ဒကာ
ဒကာမတွေ ဒီနေ့ အလုပ်တရားကို ရှေ့ပိုင်းက ပေးရမယ်၊ ပြီးတော့မှ အလုပ်
တရားပေး ပုံကို ရှင်သာရိပုတ္တရာ ဆိုတဲ့ ရဟန္တာကြီး ရှင်ကောဠိကဆိုတဲ့
ရဟန္တကြီးနှစ်ပါးက ဒီလိုလုပ်လို့ရှိရင်ကွာ … တဲ့ မအို၊ မသေ၊ အမြဲနေတဲ့
နိဗာန်ရောက်ပါတယ်ဆိုတာ သူတို့က ရဟန္တာနှစ်ပါး အမေ-အဖြေလုပ်ပြီး သကာလ
မောင်နိုင်-ထောက်ခံချက်ပေးမယ် (မှန်ပါ့)။
အဲဒီတော့
ဒကာဒကာမတွေ နိဗာန်ရောက် တရားဟာ ရောက်ပြီးသား ကိုယ်တော် နှစ်ပါးက
ထောက်ခံချက်ပေးပြီး သကာလ ဒီလိုလုပ်ရင် ရပါတယ်ကွာ … ဆိုတာ ကိုစောမောင်
သေသေချာချာ ပြောတယ် … (မှန်ပါ့)။
နိဒါန၀ဂ္ဂသံယုတ်
ပါဠိတော်ဆိုတော့ မောင်နိုင်တို့ သိပြီးသား၊ ကိုယ်တော်တိုင် ပြောတာကို
ခေါ်တယ်နော် (မှန်ပါ့) ကိုင်း … ဒါဖြင့် ပြောကြပါစို့၊ ဒကာ ဒကာမတွေ
သန္တာန်မှာ စိတ်ဆိုတာ ရှိပါတယ်။
စိတ်ဆိုတာသည်
… ဒကာ ဒကာမတွေမှာ တစ်ခါတလေလဲ မြင်စိတ်ပေါ်တယ်လို့ ကိုစောမောင်- မရှိဘူးလား -
(ရှိပါတယ်ဘုရား) အင်း … ဒီမြင်စိတ်လဲ ဂရုစိုက်ရလိမ့်မနော် - (မှန်ပါ့)။
တစ်ခါတလေလဲ
ကြားစိတ် ပေါ်တယ်ဆိုတာလဲ ရှိတယ်၊ မရှိပေဘူးလား- (ရှိပါတယ်ဘုရား)
တစ်ခါတလေကျတော့ မွှေးတာ နံတာကလေး သိတဲ့စိတ်ကလေး၊ နှာခေါင်း အစုံပေါ်တဲ့
စိတ်ကလေး … (ရှိပါတယ်ဘုရား)။
ဒါလဲ တရားလို့ မှတ်ကြနော်၊ ပေါ်တာကို သိမှ ပျက်တာသိမှာကိုး … (မှန်ပါ့)။
လျှာအလယ်မှာ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငန်တယ်-ဆိုတဲ့ စားတဲ့ စိတ်ကလေးဟာ လျှာအလယ်မှာပေါ်တယ်၊ ဒါက စားစိတ်ကလေးပေါ့ဗျာ … (မှန်ပါ့)။
ကိုယ်ကျတော့ကို
… တဲ့ ဆံဖျား၊ ခြေသည်းဖျား၊ အရေခြောက်ချန်ပြီး ကျန်တဲ့နေရာမှာတဲ့ တစ်ခါတလေ
နာကျင်ကိုက်ခဲတဲ့ စိတ်ကလေး၊ ယားနာတဲ့ စိတ်ကလေးလဲ ပေါ်တတ်တယ် …
(မှန်ပါ့ဘုရား)။
တစ်ခါတလေ
ကျတော့ ချမ်းသာတဲ့ စိတ်ကလေးတွေ လေပြည်လေညှင်းတိုက်လို့၊ မီးလှုံ့လို့
ချမ်းသာတဲ့ စိတ်ကလေးတွေလဲ ကိုယ်ပေါ်မှာ ပေါ်တတ်တယ် … (မှန်ပါ့)။
ကိုယ်ပေါ်မှာတော့ ချမ်းသာတဲ့စိတ်၊ ဆင်းရဲစိတ်နှစ်မျိုး ပေါ်တယ် … (မှန်ပါ့) ငါးမျိုးရှိသွားပြီနော် … (မှန်ပါ့)။
ချမ်းသာ-ဆင်းရဲတာ ချမ်းသာလဲရှုပေါ့လေ … ဆင်းရဲလဲရှုပေါ့၊ အလုပ်သမားတွေ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ရလိမ့်မယ်။
အခု
ပြောပြီးသား မြင်စိတ်ရယ်၊ ကြားစိတ်ရယ်၊ နံစိတ်ရယ်၊ စားစိတ်ရယ်၊
ယားယံကောင်း စိတ်ရယ်၊ ယားယံကောင်းစိတ်ဆိုတာက ကိုစောမောင်-ကိုယ်ပေါ်မှာ
ပေါ်တယ် (မှန်ပါ့)။
ဒါ-ပြင်ဘက်မှာ ပေါ်သောကြောင့် ကိုဝ တို့ကမှတ်၊ ကိုပေါ်တို့က မှတ်၊ အပြင်ဧည့်သည် ငါးယောက် …(မှန်ပါ့)။
အပြင်ဧည့်သည်
ငါးယောက်လို့ ဆရာဘုန်းကြီးက ဆိုင်းဆွဲပေးလိုက်တယ်ဆိုတော့ ဒါဟာ ပေါ်ချင်တဲ့
အချိန်မှာ ပေါ်တာ ဖြစ်သောကြောင့် ကိုစောမောင်က ဟုတ်တယ်ဟေ့လို့
ဆုံးဖြတ်ချက်ချ၊ အမြဲပေါ်တာ မဟုတ်ဘူး … (မှန်ပါ့)။
ဒါက အရှုခံ တရားတွေ သိအောင်လို့ ပြောပေးနေပါတယ်။
တစ်ခါ
ဒါက ၀မ်းထဲပေါ်တဲ့ ဧည့်သည်ပြောကြအုံးစို့၊ ၀မ်းထဲပေါ်တဲ့ ဧည့်သည်ကတော့
တစ်ခါတလေကျတော့လဲ လိုချင်တဲ့ လောဘ စိတ်ကလေးပေါ်တယ်၊ ဒါလဲ တစ်ခါတလေကျမှ ပေါ်တာ
…(မှန်ပါ့)။
ကိုစောမောင်-တစ်ခု ရရောပေါ့နော် … (မှန်ပါ့ရပါပြီ)။
ဝမ်းထဲမှာ
တစ်ခါတလေကျတော့လဲ အလိုမကျတဲ့ ဒေါသ စိတ်ကလေးများလဲ ပေါ်ချင်ပေါ် နေတာ
…(မှန်ပါ့)။ တစ်ခါတလေကျတော့လဲ သံသယရှိတယ်။ စိတ်ပျံ့လွင့်တယ်ဆိုတဲ့ မောဟကော …
(ပေါ်ပါတယ်ဘုရား)။
ဝမ်းထဲမှာ အကုသိုလ်ဘက်က သုံးခုပေါ့ဗျာ … (မှန်ပါ့)။
ကုသိုလ်ဘက်ကတော့
တစ်ခါတလေကျတော့ ပေးချင် ကမ်းချင်တဲ့ အလောဘစိတ် ကလေးလဲ ပေါ်တယ်၊ ပေးချင်
ကမ်းချင်တဲ့စိတ်ဟာ အလောဘစိတ်လို့မှတ်လိုက် … (မှန်ပါ့) တစ်ခါ တလေကျတော့
မေတ္တာရှိတဲ့ စိတ်ကလေးဟာ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား) အဲဒါက အဒေါ သစိတ်လို့
မှတ်လို
က်ပါ။ အဒေါသစိတ်ဆိုတာ သူများ မပြစ်မှားတဲ့ စိတ်ပေါ့လေနော် …
(မှန်ပါ့ဘုရား) ကရုဏာထားတဲ့စိတ်၊ မေတ္တာထားတဲ့စိတ်ဟာ အဒေါသစိတ်ပဲ (မှန်ပါ့)
ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
အမောဟစိတ်ဆိုတာ
တစ်ခါတလေကျတော့ ကျောက်ကလေးတွေ၊ ဘာကလေးတွေလဲ ခင်ဗျားတို့ အကြံအစည်နဲ့
ကြံစည်တဲ့အခါကျလို့ရှိရင် အဲဒါ မောင်နိုင် - အမောဟစိတ်လို့ ခေါ်တယ် …
(မှန်ပါ့)။။
ဝိပဿနာကြံတာတော့
မဟုတ်ဘူးပေါ့ဗျာ - (မှန်ပါ့) ကိုယ့်လုပ်ခင်း ကိုင်ခင်းကို ကြံတာ
ဦးဘရှင်းတို့ မရှိဘူးလား - (ရှိပါတယ်ဘုရား) အဲဒါ အမောဟစိတ်လို့
မှတ်ထားလိုက်နော် … (မှန်ပါ့)။
အဲဒီတော့ ၀မ်းထဲမှာ ခြောက်မျိုးပေါ့ဗျာ၊ ဒါလဲ အတွင်း ဧည့်သည်ခြောက်ယောက်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့)။
အပြင်ကလဲ
ခြောက်ဆိုလဲ ဟုတ်တာပဲ၊ ငါးဆိုလဲ ဟုတ်တာပဲနော် … (မှန်ပါ့)။ ကိုယ်ပေါ်မှာ
သုခ၊ ဒုက္ခနဲ့ ဆိုတော့ အပြင်က ခြောက်ထားလိုက်ဦးတော့ … (မှန်ပါ့) အတွင်းက
ခြောက်ဆိုတော့ ဧည့်သည် ဆယ့်နှစ်ယောက် မရှိဘူးလား … (ရှိပါတယ်ဘုရား)။
အဲဒီတော့
ဒါဧည့်သည်ဆိုသဖြင့် ကျုပ်တို့က ၀ိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ သြော် … ကြုံတဲ့အခါ
ရှုဖို့ပဲ၊ ဒီဆယ့်နှစ်ခုကတော့ … (မှန်ပါ့) ရှင်းကြပလား …
(ရှင်းပါပြီဘုရား)။
ဆယ့်နှစ်ခုကတော့ … (ကြုံတဲ့အခါ ရှုဖို့ပါဘုရား)။
ဒါဖြင့် မကြုံတဲ့အခါကျတော့ ဘယ့်နှယ်နေမလဲဘုရား … လို့ဆိုတော့ အိုး … သက်စောင့်ရှိသေးတယ်ဟေ့လို့ ပြောရမယ် … (မှန်ပါ့)။
သက်စောင့်က
ဘာပါလိမ့်မတုံးဆိုတော့ နောက်က ဒကာ ဒကာမတွေ သက်စောင့်က လေကို
ထုတ်တဲ့စိတ်ကလေး၊ အဲဒါမသေအောင် စောင့်တာပဲ၊ သတ္တ၀ါကို သုဿာန်မပို့ရအောင်
စောင့်နေတဲ့စိတ်၊ ကိုပေါ်-ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
တစ်ခါ
… လေပြန်ရှိုက်တဲ့စိတ်၊ ဒီစိတ်ကလေး နှစ်ခုကတော့ ခုနင်က ဧည့်သည်
ဆယ့်နှစ်ယောက် မရှိလို့ရှိရင် သူတို့နှစ်ခုက အသက်စောင့်နေတယ် … (မှန်ပါ့)။
ဒါဖြင့် အရှုခံတရား ဆယ့်လေးခု၊ မှတ်မိကြပလား … (မှတ်မိကြပါပြီဘုရား)။
အရှုခံတရား … (ဆယ့်လေးခုပါဘုရား)။
ဒါ သေသေချာချာမှတ်ပါနော် …၊ အရှုခံတရားက အပြင် ဧည့်သည်ခြောက်၊ အတွင်းဧည့်သည်က … (ခြောက်ပါဘုရား) အိမ်သည်က … (နှစ်ယောက်ပါဘုရား)။
ကောင်းပြီ
… ဒါတွေ စိတ်တရားချည်းလို့ မှတ်စမ်းပါ။ (မှန်ပါ့) ဒီစိတ်တွေက ဘုန်ကြီးတို့
ဒကာဒကာမတွေက အပြင်ဧည့်သည် လာလို့ရှိရင်လဲ ဒါ … စိတ်လို့ပဲ ရှေ့ဦးစွာ
မှတ်လိုက်တဲ့ အတွက် စိတ်ဆိုတာ နာမ်ဓမ္မလို့မှတ်တော့ သြော် နာမ်ပဲဆိုတာ
သေချာတယ် … (မှန်ပါ့)
စိတ်ဟူသရွေ့ဟာလဲ
ရုပ်ပေါ်မှာ ပေါ်ရသည် ဖြစ်သောကြောင့် သြော် … စိတ်ဟာ ဘယ်သူ့အပေါ် ပေါ်ပါလိမ့်
မတုံးဆိုတော့ ရုပ်ပေါ်မှာ ပေါ်ရတယ် … (မှန်ပါ့)။
ဒါဖြင့် စိတ်ကနာမ်၊ အောက်က သူ့အခံက ရုပ်ပေါ့ဗျာ၊ (မှန်ပါ့) နာမ်ရုပ်လဲ ကိုစောမောင်ရှင်း တယ် … (ရှင်းပါတယ်ဘုရား)။
မျက်လုံးစိတ် ဆိုလို့ရှိရင် ကိုစောမောင် မျက်လုံးရုပ်ပေါ်မှာ ပေါ်မှာပဲ … (မှန်ပါ့) အဲဒီတော့ နာမ်ရုပ်ပေါ့ဗျာ …။
နားစိတ် ဆိုလို့ရှိရင် နားရုပ်ပေါ်မှာ နားကြားတဲ့စိတ်ပေါ်မှာပါပဲ … (မှန်ပါ့) ဒီတော့ ကိုဝ နာမ်ရုပ်ခွဲစရာလိုသေးသလား … (မလိုပါဘုရား)။
သူ့
အနေနဲ့သူ တွဲလျက်တွဲလျက် ပေါ်နေတယ်ဆိုတာ သိပြီးသား … (သိပြီးသားပါဘုရား)
ကိုစောမောင် ရှင်းသွားတယ်- (မှန်ပါ့-ရှင်းပါတယ်ဘုရား) ဒကာကြီးလှိုင်
