိဝေကဋ္ဌအနက်(၂)

နိဗ္ဗာန်သည်"ဝိဝေကဋ္ဌ"သဘောရှိတယ်၊ ဝိဝေကဋ္ဌ ဆိုတာနှောက်ယှက်ခြင်း ရှုပ်ယှက်ခတ်ခြင်းမှ ကင်းဆိတ်
ခြင်း ဆိတ်သုဉ်းခြင်းသဘောရှိတယ်၊ ဥပမာ..မီးရှို့ထားတော့ မီးခိုးတွေတစ်မြို့လုံးတစ်ရွာလုံး အညှော်မှိုင်း
တွေတိုက်တာ ရှုပ်ယှက်ခတ်နေတာပဲ၊ ဒီကိလေသာတဏှာ ရှုပ်ထားတာနဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်တွေ
ချည်း ဖြစ်နေတယ်၊ မီးငြိမ်းသွားတော့ မီးခိုးတွေပျောက်သွားသလို၊ ဒီရှုပ်တဲ့ တဏှာကိုနောက်မဂ်ကသတ်
လိုက်တာနဲ့တစ်ပြိုင်နက်၊ ဖြစ်ပျက် အရှုပ်တွေဟာလဲ ချုပ်ငြိမ်းကင်းဆိတ်သွားတာပဲ၊ ဒီတော့"ရှင်းတာသည်
နိဗ္ဗာန် အရှင်းမြင်တာသည် မဂ်ဉာဏ်ပဲ၊" ဒီမဂ်ဆိုတာလဲ ဝိပဿနာဉာဏ်ကနေအဆင့်တက်လာမှဖြစ်တာ၊
ကိလေသာ အကြမ်းစားလဲသိ၊ ကိလေသာ အနုစားလဲ သိအုံးမှ၊ ဒုက္ခပိုင်းခြားတဲ့ဉာဏ်လာမှ ရှုပ်ယှက်ခတ်
တာတွေ ရှင်းမယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ကိလေသာနှောက်ယှက်ခြင်းမှ ကင်းဆိတ်တဲ့ သတ္တိရှိတယ်၊ ဝိပဿနာ
ရှုတဲ့အခါ ဝိပဿနာဉာဏ်က ဖြစ်ပျက်..ဒုက္ခသစ္စာ ရှုပ်ယှက်ခတ်တာကိုမြင်မယ်၊ နောက် ဒီဖြစ်ပျက်တွေကို
ရွံမုန်းလာမယ်၊ မလိုချင်တော့ဘူး၊ နောက် မဂ်ရောက်လာတဲ့အခါမှာ ဒီဖြစ်ပျက် ဒုက္ခသစ္စာ ရှုပ်ယှက်ခတ်တာ
တွေ ချုပ်ငြိမ်းကင်းသွားတယ်၊ ဒါတွေ ကင်းရှင်းနေတဲ့ နိဗ္ဗာန်ကိုမြင်တယ်၊ အမှိုက်တွေရှုပ်နေတုန်းကြည့်ရတာ
နဲ့ အမှိုက်ရှင်းမှ ကြည့်ရတာဘယ်ဟာကကြည့်ကောင်းသတုန်း၊ ရှင်းတာကကြည့်ကောင်းတယ၊ နိဗ္ဗာန်က
ရှင်းတာကြည့်ကောင်းတာ၊ မဂ်ဉာဏ်ကကြည့်တာ မြင်တာ၊ နိဗ္ဗာန်က အကြည့်ခံရတဲ့ အာရုံတရား၊ မဂ်ဉာဏ်
ကကြည့်တဲ့ အာရမ္မဏိကတရားလို့မှတ်၊ ဒီတော့"နိဗ္ဗာန်က အကြည့်ခ့၊ မဂ်က အကြည့်ဉာဏ်"ဆိုတော့ နိဗ္ဗာန်နဲ့ မဂ်ဟာတွဲနေတယ်လို့ ဆိုနှိင်တယ်။ နိဗ္ဗာန်ဟာ ရှင်းလင်းတယ်၊ ဘာ ရှင်းလင်းတာလဲဆိုတော့ ကိ
လေသာ အရှိန်အစော်တွေရှင်းတယ်၊ ကိလေသာ ရှုပ်ထားတာတွေကတော့ သေပွဲကြီးတွေ့ရမယ်၊ သေပွဲ
အိုပွဲ နာပွဲ ရင်ထုပွဲ မြေလူးပွဲ၊ ဒီကိလေသာ ရှုပ်တာတွေချည်းတွေ့ရမယ်၊ နိဗ္ဗာမှာ ဒီအရှုတွေရှင်းတယ်ဆိုတော့
အေးငြိမ်းချမ်းသာတဲ့ သဘောပဲ၊ နိဗ္ဗာန်ဟာ ကိလေသာအရှုပ်တွေ ရှင်းနေတယ်ဆိုတော့ ကိလေသာက
လွတ်ရင် နိဗ္ဗာန်ပဲ၊ ဘာကမှမပြုပြင်နိုင်ဘူး၊ မပြုပြင်နိုင်တော့ အထည်ကိုယ် မရှိဘူး၊ ကိလေသာက ရုပ်နာမ်
အတည်ကိုယ်သာ လုပ်တတ်တာကိုး၊ ဒါဖြင့် နိဗ္ဗာန်မှာ ရုပ်နာမ်မရှိဘူး၊ ကျုပ်တို့မှာရှိတဲ့ ရုပ်နာမ်ကတော့
အနိစ္စတွေကိုး၊ သို့သော် နိဗ္ဗာန်ဟာ ရုပ်လား နာမ်လားလို့မေးရင် နာမ်ဓမ္မလို့ဖြေ၊ ကျုပ်တို့မှာရှိတဲ့ နာမ်မျိုးလား
ဆိုတော့လဲ ဒီလိုမဟုတ်ဘူး၊ ဥပါဒ် ဌီ ဘင် (ဖြစ်ပျက်) ရှိတဲ့ နာမ်မျိုးမဟုတ်ဘူး၊ ဒီတော့ နိဗ္ဗာန်ဟာ ဖြစ်ပျက်မ
ရှိဘူး၊ ဒါဖြင့် ဖြစ်ပျက်မရှိတဲ့ နာမ်ဓမ္မလို့ မှတ်လိုက်။
 နိဗ္ဗာန်ဟာ နိဗ္ဗာန်ရောက်ကြောင်း အားထုတ်တဲ့ ပုဂ္ဂိုလ်တို့၏ ကျက်စားရာဌာန၊ နိဗ္ဗာန်ရောက်ကြောင်း ဓမ္မတို့
၏တည်ရာ (အာရုံပြုရာ) ဌာနဖြစ်တယ်၊ ဒီပုဂ္ဂိုလ် ဒီဓမ္မတွေဟာ နိဗ္ဗာန်ဆီချည်းလာပြီး အကုန်ဦးတိုက်ရတယ်၊
ကျုပ်တို့မှာရှိတာက အာရုံတွေရှိရာကို ပြေးတတ်တဲ့နာမ်ပဲ၊ ဒီနိဗ္ဗာန်က ငါ့ဆီအကုန်လာညွတ်ကြဆိုတဲ့ ညွတ်
အပ်တဲ့နာမ်ဓမ္မ၊ နိဗ္ဗာန်အလိုရှိတဲ့ ပုဂ္ဂိုလ်တွေ ရောက်အောင်အားထုတ်လို့ရှိရင်သူတို့၏ နိဗ္ဗာန်ရောက်ကြောင်း
စိတ်တွေဟာ သူ့ဆီပဲ ညွတ်ကြရတယ်၊ နိရောဓသမာပတ် ဝင်စားတဲ့ ပုဂ္ဂိုလ်များဟာ ၇-ရက်တိတိ နိဗ္ဗာန်ကို
ညွတ်နေနိုင်တယ်၊ အာရုံပြုနေနိုင်တယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လောက်ကောင်းသတုန်းဆိုတော့၊ ပြောဖို့
တောင်မလိုတော့ပါဘူး၊ ဖလသမာပတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေဟာ နာရီပေါင်းများစွာ ဝင်စားနိုင်တယ်၊ ဖလသ
မာပတ် ဝင်စားတယ်ဆိုတာ နိဗ္ဗာန်ကို အာရုံပြုနေတဲ့ ဖိုလ်စိတ်တွေချည်းဖြစ်နေတာ၊ ဖလသမာပတ် ဝင်စား
နေတုန်းမှာဆိုရင် ဖိုလ်စိတ်ဟာ နိဗ္ဗာန်နဲ့ တစ်ခါတည်းတွဲနေတာပဲ၊ ဒီတော့ နိဗ္ဗာန်ဟာ သာမညပျော်စရာမ
ဟုတ်ဘဲ အလွန်အထူး ပျော်စရာဖြစ်လို့ ဒီလောက်ပျော်ပိုက်နေနိုင်တာတော့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရတဲ့
ပုဂ္ဂိုလ်တွေဟာ ဘယ်တော့မှ နိဗ္ဗာန်ကို မကြည့်ဘဲ အာရုံမပြုဘဲမနေနိုင်ဘူး၊ ဒီတော့ နိဗ္ဗာန်ဟာ အေးငြိမ်း
ချမ်းသာကြည်နူးစရာကောင်းလှတဲ့ နာမ်ဓမ္မတွေပဲ၊ အစဉ်အမြဲခိုင်မြဲနေတဲ့ နာမ်ဓမ္မပဲ၊ နိစ္စဓုဝ တရားပဲ၊ ဒီနိဗ္ဗာန်
ဟာ ဘယ်နှစ်ရက် ကြည့်နေရကြည့်နေရ ရောင့်ရဲတယ် တင့်တိမ်တယ်လို့ မရှိဘူး၊ ကြည့်နေတဲ့ အခါမှာဘယ်
တော့ တော်ပြီတန်ပြီလို့မလာဘူး၊ ဒီတော့ နိဗ္ဗာန်ဟာအကောင်းတကာအကောင်းဆုံးပဲလို့မှတ်၊ ဘာကြောင့်
တုန်း မသာစွဲမရှိလို့၊ အရင်က ကြည့်နေရတာတွေဟာ မသာတွေချည်းပဲ၊ ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်
လိုက် မသာတွေမရှိတော့ဘူး၊ မမြင်ရတော့ဘူး၊ မသာပွဲလဲ မရှိဘူး၊ ဒုက္ခရောတာဘာမှ မတွေ့ဘူး။
ဒီတော့ ဒီနေရာဟာအကောင်းဆုံး၊ အကောင်းဆုံးမို့ပေါ့ အရိယာပုဂ္ဂိုလ်တွေဟာ စားရေးသောက်ရေး ကိစ္စက
လေးတွေပြီးလို့ အားတဲ့အချိန်တိုင်းမှာ ဆိတ်ငြိမ်ရာသွားပြီး နိဗ္ဗာန်ကိုအာရုံပြုနေကြတာပဲ၊ ဘာပြုလို့အာရုံပြု
နေပါလိမ့်၊ သက်သာရာ ရအောင်လို့၊ နိဗ္ဗာန်ဟာ သက်သာမှုကို ပေးနိုင်တယ်၊ သူ့ကြည်နေတဲ့ပုဂ္ဂိုလ်အား
အေးငြိမ်းချမ်းသာမှုကို ပေးနိုင်တယ်၊ ဒီတော့ နိဗ္ဗာန်ဟာချမ်းသာအစစ် သုခအစစ်ပါပဲ၊ နိဗ္ဗာန်က သူ့ကိုမှိနေ
တဲ့ ပုဂ္ဂိုလ်တွေကိုချမ်းသာမှုပေးလေ့ရှိတယ်၊ နိဗ္ဗာန်မှတစ်ပါး ကျန်တာတွေကတော့ အားကိုးလိုက်တိုင်း ဒုက္ခ
ရောက်တာပဲ၊ ရွှေတွ ငွေတွေ အားကိုးလိုက်ရင် ရွှေငွေကြောင့် ဒုက္ခရောက်ရတာပဲ၊ စိန်ရွှေရတနာတွေ အား
ကိုးလိုက် စိန်ရွှေရတနာကြောင့် ဒုက္ခရောက်တာပဲ၊ နိဗ္ဗာန်ကျတော့ အားကိုးတိုင် ချမ်းသာရာရမယ်ဒါကြောင့်
နိဗ္ဗာန်ဟာချမ်းသာခြင်းလက္ခဏာရှိတယ်၊ နိဗ္ဗာန်ဟာ ဘာအထည်နဲ့တူသတုန်း၊ နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ဘယ်
လိုနေထိုင်သတုန်းလို့မေးချင်းမေးမယ်၊ မေးခွင့်လဲရှိတယ်၊ သို့သော် အထည်ကိုမေးလို့ရှိရင် အထည်
အကြောင်းကို အရင်ပြောရလိမ့်မယ်၊ အထည်ဆိုတာက အထည် (ဒြပ်) ရှိရင်ဖောက်ပြန်တဲ့သဘော၊ ဆွေး
မြေ့ပျက်စီတဲ့ သဘောရှိတယ်၊ ဒီသဘောမှ မလွတ်ကင်းနိုင်ဘူး၊ နိဗ္ဗာန်လဲ အထည်ရှိရင်ဆွေးမြေ့ဖောက်ပြန်
ပျက်စီးမှာပဲ၊ ဒါဖြင့် နိဗ္ဗာန်ဟာ အထည် (ဒြပ်) ရှိသလားလို့မေးရင်၊ နိဗ္ဗာန်ဟာ အထည်မရှိဘူး၊လုံးရပ်သဏ္ဌာန်
ပုံဟန်နိမိတ် လုံးဝမရှိဘူး၊ ဒါတွေရှိရင် ဖောက်ပြန်ပျက်စီးမှာပဲ၊ ဒီသဘောမှ မလွတ်ကင်းနိုင်ဘူး၊ အရိယာ
ပုဂ္ဂိုလ်တွေဟာ ခန္ဓာရှိနေတုန်း နိဗ္ဗာန်ကြည့်နေ (အာရုံပြုနေ) ရတာချမ်းသာနေတယ်၊ ဘာပြုလို့ချမ်းသာနေ
သတုန်း၊ နိဗ္ဗာန်ဟာ အအိုလဲမရှိ အနာလဲမရှိ အသေလဲမရှိ အကွဲလဲမရှိ အမွဲလဲမရှိ သောကပရိဒေဝလဲမရှိလို့
နိဗ္ဗာန်ဟာ အိုမှု နာမှု သေမှု ကွဲမှု မွဲမှုဆိုတဲ့ မကောင်းတဲ့အမှုတွေ အကုန်းငြိမ်းတဲ့နေရာဖြစ်တယ်၊ ဒါကြောင့်
နိဗ္ဗာန်ဟာ အကောင်းဆုံးအချမ်းသာဆုံးဖြစ်တယ်၊ ဝိပဿနာအားထုတ်လို့ မဂ် ရရင်ဒီနေရာကိုမြင်ရတယ်၊
နိဗ္ဗာန်မြင်တဲ့ အရိယာပဂ္ဂိုလ်တွေဟာ ဒီနေရာအကောင်းဆုံးလို့ ဆုံးဖြတ်ကြတယ်။
ဒီနေရာဟာ အကောင်းဆုံးပဲ၊ ဒါပေမယ့်မသွားဘူး မရောက်ဘူး မစားဘူးတဲ့ပုဂ္ဂိုလ်ကမကြိုက်ဘူး ပြောတာ
ကို အမှန်မယူနဲ့၊ မစားဘူးသေးဘဲနဲ့ မကြိုက်ဘူး..ပြောတာဟာအဓိပ္ပာယ်မရှိဘူး၊ စားဘူးလို့မကြိုက်ဘူးဆို
ရင်တော့ အဓိပ္ပာယ်ရှိတယ်၊ နိဗ္ဗာန် ဘာမှမရှိတာကြီးကို တပည့်တော်တို့ မကြိုက်နိုင်ဘူးလို့ပြောရင်ခင်ဗျားတို့
က ကိုယ်တိုင်လုပ်ပြီး တွေ့ရသေးတာမှ မဟုတ်ဘဲ၊ စားဘူးပြီး မကြိုက်တာမဟုတ်သေးဘူး၊ မစားဘူးဘဲနဲ့
ရမ်းပြီးမကြိုက်တာ၊ ပြောသံကြားနဲ့မကြိုက်တာ၊ ဒီတော့ စားဘူးတဲ့ အရိယာပုဂ္ဂိုလ်တွေကို မေးကြည်မှအဖြေ
မှန်ရမယ်၊ အရိယာတွေဟာ ဆွမ်းကိစ္စ ရေကိစ္စ စသည်တွေပြီးတော့၊ အားလပ်တဲ့အချိန်တိုင်းနိဗ္ဗာန်ကိုအာရုံ
ပြုနေကြတယ်၊ နေ့တိုင်း ဒီလိုနေကြတယ်၊ ဘာပြုလို့ ဒီလိုချည်းနေကြသတုန်းသူတို့က စားကောင်းလို့စားနေ
ကြတာ၊ သူတို့က ကိုယ်တိုင်စားရလို့ ကောင်းမှန်းသိလို့ ကြိုက်နေကြပြီ၊ နေ့တိုင်းစားကြတယ်၊ ဒီကို ရာက်ပြီး
မှ မကြိုက်ဘူးဆိုပြီး ပြန်လာတဲ့ အရိယာပုဂ္ဂိုလ်တွေ တစ်ယောက်မှမရှိဘူး၊ ဒါဖြင့် နိဗ္ဗာန်ဟာ ဉာဏ်အမြင်ကြီး
ကျယ်တဲ့ ပုဂ္ဂိုလ်တို့ကြိုက်ရာ ကျက်စားရဌာနပဲ၊ နိဗ္ဗာန်မကြိုက်တဲ့ ပုဂ္ဂိုလ်ဟာအမြင်ကျဉ်းလို့ပဲ၊ ဒီလိုပဲပြောရ
မှာပဲ၊ အရိယာပုဂ္ဂိုလ်အဖို့တော့ နိဗ္ဗာန်ဟာ အကြိုက်ဆုံး အကောင်းဆုံးပဲ၊ ဒီတော့ နိဗ္ဗာန်ဟာ အကောင်းဆုံး
အမြတ်ဆုံးတရားလို့ ဆုံးဖြတ်၊ ဘုရားကလဲ ဒီအတိုင်းဟောတာပဲ၊ အရိယာတွေကလဲ ဒီအတိုင်းပြောကြတာ
ပဲ၊ ကြိုက်စရာပဲလို့ဆိုရမှာပဲ၊ တစ်ခါ ပုထုဇဉ်ဉာဏ်နဲ့ နိဗ္ဗာန်မှာ ဒုက္ခလုံးဝမရှိတော့ ကောင်းရမှာပဲကြိုက်ရမှာပဲ
ပုထုဇဉ်ကတော့ ဒီလောက်ပဲမှန်းဆသိနိုင်မယ်၊ ဒါ သူတစ်ပါးပြောသံကြားနဲ့ သိရတာပေါ့၊ အနုမာန မှန်းဆပြီး
သိတဲ့ အသိပေါ့၊ အရိယာ ပုဂ္ဂိုလ်တွေကတော့ ပစ္စက္ခ၊ ကိုယ်တိုင် သိပေါ့၊ ခင်ဗျားတို့က လက်တွေ့မှ ယုံတယ်
ဆိုရင်လဲ လုပ်ကြတာပေါ့၊ ခင်ဗျားတို့က ဘာဖြစ်ဖြစ် လက်တွေ့မှယုံတဲ့ခေတ်၊ ပြောသံကြားနဲ့ ယုံးတဲ့ခေတ်မ
ဟုတ်ဘူးဆိုရင် အလုပ်လုပ်ကြည့်ပေါ့၊ ခင်ဗျားတို့ဟာ တစ်ချိန်မျာ စင်္ကြဝတေးလောင်းတွေဖြစ်နိုင်တယ်၊
စင်္ကြာမင်းကြီးဖြစ်တော့ စင်္ကြာရထားကြီးနဲ့ လောကီစည်းစိမ်တွေ အကုန်ရမှာပဲ၊ ဒါပေမယ့် စင်္ကြာမင်းဟာ
ဝိပဿနာဉာဏ်နဲ့ တက်ပြီးသွားတဲ့အခါကျတော့၊ စင်္ကြရတနာနဲ့ လောကီစည်းစိမ်ကြီးကို သတိမရတော့ဘူး
ဘာပြုလို့၊ နိဗ္ဗာန်ရလို့၊ ဒါဖြင့် နိဗ္ဗာန်ဟာ စင်္ကြာရတနာထက်..စင်္ကြဝတေး စည်းစိမ်ထက် ချမ်းသာမယ်ဆိုတာ
ထင်းရှားပြီ။ ခင်ဗျားတို့ အခုရထားတဲ့လောကီစည်းစိမ်ဆိုတာ ဘာမှပြောပလောက်တာ မဟုတ်ဘူး၊ ဒုက္ခတွေ
အဖုံဖုံနဲ့ အမြဲတွေ့ကြုံနေရတာပဲ၊ ဒါတောင်ချမ်းသာဆိုတာ ဘာမှပြောပလောက်အောင်လဲ မရှိတဲ့..ကိုယ့်စည်း
စိမ်ကလေးကို အဟုတ်ထင်ပြီး နိဗ္ဗာန်ကို မကြိုက်နိုင်တာကဖြင့် တော်တော့ကိုကန်းတဲ့ အကန်းပဲ၊ ဒီလိုပဲ
ပြောရတော့မှာပဲ၊ ဘုရားလက်ထက်က ဇောတိက၊ ဇဋိလ စတဲ့ လောကီစည်းစိမ်ရှင်ကြီးတွေ၊ ရှင်ဘုရင်တွေ
မင်းသားတွေဟာ မင်းစည်းစိမ် လူ့စည်းစိမ်ကြီးတွေကို စွန့်ပြီး ရဟန်းပြုပြီး ရဟန်းချမ်းသာနဲ့နေသွားကြတယ်၊
အရင်က စည်းစိမ်တွေကို သတိတောင်မရကြတော့ဘူး၊ ဘာဖြစ်လို့ ဝိပဿနာအားထုတ်လို့ မဂ်ဖိုလ်တွေရပြီး
နိဗ္ဗာန်ရောက်သွားလို့၊ စားသောက်မှု ကျင်ကြီး ကျင်ငယ်စွန့်မှုဆိုတဲ့ အလွှဲသာတဲ့ကိစ္စကလေးတွေပြီးရင် တစ်
ခါတည်း ဖလသမာပတ်တွေ နိရောဓသမာပတ်တွေ ဝင်စားပြီး နိဗ္ဗာန်ရဲ့အရသာကို ခံစားနေကြတာပဲ၊ ကာမ
ဂုဏ်စည်းစိမ်တွေ မှိုလိုပေါက်နေတဲ့ နတ်ပြည်မှာဆိုရင် အဆင့်မြင့်တဲ့ အရိယာတွေဟာ မနေနိုင်ဘူး၊ တစ်ခါ
တည်း ဗြဟ္မာ့ပြည်ထွက်ပြေးပြီး၊ နိဗ္ဗာန်ချမ်းသာကို ခံးစားကြတော့တာပဲ၊ ဘာဖြစ်လို့ နိဗ္ဗာန်ချမ်းသာဟာ နတ်
စည်းစိမ်တွေထက် မယှဉ်သာအောင် အဆပေါင်းများစွာ သာလွန်းလို့၊ ဒီတော့ နိဗ္ဗာန်ဟာ လောကမှာရှိတဲ့
စည်းစိမ်တကာ ချမ်းသာတကာတို့ထက်သာလွန်မြင့်မြတ်ကြောင်း မှန်းဆနိုင်လောက်ပြီး။          ။

