Wednesday, July 24

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနေရမည့် ဘာဝေတဗ္ဗ

                          (၁၇-၃-၆ဝ)"ဝိပဿနာရှုနေရမည့် ဘာဝေတဗ္ဗ အနှစ်ချုပ်တရားတော်"
ဖြစ်ပျက်တလုံး မြင်အောင်လုပ်နေတာ မဂ္ဂသစ္စာလို့ခေါ်တယ် မဂ္ဂသစ္စာဆိုတာ၊ အဝေတဗ္ဗလုပ်နေတာ ကိုယ့်
စိတ်ကိုယ်ရှု ၁-နံပါတ်ဖြစ်ပျက်ကို ၂-နံပါတ်မရှိဘူးလို့သိတာ မဂ္ဂသစ္စာပဲ၊ ခဏခဏသိတာပွားနေတာ ဖြစ်ပျက်
မရှိဘူး အို....မရှိဘူး လို့သိတာပွားနေလို့၊ မဂ်ရဖို့ အရေးဟာပွားဖို့အရေး၊ ပွားတယ်-ဘယ်သူပွားနေလဲ့ မိမိ
ခန္ဓာ၏ ဖြစ်ပျက်ကိုပွားနေတာ မပွားရင် ဒုက္ခသစ္စာကို မပိုင်းခြားနိုင်ဘူး၊ ပွားရင် သမုဒယကို ပပျောက်စေ
တယ်၊ ဒုက္ခသစ္စာကို ပိုင်းခြားနိုင်တယ်၊ နိရောဓကို ဆိုက်ရောက်မယ်၊ မဂ္ဂသစ္စာသည် ဘာကိုအကျိုးပြုသလဲ
ပွားသာပွားနေ-ဘဝကိုခင်တွယ်တဲ့တဏှာ၊ ခန္ဓာခင်တွယ်တဲ့ တဏှာပါးမယ် တဏှာ၊ ဥပါဒါန်၊ ကံ ချုပ်တယ်
ဇာတိ၊ ဇရာ၊ မရဏတွေ ဇာတ်သိမ်းတယ်။
          ဖြစ်ပျက်တစ်ချက် ပွားလိုက်တဲ့အတွက် အနိစ္စ ဒုက္ခ အနတ္တအားလုံးပြီးတယ်၊ ဖြစ်ပျက်မရှိတဲ့ အချိန်မ
ရှိဘူး၊ ရုပ် ဖြစ်ပြီးပျက်၊ စိတ် ဖြစ်ပြီးပျက်၊ ဝေဒနာ ဖြစ်ပြီးပျက်၊ ဒုက္ခချုပ်တော့၊ မဂ္ဂသစ္စာ ပွားလို့ဘဲ၊ ဇာတိ၊
ဇာရာ၊ မရဏ အဘယ်ကြောင့်ဇာတ်သိမ်းတာလဲမေးရင် မဂ္ဂသစ္စာ တစ်ခုတည်းပွားနေလို့၊ ခန္ဓာကလည်း ဖြစ်
ပျက်မရှိတဲ့ အချိန်မရှိဘူး၊ လောဘစိတ်၊ ဒေါသစိတ်၊ သံသယစိတ်၊ ငိုက်မည်း စိတ်တွေပေါ်လာရင်လည်း
ဖြစ်ပျက် ရှုရုံပဲ၊ ဉာဏ်သည်ပွားဖန်များလာရင် ထက်လာတယ်၊ ထက်စကတော့ လောကီမဂ်၊ ထက်သထက်
ထက်လာတော့၊ လောကုတ္တရာမဂ်၊ ထက်လေလေ၊ ကိလေသာနည်းလေလေပဲ၊ ဒုက္ခကုန်လေလေ၊ နိရောဓ
သစ္စာရောက်ဖို့ ပိုနီးလေပဲ၊ ပေါ်သရွေ့ ဖြစ်ပျက်ရှု။
          ဒကာ ဒကာမတို့လုပ်ရမှာက ခန္ဓာထဲက ဖြစ်ပျက်ပွားရုံပဲ၊ ဖြစ်ပျက်က မသေမချင်းလုပ်ရမှာလား..အ
ကန့်အသတ်ရှိပါတယ်၊ ဉာဏ်မထင်ခင်ပွား၊ နိရောဓဉာဏ်အောက်ရောက်ရင် မပွားနဲ့တော့၊ နိဗ္ဗာန်အာရုံပြုရုံ
ပဲ၊ ဖြစ်ပျက်ဆုံးသွားရင် ပွားမှုရပ်လိုက်တော့၊ ဖြစ်ပျက်မဆုံးခင်ပွား၊ ဖြစ်ပျက်ဆုံးရင ကြည့်သာနေ၊ ဖြစ်ပျက်
ကလေးကို လုပ်ရုံလုပ်၊ ဟိုကိစ္စ..ဒီကိစ္စလေးပေါ်လာတော့၊ ရပ်လိုက်ပြန်တယ်၊ ဖြစ်ပျက်ဆုံးအောင်ကို မသွား
ဘူး၊ ပြီးတော့ ပါရမီက ဒီလောက်ပဲထင်ပါရဲ့ စသဖြင့်၊ ပါရမီက ဆရာကောင်းဆီပို့ပြီးပြီ၊ လုပ်နည်းလည်းရပြီ၊
ပါရမီတာဝန်ပြီးပြီ၊ မိမိအလုပ်က ဖြစ်ပျက်ပွားဖို့ပဲ၊ ဉာဏ်ထက်သထက် ထက်လာရင် သောတာပန်တည်
တယ်။
            ပုဏ္ဏားအမေးကိုဖြေခြင်း ဟောချက်ဖြစ်ပါတယ်၊ ငါ့တပည့်သားတစ်ချို့က နိဗ္ဗာန်ကို ဖြောင့်ဖြောင့်
သွားတော့၊ နိဗ္ဗာန်ရောက်တယ်၊ တစ်ချို့ကမရောက်ဘူး၊ တစ်ချို့က သွားလမ်းကို မှတ်မထားဘူး၊ မျက်စေ့
လည်တာက တစ်မျိုး၊ သွားပါရက်နဲ့ ကွေ့ကောက်နေလို့ အရောက်နှေးပြီး အသေစောတယ်၊ အိမ်ဆိုတာ ကိ
လေသာတော့၊ အိမ်ရှိပစ္စည်းအားလုံးဟာ ခင်တွယ်စရာတဏှာ၊ တဏှာတောထနေ၍၊ အိမ်ကိလေသာ တော
ထဲကိုရောက်ရင်၊ မျက်စိလည်ပွားတဲ့ကိစ္စ ရှ့မတိုးဘဲ နောက်ဆုတ်တယ်၊ နိဗ္ဗာန်ဟာ မရှိလို့လား ရောက်
အောင်မသွားလို့လား၊ မနေကောင်းတဲ့အရပ်၊ မသွားကောင်းတဲ့အရပ် ခင်ဗျားတို့မသိဘူး၊ မိစ္ဆာဒိဋ္ဌိလမ်းကို
သွက်သွက်သွားတယ်၊ သမ္မာဒိဋ္ဌိလမ်းကို ဖြေးဖြေးမှသွားတယ်၊ အချိန်ဆွဲတယ် မဂ်တား ဖိုလ်တား အလုပ်ကို
ရှောင်ရမှာကို မရှာင်ဘူး၊ ခင်ဗျားတို့ ခန္ဓာတွေက ဒီနေ့လား နက်ဖန်လား၊ ခန္ဓာချည်းပဲ၊ နိဗ္ဗာန်မရှိလို့ မရောက်
တာလား၊ သင်တဲ့ဆရာ သင်တာဖျင်းလို့လား၊ သွားပါရက်နဲ့ ကွေ့ကောက်နေလို့လား။
           ကံ၊ စိတ်၊ ဥတု၊ အဟာရကြောင့် အသက်ရှင်င်နေကြတယ်၊ ဒီအထဲမှာ ကံအထက်ဆုံးဘဲ၊ ဘုရားတစ်
ဆူနဲ့ တစ်ဆူကြားမှာ၊ အစားမစားရ ရေမသောက်ရဘဲ အသက်ရှင်နေတဲ့ ပြိတ္တာရှိတယ်၊ အဟာရမရဘဲနဲ့
နေတာ မသေဘူး၊ ကံကသူငတ်တာကြည့်ချင်လို့၊ ရှင်ခိုင်းထားတာ ကံမထောက်ပံ့လို့ သေသူလည်းရှိတယ်၊
အသက်ရှင်နေဖို့ ထောက်ပံ့ထားတဲ့ကံဟာ လွန်လေပြီးသော အတိတ်ကာလ ဘဝပေါင်းများစွာက ကံတွေ၊
ကံကုန်ပြီလား၊ ကျန်သေးလား၊ နည်းနည်းကျန်သေးလား၊ မိမိမသိနိုင်ဘူး၊ ရှေ့ခြေတစ်လှမ်း၊ ကံကလှမ်းခွင့်
ပေးတယ်၊ အသက်ရှင်ခွင့်ပေးတယ်၊ ဒုတိယခြေလှမ်းကျတော့ လှမ်းခွင့်မပေးတော့ဘူး၊ ကံကုန်သွားပြီး၊ အဲဒါ
တစ်ချု့က လေဖြတ်သေတယ်လို့ ပြောကြတယ်၊ လေဖြတ်တာမဟုတ်ဘူး၊ ကံဖြတ်တာ၊ အိပ်ဖို့ရာကံပေး
တယ်၊ နိုးဖို့ရာ ကံမပေးဘူး၊ ကံကုန်သွားပြီ၊ သေပြီ၊ ကံပေးလို့ ငယ်မျက်လုံးကကြည်တယ်၊ နောက်ကံက အ
မွဲမျက်လုံးကိုပေးတယ်၊ မျက်စိက မှုံလာပြီ၊ ကံနည်းတာ သေချာပြီ၊ နည်းရင်ကုန်တော့မယ်ဆိုတာ တွေးမိကြ
ရဲ့လား။
          ဝိပဿနာလုပ်ဖို့၊ အချိန်ဆိုင်းလို့ မတော်တော့ဘူး၊ အကြုံကြီးကြုံ အဆုံကြီးဆုံဖို့ မဖြစ်တော့ဘူး၊ ဆရာ
ကောင်းနဲ့ အကြုံကြီးကြုံသော်လည်း၊ နိဗ္ဗာန်နဲ့ အဆုံကြီးဆုံဖို့ လွဲသွားပြီ၊ ဘုန်းကြီးက အမြန်လုပ်စေချင်လို့
တိုက်တွန်းတယ်မထင်နဲ့၊ မီးလေက လင်းလိုက်မှိန်လိုက်ဖြစ်နေပြီ၊ နောက်မလင်းတော့ဘဲသေတော့မယ်၊
ကြက်မကြီး သူ့ဥများကို စောင့်ရှောက်ရမည်ပုံကို ဥပမာပေးသော ဟောချက်ဖြစ်ပါတယ်၊ ဘာဝေတဗ္ဗကိုပွား
မှ ရမည့်ကိစ္စ၊ မပွားရင်မရဘူး၊ ဖြစ်ပျက် တစ်ခုတည်းပွားတာနဲ့၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အားလုံးပြီးတယ်၊ ကိ
လေသာ အစေးခြောက်ဖို့လည်းပွား ဉာဏ်ထက်ဖို့လည်း ပွား၊ နိဗ္ဗာန်အလင်းကို မြင်ဖို့လည်းပွား၊ ပွားဖန်များ
တော့၊ တဏှာချုပ်..ဥပါဒါန်မလာ..ကံချုပ်၊ ဇာတိ..ဇာရာ..မရဏ ဘာကြောင့်ဇာတ်သိမ်းသလဲ၊ မဂ္ဂသစ္စာတစ်
ခုတည်းပွားလို့၊ ဒုက္ခချုပ်တယ်၊ ဒုက္ခချုပ်တာ နိဗ္ဗာန်ရောက်တာ၊ ငါ့ကိုယ်၊ ငါဟာထင်နေတာ၊ အနိစ္စ၊ ဒုက္ခ၊ အ
နတ္တမှန်းသိလို့၊ ဇာတိပျောက်တာ၊ ဒုက္ခပျောက်တာ နိဗ္ဗာန်ရောက်တာ၊ ဘုရားရှေ့မှာ နိဗ္ဗာန်ကိုရလိုပါ၏ဘုရား
လို့ သူတောင်းစားအသံနဲ့ သွားတောင်းမနေနဲ့၊ နိဗ္ဗာန်ဟာ ဆုတောင်းတဲ့အလုပ်လား၊ ပွားတဲ့အလုပ်လား၊
မပွားလည်း မပွားဘဲနဲ့ ပါးစပ်နဲ့ ဆုတောင်းနေတာ အလွဲကြီးလွဲတယ်၊ အောက်ကျ နောက်ကျတဲ့အလုပ်ကို
ဖြုတ်ကြစမ်းပါလို့ တိုက်တွန်းလိုက်ပါတယ်။                      ။

                                          ဤကောင်းမှုကုသိုလ်ကံ
                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                      ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                    အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                               တည်ရှိပါစေသတည်း ။                  ။

                                                                                                          အရှင်ဉာဏဓဇ
                                                                                           မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                        ပင်မသံဝေဇနိယဌာန
                                                                                                                  အမရပူရမြို့ ။            ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ခန္ဓာကြီးက သေရွာသွားနေပုံ တရားတော်

  
 ခန္ဓာရအောင် ဆုတောင်းလာကြလို့ သေရာသွားတဲ့အလုပ်ကို နောက်ဆုတ်ကြလို့ ရသေးရဲ့လား (မရပါဘုရား) အခုမသွားဖို့ရာ အလုပ်ကိုတော့ ဘယ်နည်းနဲ့မှ မတတ်နိုင်တော့ဘူး၊ နောက်ထပ်ဒီစခန်းနဲ့
ဒီလမ်းမျိုးမတွေ့ရအောင်၊ မကြုံရအောင်တော့ဖြင့် တတ်နိုင်တဲ့ နည်းလမ်းရှိပါတယ်လို့ပဲ မှတ်ကြပါ၊ ဒကာ
ဒကာမတို့ ခင်ဗျားတို့ ကိုယ်တိုင်က အရယူထားလို့ မတတ်နိုင်တာပါလို့ ဖြေရုံပဲ (မှန်ပါ့)၊ ဥပါဒါန်က စွဲပြီးလုပ်
ထားတဲ့အလုပ်တခုကိုး၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး လက်ထက်က ဖဂ္ဂုနဆိုတဲ့ ရဟန်းတပါးရှိတယ်၊
အဲဒီ ရှင်ဖဂ္ဂုနဆိုတဲ့ ရဟန်းတပါးဟာ မမာဘူးပေါ့၊ သနားစရာ ခိုကိုးရာမဲ့ ဖြစ်နေတယ်၊ မမာတာကလဲ လွန်လို့
ပါကလား၊ ရောဂါကလဲ ကြီးလိုက်တာ၊ ဒါနဲ့ ရှင်အာန္ဒကပဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီးထံ သွားလျှောက်
တယ်၊ ဒီအတိုင်းပဲကြည့်ရတာဖြင့် အလွန်သနားစရာ ကောင်းပါတယ် ဘုရား၊ ဒါကြောင့် အရှင်ဘုရားသနား
သဖြင့် ရှင်ဖဂ္ဂုနရှိတဲ့နေရာကို ကြွပေးတော်မူပါလို့ သွားလျှောက်တယ်။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ရှင်ဖဂ္ဂုနရှိရာသို့ ကြွလာတယ်၊ ဘုရားသခင်က မင်းဝေဒနာ ဘယ်
နှယ့်နေသတုံးမေးတော့ ဖဂ္ဂုနက ဝေဒနာတွေဟာ ဘုရားမဆုတ်ပါဘူး တိုးသာတိုးနေပါတယ်၊ ခေါင်းကိုက်
လိုက်တာလဲ လွန်နေတာပါပဲဘုရားလို့ ဝမ်းထဲကနာတာတွေလဲ အင်မတန်မှ ပြင်းထန်ပါတယ် အစရှိသည်နဲ့
ဝေဒနာနှိပ်စက်ပုံတွေကို အမျိုးမျိုးအဖုံဖုံ လျှောက်ထားပြတယ်၊ မြတ်စွာဘုရားသခင်က ဟောလိုက်တာ ဝေဒ
နာက ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့မရောစေနဲ့ဟေ့လို့ (ဝေဒနာက္ခန္ဓာနဲ့ ငါနဲ့မရောစေနဲ့)၊ ဝေဒနာက သူ့ဟာသူ ဟိုက
နာလိုက်၊ ဟိုကကျဉ်လိုက်၊ ဒီကကိုက်လိုက်၊ ဟိုကထိုးလိုက်၊ ဟိုကနာလိုက်နဲ့ ခန္ဓာကိုယ်ရှိနေရင်၊ ဝေဒနာက္ခ
န္ဓာချည်းဆိုသောကြောင့် ဝေဒနာကတော့ ရှိနေမှာပဲ ဝေဒနာက္ခန္ဓာကိုးဗျ၊ ဒါ..သေခါနီးမှ ဒီတရားပွားများရ
တယ်၊ နဂိုက ဘာမှမသိတဲ့ ဖဂ္ဂုနရဟန်းကလေးဟာ အနာဂါမ်တည်ပါတယ်၊ ဒါကို ပြောချင်လို့နော်၊ ဝေဒနာ
ကတော့ နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ မနာပေဘူးလား (နာပါတယ်ဘုရား)၊ အဲဒါကို ဒကာ ဒကာမတွေက
ငါ့မှာမှ ဖြစ်မှဖြစ် ရလေခြင်းလို့၊ လက်မောင်းနာလဲငါ၊ ကျုပ်လက်မောင်းနာနေပြန်ပြီ၊ ကျုပ်လည်ချောင်းနာနေ
ပြန်ပြီ၊ ကျုပ်ရင်ခေါင်းနာနေပြန်ပြီ၊ အစရှိသည်နဲ့ ကျုပ်တို့ ငါတို့က ဝေဒနာနဲ့သွားပူးတယ်..သဘောကျပလား၊
ငါ့မှာ ဖြစ်မှဖြစ်ရလေခြင်းဆိုပြီး ဝေဒနာထဲမှာ ငါသွားရောတယ် (မှန်ပါ့)၊ ငါ့ဝေဒနာလို့ ဆိုရမှာလဲ ငါကလည်း
တခြား၊ ဝေဒနာကလည်း တခြား၊ ငါဆိုတာက ရှိတာလဲမဟုတ်ပါဘူး (မှန်ပါ့)၊ ဒီနေရာဟာ ဝေဒနာပေါ်ပြီ 
ဒီနေရာ ဝေဒနာပျက်တယ်၊ ဟိုနေရာမှာ ဝေဒနာပေါ်ပြီး ဟိုနေရာ ဝေဒနာပျက်တယ်၊ ဒီလိုသာ ဉာဏ်နဲ့လိုက်
နေပါ၊ ဝေဒနာပေါ်ရာကို ဖြစ်ပျက်လိုက်နေပါလို့ သတိပေးလိုက်တယ်၊ ဝေဒနာနဲ့ ငါနဲ့ မရောစေနဲ့လို့ ဘုရားက
ဒီလူမမာကို ဒါပဲဟောနေတယ်၊ ဝေဒနာက ဘာခန္ဓာတုံး (ဝေဒနာက္ခန္ဓာပါဘုရား)၊ ဝေဒနာက္ခန္ဓာဆိုတာ ဝေဒ
နာစေတသိက်ပဲ၊ နာမ်ဓမ္မတစ်မျိုးပဲ၊ ဒိဋ္ဌိနာမ်နဲ့ ဝေဒနာကို သွားပြီးရောပစ်နေကြတာ၊ ဒကာ ဒကာမတွေ၌၊
"ဝေဒနံ အတ္တတော သမနုဿတိ"ဆိုပြီး၊ သေခါနီးတောင် ဒိဋ္ဌိကဖြစ်လာတတ်တယ်၊ ကိုယ်မှာပေါ်တဲ့
ဝေဒနာကို ဝမ်းထဲက ဒိဋ္ဌိစေတသိက်က သွားပြီးသကာလ အဲ..ဒီဝေဒနာဟာ ငါပဲလို့ တခါးတည်း ဒိဋ္ဌိစွဲစွဲသွား
တာနဲ့ ကိုယ်ကျိုးနည်းတယ်။
ဝေဒနာဟာ ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာသည်ကား ဆိုရင်ဖြင့်မိစ္ဆာဒိဋ္ဌိနဲ့သွားမရောဘဲနဲ့ သမ္မာဒိဋ္ဌိနဲ့ 
လှည့်ပစ်လိုက်၊ ဝေဒနံအနိစ္စတော သမနုပဿတိ၊ ဝေဒနာဟာအနိစ္စပဲလို့ ရှုပေးလိုက် (မှန်ပါ့)၊ ဒါဖြင့် ဝေဒနာ
ကို အတ္တတောန သမနုပဿတိ၊ ဝေဒနာဟာ ငါမဟုတ်ဘူး၊ ဒီဥစ္စာအနိစ္စသာဟုတ်တယ်၊ ဒကာ ဒကာမတွမှာ
ဘယ်လိုဖြစ်လာသတုံးလို့ဆိုရင် ဝေဒနာပေါ်တိုင်းပေါ်တိုင်း ဝိပဿနာမဂ်ဉာဏ် ရ ရလာတယ်၊ ဘယ်လို့ မဂ်
ဉာဏ်ရလာပါလိမ့်ဆိုတော့ ဝေဒနာကဖြစ်ပျက်၊ ငါမဟုတ်မှန်းသိတာကမဂ်၊ ငါမှမဟုတ်ပဲ၊ အနိစ္စပဲလို့ သူသိ
လိုက်ပြီ၊ သူသိလိုက်တော့ မဂ်မဖြစ်သွားဘူးလား (ဖြစ်သွားပါတယ်ဘုရား)၊ ဒါဖြင့် ဖဂ္ဂုနရဟန်းကလေးကို 
ဝေဒနာနဲ့ ငါနဲ့မရောစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ရှင်းကြပြီလား (ရှင်းပါပြီဘုရား)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး
က ဟောပြီးသကာလ ဝေဒနာနဲ့ ငါနဲ့မရောတဲ့ နည်းရှုပါလို့ ပြောလိုက်တဲ့ အခါကျတော့ ဝေဒနာဟာ ငါမ
ဟုတ်ဘူး၊ အနိစ္စသာဟုတ်တယ် ဝေဒနာပေါ်တိုင်း ငါရှုနေရတာပေါ့ဗျာ၊ ဝေဒနာနံခယော ဘိက္ခုဆိုတဲ့အတိုင်း
ဖြစ်သွားတယ် ဆိုကြပါစို့၊ ဝေဒနာကုန်အောင် ရှုနိုင်တဲ့ ရဟန်းလေးဖြစ်သွားတယ်၊ ဝေဒနာကုန်တယ်ဆိုတာ
နဂိုလ်က ဝေဒနာလို့သာ ဆိုတယ်၊ ကိုယ်ရှုတော့ အနိစ္စပဲတွေ့တယ်၊ မကုန်ဘူးလား၊ ကုန်သလား (ကုန်ပါ
တယ်ဘုရား)၊ ရှုတဲ့ဉာဏ်နဲ့ ကြည့်လိုက်တော့ ဘာတွေ့သတုံး (အနိစ္စပဲတွေ့ပါတယ်ဘုရား)၊ အဲဒီ..အနိစ္စတွေ့
ပြီးနေတော့ ဖဂ္ဂုနမှာ အရင်လို မျက်နှာငယ်မနေတော့ ဝေဒနာနဲ့ ငါနဲ့ကွဲသွားပြီဆိုတာသိနိုင်တယ်၊ ဝေဒနာကို
ဖြစ်ပျက်သဘောသိသောကြောင့် ဝေဒနာပစ္စယာ တဏှာကောလာရဲ့လား (မလာပါဘုရား)၊ မာဟရော...
ဒိဋ္ဌိကော..(မလာပါဘုရား)။
ဒါဖြင့် ကာမာသဝ ဘဝါသဝ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဆိုတဲ့ အာသဝေါကုန်သွားတယ်၊ သော-ထိုရဟန်းသည်၊
ဝေဒနံ-ဝေဒနာကို ပရိညာယ၊ ဪ ဒီဥစ္စာသည် ဖြစ်ပြီးပျက်တဲ့သဘော မှတစ်ပါး ဘာမှမရှိပါတကားဟု ပိုင်း
ခြားဆင်ခြင်သိမြင်နိုင်သောကြောင့် ဒိဋ္ဌေဝ ဓမ္မေအနာသဝေါတဲ့၊ ဝေဒနာ ပစ္စယာ မဂ်သာဖြစ်နေတော့ တဏှာ
ဒိဋ္ဌိလာသေးရဲ့လား (မလာပါဘုရား)၊ အဝိဇ္ဇာရော (မလာပါဘုရား)၊ ဒီကနေ့ ရှုတာကဘာပါလိမ့် (မဂ္ဂင်ပါဘ
ဘုရား)၊ မဂ္ဂင်နဲ့ သိပါတယ်၊ ဒကာ ဒကာမတို့၊ ပရိညာယ၊ ဒါဟာ အဖြစ်အပျက်မှတစ်ပါး ဘာမှ မဟုတ်ပါလား
လို့၊ ပိုင်းခြားပြီးသိလိုက်တဲ့အတွက်၊ ဝေဒနာနဲ့ ဒီကငါနဲ့ကော ရောသေးလား (မရောပါဘုရား)၊ ဝေဒနာသည်
အဖြစ်ပျက်ပါဘဲဆိုသဖြင့် အဝိဇ္ဇာသဝကော လာသေးရဲ့လား (မလာပါဘုရား)၊ မဂ်ပဲ ဖြစ်ပျက်သာ အစစ်ပါပဲ
ဆိုပြီး ပိုင်ပိုင်နိုင်နိုင် သိလိုက်တာနဲ့ ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိတာဟာ ဒုက္ခသစ္စသိတာပါပဲ၊ ဝေဒနာကို ငါစွဲ
ရင်ဒိဋ္ဌာသဝဖြစ်မယ်၊ လာသေးရဲ့လား (မလာပါဘုရား)၊ ဘယ်သူက လာသေးသတုံး (မဂ်လာပါတယ်ဘုရား)
မဂ်လာတာပဲရှိတာပဲ၊ မဂ်မလာရင်တော့ သူတို့လာရမယ်၊ ဒါဖြင့် ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကို ပိုင်ပိုင်နိုင်နိုင်
သိသောကြောင့် နောက်က အာသဝမလာရဘူး၊ ဘယ်လိုဆိုကြပါမလဲ (ဝေဒနာကို ပိုင်းခြားသိလို့ပါဘုရား)၊
ဘာနဲ့ပိုင်းခြားသိသလဲ (မဂ်နဲ့ပိုင်းခြားသိပါတယ်ဘုရား)၊ မဂ်နဲ့ပိုင်းခြားပြီး ဝေဒနာကလေးတွေဟာ ဖြစ်ပျက်
နေတယ်လို့သိတယ်၊ အဲဒါ ပိုင်းခြားသိတာပဲ (မှန်ပါ့)။
ဝေဒနာကလေးဟာ ဘယ်လိုနေပါလိမ့် (ဖြစ်ပျက်နေပါတယ်ဘုရား)၊ ဖြစ်ပျက်နေတယ်လို့ ဟောဒီက 
မဂ်ကပိုင်ပိုင်နိုင်နိုင်သိတယ်၊ မဂ်က ဘယ်လိုသိနေပါလိမ့် (ပိုင်ပိုင်နိုင်နိုင်သိနေပါတယ်ဘုရား)၊ သော ဝေဒနံ
ပရိညာယ၊ သော-ထိုရဟန်းသည်၊ ဝေဒနံ-ဝေဒနာကို၊ ပရိညာယ-ဖြစ်ပျက်ဟု ပိုင်ပိုင်နိုင်နိုင်သိသောကြောင့်၊
ဒိဋ္ဌေဝဓမ္မ-ယခုမျက်မှောက်ဘဝ၌ပင်လျှင် အနာသဝေါ၊ အာသဝေါကင်းတယ်တဲ့ (မှန်ပါ့)၊ ဝေဒနာ ပေါ်တိုင်း
ဖြစ်ပျက်ပဲလို့ သိနေလို့ရှိရင် နောက်က အာသဝတွေ သေသေချာချာ ကုန်နိုင်တယ်၊ ရှင်အာနန္ဒာ ကျန်နေရစ်
တော့ သူ့ရှေ့မှာ ဖဂ္ဂုနဆိုတဲ့ ရဟန်းကလေးက ခေါင်းကလေးတောင်ဖက်စောင်းပြီး စုတိစိတ်ကျတယ် (မှန်ပါ့)၊ စုတိစိတ်ကျသွားတော့ ရှင်အာနန္ဒာက ကြည့်တယ်၊ စက္ခုမျက်လုံး ကြည့်ပြန်တော့လည်း သူသေ
မျက်လုံးနဲ့မတူဘူး၊ နားကြည့်လိုက်လဲသူများကို ကျိုးကွေးနေတယ်မဟုတ်ဘူး၊ လူသေနားနဲ့မတူဘူး၊ နှာ
ခေါင်းကြည့်လိုက်ပြန်လဲ၊ ကျွံသွားတယ်၊ ဖောင်းလာတယ် မရှိဘူး၊ လူရှင်ကိုယ်အတိုင်းပဲ (မှန်ပါ့)၊ ဝိဉာဏ်
တော့ ချုပ်သွားပြီတဲ့၊ သို့သော်လဲ အကုန်လူကောင်း အတိုင်းဖြစ်နေတော့ ထူးတယ်ဆိုတော့ ရှင်အာနန္ဒာက
ဘုရားရှိသွားပြန်တယ်၊ သေပေမဲ့ သူများသေပုံနဲ့မတူဘူး၊ ခေါင်းကလည်း တောင်ဘက်စောင်းတယ်၊ စက္ခု၊
သောတ၊ ဃာန၊ဇိဝှာ၊ အိနြေ္ဒတွေလည်း ဘာမှ မညိုးဘူး ဘုရားလို့လျှောက်တော့ ဘုရားက အာနန္ဓာ သေခါ
နီးမှာ ဝေဒနာနုပဿနာရှုပြီး ဝေဒနာကို ပိုင်ပိုင်နိုင်နိုင်သိလို့ အာက်သံသရာသွားတတ်တဲ့ အာသဝေါကုန်ပြီး
သေတဲ့ အနာဂါမ်သေတာလို့ ဖြေလိုက်တယ်၊ ရိပ်မိပြီးလား (ရိပ်မိပါပြီဘုရား)။
  အနာဂါမ်ဖြစ်သွားတာတဲ့ (မှန်ပါ)၊ ဒါဟာ သေခါနီးမှဖြစ်တာ၊ အနာဂါမ်ဆိုတော့ ဒကာ ဒကာမတွေစိတ်ချရပြီ
မဟုတ်လား၊ အနာဂါမ်ဆိုတာ ကာမဆယ့်တစ်ဘုံးဆိုတဲ့ ဒီလူ့ပြည်တို့၊ နတ်ပြည်တို့ကို လုံးဝမလာတော့ဘူး၊
ဗြဟ္မာ့ပြည်ကနေပြီး နိဗ္ဗာန်ကူးတော့မှာပဲ၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)၊ ဒကာ ဒကာမတို့ မသေခင်ဘဲ 
အောက်သံသရာလည်စေတဲ့ အာသဝေါကုန်တယ်၊ သေတော့ သူများပံစံနဲ့ တူသေးရဲ့လား (မတူပါဘုရား)၊
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောလိုက်တော့ ဝေဒနာကို ငါနဲ့မရောပါစေနဲ့၊ မိစ္ဆာဒိဋ္ဌိနဲ့မရောစေနဲ့၊
သမ္မာဒိဋ္ဌိနဲ့ ကြည့်လိုက်စမ်းပါ ဆိုတော့ ဖြစ်ပြီးပျက်တာပဲ သူမြင်တာပဲ၊ ဒါတွေချည်းမြင်ပြီး ဒါတွေရှုပြီး သေ
လိုက်တော့ ဒကာ ဒကာမတို့ သုံးမဂ်ကိုရတယ်၊ သုံးမဂ် သုံးဖိုလ်ရတယ်၊ ဒါနဲ့ ရှင်အာနန္ဒာက ဘုရားကိုသွား
လျှောက်တော့ ဘုရားက ဖဂ္ဂုနဟာ အနာဂါမ်တည်သွားတယ်လို့ ထောက်ခံချက်ပေးလိုက်တယ်၊ ဒါနဲ့ ဘုရား
က ဖဂ္ဂုနကို အကြောင်းပြုပြီး အကြောင်းပေါ်လာတယ်၊ သံဃာတော်တွေကော၊ ပရိသတ်တွေရောစုကြဟု
အမိန့်ရှိတယ်၊ သေနည်းသင်ပေးမှာ၊ ဒကာ ဒကာမတို့ သေနည်းဘယ်နှစ်မျိုးရှိသတုံး (ခြောက်မျိုးရှိပါတယ်
ဘုရား)၊ ပုထုဇဉ်အတွက်မှာ သုံးမျိုး၊ အထက်အရိယာ ပုဂ္ဂိုလ်များမှာ သုံးမျိုးစီရှိကြတယ်၊ ပုထုဇဉ်သေနည်း
သုံးမျိုးက ဖဂ္ဂုနသေတာကို သိကြရပြီ၊ အလောင်းသွားကြည့်တော့ ဣနြေ္ဒတွေ ဘယ်တော့မှ မချို့တဲ့ဘူးဆို
တာလဲသိကြရပြီ၊ အဲဒီတော့ သူဟာနဂိုရ်တုံးကတော့ သက္ကာယဒိဋ္ဌိမပြုတ်ဘဲနဲ့ နေခဲ့တယ်၊ ဝေဒနာနဲ့ ငါနဲ့ရော
နေတယ်ဆိုတော့ ဝေဒနာအတ္တတော သမနုပဿတိဆိုတဲ့အတိုင်း သက္ကာယဒိဋ္ဌိပြုတ်ပါရဲ့လား (မပြုတ်ဘု
ရား)၊ ဘုရားကလားပြီး အတ္တဖြုတ်ပေးလိုက်တဲ့ အခါကျတော့ အတ္တကအနတ္တဖြစ်မသွားဘူးလား (ဖြစ်သွားပါ
တယ်ဘုရား)၊ ဖြစ်သွားတဲပအတွက်သူ့မှာ သေနည်းကမှန်သွားတယ်၊ ဝေဒနာကို ပိုင်းခြားသိပြီးသကာလ
သွားသေကြောင့် မသေခင်ဘဲ သူနဲ့ဆိုင်ရာ အောက်အာသဝတွေအကုန် ကုန်တယ်၊ မကုန်ဘူးလား (ကုန်ပါ
တယ်ဘုရား)၊ ကောင်းပြီ၊ ဒါဖြင့် သေနည်းဘယ်နှစ်မျိုးတုံး (သုံးမျိုးပါဘုရား)။