သေသေချာချာမှတ်ပါနော် … (မှန်ပါ့)။
အဲဒီတော့
အခု ဆယ့်နှစ်ခုဟာ ခုနင်က အတွင်းဧည့်သည် ခြောက်ယောက်လဲ ဟဒယ ၀တ္ထုပေါ်မှာချည့်
အလှည့်ကျနဲ့ ပေါ်နေကြတာပဲ … (မှန်ပါ့) ဒီတော့ ရုပ်ပေါ်မှာ ပေါ်တာပဲဆိုတာ
မသေချာဘူးလား … (သေချာပါတယ်ဘုရား)။
ကောင်းပြီ
… ရှုစိတ်နဲ့ ရှိုက်စိတ်ကကောလို့ မေးတော့လဲ သူလဲ ဟဒယ ၀တ္ထုပေါ်မှာ
ပေါ်ကြတယ်ဆိုတော့ သြော် … ရုပ်ပေါ်မှာ နာမ်ပေါ်တယ်ဆိုတာ သေချာပြီး …
(သေချာပါပြီဘုရား)။
ဒါဖြင့်
ဒကာဒကာမတွေ သန္တာန်မှာ ဘာသာလျှင် ရှိသတုံးလို့ မေးတဲ့အခါ ဘာပေါ်ပေါ်
ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် နာမ်ရုပ်ပေါ်တာပဲ … (မှန်ပါ့) ဦးဘကလေး
ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် … (နာမ်ရုပ်ပဲ ရှိပါတယ်ဘုရား)။
ဒါဖြင့် မြင်တာလဲ နာမ်ရုပ်က မြင်တာ၊ ကြားတာကော … (နာမ်ရုပ်က ကြားတာပါဘုရား)။
ကိုဝ ဒါဖြင့် နာမ်ရုပ် အထူးခွဲစရာ လိုသေးသလား … (မလိုပါဘုရား)။
ရှင်းသွားပြီ … တဲ့၊ ဒါ စိတ္တာနုပဿနာဟောမလို့ ရှေးဦးစွာ နာမ်ရုပ်ကို ကိုစောမောင် ဝေဖန် လိုက်တာ … (မှန်ပါ့)။
ဒါဖြင့်
နာမရူပ ပရိစ္ဆေဒဥာဏ်ရပြီ (မှန်ပါ့) နာမ်ရုပ်ပိုင်းခြားသိတဲ့ဥာဏ်
မရသေးဘူးလား … (ရပါပြီ) ရပြီလို့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့။
ဒါဟာ
ဒကာဒကာမတွေ နောက်တော့ အလုပ်တွေချည့်ပြောမှာ ဖြစ်နေတော့ ဒါဟာ သြော် -
ရှုစရာတွေဟာ ဒီဆယ့်လေးခုထက် ပိုမရှိပါကလားဆိုတာ မှတ်ရုံပေါ့ (မှန်ပါ့)
ဒါ-သေသေချာချာ မှတ်ထားကြပါ။
အရင်တုန်းက
ဆယ့်နှစ်ခုပြောတာ၊ အခု ဆယ့်လေးခု အတူတူပဲလို့သာ မှတ်လိုက်တော့ … (မှန်ပါ့)
အတူတူပဲ သုခ ဒုက္ခ ခွဲလိုက်တာပဲ မောင်နိုင် … (မှန်ပါ့)။
ကိုင်း … ဒါဖြင့် နာမ်ရုပ်ခွဲပြီးတော့ အကြောင်းအကျိုး ခွဲရဦးမယ်လို့ မဆိုရပေဘူးလား … (ဆိုရပါတယ်ဘုရား)။
အကြောင်းအကျိုးခွဲတော့
ဒီမှာသိနေတာပဲ၊ မျက်လုံးစိတ်ကလေးဟာ အဆင်းနဲ့ မျက်လုံးရုပ်နဲပ
မပေါင်းမိဘဲနဲ့ မြင်စိတ် ပေါ်ပါ့မလား … (မပေါ်ပါဘုရား)။
ဒါဖြင့်
ဒီမြင်စိတ်ကလေးဟာ ဒကာဒကာမတို့ အာရုံရယ် ဒွါရဆိုတဲ့ အကြည်ရုပ်ကလေးရယ်
နှစ်ခု တိုက်ဆိုင်မိလို့ ပေါ်လာတာ … (မှန်ပါ့) နားကျတော့ကော …
(နှစ်ခုတိုက်ဆိုင်လို့ ကြားစိတ်ပေါ်တာပါုရား) အသံက ကြားရုပ်နဲ့ တိုက်မိလို့
(မှန်ပါ့ဘုရား)။
ဒီအတိုင်းသွားလိုက်တော့
ကိုစောမောင် ဒါ -သြော် … စိတ်ဖြစ်ခြင်းအကြောင်းလဲ ဒို့-သိပြီ၊ သိကြား၊
ဗြဟ္မာ၊ ဘုရား လာပြီး ထည့်တဲ့စိတ် မဟုတ်ဘူး … (မှန်ပါ့) နှစ်ခုတိုက်လို့
ပေါ်တဲ့စိတ်တွေပဲဆိုတော့ ဒါက ၀ိစိကိစ္ဆာသတ်လိုက်တာ၊ ခုနင်က နာမ်ရုပ်သာ
ရှိတယ်ဆိုတော့ ဒိဠိမသေသေးဘူးလား … (သေပါတယ်ဘုရား) အလိုလိုပေါ်တာလား၊
အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်တာလား … (အကြောင်းနှစ် ခု တိုက်ဆိုင်လို့
ပေါ်တာပါဘုရား)။
ဒါကျတော့ သူ့အလိုလိုပေါ်တာလား၊ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံးဆိုတဲ့ သံသယလာသေးရဲ့ လား (မလာပါ)။
ဒါဖြင့်
ဝိစိကီစ္ဆာက သေသောကြောင့် ဒါသည် ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့တဲ့ နှစ်ဥာဏ်ရ
သွားပြီ (မှန်ပါ့) သိဥာဏ်နှစ်ဥာဏ် ရသွားပြီ … (မှန်ပါ့)။
ကိုစောမောင်-
(သိဥာဏ်နှစ်ဥာဏ်ရပါပြီဘုရား) ပွားဥာဏ်မပါသေးဘူး - (မပါသေးပါဘုရား)
ဒါသိဖို့ ဟောနေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ် လုပ်မည့်
ပုဂ္ဂိုလ်တွေက သေသေချာချာမှတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် နာမရူပ ပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတဲ့ နှစ်ဥာဏ် မောင်နိုင်ရသွားပြီ … (မှန်ပါ့)
နှစ်ဥာဏ်ရပြီးသကာလ သွားတဲ့အခါကျတော့ နောက်ကျတော့ ဖြစ်ပျက်ရှုတဲ့ သမ္မသန၊ ဥဒယဗယလို့ ဆရာဘုန်းကြီးက သင်ဖို့ လိုတယ်နော် … (မှန်ပါ့)။
အဲဒီတော့
ဒီလိုလုပ်ကြစို့ရဲ့၊ ဒကာဒကာမတွေ ၀ိပဿနာရှုဆိုတာ အရှင်ဘုရား … တဲ့၊ အရှင်
ဘုရား များကတော့ ၀ိပဿနာရှုပြီး နိဗာန်ရောက်တာတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊
မိလိန္ဒမင်းကြီးက မေးတယ်၊ ၀ိပဿနာရှုနည်းကလေး တပည့်တော်ကို အမိန့်ရှိစမ်းပါ၊
တပည့်တော်ပဲ နိဗာန် ရောက်ကြောင်းလုပ်ချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်
အပါအ၀င်ပါပဲ။
မေးလိုက်တဲ့အခါကျတော့ ဒကာကြီးတောထဲမှာ သစ်တွေ ကျားတွေ မရှိဘူးလား … တဲ့ … (ရှိပါတယ်ဘုရား)။
အဲ-သစ်တွေကျားတွေဟာ
သူတို့စားချင်တဲ့ သမင်၊ ဒရယ်၊ ဂျီငယ်၊ စိုင်၊ ဆက်၊ ယုန် အစရှိသညို့ကို
အပြေးလိုက်ဖမ်းသလား၊ ချောင်းပြီးဖမ်းသလားမေးတယ် … (မှန်ပါ့ဘုရား)။
ဒကာဒကာမတွေက ဘယ့်နှယ် ထင်ကြသလဲ -(ချောင်းပြီးဖမ်းပါတယ်ဘုရား)။
ချောင်းပြီး ဖမ်းရတယ်၊ အပြေးလိုက်ဖမ်းရင် သူ့ထက် အပြေးသန်တဲ့ ပုဂ္ဂိုလ်ကို - ကိုဝ မိပါ့မလား … (မမိပါဘုရား)။
ဒါဖြင့်
ချောင်းဖမ်းပါဆိုတော့၊ ထို့အတူပဲ ဒကာဒကာမတွေက သမာဓိကောင်းကောင်းနဲပ
ချောင်းနေပါ၊ ချောင်းနေတဲ့အခါ မြင်စိတ်ပေါ်ရင် မြင်စိတ်ဖြစ်ပျက်ရှုပေး -
(မှန်ပါ့) ဥာဏ်နဲ့နော် … (မှန်ပါ့ဘုရား)။
ချောင်းနေပါ
သမာဓိ ကောင်းကောင်းနဲ့ စောင့်နေပါ ကိုစောမောင် … (မှန်ပါ့) ကြားစိတ်ပေါ်ရင်
(ကြားစိတ်ဖြစ်ပျက်ရှု) ကြားစိတ်ဖြစ်ပျက်ရှုလိုက်၊ နံစိတ်ပေါ်ရင်
(နံစိတ်ဖြစ်ပျက်ရှု)။
အေး
… တောထဲက ကျားတို့ သစ်တို့ဟာ ကိုပေါ်တို့ ကိုဝတို့ ချောင်းဖမ်း-ဖမ်းပြီး
သူတို့ အကောင်ကြီးတွေဖြစ်လို့ သူတို့ထက်မြန်တဲ့ အကောင်တွေကို
စားသောက်ရအောင် ချောင်းပြီးမှ ဖမ်းရသလို ခင်ဗျားတို့လဲ ဆိတ်ငြိမ်တဲ့
နေရာမှာ သမာဓိကလေးထည့်ပြီး ချောင်းဖမ်းပါ … (မှန်ပါ့ဘုရား)။
ဒကာကြီးလှိုင် ဒီအတိုင်းရှုလို့ မရဘူးနော် … (မှန်ပါ့) ချောင်းဖမ်းရမယ်ဆိုတဲ့ အဓိပါယ်ကော ရှင်းကြပလား .. (ရှင်းပါပြီဘုရား)။
ဒါဖြင့်
သမာဓိကောင်းကောင်းနဲ့ သမာဓိတည်းဟူသော ချုံထဲမှာ အောင်းပြီးသကာလ ဥာဏ်တည်း
ဟူသော ကျားကဖြစ်ပျက်တည်းဟူသော သားကောင်ကို ဖမ်းရမယ် … (မှန်ပါ့) ရှင်းပလား …
(ရှင်းပါပြီဘုရား)။
အလုပ်ကို ရှင်းရှင်းပေးနေတယ်ဆိုတာ သေသေချာချာမှတ်ပါ … (မှန်ပါ့ဘုရား)။
အလုပ်
ရှင်းရှင်းပေးနေတယ်ဆိုတာ ကိုစောမောင် မှတ်မိပလား … (မှတ်မိပါပြီ)
သမာဓိတည်းဟူ သော ချုံထဲမှ အောင်းရမယ် … (မှန်ပါ့) သဘောကျပါလား …
(ကျပါပြီဘုရား)။
အေး
- သမာဓိတည်းဟူသော ချုံထဲက အောင်းပြီး သကာလ ကျားနဲ့တူတဲ့ဥာဏ်သည် သားကောင်
နဲ့တူတဲ့ ၀ိညာဏ်စိတ်တွေ စိတ်တွေကို ဖမ်းရမယ် … (မှန်ပါ့) မမိပေဘူးလား
(မိပါတယ်ဘုရား)။
အဲဒီတော့
သမာဓိချုံထဲမှာ မအောင်းလို့ရှိရင်ဖြင့် ဥာဏ်တည်းဟူသော ကျားဟာ
အပြေးလိုက်ဖမ်း လို့ရှိရင် လွတ်သွားမှာပဲဆိုတာ ကိုဝ-ကိုပေါ် တို့
မှတ်ရလိမ့်မယ် - (မှန်ပါ့) မိနိုင်ပါ့မလား … (မမိနိုင်ပါဘုရား)၊
ဒါဖြင့်
သမာဓိတည်းဟူသော ချုံထဲမှာ ဥာဏ်တည်းဟူသော ကျားက အမြဲတမ်းစောင့်ပြီးသကာလ
နေတော့မှ မြင်စိတ်ပေါ်လဲ မြင်စိတ်စားလိုက် ကိုစောမောင် … (မှန်ပါ့)
ဖြစ်ပျက်ရှုလိုက်ပြောတာ … (မှန်ပါ့) ကြားစိတ်ပေါ်ရင် …
(ကြားစိတ်ဖြစ်ပျက်ရှုရပါမယ်ဘုရား)။
ကြားစိတ်
စားလိုက်ပါဆိုတော့ ဥာဏ်နဲ့ သားကောင်နဲ့ဟာ မိလျက်ချည့်နေတယ် … (မှန်ပါ့)
ထို့အတူပဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုင်လျက်ချည်းနေတယ် … (မှန်ပါ့)