                                                ဤကောင်းမှုကုသိုလ်ကံ
                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                           အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                   တည်ရှိပါစေတည်း ။           ။

                                                                                                            အရှင်ဉာဏဓဇ
                                                                                         မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                           အမရပူရမြို့ ။              ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မသေရာသွားဖို့ နည်းရှာစို့

"တရွေ့ရွေ့ဝေးကွာ၍ ရေမြေအဏ္ဏဝါကမ္ဘာတွေ
ခြားကွာမယ်" ဒီကမ္ဘာကြီးမှာ...ခင်ဗျားတို့ရဲ့ အရိုး
တွေ အသားတွေနဲ့ နောက်ထပ် မြေကြီး(၁၃)မိုင်
လောက်တက်ပြီးမှ ဒီတရားမျိုး နောက်တစ်ကြိမ်
ပေါ်မယ်။ဒီအချိန် ဒီအခါမျိုး မကြုံနိုင်တော့ဘူး၊
ဘုရားက...ဝိပဿနာအကျိုးငှာ ပွင်လာတာ၊ကံစီ
မံသလို လိုက်နာနေရတဲ့၊ဒါန၊သီလ၊သမထ ဆိုတာ
က သာသနာတွင်း မဟုတ်ဘူး၊မေတ္တာ တစ်နေ့
လုံးပို့နေ...ဖြစ်ပျက်ကို၊တစ်ချက်မြင်တဲ့ ကုသိုလ်ကို
                                                                   မမှီဘူး။
"ဧကာဟံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ"အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက်၊ဖြစ်ပျက်
တစ်ချက်မြင်ရသူက သာပါတယ်။ဒီအတိုင်းသာ သားရေး သမီးရေး စီးပွားရေးနောက် တောက်လျှောက်
သွားနေကြမယ်ဆိုရင် သေရာဋ္ဌာန ဘယ်တော့မှ မလွတ်ဘူး၊မသေရာဋ္ဌာန သွားတဲ့နည်း...ရှာကြပါ
နည်းယူကြပါ၊ကြိုးစားကြပါလို့ ဆိုတဲ့ ဥစ္စာတိုက်တွန်းပါတယ်။ခန္ဓာရလိုက်သေလိုက်၊ခန္ဓာရပြန်လိုက်
သေပြန်လိုက်ဆိုတဲ့ အလုပ်ဟာ...လမ်းခွဲမရှာတဲ့ ပုဂ္ဂိုလ်တို့၏ အလုပ်၊ဝိပဿနာ အလုပ်ဟာ ဒကာ
ဒကာမတို့။မသေရာသွားတဲ့အလုပ်၊အဲ...ဝိပဿနာဉာဏ် ဝင်ခွင့်မရလေလေ ခင်ဗျားတို့ ပစ္စုပ္ပန်မှာ..
အန္တရာယ် မကင်းတာ များလေလေ။ဒီတစ်ခါ သေပြီးရင် နောက်ထပ်တစ်ခါ သေစရာမရှိတဲ့ အလုပ်
သည်၊ဝိပဿနာ မဂ္ဂင်အလုပ်ပဲ။ခန္ဓာကိုယ်ကြီး ဘယ်သွားနေသလဲလို့ အမေးထုတ်ပါ၊သူသည်
ပဋိသန္ဓေနေတဲ့နေ့ အချိန်က စပြီးသကာလ သေရာဋ္ဌာနသွားနေတယ်ဆိုတာ ဆုံဖြတ်ချက်ချပါ။
အချိန်များဆိုင်သေးသလားလို့ မေးရင်...အချိန်တွေကဖြင့် မဆိုင်းဘူးဆိုတာ သဘောပါကြပြီးလား။
လမ်းခွဲမရှိတော့ဘူးလားလို့...လမ်းခွဲရှာကြရပါလိမ့်မယ်၊လမ်းခွဲရှာလို့ရှိရင် မိစ္ဆာလမ်းလိုက်လို့ရှိရင်၊
သေရာဋ္ဌာနဆီ သွားလို့မဆုံးပါ၊သမ္မာဒိဋ္ဌိဆိုတဲ့ မဂ္ဂင်လမ်းကိုလိုက်ကြလို့ရှိရင်ဖြင့် မသေရာ ရောက်
ပါလိမ့်မယ်ဆိုတာ သတိထားကြပါ။
တရားနာ လာကြတဲ့ ပရိသတ်တွေ...ဘယ်အကျိုးငှာ လာကြသတုံးဆို၊မသေရာ သွားတဲ့နည်းကို
လိုချင်လို့ တရားနာ လာကြတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ၊မသေရာဆိုတဲ့ ဥစ္စာသည် လမ်းခွဲလိုက်
ပါမှ မသေရာရှိတယ်။အဲဒါကြောင့် အင်မတန် နစ်နာမှာ စိုးတဲ့အတွက် သေခါနီး နိမိတ်တွေ ထင်လာ
တော့မှ ကိုယ်ကျိုးနည်းပြီဆိုရင် ကောင်းပါဦးမလား။ဖြစ်ပျက်ရှုထားတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဒကာ
ဒကာမတွေ ဘာမှ မပူပါနဲ့တဲ့။သေခါနီးမှာလည်း သောတပန်တည်နိုင်တယ်၊ဒါကြောင့်...ခင်ဗျားတို့
ကိုကယ်မယ့်ယူမယ့်ဟာဖြင့် "မဂ်"ပဲလို့...သေသေချာချာ မှတ်ပါ။
 အခု လူ့ဘဝ ကိုယ်သားနဲ့ ကိုယ်မယားနဲ့ ကိုယ်ပစ္စည်း ကိုယ်စည်းစိမ်နဲ့ ကိုယ့်တိုက်ကိုယ့်တာ
ကိုယ့်ကားလေးနဲ့ ပျော်မနေဘူးလား၊တော်သေးရဲ့ဆိုတာလာမယ်၊သူများနဲ့စာရင် တော်သေးရဲ့
ဆိုတာ မသုံးကြဘူးလား၊ဘာထင်သလဲနဲ့၊ရောက်ရာဘဝ မပျော်ဘူးလား၊ပျော်နေကြတာပါဘဲ။
ခင်ဗျားတို့ ပျော်ပုံက...ကျုပ်တို့ငယ်ငယ်တုန်းက၊ရန်ကုန်မှာ လံချားဆွဲပြေးနေတဲ့ ကုလားတွေ
တော်သေးရဲ့ အိန္ဒိယနဲ့စာရင် တော်သေးရဲ့။ဟိုမှာ(၆)ပြား၊ဒီမှာ တစ်ကျပ်၊တော်သာတော်နေရ
တယ်သူ့မှာ နေပူကျဲကျဲ ကတ္တရာစေးပူပေါ် ပြေးရတယ်၊ဒါ တဏှာက ချော့ထားတာ။
 သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ တိုက်နဲ့ ကားနဲ့နေရတဲ့အခါကျတော့၊ငါ့တော်သေးရဲ့နဲ့ ဘဝထဲပျော်
နေတယ်၊ဪ ဠင်းတနဲ့ ခွေသား ပျော်နေပါကလား၊ရတဲ့ပစ္စည်းက ခွေသား၊ကိုယ်က ဠင်းတသ
ဘောမျိုး ဖြစ်နေတယ်၊ဒီအထဲပျော်နေပြီ၊ဘေးက အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်က ကြည့်တော့ ဠင်းတ
စားရတာ ခွေသား ပျော်စရာ တစ်ကွက်မှ မရှိဘူးဆိတာ အင်မတန် မထင်ရှားဘူးလား။
ခင်ဗျားတို့ ကြိုက်နေတာ ဒုက္ခကြိုက်နေတာ မီးခဲကြီးကိုင်နေရတာကို အေးတဲ့သဘောမျိုး၊
ကျေနပ်သာယာနေတဲ့ သဘောမျိုးဖြစ်နေတယ်၊သစ္စာမသိတဲ့ အဝိဇ္ဇာနဲ့ ရမ်းလိုချင်-ရမ်းခင်
ချင်တဲ့ တဏှာကိုခင်ဗျားတို့က မိတ်ဆွေလုပ်နေကြတာ၊နွားသတ်သမားကို နွားက...မိတ်ဆွေ
လုပ်ပြီး ကျေးဇူးရှင်ထင်သလို ဖြစ်နေပြီ၊သတ်မှာက အဝိဇ္ဇာနဲ့တဏှာ၊သူနားက မခွာနိုင်တာက
ကျုပ်တို့ ပုထုဇဉ် လူမိုက်တွေ။
နွားသေခါနီးမှ အသားတိုးအောင် ကျွေးတာကို...ကောင်းစေချင်လို့ ကျွေးတာမှတ်နေတယ်၊
အဲသည်လောက် ဆိုးဝါးတဲ့ ဥစ္စာကို၊ဒီ ဒိဋ္ဌိ ပြောတာ နားထောင်နေမယ်ဆိုရင်၊ဒီထက် အ၊
ဒီထက် ထူ၊ဒီထက် ပိန်းတာတော့ မရှိတော့ဘူး၊ဒါကြောင့် ပြင်ကြပါဦးဗျာ။
လူ့ပြည် ဆုတောင်းတာ မြေကြီး ကြီးပွားဖို့၊နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့
ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့၊ခန္ဓာရှိသရွေ့ ဒုက္ခ ရှိတယ်၊ခန္ဓာမရှိမှ ချမ်းသာမှာ
ဘဲဆိုတာ၊ရဲရဲတင်းတင်းမှတ်ရမယ်၊လှူရင် ဒီခန္ဓာ ဒုက္ခ သစ္စာကြီး မရချင်လို့လို့...ဆိုပြီး
တော့လှူပါ၊နိဗ္ဗာန်ရှာလို့ရှိရင်ဖြင့်၊ဘယ်လောက်ရှာရှာ အင်မတန်ကောင်းပါတယ်။      ။

                     

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                             ပင်မသံဝေဇနိယဌာန
                                                                  အမရပူရမြို့ ။            ။

Friday, January 18

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာ၏ နိဿရဏဋ္ဌအနက်(၁)

