Thursday, December 20
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ၏ သန္တာပဋ္ဌ အနက်(၃)
သစ္စာအနက် ၁၆-ချက်ဟာ"သိရမယ့်ကိစ္စ၊ ပွားများရမယ့်ကိစ္စ"ရယ်လို့ ကိစ္စ ၂-ခုရှိပါတယ်၊ သန္တာပဋ္ဌ-ခန္ဓာ
ကိုယ်ကြီးရထားတာဟာ မီးလောင်စာကြီးရထားတာပဲ၊ ဒီမီးကသာမညမီးမဟုတ်ပါဘူး၊ ဒီခန္ဓာကြီးထဲမှာတစ်
ထောင့်ငါးရာကိလေသာမီးတွေ အောင်းနေတယ်၊ တစ်ထောင့်ငါးရာကိလေသာမီးတွေဟာ မဂ်နဲ့မပယ်ရ
သေးသရွေ့ အောင်းနေမှာပဲ၊ အောင်းနေတော့ ရုပ်နာမ်ခန္ဓာတွေဟာ မီးစာတွေပဲ၊ တစ်ထောင့်ငါးရာ ကိလေ
သာကမီး၊ ခန္ဓာကြီးက လောင်စာ၊ မီးနဲ့လောင်စာနဲ့တွဲနေတာပဲ၊ မီးက သူတော်ကောင်းဆိုရင် မလောင်ဘူး၊
ခင်ဗျားတို့ ချမ်းချမ်းသာသာနေရအောင်ဆိုပြီး အိမ်ဆောက်ကြ တိုက်ဆောက်ကြတယ်၊ အခြံအရံတွေနဲ့နေ
ကြ ထိုင်ကြတယ်၊ ဒါပေမယ့် ကိလေသာမီးလောင်လို့ အိမ်မှာနေနိုင်ကြရဲ့လား၊ မနေရဘူး၊ ကိုယ်အိမ်က
ထွက်ပြေးနေရတာ၊ ဟိုသွားဒီသွား ငွေရှာရတယ်၊ ဟိုဈေးစုံစမ်းရေးထွက်ရ၊ ဟိုမှာရစရာကိစ္စနဲ့သွားရ၊ ဒါ
လောဘမီး လောင်လို့ပြေးနေရတာ၊ ဒီ ခန္ဓာကြီးဟာ လမ်းမှာလဲလောင်ရင်း သွားတာပဲ၊ လမ်းမှာကားနဲ့တိုက်
မိမလား၊ စက်ဘီးနဲ့ တိုက်မိမလား၊ ခွေးကိုက်ခံရမလား၊ ဒါတွေကြောင့်ကြတဲ့"ဒေါသမီး"လောင်လျက်နဲ့သွား
နေရတာ၊ အိမ်ကထွက်တုန်းက လောဘမီးနဲ့၊ လမ်းကျတော့ အန္တရာယ်တွေတော့ ဒေါသမီးနဲ့၊ ဒီလိုလောင်
ပြီး ကိုယ့်အလုပ်ခွင် ကိုယ်ရစရာရှိတဲ့ဆီ သွားနေရသဖြင့်၊ ဒီအိမ်ဆောက်ပြီး အိမ်မနေရတာထွက်ပြေးနေ
တာဟာ မီးလောင်လို့၊ အိမ်ဆောက်ပြီးအိမ်မှာနေရတဲ့ပုဂ္ဂိုလ် အတော်ပဲရှားတယ်၊ ခြေလျင်သွားနေရင် နှေး
မှာစိုးလို့ စက်ဘီးနဲ့သွားရင်၊ စက်ဘီးနဲ့ နှေးမှာစိုးလို့ ကားနဲ့သွားရ၊ တစ်ခါ ကားနဲ့ နှေးတယ်ဆိုပြီး လေယာဉ်
ပျံ မြန်လှပြီအောက်မေ့နေတာ၊ ကိလေသာမီးကတအားလောင်တော့ လေယာဉ်ပျံတောင် နှေးသွားတယ်၊
အိမ်တိုင်းအိမ်တိုင်းမှာ နေ့တိုင်းထွက်ထွက်နေကြတာဟာ နေ့တိုင်းမီးလောင်နေလို့မှတ်၊ ဘယ်အိမ်သွား
ကြည့်ကြည့် နေ့တိုင်းမီးလောင်နေတာပဲ တွေ့ရမယ်။
အခု ဘုရားဟောတဲ့ သစ္စာတရားတွေနာနေရတာဟာ ထိုက်တန်တဲ့ပါရမီရှိလို့ပဲ၊ ဒါပေမယ့်လို့ ပါရမီပြည့်မယ့်
ကြံရင်းလောင်ရင်းဖြစ်နေတော့၊ ဘယ်တော့မှ ပြည့်မှာမဟုတ်ဘူး၊ မီးက ခန္ဓာကိုယ်တွင်လောင်တာမဟုတ်
ဘူး၊ သူတော်ကောင်းရတနာပါတောင် လောင်ပစ်တာ၊ သစ္စာမသိတုန်းကဆိုရင်လောင်မှန်းလဲ မသိဘူး၊
လောင်တာလဲ အမှန်ပဲ၊ ဒီတော့ ခင်ဗျားတို့ပါလာတဲ့ အရင်းတွေ (ပါရမီကုသိုလ်တွေ) အကုန်ရှုံးပေါ့၊ ခန္ဓာလဲ
ရှုံး သူတော်ကောင်းရတနာတွေလဲ ရှုံးပေါ့၊ ဘာကြောင့် အရှုံးကြီး ရှုံးရပါလိမ့်၊ သစ္စာသိတဲ့ဉာဏ်မလာလို့၊
သစ္စာသိတဲ့ဉာဏ်သာ ခန္ဓာမှာ ကိန်းနေတယ်ဆိုရင် ကိလေသာဝင်ခွင့်မရဘူး၊ ဝင်ခွင်မရရင် မလောင်နိုင်ဘူး
ကိလေသာကသာထွက်ပြေးရတော့တယ်၊ မဂ်က အနိုင်ရသွားတော့တယ်၊ ဒါကြောင့် မဂ်ဉာဏ်သည် တစ်
ထောင်းငါးရာကိလေသာမီးတွေကို အကုန်လောင်ပြီး အနိုင်ယူနိုင်တယ်၊ ဒါ ဒုက္ခသစ္စာပဲကွလို့ ဉာဏ်ကဆုံး
ဖြတ်ချက်ချ၊ ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါး ခန္ဓာကိုယ်ထဲမှာ ဘာမှမရှိဘူး၊ ဒီဒုက္ခ ၂-ခုစလုံးဘယ်ဒုက္ခမှမကြိုက်
နိုင်ဘူး၊ ဒုက္ခမှန်းသိပြီလို့ ဒုက္ခကိုပိုင်းခြားလိုက်ပါ၊ သံယုတ်ပါဠိတော်မှာ ဒုက္ခပိုင်းခြားပုံ ဒီလိုလာတယ်၊ ဒုက္ခ
ဖြစ်လို့ ဒုက္ခပျက်တာမှတစ်ပါး မင်းတို့ခန္ဓာထဲမှာ ဘာမျှမရှိဘူးတဲ့။ ဒုက္ခကို ကြိုက်နေတာကတော့"ဝိပ္ပလ္လာသ'
(အသိ အမြင်ဖောက်ပြန်မှု) ကြောင့်ပဲ၊ ဝိပ္ပလ္လာသသတ္တိရှိလို့'တဏှာ'ကကြိုက်တာ၊ ရှေးကတဏှာကြိုက်လို့
အခုမကြိုက်အောင်သစ္စာတရား အနာခိုင်းနေတာ၊ ဒါဒုက္ခသစ္စာလို့ ပိုင်းခြားသိကြပါ၊ ခင်ဗျားတို့ သန္တာန်မှာ
ရုပ်နာမ်ပဲရှိတယ်၊ ရုပ်ကလဲဖြစ်ပြီး ပျက်တာပဲ၊ နာမ်ကလဲ ဖြစ်ပြီးပျက်တာပဲ၊ ဖြစ်ပျက် ၂-ခုစလုံးဖြစ်တာလဲ
ဒုက္ခ၊ ပျက်တာလဲ ဒုက္ခ၊ နာမ်ကလဲဒုက္ခ၊ ရုပ်ကလဲဒုက္ခ၊"ဘာဝေတဗ္ဗ"(မဂ်) နဲ့ပွားကြည်လိုက်တော့၊ ခန္ဓာ
ကိုယ်ထဲမှာဖြစ်ပြီးပျက်သွားတာမှတစ်ပါး ဖြစ်ဒုက္ခ ပျက်ဒုက္ခမှတစ်ပါးဘာမှမရှိဘူးလို့ တွေ့ရမယ်၊ ဖြစ်ပျက်ပဲ
တွေ့မယ်၊ ဒီလိုဖြစ်ပျက်တွေ(မြင်)လာရင် ရုပ်နာမ် ၂-ခုတွင် တစ်ခုခုကိုပဲလိုက်ပြီး ရှုလိုက်၊ ရုပ်နာမ် ၂-ခုက
အချင်းချင်း မှီနေတာဖြစ်တော့ တစ်ခုပျက်တာ မြင်ရင်၊ ကျန်တစ်ခု ပါသွားတာပဲ၊ ဒီတော့ ဖြစ်ပျက်ကို မြင်
အောင်ကြည့်၊ ဆက်ကြည့်၊ ဆက်ရှု၊ ဖြစ်ပျက်မုန်းလာအောင်ကြည့် ရှု၊ ဖြစ်ပျက်မုန်းလာလို့ ဒီဒုက္ခသစ္စာကြီး
တော့ မလိုချင်တော့ပါဘူးဆိုရင် ဒုက္ခသစ္စာချုပ်ပြီ၊ သမုဒယသစ္စာလဲ ချုပ်ပြီ၊ ဒီ ၂-ခု ချုပ်သွားရင် နိဗ္ဗာန်
ရောက်ပြီ၊ ခန္ဓာအဆုံးမှ နိဗ္ဗာန်ရှိတယ်။
(ဒုက္ခသစ္စာ၏ ဝိပရိဏာမဋ္ဌ ၄-)
"ဓမ္မာနုဓမ္မပဋိပတ္တိ"သောတာပန်တည်ခြင်း၏ အကြောင်း ၄-ပါးရှိတယ်၊ ဒီ ၄-ပါးက (၁) "ကလျာဏမိတ္တ"သူ
တော်ကောင်းနဲ့ပေါင်းမှု၊ (၂) သူတော်ကောင်းတရား နာမှု၊ (၃) သူတော်ကောင်းတရားကို နှလုံးသွင်းမှု၊
(၄) ဓမ္မာနုဓမ္မပဋိပတ္တိ-သူတော်ကောင်းတရား အားလျော်စွာတရားကိုကျင့်မှု၊ ဒီ ၄-ချက်ကို လုပ်ဆောင်ရင်
သောတာပန်တည်နိုင်တယ်လို့ အင်္ဂုတ္တိုရ်မှာ ဘုရားကဟောထားတယ်၊ ဒီတော့ သောတာပန်တည်ချင်လို့ရှိ
ရင်"ဓမ္မာနုဓမ္မပဋိပတ္တိ"အလုပ်ဟာအရေးကြီးတယ်၊ ဓမ္မာနု-ဓမ္မအားလျော်စာ၊ ဓမ္မပဋိပတ္တိ-ဓမ္မကိုကျင့်ကြံအား
ထုတ်မှု၊ 'ပဋိပတ္တိ'ဆိုတာ အကျင့်ပြောတာ၊ ဒီတော့"ဓမ္မာနုဓမ္မပဋိပတ္တိ"ဆိုတာ ဓမ္မသဘောကို ဓမ္မသဘောနဲ့
ကြည့်ပါလို့ပြောတာ၊ ဓမ္မဆိုတာက နာမ်တွေလဲဓမ္မပဲ၊ ရုပ်တွေလဲဓမ္မပဲ၊ ဒီရုပ်နာမ်ဓမ္မတွေဟာ အမြဲဖောက်ပြန်
ပျက်စီးနေတာပဲ၊ ဖောက်ပြန်ပျက်စီးနေတာကို အမြဲပြတယ်၊ ဒီလို ရုပ်နာမ်ဓမ္မတွေက အမြဲဖောက်ပြန်ပျက်စီး
နေတာကို ပြလို့ရှိရင်၊ ဒီကဉာဏ်က (မဂ္ဂင် ၅-ပါးက) အဲဒီဖောက်ပြန် ပျက်စီးနေတဲ့ ရှေ့ဓမ္မ၏ (ရှေ့ရုပ်နာမ်
ဓမ္မ၏) သဘောကို နောက်ဓမ္မက (နောက်ကဉာဏ်က) နေပြီးကြည့်ပေးပါတဲ့၊ ဒီလို ဓမ္မာနုဓမ္မပဋိပတ္တိ ကျင့်
မယ်ဆိုရင် ဒီဘဝမှာသေတာပန်တည်ရမယ်လို့ အင်္ဂုတ္တိုလ်က ၄-ချက်ပြတဲ့အထဲမှာ ဒါအရေကြီးဆုံးအချက်ပဲ
ခင်ဗျားတို့ ခန္ဓာကြီးဟာ ဓမ္မသဘောမပြောတဲ့အချိန်ရယ်လို့ မရှိဘူး၊ အမြဲပြောနေတာပဲ၊ ဒါပေမယ့် ခင်ဗျား
တို့ကမကြည့်ဘူး၊ ပြောတဲ့အချိန်တိုင်း လိုက်ကြည့်ပါ၊ ပြောတာကဖြင့်မရေတွက်နိုင်ဘူး၊ မရေတွက်အောင်
ပြောနေပေမယ့် ကြည့်မှုကမရေတွက်နိုင်အောင် မကြည့်ဘဲနေသောကြောင့်၊ ကိလေသာခပ်သိမ်း ရုပ်သိမ်း
တဲ့၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်မရောက်တာ၊ ဒါဖြင့် ဓမ္မကပြောတိုင်း မကြည့်တာသည် နိဗ္ဗာန်မရခြင်း၏
အကြောင်းပဲလို့မှတ်၊ ဓမ္မကိုကျင့်ရင် သောတာပန်ဖြစ်မယ်၊ မကျင့်မိတဲ့အတွက် သောတာပန်မဖြစ်တာ၊ ဒီ
ဓမ္မဟာ နာမ်ဓမ္မကြည့်ကြည့်၊ ရုပ်ဓမ္မကြည့်ကြည့်၊ ကြည့်လိုက်တိုင်းဟာ အဲဒီ ဓမ္မထဲမှာဖောက်ပြန်ပျက်စီနေ
တာတွေ့ရမှာပဲ၊ ဒါဟာ ဓမ္မရဲ့ဖောက်ပြန် ပျက်စီးနေတာကိုသိတာပဲလို့မှတ်၊ ဒီလိုသိရင် ဒီဓမ္မကို ခင်တွယ်တဲ့
တဏှာဟာ အခွင့်မရတော့ဘူး။
အခုတော့ ဓမ္မရဲ့ ဖောက်ပြန် ပျက်စီးနေတာကို (ဝါ) ဖောက်ပြန်ပျက်စီးနေတဲ့ဓမ္မကို မကြည့်မိလို့၊ ဝိပဿနာ
ဉာဏ်နဲ့ မကြည့်မိလို့၊ ငါနာတယ် ငါကိုက်တယ်ဆိုပြီး သက္ကာယဒိဋ္ဌိနဲ့ကြည့်နေတာ..သမ္မာဒိဋ္ဌိနဲ့ မကြည့်မိဘူး
ဒါကြောင့် မဂ္ဂင်နဲ့ဝေးနေတာ၊ တရားနာပြီး ကျင့်ရမယ့်အလုပ်ကဖြင့် ဓမ္မာနုဓမ္မပဋိပတ္တိအလုပ်ပဲ၊ ဒီတော့ ရုပ်
နာမ်ဓမ္မနဲ့ ကြည့်ပေး၊ ဒီလို ဓမ္မာနုဓမ္မပဋိပတ္တိနဲ့ ကြည့်ပေးလို့ရှိရင်"သစ္စဉာဏ်"ဖြစ်တယ်၊ သစ္စဉာဏ်ဖြစ်လို့ရှိ
ရင်၊ ကိစ္စဉာဏ် နောက်ကလိုက်ရလိမ့်မယ်၊ ကိစ္စဉာဏ်လိုက်လို့ရှိရင် ကတဉာဏ်ဟာ အလိုလိုရောက်သွား
မှာပဲ။"ဝိပရိဏာမဋ္ဌနှင့်ကိစ္စဉာဏ်"ကဲ..ကိစ္စဉာဏ်ကိုရှေးဦးစွာပြမယ်၊ ဝိပရိဏာမဋ္ဌော-ပင်ကိုယ်သဘောအ
ဖြင့် ဖောက်ပြန်ပျက်စီးတတ်တဲ့သဘော၊ ရုပ်နာမ်အစုဖြစ်တဲ့ လက်ရှိခန္ဓာကြီးဟာ အမြဲပဲဖောက်ပြန်နေတယ်
ခင်ဗျားတို့ လက်ရှိခန္ဓာကြီးထဲ၌ တရားနာရင်းမတ္တနဲ့ စိတ်အမျိုးမျိုးပြောင်းသွားတယ်၊ ရုပ်အမျိုးမျိုးပြောင်း
သွားတယ်၊ ဒီလို နာမ်မျိုးမျိုး ရုပ်အမျိုးမျိုး ပြောင်နေပုံကိုသတိထားပါ၊ သတိထားပြီး ပြောင်းနေတဲ့ဆီကို
ဉာဏ်ရောက်သွားပြီးဆိုရင်၊ ဪ..ရုပ်နာမ်တွေဟာ ဖြစ်ပြီးပျက်သွားပါလားဆိုတာ တွေ့မယ် သိမယ်၊ ဒီလို
ဉာဏ်ကခန္ဓာကိုယ်ထဲမှာ ထည့်ထည့်ပြီးပေးလိုက်ရင်၊ တရားအပြီး နာပြီးတဲ့အဆုံးမှာ ကိစ္စပြီးနိုင်တယ်လို့
မှတ်။ ရုပ်နာမ် ခန္ဓာကြီးဟာ အမိဝမ်းခေါင်းထဲက ထွက်လာကတည်းက ဇရာ၊ မရဏ (အို-သေ) ကိုရွက်ပြီး
ထွက်လာခဲ့တာ၊ ဇရာမရဏကို ယူဆောင်လာခဲ့လို့ ခန္ဓာ ၅-ပါးဟာ ဝိပရိဏာမဋ္ဌဖြစ်ရရှာတယ်၊ ဖောက်ပြန်
ပျက်စီးရရှာတယ်၊ ရုပ်နာမ် ခန္ဓာကြီးကို ဝိပဿနာဉာဏ်နဲ့ စိုက်ကြည့်လိုက်တဲ့အခါကျတော့၊ ရုပ်နာမ် ၂-ပါး
လုံးဟာ ဇရာမရဏ ဒဏ်ချက်နဲ့အချိန်မရွေး ဖောက်ပြန်ပျက်စီးနေတာကို တွေ့ရတယ်၊ ဇရာမရဏသည်
ခန္ဓာထဲမှာမွေးကတည်းက တစ်ခါတည်းပါလာသောကြောင့်၊ ခန္ဓာ ၅-ပါးသည် ဝိပရိဏာမ သဘောလည်း
တစ်ခါတည်းပါလာတော့တာပဲ၊ "ဝိပရိဏာမလက္ခဏံစဒုက္ခသစ္စံ"(ဖောက်ပြန်ပျက်စီးတတ်တဲ့လက္ခဏာသည်
ဒုက္ခသစ္စ) ဆိုသောကြောင့်၊ ဒီခန္ဓာကြီးဟာ ဒုက္ခသစ္စာ-ဆင်းရဲတာအမှန်ပဲ၊ ဒီလို ခန္ဓာကြီးကိုဒုက္ခသစ္စာသိရင်
သစ္စဉာဏ်ရပြီ၊ ခန္ဓာကြီးကိုဉာဏ်နဲ့စိုက်ကြည့်လိုက်တဲ့အခါ ရုပ်နာမ်ခန္ဓာကြီး (ဝါ) ခန္ဓာ ၅-ပါးဟာ ခဏခဏ
ဖောက်ပြန်ပျက်စီးနေတာပါလား၊ ဖောက်ပြန်ပျက်စီးတတ်တဲ့ ကိစ္စသာရှိပါးလားလို့သိရင်၊ ဒီသိတဲ့ဉာဏ်ဟာ
ကိစ္စဉာဏ်ပါပဲ၊ ကိစ္စဉာဏ်ပြီးရင် ကတဉာဏ်ရောက်တာပဲ၊ ကတဉာဏ်ဆိုတာ မဂ်ဉာဏ်ကိုပြောတာ။
ဒီတော့ ကတဉာဏ် (မဂ်ဉာဏ်) ရချင်လို့ရှိရင်၊ ကိစ္စဉာဏ်ရအောင်လုပ်ရမယ်၊ ခန္ဓာကိုယ်ထဲကို ဉာဏ်နဲ့စိုက်
ပြီးကြည့်ကြည့်ပေးပါ၊ ကြည့်ကြည့်ပေးသွားတော့ ခန္ဓာကိုယ်ထဲရှိ ရုပ်ဓမ္မနာမ်ဓမ္မတွေဟာ သူတို့ယူလာခဲတဲ့
ဇရာမရဏ (အိုမှု၊ သေမှု) ဒဏ်ချက်ကြောင့် ဖြတ်..ဖြတ်၊ ဖြတ်..ဖြတ်နဲ့ပျက်စီးသွားတာကိုတွေ့ရမယ်၊ ရှုတဲ့
အခါ ဝေဒနာတစ်လုံးတည်း ရှုလဲဒီကိစ္စဉာဏ်နဲ့ရှု၊ သညာတစ်လုံးတည်းရှုလဲ ဒါနဲ့ရှု၊ ကာယာနုပဿနာခေါ်