မကိုက်ပေဘူးလား … (ကိုက်ပါတယ် ဘုရား)။
နောက်က
ဒကာဒကာမတွေ သဘောကျကြလား … (ကျပါတယ်ဘုရား) လုပ်နည်းရကြပလား၊ လုပ်နည်းဟာ
ဒီအတိုင်းပဲ မှတ်ရမယ် … (မှန်ပါ့) ချောင်းဖမ်းမှ နေရာကျမယ်ဆိုတာ ပေါ်ပလား …
(ပေါ်ပါပြီ)။
အေး
… ဒါဖြင့် ဘုန်းကြီးက စကားတတ်လို့ ပြောဆိုတဲ့ အသွားရယ်လို့လဲ ဒကာဒကာမတွေက
မမှတ်ဘဲနဲ့ ရှင်နာဂသိန် “ယထာပိ ဒီပိကောနာမ နိလီယိတွာ ဂဏှေ” လို့
ပါဠိတော်မှာ သေသေချာချာ ဟောထားတဲ့အတွက် ပုန်းအောင်းပြီးမှ ရှုရမယ်ကွာ …
တောထဲက ကျားဟာ သားကောင်ကို ဒီအတိုင် မဖမ်းနိုင်ဘူး၊ ချောင်းပြီးမှ
ဖမ်းနိုင်တယ်ကွ … တစ်နေရာပုန်းအောင်းပြီး ချောင်းဖမ်းရတယ်ဆိုတဲ့ ဥစ္စာ
ဝိပဿနာရှုရင် ဒီလိုပဲ သမာဓိချုံထဲမှာ ဥာဏ်အောင်းပြီးသကာလ ကိုဝရေ
သားကောင်နဲ့တူတဲ့ ခုနင်က ဆယ့်လေးခုကိုဖမ်းပါ၊ ရှင်းပလား … (ရှင်းပါပြီ)။
ခုနင်က ဆယ့်လေးခုကို ဖမ်းလိုက်ပါ၊ နောက်က ဒကာ ဒကာမတွေ နားလည်ကြပလား … (နားလည်ပါပြီ)။
သမာဓိက
ဘာနဲ့တူသတုံး … (ချုံနဲ့တူပါတယ်ဘုရား) ဥာဏ် ကဘာနဲ့တူသတုံး …
(ကျားနဲ့တူပါတယ်ဘုရား) ခုနင်က ဆယ့်လေးခုက ဘာနဲ့တူသတုံး …
(သားကောင်နဲ့တူပါတယ်ဘုရား)။
အဲဒီ သားကောင်တွေကဟာ ချောင်းဖမ်းရင် မိတယ် … (မှန်ပါ့) ဦးဘရှင်း နေရာကျပလား … (ကျပါပြီ)။
နေရာကျပြီတဲ့၊
ချောင်းဖမ်းလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ တစ်ခါတည်း အသေကလေးတွေချည့်
မိတယ် … (မှန်ပါ့) အပျက်ကလေးတွေချည်းမိပါလိမ့်မယ် … (မှန်ပါ့) သဘောကျပလား
(ကျပါပြီ)။
အပျက်ကလေးတွေချည့်
မိတဲ့အခါကျတော့ဖြင့် အပျက်နဲ့ မဂ်နဲ့ကိုက်တယ်လို့ ဆိုရတော့မယ် ကိုစောမောင်
… (မှန်ပါ့) မဆိုပါနဲ့ဆိုလို့ ရသေးရဲ့လား … (မရပါဘုရား)။
အဲဒီ
အလုပ်မလုပ်တတ်သေးတဲ့ ပုဂ္ဂိုလ်တွေအတွက်သော် လည်းကောင်း၊ အလုပ်လုပ်ပြီးသား
ပုဂ္ဂိုလ်တွေအတွက်သော် လည်းကောင်း၊ ဒီနေ့ သေသေချာချာ ပြောတယ်လို့မှတ်ပါ …
(မှန်ပါ့)။
သေသေချာချာ
ပြောတယ်လို့မှတ်ပါ … ၀ိပဿနာရှုနည်း နိဿရည်းကို ရှင်နာဂသိန်က
မိလိန္ဒမင်းကြီးကို သင်တာပါပဲ … (မှန်ပါ့) “ယထာပိ ဒီပိကော နာမ”
ဆိုတဲ့အတိုင်း ဒီပိကောဆိုတာ သစ်ကို ဆိုတာပါပဲနော် … နိလီယိတွာ ဆိုတာ
ပုန်းအောင်းရမယ်ကွ … ဒီအတိုင်းဆိုတာပဲနော် … (မှန်ပါ့)။
ထို့အတူပဲတဲ့
ယောဂါဝစရ ပုဂ္ဂိုလ်လဲ သမာဓိချုံထဲမှာ ဥာဏ်အောင်းပြီး သကာလ သားကောင်ဆယ့်
လေးကောင်ပေါ်ရာဖမ်းပါ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီ)။
သို့သော်
ခင်ဗျားတို့ ဆယ့်လေးခုစလုံး ပြိုင်တူဘယ်တော့မှ မပေါ်ဘူး … (မှန်ပါ့)
တစ်ခုသာ ပေါ်မယ်ဆိုတော့ မမိစရာရှိသေးရဲ့လား … (မရှိပါဘုရား)။
ကိုင်း
… ကိုစောမောင် - ဖမ်းတတ်ပလား-(ဖမ်းတတ်ပါပြီ)၊ ဒါဘာအနုပဿနာလဲ … လို့ အခုသင်
နေတာ၊ စိတ်ကို အဖမ်းခိုင်းတဲ့အတွက် စိတ္တာနုပဿနာ … (မှန်ပါ့) စိတ္တက စိတ်၊
အနုပဿနာက နောက်ကနေ ချောင်းဖမ်းတာကို ဆိုတာ (မှန်ပါ့) စိတ္တက … (စိတ်ပါဘုရား)
အနုပဿနာက … (ချောင်းဖမ်း တာပါဘုရား) ချောင်းဖမ်းတာကိုဆိုတာ၊
ပေါင်းလိုက်တော့ စိတ္တာနုပဿနာ ရှင်းပလား … (ရှင်းပါပြီဘုရား)။
စိတ္တက ခုနင်က ဆယ့်လေးခုပေါ်ရာကို စိတ်ဆိုတာ သဘောကျပလား … (ကျပါပြီဘုရား) အနုပဿနာဆိုတာက ဘာတုံး (ချောင်းဖမ်းတာပါဘုရား)။
ချောင်းဖမ်းတာ … တဲ့၊ သမာဓိပညာနဲ့ ချောင်းဖမ်းတာကို အနုပဿနာလို့ခေါ်ပါတယ်၊ ပေါင်းလိုက် တော့ ဘယ့်နှယ်ဆိုကြမလဲ (စိတ္တာနုပဿနာပါဘုရား)။
ဒါဖြင့်
မ၊ နဲ့၊ အိ နဲ့ပေါင်းလိုက်တော့ မအိ-ဆိုသလိုပေါ့ ကလေးတုန်းက
စာပေါင်းသလိုနော် … (မှန်ပါ့) စိတ္တနဲ့ အနုပဿနာနဲ့တွဲပေး၊
မောင်နိုင်-တွဲတတ်ပလား … (တွဲတတ်ပါပြီ) စိတ္တက ဘာပါလိမ့် … (စိတ်ကို
ခေါ်ပါတယ်) ဆယ့်လေးမျိုး၊ ခုနင်က ဆရာဘုန်းကြီးပြထားတဲ့စိတ် ဆယ့်လေးမျိုးကို
စိတ်လို့ခေါ် လိုက်ပါ … (မှန်ပါ့) အနုပဿနာက ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ
သူတို့ အဖန်တလဲလဲ ရှုဖို့ပါပဲ (မှန်ပါ့) သမာဓိနဲ့ ပညာ-ဆိုပါတယ်၊ ပေါ်ကြပလား …
(ပေါ်ပါပြီဘုရား)။
ဒါဖြင့် ဒီနေ့ ပိုမိုရှင်းပါရဲ့လားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ … (ရှင်းပါတယ်ဘုရား)။
ရှင်းပြီးတဲ့၊
အလုပ် မလုပ်တတ်တဲ့ ပုဂ္ဂိုလ်မရှိပါဘူးဆိုတဲ့ အခြေအနေရောက်အောင်
သင်ပေးနေတယ်ဆိုတာကိုလဲ နောက်က ဒကာဒကာမတွေ ကံထူးလို့ ကြုံကြရတယ်ဆိုတာကိုလဲ
ကိုစောမောင်-ပြောဖို့မလိုပါဘူး … (မလိုပါဘုရား)။
ဒါဖြင့်
သြော်-ဆရာဘုန်းကြီးက ဒိဌိကခွာပြီးပြီ၊ ၀ိစိကိစ္ဆာလဲသတ်ပြီးပြီ၊ အခု
အနုပဿနာရောက် လာပြီး သမ္မသန၊ ဥဒယဗယ ရောက်လာပြီ ကိုစောမောင် … (မှန်ပါ့)။
အဲဒီကဲ့သို့
ရောက်လာတော့ ဒီဥာဏ်နဲ့ ဒကာဒကာမတွေက ဒီသမာဓိတည်းဟူသော ချုံထဲမှ
ဥာဏ်တည်းဟူသော သစ်တို့ကျားတို့ကို ထားပြီးသကာလ သားကောင်ဆယ့်လေးကောင်ကို
တစ်ကောင်စီ ပေါ်နေတာတော့ ခင်ဗျားတို့ မလွတ်အောင် ဖမ်းယူပါ … (မှန်ပါ့)။
ဖမ်းလိုက်တဲ့အခါကျတော့ အဖမ်းခံရတာကစိတ်၊ ဖမ်းတာက အနုပဿနာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဖမ်းခံရတာက … (စိတ်ပါဘုရား) ဖမ်းတာက (အနုပဿနာပါဘုရား)။
အနုပဿနာဆိုတာလဲ အဖန်တလဲလဲ ရှုတာကို ဆိုပါတယ်၊ ဒါကြောင့် စိတ္တာနုပဿနာ၊ ဒကာကြီးလှိုင် - ရှင်းပလား … (ရှင်းပါပြီဘုရား)။
စိတ္တာနုပဿနာဆိုတာ သဘောကျပလား … (ကျပါပြီ) သြော် … စာသံပါနေသေးသလား … ဒို့ - ဥာဏ်ထဲ ရှင်းသွားပလား … (ရှင်းသွားပါပြီဘုရား)။
ရှင်းသွားပြီနော်
… စာသံပါနေပြန်လဲ ကိုဝတို့က ကျုပ်တို့က မာဂဓဘာသာကိုနားလည်တဲ့အတွက်
ဒါဘုန်းကြီးတွေ အလုပ်ဆိုပြီး ထင်နေကြတယ်၊ မဟုတ်ပါဘူးတဲ့၊
စိတ်ကိုအဖန်တလဲလဲရှုတာပါ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
စိတ်ကို
… (အဖန်တလဲလဲရှုတာပါဘုရား) အဲဒါ ပါဠိလိုသုံးတော့ ဘယ်လိုဖြစ်သွားသတုံး -
(စိတ္တာနုပဿနာပါ) မြန်မာလို ပြန်လိုက်တော့ (စိတ်ကိုအဖန်တလဲလဲရှုတာပါဘုရား)။
စိတ်ကို အဖန်တလဲလဲရှုတာ ဦးဘရှင်း-ဒါငြင်းနေဖို့ မလိုတော့ဘူး … (မှန်ပါ့)။
ကဲ
… ဒါဖြင့် ဒီလောက်ရှင်းလို့ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့် အရှင်ဘုရား၊
ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စိတ္တာနုပဿနာ ဟောပါလိမ့်မလဲလို့
မေးတဲ့အခါကျတော့မှကွာတဲ့၊ သောတာပတ္တိမဂ်ဆိုတာ ဒိဌိသတ်တာဟေ့ … (မှန်ပါ့)
သောတာပတ္တိမဂ် လိုချင်ရင် ဒိဌိသတ်မှရမယ်၊ အထက်မဂ်လိုချင်ရင် တဏှာသတ်မှ ရမယ်၊
မှတ်မိကြပလား … (မှတ်မိပါပြီဘုရား) အထက်မဂ်တွေလိုချင် ရင် (တဏှာသတ်မှ
ရပါတယ်ဘုရား)။
တဏှာသတ်ရမယ်ဆိုတော့
ဒီမှာ ဆရာတွေက မှားသွားကြမယ်ဆိုလို့ရှိရင်ဖြင့် တဏှာသတ်
ဟောထားလို့ရရှိရင်ဖြင့် ကိုစောမောင်-အရင်သတ်ရမှာ မသတ်ဘဲနဲ့
နောက်သတ်ရမှာအရင်သတ်နေလို့ရှိ ရင် မောနေမှာပဲ (မှန်ပါ့) မောနေလို့ရှိရင်
လိုရာခရီး အပြီးအပိုင် ရောက်ပါ့မလား-(မရောက်ပါဘုရား)။
ဒါကြောင့်
အားလုံး အဌကထာ-ဋီကာတွေက ဒီဟာအရင်လုပ်ပါကွာ၊ စိတ်မှာ ဒိဌိအများဆုံးပဲကွ၊
ဒါကြောင့် ဒိဌိသတ်မှ သောတာပန်တည်တယ်၊ သောတာပတ္တိမဂ်မရဘဲနဲ့လဲ အထက်မဂ်
ရချင်လို့ ကိုဝ … (မရပါဘုရား)။
ဒါဖြင့်
ဒိဌိသတ်တဲ့အလုပ်ကို ရှေ့ထားပါ -(မှန်ပါ့) ဦးဘကလေးရှင်းပြီး …
(ရှင်းပါပြီဘုရား) နောက်က ဒကာဒကာမတွေရှင်းကြရဲ့လား … (ရှင်းပါတယ်ဘုရား)။