နိဗ္ဗာန်ဆိုတာ"နိဿရဏဋ္ဌ"သဘောရှိတယ်၊ နိဿရဏဋ္ဌဆိုတာ ဒုက္ခဝဋ်မှ ကျွတ်လွတ်တဲ့ အနက်သဘော၊
နိဗ္ဗာန်ဆိုတာ ဝဋ် ၃-ပါးမှ ကျွတ်တဲ့နေရာပဲ၊ ဒါဖြင့် ဝဋ်လည်မှန်းသိမှ ဝဋ်ကျွတ်ချင်မှာပေါ့၊ ဝဋ်လည်မှန်း မသိ
ရင် ဝဋ်မကျွတ်ချင်ဘူး၊ နိဗ္ဗာန်ဆိုတာ ရုပ် နာမ် ခန္ဓာ ရှိနေရင်လဲ နိဗ္ဗာန်မဟုတ်ဘူး၊ ဝိပါကဝဋ်ဖြစ်နေတာ၊ ကု
သိုလ်ကံ အကုသိုလ်ကံတွေ ရှိနေရင်လဲ နိဗ္ဗာန်မဟုတ်ဘူး၊ ကမ္မဝဋ်ဖြစ်နေတာ၊ အဝိဇ္ဇာနဲ့တဏှုာရှိပြန်လဲ
နိဗ္ဗာန်မဟုတ်ဘူး၊ ကိလေသဝဋ် ဖြစ်တယ်၊ ဒါဖြင့် ဝဋ်ကျွတ်ရာဌာန (နိဗ္ဗာန်) မှာ ရုပ်နာမ် လုံးဝမရှိဘူး၊ ရုပ်ရှိရှိ
နာမ်ရှိရှိ ရုပ်နာမ်အတွဲရှိရှိ ဒါဝိပါကဝဋ်ပဲ၊ နိဗ္ဗာန်သည် ဝဋ်ကျွတ်ရဌာနဆိုသဖြင့် ကုသိုလ် အကုသိုလ်ကံ၏
အစွမ်းသတ္တိမရှိတဲ့နေရာ၊ ကိလေသာ၏ အစွမ်းသတ္တိမရှိတဲ့နေရာ၊ ဝိပါကဝဋ်နဲ့လဲ မဆက်သွယ်တဲ့နေရာ၊
နိဗ္ဗာန်သည် ဝဋ် ၃-ပါးနဲ့မဆက်သွယ်ဘူး၊ မဆက်သွယ်ပဲ သူ့ဟာသူ သီးသန့်နေတာ၊ ဒါဖြင့် အဝိုင်းပြေးက ဒီ
ကျမှလွတ်မယ်၊ အခု ဝဋ်ကျွတ်ရာနေရာဌာန (နိဗ္ဗာန်) ၏ ကောင်းတာကိုဟောရမယ်၊ ဒီဝဋ် ၃-ပါးအကြောင်း
 သိမှသာ ဒီဘက် (နိဗ္ဗာန်) က ကောင်းသကိုးဆိုတာသိမယ်၊ ဝဋ်အကြောင်း မသိရင်..ဒီဘက်က နိရောဓ
(နိဗ္ဗာန်) ကောင်းတာကိုလဲ မသိပါဘူး၊ ဒါဖြင့် နိဗ္ဗာန်မသိဘဲနဲ့ ခင်ဗျားတို့ လှူဒါန်းကြ ပေးကမ်းကြတဲ့အခါ သူ
များကောင်းတယ်ဆိုလို့သာ ကိုယ်ရချင်တာ၊ ဒီ ဝဋ်ကြီးကို လိုချင်တာပဲရှိမယ်၊ တကယ်တော့ဒီ ဝဋ်ကြီး ကိုယ်
တိုင် ခံစားရတာမြင်ပြီး၊ ကျွတ်ချင်တဲ့သဘောမျိုးနဲ့ နိဗ္ဗာန်သို့ တကယ်အရောက်ပြေးချင်တာမဟုတ်ပါဘူး၊
ဒါဖြင့် သိတဲ့ပုဂ္ဂိုလ် လှူတာနဲ့ မသိတဲ့ပုဂ္ဂိုလ် လှူတာ၊ သိတဲ့ ပုဂ္ဂိုလ်အားထုတ်တာနဲ့ မသိတဲ့ပုဂ္ဂိုလ်အားထုတ်
တာ..အင်မတန်ကွာတယ်၊ သိတဲ့ပုဂ္ဂိုလ်က ဒီဝဋ်ကြီး ကိုယ်တိုင်ခံစားပြီးလာခဲ့တော့ ဝဋ် ၃-ပါးအကြောင်း
ကောင်းကောင်းသိပြီး၊ ဒီ ဝဋ်ကြီး ကျွတ်လွတ်ရပါလို၏ဆိုတာ လာမယ်။
အခု ဝဋ်ပြတ်ပုံကိုဟောပြမယ်၊ သစ်ပင်တစ်ပင်မှ"အမြစ်၊ ပင်စည် ပင်လုံး၊ အကိုင်း အခက်"ရယ်လို့ ၃-ပိုင်းရှိ
တယ်၊ (၁) အဝိဇ္ဇာ တဏှာဆိုတဲ့"ကိလေသဝဋ်"ဟာ ရေသောက်မြစ်နဲ့တူတယ်၊ ရေသောက်မြစ် ၂-ခုပေါ့၊
(၂) "ကမ္မဝဋ်"က ပင်စည်ပင်လုံးနဲ့တူတယ်၊ (၃) ရုပ် နာမ် ခန္ဓာဆိုတဲ့"ဝိပါကဝဋ်"ကြီးဟာ အကိုင်းအခက်တွေ
ပဲ၊ ဒီတော့ ဒီအပင် (ခန္ဓာသစ်ပင်ကြီး) သေစေချင်ရင်၊ အမြစ်ကိုဖြတ်ရမယ်၊ ဒီ ကိလေသာအမြစ်ကလဲ ဝိပ
ဿနာဓား၊ မဂ်ဓားနဲ့ ဖြတ်မှရမယ်၊ "ဝိပဿနာဓား"ကတော်တော့်ကို ခုတ်ပြီး တဲတဲကျန်တဲ့အချိန်မှာ"မဂ်ဓား"
နဲ့ ဖြတ်ရမယ်၊ "မဂ်ဓား"က ကိလေသာထု (ဒု) သိပ်ကြီးနေရင် မရဘူး၊ ဝိပဿနာဓားက အတော်ကို အရင်
တေထားအုံးမှ၊ ဒီဓား ၂-ခုကိုကိုင်ပြီး ဒီအမြစ်ကိုဖြတ်လိုက်ရင် ဒီအပင် (ကမ္မဝဋ်) ဟာလဲ ခြောက်သွားမှာပဲ
ဒီအကိုင်းအခက်တွေ (ဝိပါကဝဋ်) လဲ ခြောက်မှာပဲ၊ အခု သီးပွင့်နေတာတွေလဲ လေသီး လေပွင့် ဖြစ်သွားမှပဲ
ဝိပါကဝဋ်ထဲမှာရှိတဲ့ အဝိဇ္ဖာနဲ့ တဏှာကံတွေဟာ လေသီး လေပွင့်ဖြစ်သွားမယ်၊ ဒီလေသီး လေပွင့်တွေဟာ
နောက် အပင်ကိုမပေါက်စေနိုင်တော့ဘူး၊ ဒီအမြစ်ကိုဖြတ်ဖို့ရာ ဒါန သီလ သမထ လောက်နဲ့တော့ဖြတ်လို့
မရဘူး၊ ဝိပဿနာဓား မဂ်ဓားနဲ့ဖြတ်မှရမယ်၊ အဲဒီတော့ ဒီ"အမြစ်ဖြတ်ဆေး"ကိုတော့ဖြင့် ဒီဘဝမှာသောက်
ဖြစ်အောင်သောက်လိုက်၊ လုပ်ဖြစ်အောင် လုပ်လိုက်လို့ရှိရင်စိတ်ချရပြီ၊ ဒီအမြစ် (ကိလေသာ) မပြတ်သရွေ့
တော့ ဝိပါကဝဋ်ထဲမှ ကိလေသဝဋ်က ပေါက်နေအုံးမှာ၊ အမြစ်မပြတ်တော့ ဒီအသီးတွေ မအောင်မြင်တော့
ဘူး၊ ဒီလိုဖြစ်အောင် ဝိပဿနာအလုပ် လုပ်ရမယ်၊ ရှေးဦးစွာ ဝိပဿနာမဂ်ဉာဏ် ၅-ပါးနဲ့လုပ်၊ နောက်ဆုံးကျ
ရင် မဂ်ဉာဏ် ၈-ခုနဲ့ဖြတ်၊ ဒါမှတစ်ပါး အမြစ်ဖြတ်ဆေးမရှိဘူး၊ ဒီတော့ လှူဒါန်းတဲ့အခါမှာလဲ ဒီဝဋ်ကျွတ်ရပါ
လို၏ဆိုပြီး လှူပါ၊ ဒီ ဝဋ် ၃-ပါးမှ ကျွတ်လွတ်ချင်တဲ့ အလှူအတန်းမျိုး လုပ်ရင် အထောက်အပံ့ရမှာ သေချာ
တယ်၊ ဒီဝဋ်ကို လိုချင် တောင့်တတယ်ဆိုရင်သွားပြီ၊ ခေါင်းပြောင်းပြီး အဝိုင်းပြေးပေတော့၊ ဝဋ်ကောင်းတွေ
ပဲ လှည့်ဖြစ်ပေတော့။ ဒါဖြင့် ခင်ဗျားတို့ ဝိပါကဝဋ်ကျွတ်ချင်ရင် ကမ္မဝဋ်ကိုလဲဖြစ်မနေပါနှင့်၊ ဝိပါကဝဋ်ကလဲ
အကျိုးပေးပြီးသားဖြစ်လို့ ဖြတ်လို့မရတော့ဘူး၊ ကမ္မဝဋ်ကလဲ အကျိုးပေးတဲ့ နေရာမှာ သူဆက်အကျိုးပေးနေ
မှာပဲ၊ ဒီတော့ ကမ္မဝဋ်လဲ အားနည်းသွားအောင်"ကိလေသဝဋ်"ကိုဖြတ်လိုက်ရမယ်၊ ဖြတ်လိုက်လို့ ကိလေ
သဝဋ်မရှိတော့ရင်..ကမ္မဝဋ်လဲမရှိတော့ဘူး၊ ဝိပါကဝဋ်ကြီးလဲမရှိတော့ဘူး (ထပ်မလာတော့ဘူး) ဒီတော့ ဝဋ်
၃-ပါးကျွတ်သွားတယ်၊ ဒီ ဝဋ် ၃-ပါးကျွတ်သွားတယ်ဆိုတာ (နိဗ္ဗာန်ရောက်တယ်ဆိုတာ) ကိလေသာအညစ်
အကြေးဆိုတဲ့ သဘောမရှိဘူး၊ ကမ္မဝဋ်ဆိုတဲ့ သတ္တဝါတွေကို ဆင်းရဲအောင်လုပ်တဲ့ ထင်သလိုစီမံတဲ့ ကံတွေ
လဲမရှိဘူး၊ ကံမရှိရင်ဖြစ်ချင်သလိုဖြစ်ရတဲ့ ဘဝတွေနဲ့လဲ မကြုံတော့ဘူး၊ ဒါဖြင့် ကိလေသဝဋ်လို့ ကမ္မဝဋ်
ကျွတ်တယ်၊ ကမ္မဝဋ်ကျွတ်လို့ ဝိပါကဝဋ် ကျွတ်ရတယ်၊ ဒီတော့ ကိလေသဝဋ်သာ ကျွတ်အောင်လုပ်၊ ကံကို
လဲ မကြောက်နဲ့၊ ဝိပါကဝဋ်လဲ မကြာက်ပါနဲ့၊ ကိလေသဝဋ်ကိုသာကြောက်ရမယ်၊ ကိလေသဝဋ်ကိုကြောက်
ရင် ကိစ္စပြီးပြီ၊ ဒီတော့ အဝိဇ္ဇာတဏှာ ဆိုတဲ့ ကိလေသဝဋ်ကို နိုင်အောင်သတ်၊ သတ်တဲ့နေရာမှာ ဝိပဿနာ
ဉာဏ်နဲ့ မဂ်ဉာဏ်မှတစ်ပါး..အားကိုးစရာမရှိဘူး၊ ဒါတောင်အခုလုပ်ရင်လုပ်၊ နောင်ဝိပဿနာ ကွယ်တော့မှာ
သာသနာကွယ်ရင်..သာသနာပဆိုရင်၊ ဝိပဿနာဆိုတာ မရှိတော့ဘူး၊ မရှိတော့ ကျွတ်ချင်ရင် အခု အချိန်
ပိုင်းသာ ကျန်တော့တယ်။
ဘုရားက"ကမ္မွံခေတ္တံ၊ ဝိညာဏံဗီဇံ၊ တဏှာသိနေဟော"လိုဟောထားတယ်၊"ကံဆိုတာ လယ်နှင့်တူတယ်၊
တဏှာဆိုတာ ရေနှင့်တူတယ်၊ ခင်ဗျားတို့ စိတ်ဝိညာဏ် (ပဋိ့သန္ဓေဝိညာဏ်) ဟာ မျိုးစေ့နဲ့တူတယ်လို့ဟော
ထားတယ်၊ ဒါဖြင့် ကံဟာလယ်နှင့်တူတော့ ဒီလယ်ထဲ ရေသွင်းမပေးရင် လယ်ခြောက်ကြီးဖြစ်မယ်၊ ဖြစ်ရင်
ဘာစိုက်စိုက် မရဘူး၊ မပေါက်ဘူး၊ (လယ်နဲ့တူတဲ့ ကံဆိုတာ ကမ္မဝဋ်၊ ရေနဲ့တူတဲ့ တဏှာဆိုတာ ကိလေသ
ဝဋ်၊ မျိုးစေ့နဲ့တူတဲ့ ဝိညာဏ်ဆိုတာ ဝိပါကဝဋ်လို့မှတ်)၊ ဒီတော့ (အဝိဇ္ဇာ တဏှာ) ဆိုတဲ့ ရေကို ဒီကံထဲသွင်း
လိုက်ရင် မျိုးစေ့ဆိုတဲ့ ခင်ဗျားတို့ရဲ့ ပဋိသန္ဓေစိတ် ဝိညာဏ်ဟာ ရုပ်နာမ်ခန္ဓာ အပင်ကြီးပေါက်တော့မှာပဲ၊
ခင်ဗျားတို့လယ်ထဲမှာ ရေတွေရှိတယ်၊ မျိုးစေ့ ချလိုက်တယ်ဆိုရင် ဒီအပင် (ခန္ဓာ) ပေါက်ပြီပေါ့၊ အသီးအပွင့်
တွေနဲ့ ဝေဆာလာမှာပဲ၊ ကံက လယ်နဲ့တူတယ်၊ ခင်ဗျားတို့သားသမီး ပစ္စည်းတွေခင်တဲ့ တဏှာက ရေနဲ့တူ
တယ်၊ ခင်ဗျားတို့က မျိုးစေ့နဲ့တူ၊ ဒါဖြင့် မြေလဲကောင်း..ရေလဲကောင်း ဆိုတော့ ဒီမျိုးစေ့ကလဲ ကောင်းတော့
ပေါက်ချင်တဲ့ အပင် ပေါက်တော့မှာပဲ၊ တိရစ္ဆာန်အပင်တွေပေါက်မှာ၊ အပါယ်ပင်တွေ ပေါက်မှာ၊ ဒီလို ပေါက်
ချင်တဲ့ အပင်ပေါက်တာဟာ ဟောဒီကံရှိနေလို့၊ ဟောဒီရေ သွင်းနေလို့ ဟောဒီ မျိုးစေ့ပေါက်ရတယ်၊ ဒီတော့
လယ်လဲမရှိမှ၊ ရေလဲမရှိမှ၊ ဒီမျိုးစေ့ သုဉ်းသွားမယ်၊ ခင်ဗျားတို့က ရေမရှိလဲ မနေတတ်၊ ကံမရှိလဲ မနေတတ်
တော့ ခက်တာပေါ့၊ ဒီမျိုးစေ့ပေါက်ရင် အသီးအပွင့် ထွက်အုံးမှာ၊ ထွက်ရင် အပင်ပေါင်း မရေမတွက်နိုင်
အောင် ပေါက်အုံးမှာပဲ၊ အဲဒါ အဆိပ်ပင်တွေပဲ၊ အဆိပ်တွေက အဆိပ်သီးတွေသီးလို့၊ အဆိပ်သီးတွေက တစ်
ခါ အဆိပ်ပင်တွေ ပေါက်တော့မှာပဲ၊ ခွေးပင် နွားပင်တွေပေါက်တော့မှာပဲ၊ ဒီအပင်တွေနောက် မပေါက်ချင်ရင်
ရေလဲမရှိအောင် မြေလဲ မရှိအောင်လုပ်ကြပေတော့။                ။

                                                 ဤကောင်းမှုကုသိုလ်ကံ
                            စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                            ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                 တည်ရှိပါစေသတည်း ။                   ။

                                                                                                           အရှင်ဉာဏဓဇ
                                                                                         မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                            အမရပူရမြို့ ။            ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရန်သူစစ်ကို မြင်ဖို့လိုပြီ

"ရန်သူစစ်ကို မြင်ဖို့လိုပြီ"
ဒီနေ့ "ကာမာသဝ"စတဲ့...အာသဝေါတရားလေးပါး
မကုန်တော့ အဝဇ္ဇာဖြစ်မယ်၊အဝဇ္ဇာဖြစ်ရင်၊အယော
နိသော မနသိကာယဆိုတဲ့ နှလုံးသွင်းမှားလာလိမ့်
မယ်၊အယောနိသော မနသိကာယရှိရင်ဖြင့်၊ဝိစရဏ
ဆိုတဲ့ ဉာဏ်ဆုံးရှုံရမယ်၊စီစစ်တတ်တဲ့ ဉာဏ်ဆုံး
ရှုံရခြင်းသည်၊ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေ
ကောင်းမတွေ့လို့၊ဘာကြောင့် မိတ်ဆွေကောင်း
မတွေ့သလဲဆိုရင်...အကြားအမြင်နည်းလို့၊
အကြားအမြင် ဘာကြောင့်နည်းရပါလိမ့်မလဲဆိုရင်
ယထာဘူတဉာဏ် မရလို့၊ဘယ့်နှယ်ကြောင့်...
ယထာဘူတဉာဏ် မရပါလိမ့်မတုံးလို့၊မေးတဲ့အခါကျတော့၊အလိမ်မပြေလို့၊ဉာဏ်မှန်နဲ့ ကြည်လိုက်တဲ့
အခါကျရင်ဖြင့်...အနိစ္စတွေ့မယ်၊ဒုက္ခတွေ့မယ်၊အနတ္တတွေ့မယ်၊ဒါဘာဖြစ်တာတုံးဆိုတော့၊
အလိမ်ပြေတာ၊ရှင်းပြီးလာ။ဘယ်သူက လိမ်ရာတာတုံး မေးတဲ့အခါကျတော့ တဏှာ နဲ့ ဒိဋ္ဌိ က
လိမ်တာ၊ဒီအလိမ်ဘာကြောင့် ဖြစ်သတုံး၊ယထာဘူတဉာဏ်မရလို့ပါ။ယထာဘူတဉာဏ် ဘယ်နှယ်
ကြောင့် မရပါလိမ့်...အကြားအမြင်နည်းလို့၊ကလျဏမိတ္တဆိုတဲ့ ဆရာသမားကောင်း မတွေ့လို့၊
ဘာအတွက်ကြောင့် ဆရာကောင်း မတွေ့ရပါလိမ့်၊စီစစ်တဲ့ဉာဏ်မရှိလို့၊စီစစ်တတ်တဲ့ ဉာဏ်ကလည်း
ဘယ်နှယ်ကြောင့် မရှိပါလိမ့်၊နှလုံးသွင်းမှားလို့၊နှလုံးသွင်း ဘယ်နှယ်ကြောင့် မှားပါလိမ့်၊အဝိဇ္ဇာကြောင့်၊
အဝိဇ္ဇာ ဘယ်ကများလာပါလိမ့်၊အာသဝကြောင့်ဆိုတာ ရိပ်မိကြပလား၊အာသဝေါ ဘယ်တော့
ကုန်မှာပါလိမ့်၊ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် အာသဝေါကုန်ပါတယ်။
အဲဒီတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိဆိုတာ အကြီးဆုံးရန်သူနော်၊ရင်ဝလှံစူးတာကို ဖြည်းဖြည်းမှ
နှုတ်ချင်နှုတ်ပါ၊ဒိဋ္ဌိကိုတော့ အရင်ဖြုတ်မိအောင် ဖြုတ်စမ်းပါဆိုတာ...အကြီးဆုံးရန်သူမို့
ဒီလောက်ဟောနေတာပါ။ဦးခေါင်းမီးလောင်နေတာတောင်၊ဖြည်းဖြည်းမှ ငြိမ်းချင်ငြိမ်းပါ၊
ဒိဋ္ဌိကိုတော့ အရင်နှုတ်ပစ်ပါဆိုတဲ့ ဥစ္စာ အရေးကြီးလို့ ပြောရတာပါ၊မင်းကွာ တော်တော်နဲ့
မသေသေးပါဘူး၊လုပ်နိုင်ပါသေးတယ် ကိုင်နိုင်ပါသေးတယ်၊မင့်သား...မင့်သမီး ကလေးတွေ
လူလားမြောက်အောင် စောင့်နိုင်ပါသေးတယ်နဲ့။ဒိဋ္ဌိကဟောတာ...ပြုံးပြီးများ နားထောင်လိုက်
သေးတယ်၊အို ဒီအရင် အခါတုန်းကတော့ တပည့်တော်တို့၊သားရေး သမီးရေး စီးပွားရေးဆိုတဲ့
ကျွန်အလုပ်ကဈေးကောင်းတုန်းကို ဘုရား။ပျိုပျို ရွယ်ရွယ် ရောဂါကင်းစင်တုန်းကတော့
စားသောက်ကောင်း နေထိုင်ကောင်း အစာကြေညက်တုန်းက၊ဒိဋ္ဌိ တဏှာ ခိုင်းတာတွေ
လျှောက်လုပ်နေတယ်၊ရောဂါထူပြီဆိုမှ၊အင်း...ကိုယ်ရေးကိုယ်တာ၊ရှာဦးမှာပဲ၊ဒီလို့နဲ့
လာကြတာကိုးဗျ။