တဲ့ ရုပ်ရှုရင်လဲ ဒါနဲ့ပဲရှု၊ စိတ်ရှုလဲ ဒါနဲ့၊ ကိစ္စဉာဏ်နဲ့ရှုပေး ဒီလို ရှုပေးလို့ရှိရင် မိမိခန္ဓာကြီးဟာ ဝိပရိဏာမကိစ္စ
ဖောက်ပြန် ပျက်စီးတဲ့ ကိစ္စမှတစ်ပါးဘာကိစ္စမှမရှိဘူး၊ ဒီတော့ ခန္ဓာ ၅-ပါးဟာ ဝိပရိဏာမ-ဖောက်ပြန်ပျက်စီး
ခြင်းကိစ္စရှိတယ်၊ ဇရာမရဏဒဏ်ချက်နဲ့ ရုပ်နာမ်တွေပျောက်ပျက်သွားတာကို ဒီကအသိနဲ့၊ ဝိပဿနာမဂ်
ဉာဏ်နဲ့လိုက်ပေး၊ ဒီလိုခန္ဓာ ၅-ပါး၏ ဖောက်ပြန်ပျက်စီးနေတာကိုသေသေချာချာမြင်ရင် ကိစ္စဉာဏ်ရပြီမှတ်
"ကတဉာဏ်"ကိစ္စဉာဏ်ပြီးရင် ကတဉာဏ်ရောက်တာပဲ၊ ကတဉာဏ်ရောက်တော့ ခင်ဗျားတို့ကိုယ်တိုင်ပဲ
ခန္ဓာမရှိတဲ့နေရာ (နိဗ္ဗာန်) ကိုမြင်ရမယ်၊ မြင်တော့ ဪဒီနေရာက အသေလွတ်..ဇရာမရဏတို့ မရောက်
နိုင်တဲ့နေရာပါလား ဆိုတာကိုကိုယ်တိုင်အားထုတ်ပြီ ကတဉာဏ်ရရင် မြင်ရပါလိမ့်မယ်၊ ဝိပဿနာ အလုပ်
လုပ်တဲ့ပုဂ္ဂိုလ်မှာ ကိစ္စဉာဏ်ဆုံးသွားရင် ခန္ဓာချုပ်သွားမယ်၊ ဒါကြောင့် ခန္ဓာချုပ်အောင်ကြည့်ရမယ်၊ ခန္ဓာချုပ်
သွားတော့ အဲဒီခန္ဓာချုပ်..ဒုက္ခချုပ်တဲ့နေရာမှာ သုခနိဗ္ဗာန်လာမယ်၊ ကတဉာဏ်ရရင် ခန္ဓာချုပ်..ဒုက္ခချုပ်တဲ့
နိရောဓ..နိဗ္ဗာန်ကိုမြင်ရပြီ၊ မျက်မှောက်ပြုရပြီ၊ နိရောဓဆိုတာ ဒုက္ခချုပ်ငြိမ်းပြီးသန္တိသုခ..အေးငြိမ်းချမ်းသာ
မှုရှိတာကိုပြောတာ၊ ဥပမာ..လက်မောင်းမှာ အနာပေါက်တယ်၊ ဆေးကုလို့ပျောက်သွားတော့ အနာမရှိတာ့
ဘူး၊ ဒီမှာလဲ ထို့အတူပဲ၊ နဂိုက ဒုက္ခနဲ့ဆက်သွယ်နေတာ၊ ဝိပဿနာမဂ်ဉာဏ် ဆေးနဲ့ကုလိုက်လို့ရှိရင် အ
ကုန်ပျောက်တာပဲ၊ ဥဒါန်းပါဠိတော်မှာ အတ္တိဘိက္ခဝေ နိဗ္ဗာနံ (ရဟန်းတို့ နိဗ္ဗာန်ဆိုတာ ဧကန်ရှိတယ်) လို့
ဟောထားတော့၊ နိဗ္ဗာန်ဟာ ဧကန်ရှိ၊ တကယ်ရှိ၊ ဒုက္ခနဲ့ဆက်သွယ်တာသာ မရှိတာ၊ ဒုက္ခနဲ့ဆက်သွယ်တာ
ကတော့ ဒီဇရာမရဏနဲ့ဆက်သွယ်တဲ့ ရုပ်နာမ်ပဲ၊ နိဗ္ဗာန်ဟာ ဇရာမရဏနဲ့ မဆက်သွယ်တော့ဘူး၊ ကတ
ဉာဏ်နဲ့ ကြည့်ရင်မြင်ရတယ်၊ ဘုရားကနိဗ္ဗာန်ရှိတယ်လို့ဟောထားပြီ၊ ခင်ဗျားတို့ကမယုံဘူး၊ ဒီကိစ္စဉာဏ်ကို
ရအောင်လုပ်ပြီး၊ ကတဉာဏ် ရသွားရင် နိဗ္ဗာန်ရှိတာကိုသေသေချာချာမြင်မယ်လို့မှတ်။
အဲဒီတော့ အိုတာရှိရင် မအိုရာ၊ နာရာရှိရင် မနာရာ၊ သေရာရှိရင် မသေရာရှိတာပေါ့၊ အပူရှိရင် အလေးရှိ
တယ်၊ ဒါကြောင့် ကတဉာဏ်ရအောင် လုပ်ကြည့်၊ ကတဉာဏ်ရချင်ရင် ကိစ္စဉာဏ်ကို အရင်လုပ်၊ ကိစ္စ
ဉာဏ်ဆိုတာ ခန္ဓာ ၅-ပါး၏ ခဏခဏနှိပ်စက်နေတာကို သိတဲ့ဉာဏ်ပဲ၊ ခန္ဓာ ၅-ပါးကို ကိစ္စဉာဏ်နဲ့ ကြည့်
ကြည့်ပြီးသွားတော့၊ ဒီခန္ဓာကြီးကိုဖြင့်မကြည့်ချင်တော့ပါဘူး၊ မရချင်..မလိုချင်တော့ပါဘူး ဆိုတာလာမယ်။
လာရင် သမုဒယချုပ်တယ်၊ သမုဒယဆိုတာ ခန္ဓာ ၅-ပါး..ဒုက္ခ၏ဖြစ်ကြောင်းတဏှာပဲ၊ သမုဒယ..တဏှာချုပ်
သွားရင် ဒုက္ခလဲချုပ်သွားတာပဲ၊ မကျန်ရစ်တော့ဘူး၊ မီးငြိမ်းသွားရင် အပူပျောက်ရသလိုပဲ၊ မီးက သမုဒယ
သစ္စာနဲ့တူတယ်၊ အပူကတော့ ဒုက္ခသစ္စာနဲ့တူတယ်၊ သူတို့ ၂-ခု မီးနဲ့အပူပျောက်သွားတဲ့အခါ အေးတဲ့သတ္တိ
ပဲ ကျန်ရစ်တော့တယ်၊ ဒီတော့ ကတဉာဏ်ဆိုတာ မီးနဲ့အပူငြိမ်းပြီအေးပြီပေါ့၊ ဒီဒုက္ခနဲ့ ဝဋ်ကျွတ်ပေပေါ့လို့
သိတဲ့ဉာဏ်ပဲ၊ "သစ္စဉာဏ်"ကတော့ ဘုန်ကြီးဟောတာနဲ့ရပါတယ်၊ "ကိစ္စဉာဏ်"ကတော့ ခင်ဗျားတို့ ပွားယူ
မှရမယ်၊ ပွားလိုက်ရင်ရတယ်၊ ကိစ္စဉာဏ်နဲ့ ပွားတဲ့အခါကျတော့ ရုပ်နာမ်ခန္ဓာကြီးဟာ ပျက်နေတာပဲ၊ ဘယ်
ခန္ဓာဖြစ်ဖြစ် ပျက်မှာပဲ၊ အတိတ်ကလဲဒီလိုချည်းပဲ၊ အခုလဲဒီလိုပဲ၊ နောင် အနာဂတ်လဲ ဒီလိုနေမှာပဲ၊ "ဒီ ခန္ဓာ
ခင်တဲ့ တဏှာကုန်ရင် ခန္ဓာချုပ်တာပဲ"ခန္ဓာခင်တဲ့ တဏှာရှိရင် ခန္ဓာရမှာပဲ၊ ဒီတော့ ဒီခန္ဓာခင်တဲ့ တဏှာမရှိ
တော့ရင် ခန္ဓာချုပ်ငြိမ်း ဒုက္ခသိမ်း၍အေးငြိမ်းတဲ့နိဗ္ဗာန်ရောက်တော့တာပဲ၊ ဒီတော့နိဗ္ဗာန်ရောက်ချင်ရင်၊
နိဗ္ဗာန်မြင်တဲ့"ကတဉာဏ်"ရချင်ရင်၊ ကိစ္စဉာဏ်ရအောင်ဖိပြီး အလုပ်လုပ်၊ ကိစ္စဉာဏ်ဆိုတာ တခြားမဟုတ်
ပါဘူး၊ ဘုန်းကြီးက ဖြစ်ပျက်အရှုခိုင်းတဲ့ အလုပ်ပါပဲ၊ ဖြစ်ပျက်ရှု ဖြစ်ပျက်ရှုလို့ သင်ထားတယ်၊ ခိုင်းထားတယ်
ဖြစ်ပျက်ရှုဖို့ ဝေဒနာတွေသင်ထား၊ စိတ်တွေသင်ထား၊ ရုပ်တွေသင်ထား ကြိုက်ရာရှုလို့ သင်ထားပြီးပြီ ၊
ဒါတွေဟာ ကိစ္စဉာဏ်ရအောင် သင်ထားတာပဲ၊ ကိစ္စဉာဏ် ရင့်သွားလို့ ဒီခန္ဓာကြီးမလိုချင်တော့ပါဘူးဆိုရင်
ကတဉာဏ်ဖြစ်ပြီ ရပြီ၊ ကိစ္စဉာဏ်က ဖြစ်ပျက်..ဒုက္ခကိုအာရုံပြုတယ် (မြင်တယ်) ကတဉာဏ်က ဒုက္ခချုပ်ရာ
နိဗ္ဗာန်ကိုအာရုံပြုတယ် (မြင်တယ်)၊ ဒါဖြင့် ခင်ဗျားတို့ ဖြစ်ပျက်မြင်အောင်ရှု၊ ဒီတော့ ပထမ ဘုန်းကြီးတာဝန်
က"သစ္စာဉာဏ်"ရအောင်ဟောပြောရတဲ့အလုပ်၊ ခင်ဗျားတို့တာဝန်က"ကိစ္စဉာဏ်"ရအောင် ဝိပဿနာပွား
များရတဲ့ အလုပ်၊ ပွားများဖန်များလို့ ကိစ္စဉာဏ်ပြီးတဲ့အခါကျတော့၊ ကိစ္စဉာဏ်သာ ဆုံးအောင်လုပ်ခဲ့လို့ရှိရင်
"ကတဉာဏ်"ဟာ အလိုလိုပေါ်မယ်၊ ဒီတော့ ကတဉာဏ်ဆိုတာ အားထုတ်ရမယ့်ဉာဏ် မဟုတ်ဘူး၊ ကိစ္စပြီး
ပြီလို့ သိတဲ့ဉာဏ်ပဲ။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့။ ။

Sunday, December 9
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာပိုင်ပိုင်သာသိကြပါ
"သဒ္ဓါ ပညာ သမာဓိ ဝီရိယ စောင်းနှယ်ညှိလော့ သတိအရာမပိုသာ"
မြင်စိတ်ကလေး မြင်တယ် ဉာဏ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ..မရှိတော့ဘူး၊ ချုပ်ပျောက်သွားမှန်သိရ
မယ်၊ မြင်ရတာတော့ မဟုတ်ဘူး အပျက်ကလေးက ရှေ့က..အမြင်က နောက်ကျပြီးနေတော့ မရှိတာဘဲ
တွေ့မှာပဲ၊ ရှိတာတွေ့ နေရင်လည်း နှစ်စိတ်ပြိုင်နေတော့မယ်၊ ဖြစ်ပျက်ကတစ်စိတ် ရှုတာက တစ်စိတ်ဆို
တော့..နှစ်စိတ်သည် မပြိုင်ကောင်းတော့..တစ်ခုသော စိတ် ချုပ်ပြီးတာသာ..တစ်ခုသော ဉာဏ်ကမြင်ရ
မှာ၊ ကြားတာက ခန္ဓာငါးပါး ခေါင်းဆောင်နေတာက ကြားစိတ်၊ ကြားစိတ်ကလေးက ကြားပြီး ပျက်သွား
တာပဲလို့ သိတဲ့သဘောကလေးက နောက်ကလိုက်ပေးပါ၊ ကြားစိတ်ကလေးဟာ တစ်စိတ်ချုပ်သွား၊ တစ်
စိတ်ပေါ်လာ၊ တစ်စိတ်ဖြစ် တစ်စိတ်ပျက်နဲ့ ဖြစ်ပျက်နေတာကို ဉာဏ်နဲ့တွေ့ရင် နေရာကျပြီ ဆက်သာ
ကြည့်ပေး မလစ်စေနဲ့။ ထမင်းစားတာ ဝိပဿနာမပါသရွေ့ အပင်းစားသာမှတ်ပေတော့၊ ထမင်းလည်း
စားပါ စားလိုတဲ့ တဏှာကိုလည်း ဖြစ်ပျက်ရှုပါ၊ စားချင်တဲ့ စေတနာပေါ်လည်း ရှိမရှိတွေး၊ စားလိုစိတ်က
လေးကိုလည်း မရှိဘူး၊ မရှိဘူးနဲ့ သိပေးရမယ်။ ကိုယ်ပေါ်မှာ ယားရင် ယားတဲ့စိတ်ကို ကပျာကယာ ဖြစ်
ပျက်ရှုလိုက်၊ ယားတာလေးကို အယားလေးလား အယားလတ်လား အယားကြီးလားလို့ ခွဲနေ၊ တစ်ခု နဲ့
တစ်ခု မတူတာ ကြည့်နေရမယ်၊ တစ်ခုပျက်ပြီးမှ တစ်ခုဖြစ်တာ။
ခဏခဏ ပြောင်းရတာနဲ့ ရွှေ့တာနဲ့ တောကြာယားတာလေးကို တော်ကြား အယားလေးပျောက်ရတာနဲ့
ဆာတဲ့ ဝေဒနာပေါ်လိုက်၊ ဝတဲ့ ဝေဒနာပေါ်လိုက်၊ ညောင်းတဲ့ ဝေဒနာပေါ်လိုက်၊ ညောင်းတဲ့ ဝေဒနာ
ပျောက်လိုက်၊ ခန္ဓာငါးပါး မြဲတာပါသေးရဲ့လား၊ ခင်ဗျားတို့ စိတ်ကလေးကလည်း စိတ်ကူလိုက် ပျောက်
သွားလိုက်၊ ဝေဒနာကလည်း ဟိုကပေါ်လိုက် ပျောက်သွားလိုက်၊ ဒီကပေါ်လိုက် ပျောက်သွားလိုက်၊ အဲဒါ
သင်္ခါရတွေ မမြဲတာပြတာ၊ ဒီခန္ဓာကြီးပူတာ အေးတာသည် ဒုက္ခသစ္စာသဘောပြောနေတာ၊ နေချင်ထိုင်ချင်
တာလည်း ဒုက္ခသစ္စာ၊ လုပ်ကိုင်စားချင်တာလည်း ဒုက္ခသစ္စာ၊ နေချင်ထိုင်ချင် လုပ်ကိုင်စားချင်တာသည်
ဒုက္ခသစ္စာနဲ့ မခွဲချင်လို့။ နဂိုက ဒုက္ခသစ္စာဆိုတော့ကာ ဉာဏ်နဲ့ တည့်တိုင်း၊ တည့်တိုင်း ဒုက္ခသစ္စာချည်း
ပဲတွေ့မယ်၊ ဝမ်းထဲမှာ ကုသိုလ်စိတ်ကလေးပေါ်လာလည်း ဖြစ်ပျက်ရှု၊ မဂ်ကိုသာ ပွားရမှာ၊ ကိုယ့်ကုသိုလ်
ကိုယ်သာယာနေရင် တဏှာဖြစ်သွားမယ်၊ ကြံစည်တဲ့ ဓမ္မကလေးပေါ်လာရင်လည်း..နှလုံးသွေးထဲမှာပေါ်
နှလုံးသွေးထဲမှာ ပျက်သွားတာပဲရယ်လို့..ဉာဏ်နဲ့ လိုက်ပေးလိုက်တာပေါ့။ ယခုပေါ်တာကို ယခု ဉာဏ်
လိုက်နိုင်ဖို့ အရေးကြီးတယ်၊ လာသမျှစိတ်ကို ဖမ်းရှု မရှုကောင်းတာ မရှိဘူး၊ ခန္ဓာကတော့ ပင်ကိုယ်
ဒုက္ခသစ္စာမို့ သူသဘောသူအမြဲပြောနေတာပါပဲ၊ ပင်ကိုယ်မူမှ သီးခြားမူပြောင်းတာတွေ၊ နဂိုမူပျောက်
တာတွေ တွေ့ရင် ဒါတွေဟာ ဖောက်ပြန်ပျက်စီးတာတွေ့ပြီပဲ။
ကိလေသာ နီဝရဏတွေက အနိစ္စပေမယ့်၊ သူက အာသေဝနများတယ်၊ သူချည်းထပ်ပြန်တလဲလဲ ဒီပေါ်
ထပ်ဖြစ်နေတာ၊ ဒီတော့ မဂ်ကလည်း ပွားမှ ရမယ်၊ ဉာဏ်နဲ့ ထပ်ပြန်တလဲလဲ မြင်ရမယ်၊ ဣနြေ္ဒရင့်တယ်
ဆိုတာ ကိုယ့်ဟာကို ဝီရိယတိုးသွားရတာ၊ အရင်မြင်တာ တစ်စက္ကန့်ကို ဖြစ်ပျက်တစ်ကြိမ်ဆို၊ နောက်နှစ်
ကြိမ် သုံးကြိမ်လောက် ဝီရိယနဲ့ သမာဓိကို..သူမလွန် ကိုယ်မလွန် ဖြစ်ပျက်ဆီတွဲလွှတ်၊ ဝီရိယလွန်ရင်၊ ပျံ့
လွင့်တတ်တယ်၊ သမာဓိလွန်ရင် ငိုက်မြည်းတတ်တယ်၊ လာသမျှ ဖြစ်ပျက်ရှုပြီး ဝီရိယ ပြင်းထန်းပေးပါ၊
သဒ္ဓါနဲ့ ပညာကို ညီအောင်လွှတ်၊ သဒ္ဓါလွန်ရင် အကြည်ညိုလွန်ပြီး တဏှာဘက် ပြေးတတ်တယ်၊ ပညာ
လွန်တော့ အတွေးအဆများပြီး ကောက်ကျစ်တဲ့ဘက် ပြေးတတ်တယ်၊ သတိကတော့ လိုတာသာရှိတယ်၊
သတိမလစ်စေနဲ့၊ ဖြစ်ပျက်အပေါ် အမြဲဘဲ သတိရှိရမယ်၊ သတိခေါင်းဆောင်လို့မို့ သတိပဋ္ဌာန်လို့၊ ခေါ်
တာ..သတိထားပြီး ပေါ်သမျှကို ဖြစ်ပျက်ရှု၊ ဒီငါးပါး ညီညွတ်ရင် ဣနြေ္ဒညီတဲ့အတွက် (နိဗ္ဗာန်) မရမရှိပါဘူး။
တရားထိုင်တဲ့အခါ ညောင်းလာလို့ ပြင်ချင်ရင်..ပြောင်းချင်ပြင်ချင်တဲ့ စိတ်ဖြစ်ပျက်ရှု၊ ရွှေ့ချင်ရင် ရွှေ့ချင်
တဲ့စိတ် ဖြစ်ပျက်ရှု၊ ဖြစ်ပျက်နဲ့ မဂ်ကြားတစ်ပါးသော ကိလေသာ မရောရင်၊ (၁၅) မိနစ်နဲ့ နာရီဝက်အတွင်း
မဂ်ကျနိုင်တယ်။
"သံသယ ဝိစိကိစ္ဆာ သတ်နည်း"
အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး မျိုးမှအပင် အမျှမပြတ် ဆက်စပ်
သည့်ဟန် ကံကြောင့် နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန် ဖြစ်ပြန်နည်းအလျော် ဗြဟ္မာသိကြား စသည်
များက ထင်ရှားပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်
ဟု ဉာဏ်ဖြင့်ရှု၍ မျှော်။ မပြုရသေးတဲ့ သုစရိုတ်တရားတွေကိုလည်း၊ မပြုရလေခြင်းဆိုတဲ့ သောကမလာ
စေနဲ့၊ တွေးလုံးမဝင်နိုင်အောင် ဟဒယဝတ္တုအပေါ် ဉာဏ်လှည့်ပြီး ပေါ်လာတာ မှန်သမျှကို ဖြစ်ပျက်ဒုက္ခ
သစ္စာတွေပဲလို့သာ..အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေ၊ ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ ဝိစိကိစ္စာဟာ..
