Tuesday, November 22

မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားချီးမြှင့်သော ဉာဏ်စဉ် (၁၆) ပါးတရားတော


ဆိတ်ငြိမ်ရာသည်တောဖြစ်၏ ဆိတ်ငြိမ်တဲ့နေရာမှာထိုင်ပါ။ဆိတ်ငြိမ်ပြီး အနှောင့်အယှက်မဖြစ်တဲ့နေရာဟာတောပါပဲ။ လှူထားပါ ဘုရားရှိခိုးကန်တော့၊ တရားမထိုင်မီမိမိခန္ဓာကိုယ်ကု ဘုရားကိုလှူထားပါ။ ကြာကြာထိုင်နိုင်ဖို့ ခန္ဓာကိုယ်ကို ကြာကြာထိုင်နိုင်အောင် တည့်တည့်မတ်မတ်ထိုင်ပါ။ မစောင်းစေနဲ့ ဘယ်ဘက်မှမစောင်းပါစေနှင့်။ ရှေ့လည်းမငိုက်ပါစေနှင့်။ကိုယ်လည်းဖိမထို င်ဘဲ ခပ်လျော့လျော့ထိုင်ပါ။ တောင့်မထားပါနှင့်။ သမာဓိအစ ၀င်သက်ထွက်သက် အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင်အားထုတ်ပါ။ဝင်လေလည်းသိ ထွက်လေလည်းသိပြီးငါစွဲမစွဲစေနှင့် ။အဲဒီလိုသတိကို လက်မလွတ်စေဘဲ ထွက်လေနဲ့ဝင်လေကို သိသိနေတာကြာရင်သမာဓိအားကောင်းလာမယ်။ သဒ္ဓါနဲ့ဝီရိယသတိနဲ့ပညာ အဲဒီသမာဓိ အားကောင်းလာတဲ့အချိန်ဝီရိယကို အလျော့မပေးဘဲသတိနှင့်ပညာကို ကပ်ပြီးလိုက်ပါ။ ဖောက်ပြန်သောရုပ်၏ဖြစ်ပျက် တရားထိုင်တာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာပေါ်လာတယ်။တောင့်လာတာ ညောင်းလာတာကိုဉာဏ်ကသိလာတယ်။ ညောင်းတာရယ်ညောင်းမှန်းသိတာရယ် သည်နှစ်ခုတို့ကိုဖြစ်ပြီးပျက်သွားတာပဲလို့သိလိုက်ပါ။ ပြောင်း၍ပြောင်း၍သိ အဲဒီလိုသိလိုက်တဲ့စိတ်တစ်ချက်မှာညောင်းတဲ့ရုပ်၊ ညောင်းတဲ့စိတ်မရှိတော့ပြီ၊ ချုပ်ပျောက်သွားကုန်ပြီလို့ နောက်ကဉာဏ်ကသိလိုက်ပါ။ညောင်းတာတောင့်တာ ပြုပြင်ပြီးမပေးသမျှ ညောင်းတာတွေဟာ တစ်ခုပြီးတစ်ခု ဖြစ်ပြီးပျက်နေဦးမှာမို့ ဒူးကလေးဆန့်ချင်တဲ့စိတ်၊ ပြောင်းရွှေ့ချင်တဲ့စိတ် ပေါ်လာလိမ့်မယ်။ မရှိတာကို သည်လိုသိ ဒီတစ်ခါ မိမိတို့ဥာဏ်က ဆန့်ကျင်ကွေးချင်ပြန်သတဲ့၊ ပြောင်းချင်ရွှေ့ချင်ပြန်သတဲ့ လို့သိလိုက်ပါ။ သိလိုက်တဲ့တစ်ချက်ထဲမှာထိုဆန့်ချင်ကွေးချင် ပြောင်းချင်တဲ့ရုပ်နာမ်တွေ မရှိတော့ပြီရယ်လို့ ထပ်သိလိုက်ပါ။ အသိလိုက်ပြောင်းရန်လိုအပ် အဲဒီလိုသိနေတုန်းကြားထဲဖြတ်ပြီး အသံတစ်ခုကြားလိုက်က ကြားပြန်ပြီလို့သိလိုက်ပါ။ ဒီလိုခန္ဓာငါးပါး တစ်ခုခုပေါ်လာတို င်းပေါ်လာတိုင်း သိပြီး ဖြစ်ပြီး ပျက်သွားပျောက်သွားပါကလားလို့ သိရမယ်။ အသိကျဲကျဲမှအသိစိပ်စိပ် အဲသည်လို အသိတရားတွေကျဲနေရာက စိပ်သည်ထက်စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်။ တဖြည်းဖြည်းရုပ်နာမ်တရားတွေ တစ်ခုပြီးတစ်ခု ဖြစ်ပြီးပျက်သွားတာကိုသတိနှင့်စိုက်ကြည့်နေက တွေ့လိမ့်မယ်။ ပါးစပ်ကမရွတ်နဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါဠိလိုရွတ်မနေနဲ့ဖြစ်ပြီးပျက်သွားပါကလားလို့။တစ်ခုတည်းသာသတိနဲ့စိုက်ပြီး ကြည့်နေရင်ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောကိုသာ ပိုထင်မြင်လာလိမ့်မယ်။ မုန်းစိတ် မုန်းဉာဏ် ဒီလို မိမိတို့ခန္ဓာကိုယ်ပေါ်မှာပေါ်တိုင်းပေါ်တို င်း ဖြစ်ပျက်တွေကိုရှုကြည့်ဖန်များ လာက မိမိရဲ့ခန္ဓာကိုယ်ကို ရွံမုန်းလာတော့တာပဲ။ အဲဒီအခါမှာမိမိတို့ခန္ဓာကို ယ်ကို စွန့်လွှတ်ချင်တဲ့စိတ်ဖြစ်လာမယ်။

သေဘေးနှင့်အတူရှိနေသူ ခန္ဓာကိုယ်ရှိရင် ဤလိုဖြစ်ပျက်ဒုက္ခနှင့်မကင်းနိုင်ဘဲ အိုနာသေ ဆိုတဲ့ ဒုက္ခသစ္စာနှင့်တွေ့ကြုံရဦးမှာ မို့ကြောက်ရွံ့ပြီးမိမိခန္ဓာကိုယ်ကိုပဲ ရွံမုန်းလာမယ်။ ဖြစ်ပျက်ကိုမုန်းနေလျှင် ဖြစ်ပျက်ဆုံးတော့မည် ဖြစ်ပျက်ရှုဖန်များလာရင် လောဘ၊ ဒေါသ၊ မောဟ (၃) ပါးစလုံး တဖြည်းဖြည်းခေါင်းပါးလာပြီး နောက်ဆုံးလွင့်ပျောက်ခန်းခြောက်သွားအောင် ဖြစ်ပျက်ဆုံးအောင် ပွားများအားထုတ်ဖန်များက ယခုဘ၀မှာပင်မဂ်ဖိုလ်ကိုရနို င်တယ်။ ဉာဏ်စဉ် (၁) နာမရူပပဋိစ္ဆေဒဥာဏ် ဒါကြောင့်ကြိုးစားပြီးမိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက် ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့ သဘောမှ တစ်ပါး ဘာမျှမရှိဘူးဆိုတာတွေ့လိမ့်မယ်။ အဲဒီလို ရှုဖန်များရရင်ဤကားရုပ်၊ ဤကားနာမ်လို့ ပိုင်းခြားပြီးသိလာတော့နာမရူပပဋိစ္ဆေဒဥာဏ် ရလာတယ်။ ဉာဏ်စဉ် (၂) ပစ္စယဝေက္ခဉာဏ် နောက် ရုပ်နာမ်တို့၏ ဖြစ်ပေါ်ရင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး ဒီရုပ်နာမ်ဟာအ၀ိဇ္ဇာတဏှာ ဥပါဒါန် ကံဆိုတဲ့အကြောင်းတရားလေးပါးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားပါကလား။ အကြောင်းလည်းဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတတ်ဘ၀က အ၀ိဇ္ဇာတဏှာဥပါဒါန်ကံ တို့ကိုရှာမှီးသိမ်းဆည်းနိုင်ေ သာ ပစ္စယ ပရိဂ္ဂဟဉာဏ်ရလာမယ်။