 -  ဘုရားဟောတဲ့ ဝေဒနာနဲ့ငါမရာတဲ့တရားကို ကိုယ်က ရှုပွားပြီး သေရသော်လည်းကောင်း၊

-  ဘုရား၏ တပည့်သားများ၏ ဝေဒနာနဲ့ ငါနဲ့မရောတဲ့တရားကို၊ ဖြစ်ပျက်ရှုတတ်တဲ့ တရား
ကိုဟောလို့ နာကြားပြီး ကိုယ်က ရှုပွားပြီး သေရသော်လည်းကောင်း သို့မဟုတ်...

-  ဟောမည့်ပုဂ္ဂိုလ် အထက်ပါပုဂ္ဂိုလ်နှစ်မျိုးစလုံးမရှိဘူးဆိုရင် ကိုယ်ကိုယ်တိုင်ဖြစ်ပျက်ရှုပြီး
သကာလ ဝေဒနာနဲ့ ငါနဲ့ မရောတဲ့အလုပ်ကို လုပ်ပြီးသေခဲ့ရသော်လည်းကောင်း၊

သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်ပြီးသေနိုင်တယ်၊ ဖဂ္ဂုနသေနည်းမျိုး၊ ဒါ..စိတ်သာချပေတော့၊ 
သဘောကျပြီးလား (ကျပါပြီးဘုရား)၊ ဒကာ ဒကာမတို့ ဘုရားထံမှ တရားနာဖို့ဆိုတာ ဘုရားကလည်း မရှိ
တော့ပါဘူး၊ ဒါကြောင့် (၁) နံပါတ်ကလွတ်သွားပြီ၊ (၂) နံပါတ်ဆိုတာကလည်း ခင်ဗျားတို့ကလည်း ဖျတ်ခနဲ
သေချင်သေတာမျိုး၊ ဒီလို ဆရာလျှောက်ရှာလို့လည်း တွေ့ချင်မှတွေ့တားကိုး၊ သေမှာက ဘယ်သူမှ အချိန်
သိကြတာမဟုတ်ဘူး၊ သေမှာသာသိတယ်၊ ဒီအထဲမှာ ဒကာ ဒကာမတွေ အချိန်သိတဲ့ ဒကာ ဒကာမတွေ
တစ်ယောက်မှမပါဘူး (မှန်ပါ့)၊ ပါကြရဲ့လား (မပါပါဘူးဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းအကောင်း
ဆုံးလို့ဆိုတာ...ကိုယ့်အတွက်မှာဖြင့် ဝေဖန်ပါတော့ဆိုတော့ (၃) နံပါတ်နည်းအကောင်းဆုံးပဲ၊ နံပါတ် (၃)၊
အကောင်းဆုံးဆိုတာ ဝေဒနာက္ခန္ဓာနဲ့ ဉာဏ်နဲ့ တွဲလိုက်ကြပါ (မှန်ပါ့)၊ ရှင်းကြပြီလား (ရှင်းပါပြီဘုရား)၊
(၁) နံပါတ် ဘာဖြစ်လို့မမျှော်ရတာတုံး (ဘုရားပရိနိဗ္ဗာန်စံသွားပါပြီဘုရား)၊ ဘုရားမရှိတော့လို့ ဘုရားကသေ
ခါနီးလာဟောခဲ့လို့ ကိုယ်က နှလုံးသွင်းရင်လည်း ဒါဟာ အနာဂါမ်ထိရောက်အောင် ထည့်နိုင်တယ်လို့
ဟောတာကိုး (မှန်ပါ့)၊ အဲဒီတော့ (၁) နံပါတ်က မျှော်လင့်ချက်ကုန်သွားပြီး၊ (၂) နံပါတ်ကလည်း ဘယ်လို့
စဉ်းစားကြမယ်၊ (ကိုယ်သေမည့်အချိန်မသိလို့ပါ)၊ သေမည့်အချိန်ကို မသိလို့ဥစ္စာ။
ဒကာ ဒကာမတွေဟာ တို့ဘုန်းကြီးပင့်ထားတယ်၊ တို့ဆရာ ပင့်ထားမယ်ဆိုလို့ရှိရင်လည်း မဖြစ်နိုင်သလိုပါ
ပဲ၊ သိနေရင်တော့ ဟုတ်တာပေါ့၊ သေချိန်ကို ဘယ်သူမှ သိတာမဟုတ်ဘူး၊ အဲဒီတော့ (၂) နံပါတ်ကိလည်း
ခင်ဗျားတို့ အားမကိုးနဲ့၊ အားကိုးလို့ကောတည့်ပါမလား (မတည့်ပါဘုရား)၊ ဘာဖြစ်လို့မတည့်သတုံး (သေမည့်အချိန် မသိလို့ပါဘုရား)၊ သေချိန်သိတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ ဘယ်သူပါကြသလဲ (ဘယ်သူမှမပါပါ
ဘုရား)၊ မသိတော့ ဒုတိယအချက်ကို အားကိုးလို့တော်ပါမလား (မတော်ပါဘုရား)၊ ဒါဖြင့် ဘာအားကိုးကြ
မလဲ (၃-နံပါတ်ပါ)၊ (၃) နံပါတ်ကတော့ မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဉာဏ်နဲ့သာဖြစ်ပျက်ရှု (မှန်ပါ့)၊ 
မိမိသန္တာန်ရှိတဲ့ ဝေဒနာကို မိမိဉာဏ်နဲ့သာဖြစ်ပျက်ရှုပြီး သေလိုက်ပါတဲ့၊ ဘယ်ကျအောင်ဖြစ်နိုင်သတဲ့တုံး
(အနာဂါမ်ကျအောင် ဖြစ်နိုင်ပါတယ်ဘုရား)၊ သောတာပန်လဲဖြစ်နိုင်တယ်၊ သကဒါဂါမ်လဲဖြစ်နိုင်တယ်၊ အလွန်ဆုံး အနာဂါမ်လဲဖြစ်နိုင်တယ်၊ ဒါပုထုဇဉ် သေရင်ပြောတာ။
အနာဂါမ်သေရင်တော့ ရဟန္တာဖြစ်နိုင်တယ်၊ ဒီသုံးချက်နဲ့ ကြုံလို့ရှိရင် (မှန်ပါ့ဘုရား)၊ အဲဒီတော့ အင်္ဂုတ္ထိုရ်
ပါဠိတော်မှာ ဖဂ္ဂုနအကြောင်းပြပြီး ဘုရားကိုယ်တိုင် ရှင်အာနန္ဒာကိုဟောတာ၊ ဒီတော့ ဒကာ ဒကာမတို့၊
အင်မတန်းအဖိုးတန်တဲ့ အဓိပ္ပါယ်ဟာ ရှင်းသွားပြီလား (ရှင်းသွားပါပြီဘုရား) ဪ...ဒါဖြင့် တို့သည်ကား
ဆိုလို့ရှိရင် ငါသေရင် ဘယ်ရောက်မှာတုံးလို့ ဘာမှတွေးမနေနဲ့၊ အောက်သံသရာသွားတဲ့ အာသဝကုန်ရင်
အောက်သံသရာမရောက်တာပဲ၊ တချို့ကျတော့လည်း သားကလေး ခေါ်ပေးပါဦး၊ ပစ္စည်းကလေး အစရှိ
သည်နဲ့ သုံးပုံပုံပြီးသကာလ ဒါကလေးကတော့ ကျုပ်အတွက် သင်္ဂြိုလ်ဖို့၊ ကျန်တာတွေကတော့ ဘယ်သူ
တွေ ဘယ်သူတွေယူကြ၊ စသည်နဲ့လုပ်လေ့ရှိကြတယ်၊ အဲဒါ မကောင်းသေးဘူး၊ သားခင်တဲ့ တဏှာရယ်၊ 
အဲဒီတော့ ဒကာ ဒကာမတို့ နန်းတော်အိမ်တောမှ ဆင်ဖြူတော်ဖြစ်ရုံ စသည်လောက်ပဲရှိမယ်၊ အိမ်တော်မှာ
ဖြစ်ရတာ ခုနှင်က ကျုပ်သေတဲ့အခါ ကျလို့ရှိရင် ဘာလုပ်ဖို့ညာလုပ်ဖိုဆိုတဲ့ ကုသိုလ်ကလေးမျိုးကသွားပြီး
အကျိုးပေးတယ်၊ အဲဒီတော့ ဒကာ ဒကာမတို့ ဒီသေနည်းသုံးမျိုးသည် အင်မတန်အရေးကြီးတယ်ဆိုပြီး
ဘုရားသခင်ကိုယ်တော်မြတ်ကြီး နှုတ်ကဖွင့်ဟောတာလို့မှတ်ပါ၊ အရေးမကြီးတာကို ပြုံးတောင်မပြုံးဘူးလို့
ခဏ ခဏ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ်ဘုရား)၊ အရေးမကြီးတဲ့အလုပ်ဆိုလို့ရှိရင် ဘုရားက အသံတော်
ထွက်ရမှာဝေးလို့ ပြုံးတောင်မပြုံးဘူး၊ ပြုံးလာလို့ရှိရင်တောင်မှ ကယ်တင်ချင်လို့ပဲမှတ်၊ ထုတ်ဖော်ဟောလို့
ရှိရင်ဖြင့် အထမြောက်နိုင်တဲ့အလုပ်မို့ ထုတ်ဖော်ပြောတာလို့မှတ် (မှန်ပါ့)၊ (၁) နံပါတ်လဲ ကျုပ်တိုဘုရားနဲ့
မတွေ့နိုင်တော့ ပယ်လိုက်၊ (၂) နံပါတ်လဲ သေချိန်မသိလို့ ပယ်လိုက်၊ (၃) နံပါတ်ကိုပဲ နှလုံးသွင်းကြ
ပါလို့ တိုက်တွန်းပါတယ် (မှန်ပါ့)၊ ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။

အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။

Tuesday, July 16

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တနုပဿနာ တရားတော်

                                                    "စိတ္တနုပဿနာ အနှစ်ချုပ် တရားတော်"
အားလုံး ဒကာ၊ ဒကာမတွေ တရားနှလုံးသွင်းပါလို့ သတိပေးလိုက်တယ်၊ မိမိခန္ဓာထဲမှာတရားရှိတယ်လို့
သေချာမှတ်ထားကြပါ။ ဖျတ်ခနဲ့ မျက်လုံးဖွင့်လိုက်တဲ့အခါ ဧည့်သည်ဖြစ်တဲ့ မြင်စိတ်ပေါ်လာတယ်၊ ဧည့်
သည်ဖြစ်တဲ့မြင်စိတ်ဟာ အဆင်းနဲ့တွေ့လို့ ယခုပေါ်လာတာ၊ ဒါဖြင့် ပစ္စုပ္ပန်စိတ်ပဲဆိုတာ မှတ်ထားပေါ့၊
ပစ္စုပ္ပန် တည့်တည့်ရှုကြပါဟေ့ဆိုတဲ့ အဓိပ္ပါယ် မြင်စိတ်ပေါ်သည်နှင့်သတိ၊ သမာဓိ၊ ပညာက ချက်ချင်းလိုက်
ပါ၊ မရှိတော့ဘူး၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မလေးရယ်လို့ စောင့်နေတဲ့တရားက မမြင်ဘူးလား၊ မြင်ပါတယ်၊ ငါမြင်
တယ်၊ သူမြင်တယ်ဆိုတာ မဟုတ်ဘူး၊ မြင်စိတ်ကမြင်ပြီး မြင်စိတ်ကချုပ်သွားတယ်၊ မြင်စိတ်ကဖြစ်ပျက်
ရှုတာကမဂ်။ မြင်စိတ်ဖြစ်ပြီး ပျက်သွားတာကို မလိုက်ဘူးဆိုရင် မြင်တာကိုလိုချင်တဲ့ (တဏှာ) လာမယ်၊
စွဲလန်းတဲ့ (ဥပါဒါ) လာမယ်၊ အားထုတ်တဲ့ (ကမ္မဘဝ) ဆိုတဲ့ အနာဂတ်အကြောင်းသုံးခု တစ်ခါတည်းပေါ်လာ
တယ်လို့ မှတ်ထားကြပါ၊ မြင်စိတ်ပေါ်လာရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပါ၊ ငါမြင်သူမြင် မထင်နဲ့ အနိစ္စလေးလို့
သာ မထင်ထင်အောင်လိုက်ပါ။
          ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်လေးပါးသွားရန်မှာ အင်မတန်နီးကပ်တဲ့တရားဖြစ်နေသောကြောင့်
စိတ္တနုပဿနာကို အရင်ရှုပါ၊ ဒိုင်းခနဲ့အသံကြားပြန်တယ်၊ ဧည့်သည်ဖြစ်တဲ့ ကြားစိတ်ပေါ်တယ်၊ ဖြစ်ပျက်ပဲ၊
ကြားစိတ်ကဖြစ်ပျက် ရှုတာကမဂ်။ နှာခေါင်းထဲမှာ နံစိတ်ကလေးပေါ်လာတယ်၊ နံစိတ်က ဖြစ်ပျက်၊ ရှုတာက
မဂ်၊ နံစိတ်က နှာခေါင်းထဲမှာ ဧည့်သည်စိတ် ဖြစ်ပျက်ပဲရှုရမယ်။ လျှာပေါ်မှာ ကိုယ့်တံတွေးပဲမျိုမျို၊ စားစိတ်
ပေါ်တယ်၊ အခုမှ ပေါ်တာ ပစ္စုပ္ပန်စိတ်ပဲ၊ ဖြစ်ပျက်ဆိုတဲ့ အနိစ္စဖြစ်အောင်ရှုပါ၊ စားစိတ်ကဖြစ်ပျက် ရှုတာက
မဂ်၊ သောတပန်တည်အောင် စိတ္တနုပဿနာဟောပါတယ်၊ ယားနာတဲ့စိတ် ကာယဝိဉာဏ်စိတ်ပေါ်ရာကို
လိုက်ပြီး ရှုလိုက်တဲ့ အခါကျတော့ ဖြစ်ပျက်နဲ့ မဂ်ဟာတန်းသွားပါတယ်၊ ရပြီးသားဒုက္ခကို မမြင်တဲ့ ပုဂ္ဂိုလ်
ဟာ နောက်ဒုက္ခဘယ်တော့မှ မဖြတ်နိုင်ဘူး၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာလို့ မှတ်ထားပါ၊ သုခပေါ်ရင်လည်း
ဖြစ်ပျက် ရှုရမှာပဲ၊ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များမှာ သမုဒယသစ္စာနဲ့ ဒုက္ခသစ္စာပြတ်တယ်။
          အပြင်ဧည့်သည် ခြောက်ခုပြီးသွားပြီး၊ အတွင်းဧည့်သည် ငါးခုရှိသေးတယ်၊ လောဘပေါ်ရင်လည်း
ဖြစ်ပျက်ရှုရမယ်၊ ဒေါသစိတ်ကလည်း ဖြစ်ပျက်ပဲ၊ ခင်ဗျားတို့ကို ကံက တဏှာရေထဲကို ပစ်ချလိုက်တာ
ဝိပဿနာရှုတဲ့မဂ်ဟာ ကယ်မည့်ယူမည့်သူပဲ၊ အလောဘ၊ အဒေါသ၊ ဖြစ်ပျက်ရှုပဲ၊ မေတ္တာပို့တဲ့စိတ်ကလေး
ကော နောက်ဆုံးပိတ် ဖြစ်ပျက်ရှုရပါမယ်။ သက်စောင့်အိမ်သည်စိတ်ကလေးရှိတယ် (၁) လေကိုအပြင်ထုတ်
တဲ့စိတ်၊ (၂) လေကိုအတွင်းပြန်ရှိုက်တဲ့စိတ်၊ ဒီစိတ်နှစ်ခုဟာ သက်စောင့်စိတ်လို့မှတ်ပါ၊ အိမ်သည်စိတ်လို့
မှတ်ပါ၊ ရှူထုတ်၊ ထွက်အောင်လုပ်တဲ့စိတ်ကို ရင်လယ်မှန်းပြီးသကာလ သူ့ကိုဖမ်းပြီးတော့ ဖြစ်ပျက်ရှုပေးပါ။
ရှူထုတ်စိတ်က ဖြစ်ပျက်၊ ရှုတာက မဂ်၊ ဝင်တဲ့စိတ်ကလေးကိုလည်း ပစ်မထားနဲ့၊ ဖြစ်ပျက်ရှုရပါမယ်၊
ဒကာ ဒကာမတွေ ယနေ့ကစပြီး စိတ္တာနုပဿနာ ကြပ်ကြပ်ရှုပါ၊ သောတပန်တည်ရအောင်လို့။
          အပါယ်လေးပါးလွတ်ချင်ရင် စိတ္တာနုပဿနာရှု၊ ရပ်ပြစ် ရှစ်ပါးလွတ်ချင်ရင် စိတ္တာနုပဿနာရှု၊ ရှင်သာ
ရိပုတ္တရာ ဟောတာလေးကို အထူတလည်ဟောမယ်၊ "ကိုယ့်စိတ်ကို ကိုအကဲခတ်ပါ" စိတ္တာနုပဿနာဆို
တာ ဘာပါလိမ့်မတုန်းမေးလို့ရှိရင် "ကိုယ့်စိတ်ကို အကဲခတ်တာလို့ မှတ်လိုက်" မမေ့စေနဲ့ ကိုယ့်စိတ်ကို အ
ကဲ့ခတ်ပါ၊ စားချင်စိတ်ကလေး ဖျတ်ခနဲ့ပေါ်လာတယ်၊ ဒီစိတ်ကလေး အကဲခတ်လိုက်ပါဆိုတော့၊ မရှိတော့
တာက (အနိစ္စ) မှုလပေါ်တာက (ကိုယ့်စိတ်) အကဲခတ်တာက (မဂ်) ကိုယ့်စိတ်ကို ရှေ့စိတ်ကို နောက်စိတ်
နဲ့ အကဲခတ်ပြီးသကာလ နေကြမယ်ဆိုရင် မဂ်ရနေတယ်မှတ်ပါ၊ အကဲခတ်များတဲ့ ပုဂ္ဂိုလ်ဟာ မဂ်ရမှာပဲ၊
ပညာနဲ့ကြည့်တဲ့ ပုဂ္ဂိုလ်ဆိုတာ အကဲခတ်တဲ့ ပုဂ္ဂိုလ်ကိုဆိုတာပါ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တဲ့ အခါကျတော့
အို ခဏခဏ ကိုယ်သေနေတာ မတွေ့ရဘူးလား၊ ကိုယ့်စိတ်သေတာ၊ ကိုယ်သေတာ၊ ကိုယ်အကဲခတ်စမ်းပါ၊
မဂ်ဖိုလ်ရဖို့ အရေးဟာ ဒကာ ဒကာမတို့ အကဲခတ်တဲ့အရေးပါလား။
          လူဆိုတာ ခန္ဓာငါးပါးကိုလူခေါ်တာပဲ၊ လူ့သံယောဇဉ်မစွန့်ဘဲနဲ့ နိဗ္ဗာန်မရနိုင်ဘူး၊ နတ်ရွာသုဂတိရမယ်၊
လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ကိုရနိုင်မယ်။ လူ့သန္တာန်မှာ ပေါ်လာတဲ့စိတ်ကလေးကို ဖြစ်ပျက်ရှုတဲ့အခါ မဂ်ပေါ်
လာတယ်၊ မဂ်ဝင်နေတော့ တဏှာ၊ ဥပါဒါန်၊ ကံမပေါ်တော့ဘူး၊ လူ့သံယောဇဉ် မလာတော့ဘူး၊ လူ့သံယော
ဇဉ်ရှိနေရင်သာ မရတာ၊ မရှိလို့ ကိုယ့်စိတ်ကိုယ် အကဲခတ်ရင် ရ..ရမယ်၊ နိဗ္ဗာန်ရမယ်၊ ကိုယ့်စိတ်ကိုယ် အ
ကဲခတ်မှ နိဗ္ဗာန်ရမယ်၊ သံယောဇဉ်ဆိုတဲ့တရားဟာ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့ တရားတွေဟာ နိဗ္ဗာနကို
တားတယ်၊ သုဂတိရောက်အောင်ပို့တယ်၊ သက္ကာယဒိဋ္ဌိဆိုတာ ဒိဋ္ဌိသံယောဇဉ်ပဲ "စိတ္တာနုပဿနာဆိုတာ
ကိုယ့်စိတ်ကိုယ် အကဲခတ်တာ"လို့မှတ်ပါ။

                                                      ဤကောင်းမှုကုသိုလ်ကံ
                                   စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                   ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                             အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                         တည်ရှိပါစေသတည်း ။                ။

                                                                                                             အရှင်ဉာဏဓဇ
                                                                                            မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                         ပင်မသံဝေဇနိယဌာန
                                                                                                                   အမရပူရမြို့။           ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အရှင်ကောဏ္ဍည သစ္စာသိပြီး သောတာပန်တည်ပုံ တရားတော်