                                            ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                               မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                          ပင်မသံဝေဇနိယဌာန
                                                                အမရပူရမြို့ ။                ။

Tuesday, January 8

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် (၁၆) ချက်

                                                         "ဉာဏ်စဉ် အကြောင်း"
ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ဝိပဿနာလက်တွေ့လုပ်နည်းကို စပြီးဟောရလိမ့်မယ်၊ ဝိပဿနာ
အလိုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်၊ တရားထိုင်တဲ့ အခါမှာ ဆိတ်ငြိမ်တဲ့နေ
ရာမှာထိုင်ပါ၊ ဆိတ်ငြိမ်တဲ့ နေရာဟာတောပါပဲ၊ ဘုရားကိုရှိခိုးကန်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရား
ကိုလှူထားပါ၊ ပြီးတော့ သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ၊ ခန္ဓာကိုယ် ထားပုံ
ထားနည်းကတော့အချိန်ကြာကြာတရားအားထုတ်နိုင်အောင်တည့်တည့်မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်
သက်-အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင် လုပ်ပါ၊ ဝင်လေလဲသိ၊ထွက်လေလဲသိပြီးနေရင် ကြာ
တော့ သမာဓိအားကောင်းလာတဲ့ အချိန်မှာ ဝီယကို အလျှော့မပေးဘဲ သတိနဲ့ ပညာကို ကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်၊ တောင့်လာတာ
ညောင်းလာတာကို ဉာဏ်ကသိလာတယ်၊ ညောင်းတာရယ် ညောင်းမှန်သိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်
သွားတာပဲလို့ သိလိုက်ပါ၊ ဒီလိုသိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ်မရှိတော့ပြီလို့ နေက်က
ဉာဏ်နဲ့သိလိုက်ပါ၊ ညောင်းတာ တောင့်တာကို ပြုပြင်ပြီးမပေးသမျှအညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု
ဖြစ်ပြီး ပျက်နေဦးမှာမို့၊ ဒူးကလေး ခြေကလေးဆန်ချင်တဲ့စိတ် ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ်၊ အဲဒီ
ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာကို ကိုယ်ဉာဏ်နဲ့သိလိုက်ပါ၊ ဒီလို သိပြီးတဲ့အခါ ထိုဆန့်
ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ၊  အဲဒီလိုသိနေတုန်းမှာ ဖြတ်
ဆို အသံတစ်ခုကြားလိုက်ရင် ကြားတယ် လို့သိပါ၊ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း၊ ပေါ်လာ
တိုင်း သိပြီးဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့သိရမယ်၊ အဲဒီလို အသိတရားတွေကို စိပ်သည်ထက်
စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေ
ကိုသတိနဲ့စိုက်ကြည့်ကတွေ့လိမ့်မယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ပါဠိလိုရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါ
ကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုက်ပြီးကြည့် သိနေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘော
ကိုပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့
မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လာမယ်၊ ခန္ဓာကိုယ်ရှိရင် ဒီ
လို ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို၊ နာ၊ သေ၊ ဆိုတဲ့ ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့ ကြောက်ရွံ့ပြီး မိမိ
ခန္ဓာကိုယ်ကိုပဲ ရွံ့မုန်းလာမယ်၊ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ-ဒေါသ-မောဟ ၃-ပါးစလုံး တဖြည်း
ဖြည်း ခေါင်းပါးပြီး၊ နောက်ဆုံးဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များလာရင် ယခုဘဝမှာပင် မဂ်
ဖိုလ်ကို ရနိုင်တယ်၊ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့သ
ဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာ တွေရလိမ့်မယ်။
ဉာဏ်စဉ်ဆိုတာ။ ။ ရှုဖန်များလာရင် (၁) ဤကားရုပ်၊ ဤကားနာမ်လို့ပိုင်းခြားသိလာတော့"နာမရူပပရိစ္ဆေ
ဒဉာဏ်"ရလာတယ်။ (၂) နောက်နာမ်ရုပ်တို့၏ ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး၊ ဒီနာမ်ရုပ်
ဟာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့အကျိုးတရားပါကလား၊ အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘဝက အဝိဇ္ဗာ၊ တဏှာ၊ ဥပါဒါန်၊ ကံအ
ကြောင်း တရားတို့ကို ရှာမှီးသိမ်းဆည်နိုင်တဲ့"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာတယ်။ (၃) နောက် ရုပ်နာမ်တို့၏
ဖြစ်ပြီး၊ ပျက်လတ္တံ၊ ဖြစ်ဆဲတို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါးကိုပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော"သမ္မသနဉာဏ်"အဆင့်သို့ ရောက်
လာမယ်။ (၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့
"ဥဒယဗ္ဗယဉာဏ်"ပေါ်လာမယ်။ (၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့"ဘင်္ဂဉာဏ်"
ပေါ်လာမယ်။ (၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်
ရာဘေးကြီးလို့ ထင်လာတဲ့"ဘယဉာဏ်"ပေါ်လာမယ်။ (၇) နောက်ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်
တွေကို ထင်မြင်လာတဲ့"အာဒီနဝဉာဏ်"ရလာမယ်။ (၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ်တို့
ကို ငြီးငွေ့ စိတ်ပျက် မနှစ်သက်တဲ့"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။ (၉) နောက်မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်
နာမ် ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့"မုဥ္စိတုကမျတာဉာဏ်"ရောက်လာမယ်။ (၁၀) ထိုမှ တစ်ဆင့် ရုပ်နာမ်
တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊ အစိုးမရမှုတွေကို အပြင်းအထန် အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါရဉာဏ်"ရောက်လာမယ်။ (၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်
တဲ့"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာတယ်။ (၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေး
သုံးပါးဖြင့် အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့"အနုလောမဉာဏ်"ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့"ဂေါတြဘူဉာဏ်"ပေါ်လာ
မယ်။ (၁၄) နောက်(သဥပါဒိသေသ) နိဗ္ဗာန်ကိုမြင်တဲ့"မဂ်ဉာဏ်" နှင့်။ (၁၅) မရှေးမနောင်းပင် ထိုနိဗ္ဗာန်၏
အကျိုးကို ခံစားတဲ့"ဖိုလ်ဉာဏ်"ပေါ်လာမယ်။ (၁၆) နောက် မဂ်ကိုဆင်ခြင်ခြင်း၊ ဖိုလ်ကိုခြင်ခြင်း၊ နိဗ္ဗာန်ဆင်
ခြင်ခြင်း၊ ပယ်ပြီးသောကိလေသာကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့
ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့"ပစ္စဝေက္ခဏာဉာဏ်"ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမား ကောင်းနဲ့လည်း
တွေ့ခိုက်၊ ရခဲလှတဲ့ လူ့ဘဝကို ရခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကိုမလုပ်ကြဘဲ။ အရိုးက ဓာတ်
တော်ဖြစ်အောင် ကြိုးစားကြပါ၊ အရို အသွး အသား ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေမွေးကတည်းက
ဖြစ်လာတာမဟုတ်ဘူး၊ တရားကိုအားထုတ်လို့ တရားက ပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်
တော်ဖြစ်လာရတယ်လို့မှတ်ပါ၊ ဒါကြောင့်တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေး
လိုက်ပါတယ်။        ။
    (မှတ်ချက်။   ။ဆရာတော်သည် တရားအားမထုတ်ဖူးသေးသည့် လူပြိန်းများကိုသာ ထိုစဉ်က
     ဗဟုသုတ အလို့ငှာ အထက်ပါအတိုင်း ဉာဏ်စဉ်ကို အထူးသီးသန့်ဟောခဲ့ပါသည်။ များသော
     အားဖြင့် ဉာဏ် ၃-ဆင့်ကိုသာ ဟောပြောလေ့ရှိပါသည်။)

                                            
                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                           ပင်မသံဝေဇနိယဌာန
                                                                  အမရပူရမြို့  ။                ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမုဒယသစ္စာ၏ သံယောဂဋ္ဌအနက် (၃)