ဉာဏ်စဉ် (၃) သမ္မသနဥာဏ် နောက်ရုပ်နာမ်တို့၏ ဖြစ်ဆဲဖြစ်ပြီးဖြစ်လတ္တံတို့ကို အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ကာလသုံးပါးပိုင်းခြား၍အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာရေးသုံးပါးဖြင့်ဆင်ခြင်သုံးသပ်ြ ခင်းဟူသော သမ္မသနဉာဏ်အဆင့်ကိုရောက်လာမယ်။

ဥာဏ်စဉ် (၄) ဥဒယဗ္ဗယဥာဏ် နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ဖြစ်သော ရုပ်နာမ်တို့၏ ခဏမစဲတသဲသဲဖြစ်နေမှုကိုရှုကြည့်သော ဥဒယဗ္ဗဉာဏ်ဖြစ်ပေါ်၍လာမယ်။ ဥာဏ်စဉ် (၅) ဘင်္ဂဥာဏ် နောက် ရှုဖန်များလာရင် အပျက်ကိုသာသိမြင်လာတဲ့ ဘင်္ဂဥာဏ်ဖြစ်ပေါ်၍လာတယ်။ ဉာဏ်စဉ် (၆) ဘယဉာဏ် ဤကဲ့သို့ရှုဖန်များလာလျှင် နာမ်ရုပ်တို့၏ ပျက်မှု၊ ချုပ်မှုကိုသာမြင်သဖြင့် ကြောက်ဖွယ်ဘေးကြီး ဟုထင်လာသောဘယဉာဏ်ပေါ်ပေါက်လာမယ်။ ဉာဏ်စဉ် (၈) နိဗ္ဗိန္ဒဉာဏ် နောက် ရုပ်နာမ်တို့၏ ချုပ်ပျက်မှု စသောအဖြစ်တွေကို ထင်မြင်လာသောအာဒီန၀ဥာဏ်ရလာမယ်။ ဥာဏ်စဉ် (၉) မုဥ္စိတုကမျတာဉာဏ် မိမိခန္ဓာကိုယ်တည်းဟူသောရုပ်နာမ်ဓမ္မသခါင်္ရတို့မှ လွတ်ခြင်းငှာအလိုရှိတဲ့ မုဉ္စိတုကမျတာဉာဏ် ရောက်လာမယ်။ ဉာဏ်စဉ် (၁၀) ပဋိသခါင်္ဉာဏ် ၎င်းမှတဆင့် ရုပ်နာမ်တို့၏ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှုတွေကိုအပြင်းအထန်အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့ပဋိသခါင်္ဉာဏ်ရောက်လာရော။ ဉာဏ်စဉ် (၁၁) သခါင်္ရရုပေက္ခာဥာဏ် နောက်ရုပ်နာမ်သခါင်္ရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုသောသခါင်္ရုပေက္ခာဥာဏ် ပေါ်လာတယ်။ ဉာဏ်စဉ် (၁၂) အနုလောမဥာဏ် နောက်ပြီးရှေ့ဉာဏ်နောက်ဉာဏ်ကို လက္ခဏာရေသုံးပါးဖြင့်အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ နှစ်ဥာဏ်လုံးနဲ့ သင့်လျှော်တဲ့အနုလောမဉာဏ် ဖြစ်ပေါ်လာမယ်။ ဉာဏ်စဉ် (၁၃) ဂေါတြဘူဉာဏ် နောက်ပုထုဇဉ်တို့အနွယ်ကိုဖြတ်၍ အရိယာတို့အနွယ်ဖြစ်စေသောဂေါတြဘူတဉာဏ် ဖြစ်ပေါ်လာမယ်။ ဉာဏ်စဉ် (၁၄) မဂ်ဉာဏ် နောက် သဥပါဒိသေသ နိဗ္ဗာန်ကိုသိမြင်သော မဂ်ဥာဏ်နှင့်။ ဉာဏ်စဉ် (၁၅) ဖိုလ်ဥာဏ် မရှေးမနှောင်းသဥပါဒိသေသ နိဗ္ဗာန်အရသာ၊ နိဗ္ဗာန်၏ အကျိုးကိုခံစားေ သာ ဖိုလ်ဉာဏ်ပေါ်လာတ ယ်။ ဥာဏ်စဉ် (၁၆) ပစ္စဝေက္ခဏဉာဏ် နောက် (၁) မဂ်ဉာဏ်ကိုဆင်ခြ င်ခြင်း၊ (၂) ဖိုလ်ဥာဏ်ကိုဆင်ခြင်ခြင်း၊ (၃) နိဗ္ဗာန်ကိုဆင်ခြ င်ခြင်း၊ (၄) ပယ်ပြီးသောကိလေသာကိုဆင်ခြင်ခြင်း။(၅) မပယ်ရသေးသောကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့ ဉာဏ်ငါးပါးကို ဆင်ခြင်ခြင်းဖြစ်သော ပစ္စဝေက္ခဏဉာဏ်ရောက်လာလိမ့်မယ် ။


Monday, November 21

ပြုံးသေ မဲ့သေ သေနည်း (ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး)


ပြုံးသေ မဲ့သေ သေနည်း

ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာတိုက်၌ဟောကြားတော်မူသော ပြုံးသေ မဲ့သေ သေနည်း အလုပ်ပေးတရားတော် (၂၇-၁၁-၆၀)

ဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုတဲ့ဇာဏုသော နိပုဏ္ဏားဆိုတာက မေးတယ်၊ ဘုရားသခင် ကိုယ်တော် မြတ်ကြီးကို ဇာဏုသောနိ ပုဏ္ဏားကမေးတယ်။

အရှင်ဘုရားတဲ့ တပည့်တော်တွေ့ရတဲ့ပုဂ္ဂိုလ်အပေါင်း မှာဖြင့် တပည့်တော်ဥာဏ်ထဲမှာချိန်ဆလို့ရတဲ့သဘောတွေ ပြောရ လို့ရှိရင် သေရမှာကိုမကြောက်တဲ့ပုဂ္ဂိုလ်၊ မလန့်တဲ့ပုဂ္ဂိုလ် တော့ဖြင့်မရှိဘူးလို့ တပည့်တော်အယူရှိ ပါတယ်ဘုရားလို့ လျှောက်တယ် (မှန်လှပါဘုရား)။

ဇာဏုသောနိ ပုဏ္ဏားကလျှောက်တယ် ...... (မှန်လှပါဘုရား) တပည့်တော်အထင် တပည့်တော်အမြင်အတိုင်း ပြောရလို့ရှိရင်ဖြင့် သေရမှာကိုမကြောက်တဲ့ပုဂ္ဂိုလ်၊ မလန့်တဲ့ပုဂ္ဂိုလ်ဆိုတာ လုံးဝမရှိ ဘူးလို့ တပည့်တော်အယူရှိ ပါတယ်လို့ ဘုရားကို လျှောက်တယ်။

အဲဒီတော့ဘုရားသခင်ကိုယ်ေ တ်ာမြတ်ကြီးက ပုဏ္ဏားတဲ့၊ ဇာဏု သောနိပုဏ္ဏား..ဒီလိုတစ် ထစ်ချယူမထားနဲ့ကွ၊ သေရမှာကြောက် တဲ့ပုဂ္ဂိုလ်လဲရှိတာပဲတဲ့၊ မကြောက်တဲ့ပုဂ္ဂိုလ်လဲ ရှိတာပဲလို့ နှစ်မျိုးမှတ် ရမယ်(မှန်လှပါဘုရား)။

သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်က တစ်မျိုး၊ သေရမှာမကြောက်တဲ့ပုဂ္ဂိုလ်က ..(တစ်မျိုးပါဘုရား) ဘယ်နှစ်မျိုးပါလိမ့် .(နှစ်မျိုးပါဘုရား)။

နှစ်မျိုးရှိတယ်လို့ ဘုန်းကြီးတို့ ဒကာဒကာမတွေ မှတ်ထားကြစမ်းပါ။ ဒီတရားဘုရားသခင် ကိုယ်တော်မြတ်ကြီးကို ဒီပုဏ္ဏားက လျှောက်တဲ့ အတွက်ကြောင့်အမေးအဖြေ ထွက်ရပါတယ်ဆိုတာ ဒကာဒကာမတွေ သိပြီးသားအတိုင်းအားလုံးနဲ့ဆက်ဆံလို့ဆိုတဲ့ အဓိပ္ပာယ်မှတ်ပါတော့ ..(မှန်လှပါဘုရား)။

အားလုံးနဲ့ဆက်ဆံလို့ ဆိုတဲ့ဥစ္စာဒကာဒကာမတွေ ပဋိသန္ဓေနေတဲ့ နေ့ကစပြီးသကာလ ကျုပ်တို့ ပြေးလွှားပြီးသကာလ လာကြတာသည်၊ ဘယ်မြို့ ဘယ်ဌာနရောက်တယ်ဆိုတာကတော့ဖြင့် အပြောပဲလို့ မှတ် ရမယ်(မှန်လှပါဘုရား)။

သေရာဌာနကိုပြေးလာတာကဖြင့် သေချာတယ် . (သေချာပါတယ် ဘုရား)။

ဟိုမြို့ ရောက်လဲ သေခါနီးတာပဲ (မှန်လှပါဘုရား) ဟိုမြို့ ကလဲ ဒီမြို့  ဆက်ပြေးပြန်တော့ရော(သေခါနီးတာပါဘုရား)။

ဒါဖြင့် သုသာန်အရောက် ပြေးနေတဲ့လမ်းပဲ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ်ဘုရား)။

အဲဒီတော့သုသာန်အရောက် ပြေးနေတဲ့လမ်းပဲ လို့ ဒကာဒကာမတွေ ဆုံးဖြတ်ချက်ချနေတော့ ယုတ်စွအဆုံးပြောကြပါစို့၊ တရားနာနေတာ တောင်မှသုသာန်သွားရင်း တရားနာနေတာလို့ ဆရာဘုန်းကြီးက ဆုံးမတယ်..(မှန်လှပါဘုရား)။

ဘုရားက ဆုံးမတယ် (မှန်လှပါဘုရား)။

ထိုင်,စ ထက် အခု သုသာန်နဲ့ နီးတယ်ဆိုတာက မသေချာဘူးလား.. (သေချာပါတယ်ဘုရား) ထိုင်, စ ထက်သေခါနီးတယ် ဆိုတာကရော (သေချာပါတယ်ဘုရား)။

ဒါဖြင့်ဦးလှဘူးတို့၊ ဒကာကြွယ်တို့၊ ဒကာသိုက်တို့၊ ကျုပ်တို့သည်ကား ဆိုလို့ရှိရင်ဖြင့် ထိုင်နေလဲ ဒီနေရာဌာနကိုတော့  အရောက်သွားတာပဲ (သွားတာပါပဲဘုရား) ထိုင်ရင်းသွားတယ်။

အိပ်နေပြန်တော့ (အိပ်ရင်းသွားပါ တယ်ဘုရား)။

စားနေပြန်တော့(စားရင်းသွားပါတ ယ်ဘုရား)။

ပြောနေပြန်တော့ (ပြောရင်းသွားပါတယ်ဘုရား)။

သြော်..ဒါဖြင့် ဒကာဒကာမတို့ ဒီ့ပြင်ဟာတွေကဖြ င့် လွဲတယ်၊ ချော်တယ် ရှိသေးတယ်နော်(မှန်လှပါဘုရား) တို့ သုသာန်သွားတဲ့ အလုပ်ကတော့ လွဲတယ်၊ ချော်တယ်လို့ မရှိတော့ပါဘူး . (မရှိပါဘူးဘုရား)နီးကပ် နီးကပ် သွားတာသေချာတော့တာပဲ .(သေချာပါတယ်ဘုရား) မဆိုနိုင်ဘူးလား ..(ဆိုနိုင်ပါတယ်ဘုရား)။

အဲဒါတွေ သေသေချာချာဒကာဒကာမတွေက ဉာဏ်နဲ့ စဉ်းစားလိုက်တော့မှ သြော် တို့သည်ကားလို့ဆိုရင်တစ်ဘ၀လဲ ဒီလမ်းပဲ ပြေးရပြန်တာပဲ၊ နောက် ဘ၀ ရပြန်တော့ရော..(ဒီလမ်းပဲပြေးရတာပါဘုရား) အင်းနောက်အနာဂတ် တတိယဘ၀ ရောက်ပြန်တော့ရော. (ဒီလမ်းပြေးရတာပါဘုရား)။

ဒါဖြင့် ဒီလမ်းပြေးတဲ့အလုပ်ဟာဖြင့် ကျုပ်တို့သည် ၀ဋ်သမားမို့ပြေးရတဲ့ အလုပ်ပဲလို့ မှတ်ပေတော့ (မှန်လှပါဘုရား)။

ဝဋ်ရှိတဲ့ ပုဂ္ဂိုလ်မို့ ဒီလမ်းချည်းပြေး ရတာ. (ပြေးရပါတယ်ဘုရား) ၀ဋ်ကျွတ်တဲ့ ပုဂ္ဂိုလ်ဖြင့်ဒီလမ်းမပြေးပါဘူး.(မပြေးပါဘုရား)။

အဲဒါကြောင့် ဒကာဒကာမတို့အားလုံးက ညည်းနေကြတာက အိုပြီ၊ သေရချည် သေးရဲ့  ..(မှန်လှပါ)တော်တော်ကြာ နောက်ဘ၀ကျတော့အိုပြန်ပြီ၊ သေရချည် သေးရဲ့. (မှန်လှပါ)။

ဒါသာညည်းလုံးတွေ ထုတ်နေကြတာပဲ ဒကာဒကာမတို့၊ လမ်းခွဲကိုမရှာဘူး .(မရှာပါဘုရား) မရှာတာကလဲဦးလှဘူးတို့၊ ဒကာကြွယ်တို့က စဉ်းစားရမယ်၊ သြော်.မသိတဲ့ပုဂ္ဂိုလ်ရှာဖို့အရေးဟာ အတော်ကွာဝေးတာပါလားဆိုတာပေါ် လာတယ်၊ မပေါ်လာဘူးလား (ပေါ်လာပါတယ်ဘုရား)။

ကိုင်း..ဒါဖြင့် ဒကာဒကာမတို့ သေရမှာကြောက်တဲ့ ပုဂ္ဂိုလ်ချည်းလို့ဇာဏု သောနိ ပုဏ္ဏားက ပြောတော့ ဘုရားသခင်ကိုယ်ေ တ်ာမြတ်ကြီးက ကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုးမကြောက်တဲ့ ပုဂ္ဂိုလ်ကတစ်မျိုး ရှိပါတယ်လို့ပြောတယ် .(ပြောပါတယ်ဘုရား)။