ကိုယ်ကျွတ်မယ့် လွတ်မယ့်လမ်းကို တားလိုက်တာပဲ၊ အလွန်ကြောက်စရာကောင်းတယ်၊ သူတစ်လုံးတည်း
က အပါယ်တွန်းချနိုင်တယ်၊ (နိဗ္ဗာန်) ရရမယ်လို့ ဘုရားဟောထားတာ..ကျုပ်တို့က သံသယဖြစ်ဖို့ လိုသေး
လို့လား။
"ကုက္ကုစ္စ သတ်နည်း"
ဒါတွေဟာ နေရာကျမှ ကျပါ့မလားဆိုတာ ကုက္ကုစ္စ၊ အရင်ပြုခဲ့တဲ့ အကုသိုလ်တွေကို တရားအားထုတ်
ချိန်မှာဖြစ်စေ..အားမထုတ်ဘဲ နေချိန်မှာဖြစ်စေ၊ ဘယ်အချိန်မှာမှ ပြန်မတွေးပါနဲ့ ဖျောက်ပစ်ပါ၊ အကုသိုလ်
ပြန်တွေးတာ အဟောင်းက အသစ်ပြန်ဖြစ်ပြီး..ခင်ဗျားတို့ကို လောင်တဲ့မီး၊ သေတော့ အပါယ်သွားတယ်
ဆိုတာ အကုသိုလ်က ပြီးခဲ့ပါပြီ။ ကိုယ်တွေးလုံးကြောင့်သွားရတာ၊ မတွေးကောင်းတဲ့အတွေး တွေးလိုက်
တဲ့အ တွက်..အဖြစ်ဆိုးနဲ့ သွားကြုံရတာ။ (ဥဒ္ဓစ္စ သတ်နည်း) ဟိုပြေးဒီပြေးနဲ့ စိတ်ပျံ့လွင့်တာ ဥဒ္ဓစ္စ။
စိတ်က ဘယ်မှ မပြေးနိုင်ပါဘူး၊ မှန်ချိန်တာ ဝေးဝေးချိန်တာပဲရှိတယ်၊ ဒိနေတော့ စိတ်မငြိမ်ဘူး ဝိပဿနာ
မရှုဘူးဆိုရင်..ဥဒ္ဓ္စစ္စတည်းဟူသော သခင်၏ အလိုသို့ ရုပ်နာမ်က လိုက်နေရတဲ့အတွက် ကျွန်ဖြစ်တဲ့နေ့
လို့ မှတ်လိုက်၊ သူဖြစ်ပေါ်တဲ့ ဟဒယဝတ္တုပေါ် ဉာဏ်လှည့်လိုက်၊ မနိုင်နိုင်အောင်ရှုပါ။ မှုလရှုနေတဲ့ စိတ်
ကြားထဲမှာ ကြားထိုးတဲ့ စိတ်ဝင်တိုင်း၊ နောက်က ကိလေသာက အဖော်လိုက်လာမလို့လာတာ၊ ရှေးဦးစွာ
ဗိုလ်လုပ်တဲ့စိတ်ကို ဖြစ်ပျက်ရှုလိုက်တော့..သူ့နိယာမကြီး ပြတ်ပြီးသကာလ အရင်ဝိပဿနာ ရှုစရာစိတ်
နောက်က..နောက်ဝိပဿနာ ရှုစရာစိတ်ပေါ်တာပဲ။ ကြားထိုးတဲ့ ကိလေသာလာတိုင်း လာတိုင်း ဖြစ်ပျက်
ရှုနိုင်ရင်..ကိလေသာ ကြားခိုရာ မရောက်ဘူး၊ ဒီလိုသာ ရှုသွားရင် ယခုဘဝမှာပဲ အာသဝေါကုန်တဲ့၊
ရဟန္တာ ဖြစ်တာပဲ၊ မညှိတတ်ရင် ကြာတယ်၊ ကိုယ့်ဟာကိုယ် ချိန်တနိုင်ဖို့ အရေးကြီးတယ်။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။

မိုးကုတ်ဝိပသာနာ မင်္ဂလာမဂ္ဂင်ရိပ်သာ ပင်မသံဝေဇနိယဌာန ပဓာနနာယကဆရာတော် ဦးခေမိန္ဒ သင်တန်းတရား
http://soundcloud.com/user186715734/015-16-4-2012-kmdhttp://soundcloud.com/user186715734/015-16-4-2012-kmd
http://soundcloud.com/zawwinmdy007/016-17-4-2012-kmdhttp://soundcloud.com/zawwinmdy007/016-17-4-2012-kmd
http://kiwi6.com/file/arc1ecbnl3http://kiwi6.com/file/arc1ecbnl3
http://kiwi6.com/file/247yvcq30ohttp://kiwi6.com/file/247yvcq30o
http://kiwi6.com/file/fdv7sine4phttp://kiwi6.com/file/fdv7sine4p
http://soundcloud.com/user502075842/66-02-june-2011-kmd
http://soundcloud.com/user502075842/73-07-06-2011-kmd
http://soundcloud.com/user502075842/77-08-06-2011-kmd-thindan
http://kiwi6.com/file/1x05h6iq84http://kiwi6.com/file/1x05h6iq84
http://kiwi6.com/file/37z1p1741phttp://kiwi6.com/file/37z1p1741p
http://kiwi6.com/file/5n9am2n0gzhttp://kiwi6.com/file/5n9am2n0gz
: http://kiwi6.com/file/98ah0f21yy: http://kiwi6.com/file/98ah0f21yy
http://kiwi6.com/file/tbd39h95xrhttp://kiwi6.com/file/tbd39h95xr
http://kiwi6.com/file/yq15ip9304http://kiwi6.com/file/yq15ip9304
blogger.g?blogID=7005240321192561407#editor/target=post;postID=532377560694943879

ပဓာန နာယက ဘဒ္ဒ န္တခေမိန္ဒ နယ်လည့်ဓမ္မကထိက မိုးကုတ်
1.8.2012 KMD ခြင်းရာနှစ်ဆယ် ပဋိစ္စသမုပ္ပါဒ်သင်တန်း
သညာသိမှပညာသိတရားတော်
အရှုခံ နဲ့ ရှုဉာဏ် တရားတော်
အကြောင်းအကျိုးသတ်နည်းတရားတော်
မသိလျှင်တွယ် သိလျှင်ပျယ်တရားတော်
၁။ ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတော်
၂။ ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတော် http://soundcloud.com/zawwinmdy007/016-17-4-2012-kmdhttp://soundcloud.com/zawwinmdy007/016-17-4-2012-kmd
၃။ ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတော်
၎။ ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတော်
၅။ ပဋိစ္စသမုပ္ပါဒ် သင်တန်းတရားတော်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ၏ ပီဠနဋ္ဌအနက်
ဒုက္ခသစ္စာတစ်ခုတည်းမှ အနုဗောဓဉာဏ်နဲ့ ပဋိဝေဓဉာဏ် ၂-ပါးရှိတယ်။ ဒုက္ခသစ္စာကို ဒီဉာဏ် ၂-ပါးနှင့်
ကြည့်ရမယ်၊'အနုဗောဓဉာဏ်'ဆိုတာ ဆရာသမားဟောတာကိုအစဉ်လျှောက်ပြီးမှတ်လို့ကြည့်လို့ဖြစ်လာ
တာ၊ တရားနာလို့ စာအုပ်ကြည့်လို့ ရလာတဲ့ဉာဏ်ပေါ့၊ "ပဋိဝေဓဉာဏ်"ဆိုတာကကိုယ်တိုင်ကိုယ်ကျ ထိုး
တွင်းဝေဖန်ပြီး ခန္ဓာထဲမှ မဂ်ဉာဏ်နှင့်သေသေချာချာ ကြည့်လို့ ဒုက္ခသစ္စာအစစ်ကိုတကယ်မြင်တဲ့ဉာဏ်မျိုး
ဖြစ်တယ်၊ ဒါဖြင့် တရားနာလို့ စာကြည့်လို့ ကိစ္စမပြီးသေးဘူး၊ ဝိပဿနာပွား ဉာဏ်ပွားတတ်ရုံနှင့် ကိစ္စမပြီး
သေးဘူး၊ ဒုက္ခသစ္စာကို တကယ့်ကို ဒုက္ခသစ္စာလို့ ပိုင်းခြားပြီးသိတဲ့ ပဋိဝေဓဉာဏ်ရောက်မှ ကိစ္စပြီးမယ်လို့
မှတ်ပါ။ ခန္ဓာ ၅-ပါး၊ ရုပ်နာမ် ၂-ပါးရှိတယ်၊ ဒီခန္ဓာ ၅-ပါး ရုပ်နာမ် ၂-ပါးဟာ ဖြစ်ပျက်မို့ ဒုက္ခသစ္စာပဲလို့ ဆရာ
သမားကဟောပြတာကို မှတ်ထားတာက"အနုဗောဓဉာဏ်"နှင့် သိထားတာ၊ ရုပ်နာမ် ၂-ပါးလုံး ဖြစ်ပျက်မို့
ဒုက္ခသစ္စာ၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမို့ ဒုက္ခသစ္စာလို့သိရင် ဝိပဿနာဉာဏ် ဖြစ်နေပြီ၊ ဖြစ်ပျက်သာသိပြီး ဒုက္ခ
သစ္စာလို့ တကယ်မသိသေးတော့ ဒါ အနုဗောဓဉာဏ်ပဲ ရှိသေးတယ်၊ ဝိပဿနာဉာဏ်နှင့် ရှုဖန်များလို့
ဒုက္ခသစ္စာကို ပီဠနဋ္ဌောနှင့် သိလာမှ ပဋိဝေဓဉာဏ်ဖြစ်တာ၊ ဒုက္ခသစ္စာကို ပီဠနဋ္ဌော-သတ္တဝါကိုညှာတာမ
ဖက် အမြဲနှိပ်စက်တတ်တဲ့သဘောရှိတယ်လို့ တကယ်သိလာမှ ပဋိဝေဓဉာဏ်ဖြစ်တာ။
"အခု ရုပ်နာမ်က နှိပ်စက်ပုံကို ပဋိဝေဓဉာဏ်နှင့် သိပုံကိုရှင်းပြမယ်"
အမေတစ်ယောက်က ရုပ်နှင့်နာမ်ဆိုတဲ့ အမြွာပူးကလေးမွေးတယ်၊ရုပ်နှင့်နာမ်ကပဋိသန္ဓေနေတည်းက အမိ
ဝမ်းခေါင်းထဲမှာ အတူတူနေခဲ့တာကိုး၊ ခင်ဗျားတို့ခန္ဓာကိုယ်ဟာ ခန္ဓာ ၅-ပါးပဲရှိတယ်၊ ခန္ဓာ ၅-ပါးကိုချုံလိုက်
တော့ ရုပ်နှင့်နာမ်ပဲရှိတယ်၊ ရုပ်ဓမ္မနှင့် နာမ်ဓမ္မပဲရှိတယ်၊ နာမ်တရားကခြေကျိုးလက်ကျိုးနှင့် သည်းခြေပျက်
ဝမ်းတွင်းရူးဖြစ်တယ်၊ ရုပ်တရားဟာ ခြေလက်တွေ သန်မာပေမယ့် မျက်စိနှစ်ကွင်းအလင်းမရတဲ့အပြင် သူ
ငယ်နာဝမ်းပျက်ပါလာသေးတယ်၊ ဒီရုပ်နာမ်ဆိုတဲ့ သူတို့ ၂-ဦးက သူတို့ကိန်းရာ သတ္တဝါကိုချစ်ခင်ပြီးထိန်း
ကျောင်းနေတဲ့သတ္တဝါကို အမြဲနှိပ်စက်တော့မယ်၊ သူတို့ကို ငါ့ကို ငါ့ဟာ ငါ့ဥစ္စာလို့ နှစ်သက်ခင်မင်ကြင်နာ
တဲ့ အမေလုပ်သူကို အမြဲနှိပ်စက်တော့မယ်။(နာမ်..အကျိုး..အရူး၊) နာမ်တရားက ရုပ်မပါဘဲသွားလိုရာကို
မသွားနိုင်တော့ ခြေကျိုးလက်ကျိုးပေါ့၊ ကျိုးရတဲ့အထဲ သည်းခြေပျက်ရောဂါကပါလာသေးတယ်၊ သည်းခြေ
ပျက်ဆိုတာ ရူးတာ၊ ဝမ်းတွင်းရူးကိုခေါ်တယ်၊ သူက ရုပ်နာမ် အနိစ္စတွေကိုပဲယောက်ျားမိန်းမထင်လိုထင်၊
သားရယ်သမီးရယ်မြေးရယ်ထင်လိုထင်၊ ဒီလိုထင်နေတော့ သူထင်တဲ့အတိုင်းလိုက်လုပ်ရတာ၊ သူ့ထိန်း
ကျောင်းရတာ မလွယ်ဘူး၊ သူ့အလိုလိုက်ရတာ အားကိုမအားနိုင်ဘူး၊ သူက ခြေလက်ကလဲကျိုး၊ အရူးထ
တာကလဲ ခဏခဏ၊ သူအရူးထတာနဲ့ သားပူသမီးပူ ဆွေပူ မျိုးပူတွေနဲ့ မအားနိုင်ကြဘူး၊ ပြီးတော့ သူက
ခြေကျိုးလက်ကျိုးနဲ့ ဟိုဟိုဒီဒီ မသွားနိုင်တော့၊ အမေကပိုချစ်သကိုဗျ၊ ပိုချစ်တော့"သက္ကာယဒိဋ္ဌိက"သူ့အ
ပေါ်မှာပိုစွဲတယ်၊ သူကသည်းခြေရူး ဝမ်းတွင်းရူး (ဝိပ္ပလ္လာသ) ဆိုတော့ အချိုပေးလဲ ခါးတယ်ပြောချင်ပြော
အချဉ်ကျွေးလဲ ဖန်တယ်ပြောချင်ပြော၊ သူက ကိန်းရာအမေပေးတာနဲ့ တော်ပြီတန်ပြီလို့မလာဘူး၊ ခြေကျိုး
လက်ကျိုး ဘယ်မှမသွားနိုင်တော့ သူ့ပြုစုနေရတာနဲ့ အားကိုမအားနိုင်ဘူး။
သူကဝမ်းတွင်းရူးဆိုတော့ မျက်လုံးပေါက်တစ်ခုတည်းကတော်ပြီ တန်ပြီလို့ကိုမရှိဘူး နားပေါက်တစ်ခုတည်း
ကတော်ပြီ တန်ပြီလို့ကိုမရှိဘူး၊ ရေဒီယို အမြဲဖွင့်ပေးရတယ်၊ ဒါနားပေါက်ကို အခွန်ဆက်နေရတာတွေ၊ အချို
ကျွေးလဲ ဝမ်းတွင်းရူးက ချိုလွန်းတယ်ဆိုပြီး မစားပြန်တော့ အချိုလျှော့ချက်ရ ကျွေးရတာနဲ့ ဝမ်းတွင်းရူးကို
ချစ်တဲ့ပုဂ္ဂိုလ်အားသေးရဲ့လား၊ ဝမ်းတွင်းရူး နှိပ်စက်တာအကုန်ခံရတယ်မဟုတ်လား၊ သူကတောင်သွားချင်
မြောက်သွားချင်နဲ့ သူသွားချင်ရာကို ပို့နိုင်ရဲ့လား၊ သူသွားချင်ရာလိုက်ပို့ရတော့လဲနှေးတယ်ပြောလို့ ကား
ဝယ်ပေးရတယ်၊ တစ်ခါတလေကိစ္စကြီးတယ်ဆိုလို့ လေယာဉ်ပျံနဲ့ သွားရတယ်၊ သည်းခြေပျက် ဝမ်းတွင်းရူး
ကြိုက်တာလဲအကုန်ဝယ်ပေးရတယ်၊ အစားဘက်က အဝတ်ဘက်က ကြိုက်တာဝယ်ပေးရတယ်၊ ဝယ်ပေး
လို့ကြိုက်ရင်းမတ္တနဲ့ သည်းခြေကထလာလို့၊ ဒါကြီးက ခေတ်နောက်ကျသွားပြီး မဝတ်တော့ဘူးလို့ ဆိုချင်ဆို
တာ၊ ကားဝယ်ပေးပြန်လဲ ဒီကားမစီးချင်ဘူး၊ နောက်ဆုံးပေါ်ကားမှ စီးချင်တယ်တဲ့၊ နာမ်တရား သည်းခြေရူး
ကဘယ်လောက်နှိပ်စက်သတုံး၊ သူ့ကိုခင်တဲ့မိဘကတော့ နေ့လဲမအားရ ညလဲမအားရ၊ ရှာဟဲ့..ဖွေဟဲ့..လုပ်
ဟဲ့..ကိုင်ဟဲ့..ပြုစုဟဲ့နဲ့ အလုပ်နဲ့ လက်နဲ့ကို မပြတ်ရဘူး၊ အမောဆို့ပြီးမှအိပ်ချလိုက်ရတာပဲ။
သူ့ချစ်တဲ့ပုဂ္ဂိုလ်တော့ အောင့်အည်းသည်းခံပြီး လုပ်ပေတော့၊ သူကတော့ဘယ်တော့မှ အလိုပြည့်တယ်မရှိ
ဘူး၊ သူကတော့ အဖိုးကြီးအဖွားကြီးဖြစ်တော့လဲ ချမ်းသာမပေးဘူး၊ အဖိုးကြီးခိုင်းအဖွားကြီးခိုင်း ခိုင်းမှာပဲ၊
တောင်းဝှေးထောက်ပြီး..နင့်မြေးအိမ်သွားပါလား၊ နင်သွားနိုင်တုန်းသွားရတာဆိုပြီး ခိုင်းတယ်၊ သည်းခြေ
ပျက်သားကို မွေးမိတဲ့အတွက် ခင်ဗျားတို့ခုအထိ မအားတာ ပီဠနဋ္ဌတဲ့၊ သူကတော့ကိန်းရာသတ္တဝါကို ညှာ
တာမဖက်၊ အမြဲနှိပ်စက်တတ်တယ်၊ သေတဲ့အထိ သူကနှိပ်စက်တတ်တယ်၊ ဗိုင်းဗိုင်းလဲသေလဲ သူကတော့
အနှိပ်စက်မလျှော့ဘူး၊ သေလမ်းလဲ သူကပို့မှာပဲ၊ မိုးရွာထဲသွားကွ၊ မိုးရွာတာများ အရေးလုပ်မနေနဲ့၊ နေပူလဲ
ခိုင်းတာပဲ၊ သူခိုးဓားပြတွေ ထူတဲ့နေရာလဲ သွားခိုင်း၊ မြစ်ထဲပင်လယ်ထဲ လှိုင်းတွေ..ဝဲတွေရှိလဲ ခိုင်းတာပဲ။
ခင်ဗျားတို့ဟာဒီရုပ်နာမ်ကိုမွေးထုတ်တဲ့ အမေအဖေတွေပဲ၊ နာမ်ရုပ်ခင်တဲ့လူဆိုတော့ ဒီသည်းခြေရူးအကျိုး
နှိပ်စက်သမျှကိုခံကြပေတော့၊ နာမ်ဓမ္မအရူးကတော့ အချိန်ရှိသရွေ့ ခိုင်းနေတာပဲ၊ သူကရေတိုက်ပါအုံး၊ နို့
တိုက်ပါအုံး၊ ရေတိုက်တော့လဲရေနောက်ကြီးမတိုက်ပါနဲ့ ရကြည်မှတိုက်ပါတဲ့၊ တစ်ခါတလေရေထဲအဖတ်ပါ
ထည့်ယူခဲ့၊ ဖာလူဒါတို့ပေါ့၊ ရေချည်းမသောက်ချင်ဘူး၊ အဖတ်ပါမှတဲ့၊ သည်းခြေရူးက တောင်းတာ၊ အဲဒီ
တော့ အားသေးရဲ့လား၊ ဥတုသုံးလီအလိုက် သူ့ကိုအခွန်ဆက်ပေးရတယ်၊ နွေအခွန်ဆက်ရ၊ မိုးအခွန်ဆက်
ရ၊ ဆောင်းအခွန်ဆက်ရနဲ့၊ လမ်းသွားရင်များ ဇီဇာကြောင်လိုက်တာလဲမပြောပါနဲ့၊ ရေတိုက်ပြန်တော့လဲ အို..