အခုဟောရမှာက သမုဒယသစ္စာ၏ သံယောဂဋ္ဌ..အနက်သဘောဖြစ်တယ်၊ သံယောဂဋ္ဌ..ကိန်းရာဂ္ဂိုလ်တွေ
ကို ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ ယှဉ်တွဲတတ်တဲ့သဘော၊ လောဘ..တဏှာဟာ အာရုံနဲ့ဒွါရ တိုက်ဆိုင်လို့ ခင်ဗျား
တို့သန္တာမှာ (ဟဒယဝတ္ထုမှာ) ပေါ်လာတယ်၊ လောဘကလေးဖြစ်လာဖို့ရာ သူ့အာရုံက လှုံ့ဆော်ပေးတယ်
ဟိုဘက်သွားတော့ ဟိုဘက်မှာရစရာရှိတဲ့အာရုံက ဒီကမနောအကြည် (မနောဒွါရ) နဲ့တွေ့လိုက်တော့ လို့ချင်
တဲ့လောဘဇောက ဖြတ်ဆိုပေါ်လာတယ်၊ ဟဒယဝတ္ထု (မနောအကြည်) ဟာမှန်ပဲ၊ မှန်က ဟိုမှာကြွေးရှိတဲ့
လူဆီ သွားတဲ့လိုက်တယ်၊ သွားတဲ့လိုက်တော့ ဒီလောဘဇောအရိပ်က ဒီမှာသာပေါ်တယ်၊ ဒီလောဘဇောက
ကိန်းရာပုဂ္ဂိုလ်ကို ခိုင်းတော့တာပဲ၊ ခိုင်းတော့ ဟိုကျရင် ပြောရဆိုရ လိမ်ရ ကောက်ရလို့၊ မောရပန်းရတဲ့ ဒုက္ခ
တွေ တွေ့ရတယ်၊ တစ်ခါတလေ တစ်ယောက်နဲ့ တစ်ယောက်စကားများပြီး၊ ရန်ဖြစ်ရတဲ့အလုပ်တွေ တွေ့ရ
တယ်၊ ဒီတော့ လောဘသာဝင်လာရင် ဒုက္ခဝတ္ထုဒုက္ခမှုတွေနဲ့ တွဲပေးတော့မယ်၊ ဒီခန္ဓာကိုယ်ကြီးကို ရိုက်ခိုင်း
တော့မယ်၊ မရောက်ရောက်အောင် ရိုက်ခိုင်းတာပဲ။ မနက်မိုးလင်းရင် လောဘက ဆွမ်းတော်ထက် စောသေး
တယ်၊ သူကအရင်ကြွလာတယ်၊ အိပ်ရာက ထလို့ရှိရင်ဘယ်သူ့ဆီမှာ ယူစရာရှိတယ်၊ တောင်းစရာပေးစရာရှိ
တယ် စသည်နဲ့ မလာဘူးလား၊ ဒီတော့ ခင်ဗျားတို့မှာ ဒုက္ခဆိုးတွေနဲ့ ကြုံတော့တာပဲ၊ သူလာတဲ့နေ တစ်နေ့
လုံး နက္ခတ်ဆိုးကြုံတဲ့နေ့ ဆိုးရွားတဲ့ နေ့ပဲလို့မှတ်၊ လောဘက သူကြွလာရင်သူချည်း သက်သက်လာတာမ
ဟုတ်ဘူး၊ ဣဿာရော၊ မစ္ဆရိယရော၊ မာနရော၊ ဒိဋ္ဌိရော၊ အကုသိုလ်စေတသိတ် အဖော်တွေနဲ့လာတာ၊
အခြွေအရံတွေနဲ့လာတာ၊ ဒီအခြွေအရံတွေနဲ့လာတာ၊ ဒီအခြွေအရံတွေဟာ အစိမ်းသရဲ သဘက်တွေပဲ၊
လောဘက ဒုက္ခဝတ္ထု ဒုက္ခမှုတွေပေးမလို့လာတာ၊  ခင်ဗျားတို့က ဒါမသိတော့လောဘကလေးတွေကို လက်
သတ်မွေးထားတယ်၊ အမွေးလွဲပြီပေါ့၊ သူက..အခြွေအရံနဲ့တကွ လာပြီးခင်ဗျားတို့ကို စီမံတော့မယ်၊ အပြေး
ခိုင်းရင် ပြေးရမယ်၊ ဟာ နောက်ကျသွားလိမ့်မယ်၊ ဟိုမှာ ရစရာတွေဘာတွေရှိတယ်ဆိုတော့ အပြေးအလွှား
သွားရတယ် မဟုတ်လား၊ လမ်းများခလုတ်တိုက်လဲလဲ လဲပါစေ၊ ထမင်းမစားရ..အငတ်နေပေါ့ကွ ထမင်း
အရေးလုပ်လို့၊ နေ့တိုင်းစားနေရတာ၊ အချိန်လွန်သွားမယ်၊ တစ်ခါတလေ ၂-ထပ်ကို တစ်ထပ်တည်း စားရ
တာဟာလောဘကြောင့်ပဲ၊ သူရောက်လာရင် မင်းအငတ်ပြသာနာနဲ့လဲတွေ့ရမယ်၊ ဆန်အိတ်၊ ဆီပုံးတွေရှိ
လျက်နဲ့ ကောင်းကောင်းမစားရတဲ့ ဒုက္ခ..(ငတ်တဲ့ဒုက္ခ) ကို ငါပေးမယ်တဲ့၊ မင်းတို့နဲ့ ဒီဒုက္ခ ဝန်ထုပ်ကြီးတွေနဲ့
မကွဲအောင် အမြဲတွဲထားပေးမယ်တဲ့"ဝန်ထုပ်နဲ့အထမ်းသမား"မကွဲရအောင်လို့၊ ရုန်းထွက်လို့ မရအောင်ငါ
တွဲပေးမယ်တဲ့၊ လောဘက။
ခင်ဗျားတို့ကလဲ ထမ်းနေရတဲ့ ဒီဝန်ထုပ်ကြီးကျသွားမှာပဲစိုးရိမ်နေတယ်၊ ကျောပေါ်ကမချချင်အောင်ကိုသူက
စေတနာဗလဝနဲ့ လုပ်ထားတယ်၊ သားကလေးတစ်ယောက်မွေးလာရင် ကျောပေါ်တယ်ထား၊ သမီးကလေး
မွေးပြန်လဲ ကျောပေါ်တင်ထား၊ ဆွေမျိုးရင်ချာလေး ရောက်လာပြန်လဲကျောပေါ်တင်ထား၊ မိတ်ဆွေရင်းချာ
လေး ရောက်လာပြန်လဲ ကျောပေါ်တင်တာပဲ၊ ဒီလူတွေကို ပစ်လိုက်ပါတော့လား ဆိုတော့၊ ပစ်လို့မဖြစ်ဘူး
တဲ့၊ သူတို့နဲ့ပဲ အလုပ်လုပ်နေရတယ်တဲ့၊ ပစ်တာကိုမပါဘူး၊ ဒါတွေအကုန် ကျောပေါ်တင်တာပဲ၊ ဒါတွေဟာ
လောဘကတင်ပေးတာ၊ လောဘက ခင်တဲ့လူကိုတင်ပေးတာ၊ မခင်တဲ့လူကို မတင်ဘူး၊ သား သမီး၊ ဆွေမျိုး
မိတ်သင်္ဂဟတွေလာတော့ ကျွေးလိုက်မွေးလိုက်၊ ပေးစရာကမ်းစရာရှိပေးလိုက်ဟုတ်လား၊ သူတို့ကိစ္စအား
လုံး လုပ်ပေးရ၊ ပူစရာဟူသရွေ့လဲ ကိုယ်ပါရောပူရ၊ ပူတာဟူသရွေ့လဲ ကျောပေါ်တင်တာပဲ၊ ဝန်ထုပ်ဟူသ
ရွေ့လဲ ကျောပေါ်တင်တာပဲ၊ အတွင်းကလဲ အပူတွေ၊ ကျောပေါ်ကလဲ ဝန်ထုပ်တွေနဲ့ လောဘကတွဲပေးတာ
နော်၊ တစ်ယောက်တည်းနေရင် ကိုယ်ခန္ဓာတစ်ထုပ်တည်းထမ်းရမယ်၊ ဒီလိုထမ်းရတော့၊ ဝန်ပေါ့တော့တော်
သေးတယ်၊ တဏှာ သမုဒယ ရောက်လာတဲ့ အချိန်ကစ၍ ခင်ဗျားတို့က ဒီလိုနေလို့တော်မထင်းဘူးဖြစ်လာ
တယ်၊ ယောက်ျားဆို မိန်းမရှိမှ၊ မိန်းမဆို ယောက်ျားရှိမှတဲ့၊ ဒါမှတော်မယ်တဲ့၊ ဒါ..သမုဒယကအိမ်ထောင်ပြု
ခိုင်းတာ၊ ဒီတော့ ယောက်ျားဝန်လဲ မိန်းမကထမ်းရ၊ မိန်းမဝန်လဲ ယောက်ျားကထမ်းရ၊ နောင်သားသမီးတွေ
 မွေးလာပြန်တော့ ဝန်တွေပိုထမ်းရပြန်တယ်၊ နောက် သားသမီးတွေက ဆက်လက်ပြီး မြေးတွေမြစ်တွေမွေး
ပြန်တော့ ထမ်ပြီးပိုထမ်းရပြန်တာပဲ၊ ဝန်ထုပ်နဲ့ခွဲလို့ကို မရဘူး၊ ဒီ သားသမီးတွေ၊ ဒီမြေးတွေနဲ့များခွဲလို့ရတော့
မယ်၊ စွန့်များသွားရတော့မယ်ဆိုရင် မျက်ရည်များတောင် ကျသေးတယ်၊ ဝန်ကျမှာသိပ်စိုးရိမ်တယ်၊ ဝန်ပိပြီး
သေမှ ကျေနပ်တဲ့အမျိုး၊ ဝန်ပိပြီးသေပါရစေ၊ ဝန်ကျပြီးဆွေကွဲ မျိုးကွဲနဲ့ သားကွဲ သမီးကွဲနဲ့ မသေပါရစေနဲ့တဲ့
ဆိုတောင်းလိုက်သေး၊ ဒါခင်ဗျားတို့ရဲ့ဖြစ်စဉ်၊ ဖြစ်စဉ်က အင်မတန်ဆိုးရွားတယ်၊ ဆွေတွေမျိုးတွေ သားတွေ
သမီးတွေအကုန်လုံး ဝိုင်းရံပြီး နှိပ်စက်သရွေ့ခံပြီးမှဝန်ပိသေပါရစေတဲ့၊ ဝန်ကျပြီး သေပါရစေလို့ကိုမလာဘူး
ဘုရားကတော့ ဝန်ကျသေမှကြိုက်တယ်၊ ခင်ဗျားတို့က ဝန်ပိသေမှ ကြိုက်တယ်၊ သေခြင်းဆိုးသေမှ ကျေနပ်
တယ်ဆိုတော့ ဆိုးရွာလှတယ်၊ ဒါ သမုဒယအကြောင်း မသိလို့၊ ဝန်တင်တဲ့သူကိုသာ သတ်မယ်ဆိုရင် ဝန်
တင်မယ့်လူမရှိတော့ဘူး၊ မရှိရင် ခင်ဗျားတို့ ဝန်တွေပေါ့သွားမှာ၊ ဒါပေမယ့် ခင်ဗျားတို့က သေတာတောင်
ဆွေထဲ မျိုးထဲ သားနဲ့ သမီးနဲ့ ကိုယ့်အိမ် ကိုယ့်ရာမှာ သေပါရစေ၊ တစ်ကောင်ကြွက်တော့ မသေပါရစေနဲ့တဲ့
သစ်တုံးကြီးတွေ တင်ပြီးဆွဲရတဲ့ကျွဲကြီးတွေ လမ်းပေါ်မှာ ကားယားကြီးတစ်ခါတည်း၊ ရင်ကွဲပြီးသေတာဟာ
ဝန်လေးလွန်လို့၊ မြင်းတွေလဲ မထားဆွဲရတာက တစ်မျိုး၊ ရထားပေါ်ထင်တဲ့ ဝန်တွေဆွဲရတာကတစ်မျိုးဆို
တော့၊ တစ်ခါတည်း ကျောက်လမ်းနဲ့ ရင်ဘတ်နဲ့သွားဆောင့်ပြီး သေတာဟာဝန်ပိသေတာ၊ ခင်ဗျားတို့လဲ ဒီ
ကျွဲတွေ မြင်းတွေလိုပဲ၊ ဝန်ပိပြီးရင်ဆို့ သေတာကများတယ်။
"ခန္ဓာဆိုတဲ့မြင်းက အထမ်းသမား အရုန်းသမား၊ တဏှာက အမောင်းသမား ဝန်တင်သမား"တဏှာဆိုတဲ့
မြင်းမောင်းသမားက သူငွေရဖို့သာအရေးကြီးတာ၊ မြင်း ပျော့တာပိန်တာ သူဂရုမစိုက်ဘူး၊ လမ်းပေါ်မှာ မနိုင့်
တနိုင်နဲ့ ဆွဲရလို့ခြေချော်ပြီး ရင်ကွဲသေလဲသေပစေတဲ့၊ ခိုင်းဖို့ရာကသူ့အလုပ်ပဲတဲ့၊ ခင်ဗျားတို့ကလဲ ဒီလိုပဲ
ဝန်းပိပြီးသေကြတာပဲ၊ တစ်ခါတလေ ဝန်ပိပြီးသက်ပြင်းကြီးများ ချနေလိုက်သေး၊ အိပ်ရာထဲမှာ ဝန်ပိနေတာ
သားသမီးကလဲ နေရာမကျ၊ အရောင်းအဝယ်ကလဲမဟန်၊ ဒီလိုဖြစ်တော့ ဟင်း..ဟင်းနဲ့ သက်ပြင်းကြီးချရ
တယ်၊ ဝန်ထမ်းရတာက နဲတာမှမဟုတ်ဘဲ၊ ဝန်ထမ်းရင်း အပြေးအလွှားသွားကြရ၊ လမ်းမှာ သေခြင်းဆိုးနဲ့
သေကြရနဲ့၊ ဝန်ပိနေတာ၊ အိမ်မှာနေလဲ အလုပ်ဟာအမြဲကပ်နေတယ်၊ ဟိုဟာလေးလဲ အမြင်မတော်လို့
ကိုယ်တိုင်လုပ်နေတယ်၊ ဒီဟာလေးလဲ ကြားမကောင်းလို့ ကိုယ်ပဲသွးပြီးပြုပြင်လိုက်ရနဲ့ အမြဲဖြစ်နေတယ်၊
ကျောင်းကန်ဘုရား တစ်ရက်တည်းသွားရတာတောင် ခက်နေတယ်၊ ဘာလို့တုံးဆို ဝန်တွေထဲက ထွက်သွား
ရမှာစိုးလို့၊ ဝန်မရှိတဲ့နေရာ အလုပ်မရှိတဲ့နေရာမှာ သွားနေဖို့ကျတော့ အချိန်ဆွဲနေရတာနဲ့ပဲ..မသွားဖြစ်ဘူး၊
ဝန်မရှိတဲ့ကျောင်းကန် ဘုရားသွားမယ်ဆို နှေးလိုက်တာ၊ ဝန်ရှိတဲ့..ဝန်ပိတဲ့နေရာ အိမ်ပြန်ရတော့မယ်ဆို
တော့ သွက်လိုက်တဲ့ဖြစ်ချင်း၊ ဝန်ပိတဲ့ဆီကို သုတ်သုတ်ကလေးပြန်ကြတာပဲ၊ ဝန်ပိတဲ့ဆီမှာ ပျော်ကြတယ်၊
နေချင်ကြတယ်၊ ဝန်မရှိတဲ့ဆီကျတော့ မပျော်ဘူး မနေချင်ဘူး၊ ဝန်ကျသွားရင်ကို မကြိုက်ကြတာ၊ ကျောင်း
မှာ တရားနာ၊ တရားအားထုတ်ပြီး အေးအေးဆေးဆေးနေပါတော့လားဆိုတော့ မဖြစ်သေးဘူး ဘုရားချည်း
လာကြတာပဲ၊ ဝန်ကင်းတဲ့နေရာ ဒီနေရာမှာတော့ ခဏပဲနေနိုင်တယ်၊ အံမယ်လေး..အမောဆိုက်မှာ ကျေနပ်
တဲ့ ကြိုက်တဲ့အမျိုးတွေပါလား။ ပါးစပ်က ဆုတောင်းတော့ ချမ်းချမ်းသာသာနေရပါလို၏တဲ့၊ အလုပ်သဘော
ကတော့ အမောဆိုက်မှကျေနပ်တယ်၊ အမောမဆိုက်ရင် မကျေနပ်ဘူး၊ အမောခံနိုင်လို့ ဝန်တင်သမားကို
ကျေးဇူးတင်လိုက်သေး၊ ဒီဖြင့် အထမ်းသမားက လျှာထွက်နေပြီမဟုတ်လား၊ သားသမီး ဝန်၊ ဆွေမျိုးဝန်တွေ
နဲ့ ၉၆-ပါး ရောဂါဝေဒနာဘေးတွေရှိတဲ့ လမ်းခရီးကြီးမှာသွားနေရတယ်၊ လမ်းခရီးကလဲ ဘေးတွေစုံနေတာပဲ
အဲဒီ အထဲမှာ ဝန်တွေကလဲ ပပြည့်တင်ပြီး ထမ်းပြေးရတယ်၊ ဒါဖြင့် ဝန်ထုပ်နဲ့ ခွဲပါလားဆိုတော့..မခွဲချင်ဘူး
တဲ့၊ ဒီဝန်ကြီးမှ ထမ်းနေချင်တာ၊ လမ်းကကြမ်းကြမ်း လူကြီးမှ အိုမှဝန်ထုပ်ကလဲ ပိုမရုန်းနိုင်တဲ့အချိန်ကျမှ
ဝန်ထုပ်က များလာတယ်၊ အိုလာတော့မှ သားသမီးဝန်၊ မြေးမြစ်ဝန်တွေထမ်းနေရတာ..စိတ်အေး လက်အေး
နေရတဲ့အချိန်ကိုမရှိပါဘူး၊ လမ်းမှာ မနိုင်ဝန်တွေထမ်းပြေးရတော့ မြင်းသေ၊ နွားသေသေမှာပဲ၊ ကားယားကြီး
နဲ့သေရမှာ၊ ခင်ဗျားတို့က သတိထားမှပေါ့၊ သမုဒယကတော့..လျှော့မှာ မဟုတ်ဘူး၊ ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့
မကွဲရအောင်တွဲထားဖို့က ငါ့တာဝန်တဲ့၊ သေတောင်မကွဲစေရဘူးတဲ့၊ သမုဒယသတ္တိက မသးဘူးနော်၊
အသက်တစ်ရာမနေရသော်လဲ အမှုတစ်ရာတော့တွေရမှာပဲ၊ ဒါ သူကပေးတာ၊ ဒါတွေဟာ သမုဒယ..တဏှာ
လောဘရဲ့ဒဏ်ချက်တွေပဲ၊ သူကတော့ ရောက်တဲ့အချိန်ကစပြီး ဆိုးကျိုးပဲပေးမှာ၊ ကောင်းကျိုးတစ်ခုမှမပါ
ဘူး။
နွားဆိုတာ ထမ်းပိုနဲ့ကင်းလို့ဆိုရင် နေကိုမနေတတ်ဘူး၊ သူ့ကိုခိုင်းပြီး လွှတ်လိုက်ပေမယ့်၊ ညနေကျတော့
ထမ်းပိုးတပ်မယ်ဆီ ပြန်လာတာပဲ၊ ခိုင်းမယ့်အိမ်ကို ပြန်လာတာပဲ၊ ခင်ဗျားတို့ကလဲ နွားလိုဖြစ်နေပြီ၊ ဘယ်
သွားသွားကိုယ့်အိမ်ကိုယ့်ရာပဲ ပြန်တာပဲ၊ ထမ်းပိုးရှိတဲ့ဆီ ပြန်တာပဲ၊ ထမ်းပိုးထမ်းရလို့ ပခုံးပွန်းတာလဲ အ
တော်ကြာခဲ့ပြီ၊ ဒါပေမယ့် ရုန်းရတာအားမရသေးဘူး၊ နောက်ထပ် ပခုံးပွန်းချင်နေသေးတယ်၊ ကိုယ့်အိမ်ကို
မြန်မြန် ပြန်ချင်တာဟာ မြန်မြန်ရုန်းချင်တဲ့ အဓိပ္ပာယ်ပဲ၊ ဒီမှာဆိုတံမြက်စီး တစ်ချက်မလှည်းရဘူး၊ အိမ်မှာဆို
ရင် တ့မြက်စည်းကအစ..နောက်ဆုံး အိမ်သာအထိ ကိုယ့်တာဝန်ချည်းပဲ၊ ဒါပေမယ့် ဒီမှာပျော်သလားဆို
တော့ မပျော်ဘူးတဲ့၊ အိမ်မှာ ပျော်တယ်တဲ့၊ ဒါဖြင့် ထမ်းပိုးလျှိုရှိုနေချင်တဲ့ အဓိပ္ပာယ်ပဲ၊ ထမ်းပိုးထမ်းချင်လို့
ပေါ့၊ ထမ်းပိုးနဲ့ကင်းရင် မနေတတ်ဘူးပေါ့။ လောဘက ဒီလောက်တောင် ခင်ဗျားတို့ကို"ပခုံးနဲ့ ထမ်းပိုးနဲ့"မခွဲ
နိုင်အောင်လုပ်ထားတာ၊ ဇနီးက ကျောင်းကန်သွားနေပေါ့ဆိုရင်..နင်တို့က မသိလို့လွှတ်တာ၊ ငါကတော့ရှေ့
ရေး နောက်ရေးသိတယ်လို့ဆိုလိုက်သေး၊ ဘာသိတာတုံး ထမ်းပိုး ထမ်းရဲတယ်ပြောတာ၊ ထမ်းပိုးက လွှတ်
တာတောင်မရဘူး၊ ဒီတော့ ခင်ဗျားတို့ဟာ ဘယ်လိုပဲ ဘေးမဲ့လွှတ်လွှတ်ရကိုမရဘူး ဖြစ်နေတယ်၊ ကိုယ့်
သား ကိုယ်သမီး ကလေးတွေကိုယ့်အိမ်ကိုယ့်ရာနဲ့ လူလားမြောက်တဲ့အထိ ကျွန်ခံပါရစေအုံးလို့လာသေး
တာ၊ ထမ်းပိုးရုန်းရင်း ဝန်ထမ်းရင်း သေမယ်ဆိုတဲ့ အဓိပ္ပာယ်၊ ဝန်ပိပြီး သေခြင်းဆိုးသေချင်တဲ့ သဘောပေါ့
သားသမီးကြည့်လဲ စိတ်မချ၊ ဝန်ပိတယ်၊ ပစ္စည်းတွေကြည့်လဲစိတ်မချ၊ ဒီလို စိတ်မချ လက်မချနဲ့ဆိုတော့
ရင်ကြပ်ပြီးသေတာပေါ့၊ အဲဒါ ဝန်ပိသေတဲ့အဓိပ္ပာယ်၊ လွှတ်ရာကျွတ်ရာကိုသွားပါတော့ဆိုတော့လဲ၊ ခင်ဗျား
တို့က နှင်လို့ကိုမရဘူး၊ ထမ်းပိုး ပိချင်နေတာပဲ၊ ပခုံးနဲ့ ထမ်းပိုးနဲ့ ပြတ်ရင်ကို မနေတတ်ကြတာ၊ တောင်းဝှေး
ထောက်ပြန်တဲ့ အဖိုးကြီးတွေတောင် ဒီမှာ လွတ်လွတ်လပ်လပ် အေးအေး ဆေးဆေးနေပါလားဆိုတောင်
မရဘူး သမုဒယဆိုတဲ့ လောဘက သတ္တဝါတွေကို ထမ်းပိုးနဲ့ ပခုံးနဲ့ မကွဲရအောင် အမြဲတွဲပေးတဲ့သတ္တိရှိတယ်
ဒီလို သမုဒယရဲ့ ဆိုးကျိုးတွေကို သိအောင်လုပ်၊ ဒီဆိုးကျိုးတွေက လွတ်အောင်အားထုတ်၊ ဒီတော့ ဆိုးကျိုး
တွေပေးမယ့် လေဘလာရင် ဖြစ်ပျက်ရှုကြ၊ အမှန်က ဒီတဏှာလောဘမလာခင် သူ့ ရေသောက်မြစ်တဲ့
"ဝေဒနာ"ကိုဖြစ်ပျက်ရှုကြ၊ တဏှာမလာခင်ဝေဒနာလာတုန်း ရှုတာပိုကောင်းတယ်၊ တဏှာလာမှ ရှုရင်လဲ
နိုင်အောင်ရှုပေါ့၊ ဒီ ၂-ချက်မှတ်ထား၊ အနာပေါက်မှ ကုတာထက် အနာမပေါက်ခင် မပေါက်အောင် လုပ်တာ
က ပိုကောင်းသလိုပေါ့၊ ဒီတော့..ဝေဒနာဖြစ်ပျက်မြင်အောင်၊ နောက်..မုန်းအောင်၊ နောက်..ဆုံးအောင်ရှု
ဆုံးရင် သမုဒယလက်တွင်းမှ လွတ်ပြီ။                 ။

                                                ဤကောင်းမှုကုသိုလ်ကံ
                          စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                          ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                       အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                              တည်ရှိပါစေသတည်း ။                ။
                   
                                                                                                              အရှင်ဉာဏဓဇ
                                                                                               မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                                   အမရပူရမြို့ ။             ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ဟောကြားဆုံးမတော်မှုသော သမုဒယသစ္စာအနက်ဖွင့် တရားတော်

တရားတော်အမည် တိုက်ရိုက်နာယူရန် ဒေါင်းလော့ယူရန် 
သမုဒယသစ္စာအနက်မှ အာယုဟနဌောတရားတော်(၁) (၁၀-၁၂-၁၉၅၇) dw
သမုဒယသစ္စာအနက်မှ နိဒါနဌောတရားတော်(၂) (၁၁-၁၂-၁၉၅၇) dw
သမုဒယသစ္စာအနက်မှ သံယောဂဌောတရားတော်(၃) (၁၂-၁၂-၁၉၅၇) dw
သမုဒယသစ္စာအနက်မှ ဗလိဗောဓဌောတရားတော်(၄) (၁၃-၁၂-၁၉၅၇) dw
အ၀ိဇ္ဇာနှင့်တဏှာက တရားတော် dw

Friday, January 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာ၏ အမတဋ္ဌအနက် (၄)