စိတ္တာနုပဿနာကို
ဘာ့ကြောင့် ဆရာဘုန်းကြီး လမ်းခင်းပြီး အကျယ်တ၀င့် ပြောဆိုနေပါလိမ့်မလဲ …
လို့ ဆိုတော့ ဘာသတ်တာတုံး … (ဒိဌိသတ်တာပါဘုရား)။
ဒါဖြင့် သောတာပတ္တိမဂ်ဟာ ဘာပယ်တာတုံး … (ဒိဌိပယ်တာပါဘုရား) ဒိဌိပယ်တာပဲဆိုတာ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ဒါဖြင့်
မဂ်လိုချင်ရင် ဒီမဂ်မရဘဲနဲ့ အထက်မဂ် ခုန်တက်လို့ … (မရပါဘုရား) ဒါဖြင့်
ဒကာကြီးလှိုင် - ဒါလုပ်ရတော့မယ်နော် … (လုပ်ပါမယ်ဘုရား) မလုပ်ရပေဘူးလား- (လုပ်ရပါတယ်ဘုရား)။
ဦးဘရှင်းတို့နေရာကျပလား - (ကျပါပြီဘုရား) နောက်က ဒကာဒကာမတွေ … (ကျပါပြီဘုရား)။
နေရာကျကြပါတော့ … တဲ့၊ ဒီလောက် ပင်ပန်းခံပြောနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျေကျေနပ်နပ်ကြီး သဘောကျဖို့ ကောင်းပါပြီ … (မှန်ပါ့)။
ကဲ
… ဒါဖြင့် ဒီလိုလုပ်နည်း ပေးလိုက်တော့ စိတ်ပေါ်မှာ ဒိဌိအများဆုံးမို့
ဥာဏ်ကလေးတဲ့ ဒိဌိများတဲ့ ပုဂ္ဂိုလ်ကို စိတ္တာ နုပဿနာပေး၊ သူနဲ့ လျော်သကွ …
တဲ့ … (မှန်ပါ့)။
ကိုဝ ဥာဏ်ကလဲ လေးမယ်၊ ဒိဌိကလဲ များမယ်ဆိုလို့ရှိရင် ဘာပေးရမလဲ … (စိတ္တာနုပဿနာ ပေးရပါမယ်ဘုရား)။
ဒါဟာ ကိုစောမောင် အနာနဲ့ဆေး သင့်အောင် ပေးတာပေါ်ပလား … (ပေါ်ပါပြီဘုရား)။
အနာနဲ့ဆေး သင့်အောင် မပေးလို့ရှိရင်လဲ လိုရင်းပြီးပါ့မလား … (မပြီးပါ) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် အခု အနာနဲ့ဆေးကော သင့်ပလား- (သင့်ပါပြီဘုရား)။
ကိုယ်က
သောတာပတ္တိမဂ်ကို ရလိုတဲ့ပုဂ္ဂိုလ်၊ သူ့ကို ရမှလဲ အထက်တက်နိုင်တော့
သောတာပတ္တိမဂ်ဆိုတာ ဒိဌိနိရောဓော နိဗနံကိုး၊ ဒိဌိသတ်မှ နိဗာန်ရတာ၊ ပထမ
နိဗာန်လိုချင်ရင် ဒိဌိသတ်ရ တယ် … (မှန်ပါ့)။
အဲဒီတော့
ဒီ-ဒကာ-ဒကာမတွေမှာ ဒီ-စိတ် ဆယ့်လေးခုကို ရှုပေးပါဆိုတော့ သြော်-ဒိဌိ
ပြုတ်လွယ် လိမ့်မယ်ဆိုတာကိုပေါ် ကိုဝတို့ စိတ်ထဲ ဆုံးဖြတ်ချက် ချလိုက်ပါ …
(မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
နို့ … စာမှာတော့ ဘုရား … သရာဂစိတ်၊ ၀ိရာဂစိတ် ဆိုတဲ့ အို … စာသံပါနေတယ်၊ မင်းသိတဲ့စိတ် မင်းရှု၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဒါ … မင်းတို့ စာထဲပါတဲ့ စိတ်တွေအကုန်ပဲ ဆရာဘုန်းကြီး သင်ထားတဲ့ ဥစ္စာ အတူတူပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
စာထဲမှာ နာမည်ပေးထားတာနဲ့ အခု ဆရာဘုန်းကြီးပေးတာနဲ့ဟာ အတူတူပဲလို့မှတ် … (မှန်ပါ့)။
သို့သော် … စာမှာ ပိုနေတာတွေက ကိုဝ ရှိသေးတယ် … (မှန်ပါ့) စာမှာ အရိယာ ဖြစ်ပြီးမှ ရှုရမည့် စိတ်တွေ ပါနေတယ် … (မှန်ပါ့)။
အဲဒါတွေပါ
မသိတဲ့ ပုဂ္ဂိုလ်က ဟောဒီစိတ်တွေ၊ ဒီစိတ်တွေ နည်းတာတွေ မဟုတ်ဘူး ဘုရားဟော
ထားတာ၊ အဲဒီစိတ်တွေပါ ရူရမယ်ဆိုတော့ ကျုပ်တို့က အရိယာမှ မဟုတ်သေးဘဲ၊ အရိယာ
ရတဲ့စိတ်ကို ကျုပ်တို့ ရှုလို့ဖြစ်ပါ့မလား … (မဖြစ်ပါဘုရား)။
မဖြစ်နိုင်တော့
ပုထုဇန်သန္တာန်ပေါ်တဲ့ စိတ်ဟာဖြင့် ဒီဆယ့်လေးမျိုးပဲရှိတယ် … (မှန်ပါ့)
ရှင်းပလား … (ရှင်းပါပြီဘုရား) ပုထုတန်အဖြစ်က လွန်မြောက်မှ သောတာပန်အဖြစ်
ရောက်ရမှာကိုး … (မှန်ပါ့)။
အဲဒီတော့ ဟိုမှာ ဘုရားက ဟောထားတာကတော့ ပုထုဇန်အတွက်ရော အရိယာအတွက်ရော ဟောထားတာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
သတိပဌာန်
ပါဠိတော်ကြီး ဟောထားတာက ပုထုဇန်အတွက်သာ ဟောထားတာလား၊ ပုထုဇန်ရော အရိယာ
ဟောထားတာလား … (ပုထုဇန်ရော အရိယာရော ဟောထားတာပါဘုရား)။
သူကတော့
ဟောရလိမ့်မယ်၊ ပရိနိဗာန်စံမည့် ကိုယ်တော်ကြီးကိုး … (မှန်ပါ့)
မဟုတ်ဘူးလား၊ ကျုပ်တို့က အရိယာစိတ်တွေကို ကျုပ်တို့က ရှုချင်လို့ရှိရင်
ရှုသလိုဖြစ်နေမယ် (မှန်ပါ့)။
ဒါကြောင့်
ကျုပ်တို့ သန္တာန်ပေါ်တဲ့ စိတ်ကဖြင့် ဒီဆယ့်လေးမျိုးပဲ … (မှန်ပါ့)
ဒီ-ဆယ့်လေးမျိုးကို နိုင်သွားရင်ပြီးတာပဲ၊ အရိယာတက်မှာပဲ၊ ရှင်းပြီမဟုတ်လား
… (ရှင်းပါပြီဘုရား)။
စာထဲပါတာ
အကုန်ရှုရမှာလား - (မဟုတ်ပါဘုရား) မရှုနဲ့တဲ့ “သဥတ္တရံဝါစိတ္တံ သဥတ္တရံစိတ္တန္တိ
ပဇာနာတိ၊ အနုတ္တရံပါ စိတ္တံ အနုတ္တရံစိတ္တန္တိ ပဇာနာတိ” လောကုတ္တရာစိတ်လဲ ရှုလို့
ဘုရားကဟောတယ် … (မှန်ပါ့)။
ကျုပ်တို့က
လောကုတ္တရာစိတ် ဘယ်မှာရောက်မှ မရောက်သေးဘူး … (မှန်ပါ့) မရောက်သေးတော့
ဘုန်းကြီးက ဒီကလေးတွေကို ဒီထမင်းလုတ်ကလေးနဲ့မျှတယ် ဆိုပြီးတော့ ဒီထမင်း
လုတ်ကျွေးတာ … (မှန်ပါ့)။
ဒကာဒကာမတွေက
ကလေးပဲ ထားပါတော့ လောကုတ္တရာနဲ့ ကြည့်လိုက်တော့ … (မှန်ပါ့)
သူ့ထမင်းလုတ်နဲ့သူကျွေးမှသာလျှင် သူ … ကျန်းမာရေးဖြစ်မယ်၊
ထမင်းလုတ်ကြီးရင်သူ … ဆင်းရဲရေးသွား ဖြစ်မယ်၊ ထမင်းလုတ်ကြီးရင်သူ …
ဆင်းရဲရေးသွားဖြစ်မယ် … (မှန်ပါ့) မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား)။
အဲဒါကြောင့်
စာတွေကိုလဲ ကိုယ်ကဝေဖန်ယူတတ်မှ ဒါက ပုထုဇန်ဟောတာ၊ ဒါက အရိယာဟောတာ၊
ကိုစောမောင်ဒီလို မဝေဖန်ဘဲနဲ့ဟ … ဒါတွေဟာ ဘုရားဟောချည့်ပဲကွလုပ်ပါလားကွ …
ဆိုတော့ သြော် … ခက်ပါဘိတော့တယ်။ ကိုယ့်မရှိတာ ရှုရမလို ဖြစ်နေပြီ (မှန်ပါ့)
သဘောပါကြလား (ပါ - ပါပြီဘုရား)။
အင်မတန် အရေးကြီးလို့ စေ့စေ့ငုငု ပြောနေတယ်ဆိုတာကော ကိုဝတို့ ကိုပေါ်တို့ ရိပ်မိကြပလား … (ရိပ်မိကြပါပြီဘုရား)။
ကဲ
… ယခုကိုယ်နဲ့ ထိုက်တန်တဲ့စိတ် ရှိတယ်ဆိုတာလဲ ပေါ်ပလား - (ပေါ်ပါပြီ)
ကိုယ်နဲ့ထိုက်တန် တဲ့စိတ်က ကိုစောမောင် ကိုယ့်သန္တာန်ဘယ်နှစ်မျိုးပေါ်သလဲ …
(ဆယ့်လေးမျိုးပေါ်ပါတယ်ဘုရား) အဲ … ခုနင်က ဆယ့်လေးမျိုးပေါ့လေ (မှန်ပါ့)
ပြောခဲ့ပြီးပါပြီ၊ ဒါတော့ မောင်နိုင်သိပြီပေါ့ … (မှန်ပါ့)။
ကဲ
… နောက်က ဒကာ ဒကာမတွေလဲ သိပြီဆိုကြပါစို့ … (မှန်ပါ့) မှတ်ထားပေါ့၊
ရေးယူကြပေါ့၊ မသိတဲ့ ပုဂ္ဂိုလ်လဲ နေ့လယ် လာရေးရင် ရပါတယ် … (မှန်ပါ့)။
ကိုင်း
… သိတဲ့ ပုဂ္ဂိုလ်ကလဲ ကူးယူရပါတယ်ဆိုတော့ ရှင်းတာ ၀ိပဿနာဆိုတာ
စောင့်ဖမ်းရမယ်ဆို တာ ကလေးကိုလဲ တစ်လုံးလဲ မှတ်ထားစမ်းပါ … (မှန်ပါ့)။
ဟ … ဘယ်သူက သင်တာတုံး … မေးတော့ ရှင်နာဂသိရဟန္တာက သင်တာ … (မှန်ပါ့) ဒကာကြီးလှိုင် ပေါ်ပလား - (ပေါ်ပါပြီဘုရား)။
ကိုယ်က လိုက်ပြီး ရှာမနေနဲ့ … (မှန်ပါ့) ရှာပြီးရှုရင် ပညတ်ဖြစ်ပါတယ် … (မှန်ပါ့)။
ရှာပြီးရှုရင် … (ပညတ်ဖြစ်ပါတယ်ဘုရား) စောင့်ပြီး ပေါ်ရာကိုရှုရင် … (ပရမတ်ဖြစ်ပါတယ်ဘုရား) ရှင်းပြီနော် - (ရှင်းပါပြီဘုရား)။
ကောင်းပြီ
… ဒါဖြင့် တပည့်တော်တို့ ဘုရား … ရှုစရာလဲ ဆယ့်လေးမျိုးတွေ့ပြီး ရှုတာလဲ
သမာဓိပညာနဲ့ ရှုရမယ်လို့ အရှင်ဘုရားက ပြောတော့ တပည့်တော်တို့ သမာဓိတည်းဟူသော
ချုံထဲမှ ပညာတည်းဟူသော ကျားအောင်းပြီး သကာလ ဖမ်းပါလို့
အရှင်ဘုရားသင်ထားလို့ တပည့်တော်တို့ဖြင့် မရှင်းမရှိပါဘူးဆိုတာကို
ဒီနေ့တာဝန်ခံကြရတော့မယ် - (မှန်ပါ့ - တာဝန်ခံကြရပါမယ်) မရှင်းကြသေးဘူးလား …
(ရှင်းပါပြီဘုရား)။
ရှင်းသွားပြီးတဲ့၊
နောက်က ကလေးမလေးတွေ သေသေချာချာမှတ်ပါ၊ ဘာကြောင့်တုံးဆိုတော့
ဒီဒိဌိမပြုတ်သရွေ့ ကာလပတ်လုံး ကိုပေါ်တို့ ကိုဝတို့ မှတ်လိုက်၊ ဘာကြီးလှူလှူ
ဘာကြီးတန်းတန်း ဒိဌိက အပါယ်ပို့လိမ့်ဦးမယ် … (မှန်ပါ့)။
ဘာကြီးအလှူလုပ်လုပ်၊
ဘာကြီးတန်းတန်း သုဂတိရောက်ရောက်ရာမှာ ကဲ … မင်း-ကုသိုလ်အရှိန် ရှိသေးရင်
နေသေးတာပေါ့ကွ၊ ငါ-ဆွဲချချိန် မရသေးဘူးဆိုတဲ့ အဓိပါယ်မျိုးနဲ့ စောင့်တာပဲ