ဒီမြေခွှက်ကြီးနဲ့ မသောက်ချင်ဘူး၊ ဖန်ခွက်နဲ့မှသောက်ချင်တယ်ပြောသေး၊ အိမ်မှာလဲသုံးနေကျပန်းကန်တွေ
တောင်ဟိုပန်းကန်နဲ့မှ၊ သည်ပန်းကန်နဲ့မှတဲ့၊ ရှုပ်နေတာပဲ၊ သုံးနေကျ ပန်းကန်တွေ အဝတ်တွေတောင်
သည်းခြေရူးထလာတော့ ဒါကြီးက ခေတ်နောက်ကျနေပြီ၊ ခေတ်ဆန်ဆန်မှ ဝတ်ချင်တာဆိုတော့ အိမ်မှာ
အဝတ်တွေတစ်ပုံကြီးရှိနေတဲ့အထဲက အသစ်ချပ်ချွတ်ဝတ်ပေးတယ်၊ မိန်းမတွေပိုဆိုးသေး၊ သည်းခြေရူးအ
လိုကိုအလိုက်ဆုံးပဲ၊ အဝတ်အထည် အယ်လောက်များများသူ့လောဘကမလုံးလောက်၊ အရင်ဟာ မကြိုက်
ဘူး၊ နောက်ဟာဝယ်ပေးအုံးလို့ သည်းခြေရူးကတေင်းတိုင်းဝယ်ပေးရတာပဲ၊ ဘယ်လောက်ဝယ်ပေးပေး
သည်းခြေရူးကတောပြီ..တန်ပြီလို့ မလာဘူး။
ဒီလိုပီဠနဋ္ဌော..အမြဲနှိပ်စက်တာကိုသိရင်၊ ပီဠနဋ္ဌတစ်လုံးသဘောကျရင် ခင်ဗျားတို့ကိစ္စပြီးပါတယ်၊ ပီဠနဋ္ဌ
နှိပ်စက်တာကို အလိုအတိုင်းလိုက်ပြီးပြုစုနေရင်တော့ မပြီးဘူး၊ ခင်ဗျားတို့က သည်းခြေရူး အကြိုက်အတိုင်း
ခိုင်းသလောက် အကုန်ပေးနိုင်တယ်ဆိုတော့ ကျွန်ပီသလို့ပဲ၊ မွေးတဲ့သားကလေးက အကျိုးကလေး အရူး
ကလေးဆိုတော့ ခင်ဗျားတို့ကပိုချစ်ပေါ့ဗျာ၊ သူ့ကိုထိန်းကျောင်းရတာနေ့ရောညပါအားတယ်လို့မရှိဘူး၊ အ
လုပ်တွေဟူသမျှသည် သည်းခြေရူးကြောင့် လုပ်နေရတာချည်းမှတ်၊ စာရေးကြီးပဲ လုပ်လုပ်၊ တရားသူကြီးပဲ
လုပ်လုပ်၊ ဘာပဲလုပ်လုပ်၊ လုပ်ရတာဟူသရွေ့သည်းခြေရူးကြောင့်လုပ်ရတာချည်းပဲ၊ ခင်ဗျားတို့သည်းခြေ
ရူးသလို ဖြည့်နေရတာဟာ သူနှိပ်စက်တာကိုမသိလို့ဘဲ၊ မသိလို့သားဝတ် သမီးဝတ် လင်ဝတ်၊ မယားဝတ်
တွေ ပြုနိုင်ကြတာပေါ့၊ တချို့များမပြုစုရမှာ စိုးလို့တောင် သူများသားသမီးတွေကို လိုက်ရှာပြီးမွေးစားချင်
ကြသေးတယ်၊ ဒါကြောင့် ပုထုဇဉ်ဆိုတာ အရူးလို့ပြောတာ။ မွေးတဲ့အမေးကလဲ သားကျိုး သားရူးဆိုတော့
မစွန့်နိုင်ဘူး၊ မစွန့်ရက်ဘူးပေါ့ဗျာ၊ မစွန့်ရက်တဲ့အပြင် ပိုတောင်ချစ်လိုက်သေး၊ အချစ်ဆုံးလေးပေါ့ဗျာဒီတော့
ဒုက္ခသစ္စာကိုပင်လျှင် သမုဒယသစ္စာကအမြဲချစ်နေတော့ နိရောဓသစ္စာနဲ့ မဂ္ဂသစ္စာဟာဘယ်မှာပေါ်နိုင်ပါ့မ
လဲ၊ သူကအမြဲမပြတ် ဒုက္ခပေးနေပေမယ့် သမုဒယရဲ့ အပြစ်မမြင်တဲ့အပြင် ပို၍ပင်ချစ်ခင်နေတော့၊ ပီဠနဋ္ဌ
အမြဲနှိပ်စက်နေတဲ့ ဒုက္ခသစ္စာ ကွယ်နေပြီပေါ့၊ ဒုက္ခသစ္စာ၏ ပီဠနဋ္ဌ သဘောကိုသိမှ ဒုက္ခသစ္စာကို ပဋိဝေဓ
ဉာဏ်နဲ့ တကယ့်ကိုသိမှ"ဝိပ္ပလ္လသ"ဆိုတဲ့ အရူးကပျောက်မှာ၊ ဒီတော့သည်းခြေရူးက မဂ်ရေစင်တိုက်မှ
ပျောက်မယ်၊ မဂ်ရေစင်မတိုက်နိုင်ရင် မပျောက်ဘူး၊ မဂ်ရေစင်ဟာ သည်းခြေရူး ပျောက်တဲ့ဆေးပဲ၊ မဂ်မှတစ်
ပါး သည်းခြေရူး ဝမ်းတွင်းရူးပျောက်တဲ့ဆေးမရှိဘူး၊ မဂ်ကမှ ဝိပ္ပလ္လသပယ်နိုင်တာ၊ ဒီသည်းခြေရူးကို ဝိပဿ
နာဉာဏ်တွေကတောင်မပယ်နိုင်ဘူး၊ ဒါကြောင့် ဘုရားက မဂ်မရသေးသမျှ မဂ်မရသေးတဲ့ ပုထုဇဉ်ဟူသမျှ
"ဥမ္မတ္တက"အရူးချည်းပဲလို့ဟောတာ။
"အရူး..အကန်း..လူနာ"ရုပ်-နာမ်အမြွာပူးထဲက နောက်တစ်ယောက်က ရုပ်တရားပေါ့၊ သူကမျက်စိနှစ်ကွင်း
အလင်းမရတဲ့အကန်း၊ ပြီးတော့ သူငယ်နာဝမ်းပျက်ကပါသေး၊ ဒီတော့ ရုပ်တရားဟာ အကန်းလူမမာပေါ့၊
ဒီတော့ သူခိုင်းသမျှအလိုကျ ပြုစုရုံပဲပေါ့၊ ဓာတ်ကြီးလေးပါးဟာ ဘယ်တော့မှညီညွတ်တယ်မရှိဘူး၊ အမြဲ
ပျက်နေတာပဲ၊ ပထဝီဓာတ် ပျက်တော့ ဝမ်းလျှောတာပေါ့၊ ပထဝီဓာတ်ခိုင်နေရင် ဝမ်းချုပ်တာပေါ့၊ ရုပ်အ
ကန်းကလေး ဆိုတော့သူ့ခင်တဲ့ အမေကိုပဲခိုင်းမှာပဲ၊ အမေ့တာဝန်ချည်းပဲ၊ဗိုက်ထဲကဘာဖြစ်မှန်းမသိဘူး၊
ဝမ်းလျှောတော့ အမေကကြုံးရမှာပဲ၊ ရေတောင်းလဲပေး၊ ထမင်းတောင်းလဲပေး၊ အဝတ်တောင်းလဲပေး၊ ချမ်း
တယ်ဆို အဝတ်ထူထူထုပ်ပေး၊ အိုက်လှချည်ရဲ့ဆို အပါးထည်လဲပေးရ၊ ခင်တဲ့ပုဂ္ဂိုလ်က သူခိုင်းတာကိုခြွင်း
ချက်မရှိအကုန်လိုပ်ပေးရတယ်၊ သူ့ဝမ်းပျက်ဝေဒနာကလဲ ခဏခဏကျင်ကြီးစွန့်ရသေး၊ ခင်တဲ့ပုဂ္ဂိုလ်ကကြုံး
သာကြုံး၊ မညည်းနဲ့ မွေးမိတာကိုး။ ရုပ်တရားကြီးကို တော်တော်ကြာနဖူးစမ်းရ၊ ခြေဖျားစမ်းရ၊ လက်ဖျားစမ်း
ခြေလက်ကောင်းပေမယ့် အကန်းဖြစ်နေတော့ ဟိုဟာနဲ့တိုက်မိ၊ သည်ဟာနဲ့တိုက်မိ၊ ဒီတော့အမေက ပတ်
တီးစီးပေးရတယ်၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့ ဆုတောင်းပေမယ် သူကအကန်းဆိုတော့ တိုက်ချင်ရာတိုက်
လဲချင်ရာလဲလိုက်တာပဲ၊ ရုပ်ဓမ္မထုံးစံက ဖောက်ပြန်ချင်သလိုဖောက်ပြန်တော့၊ သူခင်တဲ့လူ သူခိုင်းသမျှလုပ်
ပေးပေရော့၊ နှိပ်စက်တဲ့သားသွားရော့ကွာလို့ နှင်ထုတ်ဖို့ကောင်းတယ်၊ ဒါပေမယ့် မနှင်ထုတ်နိုင်ဘူး၊ ပီဠနဋ္ဌ
သဘောမကျလို့၊ ပီဠနဋ္ဌော သဘောမကျရင်ပြုစုမြဲတိုင်း ရိုသေပေတော့၊ ဝတ်မပျက်ကြစေနဲ့၊ သစ္စာသိဆို
တာ သည်ကျအောင်သိမှ အဖိုးတန်တာ။
ရုပ်-နာမ်..သစ္စာအနက် ၁၆-ချက်ထဲက ပီဠနဋ္ဌော..ညှာတာမဖက် အမြဲနှိပ်စက်တတ်တဲ့ တစ်နံပတ်ကို သ
ဘောကျရင် ကျန်တာအကုန်သဘောကျတယ်၊ အခုခန္ဓာကိုယ်ကြီးဟာအကောင်းတစ်ခုမှ မပါဘူး၊ ရှိတာက
ရုပ်နဲ့နာမ်ပဲရှိတယ်၊ ရုပ်ဓမ္မက မျက်စိကန်းတာရယ်၊ သူငယ်နာဝမ်းပျက်တာရယ်၊ နာမ်ဓမ္မကတော့ ခြေကျိုး
လက်ကျိုး ဝမ်းတွင်ရူး၊ ခန္ဓာကြီးဟာ ဒီ ၂-ခုပေါင်းထားတာပဲ၊ ပေါင်းမိတော့ ခက်တာပဲ၊ အကုန်ပြုစုပေးနိုင်ဖို့
မလွယ်ဘူး၊ မပေါင်းခင်တုန်းကတစ်ခုစီဆို ပြုစုနိုင်ဦးမယ်၊ အခုတော့ ဒီဘက်သည်းခြေရူးအလိုလိုက်ရ၊ ဟို
ဘက်သူငယ်နာဝမ်းပျက် သွားကြုံးလိုက်ရ၊ ရုပ်နာမ်အစု ခန္ဓာကြီးဖြစ်ရပါလို၏ဆိုတော့ ၂-ယောက်မွေးပါရ
စေလို့ ဆုတောင်းတာပဲ၊ အခုတော့ အကျိုးနဲ့အကန်းဆုံမိပြီး တစ်ယောက်မှ အကောင်းမပါဘူး၊ ကိုယ်ရထား
တဲ့ခန္ဓာကြီးနော်၊ ကျိုးရကန်းရတဲ့အထဲ"သည်းခြေရူးနဲ့ ဝမ်းပျက်"ကပါလိုက်သေး၊ ဆုတောင်းပြည့်ထားတဲ့
သား ၂-ယောက်ကဖြင့် တစ်ယောက်မှကောင်းကျိုးမပေး အမြဲနှိပ်စက်နေတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့မှာ
တော့အသက်ကြီးတောင်နောင်တမရသေးဘူး၊ သည်းခြေပျက်..ဝမ်းပျက်..ဝမ်းတွင်းရူးကလည်းသေသည်
အထိရူးမှာ၊ သူငယ်နာဝမ်းပျက်ကလည်းသေအောင် ပျက်မှာပဲ၊ ခင်ဗျားတို့က နှိပ်စက်မှာချည်း ဆုတောင်းယူ
တယ်၊ နိဗ္ဗာန်မရမီစမ်ကြား ဒီအကျိုးနဲ့ဒီအကန်းနဲ့တွေ့ရ..ကြုံရ..ဆုံရပါလို၏..ဆိုတော့၊ ဒါ သစ္စာမသိလို့
တောင်းကြတာ၊ ပီဠနဋ္ဌ-၏ ကြောက်စရာကောင်းပုံကိုသိရင် တော်ပြီ တန်ပြီကွလို့လာမှာပဲ။
အခုတော့ အကျိုးနဲ့အကန်းကိုပဲ ခင်ဗျားတို့ဆုတောင်းယူကြတယ်၊ ရုပ်နာမ်ဆိုတဲ့ အကျိုးနဲ့အကန်း ပေါင်းမိ
တော့သွားချင်တဲ့နေရာသွားမှာပဲ၊ တစ်ယောက်ကအပေါ်ကလမ်းပြ တစ်ယေက်ကအောက်ကသွား၊ ၃၁-ဘုံ
မှာ အကုန်လျှောက်သွားမှာပဲ၊ အရမ်းသွားမှာပဲ၊ အရမ်းသွားတော့ အမေဖြစ်သူက ရုပ်အလိုလိုက်ရ၊ နာမ်အ
လိုလိုက်ရနဲ့ အပါယ်လေးပါး ဒယ်အိုးထဲဆင်းလိုက်ရတာပဲ၊ ဒိသားဆိုး ၂-ယောက် နှိပ်စက်တာမသိတော့၊
၃၁-ဘုံအတွင်း အကောင်းအဆိုး မရွးနဲ့တော့၊ တို့နေရာချည်းပဲသာမှတ်ပေတော့၊ ကျင်ကြီးပုံလည်းတို့နေရာ
ရေပုပ်ထဲလည်းတို့နေရာပဲ၊ ပိုးလောက်ဖြစ်ရဦးမှာကိုး၊ အိပ်ရာထဲရောက်ရင် ဟိုဟာစိတ်ကူး၊ ဒီဟာစိတ်ကူး၊
သားကူး..သမီးကူး..ဆွေကူး..မျိုးကူးနဲ့စုံလို့ပေါ့၊ ဒီ စိတ်ကူးတွေဟာ ဘာတုံး၊ သည်းခြေရူးထနေတာ၊ မနက်
မိုးလင်းတော့ ညအရူးထထားတဲ့အတိုင်း နှစ်ယာက်ပေါင်းပြီး ကားနဲ့ဟိုသွားလိုက် ဒီသွားလိုက်နဲ့၊ ခြေလျင်
ပြေးလိုက်နဲ့၊ ခင်တဲ့အမေကတော့ဘေးကင်းမှကင်းပါ့မလားနဲ့ စိုးရိမ်နေရတာပဲ၊ သည်းခြေရူးကလဲ မဟုတ်
တာမှကြိုက်တာ၊ စီးပွားရှာမယ်ဆိုဘယ်သွားရ သွားရ၊ သေချင်သေပစေ သူကကြိုက်တယ်၊ သစ္စာတရား
တွေဟောရင် သူကမကြိုက်ဘူး၊ ရုပ်ကလဲသားဆိုး၊ နာမ်ကလဲသားဆိုး၊ ဒီတော့သားဆိုးအမေ တပေပေပေါ့
သူတို့က သေသည်အထိ နှိပ်စက်မှာ၊ ဒီတော့ သေသည်မထိသူ့ဒဏ်ခံပေါ့၊ ဒုက္ခခံပေါ့၊ ဆုတောင်းခဲ့တာကိုး၊
ဒီလောက်မညှာမတာ အမြဲနှိပ်စက်နေသောကြောင့် ရုပ်နာမ်ဓမ္မကဖြင့် ဒုက္ခသစ္စာအစစ်ပါပဲ၊ ဝိပဿနာကု
သိုလ်က ကျေးဇူးပြုလိုက်တဲ့ မဂ်ကုသိုလ်ကျမှ ရုပ်ရော နာမ်ရော ဒုက္ခသစ္စာတွေဆိုတာ သဘောကျတာ၊
ဆရာသမားကောင်းက ဟောတဲ့တရားတွေ မနာရသရွေ့ ဒီရုပ်နာမ်က နှိပ်စက်နေ ဒုက္ခပေးနေတယ်လို့မ
ထင်ဘူး၊ မသိဘူး၊ နှိပ်စက်နေမှန်းမသိလို့ ခင်ဗျားတို့ခင်နေတာ လိုချင်နေတာ၊ သိရင်မခင်တော့ဘူး၊ မလို
ချင်တောဘူး၊ နှိပ်စက်မှန်းသိတာက မဂ်ဉာဏ်၊ နှိပ်စက်မှန်းသိလို့ မလိုချင်ရင် ယခင်ကသူခင်နေတဲ့အမေ
ဖြစ်တဲ့ တဏှာကသေသွားတယ်၊ ဒီ တဏှာအမေသေသွားတဲ့အခါ၊ သားဆို ၂-ယောက်လဲပြုစုပေးမယ့်သူ
မရှိတော့သူတို့လဲ နောက်ဆုံးသေကြရတော့မှာပဲ၊ ဒီတော့ ဒုက္ခချုပ်ငြိမ်းထာဝရအေးငြိမ်းတဲ့ နိဗ္ဗာန်ဆိုတာ
ရောက်သွားမှာပဲ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း

Saturday, December 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာဏ်လှေကားထစ်များ
"ဉာဏ်လှေကားထစ်များ ဖြည်းဖြည်းချင်းတက်ကြပါ"
တရားနာတယ်ဆိုတာ ကုသိုလ်ရရုံမနာပါနဲ့၊ကိုယ့်ဒုက္ခ ကိုယ်
သိမ်းဖို့၊ကိုယ့်သံသရာ ကိုယ်ဖြတ်ဖို့ လုပ်နေတာဆိုပြီးနာပါ။
နားမလည်လည်းနာပါ ကိလေသာပါးတယ်၊ဒီဉာဏ်တရားကို၊
မနာရလို့ရှိရင် ဒီဘဝ လူဖြစ်ကျိုး မနပ်သေးဘူး၊ဒီနေ့ကစပြီး
ငယ်မှတ်တွေ အကုန်ဖြုတ်၊ဘုရားဟောတာနဲ့၊ဆရာသမား
ပြောတာကို ယုံပေတော့၊ဘုရားသခင် ကိုယ်တော်မြတ်ကြီး
လူတစ်ယောက် ချွတ်တော့မယ်ဆိုရင် သူ့အစဉ်ရှိတယ်၊
နံပါတ်တစ် ဒါနပြုကွဟောချလိုက်တယ်၊ဒါနဆိုတာ လူချမ်းသာ
နတ်ချမ်းသာ ပို့နိုင်ရောက်နိုင်တယ်ဆိုပြီး သူ့အကျိုးပေးတွေ
ဟောလိုက်တယ်။ပန်းလှူလို့ လှပုံ၊ကျောင်းလှူလို့ ဘုံပေါက်ပုံ၊
ရေတွင်းရေကန်လှူလို့ ဥယျာဉ် ဗိမာန်အကျိုးပေးပုံ ဒါတွေဟော
ပါတယ်။ဒါတွေအကျိုးပေးသော်လည်း အသက်မရှည်ရင်
အလကားပဲ။နှစ်ချက်တိုးပြီးတော့ အသက်ရှည်ချင်ရင် သီလ
လုပ်ကွ။သီလကြောင့် အသက်ရှည်တဲ့ နတ်ကြီးဖြစ်ပြီး၊စီးပွားဥစ္စာ ရတနာနဲ့ အပြည့်အစုံကွ၊
ဘယ်လောက်ကောင်းသတုံး။ဒါနကထာ၊သီလကထာ၊သက္ကကထာ၊ဟောပါတယ်။ပြီးတော့မှ
"ကာမာနံ အာဒီနဝကထာ"မင်းဟောဒီ အကျိုးပေးတဲ့ ဥစ္စာတွေအားလုံးဟာ၊ ငါပါးအာရုံ
ကာမဂုဏ်တွေက ဘာမှအသုံးမကျဘူး။မျောက် မီးရှူးပန်းကိုင်ထားသလို ကိုယ့်ချည်းလောင်တာ
ပဲကွ။အမဲသားရတဲ့ ကျီးလိုပဲကွ၊သည့်ပြင် ကျီးတွေက အမဲသားတစ်လိုက်လုတာနဲ့ သူ့မှချမ်းသာ
ခွင့်မရဘူးကွ။ဒီလို အပြစ်ပြဟောတဲ့"ကာမာနံ အာဒီနဝကထာ"ဟောချလိုက်တယ်၊ဘုရားဟောနော်။
ဘုန်ကြီးလုပ်ကြံဟောတာ မဟုတ်ဘူး၊ခင်ဗျားတို့"ဘာဝနာ"မှာအားငယ်မှာစိုးလို့၊ဘာဝနာမပါဘဲ
ကိစ္စပြီးနေတယ် ထင်မှာစိုးလို၊ပြီးတော့မှ"နိက္ခမကထာ"ကာမမှ...ထွက်ဆိုတော့ အလုပ်လုပ်တော့
လို့ပြောတာ၊ကာမမှထွက်ဆိုတော့ ခင်ဗျားတို့၊ကာမအာရုံတွေကို အနိစ္စ၊ဒုက္ခ၊အနတ္တ မရှုရင် ကာမ
မှ ထွက်နိုင်ပါမလား၊မထွက်နိုင်၊ဝိပဿနာ စလုပ်ဆိုတာမလာဘူးလား ဒါ ဘုရားဟော်စဉ်။
"ဉာဏ်နာားကို ဆောင်၍ ထောင်နိုင်အောင် ထောင်လိုက်ကြပါ"
ခင်ဗျားတို့က ကံကောင်းချိန် ဉာဏ်ကောင်းချိန်တွေကိုတော့၊ကာမဂုဏ် အာရုံတွေထဲ အသုံးချခဲ့
ကြပြီး အခုလို အိုကြီးချက်မ ထုံထိုင်းပြီး အချိန်တွေလွန်ကာမှ ဒီဘုန်းကြီးဆီ ပြေးလာကြ၊ဟော
ချင်စရာတောင် မရှိဘူး။ဒီဘုန်းကြီးမို့ ပေဟောနေတာ၊ဘုန်ကြီးတရား မကြိုက်လည်း ပေနာကြ၊
ဒို့မကြိုက်တာ ကလေးစိတ်ရှိလို့မှတ်၊ဆက်နာ၊ကြာတော့ လူကြီးစိတ်ပေါက်လာပြီး ဒါမှ တရားစစ်
တရားမှန်တွေ ပါကလားဆိုပြီးကြိုက်လာတာပဲ။ဒီတရားက တဏှာနားနဲ့ ထောင်လို့မရဘူး၊ဉာဏ်နား
နဲ့ ထောင်မှရတယ်။ဘုန်းကြီးများကလည်း၊အဲဒီ ဓမ္မခန္ဓာတွေကို ကြည့်ပြီးသကာလ ကိုယ်တိုင်ကြိုး
စား၊သူတစ်ပါးကိုလည်း ဟောဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ချီးမြှောက်နေတာပါ၊ဒီ ဓမ္မခန္ဓာတွေက
သူ့ဟာသူစာအုပ် ပုရပိုက်နဲ့ကျောက်စာတွေပေါ်မှာနေတဲ့အတွက် လာပြောဖော် ဆိုဖော်မရပါဘူး။
ဘုန်းကြီးတို့က ဒါတွေကိုကြည့်ပြီး သကာလ အသံထွက်သဘောနဲ့ ပြန်ပြောရတယ်လို့ ဆိုတော့
ဪ ဒို့အတွက် သာသနာမကွယ်သေးဘူးမှတ်ပါ၊သစ္စာထိုက်တဲ့ အဆုံးအမရရင် ဒီအတိုင်း
ခင်ဗျားတို့ကလည်း လိုက်နာရင် သာသနာ မကွယ်သေးဘူး ရှင်းရဲ့လား။
မြို့ထဲမှာ တောင်ကလူက မြောက်၊မြောက်ကလူက တောင်၊အရှေ့ကလူက အနောက်၊အနောက်
ကလူက အရှေ့၊အို ခြေချင်းကို လိမ်နေတာဘဲ၊ဘာလုပ်နေကြတာလဲဆိုတော့ "ပရိယေသန"
ပေါ့ဘုရားတဲ့။ဘယ်နှယ်ကြောင့် ဒီလူတွေ အရူးအနှမ်းဖြစ်ပြီး၊တောင်ကမြောက်ပြေး၊မြောက်က
တောင်ပြေးနဲ့၊မအားအောင် ဖြစ်နေကြပါလိမ်မတုံးဆိုတော့၊"တဏှာ"အုပ်ချုပ်နေလို့ ဘယ်နှယ်
ကြောင့် တဏှာကျွန်ဖြစ်ရပါလိမ့်မတုံးလို့ တစ်ခါလက်သည်ရှာဦး၊ ဝေဒနာကို ဝိပဿနာ မရှုမိ
