၁။ သေမင်းမမြင်ရာအရပ်ဆိုတာ၊နိဗ္ဗာန်ကိုပြောတာ၊အပါယ်လေးရွာ
ဆိုတာမိမိတို့ အမြဲနေရာအိမ်ဂေဟာ၊လူ့ဘုံ၊လူ့ဌာနဆိုတာ ခေတ္တ
ခဏအလည်လာရတာ။
၂။ အလုပ်စဉ်ကြည့်ချင်ရင် ပဋိကတ်မှတ်တမ်းကြည့်၊အလုပ်ကိုကြည့်
ချင်ရင် ခန္ဓာမှာကြည်။
၃။ သညာသိ နှင့် နိဗ္ဗာန်မရောက်နိုင်ပါ၊ပညာသိနှင့်မှသာ နိဗ္ဗာန်
ရောက်နိုင်မည်။
၎။ ဝိပဿနာအားမထုတ်ဘဲ နေ့ရွှေ့ညရွှေ့ ရွှေ့နေတာသည်
ဉာဏ်မဦးဘဲ အသေကဦးသွားလျှင် ကိုယ်ကျိုးနည်းတော့မည်။
၅။ တစ်သံသရာလုံး မိုက်ခဲ့သမျှ၊ဝိပဿနာဆားတစ်လျက်ဖြင့်
ကြိုးစား၍ ကြေအောင်ဆပ်ပါ။
၆။ အရုဏ်တက်ခြင်းသည် နေထွက်ဖို့ ရှေပြေး ၊ ဝိပဿနာမဂ်သည်
လောကုတ္တရာမဂ်၏ ရှေ့ပြေး။
၇။ အရုဏ်မတက်ဘဲ နေမထွက် ၊ အရုဏ်တက်မှ နေထွက်မည်။
၈။ ဒုဗလ ဝိပဿနာမဖြစ်စေနဲ့ ၊ ဗလဝ ဝိပဿနာဖြစ်ပါစေ။
၉။ ကြည့်တိုင်း ကြည့်တိုင်း ဝိပဿနာ ဉာဏ်မပေါ်ရင် ကံမြောက်ချည်းသွားတယ်၊ကံပေါ်ရင် အကျိုး ပေး ပေါ်မယ်။
၁၀။ ဝိပဿနာရှုဆိုတာ ဒုက္ခသစ္စာ အကြည့်ခိုင်းတာ ၊ မသိလိုက်တာဟူသ၍ အဝိဇ္ဇာချည်းပဲ ဝိပဿနာ ဆိုတာ ရှေ့ဖြစ်ပျက် ၊ နောက်ကမဂ်။
၁၁။ မြင်တာလေး မရှုဘဲ မြင်လိုချင်၊မြင်တာမြင်မှန်းမသိ၊မြင်စွဲလမ်း ဒီသုံးချက်လာရင် ဒါက
အပါယ်လေးပါး မှာ ခံရမှာ။
၁၂။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး။
၁၃။ မိမိခန္ဓာထဲ ရှိတဲ့တရား မိမိဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ။
၁၄။ စာပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ ၊ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၅။ သညာသိဖြင့် နိဗ္ဗာန်မရနိုင် ၊ ပညာသိမှသလျှင် နိဗ္ဗာန်ရနိုင်မည်။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
Friday, December 20
Sunday, December 8
မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု (၅)
၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ဒုက္ခသစ္စာ
မဂ္ဂသစ္စာ၊နိရောဓသစ္စာ။
၂။ ဒါနက သံသရာရှည်တာလား၊ဒါနနောက်က အ
သိမလိုက်လို့ သံသရာရှည်တာပါ။
၃။ ကုသိုလ်ရချင်ရုံနဲ့တော့ရိပ်သာမလာပါနဲ့၊တံမြက်
စိးလှည်း၊သောက်ရေအိုးရေဖြည့်၊ပန်းတစ်ပွင်လှူ
ရင်းတောင်း၊လူ့ဘဝ နတ်ဘဝ ရနိုင်တယ်။
