Friday, January 18

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရန်သူစစ်ကို မြင်ဖို့လိုပြီ

"ရန်သူစစ်ကို မြင်ဖို့လိုပြီ"
ဒီနေ့ "ကာမာသဝ"စတဲ့...အာသဝေါတရားလေးပါး
မကုန်တော့ အဝဇ္ဇာဖြစ်မယ်၊အဝဇ္ဇာဖြစ်ရင်၊အယော
နိသော မနသိကာယဆိုတဲ့ နှလုံးသွင်းမှားလာလိမ့်
မယ်၊အယောနိသော မနသိကာယရှိရင်ဖြင့်၊ဝိစရဏ
ဆိုတဲ့ ဉာဏ်ဆုံးရှုံရမယ်၊စီစစ်တတ်တဲ့ ဉာဏ်ဆုံး
ရှုံရခြင်းသည်၊ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေ
ကောင်းမတွေ့လို့၊ဘာကြောင့် မိတ်ဆွေကောင်း
မတွေ့သလဲဆိုရင်...အကြားအမြင်နည်းလို့၊
အကြားအမြင် ဘာကြောင့်နည်းရပါလိမ့်မလဲဆိုရင်
ယထာဘူတဉာဏ် မရလို့၊ဘယ့်နှယ်ကြောင့်...
ယထာဘူတဉာဏ် မရပါလိမ့်မတုံးလို့၊မေးတဲ့အခါကျတော့၊အလိမ်မပြေလို့၊ဉာဏ်မှန်နဲ့ ကြည်လိုက်တဲ့
အခါကျရင်ဖြင့်...အနိစ္စတွေ့မယ်၊ဒုက္ခတွေ့မယ်၊အနတ္တတွေ့မယ်၊ဒါဘာဖြစ်တာတုံးဆိုတော့၊
အလိမ်ပြေတာ၊ရှင်းပြီးလာ။ဘယ်သူက လိမ်ရာတာတုံး မေးတဲ့အခါကျတော့ တဏှာ နဲ့ ဒိဋ္ဌိ က
လိမ်တာ၊ဒီအလိမ်ဘာကြောင့် ဖြစ်သတုံး၊ယထာဘူတဉာဏ်မရလို့ပါ။ယထာဘူတဉာဏ် ဘယ်နှယ်
ကြောင့် မရပါလိမ့်...အကြားအမြင်နည်းလို့၊ကလျဏမိတ္တဆိုတဲ့ ဆရာသမားကောင်း မတွေ့လို့၊
ဘာအတွက်ကြောင့် ဆရာကောင်း မတွေ့ရပါလိမ့်၊စီစစ်တဲ့ဉာဏ်မရှိလို့၊စီစစ်တတ်တဲ့ ဉာဏ်ကလည်း
ဘယ်နှယ်ကြောင့် မရှိပါလိမ့်၊နှလုံးသွင်းမှားလို့၊နှလုံးသွင်း ဘယ်နှယ်ကြောင့် မှားပါလိမ့်၊အဝိဇ္ဇာကြောင့်၊
အဝိဇ္ဇာ ဘယ်ကများလာပါလိမ့်၊အာသဝကြောင့်ဆိုတာ ရိပ်မိကြပလား၊အာသဝေါ ဘယ်တော့
ကုန်မှာပါလိမ့်၊ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ် အာသဝေါကုန်ပါတယ်။
အဲဒီတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိဆိုတာ အကြီးဆုံးရန်သူနော်၊ရင်ဝလှံစူးတာကို ဖြည်းဖြည်းမှ
နှုတ်ချင်နှုတ်ပါ၊ဒိဋ္ဌိကိုတော့ အရင်ဖြုတ်မိအောင် ဖြုတ်စမ်းပါဆိုတာ...အကြီးဆုံးရန်သူမို့
ဒီလောက်ဟောနေတာပါ။ဦးခေါင်းမီးလောင်နေတာတောင်၊ဖြည်းဖြည်းမှ ငြိမ်းချင်ငြိမ်းပါ၊
ဒိဋ္ဌိကိုတော့ အရင်နှုတ်ပစ်ပါဆိုတဲ့ ဥစ္စာ အရေးကြီးလို့ ပြောရတာပါ၊မင်းကွာ တော်တော်နဲ့
မသေသေးပါဘူး၊လုပ်နိုင်ပါသေးတယ် ကိုင်နိုင်ပါသေးတယ်၊မင့်သား...မင့်သမီး ကလေးတွေ
လူလားမြောက်အောင် စောင့်နိုင်ပါသေးတယ်နဲ့။ဒိဋ္ဌိကဟောတာ...ပြုံးပြီးများ နားထောင်လိုက်
သေးတယ်၊အို ဒီအရင် အခါတုန်းကတော့ တပည့်တော်တို့၊သားရေး သမီးရေး စီးပွားရေးဆိုတဲ့
ကျွန်အလုပ်ကဈေးကောင်းတုန်းကို ဘုရား။ပျိုပျို ရွယ်ရွယ် ရောဂါကင်းစင်တုန်းကတော့
စားသောက်ကောင်း နေထိုင်ကောင်း အစာကြေညက်တုန်းက၊ဒိဋ္ဌိ တဏှာ ခိုင်းတာတွေ
လျှောက်လုပ်နေတယ်၊ရောဂါထူပြီဆိုမှ၊အင်း...ကိုယ်ရေးကိုယ်တာ၊ရှာဦးမှာပဲ၊ဒီလို့နဲ့
လာကြတာကိုးဗျ။

                                            ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                               မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                          ပင်မသံဝေဇနိယဌာန
                                                                အမရပူရမြို့ ။                ။

Tuesday, January 8

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် (၁၆) ချက်

                                                         "ဉာဏ်စဉ် အကြောင်း"
ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ဝိပဿနာလက်တွေ့လုပ်နည်းကို စပြီးဟောရလိမ့်မယ်၊ ဝိပဿနာ
အလိုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်၊ တရားထိုင်တဲ့ အခါမှာ ဆိတ်ငြိမ်တဲ့နေ
ရာမှာထိုင်ပါ၊ ဆိတ်ငြိမ်တဲ့ နေရာဟာတောပါပဲ၊ ဘုရားကိုရှိခိုးကန်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရား
ကိုလှူထားပါ၊ ပြီးတော့ သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ၊ ခန္ဓာကိုယ် ထားပုံ
ထားနည်းကတော့အချိန်ကြာကြာတရားအားထုတ်နိုင်အောင်တည့်တည့်မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်
သက်-အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင် လုပ်ပါ၊ ဝင်လေလဲသိ၊ထွက်လေလဲသိပြီးနေရင် ကြာ
တော့ သမာဓိအားကောင်းလာတဲ့ အချိန်မှာ ဝီယကို အလျှော့မပေးဘဲ သတိနဲ့ ပညာကို ကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်၊ တောင့်လာတာ
ညောင်းလာတာကို ဉာဏ်ကသိလာတယ်၊ ညောင်းတာရယ် ညောင်းမှန်သိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်
သွားတာပဲလို့ သိလိုက်ပါ၊ ဒီလိုသိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ်မရှိတော့ပြီလို့ နေက်က
ဉာဏ်နဲ့သိလိုက်ပါ၊ ညောင်းတာ တောင့်တာကို ပြုပြင်ပြီးမပေးသမျှအညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု
ဖြစ်ပြီး ပျက်နေဦးမှာမို့၊ ဒူးကလေး ခြေကလေးဆန်ချင်တဲ့စိတ် ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ်၊ အဲဒီ
ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာကို ကိုယ်ဉာဏ်နဲ့သိလိုက်ပါ၊ ဒီလို သိပြီးတဲ့အခါ ထိုဆန့်
ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ၊  အဲဒီလိုသိနေတုန်းမှာ ဖြတ်
ဆို အသံတစ်ခုကြားလိုက်ရင် ကြားတယ် လို့သိပါ၊ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း၊ ပေါ်လာ
တိုင်း သိပြီးဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့သိရမယ်၊ အဲဒီလို အသိတရားတွေကို စိပ်သည်ထက်
စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေ
ကိုသတိနဲ့စိုက်ကြည့်ကတွေ့လိမ့်မယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ပါဠိလိုရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါ
ကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုက်ပြီးကြည့် သိနေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘော
ကိုပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့
မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လာမယ်၊ ခန္ဓာကိုယ်ရှိရင် ဒီ
လို ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို၊ နာ၊ သေ၊ ဆိုတဲ့ ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့ ကြောက်ရွံ့ပြီး မိမိ
ခန္ဓာကိုယ်ကိုပဲ ရွံ့မုန်းလာမယ်၊ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ-ဒေါသ-မောဟ ၃-ပါးစလုံး တဖြည်း
ဖြည်း ခေါင်းပါးပြီး၊ နောက်ဆုံးဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များလာရင် ယခုဘဝမှာပင် မဂ်
ဖိုလ်ကို ရနိုင်တယ်၊ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့သ
ဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာ တွေရလိမ့်မယ်။
ဉာဏ်စဉ်ဆိုတာ။ ။ ရှုဖန်များလာရင် (၁) ဤကားရုပ်၊ ဤကားနာမ်လို့ပိုင်းခြားသိလာတော့"နာမရူပပရိစ္ဆေ
ဒဉာဏ်"ရလာတယ်။ (၂) နောက်နာမ်ရုပ်တို့၏ ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး၊ ဒီနာမ်ရုပ်
ဟာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့အကျိုးတရားပါကလား၊ အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘဝက အဝိဇ္ဗာ၊ တဏှာ၊ ဥပါဒါန်၊ ကံအ
ကြောင်း တရားတို့ကို ရှာမှီးသိမ်းဆည်နိုင်တဲ့"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာတယ်။ (၃) နောက် ရုပ်နာမ်တို့၏
ဖြစ်ပြီး၊ ပျက်လတ္တံ၊ ဖြစ်ဆဲတို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါးကိုပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော"သမ္မသနဉာဏ်"အဆင့်သို့ ရောက်
လာမယ်။ (၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့
"ဥဒယဗ္ဗယဉာဏ်"ပေါ်လာမယ်။ (၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့"ဘင်္ဂဉာဏ်"
ပေါ်လာမယ်။ (၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်
ရာဘေးကြီးလို့ ထင်လာတဲ့"ဘယဉာဏ်"ပေါ်လာမယ်။ (၇) နောက်ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်
တွေကို ထင်မြင်လာတဲ့"အာဒီနဝဉာဏ်"ရလာမယ်။ (၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ်တို့
ကို ငြီးငွေ့ စိတ်ပျက် မနှစ်သက်တဲ့"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။ (၉) နောက်မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်
နာမ် ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့"မုဥ္စိတုကမျတာဉာဏ်"ရောက်လာမယ်။ (၁၀) ထိုမှ တစ်ဆင့် ရုပ်နာမ်
တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊ အစိုးမရမှုတွေကို အပြင်းအထန် အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါရဉာဏ်"ရောက်လာမယ်။ (၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်
တဲ့"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာတယ်။ (၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေး
သုံးပါးဖြင့် အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့"အနုလောမဉာဏ်"ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့"ဂေါတြဘူဉာဏ်"ပေါ်လာ
မယ်။ (၁၄) နောက်(သဥပါဒိသေသ) နိဗ္ဗာန်ကိုမြင်တဲ့"မဂ်ဉာဏ်" နှင့်။ (၁၅) မရှေးမနောင်းပင် ထိုနိဗ္ဗာန်၏
အကျိုးကို ခံစားတဲ့"ဖိုလ်ဉာဏ်"ပေါ်လာမယ်။ (၁၆) နောက် မဂ်ကိုဆင်ခြင်ခြင်း၊ ဖိုလ်ကိုခြင်ခြင်း၊ နိဗ္ဗာန်ဆင်
ခြင်ခြင်း၊ ပယ်ပြီးသောကိလေသာကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့
ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့"ပစ္စဝေက္ခဏာဉာဏ်"ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမား ကောင်းနဲ့လည်း
တွေ့ခိုက်၊ ရခဲလှတဲ့ လူ့ဘဝကို ရခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကိုမလုပ်ကြဘဲ။ အရိုးက ဓာတ်
တော်ဖြစ်အောင် ကြိုးစားကြပါ၊ အရို အသွး အသား ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေမွေးကတည်းက
ဖြစ်လာတာမဟုတ်ဘူး၊ တရားကိုအားထုတ်လို့ တရားက ပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်
တော်ဖြစ်လာရတယ်လို့မှတ်ပါ၊ ဒါကြောင့်တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေး
လိုက်ပါတယ်။        ။
    (မှတ်ချက်။   ။ဆရာတော်သည် တရားအားမထုတ်ဖူးသေးသည့် လူပြိန်းများကိုသာ ထိုစဉ်က
     ဗဟုသုတ အလို့ငှာ အထက်ပါအတိုင်း ဉာဏ်စဉ်ကို အထူးသီးသန့်ဟောခဲ့ပါသည်။ များသော
     အားဖြင့် ဉာဏ် ၃-ဆင့်ကိုသာ ဟောပြောလေ့ရှိပါသည်။)

                                            
                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                           ပင်မသံဝေဇနိယဌာန
                                                                  အမရပူရမြို့  ။                ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမုဒယသစ္စာ၏ သံယောဂဋ္ဌအနက် (၃)

အခုဟောရမှာက သမုဒယသစ္စာ၏ သံယောဂဋ္ဌ..အနက်သဘောဖြစ်တယ်၊ သံယောဂဋ္ဌ..ကိန်းရာဂ္ဂိုလ်တွေ
ကို ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ ယှဉ်တွဲတတ်တဲ့သဘော၊ လောဘ..တဏှာဟာ အာရုံနဲ့ဒွါရ တိုက်ဆိုင်လို့ ခင်ဗျား
တို့သန္တာမှာ (ဟဒယဝတ္ထုမှာ) ပေါ်လာတယ်၊ လောဘကလေးဖြစ်လာဖို့ရာ သူ့အာရုံက လှုံ့ဆော်ပေးတယ်
ဟိုဘက်သွားတော့ ဟိုဘက်မှာရစရာရှိတဲ့အာရုံက ဒီကမနောအကြည် (မနောဒွါရ) နဲ့တွေ့လိုက်တော့ လို့ချင်
တဲ့လောဘဇောက ဖြတ်ဆိုပေါ်လာတယ်၊ ဟဒယဝတ္ထု (မနောအကြည်) ဟာမှန်ပဲ၊ မှန်က ဟိုမှာကြွေးရှိတဲ့
လူဆီ သွားတဲ့လိုက်တယ်၊ သွားတဲ့လိုက်တော့ ဒီလောဘဇောအရိပ်က ဒီမှာသာပေါ်တယ်၊ ဒီလောဘဇောက
ကိန်းရာပုဂ္ဂိုလ်ကို ခိုင်းတော့တာပဲ၊ ခိုင်းတော့ ဟိုကျရင် ပြောရဆိုရ လိမ်ရ ကောက်ရလို့၊ မောရပန်းရတဲ့ ဒုက္ခ
တွေ တွေ့ရတယ်၊ တစ်ခါတလေ တစ်ယောက်နဲ့ တစ်ယောက်စကားများပြီး၊ ရန်ဖြစ်ရတဲ့အလုပ်တွေ တွေ့ရ
တယ်၊ ဒီတော့ လောဘသာဝင်လာရင် ဒုက္ခဝတ္ထုဒုက္ခမှုတွေနဲ့ တွဲပေးတော့မယ်၊ ဒီခန္ဓာကိုယ်ကြီးကို ရိုက်ခိုင်း
တော့မယ်၊ မရောက်ရောက်အောင် ရိုက်ခိုင်းတာပဲ။ မနက်မိုးလင်းရင် လောဘက ဆွမ်းတော်ထက် စောသေး
တယ်၊ သူကအရင်ကြွလာတယ်၊ အိပ်ရာက ထလို့ရှိရင်ဘယ်သူ့ဆီမှာ ယူစရာရှိတယ်၊ တောင်းစရာပေးစရာရှိ
တယ် စသည်နဲ့ မလာဘူးလား၊ ဒီတော့ ခင်ဗျားတို့မှာ ဒုက္ခဆိုးတွေနဲ့ ကြုံတော့တာပဲ၊ သူလာတဲ့နေ တစ်နေ့
လုံး နက္ခတ်ဆိုးကြုံတဲ့နေ့ ဆိုးရွားတဲ့ နေ့ပဲလို့မှတ်၊ လောဘက သူကြွလာရင်သူချည်း သက်သက်လာတာမ
ဟုတ်ဘူး၊ ဣဿာရော၊ မစ္ဆရိယရော၊ မာနရော၊ ဒိဋ္ဌိရော၊ အကုသိုလ်စေတသိတ် အဖော်တွေနဲ့လာတာ၊
အခြွေအရံတွေနဲ့လာတာ၊ ဒီအခြွေအရံတွေနဲ့လာတာ၊ ဒီအခြွေအရံတွေဟာ အစိမ်းသရဲ သဘက်တွေပဲ၊
လောဘက ဒုက္ခဝတ္ထု ဒုက္ခမှုတွေပေးမလို့လာတာ၊  ခင်ဗျားတို့က ဒါမသိတော့လောဘကလေးတွေကို လက်
သတ်မွေးထားတယ်၊ အမွေးလွဲပြီပေါ့၊ သူက..အခြွေအရံနဲ့တကွ လာပြီးခင်ဗျားတို့ကို စီမံတော့မယ်၊ အပြေး
ခိုင်းရင် ပြေးရမယ်၊ ဟာ နောက်ကျသွားလိမ့်မယ်၊ ဟိုမှာ ရစရာတွေဘာတွေရှိတယ်ဆိုတော့ အပြေးအလွှား
သွားရတယ် မဟုတ်လား၊ လမ်းများခလုတ်တိုက်လဲလဲ လဲပါစေ၊ ထမင်းမစားရ..အငတ်နေပေါ့ကွ ထမင်း
အရေးလုပ်လို့၊ နေ့တိုင်းစားနေရတာ၊ အချိန်လွန်သွားမယ်၊ တစ်ခါတလေ ၂-ထပ်ကို တစ်ထပ်တည်း စားရ
တာဟာလောဘကြောင့်ပဲ၊ သူရောက်လာရင် မင်းအငတ်ပြသာနာနဲ့လဲတွေ့ရမယ်၊ ဆန်အိတ်၊ ဆီပုံးတွေရှိ
လျက်နဲ့ ကောင်းကောင်းမစားရတဲ့ ဒုက္ခ..(ငတ်တဲ့ဒုက္ခ) ကို ငါပေးမယ်တဲ့၊ မင်းတို့နဲ့ ဒီဒုက္ခ ဝန်ထုပ်ကြီးတွေနဲ့
မကွဲအောင် အမြဲတွဲထားပေးမယ်တဲ့"ဝန်ထုပ်နဲ့အထမ်းသမား"မကွဲရအောင်လို့၊ ရုန်းထွက်လို့ မရအောင်ငါ
တွဲပေးမယ်တဲ့၊ လောဘက။
ခင်ဗျားတို့ကလဲ ထမ်းနေရတဲ့ ဒီဝန်ထုပ်ကြီးကျသွားမှာပဲစိုးရိမ်နေတယ်၊ ကျောပေါ်ကမချချင်အောင်ကိုသူက
စေတနာဗလဝနဲ့ လုပ်ထားတယ်၊ သားကလေးတစ်ယောက်မွေးလာရင် ကျောပေါ်တယ်ထား၊ သမီးကလေး
မွေးပြန်လဲ ကျောပေါ်တင်ထား၊ ဆွေမျိုးရင်ချာလေး ရောက်လာပြန်လဲကျောပေါ်တင်ထား၊ မိတ်ဆွေရင်းချာ
လေး ရောက်လာပြန်လဲ ကျောပေါ်တင်တာပဲ၊ ဒီလူတွေကို ပစ်လိုက်ပါတော့လား ဆိုတော့၊ ပစ်လို့မဖြစ်ဘူး
တဲ့၊ သူတို့နဲ့ပဲ အလုပ်လုပ်နေရတယ်တဲ့၊ ပစ်တာကိုမပါဘူး၊ ဒါတွေအကုန် ကျောပေါ်တင်တာပဲ၊ ဒါတွေဟာ
လောဘကတင်ပေးတာ၊ လောဘက ခင်တဲ့လူကိုတင်ပေးတာ၊ မခင်တဲ့လူကို မတင်ဘူး၊ သား သမီး၊ ဆွေမျိုး
မိတ်သင်္ဂဟတွေလာတော့ ကျွေးလိုက်မွေးလိုက်၊ ပေးစရာကမ်းစရာရှိပေးလိုက်ဟုတ်လား၊ သူတို့ကိစ္စအား
လုံး လုပ်ပေးရ၊ ပူစရာဟူသရွေ့လဲ ကိုယ်ပါရောပူရ၊ ပူတာဟူသရွေ့လဲ ကျောပေါ်တင်တာပဲ၊ ဝန်ထုပ်ဟူသ
ရွေ့လဲ ကျောပေါ်တင်တာပဲ၊ အတွင်းကလဲ အပူတွေ၊ ကျောပေါ်ကလဲ ဝန်ထုပ်တွေနဲ့ လောဘကတွဲပေးတာ
နော်၊ တစ်ယောက်တည်းနေရင် ကိုယ်ခန္ဓာတစ်ထုပ်တည်းထမ်းရမယ်၊ ဒီလိုထမ်းရတော့၊ ဝန်ပေါ့တော့တော်
သေးတယ်၊ တဏှာ သမုဒယ ရောက်လာတဲ့ အချိန်ကစ၍ ခင်ဗျားတို့က ဒီလိုနေလို့တော်မထင်းဘူးဖြစ်လာ
တယ်၊ ယောက်ျားဆို မိန်းမရှိမှ၊ မိန်းမဆို ယောက်ျားရှိမှတဲ့၊ ဒါမှတော်မယ်တဲ့၊ ဒါ..သမုဒယကအိမ်ထောင်ပြု
ခိုင်းတာ၊ ဒီတော့ ယောက်ျားဝန်လဲ မိန်းမကထမ်းရ၊ မိန်းမဝန်လဲ ယောက်ျားကထမ်းရ၊ နောင်သားသမီးတွေ
 မွေးလာပြန်တော့ ဝန်တွေပိုထမ်းရပြန်တယ်၊ နောက် သားသမီးတွေက ဆက်လက်ပြီး မြေးတွေမြစ်တွေမွေး
ပြန်တော့ ထမ်ပြီးပိုထမ်းရပြန်တာပဲ၊ ဝန်ထုပ်နဲ့ခွဲလို့ကို မရဘူး၊ ဒီ သားသမီးတွေ၊ ဒီမြေးတွေနဲ့များခွဲလို့ရတော့
မယ်၊ စွန့်များသွားရတော့မယ်ဆိုရင် မျက်ရည်များတောင် ကျသေးတယ်၊ ဝန်ကျမှာသိပ်စိုးရိမ်တယ်၊ ဝန်ပိပြီး
သေမှ ကျေနပ်တဲ့အမျိုး၊ ဝန်ပိပြီးသေပါရစေ၊ ဝန်ကျပြီးဆွေကွဲ မျိုးကွဲနဲ့ သားကွဲ သမီးကွဲနဲ့ မသေပါရစေနဲ့တဲ့
ဆိုတောင်းလိုက်သေး၊ ဒါခင်ဗျားတို့ရဲ့ဖြစ်စဉ်၊ ဖြစ်စဉ်က အင်မတန်ဆိုးရွားတယ်၊ ဆွေတွေမျိုးတွေ သားတွေ
သမီးတွေအကုန်လုံး ဝိုင်းရံပြီး နှိပ်စက်သရွေ့ခံပြီးမှဝန်ပိသေပါရစေတဲ့၊ ဝန်ကျပြီး သေပါရစေလို့ကိုမလာဘူး
ဘုရားကတော့ ဝန်ကျသေမှကြိုက်တယ်၊ ခင်ဗျားတို့က ဝန်ပိသေမှ ကြိုက်တယ်၊ သေခြင်းဆိုးသေမှ ကျေနပ်
တယ်ဆိုတော့ ဆိုးရွာလှတယ်၊ ဒါ သမုဒယအကြောင်း မသိလို့၊ ဝန်တင်တဲ့သူကိုသာ သတ်မယ်ဆိုရင် ဝန်
တင်မယ့်လူမရှိတော့ဘူး၊ မရှိရင် ခင်ဗျားတို့ ဝန်တွေပေါ့သွားမှာ၊ ဒါပေမယ့် ခင်ဗျားတို့က သေတာတောင်
ဆွေထဲ မျိုးထဲ သားနဲ့ သမီးနဲ့ ကိုယ့်အိမ် ကိုယ့်ရာမှာ သေပါရစေ၊ တစ်ကောင်ကြွက်တော့ မသေပါရစေနဲ့တဲ့
သစ်တုံးကြီးတွေ တင်ပြီးဆွဲရတဲ့ကျွဲကြီးတွေ လမ်းပေါ်မှာ ကားယားကြီးတစ်ခါတည်း၊ ရင်ကွဲပြီးသေတာဟာ
ဝန်လေးလွန်လို့၊ မြင်းတွေလဲ မထားဆွဲရတာက တစ်မျိုး၊ ရထားပေါ်ထင်တဲ့ ဝန်တွေဆွဲရတာကတစ်မျိုးဆို
တော့၊ တစ်ခါတည်း ကျောက်လမ်းနဲ့ ရင်ဘတ်နဲ့သွားဆောင့်ပြီး သေတာဟာဝန်ပိသေတာ၊ ခင်ဗျားတို့လဲ ဒီ
ကျွဲတွေ မြင်းတွေလိုပဲ၊ ဝန်ပိပြီးရင်ဆို့ သေတာကများတယ်။
"ခန္ဓာဆိုတဲ့မြင်းက အထမ်းသမား အရုန်းသမား၊ တဏှာက အမောင်းသမား ဝန်တင်သမား"တဏှာဆိုတဲ့
မြင်းမောင်းသမားက သူငွေရဖို့သာအရေးကြီးတာ၊ မြင်း ပျော့တာပိန်တာ သူဂရုမစိုက်ဘူး၊ လမ်းပေါ်မှာ မနိုင့်
တနိုင်နဲ့ ဆွဲရလို့ခြေချော်ပြီး ရင်ကွဲသေလဲသေပစေတဲ့၊ ခိုင်းဖို့ရာကသူ့အလုပ်ပဲတဲ့၊ ခင်ဗျားတို့ကလဲ ဒီလိုပဲ
ဝန်းပိပြီးသေကြတာပဲ၊ တစ်ခါတလေ ဝန်ပိပြီးသက်ပြင်းကြီးများ ချနေလိုက်သေး၊ အိပ်ရာထဲမှာ ဝန်ပိနေတာ
သားသမီးကလဲ နေရာမကျ၊ အရောင်းအဝယ်ကလဲမဟန်၊ ဒီလိုဖြစ်တော့ ဟင်း..ဟင်းနဲ့ သက်ပြင်းကြီးချရ
တယ်၊ ဝန်ထမ်းရတာက နဲတာမှမဟုတ်ဘဲ၊ ဝန်ထမ်းရင်း အပြေးအလွှားသွားကြရ၊ လမ်းမှာ သေခြင်းဆိုးနဲ့
သေကြရနဲ့၊ ဝန်ပိနေတာ၊ အိမ်မှာနေလဲ အလုပ်ဟာအမြဲကပ်နေတယ်၊ ဟိုဟာလေးလဲ အမြင်မတော်လို့
ကိုယ်တိုင်လုပ်နေတယ်၊ ဒီဟာလေးလဲ ကြားမကောင်းလို့ ကိုယ်ပဲသွးပြီးပြုပြင်လိုက်ရနဲ့ အမြဲဖြစ်နေတယ်၊
ကျောင်းကန်ဘုရား တစ်ရက်တည်းသွားရတာတောင် ခက်နေတယ်၊ ဘာလို့တုံးဆို ဝန်တွေထဲက ထွက်သွား
ရမှာစိုးလို့၊ ဝန်မရှိတဲ့နေရာ အလုပ်မရှိတဲ့နေရာမှာ သွားနေဖို့ကျတော့ အချိန်ဆွဲနေရတာနဲ့ပဲ..မသွားဖြစ်ဘူး၊
ဝန်မရှိတဲ့ကျောင်းကန် ဘုရားသွားမယ်ဆို နှေးလိုက်တာ၊ ဝန်ရှိတဲ့..ဝန်ပိတဲ့နေရာ အိမ်ပြန်ရတော့မယ်ဆို
တော့ သွက်လိုက်တဲ့ဖြစ်ချင်း၊ ဝန်ပိတဲ့ဆီကို သုတ်သုတ်ကလေးပြန်ကြတာပဲ၊ ဝန်ပိတဲ့ဆီမှာ ပျော်ကြတယ်၊
နေချင်ကြတယ်၊ ဝန်မရှိတဲ့ဆီကျတော့ မပျော်ဘူး မနေချင်ဘူး၊ ဝန်ကျသွားရင်ကို မကြိုက်ကြတာ၊ ကျောင်း
မှာ တရားနာ၊ တရားအားထုတ်ပြီး အေးအေးဆေးဆေးနေပါတော့လားဆိုတော့ မဖြစ်သေးဘူး ဘုရားချည်း
လာကြတာပဲ၊ ဝန်ကင်းတဲ့နေရာ ဒီနေရာမှာတော့ ခဏပဲနေနိုင်တယ်၊ အံမယ်လေး..အမောဆိုက်မှာ ကျေနပ်
တဲ့ ကြိုက်တဲ့အမျိုးတွေပါလား။ ပါးစပ်က ဆုတောင်းတော့ ချမ်းချမ်းသာသာနေရပါလို၏တဲ့၊ အလုပ်သဘော
ကတော့ အမောဆိုက်မှကျေနပ်တယ်၊ အမောမဆိုက်ရင် မကျေနပ်ဘူး၊ အမောခံနိုင်လို့ ဝန်တင်သမားကို
ကျေးဇူးတင်လိုက်သေး၊ ဒီဖြင့် အထမ်းသမားက လျှာထွက်နေပြီမဟုတ်လား၊ သားသမီး ဝန်၊ ဆွေမျိုးဝန်တွေ
နဲ့ ၉၆-ပါး ရောဂါဝေဒနာဘေးတွေရှိတဲ့ လမ်းခရီးကြီးမှာသွားနေရတယ်၊ လမ်းခရီးကလဲ ဘေးတွေစုံနေတာပဲ
အဲဒီ အထဲမှာ ဝန်တွေကလဲ ပပြည့်တင်ပြီး ထမ်းပြေးရတယ်၊ ဒါဖြင့် ဝန်ထုပ်နဲ့ ခွဲပါလားဆိုတော့..မခွဲချင်ဘူး
တဲ့၊ ဒီဝန်ကြီးမှ ထမ်းနေချင်တာ၊ လမ်းကကြမ်းကြမ်း လူကြီးမှ အိုမှဝန်ထုပ်ကလဲ ပိုမရုန်းနိုင်တဲ့အချိန်ကျမှ
ဝန်ထုပ်က များလာတယ်၊ အိုလာတော့မှ သားသမီးဝန်၊ မြေးမြစ်ဝန်တွေထမ်းနေရတာ..စိတ်အေး လက်အေး
နေရတဲ့အချိန်ကိုမရှိပါဘူး၊ လမ်းမှာ မနိုင်ဝန်တွေထမ်းပြေးရတော့ မြင်းသေ၊ နွားသေသေမှာပဲ၊ ကားယားကြီး
နဲ့သေရမှာ၊ ခင်ဗျားတို့က သတိထားမှပေါ့၊ သမုဒယကတော့..လျှော့မှာ မဟုတ်ဘူး၊ ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့
မကွဲရအောင်တွဲထားဖို့က ငါ့တာဝန်တဲ့၊ သေတောင်မကွဲစေရဘူးတဲ့၊ သမုဒယသတ္တိက မသးဘူးနော်၊
အသက်တစ်ရာမနေရသော်လဲ အမှုတစ်ရာတော့တွေရမှာပဲ၊ ဒါ သူကပေးတာ၊ ဒါတွေဟာ သမုဒယ..တဏှာ
လောဘရဲ့ဒဏ်ချက်တွေပဲ၊ သူကတော့ ရောက်တဲ့အချိန်ကစပြီး ဆိုးကျိုးပဲပေးမှာ၊ ကောင်းကျိုးတစ်ခုမှမပါ
ဘူး။
နွားဆိုတာ ထမ်းပိုနဲ့ကင်းလို့ဆိုရင် နေကိုမနေတတ်ဘူး၊ သူ့ကိုခိုင်းပြီး လွှတ်လိုက်ပေမယ့်၊ ညနေကျတော့
ထမ်းပိုးတပ်မယ်ဆီ ပြန်လာတာပဲ၊ ခိုင်းမယ့်အိမ်ကို ပြန်လာတာပဲ၊ ခင်ဗျားတို့ကလဲ နွားလိုဖြစ်နေပြီ၊ ဘယ်
သွားသွားကိုယ့်အိမ်ကိုယ့်ရာပဲ ပြန်တာပဲ၊ ထမ်းပိုးရှိတဲ့ဆီ ပြန်တာပဲ၊ ထမ်းပိုးထမ်းရလို့ ပခုံးပွန်းတာလဲ အ
တော်ကြာခဲ့ပြီ၊ ဒါပေမယ့် ရုန်းရတာအားမရသေးဘူး၊ နောက်ထပ် ပခုံးပွန်းချင်နေသေးတယ်၊ ကိုယ့်အိမ်ကို
မြန်မြန် ပြန်ချင်တာဟာ မြန်မြန်ရုန်းချင်တဲ့ အဓိပ္ပာယ်ပဲ၊ ဒီမှာဆိုတံမြက်စီး တစ်ချက်မလှည်းရဘူး၊ အိမ်မှာဆို
ရင် တ့မြက်စည်းကအစ..နောက်ဆုံး အိမ်သာအထိ ကိုယ့်တာဝန်ချည်းပဲ၊ ဒါပေမယ့် ဒီမှာပျော်သလားဆို
တော့ မပျော်ဘူးတဲ့၊ အိမ်မှာ ပျော်တယ်တဲ့၊ ဒါဖြင့် ထမ်းပိုးလျှိုရှိုနေချင်တဲ့ အဓိပ္ပာယ်ပဲ၊ ထမ်းပိုးထမ်းချင်လို့
ပေါ့၊ ထမ်းပိုးနဲ့ကင်းရင် မနေတတ်ဘူးပေါ့။ လောဘက ဒီလောက်တောင် ခင်ဗျားတို့ကို"ပခုံးနဲ့ ထမ်းပိုးနဲ့"မခွဲ
နိုင်အောင်လုပ်ထားတာ၊ ဇနီးက ကျောင်းကန်သွားနေပေါ့ဆိုရင်..နင်တို့က မသိလို့လွှတ်တာ၊ ငါကတော့ရှေ့
ရေး နောက်ရေးသိတယ်လို့ဆိုလိုက်သေး၊ ဘာသိတာတုံး ထမ်းပိုး ထမ်းရဲတယ်ပြောတာ၊ ထမ်းပိုးက လွှတ်
တာတောင်မရဘူး၊ ဒီတော့ ခင်ဗျားတို့ဟာ ဘယ်လိုပဲ ဘေးမဲ့လွှတ်လွှတ်ရကိုမရဘူး ဖြစ်နေတယ်၊ ကိုယ့်
သား ကိုယ်သမီး ကလေးတွေကိုယ့်အိမ်ကိုယ့်ရာနဲ့ လူလားမြောက်တဲ့အထိ ကျွန်ခံပါရစေအုံးလို့လာသေး
တာ၊ ထမ်းပိုးရုန်းရင်း ဝန်ထမ်းရင်း သေမယ်ဆိုတဲ့ အဓိပ္ပာယ်၊ ဝန်ပိပြီး သေခြင်းဆိုးသေချင်တဲ့ သဘောပေါ့
သားသမီးကြည့်လဲ စိတ်မချ၊ ဝန်ပိတယ်၊ ပစ္စည်းတွေကြည့်လဲစိတ်မချ၊ ဒီလို စိတ်မချ လက်မချနဲ့ဆိုတော့
ရင်ကြပ်ပြီးသေတာပေါ့၊ အဲဒါ ဝန်ပိသေတဲ့အဓိပ္ပာယ်၊ လွှတ်ရာကျွတ်ရာကိုသွားပါတော့ဆိုတော့လဲ၊ ခင်ဗျား
တို့က နှင်လို့ကိုမရဘူး၊ ထမ်းပိုး ပိချင်နေတာပဲ၊ ပခုံးနဲ့ ထမ်းပိုးနဲ့ ပြတ်ရင်ကို မနေတတ်ကြတာ၊ တောင်းဝှေး
ထောက်ပြန်တဲ့ အဖိုးကြီးတွေတောင် ဒီမှာ လွတ်လွတ်လပ်လပ် အေးအေး ဆေးဆေးနေပါလားဆိုတောင်
မရဘူး သမုဒယဆိုတဲ့ လောဘက သတ္တဝါတွေကို ထမ်းပိုးနဲ့ ပခုံးနဲ့ မကွဲရအောင် အမြဲတွဲပေးတဲ့သတ္တိရှိတယ်
ဒီလို သမုဒယရဲ့ ဆိုးကျိုးတွေကို သိအောင်လုပ်၊ ဒီဆိုးကျိုးတွေက လွတ်အောင်အားထုတ်၊ ဒီတော့ ဆိုးကျိုး
တွေပေးမယ့် လေဘလာရင် ဖြစ်ပျက်ရှုကြ၊ အမှန်က ဒီတဏှာလောဘမလာခင် သူ့ ရေသောက်မြစ်တဲ့
"ဝေဒနာ"ကိုဖြစ်ပျက်ရှုကြ၊ တဏှာမလာခင်ဝေဒနာလာတုန်း ရှုတာပိုကောင်းတယ်၊ တဏှာလာမှ ရှုရင်လဲ
နိုင်အောင်ရှုပေါ့၊ ဒီ ၂-ချက်မှတ်ထား၊ အနာပေါက်မှ ကုတာထက် အနာမပေါက်ခင် မပေါက်အောင် လုပ်တာ
က ပိုကောင်းသလိုပေါ့၊ ဒီတော့..ဝေဒနာဖြစ်ပျက်မြင်အောင်၊ နောက်..မုန်းအောင်၊ နောက်..ဆုံးအောင်ရှု
ဆုံးရင် သမုဒယလက်တွင်းမှ လွတ်ပြီ။                 ။

                                                ဤကောင်းမှုကုသိုလ်ကံ
                          စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                          ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                       အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                              တည်ရှိပါစေသတည်း ။                ။
                   
                                                                                                              အရှင်ဉာဏဓဇ
                                                                                               မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                                   အမရပူရမြို့ ။             ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ဟောကြားဆုံးမတော်မှုသော သမုဒယသစ္စာအနက်ဖွင့် တရားတော်

တရားတော်အမည် တိုက်ရိုက်နာယူရန် ဒေါင်းလော့ယူရန် 
သမုဒယသစ္စာအနက်မှ အာယုဟနဌောတရားတော်(၁) (၁၀-၁၂-၁၉၅၇) dw
သမုဒယသစ္စာအနက်မှ နိဒါနဌောတရားတော်(၂) (၁၁-၁၂-၁၉၅၇) dw
သမုဒယသစ္စာအနက်မှ သံယောဂဌောတရားတော်(၃) (၁၂-၁၂-၁၉၅၇) dw
သမုဒယသစ္စာအနက်မှ ဗလိဗောဓဌောတရားတော်(၄) (၁၃-၁၂-၁၉၅၇) dw
အ၀ိဇ္ဇာနှင့်တဏှာက တရားတော် dw

Friday, January 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာ၏ အမတဋ္ဌအနက် (၄)

နိဗ္ဗာန်ဟာ"အမတဋ္ဌ"သဘောရှိတယ်၊ "အမတဋ္ဌ"ဆိုတာ မအို၊ မနာ၊ မသေ..အမြဲနေတဲ့သဘောကို ဆိုတာပဲ၊
ခန္ဓာကြီးကတော့ အမြဲပဲ အိုလိုက် နာလိုက် သေလိုက် ဖြစ်နေတာပဲ၊ ဒီတော့ ခင်ဗျားတို့နေတဲ့နေရာဟာ၊ အို..
နာ..သေ အမြဲရှိနေတဲ့နေရာပဲ၊ ဒီဘဝမှာလဲ အို..နာ..သေ၊ နောင်ဘဝ ရောက်ပြန်တော့လဲ အို..နာ..သေ၊ ဟို
ဘဝကူးပြန်တော့လဲ အို..နာ..သေ၊ ဪ...နိဗ္ဗာန်နဲ့ခင်ဗျားတို့နေတဲ့နေရာနဲ့တော့အတော်ကွားခြားနေပါလား
ခင်ဗျားတို့က နိဗ္ဗာန်အကြောင်းလဲ ကောင်းကောင်းသဘောမကျ၊ နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းလဲမစီ
မံတတ်သေကြောင့်၊ သွားတော့ သွားနေတာပဲ၊ သွားတော့ဘယ်ရောက် အိုလမ်း..နာလမ်း..သေလမ်းသာ
ရောက်နေတယ်၊ မအိုချင်လို့၊ မနာချင်လို့၊ မသေချင်လို့၊ ဆေးဝါးတွေနဲ့ ကု၊ ပရိတ်တွေ မန္တာန်တွေနဲ့ ကာကွယ်
စောင့်ရှောက်ကြသော်လဲ၊ ခန္ဓာကိုယ်ကြီးက အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အမျိုးဆိုတော့ ဘယ့်နှယ်မှမ
တတ်နိုင်ဘူး၊ ခန္ဓာကိုယ်ကြီးဟာ သင်္ချိုင်းကိုအမြဲ မျက်စောင်းထိုးနေတာပဲ၊ နတ်ပြည်ရောက်လဲ ဗြဟ္မာပြည်
ရောက်လဲ သင်္ချိုင်းကို မျက်စောင်းထိုးနေတာပဲ၊ ခင်ဗျားတို့ ခန္ဓာအကြောင်း ကောင်းကောင်းမသိလို့ ဒီခန္ဓာ
ကြီးကို လိုချင်နေတာ၊ ဆုတောင်းယူနေတာ၊ ခန္ဓာအကြောင်း ကောင်းကောင်းမသိရင်၊ ခန္ဓာကို..လိုချင်နေရင်
ခင်ဗျားတို့ ဘယ်တော့မှ နိဗ္ဗာန်ကို လိုချင်မှာမဟုတ်ဘူး၊ ခန္ဓာအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိရင်
ဒီန္ဓာကြီးကို လိုချင်မှာမဟုတ်ဘူး၊ ဒီတော့ ခန္ဓာကြီးအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိမှ နိဗ္ဗာန်ကိုလို
ချင်မှာ၊ နိဗ္ဗာန်ကတော့ မအိုမသေအမြဲနေတဲ့နေရာပဲ၊ ပဋိသ မ္ဘိဒါမဂ် အဋ္ဌကထာဆရာက၊ ခန္ဓာကိုအဆိပ်ပင်
ကြီးဟာ သူ့ အဆိပ်နဲ့သူ သေတဲ့သဘောကိုမြင်သဖြင့်၊ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ဉာဏ်၌ထင်မြင်လို
ချင်လာ၏ဟု ဆိုထားတယ်၊ ဒီတော့ မအို..မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို သဘောကျဖို့ လိုချင်လာဖို့ရာ ခန္ဓာ
ကြီးအကြောင်း ကောင်းကောင်းသိရမယ်။ ဒီ ခန္ဓာကြီးဟာ အဆိပ်ပင်ကြီးပဲ၊ သူ့မှာ ဇရာ၊ ဗျာဓိ၊ မရဏ..အို နာ
သေ ဆိုတဲ့ အဆိပ်တွေ မွေးကထဲက တစ်ခါတည်းပါလာတယ်၊ ယူလာတယ်၊ ဒီတော့ သူ့ အဆိပ်နဲ့သူသေမှာ
ပဲ၊ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ ဆုတောင်းမပြည့်တဲ့ ခန္ဓာကြီး၊ မအိုပါရစေနဲ့၊ မနာပါရစေနဲ့၊ မသေပါရစေ
နဲ့လို့ ဆုတောင်းလို့ ရရဲ့လား၊ မရဘူးနော်၊ သူယူလာတဲ့ အိုနာ အဆိပ်နဲ့ သူသေရမှာပဲ၊ အသက်ထွက်ရမှာပဲ၊
ဒီခန္ဓာအဆိပ်ပင်ကြီးဟာ အိုဖို့ရာလဲ သူ့ အဆိပ်နဲ့သူ၊ နာဖို့ရာလဲ သူ့ အဆိပ်နဲ့သူ၊ သေဖို့ရာလဲ သူ့ အဆိပ်နဲ့သူ
တစ်ခါတည်း ပါလာတာပဲ၊ ဒါကြောင့် ဒီန္ဓာကြီးရတဲ့ ပုဂ္ဂိုလ်အပေါင်းဟာ ဘယ်နည်းနဲ့မှ ချမ်းသာလိမ့်မယ်
ဘေးကင်းလိမ့်မယ် မဟုတ်ဘူး၊ ဆင်းရဲတွင်းမှာ အိုပွဲ..နာပွဲ..သေပွဲနဲ့ပဲ ဇာတ်သိမ်းရမည့် ဒီခန္ဓာကြီးဟာ သူ့
အဆိပ်နဲ့သူ သေရတာ၊ နေရာမရွေးဘူးနော်၊ နတ်ပြည်ရောက်လဲ သေမှာပဲ၊ ဗြဟ္မာပြည်ရောက်လဲ သေမှာပဲ
လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်မှာ အကြိမ်ကြိမ် ခံစားရ၍..လို့ဆုတောင်းရင် ဒါကိုယ့်အဆိပ်နဲ့ကိုယ် အဖန်ဖန်
သေရ၍..ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒီတော့ သစ္စာမသိသေးရင် ဒီခန္ဓာကြီးကို ဆုတောင်းယူကြမှာပဲ။
ခန္ဓာကြီးမှာ အို နာ သေ ဟာတစ်ခါတည်း ပါနေတော့သူဟာ ဒုက္ခသစ္စာအစစ်ပဲ၊ ခန္ဓာကြီးရှိသရွေ့ ဒုက္ခ
ရောက်နေမှာပဲ၊ ဒုက္ခသစ္စာဆိုတာ ဆင်းရဲတာအမှန်၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဖြင့်မဆင်းရဲတဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး
နော်၊ တော်တော်ကြာ အိုရပြန်ပြီ၊ နာရပြန်ပြီ၊ သေရပြန်ပြီ၊ နောက် တစ်ခါ ရပြန်လဲ အိုရ..နာရ..သေရပြန်တာ
ပဲ၊ နောင်ဘဝများစွာ အကြိမ်ကြိမ်ရပြန်တော့လဲ အိုရ..နာရ..သေရ မှာပဲ၊ ဒီလို ခန္ဓာကြီးကို ခင်ဗျားတို့ ကြိုက်
နေတာကဖြင့်"စုံလုံးကန်း"လို့ပဲ၊ သေသွားတဲ့ မိဘ..ဆွေမျိုး..မိတ်ဆွေတွေကိုသုဿန်သို့ အကြိမ်ကြိမ်လိုက်
ပို့ခဲ့ပြီးငြားသော်လဲ၊ ဒီဘဝ ငါ သေရအုံးမယ်ဆိုတာလဲမမြင်၊ နောင်ဘဝရောက်လဲသေရအုံးမယ်ဆိုတာလဲမ
မြင်ဘူးဆိုတော့ နှစ်ဘက်စုံလုံးကန်းတာပဲ၊ ခန္ဓာဒုက္ခသစ္စာကြီးကို လွယ်ထားရပါလျက် ဒုက္ခသစ္စာမှန်းမသိ
တာလဲ"ကြောင်တောင်ကန်း"လို့မသိတာပဲ၊ မနာကြနဲ့၊ ဒါခင်ဗျားတို့ ဖြစ်စဉ်ပဲ၊ ခန္ဓာကြီးဟာ အို..နာ..သေ တစ်
ခါတည်းကပ်ပါလာတော့၊ မအို..မနာ..မသေ အောင် ပရိတ်တွေရွတ်..ကာကွယ်သော်လဲမရဘူး၊ မိုးကြိုးပစ်
တာကို ထန်းလက်နဲ့ကာလို့ မရဘူးနော်။ "အဆိပ်သီးနဲ့ငှက်"ဟိမဝန္တာတောမှာ ၁၂-ရာသီပွင့်ပြီး ၁၂-ရာသီ
သီးတဲ့ အဆိပ်တောကြီး တစ်ခုရှိတယ်၊ ဒီတော့ရောက်သွားတဲ့ သတ္တဝါတွေဟာ ဒီအဆိပ်သီးရဲ့ အနံ့သာရှူ
ရှိုက်မိလို့ရှိရင်၊ မစားဘဲမနေနိုင်လောက်အောင်ကိုမွှေးကြိုင်တယ်၊ အဆင်း အနံ့ အရသာ သိပ်ကောင်းတယ်
စားမိလို့ဝမ်းထဲရောက်ရင်တော့ သေတာပဲ၊ ဒီအပင်အောက် သွားကြည့်ရင် ငှက်ရိုးတွေ သားကောင်းရိုးတွေ
ပုံနေတာပဲ၊ နောက် အတောင်စုံပြီး ပျံလာကြတဲ့ ငှက်တွေကလဲ ဒီအနံ့ရပြီးစားချင်စိတ်ပေါက်လာပြန်တာပဲ၊
သူတို့မိဘအရိုးတွေသစ်ပင်အောက်မှာ မြင်ပေမယ့် ