Thursday, March 12

အဓိပတိသုံးပါး


           ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
ထုတ်တာ မဟုတ်ဘူး။ အို. နာ. သေ. မွဲ. ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်စေ
ခြင်းငှာ တရားအားထုတ်တာ၊ အဲဒါကို အတ္တာဓိပတိလို့ ခေါ်တယ်။
     ၂။ လောကကြီးကိုလည်း အဓိပတ်ထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်နေတယ်
လို့ အမည်ခံထားပေမယ့် တရားအားထုတ်နေတဲ့ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေက
ဖုံးလွှမ်းထားပြီး ရောင်းဝယ်ရေးကိစ္စတွေကို တွေးတော စဉ်းစားမနေပါနဲ့ ထိနမိဒ္ဓလည်း မဖြစ်စေနဲ့
ပျင်းလည်းမပျင်းနဲ့၊ အိပ်လည်းမအိပ်နဲ့၊ စိတ်ကိုလည်း မလွင့်စေနဲ့၊ မတော်တာတွေကို လုပ်နေရင်ဖြင့်
ကိုယ်စောင့်နတ်နဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်ကလည်း သိတယ်။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်က
လည်း သိပါတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ လောကကို အဓိ
ပတိထားပြီး အားထုတ်ခြင်းကို လောကာဓိပတိလို့ ခေါ်တယ်။
     ၃။ တရားတော်ကိုလည်း အဓိပတိထားပြီး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရား
တော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားကို မမြင်ခဲ့ရင် တရားက မရှိလို့
မဟုတ်ဘဲ ငါက တရားတော်ကို မလေးစားလို့ မမြင်တာဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး တရား
တော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကိုတော့ ဓမ္မာဓိပတိလို့ ခေါ်တယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၆ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် 
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Thursday, March 5

ကျေးဇူး​တော်​ရှင်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ ပုဗ္ဗကိစ္စငါးပါး။



        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။

  ၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ဖူးပါက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ ၀န်ချ
တောင်းပန်ကန်တော့ပါ။
  ၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နှင့်တကွ သတ္တ၀ါ
အပေါင်းတို့အား ဘေးကင်း ကျန်းမာချမ်းသာစေဖို့  မေတ္တာစိတ်ကို ပွားများပေးပါ။
  ၄။ ရှေးဘ၀၊ ယခုဘ၀ ကိုယ်ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါ အလိုရှိနေသော မဂ်ဖိုလ်နိဗ္ဗာန်ကို
 ရောက်ရစေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ ဆိုပါ။
  ၅။ ငါသည် ဘ၀များစွာ သေခဲ့လှပြီ။ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို (မရဏာနုဿတိ) ပွားများပြီး၊ အားထုတ်မှုအရှိန်ကို ပြင်းထန်ပေးပါတို့ ဖြစ်ပါတယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)