၎။ နိဗ္ဗာန်တော့ ဆုတောင်းမနေနဲ့ ဆုတောင်းရုံနဲ့
ဘယ်တော့မှမရဘူး။
၅။ လှူစရာပစ္စည်း ရင်းနှီးတောင်းခံလို့ရတာ လူချမ်းသာ နတ်ချမ်းသာ ၊ ကျင့်ကြံကြိုးကုတ်မှရတာ နိဗ္ဗာန် ချမ်းသာ ရွေးတတ်ကြပါစေ။
၆။ ဒီတရားမျိုးတွေဟာ တစ်သက်နှင့်တစ်ခန္ဓာ၊တစ်သံသရာနှင့် တစ်နားဆိုသလို အလွန်ကြားရခဲ့ နာရခဲ သော တရားလို့မှတ်ပါ။
၇။ ခန္ဓာဘုရားက ဗောဓိပင်နှင့် ရွှေပလ္လင်ပေါ်မှာ တက်ထိုင်တယ်၊ဉာဏ်တော်ဘုရားက ဝေဒနာနဲ့ တဏှာ ကြားမှာပွင့်တယ်။
၈။ ခန္ဓာနဲ့ နိဗ္ဗာန်ဟာ အင်မတန်ဝေးတယ်၊ခန္ဓာမရှိတာ နိဗ္ဗာန်မှတ်။
၉။ ဘဝကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘဝချုပ်ငြိမ်း ရုပ်သိမ်းအောင်လုပ်ပါ။
၁၀။ ဒီဘဝကနေ ဟိုဘဝကူးတယ်ဆိုတာ ၊ အသေ နဲ့ အသေချင်းလဲတာပါပဲ။
၁၁။ အိုရာကနေ နာရာမရောက်ခင် မဂ္ဂင်အလုပ် လုပ်ပါ။
၁၂။ အလကားနေသရွေ့ အမှားနဲ့ နေခြင်းမှတ်ပါ။
၁၃။ တရားနာတယ်ဆိုတာ မတရားတဲ့အလုပ် မလုပ်တဲ့အချိန်ပဲ။
၁၄။ သစ္စာတရားနာပါ ၊ နာမှသိမယ် ၊ သိမှကျင့်မယ်။
၁၅။ တရားနာရာမှာ ကုသိုလ်ရအောင် ဟောတဲ့ ဆရာသမားတစ်မျိုး၊ဒိဋ္ဌိကွာအောင် ဟောတဲ့ ဆရာသမား
ကတစ်မျိုးလို့ နှစ်မျိုးရှိတယ် ဆရာကောင်းရွေးတတ်ပါစေ။
၁၆။ တရားနာတာ တရားအားထုတ်တာ မိမိအရေးအစစ်။
၁၇။ ရက်ရာဇာ၊ပြဿဒါးရွေးမနေနဲ့၊သူတော်ကောင်းအလုပ် လုပ်နေတဲ့အချိန်ဟာ မင်္ဂလာ ရှိတဲ့အချိန်လို့
မှတ်လိုက်ပါ။
၁၈။ ကိစ္စမှန်သမျှဟာ မဂ်တား ဖိုလ်တား နိဗ္ဗာန်တားလို့မှတ်။
၁၉။ ဆုကြီးပန်မဟုတ်ရင် ပါရမီ မလိုပါဘူး သစ္စာတရားနာနိုင်ရင် တိဟိတ်ပါပဲ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာနုပဿနာ သတိပဋ္ဌာန်
(၁) သုခဝေဒနာ၊(၂) ဒုက္ခဝေဒနာ၊(၃) ဥပေက္ခာဝေဒနာ၊ ဝေဒနာကို ဧည့်မှတ်လိုက် အဲဒီ ဧည်သည် သုံး
ယောက် တစ်ခါတစ်လေလာတော့..ဧည့်သည် သွား ငါလုပ်ပစ်တယ်။ ဝေဒနာရဲ့ သဘောကတော့၊
အခုဖြစ်ပြီး အခုပျက်တယ်၊ ခဏလေးပဲ။ ဝေဒနာတစ်ခုရဲ့ သက်တမ်းဟာ ဒကာ ဒကာမတို့ရဲ့ သက်တမ်း
ပဲ၊ တစ်ဝေဒနာ ပျက်ပြီး နောက်ဝေဒနာ မလာရင် သေပြီပဲ။ ဝေဒနာသုံးမျိုးနဲ့ လှည့်အသက်ရှင်နေရတယ်။
ဝေဒနာကြီးစိုးလိုက်တာ လူလားမြောက်ကတည်းက အားကိုမအားရဘူး၊ ချမ်းသာချင်တဲ့ ဝေဒနာက နေ့
