Monday, November 3

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထော်လောကန့်လန့် သားသမီး

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရား
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ

ပူဇော်မှုဟူသည် နှစ်မျိုးရှိပါသည်။
(၁) အာမိသပူဇာနှင့် (၂) ဓမ္မပူဇာ ဟူ၍ပင်
ဖြစ်ပါသည်။ထိုပူဇော်မှု နှစ်မျိုးတွင် ဘုရား
ရှင်သည် ဓမ္မပူဇာကိုသာ နှစ်သက်မြတ်နိုး
တော်မှုပါသည်။အဘယ်ကြောင့်ဘုရားရှင်သည်၊ ဓမ္မပူဇာကို
နှစ်သက်မြတ်နိုးပါသနည်းဆိုပါမူ ၊ဓမ္မဖြင့်ပူဇော်ခြင်းသည် ပူဇော်သူကိုလည်း
ဒုက္ခခပ်တိုင်းငြိမ်းစေ၍ ပူဇော်မှုတကာထဲ
တွင်အမြင့်မြတ်ဆုံးသောပူဇော်ခြင်းလည်း
မည်ပေသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့်ဘုရားရှင်က တရားဖြင့်ပူဇော်ရန်
တိုက်တွန်းနိုးဆော်ခဲ့ခြင်း ဖြစ်ပါသည်။
လောက၌ မိဘတို့ပြောရိုးထုံးစံတစ်ခု ရှိပါသည်။ " မိဘကတော့ သားသမီးလုပ်စာ
မစားရရင်ံနေပါစေ၊စကားနားထောင်ရင်ပဲ
ကျေနပ်လှပါပြီ" ဟု ပြောလေ့ရှိပါသည်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်လည်း ဤသို့ဤ
နှယ် မိဘသဖွယ်သာ ဖြစ်ပါချေ၏။
သူ့ကို အဖိုးတန် ပကာသနမှုများဖြင့် မလှူ
မတန်းလျှင်နေပါစေ။ အပြစ်တင်တော်မမူ
ခဲ့ပါ။တရားအလုပ်ကိုအားမထုတ်လျှင်သာ
အပြစ်တင်တော်မူခဲ့ပါသည်။
သို့သော် မိဘမေတ္တာစေတနာကို မငဲ့ညှာ
ဆင်ခြေဆင်လက် များနေသော ၊မိဘစကား
နားမထောင်သည့် သားသမီးများ ရှိနေ
ကြသလို ဘုရားရှင်၏စကားကို နားမ
ထောင်ကြသည့် သားသမီးများ ရှိနေကြ
သည်ကို သိနေမြင်နေရ၍ ထိုသူတို့အတွက်
မိုးကုတ်ဆရာတော်ဘုရားကြီးက ဘုရားရှင်