(စောင့်ပါတယ်ဘုရား)။
စင်စစ်-ဒိဌိပါသွားလို့ရှိရင် ကိုစောမောင်-ဒိဌိက ဆွဲချလိုက်တာ (မှန်ပါ့) မချဘူးလား … (ချပါတယ်ဘုရား)။
အဲဒီတော့
ဒိဌိက ခဏခဏ ဒကာဒကာမတွေလဲ ပြောထားပြီ၊ ငရဲမျိုးစေ့ (မှန်ပါ့) ငရဲမျိုးစေ့
ပါသွားတဲ့ ပုဂ္ဂိုလ်ဟာ ငရဲလွတ်ချင်ပါတယ် ဆိုပေမယ့်လဲ တစ်နေ့နေ့ ကျဦးမှာပဲ၊
(မှန်ပါ့) ကုသိုလ်တွေ့ ကျောင်းကြီးကန်ကြီးတွေ ဘုရားကြီးတွေ
အမျိုးမျိုးအဖုံဖုံ လုပ်ငြားသော်လဲ ဒိဌိမပြုတ်သေးရင် ပရမ်းပတာဘေးဆိုတဲ့
ဘေးကြီဟာ ဒကာဒကာမတို့ မလွတ်သေးလို့ မှတ်လိုက်တာပေါ့ … (မှန်ပါ့) ရှင်းပလား
(ရှင်းပါပြီဘုရား)။
အဲဒါကြောင့် ဒိဌိမပြုတ်သေးရင်ဖြင့် ဘာနဲ့မှ တင်းတိမ်မနေသေးနဲ့ ကိုစောမောင် - ဟုတ်ပလား … (မှန်ပါ့)။
ငါတော့
လူ့ဘ၀မှာဟေ့ - သားကလဲများများ၊ သမီးတွေကလဲ များများနဲ့ ကိစ္စတွေ လှူရ၊
တန်းရ၊ ပေးရ ကမ်းရတာတွေများရပြီ၊ စေတနာသုံးတန်ကလဲ ပြတ်တာများခဲ့ရပါတယ်၊ အို
- စေတနာက စေတနာတခြား၊ ဒိဌိတခြား၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒကာကြီးလှိုင်-စေတနာက
… (တခြားပါဘုရား) ဒိဋ္ဌိက - (တခြားပါဘုရား) ဒိဋ္ဌိကတခြားတဲ့၊ စေတနာနဲ့
ဒိဋ္ဌိဆိုတာလ တခြားစီဥစ္စာပဲ၊ စေတနာကလဲ သူ့ဆိုင်ရာ သူအကျိုးပေးမှာပဲ ဒိဋ္ဌိကလဲ
ငါလုပ်ချင်တာ လုပ်မှာပဲ (မှန်ပါ့) ကိုစောမောင် မလုပ်ပေးဘူးလား …
(လုပ်ပါတယ်ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။
ကိုင်း
… ဒါဖြင့် ဒကာဒကာမတွေ ခုနင်က ရဟန္တာကြီးနှစ်ပါးကို သူတို့ အလုပ်ပေးတာကို
ရှင်းကြစို့ ရဲ့နော် (မှန်ပါ့) ရဟန္တာကြီးနှစ်ပါးဟာ ဒီစိတ္တာနုပဿနာကို
သူတို့ပြောကြတယ် (မှန်ပါ့) ပြောကြတော့ ကိုဝတို့-ကိုပေါ်တို့က စဉ်းစားတာပေါ့၊
ရဟန္တာတွေက ရဟန္တာဖြစ်ပြီ၊ သူတို့ဒီအလုပ်က တက်ခဲ့ပြီးသား၊ ဘာဖြစ်လို့
စတ္တာနုပဿနာတွေကို ပြန်ပြီး သကာလ တစ်ပါးကမေး၊ တစ်ပါးက အဖြေထုတ်ပါလိမ့်မတုံး
မေးတော့ သြော် … နောင်လာ နောင်သားများ ရဟန္တာကြီးနှစ်ပါး မေးမြန်းသွားတဲ့
ဥစ္စာ … အမေးအဖြေကလဲ သံသယမရှိတဲ့ပုဂ္ဂိုလ်၊ ဒိဋ္ဌိပြုတ်ပြီး သားပုဂ္ဂိုလ်၊
တဏှာပြုတ်ပြီးသားပုဂ္ဂိုလ်တွေက အမေးခံကလဲ ထို့အတူ၊ အမေးသမားကလဲ
ထို့အတူဖြစ်သောကြောင့် သူတို့က ပြောတာအမှန်ချည့်ပဲဆိုပြီး
နောင်လာနောက်သားတွေ အတည်ပြုရစ်ပါစေလို့ ဟောတာ (မှန်ပါ့) ဒီတော့ ကျေနပ်ပြီ၊
(ကျေနပ်ပါပြီဘုရား)။
နောင်လာ
နောက်သားတွေအတည်ပြုရစ်ပါစေတော့၊ တို့နှစ်ပါးပြောတာကိုဆိုတော့ သိပြီးသား
ပုဂ္ဂိုလ်က ပြောတာလား စ လုပ်မည့်ပုဂ္ဂိုလ်က ပြောတာလား … (သိပြီးသားပုဂ္ဂိုလ်က
ပြောတာပါဘုရား)။
တို့
… ဒီလမ်းက တက်ခဲ့လို့ ဖုန်ပြီးသကာလနေလို့ မင်းတို့ ဒီလမ်းလိုက်ရစ်ပါဆိုတာ
ပြောတဲ့စကား (မှန်ပါ့) ဒကာကြီးလှိုင် သေချာပလား … (သေချာပါပြီဘုရား)။
တို့ဒီလမ်းက
တက်ခဲ့ပါတယ်ကွာ၊ မင်းတို့လဲ ဒီလမ်းက လိုက်ရစ်ကြပါ၊ သံသယမရှိနဲ့
လိုက်ရစ်ကြကွ - ဆိုပြီး သကာလ သေသေချာချာ ကတိခံချင်လို့ ကိုစောမောင် -
အကိုးအကားလုံလောက်အောင် ရဲရဲတင်းတင်းနဲ့ ဒီလမ်းလိုက်ပါစေလို့ သူတို့နှစ်ပါး
အမေး-အဖြေလုပ်တာ … (မှန်ပါ့)။
ဒီလိုဆိုတော့ ကိုဝ -ဒီထက် ခိုင်လုံတာဖြင့် မရှိတော့ဘူး … (မရှိပါဘုရား)။
ဒီထဲမှ
သူတို့နှစ်ပါး အမေးအဖြေကို ဘုရားကလက်မှတ်ထိုးလိုက်သေးတယ်၊ မင်းတို့
အမေးအဖြေ ဟာကွာ … ငါ့ဟောလဲ ဒီအတိုင်း ဟောမှာပါပဲလို့ လက်မှတ်ထိုးပေးသေးတယ်
(မှန်ပါ့ဘုရား)။
ဒီလိုဆိုတော့ သုံးပါး လက်မှတ်ထိုးထားတယ်ဆိုတော့ အတည်ဖြစ်ကရောပေါ့၊ မဖြစ်သေးဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ကိုင်း … ဒါဖြင့် လုပ်ထိုက် မလုပ်ထိုက်ဆိုတာ သေချာပလား (သေချာပါပြီဘုရား) သံသယနဲ့လား၊ ရဲရဲတင်းတင်းလား … (ရဲရဲတင်းတင်းပါဘုရား)။
ရဲရဲတင်းတင်းလုပ်ပါဆိုတာ
ဒကာဒကာမတွေကို ဘုန်းကြီးက လေးစားစွာနဲ့ပဲ မေတ္တာရှေ့ထား ပြောနေပါတယ် -
(မှန်ပါ့) ကိုစောမောင် - မပြောထိုက်ဘူးလား … ပြောလိုက်ပါတယ်ဘုရား) ဘုရားလက်
မှတ်ထိုးတာကော သေချာပလား (သေချာပါပြီဘုရား)။
ကောင်းပြီ
… ဒါဖြင့်ကွာ … တဲ့၊ ပထမရှေ့ဦးစွာ နိဂုံးချုပ်ကလေး
ဘယ်လိုပြောလိုက်သတုံးဆိုတော့ ပြီးတော့ အလယ်သားကို ဒကာဒကာမတွေကို
ဖွင့်ပြီးတော့ပြပါမယ်။
အကြင်တရားဟောပုဂ္ဂိုလ်ဟာကွာ
- တဲ့ စိတ်အစဉ်ကြီးဖြစ်ပျက်မြင်အောင်၊ ငြီးငွေ့အောင် မလိုချင် အောင်
ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ ရှိရင်ဖြင့် သူ့ကို ဓမ္မကတိကလို့
ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့)။
စိတ်ပေါ်မှာ
… တဲ့ မုန်းအောင်၊ ရွံအောင် မလိုချင်အောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်ကို
မင်းတို့ရှာလဲရှာ၊ ရှာလို့တွေ့ခဲ့လို့ရှိရင် ဒီပုဂ္ဂိုလ်ကို ဓမ္မာကထိက
အကောင်းဆုံးလို့ မှတ်လိုက် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
နောက်ကျတော့ကွာ
… တဲ့ မင်းတို့ကို ဟောဒီ ဒီပုဂ္ဂိုလ်ဟာ အကောင်းဆုံးပုဂ္ဂိုလ် ဟောတာကို
မင်းတို့နာရလို့ ရှိရင်ဖြင့် သြော် …
ဒို့-အကောင်းဆုံးပုဂ္ဂိုလ်တွေ့ပြီဆိုပြီး မင်းတို့ဒီတွင်မရပ်နဲ့
ဒီစိတ်ပေါ်မှာ နိဗိန္ဒဖြစ်အောင်၊ ငြီးငွေ့အောင် မလိုချင်အောင်
ကျင့်နိုင်လို့ရှိရင်ဖြင့် မင်းတို့ဟာ ဓမ္မာနုဓမ္မ ပဋိပတ္တိပုဂ္ဂိုလ် ဖြစ်ပြီ
(မှန်ပါ့) ရှင်းပလား - (ရှင်းပါပြီဘုရား)။
နှစ်ချက်ရှိသွားပြီနော်
- (မှန်ပါ့) ခုနင်က စိတ်ကို မလိုချင်အောင် ငြီးငွေ့အောင် ဒကာဒကာမတွေက
ကျင့်နိုင်လို့ရှိရင်လဲ ဓမ္မာနု ဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်သွားပြီ
(မှန်ပါ့ဘုရား) သဘောကျပလား … (ကျပါပြီ) နှစ်ချက် ရှိသွားပြီနော် …
(မှန်ပါ့ဘုရား)။
ဒီစိတ်ကိုပဲကွာ
… တဲ့၊ တစ်ခါတည်း ငြီးငွေ့အောင် မလိုချင်အောင် ဥပါဒါန်စိတ်နဲ့ဖြင့်
ဘယ်တော့မှ ငါသည်ကား … လို့ ဆိုလို့ရှိရင်ဖြင့် စွဲလမ်းမှု ဥပါဒါန်ချုပ်အောင်
ရှုနိုင်အောင် ပုဂ္ဂိုလ်ဖြစ်လို့ရှိရင် ယခုဘ၀ နိဗာန်ရမည့်ပုဂ္ဂိုလ်လို့
တို့နှစ်ယောက်က ဆုံးဖြတ်ချက်ချတယ် … (မှန်ပါ့)။
ဘယ်လောက်ပိုင်သလဲ … (ပိုင်ပါတယ်ဘုရား)။
ဒကာ
ဒကာမတို့ အင်မတန် ကိုယ်တော်ကြီးနှစ်ပါး ကရုဏာ ရှေ့ထားပြီး သကာလ
မင်းတို့ရဲရဲ တင်းတင်း လုပ်စမ်းပါ၊ ဒီလိုကျင့်လို့ ဒီလိုစိတ်ပေါ်မှာ
မစွဲလမ်းလို့ ငြီးငွေ့ပြီး မစွဲလမ်းတော့ပါဘုးဆိုလို့ရှိရင် ဒီဘ၀ ဒီခဏမှာ
နိဗာန်ရမယ်လို့ တို့နှစ်ယောက်တာဝန်ခံတယ် … (မှန်ပါ့ဘုရား) ဒီလိုဆိုတော့
ဒကာကြီးလှိုင် ဒီထက် ရဲရဲတင်းတင်းတော့ မရှိဘူး … (မှန်ပါ့ဘုရား)။
မကုန်သေးဘူးလား ဒကာဒကာမတို့ … (ကုန်ပါတယ်) စကားကုန်သွားပြီ။
အဲဒီတော့
ခင်ဗျားတို့ကို ဘုန်းကြီးက စကားဖြည့်စွက်ရမယ် ကိုဝတို့ခင်ဗျားတို့က
ဂျီးများပြီး သကာလ မနေနဲ့တော့ သုံးပါးလက်မှတ်ထိုးပြီး စိတ်ပေါ်မှာ
တာဝန်ခံပြီးသကာလ ဓမ္မကထိကကို ဒီလို ဓမ္မကထိကရှာ၊ ဒီလိုကျင့်ပြီး
ဒီလိုကျင့်ရင် ဓမ္မာနုဓမ္မာပဋိပတ္တိပုဂ္ဂိုလ် ယောဂီပုဂ္ဂိုလ်မှာဖြစ်ပြီ၊
ဒီလိုစိတ်ကို ဆုံးအောင်လိုက်ပြီး စိတ်ပေါ်၌ စိတ်ဆုံးသွားတယ်ဆိုတော့
ကိုစောမောင် စွဲလမ်းတဲ့ ဥပါဒါန် ရှိသေးရဲ့လား … (မရှိပါဘုရား)။
အဲဒီ
… ဥပါဒါန်မရှိအောင် စိတ်ဆုံးတဲ့ဆီ ရောက်အောင် ဥပဒါန်ပြုတ်အောင်
ကျင့်ကြလို့ရှိရင်လဲတဲ့ ယခုဘ၀ နိဗာန်ရမည့် ပုဂ္ဂိုလ်လို့ တို့သုံးပါးသဘောတူ