မအား ညမအား အမောဆိုက်အောင် နွားလုပ်ခိုင်းတာ၊ ဖြစ်စဉ်က ကိုက်နေတယ်။
ယားတာ ဒုက္ခဝေဒနာ ယားတာပျောက်သွားတာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ ရှုတတ်တာ ကြမ်းလို့၊ သုခ
ဝေဒနာ မရှုတတ်တာ နုလို့။ ဘာဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှုရမယ်၊ ဒုက္ခဝေဒနာ တစ်ခုတည်းကို ရှာရှုနေ
ရင် ငါးပါးမှောက်မယ်၊ ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်တယ်၊ ကာယဝိညာမှန်းသိတဲ့ ဝီထိက ဘာမှမဖြစ်ဘူး၊
မနောဒွါရနဲ့ လှမ်းသာယာလိုက်မှ၊ ဟဒယဝတ္ထုပေါ်မှာ ဇော (၇) ကြိမ်နဲ့ တဏှာဖြစ်တာ၊ ဝေဒနာပေါ်လဲ
ပေါ်သွားတယ်၊ ဒီကနေ့ပြီး ရှိသေးသလား ရှိသေးသလားနဲ့ တွေးလုံးသာခထုတ်ပါ၊ တွေးလုံးထုတ်သည်
နှင့် တစ်ပြိုင်နက်၊ တွေးတဲ့စိတ်ပေါ်သည်နှင့် အရင်ဖြစ်တဲ့စိတ်ဟာ..ရှိကို မရှိဘူး။ စိတ်ထဲ ချမ်းသာတာက
လေး ပေါ်လာရင်လည်း ဇိမ်ခံမနေနဲ့ ဖြစ်ပျက်ရှုလိုက်။ ချမ်းသာတာ ချမ်းသာသက် ရှည်နေတယ်ဆိုရင်
တဏှာကြားခိုပြီလို့ မှတ်ပါ။ ဝေဒနာဖြစ်တာကို ခံစားရတာကောင်းလိုက်တာ ဆိုတာဟာ..တဏှာနဲ့ သိတာ
အိပ်ခန်းထဲ တစ်ယောက်တည်း၊ ကိုယ့်စိတ်ကူးကလေးနဲ့ ကိုယ်ပျော်နေတာ တဏှာနဲ့ကိုဗျ၊ ငွေမှန်မှန်
ဝင်တဲ့ ပုဂ္ဂိုလ်ပြုံးနေတာဟာ..တဏှာနဲ့ အဖော်လုပ်နေတာပါ။
ဝေဒနာက သူ့သဘောနဲ့ သူပျက်နေတာကို သူစိမ်းသဘောနဲ့ ကြည့်ပါ၊ ဝေဒနာနဲ့ ငါနဲ့ မရောပါစေနဲ့၊ ခန္ဓာ
ထဲဝေဒနာဖြစ်နေတဲ့ နေရာေ

Sunday, December 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နားငြီးလဲ ပြောရမှာပဲ (၁)
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မင်းတို့ကွာ … ဒီပြင်ဟာ စားရေးသောက်ရေး၊ နေရေး၊ ထိုင်ရေး ဒါကို ထည့်ပြီးစကားမပြောပါနဲ့တဲ့။
ငရဲရေသောက်မြစ်ဖြုတ်စမ်းပါ။
တိရစ္ဆာန်လည်း ရှာစားရတာပဲကွာတဲ့၊ မထူးပါဘူး၊ ဟောဒီငရဲ ရေသောက်မြစ် တစ်ခုတော့ မင်းတို့ အရေးတကြီး ဖြုတ်စမ်းပါကွာတဲ့၊ သိပ်မှာတာပဲ … (မှန်ပါ့)။
ငရဲရေသောက်
မြစ်ဆိုတဲ့ဥစ္စာ ဘာတုံးဆိုလို့ရှိရင် အခုပေါ်လာတာကလေးတွေဟာ စိတ်ကလေးတွေမှန်း
သိလျက်သားနဲ့ စားချင်တဲ့စိတ်ကလေးပေါ်လာတယ်၊ အိပ်ချင်တဲ့ စိတ်ကလေးပေါ် လာတယ်၊ ၀တ်ချင်တဲ့ စိတ်ကလေးပေါ်လာတယ်၊ အဲဒါကို ငါလုပ်နေတဲ့ဥစ္စာ ဘုရားက အစက်ဆုပ်ဆုံးပဲ … (မှန်ပါ့ဘုရား)။