နှင့် မိဘ နှိုင်းယှဉ်၍ ဤသို့ဆုံမထားခဲ့ပါ
သည်။
""ဘုရားရှင်ကလည်းသနားလွန်းလို့
မဟာ ကရုဏာနဲ့ တိုက်တွန်းရှာတယ်။
ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ရ
မယ်။ငါဘုရားရဲ့ကရုဏာကိုပြန်ငဲ့ရင်လည်း
( ဝိပဿနာလုပ်ရပါမယ် တဲ့ဘုရား)။
အေး---မင်းတို့ ဆွမ်းတွေ ကွမ်းတွေနဲ့ ပူဇော်
ပသတာ မသာယာပါဘူးကွာ၊ မင်းတို့ရထား
တဲ့တရားနဲ့ ပူဇော်တာ သာ သာယာပါ
တယ်ဆိုတဲ့ဥစ္စာ၊သေသေချာချာဟောခဲ့ပါ
တယ်။ဒကာ ဒကာမတွေ သားသမီးတွေနဲ့
နေကြတာပဲ သားသမီးလုပ်စာမစားရရင်နေ
ပါစေ မိဘပြောတာနားထောင်ရင် ကျေနပ်
လှပါပြီဆိုတဲ့ဥစ္စာ၊ မပါကြဘူးလား။
သူ့တို့ကျွေးတာပေးတာမစားရရင်နေပါစေတဲ့ ဒါတွေကခင်ဗျားတို့ အသားယူပြောတဲ့
စကားတွေပါ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိပဿ
နာတရားအားထုတ်ကြပါဆိုတဲ့ ဥစ္စာ၊ ခင်ဗျား
တို့က ထော်လော်ကန့်လန့်နဲ့ လုပ်ပြီး မလုပ်
ဘူး၊မနက်ဖြန်မှ ၊သေခါနီးမှနဲ့ ဒီလိုဆိုရင်
ခင်ဗျားတို့ဟာ ကောင်းသောသားသမီးဖြစ်
နိုင်ပါဦးမလား။ ထော်လော်ကန့်လန့်သားသ
မီးဖြစ်မနေဘူးလား၊ ထော်လော်ကန့်လန့်
သားသမီးဖြစ်နေရင် မိဘတွေကကျေနပ်တဲ့
သဘောရှိပါ့မလား၊ သူတို့ရဲ့ကရုဏာကို
ရော ငဲ့ရာ ရောက်ပါ့မလား။
ဘုရားရှင်ကလည်းဒီအသွားပဲ ၊မင်းတို့ လှူ
တာ၊တန်းတာ၊ပေးတာ၊ကမ်းတာကို အသာ
ထားစမ်းပါ၊ငါပြောတဲ့ အတိုင်းတရားနဲ့ ကျင့်
ပြီး ပူဇော်စမ်းပါဆိုတဲ့ ဥစ္စာ၊မသေချာသေးဘူးလား။ ဒါလေးတောင်မှ
ခင်ဗျားတို့က မလုပ်နိုင်သေးဘူး။ ဘာ
ကြောင့်မလုပ်နိုင်တာတုံး၊ထော်လော်ကန့်
လန့်လုပ်ပါရစေဦး။ ဒီအဓိပ္ပာယ် မရောက်
ဘူးလား၊သဘောပေါက်ကြတယ်နော်။"""