        အားလုံးဒကာ ဒကာမတွေ ကြားဖူးကြပါလိမ့်မယ်နော်၊ "အညာသိကောဏ္ဍညော"ဆိုတဲ့ ပါဠိဟာ
ကိုယ်တိုင်ရင်လဲရတဲ့ ပုဂ္ဂိုလ်လဲအသင့်ပါလိမ့်မယ်၊ သူများရွတ်သံကြားဖူးတာလဲပါလိမ့် မယ်၊ ကောဏ္ဍညော၊
ကောဏ္ဍညသည်-အညာသိ၊ သိသွားပြီ (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘာသိသွားတာတုံးလို့ မေးဖို့မလိုဘူး
လား (လိုပါတယ်ဘုရား)၊ "ကောဏ္ဍညော၊ ကောဏ္ဍညသည်၊ အညာသိ၊ သိသွားပြီ"ဆိုတဲ့ ဥစ္စာဟာ၊ လူ့ပြည်
မှာလဲကျော်ကြားတယ်၊ နတ်ပြည်မှလည်း ကျော်ကြားတယ်၊ ဗြဟ္မာပြည်လဲ ကျော်ကြားတယ်၊ အကုန်လုံးပဲ
အားလုံးပဲကျော်ကြားတယ် (မှန်ပါ့)၊ သိသွားတယ်ဆိုတာသည်၊ ဘာပါလိမ့်မလဲလို့ မေးတော့မှ ဒကာ ဒကာမ
တို့ သစ္စာသိသွားတယ် (သစ္စာသိသွားပါတယ်ဘုရား)၊ သစ္စာသိသွားတော့ကို ဘာဖြစ်ပါလိမ့်မလဲလို့ အမေး
ထုတ်ဖို့လိုလာတယ်၊ သောတာပန် ဖြစ်သွားပြီလို့ဟောတာ။
        ဒကာ ဒကာမတွေ သူသိသွားတဲ့အချိန်မှာ သောတာပန် တည်တယ်ဆိုတဲ့ ဥစ္စာက ဒီနေရာမှ ဒါန
လည်းသူမပါဘူး၊ တရားနာနေတာ သီလကလည်းမပေါ် သေးပါဘူးတဲ့၊ သီလဆောက်တည်ဖို့လို့ မပေါ်သေး
ပါဘူး၊ သစ္စာသိတာနဲ့ပဲ၊ ကဲ..သိတဲ့ အထဲမှာ သီလဝင်လာပြီးသကာလ သောတာပန်တည် သွားတာပဲ (မှန်ပါ့)
ဒုက္ခသစ္စာက ဒုက္ခသစ္စာ၊ သိတာက မဂ်သစ္စာ၊ သေတာက သမုဒယသစ္စာ၊ နောက်ခန္ဓာမလာတာက နိရောဓ
သစ္စာဆိုတာ တစ်ပြိုင်နက်သိသွားတာ၊ သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ဝင်တဲ့ပုဂ္ဂိုလ်ရှိရဲ့လား (မရှိပါဘုရား)၊ သိပြီး
တော့ သိရုံနဲ့ ပြီးရောလားလို့ မေးတဲ့အခါကျတော့၊ ပွားသိ..သိမှလို့မှတ်လိုက်ပါဦး (မှန်ပါ့ဘုရား)၊ ပွားသိသိ
လို့ရှိရင်ဖြင့် ခင်ဗျားတို့အပါယ်လေးပါးသူများ ပါးစပ်ထဲမှာ ခန္ဓာကိုယ်ထိုးအပ်ရမည့် သေပွဲတွေ၊ အပါယ်ငရဲမှာ
မချိမဆန့်ခံမည့် နာပွဲကြီးတွေ၊ နောက်ကပြုခဲ့တဲ့ အမိုက်အမဲ အကုသိုလ်ကံတွေ၊ ယခုဘဝ မသိ..မလိမ္မာလို့
မိုက်ထားတဲ့ အပါယ်သွားမည့်ကံတွေဟာ၊ အဲဒီ..ပွားပြီး သိတဲ့တစ်လုံးက အကုန်ပယ်ချလိုက်ပါတယ်၊ သိပ်အ
ဖိုးတန်ပါတယ် (မှန်ပါ့)၊ ဆားတစ်လျက်နဲ့ အကုန်ပြေပါလိမ့်မယ်၊ ခင်ဗျားတို့ ဆားလျက်တာ၊ မပျင်းပါနဲ့ဆိုတာ
သတိပေးပါတယ်။
        ဒါဖြင့် ဒကာ ဒကာမတို့ လုပ်ထိုက်တဲ့အလုပ်ကိုဖြင့် ဦးမြ-လုပ်မှကောင်းမယ်၊ ကြွေးရှိသလား မရှိဘူး
လား၊ ဒကာ ဒကာမတွေမှာ (ရှိပါတယ်ဘုရား)၊ တို့အရေးကယ်တင်မည့် ဆရာသမားရှိသေးတယ်ဆိုတာ
သေသေချာချာမှတ်ပါ၊ တဏှာမပေါင်းနဲ့ သဒ္ဓါပညာနဲ့သာ ပေါင်းပါလို့၊ သဒ္ဓါ၊ ပညာနဲ့သာပေါင်းလို့ ခန္ဓာကို
ယောက်ျား၊ မိန်းမရယ်လို့ မသိဘဲနဲ့ အနိစ္စရယ်လို့ သိပါတယ်၊ ဖြစ်ပြီးပျက်တဲ့ အနိစ္စရယ်လို့သိပါတယ်၊ တဏှာ
နဲ့ပေါင်းလိုက်တဲ့အခါကျတော့ ငါလူပုံအလယ်မှာ လူတလုံးသူတလုံးလုပ်နေတာပဲဆိုပြီး၊ တဏှာတွေ မာန
တွေအကုန်လာပစ်လိုက်၊ ပပဉ္စမလာဘူးလား (လာပါတယ်ဘုရား)၊ သဒ္ဓါဆိုတာက ဘုရားဟောတာယုံ
ကြည်ပါ၊ ရမ်းပြီးတော့လဲ မယုံကြည်လိုက်ပါနဲ့၊ ဘုရားကဟောတော့ ဟောတာပဲ၊ ကိုယ်က ရမ်းယုံကြည်
လို့ရှိရင်လည်း မဖြစ်သေးဘူး၊ ဘုရားဟောတာနဲ့ ခန္ဓာနဲ့လိုက်ပြီးတော့ယုံပါ၊ သဘောကျကြပလား (မှန်ပါဘု
ရား)၊ ဘုရားဟောတာနဲ့ ကိုယ်ခန္ဓာဖြစ်စဉ်နဲ့ ကိုက်တာကိုယုံလိုရှိရင်၊ သဒ္ဓါလို့မှတ်ပါ၊ သဒ္ဓါရှေ့ပြေးမှ ပညာ
နောက်ကလိုက်နိုင်ပါတယ်ဆိုတာကိုလဲ သေသေချာချာမှတ်ပါ (မှန်ပါ့)၊ ကမ္ဘာလောကကြီးထဲ သူတစ်
ယောက်တည်းသိတဲ့ ပုဂ္ဂိုလ်ရှိတယ်၊ အညာသိ ကောဏ္ဍညောဆိုတာ ထူးထူးချွန်ချွန်သိတာ သူတစ်ယောက်
ရှိသေးတယ်ကွ၊ သိသည်နဲ့ တပြိုင်နက်အပါယ်နဲ့ အိုးစားကွဲပြီမှတ်ပါ။
         ဒါနနဲ့ ဆပ်လို့မပြေဘူး (မှန်လှပါ)၊ သီလနဲ့ ဆပ်လို့လဲ မရဘူး (မှန်ပါ့)၊ ဒကာ ဒကာမတွေ ဘာနဲ့ဆပ်
မယ် (မဂ်နဲ့ ဆပ်ပါမယ်)၊ ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ်ကိုယ်ရှုတာ၊ အလျော်ဆုံးဖြစ်နေတယ်
(မှန်ပါ)၊ သူများစိတ် ရှုရမှာလား...ကိုယ်စိတ်ရှုရမှာလား (ကိုယ်စိတ်ရှုရမှာပါဘုရား)၊ ကိုယ့်စိတ်ကိုယ်၊ ပြန်သိ
လိုက်တဲ့အချိန်ကျတော့ ဒကာ ဒကာမတို့ စိတ်ဆိုတာ ဖြစ်ပြီးပျက်သွားတဲ့စိတ်က တစ်မျိုး၊ သိတဲ့စိတ်က
တစ်မျိုးသဘောကျပလား (ကျပါတယ်ဘုရား)၊ ဖြစ်ပြီးပျက်သွားတာ (အသေပါ)၊ မဂ်ကအရှင်၊ အသေကို
အရှင်နဲ့ သိပေးတယ်၊ ဒါဝိပဿနာခေါ်တယ်၊ အသေကို အရှင်နဲ့ကြည့်တာ (ဝိပဿနာခေါ်ပါတယ်ဘုရား)။  
 ဒါကြောင့် ဘုရားရဟန္တာများကျတော့အစောကြီးက အသေတွေကိုသိနေတာ အထူးအဆန်းလား၊ ဆရာ
လက်လွှတ်တဲ့ ဝေဒနာအထူးအဆန်းလားလို့ မေးတဲ့အခါကျတော့၊ အထူးအဆန်းမဟုတ်ပါဘူး အရင်သေ
ဖူးနေပါပြီဆိုပြီးသကာလ ဒကာ ဒကာမတို့ ဒီအသေခန္ဓာကြီးကို မတွေ့ရမည့်နေရာ မြင်နေရတော့ ဘုရား
ရဟန္တာကျတော့ ပြုံးများနေလိုက်သေးတယ် (မှန်ပါ့)၊ ဒီတစ်ခါသာ သေရတော့မယ်ကွ၊ နောက်အသေ
ဇာတ်သိမ်းပြီဆိုတော့ ဒကာ ဒကာမတွေ မပြုံးပေဘူးလား။ 
        ခင်ဗျားတို့က ဝိပဿနာဆိုတာပွားတာ၊ တောကျောင်း တောင်ကျောင်းသွားရှုရတယ်မှတ်နေတာ၊
ဟုတ်ကြရဲ့လား၊ ဒကာ ဒကာမတို့ တောကျောင်း တောင်ကျောင်းသွားရှုရတာ (မဟုတ်ပါဘူး)၊ ကိုယ့်အသေ
ကိုယ်သိရင်ပြီးတာပဲ၊ တောသွားမှ အန္တရာယ်တွေ၊ မာန်စွယ်တွေ၊ ရန်စွယ်တွေ စိုးရိမ်နေရသေးတယ်၊ အခု
စိုးရိမ်စရာရှိရဲ့လား (မရှိပါဘုရား)၊ အဲ...တောကျောင်း တောင်ကျောင်းဆိုတာ သမထကိုဟောတာ (မှန်ပါ့)၊
ရိပ်မိကြပလား၊ ဝိပဿနာက လှေကားခုံကဆင်းရင် တောင်ကျောင်းဖြစ်တယ်ကွ ဆိုတော့ အဘိဓမ္မာနည်း
နဲ့ သုတ္တန်နည်းဟာ တခြားစီ (မှန်ပါ့)၊ အကောင်းအဆိုးရွေးတာက ဒီတဏှာကရွေးမှာ (မှန်ပါ့)၊ ဒီပြင်ဟာက
ရွေးနိုင်ရဲ့လား (မရွေးနိုင်ပါဘုရား)၊ ကိုင်း သူမရွေးခင် ကျုပ်တို့က တဏှာမလာခင် ဒီမြင်စိတ်ကလေးသည်
ကားလို့ ဆိုလို့ရှိရင်ဖြင့်၊ ကိုယ်ခန္ဓာ ဝိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကလေး သေသွားပြီဆိုပြီး ဒီကနေသိပေးလိုက်
တော့ တဏှာဆက်သေးရဲ့လား (မဆက်ပါဘုရား)၊ မဂ်ရဖို့ အလုပ်ဟာ ဆုတောင်းအလုပ်လား၊ အသိအ
လုပ်လား (အသိအလုပ်ပါဘုရား)၊ ဒကာ ဒကာမတွေက ဘုရားကို ကျေးဇူးတင်တဲ့ သဘောနဲ့သာရှိခိုးရ
မယ်၊ ကိုးကွယ်ရမယ် (မှန်ပါ့)၊ သိအောင်လုပ်တာက ကိုယ့်ဉာဏ်နဲ့ ကိုယ်လုပ်ရမယ်၊ ဘုရားကိုတော့ ကျေး
ဇူးတော်ရှင်အဖြစ်နဲ့ ကိုးကွယ်ရမယ်၊ ဘုရားရှိခိုးရင် ဒကာ ဒကာမတို့ တိုတိုမှတ်လိုက်ပါ၊ သုဂတိရောက်ရုံပဲ
တဲ့၊ ဘုရားဟောတာကိုမှတ်ပြီး အသိနှင့် သိနေကြလို့ရှိရင် နိဗ္ဗာန်ရောက်မယ် (မှန်ပါ့)။
        သခင်ဝတင်ဘယ်ဟာကြိုက်သတုံး (နိဗ္ဗာန်ကြိုက်ပါတယ်ဘုရား)၊ နိဗ္ဗာန်ကြိုက်ဆိုတာ ဒုက္ခခပ်သိမ်း
ငြိမ်းတာနိဗ္ဗာန်ပဲ (မှန်ပါ့)၊ ကြည်ညိုတာက လူဒုက္ခနဲ့ နတ်ဒုက္ခလဲတာ၊ ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ်ရူပါ၊
စိတ်...စိတ်ချင်းရှုရမယ်အကွက်ဟာ အတော်အရေးကြီးပါတယ်ဒါကိုယ့်စိတ်လို့ ဆိုသဖြင့် ကိုယ်သိပါတယ်
ဆိုတော့ သိတဲ့အချိန်မှာ ဒီစိတ်ရှိသေးရဲ့လား (မရှိပါဘုရား)၊ နှစ်စိတ်နဲ့ အသက်မရှင်ကောင်းဘဲကိုး (မှန်ပါ့)၊
တစ်စိတ်နဲ့သာ အသက်ရှင်ရမယ်၊ အဲဒီတော့ ကိုယ့်စိတ်ကို ကိုယ်သိပါဆိုငြားသော်လည်း စိတ်ကို၊ သိရတာ
မဟုတ်၊ အပျက်ကိုသိရတာ၊ ပေါ်ကြပလား (ပေါ်ပါပြီဘုရား)၊ ဘုရားကဟောတာက၊  စိတ္တာနုပဿနာဆို
တော့ စိတ်ကိုအရှုခိုင်းတယ်လို့ ထင်လိမ့်မယ် စိတ်ကိုအရှုခိုင်းတာ မဟုတ်ဘူး၊ စိတ၏ ပျက်မှုကို ရှုပါပြော
တာ စိတ်၏မရှိမှုကို ရှုခိုင်းတာ၊ တစ်ခုသေးပြီးမှ တစ်ခုဖြစ်ရမှာ (မှန်ပါဘုရား)၊ ကျုပ်ကဖြင့် စိတ်လာတိုင်း
ရှုနေတာပဲဆိုရင်၊ ဒါ ဝိပဿနာမဟုတ်ဘူး၊ ဝိပဿနာ အပါးမဝသေးဘူး၊ ဆရာရင်လဲလိုမယ်၊ ကိုယ်ရင်လို
မယ်၊ စိတ်ဟာ နှစ်ခုပြိုင်ပေါ်ကောင်းရဲ့လား (မပေါ်ကောင်းပါဘုရား)။  
        အသေကို အရှင်နဲ့ကြည့်ရမယ်၊ အရှင်နဲ့ မကြည့်လဲမမြင်ဘူး၊ အသေကို မတွေ့သေးလို့ရှိရင်လဲ ဟင်္သာ
တဦးမြကြီး အနိစ္စမတွေ့သေးဘူး (မှန်ပါ့)၊ စိတ္တာနုပဿနာလား၊ အသေကိုအရှင်နဲ့ ကြည့်တာလား (အသေ
ကို အရှင်နဲ့ကြည့်တာပါ)၊ ဝေဒနာနုပဿနာလား၊ အသေကို အရှင်နဲ့ကြည့်တာလား (အသေကို အရှင်နဲ့
ကြည့်တာပါဘုရား)၊ ဒါဖြင့် ဒကာ ဒကာမတို့၊ ဧဟိ ပဿိကောခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ (လိုက်ရမယ်)၊ လိုက်
လို့ရှိရင် ဒါဝိပဿနာအစစ်၊ ဝိပဿနာစာအုပ်ကြီး ရှည်နေအောင် ရေးထားပေမယ့်၊ လိုရင်းကဒါပဲရှိတယ်၊
ဒကာ ဒကာမတို့ ဝိပဿနာစာအုပ်ကြီးဟာ ရှည်လိုက်တာဘုရား၊ ဆရာတော်က ဉာဏ်ကျယ်လိုက်တာ၊
ခင်ဗျားတို့ ဉာဏ်ကျယ်တာ လိုက်နေရင် ငါးပါးမှောက်မယ်၊ ဒါဖြင့် သခင်ဝတင်ကြီးရေ၊ ရန်ကုန်သွားပြီးသကာ
လ၊ ရွှေတိဂုံဘုရားသွားပြီး အရှင်ဘုရား၊ ဧဟိပဿိကော ဘုရားနော် (မှန်ပါ့)၊ ဘုရားကိုသွားပြီး သတိပေးသ
လိုဖြစ်နေတယ်၊ အကာလိကော လာစရာမြင်သေးရဲ့လား...ကိလေသာရောဂါတွေ ပျောက်နိုင်ပါမလား (မ
ပျောက်နိုင်ပါဘုရား)။
         ဒါဖြင့် ယနေ့ကစပြီးသကာလ ခင်ဗျားတို့ ဘုရားမရှိခိုးနဲ့တော့ မဟောဘူး (မှန်ပါ့)၊ ရှိခိုးတော့ ရှိခိုး
ကောင်းတယ် (မှန်ပါ့)၊ ခင်ဗျားတို့က ဝဋ်ဘဝတိုတိုနဲ့ နိဗ္ဗာန်မဂ်ဖိုလ် ရရပါလို၏၊ ခင်ဗျားတို့ တောင်းတယ်၊
လုပ်ယူရမှာကို တောင်းယူလိုက်တော့မရဘူး၊ ရိပ်မိကြပလား (ရိပ်မိပါပြီဘုရား)၊ ဘုရားရှိခိုးတာက သမထ
လိမ်းရင်ဘယ်ရောက်မယ် (ဗြဟ္မာပြည်ရောက်မယ်)၊ သောက်လိုက်လို့ရှိရင် (နိဗ္ဗာန်ရောက်မယ်)၊ ဘယ်ဟာ
ကြိုက်သတုံး (နိဗ္ဗာန်ကြိုက်ပါတယ်)၊ ဧဟိပဿိကောခေါ်ရာကို သန္ဒိကောနဲ့လိုက်မှ ဒုက္ခသစ္စာကိုသိတယ်၊
ဒုက္ခသစ္စာသိတဲ့ အချိန်မှာ၊ သမုဒယသစ္စာ သေ မသေ (သေပါတယ်ဘုရား)၊ သမုဒယသစ္စာသေလို့ရှိရင်
နိရောဓ၊ လာမလာ (လာပါတယ်ဘုရား)။

                                            ဤကောင်းမှုကုသိုလ်ကံ
                            စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                             ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                        တည်ရှိပါစေသတည်း။

                                                                                                            အရှင်ဉာဏဓဇ
                                                                                         မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                       ပင်မသံဝေဇနိယဌာန
                                                                                                                  အမရပူရမြို့ ။          ။

Sunday, July 7

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ်သုံးပါး တရားတော်

သစ္စာမသိသေးသရွေ့ ကာလပတ်လုံး နိဗ္ဗာန်မရောက်သေးဆိုတာ တစ်ထစ်ချဆုံးဖြတ်ချက်ချပါ၊ သစ္စာမသိ
သေးရင်ဘာတဲ့ (နိဗ္ဗာန်မရောက်သေးပါဘုရား)၊ ဒါဖြင့် နိဗ္ဗာန်လိုချင်ရင် သစ္စာသိအောင်လုပ်ပါ၊ သစ္စာက
ဘယ်မှာရှိသလဲဘုရားလို့ မေးဖို့လိုတယ်၊ သစ္စာဘယ်မှာရှိသတုံးလို့မေးဖို့လိုတော့ ဒကာ ဒကာမတွေ၏
ခန္ဓာသည် သစ္စာပဲလို့မှတ်ပါ၊ သစ္စာမသိသေးရင် ဘာဒါနပြုပြု၊ ဘာသီလ ဆောက်တည်ဆောက်တည် ဘာပဲ
ခင်ဗျားတို့ သမထတွေလုပ်လုပ်၊ သစ္စာမသိသေးသရွေ့ကာလပတ်လုံး ငါတို့အလုပ်သည် နိဗ္ဗာန်မရောက်
သေးဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ၊ ခန္ဓာငါးပါးဆိုတော့ ဘယ်နှပုံပါလိမ့် (ငါးပုံပါဘုရား)၊ ဘယ်အပုံ ကြည့်
ကြည့်ဒုက္ခသစ္စာချည်းမှတ်လိုက်၊ ဘယ်အပုံဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။

        ရူပေက္ခန္ဓာဆိုတဲ့ ဖောက်ပြန်မှုကလေးကိုတစ်ပုံ၊ ပုံကြည့်လိုက်ပြန်တော့လဲ ဒုက္ခသစ္စာ (မှန်ပါ့)၊
ဝေဒနက္ခန္ဓာဆိုတဲ့ ခံစားမှုကလေးကိုတစ်ပုံ၊ ပုံကြည့်လိုက်ပြန်တော့လဲ (ဒုက္ခသစ္စာ)၊ သညက္ခန္ဓာဆိုတဲ့
မှတ်သားမှုကလေးကို တစ်ပုံ၊ ပုံကြည့်လိုက်ပြန်တော့လဲ (ဒုက္ခသစ္စာပါ)၊ သင်္ခါရက္ခန္ဓာဆိုတဲ့ ဒကာ ဒကာမ
တွေ လှူချင်၊ တန်းချင်၊ ပေးချင်၊ ကမ်းချင်သည် စေ့ဆော်မှုစေတနာကလေးကို တစ်ပုံ၊ ပုံကြည့်လိုက်ပြန်
တော့လဲ (ဒုက္ခသစ္စာပါ)၊ ဪ..ဒါဖြင် ဒီငါးပါးတွင် တစ်ပါးပါးကြည့်ရင်ပြီးတာပဲဆိုတာ တရားအစမှာ ဆုံး
ဖြတ်ချက်ချပါ၊ သဘောပါကြလား (ပါဘာတယ်ဘုရား)၊ ဪ..ဒါဖြင့် ခင်ဗျားတို့ တစ်ကိုယ်လုံးထဲမှာ
ဆင်းရဲတာအမှန်သာရှိ၍ ချမ်းသာတာအမှန်မရှိသေးပါဘူး။

        ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုလို့ရှိရင်ကွာတဲ့၊ ဒကာ ဒကာ
မတွေ မင်းမာနေတယ်ကွာ၊ ဆီးဖြူရွက်တစ်ရွက်နဲ့ရေထုပ်လာခဲ့တယ်ဆိုရင်ဖြင့် ယုံးစရာရှိရဲ့လား (မရှိပါဘု
ရား)၊ သစ္စာမသိဘဲနဲ့ ငါနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုရင် ဘယ်တော့မှမယုံနဲ့ သစ္စာမသိဘဲနဲ့ ငါနိဗ္ဗာန်ကိုရောက်
ခဲ့တယ်ဆိုရင် ဆီးဖြူရွက်နဲ့ ရေထုပါလာတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ လိမ်လည်မှုတစ်ခုလို့မှတ်ပါ၊
သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်တယ်လို့ဟောတဲ့ ပုဂ္ဂိုလ်က ဟောလို့ရှိရင် လိမ်လည်မှုလို့မှတ်ပါ၊ အဲဒါကြောင့်
သစ္စာသိဖို့အရေးဟာဖြင့် နိဗ္ဗာန်ရောက်ချင်တယ် ဒုက္ခခပ်သိမ်းငြိမ်းချင်တယ်၊ အပူသိမ်းချင်တယ်ဆိုရင် သစ္စာ
သိအောင်လုပ်ဖို့ကို ဘုန်ကြီးများဟောရမယ်၊ သဘောပါကြလား၊ ခင်ဗျားတို့ရထားတဲ့ ဓမ္မစကြာမှာစက္ခုံဥဒ
ပါဒိ စက္ခုံ၊ ဉာဏ်မျက်စိသည်၊ ဥဒပါဒိ၊ နိဗ္ဗာန်နဲ့ ဒုက္ခကိုမြင်ခြင်းဖြစ်ပေါ်လာ၏ဆိုကတည်းက ဒီကျမှ မျက်စိ
နှစ်ကွင်း အလင်းရတဲ့ဥစ္စာ၊ နဂိုကအကန်းပဲ၊ ဘယ်ကလာနိဗ္ဗာန်ရမှာတုံး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ
မနေ့က သစ္စဉာဏ်ဟောခဲ့တယ်၊ ဟောမှာက ကိစ္စဉာဏ်ဟောရပါလိမ့်မယ်၊ အရေးတကြီးဟောရမှာက
တော့ သစ္စာ၏ကိစ္စကို သိတဲ့ဉာဏ်ကို အရေးတကြီး ဟောလိမ့်မယ်လို့မှတ်ပါ၊ ဒီတရားဘယ်ကလာသတုံး
မေးတဲ့အခါကျတော့မှ ဓမ္မစကြာကလာတယ်လို့မှတ်ပါ၊ ဓမ္မကြာဟာရွတ်ဖို့လား၊ ဒကာ ဒကာမတွေ မြင်
အောင်ကြည့်ဖို့လားဆိုတဲ့ဥစ္စာကို စက္ခုံဥဒပါဒိက ထောက်ခံချက်ပေးလိမ့်မယ်၊ စက္ခုံ ဉာဏ်မျက်စိသည်၊
ဥဒပါဒိ၊ ဖြစ်ပေါ်လာမလို့ကွ ဆိုတော့ ရွတ်ဖို့၊ ဖတ်ဖို့လား ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာသစ္စာကိုမြင်အောင်
ကြည့်ပါလို့ ပြောတာလား (မြင်အောင်ကြည့်ပါလို့ပြောတာပါဘုရား)။

        ဒါဖြင့် ခင်ဗျားတို့က အန္တရယ်ကင်းသုံးနေတယ်၊ ဓမ္မစကြာရွတ်ဟေ့၊ အန္တရာယ်ကင်းသဟဆိုတော့
ခင်ဗျားတို့ကလမ်းလျှောက်ရွတ်၊ ဘုရားရှေ့သွားရွတ်၊ ရွတ်တော့ခင်ဗျားတို့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ သစ္စာမြင်
ပါရဲ့လား၊ ကုသိုလ်ရရုံပဲဖြစ်နိုင်တယ်၊ နိဗ္ဗာန်မရဘူး ရှေးဘဝက ဒကာ ဒကာမတွေ အကန်းတွေလားတဲ့၊
မျက်စိနှစ်ကွင်း အလင်းမရတွေလား မေးရင်ဘယ့်နှယ်ဖြေမယ် (အကန်းတွေပါဘုရား)၊ ကန်းမှန်းသိရင်
ဆေးရှာလိမ့်မယ်၊ အဲဒါကြောင့် ကိုယ့်အကန်း ကိုယ်သိလို့ရှိရင်ဖြင့် ဆရာသမားဆီ ဆေးရှာပြီး ဒီဆေးကိုအ
မြဲစားသုံးလို့ရှိရင် ကိစ္စပြီးပါလိမ့်မယ်၊ အဝိဇ္ဇာကိုဒုက္ခသစ္စာ မသိလို့သူ့ကို အဝိဇ္ဇာခေါ်တယ်နော်၊ သမုဒယ
သစ္စာကော သူသိပါရဲ့လား (မသိပါဘုရား)၊ သမုဒယသစ္စာလည်းမသိလို့သူကို (အဝိဇ္ဇာပါ)၊ မဂ္ဂသစ္စာပွား
များရလိမ့်မယ်လို့ ကောသိရဲ့လား (မသိပါဘုရား)၊ မသိသောကြောင့် သူကိုဘာခေါ်မလဲ (အဝိဇ္ဇာပါပဲဘုရား)၊
နိရောဓသစ္စာကို မြင်အောင်ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိရှိပါရဲ့လား (မရှိပါဘုရား)၊ မရှိသောကြောင့် သူ့ကို
ဘာခေါ်မလဲ (အဝိဇ္ဇာပါပဲဘုရား)။

