Wednesday, January 28
မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂလင်္ကာ။
    ၁။ လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
         နောင်လာဘ၀၊ မတောင်းတဘဲ
         ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်
         အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မူ
         ထိုသည့်သူကား....
         အယူမလွဲ၊ ဂတိမြဲ၏။ ။
၂။ မီးစွဲလောင်မှ၊ ရေကိုတ,သော်၊ မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊
    မဂ္ဂင်သန္ဓေ တည်မြဲနေအောင် ..
    မသေခင်က၊ ပြင်ဆင်တောက်လျောက်၊ မေ့မပျောက်လျှင် ..
    ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်။ ။
   ၃။ ကိစ္စမလျော်၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်မရအုံး...
       ဘ၀အစွန်၊ တမလွန်တွင်၊ ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍၊
       မဖောက်မပြန်၊ သောတာပန်အစစ်၊ ဧကန်ဖြစ်သည်..
       မလစ်ဝိပဿနာ  အကျိုးတည်း။ ။ 
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အပါယ်တံခါးပိတ်ခြင်း၊ဖွင့်ခြင်း၏အကြောင်း ရင်း
ဗုဒ္ဓဘာသာဝင်တော်တော်များများ အမှတ်မဲ့ ထင်ယောင်ထင်မှား ဖြစ်နေကြသည့် ကိစ္စ နှစ်ရပ်ရှိပါသည်။ ထိုကိစ္စနှစ်ရပ်ကား တခြားမဟုတ်ပါ။အပါယ် တံခါးပိတ်ခြင်းဖွင့်ခြင်း၏ အကြောင်းရင်း ကိစ္စနှစ်ရပ်ပင် ဖြစ်လေသည်။ တချို့ကအပါယ်တံခါးပိတ်ခြင်း၏ကိစ္စကို လူ တစ်ဦးစုတိကျ သေဆုံးမှ ငရဲသို့ သွား၍ပိတ် ရသည်။ဖွင့်ခြင်းကိစ္စသည်လည်း သေလွန်ခါ မှ သွား၍ဖွင့်ရသည်ဟု ထင်မှတ်မှားလျက် ရှိကြပါသည်။ အမှန်မှာကား ထိုသို့မဟုတ်ပါချေ။အပါယ်တံ ခါးကို ကျွန်တော်တို့နေထိုင်ရာ ဤလူ့ရပ်ရွာ မှနေ၍ ကုသိုလ် အကုသိုလ်တည်းဟူသော တရားနှစ်ပါးဖြင့် လှမ်း၍ပိတ်လျှင်လည်းရ ပါသည်။ဖွင့်လျှင်လည်းရပါသည်။အပါယ်တံ ခါးပိတ်သွားရခြင်း၊ပွင့်သွားရခြင်း၏အကြောင်းရင်းကိစ္စကား ကုသိုလ်နှင့် အကုသိုလ် ကိစ္စနှစ်ရပ်သာရှိ လေသည်။ဤသည်ကိုကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား က အောက်ဖော်ပြပါ အဆုံးအမ တရားဖြင့် ထင်ဟပ်၍ပြထားခဲ့ပါသည်။အဆုံးအမတ ရား၏လိုရင်းကား မဂ်ကုသိုလ်ပြုလျှင် အပါယ်တံခါးပိတ်မည်ဟူ၍ပင်။ "ဖြစ်ပျက်ကိုရှုရင်း ရှုရင်း ဖြစ်ပျက်မြင်ပါများ လာတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာတာပဲ သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်အထိ ရောက်အောင်ဆိုရင် ပြီးတာပဲ။သဘောကျ ပလား။နောက်ထပ်ကြည့်လိုက်တဲ့ အခါကျ တော့ အပျက်တွေမြင်၊နောက်တော့မုန်းတာ လာမှာပဲ။မုန်းတာလာပြီးရင် ဘာထပ်လာ မယ်ထင်သတုံး၊ဆုံးတာလာရင်ဖြင့် မဂ္ဂင် ရှစ်ပါးပြည့်သွားမှာပါပဲ။ ဒကာဒကာမတို့၊အပါယ်လေးပါးတံခါး ပိတ် တယ်ဆိုတာ အထူးပြောနေဖို့ လိုသေးလား ကိုယ်ကသွားပြီးပိတ်တာလား၊မဂ်ကပိတ် တာလား။ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့ အပါယ်လေးပါးတံခါးကို ဒီကနေပိတ်ရင် လည်းရတယ်၊ဖွင့်ရင်လည်းရတယ်။ ဘာကြောင့်ပါလိမ့်မတုံး၊မကောင်းမှုလုပ်လို့ အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေ ပြီး အပါယ်တံခါး ဖွင့်တာကိုး။ ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ အပိုပြောတဲ့ စကားလား၊စည်းကမ်းတကျ လား။အဲဒီတော့ ခင်ဗျားတို့ နေပုံထိုင်ပုံ စည်းကမ်းမကျဘူး။ဖွင့်သာနေတယ်၊ ပိတ်ပါဆိုတော့ စည်းကမ်းမကျဘူး။ ကိုင်း ဒါဖြင့် ခင်ဗျားတို့ လိုသေးတယ်ဆိုတဲ့ အပြစ်ကိုတော့ ထင်ရမယ်"" ဓမ္မမိတ်ဆွေများ အသေမဦးမီ ဥာဏ်ဦး အောင်ဝိပဿနာများကြိုးစားအားထုတ်ပြီး အပါယ်တံခါးပိတ်နိုင် ကြပါစေ။                                              ဤကောင်းမှုကုသိုလ်ကံ                                စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော                                ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်                                              တည်ရှိပါစေသတည်း ။   ။                                                                                                    အရှင်ဉာဏဓဇ                                                                                   မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ                                                                                              ပင်မသံဝေဇနိယဌာန                                                                                                      အမရပူရမြို့ ။
မိုးကုတ်ဆရာတော်ကြီး၏ မှာစကား။
         မိုးကုတ်ဆရာတော်ဘုရားကြီးက တရားအားအထုတ်မီ ဒိဌိအယူကို အသိဉာဏ်ဖြင့်
ဦးစွာခွာပါဦး။ ဒိဌိတန်းလန်းဖြင့် အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မျှ မဂ် မရနိုင်ပါဘူးဟု
ခဏ ခဏ မိန့်တော်မူပါသည်။ ရုပ်နာမ် မကွဲလျှင်၊ ပညတ် ပရမတ် မစင်လျှင် ဒိဌိဝင်တတ်ပါ
သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးက =
၁။ ဒါနကို နောက်ထားပါဦး။
၂။ သီလကို နောက်ထားပါဦး။
၃။ သမထကို နောက်ထားပါဦး။
၎။ ၀ိပဿနာကိုလည်း နောက်ထားပါဦး။
သူတို့ထက်အရင် ဒိဌိခွါမှု ဒိဌိဖြုတ်မှုကို ရှေ့ထားပါဟု မိန့်တော်မူပါသည်။ ။
Tuesday, January 27
တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ (မိုးကုတ်​ဆရာ​တော်​ကြီး)
ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင်။ ပြီးတော့ ကျယ်လောင် ကျယ်လောင် ဘုရား ရှိခိုး ကြတယ်။ တကယ် ဆို ခင်ဗျားတို့ ဟာက ကျက်ထားတဲ့ စာ မေ့မှာစိုးလို့၊ ဘုရားရှေ့သွား စာပြန်နေတာနဲ့ တူနေ တယ်။ ဘာလို့လဲ ဆို၊ ပါးစပ်ကသာ ဆိုနေတာ၊ စိတ်က ဘုရားဆီ ရောက်မှ မရောက် ကပဲ။ နှုတ်တက် ရနေ လို့သာ စာက ဆုံးသွားတာ၊ ဒီတော့ စာပြန်နေတာနဲ့ အတူတူ ပဲ။ ပြီးတော့ ဆု က တောင်းကြသေးတာ။ ဒီလို ဘုရား ရှိခိုးရတဲ့ အတွက်ကြောင့် ပဋိသန္ဓေ အို၊ နာ၊ သေ ဘေးက လွတ်ရပါလို၏၊ လွတ်ပါရစေ တဲ့။ ဒီဆုမျိုးကို ဘယ် ဘုရား က ပေးလိမ့်မလဲ။ ဘုရားက ပေးနိုင်တာ မှ မဟုတ် ပဲ။ ဒါကို ခင်ဗျား တို့ ဇွတ်တောင်း တယ်။ ဘုရား ကို နားပူနားဆာ လုပ်တယ်။ ရုပ်ထုတော် ချည်း မို့လို့ သာပေါ့ဗျာ၊ သက်တော် ထင်ရှား ဘုရားသာ ဆို "နားငြီးတယ်" ဆိုရင်း ခြေထောက် နဲ့ ဆီးပြီး ကန်ချင်စရာ။ အဲ့တော့ ... ခင်ဗျားတို့ဟာ အင်မတန် အတောင်း အရမ်း ထူတဲ့လူတွေ။ အတောင်းအရမ်း ထူတဲ့ လူ ဆိုတာ ဘာအမျိုးတုံး ဆို - သူတောင်းစားမျိုး ဗျ။ ဒါမျိုးက ဆုတောင်း ယူလို့ ရတာ မဟုတ်ဘူး။ လုပ်ယူ၊ ကြိုးစား ယူမှ ရပါတယ်။ ဒါ့ကြောင့် တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ ( မိုးကုတ် (၁) နှာ - ၃၀၄ )
Wednesday, January 7
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် အမှတ် (၂)
                                         တရားမြင်မှ ဘုရားမြင်တယ် (၁) မှ အဆက်