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အအို အသေ လွတ်အောင်လှူပါ

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရား
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ၏
ဒါန နှစ်မျိုးရှိပါသည်။ ဝဋနိဿိတဒါန၊
ဝိဝဋနိဿိတဒါန၊ သံသရာလည်ကြောင်းဒါန
နှင့်သံသရာမှ လွတ်မြောက်ကြောင်း ဒါန
ဟူ၍ ဖြစ်ပါသည်။
ယင်း ဒါန နှစ်မျိုးတွင် သံသရာလည်ကြောင်း
ဒါနကို ပြုလျှင်ဖြင့် လူ၊နတ်၊ဗြဟ္မာ ဘယ်ခန္ဓာဖြစ်ဖြစ်၊အို၊ နာ၊ သေမှ မလွတ်ပါ
ချေ။သောက ပရိဒေဝမီးတို့လည်း လောင်
ကျွမ်းခံရပါလိမ့်ဦးမည်။
သံသရာလွတ်မြောက်ကြောင်း ဒါနကိုပြု
မှသာ အို၊နာ၊သေ ငြိမ်း၍ ဒုက္ခသောက
ဟူသမျှ သိမ်းနိုင်ပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုး
ကုတ်ဆရာတော်ဘုရားကြီးက အို ၊နာ၊ သေ
တပ်မည့်သံသရာ မပြတ်သည့် ဒါနမျိုး ကို
အားပေးတော်မမူခဲ့ပါချေ။
အို၊ နာ၊ သေ ပြတ်ဒုက္ခသောကမီးများ
ငြိမ်းသတ်သည့် ဒါနပြုပုံ ပြုနည်းကိုသာ
ထပ်ခါထပ်ခါ မိန့်ကြားလမ်းပြခဲ့ပါသည်။
ဖတ်ရှု၍ ကြည်ညို ပန်ဆင်ကြည့်ပါလေ။
""" အအို၊ အသေ ရမည့် အလှူမျိုးကျတော့
မလှူစေချင်ဘူး။ အအို၊ အသေ လွတ်မည့်အလှူမျိုးကျတော့ လှူစေချင်
တယ်။အဲဒါကျတော့ ဘုန်းကြီးတို့က အထူး
တိုက်တွန်းတယ်။လုပ်စမ်းဟ လုပ်စမ်းပါဟ
ဆိုပြီး သကာလ။
တချို့ ဒကာဒကာမတွေ သိန်းကုန်၊
သောင်းကုန် လှူချင်ကြတယ်။ ဆိုင်းပါဦး
ကွာ၊ တားပြီးဥာဏ်ပါအောင် ဆိုင်းခိုင်းရ
သေးတယ်။တရားအားထုတ်မဲ့ ပုဂ္ဂိုလ်ဖြစ်
ရင် ပဋိသန္ဓေ ခန်းဟောလိုက်တယ်။
ဟောတဲ့အခါကျတော့ ကလလရေကြည်
မင်းနေချင်သေးလား။အပေါ်ကအစာသစ်
တွေ ရွက်ပြီး အစာဟောင်း ကျင်ကြီးတွေ
ပေါ် ထိုင်တဲ့ဒုက္ခ မင်းကြိုက်သလား။
မကြိုက်ဘူးချည်းပြောတာပဲ။ အဲဒါ ဇာတိ
ဒုက္ခ၊ အဲဒီဒုက္ခကြီးကြောက်လွန်းလို့ ဒီဒုက္ခ
မှ လွတ်ရာရောက်ချင်လို့ လှူပါ၏လို့ မင်း
မြန်မြန်လုပ်ကွ ၊ ဒီလိုသင်ရတယ်။
နို့ မဟုတ်လို့ ရှိရင် ရော့---အင့်ဆိုပြီး သူက
လှူ။ ဝမ်းသာပြီးတော့ ငါတော့နောက်ဘဝ
ကောင်းစားပြီလို့ ထင်နေမယ်။ ဘယ်မှာ
နောက်ဘဝကောင်းစားမှာတုံး။ဝမ်းထဲမှာ
ချောက်ကျတာ ရိပ်မိပလား။ နောက်ဘဝ
မသာဖြစ်သာ ကောင်းစားတာလား။
မသာဖြစ်တာသည် အသုဘမဟုတ်လား။
အသုဘ ဆိုတော့ မြို့ထဲရွာထဲ ကြည့်ဖို့ထား
သလား၊ဆွဲထုတ်သလား။
( ဆွဲထုတ်ပါတယ်ဘုရား )
ဟာ---ဒါဖြင့် မသာဖြစ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမတုံး။
မသာလွတ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့်
ဘုန်းကြီးများက တိုက်တွန်းမယ်။ ခင်ဗျား
တို့ကလည်း လုပ်ပါ။လှူလည်းလှူပါ။
ရှင်းပလား။ နို့မို့ရင် ဒီမသာမချရသေးဘူး။
မသာဆုတောင်းတာက စောနေတယ်။
ရိပ်မိပလား။ ဒီမသာချရပလား။
( မချရသေးပါဘုရား။ )
ရှေ့ ဘာဆုတောင်းကြသတုံး။
( မသာဆုတောင်းပါ ဘုရား )သွားပါကော--
ဒီလောက်ရူးတာတော့ မကောင်းတော့ဘူး""

ဓမ္မ မိတ်ဆွေများ အခုကထိန် ရာသီ ချိန်ခါ
မှာ ကထိန်ဒါနပြု ကြသူဓမ္မ မိတ်ဆွေများ
အထူးသတိပြု နိုင်ရန် အတွက် ဒါနပြု
စဉ်မှာ သစ္စာသိ၍ လှူဒါန်းကြလျှင် သံသရာ
မှလွတ်မြောက်နိုင်ကြောင်းကို မေတ္တာ
ရှေ့ထားလို့ တင်ပြလိုက်ပါတယ်။
ဓမ္မ မိတ်ဆွေများသံသရာမှ လွတ်မြောက်နိုင်
ကြပါစေ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခတသဘော

နိဗ္ဗာန်သည်"အသင်္ခတဋ္ဌ"သဘောရှိတယ်၊ အသင်္ခတဋ္ဌ ဆိုတာနည်းနည်းမှ ပြုပြင်ပြီးထားတဲ့ တရားမဟုတ်၊
အဖန်ဖန်ပြုပြင်ခြင်းမရှိတဲ့သဘောဖြစ်တယ်၊ ဒါကြောင့် နိဗ္ဗာန်ဟာ အဖန်ဖန်ပြုပြင်ခြင်း မရှိသောကြောင့် ပက
တိခိုင်မြဲတဲ့ တရားလို့မှတ်၊ အသင်္ခတ သဘောကို..ရှင်းရရင်၊ "သင်္ခတ"သဘောကို အရင်ပြောရမယ်။
"သင်္ခတ"သဘောသည် အသင်္ခတနဲ့ဆန့်ကျင်ဘက်၊ အသင်္ခတနဲ့လုံးဝမတူတဲ့ တရားပဲ၊ သင်္ခတတရားတွေဆို
တာ ခန္ဓာ ၅-ပါး ရုပ်နာမ်တွေ ဘုံတွေပဲ၊ ဒါတွေဟာ ပြုပြင်ထားလို့ ဖြစ်လာကြတဲ့အရာတွေ ဖြစ်သောကြောင့်
ပျက်စီးတဲ့သဘောရှိတယ်လို့မှတ်၊ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတွေ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတွေဟာ တောတောင်ရေမြေတွေဟာ သင်္ခတတရားတွေ၊ ပြုပြင်တုန်းပဲ ခေတ္တတည်တံ့နိုင်
တဲ့ တရားတွေပဲ၊ ပြုပြင်တတ်တဲ့ ပြုပြင်စီမံပေးတဲ့အကြောင်း တရားတွေရဲ့ သတ္တိအရှိန်အစော် အာနုဘော်
ကုန်လို့ရှိရင် ပျက်သွားကြရတယ်၊ အပျက်မှ လမ်းဆုံးထယ်ပေါ့၊ ခန္ဓာ ၅-ပါး ရုပ်နာမ်ဆိုတဲ့ သင်္ခတ တရားတွေ
ဟာ ဘယ်မှာပဲဖြစ်ဖြစ် (လူ့ပြည်ဖြစ်ဖြစ်၊ နတ်ပြည်ဖြစ်ဖြစ်၊ ဗြဟ္မာပြည်ဖြစ်ဖြစ်) "ကံ စိတ် ဥတု အာဟာရ"ဆို
တဲ့ အကြောင်းတရား ၄-ပါးနဲ့ ပြုပြင်ထားတာ ဖြစ်သောကြောင့် ပြုပြင်တဲ့ သဘောသတ္တိကုန်ဆုံးတာနဲ့၊ တစ်
ပြိုင်နက် ပျက်စီးကြတာချည်းပဲ၊ ခင်ဗျားတို့ ဒါနမှု သီလမှု သမထအလုပ်ဆိုတဲ့ လူနတ်ဗြဟ္မာပြည် ရောက်
ကြောင်းအလုပ်တွေ လုပ်တယ်ဆိုပါစို့၊ သူ့နည်းနဲ့သူ ပြုပြင်လိုက်တော့၊ သူ့အကြောင်းရှိသလောက် အကျိုး
တော့ ပေးတာပေါ့၊ ဒါပေမယ့် အကြောင်းတရားတွေရဲ့ အရှိန်အစော် အာနုဘော်တွေကုန်တဲ့အခါကျတော့
လူနတ်ဗြဟ္မာဆိုတဲ့ အကျိုးတရားတွေဟာ ပျက်စီးသွားကြတာပဲ၊ ပြုပြင်လို့ရထားတဲ့ ဖြစ်လာတဲ့ တရားဟူ
သရွေ့ဟာ ခိုင်မြဲတယ်မရှိဘူး၊ မပြုပြင်ဘဲနဲ့ရတဲ့နေရာဖြစ်သော အသင်္ခတ..နိဗ္ဗာန်ကမှ အမြဲတည်တဲ့ခိုင်မြဲ
တာ၊ ခင်ဗျားတို့ဟာ သင်္ခတ အကျိုးတရားတွေအ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အပါယ်တံခါးပိတ်ခြင်း၊ဖွင့်ခြင်း၏အကြောင်း ရင်း