        ဒီတစ်ခါ ဘုန်းကြီးနဲ့တွေလို့မှ မျက်စိနှစ်ကွင်းအလင်းရအောင် မယူဘူးဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့သေ
လို့ရှိရင်ဖြင့်၊ အကန်းမသာကြွတော်မူပါလို့သာ ဖိတ်ပါတော့၊ မွေးတုန်းကကော (အကန်းပါဘုရား)၊ သေတာ့
ကော (အကန်းပါဘုရား)၊ ဘာကြောင့်တုံး (သစ္စာသိမသွားလို့ပါဘုရား)၊ အဝိဇ္ဇာ ဆိုတာ သိကောင်းတာကျ
တော့ (မသိပါဘုရား)၊ သိကောင်းတာက ဘာပါလိမ့် (သစ္စာလေးပါးပါဘုရား)၊ သစ္စာလေးပါး၊ အဲ့ဒါကျတော့
ဘာတဲ့ (မသိပါဘုရား)၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်ကြောင်းကျတော့ (သိပါတယ်ဘုရား)၊ ဟာ..
ဒုက္ခသစ္စာရမှာကျတော့ သူကသိတယ်ကိုး၊ ဒုက္ခလွတ်မည့်နေရာကျတော့ (မသိပါဘုရား)၊ သိကောင်းတာမ
သိ၊ မသိကောင်းတာသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါဘုရား)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုထုဇဉ်
ချန်လှပ်ကွာ၊ အရိယာမျက်လုံးနဲ့ကြည့်မယ်ဆိုရင် ဘယ်အချိန်မှ မကျန်းမာဘူးကွလို့ သေသေချာချာဟော
တယ်၊ ငှက်သိ၊ ခွေးသိ၊ တိရစ္ဆာန်သိတာခင်ဗျားတို့က ဒုက္ခသိတာဉာဏ်သိ မပါသေးပါဘူး၊ တိရစ္ဆာန်ဆိုတော့
အဟိတ်ပုဂ္ဂိုလ်၊ ဉာဏ်ပါရဲ့လား (မပါ ပါဘုရား)၊ ဒီတရားကိုဖိနာဦး။

        ခင်ဗျားတို့ကြိုက်နေတာက ပန်းတစ်ပွင့်နဲ့ လူပြည့်၊ နတ်ပြည် အကြိမ်ကြိမ်ခံစား၍ ဘယ်တော့မှမဆုံး
နိုင်တဲ့အခါ နိဗ္ဗာန်ရ ရပါလို၏၊ အဆုံးစွန်သောဘဝဆိုရင်ဘယ်တော့မှဆုံးမှာမဟုတ်ဘဲကိုးဗျ၊ ဆုံးစရာကော
ပါရဲ့လား (မပါပါဘုရား)၊ ဘယ်တော့မှမရ ရပါလို၏ဆိုတာနဲ့ အတူတူတောင်းထားတာ (မှန့်ပါ့)၊ အဲ့ဒါ ဉာဏ်
ပါကြရဲ့လား (မပါ ပါ)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီတရားကို ခင်ဗျားတို့ပေါ်လဲပေါ်ခဲပါတယ်၊ ဒကာ
ဒကာမတွေ နားထဲမှာဆိုပါတော့၊ ဘုန်းကြီးများလက်ထက်မှပဲပေါ်လာတာ၊ စာကတော့ နဂိုကရှိပါတယ်၊
သို့သော်စာရှိကိုပြောတယ်လို့ ဒကာ ဒကာမတွေ မယူကြနဲ့၊ စာရှိဟောနေတာလား ခန္ဓာအရှိကိုဟောတာ
လား (ခန္ဓာအရှိကို ဟောနေတာပါဘုရား)၊ အဲဒါ တရားစစ်မှတ် စာရှိဟောလို့ရှိရင်ဖြင့် မှတ်တမ်းလျှောက်
ဖတ်တာ၊ အဲဒီမှတ်တမ်းတွေ ဖတ်နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ခန္ဓာ မရောက်ပါဘူး၊ ရောက်ပါ့မလား၊ အဲဒီတော့
ခန္ဓာအသိနဲ့တဲ့သေသေချာချာဟောမှသာလျှင် ဒကာ ဒကာမတို့ ဉာဏ်ကမိမယ်၊ ခန္ဓာအရှိကို ဉာဏ်နဲ့သိ
အောင်ဟောမှ ပဋိစ္စသမုပ္ပါဒ်ပြတ်မယ်၊ ပြတ်ရင်နိဗ္ဗာန်ပဲ၊ ဘုရားဖြစ်တာသည် ပဋိစ္စသမုပ္ပါဒ် အစကိုသိတယ်၊
နောက်အဆုံးသိတဲ့အချိန်မှာ ဘုရားဖြစ်သွားတယ်၊ အဲဒီတော့ခင်ဗျားတို့က ဝေဒနာနုပဿနာ ဝေဒနာရှုကွ
လို့ ဟောရုံနဲ့ နိဗ္ဗာန်မရောက်ဘူး၊ နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့၊ ဝေဒနာကို ဒုက္ခသစ္စာလို့သိမှ ရောက်မယ်၊ ဝေဒ
နာသိလို့မရောက်ဘူး၊ ဖဿကိုလဲ ဖဿလို့သိရုံနဲ့ဆိုရင် နာမပရိစ္ဆေဒဉာဏ်...ဒုက္ခသစ္စာလို့သိမှ သစ္စဉာဏ်
ကိုးဗျ၊ အဖြစ်သိလဲ (ဒုက္ခသိတာပါပဲဘုရား)၊ အပျက်သိလဲ (ဒုက္ခသိတာပါပဲဘုရား)၊ ဒါဖြင့် ဥဒယဗ္ဗဉာဏ်
ဆိုတဲ့ဥစ္စာ သစ္စာသိတဲ့ဉာဏ်၊ ကိစ္စဉာဏ်ပြောမယ် နာရီကလဲနဲနဲပဲကျန်တယ်၊ ကိစ္စဉာဏ်ဆိုတာ ဒကာ
ဒကာမတို့ သောတာပန် တည်လုကာနီးဉာဏ်လို့မှတ်လိုက်စမ်းပါ၊ သာမညနားနဲ့ထောင်ရမှာလား၊ ကြီးကြီး
ကျယ်ကျယ်နားနဲ့ထောင်ရမှာလား၊ တစ်သက်မှာ တစ်ခါတွေ့တဲ့ဉာဏ်ကို ဟောမှာ သဘောကျရဲ့လား
(ကျပါတယ်ဘုရား)၊ တစ်သက်မှာတခါတွေ့တဲ့ဉာဏ်၊ တစ်ခါတွေ့ပြီးလဲနောက်ထပ်အပါယ်ရောက်ဦးမှာလား၊
မရောက်တော့ဘူးလား (မရောက်တော့ပါဘုရား)။

         အဲဒီတော့ ပါရမီအလိုက်တည်လိမ့်မယ်လို့ ရှေးဆရာတော်တွေက ဟောလိမ့်မယ် (မှန်ပါ့)၊ ပါရမီအ
လိုက်နက်ဖြန်ကျတော့ သေတာပန်တည်တဲ့ ပုဂ္ဂိုလ်တည်ကြမှာပဲလို့ ဟောလိမ့်မယ်၊ ဘုန်းကြီးတို့က ဒီလို
မဟောပါဘူး၊ ပါရမီအလိုက်မဖြစ်နိုင်ဘူးဟေ့၊ ဉာဏ်ထက်မြက်တဲ့အလိုက်ကွ သဘောကျပလား၊ ဘာ
ကြောင့်တုံးဆိုတော့ ပါရမီဆိုတာကဘုရားပါရမီလိုတယ်၊ လက်ဝဲရံ၊ လက်ယာရံမှာ (ပါရမီလိုတယ်)၊ အသီ
တိရှစ်ကျိပ်မှာ (ပါရမီလိုတယ်)၊ သာဝကမှာ ပါရမီမလိုပါဘူး (မှန်ပါ)၊ ဆရာကသစ္စာဟောလို့ ခင်ဗျားတို့က
ဒီသစ္စာကို ကိစ္စဉာဏ်နဲ့သိလိုက်ရင် ပြီးတာပဲ၊ အခု နိဗ္ဗာန်ရရင်ယခုယူမည့် ပုဂ္ဂိုလမှာ ပါရမီမလို၊ ယခုယူမည်
လို့ စိတ်ထဲရှိတဲ့ပုဂ္ဂိုလ်မှာ ပါရမီမလိုဘူး၊ ဘာလိုသတုံးမေးဖို့မလိုဘူးလား (လိုပါတယ်)၊ သစ္စာဟောတတ်တဲ့
ဆရာတွေဖို့လိုတယ်၊ ကိုယ်က ဒီသစ္စာအတိုင်းအမှန်နှလုံးသွင်း တတ်ဖို့လိုတယ်၊ ဒီနှစ်ချက်ပြည့်စုံရင်ပြီး
တာပဲ၊ ပေါ်ကြပလား၊ ယခုသစ္စာတရားနာ၍ ယခုသစ္စာတရားကို ဒကာ ဒကာမတွေက နှလုံးသွင်းလို့ရှိရင်
ဖြင့် ယခုဘဝရမယ်၊ တိဟိတ်သာဖြစ်ပေစေရမယ်၊ သဘောပါပလား၊ ဒါဖြင့် ကံကြီးငါးပါးလွတ်နေတဲ့ပုဂ္ဂိုလ်၊
မဂ်ဖိုလ်တားတဲ့ကံမှ သူတို့မှာ မရှိဘဲ (မှန်ပါ့)။ အဲ...ခန္ဓာမှာလဲ ခုမှပေါ်တဲ့ကိစ္စကိုသိရမယ်၊ သေသေချာချာ
မှတ်ပါ၊ ဒီစကားမသေးဘူး၊ ဒါဖြင့် ခန္ဓာထဲမှာ ခုမှပေါ်တဲ့ကိစ္စကိုသိရင် ကိစ္စဉာဏ်၊ ခုမှ ပေါ်ပြီးခုမှပျောက်တာ
သူ့ကိစ္စ သူသိမ်းသွားတာ၊ သူ့ကိစ္စသူမလုပ်ဘူးလား (လုပ်ပါတယ်ဘုရား)၊ ခံလဲခံစားတယ်၊ ဝေဒနာသည်
ခံစားခြင်း ကိစ္စမရှိဘူးလား (ရှိပါတယ်ဘုရား)၊ ခံစားခြင်းကိစ္စကိုနောက်ဆုံးပိတ်ကျတော့ သူမသိမ်းရဘူး
လား (သိမ်းရပါတယ်ဘုရား)၊ ဒါဖြင့် ခံစားခြင်းကိစ္စကိုသိမ်းတဲ့၊ ခံစားတဲ့ကိစ္စကို ဒကာ ဒကာမတို့ သိမ်းတဲ့
ကိစ္စကျအောင် ကြည့်ပေးပါ၊ ဒါဖြင့်ဝေဒနာကိစ္စကို ဒကာ ဒကာမတွေက ဉာဏ်ထဲသိတဲ့အခါကျတော့
ဝေဒနာမှာ ဘာကိစ္စရှိသတုံး။

        စိတ်မှာ ဘာကိစ္စရှိ သတုံးမေးဖို့မလိုဘူးလား (လိုပါတယ်ဘုရား)၊ ဒါဖြင့် သူဟာ၊ ဝေဒနာဟာ အလိုလို
ပျက်သွားတာလား၊ စိတ်ဟာအလိုလိုပျက်သွားတာလား၊ သူယူလာတဲ့အိုမှု၊ နာမှုက နှိပ်စက်တဲ့ကိစ္စကြောင့်
ပျက်ရတာလား (အိုမှု၊ နာမှု နှိပ်စက်တဲ့ ကိစ္စကြောင့်ပျက်ရတာပါ)၊ ဒါဖြင့် ဟေ့ ဝေဒနာမင်းမှာ ဘာကိစ္စရှိ
သတုံး၊ ကျုပ်မှာ နှပ်စက်ခံရခြင်းကိစ္စရှိတယ်၊ မပြောပေဘူးလား၊ ဇရာ၊ မရဏတို့၏ နှိပ်စက်ခြင်းကိစ္စမရှိဘူး
လား (ရှိပါတယ်ဘုရား)၊ စိတ်မှာ ဘာကိစ္စရှိသတုံး (ဇရာ၊ မရဏတို့၏နှိပ်စက်ခြင်း ကိစ္စရှိပါတယ်ဘုရား)၊
ဪ..သူ့နှိပ်စက်ခြင်းကိစ္စကြောင့် သူပျောက်ပျောက်တာပဲ လို့ ခင်ဗျားတို့က ဒီကနေ့ ဉာဏ်ကလေးနဲ့
သိပေးပါ၊ ဒါဖြင့် သူ့မှာက ကိစ္စ၊ သူ့ကိစ္စသိတာကဉာဏ်၊ သူ့မှာက ဘာပါလိမ့် (ကိစ္စပါဘုရား)၊ သူ့သိတာ
(ဉာဏ်ပါ)၊ ကိစ္စနဲ့ဉာဏ်ပေါင်းပါ (ကိစ္စဉာဏ်ပါဘုရား)၊ သူယူလာတဲ့ဇရာ၊ မရဏကြောင့် (သူပျက်စီးရတယ်)၊
သူပျက်စီးတဲ့ ကိစ္စမကြုံရဘူးလား (ကြုံရပါတယ်ဘုရား)၊ အဲဒီလိုသိလို့ ရှိရင်ဖြင့် အဲဒီလိုသိတဲ့ဉာဏ် ဘာ
ဉာဏ်ခေါ်ကြမလဲ (ကိစ္စဉာဏ်ခေါ်ပါတယ်ဘုရား)၊ ရှင်ပလား အစကလေးပဲ ဟောနိုင်တယ်၊ မနေ့ကလဲ
ဒီလောက်ပဲဟောနိုင်တယ်။


                                     ဤကောင်းမှုကုသိုလ်ကံ
                     စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                     ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                      တည်ရှိပါစေသတည်း။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                              ပင်မသံဝေဇနိယဌာန
                                                                                                        အမရပူရမြို့။
       
          

Thursday, July 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တိတ္ထိအမေးပုစ္ဆာ လေးချက် (၂) ရှင်အနုရာဓမထေရ်