စားချင်တဲ့စိတ်၊
ဝတ်ချင်တဲ့စိတ်၊ အိပ်ချင်တဲ့ စိတ်၊ ပြောချင်တဲ့ စိတ်၊ ဆိုချင်တဲ့ စိတ်
ဒီစိတ်ကလေးတွေဟာ သူ့အကြောင်း တိုက်ဆိုင်တော့ ပေါ်လာတာပဲ …… (မှန်ပါ့)၊
အဲဒါကို ဦးမာတင်တို့၊ ဦးသန်းမောင်တို့ကလည်း လာတဲ့စိတ်ကို ငါလုပ်နေတာပဲ
….. (မှန်ပါ့)။
လာတဲ့စိတ်ကို ….. (ငါလုပ်နေပါတယ်ဘုရား)၊ လာတဲ့ စိတ်ကို ငါမလုပ်ပါနဲ့လို့ သတိပေးလိုက်တယ်နော် ….. (မှန်ပါ့)။
ပေါ်လာတဲ့စိတ်ကို ငါမလုပ်ပါနဲ့
လာတဲ့စိတ်ကို
ငါမလုပ်ပါနဲ့၊ လာတဲ့စိတ်ဟာ စိတ်တစ်မျိုးပဲ၊ ဒါဟာ စိတ်တစ်မျိုးပဲလို့
စားချင်တဲ့စိတ်လာတယ်၊ သြော် ….. ဒါ စားချင်တဲ့စိတ် တစ်မျိုးပဲ၊ ဒါလောက်တွင်
ထားပါ …. (မှန်ပါ့ဘုရား)။
အိပ်ချင်တဲ့စိတ်
လာပြန်တော့ အိပ်ချင်တဲ့စိတ် တစ်မျိုးပဲလို့ မှတ်လိုက်တာပေါ့ …..
(မှန်ပါ့)၊ ပြောချင်တဲ့ စိတ်လာရင်ကော ….. (ပြောချင်တဲ့စိတ်
တစ်မျိုးပါဘုရား)။
ဒီလိုသာ မှတ်နေ ဦးမာတင်တို့၊ ဦးသန်းမောင်တို့ရေ ….. (မှန်ပါ)၊ ဒီ့ပြင် ဘာမှမပြောင်းပါနဲ့ … (မှန်ပါ့)။
စားချင်တဲ့ စိတ်လာလည်း သြော် …. စားချင်တဲ့စိတ်ပဲ၊ အိပ်ချင်တဲ့စိတ်လာရင် …. (အိပ်ချင်တဲ့စိတ်ပါပဲ ဘုရား)။
သူ့ကိစ္စနဲ့ သူပေါ်လာတာလို့ သိနေ
ကျင်ကြီးစွန့်ချင်တဲ့စိတ်လာရင်
ကျင်ကြီးစွန့်ချင်တဲ့ စိတ်ကလေးလို့သိ ….. (မှန်လှပါ)၊ ကျင်ငယ်စွန့်ချင်ရင်
ကျင်ငယ်စွန့်ချင်တဲ့ စိတ်ကလေးလို့သိ …. (မှန်ပါ့)။
ဒီလိုချည့်
ပေါ်တဲ့စိတ်ကို သူ့ကိစ္စနဲ့သူပေါ်လာတာကိုး၊ သူ့ကိစ္စနဲ့ သူပေါ်လာတာကိုး …. လို့
ဒီ ဒကာ ဒကာမတွေက သိနေလို့ရှိရင် ဒါ ငါမဟုတ်၊ ငါဥစ္စာ မဟုတ်ဆိုတာ ပေါ်လာတာပဲ
…. (မှန်ပါ့)၊ ရှင်းပြီနော် ….. (ရှင်းပါပြီဘုရား)။
ဒါ အထူးဂရုစိုက်ပြီးတော့ နားထောင်ပါလို့ ဆိုတာ သတိပေးတယ်နော် …. (မှန်ပါ့)။
ငါပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်
အရေးကြီးဆုံးက ဘာအရေးကြီးဆုံးတုံး ….. ဆိုတော့ ငါပြုတ်ဖို့၊ ငါ့ဥစ္စာပြုတ်ဖို့၊ ဒါအရေးကြီးဆုံး မှတ်စမ်းပါ ….. (မှန်လှပါဘုရား)။
ငါပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်၊ ငါ့ဥစ
Subscribe to:
Posts (Atom)