လို့ တဏှာကျွန်ဖြစ်ရတယ်၊ကျွန်ဈေးကောင်းလို့ ခါးတောင်ကြိုက် မပြုတ်ရတာကိုများ သူ့မှာ
လာဘ်ကြီးဝင်နေတယ် ထင်နေတာ၊ ဒါ သံဝေဂ ရအောင်လို့ ဟောနေတဲ့တရား မဟုတ်ဘူး၊
မိုက်ပြစ်ဖော်တဲ့ တရားပါ။
ဪ...နိဗ္ဗာန်များ၊ဘုန်းကြီးကလည်း အနီးကလေး ဟောတယ်၊ကိုရှုတဲ့နေရာမှာလည်း၊ဗြုန်းခနဲ့
မပေါ်လာ၊ဘာကြောင့်များ ပါလိမ့်မတုံးလို့၊ဘာသက်သေမှ ထူမနေနဲ့၊မိမိမိုက်ပြစ်ပဲ၊ခန္ဓာခင်တဲ့
တဏှာ မချုပ်သေးလို့(နိဗ္ဗာန်)မပေါ်လာတာ။ဒါဖြင့် ဒကာ ဒကာမတို့...နိဗ္ဗာန်မမြင်သေး ရှုလျှက်
ပွားလျှက် ဖြစ်ပျက်တွေမြင်ရက်နဲ့...နိဗ္ဗာန်ကြီး ပေါ်မလာသေးတာဟာဖြင့် ကိုယ်ရဲ့တဏှာ
အမျှင်မပြတ်သေးလို့ပဲ။ကြိုးစားရင် မပေါ်မရှိပါဘူး၊သူများ ပြောသံကြားကို နားမယောင်ပါနဲ့။
ဘုန်းကြီးက ဘုရား၏ ကိုယ်စားလှယ် လုပ်ပြီးတော့ ဟောနေတာ၊ဆရာဘုန်းကြီး ဆုံးဖြတ်ချက်ချ
တာကို ယုံရလိမ့်မယ်။
တရားနာကြပါလို့...ဘုန်းကြီးကပြောတော့၊ခင်ဗျာတို့က ဘုန်ကြီးဆီမှာ၊တရားနာ များအောင်လို့
ထင်လိမ့်မယ်၊လွဲလိုက်တဲ့ ဖြစ်ခြင်း၊ခင်ဗျားတို့ကိုမဟောရရင်၊ဘုန်းကြီးဟာ ဘုန်းကြီးကျင့်နေဖို့ပဲ။
အဆုံးစွန်သောဘဝ နိဗ္ဗာန်ရရပါလို၏ ဆိုတဲ့...ရှေမှုတွေ ဖျက်ကြပေတော့၊လူ့ပြည်က အပ်တစ်
စင်းနဲ့၊ဗြဟ္မာပြည်က အပ်တစ်စင်း၊အသွားချင်း ထိစရာက ထိသေးတယ်...လူဘဝရဖို့ ဒါထက်
ခဲ့ယဉ်းတယ်။
ခဲတစ်လုံး ကောင်းကင်မြှောက်သလိုပဲ၊လူ့ဘဝရတာသည်...ခဲကောင်းကင်ရပ်သလောက်ပဲကြာ
တယ်၊အပါယ်မှာ နေရတာက...ခဲမြေကြီးမှာ နေသလောက်ကြာတယ်။အပါယ်ဒုက္ခအကြောင်း
ပြောရရင် ဘုရားစဖြစ်တဲ့နေ့က ပြော...ပရိနိဗ္ဗာန်စံတဲ့အထိတောင် ပြောလို့ မဆုံနိုင်ဘူးတဲ့။
ကိုယ်ကိုယ်ကို ခံရမယ့် ဒုက္ခကြီးကို၊ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့သိမ်းဖို့ အရေးကြီးတယ်၊ဒါလောက်
ကြီးကျယ်တဲ့ ကိစ္စကြီးကို သာမည မှတ်မနေကြပါနဲ့။မနက်ဖြန်များ သေသွားရင်...သာသနာနဲ့
ငါ၊အိုးစားကွဲတာပဲလို့မှတ်၊အခုရှိတဲ့ ကိုယ့်သက်တမ်းဟာ....သာသနာပဲ။ ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဏှာ နှင့် ကံ တရားတော်
ခင်ဗျားတို့ကိုယ်မှာ ရုပ်နာမ် ၂-မျိုးပဲရှိတယ်၊ ထိုင်နေတာကရုပ်တရား၊ နာနေတာကနာမ်၊ ယောက်ျားရယ်၊
မိန်းမရယ်လို့ ဆိုကြတာက သမုတိနယ်မှာပညတ်အားဖြင့်မှန်တယ်၊ ပရမတ္ထသစ္စာနယ်အားဖြင့် ရုပ်နဲ့ နာမ်
ပဲရှိတယ်၊ ဥပမာ မြစ်ဟိုဘက်ကမ်းကိုလှေနဲ့ကူးသွားမယ်ဆိုရင် လှေကြောင့်လဲဟိုဘက်ကမ်းရောက်တယ်
ဆိုရမယ်၊ လူကြောင့်လဲ ဟိုဘက်ကမ်းရောက်တယ်ဆိုရမယ်၊ တစ်ခုနှင့်တစ်ခု အမှီပြုနေရတာပဲ၊ အကြောင်း
နဲ့ အကျိုးပဲရှိတယ်၊ ရုပ်ကြောင့်လဲ နာမ်ဖြစ်တယ်၊ နာမ်ကြောင့်လဲ ရုပ်ဖြစ်ပေါ်လာရတယ်လို့မှတ်ပါ၊ ဒီခန္ဓာ
မှာရှိတဲ့ ရုပ်နာမ်ဟာ ခင်ဗျားတို့ ပြုခဲ့တဲ့ ကံ၏အစွမ်းကြောင့်ဖြစ်ရတယ်၊ ကံရှိုသရွှေ့ ဒီရုပ်နာမ်အစဉ်ဟာ
ပြတ်မသွားဘူး၊ သေရင်ဘာမှမဖြစ်ဘူးဆိုတဲ့ အယူဟာ ဥစ္ဆေဒဒိဋ္ဌိ အယူပဲ၊ ဒါမှားတဲ့အယူပဲ ကုသိုလ် အကု
သိုလ်ကံတွေကြောင့် ရုပ်နာမ်အစဉ်တွေ အဆက်မပြတ်ဖြစ်နေရတယ်၊ ကံ ကံ၏အကျိုးပေးဆိုတာရှိတယ်၊
ကံတို့၏ အကျိုးပေးတရားဟာ ဉာဏ်နဲ့မှန်းဆပြီးသိနိုင်တယ်၊ အကြောင်းတရားတိုင်းမှာ အကျိုးတရားရှိတာ
ချည်းပဲ၊ အတိတ် ပစ္စုပ္ပန် အနာဂတ်ဆိုတဲ့ကာလ ၃-ပါး ရှိနေတာပဲ၊ ကာလ ၃-ပါးရှိနေတာ့ အတိတ်ဘဝလဲ
ရှိရမယ်၊ ယခုလက်ရှိဘဝလဲရှိရမယ်၊ နောင်အနာဂတ်ဘဝလဲရှိရမှာပေါ့။
လူတွေဟာ အတိတ်ဘဝကံအကြောင်းတရား အမျိုးမျိုးကြောင့် ယခုဘဝမှာအကျင့်အမျိုးမျိုး၊ ရုပ်ရည်အမျိး
မျိုး၊ စိတ်နေသဘောထားအမျိုးမျိုး၊ ပညာမှာလဲ ထူးချွန်မှု မထူးချွန်မှုအမျိုးမျိုး၊ ဆင်ရဲချမ်းသာအမျိုးမျိုး ကွဲ
ပြားခြားနားနေကြတာပေါ့၊ ဒီလိုကွဲပြားမှုတွေဟာ ရာသီဥတုနဲ့ပတ်ဝန်းကျင်အတွေ့အကြုံကြိုးစားမှုအပေါ်မှာ
အနည်းအပါးတော့တည်တယ်၊ ဒါပေမယ့် ခင်ဗျားတို့ပြုခဲ့တဲ့ စေတနာကံက ပဓာနပဲ၊ သူကစီမံတာပဲ၊ ဒီတော့
အခုဘဝ ၃-ပါးဆက်စပ်ပုံကို ရုင်းပြမယ်၊ လွန်ခဲ့တဲ့အတိတ်ဘဝ၊ ယခုရောက်ဆဲပစ္စုပ္ပန်ဘဝ၊ နောက်လာမယ့်
အနာဂတ်ဘဝလို့ ဘဝ ၃-ပါးကိုတန်းပြီးတော့မှတ်ထားပါ၊ ဘာကြောင့်များဒီဘဝ ၃-ပါးဟာတစ်ခုနဲ့တစ်ခု
ဆက်မိအောင်ဆက်စပ်နေပါသလဲ၊ ဒီဘဝတွေကိုဆက်မိအောင်လုပ်တဲ့ လက်သည်ကို ရှာကြစို့၊ အပ်ချုပ်သ
မားဟာ အထည်စက်ရုံ၊ ရက်ကန်းစင်တို့ကထွက်လာတဲ့အဝတ်အထည်တွေကို ခင်ဗျားတို့ကိုယ်နဲ့ အံကျဖြစ်
အောင်ဆက်စပ်ချုပ်လုပ်ပေးလို့ ခင်ဗျားတို့ရဲ့လုံချည်၊ အင်္ကျီတွေဖြစ်လာရတာ၊ ဒီတော့ သမုဒယသစ္စာဆိုတဲ့
တဏှာလောဘဟာ ဒီအပ်ချုပ်သမားလိုပဲ ဒုက္ခသစ္စာ ဘဝတွေကို ဆက်စပ်ပေးနေတယ်၊ တစ်ဘဝပြီး တစ်
ဘဝမပြတ်ရအောင်ဆက်ပေးနေတယ်၊ အတိတ်ဘဝကစုတေပြီးသည်နှင့် တစ်ပြိုင်နက် ယခုရောက်ဆဲ ပစ္စု
ပ္ပန်ဘဝကိုဆက်ပေးတယ်၊ ဒီပစ္စုပ္ပန်ဘဝကသေကြရဦးမယ်၊ သေရင်ပစ္စုပ္ပန်ဘဝ စုတိစိတ်ကလေးနဲ့ အနာ
ဂတ်ဘဝ ပဋိသန္ဓေစိတ်ကလေးကို ဆက်ပေးဦးမယ်၊ ဒီတော့ တဏှာလောဘမသေသရွေ့တော့ ဘဝ ဒုက္ခ
အဆက်မပြတ်တော့ပါဘူး၊ ဒီတော့ တဏှာလောဘဟာ အတိတ်ဘဝနဲ့ ပစ္စုပ္ပန်ဘဝ၊ ပြီးတော့ ပစ္စုပ္ပန်ဘဝနဲ့
အနာဂတ်ဘဝတွေဟာ အဆက်မပြတ်အောင်ဆက်ပေးနေတာပဲ၊ ဒီတဏှာလောဘ မသေသရွေ့တော့
"စုတိပြီး-ပဋိသန္ဓေ၊ ပဋိသန္ဓေ-စုတိ"ဆက်စပ်ပေးနေမှာပဲ။
တစ်သံသရာလုံးမင်းတို့ငါတို့ကို ဒုက္ခအားလုံးနဲ့ဆက်စပ်ပေးနေတာဟာ ဒီ"တဏှာလောဘ"ပဲ၊ ဒီတဏှာ
လောဘကိုအသေမသတ်နိုင်သရွေ့ကာလပတ်လုံးဘယ်တော့မှ ဒုက္ခဆက်ပြတ်တော့မှာ မဟုတ်ဘူးလို့မှတ်
ပါ၊ ခင်ဗျားတို့ကတော့ ဒီဘုံဘဝကို ကုသိုလ်ကံကဆက်သလိုလိုထင်ချင်ထင်နေမယ်၊ ကုသိုလ်ကံပေမယ့်၊
ဒီတဏှာမရှိရင် ဒီကုသိုလ်ကံဟာ နိဗ္ဗာန်ပို့တယ်၊ သူကဘဝဆက်တွေပေးနေလို့ နိဗ္ဗာန်မရောက်တာ
ကုသိုလ်ကံဟာ တဏှာရဲ့လက်အောက်ခံဖြစ်တဲ့အတွက်၊ လူ့စုတိနဲ့ နတ်ပဋိသန္ဓေဆက်ပေးလိုက်တာပဲ၊ စု
တိနဲ့ ပဋိသန္ဓေအဆက်မပြတ်ရအောင်ဆက်ပေးတဲ့ လက်သည်ရင်းကတော့ ဒီတဏှာလောဘပဲ၊ ခင်ဗျားတို့
က သာမညဉာဏ်ကလေးနဲ့ကြည့်တော့ ဪ..ကံကောင်းလို့ လူ့ပြည်ရောက်လာတယ်၊ ကံကောင်းလို့နတ်
ပြည်ရောက်လာတယ်လို့ ထင်ကြမယ်၊ ဒီ..ကံတွေဟာဘယ်လိုကောင်းကောင်း၊ တဏှာသေရင်အဟောသိ
ကံဖြစ်သွားရတယ်၊ အကျိုးမပေးနိုင်တော့ဘူး၊ ဘုရားဖြစ်ခါနီး ဝေသန္တာရာမင်းကြီးဟာ ဒါနကုသိုလ်ကံတွေ
အများကြီးပြုလုပ်ခဲ့တယ်၊ ဘုရားအဖြစ်သို့ရောက်တောင်သူရဲ့ ဒါနကုသိုလ်ကံတွေဟာကုန်ပြီလို့ မဆိုနိုင်ဘူး
တဏှာရှိတဲ့ ပုဂ္ဂုလ်သာဆိုရင်အကျိုးပေးလို့မကုန်နိုင်ဘူး၊ သို့သော်ဗောဓိပင်နဲ့ရွှေပလ္လင်မှာ ဝိပဿနာအလုပ်
ကိုလုပ်လိုက်တဲ့အတွက် တဏှာလောဘကသေသွားတော့ ဘုရား ပရိနိဗ္ဗာန်စံပြီးရင် ဘယ်ဘဝမှမဆက်
တော့ဘူး၊ ဒါတဏှာကုန်လို့မဆက်တာ"ကံ"ကတော့မကုန်းဘူး တဏှာကုန်လို့သာမဆက်နိုင်တာ၊ ဒါဖြင့် ဘဝ ဆက်လေသမျှဟာ တဏှာလောဘလို့သာမှတ်ကြ။
ဒါဖြင့်"ကံ"ဟာကြောက်စရာကောင်းသလား၊"တဏှာ"ဟာကြောက်စရာကောင်းသလားဆိုတော့၊ တဏှာက
ကြောက်စရကောင်းတာ၊ ခင်ဗျားတို့ကတော့ အကုသိုလ်ကံနှိပ်စက်မှာကြောက်လိုက်ကြတာ၊ တဏှာ
ကြောက်တယ်လို့မပါဘူး၊ အကုသိုလ်ကံအကျိုးပေးလို့ ဒိုင်ခနဲ့သေမှာ၊ စီးပွားရေး ပျက်သွားမှာပဲ ခင်ဗျားတို့
ကြောက်နေကြတာ၊ တစ်သက်လုံး မုဆိုးလုပ်စားနေတဲ့ မုဆိုးကြီးဟာအကုသိုလ်ကံတွေမနည်းဘူးလုပ်ထား
တာ၊ သို့သော်လဲ ဘုရားနဲ့တွေ့လို့ ဘုရားရဲ့ တရားကိုနာပြီး ဝိပဿနာအလုပ် လုပ်လိုက်တော့ အဲဒီအကု
သိုလ်ကံတွေဟာ အကျိုးဆက်မပေးနိုင်တော့ဘူး၊ ဘာပြုလို့ တဏှာချုပ်သွားလို့၊ ဒီတော့ခင်ဗျားတို့တတွေ
"ကုသိုလ်ကံ"တွေကိုလဲ ဒီလောက်အားကိုစရာမလိုပါဘူး၊"အကုသိုလ်ကံ"တွေကိုလဲ ဒီလောက်ကြောက်စ
ရာမရှိပါဘူး၊ ခင်ဗျားတို့ ဘဝများစွာက ဝဋ်ထဲလည်မယ့် ဝဋ်ကုသိုလ်ကံတွေ အကုသိုလ်ကံတွေ တစ်ပုံကြီး
ရှိမှာပဲ၊ အဲဒီအကုသိုလ်ကံတွေကို မကြောက်ပါနဲ့၊ ဘဝဆက်တတ်တဲ့"တဏှာ"သေရင် အဲဒီကုသိုလ်ကံ အ
ကုသိုလ်ကံတွေဟာ"အဟောသိကံ"ဖြစ်ပါတယ်၊ အကျိုးမပေးတော့ပါဘူး၊ တဏှာခေါင်းဆောင်တဲ့ ကံက
သာ အကျိုးပေးနိုင်တော့၊ ခေါင်းဆောင်တဏှာကိုသတ်လိုက်ရင်"ကံ"ကမဆက်နိုင်တော့ပါဘူး၊ ဒါကြောင့်
"ကံ"ကိုမကြောက်ပါနဲ့၊ သစ္စာ ၄-ပါးမှာကုသိုလ် အကုသိုလ်ကံတွေဒီလောက်မဟောပါဘူး၊ သမုဒယ-တဏှာ
သေရင်ပြီးတာပဲလို့ ဘုရားက ဒီတစ်လုံးတည်းဟောထားတယ်၊ တဏှာ-သမုဒယကိုမဂ်နဲ့ ပယ်သတ်လိုက်
ရင်၊ ဘာမှပူစရာမရှိပါဘူး၊
ခင်ဗျားတို့က ကုသိုလ်ကံလေးတွေဝင်လာရင် တပြုံပြုံနဲ့၊ အကုသိုလ်ကံလေးတွေဝင်လာရင် တမဲ့မဲ့တရွဲ့ရွဲ့
နဲ့ မဟုတ်လား၊ ဒီတောကုသိုလ်ကံကို ဝမ်းမြောက်တာလဲမှားတယ်၊ အကုသိုလ်ကံကို ကြောက်တာလဲမှား
တယ်၊ သစ္စာနဲ့ ဝေဖန်လိုက်တော့ သမုဒယသစ္စာ တဏှာလောဘကိုကြောက်မှ အကြောက်မှန် ဘုရားက
"တဏှာအပ်ချုပ်သမား"လို့သာဟောတယ်၊"ကံအပ်ချုပ်သမား"လို့မဟောခဲ့ဘူး၊ ခင်ဗျားတို့ကို တကယ်ဒုက္ခ
ပေးနေတာဟာ ဒီတဏှာပဲ၊ ဒုက္ခအပေးဆုံးဖြစ်တဲ့ တဏှာကအရှောင်ကောင်း အပုန်းကောင်းဆိုတော့ သူ့
ကိုဖမ်းရတာ အလွယ်ဘူး၊ ဉာဏ်နဲ့ဖမ်းမှမိတယ်၊ ဘုရားတောင်မှ ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်ရောက်မှ တဏှာ
ကိုမင်းအကြောင်းကောင်းကောင်းသိပြီ နောက်ကိုမင်းဘယ်တော့မှ ငါ့ကိုဒုက္ခပေးလို့မရတော့ဘူးလို့ ကြွေး
ကြော်ရဲတာ၊ မခက်ဘူးလား ဒီတော့ ဒီတဏှာကိုသတ်ရမယ်၊ တဏှာကိုသတ်တော့မယ်ဆိုရင်၊ ဒီတဏှာမှီ
နေတဲ့ကပ်နေတဲ့နေရာကိုရှာရမယ်၊ ဒီတဏှာက ဘယ်နေရာတွေမှာ ကပ်နေသတုန်း၊ ဒီတဏှာက ခင်ဗျား
တို့ သန္တာန်မှာရှိတဲ့"မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်"ဆိုတဲ့ဒွါရ ၆-ပါး(အတွင်းအာယတန ၆-ပါး)
မှာ ကပ်နေတယ်၊ ပြီးတော့"ရူပါရုံ"စတဲ့ အာရုံ ၆-ပါး(အပြင်အာယတန ၆-ပါး)မှာလဲကပ်နေတယ်၊ ပြီးတော့
ဒွါရ ၆-ပါးနဲ့ အာရုံ ၆-ပါး အသီးသီးတွေဆုံလို့သိလာတဲ့"မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ်၊
ကြံသိစိတ်"ဆိုတဲ့ စက္ခုဝိညာဏ် စတဲ့ဝိညာဏ် ၆-ပါးမှာလဲကပ်နေတယ်၊ ဒီတော့တဏှာကပ်နေတဲ့နေရဟာ
အချုပ်အားဖြင့် ၁၈-ပါးတောင်ရှိနေတာ၊ တစ်ကိုယ်လုံးကို ဒီတဏှာကပ်နေတာ၊ ဒီတော့ ဒီတဏှာကိုသတ်ရ
မယ်၊ ဘယ်လိုသတ်မလဲ၊ ဝိပဿနာလုပ်ပြီး သတ်ရမယ်၊ ဒီတဏှာနေတဲ့ ၁၈-နေရာကို ဝိပဿနာဉာဏ်နဲ့
ဖြစ်ပျက်"အနိစ္စ၊ ဒုက္ခ၊ အနတ္တ"တွေမြင်အောင် ရှုရမယ်၊ ဒါတွေမြင်သိလာတော့ဒီ ၁၈-ပါးသောအရာတွေကို
သာယာနှစ်သက်မှု မရှိတော့ဘူး၊ ရွံမုန်းလာမယ် မရချင်တော့ဘူး၊ ဒါတွေမရှိတာ ကောင်းတယ်လို့ သိလာ
တော့ တဏှာဟာ တဖြည်းဖြည်းပါးပါးသွားပြီး၊ နောက်ဆုံးလုံးဝချုပ်သွားမယ်၊ အဲဒါ..တဏှာချုပ်ရင် နိဗ္ဗာန်
ရောက်တာပဲ။ ဒါဖြင့် ဝိပဿနာလုပ်ကြပေတော့။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။

Friday, November 23
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ တိုက်ရိုက်သိလျှင် ဒုက္ခမရှိတဲ့နိဗ္ဗာန်
"ဒုက္ခတွေ ပင်လယ်ဝေအောင် သိလေလေ ဒုက္ခမရှိတဲ့နိဗ္ဗာန် သိလာလေ"
ဒုက္ခပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောင်ကြောင်း အကျင့်ပါပဲ။ ဘုရားရှိခိုးချင်စိတ်ပေါ်
ပေါ် ပေးကမ်းချင်တဲ့စိတ်ပေါ်ပေါ် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါပဲ၊ နဖူးပေါ်လက်တင်တင်၊ ခေါင်းအုံးပေါ်ခေါင်း
ချချ ပေါ်လာတွေသည်၊ ဒုက္ခသစ္စာတွေလို့ တွေးပါ၊ ဒါ အပါယ်လေးပါး ပိတ်တဲ့အတွေး၊ ခန္ဓာထဲမှာ ဒုက္ခမှ
တစ်ပါး တခြားပေါ်စရာက ဘာမှမရှိပါဘူး၊ ဒုက္ခတွေ ပင်လယ်ဝေနေတော့တယ်၊ လူ့ဘဝရတာဟာ ဒုက္ခ
သစ္စာရတာ လူချမ်းသာ မရှိပါဘူး။ ရထားတဲ့ ခန္ဓာ သုဂတိတဲ့ဗျာ၊ နဂိုက တဏှာအရုး စီမံရာကို ကံကလုပ်
ပေးလို့ ကိုယ်က သုဂတိထင်ပြီး လိုက်လာတာ၊ အခုတော့ ကိုယ်ကျိုးကြီး နည်းပါပေါ့လား၊ ခန္ဓာကိုယ်က
ပေးသမျှ ဒုက္ခချည်းပဲမှတ်၊ ဒီတော့ ဘာဂတိမှ မလာတဲ့၊ သုဂတိနယ်၏ အဆုံး ဂတိဟူသမျှ၏ အဆုံးပေါ့
ဗျာ..ဂတိတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာလျှင်..သွားဖြစ်အောင် သွားပါဆိုတာ တိုက်တွန်း
ပါတယ်။ ခန္ဓာ၏ နှပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေး၊ နှိပ်စက်တာ မြင်ပါများတော့ ခန္ဓာခင်မှုက လျော့သွား
တယ်၊ ဒုက္ခသစ္စာအမြင်းများမှ ဒုက္ခသိမ်းချင်တဲ့ဉာဏ်က လာတာ၊ ဒုက္ခသစ္စာမြင်တိုင်း မြင်တိုင်း သမုဒယ
တဏှာချုပ်တယ်၊ ချုပ်ပါများရင် ပါးတယ်၊ ပါးပါများရင် ပျောက်တယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာ သွားသာယာ
တဲ့ တဏှာလည်း ချုပ်ရော ဖြစ်ပျက်လည်း၊ ချုပ်တာပဲ၊ ခင်ဗျားတို့ နိဗ္ဗာန်မရောက်သေးတာဟာ ခန္ဓာအ
ပေါ် ခင်တွယ်တဲ့တဏှာ မချုပ်သေးလို့။