ဒါဖြင့် သေရွာသွားတဲ့လူချင်းတူပေမယ့် လဲ ကြောက်သွား,သွားတဲ့ပုဂ္ဂိုလ် ..(မှန်လှပါ) မကြောက်ဘဲနဲ့ရဲရဲတင်းတင်းသွားတဲ့ပုဂ္ဂိုလ်၊ (မှန်လှပါ) နှစ်မျိုး ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား)။

ဒါဖြင့် ဘုရားတဲ့၊ တပည့်တော်ယူထားတ အယူကတစ်ယူတည်းဖြစ်နေတော့ အရှင်ဘုရားကမကြောက်တဲ့ပုဂ္ဂိုလ်၊ သေရမှာ မကြောက်တဲ့ပုဂ္ဂိုလ်ရှိသေး တယ်ဆိုတာရှင်းပြစမ်းပါဦး (မှန်လှပါ) မမေးသင့်ဘူးလား ..(မေးသင့်ပါတယ်ဘုရား)။

အေး ဒီတရားကိုစ,ပြီးသကာလ ဟောရတာ ဒကာဒကာမတို့၊ ကျုပ်တို့ဆရာ ဘုန်းကြီးနဲ့တကွ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက လမ်းခွဲလဲတွေ့အောင်၊ ဒီဘ၀ သေပြန်လို့ရှိရင်လဲ မကြောက်ဘဲနဲ့ သေရင်ကိစ္စပြီးပုံကို ဟောလိုပြော လိုလို့ ဒီတရားကို အင်္ဂုတ္တိုရ်ပါဋ္ဌိတော်က စ,လာတာ (မှန်လှပါဘုရား)။

ဒီ ဒကာဒကာမ တွေမှာဘယ်အခြေအနေ ရောက်အောင် စခန်းပေါက်အောင် လုပ်ထားလို့ရှိရင်ဖြင့် မကြောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘက်ကိုသေချာသက် ရောက်အောင်လို့ ဦးလှဘူးရဲ`့ပြောရတာ. (မှန်လှပါဘုရား)။

ဒါကြောင့်ဒကာဒကာမတို့ယနေ့တရားကိုဖြင့် သြော် . တို့သည်ကားဆိုလို့ ရှိရင်ဖြင့် ဒီလမ်းတော့သွားနေတာပဲ၊ မကြောက်တဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့သွားရ အောင်၊ တို့သည်ကားဆိုရင်ဘယ်ဟာ လက်ကိုင်ထားမှသာလျှင် မကြောက်တဲ့အဖြစ်သို့ ရောက်မယ်၊ ကြောက်တဲ့အဖြစ်သို့ရောက်ရင်ဖြင့် ဆိုးရွားပါလိမ့်မယ်ဆိုတာလဲ ပေါ်လာပါလိမ့်မယ် .. (ပေါ်လာပါတယ်ဘုရား)။

အဲဒါကြောင့် ဒကာဒကာမတွေဒီလမ်းလွတ်တဲ့ ပုဂ္ဂိုလ်ဖြင့်ဒီတရားပွဲ ဟောတဲ့ ပုဂ္ဂိုလ်ကအစ နာတဲ့ ပုဂ္ဂိုလ်အဆုံး ဘယ်သူကမလွတ်ပါဘူး(မှန်လှပါဘုရား)။

လွတ်ပါ့မလား (မလွတ်ပါဘုရား) အဲဒီမလွတ်တာတွေ သိပြီးသကာလနေ တော့ သြော် .ကြောက်သေ၊ မကြောက်သေဖြင့် ခွဲကြဦးစို့ .(မှန်လှပါဘုရား)။

ဒါဖြင့် ကြောက်တဲ့ပုဂ္ဂိုလ်ကတဲ့ ဒကာဒကာမတို့ ဘယ်လိုရှိတဲ့ ပုဂ္ဂိုလ်မျိုးမှ ကြောက်ပါသတုန်းဆိုရင်ဘုရားက လေးမျိုး ထုတ်ပြတယ် .. (မှန်လှပါဘုရား)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီးတဲ့ ပုဏ္ဏားတဲ့ ကြောက်တဲ့ ပုဂ္ဂိုလ်က လေးမျိုး ရှိတယ်ကွ .(မှန်လှပါဘုရား) ကြောက်တဲ့ပုဂ္ဂိုလ်က (လေးမျိုးရှိပါတယ်) မကြောက်တဲ့ပုဂ္ဂိုလ်က..(လေးမျိုးရှိပါတ ယ်)။

လေးမျိုးရှိတယ်လို့ဆိုတော့ တို့သည်ကားလို့ ဆိုလို့ရှိရင် မကြောက်တဲ့ လေးမျိုး တဲ့ အပါယူမယ်ဟ,ဆိုတဲ့စိတ်ကိုမွေးထားကြပါ . (မှန်လှပါဘုရား)။

မကြောက်တဲ့ လေးမျိုးထဲကို တို့အပါအ၀င် ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့စိတ် ကိုဖြင့်အားလုံးတရားနာလာကြတဲ့ဒကာဒကာမတွေ အရယူမယ်ဆိုတာဖြင့် ဒီနေ့စိတ်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မွေးရမှာပဲ ..(မှန်လှပါဘုရား)။

မမွေးရင် မဖြစ်ပါဘူးဒကာကြွယ်ရ . (မှန်လှပါ) သွားရမယ့်လမ်းကြီးကြောက် နေလို့ရှိရင်ဖြင့်ဘယ်မှာသာလျှင် လားရာဂတိ ကောင်းနိုင်ပါ့မလဲ ..(မကောင်းနိုင်ပါဘုရား)။

မကြောက်ဘဲနဲ့သွားတဲ့ပုဂ္ဂိုလ်သည် ဂတိရှိ ရင်လဲဂတိကောင်းပါလိမ့် မယ် (မှန်လှပါ ဘုရား) ဂတိမရှိတော့လို့ ရှိရင်လဲငြိမ်းချမ်း ပါလိမ့်မယ် .. (မှန်လှပါဘုရား) မဆိုနိုင်ဘူး လား (ဆိုနိုင်ပါတယ်ဘုရား)။

အေး..ဒါကြောင့် ကြောက်တဲ့ပုဂ္ဂိုလ် လေးမျိုးဒကာသိုက်ရေ .ရှေ့ပိုင်းက ထုတ်ပြမယ် (မှန်လှပါဘုရား) ကြောက်တဲ့ပုဂ္ဂိုလ် လေးမျိုးဆိုတဲ့ ဥစ္စာသည် စတုက္ကနိပါတ်အင်္ဂု တ္တိုရ်က လေးမျိုးပဲပြတယ် ..(မှန်လှပါဘုရား)။

ဘယ်လိုပုဂ္ဂိုလ်ကြောက်တယ်ဆိုတာတစ် နံပါတ်မှတ်ပါတော့ဒကာဒကာမတို့။

၁။ ။သားသမီးနှင့်ပစ္စည်း အာရုံ ဒါတွေကို ခင် တွယ်ပြီး သကာလနေတဲ့ ပုဂ္ဂိုလ်များ၊ သေခါနီး ပြင်းထန်တဲ့ ဝေဒနာရောက်လာလို့ ရှိရင်ဖြင့် သြော်..(မှန်လှပါဘုရား)။ဒီရှာထားတဲ့ပစ္စည်း ဤမွေးထားတဲ့သားသမီးတွေဖြင့် အစွန့်ကြီး စွန့်ပြီး အခွဲကြီးခွဲရတော့မှာပဲ ဆိုတဲ့စိတ်ဟာ ပေါ်လာတယ်

ပေါ်လာတော့ သူ့စိတ်ထဲမှာသေချင်တဲ့စိတ်က ရှိရဲ့လား (မရှိပါဘုရား) သေရမှာမကြောက်ပေ ဘူးလား.(ကြောက်ပါတယ်ဘုရာုး)။