ကဲ ပူလိုက် အေးလိုက်ဆိုတာ ဒကာ ဒကာမတွေ မရှိဘူးလား … (ရှိပါတယ်ဘုရား) အဲ ပူလိုက် အေးလိုက် ဖောက်ပြန်ပြီး သကာလ နေသောကြောင့် အဲဒါကျတော့ သြော် ခန္ဓာထဲမှာ ရုပ်တွေပါလား … (မှန်ပါ) ဖောက်ပြန်ပျက်စီးနေတာ ဘာခေါ်ကြမယ် (ရုပ်တွေပါဘုရား) ခင်ဗျားတို့ပြောနေကြ ပြောနေတာက ဒီစိတ်ကလေးဟာ တောင်ရောက်သွားပြန် မြောက်ရောက်သွားပြန်ဆိုတော့ … ဒါ နာမ်ဓမ္မတွေ။
နာမ်ဓမ္မတွေက ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဒီဘက်အာရုံပြုလိုက် ဟိုဘက်အာရုံပြုလိုက်ဆို တော့ သူကဒီဘက်က နာမ် ဓမ္မတွေက အာရုံရှိရာ ပြေတတ်သွားတတ် လွှားတတ် ညွှတ်တတ် ကိုင်းတတ် ရှိုင်းတတ်သောကြောင့် သူ့ကို နာမ်ဓမ္မတွေလို့ မှတ်လိုက်တာပေါ့ … (မှန်ပါ) ဖောက်ပြန်တာက ရုပ်၊ အာရုံ ရှိရာသွားတက် လာတတ်တာက … (နာပါဘုရား)။
ဒါဆိုတော့ ဒီနှစ်ခုပဲရှိတယ် … (မှန်ပါ) ဒကာ ဒကာမတို့ သန္တာန်ဘယ်နှစ်ခုရှိပါလိမ့် … (နှစ်ခုရှိပါ တယ်ဘုရား) ဒီနှစ်ခုပဲရှိတယ်ဆိုတဲ့ ဥစ္စာမှတ်ထားရမယ် … (မှန်ပါ) မသေမချင်း … (မှန်ပါ) ဘယ်အခါမဆို မှတ်ထားလို့ရှိရင်ဖြင့် ဒါဟာ ဖောက်ပြန်တတ်တာက ရုပ်၊ အာရုံရှိရာ သွားတတ်တာက … (နာမ်ပါဘုရား)။
အာရုံရှိရာ သွားတတ်တာက နာမ်လို့ဆိုတော့ ယုတ်စွာ့အဆုံး ရှင်းရှင်းပဲပြောပါတော့မယ်ဆိုတော့ အိပ်နေတဲ့ ရှူစိတ် ရှိုက်စိတ်ကလေးကတောင်မှ ဟိုဘက အာရုံတွေကို အာရုံပြုနေတယ် … (မှန်ပါ) ဟိုဘ၀က တွေ့ဖူးပြီးသား အာရုံတွေကို အာရုံပြုနေတယ် (မှန်ပါ့) ဒါဖြင့် နာမ်ဟူသရွေ့ဟာဖြင့် ဒကာ ဒကာမတို့ အာရုံရှိရာ ညွှတ်တယ် သွားတယ် ကိုင်းတယ် ရှိုင်းတယ် … (မှန်ပါ)။
သွားတယ်၊ လာတယ်ဆိုတဲ့ ဥစ္စာ သူကိုယ်တိုင်သွားတာတော့ မဟုတ်ဘူး၊ ဒီကနေပြီးသကာလ မှန်းတာ … (မှန်ပါ) ဒီကနေပြီး သကာလ မှန်းတာပေါ့၊ သူ့မှာ သွားတတ်တဲ့ သတ္တိမရှိပါဘူး။ မရှိပေမဲ့လည်း ဦးစောမောင်တို့ မျက်လုံးထဲမှာပဲ၊ မျက်လုံးက လှည့်ကြည့်တဲ့ အခါကျတော့ ဟိုဘက်မှာ ၀ရံတာတွေမြင် တယ်၊ တိုက်နံရံတွေကိုမြင်တယ်၊ မျက်လုံးက သွားတာဆိုလို့ကတော့ မဟုတ်ပါဘူး၊ မျက်လုံးက ဟိုဘက်ကို လှည့်လို့ဟိုဘက်ဟာ မြင်တာ၊ မျက်လုံးကမသွားပါဘူး … (မှန်ပါ)။
သွားတတ်တဲ့မျက်လုံးစိတ်ကော ရှိပါရဲ့လား … (မရှိပါဘုရား) အဲဒီကဲ့သို့ သိထားတဲ့အခါ သြော် ညွှတ်ကိုင်းတတ်တာက နာမ်၊ ဖောက်ပြန်တတ်တာက … (ရုပ်ပါဘုရား) ညွှတ်ကိုင်းတတ်တာက … (နာမ်ပါဘုရား) ဖောက်ပြန်တက်တာက (ရုပ်ပါဘုရား) ညွတ်ကိုင်းတတ်တာက … (နာမ်ပါဘုရား) ဖောက်ပြန် တတ်တာက … (ရုပ်ပါဘုရား) ညွတ်ကိုင်းတတ်တယ်ဆိုတာ အာရုံရှိရာသို့ ညွတ်ကိုင်းရှိုင်းသွား တာပေါ့ … (မှန်ပါဘုရား)။
ညွတ်ကိုင်းရှိုင်းတာက … (နာမ်ပါဘုရား) ဖောက်ပြန်တတ်တာက … (ရုပ်ပါဘုရား) ဒါပဲရှိတော့ကဲ … ဒကာ ဒကာမတို့ ဒါကို ဒိဋ္ဌိအယူက ဒိဋ္ဌိရှိနေတဲ့ပုဂ္ဂိုလ်က ပုဂ္ဂိုလ်သတ္တ၀ါဟု ယူလေ့ရှိတယ် … (မှန်ပါ) ခင်ဗျားတို့ကော ယူဦးမှာလား … (မယူပါဘူးဘုရား) မယူပါနဲ့တော့ ပုဂ္ဂိုလ်လည်း မဟုတ်ဘူး၊ သတ္တ၀ါလည်း မဟုတ်ဘူး၊ ယောက်ျားကော … (မဟုတ်ပါဘုရား) မိန်းမကော … (မဟုတ်ပါဘူးဘုရား)။
ဘာတုံးလို့မေးတော့ရင် … (ရုပ်နဲ့နာမ်ပါဘုရား) ရုပ်, နာမ်ပဲလို့ ဖောက်ပြန်တာက … (ရုပ်ပါဘုရား) ညွတ်ကိုင်းရှိုင်းတာက … (နာမ်ပါဘုရား) ဒါပဲရှိတာပဲ၊ ရှင်းပြီနော် … (ရှင်းပါတယ်) အဲတော့ … ဒါ သတ္တ၀ါလို့ အယူရှိနေရင်၊ ယောက်ျားအယူ မိန်းမအယူ ရှိနေလို့ရှိရင်ဖြင့် တကယ့်ယောက်ျား တကယ့်မိန်းမ ထင်နေကြ မယ်ဆိုလို့ရှိရင်ဖြင့် အပြောဆိုရင် ကိစ္စမရှိပါဘူး၊ အစွဲအထင်သာ ကြောက်တာပါ … (မှန်ပါ)။
အစွဲအထင်ကတော့ဖြင့် ကိုပေါ်တို့ ကိုစံလှတို့ ဒိဋ္ဌိနော် … (မှန်လှပါ) ဒါ ဦးဘရှင်းတို့ စဉ်းစားပါ၊ အခုတော့ဖြင့် ဒါတွေ ရှိကြသေးလား … (မရှိတော့ပါဘုရား) အပြောအဆိုသာ ကျန်တော့တယ် … (မှန်ပါ) တကယ်အရှိကို စစ်ဆေးလိုက်တဲ့အခါကျတော့ ယောက်ျားလည်း မရှိဘူး မိန်းမလည်း … (မရှိပါ) သားလည်း မရှိဘူး၊ သမီးလည်း မရှိဘူး၊ ရုပ်နာမ်ပဲရှိတယ်။
အားလုံးပဲ ပြောနေကြတာတော့ သားလို့ သမီးလို့ ပြောကြတာပဲ၊ ပြောတာက အပြောကို အပြောတစ်ခြားထား၊ အရှိက … (ရုပ်, နာမ်ပါ) အရှိကို တခြားထားပါ … (မှန်ပါ) အပြောက … (အပြောတ ခြားထားရပါမယ်ဘုရား) အပြောတခြားထားလိုက်ကြပါတော့ ဒကာ ဒကာမတို့ ပြောမဖြစ်လို့ ပြောရတယ် … (မှန်ပါ) ကိုစောမောင် ဘယ်လိုတုံး … (ပြောမဖြစ်လို့ ပြောရတာပါဘုရား)။
နို့ ဒီလိုမှ မပြောလို့ရှိရင်ဖြင့် အကုန်ရုပ် နာမ်ချည်းလို့ဆိုရင် ဘယ်သူကို ခိုင်းလို့ ဘယ်သူ့ကို လိမ္မာ အောင် ဆုံးမလို့ ဆုံးမစရာ သွန်သင်စရာ ခက်နေမှာပေါ့ … (မှန်ပါ) မိဘ၀တ္တရားလည်း မရှိတော့ဘူး၊ သားသမီးဝတ္တရားကော … (မရှိတော့ပါဘူး) အဲဒီလောကီတွေ့ သမုတိသစ္စာတွေ အကုန်ပျက်မှာစိုးလို့ အခေါ်အဝေါ် ပညတ်အားဖြင့် ရှိရမယ် … (မှန်ပါ)။
ကိုင်း ဒါဖြင့် သမုတိသစ္စာဖြင့်လည်း ရှိရမယ် … (မှန်ပါ) ပရမတ္ထသစ္စာကော … (ရှိရပါမယ်ဘုရား) သို့သော်လဲ ဒကာ ဒကာမတွေက ခွဲသိရမယ် … (မှန်ပါ) မရှိဘဲနဲ့ ပြောဆိုရုံတင်လုပ်ထားတာက သမုတိ သစ္စာ … (မှန်ပါ) ရှိနေတဲ့တရားက … (ပရမတ္ထသစ္စာ) ဒါသိထားတော့ ဦးဘရှင်းတို့, ဦးစောမောင်တို့က သြော် တို့တော့ဖြင့် ရှင်းပြီဟေ့၊ ပူစရာမရှိတော့ဘူး။
ရုပ်နာမ်ကို ယောက်ျား, မိန်းမ သမုတ်ရင် သမုတိသစ္စာ … (မှန်ပါ) ပရမတ္တသစ္စာကတော့ ရုပ်နဲ့ နာမ်ပဲ ရှိတယ်၊ သဘောကျပလား … (မပါ ပါဘုရား) အင်း သတ္တ၀ါလို့ တွေးချင်လည်း နာမည်တော့ပေး တွေးလိုက်တာပေါ့၊ မရှိတာကတော့ ပရမတ္ထသစ္စာထဲမှာ သတ္တ၀ါမရှိတာကတော့ အမှန်ပဲ … (မှန်ပါ) ရှင်းသွားပြီလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တိတ္ထိတွေ မေးတဲ့ဥစ္စာ သတ္တ၀ါသေရင် ဖြစ်သေးသလားလို့ မေးလို့ရှိရင် ပုစ္ဆာကို ဒကာ ဒကာမတွေက ဘယ်လို အဖြေထုတ်ကြမတုံး … (ဖြေစရာမရှိပါ) မဖြေရဘူးနော် ကိုစောမောင်, မဖြေရဘူး၊ အားလုံး ဒကာ ဒကာမအပေါင်းတွေ ဘယ့်နှယ်ကြောင့် မဖြေရတာပါလိမ့်မလဲ ဆိုတာ ခင်ဗျားတို့ ၀မ်းထဲမှာ ရှင်းသွားစေချင်လို့ ထပ်ပြောနေတာ … (မှန်ပါ) ဘယ့်နှယ်ကြောင့် မဖြေရတာ ပါလိမ့်မလဲဆိုတာ ခင်ဗျားတို့ ၀မ်းထဲမှာ ရှင်းသွားစေချင်လို့ ထပ်ပြောနေတာ … (မှန်ပါ) ဘယ့်နှယ်ကြောင့် မဖြေရတာ မဖြေကြတာပါလိမ့် … (သတ္တ၀ါမရှိလို့ပါဘုရား)။
သတ္တ၀ါကို မရှိဘူး၊ ရှိကိုမရှိတဲ့ ဥစ္စာကိုဖြင့် ဖြေလုံးထုတ်စရာ ကြံလုံးထုတ်စရာ … (မလိုပါဘူး ဘုရား) ဖြေလုံးထုတ်လို့ ကြံလုံးထုတ်ခဲ့သော် ခင်ဗျားတို့မှာ သံသယ ၀ိစိကိစ္ဆာရှိတယ်၊ သဘောကျပြီးလား … (ကျပါတယ်ဘုရား) ဖြေလုံးထုတ်မယ် ကြံလုံး ထုတ်မယ်ဆိုရင် … (သံသယ ၀ိစိကိစ္ဆာရှိပါတယ်ဘုရား)။
သံသယ ၀ိစိကိစ္ဆာရှိလို့ ဒီအဖြစ်ဆိုးနဲ့ ကြုံရတယ်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါ) အဲဒီ ၀ိစိကိစ္ဆာရှိ နေရင် ကိုစောမောင်က မှတ်လိုက် ဒိဋ္ဌိတွယ်နေလို့ … (မှန်ပါ) ၀ိစိကိစ္ဆာရှိရင် … (ဒိဋ္ဌိတွယ်နေလို့ပါဘုရား) ကိုစံလှသဘောကျပြီလား … (ကျပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် ဒီတစ်လုံးကို ဆရာဘုန်းကြီးက ဖိပြီး သကာလ နိုင်နိုင်နင်းနင်းပြောဆိုနေတာက ဒီတစ်လုံးပြုတ်ပြီး သေလို့ရှိရင် အပါယ်တံခါးပိတ်ပြီသာ မှတ်လိုက် (မှန်ပါ)။
ဒီတစ်လုံးပြုတ်သေရင် … (အပါယ်တံခါးပိတ်နိုင်ပါတယ်) အဲဒီတော့ အင်မတန် အဖိုးတန်တဲ့ တစ်လုံးလို့ဆိုတဲ့ ဥစ္စာ ကိုပေါ်တို့မှတ်ထိုက်တယ်၊ ကိုမြင့်ကော … (မှန်ထိုက်ပါတယ်ဘုရား) အားလုံး ဒကာ ဒကာမတွေ ဒါ အင်မတန်အရေးကြီးပါတယ်နော် … (မှန်ပါ) အင်မတန် အရေးကြီးပါတယ်၊ ကိုယ့်သန္တာန်မှ ဘာမှ နားမလည်သေးတဲ့ ပုဂ္ဂိုလ်မှာ ဒါတွေ တွေးပြီ။
သြော် ရုပ်နဲ့နာမ်ပဲ ရှိတာပဲကိုး၊ စားချင် သောက်ချင် ပြောချင်တာ နာမ်ပဲကို အဲ အထည်ကြီးက ရုပ်ကိုး၊ ဒီလိုသိထားလို့ရှိရင်ပဲ ဒကာ ဒကာမတို့ ဒိဋ္ဌိကွာနေပြီ၊ ဒိဋ္ဌိက ကွာနေတဲ့အခါကျတော့ ဥပမာ - အထက်တန်း မရောက်သေးဘူး၊ ဒီလောက်နဲ့ပဲ တရားနာပြီး ဒီလောက်နဲ့ ရှင်းရှ်ငးလင်းလင်းလေးနဲ့ အသေ က စောသွားတယ်ဆိုဦးတော့၊ အပါယ်မကျတော့ဘူး (မှန်ပါ့)။
အပါယ်မကျတော့ဘူးဆိုတော့ ဒကာကြီးလှိုင် အင်မတန် အဖိုးတန်တယ် … (မှန်ပါ) ကဲ ဒကာဒကာ တို့ သတ္တ၀ါသေရင် မဖြစ်တော့ဘူးလား မေးရင် … (ဖြေစရာမရှိပါဘုရား) ဘာဖြစ်လို့ ဖြေစရာမရှိတာပါလိမ့် … (သတ္တ၀ါမရှိလို့ ဖြေစရာမရှိတာပါဘုရား) ရှိတာကဘာတုံး … (ရုပ်နဲ့နာမ်ပါဘုရား) ခင်ဗျားတို့က ရုပ်နာမ်ရှိ တာလည်းသိတယ် … (မှန်ပါ) သတ္တ၀ါ မရှိဘူးဆိုတာတွေကိုလည်း ခင်ဗျားတို့ ဥာဏ်ထဲမှာ ဆုံးဖြတ်ချက်ချ တယ် … (မှန်ပါ)။
ဒါ ဒိဋ္ဌိ အတင်းခွာတာပဲ၊ အားလုံး သဘောကျပြီလား … (ကျပါတယ်ဘုရား) ဘာမှ မပူပါနဲ့တဲ့ အခုကွာလို့ရှိရင် ခင်ဗျားတို့ ဘာမှ ပူစရာမရှိဘူး၊ ငရဲရေသောက်မြစ်ဟာ ဒိဋ္ဌိတစ်လုံး တည်း … (မှန်ပါ) အဲ ၀ိစိကိစ္ဆာရှိရင်တော့ ဒိဋ္ဌိလာမယ် … (မှန်ပါ) ဒါဖြင့် ဒိဋ္ဌိဖြုတ်လိုက်ရင် ၀ိစိကိစ္ဆာမရှိဘူး၊ ဒါလေးလည်း မှတ်လိုက်ပါ။
ဒိဋ္ဌိချုပ်ရင် … (၀ိစိကိစ္ဆာမရှိဘူး) ၀ိစိကိစ္ဆာရှိနေရင်တော့ ဒိဋ္ဌိရှိတယ်တဲ့၊ အဲဒီအပြန်အလှန်လေးကို လည်း အင်္ဂုတ္တိုရ်ပါဠိတော်မှာလာလို့ ထူးထူးခြားခြားလေး မှတ်လိုက်ပါဦး … (မှန်ပါ) ကောင်းပြီ, ဒါဖြင့် ရှေးကအပါယ်လေးပါး တံခါးပိတ်ဖို့ ခင်ဗျားတို့က ဘာတွေထင်လေ့ မြင်လေ့ရှိတာလုံးလို့ မေးလို့ရှိရင်
တို့တော့ကွာ အပါယ်တော့သွားစရာမရှိပါဘူးဆိုပြီး သကာလ အလှူအတန်း သီလလောက်ပဲ ကိုစောမောင်တို့ အားကိုးကြတယ် … (မှန်ပါ) အားကိုးကြတယ်နော်၊ အားကိုးပေမယ့် ဆရာဘုန်းကြီး အားမကိုးကောင်းဘူးလို့ မဆိုပါဘူး၊ အားကိုးကောင်းပါတယ်၊ သို့သော် ငရဲရေသောက်မြစ်က ရှိနေပြန်လို့ ရှိရင်ဖြင့် ငရဲဘက်ဆွဲနိုင်တဲ့တရားကို မပါယ်နိုင်သေးလို့ ရှိရင်ဖြင့် ကျုပ်တို့ တစ်နေ့နေ့ ပြန်ရောက်ရမှာ … (မှန်ပါ)။
မရောက်ရပေဘူးလား … (ရောက်ရမှာပါဘုရား) အဲဒါတွေ ဥာဏ်နဲ့စဉ်းစားလိုက်တဲ့အခါကျတော့ သြော် သူ ပြုတ်ပြီးလုပ်တဲ့ အလုပ်ဟူသရွေ့ အလုပ်မှန်ပဲ … (မှန်ပါ) မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ် ဘုရား) ဒိဋ္ဌိပြုတ်ပြီးမှ လုပ်တဲ့အလုပ်ဟာ … (အလုပ်မှန်ပါဘုရား) အလုပ်မှန်တဲ့ + ခင်ဗျားတို့ အလှူအတန်း ကျတော့ ပေးကမ်းကြတာပေါ့၊ ပြောတာပေါ့၊ ကျွေးစရာ မွေးစရာရှိ ပြောတာပေါ့၊ ယောက်ျားတွေလာခဲ့ပါ၊ မိန်းမတွေလာခဲ့ပါ၊ အဲဒါအထင်ကမပါဘူး … (မှန်ပါ)။
တကယ့်ယောက်ျားမိန်းမ မဟုတ်ပါဘူး၊ ဒါဟာ အားလုံးက သမုတ်ထားကြတာနဲ့ပဲ အဲဒါဆိုင်းဘုတ် ဆွဲထားတာနဲ့ပဲ ဖတ်ရတော့တာပါပဲ၊ စင်စစ်တော့ဖြင့် တကယ်ရှိတာကတော့ဖြင့် … (ရုပ် နာမ်ပါဘုရား) ရုပ်, နာမ်ပဲရှိတာ တထစ်ချ ဆုံးဖြတ်ချက်ချပြီးသားဖြစ်ရင် ကိုစောမောင် မပူနဲ့ … (မှန်ပါ) အပါယ်ကျစရာမရှိဘူး၊ သဘောပါကြပလား … (ပါ, ပါတယ်ဘုရား)။
အဲဒါ ဒါနသီလလုပ်လဲ၊ အင်း သူ့ဖြုတ်ပြီးလုပ်တဲ့၊ သူ့ရှင်းလင်းပြီး လုပ်တဲ့အလုပ်ဟာဖြင့် ၀ိဝဋ္ဋအစစ် ဖြစ်တာပဲ … (မှန်ပါ) ကိုစံလှ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား) ဒါဖြင့် သတ္တ၀ါ သေလို့ရှိရင်ဖြင့် သုံးနံပါတ်မေးပါဦးမယ်၊ ဖြစ်ချည်တလှည့် မဖြစ်ချည်တလှည့်လားလို့ မေးလိုက်ပါတယ် … (ဖြေစရာမလိုပါ ဘူးဘုရား) ဖြေစရာမလိုပါဘူး … (မှန်ပါ) နဂိုက သတ္တ၀ါမူတည်လိုက်တယ် … (မှန်ပါ) ကိုစံလှ သတ္တ၀ါမူ တည်လိုက်တည်းကိုက … (ဖြေစရာမလိုပါဘုရား)။
မလိုဘူး၊ မရှိတာနဲ့ မေးထားတာ … (မှန်ပါ) မရှိတာနဲ့ မေးထားတော့ဖြေဖို့ လိုကြသေးလား … (မလိုပါဘူးဘုရား) ဒါဖြင့် သတ္တ၀ါသေလို့ ရှိရင်ဖြင့် လေးနံပါတ်မေးပါတော့မယ်၊ ခပ်ကျဉ်းကျဉ်းနဲ့ ဒီနေ့သွားရ မှာ အလုပ်ဘက်ကို၊ အဲဒါသတ္တ၀ါသေလို့ရှိရင်ဖြင့် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင်လား၊ အနုရာဓလို့ မေးပြန်ပါတယ် … (မှန်ပါ) ဖြေစရာမလိုဘူး၊ ဒါခင်ဗျားတို့ အတွက်မှာရှင်းသွားတယ် … (မှန်ပါ)။
ကဲ အနုရောဓဇာတ်ကို ပြန်ခင်းကြစို့၊ အနုရာဓကိုယ်တော်လေးကတော့ သူဖြေလိုက်တာက ကိုစောမောင် သိပ်ပြီး သကာလ မပြေပြစ်ဘူး … (မှန်ပါ) မပြေပြစ်ဘူးဆိုတာက တခြား မဟုတ်ပါဘူး၊ သူ့မှာ သံသယလေးရှိနေတယ် … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား) သူ့မှာ သံသယရှိနေ လို့ ပြေပြစ်တဲ့အဖြေ သူ့အတွက် မှန်ကန်တဲ့ အဖြေမလာဘူး … (မှန်ပါ)။
အဲဒီလိုမေးတဲ့အခါကျတော့ … အရှင်တို့၏ ဆရာ - ဘုရားက ဒီလေးချက်ကို ဘယ်လိုဟောလေ့ ပြောလေ့ ဆုံးမလေ့ရှိပါလိမ့်မတုံးဆိုတော့ ဒီလေးချက်ကို ကြဉ်ပြီးသကာလ ဘုရားက ဟောလေ့ပြောလေ့ ရှိပါတယ်၊ ဒီလေးချက်ကို အပထားပြီးသကာလ ဟောလေ့ပြောလေ့ရှိပါတယ်ဆိုတော့ သူ့ဥစ္စာက ၀ါးလုံးသိမ်းဖြေတာ … (မှန်ပါ) သဘောကျကြပလား … (ပါ, ပါပြီဘုရား)။
ဝါးလုံး သိမ်းဖြေတာဆိုတာကတော့ စုပေါင်းပြီး သကာလ ပြေအောင် လုပ်လိုက်တာ … (မှန်ပါ) သူ့ဥာဏ်ထဲမှာ ရှင်းလို့ လင်းလို့ ဖြေတဲ့အဖြေမျိုးလို့ ကိုပေါ်တို့ ကိုစံလှတို့ဆိုမလား … (မဆိုရပါဘုရား) ဘုရားက ဒီလို မဟောပါဘူး … (မှန်ပါ) တခြားသော နည်းလမ်းနဲ့ ဟောပါတယ် … (မှန်ပါ) ဆိုတော့ တခြားသောနည်းနဲ့ ဟောပါတယ်ဆိုတည်းက သူကိုယ်တိုင်က ဒီအထဲမှာ သူ့စိတ်အတွင်းကို ခင်ဗျားတို့ စဉ်းစားကြည့်လို့ရှိရင်ဖြင့် သတ္တ၀ါရှိလေသလား … (မှန်ပါ့ရှိနေပါတယ်)။
သူ့စိတ်အတွင်းမှာရှိနေတာ … (မှန်ပါ) သတ္တ၀ါပဲ နိဗ္ဗာန်သွားလေသလား၊ အနုရာဓ၀မ်းထဲမှာ ဒီနှစ်လုံးရှိနေတယ် … (မှန်ပါ)။ သတ္တ၀ါရှိလေသလားဆိုတဲ့ ၀ိစိကိစ္ဆာတစ်လုံး … (မှန်ပါ) သတ္တ၀ါပဲ နိဗ္ဗာန် သွားလေရော့လား၊ ဒါက ၀ိစိကိစ္ဆာတစ်လုံး … (မှန်ပါ) မရှိပါဘူး … (ရှိပါတယ်) ကဲ ဘယ်လောက်ကြောက် စရာကောင်းမလဲ … (ကောင်းပါတယ်)။
အဲဒီ ပုဂ္ဂိုလ်က နှစ်ပေါင်းများစွာ အနိစ္စ, ဒုက္ခ, အနတ္တတွေကို ကိုစောမောင်အားထုတ်ပြီးသား … (မှန်ပါ) နှစ်ပေါင်းများစွာ … (အားထုတ်ပြီးသားပါဘုရား) ဘယ့်နှယ်ကြောင့် အားထုတ်ပြီးသကာလ ဒီအဖြေ မှန်ကို မထွက်ပါလိမ့်မတုံးလို့ မေးတဲ့အခါ ကျတော့မှ ဦးဘရှင်း ဒါလောက်အားထုတ်ပြီးသကာလ သူအဖြေ မဖြုတ်ဘဲနဲ့ အားထုတ်နေလို့ပါဘုရား) ဒိဋ္ဌိမဖြုတ်ဘဲနဲ့ အားထုတ်နေလို့ … (မှန်ပါ)။
ဒီလိုရှေ့ ရှင်းထားရမဲ့အလုပ်ကို အရှင်းဘဲနဲ့  … (မှန်ပါ) အားထုတ်နေတော့ သြော်  မောရုံပဲ … (မှန်ပါ) ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမယ် … (လွဲရုံ, ပင်ပန်းရုံပါဘုရား) အဲဒါကြောင့် ဘုန်းကြီးက ရှင်းရှင်းပဲ ပြောပါတယ်၊ ခင်ဗျားတို့ ဒီဟာကို ရှေ့ပိုင်းကို ရှေ့ထား၊ နောက်ပိုင်းကို နောက်ထား မှသာလျှင် အမှန်ရောက်မှာပေါ့ … (မှန်ပါ) ရှေ့ပိုင်း ရှေ့ထားမှသာလျှင် အမှန်ရောက်မှာပေါ့ … (မှန်ပါ) ရှေ့ပိုင်း ရှေ့ထား နောက်ပိုင်း နောက်ထားမှ … (အမှန်ရောက်မှာ ဘုရား)။
အမှန်ရောက်မယ်ဆိုတဲ့ ဥစ္စာ ဥမာမယ်ကိုမြင့်တို့ ကားမောင်းတယ်၊ စက်အရင်နှိုးပြီးမှ ကြွစေတတ် တဲ့ ခလုပ်တွေ ဖြုတ်မှာပေါ့ … (မှန်ပါ) မဟုတ်ဘူးလား … (မှန်ပါ) ကြွစေတတ်တဲ့ ခလုပ်တွေ အရင်ဖြုတ် စက်နောက်မှ နှိုးမယ်ဆိုရင် ကားက ခုန်ပြီး တိုးတဲ့အတွက် အမျိုးမျိုး အဖုံဖုံ ဒုက္ခတွေ မပေးဘူးလား … (ပေးပါတယ်ဘုရား) ကဲ … ရှေ့နောက် ဘာဖြစ်သွားတုံး … (လွဲသွားပါတယ်ဘုရား)။
အဲ - ရှေ့နောက်လွဲသွားရင် … (ဒုက္ခပေးပါတယ်ဘုရား) အဲဒီမှာလည်း ခင်ဗျားတို့ အနုရာဓမှာ နှစ်ပေါင်းများစွာ အားထုတ်ပြီးနေငြားသော်လည်း မဂ်ဥာဏ် - ဖိုလ်ဥာဏ် နိဗ္ဗာန်မမြင်ရတာ ဒကာ ဒကာမတို့ ရှင်းပါပြီ … (ရှင်းပါပြီဘုရား) ဘာဖြစ်လို့ … (ရှေ့နောက်လွဲလို့ပါဘုရား) ရှေ့နောက်လွဲနေလို့ဆိုတော့ ဒါ သူများ တည့်ပေးလို့မရဘူး … (မှန်ပါ) ဒါ ဘုရားပွင့်မှ ဒီ ဒိဋ္ဌိခွာနည်းက ပေါ်လာတာ … (မှန်ပါ) ဘုရားပွင့်မှ … (ဒိဋ္ဌိခွာနည်းက ပေါ်တာပါဘုရား)။
ဘုရားပွင့်မှ ဒိဋ္ဌိခွာနည်းက ပေါ်လာတော့ ဒကာ ဒကာမတွေမှာ အခုဘုရားသာသနာတွင်း ဘုရား၏ ဓမ္မအမွေခံသံဃာတော်တွေက ဖြန့်ပေးနေလို့ ခင်ဗျားတို့ ရနေကြတာ ဖြစ်နေတော့၊ သြော် တို့ သန္တာန်ဘုရား ပွင့်တယ် ဆုံးဖြတ်ချက်ချလိုက် … (မှန်ပါ) သဘောပါပြီလား … (ပါ, ပါပြီဘုရား) အဲ အားလုံးပွင့်တယ်လို့ ကိုစောမောင်တို့က မဆိုလိုက်နဲ့ … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား)။
မြို့ထဲ ရပ်ထဲမှာ ဘယ့်နှယ် နေကြတုံးဆိုတော့ တချို့တန်းလန်းနဲ့ ဒိဋ္ဌိတန်းလန်းနဲ့ အဲ တောရွာ တောင်ရွာတွေ … (ဒိဋ္ဌိတန်းလန်းနဲ့ပါဘုရား) ဒီဟာတွေ ဗဟုသုတနည်းတဲ့ ပုဂ္ဂိုလ်တွေမှာ … (ဒိဋ္ဌိတန်းလန်း နဲ့ပါဘုရား) တန်းလန်းနဲ့ဆိုတည်းကိုက သူတို့ကို ဘယ်လိုဆုံးဖြတ်ချမတုံးဆိုတော့ ငရဲမျိုးစေ့တော့ရှိပြီ … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား) ငရဲမျိုးစေ့တော့ ရှိတယ်ဟေ့လို့ ခင်ဗျားတို့ အကုန်စွဲချက် တင်မယ်ဆိုရင် တင်နိုင်တယ် … (မှန်ပါ)။
မတင်နိုင်ဘူးလား … (တင်နိုင်ပါတယ်ဘုရား) အဲဒါ သူလိုရင်း အလုပ်လိုသေးတယ်ဆိုတဲ့ အဓိပ္ပါယ် ဟာလည်း ခင်ဗျားတို့ သိရယူရတာပေါ့ … (မှန်ပါ) ကိုစောမောင် မယူသင့်ဘူးလား … (ယူသင့်ပါတယ် ဘုရား) ဘာဖြစ်လို့တုံး၊ ငရဲမျိုးစေ့က ဒိဋ္ဌိကိုး … (မှန်ပါ)။