နိဗ္ဗာန်ဟာ"အမတဋ္ဌ"သဘောရှိတယ်၊ "အမတဋ္ဌ"ဆိုတာ မအို၊ မနာ၊ မသေ..အမြဲနေတဲ့သဘောကို ဆိုတာပဲ၊
ခန္ဓာကြီးကတော့ အမြဲပဲ အိုလိုက် နာလိုက် သေလိုက် ဖြစ်နေတာပဲ၊ ဒီတော့ ခင်ဗျားတို့နေတဲ့နေရာဟာ၊ အို..
နာ..သေ အမြဲရှိနေတဲ့နေရာပဲ၊ ဒီဘဝမှာလဲ အို..နာ..သေ၊ နောင်ဘဝ ရောက်ပြန်တော့လဲ အို..နာ..သေ၊ ဟို
ဘဝကူးပြန်တော့လဲ အို..နာ..သေ၊ ဪ...နိဗ္ဗာန်နဲ့ခင်ဗျားတို့နေတဲ့နေရာနဲ့တော့အတော်ကွားခြားနေပါလား
ခင်ဗျားတို့က နိဗ္ဗာန်အကြောင်းလဲ ကောင်းကောင်းသဘောမကျ၊ နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းလဲမစီ
မံတတ်သေကြောင့်၊ သွားတော့ သွားနေတာပဲ၊ သွားတော့ဘယ်ရောက် အိုလမ်း..နာလမ်း..သေလမ်းသာ
ရောက်နေတယ်၊ မအိုချင်လို့၊ မနာချင်လို့၊ မသေချင်လို့၊ ဆေးဝါးတွေနဲ့ ကု၊ ပရိတ်တွေ မန္တာန်တွေနဲ့ ကာကွယ်
စောင့်ရှောက်ကြသော်လဲ၊ ခန္ဓာကိုယ်ကြီးက အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အမျိုးဆိုတော့ ဘယ့်နှယ်မှမ
တတ်နိုင်ဘူး၊ ခန္ဓာကိုယ်ကြီးဟာ သင်္ချိုင်းကိုအမြဲ မျက်စောင်းထိုးနေတာပဲ၊ နတ်ပြည်ရောက်လဲ ဗြဟ္မာပြည်
ရောက်လဲ သင်္ချိုင်းကို မျက်စောင်းထိုးနေတာပဲ၊ ခင်ဗျားတို့ ခန္ဓာအကြောင်း ကောင်းကောင်းမသိလို့ ဒီခန္ဓာ
ကြီးကို လိုချင်နေတာ၊ ဆုတောင်းယူနေတာ၊ ခန္ဓာအကြောင်း ကောင်းကောင်းမသိရင်၊ ခန္ဓာကို..လိုချင်နေရင်
ခင်ဗျားတို့ ဘယ်တော့မှ နိဗ္ဗာန်ကို လိုချင်မှာမဟုတ်ဘူး၊ ခန္ဓာအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိရင်
ဒီန္ဓာကြီးကို လိုချင်မှာမဟုတ်ဘူး၊ ဒီတော့ ခန္ဓာကြီးအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိမှ နိဗ္ဗာန်ကိုလို
ချင်မှာ၊ နိဗ္ဗာန်ကတော့ မအိုမသေအမြဲနေတဲ့နေရာပဲ၊ ပဋိသ မ္ဘိဒါမဂ် အဋ္ဌကထာဆရာက၊ ခန္ဓာကိုအဆိပ်ပင်
ကြီးဟာ သူ့ အဆိပ်နဲ့သူ သေတဲ့သဘောကိုမြင်သဖြင့်၊ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ဉာဏ်၌ထင်မြင်လို
ချင်လာ၏ဟု ဆိုထားတယ်၊ ဒီတော့ မအို..မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို သဘောကျဖို့ လိုချင်လာဖို့ရာ ခန္ဓာ
ကြီးအကြောင်း ကောင်းကောင်းသိရမယ်။ ဒီ ခန္ဓာကြီးဟာ အဆိပ်ပင်ကြီးပဲ၊ သူ့မှာ ဇရာ၊ ဗျာဓိ၊ မရဏ..အို နာ
သေ ဆိုတဲ့ အဆိပ်တွေ မွေးကထဲက တစ်ခါတည်းပါလာတယ်၊ ယူလာတယ်၊ ဒီတော့ သူ့ အဆိပ်နဲ့သူသေမှာ
ပဲ၊ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ ဆုတောင်းမပြည့်တဲ့ ခန္ဓာကြီး၊ မအိုပါရစေနဲ့၊ မနာပါရစေနဲ့၊ မသေပါရစေ
နဲ့လို့ ဆုတောင်းလို့ ရရဲ့လား၊ မရဘူးနော်၊ သူယူလာတဲ့ အိုနာ အဆိပ်နဲ့ သူသေရမှာပဲ၊ အသက်ထွက်ရမှာပဲ၊
ဒီခန္ဓာအဆိပ်ပင်ကြီးဟာ အိုဖို့ရာလဲ သူ့ အဆိပ်နဲ့သူ၊ နာဖို့ရာလဲ သူ့ အဆိပ်နဲ့သူ၊ သေဖို့ရာလဲ သူ့ အဆိပ်နဲ့သူ
တစ်ခါတည်း ပါလာတာပဲ၊ ဒါကြောင့် ဒီန္ဓာကြီးရတဲ့ ပုဂ္ဂိုလ်အပေါင်းဟာ ဘယ်နည်းနဲ့မှ ချမ်းသာလိမ့်မယ်
ဘေးကင်းလိမ့်မယ် မဟုတ်ဘူး၊ ဆင်းရဲတွင်းမှာ အိုပွဲ..နာပွဲ..သေပွဲနဲ့ပဲ ဇာတ်သိမ်းရမည့် ဒီခန္ဓာကြီးဟာ သူ့
အဆိပ်နဲ့သူ သေရတာ၊ နေရာမရွေးဘူးနော်၊ နတ်ပြည်ရောက်လဲ သေမှာပဲ၊ ဗြဟ္မာပြည်ရောက်လဲ သေမှာပဲ
လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်မှာ အကြိမ်ကြိမ် ခံစားရ၍..လို့ဆုတောင်းရင် ဒါကိုယ့်အဆိပ်နဲ့ကိုယ် အဖန်ဖန်
သေရ၍..ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒီတော့ သစ္စာမသိသေးရင် ဒီခန္ဓာကြီးကို ဆုတောင်းယူကြမှာပဲ။
ခန္ဓာကြီးမှာ အို နာ သေ ဟာတစ်ခါတည်း ပါနေတော့သူဟာ ဒုက္ခသစ္စာအစစ်ပဲ၊ ခန္ဓာကြီးရှိသရွေ့ ဒုက္ခ
ရောက်နေမှာပဲ၊ ဒုက္ခသစ္စာဆိုတာ ဆင်းရဲတာအမှန်၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဖြင့်မဆင်းရဲတဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး
နော်၊ တော်တော်ကြာ အိုရပြန်ပြီ၊ နာရပြန်ပြီ၊ သေရပြန်ပြီ၊ နောက် တစ်ခါ ရပြန်လဲ အိုရ..နာရ..သေရပြန်တာ
ပဲ၊ နောင်ဘဝများစွာ အကြိမ်ကြိမ်ရပြန်တော့လဲ အိုရ..နာရ..သေရ မှာပဲ၊ ဒီလို ခန္ဓာကြီးကို ခင်ဗျားတို့ ကြိုက်
နေတာကဖြင့်"စုံလုံးကန်း"လို့ပဲ၊ သေသွားတဲ့ မိဘ..ဆွေမျိုး..မိတ်ဆွေတွေကိုသုဿန်သို့ အကြိမ်ကြိမ်လိုက်
ပို့ခဲ့ပြီးငြားသော်လဲ၊ ဒီဘဝ ငါ သေရအုံးမယ်ဆိုတာလဲမမြင်၊ နောင်ဘဝရောက်လဲသေရအုံးမယ်ဆိုတာလဲမ
မြင်ဘူးဆိုတော့ နှစ်ဘက်စုံလုံးကန်းတာပဲ၊ ခန္ဓာဒုက္ခသစ္စာကြီးကို လွယ်ထားရပါလျက် ဒုက္ခသစ္စာမှန်းမသိ
တာလဲ"ကြောင်တောင်ကန်း"လို့မသိတာပဲ၊ မနာကြနဲ့၊ ဒါခင်ဗျားတို့ ဖြစ်စဉ်ပဲ၊ ခန္ဓာကြီးဟာ အို..နာ..သေ တစ်
ခါတည်းကပ်ပါလာတော့၊ မအို..မနာ..မသေ အောင် ပရိတ်တွေရွတ်..ကာကွယ်သော်လဲမရဘူး၊ မိုးကြိုးပစ်
တာကို ထန်းလက်နဲ့ကာလို့ မရဘူးနော်။ "အဆိပ်သီးနဲ့ငှက်"ဟိမဝန္တာတောမှာ ၁၂-ရာသီပွင့်ပြီး ၁၂-ရာသီ
သီးတဲ့ အဆိပ်တောကြီး တစ်ခုရှိတယ်၊ ဒီတော့ရောက်သွားတဲ့ သတ္တဝါတွေဟာ ဒီအဆိပ်သီးရဲ့ အနံ့သာရှူ
ရှိုက်မိလို့ရှိရင်၊ မစားဘဲမနေနိုင်လောက်အောင်ကိုမွှေးကြိုင်တယ်၊ အဆင်း အနံ့ အရသာ သိပ်ကောင်းတယ်
စားမိလို့ဝမ်းထဲရောက်ရင်တော့ သေတာပဲ၊ ဒီအပင်အောက် သွားကြည့်ရင် ငှက်ရိုးတွေ သားကောင်းရိုးတွေ
ပုံနေတာပဲ၊ နောက် အတောင်စုံပြီး ပျံလာကြတဲ့ ငှက်တွေကလဲ ဒီအနံ့ရပြီးစားချင်စိတ်ပေါက်လာပြန်တာပဲ၊
သူတို့မိဘအရိုးတွေသစ်ပင်အောက်မှာ မြင်ပေမယ့် ဪ..သူတို့သာ သေတာ၊ ဒို့ မသေဘူးဆိုပြီး စားပြန်
တော့ သေကြပြန်တာပဲ၊ နောက်အကောင်တွေလာလဲ စား သောက်တာပဲ၊ ဒီတော့ အရိုးပေါ် အရိုးထပ်သေ
ကြတယ်တဲ့။
ဒီတော့ တိရစ္ဆာန်သေးတွေ တယ်မိုက်တာပဲလို့ မဆိုထိုက်ဘူးလား၊ ဆိုထိုက်တယ်၊ သေတဲ့ မိဘအရိုးတွေမြင်
လျက်သားနဲ့၊ အသီးရဲ့ အနံ့မခံနိုင်တာနဲ့ စားပြီးတော့သေကြတယ်၊ အရိုးပေါ် အရိုးထပ်သေပွဲဝင်ကြတယ် ၊
ခင်ဗျားတို့လဲ ကိုယ်အဖေအမေတွေ အဘိုးအဘွားတွေဟာ ချမ်းသာမှု..သုခဝေဒနာကိုကြိုက်လို့ သူ့နောက်
လိုက်ပြီး၊ စီးပွားရေးတွေ နေ့မအား..ညမအားလုပ်ကိုင်ကြတယ်၊ အဲဒါသုခဝေဒနာ အဆိပ်သီးကို ရှာကြတာပဲ၊
သုခဝေဒနာကို စားရင်းမတ်တတ်နဲ့ပဲ၊ အို..နာ..သေ သွားကြတယ်၊ သွားကြလို့ ခင်ဗျားတို့ ကိုယ်တိုင် သုဿန်
ပို့ခဲ့ကြရပြီ မဟုတ်လား၊ ဒီအဆိပ်သီးစားရင် ဒီအဆိပ်သီးကသတ်တာနဲ့ သေမှာပဲ၊ သေကြလို့ မိဘဘိုးဘွား
တွေရဲ့ အရိုးတွေတောင်လိုပုံရတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကသူတို့သာဒီအသီးစားပြီးသေတာ၊ ဒို့ စားရင်
တော့မသေဘူးဆိုပြီး..ဒီဝေဒနာအဆိပ်သီးကိုလျှောက်ရှာပြီးစားကြတော့၊ သေခြင်းဆိုးနဲ့သေကြတော့တာပဲ၊
သေတော့ အရင်အရိုးတွေပေါ် ခင်ဗျားတို့ အရိုးတွေ ထပ်ပြန်တာပဲ၊ နောက် ခင်ဗျားတို့ အမျိုးဟာ"အဆိပ်စား
တဲ့အမျိုး၊ သေခြင်းဆိုးနဲ့သေတဲ့အမျိုး"လို့ဆိုထိုက်တာပေါ့၊ အံမာလေ..တိရစ္ဆာန်တွေထက် မိုက်သေးပါက
လား၊ ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာမသိသရွေ့ အဆိပ်စားကြအုံးမှာပဲ၊ စားပြီး သေခြင်းဆိုးနဲ့ သေကြအုံး
မှာပဲ၊ "သူသတ်သမားဝေဒနာ"သံယုတ်ပါဋ္ဌိတော်မှာ ဘုရားက"ဝေဒနာမာရော"ဝေဒနာဟာ သူသတ်သမား
လို့ဟောထားတယ်၊ ဝေဒနာ ၆-မျိုးရှိတယ်၊ မျက်စီ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့
ဝေဒနာဟာ ၆-မျိုးရှိတယ်၊ ဝေဒနာ ၆-ပါးဟာ သူသတ်သမား ၆-ယောက်တဲ့၊ ဟုတ်ရဲ့လား၊ ဒီဝေဒနာကို စား
ရင်း သေကြတာပဲ၊ ဒီဝေဒနာကို လိုချင်..ရချင်လို့၊ မျက်စီ ချမ်းသာချင်လို့၊ နား ချမ်းသာချင်လို့၊ နှာခေါင်းချမ်း
သာချင်လို့၊ လျှာ ချမ်းသာချင်လို့၊ ကိုယ် ချမ်းသာချင်လို့၊ စိတ်ချမ်းသာချင်လို့..လိုက်ရှာကြတယ်၊ အဲဒါ အဆိပ်
ရှာကြတာ၊ သူသတ်သမား ရှာကြတာ၊ တချို့ဆို ရှာရင်းမတ်နဲ့သေတယ်၊ တချို့တော့ မျိုးရင်သေတယ်၊ တချို့
အနံ့သင့်ပြီးသေတယ်၊ ခုနက တိရစ္ဆာန်တွေကတော့ တိရစ္ဆာန်မို့ မသိလိုစားပြီးသေတယ်၊ ခင်ဗျားတို့မှာ လူလို့
တော့ ဆိုင်းဘုတ်ဆွဲထားပါရဲ့၊ ဒါပေမယ့် စားပုံသောက်ပုံတွေကတော့ တိရစ္ဆာန် စားပုံသောက်ပုံနဲ့ အတူတူပါ
ပဲ၊ နုတ်သီးနဲ့ ပါးစပ်ပဲ ကွာတာပဲ၊ ၃၁-ဘုံလျှောက်ကြေည့် ဒီဝေဒနာသတ်တာနဲ့ သေကြတာချည်းပဲ၊ ဒီခန္ဓာအ
ဆိပ်ပင်ကသီးတဲ့ ဝေဒနာအဆိပ်သီးတွေစားမိတာနဲ့ သေကြတာပဲ။
ခင်ဗျားတို့က"သုခကြိုက်တွေ"ဖြစ်နေတော့၊ သုခကိုပဲလျှောက်ရှာတာပဲ၊ ရှာပြီးတော့စားတဲ့လူကို သုခက
သတ်တာပဲ၊ ခင်ဗျားတို့ကလဲ (သုခ) ဝေဒနာ ၆-မျိုးကိုချည်း လိုက်ရှာနေကြတာပဲ၊ ဒီ သတ်မယ့်လူ မတွေ့
သေးလို့ရှိရင်၊ ဒီနေ့ စိတ်မချမ်းမသာ ဖြစ်ကြတယ်၊ သတ်မယ်သူတွေ့မှ ချမ်းသာတယ်တဲ့၊ ဘယ်လောက်မျက်
စိလည်နေသလဲ၊ ခင်ဗျားတို့ မသိတာကတော့ဖြင့် ဟောတဲ့ပုဂ္ဂိုလ်တောင် သံဝေဂရလာတယ်၊ ခင်ဗျားတို့က
ထူလွန်း အလွန်းလို့ ပြောတဲ့ပုဂ္ဂိုလ်တောင် မပြောချင်လောက်အောင်ဖြစ်လာတယ်၊ ခင်ဗျားတို့မှာ မျက်စိချမ်း
သာမှု၊ နားချမ်းသာမှု၊ နှာခေါင်းချမ်းသာမှု၊ လျှာချမ်းသာမှု၊ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုမရရင်..စိတ်ဆင်း
ရဲ့ပြီး နေထိုင်မကောင်းတောင်ဖြစ်လာကြတယ်၊ ဘာပြုလို့ သတ်မယ့်လူမလာလို့၊ အဲဒီကျအောင် ဉာဏ်
ရောက်ထားတော့မှ ဪ...ခန္ဓာ ၅-ပါး အဆိပ်ပင်ကြီးက ဒီအဆိပ်သီးတွေ သီးနေသရွေ့၊ ဒီအသီးတွေစား
နေသရွေ့၊ ဘယ်ဘုံရောက်ရောက် သေခြင်းဆိုးသေမှာချည်းပဲလို့ မြင်လာမယ်၊ မြင်လာမှ ဒီခန္ဓာကြီးကို မ
ကြိုက်တော့မှာ၊ မကြိုက်ရင် မသေရာရှာတော့မယ်၊ အမတ..မသေရာနိဗ္ဗာန်ဘက်ကို လှည်လာမယ်၊သဘော
ကျလာမယ်၊ အခုတော့ ခင်ဗျားတို့ဟာ ခန္ဓာအဆိပ်ပင်ကြီးက ထွက်လာတဲ့ ဝေဒနာ..အဆိပ်သီးကိုသားစဉ်
မြေးဆက်စားစားပြီးသေသေလာခဲ့ကြတာဖြစ်တော့၊ ဒီအမျိုးဟာ အဆိပ်စား သေတဲ့အမျိုးပေါ့၊ မင်းမျိုးလား
သူဌေးမျိုးလားလို့ စဉ်းစားမနေပါနဲ့တော့၊ ကိုယ်အမျိုးကိုယ်သိပြီးသား၊ ခင်ဗျားတို့သေချင်ကြသလား၊ မသေ
ချင်ဘူးတဲ့၊ မသေချင်တာတော့ အမှန်ပဲ၊ ဒါပေမယ့် ကိုယ့်လည်ပင်းကိုယ်ကြိုးတပ်လာတာကတော့ ဖြုတ်မရ
ဘဲဖြစ်နေတယ်၊ သေရမှာတော့ ဧကန်ပဲ၊ အခုလို ခန္ဓာရဲ့သဘောကို သိလာတော့မှ မသေရာဘက်ကို နဲနဲ
ကလေးညွတ်လာသလို ရှိလာတယ်၊ ကဲ..နောင်မသေချင်ရင်တော့ မသေရာရှာကြရမယ်၊ တကယ်ရှာရင်
တကယ်တွေ့မှာပဲ၊ အဲဒါရှာချင်ရင် ခန္ဓာကြီးကိုမခင်ဘဲနဲ့၊ သမုဒယချုပ်ပြီး ခင်ဗျားတို့ (၁) ဖြစ်ပျက်မြင်အောင်
ကြည့်၊ (၂) ဖြစ်ပျက်မုန်းအောင်ကြည့်၊ (၃) ဖြစ်ပျက်ဆုံးအောင်ကြည့်လို့ရှိရင် ခန္ဓာကြီးရဲ့သေတတ်တဲ့သ
ဘောကို ကောင်းကောင်းကြီးသိလာမယ်၊ ဒါသိပြီးတော့၊ သေတတ်တဲ့ သေတတ်တာကြီးကိုဖြင့်မကြိုက်
တော့ပါဘူးလို့သာ မဂ်ဉာဏ်ပေါ်အောင်ကြည့်လိုက်၊ မလိုချင်တဲ့အထိရောက်အောင်ရှုလိုက်၊ ဒီလိုရှုလိုက်လို့
တကယ့်ကိုမလိုချင်တော့ဘူးဆိုရင်၊ မသေရာအမုန် မြတ်နိဗ္ဗာန်ဟာတစ်ခါတည်းပေါ်လာတယ်၊ မသေရာကို
ခုကတည်းက တွေ့အောင်ရှာထားပါ၊ သေမှတော့ မတွေ့နိုင်ဘူး၊ ဒယ်အိုး (ငရဲထဲ) ရောက်သွားရင်သွားပြီ။
မသေရာရှာနည်းကတော့ ပြောနေကျအတိုင်းပဲ၊ ဒီဝေဒနာသာ ဖြစ်ပျက်မြင်အောင် ရှုပါ၊ ဒွါရ ၆-ပါးအရ ဝေဒ
နာ အသီးသီးမှာ ၆-မျိုးပြားသော်လဲ၊ စင်စစ်တော့ ဝေဒနာဟာ သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ၃-မျိုးတည်းပါပဲ၊ အဲဒီ
ဝေဒနာ ၃-မျိုး (တစ်မျိုးမျိုး) ကို ရှုလိုက်ပြီဆိုမှဖြင့် ဝေဒနာ ၃-မျိုးဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ္ဂ ဖြစ်တယ်၊
ရှုတော့ တဏှာမလာတော့ဘူး၊ ဒီဝေဒနာဟာ နဂိုတုန်းက ဝေဒနာအဖြစ်နဲ့နေရင်သာ အဆိပ်ဖြစ်တာ၊ အခု
ဖြစ်ပျက်ရှုလိုက်တော့ အဆိပ်မဖြစ်တော့ဘူး၊ အနိစ္စဖြစ်သွားတယ်၊ အဆိပ်မဖြစ်ရင် သူဟာ အို..နာ..သေ
လက်နက် ၃-မျိုးနဲ့ ဒီ ရှုတဲ့ ပုဂ္ဂိုလ်ကိုသတ်မယ့်အလုပ် မလုပ်နိုင်တော့ဘူး၊ မလုပ်နိုင်အောင် မဂ်ကတားထား
တယ်၊ ဒီလို ဖြစ်ပျက်..မဂ် ရှုတဲ့အလုပ်ကိုလုပ်မှ မသေရာကိုတွေ့မှာ ရောက်မှာ။
ဝေဒနာ ၃-ခုဖြစ်ပျက်တာ ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာပေါ်လာရင်သူက ဒုက္ခတင်သိတာမဟုတ်
ဘူး၊ သူကိစ္စက နိရောဓ (နိဗ္ဗာန်) လဲမြင်တယ်၊ သမုဒယ (တဏှာ) ကိုလဲသတ်တယ်၊ သစ္စာ ၄-ချက်ကို တစ်
ပြိုင်နက်သိတယ်၊ ဒါဖြင့်အလုပ် လုပ်မှမြင်မှာ၊ အလုပ်လုပ်တဲ့အခါ၊ ဒုက္ခသစ္စာကိုဖြစ်ပျက် ရှုမှုကြိုးစားပါ၊ ရှုလို့
ဒုက္ခသစ္စာအဖန်ဖန် သေတာကြီးမြင်မှသာ"အမတဋ္ဌော"ဆိုတာကို သဘောကျမယ်၊ ဒီတော့ ဝေဒနာကို ဖြစ်
ပျက် နာနာရှု၊ ရှုရင် ကိုယ်ကဝေဒနာကို သတ်ပစ်တာပဲ၊ မရှုရင် ဝေဒနာက ကိုယ့်ကိုယ်ကို သတ်မယ်၊ ဒီတော့
ဝေဒနာနဲ့စစ်ထိုးဖို့ ခါးတောင်းကြိုက်ကြ၊ ဝေဒနာပေါ်လာတိုင်း ဖြစ်ပျက်ရှုရမယ်၊ ဝေဒနာသာ သူသတ်သမား
မဟုတ်သေးဘူး၊ ခန္ဓာ ၅-ပါးစလုံး သူသတ်သမားချည်းပဲတဲ့၊ ခန္ဓာ ၅-ပါးဟာ သူသတ်သမားချည်းဖြစ်တော့၊
သူတို့မရှိမှ အသေလွတ်မှာပဲ၊ သူတို့ရှိနေရင် သေဦးမှာပဲ၊ ဒီတော့ ခန္ဓာ ၅-ပါးထဲက ဘယ်ခန္ဓာဖြစ်ဖြစ် ကြိုက်
ရာကို ဖြစ်ပျက်ရှုနိုင်တယ်၊ သူသတ်သမားကို ကိုယ်ကပြန်သတ်တယ်ပေါ့၊ သတ်တော့ ခန္ဓာနောက်က
တဏှာ စတဲ့အဖော်တွေလဲသေသွားတာပဲ၊ အဲဒါ မဂ်နဲ့သတ်တာ၊ ရှေ့ကဖြစ်ပျက်..နောက်ကမဂ် ဆိုရင် ဒါ
သတ်ပြီးသားပဲ၊ မဂ်နဲ့သတ်လိုက်တော့ ခန္ဓာ ၅-ပါးဆိုတဲ့ ဒုက္ခသစ္စာတွေ ကုန်ဆုံးသွားပြီး၊ "အသေဓာတ်"နေ
ရာမှာ "မသေဓာတ်"အစားထိုးလာတယ်၊ ဒါဆို မသေရာနိဗ္ဗာန်သို့ ရောက်ပြီမှတ်။                   ။