သြော်သူ့ကြောက်စိတ်သည်ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံးတဲ့ လက်သည်ရှာတော့၊ သား သမီးနဲ့ ပစ္စည်းမစွန့်ချင်တဲ့၊ သားသမီးနဲ့ပစ္စည်းကို မစွန့်ချင်တဲ့ သဘောတွေက သူ့မှာများပြီးသ ကာလ နေတဲ့အတွက် ဝေဒနာပြင်းထန်လာ ပြီ ဆိုမှဖြင့် ဒကာဒကာမတို့ သူ့စိတ်ထဲမှာကြောက်လာတာပဲ (မှန်လှပါဘုရား)။

ကြောက်လာတယ်ဆိုတဲ့ဥစ္စာသည်ဒေါမနဿ ဖြစ်တယ်.(မှန်လှပါ) ဒေါမနဿဖြစ်တော့ ဒကာ ဒကာမတွေဘုန်းကြီးက ဟောထားတယ်နော်. ။

သေခါနီးရောက်လာေ တာ့ ဒေါသဆိုတာမလာပေ ဘူးလား.(လာပါတယ်ဘုရား)။

ဒါဖြင့် ဒေါသတစ်နံပါတ်လာတော့ ဦးလှဘူးရေ သောက နောက်ကလိုက်လာတယ်၊ (လိုက်လာပါ တယ်ဘုရား) သောက လိုက်တဲ့အခါကျတော့ ပရိ ဒေ၀ဆိုတာတွေ ဖြစ်ပေါ်လာတယ် ….(ပေါ်လာပါ တယ်ဘုရား)။

အင်း.ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းတွေ ရော..(ပေါ်လာပါတယ်ဘုရား) ဒါတွေပေါ်မလာဘူး လား(ပေါ်လာပါတယ်ဘုရား)။

အင်းဒီပုဂ္ဂိုလ်ကဘယ့်နှယ့်ကြောင့် ပေါ်လာပါလိမ့် မလဲလို့ မေးလို့ရှိရင်ဖြ င့် မရဏမ္ပိ ဒုက္ခသစ္စာဆိုတဲ့ ဥစ္စာသည် အင်း..ဒါမသိလို့ဘဲဗျ.(မှန်လှပါဘုရား) မသိလို့ ခုနင်က သားသမီးနဲ့ ပစ္စည်းအာရုံတွေဟာ အင်း ဒုက္ခသစ္စာတွေပဲ၊ ဒီဥစ္စာတွေဟာဒုက္ခအစစ် တွေပဲဆိုတာမသိလို့ခင်ရှာသကိုးဗျ. (မှန်လှပါ)။

မသိလို့ခင်တွယ်တဲ့အတွက် ဝေဒနာက ပြင်းထန် လာတော့အင်းဒါတွေအတွက်အင်း ဒုက္ခဖြစ်လို့ ဒေါမနဿတွေဖြစ်လို့သောကတွေဖြစ်လို့ ပရိဒေ၀ ဖြစ်လို့ဒီလိုမနေပေဘူးလား..(နေပါတယ်ဘုရား) ဒီလိုနေပြီးသကာလ ဒကာဒကာမတွေဒီပုဂ္ဂိုလ် ဟာတဲ့ စုတေစိတ်ကျ သွားတယ်ဆိုကြစို့ . (မှန်လှပါဘုရား) စုတေစိတ်ဒီဘက်မကျပေဘူး လား..(ကျပါတယ်ဘုရား)။

ဒီဘက် ဒုက္ခဒေါမနဿသောကပရိဒေ၀ ဥပါယာ သတွေ မလာပေဘူးလား.(လာပါတယ်ဘုရား)။

စုတေစိတ် ကျသွားတော့ ဒီပုဂ္ဂိုလ်ဟာသစ္စာ အင်း..သားသမီးတွေနဲ့ပစ္စည်းတွေဟာဒုက္ခ သစ္စာတွေပါလား၊ အနိစ္စ ဒုက္ခ အနတ္တတွေပါ လား၊ ဒုက္ခသစ္စာအစစ်တွေပါလားလို့သူ့စိတ် ထဲမှာသိလို့ သောကပရိဒေ၀ ဒုက္ခဒေါမနဿ လာတာလား၊ မသိလို့ လာတာလား .(မသိလို့လာတာပါဘုရား)။

မသိလို့ လာတော့ ဒီသောကပရိဒေ၀ ဒုက္ခ ဒေါမနဿတွေထဲမှာအ၀ိဇ္ဇာကလာတယ် ..(လာပါတယ်ဘုရား) မလာပေဘူးလား ..(လာပါတယ်ဘုရား)။

အ၀ိဇ္ဇာကလာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ စုတေပြီးတဲ့အခါကျလို့ရှိရင်ဖြင့် သူသည်ကားလို့ဆိုရင်ဘာဖြစ်သတုံးဆိုလို့ ရှိရင်ဖြင့် သောကပရိဒေ၀ ဒုက္ခဒေါမနဿ တွေ ကလာတဲ့အခါကျတော့ အ၀ိဇ္ဇာကပါ တယ်၊ အ၀ိဇ္ဇာပါတော့ သူ့စိတ်ထဲမှာကာယ ကံ ၀စီကံတွေနဲ့ ဟိုပြောဒီမှာ၊ ဆိုတာတွေ ကမလာပေဘူးလား (လာပါတယ်ဘုရား)။

အဲဒါသည်ကာယကံ၊ ၀စီကံတွေက လာပြန် တော့ ဒီကံတွေကလဲ ယခုဘ၀ကံတွေ ဖြစ် နေတယ်..(မှန်လှပါ) ကံတွေဖြစ်ပြီး သကာ လနေတော့စုတေစိတ်လဲကျပါရော၊ ဒကာ ဒကာမတို့ ဒီဘက်မှာ၊ အင်း .. သားသမီးနဲ့ ပစ္စည်းစွဲတဲ့ ပြိတ္တာပဋိသန္ဓေမနေရပေဘူး လား. (နေရပါတယ်ဘုရား)။

အင်း.ပြိတ္တာပဋိသန္ဓေနေရတာသေခါနီး မှာဒီပုဂ္ဂိုလ်သည်ကြောက်တဲ့ပုဂ္ဂိုလ်ဖြစ် နေတယ်. (မှန်လှပါဘုရား)။

သားသမီးနဲ့ပစ္စည်းကို ခွဲရမှာသူတို့နဲ့ ကွဲရ မှာသူတို့နဲ့နောက်ဆုံးပိတ်အဖြစ်ကြုံရမှာ၊ ဒါတွေကိုကြောက်ပြီးသကာလ လာတဲ့ အတွက်တဲ့ ဒကာဒကာမတို့ စုတေစိတ် ကျပြီး ပြိတ္တာဘက်ကူးသွားတယ် (မှန်လှပါ)။

ဒါဖြင့် ကြောက်သေသေတဲ့ ပုဂ္ဂိုလ်ဘယ်ဘက် ကူးသွားသလဲ (ပြိတ္တာဘက်ကူးသွားပါတယ် ဘုရား) ပြိတ္တာဘက်ကူးသွားတော့ ပြိတ္တာဇာတိ ဆိုတာ မလာပေဘူးလား.(လာပါတယ်ဘုရား)။

စုတေပြီးတော့ ပဋိသန္ဓေဆိုတာလာရတော့မယ် ..(လာရမှာပါဘုရား) မလာပေဘူးလား (လာပါတယ်ဘုရား) အင်း.သူ့ကြောက်လုံး ဘာကြောင့် လာပါလိမ့်မတုံးဆိုတာ မေးခွန်း သာ ထုတ်ကြပါတော့။