နောင်လာနောက်သားများအတွက် ရဲရဲတင်းတင်း လုပ်လေအောင် တို့တော့ဖြင့်
အားလုံးပရိနိဗာန်စံရမှာတွေချည့် ဖြစ်နေတယ်၊ နောင်လာနောက်သားတွေ အတွက်
ထားခဲ့တဲ့ ပါဠိတော် … (မှန်ပါ့)။
ဒီလိုဆိုတော့
ကိုဝ-အတော်လေးစားထိုက်တယ် - (လေးစားထိုက်ပါတယ်ဘုရား) နောက်က ဒကာ ဒကာမတွေ
လေးစားထိုက်တဲ့ စကား-လေးစားထိုက်တဲ့ တရားဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့်
ဘုန်းကြီးအတွက် ဘာလိုနေသေးသတုံးဆိုတော့ စိတ်ပေါ်မှာ ငြီးငွေ့အောင်
ပြောပြီးသကာလ စိတ်ဟာ ဒကာဒကာမတို့ ခင်ဗျားတို့ကို နှိပ်စက်နေတယ်လို့ဆိုတာ
ဘုန်းကြီးက စိတ်ပေါ်မှာ ငြီးငွေ့အောင် ပြောရဦးမယ် (မှန်ပါ့)။
ဘာဖြစ်လို့တုံး
… ဆိုတော့ “စိတ္တေန နီယျတေ လောကော၊ စိတ္တဿ ပရိသဿတိ” လောကော- လောကကို၊
စိတ္တေန=စိတ်က၊ နီယျတေ=ဆောင်ယူ၏၊ စိတ်ဆောင်နေတာ၊ ဟိုဘုံရောက်သွား
ဒီဘုံရောက်သွားဆိုတာ ဘာတွေပါလိမ့် … (စိတ်ဆောင်တာပါ ဘုရား)။
ဒါဖြင့် အနေနဲ့ ချည်းသွားပြီး တန်းနေတာ ဘယ်သူပါလိမ့် (စိတ်ပါဘုရား)။
“စိတ္တဿ
ပရိကဿတိ” သူပဲတဲ့ ဟိုဆောင် ဒီဆောင်နဲ့ ကြံစည်ပြီးသကာလ သူလုပ်နေတာ၊ သူ့ကို
မနိုင်ကြတာနဲ့ ဒကာဒကာမတို့ ခင်ဗျားတို့ ဟိုဘုံရောက်၊ ဒီဘုံရောက် -
ရောက်နေတာ … (မှန်ပါ့)။
နတ်ပြည်ရောက်သွားတယ်
ဆိုတာလဲ ဒီစိတ်က ပို့လိုက်တာ … (မှန်ပါ့) ငရဲရောက်သွားတယ်ဆို တာကော -
(ဒီစိတ်က ပို့တာပါဘုရား) အကုသိုလ်စိတ်က ပို့ချလိုက်တယ် … (မှန်ပါ့ဘုရား)
သဘောကျ ပလား … (ကျပါပြီဘုရား)။
ကုသိုလ်စိတ်ကနေ
တစ်ခါတစ်ခါ ဒကာ ဒကာမတွေ ဆောင်သွားပြန်လို့ သုဂတိရောက်တယ် … (မှန်ပါ့)
အကုသိုလ်စိတ်ကနေပြီး တစ်ခါတလေ တိရစ္ဆာန်ခင်တော့ တိရစ္ဆာန်ဖြစ်သွားတာတွေလဲ
ကိုစောမောင် ဘယ်သူက ဆောင်သွားတာတုံး … (စိတ်က ဆောင်သွားတာပါဘုရား)။
ဒါဖြင့် ဒီစိတ်ဟာ တို့ကို သန္တာန်အမျိုးမျိုး အရှက်တကွဲ အကျိုးနည်းလုပ်နေတဲ့ စိတ်ပဲ … (မှန်ပါ့)။
ဒါဖြင့် ဒီစိတ်ပေါင်းထိုက် မပေါင်းထိုက် - (မပေါင်းထိုက်ပါဘုရား)။
ဒါ … စိတ်ကို ငြီးငွေ့အောင် ပြောနေတာ (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒီတော့
ဒီစိတ်သည်ကားလို့ ဆိုလို့ရှိရင် ဘုန်းကြီးက ငြီးငွေ့အောင်ပြောတော့ သြော် …
ဒီစိတ်သည်ကားလို့ဆိုရင် တို့အပေါ်မှာ ကိုယ့်စိတ်ကိုယ်မနိုင်တာ ဆိုလိုတယ် -
(မှန်ပါ့) မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
ကြည့်ပါ
ဒကာဒကာမတို့ စိတ်ဟာ ဘယ်လောက်ထိအောင် ကြောက်စရာကောင်းသတုံးဆိုတော့
ဒီကြက်ကောင်ကလေးတွေ ကြက်မကြီးက ဥကလေးတွေ ဥလိုက်တယ်ဆိုတော့ ဒီဥကလေးတွေထဲမှာ
ပဋိသန္ဒေစိတ်ကတော့ အရင်ရောက်တာပဲ (မှန်ပါ့) ပဋိသန္ဒေစိတ်ရောက်လို့ရှိရင်
ဒီ-ကြက်ဥထဲမှာပဲ ဒီ့ပြင် အကောင်ပေါက်ပါတော့လားလို့ ကိုဝ - မေးဖို့
မကောင်းဘူးလား (ကောင်းပါတယ်ဘုရား) စိတ်အတူတူ ကိုးဗျ (မှန်ပါ့)။
မဟုတ်ဘူး
… တဲ့၊ ဒီစိတ်က သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကြက်ဘ၀ကို သာယာတဲ့ အကောင်
ကလေးတွေ သူ့ဟာသူ ထွက်လာတယ် … (မှန်ပါ့) စိတ်က လုပ်လိုက်တာ၊ သူ့ဟာသူ ဒီစိတ်က
လုပ်လိုက်တာ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဒီစိတ်သည် အမျိုးမျိုး ဖန်ဆင်းတတ်တယ် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
နွားဝမ်းထဲ
ပကျပဋိသနေက ပစ်ချလိုက်ပြန်တော့ လူကလေး မွေးပါလားဆိုတော့ စိတ်ဆိုတာ
အမျိုးမျိုး ဖြစ်နိုင်တယ် … မဟုတ်ဘူး … တဲ့၊ နွားဝမ်းထဲ ရောက်လို့ရှိရင်
သူ့စိတ်ကလေးသည်ကားလို့ဆိုရင် ရောက်ရာမှာ သူ-ချိုကလေးနဲ့၊
နားရွက်ကားကလေးနဲ့၊ ခြေလေးချောင်းကလေးနဲ့၊ အမြီးရှည်ကလေးနဲ့ ဖြစ်ချင်တဲ့
စိတ်က အဲဒီသွားပေါ်တယ် … (မှန်ပါ့)။
အဲဒါနဲ့ တစ်နေ့တခြား အဲဒါကလေးတွေ တိုးလာတယ် … (မှန်ပါ့) ပဋိသနေ ချင်းက အတူတူပဲ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒါတွေ ဘယ်သူပါလိမ့် - (စိတ်ကလုပ်ပါတယ်ဘုရား)။
အဲဒီတော့
ခင်ဗျားတို့က ကံချည်းထင်နေတယ်တဲ့၊ မထင်နဲ့တဲ့၊ ဟိုထဲကျတော့ စိတ်က
ပြန်လုပ်ချင် လိုက်တယ် (မှန်ပါ့) ကံ ကတော့ ပဋိသနေရယ်လို့ ပစ်ချလိုက်တာပဲ
(မှန်ပါ့) ဟိုထဲမှာ အမေနဲ့တူအောင် အကောင်ဖြစ်လာတာကတော့ စိတ်က လုပ်တာ …
(မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့်
ကျုပ်တို့ကို ချိုကားကြီးနဲ့ဖြစ်လာအောင်လဲ အရှက်ခွဲခဲ့တာစိတ် … (မှန်ပါ့)
အတောင်နဲ့ ပျံအောင် လုပ်တာလဲ … (စိတ်ပါပဲဘုရား) ခြေလေးချောင်းနဲ့
ခြေများများနဲ့ ဖြစ်အောင်လုပ်ခဲ့တာလဲ … (စိတ်ပါပဲဘုရား)။
သြော်
… ဒါဖြင့် ဒီစိတ်သာ ဒို့သည်ကားလို့ဆိုရင် ငြီးငွေ့အောင် မလိုချင်အောင်မှ
ဒို့သန္တာန်မယ် ဟောတဲ့ ဘုန်းကြီးမတွေ့ဘူးဆိုလို့ရှိရင်ဖြင့် ဒို့ကို
အကောင်အမျိုးမျိုး ဖန်ဆင်းနေတာ စိတ်ပဲ … (မှန်ပါ့) ပေါ်ကြပလား … (ပေါ်ပါပြီ)။
ခင်ဗျားက
နွားဝမ်းထဲ ပစ်ချလိုက်တာကိုက ကံကဒါကြောင့် နွားကလေးဖြစ်လာတယ်၊ ဘယ်ဟုတ်မလဲ
နွားဝမ်းထဲက ပစ်ချလိုက်တော့ ပဋိသနေစိတ် တစ်ခုတည်း ပစ်ချလိုက်တယ် …
(မှန်ပါ့) ကျုပ်တို့ရှိတဲ့ ပဋိသနေစိတ်နဲ့ အတူတူပဲ၊ သဘောကျပလား …
(ကျပါပြီဘုရား)။
ဘယ့်နှယ်ကြောင့်
နွားနဲ့တူလာသတုံး … ဆိုတော့ ဟိုထဲကျတော့မှ ဒီစိတ်ကလေးသည်ကား
လို့ဆိုလို့ရှင် နွားဖြစ်ချင်တဲ့ သဘောကလေးက အဲဒီထဲကျမှ ပေါ်လာတယ် -
(မှန်ပါ့ဘုရား) ပေါ်လာတော့ ချိုကလေး သူ့ဟာသူပေါက်တယ်၊ သဘောကျပလား
(ကျပါပြီဘုရား)။
နားကလေးက
သူ့ဟာသူပေါက်၊ အမြီးကလေး သူ့ဟာသူ လာဆိုတော့ ဟိုထဲရောက်မှ စီမံတာက
ဘယ်သူတုံး … (စိတ်ပါဘုရား) ဒီ-ပဋိသနေထဲ ပစ်ချလိုက်တာကတော့ … (ကံပါဘုရား) ကဲ
… ရှင်းပလား … ရှင်းပါပြီဘုရား။
ဒါဖြင့်
ဒကာ ဒကာမတို့ စဉ်းစားသာကြည့်ပါတော့ … တဲ့ အဲ-သူပစ်ချလိုက်တာက
ကံကတော့ဖြင့်ပ ပဋိသနေစိတ်ကလေးပါပဲ ကိုစောမောင် ပစ်ချလိုက်တယ် … (မှန်ပါ့)
သဘောကျပလား (ကျပါပြီ) ဒါကလေးပဲ ကံက တည်ထောင်ပေးလိုက်တယ်၊ ဟိုထဲရောက်မှ
အမေနဲ့တူအောင် အမျိုးမျိုးတူအောင် ဘယ်သူ လုပ်သလဲ … (စိတ်က လုပ်ပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ကို အရှက်တကွဲ အကျိုးနည်း လုပ်ခဲ့တာ ဘယ်သူတုံး … (စိတ်ပါဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
တစ်ခါ
ငရဲ ဒယ်အိုးကြီးတွေ ကြီးကြီးကျယ်ကျယ် ဟုတ်လား၊ ဒယ်အိုးကြီးတွေ
ကြီးကြီးကျယ်ကျယ်၊ ကြီးတဲ့ လူလဲ အတူတူပေါ့ကွ၊ ဟ … ဘယ်သူလုပ်တာတုံးဆိုတော့
ဒီကစိတ်ကနေပြီး သကာလ ဟိုမှာ ဒီက မကောင်းတာ အကြီးကျယ်သွားပြီး ပေါ်နေတယ် …
(မှန်ပါ့) ဒါ-ဘယ်သူဆိုကြမလဲ … (စိတ်ပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒီတော့
ဒကာဒကာမတွေ ဒါ-ကံထင်နေတယ်၊ ကံမကောင်းလို့ ငရဲကျတယ်၊ ငရဲကျလို့ရှိရင် ငရဲ
တစ်မျိုးတည်း နေပါလား၊ ငရဲကြီးတစ်ရာ့နှစ်ဆယ်ဖြစ်အောင် ဘယ်သူက ဖန်ဆင်းသတုံး …
(စိတ်ကဖန် ဆင်းပါတယ်ဘုရား) ရိပ်မိပလား - (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ကံနဲ့စိတ် ဘယ်ဟာသာပြီး ကြောက်စရာကောင်းသတုံး … (စိတ်ကြောက်စရာကောင်းပါ တယ်ဘုရား)။
စိတ်ကြောက်စရာ
ကောင်းတယ်ဆိုတော့ စဉ်းစားကြည့်၊ ကျုပ်-ကံမနိုင်ဘူးဆိုကြသလား၊ ကျုပ်စိတ်
ကျုပ်မနိုင်ဘူးဆိုကြသလား … (စိတ်မနိုင်ဘူး ဆိုကြပါတယ်ဘုရား)။
ကဲ … ဒါဖြင့် ခင်ဗျားတို့ စိတ်ဘယ်လောက်ဆိုးသလဲ … (ဆိုးပါတယ်ဘုရား)။