ပထမဖြစ်ချုပ် ဒုတိယဖြစ်ပျက်ပေါ်၊ ဒုတိယဖြစ်ချုပ် တတိယဖြစ်ပျက်ပေါ်၊ ဒီလို အဆက်မပြတ် ဒုက္ခစက်
ရဟတ်ကြီး လည်ပတ်နေတာ၊ ဒုက္ခမီးက ခန္ဓာကို အမြဲတောက်လောင်းပြီး နေတာပါ၊ ဒါကို ဉာဏ်နဲ့မြင်
အောင် ကြည့်ရမယ်။ မိမိ သန္တာမှာ ပေါ်လာသမျှကို မပြတ်မလပ် အထပ်ထပ်ရှုမှတ်ပေးရမယ်၊ ကိုယ်ဒုက္ခ
ကိုယ်သိမှ မဂ်ပေါ်တာ၊ ခန္ဓာ၏ ဖြစ်စဉ်က မွေးလိုက်သေလိုက် အနားမရှိဘူး၊ ဖြစ်မှုက အစားထိုးလိုက်
ပျက်မှုက ဖျက်ချလိုက်နဲ့၊ ဘယ်တော့မှ ဖြစ်ပျက်ဒုက္ခနဲ့ ခွဲခဲ့ရတယ်လို့ မရှိပါဘူး၊ ဖြစ်ပျက်ကို နာနာကြည့်
ဖန်းများရင် ဉာဏ်ရင့်လာတာပဲ၊ ရှုအားသန်မှ ဉာဏ်အားကောင်းမယ်၊ အစားထိုးမှုမမြင်ဘဲ ပျက်မှုချည်း
မြင်ရင် ဒါဉာဏ်တက်လာတာ။
ခန္ဓာကတော့ ဖြစ်ပျက်အမြဲပြနေတာပါ၊ ဉာဏ်က တက်တက်သွားလို့ အမြင်ပြောင်းတာ၊ ဖြစ်ပျက်မြင်တဲ့
ယထာဘူတဉာဏ်ရင့်လာရင်၊ မုန်းဉာဏ်တက်လာတယ်၊ ပျက်တာတောင်မှ ပျက်နေတာ မမြင်ပါဘူး၊
မရှိတော့ဘူး မရှိတော့ဘူးပဲ သိနေတာ၊ အစားထိုးမှု ပျက်မှု မမြင်ဘူးဆိုရင်..ကြည့်နေတဲ့ ဉာဏ်က ခန္ဓာ
လွတ်သွားပြီ၊ ခန္ဓာရှာမတွေ့ တော့ဘူး။ ဒီအလုပ် ဆက်မလုပ်ချင်တဲ့စိတ်၊ တော်ရာ သွားချင်တဲ့ စိတ်တွေ
ပေါ်လာမယ်၊ ထမသွားပါနဲ့ နေရာလည်း မရွှေ့ပါနဲ့ ဆက်ပြီး ပေရှုပါ၊ ငါ နိဗ္ဗာန်လိုချင်လိုက်တာ ဆိုတဲ့
စိတ် မလာစေနဲ့ ဖြစ်ပျက်သာ မဲပြီး ဉာဏ်နဲ့တည့်ထား။ မုန်းလောက်မက မုန်းတော့ ဒီအဖြစ်ကို မလိုချင်
တဲ့အထိ ဉာဏ်တက်လာတယ်၊ မလိုချင်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ်ဘဲ၊ မလိုချင်တဲ့ ဉာဏ် တက်လာသည်
နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပျက် ဒုက္ခပျောက်ပြီး နိဗ္ဗာန် ပေါ်လာတယ်၊ မင်းနဲ့အိုးစားကွဲမှပဲလို့ ဉာဏ်က
ုစွန့်လိုက်တော့ တဏှာသေတယ်။
ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ တည့်နေရာက ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့ တည့်သွားရင် ဖြစ်ပျက်အဆုံးက နိဗ္ဗာန်၊
ဉာဏ်က မဂ်ဉာဏ်အစစ်ဖြစ်သွားတယ်၊ မဂ်ဉာဏ်ဆိုတာ ဒုက္ခသိမ်းတာ အေးငြိမ်းခြင်း လက္ခဏာရှိတယ်၊
ရှုနေတုန်းလည်း အေးချမ်းတယ်၊ ဖြစ်ပျက်ဆုံးအောင် ရှုနိုင်ရင် အေးချမ်းမှု အကြီးဆုံးရလိမ့်မယ်၊ နှလုံး
ကို အေးစေတာမဂ်ပဲရှိတယ်၊ ဝိပဿနာမဂ်သည် ထကြွကိလေသာ နှင့် လွန်ကြူးကိလေသာ သတ်နိုင်
သည်၊ အနုသယ သဘော၊ ကပ်နေသော ကိလေသာ ကိုမှု မဂ်စစ် ကမှကျန်နေသည့် အနုသယ ကိုသေ
အောင်သတ်နိုင်သည်၊ အရေးကြီးတဲ့အချက်ကို ပြောနေတဲ့အတွက် သမည နားနှင့် မထောင်နှင့်၊ ဝိသေသ
နားနှင့် ကြိုးကြိုးစားစား ထောင်ပြီး သကာလ ဒီ..အမြစ်ပြတ်အောင်၊ ဒို့လုပ်မယ်ဆိုပြီး လုပ်လိုက်ကြစမ်းပါ၊
ဖြစ်ပျက်တွေ ဆုံးရင် ပွားမှုရပ်ပြီး မပျက်စီးတဲ့ နိဗ္ဗာန်အာရုံပြုပြီး၊ ချမ်းသာတဲ့ စိတ်နဲ့သာနေလိုက်တော့
ချုပ်ပြီ ချုပ်ပြီလို့သာ အာရုံပြုနေ၊ မဂ်စိတ်က (၁) (၂) ဆိုချုပ်သွားပြီ၊ သူ့နေရာမှာ ဖိုလ်စိတ် နှစ်ကြိမ် သုံး
ကြိမ်လာမှာပဲ၊ မဂ်က အနုသယကိလေသာကို သတ်တယ်၊ ဖိုလ်က မဂ်သတ်လို့ ကျန်နေတဲ့ ကိလေသာ
အငွေ့ အသက်ကို သတ်တယ်၊ ဒီမဂ်စိတ် ဖိုလ်စိတ်လည်း ဖြစ်ပျက်ပဲ။
ဖလသမာပတ် ဝင်စားတယ်ဆိုတာ ဖိုလ်ဇောတွေချည်းပဲ..ဆက်တိုက်ဖြစ်ပြီး ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်
နေတာ၊ ဖလသမာပတ်ဆိုတာ နိဗ္ဗာန်အာရုံပြုတာ၊ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ဆီ ဉာဏ်များများ လှည့်ထားတာ၊
ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်များဟာ..သက်တမ်းကိုလည်း ရှည်စေနိုင်တယ်၊ သေမယ့်ဟာ
တောင်မှ ဆိုင်းပြီးတားနိုင်တယ်၊ သက်တမ်းကိုလည်း တားနိုင်တယ်၊ ဖြစ်ပျက်ဆုံးတဲအထိလိုက်ရင် ဖြစ်
ပျက်ဆုံးတဲ့နေရာ နိဗ္ဗာန်တွေ့ရမယ်၊ ဆုံးရင် နိဗ္ဗာန်ပါပဲ။ ဒုက္ခကြီး လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့..စွန့်ချင်
တဲ့ သဘောပေါ်လာပြီး ဒုက္ခစက်ရပ်သွားတာ၊ ဒီဒုက္ခစက်ရပ်သွားတာ မြင်တာက နိဗ္ဗာန်ပေါ်တာပဲ။ နိဗ္ဗာန်
ဆိုတာ ငြိမ်သက်ပြီး တုန်လှုပ်ခြင်း မရှိဘဲနဲ့..အေးချမ်းတဲ့သဘောကလေး သက်သက်ပဲ၊ ဒုက္ခချုပ်တဲ့ ပုဂ္ဂိုလ်
များ၏ ခံစားရာတရား၊ ဝေဒနာနဲ့ ခံစားတာ မဟုတ်ဘူး၊ ဉာဏ်အားဖြင့် တင့်တယ်ပြီးသကာလ..ကြည့်
ကောင်းရှုကောင်းဖြစ်နေတဲ့ တရား။
ဒီရောက်တဲ့ ပုဂ္ဂိုလ်မှာ စုတိပျက်ကြွေ မသေနိုင်ဘဲ၊ ခိုင်မြဲတဲ့သဘောနဲ့ နေရတယ်၊ ရှုလိုက်တဲ့အခါ ကျလို့
ရှိရင်..အလုံး၊ အဝိုင်း၊ လေးထောင့်၊ အပြား၊ ဘာနိမိတ်မှ မမြင်ဘူး၊ ချမ်းသာသက်သက်လေး မြင်လိမ့်မယ်
နိဗ္ဗာန်သည် အစရှိ၍၊ အဆုံးမရှိ ချမ်းသာသည်၊ ဆင်းရဲမရှိ အမြဲရှိသည်၊ အေးငြိမ်းမှုနှင့်သာ နေရတော့
သည်၊ ဖြစ်ပျက်ဆုံးပြီး သကာလ၊ ဪ..ဒုက္ခမရှိတဲ့နေရာ ဒါကိုဉာဏ်က ဆုံးဖြတ်ချက်ချပြီး၊ လုပ်တဲ့
ပုဂ္ဂိုလ်မှာ မြင်လိမ့်မယ်၊ (၁) ရတနာသုံးပါး၊ (၂) ခန္ဓာငါးပါး၊ (၃) နာမ်ရုပ်နှစ်ပါး၊ (၄) သံသရာစတဲ့ အရာ
တွေမှာ..ယုံမှားခြင်း မရှိတော့ဘူး၊ ဉာဏ်အမြင်ရှင်းသွားပြီး၊ အပါယ်လေးပါးက လွတ်ပြီ ကျွတ်ပြီ။ ။

Sunday, November 18
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိဆိုသော သံသရာသစ်ငုတ် အမြစ်ဖြုတ်စို့
"ဖြစ်ပျက်မမြင်ဘူး မပြောကြပါနဲ့"
ဒိဋ္ဌိက ခန္ဓာကို ခိုင်မြဲတယ်ထင်လို့ မှီတာ၊ ခန္ဓာကို ခဏမျှတည်တဲ့ ဓမ္မလေးလို့ အပျက်စိပ်အောင်များ..
ရှုနိုင်ရင် ဒီဒိဋ္ဌိ သူပြုတ်တာပဲ၊ ဒိဋ္ဌိရှိနေရင် တဏှာမာနတွေဝင်ပြီး..သံသရာ့နယ်ချဲ့တတ်လွန်းလို့၊ ဒိဋ္ဌိ
မပြုတ်သရွေ့ ကာလဟာဖြင့်၊ သံသရာ သစ်ငုတ်ပဲ၊ မိစ္ဆာဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်ကျဲတယ်၊ သမ္မာ
ဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်စိပ်တယ်၊ ဖြစ်ပျက်စိပ်ဖို့ သိပ်အရေးကြီးတယ်၊ ဖြစ်ပျက်မြင်နေရင် ဒီအသိ
ဆက်သွား..ဘာဆုမှမတောင်းနဲ့ နိဗ္ဗာန်ရောက်မယ်၊ ရုပ်နဲ့ နာမ်က တစ်ခုနဲ့တစ်ခု မှီနေတာ၊ ရုပ်ကဖြစ်
ပျက်ဆို နာမ်လည်း ဖြစ်ပျက်ပဲ။ သေမှာနဲ့ သေတာမှတစ်ပါး ဘာမှမရှိဘူး၊ တစ်ခုသေရင် အကုန်သေ
တာပဲ၊ ခန္ဓာတစ်ခုလုံးသေတာပဲ၊ သိပ်ခဲယဉ်းတယ် မအောက်မေ့ပါနဲ့၊ ခန္ဓာပြောတာကို ကိုယ်က ဉာဏ်
လေးနဲ့ မနေမနားလေး..ကြည့်နေရုံပါပဲ၊ ဒီလိုသာ ဝိပဿနာနဲ့ အမြဲနေရင် ဉာဏ်အဆင့်ဆင့် ရင့်လာ
ပြီး..နိဗ္ဗာန်မြင်လာမယ်၊ ဒါရဟန္တာဖြစ်တဲ့တရား။ ခန္ဓာထဲတစ်ခုသော တရား ပေါ်လာလို့ရှိရင်..သူ့မှာ
သူ့မှာ အိုမှုသေမှု ပါတာချည်းမှတ်၊ အလိုလိုပျက်သွားတာ မဟုတ်၊ သူယူလာတဲ့ ဇရာမရဏ နှိပ်စက်လို့
ပျက်သွားတာ။
စားချင်တဲ့စိတ်က မစားရဘဲနဲ့ သေသွားတယ်၊ ထမင်းပွဲဆီ လှမ်းတဲ့စိတ်က..လှမ်းပြီးချုပ်သွားတာပဲ၊
ယူတဲ့စိတ်က ယူပြီးချုပ်သွားတာပဲ၊ ပါးစပ်ထဲရောက်အောင် ပို့တဲ့စိတ်က..ပို့ပြီး မစားရဘဲ ချုပ်သွားတာ
ပဲ၊ စားစိတ်ကလည်း၊ စားတာ စားရတယ်၊ မမျိုရဘူး မျိုးတဲ့စိတ် သီးသန့်ပေါ်ရတယ်၊ မျိုးတဲ့စိတ်လည်း
ဖြစ်ပျက်ပဲ။ ထမင်းတစ်လုပ်တင်ပဲ ဖြစ်ပျက်ပေါင်း..အများကြီး ပြောင်းနေတယ်ဆိုတော့ကာ..ဖြစ်ပျက်
မတွေ့ဘူးလို့ မလျှောက်ကြပါနဲ့ ဓမ္မတွေ ဖြစ်လာပြီး ပျက်သွား၊ ဖြစ်လာပြီး ပျက်သွား..ဧည့်သည်သ
ဘောနေပြီး ဧည့်သည်သဘော သေသေသွားကြတာကို ရှုတဲ့ ဉာဏ်က ဖြစ်လာပြီး မရှိဘူး..ဖြစ်လာပြီး
မရှိဘူးနဲ့ သိသိနေရမယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာ၏ အစဉ်နော်၊ ခန္ဓာနဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ..ပေါင်း
လိုက်တော့ အတူတူဖြစ်သွားတယ်၊ ခန္ဓာတစ်ခုလုံးမှာလည်း အနိစ္စချည်းရှိတယ်၊ ဘယ်တော့မှ နိစ္စဆို
တာ မရှိဘူး။
ခန္ဓာကြီးက ဘယ်အခါမဆို အနိစ္စပါလို့ ပြောရက်သားနဲ့၊ ကြည့်လို့မမြင်ဘူးဆိုရင် သူ့မှာ နီဝရဏဖုံးပြီ။
ကိလေသာ နီဝရဏရှိနေရင် ဉာဏ်က ထိုးထွင်းလို့ မရဘူး၊ နီဝရဏကိုအရင် ဖယ်ရှားလိုက်မှ..ပင်ကိုယ်
ရှိတဲ့ ဖြစ်ပျက်ကို သွားတွေ့မယ်၊ ကျန်းမာနေတုန်းကတော့ သုခဝေဒနာက ခိုင်းတယ်၊ မကျန်းမာတဲ့အ
ခါကျတော့ ဒုက္ခဝေဒနာက..ငါ့ကုဟဲ့ ငါ့ကုဟဲ့ ဘယ်လောက်ကုန်ကုန် ရှာဟဲ့ ငါပျောက်ဖို့ အရေးကြီးတယ်
ဆိုပြီး..ဒုက္ခဝေဒနာက မကျန်းမာတဲ့အခါ..သူက ပိုပြီး အရှာအဖွေခိုင်းတယ်၊ ဟဒယဝတ္တုဆိုတဲ့ ဆေးနီ
ဆေးဝါ ရောနေရင်..ခန္ဓာဖြစ်ပျက်ကို မမြင်နိုင်ဘူး၊ လောဘက မဖယ်ထုတ်တော့ ကြီးပွားလာတယ်၊
လောဘဆိုတာ တဏှာ၊ တဏှာ ကြီးပွားတော့ ဥပါဒါန်ကံ အပါယ်ဇာတိပဲ၊ နိဝရဏတရားငါးပါး..မဂ်ဉာဏ်
ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုတားတတ်သည့်၊ တရားငါးခုလို့ မှတ်ရမယ်၊ လောဘ မိမိခန္ဓာကိုယ်၌ရှိလျှင်..ကြွေး
တင်နေသည် ပုဂ္ဂိုလ်နှင့်တူသည်၊ ရောက်ရာနေရာမှ ရသရွေ့ရှာ၍ ကြွေးဆပ်နေရသည့်ကြားမှ..ငါမရှိ
သိကြလိမ့်မယ်..ပြောတာဟာ ကျွန်ပြောပြောတာ။
တောင်ကလူကမြောက်သွား၊ မြောက်ကလူက တောင်းသွားနဲ့ ခင်ကြွေးရှာ မင်ကြွေးရှာ ထွက်ရှာနေကြ
တာ၊ ဘုရားက"သမုဒယသစ္စာ"လို့ဟောတာကို..ခင်ဗျားတို့ သိမ်းပိုက်နေကြတယ်ဆိုတော့..ခင်ဗျားတို့
"ဗုဒ္ဓဘာသာ"မဟုတ်ကြပါဘူး၊ ဒေါသဆိုတာ နှလုံးသွေးတဲမှာ ဆူပွက်နေတာ၊ အရှက်အကြောက်တွေ
ကင်း၊ ပစ္စုပ္ပန်မှာ ရုပ်အမျိုးမျိုး ပြောင်း..မျက်လုံးမျက်ဆန်တွေ ပြူးလာတာ ဒေါသသတ္တိ၊ ကိုယ့်ကိုယ်ကို
စိတ်ဆိုးလည်း မဂ်ဖိုလ်တားတာပဲ၊ သူတစ်ပါးအတွက် စိတ်မကောင်းဖြစ်လည်း မဂ်ဖိုလ်တားတာပဲ၊ ရခဲ
လိုက်တာဆို ရကိုမရဘူး၊ လုပ်လေ မရလေဘဲ၊ သူက ဒေါသနိဝရဏ၊ ပေါ်ရာကိုရှု ကမ္မဋ္ဌာန်းပဲလို့မှတ်
မရှုတတ်ရင် နိဝရဏ၊ ရှုတတ်ရင် ဝိပဿနာ၊ အဖျက်တရား တစ်ခုမှ မရှိဘူး၊ ခင်ဗျားတို့က အသုံးမချ
တတ်လို့သာ..အဖျက်တရား ဖြစ်ရတာ။
သက်တမ်းကို အဖြုန်းနိုင်ဆုံးက ထိနမိဒ္ဓ၊ ဉာဏ်ပေါ်မယ် ဟဒယပေါ်မှာ သူက ဝင်အုပ်နေတယ၊ သူကို
အရှုံးပေးလိုက်ရင် ဘဝင်စိတ်ကို ကျေးဇူးပြုပြီး..လူသက်တမ်းကို ထက်ဝက်နှုတ်မယ်၊ သူ့ကို ဖြစ်ပျက်
ရှုနိုင်ရင် မဂ်စိတ်ကို ကျေးဇူးပြုတယ်၊ ဖြစ်ပျက်မရှုမပွားနေသူဟာ ပယ်ရမဲ့"သမုဒယ"မပယ်၊ မပိုင်းခြား
နိုင်တဲ့အတွက်..မမှိဝဲကောင်းတာ မှိဝဲနေလို့ လူမိုက်၊ ဝိပဿနာ ဉာဏ်ကင်းခဲ့သော်၊ လူမိုက်ချိန်ချည်း
ပဲသာ၊ မှတ်လိုက်ပေတော့။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရထားထွက်ခါနီးပြီ
ကဲ..တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်၊ ဟောတဲ့ပုဂ္ဂိုလ်ဟာလဲ ခန္ဓာကြည့်ပြီးဟောမယ်၊ ဘာဝနာ
ပွားပြီးဟောတဲ့အတွက် ဘာဝနာပွားပြီးနာရမယ်၊ ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူပြည်ရောက်လာ
တာ၊ ဒါကြောင့် ခင်ဗျားတို့ "တရားသာအမိ၊ တရားသာအဖ"ပါပဲ၊ ဒီတော့တရားပဲ အားကိုးစရာရှိတော့ ဒီလို
သေသေချာချာမှတ်ပါ၊ သာဓကလုံလောက်အောင်ရှင်းပြမယ်၊ မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့ဪ
ငါအတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက် သီလ သမာဓိ ပညာအားဖြင့်သာတဲ့ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်
ဆည်းကပ်ပူဇော်မယ်ဆိုပြီး ၃၁-ဘုံမှာလျောက်ပြီးကြည့်လိုက်တော့၊ သူ့ထက်သာတဲ့ပုဂ္ဂိုလ်တစ်ယောက်မှ
မမြင်ဘူး၊ မမြင်တော့ ငါဘယ်နှယ့်ကြောင့် ဘုရားဖြစ်လာရပါလိမ့်မတုံးလို့တွေးဆင်ခြင်လိုက်တော့ တရား
ကြောင့် (တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲကိုးကွယ်မှဖြစ်မယ်လို့ ဆုံဖြတ်တော်မူတယ်။
ဒါဖြင့်ခင်ဗျားတို့လဲ တရားကပို့လို့ ဒီလူ့ပြည်ရောက်လာတာ၊ ဒီကနေ့သေလွန်တဲ့ အခါမှာလဲတရားပို့တဲ့ဆီ
သွားရမှာပဲ၊ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်၊ ဘုန်းကြီးကဝေဖန်ပြမယ်
တရားက ၅-မျိုးရှိတယ်၊"အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊ သီလကုသိုလ်တရား၊သမထကုသိုလ်တရား
ဝိပဿနာကုသိုလ်တရား"လို့ ၅-မျိုး ရှိတယ်၊ ဘယ်တရားပို့တာ ကြိုက်သလဲ။
(၁) အကုသိုလ်တရား ကတော့အပါယ် ၄-ပါးပို့တယ်၊ ဒါကိုခင်ဗျားတို့ မကြိုက်ဘူး။ (၂) ဒါနကုသိုလ်တရား
ကတော့ လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည် နတ်ပြည်မှာ အိုဘေး နာဘေး သေဘေးတွေရှိတယ်ဆိုတော့
ဒါလဲကြိုက်စရာမဟုတ်ဘူး။ (၃) သီလကုသိုလ်တရား ကလဲ နတ်ပြည်ကစပြီ"အကနိဋ္ဌ"ဗြဟ္မာဘုံထိအောင်
ပို့တယ်၊ အိုဘေး နာဘေး သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာမဟုတ်ဘူး၊ အိုနာသေဒုက္ခသစ္စာရှိတဲ့ဆီ
သွားလို့လဲမတော်ဘူး။ (၄) သမထကုသိုလ် အားထုတ်တော့ သူကဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်၊ ဗြဟ္မာ့ဘုံ