သားသမီးနဲ့ပစ္စည်းပေါ်မှာမစွန့်နိုင်လို့ ၊ ဝေဒနာ ကလဲ ပြင်းထန်လာတယ်၊ သားသမီးနဲ့ ပစ္စည်းလဲ မစွန့်နိုင်ဖြစ်လာတယ်၊ အဲဒီတော့ သေရမှာ ကြောက်လာတယ် (ကြောက်ပါတယ်)။

ကြောက်တော့ သောကပရိဒေ၀ ဒုက္ခ ဒေါမန ဿတွေက လာရော၊ လာတဲ့အခါကျလို့ရှိရင် ကာယကံဝစီကံမှားတွေနဲ့ မနေရပေဘူးလား .(နေရပါတယ်) နေတော့ ကမ္မဘ၀ ပစ္စယာ ပြိတ္တာဇာတိ မလာပေဘူးလား.(လာပါတယ် ဘုရား) သဘောကျပလား ..(ကျပါတယ်ဘုရား) အင်းကြောက်သေတယ် ဆိုးပါလား .(ဆိုးပါတယ်ဘုရား)ရှင်းပလား (ရှင်းပါတယ်ဘုရား)။

ကြောက်တဲ့ ပုဂ္ဂိုလ်ဆိုတာဒကာဒကာမတို့ သားသမီးနဲ့ပစ္စည်းအာရုံတွေနဲ့ခွဲရတော့မယ်၊ ဝေဒနာက ပြင်းထန်လာတယ်ဆိုတော့ ကြောက်ရှာတာပဲ .(ကြောက်ပါတယ်ဘုရား)။

ကြောက်တဲ့အခါကျလို့ရှိရင်ဖြင့် သောကပရိ ဒေ၀ ဒုက္ခ ဒေါမနဿမလာပေဘူးလား .(လာပါတယ်ဘုရား)။

အဲဒီလိုလာတော့ ကာယကံ ၀စီကံတွေက ကောင်းသေးရဲ.လား.(မကောင်းပါဘူးဘုရား) မကောင်းတဲ့အခါကျတော့ ဒီကံနဲ့သေသွားတဲ့ ကမ္မဘ၀ ပစ္စယာပြိတ္တာဇာတိဖြစ်သွားတယ် (မှန်လှပါဘုရား)။

အဲဒီတော့အကျဉ်းချုပ်မှတ် စရာကတော့ သား သမီးနဲ့ ပစ္စည်းအာရုံတွေကိုခင်ပြီးသကာလ နေတဲ့ပုဂ္ဂိုလ်၊ ၀ိပဿနာဥာဏ်ကမရောက်၊ သစ္စဥာဏ်တွေက မရောက်တော့ဒီဥစ္စာခိုင်တယ် မြဲတယ် ထင်ပြီးသကာလ နေတဲ့ဒိဋ္ဌိတွေက ၀င်ပြီး သကာလနဂိုကထားပြန်တော့ဒီဒိဋ္ဌိကမခွာခဲ့၊ ထို ကဲ့သို့ မခွာခဲ့တဲ့အတွက် ဒီဒကာဒကာမ သေတဲ့အခါ ကျလို့ရှိရင် ကြောက်စိတ် လာပါတယ်၊ ကြောက်စိတ် လာတော့ဝေဒနာပြင်းထန်လို့ကြောက်စိတ်လာတော့၊ ကြောက်စိတ်ဆိုတာဘာတုံးဆိုတော့ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿပါပဲ(မှန်လှပါဘုရား) သဘောကျပလား (ကျပါတယ်ဘုရား)။

ဒါဖြင့် သောကပရိဒေ၀ ဒုက္ခ ဒေါမနဿတည်းဟူ သောတရားတွေနဲ့ ၊ သူ့ကာယကံ ၀စီကံတွေနဲ့ မှာ တန်တာမှာ၊ ပြောတန်တာပြော၊ ဆိုတန်တာဆိုတွေ ဟာ အကောင်းဟုတ်သေးရဲ့လား…..(အကောင်း မဟုတ်ပါဘုရား) ခင်ပြောမင်ပြောတွေဖြစ်မ နေဘူး လား. (ဖြစ်နေပါတယ်ဘုရား)။

အဲဒီတွင် ကာယကံ,၀စီကံတွေက အကုသိုလ်ကံတွေ ဖြစ်နေတော့ကမ္မဘ၀ပစ္စယာဒီအိမ်မှာပဲပြိတ္တာဇာတိ လာဖြစ်တယ် (ဖြစ်ပါတယ်ဘုရား)ဘယ်လောက် ကြောက်စရာကောင်းသလဲ(ကောင်းပါတယ်ဘုရား)။

အင်း…..ဒီဥစ္စာအကျဉ်းချု ပ်မှတ်လိုက်တော့ သား သမီးနဲ့ ပစ္စည်းခင်တွယ်တဲ့သဘောကြောင့်ကြောက် ပြီးသကာလ သေတာတဲ့၊ ဒီလို ခင်တွယ်မှုရှိရင် ကြောက်တယ်ဆိုတာမှတ်လိုက်ပါ။ဒါ တစ်နံပါတ် ပုဂ္ဂိုလ်.(မှန်လှပါဘုရား)။

၂။နှစ်နံပါတ်ပုဂ္ဂိုလ်ငါဘုရားဟောဦးမယ်ပုဏ္ဏား တဲ့၊ မှတ်ထားတဲ့။

မိမိကိုယ်ကိုခင်တွယ်ပြီးသကာလ နေတဲ့ ပုဂ္ဂိုလ်များ လဲ သေခါနီးကျတော့ကိုဒီကိုယ်ကြိးနဲ့ ခွဲရတော့မယ်၊ ဒီခန္ဓာကြီးနဲ့ဖြင့် အိုးစားကွဲရတော့မယ် ဆိုလို့ရှိရင် ကြောက်လာတာပဲ (မှန်လှပါ)။

အနတ္တကိုအတ္တထင်တာကိုးဗျ(မှန်လှပါ) အဲဒီလို ကြောက်လာတဲ့ ပုဂ္ဂိုလ်လဲတဲ့မိမိကိုယ်ကို မိမိခင် တွယ်ပြီး သကာလ နေတဲ့ပုဂ္ဂိုလ်လဲ ဝေဒနာတွေက ပြင်းထန်ပြီးသေပေါက်,သေ၀သို့ ရောက်တဲ့အခါ ကြောက်ပါတယ်ကွ တဲ့။

ဒါဖြင့် မိမိကိုယ်ခင်တဲ့ ပုဂ္ဂိုလ်လဲ ကြောက်သေပဲ . (မှန်လှပါဘုရား) ဘယ်နှယောက်ရှိသွားပြီလဲ (နှစ်ယောက်ရှိပါပြီဘုရား)။

သားသမီးနဲ့ပစ္စည်းခင်တွယ်တဲ့ပုဂ္ဂိုလ်ရော (ကြောက်သေပါဘုရား) ကြောက်သေ တစ် ယောက်ပဲ (မှန်လှပါ)။

အင်း.မိမိခန္ဓာခင်တွယ်ပြီး သေတဲ့ ပုဂ္ဂိုလ်ရော (ကြောက်သေတစ်ယောက်ပါဘုရား) နှစ်ယောက် ရှိသွားပြီ (မှန်လှပါ)။

၃။တတိယ ပုဂ္ဂိုလ်က ဒကာဒကာမတွေမှတ်စရာ ကကိုယ်က လောဘနဲ့ ဒေါသနဲ့မောဟနဲ့ ရောင်း လိုက် ၀ယ်လိုက်အကုသိုလ်အလုပ်တွေက များပြီး သကာလနေတဲ့ပုဂ္ဂိုလ်များလဲ အခုလို ၀ိပဿနာ အလုပ်တွေ ခန္ဓာကို ဥာဏ်ရောက်ပြီးသကာလ အဖြစ်အပျက် အနိစ္စလက္ခဏာ၊ အနတ္တလက္ခဏာ တွေကို မရှုမပွားဘဲနေတော့ကုသိုလ်ကောင်းမှု တွေက အကုန်ဆိတ်သုဉ်းေ နတော့တယ် (မှန်လှပါ ဘုရား)။