ဗုဒ္ဓဘာသာဝင်တော်တော်များများ အမှတ်မဲ့
ထင်ယောင်ထင်မှား ဖြစ်နေကြသည့် ကိစ္စ
နှစ်ရပ်ရှိပါသည်။
ထိုကိစ္စနှစ်ရပ်ကား တခြားမဟုတ်ပါ။အပါယ်
တံခါးပိတ်ခြင်းဖွင့်ခြင်း၏ အကြောင်းရင်း ကိစ္စနှစ်ရပ်ပင် ဖြစ်လေသည်။
တချို့ကအပါယ်တံခါးပိတ်ခြင်း၏ကိစ္စကို လူ
တစ်ဦးစုတိကျ သေဆုံးမှ ငရဲသို့ သွား၍ပိတ်
ရသည်။ဖွင့်ခြင်းကိစ္စသည်လည်း သေလွန်ခါ
မှ သွား၍ဖွင့်ရသည်ဟု ထင်မှတ်မှားလျက်
ရှိကြပါသည်။
အမှန်မှာကား ထိုသို့မဟုတ်ပါချေ။အပါယ်တံ
ခါးကို ကျွန်တော်တို့နေထိုင်ရာ ဤလူ့ရပ်ရွာ
မှနေ၍ ကုသိုလ် အကုသိုလ်တည်းဟူသော
တရားနှစ်ပါးဖြင့် လှမ်း၍ပိတ်လျှင်လည်းရ
ပါသည်။ဖွင့်လျှင်လည်းရပါသည်။အပါယ်တံ
ခါးပိတ်သွားရခြင်း၊ပွင့်သွားရခြင်း၏အကြောင်းရင်းကိစ္စကား
ကုသိုလ်နှင့် အကုသိုလ် ကိစ္စနှစ်ရပ်သာရှိ
လေသည်။ဤသည်ကိုကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား
က အောက်ဖော်ပြပါ အဆုံးအမ တရားဖြင့်
ထင်ဟပ်၍ပြထားခဲ့ပါသည်။အဆုံးအမတ
ရား၏လိုရင်းကား မဂ်ကုသိုလ်ပြုလျှင် အပါယ်တံခါးပိတ်မည်ဟူ၍ပင်။
"ဖြစ်ပျက်ကိုရှုရင်း ရှုရင်း ဖြစ်ပျက်မြင်ပါများ
လာတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာတာပဲ
သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်အထိ
ရောက်အောင်ဆိုရင် ပြီးတာပဲ။သဘောကျ
ပလား။နောက်ထပ်ကြည့်လိုက်တဲ့ အခါကျ
တော့ အပျက်တွေမြင်၊နောက်တော့မုန်းတာ
လာမှာပဲ။မုန်းတာလာပြီးရင် ဘာထပ်လာ
မယ်ထင်သတုံး၊ဆုံးတာလာရင်ဖြင့် မဂ္ဂင်
ရှစ်ပါးပြည့်သွားမှာပါပဲ။
ဒကာဒကာမတို့၊အပါယ်လေးပါးတံခါး ပိတ်
တယ်ဆိုတာ အထူးပြောနေဖို့ လိုသေးလား
ကိုယ်ကသွားပြီးပိတ်တာလား၊မဂ်ကပိတ်
တာလား။ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့
အပါယ်လေးပါးတံခါးကို ဒီကနေပိတ်ရင်
လည်းရတယ်၊ဖွင့်ရင်လည်းရတယ်။
ဘာကြောင့်ပါလိမ့်မတုံး၊မကောင်းမှုလုပ်လို့
အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေ
ပြီး အပါယ်တံခါး ဖွင့်တာကိုး။
ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ
အပိုပြောတဲ့ စကားလား၊စည်းကမ်းတကျ
လား။အဲဒီတော့ ခင်ဗျားတို့ နေပုံထိုင်ပုံ
စည်းကမ်းမကျဘူး။ဖွင့်သာနေတယ်၊
ပိတ်ပါဆိုတော့ စည်းကမ်းမကျဘူး။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ လိုသေးတယ်ဆိုတဲ့
အပြစ်ကိုတော့ ထင်ရမယ်""
ဓမ္မမိတ်ဆွေများ အသေမဦးမီ ဥာဏ်ဦး
အောင်ဝိပဿနာများကြိုးစားအားထုတ်ပြီး
အပါယ်တံခါးပိတ်နိုင် ကြပါစေ။


                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။