ဒါဖြင့်
စိတ်သည် ရှင်းရှင်း ဘုရားက ဥပမာပေးတော့ကွာ - တဲ့၊ ပန်းချီရုပ်ဟာ
ပန်းချီသမား၏ စိတ်အတိုင်း ပေါ်လာတာ (မှန်ပါ့) သူက ဒီနေရာက အပြောက်ထည့်၊
ဒီနေရာ ပုဆိုးပုံကလေးထည့်၊ ဒီနေရာကျတော့ ဒီအင်္ကျီပုံကလေးထည့်၊ ဒီနေရာကျတော့
မျက်နှာပုံကလေးထည့်၊ ဒီနေရာ လက်မောင်းပုံ ကလေး ကျောပုံကလေးထည့်ဆိုတော့
ကိုဝ-ဒီဥစ္စာပန်းချီသမားက ဆေးကလေးတစ်ခု ကိုင်တာနဲ့ စိတ်က လျှောက်ပြီး
အလုပ်-လုပ်ပစ်တယ်၊ (မှန်ပါ့) ဒါ ဘယ်သူလုပ်လိုက်တာတုံး (စိတ်ပါဘုရား)
ဒါဖြင့် “စိတ္တေန နီယျတေ လောကော” စိတ်က ဖန်ဆင်းတာဆိုတာ ပေါ်နေပြီ …
(မှန်ပါ့)။
တချို့ ပျဉ်ပြားကြီးပဲ ကိုစောမောင် သူ-အရုပ်ဖြစ်လာတယ် … (မှန်ပါ့) ဘယ်သူ လုပ်လိုက်တာတုံး (စိတ်က လုပ်လိုက်တာပါဘုရား)။
ဒါဖြင့် စိတ်ဟာ မဆန်းကြယ်ဘူးလား … (ဆန်းကြယ်ပါတယ်ဘုရား)။
ဒါကြောင့် “၀ိစိတ္တကရဏာ စိတ္တံ” ဘုရားက ဆန်းကြယ်အောင် လုပ်လိုက်တတ်သောကြောင့် စိတ် … ကွ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ … ဒါဖြင့် ဒကာဒကာမတွေ စိတ်ဟာ ကျုပ်တို့ကို အရှက်တကွဲ အကျိုးနည်းလုပ်နေတယ်ဆိုတဲ့ ဥစ္စာ ကိုဝ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ကိုစောမောင်
စိတ်များ လုပ်လိုက်ပြီဆိုမှဖြင့် ဟိုကြည့်သစ်ပင်ကြီးဟာ ငုတ်တိုကြီး
ခါတိုင်းလဲ ရှိတာပဲ၊ စိတ်ကလုပ်လိုက်တဲ့ အခါကမှ သူရဲကြီးဖြစ်ပြီးမှ
တစ်ခါတလေတက်ပြီး သေတာများသေးတယ် - (မှန်ပါ့) ဘယ်သူသတ်လိုက်တာလဲ
(စိတ်ပါဘုရား) ကိုယ့်စိတ်ကကို လုပ်ပြီးသတ်တာ … (မှန်ပါ့) ရိပ်မိပလား …
(ရိပ်မိပါပြီဘုရား)။
တစ်ခါ
ကိုယ့်စိတ်ကိုယ် မနိုင်တာနဲ့ ကြိုးဆွဲချသေတာ … (မှန်ပါ့) ကံက
ကြိုးဆွဲချတာလား … (စိတ်က ကြိုးဆွဲချတာပါဘုရား) အဲဒါ အဖန်ငါးရာ
ငါးကမ္ဘာလို့ဆိုတာ ဘယ်သူက ပြောတာတုံး ခင်ဗျားတို့ကို … (စိတ်ကပါဘုရား)။
အလကား
… ဘယ်သူမှ မယုံနဲ့၊ သူ့ဒီစိတ်ဟာ ဒီဘ၀မှာ ဒီစိတ်ရှိခဲ့တယ်၊ သူ့စိတ်သူ
မနိုင်လို့ သူသေလိုက်တယ် (မှန်ပါ့) ဒီဥစ္စာ အဖန်ငါးရာ ငါးကမ္ဘာလို့
မသွားနိုင်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား) နောက်ဘ၀ဆရာကောင်း -
သမားကောင်းနဲ့တွေ့ရင် ရဟန္တာဖြစ်နိုင်တယ် … (မှန်ပါ့) မဖြစ်နိုင်ဘူးလား
(ဖြစ်နိုင်ပါတယ်) ဘယ်မှာ အဖန်ငါးရာ ငါးကမ္ဘာ ဟုတ်ရမှာလဲ (မှန်ပါ့)
သဘောကျပလား … (ကျပါပြီဘုရား)
အဲဒါ
ဟို-ကြိုးဆွဲချသေတဲ့ ပုဂ္ဂိုလ်လို ကိုယ့်သားသမီး မိုက်မှာစိုးတာနဲ့
တစ်ယောက်ကစပြီး ပြောတာ နဲ့ ဒါကြီးဟာ ပေါရာဏဖြစ်ပြီး ကြီးသွားတယ် …
(မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီ) ကိုယ့်သားသမီးလဲ ဒီလို စိတ်ကူးတွေ
ကိုယ့်သမီးကလဲ အင်း စိတ်ပျက်နေတဲ့အခါ သူအလိုရှိရာနဲ့ မပြည့်စုံတဲ့အခါ
ကြံမှာစိုးလို့ “ဒါမျိုး ဟာ မလုပ်ကောင်းဘူး” ဆိုပြီး ဒီအသွားကနေပြီး
သိပ်ကြီးကျယ်လာတဲ့ အဓိပါယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ) ရှင်းပလား …
(ရှင်းပါပြီဘုရား)။
ဘယ်မှ အဖန်ငါးရာ ငါးကမ္ဘာလို့ စာက မလာဘူး၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကဲ … ဒါဖြင့် ဒကာဒကာမတို့ စိတ်ဟာဖြင့် ကျုပ်တို့ကို နှိပ်စက်နေတာ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
ကိုင်း
… စိတ် ဘယ်လောက် နှိပ်စက်တယ် မနှိပ်စက်တယ်ဆိုတာ မယုံရင် စဉ်းစားကြည့်ပါ၊
အပ်ကလေးနဲ့ ထိုးမိတာကို မြွေပွေးကိုက်တယ်ဆိုပြီး ချက်ချင်းတက်တယ် …
(မှန်ပါ့) ဒါ - ဘယ့်နှယ်ကြောင့် ဆိုမလဲ - (စိတ်ကြောင့်ပါဘုရား) ရိပ်မိပလား
(ရိပ်မိပါပြီဘုရား) အပ်ကလေး ခြစ်မိတာ မင့်မြွေပွေးကိုက် တယ်လို့သာ
ပြောကြည့်၊ ဟိုပုဂ္ဂိုလ်ဟာ အတော် ကုယူရမယ် … (မှန်ပါ့) မကုရပေဘူးလား …
(ကုရပါတယ် ဘုရား)။
အဲဒီတော့
အပ်နာလား၊ စိတ်နာလား-မေးကြည့် … (စိတ်နာပါဘုရား) ဒါဖြင့် စိတ်ကြောက်စရာ
ကောင်းတယ် (မှန်ပါ့) ကိုဝ - ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါကြောင့်
… တဲ့ ဒကာဒကာမတို့ စိတ်ကို ငြီးငွေ့အောင် ဟောနိုင်လို့ရှိရင်
ဓမ္မကထိကကောင်း-ဆိုတဲ့အတိုင်း သားကောင် ကလေးတွေ ဖြစ်တာလဲ စိတ်ပဲ … (မှန်ပါ့)
ပေါ်ကြပလား (ပေါ်ပါပြီ) ကိုယ့်စိတ် ကိုယ်မနိုင်လို့ သေခြင်းဆိုးသေတာတွေကာ …
(စိတ်ပါဘုရား)။
စိတ်ပဲဆိုသဖြင့်
သြော် … သူသတ်သမားလဲ စိတ်ပဲ၊ ဆန်းကြယ်အောင် လုပ်တာပဲ စိတ်ပဲ၊ ကိုစောမောင်
ပန်းချီရုပ်ကြည့်လိုက်သဖြင့် မသိဘူးလား … (သိပါတယ်ဘုရား)။
ဒါဖြင့်
ဒီစိတ်သည်ကျုပ်တို့ကို သုံးဆယ့်တစ်ဘုံမှာ သဏ္ဍာန်အမျိုးမျိုး၊
ခြေအမျိုးမျိုး၊ နားရွက်အမျိုး မျိုး၊ ချိုကား-ချိုထောင် အမျိုးမျိုးလုပ်တာ
ဘယ်သူတုံး - (စိတ်ပါဘုရား)။
ဒါဖြင့် ကျုပ်တို့ကို အရှက်ခွဲပြီး သေခြင်းဆိုး အသေခိုင်းတာ ဘယ်သူတုံး … (စိတ်ပါဘုရား)။
ဒါဖြင့်
သူတို့ ပေါင်းသင်းလို့ တော်-မတော် (မတော်ပါဘုရား) စိတ်ကို
ငြီးငွေ့ပါတော့ဆိုတာ အထူး ပြောစရာလိုသေးသလား … (မလိုပါဘုရား)
မလိုတော့ပါဘူး၊ အဲဒီတော့ ကို … တဲ့ ဒါ ဓမ္မကထိကကောင်းလို့ ဆိုကြပါစို့ …
(မှန်ပါ့) စိတ်ပေါ်မှာလဲ ခင်ဗျားတို့ ပေါင်းသင်းချင်တဲ့သဘော ရှိသေးရဲ့လား …
(မရှိပါဘုရား)။
ဒါဖြင့်
စိတ်ကို ငြီးငွေ့အောင် ဟောနိုင်လို့ရှိရင် ဓမ္မကထိကကောင်း … (မှန်ပါ့)
စိတ်ကို ငြီးငွေ့အောင် ကျင့်နိုင်လို့ရှိရင် ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်
ဖြစ်ပါတယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ … ဒါဖြင့် ငြီးငွေ့အောင် ကိုစောမောင် - ရှုကြစို့ (မှန်ပါ့ဘုရား)။
ရှုကြစို့
ဆိုတော့ ရှုစရာဆယ့်လေးခုကို ဆရာဘုန်းကြီးက ချောင်းပြီးဖမ်းပါ၊
သမာဓိတည်းဟူသော ချုံထဲမှ ဥာဏ်တည်းဟူသော ကျားအောင်းပြီးသကာလ ပေါ်ရာလိုက်ပြီး
ရှုစမ်းပါ၊ ဘာမှ မရှိလို့ရှိရင် ထွက်လေ-အားထုတ်တဲ့စိတ်၊ ၀င်လေ
အားထုတ်တဲ့စိတ်ကို ရှုပေးပါ၊ မသင်ဘူးလား … (သင်ပါတယ်ဘုရား)
ထိုကဲ့သို့
သင်ထိုက်တဲ့အခါကျလို့ရှိရင် ရှုစရာ မရှိဘူးလို့ ကိုဝတို့ ကိုစောမောင်တို့က
ဆင်ခြေလဲစရာ လိုသေးသလား … (မလိုပါဘုရား) ရှုစရာမရှိရင် ခင်ဗျားတို့
သေရုံပဲရှိတယ် - (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ရှုစရာမရှိရင် - (သေရုံပဲရှိပါတယ်ဘုရား) ဒီစိတ်နဲ့ အသက်ရှင်နေတာကိုး … ဒီစိတ် မရှိတော့ဘူး ဆိုရင် ဘယ့်နှယ်တုံး … (သေပါတယ်ဘုရား)။
ဒီဆယ့်လေးမျိုးထဲက တစ်စိတ်မှ မရှိတော့ဘူးဘုရား၊ ရှုစရာမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် သေရုံပဲ ရှိတယ် … (မှန်ပါ့)။
အဲဒါကြောင့်
တပည့်တော် - ရှုစရာမရှိတော့ဘူးဆိုတဲ့စကား ကိုစောမောင် - ကိုယ့်ဟာကိုယ်
အရူးဖြစ်အောင်တော့ မလုပ်နဲ့ … (မှန်ပါ့) ဒကာကြီးလှိုင် - မလုပ်နဲ့နော် …
(မှန်ပါ့)။
ကဲ … အခုပေါ်ကြပလား … (ပေါ်ပါပြီ) အမြဲတမ်း ရှုနေရမှာက လေကိုထုတ်တဲ့စိတ်၊ လေကို ပြန်ရှိုက်တဲ့စိတ်ကို အမြဲတမ်းရှုပါ … (မှန်ပါ့)။
အိမ်သည် စိတ်နှစ်ခုကို အမြဲတမ်း ရှုပြီးသကာလ ကိုစောမောင် ဧည့်သည်လဲ ပေါ်မှလိုက် … (မှန်ပါ့) သဘောကျပလား (ကျပါတယ်ဘုရား)။
အိမ်သည်လဲ အလှည့်နဲ့ပေါ်တာပဲ၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
တစ်ခါတလေများ စိုက်ပြီးကြည့်နေတဲ့အခါ အသက်မရှုနဲ့ ကြည့်တဲ့အခါ ပါသေးတယ် … (မှန်ပါ့)။
ကျောက်တစ်လုံးကို