ကဲ ဒါဖြင့် အခုလေးချက်စလုံးကို မဖြေဘဲနဲ့ နေကြတာသည် ဘုန်းကြီးများက သြော် ဆုကြီးလာဘ် ကြီး ပေးတယ်ဆိုရင် ဒီ ဒကာ ဒကာမတွေရသွားပြီဆိုတာကို ၀မ်းမြောက်တတ်ရမယ် … (မှန်ပါ) သြော် ဖြေစရာမရှိလို့ မဖြေတာ … (မှန်ပါ) ကိုစံလှ ဟုတ်ပလား … (မှန်ပါ) ဖြေစရာမရှိလို့ … (မဖြေတာပါဘုရား) ဖြေစရာခင်ဗျားတို့ဆီမှာက ရုပ်နဲ့ နာမ်ပဲရှိတယ်။
တနည်းဝေဒနာရှိတယ် … (မှန်ပါ) စိတ်ရှိတယ်၊ အင်း ပထ၀ီ, အာပေါ, ဓာတ်တွေရှိတယ်၊ ကိုစောမောင် ပြောချင်တာ ပြောလိုက်ပါ … (မှန်ပါ) ဒါ ရုပ်, နာမ်ထဲက စိတ်ပြောတာကိုဗျ, ရုပ်, နာမ်စိတ် ပြောချင်လည်း ပြောတာပေါ့တဲ့ အခုဟာတော့ ဒကာ ဒကာမတို့ အနုရာဓသံသယကော ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဘုရားက ဒီလိုမဟောပါဘူးတဲ့၊ ဒါကြဉ်ပြီးဟောလေ့ ပြောလေ့ရှိပါတယ်ဆိုတော့ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း အဖြေမျိုးလား၊ သံသယအဖြေမျိုးလား … (သံသယအဖြေမျိုးပါဘုရား)။
ဒါဖြင့် သံသယ ဆိုတာ ၀ိစိကိစ္ဆာ သံသယဆိုတာဘာပါလိမ့် … (၀ိစိကိစ္ဆာပါ ဘုရား) ၀ိစိကိစ္ဆာရှိရင် ဘာရှိမယ် … (ဒိဋ္ဌိရှိပါတယ်ဘုရား) ဟော သူ မပြုတ်ဘူး၊ ၀ိစိကိစ္ဆာမပြုတ်ရင်ရှိရင် … (ဒိဋ္ဌိမပြုတ်ပါဘူး ဘုရား)။
ဒိဋ္ဌိပြုတ်တော့ ၀ိစိကိစ္ဆာပါ အလိုလိုပြုတ်တယ်၊ နှစ်ခါရှိပြီ ထပ်ပြောနေတာမှတ်ပါ၊ တစ်သက်လုံးပဲ မှတ်ပါ … (မှန်ပါ) ၀ိစိကိစ္ဆာ ပြုတ်လို့ရှိရင်ဖြင့် … (ဒိဋ္ဌိပါပြုတ်ပါတယ်ဘုရား) အဲ ဒိဋ္ဌိပြုတ်တယ်တဲ့၊ အဲဒီဒိဋ္ဌိ ပြုတ်ရင် .. (၀ိစိကိစ္ဆာပါပြုတ်ပါတယ်ဘုရား) အဲ - ၀ိစိကိစ္ဆာရှိနေရင် ဒိဋ္ဌိပါရှိနေတာပဲ … (မှန်ပါ) သဘောကျ ပလား … (ကျပါတယ်ဘုရား) ဒိဋ္ဌိပြုတ်တော့ … (၀ိစိကိစ္ဆာပါပြုတ်ပါတယ်ဘုရား) ၀ိစိကိစ္ဆာရောပါသွားတယ်။
သဘောကျပလား ... (ကျပါတယ်ဘုရား) အေး ဒါကြောင့် ဒိဋ္ဌိနိရောဓောနိဗ္ဗာန်နံလို့သာ ဆိုလိုက် တယ်၊ ၀ိစိကိစ္ဆာနိရောဓော နိဗ္ဗာန်နံမဆိုဘူး၊ သဘောပါပလား … (ပါ ပါတယ်ဘုရား) ဒကာကြီးလှိုင် သဘောပါပြီနော် … (ပါ ပါပြီဘုရား) ဒိဋ္ဌိချုပ်ရင် နိဗ္ဗာန်ကို ပဋ္ဌမနိဗ္ဗာန် သေသေချာချာရပါတယ်၊ ၀ိစိကိစ္ဆာ နိရောဓော နိဗ္ဗာနံလို့ ဘုရားမဟောဘူး … (မှန်ပါ)။
ဒါကြောင့် ဒကာ ဒကာမတွေ ဒီ ဗဟုသူတကိုလည်း မှတ်ထားပြန်တော့ သြော် တို့အတွင်းခွာဖို့ဟာ ဒိဋ္ဌိ … (မှန်ပါ) ပေါ်ပြီနော် … (မှန်ပါ) ကဲ … ဒါနဲ့ပဲ သူ့စိတ်ထဲမှာ တိတ္ထိတွေ ပြန်သွားရော ဦးဘရှင်းရေ၊ သြော် ဒီထက်ပိုလွန်ပြီးသကာလ တိတ္ထိတွေ ငါ့ကို မေးလို့ရှိရင်ဖြင့် ဖြေလိုက်လို့ရှိရင် ဘုရားအလိုကျ ကျမှ ကျပါ့မလား၊ ဒီထက်ပိုမေးရင်လည်း သူ့မှာ ခက်သေးတယ် … (မှန်ပါ) ဖြေလိုက်လို့ရှိရင်လည်း ဘုရားအလို ကျ ကျမှ ကျပမလားဆိုတော့ ဖြေစရာ့ကို ကိုစောမောင် အတော်ခက်နေတယ်။
မခက်ဘူးလား … (ခက်နေပါတယ်ဘုရား) သူ ခက်နေတာကို ထောက်လိုက်လို့ရှိရင် ကိုစံမှ ကိုပေါ် တို့က တွေးလိုက်၊ သူဒိဋ္ဌိရှိနေတယ် … (မှန်ပါ) မရှိဘူးလား … (ရှိပါတယ်ဘုရား) အင်မတန်ရှိနေပြီ၊ သူ့မှာ ဒိဋ္ဌိ … (မှန်ပါ) ဒကာ ဒကာမတို့ သူ့မှာ ဘာရှိနေတုံး … (ဒိဋ္ဌိရှိနေပါတယ်ဘုရား) ဒိဋ္ဌိရှိပြီးသကာလနေတော့ သူ့မှာ အင်မတန်ခက်ပြီး သကာလနေပြီ တဲ့ အခု သူ့တွေးလုံးကိုကြည့်ပါ၊ တိတ္ထိတွေကလည်း သူ့ကို အပြစ်ဆိုသွားကြသေးတယ်၊ ဒါတွေ မဖြေတတ်တဲ့အတွက် အင်း သင်္ကန်းဝတ်စလူငယ်လေးသော်လည်း ကောင်း၊ ခလေးသော်လည်းကောင်း ဖြစ်ပါလိမ့်မယ်၊ သို့မဟုတ် အရွယ်ကြီးတဲ့ အနုရာဓဖြစ်ခဲ့လို့ရှိရင်လည်း လူမိုက်ကြီး ရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် သူတို့မေးတာ မဖြေနိုင်တာ … (မှန်ပါ) ဒီလိုတောင် စွဲချက် တင်သွားသေးတယ်။
ရှင်းပလား … (ရှင်းပါပြီဘုရား) အဲဒီကဲ့သို့ စွဲချက်တင်ပြီး သကာလသွားတော့ သူ့စိတ်ထဲမှာ ဒီထက်ပိုမေးလို့ရှိရင်ဖြင့် တိတ္ထိတွေလည်း ပြန်သွားရော ဖြေထားတဲ့အဖြေတွေ ဘုရားအလိုတော်ကျမှ ကျပါ့မလား၊ ဒီထက်ပိုမေးလို့ရှိရင် သူဖြေရမဲ့အဖြေတွေ ဘုရားအလိုမကျတဲ့ အဖြေတွေ ဖြစ်နေမှာလား … (မှန်ပါ)
အကယ်၍ ဒီထက်ပိုမေးခဲ့သော်တဲ့ … (မှန်ပါ) ဆိုတော့ အကယ်၍ ဒီထက်ပိုမေးခဲ့သော် ဘုရား အလိုကျပါ့မလားဆိုတဲ့ ဥစ္စာသည် သူစိတ်ထဲ ဘုရားအလိုကျ အဖြေတစ်ခုမှ မရှိခဲ့ဘူး … (မှန်ပါ) သဘောပါ ပလား … (ပါ, ပါပြီဘုရား) ခင်ဗျားတို့ သန္တာန်မှာတော့ ဘုရားအလိုတော်ကျ အဖြေရှိနေပြီ၊ ဒီအနုရာဓမှာ တော့ … (ဘုရားအလိုတော်ကျအဖြေမသိပါဘုရား) ဘုရားအလိုတော်ကျ အဖြေမရှိဘူးတဲ့ … (မှန်ပါ)။
ဒကာ ဒကာမတို့ ရုပ်, နာမ်ကိုတော့ မသိလို့တော့ မဟုတ်ဘူးတဲ့၊ ရုပ်, နာမ်ကို ပုဂ္ဂိုလ်သတ္တ၀ါလို့ ဆိုတဲ့ အစွဲမပြုတ်ဘူး … (မှန်ပါ) ပုဂ္ဂိုလ်သတ္တ၀ါ … (အစွဲမပြုတ်ပါဘူးဘုရား) အဲဒါကျန်နေတာ ကိုစောမောင် … (မှန်ပါ) ဘယ်လောက် ကြောက်စရာကောင်းလဲ … (ကောင်းပါတယ်) ဒါကြောင့် သူသည် နှစ်ပေါင်းများစွာ အင်း - ဖြစ်ပျက်အလုပ်တွေ အနိစ္စ, ဒုက္ခ, အနတ္တ အလုပ်တွေ လုပ်ငြားသော်လည်း ဒီပုဂ္ဂိုလ်လေးဟာ ရဟန္တာဖြစ်လောက်သားပဲ၊ မဖြစ်ဘူး။
ဘုရားကျောင်းတော်နဲ့ မနီးမဝေးနေတာပဲ။ ဘုရားနဲ့လည်း တွေ့တယ်ဆိုတော့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မွန်ပဲ၊ သို့ရာတွင် ခရီးမပေါက်ဘူး … (မှန်ပါ) ဒါနဲ့ ခရီးမပေါက်တော့ ကိုစောမောင်ရေ ဘုရားထံ သွားတော့တာပဲ … (မှန်ပါ) ဒီထက်ပိုမေးရင်လည်း ခက်ချည်ရဲ့ဆိုတဲ့ သံသယနဲ့ … (မှန်ပါ) ဘုရားထံသွား တော့ အရှင်ဘုရားတဲ့၊ အရှင်ဘုရားကျောင်းနဲ့ မနီးမဝေးမှာ တပည့်တော် သစ်ရွက်မိုးကျောင်းလေးနဲ့ နေတဲ့အချိန်မှာ တိတ္ထိတွေက ဒီလိုလာမေးကြတယ် ဘုရားတဲ့ … (မှန်ပါ)။
မေးတော့ တပည့်တော်က ခုနင်က လေးချက်တွေပေါ့ဗျာ၊ ဒီလိုမေးတဲ့အချိန် တပည့်တော်က ဘုရားက ဒီလိုမဟောပါဘူး၊ တစ်ပါးသော နည်းနဲ့သာ ဟောပါတယ်လို့ တပည့်တော်က ပြောလိုက်ပါတယ်၊ ပြီးတော့ စိတ်ထဲမှာ သူတို့လည်း ပြန်သွားရော ဘုရားတပည့်တော်ကို လူမိုက်လည်းဆိုသွားသေးတယ် လူအ, လည်းဆိုသွားသေးတယ် သူတို့သွားပြီ တပည့်တော်စိတ်ကူးသစ်မျိုး ပေါ်ပြန်ပါတယ်။
သြော် တိတ္ထိတွေ နောက်တွေ့ကြဦးမှာ တွေ့တော့ ဒီထက်များ ပိုမေးလို့ရှိရင်ဖြင့် ဖြေတော့ဖြေရမှာ ပဲ၊ ဖြေပင်ဖြေငြားသော်လည်း ဘုရားအလိုကျဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ သံသယ ၀ိစိကိစ္ဆာ တပည့်တော်ပေါ် နေပါတယ် … (မှန်ပါ) ဆိုတော့ ဘုရားက ရိပ်မိတယ်၊ ကိုစောမောင် ဘုရားက … (ရိပ်မိပါတယ်ဘုရား) ကဲ ခင်ဗျားတို့တောင် ရိပ်မိပြီ ခင်ဗျားတို့က ရှေ့က ရှင်းထားတဲ့အတွက် ခင်ဗျားတို့ ကိုယ်တိုင်ရိပ်မိတယ် … (မှန်ပါ့)။
မရိပ်မိဘူး … (ရိပ်မိပါတယ်ဘုရား) သူ့မှာတဲ့ သူ့အယူလည်း မမှန်သေးဘူး၊ ဟိုပုဂ္ဂိုလ်တွေ အယူကော … (မမှန်သေးပါဘုရား) မမှန်တဲ့နှစ်ယောက်သွားတွေ့နေတယ်၊ သူကလည်း အယူမှန်မရ သေးဘူး အနုရာဓကလည်း အယူမှန် … (မရသေးပါဘုရား) သြော် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊ ငါ့ အနုရာဓခက်ပါသေးတယ်၊ သူလည်း အယူမှန်မရှိ အယူမှန်မမြဲသေးဘူး။
မေးတဲ့ ပုဂ္ဂိုလ်ကလည်း နဂိုကမှ မသိလို့ တိတ္ထိမို့ ဒိဋ္ဌိအယူမေးတာကို၊ မေးတဲ့ ပုဂ္ဂိုလ်က အယူမှန် မရှိဘူး၊ ဖြေတဲ့ ပုဂ္ဂိုလ်မှာလည်း တထစ်ချ ဆုံးဖြတ်ထားတဲ့အယူမှန်ကော … (မရှိပါဘူး) မရှိသေးတော့ ၀ိစိစ္ဆာရှိနေတယ် … (မှန်ပါ့) မရှိဘူးလား … (ရှိပါတယ်) ဘယ်သူ့မှာရှိနေပါလိမ့် … (အနုရာဓမှာပါဘုရား)။ အနုရာဓမှာ သေသေချာချာရှိနေတယ် ဒကာ ဒကာမတွေ မှတ်လိုက် … (မှန်ပါ့) အနုရာဓမှာ … (၀ိစိကိစ္ဆာ ရှိနေပါတယ်) သေသေချာချာ ရှိနေတယ်လို့ မှတ်လိုက်ပါတဲ့။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သူဟာတဲ့ ရှေ့ဆက်ပြီး ဘုရားက ဟောချင်တော့ ကိုစောမောင် စဉ်းစားတယ် မဖြေရမယ့်တရား ဖြေရမယ့်တရား သူမသိဘူး … (မှန်ပါ့) မဖြေရမဲ့တရား … (သူမသိပါဘုရား) ဖြေရမဲ့တရားကော … (မသိပါဘုရား)။
ဖြေရမဲ့တရားက ရုပ်, နာမ် … (မှန်ပါ့) မဖြေရတဲ့တရားက သတ္တ၀ါနဲ့မေးရင် မဖြေနဲ့ … (မှန်ပါ့) ရုပ်, နာမ်နဲ့ ဖြေရင်ဖြေဘူး၊ သတ္တ၀ါနဲ့လည်း မဖြေဘူး … (မှန်ပါ့) တော်အောင်ပဲ သူစိတ်ထဲမှာ ဘုရားဖြင့် ဒီလို မဟောတန်ပါဘူး၊ ဒီတစ်လုံးနဲ့ ပြီးပြီဆိုတော့ ဖြေရမဲ့အဖြေကိုလည်း ကိုစောမောင် … (မဖြေတတ်ပါဘုရား)  ရှင်းပလား .. (ရှင်းပါတယ်ဘုရား)။
မဖြေရမဲ့အဖြေကိုလဲ … (မရှင်းပါဘုရား) အဲ မဖြေရမဲ့ အဖြေကို သူဖြေနေတည်းကိုက သူမရှင်းဖူး … (မှန်ပါ့) ဘယ်သူမရှင်းတာပါလိမ့် … (အနုရာဓမရှင်းတာပါဘုရား) ကောင်းပြီ အနုရာဓမရှင်းတာ သေချာတော့မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကိုင်း သြော် တိတ္ထိတွေ အပြစ်ဆိုစရာမရှိဘူး … (မှန်ပါ့) ငါ့ လူအပြစ်ဆိုစရာသာရှိတယ် … (မှန်ပါ့)။
တိတ္ထိတွေလာမေးတဲ့အမေးကို အပြစ်ဆိုစရာမရှိဖူး … (မှန်ပါ့) ကိုယ့်လူက မဟန်လို့ သူ့ကိုယ်တိုင်မှာ ဒိဋ္ဌိမပြုတ်တာကသာ ဆိုးတယ် … (မှန်ပါ့) ဟိုပုဂ္ဂိုလ်က ဘုရားဆီတရားအားထုတ်တာမှ မထုတ်ဘဲ၊ ဒီအနုရာဓက ဘုရားဆီ လက္ခဏာရေးသုံးပါး အားထုတ်နေတာ ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ဘုရားက ဘယ်သူ့ကို အရေးတကြီး ပြောရမှာတုံး … (အနုရာဓကို အရေးတကြီးပြောရမှာပါဘုရား)။
အဲ အနုရာဓကို အရေးတကြီးပြောတော့မှ ဒကာ ဒကာမတို့ ဘုရားက ရှင်းပေးရရှာတယ် … (မှန်ပါ့) ပြီးတော့မှ သူအား ထုတ်ရမှာကိုး … (မှန်ပါ့) အနုရာဓတဲ့၊ ခန္ဓာဘယ်နှပါးရှိတုံး ငါးပါးရှိပါတယ်ဘုရားတဲ့၊ ဒကာ ဒကာမတို့ ခန္ဓာငါးပါးအခုသေသေချာချာ သိပြီနော် … (မှန်ပါ့) ခင်ဗျားတို့ ဖောက်ပြန်ပျက်စီးတာကြီး က ရုပ်-ရူပက္ခန္ဓာ … (မှန်ပါ့) ကောင်းတာဆိုးတာ ခံစားတာက ဝေဒနာက္ခန္ဓာ၊ မှတ်တာဟူသရွေ့က … (သညာက္ခန္ဓာပါဘုရား)။
နှိုးဆော်တိုက်တွန်းတာ ဟူသရွေ့က … (သင်္ခါရက္ခန္ဓာပါဘုရား) သိတာဟူသရွေ့က … (၀ိညာဏက္ခန္ဓာပါဘုရား) ၀ိညာဏက္ခန္ဓာလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှတ်ပါ … (မှန်ပါ့) သြော် … ဒါပဲရှိတာပဲ၊ သတ္တ၀ါဒီထဲမပါဘူး မရှိဘူးဆိုတာ ရှင်းနေတယ် … (မှန်ပါ့) မရှင်းကြသေးဘူးလား … (ရှင်းပါပြီ ဘုရား) အဲဒီကဲ့သို့ ရှင်းနေတော့ ဒါပဲ ကျုပ်တို့မှာ ရှင်းနေတာကိုး။
အနုရာဓကိုဘုရားက ရှင်းစေချင်တာနဲ့ အားလုံး ဒကာ ဒကာမတို့ကို မေးလိုက်ပါတယ်၊ အနုရာဓကို တစ်နံပါတ်မေးတယ်နော် … (မှန်ပါ့) ရုပ်တရားကို သတ္တ၀ါဆိုမလား … (မဆိုရပါဘူးဘုရား) ဝေဒနာတရား ကော သတ္တ၀ါဆိုမလား … (မဆိုနိုင်ပါဘုရား) သညာတရားကော … (မဆိုနိုင်ပါဘုရား) မဆိုနိုင်တာချည်းပဲ သဘောကျပလား … (ကျပါတယ်ဘုရား) ဒါနဲ့ အနုရာဓကို ဘုရားက ဘာလုပ်ပေးနေတာတုံး ကိုစောမောင် ပြောစမ်း … (ရှင်းပေးနေတာပါဘုရား)။
နောက်က ဒကာ ဒကာမတွေ … (ရှင်းပေးနေတာပါဘုရား) အဲ ခင်ဗျားတို့ခန္ဓာကိုယ်ကို ကြည့်ပြီး ခင်ဗျားတို့လည်းရှင်းအောင် ခွာချလိုက်ပြီးတာပါပဲ၊ သြော် တို့ခန္ဓာ ပူတာအေးတာက ဘာပါလိမ့် … (ရူပက္ခန္ဓာပါဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ကောင်းတယ်ဆိုးတယ်လို့ ပါးစပ်ပြောပြီးသကာလ ကောင်းတာလေးခံစား၊ ဒါလေးက ဘာပါလိမ့် … (ဝေဒနာက္ခန္ဓာပါဘုရား) အင်း ဒါ သမီးလေး သားလေးရယ် လို့ မှတ်တာက … (သညက္ခန္ဓာပါဘုရား)။
သွားဦးမှတော်မှာ၊ လာဦးမှ တော်မှာလို့ တိုက်တွန်းတဲ့ တရားလေးက … (သင်္ခါရက္ခန္ဓာပါဘုရား) ဟိုဟာသိ ဒီဟာသိတာက … (၀ိညာဏက္ခန္ဓာပါဘုရား) ဘာမှမရှိဘူးဆိုတာ ရှင်းလင်းနေပါပြီ … (မှန်ပါ့) အဲဒီကဲ့သို့ ရှင်းလင်းနေတော့ကို ကျုပ်တို့ ခင်ဗျားတို့အတွက်ကတော့ အေးချမ်းနေငြားသော်လည်း အနုရာဓ အတွက်ကတော့ အကုန်မေးရလိမ့်မယ် … (မှန်ပါ့) ကဲ ဒါဖြင့် ကွာတဲ့ အနုရာဓရုပ်တရားကို ကြဉ်ပြီး သတ္တ၀ါ ဆိုမလား … (မဆိုနိုင်ပါဘုရား)။
သဘောကျပလား … (ကျပါတယ်ဘုရား) ဝေဒနာတရားကို ကြဉ်ပြီးတော့ကော … (မဆိုနိုင်ပါဘုရား) ၀ိညာဏ က္ခန္ဓာကို ကြဉ်ပြီးတော့ကော … (မဆိုနိုင်ပါဘုရား) မဆိုနိုင်ဘူးလို့ အနုရာဓက ဒီအတိုင်း ဖြေတယ်၊ အင်း ဒီလိုဖြေပြီးသကာလ ဒါဖြင့်ကွာတဲ့ ဘုရားက အခုနှစ်မျိုးရှိသွားပြီ … (မှန်ပါ့) ရုပ်တရားကို သတ္တ၀ါဆိုမလားက တစ်နံပါတ် မေးလုံး … (မှန်ပါ့) ခန္ဓာငါးပါး တစ်ခုတစ်ခုစီ မေးတာက တစ်နံပါတ် … (မှန်ပါ့)။
နောက်သူ့ကို ကြဉ်ပြီးသကာလ သတ္တ၀ါဆိုမလားက နှစ်နံပါတ် မေးခွန်း၊ ဒါလည်း ဖြေစရာမရှိဘူး မဟုတ်လား၊ ရုပ်, နာမ်မှ တစ်ပါးကော သတ္တ၀ါရှိရဲ့လား … (မရှိပါဘုရား) မရှိဘူး၊ သုံးနံပါတ်တစ်ခါမေးပြန် တယ်၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးရှိပါတယ်တဲ့၊ ငါးပါးစလုံးကို သတ္တ၀ါဆိုမလား လို့ မေးလိုက်တယ် … (မဆိုနိုင်ပါဘုရား)။
ခင်ဗျားတို့က မဆိုနိုင်ဘူးဆိုသလို သူလည်း မဆိုနိုင်ပါဘူးဘဲ ဖြေလိုက်တယ်၊ ဒါက ဒိဋ္ဌိခွာပေးနေ တယ်၊ ဒါဖြင့် ကွာတဲ့ မင်းငါးပါးကို မဆိုလို့ရှိရင်ဖြင့် ရုပ်မဟုတ်တာကို ဆိုမလား ဝေဒနာမဟုတ်တာကို ဆိုမလား … (လ) စိတ်မဟုတ်တာကို ဆိုမလားလို့ ဆက်မေးတယ် … (မှန်ပါ့) ဆိုနိုင်ပါ့မလား … (မဆိုနိုင်ပါဘူးဘုရား) အဲဒါကော သတ္တ၀ါရှိရဲ့လား … (မရှိပါဘုရား)။
မရှိဘူးဆိုတော့မှ ကိုင်း အနုရာဓမမင်းသည်ကား ဆိုလို့ရှိရင် သတ္တ၀ါရှင်းပြီမဟုတ်လား နဂိုကမှ သတ္တ၀ါမပါဘူး … (မှန်ပါ့) မင်းမှတ်ထားတဲ့ … (မှန်ပါ့) ကိုစောမောင် မင်းမှတ်ထားဆိုတော့ ဘာမှတ်ခိုင်းတုံး ဆိုတော့ အခု ဖြစ်ပေါ်နေတာဟာ ဥပမာ ရုပ်ကလေးဖြစ်နေတယ်၊ ဒါ ဒုက္ခသစ္စာဖြစ်နေတယ် … (မှန်ပါ့) ဝေဒနာဖြစ်တာကော … (ဒုက္ခသစ္စာဖြစ်နေတာပါဘုရား)။
သညာလေးပေါ်လာတော့ကော … (ဒုက္ခသစ္စာဖြစ်နေတာပါဘုရား) အင်း ဒုက္ခသစ္စာဖြစ်နေတာပဲတဲ့၊ ဖြစ်ပေါ်လာတာ ဟူသရွေ့က ဒုက္ခသစ္စာ … (မှန်ပါ့) စိတ်ကလေးပေါ်လာတော့ကော … (ဒုက္ခသစ္စာပါ ဘုရား) ဒါလေးတွေ ငါးပါးစလုံး မပေါ်လာတော့ဘူးဆိုရင် … (ဒုက္ခသစ္စာမပေါ်တာပါဘုရား) နိရောဓသစ္စာ၊ ချုပ်ပေါ့ပဲကိုမြင့်ရ ငါးပါးစလုံးချုပ်ရင် … (နိရောဓသစ္စာပါဘုရား)။
မင်းတို့ သန္တာန်မှာတဲ့ ဒုက္ခသစ္စာရှိတယ်ကွာတဲ့၊ အားလုံး မလာတော့ဘူးဆိုရင် နိရောဓသစ္စာဖြစ်တာ ပဲ ဒီသစ္စာနှစ်ပါးရှိတယ် ဘုရားက … (မှန်ပါ့) ဘယ်သူ့ဟောနေတာတုံး … (အနုရာဓ ဟောနေတာပါဘုရား) အဲတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်ပါတဲ့၊ ဒါ ခန္ဓာငါးပါးဟာ ပေါ်လိုက်၊ ပျောက်လိုက် ဒီလိုမနေဘူးလား … (နေပါတယ်ဘုရား) အင်း ဘာသစ္စာတွေတုံး … (ဒုက္ခသစ္စာတွေပါဘုရား)။
အင်း လုံးလုံးပျောက်သွားတဲ့အခါကျတော့ … (နိရောဓသစ္စာပါဘုရား) ခန္ဓာကိုယ်ထဲမှာ ၀ဋ်သစ္စာ၊ ၀ဋ်ကျွတ်တဲ့သစ္စာ ဒါပဲရှိတယ် … (မှန်ပါ့) ၀ဋ်ကြိုက်တဲ့ပုဂ္ဂိုလ်က ၀ဋ်သစ္စာဆုတောင်းတယ်၊ ၀ဋ်မကြိုက်တဲ့ ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ ဒီဝဋ်ကို မလိုချင်တဲ့ ဥာဏ်လာအောင် လုပ်ရမယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီ) ၀ဋ်ကြိုက်တဲ့ပုဂ္ဂိုလ်က ၀ဋ်ဆုတောင်းယူတာပဲ၊ လူဖြစ်ရပါလို၏ဆိုတော့ ဒီခန္ဓာငါးပါးလာမယ်၊ ဒုက္ခသစ္စာလာမယ် … (မှန်ပါ့)။
နတ်ဖြစ်ရပါလို၏ဆိုရင် … (ဒုက္ခသစ္စာလာမှာပါဘုရား) ဗြဟ္မာဖြစ်ရပါလို၏ ဆိုရင်ကော … (ဒုက္ခသစ္စာလာမှာပါဘုရား) ၀ဋ်ကြိုက်တဲ့ပုဂ္ဂိုလ်က ၀ဋ်ဆုတောင်းယူတယ် … (မှန်ပါ့) ၀ဋ်မကြိုက်တဲ့ပုဂ္ဂိုလ် က ၀ဋ်ကို မလိုချင်တဲ့ဥာဏ်ပေါ်အောင်လုပ်ပါ၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ၀ဋ်ကို … (မလိုချင်တဲ့ ဥာဏ်ပေါ်အောင်လုပ်ရမှာပါဘုရား) ဒါက ၀ိပါက၀ဋ်ကြီးကို … (မှန်ပါ့)။
ဝဋ်ကိုမလိုချင်တဲ့ဥာဏ်ပေါ်အောင် လုပ်ဆိုတော့ သူ ပွားရတော့မယ်၊ မပွားရပေဘူးလား … (ပွားရပါမယ်ဘုရား) အဲဒီတော့ ဘုရားက မင်းအနုရာဓတဲ့ သစ္စာနှစ်ပါးရှိတဲ့ ဥစ္စာ မင်းဘယ်မတုံးကွ သတ္တ၀ါဖြစ်သေးသလား မေးရမှာလဲ သစ္စာ - ၂ပါးထဲ ပါကို မပါဘူး သတ္တ၀ါသေရင် မဖြစ်တော့ဘူးလားဆို တာလည်း သစ္စာနှစ်ပါးထည်းမပါဘူး၊ သတ္တ၀ါသေရင် ဖြစ်ချည်တလှည့် မဖြစ်ချည်တလှည့်လားဆိုရင်ကော သစ္စာနှစ်ပါးထည်း မပါပါဘူး၊ သတ္တ၀ါသေရင် မဖြစ်သည်မဟုတ် ဖြစ်သယောင်ယောင် ဖြစ်သေးတယ်ဆိုတာ ကော … (သစ္စာနှစ်ပါးထဲ မပါ, ပါဘုရား) မပါ, ပါဘူး သစ္စာနှစ်ပါးထဲမှာ မင်းတစ်သက်လုံးမှတ်တဲ့။
ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာပဲရှိပါတယ် … (မှန်ပါ့) ဆိုတော့ ရှင်းသွားတယ်၊ ဒုက္ခသစ္စာချုပ် တာပဲရှိတယ် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဘယ်အချိန်မှာပဲ ကြည့်ကြည့်ဖြစ်တာနဲ့ ပျက်တာပဲရှိတယ် … (မှန်ပါ့) ဖြစ်တာသည် ဘာသစ္စာ … (ဒုက္ခသစ္စာပါဘုရား) ပျက်သွားတာလည်း … (နိရောဓသစ္စာပါဘုရား) အဲ ဒုက္ခသစ္စာချုပ်တာပဲ သဘောကျပလား … (ကျပါတယ်ဘုရား)။
ဘယ်အချိန်ကြည့်ကြည့် ဘာတွေ့ရမတုံး … (ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာဘဲ တွေ့ရပါမယ် ဘုရား) ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာ … (မှန်ပါ့) အလုံးစံချုပ်သွားရင် နောက်မလာရင် နိရောဓသစ္စာပဲ၊ အခုကြည့်နေလို့ရှိရင်ဖြင့် ဒုက္ခသစ္စာဖြစ်၍ ဒုက္ခသစ္စာချုပ်တာပဲ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ် ဘုရား) ဒီ့ပြင်ပုဂ္ဂိုလ်သတ္တ၀ါ ငါသူတစ်ပါး ယောကျာ်းမိန်းမ … (မရှိပါဘုရား)။