           ဒါဖြင့် တချို့  သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ၀ိပဿနာရှေ့ ၊ တချို့  ဒဠှတာရီပုဂ္ဂိုလ်ဆိုတော့၊ ပဋိသမ္ဘိ ဒါပတ္တဆိုတော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်ဆိုတော့ အတူ တူပဲတဲ့ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
           သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ရှင်အာနန္ဒာတို့လိုပေါ့လေ  … နတ်ပြည်သွားရင်သူနေခဲ့ရပြီ၊။။။
 (မှန်ပါ့)၊ သောတာပန်တော့ တည်ပြီးသားပဲ … (တင်ပါ့၊ ဘာပြုလို့တုံးဆိုရင် ဈာန်ခြောက်နေတယ်၊ ဈာန်မရှိဘူး သူ့မှာ … (တင်ပါ့)၊ ပေါ်လာကြပလား … (ပေါ်ပါပြီဘုရား)။
           သူဘာနဲ့ တက်လှမ်းလာတုံးဆိုတော့၊ ၀ိပဿနာချည့်သက်သက်နဲ့တက်လာတယ် သဘောကျပလား … (မှန်ပါ့)၊ ကောင်းပြီး တစ်ချက် တစ်ချက် ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ ကျတော့ ဘာနဲ့တက်တာတုံး … (သမထနဲ့ တက်ပါတယ်ဘုရား)။
                                                    သမထရှေ့ ထားတဲ့ ပုဂ္ဂိုလ်
           သမထရှေ့ ထားပြီး ၀ိပဿနာနောက်ထားတတ်တယ်၊ သူတို့ကျတော့ကို သမထက ရှေ့ ၊ ၀ိပဿနာ ကနောက်၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာလေးကပဲ ထူးခြားတယ်လို့ ခင်ဗျားတို့မှတ်ထားလို့ရှိရင်ဖြင့် ဘုရားပယ်၊ တရားပယ်စရာများ လိုသေးသလား … (မလိုတော့ပါဘူးဘုရား)။
           ဒီ သမထ ၀ိပဿနာမကွဲကြလို့  တချို့ က ဘုရားပယ်ပြီး တရားဆက်ဆယ်၊ တချို့ ကျတော့လည်း ဘုရားဖက်တာနဲ့ တရားပယ်ချင် ပယ်ချတယ် … (မှန်ပါ့)၊ ဆိုတာ ဤကဲ့သို့ဝေဖန်မှုမှာ ဦးစံရီ မရှင်းလို့မှတ်ရမယ် … (မရှင်းလို့ပါဘုရား)၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
           ခုတော့ ဘယ့်နှယ်နေကြတုံး … (ရှင်းပါတယ်)၊ ဘယ်လိုရှင်းတာတုံး … (ရှေ့ နဲ့နောက်နဲ့)၊ ရှေ့ နဲ့ နောက်နဲ့ပဲကွာတယ်၊ နို့ ဘုရားက ပုဂ္ဂိုလ် အချိုးအစားနှစ်မျိုးရှိတယ်လို့ မဟောခဲ့ဘူးလား … (ဟောပါတယ်)။
                                                      သုက္ခ၀ိပဿကပုဂ္ဂိုလ်
           သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ဈာန်ခြောက်တယ်ကွ ဈာန်မရှိဘူး ဟုတ်လား၊ အသိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ ဈာန်လမ်းကထိုးတက်လာတာကွ၊ ဈာန်ရတာက အရင်၊ ၀ိပဿနာက နောက်တဲ့၊ သဘောကျပလား … (ကျပါတယ်)။
           အဲ့တော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်၊ ထို့အတူ ၀ိပဿနာအားထုတ်ပြီး ရဟန္တာဖြစ်မှ ဈာန်ရအောင်ကြိုးစားတော့လည်း ရသေးတဲ့ပုဂ္ဂိုလ်တွေ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် အမှတ် (၁)
မနေ့က ၀က္ကလိကို တစ်ဝက်ကဖြတ်ပြီး နိဗ္ဗာန်ကူးပုံကိုဟောတယ်။ ဒီကနေ့ ၀က္ကလိအစက စပြီး ဆက်ပေးလိုက်မယ်။ နို့မဟုတ်ရင် သံသယရှိနေကြလိမ့်မယ်နော်။
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာကြည့်လိုက်တဲ့အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
           အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
           အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
           ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
           ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
           အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
           မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မ