သေသေချာချာ ဒီဥစ္စာ အဖိုးကလဲများမယ်၊ ကြံကျောက်ကလဲ ဖြစ်နေမယ်ဆို ယင်
ကိုဝ-အသက်ရှုသေးရဲ့လား (မရှုပါဘုရား) မရှုဘူး … မရှုဘူး … မရှုဘူး။
ကြံကျောက်လဲဖြစ်မယ်၊
အဖိုးကလဲကြီးနေတယ်၊ ပေးရမည့်အဖိုးကလဲ ကျောက်က အချိန်ကလေး ကလဲကြီး၊ အရေကလဲ
ကပြ ကကောင်း ကြံစရာတွေကလဲ ပါနေမယ်ဆိုတော့ ဦးဘရှင်-အသက်ရှုသေးရဲ့ လား -
(အရှုပါဘုရား)။
မရှုတော့ဘူးဆိုတော့ သူ့ကို ရှုလို့မဖြစ်တော့ဘူး၊ ဒီအခါ ကြည့်စိတ်ကို ရှုမှဖြစ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အဲဒါကြောင့် … သူလဲ အမြဲတမ်းသာဆိုတယ်၊ မမြဲပါဘူး ကိုစောမောင်ရ၊ မြဲရဲ့လား … (မမြဲပါဘုရား) မမြဲဘူးဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)
သို့သော် … သူများထက်မြဲလို့ အိမ်သည်ရယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘာမ ရှုစရာမရှိရင် အိမ်သည် နှစ်ခုရှု … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အပြင်ဧည့်သည်လာရင်
… (အပြင်ဧည့်သည် ရှုရပါမယ်) အတွင်းဧည့်သည်လာရင် … (အတွင်းဧည့် သည်
ရှုရပါမယ်) ရှုလိုက်တဲ့အခါကျတော့ စိတ်ဟာ နှစ်ခုနဲ့ အသက်ရှင်သလား တစ်ခုနဲ့
အသက်ရှင်သလား … (တစ်ခုနဲ့ ရှင်ပါတယ် ဘုရား)။
ဒါဖြင့်
တစ်ခု စိတ်ပျက်သွားတာကို နောက်တစ်ခုပေါ်တဲ့ ဥာဏ်စိတ်နဲ့ ကိုဝ-ရှုပေး …
(မှန်ပါ့) ဒီတော့ အသေကို အရှင်နဲ့ရှု၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
အသေကို
… (အရှင်နဲ့ ရှုရပါမယ်ဘုရား) အသေကို အရှင်နဲ့ ရှုလိုက်တယ်ဆိုတော့ ဟင်း …
ဘယ်သူ့အသေပါလိမ့် မတုံး-လို့မေးတော့ ကိုစောမောင် - ဘယ့်နှယ်ပြောမလဲ၊
ကိုယ့်အသေ - (မှန်ပါ့) နှုတ်လေးမနေနဲ့တော့ … (မှန်ပါ့)။
ဒကာဒကာမတို့
ဘယ်သူ့ အသေတုံး … (ကိုယ့်အသေပါဘုရား) ဒီစိတ်နဲ့ အသက်ရှင်နေတာကို၊ ဒီစိတ်
သေသွားတယ်ဆိုတော့ ကိုယ့်အသေမဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ကိုယ့်အသေကို ကိုယ်က ကံမကုန်သေးလို့ ရှင်တဲ့စိတ်နဲ့ ပြန်ရှု … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် အသေကို အရှင်နဲ့ရှု - (မှန်ပါ့) သဘောပါပလား … (ပါ-ပါပြီဘုရား) ဘယ်လိုရှုကြမယ် … (အသေကို အရှင်နဲ့ ပြန်ရှုရပါမယ်ဘုရား)
ဒါဖြင့်
အသေကို အရှင်နဲ့ရှုလိ့ ဆရာဘုန်းကြီးက ပြောလိုက်တော့ ဧကစိတ္တ သမာယုတ္တာ၊
သဘောကျပလား … (ကျပါပြီ) ဒါ ပါဠိ၊ အသက်ရှိတဲ့ ပုဂ္ဂိုလ်တို့သည် တစ်ခုတည်းနဲ့
အသက်ရှင်နေ၏ … (မှန်ပါ့) စိတ်တစ်ခုတည်းနဲ့ အသက်ရှင်တယ်-တဲ့ … (မှန်ပါ့)
ဒီစိတ် ချုပ်သွားရင် ဒီလူတစ်ယောက်သေတာပဲ၊ သဘောကျပလား … (ကျပါပြီဘုရား)။
နောက်စိတ်မလာရင် ဘယ့်နှယ်တုံး … (သေတာပါပဲဘုရား) သုဿာန်ပို့ရုံပဲ၊
ဒါဖြင့် ခင်ဗျားတို့ကို သုဿာန်မပို့ရသေးတာဟာ အရင်စိတ်တွေကတော့ အရင် ကိုစောမောင် - ပေါင်း ဘယ်လောက်သေပလဲ … (မရေတွက်နိုင်ပါဘုရား)
အခု
ဘယ့်နှယ်ကြောင့် ကိုစောမောင် - သုဿာန်မပို့ရသေး ပါလိမ့်မတုံး မေးရင်
ဘယ့်နှယ်ပြော မလဲ … (နောက်စိတ်နဲ့ အသက်ရှင်နေလို့ပါဘုရား) နောက်စိတ်နဲ့၊
နောက်-ကိုစောမောင်၊ နောက်စိတ်ကို စောင့် - ဒါက အသက်ရှင်နေလို့ … (မှန်ပါ့)။
ဒါဖြင့် အသေကို ဘာနဲ့ကြည့်မလဲ … (အရှင်နဲ့ ကြည့်ရပါမယ်ဘုရား)။
အသေကို အရှင်နဲ့ဆိုတာ ၀ိပဿနာ စခန်းလို့ မှတ်လိုက် … (မှန်ပါ့) အသေကို အရှင်နဲ့ရှုဆိုတာ … (၀ိပဿနာ စခန်းပါဘုရား)။
ဝိပဿနာစခန်းလို့
မှတ်လိုက်ပါ …တဲ့၊ ၀ိပဿနာဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့က
ရှုတာကို ၀ိပဿနာလို့ မှတ်နေတယ်၊ အခု သေသေချာချာ ခရေစေ့တွင်းကျ
စစ်လိုက်တော့မှ ကိုယ့်အသေကို အရှင်ကနေ ကြည့်တာ၊ သဘောကျပလား …
(ကျပါပြီဘုရား)။
ကိုယ့်အသေကို -(အရှင်ကနေ ကြည့်တာပါဘုရား) အရှင်ကနေ ကြည့်တာဆိုတာ ပေါ်ကြပလား … (ပေါ်လာပါပြီဘုရား)။
ပေါ်တော့ကို
ကြည့်ဖန်များလာတော့ ဆရာဘုန်းကြီးကလဲ နည်းပေးထားတယ်၊ ကိုယ့်အသေကိုယ်
ကြည့်တာဟေ့ - ဆိုတော့ ကိုစောမောင် - သေတာတွေက မများပေဘူးလား
(များပါတယ်ဘုရား) များလာတော့ မုန်းမလား၊ မမုန်းဘူးလား … (မုန်းပါတယ်ဘုရား)။
ဒါ
အခုတော့ မကြည့်တော့ မမုန်းသေးဘူး … (မှန်ပါ့) ကြည့်ဖန်များလာတော့ အသုဘတွေ
အတွေ့ကများလာတယ် များလာတော့ ဘယ့်နှယ်ဆိုမလဲ … (မုန်းပါတယ်ဘုရား)။
မုန်းလာတော့ကို
တဲ့၊ မုန်းအောင်ကြည့်လို့ရှိရင် ဟုတ်လား မုန်းတဲ့ပုဂ္ဂိုလ်ဟာ
နောက်ဒီအသေမျိုး၊ ဒီလိုဆုတောင်းလို့ရှိရင် ဒီစိတ်တွေ ဒီလို
သေနဦးမှာဆိုတော့ စိတ် … ဆိုတဲ့ ၀ိညာဏက္ခနာကို လိုချင်သေးရဲ့ လား -
(မလိုချင်ပါဘုရား) အဲ-မလိုချင်အောင် ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ …၊
မုန်းအောင် ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်ပြီ
(မှန်ပါ့)။
---- မာယ ဓမ္မနုဓမ္မပဋိပတ္တိယာဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
စိတ်ကို မလိုချင်အောင် မုန်းအောင် ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ဘာတုံး … (ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်ပါ ဘုရား)။
ခင်ဗျားတို့က “---မာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒံ္ဓ ပူဇေမိ” သွားပြီးလုပ်နေတယ်၊ မလုပ်ကြဘူးလား … (လုပ်ပါတယ်ဘုရား)။
---မာယ
ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒံပူဇေမိ … တပည့်တော် လောကုတ္တရာတရားနဲ့
လျော်တဲ့အကျင့် နဲ့ ရှိခိုးပါ၏။ ကျင့်လဲ မကျင့်ဘဲနဲ့ အလကား ရှိခိုးနေတယ် …
(မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကျင့်တာက ရှုမှ ကျင့်တာကိုး … (မှန်ပါ့) မကျင့်ဘဲနဲ့ အလကားရှိခိုးနေတယ် … (မှန်ပါ့) သဘောပါ ပလား … (ပါ-ပါပြီဘုရား)။
ဘယ်သူကများ သင်ထားသတုံး ခင်ဗျားတို့၊ မယ်သီလ ကျောက်ထွက်တွေများ ဖြစ်နေသလား မပြောတတ်ပါဘူး၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
မဟုတ်ပါဘူး
… တဲ့၊ ခင်ဗျားတို့က အခု --- မာယ ဓမ္မာနုဓမ္မပဋိပတ္တိယာဆိုတာ ပဋိပတ္တိကလဲ
ပါသေးတာ … (မှန်ပါ့) ကျင့်ပါဦးဆိုထားတဲ့ဥစ္စာ - (မှန်ပါ့) ဟောဒီက
အပျက်နဲ့ဟောဒီက မဂ်ကိုက်အောင် ကျင့်ပါဆိုတာ ဓမ္မာနုဓမ္မပဋိပတ္တိ၊ ရှင်းပလား …
(ရှင်းပါပြီဘုရား)။
အပျက်ကဓမ္မ မောင်နိုင် … (မှန်ပါ့) ဟိုကပဋိပတ္တိ၊ အပျက်ကိုကျင့်တဲ့အကျင့်၊ အဲဒီအကျင့်နဲ့ ရှိခိုးပါ ဆိုတာ … (မှန်ပါ့)။
ရှုတော့
မရှုဘူး၊ အလကားနေရင်းသွားပြီးတော့ ကိုစောမောင်ကြီးက လက်ဆယ်ချောင်းနဲ့
---မာယ ဓမ္မာနု ဓမ္မပဋိ ပတ္တိယာ ဗုဒံ ပူဇေမိပါဘုရာ့ … ဓမ္မံ ပူဇေမိပါဘုရာ့ …
ဦးဘရှင်းကြီးကော လုပ်ဘူးရဲ့လား … (လုပ်ဘူးပါတယ်ဘုရား) ဟာ … သွားပြီပေါ့
ခင်ဗျားတို့။
ဘာမှမသိဘဲနဲ့
လုပ်နေတာ … (မှန်ပါ့) ကျင့်ပြီးလုပ်တာလား၊ ကိုယ့်စိတ်ကိုယ် အပျက်မြင်ပြီး
လုပ်တာလား … (ကျင့်ပြီး လုပ်တာပါဘုရား) ဘယ်ဟုတ်လိမ့် မတုံးဗျ …
ဘုရားရှိခိုးအဆုံးပါတာနဲ့ ကိုစောမောင်တို့ လုပ်နေကြတာ။
အပျက်မမြင်ပါဘူး၊ စိတ်ပျက်တာကို ဟင် … (မှန်ပါ့)။
ခင်ဗျားတို့ပျက်တဲ့
စိတ်ပျက်က ကျောက်ကလေး ရှုံးမှ ပျက်လိုက်တာကွာ … ဒီအပျက်သာ ရှိပါတယ်၊
ဒီ့ပြင်အပျက် ခင်ဗျားတို့မရှိပါဘူး … (မရှိပါဘုရား)။
ကိုင်း … ဒါဖြင့် ဒကာဒကာမတွေ ရိပ်မိကြပလား … (ရိပ်မိပါပြီဘုရား)။
တရားက အဆုံးဟောဖို့ပဲ - နာရီကလဲစေ့ပြီ၊ နက်ဖြန်မှ ဆက်ကြဦးစို့ …