အမှန်ဥာဏ်နဲ့ လိုက်တော့ ဒါပဲတွေ့တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား) ကောင်းပြီ ဒီလိုသိထားတော့ ကဲ ဒါဖြင့် အနုရာဓဒိဋ္ဌိခွာပြီးတော့ သစ္စာနှစ်ပါးပဲရှိတယ်ဆိုတာ မှတ်ရတော့မယ် လို့ ဘုရားက နိဂုံးချုပ်လိုက်တယ် … (မှန်ပါ့) ဒါကြောင့် ဘယ်လိုပင် ၀ိပဿနာလုပ်ငြားသော်လည်း သစ္စာ မဆိုက်ရင် မရပြန်ဘူး … (မှန်ပါ့)။
ရှင်းပလား … (ရှင်းပါပြီဘုရား) ဖြစ်ပျက်တွေ ဘယ်လိုပင် အားထုတ်သော်လည်း ဥာဏ်က သစ္စာမ ဆိုက်လို့ရှိရင် … (မရပါဘုရား) လမ်းမဆုံးဘူး၊ ဥာဏ်က သစ္စာသိအောင် မဆိုက်လို့ရှိရင် ဘယ့်နှယ်တုံး … (လမ်းမဆုံးပါဘူးဘုရား) လမ်းမဆုံးဘူးဆိုတာ ကိုစံလှ ဒါကြောင့် အချက်ကလေးတွေ အချက်ကလေးတွေ ဟာ တယ်လိုပါလား … (မှန်ပါ့) ပဋ္ဌမဒိဋ္ဌိခွာဖို့လိုတယ် … နောက် ၀ိပဿနာရှုဖို့ကော … (လိုပါတယ်ဘုရား)။
နောက်ဝိပဿနာရှုတဲ့တရားတွေကို သစ္စာဖြစ်အောင် ဥာဏ်ထဲရင့်ဖို့ကော … (လိုပါတယ်ဘုရား) အဲဒီသစ္စာဖြစ်လာအောင် ဥာဏ်ရင့်လာမှ ကိုပေါ်တို့ ကိုစံလှတို့က ကိစ္စပြီးမယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) အဲဒီတင်မှ ကဲ ဒိဋ္ဌိခွာမှန်းလည်း သိပြီ၊ သစ္စာနှစ်ပါးသာရှိတယ်လို့လည်း ဘုရားက ပြောထားပြီ၊ မပြောဘူးလား … (ပြောပါတယ်ဘုရား) ပြောတဲ့အခါကျတော့မှ ဘုရားက ၀ိပဿနာရှုခိုင်းတာ … (မှန်ပါ့)။
ဒကာ ဒကာမတို့ ခုနင်က အပြောရှိသေးတယ်၊ သူသောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာ မဖြစ်သေးဘူး … (မှန်ပါ့) အနုရာဓဖြစ်ပလား … (မဖြစ်သေးပါဘုရား) ဒကာ ဒကာမတို့ အနုရာဓ ဘာမှ မဖြစ်သေးဘူး၊ အခုပြောလိုက်တဲ့ စကားလုံးသည် ဒိဋ္ဌိကွာလုံးပဲ သူပြောလိုက်တယ်၊ ရှင်းပလား … (ရှင်းပါ တယ်ဘုရား)။
ခန္ဓာငါးပါးတွေ လှည့်မေးလိုက်၊ အင်း သတ္တ၀ါဟုတ်သေးလား၊ ဘာဟုတ်သေးလား မေးတာတွေ လည်း ကိုစောမောင် ဒိဋ္ဌိခွာပေးတာလို့မှတ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) သစ္စာနှစ်ပါးပဲရှိတယ် ဆိုတာ ဘာခွာနေတာတုံး … (ဒိဋ္ဌိခွာနေတာပါဘုရား) ဒိဋ္ဌိခွာတုန်းပဲ ရှိသေးတယ်၊ သူမရှုရသေးဘူး၊ ရှုကိုမရှုရသေးဘူး … (မှန်ပါ့)။
အဲဒီတင်မှ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက …။ အနုရာဓဆိုပြီး သကာလ ၀ိပဿနာအရှုခိုင်း တယ် ကိုစောမောင် … (မှန်ပါ့) ဒကာ ဒကာမတို့ ရှုခိုင်းတဲ့ အလုပ်ဟာက ခုနင်က သိမှုကုန်လို့ ပွားမှုခိုင်းတာ … (မှန်ပါ့) သဘောပါပလား … (ပါ, ပါတယ်ဘုရား) သိမှုကုန်လို့ … (ပွားမှုခိုင်းတာပါဘုရား) ပွားမှုခိုင်းပြီဆို တော့ ဒါ ခိုင်းသင့်တဲ့အချိန်ရောက်နေပြီ ကိုစံလှ ဘယ်လိုဆုံးဖြတ်ချက်ချမတုံး (ခိုင်းသင့်တဲ့ အချိန်ရောက်ပါ ပြီဘုရား)။
ခိုင်းသင့်တဲ့အချိန် မဟုတ်တုန်းက ဘုရားခိုင်းရဲ့လား … (မခိုင်းပါဘုရား) မခိုင်းဘူးတဲ့၊ ဒိဋ္ဌိပဲ ခွာပေးနေတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) ခိုင်းသင့်တဲ့အချိန်မရောက်ခင်တုန်းက … (ဒိဋ္ဌိခွာ ပေးနေပါတယ်ဘုရား) မခိုင်းပါဘူးတဲ့၊ ဒိဋ္ဌိပဲ ခွာပေးနေတယ်၊ ကိုင်း ခိုင်းသင့်တဲ့အချိန်ရောက်တော့ … (ခိုင်းပါတယ်ဘုရား) ခိုင်းပြီဆိုတော့ အားလုံးတရားတစ်ပွဲလုံးက ဆုံးဖြတ်ချက်ချ၊ သြော် ဒိဋ္ဌိခွာပြီးမှ တရားအားထုတ်ခိုင်းတယ် … (မှန်ပါ့)။
မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ဒိဋ္ဌိခွာပြီးမှ တရားအားထုတ်ခိုင်းတယ်၊ ဖြစ် ပျက်အားထုတ် ခိုင်းတယ် … (မှန်ပါ့) သြော် တော်တော်အရေးကြီးပါတယ်ဆိုတဲ့ ဥစ္စာ ဘုန်းကြီးက အပြောကောင်းလို့ အရေးကြီးပါတယ်လို့ ဦးဘရှင်းက မယူနဲ့ … (မှန်ပါ့) ဘုရားအစဉ်ကိုက ဒီအတိုင်း (မှန်ပါ့) ခုနင်က ဘုရား ညည်းလုံးကို သိပြီမဟုတ်လား ကိုစောမောင် … (မှန်ပါ့) အင်း ငါ့လူကိုက နေရာမကျတာ၊ ကိုယ့်အယူကို လည်း ကိုယ်မသိ၊ မေးတဲ့လူရဲ့ အယူကိုလည်း မသိတဲ့။ ကိုင်း … ဒါဖြင့် ၀ိပဿနာရှုနည်း သင်တော့မယ်၊ ဆိုတော့ သတိပဋ္ဌာန်လေးပါနဲ့ ဝေဖန်ရလိမ့်မယ်။
ကာယာနုပဿနာဆိုတာ ရုပ်ကိုရှုတယ်၊ ဝေဒနာနုပဿနာဆိုတာက … (ဝေဒနာကိုရှုတာပါဘုရား) အေး စိတ္တာနုပဿနာဆိုတာက … (စိတ်ကိုရှုတာပါဘုရား) ဓမ္မနုပဿနာဆိုတာက သညာ, သင်္ခါရ,နှစ်ခုကို … (ရှုတာပါဘုရား)။
သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ခန္ဓာငါးပါးက လေးပါးဖြစ်တယ် … (မှန်ပါ့) ခန္ဓာငါးပါးက ဘယ်နှစ် ပါးဖြစ်သွားလဲ … (ေးလပါးဖြစ်သွားပါတယ်ဘုရား) ရုပ်ကိုရှုရင် … (ကာယာနုပဿနာပါဘုရား) ဝေဒနာကိုရှု ရင် … (ဝေဒနာနုပဿနာပါဘုရား)။
သညာနဲ့ သင်္ခါရတွဲနေတာရှုရင် … (ဓမ္မာနုပဿနာပါဘုရား) ကဲ စိတ်ဆိုတဲ့ ၀ိဥာဏ်ကိုရှုရင် … (ဓမ္မာနုပဿနာပါဘုရား) သတိပဋ္ဌာန်ထည့်ဝင်သွားပြန်ပြီ ကိုစောမောင်၊ သြော် သတိပဋ္ဌာန်ဆိုတော့ တခြားလား အောက်မေ့နေတယ်၊ ခန္ဓာငါးပါး လေးပုံ ပုံတာကို (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) သတိပဋ္ဌာန်ဆိုတာ ဘာပါလိမ့် … (ခန္ဓာငါးပါးကို လေးပုံ ပုံပါဘုရား)။
ကိုပေါ်, ကိုစောမောင်ရေ လေးပုံ ပုံရလိမ့်မယ် … (မှန်ပါ့) ပုံချင်လို့ ပုံတာမဟုတ်ဘူး၊ ဦးဘရှင်းက သေသေချာချာမှတ်၊ ဘ၀များစွာ သံသရာထဲက လောဘအားကြီးတဲ့ပုဂ္ဂိုလ် ဝေဒနာ သူပေးမယ်၊ ဘုရားက ဆိုတော့ မပုံရပေဖူးလား … (ပုံရပါတယ်ဘုရား) ပုံရလိမ့်မယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဒိဋ္ဌိအားကြီးတဲ့ပုဂ္ဂိုလ ဘ၀များစွာ သံသရာက ဒိဋ္ဌိအစွဲသန်တဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာ သူ့ပေးရလိမ့်မယ် … (မှန်ပါ့)။
သဘောကျပလား … (ကျပါတယ်ဘုရား) ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်ကျတော့ရင်ဖြင့် ရုပ်ကို ပေးရလိမ့်မယ် … (မှန်ပါ့) ဥာဏ်အထက်ဆုံးပုဂ္ဂိုလ်ကျလို့ရှိရင်ဖြင့် ဒီ ဓမ္မာနုပဿနာ ပေးရလိမ့်မယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါတယ်ဘုရား) အဲတော့ သတိပဋ္ဌာန်က ဘယ်နှမျိုးပုံမတုံးဆိုတော့ … (လေးမျိုးပုံမှပါဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ လောဘများတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာပေးရမယ် … (ဝေဒနာနုပဿနာပါဘုရား)။
ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ … (စိတ္တာနုပဿနာပေးရပါမယ်ဘုရား) ဥာဏ်နုံ့တဲ့ပုဂ္ဂိုလ်ကျတော့ … (ကာယာနုပဿနာပေးရပါမယ်ဘုရား) ကာယာနုပဿနာပေးရမယ်တဲ့ … (မှန်ပါ့) ဘာကြောင့်တုံးဆိုတော့ အစိုင်အခဲရှိနေလို့ သူက မြင်လွယ်တယ် … (မှန်ပါ့) သဘောကျပလား … (ကျပါဘုရား) ဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်ကျတော့ သူများနဲ့တန်းမတူတဲ့ ပုဂ္ဂိုလ် ဓမ္မာနုပဿနာပေးရမယ် … (မှန်ပါ့)။
ရှင်းပလား … (ရှင်းပါဘုရား) ပေါ်ကြပလား … (ပေါ်ပါဘုရား) သြော် ဒါဖြင့် ခန္ဓာငါးပါးချုံးလိုက်ပြန် တော့ ကိုစံလှ ဘယ်နှမျိုးတွေ့တုံး … (လေးမျိုးတွေ့ပါတယ်ဘုရား) လေးမျိုးက မျိုးချင်လို့ မျိုးရတာလားလို့ မေးတဲ့အခါကျတော့ သတ္တ၀ါတွေ စရိုက်မတူလို့ (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) ဘယ်လိုပါလိမ့် … (သတ္တ၀ါတွေ စရိုက်မတူလို့ပါဘုရား)။
သတ္တ၀ါစရိုက်မတူတာနဲ့ လေးမျိုးပြားလိုက်ရတယ် … (မှန်ပါ့) တရားဟာ အားလုံးပဲ ကိုစောမောင် တို့သိပြီးသား ရမ်းပေးလို့မဖြစ်ဘူး … (မှန်ပါ့) မဟုတ်ဘူးလား တချို့ယောဂီတွေ အမျိုးမျိုးအဖုံဖုံ ရှိကြပါတယ်၊ သူတို့ဆီရောက်ရင် သူတို့ဟာ ပေးတာပါပဲ၊ ဘာစရိုက် ဘာစရိုက်ရွေးသလား … (မရွေးပါဘုရား) ဒါဖြင့် ကိုက်ပါ့မလား … (မကိုက်နိုင်ပါဘုရား)။
မကိုက်ဘူးတဲ့၊ ဒါတွေကိုလည်း ခင်ဗျားတို့က စဉ်းစားရှေ့နောက်အစဉ်လွဲလို့ မှားတာကတစ်မျိုး၊ ကမ္မဋ္ဌာန်းအပေးလွဲလို့ ... (မှားတာက တစ်မျိုးပါဘုရား) ဒါဖြင့် မှားစရာအချက်တွေက ဘယ်လောက်များတုံး … (များပါတယ်ဘုရား) အင်မတန်များတယ်ဆိုတာ ပေါ်ကြပလား … (ပေါ်ပါတယ်ဘုရား) ကဲ ဒါဖြင့် ဥာဏ်နဲ့ ကြပ်ကြပ်စဉ်းစားပြီးသကာလ သြော် တို့ နိဗ္ဗာန် လိုချင်ငြားသော်လည်း ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကြီးကို လိုချင်ငြားသော်လဲ၊ ခေါင်းဆောင်ကောင်းတော်တော် အရေးကြီးတယ် … (မှန်ပါ့) ကိုစောမောင် ကိုစံလှတို့ သိသွားပြီ … (မှန်ပါ့) မသိဘူးလား … (သိပါပြီဘုရား) အခုဘယ်လိုသိရတုံးဆိုတော့၊ ဒိဋ္ဌိမခွာဘဲနဲ့ ၀ိပဿနာ ရှုနေသော်လဲ အလကား ၀ိပဿနာ … (မှန်ပါ့) မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား) စရိုက်မသိဘဲနဲ့ ကမ္မဋ္ဌာန်းပေးနေလို့ရှိရင်လဲ၊ အလကားဆရာဖြစ်ရမယ်။
ဘာဖြစ်လို့ အလကားဆရာဖြစ်ရမတုံးဆိုတော့ ဒီအားထုတ်တဲ့ ပုဂ္ဂိုလ်ပန်းရုံပဲ … (မှန်ပါ့) ကိုစောမောင် ဘယ်လိုဆိုကြမယ် … (အားထုတ်တဲ့ပုဂ္ဂိုလ် ပန်းရုံပါပဲဘုရား) ပင်ပန်းရုံပဲတဲ့၊ ဘုရားက သတိပဋ္ဌာန်လေးပါးဘာဖြစ်လို့ ဝေဖန်ရသတုံးဆိုတော့ စရိုက်နဲ့ ဝေဖန်တာ (မှန်ပါ့) စရိုက်နဲ့ ဥာဏ်အနုံ့အထက်နဲ့ ဝေဖန်တာ၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
တရားပေးတဲ့အခါ မတူဘူးဆိုတဲ့ သတ္တ၀ါစရိုက်တွေ မတူဘူးဆိုတာ သိပြီးဝေဖန်တဲ့ အဓိပ္ပါယ်ပဲ … (မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါဘုရား) အဲဒါ ဘုန်းကြီးတို့ ဒီမှာ တစ်ခါတလေ တချို့ဝေဒနာပေးတယ်၊ တစ်ချို့ ကျတော့ စိတ်ပေးတယ်၊ သူ့စရိုက်ကို အကဲခပ်ရတာကို … (မှန်ပါ့) ကိုစောမောင် မပေးရဘူးလား … (ပေးရပါတယ်ဘုရား) အင်း တစ်ချို့ကြတော့လည်း ရုပ်ကိုပေးရတယ်၊ တစ်ချို့ကြတော့လည်း သစ္စာပိုင်းက ချည်ပေးရတယ်၊ ဓမ္မာနုပဿနာကသစ္စာ၊ ရှင်းပလား … (ရှင်းပါဘုရား)။
အင်း မင်းဒုက္ခသစ္စာကြီး ရှုစမ်း ဒီလိုလည်း ပေးရတာရှိတယ် သဘောပါပလား … (ပါ,ပါပြီဘုရား) အဲ ကိုစောမောင် ရမ်းလို့တော်ပါ့မလား … (မတော်ပါဘူးဘုရား) အဲတော့ ခင်ဗျားတို့ကတော့ကိုတဲ့ ဘယ်လိုဖြစ်နေတုံးဆိုတော့ အင်း အသက်က ငယ်ရာက ကြီးပြီသကာလလာကြ၊ ပြန်တော့လည်း ကိုယ်က ဘာမှမပါပြန်၊ လောကုတ္တရာ မျက်လုံးဆိုရင် ကိုစောမောင် မပါ တာပေါ့ဗျာ … (မှန်ပါ့)။
မပါလာတော့ သားရေး သမီးရေး ကြီးပွားရေးတို့နဲ့ အချိန် ကုန်ပြီးသကာလနေတော့ ရှေ့က ဒုတ်ဆွဲ တဲ့ ပုဂ္ဂိုလ်က အင်း တစ်ဖက်ကန်းက ဆွဲလို့ရှိရင်ဖြင့် ကိုစောမောင် မကောင်းဘူး၊ စုံလုံးကန်ကဆွဲလို့ရှိရင် ဒီထက်ဆိုးမယ် … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) အဲဒါကြောင့် တောင်ဝှေးဆွဲသမားက လည်းတဲ့ ကိုစံလှ သိပ်အရေးကြီးပါတယ်၊ မကြီးဘူးလား … (ကြီးပါတယ်ဘုရား)။
တောင်ဝှေးဆွဲသမား ဘယ်နှယ်တုံး … (အရေးကြီးပါတယ်ဘုရား) သိပ်အရေးကြီးတယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ကောင်းပြီ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
၁။ ယထာပိနာမ ဇစ္စန္ဓော၊ နရော အပရိနာဃကော၊ ဧကဒါ ယာတိ မဂ္ဂေန၊ ဥမ္မဂ္ဂေနာပိ စေကဒါ၊ သံသာရေ သံသရံ ဗာလော၊ ကထာ အပရိနာဃကော။
သူ့မှာ ခေါင်းဆောင်ကောင်းမတွေ့လို့ရှိရင်ကွာ၊ ဥပမာ အမေပြောတာ လိုက်မယ်ဆိုရင် … အမေက ဒိဋ္ဌိဆိုလို့ရှိရင်လည်း ကိုစောမောင် ဒိဋ္ဌိဘက်လိုက်သွား အပါယ်ချောက်ထဲကျမှာပဲ၊ အမေက ကမ္မဿကတာဥာဏ် လေးလောက်နားလည်တာဆိုလို့ရှိရင် (မရောက်ပါဘူးဘုရား) အဲတော့ ကျုပ်တို့မှာ ပုထုဇဉ်အကန်းက ဖြစ်နေတော့ ကိုတဲ့ တောင်ဝှေးဆွဲ မကောင်းလို့ရှိရင် တစ်ခါတလေ ချောက်ထဲ၊ တစ်ခါ တစ်လေ ကျင်းထဲ တစ်ခါတလေ ဗွတ်ထဲ ဒီရောက်ရောက်နေကြတာပဲ … (မှန်ပါ့)။
ဒါကြောင့် ခေါင်းဆောင်ကောင်းမရှိပြန်လို့ရှိရင်လည်း ကိုစံလှရေ ကျချင်သလို ကျတတ်တယ်လို့ ခုနင်က ပါဠိတော် ထုတ်လာတယ်။ အင်း သဘောပါပလား … (ပါ ပါတယ်ဘုရား) ဒါဖြင့် ကိုစောမောင်ရေ ကျုပ်တို့အတွက်တော့ဖြင့် တော်တော် အရေးကြီးပလား၊ ဒီ ဒကာ ဒကာမတွေအတွက်မှာဖြင့် အလွန် အရေးကြီးနေပါလားဆိုတာ ပေါ်ရောပေါ့ … (ပေါ်ပါပြီဘုရား)။
မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ကိုယ်ကဘာမှ မပါဘူး … (မှန်ပါ့) လောကုတ္တရာမျက်လုံး က စုံလုံးကန်း … (မှန်ပါ့) အမေကဆွဲ အမေနောက်ပါ၊ အဖေကဆွဲ … (အဖေနောက်ပါ) ကြည့်လေအခု အိမ်ထောင်ကျတော့ အမေကဆွဲရင် အမေနောက်ပါ၊ အဖေကဆွဲရင် အဖေ့နောက်ပါသွားတာရှိတယ်၊ ဒါ ဘာဖြစ်တာတုံးမေးတော့ ဦးဘရှင်း ဘယ့်နှယ်ဖြေမတုံး … (ကန်းနေလို့ပါဘုရား)။
ကန်းနေတယ်တဲ့၊ တောင်ဝှေးဆွဲရာပါသွားတာ၊ အမေက မူဆလင် အဖေက ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာဘက် ပါချင်ပါလာတာ၊ အမေကဆွဲပြန်လည်း မူဆလင်ဘက် ပါချင်ပါသွားတာ၊ သူပါချင်သလိုပါ တာပါပဲ … (မှန်ပါ့) ဘယ့်နှယ်ကြောင့်တုံးမေးတဲ့ အခါကျတော့ ဒီသားလေးဟာ စုံလုံးကန်းပေါ့ … (မှန်ပါ့) မဆိုနိုင်ဖူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
ကျုပ်တို့ကလည်း သားအဖြစ်ကနေတက်ခဲ့ရပြန်တော့ ကျုပ်တို့လည်း ခေါင်းဆောင်ကလည်း စုံလုံးကန်းက တောင်ဝှေးဆွဲဦးမှာ ဒါဖြင့် အမေဘက်လိုက်သွားတော့ အမေကစုံလုံးကန်းက ဆွဲလို့ ချောက်ကျရတယ် … (မှန်ပါ့) မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား) အဖေဘက်လိုက်သွားပြန်တော့ လည်း အဖေက တစ်ဖက်ကန်းမို့ တစ်ဖက်ချောက်သာလွတ်တယ်၊ တစ်ဖက်ချောက်မလွတ်ဘူး၊ မဆိုနိုင်ဖူးလား … (ဆိုနိုင်ပါဘုရား)။
အဲတော့ ဦးဘလေး သေသေချာချာ စဉ်းစားပေတော့ သံသရာကျင်လည်ရတယ်ဆိုတာ ခေါင်းဆောင်ကောင်း မတွေ့သမျှ ကာလပတ်လုံးဖြင့် ကိုယ်ကျိုးနည်းဖို့မှတ်လိုက် … (မှန်ပါ့) သံသရာ ကျင်လည်ရလို့ ခေါင်းဆောင်ကောင်း မတွေ့လို့ရှိရင် … (ကိုယ်ကျိုးနည်းပါတယ်ဘုရား)။
ဒါကြောင့် မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက … သတ္တဒေ၀မနုဿနံ နတ်လူတို့၏ ဆရာ ငါခေါင်းဆောင်ကောင်းကွာတဲ့၊ သဘောကျပလား … (ကျပါတယ်ဘုရား) နတ်လူတို့၏ဆရာ ငါခေါင်းဆောင် ကောင်းလို့ သူ့ကိုယ်သူ ဘွဲ့ထူး ဂုဏ်ထူးမယူဘူးလား … (ရောက်လာပါတယ်) ရောက်လာတဲ့ဘွဲ့ယူတော် မူတယ်။
ဘာတဲ့တုံး … (သတ္တာဒေ၀မနုဿနံပါဘုရား) သတ္တာက ဆရာ ဒေ၀မနုဿနံက နတ်လူ၊ ငါ နတ်လူ တို့၏ ဆရာကွတဲ့၊ နတ်လူတို့၏ဆရာ သာသတီတိသတ္တာ နတ်လူတို့ကို ငါခေါင်းဆောင် အဖြစ်ဖြင့် ဆွဲတဲ့၊ လှည်းမှူးကြီးသဖွယ် ငါခေါင်းဆောင်ကြီးပါကွာဆိုတဲ့ ဥစ္စာ ဘုရားမပွင့်ခင်က ဘယ်သူကျွတ်သတုံးဆိုတော့ ကိုစံလှ ဖြေတတ်ပြီ၊ ဘယ်သူမှ မကျွတ်ဘူး ခေါင်းဆောင်ကောင်းမရှိလို့၊ သဘောပါပလား … (ပါ ပါပြီဘုရား) ဘုရားမပွင့်ခင်က ဘယ်သူများ ကျွတ်တန်းဝင်သတုံး မေးလိုက်တော့ … (ဘယ်သူမှ မ၀င်ပါ ဘုရား)။
ဘာဖြစ်လို့တုံး … (ခေါင်းဆောင်ကောင်းမရှိလို့ပါဘုရား) နောက်ဘုရားပွင့်လာတော့ ဓမ္မစကြာလေး ပဲ ဟောရသေးတယ် ဟောလိုက်ရင်လဲ ဗြဟ္မာပေါင်းက တစ်ဆယ့်ရှစ်ကုဋေလောက် လူဘက်က တစ်ယောက်ဆိုတော့ ကိုစောမောင် ခေါင်းဆောင်ကောင်း တစ်ခေါက်လာလိုက်ရင် လာလိုက်တယ်ဆိုရင်ပဲ တဲ့ နဲတာမှ မဟုတ်ဘဲ ပါသွားတာ … (မှန်ပါ့) နိဗ္ဗာန်ပို့တင်လိုက်တာ … (မှန်ပါ့)။
သဘောကျပလား … (ကျပါပြီဘုရား) ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘာလိုနေတုံး ဆိုတဲ့ အဓိပ္ပါယ်ဖြင့် ကောင်းကောင်းရှင်းသွားပြီ … (ရှင်းသွားပါပြီဘုရား) ဘာလိုနေတုံး … (ခေါင်းဆောင် ကောင်းလိုတယ် ဆိုမှတော့ အခုနင်ကဟာနဲ့ ဝေဖန်လိုက်တော့မှ ကိုစောမောင် ဒိဋ္ဌိမကွာဘဲနဲ့ ၀ိပဿနာရှု ခိုင်းရင် ခေါင်းဆောင်ညံ့တယ်၊ မဟုတ်ဖူးလား … (မှန်ပါ့)။
သတိပဋ္ဌာန်လေးပါး စရိုက်မရွေးဘဲနဲ့ ပေးနေပြန်လဲ … (ခေါင်းဆောင်ညံ့ပါတယ်ဘုရား) ခေါင်းဆောင်များ အင်မတန် အရေးကြီးတယ်ဆိုပြီး သကာလပြောတာ ပြောသင့်တယ် … (မှန်ပါ့) ဦးဘရှင်း မပြောသင့်ဖူးလား … (ပြောသင့်ပါတယ်ဘုရား) ရှင်သာရိပုတ္တရာ တပည့်လေး ၀ါတွင်းသုံးလပတ်လုံး တစ်ခါ တည်း ပန်းတိမ်သည် အသုဘကမ္မဋ္ဌာန်းပေးထားလို့၊ ကာယာနုပဿနာ ပေးထားလို့ … ကိုစောမောင် ရကို မရဘူး … (မှန်ပါ့) ဘုရားဆီ ပို့ထားတော့မှ မနက်ပို့ ညနေရဟန္တာဖြစ်တယ်။
ဒါ ဘာလိုသွားတာတုံးမေးမှ … (ခေါင်းဆောင် လိုတာပါဘုရား) ဟိုမှာ ပညာအရာ ဧကဒဂ်ရ ကိုယ်တော်ကြီးတောင်မှ ခြေချော်သေးတယ် … (မှန်ပါ့) လွယ်ပါ့မလား၊ အဲဒါကြောင့် ခင်ဗျားတို့ သံသရာရှည်ခဲ့တာလည်း ယခုအခါ အကြောင်းတစ်မျိုး တွေ့ပြန်ပြီ။
ဘာကြောင့်ပါလိမ့် … (ခေါင်းဆောင်ကောင်း မတွေ့လို့ပါဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) သံသရာရှည်ခဲ့ကြတာ … (ခေါင်းဆောင်ကောင်း မတွေ့လို့ပါဘုရား) တစ်ဖက်ကန်းနဲ့ တွေ့ခဲ့လို့ရှိရင်လည်း တစ်ချောက်ကျခဲ့ပြီ၊ နှစ်ဖက်ကန်းနဲ့ တွေ့ပြန်လည်း ချောက်ဟူသရွေ့ ကိုယ်ပစ္စည်း … (မှန်ပါ့) ကျင်းဟူသရွေ့ ကိုယ်ပစ္စည်းဆိုတော့ အင်မတန် မနစ်နာဘူးလား … (နစ်နာပါတယ်ဘုရား)။
အေး ဒါကြောင့် ကိုစောမောင်ရေ ဘုရားဒေသနာ မကွယ်ခင် မြန်မြန်လုပ်ယူလိုက် … (မှန်ပါ့) စရိုက် ရွေးနည်းကိုလည်း ထားခဲ့တယ်၊ ရှေ့နောက်စဉ်နည်းကိုလဲ … (ထားခဲ့ပါတယ်ဘုရား) သူကွယ်သွားလို့ရှိရင် ဖြင့် ကျုပ်တို့ဘောက်သောက် ဖြစ်တော့မယ် … (မှန်ပါ့)။
ကိုယ်ထင်သလိုလုပ်မှာကိုး … (မှန်ပါ့) သဘောပါရဲ့လား … (ပါ ပါတယ်ဘုရား) ဒါဖြင့် ဒါလေးမကွယ်ခင် ဟာ လသာတုန်းလို့ မဆိုထိုက်ဖူးလား … (ဆိုထိုက်ပါတယ်ဘုရား) ဒါလေးပျောက်ရင်ဖြင့် အမှောင်ရောက်တော့မယ် … (မှန်ပါ့) ဆိုထိုင်ကြပလား … (ဆိုထိုက်ပါတယ်ဘုရား) အဲဒါကြောင့် ပေါ့ပေါ့ တန်တန်မနာဘဲနဲ့ ဒီအတိုင်းမှတ်မှတ်သားသားနဲ့ နာပြီး။