တွေမှာ သက်တမ်းရှည်လွန်းတော့ သက်ဆိုးရှည်နေတာပဲ၊ ခန္ဓာဝန်ထမ်းပြီး အိုဘေး နာဘေး သေဘေးတွေ
နဲ့ အတူတူနေရတာဖြစ်လို့၊ ဒီတရားပို့တဲ့ဆီကိုလဲကြိုက်လို့မတော်ဘူး၊ ဒီ ၄-ချက်ကိုခင်ဗျားတို့ မကြိုက်သင့်
ဘူး နောက်ဆုံးဖြစ်တဲ့။ (၅) ဝိပဿနာကုသိုလ် တရားကတော့ ဒုက္ခသိမ်းငြိမ်းရ နိဗ္ဗာန်ပဲပို့မယ်၊ ဒါကိုကြိုက်
ရမယ်။ ကိုင်းဒါဖြင့်ခင်ဗျားတို့ တရားပို့လို့ခုဒီလူ့ပြည်ရောက်လာပြီ၊ နောက်တစ်ခါ ဘယ်တရားပို့တဲ့ဆီ သွား
မတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီမသွားချင်တော့ဘူး၊ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်၊ ဒါဖြင့်
ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ဝိပဿနာကိုကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှ
တစ်ပါး ဘယ်မှမပို့ဘူး၊ ဒုက္ခထဲမပို့တော့ဘူး၊ ဝိပဿနာ (မဂ်) ကတော့ ကိလေသာဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မ
ဝဋ်ကိုလဲဖြတ်တယ်၊ ကမ္မဝဋ်ပြတ်တော့ ဝိပါကဝဋ်မလာတော့ဘူး၊ ဒီတော့ ဝိပဿနာ (မဂ်) ဟာ ဝဋ် ၃-ပါး
ကျွတ်တဲ့ဆီပို့တယ်၊ ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလိုဝေဖန်ရှင်ပြနေရတာ။
ဘယ်တရားကပို့တယ်ဆိုတာ သိထားရမယ်၊ တချို့တရားကပို့လိုက်တာ အပါယ် ၄-ပါးရောက်သွားတာပဲ၊
တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတယ်၊ တချို့တရား
ကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျား
တို့ အားထားလို့ တော်ပါ့မလား၊ မတော်ဘူး၊ မတော်ဘူးဆိုတာ သစ္စာသိလို့ ထွက်လာတဲ့အသံပဲ၊ အဲဒီလို
သစ္စာသိတော့ ဘယ်နတ်ပြည် ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး၊ ဘာဖြစ်လို့"အို နာသေ"ရှိနေလို့၊ ပထမ
ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့ဇာတ်သိမ်းရလိမ့်မယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာသေ ရှိတဲ့လူ့
ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကိုမသွားချင်တော့ဘူး၊"အို၊ နာ၊ သေ"မရှိတဲ့နိဗ္ဗာန်ပဲ သွားချင်မှာပဲ။ ကုသိုလ်ဆို
တာ ၂-လမ်းရှိတယ်၊ သစ္စာမသိပဲ ပြုလုပ်တဲ့"ဒါန၊ သီလ၊ သမထ"ကုသိုလ်တွေကတော့ လူ့ပြည်နတ်ပြည်
ဗြဟ္မာ့ပြည်ဆိုတဲ့"အို နာ သေ"ရှိရာ ပို့လိမ့်မယ်၊ ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့"ဒါန၊ သီလ၊ သမထ"ကု
သိုလ်တွေဟာလမ်းဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုပို့ပေးတယ်၊ အဲတာ.."ဝိပဿနာ"ကတော့ ကိလေသာဖြတ်၊ ကံဖြတ်
အကျိုးပေးဖြတ် (ဝဋ် ၃-ပါး) ဖြတ်လေတော့၊ ဝဋ်ကျွတ်တဲ့နေရာပဲ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး၊
ဒါတရားရွေးတတ်အောင်ပြောနေတာ၊ သစ္စာမသိတဲ့ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့၊
ဖြစ်သမျှအကြောင်း အကောင်းချည်းလို့ပြောမှာပဲ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းဆိုတာ ကံစီမံသလို
ခံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ကျတော့ ကံစီမံသလိုမခံဘူး ဉာဏ်စီမံသလို ခံလိမ့်မယ်၊ ဝိပဿနာ ဆိုတာဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ၊ ဒီတော့ ဉာဏ်စီမံရာသွားပါ၊ ကံစီမံတာက ၃၁-
ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံအပြင်ဘက်မှ နိဗ္ဗာန် ရှင်းပြီလား။
ဉာဏ်စီမံသလိုသွားမယ်ဆိုတော့ ဉာဏ်ကလဲ တစ်ခါခွဲရအုံးမယ်၊ ဉာဏ်ကလဲ"ကမ္မဿကတာဉာဏ်ကတစ်
မျိုး၊ နာမရူပပရိ စ္ဆေဒဉာဏ်ကတစ်မျိုး၊ ပစ္စယပရိဂ္ဂဟ ဉာဏ်ကတစ်မျိုး၊ ဝိပဿနာဉာဏ်ကတစ်မျိုး၊
မဂ်ဉာဏ်ကတစ်မျိုး"လို့ ၅-မျိုးရှိပြန်တယ်။ (၁) ကမ္မဿကတာဉာဏ် ဆိုတာ"ကောင်းတာလုပ်ကောင်းကျိုး
ပေးတယ်"ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လဲ အားကိုးလို့မဖြစ်သေးဘူး၊ ဒီဉာဏ်က သုဂတိတော့ ပို့လိုက်
တာပဲ၊ ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်၊ ငါလုပ်လို့ငါရတယ်ဆိုတော့ ဒိဋ္ဌိကပါသွားတယ်၊ ဒီတော့ ဒိဋ္ဌိပါ
သွားတဲ့ ကမ္မဿကတာဉာဏ်ပို့ရာကိုလဲ မလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့တက်သွားတော့ ပြန်ကျအုံး
မှာ။ ဥပမာနဲ့ရှင်းပြမယ်၊ အင်မတန်ကြီးတဲ ငှက်ကြီးတစ်ကောင်ကို အဆိပ်လူးတဲ့ မြားကလေးနဲ့ ပစ်လိုက်
တော့ မြားတံအဖျားက သေးသေးလေးဆိုတော့ အဆိပ်ကဖြုန်းခနဲ့ ချက်ချင်းမပြန်ဘူး၊ မပြန့်သေးတော့ ငှက်ကြီးဟာ ပျံတက်သွားတယ်၊ ဒါပေမယ့် အဆိပ်မပြန်ခင်သာ ပျံနိုင်တာ အဆိပ်ပြန့်တော့ မပျံနိုင်တော့ဘူး
ဗုန်းခနဲ့ပြန်ကျတယ်၊ အဲဒီလိုပဲ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိအဆိပ်မပြန့်ခင်သာတက်တယ်၊ ဒိဋ္ဌိ..အဆိပ်
ပြန့်တဲ့အခါကျတော့ ဗုန်းဆိုထိုးကျတာပဲ၊ ကုသိုလ်မကုန်ခင်သာ အထက်တက်တာ၊ ဒိဋ္ဌိအဆိပ် ပြန့်တာနဲ့
တစ်ပြိုင်နက် တစ်ချက်ထဲကျတာပဲ၊ ကမ္မဿကတာဉာဏ်ဟာ ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင်
အပါယ် ၄-ပါးပြန်ကြတာပဲ၊ ဒီတော့ ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။
(၂) နာမရူပပရိစ္ဆေဒဉာဏ်။ ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲလို့မေးတော့၊ နာမရူပပစ္ဆေဒဉာဏ်ဆိုတာ ရှိ
တယ်၊ ဒုတိယဉာဏ်တက်လာတယ်၊ နာမ်နဲ့ရုပ်ခွဲခြားသိတဲ့ ဒီဉာဏ်ကိုအားကိုးပါ၊ ဒီဉာဏ်ကိုအားကိုးလိုက်
တော့ ဪ..သွားချင်တာက နာမ်၊ သွားနေတာက ရုပ်၊ စားချင်တာက နာမ်၊ စားတာက ရုပ် ဆိုတော့ နာမ်
ရုပ်ကွဲတဲ့ဉာဏ်ကလေးကိုရတယ်၊ ဒီဉာဏ်ဟာခုနက"ကမ္မဿကတာ"ဉာဏ်ထက်တော့သာတယ်၊ သာပေ
မယ့်လဲ ဒါကိုတကယ်အားကိုးလောက်ပြီလို့မယူနဲ့အုံး၊ ဘာပြုလို့တုံးဆိုတော့ သူကတစ်ဘဝသာ"စူဠသော
တာပန်"ဖြစ်တယ်၊ တစ်ဘဝသာ အပါယ်လွတ်တယ်၊ နောက်ဘဝတွေ မလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့
လဲ အားမကိုးနဲ့အုံး၊ တစ်ဘဝသုဂတိသွားပြီး တစ်ဘဝ အပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့အုံး၊ နောက်
ဘဝတွေ စိတ်မချရသေးဘူး။ (၃) ပစ္စယပရိဂ္ဂဟဉာဏ်။ ။ ဒါဖြင့်ဘယ်ဉာဏ်ကိုအားကိုးရမလဲ၊"ပစ္စယပရိဂ္ဂ
ဟဉာဏ်"ဆိုတာရှိတယ်၊ ပစ္စယပရိဂ္ဂဟဉာဏ် ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ ဉာဏ်ပဲ၊ အဲဒီဉာဏ်က"အဝိဇ္ဇာ
ကြောင့် သင်္ခါရဖြစ်တယ်၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ် ဪ..သံသရာကြီးထဲမှာ ဒီလိုသူ့အကြောင်းနဲ့
သူ့အကျိုးနဲ့ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာမရှိဘူး၊ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့ ဓမ္မတွေသာ
ရှိတယ်"လို့သိတယ်။ ဒီဉာဏ်ကလဲ "စူဠသောတာပန်" အဆင့်ထဲမှာပဲရှိသေးတယ်၊ ဒါကြောင့် ခင်ဗျားတို့
ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လဲ သေပျော်ပြီလို့မယူလိုက်ပါနဲ့အုံး၊ တစ်ဘဝ အပါယ်လွတ်တာပဲရှိသေးတယ်။
(၄) ဝိပဿနာဉာဏ်။ ။ ဒါဖြင့်ဘယ်ဉာဏ်အားကိုရမလဲ၊"ဝိပဿနာဉာဏ်"ဆိုတာရှိတယ်၊ ဒီဉာဏ်က လက္ခ
ဏာရေးသုံးပါးသိတဲ့ ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်းနဲ့အုံး၊ ဘာပြုလို့ သူကသုဂတိဘဝတွေ
လှည့်ဖြစ်အုံးမှာဆိုတော့"ဇာတိ ဇရာ ဗျာတိ မရဏ"ဆိုတဲ့ ဒုက္ခတွေနဲ့တွေ့ရဦးမယ်၊ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့
တကယ်အကောင်းအစစ်ကြီး မဟုတ်သေးဘူး။ (၅) မဂ်ဉာဏ်။ ။ ဒါဖြင့် ဝိပဿနာဉာဏ်ကနေ မဂ်ဉာဏ်
၎-ပါးရအောင်လုပ်လိုက်၊ မဂ်ဉာဏ် ၄-ပါးဟာဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခငြိမ်းစေတယ်၊ ဒုက္ခ
၎-ဆင့် ၄-ခါချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့အုံး၊ ၂-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး
၃-ခါချုပ်နဲ့လဲမကျေနပ်နဲ့အုံး၊ ၄-ခါချုပ်အောင်လုပ်လိုက်၊ ၄-ခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက်၊ မအို မသေ၊
အမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲမနေတော့ဘူး၊ ပဋိသန္ဓေမနေလို့ ခန္ဓာ ၅-ပါးမရှိလေတော့ အို နာ သေ ဒုက္ခတွေအကုန်လုံး ချုပ်ငြိမ်းသွားတယ်၊ ဒါဖြင့် ဒီဉာဏ်ဟာအကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ
အကောင်းဆုံးပဲလို့မှတ်။
ဒီတော့ ချုပ်လိုက်ရင် ဓမ္မ (တရား) ၅-မျိုးရှိတယ်၊ ဒီဓမ္မ ၅-မျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်
တာ ဒီဉာဏ် ၅-မျိုးရတယ်၊ ဒီဉာဏ် ၅-မျိုး ခွဲထုတ်ပြတယ်၊ ဝိပဿနာဓမ္မတွေအားကိုးရမယ် ဆိုငြားသော်လဲ
ဒါတွေကို တစ်ခါအဆင့်ဆင့်အယုတ်အညံ့ရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာအကောင်းဆုံးဆို
တာပေါ်လာတယ်၊ မဂ်ဉာဏ်မှတစ်ပါးအားကိုးစရာ အစစ်မရှိတော့ဘူး၊ ဒီတော့ မဂ်ဉာဏ်ရအောင်လုပ်ရလိမ့်
မယ်၊ မဂ်ဉာဏ်ကမှ ဒုက္ခတွေကိုချုပ်ငြိမ်းစေတာ။ ဒီတော့ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ ဖြစ်ပျက် ဒုက္ခသစ္စာ
ကြီး ချုပ်အောင်ကြီုးစားရမယ်၊ ဒုက္ခချုပ်သွားရင် တစ်ခါတည်းကိစ္စပြီးမယ်၊ ဒါကြောင့် ခန္ဓာ(ဒုက္ခ)ဇာတ်သိမ်း
ရာရောက်တဲ့မဂ်ဉာဏ် ၄-ခုကိုတာလျှင် အကြီးဆုံးအားကိုးထိုက်တဲ့တရားပဲလို့ ဆိုပြီး ကြီုးစားပါ၊ ဘုန်းကြီး
ကမသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နှင့် ကိုယ့်ခန္ဓာကြည်ပါ၊ ဘုန်းကြီးလဲ အသက်ကြီးပြီ၊
ခင်ဗျားတို့က ဘုန်းကြီးနဲ့ မီလိုက်ရုံပဲရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားကထွက်ခါနီးနေပြီ..မီရုံကလေးရှိတယ်
ရထား ထွက်လုနီးပြီဆိုတာ ရိပ်မိကြပြီလား။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာမင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန ။

Sunday, November 11
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ဉာဏ်သွင်းပုံ
"အနတ္တကို ငါလို့ဆိုနေကြ"
ရုပ်တရားက ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်ထားတာ၊ ဒီခန္ဓာက ဘယ်အချိန်မဆို..ပူလိုက်၊ အေးလိုက်၊
ဖောက်ပြန်လိုက်၊ ပျက်စီးလိုက်..ဒီလိုဖြစ်နေတာဟာ ရုပ်၏ ပင်ကိုသဘော၊ နာမ်ခန္ဓာလေးပါးကလည်း၊
အာရုံနဲ့ ဒွါရနဲ့ ဒွါရကသာ ပိုပါတယ်၊ ခင်ဗျားတို့ လုပ်ထားတာ မဟုတ်ဘူး၊ ခင်ဗျာတို့ ကြားထဲက မပိုင်နဲ့။
နာမ်က အာရုံကို ညွတ်တတ်တဲ့သဘော၊ ဆိုင်းဘုတ်ကသာ ယောက်ျား မိန်းမ ရှိတာက..ရှပ်နာမ် ဖြစ်ပျက်
ခင်ဗျားတို့က ခန္ဓာငါးပါးကို..ငါ့ကိုယ်ငါ့ဟာ လုပ်နေတာနဲ့ သူတို့က ဖောက်ပြန်သွားလိုက်တိုင်း ငါပိုင်တယ်
ထင်လို့..ကိုယ်ကျိုးကြီးတော့ နည်းပါပေါ့ဆိုပြီး..ကိုယ်နာစိတ်နာ ပေါ်တာ၊ ခန္ဓာငါးပါးသည် ချုံ့လိုက်တော့
ရုပ်နဲ့ နာမ်..ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြစ်ပျက်ပဲရှိတယ်၊ ဖြစ်ပျက်ထဲ ငါ ဝင်မရှုပ်ပါနဲ့ ဘယ်သူမှ
မပိုင်ဘူး၊ သူဖြစ်ချင်သလို ဖြစ်ပြီး သူဖောက်ချင်သလို ဖောက်မယ်၊ ဘယ်သူတားဆီးလို့မှ မရဘူးဆိုပြီး
နေတဲ့ အနတ္တခန္ဓာကိုယ်ရယ်ပါ။
သူပေါ်တဲ့နေရာ သူသေတဲ့နေရာ၊ ပေါ်တာကို မိအောင် ပိုင်အောင်ရှု၊ မရှုမိတာနဲ့ တဏှာလာတာပဲ၊ တဏှာ
မကူးခင် ဉာဏ်ဦးအောင် သတ်ကြပါ၊ ဖြစ်ပျက်ဆုံးအောင် အရှုခိုင်းတာဟာ တဏှာအသတ်ခိုင်းနေတာ၊
ခင်ဗျားတို့ တဏှာသတ်ချင်ရင် ဝေဒနာရှုကြ၊ တဏှာသတ်ခိုင်းခြင်းသည် ခင်ဗျားတို့အား ကျွန်စာရင်းမှ
လွတ်ကင်းစေချင်လို့ မှတ်ပါ။ မြင်စိတ်ကလေးက မြင်ပြီးချက်ချင်း ပျက်သွားတာပဲ၊ သူ့နေရာမှာ ချက်ချင်း
နောက်စိတ်အစားထိုးလို့သာ ပျက်သွားတာကို မသိလိုက်တာ၊ မြင်စိတ်က အကောင်းအဆိုး မရွေးနိုင်ဘူး
ဝမ်းထဲပေါ်တဲ့ တဏှာကမှ အကောင်းအဆိုး ရွေးတာ၊ မြင်လို့ဘာမှ မဖြစ်ဘူးဆိုရင်တောင်..အနိစ္စ၊ ဒုက္ခ၊
အနတ္တ လက္ခဏာတွေ မသိလိုက်တဲ့အတွက် မောဟလှိုင်းထတာ၊ မြင်စိတ် ဖြစ်ပျက်ရှုရင်..မြင်လိုချင်
မြင်မုန်းစတာတွေ သေတယ်။ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်လို့ ခင်ဗျားတို့မှာ ဘာမှစိတ်နာစရာ မရှိဘူး၊ ကိုယ်
နာတိုင်း စိတ်မနာတဲ့ ဉာဏ်မျက်လုံး မရရင်..တစ်သံသရာလုံး ကိုယ်ကျိုးနည်းလာတော့မယ်။
ဒီခန္ဓာကြီးကတော့ အားမထုတ်လည်း သေရွာသွားမှာပဲ၊ အားထုတ်လည်း သေရွာသွားမှာပဲ၊ ပုထုဇဉ်
အဖြစ်နဲ့သေရင်..လူတစ်သိန်းသေလို့ သူဂတိ တစ်ယောက်မရောက်ဘူး၊ အကုန် အပါယ်ချည်းသွားကြ
တာပဲ။ ယနေ့ စင်္ကြာဝတေးမင်း မနက်ဖြန် ဒယ်အိုးထဲ ရောက်နိုင်သေးတယ်၊ အပါယ် မိုးကြိုးပစ်တာကို..
လှူဒါန်းတာလောက်နဲ့ ထန်းလက်နဲ့ကာလို့ မရဘူး။ ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်၊ အသေဘက်ကို
ပြေးနေတဲ့ ခန္ဓာကိုယ်က..နောက်ဆွဲထုတ်လို့ မရဘူး၊ ဒီတော့ ပြေးရင်း လွှားရင်းပဲ သစ္စာသိတဲ့အလုပ်
မြန်မြန်လုပ်၊ သုဿန်သွားရင်း လုပ်ရမှာ၊ အပါယ်သွားတတ်တဲ့ သံယောဇဉ်လောက်တော့..ခင်ဗျားတို့
ဖြတ်ထားဖို့သင့်ပြီး၊ သံယောဇဉ်ဖြတ်ဆိုတာနဲ့..ရှိတဲ့ပစ္စည်းတွေ အကုန်စွန့်မှ ဒီလိုမမှတ်ပါနဲ့၊ ဘာဝတ်ဝတ်
ဘာစားစား..ဝေဒနာနဲ့ တဏှာအကြား "မဂ်"ဝင်ဖို့ပဲအရေးကြီးတယ်။
တရား လုပ်ချိန်မရသေးရင်လည်း၊ သတိထား ပညာနဲ့ ဖြစ်ပျက်ရှုဆိုတာလေး..ဂရုစိုက်ပါ၊ ဝိပဿနာ
မလုပ်ဖြစ်သေးတာဖြင့်..သေရတာ အားမရသေးလို့လားလို့မေးဖို့ရှိတယ်၊ ခင်ဗျားတို့ကို..အင်မတန်
ကိုယ်ကျိုးကြီးနည်းမှာ စိုးလို့သာ အလုပ်ခိုင်းနေတာ မှတ်ပါ။ ခင်ဗျားတို့ မသိလို့သာ အေးအေးနေနေကြ
တာ..တော်ကြာ ခင်ဗျားတို့တွေ့ရမယ် ဒုက္ခက မသေးဘူးနော်၊ ဆုတောင်းပြည့်ဘုရားမကယ်နိုင်ဘူး၊
ငါသေရင် ဘာများဖြစ်ဦးမှာလဲလို့ ဘယ်တော့မှ သွားမတွေနဲ့..ကိုယ့်ခန္ဓာထဲပေါ်သရွေ့ကို ဒုက္ခသစ္စာ
တွေပဲလို့ သိပြီးများသေရင်၊ သေတာနဲ့ တစ်ပြိုင်နက်တည်းဆိုသလို..နတ်ပြည့်ရောက်ပြီး သောတာပန်
တည်တယ်လို့ ဆိုတာ..တစ်ခါတည်း ဆုံးဖြတ်ချက်ချထားလိုက်၊ နတ်ရွာသုဂတိနဲ့ နိဗ္ဗာန်မှလွဲလို့ ဘယ်
မှ..မရောက်နိုင်လို့..ငါသေရင် ဆွမ်းမသွမ်နဲ့လို့ မှာခဲ့။
ဝိပဿနာရှုတဲ့အခါ၊ အတိတ်ရုပ်နာမ်တွေက..ဖြစ်ပြီး ပျောက်ပျက်ကုန်ပြီမို့ ရှုစရာမလို့ဘူး၊ အနာဂတ်
ရုပ်နာမ်တွေက မဖြစ်ကြသေးလို့ ရှုစရာမဟုတ်ဘူး၊ အခု ခန္ဓာကိုယ်ပေါ်မှာ ပေါ်ဆဲဖြစ်ဆဲဖြစ်တဲ့၊ ရုပ်နာမ်
ပေါ်မှာသာ ပစ္စုပ္ပန်တည့်အောင် ရှုမှတ်ရမှာ၊ အခုသေတာ အခုကြည်ညခိုင်းတာ။ ကြားစိတ်ကလေး
ပေါ်လာတယ်ဆိုရင်..ဝေဒနာ..သညာ..သင်္ခါရနှင့်တကွ..ခန္ဓာငါးပါးစလုံး တစ်ပြိုင်နက်တည်းပါလာ
ကြတယ်၊ ဒီအထဲမှာ ထက်မြက်တာ တစ်ခုကိုရှုရမှာ၊ အများမလိုဘူး တစ်ခုတည်း ပြဋ္ဌာန်းရာကို ရှုဖို့ပဲ။
သိရုံတင်ဆို ဝိဉာဏ်ရှု၊ ကောင်းမကောင်းဆို ဝေဒနာရှု၊ ခန္ဓာငါးပါးစလုံး..တဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်း
လွဲနေကြတာပဲ၊ ယခု ပစ္စုပ္ပန်ပေါ်လာတဲ့ မိမိခန္ဓာငါးပါး..အစပျောက် မသာဖြစ်သွားတာကို မိမိဉာဏ်နဲ့
မြင်ရမှာ၊ ဉာဏ်က ခန္ဓာကို သူစိမ်းသဘောထားပြီး ကြည့်ပါ၊ ခန္ဓာငါးပါးက သူစိမ်း၊ သူစိမ်းလို့ ပီပီမြင်
တာ..အရိယာမျက်လုံးပဲ။
ခန္ဓာကိုယ်ထဲမှာ..ရုပ်နာမ်ဓမ္မတွေ ခဏခဏသေပွဲဝင် ပြောင်းလဲနေတာတွေကို၊ ဉာဏ်နဲ့မြင်အောင်
ကြည့်ရတာပဲ၊ ရှုကြည့်တဲ့အခါ ပေါ်လာပြီး မရှိတာကို သိစေရမယ်၊ ခန္ဓာမရှိတာ သိတာဟာ ဝိပဿနာ
ပဲ။ ဘယ်ခန္ဓာလာလာ မရှိတာ သိရမယ်၊ ခန္ဓာမရှိ မြင်တာသည် ခဏနိဗ္ဗာန်၊ ခန္ဓာအမြဲမရှိတာသည်
အမြဲနိဗ္ဗာန်၊ ဒီလို မရှိတာမြင်တဲ့အသိမျိုး တာရှည်နေပြီဆိုရင်..နိဗ္ဗာန်နားကပ်နေပြီ၊ ရှေ့အသေကို
အစားထိုးတဲ့နောက်အနေကနေ ကြည့်နေတာ ခန္ဓာထဲဘယ်အချိန် ကြည်လိုက် ကြည်လိုက် သေမှာနဲ့
သေတာတွေ့ပါစေ၊ ရုပ်နာမ်ခွဲနေစရာ မလိုပါဘူး၊ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့်..ရုပ်
နာမ်ပေါ်တာပဲ၊ ရုပ်နာမ်ရဲ့ ဖြစ်ပျက်မြင်ရင်..ဒုက္ခမြင်ပြီ။ ရေယူခဲ့ပါဆိုရင် ခွက်ပါပါသလို..စိတ်တစ်ခုကို
ရှုရင် ခန္ဓာငါးပါး ပါတယ်၊ ကိုယ့်ခန္ဓာထဲ ထင်ထင်ရှားရှား ပေါ်လာတာဟူသရွေ့ ဖြစ်ပျက် မြန်မြန် ရှုချ၊
သွက်ပလေ့စေ မသွက်ရင်..တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ နိယျာမတရားကြီးက..သွက်သွား
လိမ့်မယ်။ ဖြစ်ပျက်မုန်းရင်..ဒုက္ခမုန်းပြီ။ ဖြစ်ပျက်ဆုံးရင်..ဒုက္ခဆုံးပြီသာ မှတ်ပေတော့။ ဒုက္ခဆုံးရင်
ဒါ နိဗ္ဗာန်ပဲ။ ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ လက်ငင်းလိုချင် ချက်ချင်းလုပ်ပါ
"ဖြစ်ပျက်မြင်တာသည် အတ္ထိပစ္စယောမှ နတ္ထိပစ္စယောသို့"
ဒကာ ဒကာမတို့ (၄) ကြိမ် (၄) ခါလောက်ဆုံးရင်..အရိုးက ဓာတ်တော်ဖြစ်ပြီ၊ အားထုတ်ဆဲ ဝိပဿနာ
ဉာဏ်နဲ့ အမြဲနေကြပါ၊ ခန္ဓာထဲ ဖြစ်ပျက် ဒုက္ခတွေ့ရင်..သားကောင်တွေ့တဲ့ မုဆိုးလို တောက်လျှောက်
လိုက်ပေတော့၊ ဉာဏ်မျက်ချည် မပြတ်အောင် လိုက်ပေတော့၊ သတိထားရင် ပေါ်တာသိတယ်၊
ပေါ်တာသိရင် ပျက်တာသိရတယ်၊ ပေါ်တိုင်းသိရင်သတိ၊ အပေါ်ရော အပျက်ရော သိရင် ပညာ၊
သတိက လက်ညိုးညွှန်ပြတယ်၊ စိစစ်တဲ့ပညာက ဖြစ်ပျက်တွေ့တယ်၊ ခန္ဓာထဲကြည့်လိုက်တဲ့အခါ ငါသူမတွေ့ ပျောက်ပျက်တာပဲတွေ့တာ၊ ယခုပစ္စုပ္ပန်ပေါ်လာတဲ့ ခန္ဓာငါးပါးဟာပြာတောင်မကျန်ဘဲ
အစပျောက် မသာဖြစ်သွားတာကို၊မိမိဉာဏ်နဲ့ မြင်ရမှာ၊ ဖြစ်ပြီး ပျက်ပြီးလို့ ပါးစပ်က မမြည်ပါနှင့်၊ဉာဏ်နဲ့မြင်နေရင် ပြီးတာပဲ၊ မျက်လုံးနဲ့ မြင်နေရင် ဒါ အထည်ခံနေလိမ်မယ်၊ဉာဏ်ထဲက ယုံပြီဆိုမှ ဖြစ်ပျက်မြင်တာ၊ အထည်သာမရှိတာ သတ္တိသဘော ထင်ရှားရှိတယ်၊သဘောဖြစ်၍ သဘောပျက်တာ၊သဘောအားဖြင့်ပေါ်လာပြီး သူ့သဘော ရုပ်သိမ်းသွားတာကို၊ မြင်တာဟာ ဖြစ်ပျက်မြင်တာပဲ၊ ဖြစ်ပျက်မမြင်ဘဲ အသက်တစ်ရာနေရတာထက်...
ဖြစ်ပျက်တစ်ချက်မြင်ပြီး တစ်ရက်အသက်ရှင်ရတာ ပိုမြတ်တယ်၊ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က ဒီပြင် ကုသိုလ်မျိုးတွေထက်... အဆပေါင်း သိန်းသန်းကုဋေမကအောင်... ထူးခြားကဲလွန် မြင့်မြတ်ပါတယ်။
ဖြစ်ပျက်တစ်ချက်ရှုရင်... မဂ္ဂင်က သိစိတ်ဇော (၇) ကြိမ် ဖြစ်တယ်။ ပထမဇောက ယခုဘဝ၊သတ္တမဇောက ဒုတိယဘဝ၊ အလယ်ဇော ငါးချက်က တတိယဘ၀ကစပြီး နိဗ္ဗာန်မရမချင်း အကျိုးပေးတယ်၊ဒိဌဓမ္မ အကျိုးပေးမယ့် ကံဆိုတာ... မထမဇောပဲ၊ ဒါကြောင် ဖြစ်ပျက်ရှုခိုင်းနေတာဟာ၊ပထမဇော စေတနာ များများပေါ်အောင်လို့ လုပ်ခိုင်းနေတာပါ၊ အန္တရာယ်ကင်းချင် ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်မိမိ ခန္ဓာစေတီထိုက်အောင် တရားတော်တွေ ခန္ဓာထဲကိန်းအောင်း အားထုတ်ဖို့ လိုတယ်၊ ဝမ်းထဲ မဂ္ဂင်ကိန်းနေတော့၊မဂ္ဂင်က ဓာတ်တော်၊ ခန္ဓာက စေတီ၊ ဓမ္မစေတီ ဖြစ်သွားပြီ။ ဘဝမခြားဘဲ နိဗ္ဗာန်ရောက်ချင်ရင်အလုံးစုံပေါ်ရာ ဖြစ်ပျက်ရှု၊ ဖြစ်ပျက်ဆီကိုသာဉာဏ်ဦးတည်ပေး၊ဉာဏ်နဲ့ဉာဏ်ချင်း
တောင်ဖြစ်ပျက်ရှုရမှာ၊ ဘာဉာဏ်ပေါ်ပေါ် (၁) (၂) ဆိုချုပ်သွားတာပဲ၊ ဉာဏ်ဆိုတာ ရှေ့အာရုံ ဘာဖြစ်တယ်ဆိုတာပဲ တွေးမှ အပျက်သိတာ၊ ဘယ်တရားပေါ်ပေါ် ရှိမရှိ တွေးရုံပဲ၊ တွေးတဲ့ ဉာဏ်ပေါ်လာရင် မူလတရား မရှိတောဘူး၊ ဖြစ်ပျက်မြင်တာ ဉာဏ် ၊ ဉာဏ်ဆိုတာ မဂ်၊ မဂ်ဆိုတာ ကိလေသာဖြတ်တာ၊ ရှိတာနဲ့ သိတာကိုက်မှ ဝိပဿနာဖြစ်တာ၊ ဝိပဿနာဆိုတာ ဒီနေရာပေါ် ဒီနေရာပျောက်ဒါကိုမြင်မှ အမြင်မှန်၊ အခုနက ဒီနေရာကလေးမှာ ရှိတာလေး မရှိတော့တာကို မြင်လိုက်တာ့ပဲ၊ သူ့သဘောကတော့ ဖြစ်ပြီးပျက်သွားတာ အမှန်ပဲ၊ ရှုတဲ့ ပုဂ္ဂိုလ်မှာတော့
မရှိတာဘဲ တွေ့လိုက်တယ်၊ ရှေ့က ပျောက်ပျက်တာကို နောက်ကရှုသိမှ ဝိပဿနာဖြစ်တာ၊ ကြည့်တော့
ပေါ်တာသိတယ်၊ ပညာနဲ့ ပေါင်းလိုက်တော့ ပျက်တာ သိတယ်၊ ချုပ်ပျောက်သွားပြီးလို့သာ နောက်စိတ်ကသိပေး၊ တစ်နေ့ဘယ်လောက် ပြောင်းလဲပြီးနေသလဲ၊ ကျုပ်တို့ ဉာဏ်နဲ့ နောက်က၊ လဲပြီ လဲပြီလို့ သိပေးတာ ဝိပဿနာ၊ ကိုယ့်ဉာဏ်မီသလောက် ပုထုဇဉ်ဉာဏ်မီသလောက်၊ လဲပြီ သိရင် ဝိပဿနာပဲ၊ ရုပ်ကုဋေတစ်သိန်းဆိုတာက ဘုရားဖြစ်ပြီးမှ သိတဲ့အသိ၊ ခင်ဗျားတို့ ကျုပ်တို့ရဲ့ အသိမဟုတ်ဘူး၊ ဘုရားမဖြစ်ခင်က မြင်တဲ့ အမြင်ကိုဘုန်းကြီးကလိုက်တါ
ဘုန်းကြီးသင်တာ သင်ရိုးမှတ်ပါ၊ ကိုယ်တိုင်မြင်ရင် ကိစ္စပြီးပြီ။ အဲဒီလို... တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်လို့ ပညာနဲ့ ဆုံးဖြတ်ချက်ချတာ... ဖြစ်ပျက်မြင်တာပဲ၊`စက္ခုံစ ပဋိစ္စ` ကဟောစဉ်ပဲ၊ ဖြစ်စဉ်က နာမက္ခန္ဓာလေးပါးဟာ... တစ်ပြိုင်နက်ဖြစ်တယ်၊ တစ်ပြိုင်နက်ချုပ်တယ်၊ `ဧကုပ္ပါဒ ဧကနိရောဓ` ကဖြစ်စဉ်၊
သဒ္ဓါက ရှေ့ကပြေးမှ ပညာက နောက်ကလိုက်နိုင်တာ၊ သဒ္ဓါဗိုလ်ဖြစ်တဲ့နေ့ နိဗ္ဗာန်မြင်တာပဲ၊ သဒ္ဓါနဲ့
ပညာပေါင်းရင်.. အပါယ်ဒုက္ခမပြောနဲ့ အလုံးစုံသော ဒုက္ခချုပ်တယ်။ ခန္ဓာပေါ်တိုင်း ပေါ်တိုင်း သိပေးပါ ဉာဏ်က၊ ဒီခန္ဓာတွေဟာ ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာတွေ..ဖြစ်ကတည်းက ပျက်မဲ့ဘက် ဦးတည်လာတာ
ဖြစ်တာနဲ့ ပျက်တာကြားထဲမှာ ဘာမှ မခြားဘူး၊ ကောင်းကင် လျှက်စီးလက်သလို.. ဖျက်ခနဲ ဒီနေရာပေါ် ဒီနေရာ ပျောက်တာပဲ။ လင်းတာနဲ့ ပျက်တာ တစ်ချက်တည်းပဲ၊ ပရမတ်ဆိုတာ သဘောကလေးပေါ်ပြီး
သဘောကလေးပျောက်တာပေါ်တာရှိတာပဲ၊ ပျောက်တာ မရှိတာဘဲ၊ ဘုန်းကြီးအသံနဲ့ နားအကြည်ရုပ်နဲ့ တိုက်လို့... အခုမှပေါ်လာတဲ့ ကြားသိစိတ်`ဝိညာဏက္ခန္ဓာ` ကိုပြောတာ ပုဂ္ဂိုလ်သတ္တဝါက ကြားတာမဟုတ်
အကြောင်းနှစ်ခုကြောင့် ပေါ်လာတဲ့ အကျိုးခန္ဓာက ကြားတာ ကြားတာက ဝိညာဏက္ခန္ဓာ။ နှစ်သက်တာက တဏှာ။ စွဲလမ်းတာက ဥပါဒါနက္ခန္ဓာ။ အားထုတ်တာက ကာမဘဝခန္ဓာ။ ဒကာ ဒကာမတွေ သန္တာန် ဘယ်ဟာ ပေါ်လာလာ ခန္ဓာပေါ်လာတယ်လို့ မှတ်လိုက်။
တစ်သံသရာလုံး ဓမ္မတွေ လှည့်သွားနေတာ တစ်နေ့လုံးလည်း ဓမ္မတွေလှည့်နေတာ အိပ်ပျော်သွားတော့
လည်း ဘဝင်စိတ်တွေ..တစ်ခုချုပ်ပြီး တစ်ခုဖြစ်နေတာ၊ နိုးလာပြန်တော့ နိုးစိတ်ကလေးပေါ်လာတာ၊
နိုးစိတ်ချုပ်သွားပြီး တွေစိတ်ဓမ္မအနိစ္စရောက်တယ်ဆိုတော့၊ ဘယ်မှာလဲ ငါ ငါ့ဥစ္စာ၊ ဒီဓမ္မတွေပဲ လှည့်
သွားနေတာ၊ နိဗ္ဗာန်မရောက်သေးသမျှ ဒီဓမ္မအစဉ်တွေပဲ လှည့်ပတ်ပြီး ဖြစ်လိုက်ပျက်လိုက်နဲ့ နေရမှာပဲ၊
သံသရာလည်းတဲ့ ပုဂ္ဂိုလ်မရှိ၊ ဓမ္မတွေ လှည့်နေတာကို သံသရာခေါ်တာပဲ၊ ဓမ္မသဘော ငါရောရင် သက္ကာ
ယဒိဋ္ဌိ ဖြစ်တယ်၊ ဓမ္မသဘော ငါမရောရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ်၊ ဓမ္မတစ်ခုဖြစ်ပြီး ဓမ္မတစ်ခု ပျက်တာ
သိရင်..ခိုင်တယ်မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိ ပြုတ်တယ်၊ ပျက်သွားတဲ့ ဓမ္မက နောက်ဓမ္မတစ်ခုဖြစ်အောင်
ကျေးဇူးပြုတာ သိရင်၊ အကြောင်းအကျိုး ပြတ်တယ်လို့ယူတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်တယ်၊ ဒီသုံးမျိုး အသိနဲ့
ပြုတ်ရင်..စူဠသောတပန်ပါ၊ ခန္ဓာထဲ ဘယ်တရား ပေါ်လာလာ..အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊
အကြောင်းချုပ်လို့ အကျိုးချုပ်တယ်၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်၊ ဖဿချုပ်လို့ ဝေဒနာချုပ်တယ်၊
နောက်အစားထိုးတဲ့ ဖဿဖြစ်ပြန်တော့၊ ဝေဒနာဖြစ်ပြန်တယ်လို့ သိထားရမယ်၊ အခုလိုသာ..ဖြစ်သင့်
လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ်ဆိုတာသာ ပိုင်ပိုင်သိရင်၊ အားကြီးတဲ့ ဝိပဿနာဖြစ်ပါပြီ၊ အား
ကြီးတဲ့ ဝပဿနာမှသာ နိဗ္ဗာန်ရမှာ၊ အားနည်းတဲ့ ဝိပဿနာက ကုသိုလ်သာရမှာ၊ ကုသိုလ်ရရင်
ဘဝတွေ အကျိုးပေးမယ်။ ။

Subscribe to:
Posts (Atom)