                                           ဤကောင်းမှုကုသိုလ်ကံ
                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                      ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                         တည်ရှိပါစေသတည်း ။                  ။

                                                                                                               အရှင်ဉာဏဓဇ
                                                                                            မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                      ပင်မသံဝေဇနိယဌာန
                                                                                                               အမရပူရမြို့ ။                   ။

Tuesday, January 1

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမုဒယသစ္စာ၏နိဒါနဋ္ဌအနက်(၂)

 အခုဟောမယ့်တရားက သမုဒယသစ္စာ၏ နိဒါနဋ္ဌ အနက်သဘောပါပဲ၊ နိဒါနဋ္ဌော..တဏှာသမုဒယကိန်းနေ
တဲ့ ပုဂ္ဂိုလ်အား ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို တစ်ခုမကျန် တစ်ရံမစဲ နားခွင်မရအောင် အမြဲပေးအပ် ဆောင်နှင်း
တတ်သည့် အနက်သဘော၊ ဒါ သမုဒယရဲ့သဘောပဲ၊ အမေတစ်ယောက်ကိုကြည့်ပါ၊ သူ့ သားသမီးနဲ့ စားစ
ရာမရှိတော့၊ အရောင်းအဝယ်သွားရင် လာရင်းသာ ခွဲရမယ်၊ ခွဲချင်တဲ့စိတ်မရှိဘူး၊ ဒီကလေး ကျင်ကြီးကျင်
ငယ်ထွက်လာရင် ညှစ်ပေးချင်တယ်၊ တစ်ခါတည်း သူ့ အညစ်အကြေးတွေဟူသရွေ့ အကုန်လုပ်ချင်တဲ့ဆန္ဒ
ဟာ မခွဲချင်တဲ့ဆန္ဒပဲ၊ ဒုက္ခတွေနဲ့ မခွဲချင်တဲ့ဆန္ဒပဲ၊ မထားခဲ့ချင်ဘူး၊ ဝမ်းရေးက အရေးကြီးလို့ စိတ်လက်မ
ကောင်းဘဲနဲ့ထွက်သွားရတာ၊ သူပြုရမယ့် ဒုက္ခတွေကို မပြုရလို့ရှိရင် သူမကျေနပ်၊ မိဘတာဝန် မကျေဘူးတဲ့
ဒါ သမုဒယကလေးဝမ်းထဲရောက်လာရင်၊ ကိန်းရာပုဂ္ဂိုလ်အား ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေကိုသာ ပေးမှာပဲ ကိန်းရာ
ပုဂ္ဂိုလ်ကိုသူက အမြဲနှိပ်စက်မှာပဲ၊ ဘုရား ရဟန္တာတွေကျတော့..သူမရှိတော့တဲ့အတွက် သူ့ကိုပယ်ထားတဲ့အ
တွက် ဒုက္ခဝတ္ထု ဒုက္ခမှုတွေကိုမပေးတော့ဘူး။ သူ့အကြောင်း ကောင်းကောင်းသိရင် မုန်းလာမယ်၊ မသိရင်
တော့ သူ့ကိုကြည်ညိုနေမှာပဲ၊ သူ့ ကြောင့်ပဲနေမအား၊ ညမအား၊ သူခိုးဘေး၊ မီးဘေးတွေကြားထဲက အသက်
အသေခံပြီးတော့၊ ပစ္စည်းဝင်လုတဲ့အခါလည်း ပါသေးတယ်၊ နင်လုပ်တာ မီးလောင်ခံပြီးယူပေါ့၊ ရေထဲငုပ်နေ
လို့ဘယ်ရမတုံးတဲ့၊ သူကတွန်းတာ၊ နင်သေတာ ငါ့တာဝန်မဟုတ်ဘူး၊ ခိုင်းတာ ငါ့တာဝန်တဲ့၊ သနားတဲ့စိတ်
နည်းနည်းမှမပါဘူး၊ သူကဂျောက်တွန်းတဲ့ တရားသက်သက်ပဲ၊ ခင်ဗျားတို့ကတော့ သူမရှိရင်ပျင်းတယ်၊ သူရှိ
ရင်ပျော်တယ်တဲ့၊ ဒါကြောင့် ဒုက္ခဝတ္ထု ဒုက္ခမှုတွေဟာ ခင်ဗျားတို့သည်းခြေကြိုက်ဖြစ်နေတာ၊ သမုဒယဟာ
ပဟာတဗ္ဗ..ပယ်ရမယ့်တရား၊ သူက ဒုက္ခဝတ္ထု ဒုက္ခမှုတွေ အကုန်ပေးတတ်တဲ့ ကိစ္စရှိတယ်၊ သူကိစ္စကိုသိမှ
သာ သူ့ကိုပယ်ချင်တဲ့ မဂ်ဉာဏ်လာမှာ၊ သူ့ ကိစ္စမသိရင် မပယ်ချင်ဘူး၊ သူ့ ကိုကိုယ်မုန်းတီးခြင်း မရှိသေးရင်
ဖက်ထားမှာပဲ၊ သူ့ ကိုအဖော်လုပ်နေလို့ ခင်ဗျားတို့ မဂ်ဖိုလ်မရတာ၊ သမုဒယ အဖော်မရှိတဲ့အခါ"ဉာဏ်ကိုအ
ဖော်လုပ်ရမှာ"အခုတော့ သူမရှိရင်ဒေါသကိုအဖော်လုပ်နေတယ်၊ လောဘ ဒေါသနဲ့ပဲ အဖော်လုပ်နေတယ်။
သမုဒယတန်ခိုးဟာ သိပ်ကြီးတယ်၊ သူက ရော့ဒုက္ခ၊ ရော့ဒုက္ခလို့ ပေးနေတာပဲ၊ ခင်ဗျားတို့ကလဲ ပေးတာမယူ
ဘူးဟေ့လို့ တစ်ခါမှ မလာဘူး၊ ပေးတာ အကုန်ယူတာပဲ၊ သူနဲ့မခွဲနိုင်တော့ သူနဲ့ပတ်သက်တာ ခံရုံပဲရှိတယ်
ဒီမိန်းမနဲ့ မခွဲနိုင်လိုရှိရင် ဒီမိန်းမဆွေမျိုးတွေ၊ မိဘမောင်ဖွား..တူသားနောင်မယ်တွ၊ ဒီမိန်းမနဲ့ ပတ်သက်တာ
တွေ ကြိုးစားပြီးထောက်ပံ့ပြုစုရစ်ကြပေတော့၊ သမုဒယနဲ့ မခွဲနိုင်ရင်သူပေးတဲ့ ဒုက္ခတွေကိုသာ ခါးစည်းခံပေ
တော့၊ သမုဒယဟာ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို ပေးတတ်တဲ့ သတ္တိရှိတယ်၊ ခင်ဗျားတို့က ခံယူတတ်တဲ့ သတ္တိ
ရှိနေတယ်၊ ခံယူတတ်တဲ့သတ္တိမရှိရင် အအေးသားပဲ၊ အခုတော့ ခင်ဗျားတို့က ကျေးတော်မျိုးကျွန်တော်မျိုး
ပီသလိုက်တဲ့ဖြစ်ခြင်း၊ ကျွန်ပီသတော့ ဘယ်ဒုက္ခပေးပေးယူမှာပဲထဲက၊ အရောင်းဒုက္ခပေးလဲယူ၊ အဝယ်ဒုက္ခ
ပေးလဲယူ၊ ချက်ပြုတ်ကျွေးမွေးတဲ့ ဒုက္ခလဲယူ၊ အငတ်ခံ အသေခံ ထောင်ကျခံ ရှာကျွေးရတဲ့ ဒုက္ခလဲယူ၊ သူ
ပေးတဲ့ ဒုက္ခမယူတာကိုမပါဘူး။
ခန္ဓာကိုယ်ကြီးဟာ ခင်ဗျားတို့ကို သမုဒယကပေးတာပဲ၊ မင်း လူ့ပြည်သွားပြီး၊ ဒုက္ခတွေခံလိုက်အုံးကွာတဲ့၊ သူ
ကခိုင်းလိုက်တယ်၊ ဒီတော့ လူ့ပြည်သွားပြီး အမိဝမ်းထဲမှာ ကလေးတစ်ယောက်ကို ၉-လ၊ ၁ဝ-လ ထောင်ချ
လိုက်တယ်၊ လူ့ပြည်လိုချင်လို့ရတာ၊ ဝမ်းထဲမှာ ရေလဲပြတ်ရမယ်၊ အစာလဲပြတ်ရမယ်၊ ရေပူသောက် ငရုတ်
သီးစားရင် မင်းပူရမယ်၊ လောင်ရမယ်၊ မင်း မလှုပ်နိုင်တဲ့ဒုက္ခကို ငါပေးမယ်၊ စာချုပ်နဲ့ပေးမှာ၊ လူ့ဒုက္ခဟူသ
ရွေ့ ဘာမှမစိုးရိမ်နဲ့၊ ငါအကုန်ပေးမယ်၊ မင်းကိုယ်တိုင် ခံစားရစေမယ်၊ အကြွေးမဟုတ်ဘူး၊ လက်ငင်းခံစားရ
စေမယ်၊ ဝမ်းထဲမှာ ၉-လကျော် ၁ဝ-လလောက် အစာမစားရဘဲနဲ့"ဝဋ်ကောင်"ကလေးဖြစ်ရမယ်၊ ခင်ဗျားတို့
ထမင်းတစ်နပ်လောက် မစားရရင်ဆူလိုက်ပူလိုက်လုပ်ကြတယ်၊ ဟိုဝဋ်ကောင်ကလေးကျတော့ ၉-လ၊ ၁ဝ-
လ စားကိုမစားဘူး၊ ဗိုက်ထဲမှာ မလှုပ်နိုင်အောင် ချုပ်လဲချုပ်ထားသေးတယ်၊ ဒူး ၂-လုံးကြားခေါင်းထားပြီး၊
ခေါင်းပေါ်လက်အုပ်မိုးပြီး၊ ကျုံ့ကျုံ့လေးဆောင့်ကြောင့်ထိုင်နေရတယ်၊ ဂုံနီအိတ်နဲ့ ထုပ်ထားသလို ထုတ်
ထားတော့ နဲနဲမှမလှုပ်နိုင်ဘူး၊ ဒါ သမုဒယကပေးတဲ့ ဒုက္ခကို ခံနေလိုက်ရတာ။ ဗိုက်ထဲက ထွက်လာတော့လဲ
သူပေးလူပေးနဲ့ပဲ နေရတယ်၊ အငတ်ထားလဲ ခံနေရတာပဲ၊ ရိုက်လဲခံ နေပူထဲပစ်ထားလဲခံ၊ သေးတွေချေးတွေ
ထဲ ပစ်ထားလဲ လူးလိမ့်ခံ ဟုတ်လား၊ တော်တော်ကြကျတော့ မင်းဟာမင်း ရှာစားဆိုတော့၊ ပညာတွေသင်ရ
အရောင်းအဝယ်တွေလုပ်ရ၊ ကိုယ်ပင်ပန်း စိတ်ဆင်းရဲစွာနဲ့လုပ်စားရတယ်၊ နောက်ကျတော့ ယောက်ျားဆို
တာ မိန်းမရှိမှ၊ မိန်းမဆိုတာ ယောက်ျားရှိမှ၊ ဒီလိုမှ သင့်တော်မယ်၊ မင်းဒုက္ခနဲသေးတယ်၊ ဒုက္ခတွေထမ်းပေး
အုံးမယ်တဲ့၊ သမုဒယကပေးတာ၊ ခင်ဗျားတို့ကတော့ ကံကောင်းလို့အိမ်ထောက်ဖက်ကောင်း ရတယ်လို့ပြုံ
လိုက်သေး၊ သူက ဒုက္ခပေးတာလို့ မရိပ်မိဘူး၊ အရင်က တစ်ဝန်ထမ်း၊ အခုတော့ နှစ်ဝန်ထမ်းဖြစ်လာပြီ၊
နောက် တော်တော်ကြာတော့ သားသမီး ဝန်တွေပါထမ်းရတယ်၊ ထမ်းရတာ ပြုံးလို့ဗျ၊ သားဦးကလေးများ
မွေးလာရင်ပြုံးလိုက်သေး၊ ကိုယ်သားကိုယ်မယားဆိုတာ ခင်ရတယ်၊ လုပ်ကျွေးရတယ်၊ မခင်ရင် မင်း
တိရစ္ဆာန်ဖြစ်မှာပေါ့တဲ့၊ သမုဒယကပြောတာ၊ ဒီတော့ ကိုယ့်လဲခင် သူ့ လဲခင်၊ ကိုယ့်ဒုက္ခ..သူ့ ဒုက္ခတွေ အကုန်
သာ ကုန်ခံရတော့တာပဲ၊ ခံရတာတောင် ပြုံးခံတာ။ ရှေးဘဝက တဏှာပေးသမျကို ဒီဘဝတဏှာကချော့ပြီး
လက်သာခံ..လက်သာခံ၊ ဒုက္ခဟူသရွေ့ မင်းချည်းယူဆိုပြီးပေးတာပဲ၊ ဟိုဘဝ တဏှာကပေးတဲ့သဘော၊ ဒီ
ဘဝတဏှာက လက်ခံတဲ့သဘော၊ ဒီဘဝလက်ခံလို့ပေါ့၊ ရောက်ရာဘဝမှာ ပျော်နိုင်တာ၊ ကြက်လို ချေးကျရာ
ပျော်တော့တာပဲ၊ ရှေးဘဝက တဏှာအရှင်သခင် ပေးတာလဲလက်ခံ၊ ဒီဘဝက တဏှာအရှင်သခင်ပေးတာ
လဲ လက်ခံဆိုတော့ နှစ်ထပ်ကွမ်း ကျွန်ကြီးပေါ့၊ ဒါ ခင်ဗျားတို့ရဲ့ ဖြစ်စဉ်၊ တဏှာလိမ်ထားတာက ပိလိုက်တာ
လွန်ရော၊ ပေးတုန်းကလဲ ဒုက္ခပေးထား၊ ဒုက္ခမှန်းလဲမသိရဘူး၊ ယူထားတော့လဲ ဒုက္ခယူထား၊ ဒုက္ခရမှန်း မသိ
အောင် မင်းရထားတာ၊ လူဘဝတော်သေးသဟေ့၊ အရတော်သဟေ့၊ တကယ်ဒုက္ခရထားတာကို တော်သေး
တယ်လို့ လုပ်ထားတာကိုး၊ ဒီတဏှာဟာ ဘယ်လောက်ဆိုးရွားတဲ့ တရားတုံး၊ ဆိုးပေမယ့် အဟောအပြော
ကောင်းတော့ သူကို သူတော်ကောင်း မိတ်ကောင်း ထင်နေတာ ခင်ဗျားတို့က။
နွားတွေ နွားသတ်သမားလက်ထဲရောက်တော့၊ မရှု မလှသေရတယ်၊ နွားရိုးတွေ (အမဲရိုးတွေ) ရန်ကုန်ကို ရ
ထားတွဲတွေပေါ် တင်ထားတာ ဖွေးဖွေးဖြူနေတာပဲ၊ အင်္ဂလိပ်လက်တက်က၊ ဒီမှာလဲ သမုဒယ..တဏှာ လက်
ချက်ကြောင့် တစ်မြို့လုံး နေ့တိုင်းပို့နေတဲ့မသာတွေဟာ နည်းတာမဟုတ်ဘူး၊ ဒါ သမုဒယ လက်ချက်ပဲ၊ သူ
ဆုတောင်းလို့ သူကနေပြီး"ဇာတိဘေး၊ ဇရာဘေး၊ မရဏဘေး"တွေပေးတာ၊ သမုဒယကနွားသတ်သမား
ထက်ဆိုးသေးတယ်၊ တစ်ကမ္ဘာလုံး တစ်နေ့ကိုထောင်နဲ့ချီသတ်နိုင်တယ်၊ တစ်မြို့လုံး ဆင်ဖြူကန် သင်္ချိုင်းတို့
ရွာဟိုင်း သင်္ချိုင်းတို့ ပုဏ္ဏာကုန်း သင်္ချိုင်းတို့ သွားကြည့်ကြပေါ့၊ ကြည့်ချင်တဲ့သင်္ချိုင်းကြည့်၊ အလောင်းမပြတ်
ဘူး၊ ဒီအသေတွဟာ သမုဒယလက်ချင်ပဲ၊ သူ့ လက်ချက်ပါလား၊ သူ့ကိုပေါင်းလို့ မတော်ပါလားလို့ မသာပို့ရင်
များ ပေါ်ကြရဲ့လား၊ မပေါ်ပါဘူး၊ တစ်မြို့လုံးမပြတ်မစဲ အမြဲသေနေတာတွေမြင်ရတာတောင်မှ"သမုဒယ
လက်ချက်"လို့မသိဘူး၊ ခင်ဗျားတို့က အိုလို့သေတာ၊ အစားမှားလို့သေတာ၊ နာလို့ အပြုစုညံလို့သေတာ၊
ဆေးမှားလို့ သေးတာတဲ့၊ သူ့ ကိုမပေါ်ဘူး၊ လက်သည်ကို မသိဘူး၊ အခုလက်သည်အစစ်ကို ဖမ်းပြတော့မှ
သမုဒယဆိုတာ ပေါ်လာတာ၊ ဖော်မပြောရင် ပေါ်မှာမဟုတ်ဘူး။ သမုဒယဟာ မပေါင်းသင်းထိုက်တဲ့ တရား
ပဲ၊ ဘုန်းကြီးက သမုဒယနဲ့ ခင်ဗျားတို့ မပေါင်းသင်းရရင် အပျင်းဝင်မှာစိုးတယ်၊ ပေါင်းသင်းပြန်တော့လဲ ကျွန်
ဖြစ်မှာစိုးတယ်၊ ဒီကြားထဲ ဟောရတာ ဘယ်လောက်ခက်သတုံး၊ တဏှာမရှိတော့ အရောင်းအဝယ်မကောင်း
တော့ ပျင်းတယ်၊ သားသမီးမရှိတော့ ပျင်းတယ်တဲ့၊ ဒီအစားမျိုးတွေ ဖြစ်နေတယ်၊ ခင်ဗျားတို့ကို ဘယ်နည်းနဲ့
ချွတ်ရ..ကယ်ရမယ်ဆိုတာ ဘုရားတောင်မလွယ်ဘူးဗျ၊ ခင်ဗျားတို့က တဏှာခိုင်းတာကို ကျွန်ပီပီ သပေါက်
ပီပီ လက်ခံနေတာပဲ၊ မအားလို့ တရားအားမထုတ်နိုင်ဘူး၊ နောက်ဘုရားပွင့်လဲ မအားဘူးထဲက ဖြစ်မှာပဲ၊
စိတ်သာချ..ခင်ဗျားတို့အားမှာမဟုတ်ဘူး၊ အရွယ်ကောင်းတုန်းက လောကီကိစ္စတွေ လျှောက်လုပ်နေတာနဲ့
ကိစ္စဉာဏ်တွေမရတော့ဘူး၊ အသက်ကြီးပြန်တော့လဲ သတိတွေကချွတ်ယွင်း မျက်စီကမွဲ၊ နားကထိုင်း..ခါး
ကကိုင်း၊ ဘာမှမတတ်နိုင်တော့ဘူး၊ အဲဒီကျတော့ ဘုတ်ထိုင်ထိုင်ပြီး နောက်ဆုတ်ပစ်လိုက်တာပဲ၊ ဒီတော့
ကိစ္စဉာဏ် (သမုဒယ၏ကိစ္စကိုသိတဲ့ဉာဏ်) ပေါ်ဖို့အချိန်ကို မပါတော့ပါဘူး၊ အရွယ်ကောင်းတုန်းကတော့
တဏှာခိုင်းတာနဲ့ အချိန်တွေဖြုန်းနေတယ်၊ အရွယ်ကောင်းတွေ ကုန်ပြီဆိုရင် နဲနဲသတိရလာပြီ (တရားအ
လုပ်) ခိုင်းလို့ မဖြစ်ပြီဆိုမှကျောင်းရောက်လာတယ် ဆိုတော့၊ အခုပြောတဲ့ အဓိပ္ပာယ်သိဖို့ရာ အတော်ခဲယဉ်း
သွားပြီ။ ဒီတော့ သမုဒယရဲ့ကိစ္စကို သိဖို့ (ကိစ္စဉာဏ်ရဖို့) အရေးကြီးတယ်၊ သူ့ကိစ္စ မသိရင် နိဗ္ဗာန်လိုချင်တဲ့
စိတ် မပေါ်ဘူး၊ သံသရာခရီးသည် လုပ်နေမှာပဲ၊ နိဗ္ဗာန်ရောက်ချင်ရင် တဏှာ (တဏှာကိစ္စ) ကိုထိုးထွင်းသိမှ
ကွ..တဲ့ ဘုရားက၊ သူ့အကြောင်းကောင်းကောင်းသိမှ နိဗ္ဗာန်ကို မြင်နိုင်တယ်တဲ့၊ ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်မ
ရောက်တာဟာ သူ့အကြောင်း ကောင်းကောင်းမသိလို့ပဲမှတ်၊ သမုဒယဟာ အဆိုးဆုံး၊ သူ့ကြောင့် ခင်ဗျားတို့
မသေစေချင်းဘူး၊ လူသေ သေတော့ သေချင်တယ်၊ ဘယ်လိုသေသေ အတူတူပါပဲ၊ လူသေ သေချင်တယ်၊
နတ်သေ သေချင်တယ်ဆိုတော့၊ သူ့အကြောင်း မသိသေးဘူးပေါ့၊ လူသေ သေသေ၊ ခွေးသေ သေသေ၊ သေ
တာဟာ သူ့လက်ချက်ချည်းပဲ၊ ၃၁-ဘုံအတွင်းမှာ အရိုးတွေဖွေးဖွေးဖြူပြီးထောင်လိုပုံအောင် လုပ်နိုင်တာ
သမုဒယပဲ။
ခင်ဗျားတို့ကို ရှင်တုန်း နှိပ်စက်ပြီးနောက် အသေသတ်တာဟာ သူပဲ၊ ရှင်တုန်းတော့ သားဝန် သမီးဝန် မယား
ဝန်တွေမနိုင့်တနိုင်နဲ့ သူက ထမ်ခိုင်းတယ်၊ ခင်ဗျားတို့မှာ သားဝန် သမီးဝန် မယားဝန်တွေနဲ့ ပိပြီးနေတာ၊ တစ်
ခါတလေသက်ပြင်းကြီးများချပြီး ညည်းသေးတယ်၊ ရှာလိုက်ရတာလဲ အမောဆို့လို့၊ အိမ်ကျတော့ တစ်ပြားမှ
လဲ၊ အဖတ်မတင်ဘူး၊ အခု ညည်းရုံညည်းရသေးတာ၊ နောက်သေခြင်းဆိုးနဲ့သေရအုံးမယ်၊ အသက်ကြီးလေ
လေ..ဝန်တွေကများလေလေ (မြေးဝန် တွေပါ တိုးလာတယ်) ဆိုတော့ ဇရာကထောင်၊ အားကမရှိ၊ ဗျာဓိက
ထောင်းဆိုတော့၊ သေခြင်းဆိုးနဲ့ သေရမှာ သေချာတယ်၊ ကားလမ်းပေါ်မှာ သစ်တုံးကြီးတွေ တင်ရုန်းရတဲ့ကျွဲ
ကြီးတွေ ကာယာကြီး သေသလိုပေါ့ဗျာ၊ ဒီတော့ ခင်ဗျားတို့ အမှားတွေဟာ နဲနဲသေးသေး မဟုတ်ဘူးနော်၊
ခင်ဗျားတို့ မနိုင်ဝန်တွေထမ်းနေရင်တော့ ညည်းပြီးသေတော့မှာပဲ။ ဒါ သမုဒယရဲ့သတ္တိပဲ၊ သူ့ကိစ္စပဲ၊ ဒီတော့
သူဟာအဆိုးဆုံးရန်သူပဲ၊ ဒီရန်သူကြီးကို ခင်ဗျားတို့က မိတ်ဆွေရင်းလိုပေါင်းသင်းနေတယ်၊ ဒီမိတ်ဆွေရင်း
က ခင်ဗျားတို့ကို သတ်မှာ၊ ပြုံးခံတယ်၊ သူနဲ့ခွဲရတော့မယ် သူ့ကိုသတ်ရတော့မယ်ဆိုတော့ ခင်ဗျားတို့က
မျက်ရည်များကျသေးတယ်၊ အံမယ်လေး တော်တော်ဖျင်းတဲ့ အတဲ့လူတွေပါလား၊ သမုဒယရဲ့ကိစ္စပေါ်
အောင် အတော်ကိုပြောနေရတယ်၊ သူ့ ကိစ္စကိုမသိရင် ကိစ္စဉာဏ်မရရင်၊ နိဗ္ဗာန်ဆိုတာ မရနိုင်ဘူး၊ ဒီတော့
ဒုက္ခဇာတ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုရချင်ရင် တဏှာ..သမုဒယကို အဝင်မခံနဲ့၊ သူ့ကိုအသေသတ်၊ ဝိပဿ
နာရှုကြ..လုပ်ကြပေတော့၊ သူ့ သတ်နည်းကိုသိဖို့အရေးကြီးတယ်၊ သူကိုမသတ်နဲ့အုံး"ဝေဒနာဟာ သူ့ရဲ့ရေ
သောက်ဖြစ်ပဲ၊ ဝေဒနာရေသောက်ဖြစ်ရှိလို့ တဏှာအပင်ပေါက်တော့၊  ဒီတော့ ဝေဒနာကိုသတ်၊ ဝေဒနာ
သတ်ရင် တဏှာဟာ အလိုလို့သေတယ်"ဒါကြောင့်ဝေဒနာကို ဖြစ်ပျက်မြင်အောင်ရှု၊ မုန်းအောင်ရှု၊
ဆုံးအောင်ရှု၊ ဆုံးရင် နိဗ္ဗာန်ရောက်ပြီမှတ်။             ။

                                                                   ဤကောင်းမှုကုသိုလ်ကံ
                                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                               တည်ရှိပါစေသတည်း။          ။

                                                                                                       အရုင်ဉာဏဓဇ
                                                                                       မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂရိပ်သာ
                                                                                                  ပင်မသံဝေဇနိယဌာန
                                                                                                              အမရပူရမြို့ ။           ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာအနက်ဖွင့် တရားစုများ

တရားတော်အမည် တိုက်ရိုက်နာယူရန် ဒေါင်းလော့ယူရန်
နိရောဓသစ္စာအနက်မှ နိဿရဏဌောတရားတော်(၁) (၁၄-၁၂-၁၉၅၇) dw
နိရောဓသစ္စာအနက်မှ ၀ိဝေကဌောတရားတော်(၂) (၁၅-၁၂-၁၉၅၇) dw
နိရောဓသစ္စာအနက်မှ အသင်္ခတဌောတရားတော်(၃) (၁၇-၁၂-၁၉၅၇) dw
နိရောဓသစ္စာအနက်မှ အမတဌောတရားတော်(၄) (၁၉-၁၂-၁၉၅၇) dw
အဂ္ဂိဝစ္စပုဏ္ဏား ဥပမာပြတရားတော် (၁၈-၁၂-၁၉၅၇) dw
လောင်စာသိမ်း၍ မီးငြိမ်းရာနိဗ္ဗာန်(ည) (၁၂-၇-၁၉၆၂) dw
ကျောက်တောင် ဥပမာပြ နိဗ္ဗာန်အကြောင်းရှင်ပြပုံ တရားတော် (၇-၉-၁၉၆၂) dw
ဒုက္ခချုပ်ရာ နိဗ္ဗာန်အကြောင်း ရှင်းပြပုံတရား (၁၆-၂-၁၉၅၅) dw
သင်္ခတအဆုံးမှာ နိဗ္ဗာန်ရှိနိုင်ပုံတရားတော် (၁၁-၇-၁၉၅၈) dw
နိဗ္ဗာန်-အဂ္ဂိဝစ္စပုဏ္ဏားမေး၍ ဘုရားဖြေတော်မူပုံ(၁) (၂-၂-၁၉၅၉) dw
နိဗ္ဗာန်သည် ဆုတောင်း၍မရနိုင်ပုံ (၃-၃-၁၉၆၀) dw
နိဗ္ဗာန်သည် ကံနှင့်ဆက်သွယ်၊ အားထုတ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်း (၂၆-၆-၁၉၆၁) dw
နိဗ္ဗာန်ခရီးမဝေး အနီးလေးတရားတော် (၂၄-၁၀-၁၉၆၁) dw
အို နာ သေ ဇာတိတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်တရားတော် (၂၉-၁၁-၁၉၆၁) dw
နိဗ္ဗာန်ဆိုတာ နီးသလား ဝေးသလား တရားတော် (၁၅-၁၂-၁၉၆၁) dw
ဒုက္ခသိမ်းရာ နိဗ္ဗာန်တရားတော် (၁၅-၁၂-၁၉၆၁) dw
နိဗ္ဗာန်အကြောင်း၊ အဂ္ဂိဝစ္စသုတ်(ညအလုပ်ပေး) တရားတော် (၂၄-၄-၁၉၆၂) dw
ပဋိစ္စသမုပ္ပါဒ်တရားတော်၊ သစ္စာမသိသေးလျှင် နိဗ္ဗာန်မရှိသေး တရားတော်(နံက်) (၁၀-၇-၁၉၆၂) dw
နိဗ္ဗာန်ကိုခန္ဓာဖုံးနေပုံ (၂၈-၉-၁၉၆၂) dw
နိဗ္ဗာန်နှင့် အနီးဆုံး တရားတော် dw
လောကသုံးပါးလွတ်ရာ နိဗ္ဗာန်တရားတော်
နိရောဓသစ္စာအနက်ဖွင့် တရားစုများ