မှတ်မှတ်သားသားနဲ့လုပ်ဖို့ အရေးဟာ ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အရေး … (မှန်ပါ့) ဘယ်လိုဆို ကြမယ် … (ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အရေးပါဘုရား) တရားနာလည်း သေသေချာချာနာ … (မှန်ပါ့) တရားနာတဲ့အခါလည်း သေသေချာချာ မှတ်ရလိမ့်မယ် အားထုတ်တဲ့အခါကျတော့ လို့ရှိရင်လည်း ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ်မိုံ နက်ဖြန်မှ ဆေးသောက်မယ်၊ သန်ဘက်မှ ဆေးသောက်မယ်ဆိုတဲ့ လူနာမိုက်လိုလည်း မဖြစ်စေနဲ့တဲ့ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
လူနာက မိုက်ပြီဆိုမှဖြင့် ဆေးကို သူတည့်တဲ့ဆေးကို ပေးတာတောင်မှ ရက်ရွှေ့တယ်၊ ဒါ ကိုစောမောင် ဘယ်လိုစွဲချက်တင်မတုံး … (လူနာမိုက်လို့ တင်ရပါမယ်ဘုရား) လူနာလည်း ဖြစ်သေးတယ်၊ မိုက်ကော … (မိုက်ပါတယ်ဘုရား) သူ့အနာနဲ့တည့်တဲ့ဆေး ဆရာကမေးတယ်၊ ရက်ရွှေ့သောက်တယ်ဆို ရင် ဘယ့်နှယ်ဆိုကြမယ် … (လူနာမိုက်ပါဘုရား) အဲဒါခင်ဗျားတို့ ကျုပ်တို့လည်း ကိလေသာ နူနာတွေက ရှိတဲ့အထဲမှာ ရက်ရွေ့ပြီး သကာလ ဘယ်နေ့မှ အားထုတ်မယ်၊ ဘယ်တော့မှ ဆိုလို့ရှိရင်ဖြင့် ကိုစောမောင် ဘယ်လိုဆုံးဖြတ်ချက်ချမတုံး … (လူနာမိုက်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ဘယ်လိုများ ဆိုကြ မတုံး … (လူနာမိုက်ပါဘုရား)။
နာလည်းနာသေးတယ် မိုက်လည်း မိုက်သေးတယ်ဆိုတည်းက ကိုစောမောင် သူ့အတွက်ဟာ အတော်စဉ်းစားရလိမ့်မယ် … (မှန်ပါ့) ကိုစံလှ ဘယ်နှယ်တုံး … (အတော် စဉ်းစားရပါမယ်ဘုရား) စဉ်းစား ဆိုတာ ခင်ဗျားတို့က စာလိုမို့်လို့ပြောတာပါ သူ့အတွက်ထည့်ပြီး မစဉ်းစားပါနဲ့တော့ကွာလို့ ပြောဖို့လိုပါတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
စုံလုံးကန်း သူများကြိုးဆွဲရာ တောင်ဝှေးဆွဲရာကို လိုက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်၊ ခေါင်းဆောင် ကောင်း မတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ခဲ့တယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ခုတော့ ဘုရားသာသနာ တွင်းမို့ ဘုရားကတော့ ဟောခဲ့တယ် အရှင်ဘုရားတဲ့ ညီတော် အာနန္ဒာ ငိုတာတွေ ထောက်ကြည့်တော့ ညီတော်အာနန္ဒာငိုတာ အရှင်ဘုရားမရှိတဲ့နောက် တပည့်တော်တို့ အခက်ကြီးခက်တော့မယ်။
ဖွဲ့ကာနွဲ့ကာ ငိုတာပေါ့ဗျာ၊ မြတ်စွာဘုရားကလည်း ပရိနိဗ္ဗာန်စံဖို့က သုံးလပဲလိုတော့တယ် … (မှန်တယ်) သူကလည်း သောတာပန်ကိုဗျ၊ ငိုပြီးလျှောက်တာပေါ့ဗျာ၊ ဒေါသမကုန်သေးတော့ ငိုတာပေါ့ဗျာ၊ အရှင်ဘုရားမရှိတဲ့နောက် တပည့်တော်တို့ အခက်ကြီးခက်တော့မယ်လို့ လျှောက်တော့ မြတ်စွာဘုရားက ငါမရှိသည့်နောက်ကွာတဲ့ ... ။
ယောဝေါအာနန္ဒ မယာဓမ္မောစ ၀ိနယောစ ၂။ ဒေသိတော ပညတ္တော၊ သောဝေါမ မစ္စယေန သတ္ထာ
ဆိုပြီးသကာလ ဘုရားက ငါဘုရားမရှိလို့ရှိရင် မင်းတို့ကြည့်စမ်းပါဦးကွာ၊ ငါဆေးဆယ့်ငါးဝါ ဟောထားတဲ့ ဓမ္မက္ခန္ဓာတွေ ရှိသားပဲ ဒါတွေ မင်းတို့နှုတ်ထဲအပြည့်ပဲ၊ ဒါတွေဟာ ဘုရားတွေ မဟုတ်ဖူးလား ကွ အာနန္ဒာရလို့ ကိုစောမောင် မမေးဖူးလား … (မေးပါတယ်)။
အဲဒါ အခု ဒီဆရာတွေ ကွယ်ပလားလို့ မေးတဲ့အခါကျလို့ရှိရင် ကွယ်လွန်သလောက်တော့ ကွယ်သွားပြီ … (မှန်ပါ့) သိပ်ကျန်တာမဟုတ်ဘူး၊ ခင်ဗျားတို့ကတော့ နဂိုကမှ ဘယ်လောက်ရှိမှန်း မသိတော့ ကွယ်တင်မကွယ်တယ်ဆိုတာ မသိဘူး၊ ဘုန်းကြီးတို့ကတော့ နဂိုက ဘယ်လောက်ရှိတယ်ဆိုတာ သိတော့ အခု ဘယ်ဟာတွေ ဘယ်ဟာတွေ ပျောက်ကုန်ပြီဆိုတာ သိတော့တယ်။
သဘောကျပလား … (ကျပါတယ်ဘုရား) အဲ ခင်ဗျားတို့ကတော့ဖြင့် သာသနာရှိသေးတယ်ဆို တယ်ပဲ ဆိုပါတယ် နဂိုကမှ ဘယ်လောက်ထားတယ်ဆိုတာ မသိသေးဘဲနဲ့ ရှိတာလေး ရှိသေးတယ် ပြောနေကြတာ၊ နဂိုက ဘယ်လောက်ထားတယ်လို့ … (မသိပါဘုရား) မသိတော့ ရှိတာလေးကိုပဲ အရှိလုပ် နေ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား) ဘုန်းကြီးတို့က နဂိုကထားတာက အများကြီးမှန်း သိတယ် … (မှန်ပါ့)။
အခုရှိနေတာလေးကို ကြည့်လိုက်တော့ နဲသွားပြီဆိုတာလည်း သိတယ် … (မှန်ပါ့) ဒါဖြင့် ကွယ်ပြီ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) အဲဒါ ခင်ဗျားတို့က နောက်ပိုင်း လည်း ကျလာသေးတယ်ဆိုတာလည်း ခင်ဗျားတို့အတွက် စဉ်းစားပါ၊ ဘယ်လိုပါလိမ့် … (နောက်ပိုင်းကျနေ ပါပြီဘုရား) နောက်ပိုင်းကျရတဲ့အထဲမှာ ကွယ်တဲ့အထဲက နဲနဲပဲကျန်၊ နဲနဲကျန်တဲ့အထဲက နောက်ပိုင်းက လည်းကျဆိုတော့ … ။
နောက်ပိုင်းကျတဲ့အထဲက အပျင်းနဲ့ အဖျင်းက ရှုတ်နေသေးတယ်၊ ရှုတ်နေဦးမယ်ဆိုရင် … (သွားပါပြီဘုရား) မသွားသေးဖူးလား … (သွားပါပြီဘုရား) ဒါ တိုက်တွန်းတာမဟုတ်ဘူး ဖြစ်စဉ်ကိုက်ပြော နေတာ … (မှန်ပါ့) ခင်ဗျားတို့ကတော့ ပြောကြမှာပေါ့ ကျောက်သွေးကောင်းရင် ဘယ်လို၊ ကျောက်သွေး မကောင်းရင် ဘယ်လိုတော့ ပြောကြမှာပဲ၊ မပြောဘူးလား … (ပြောပါ) ဒါ ဆင်ခြေ ကိုစောမောင်ရ … (မှန်ပါ့) ကိုယ့်ကိုယ်ကို မသနားတဲ့ ဆင်ခြေဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) အဲဒီတော့ နောက်ပိုင်း မှာလည်း နဲနဲကျန်တော့တယ်၊ နဲနဲထဲက နှုတ်ဦးမယ်၊ဆိုရင် ကိုစံလှ ဗလာဖြစ်နေတယ် … (မှန်ပါ့) မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား) … (ပေါ်ပါဘုရား)။
ကဲ ဒါဖြင့် နှေးနှေးလား သုတ်သုတ်လား … (သုတ်သုတ်ပါဘုရား) ပါးစပ်က သုတ်လို့ မဖြစ်ဘူး၊ အလုပ်က သုတ်မှဖြစ်မှာ … (မှန်ပါ) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ခန္ဓာကိုယ်ကြီးက သေလမ်းသွားတဲ့ အလုပ်က လျှော့ပါရဲ့လား … (မလျှော့ပါဘုရား) မလျှော့တဲ့အထဲမှာ ကိုယ်ကကွေ့ ကောက်နေပြန်လို့ရှိရင် လဲ၊ သေလမ်းက ခင်ဗျားတို့က ကွေ့ကောက်လည်း သေလမ်းပဲပြတာ၊ ကွေ့ကောက်ပြီးသွားနေလဲ … (သေလမ်းပြတာပါပဲဘုရား)။
ကွေ့ကောက်ပြီးသွားနေတယ်ဆိုတာ လောဘက မသေနိင်သေးပါဘူးကွာ၊ နက်ဖြန်သန်ဘက် တော့ နေနိုင်ပါသေးတယ်၊ သူက အကွေ့ခိုင်းတယ်၊ ငယ်ပါသေးတယ်ကွာ ခုမှ ကံစလေးက တက်တုန်းရှိ သေးတာပဲဆိုတော့ သူကကွေ့ကောက်ပေးထားတာ … (မှန်ပါဘုရား) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ကွေ့ကောက်ပေမဲ့လည်း လမ်းကသာကွေ့ကောက်တယ် သေခါနီးက မလျှော့ဘူး … (မှန်ပါဘုရား)။
ကွေ့သွားလည်း နာရီကသာ နည်းနည်းနောက်ကျတယ် ဆိုရမှာလည်း ဒီလမ်းသွားနေတာလား … (ဒီလမ်းသွားနေတာပါဘုရား) သေလမ်းပဲသွားနေတာပဲ ကွေ့သွားလည်း မလျှော့ပါရောက်တာပဲ၊ ကွေ့သလောက် နာရီကြာတယ်၊ နာရီကြာသလောက် နီးတာပဲ ကိုစောမောင် ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတွေက ကွေ့တဲ့ကောက်တဲ့ ဥာဏ်က တော်တော်များတယ်၊ မများ ဘူးလား … (များပါတယ်ဘုရား)။
ဟ ဘာဖြစ်လို့ ကွေ့ကောက်နေပါလိမ့်မတုံးလို့ ဆိုရင်ဖြင့် အသေလျှော့လို့လား တဏှာ ခိုင်းတာလား .. (တဏှာခိုင်းတာပါဘုရား) အဲ ခင်ဗျားတို့ ကိုယ့်ဟာကိုယ် စဉ်းစား နက်ဖြန်ရွှေ့လိုက် သန်ဘက်ရွှေ့လိုက် ဘာရွှေ့တာတုံး၊ ဘယ်သူက ကွေ့ကောက်ခိုင်းနေလဲ၊ တဏှာက ကွေ့ကောက်ခိုင်း တဏှာက ကောက်ခိုင်းတာက သေခါနီး ဘက်တိုးပေးလိုက်တာ၊ ဦးဘရှင်း ဘယ်ဘက်တိုးပေးလိုက်တာတုံး … (သေခါနီး ဘက်တိုးပေးတာပါဘုရား)။
သဘောကျပလား … (ကျပါဘုရား) ဥာဏ်တုံးတဲ့ဘက်ကိုခင်ဗျားတို့ကို တိုးပေးလိုက်တာ၊ ဦးဘရှင်း ဘယ်ဘက်ကို တိုးပေးလိုက်တာတုံး … (ဥာဏ်တုံးတဲ့ဘက် တိုးပေးလိုက်ပါတယ်ဘုရား) အသက်ကြီးတော့ ဘယ်ဖြစ်ကြတုံး … (ဥာဏ်တုံးပါဘုရား ဥာဏ်တုံးပါတယ်၊ ဥာဏ်တုံးတဲ့ဘက် တိုးပေးလိုက်တော့ ကိလေသာမာရ်နတ်လို့ ခေါ်ပါတယ်၊ ၀ဿဝတ္တီနတ်ပြည်က လာတဲ့မာန်နတ်လို့ မထင်ပါနဲ့၊ ဘယ်မာရ်နတ် လို့ မှတ်ကြမတုံး … (ကိလေသာမာရ်နတ်ပါဘုရား) အဲ ကိလေသာထဲက မာရ်နတ်သာ ကြောက်စရာ ကောင်းတယ်။
ဟိုက မာရ်နတ်ကြီးက ခင်ဗျားတို့ကို ဂရုမစိုက်ပါဘူး၊ ဘုရားကိုသာ ဂရုစိုက်ပါတယ် … (မှန်ပါဘုရား) ဘုရားကတော့ သူတစ်ပါးကို ချွတ်သွားမယ်ဆိုရင် သူ့နယ်ထဲက ကုဋေရှစ်ဆယ် ဗိုလ်ချေ တစ်သိန်းပါသွားမှာ စိုးရိမ်တယ် … (မှန်ပါ) ခင်ဗျားတို့ကို မာရ်နတ်ဝင်နေတယ်လို့ သံသယမရှိပါနဲ့၊ ကိလေသာမာရ်နတ်ကိုသာ ကြောက်ပါ၊ ၀ဿဝတ္တီနတ်ပြည်က မာရ်နတ်ကြီးကတော့ မလာပါဘူး … (မှန်ပါ)။
ခင်ဗျားတို့ကို ထည့်ပြီးစာရင်းထဲမသွင်းပါဘူး … (မှန်ပါ) ရှင်းပလား၊ အဲတော့ ခင်ဗျားတို့ညည်းလုံး ထုတ်နေတယ်၊ ဘာလေး လုပ်မယ်ကြံ မာရ်နတ်က ဖျက်နေတယ်၊ ကောင်းကင်ကများလာရော့လား၊ ခင်ဗျားတို့ လူ့အဖိုးတန်တွေဆိုလာမှာပေါ့ မဟုတ်ဖူးလား အခု လူ့အဖိုးတန်တွေလား လူ့ပါမွှားတွေလား … (လူပါမွှားတွေပါဘုရား) ပါမွှားတွေများ ၀ဿဝတ္တီနတ်ပြည်က ဟိုမှာ နတ်ပြည်ဥယျာဉ် ဗိမာန်တွေ ပဒေသာ ပင်တွေ စွန့်ပြီး လာပါ့မလား … (မလာပါဘုရား)။
မလာတဲ့ဥစ္စာ ကိုယ့်ကိလေသာက နှောင့်ယှက်နေတာလို့မှတ် … (မှန်ပါ) ဘယ်လိုမှတ်ကြမတုံး … (ကိုယ့်ကိလေသာက နှောင့်ယှက်တာလို့ မှတ်ရမှာပါဘုရား) ကိုယ့်ကိလေသာက နှောင့်ယှက်တာကို ဒကာ ဒကာမတွေက ကံမကောင်းအကြောင်းမသင့်ပြီဆိုမှဖြင့် အမျိုးမျိုးပဲ ကိုယ်စောင့်နတ်, တောစောင့်နတ်, တောင်စောင့်နတ် မကူညီကြဘူးထင်ပါရဲ့နဲ့ …။
တစ်နည်းအားဖြင့် သူတို့ကိုက အနှေင်အယှက်များ ပေးနေရော့လား၊ သူတို့နဲ့ ဘာမှမဆိုင်ဘူး၊ ရိပ်မိ ပလား … (ရိပ်မိပါပြီဘုရား) ဘယ်သူနှောင့်ယှက်နေတုံး … (ကိလေသာနှောင်ယှက်တာပါဘုရား) ကိလေသာက ဘယ်မှာရှိနေတာတုံး … (ကိုယ့်ခန္ဓာမှာရှိနေပါတယ်ဘုရား) ဒါဖြင့် ဘယ်ကမှလာတဲ့ နတ်ဘယ်ကမှ လာတဲ့ဂြိုလ်လည်း မဟုတ်ဘူး ၀မ်းထဲက ကိုယ်ဟာကိုယ် နှောင့်ယှက်နေတာ။
ဦးဘကလေး ရှင်းပလား … (ရှင်းပါပြီဘုရား) ကဲ ပေါ်ပလား … (ပေါ်ပါဘုရား) ကဲ ဒါ, စကားစပ်မိလို့ သံဝေဂလည်း ရအောင်၊ ကိုယ့်ဆင်ခြေလဲတာလဲ ဘယ်သူကလဲတယ်ဆိုတာလည်း လက်သယ်ပေါ်လာအောင်လို့ ပြောနေတာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) အခုခင်ဗျားတို့ ကိုစောမောင်တို့ ဆို ခြောက်ဆယ်ရှိပြီ၊ ဦးဘရှင်းလည်း ခြောက်ဆယ်ရှိပြီ ဟုတ်လား ခြောက်ဆယ်ကျော်ထားပါ။
ကိလေသာမာရ်နတ်က ကွေ့ကောက်ပြီးတားလိုက်တဲ့တွက် ကျောင်းနားလည် မရောက်နိုင် ကန်နားလည်း မရောက်နိုင် တရားဓမ္မအားထုတ်ဖို့ရာ ဝေး၊ ဆိုတာ လွန်ခဲ့တဲ့ ဥစ္စာ ကိုစောမောင် ဘယ်လောက်များပြီတုံး … (မရေတွက်နိုင်ပါဘုရား) ကျန်တာက ဘယ်လောက်များသေးတုံး … (နဲနဲပ ကျန်ပါတော့တယ်ဘုရား) အဲဒီလွန်တာများပြီ ကျန်တဲ့အထဲက နှုတ်ဦးမယ်ဆိုရင် … (ဘာမှမရှိတော့ပါ ဘုရား)။
ဗလာပဲ စိတ်သာချ၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ကိုစံလှ လွန်တာများပြီး ကျန်တဲ့အထဲက နှုတ်ဦးမယ်ဆိုရင်တော့ … (ဗလာပါဘုရား) ခုနစ်ဆယ့်ငါးနှစ် ထားပါဦး ကိုစောမောင်ရာ ခြောက်ဆယ်ဆို တော့ ဘယ်လောက်ကျန်တော့တုံး … (ဆယ့်ငါးနှစ်ပါဘုရား) ဆယ့်ငါးနှစ်ထဲက နှုတ်ဦးမယ် … (ဗလာပါဘုရား) ဗလာကြွင်းမှာပဲ၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ …။
ခင်ဗျားတို့ပြောတဲ့ စကားကို ခင်ဗျားတို့က ပြောတယ်လို့ ဘုန်းကြီးတို့က အယူမရှိပါဘူး၊ သြော် သူ့အထဲမှာ ကိလေသာ ကွေ့ကောက်နေတာ … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား) ဘယ်သူက ပြောတာတုံး … (ကိလေသာကပါဘုရား) အဲဒီကိလေသာကို ခင်ဗျားတို့ ဥာဏ်ကမနိုင်ဘူး၊ သဘောပါပလား … (ပါ ပါတယ်ဘုရား) ကိလေသာကို … (ဥာဏ်ကမနိုင်ပါဘုရား)။
ဥာဏ်က မနိုင်တဲ့အခါကျတော့ ခင်ဗျားတို့က ဘယ်လိုဖြစ်နေတုံးဆိုတော့တယ် အနှောင်အယှက်က တယ်များ၊ အင်း ကိုယ်ဥာဏ်က မနိုင်တာတော့ မသိဘူး အနှောင့်အယှက်ကတယ်များ၊ ကိုစံလှ သူ့ညည်းလုံး မှန်ရဲ့လား … (မမှန်ပါဘုရား) နှောင့်ယှက်နေတာက ဘယ်သူတုံး … (ကိလေသာပါဘုရား) သူ့ဥာဏ်က ကိလေသာကို နိုင်ရဲ့လား … (မနိုင်ပါဘုရား)။
အနှောင့်အယှက်က တယ်များတယ်ဆိုတော့ ကိုယ့်ဥာဏ်ဖျင်းတာကို ထည့်မပြောဘူး … (မှန်ပါ) ထည့်ပြောရဲ့လား … (မပြောပါဘုရား) အဲတော့ ဥာဏ်နဲ့ ကိလေသာနဲ့ စစ်တိုက်လို့ရှိရင် ရက်ရွေ့ အချိန်ရွေ့ ရင် ကိလေသာက နိုင်၍ ဥာဏ်ကရှုံးပြီမှတ်ပါ၊ ဘယ့်နှယ်မှတ်မတုံး … (ဥာဏ်ရှုံးပြီမှတ်ရမှာပါဘုရား) အခုရှုံး တာလည်း အတော်များခဲ့ပြီ ရှုံးတဲ့အထဲက ရှုံးချင်းသေးလား … (မရှုံးချင်တော့ပါဘုရား)။
ဒကာ ဒကာမတွေ ရှုံးတဲ့အထဲက နောက်ထပ်များ ရှေ့ဆက်ပြီး ထပ်ရှုံးချင်သေးသလား မေးရင် … (မရှုံးချင်တော့ပါဘုရား) ဦးဘရှင်း ဘယ်လိုဆုံးဖြတ်ချက်ချမတုံး … (မရှုံးချင်တော့ပါဘုရား) တော်တော် နေရာကျပြီ ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သတိပဋ္ဌာန်လေးပါး ပြန်ကောက်ကြဦးစို့နော်၊ ဘယ့်နှယ်ကြောင့်လေး ပါး ဝေဖန်ရပါလိမ့် … (သတ္တ၀ါတို့၏ စရိုက်ကြောင့်ပါဘုရား)။
သတ္တ၀ါတို့၏ စရိုက်ကြောင့်နော်၊ ဒါဖြင့် သတ္တ၀ါစရိုက် သူ့စရိုက်နဲ့ တော်တဲ့ကမ္မဋ္ဌာန်း သူ့ပေး၊ ရှင်းပလား … (ရှင်းပါပြီဘုရား) သူ့စရိုက်နဲ့တော်တဲ့ ကမ္မဋ္ဌာန်းကို … (သူ့ပေးရမှာပါဘုရား) သူ့စရိုက်နဲ့ တော်တဲ့ ကမ္မဋ္ဌာန်း သူ့ပေးမိလို့ရှိရင်ဖြင့် မျောက်အုန်းသီးရဖြစ်လိမ့်မယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီ ဘုရား) မျောက်အုန်းသီးရတော့ ကိုစံလှ ဘယ့်နှယ်တုံး … (မခွဲစားတတ်ပါဘုရား)။
ပါးစပ်နဲ့ ကိုက်ရမှာလည်း ခက်၊ သဘောကျပလား … (ကျပါပြီဘုရား) ပေါက်ခွဲလို့ရှိရင်ကော ရပါ့မလား … (မရပါဘုရား) အဲ သူ့စရိုက်နဲ့ မတော်တဲ့ကမ္မဋ္ဌာန်းဆရာက ပေးမိလို့ရှိရင် ခင်ဗျားတို့ မျောက်အုန်းသီး ရဖြစ်မယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ရှင်းပြီနော် … (ရှင်းပါပြီးဘုရား) ဒါဖြင့် ကိုစောမောင်ရေ ဟောတဲ့ ဆရာဘုန်းကြီးက အစုံဟောလိမ့်မယ် … (မှန်ပါ)။
အစုံဟောမယ်၊ ကာယာနုပဿနာလည်း ဟော ဝေဒနာ နုပဿနာလည်း ဟော စိတ္တာနုပဿနာ လည်း ဟော ဓမ္မာနုပဿနာလည်း ဟော အကုန်ဟောလိမ့်မယ် … (မှန်ပါ) ဟောတဲ့အခါ ကျလို့ရှိရင် ခင်ဗျားတို့က အချဉ်ကြိုက်လို့ရှိရင် ဒေါသသမားလို့ မှတ် သဘောကျပလား … (ကျပါပြီဘုရား) အချိုကြိုက် လို့ရှိရင် လောဘသမား … (မှန်ပါ) အချိုကြိုက်ရင် … (လောဘသမားပါဘုရား)။
အချိုများများကြိုက်ရင် … (လောဘသမားပါဘုရား) အဆိမ့်ကြိုက်ရင် မောဟသမားပါ၊ သဘောကျ ပလား … (ကျပါပြီဘုရား) အခါးတို့ အဆိမ့်တို့ ကြိုက်ရင် … (မောဟသမားပါဘုရား) အဲဒါ ကိုယ့်အစာနဲ့ ကိုယ်အကဲခတ်၊ အိမ်ကျတော့မှ အကဲခတ် ဒီဥစ္စာကို ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) အေး အိမ်ကျတော့ က အချဉ်ကြိုက်ရင် ဘာပါလိမ့် … (ဒေါသသမားပါ ဘုရား)။
အချိုကြိုက်ရင် … (လောဘသမားပါဘုရား) အင်း အခါးတို့ အဆိမ့်တို့ကြိုက်ရင် … (မောဟသမား ပါဘုရား) လောဘ, ဒေါသ, မောဟတော့ မသေချာဘူးလား … (သေချာပါတယ်ဘုရား) ဒါ သူ့စရိုက်နဲ့ သူစားတယ် - သူ့စရိုက်နဲ့သူစားတယ်ဆိုတာ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) အဲ လောဘသမားဖြစ်ခဲ့လို့ ရှိရင် ဝေဒနာ နုပဿနာ ကမ္မဋ္ဌာန်း သူကိုင်ရမယ်။
ကိုင်း ဒေါသသမားသည် ဥာဏ်နဲ့နီးတယ်၊ ဒေါသသလားဆိုရင် ဓမ္မာနုပဿနာပေးရမယ်၊ သူက ငါမလုပ်တော့ဘူးဆိုလို့ရှိရင် ဒေါသသမားက မလုပ်တော့ဘူး၊ ပျော့နွဲ့ပြီးသကာလ ဟိုကပ်ဒီကပ်လုပ် မနေတော့ဘူး၊ မလုပ်ဆို မလုပ်ဘူးဟေ့၊ ဒါ ဒေါသသမား အဲ ဒေါသဖြုတ်လိုက်လို့ရှိရင် ဥာဏ်ဘက် လှည့်သွားတယ် သဘောကျပလား … (ကျပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ဟာ ကိုယ်ချိန်တဲ့အခါ ကျလို့ရှိရင် ဒါတစ်ချို့ကျတော့လည်း အလုပ်တစ်ခုလုပ်မယ်ကြံလို့ရှိရင် ကြံလုံးဖန်လုံးရှိနေ သေးတယ်၊ ဖြုန်းကနဲ အလုပ်မသွားသေးဘူး၊ အဲဒီဥစ္စာ ကျတော့ ၀ိတက်သမား ၀ိတက်စရိုက်ရှိတယ် သဘောကျပလား … (ကျပါပြီဘုရား) ၀ိတက် စရိုက်ရှိတဲ့အခါကျတော့ ကာယနုပဿနာဖြစ်တဲ့ အာနာပါန စလုပ် … (မှန်ပါ) ရမယ်၊ နို့မို့လို့ဆိုရင် ကမ္မဋ္ဌာန်းလွဲမယ်။
သဘောပါပလား … (ပါ ပါဘုရား) ဒါဖြင့် ကမ္မဋ္ဌာန်းနဲ့ လူဟာလည်း လူနဲ့တော့ မဟုတ်ဘူးပေါ့ဗျာ စရိုက်နဲ့ စရိုက်ဆိုတာက သေသေချာချာမှတ်ပါ၊ ဘ၀များစွာက အမြဲတမ်းအထုံပါလာတယ် ဘယ်လိုဆိုကြ မယ် … (ဘ၀များစွာက အမြဲတမ်းအထုံပါလာတယ် ဘယ်လိုဆိုကြမယ် … (ဘ၀များစွာက အထုံပါလာတာ ပါဘုရား) အထုံက ဘယ်နည်းနဲ့မှ မစွန့်ဘူး၊ ရှင်သာရိပုတ္တရာ ချောင်းခုန်သလိုမှတ်ပါ ရဟန္တာဖြစ်တာတောင် … (ချောင်းခုန်ကူးပါတယ်ဘုရား)။
မျောက်ဖြစ်ခဲ့တာ များလွန်းလို့ဆိုတော့ သေချာမနေဘူးလား … (သေချာပါတယ်ဘုရား) သဘောပါကြပလား … (ပါ, ပါ့ဘုရား) အဲတော့ ဒကာ ဒကာမတို့တဲ့ အင်မတန် အရေးကြီးတဲ့ ရွေးနည်းပါပဲ၊ ကိုစောမောင် ရွေးတတ်ပလား … (ရွေးတတ်ပါပြီဘုရား) ရွေးတတ်လို့ရှိရင် ဒီဥစ္စာ ဘုန်းကြီးက အစုံပေးငြား သော်လည်း၊ တရားဟောတဲ့ဘုန်းကြီးက အစုံပေးငြားသော်လည်း ခင်ဗျားတို့က ကိုယ့်စရိုက်နဲ့ကိုယ် ကိုယ်ကြိုက်တဲ့၊ ဝေဒနာကြိုက်ရင် ဝေဒနာရှုပါ၊ ကိုယ့်စရိုက်နဲ့လိုက်တာရှု … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) အင်း ဒိဋ္ဌိများလို့ရှိရင်  စိတ္တာနုပဿနာရှုရလိမ့်မယ်၊ ပညာစရိုက်များတဲ့ ပုဂ္ဂိုလ်သစ္စာရှု … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) ဥာဏ်နုံတဲ့ ပုဂ္ဂိုလ် ရုပ်ရှု၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ကဲ ရှုပုံရှုနည်း နက်ဖြန်မှ ဆက်ကြစို့ … ။ 

                         ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။