ထိုကဲ့သို့ ဆိတ်သုဉ်းနေတော့လဲ သေခါနီးကျလာ တော့ ရောဂါဝေဒနာကပြင်းပြတဲ့အခါ သြော် ..ငါနှယ်လုပ်သင့်လုပ်ထိုက်တဲ့ကုသိုလ်တွေ မလုပ်ခဲ့ ပါလား၊ အလကား အလုပ်တွေနဲ့၊ အကုသိုလ်အလုပ် တွေနဲ့သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်ခဲ့ ပါလား၊ ပြုသင့်ပြုထိုက်တဲ့ ကုသိုလ် ၀ိပဿနာအလုပ် ကြီးတွေတော့ငါလက်လွတ်ပြီးသကာလ၊ ဒါတွေ ဖြည်း ဖြည်းမှ ထားပြီးသကာလအရေးမကြီးမှာအရေးကြီး ပြီးသကာလ ငါ့မှာနေခဲ့ခြင်းကြောင့်၊ ငါတော့ဖြင့် ကိုယ် ကျိုးနည်းတာပဲဆိုပြီးကိုယ်ပြုထားတဲ့ အကုသိုလ်တွေ ကရှိလို့လဲကြောက်ပြီးသေတယ်ကွ. (မှန်လှပါဘုရား)။

ဘယ်နှယောက် ရှိသွားပြီလဲ …… (သုံးယောက်ရှိသွားပါပြီ ဘုရား) အဲ. ကိုယ်ပြုထားတဲ့ အကုသိုလ်တွေကို ကိုယ် ဟာကိုယ်အောက်မေ့ပြီးသကာလအလကားနေတာ တွေ၊ သားရေး၊ သမီးရေး၊ စီးပွားရေးနဲ့ အချိန်ကုန်တာ တွေ၊ မင်းရေးစိုးရေးနဲ့အချိန်ကုန်တာတွေ၊ အသက်တမ်း အလကား ဖြုန်းခဲ့တာတွေေ ပါ့ဗျာ၊ အဲဒါတွေကို တွေးလာ ပြန်လို့ရှိရင်လဲတဲ့ ဒီပုဂ္ဂိုလ်ဟာဦးလှဘူးတို့၊ ဒကာကြွယ် တို့ ကြောက်ပြီးသေတယ်ကွ (မှန်လှပါဘုရား) ရှင်းပြီ လား..(ရှင်းပါတယ်ဘုရား) ဘယ်နှယောက်ရှိပြီလဲ ..(သုံးယောက်ရှိပါပြီဘုရား)။

၎။ ။တစ်ယောက် ထည့်လိုက်ပါဦးဒကာဒကာမ တို့ ဘုရားကတစ်ယောက်ကျန်သေးတယ်ကွတဲ့၊ တစ် ယောက်ကတော့ ဘာတုံးလို့ မေးတဲ့အခါကျတော့ ဒကာဒကာမတွေ ဘုန်းကြီးသင်ပါတ ယ်တဲ့၊ ဒီဘက်က အ၀ိဇ္ဇာအ၀ိဇ္ဇာကြောင့်ဘာဖြစ်တုံး…. (သင်္ခါရဖြစ်ပါတယ်) သင်္ခါရကြောင့် ၀ိညာဏ်၊ ၀ိညာဏ်ကြောင့်…..(နာမ် -ရုပ်) နာမ်ရုပ်ဖြစ်တယ်၊ နာမ်ရုပ်ကြောင့် ဘာဖြစ်လဲ ..(သဠာယတန) သဠာယတနကြောင့် ..(ဖဿ) ဖဿကြောင့် … (ဝေဒနာ) အင်း ဝေဒနာကြောင့် ..(တဏှာဖြစ်ပါတယ်) တဏှာကြောင့်…..(ဥပါဒါန်) ဥပါဒါန်ကြောင့် ..(ကမ္မဘ၀) ကမ္မဘ၀ ဖြစ်တယ်၊ ကမ္မဘ၀ကြောင့် (ဇာတိပါဘုရား) ဇာတိကြောင့် .(ဇရာ၊ မရဏ ဖြစ်ပါတယ်)။

ဇရာ၊ မရဏ ဖြစ်တယ်ဆိုတဲ့ပဋိစ္စသမုပ္ပါဒ်ကြီးကို အစ, ကိုလဲ သူနားမလည်တဲ့ ပုဂ္ဂိုလ် (မှန်လှပါဘုရား)။ အဆုံးလဲပဲ နားမလည်တဲ့ပုဂ္ဂိုလ်။

အစ,နားမလည်တာကအ၀ိဇ္ဇာ၊ မသိရှာဘူး .(မှန်လှပါဘုရား)။

အဆုံးမသိတာက၊ ဇရာမရဏ မသိတာ….. (မှန်လှပါ)။

အလယ်လဲမသိဘူးတဲ့၊ ပဋိစ္စသမုပ္ပါဒ်အစ,လဲမသိဘူး နော် .(မှန်လှပါ) အဆုံးရော. (မသိပါဘုရား)။

အစ,နဲ့အဆုံးနှစ်ခုစလုံးရော (မသိပါဘုရား) မသိပါဘူးတဲ့၊ အဲဒီကဲ့သို့ပဋိစ္စသမုပ္ပါဒ်မသိဘဲနေတော့ .သြော်. ဒီဥစ္စာဘယ်ကလာလို့ဘယ်များ သွားရမှာ ပါလိမ့်သူ့စိတ်ထဲပေါ့ဗျာ.(မှန်လှပါဘုရား)။

သေခါနီး ဝေဒနာတွေက ပြင်းထန်လာတော့ ဘယ် လိုဖြစ်ပြီး ဘယ်လိုများဘာဖြစ်မှာပါလိမ့်မတုံးဆိုတဲ့ ၀ိစိကိစ္ဆာတွေက မလာပေဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်ကလာလိုအခုဖြင့်ဒီနေရာစုတေမနေသေလွန် လို့ရှိရင်ဖြင့် ဘယ်သွားရမှန်းမသိဘူး (မသိပါဘုရား)။

မသိတော့ သူ့စိတ်ထဲ မသိတာသည်ဝိစိကိစ္ဆာ(မှန်လှပါ ဘုရား) ၀ိစိကိစ္ဆာတိုတိုပြောတော့ အ၀ိဇ္ဇာပါပဲ (မှန်လှပါ) သဘောကျပလား .(ကျပါတယ်ဘုရား)။

အဲ့ဒီကဲ့သို့ဘုရား၊ တရား၊ သံဃာဆိုတဲ့ ဥစ္စာကိုလည်း ယုံကြည်မှု မရှိ။ဘုရား၊ တရား၊ သံဃာပေါ့ဗျာ ..(မှန်ပါ့ဘုရား)။အဲ့ဒါကိုလည်းယုံကြည်မှု မရှိ။

အဲဒီအ၀ိဇ္ဇာနဲ့ အင်း ပဋိစ္စသမုပ္ပါဒ်အစ,လဲမသိ၊ အဆုံး လဲ မသိ၊ အစ,အဆုံးလဲ မသိပေါ့ဗျာ။

အဲဒီကဲ့သို့နေတဲ့ပုဂ္ဂိုလ်များဟာလဲဦးလှဘူးတို့၊ ဒကာကြွယ် တို့ သေခါနီးမှ သူ့ဝိစိကိစ္ဆာလာတာပဲ…… (မှန်လှပါဘုရား)။

အင်း… သေတော့ သေရမှာပဲ၊ ဘယ်များရောက်မတုံးဆိုတာ မသိတော့ ကြောက်ရှာတယ်.(မှန်လှပါဘုရား) သေတော့ သေရမှာ၊ ဘယ်ရောက်လိမ့်မယ်ဆိုတာ မသိတော့ ဘယ် နှယ့်နေလိမ့်မတုံး..(ကြောက်ပါတယ်ဘုရား)။

အဲဒီလိုပုဂ္ဂိုလ်လဲတဲ့ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ် များလဲ ကြောက်သေ သေသဟေ့ (မှန်လှပါဘုရား)။

အခုတော့ဒီဒကာဒကာမတွေမှာ ပဋိစ္စသမုပ္ပါဒ်က နားလည်နေတော့ နေရာကျလိုက်တာ (မှန်ပါ) ပဋိစ္စသမုပ္ပါဒ်နားလည်ပြီးသကာလ နေတော့အင်း .အ၀ိဇ္ဇာရှိရင် သင်္ခါရဖြစ်မှာပဲ…. (မှန်လှပါ) သင်္ခါရဖြစ်လို့ ရှိရင် (၀ိညာဏ် ဖြစ်ပါတယ်) ၀ိညာဏ်ဖြစ်လို့ရှိရင် .(နာမ်ရုပ်ဖြစ်ပါတယ် ဘုရား) နာမ်ရုပ်ဖြစ်လို့ရှိရင် (သဠာယတနဖြစ်ပါတယ်)။

ကဲ. ဒါ ထားလိုက်ပါတော့၊ အဆုံးအဆုံးကျအောင် သွားလိုက်တော့အ၀ိဇ္ဇာချုပ်တော့ ရော…..(သင်္ခါရချုပ် ပါတယ်ဘုရား) သင်္ခါရချုပ်တော့ (၀ိညာဏ်ချုပ်ပါတ ယ် ဘုရား) ၀ိညာဏ်ချုပ်တော့ …..(နာမ်ရုပ်ချုပ်ပါတယ်ဘုရား)။

အင်း.ဒီလိုအချုပ်တွေ သိသွားပြန်တော့လဲအင်း ဒီဥစ္စာ ပဋိစ္စသမုပ္ပါဒ်ကြီးဒီပဋိစ္စသမုပ္ပါဒ် ဆိုတာမျိုးသည်ကား ဆိုလို့ရှိရင်ဖြင့် ၀ိပဿနာမရှုရင်လည်းဦးလှဘူးတို့၊ ဒကာကြွယ်တို့ ဘယ်တော့ပြတ်မလဲ .(ဘယ်တော့မှ မပြတ်ပါဘုရား)။

ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ကျပြန်တော့ ပဋိစ္စသမုပ္ပါဒ်မပြတ် ဘူးလားပြတ်လား (ပြတ်ပါတယ်ဘုရား)အင်း ဘယ့်နှယ့် ကြောင့် အပြတ်သိပါလိမ့်မတုံး ဆိုလို့ရှိရင်ဖြင့် ဖဿနိရောဓာ ဝေဒနာနိရောဓော. (မှန်လှပါဘုရား) အင်းလဖဿချုပ်ရင် (ဝေဒနာချုပ်ပါတယ်ဘုရား) အင်း .. ဖဿချုပ်ရင် ဝေဒနာ ချုပ်တာပဲလို့ဥာဏ်ကမသိဘူးလား (သိပါတယ်ဘုရား)။

ထိုကဲ့သို့ သိတဲ့ပုဂ္ဂိုလ်ကျတော့ ပဋိစ္စသမုပ္ပါဒ် ပိုင်ပိုင်နိုင် နိုင် ကိုယ့်ဟာကိုယ်သိပြီးသကာလ ဝေဒနာဖြစ်နေတယ် ဝေဒနာ ပြင်းထန်လာတယ်၊ အင်း….ဒါ,ဖဿကြောင့်ဖြစ်တဲ့  ဝေဒနာပဲ (မှန်လှပါဘုရား) မသိဘူးလားဗျာ.(သိပါတယ်) ဆိုတော့ ၀ိစိကိစ္ဆာသေမနေဘူးလား (သေပါတယ်ဘုရား)။

ဒီဝေဒနာကဘယ်ကများ လာပါလိမ့်မတုံးလို့ သံသယရှိသေး လား..(မရှိပါဘုရား) အင်း…. ၀ိစိကိစ္ဆာက သေသွားတယ် (မှန်လှပါ)။

အင်း..ဒီဝေဒနာဘယ်ကလာပါ လိမ့်မတုန်းဆိုတဲ့ ဥစ္စာသူ့စိတ် ထဲပေါ်လာသေးရဲ့ လား. (မပေါ်ပါဘုရား) မပေါ်ဘူး၊ ဒီဒကာ ဒကာမတွေကျတော့ဖဿပစ္စယာ…..(ဝေဒနာ) သြော် .ဖဿကြောင့် ဖြစ်တဲ့ဝေဒနာ..(မှန်လှပါ)။

အင်း ဖဿချုပ်ရင်..(ဝေဒနာချုပ်ပါတယ်ဘုရား) အဲဒီတော့ ကျုပ်တို့က ဒီဝေဒနာလေးတွေကိုပဲ အဖြစ်အပျက်တွေ ရှုနေ တာပေါ့ (မှန်လှပါ) ရှုပြီးသကာလနေတော့ဝေဒနာက ဖြစ် ပျက်ရှုတာက မဂ်ဖြစ်သွားတယ် ….. (မှန်လှပါဘုရား) သဘော ကျပလား.(ကျပါတယ်ဘုရား) ဝေဒနာက ဘာတုံး. (ဖြစ်ပျက် ပါဘုရား) အင်း. ရှုတာကဘာတုံး…..(မဂ်ပါဘုရား)။

အဲ .ကျုပ်တို့အတွက်ကတော့ကိုး .တဲ့၊ ဒကာဒကာမတို့ မဂ်ဆိုက်ပြီးသေတဲ့အတွက် ဘယ်မှာတုန်းနောက်က တဏှာ, ဥပါဒါန်,ကံတွေဇာတိ,ဇရာ,မရဏလာသေးရဲ့ လား .(မလာပါဘုရား) အင်း … ကျုပ်တို့က ၀ိစိကိစ္ဆာကင်း သေတာ ကိုးဗျ .(မှန်လှပါ) ဖဿဖြစ်ရင် ဝေဒနာဖြစ်တာပဲ . (မှန်လှပါ) ဖဿချုပ်ရင်. (ဝေဒနာချုပ်ပါတယ်ဘုရား)။

ဝေဒနာချုပ်တယ်လို့ကျုပ်တို့ကဝေဒနာဖြစ်ပျက်ရှု နေတဲ့အခါ ကျလို့ရှိရင်ဖြင့်ဝေဒနာကလဲဖြစ်ပျက်ပဲ၊ ရှုတာကလဲ မဂ်ပဲဆို တာ ကျုပ်တို့ဥာဏ်ထဲမှာပဋိစ္စသမုပ္ပါဒ်က ပြတ်မနေဘူးလား (ပြတ်ပါတယ်ဘုရား)။

ဉာဏ်ထဲမှာပြတ်နေတော့၊ ဉာဏ်ထဲမပြတ်တဲ့ ပုဂ္ဂိုလ်သာ ဆက်တာကိုးဗျ .. (မှန်လှပါဘုရား) ညာဏ်ထဲက ပြတ်တဲ့ ပုဂ္ဂိုလ်ကျတော့၊ (ပြတ်ပါတယ်ဘုရား) သဘောကျပလား (ကျပါတယ်ဘုရား)။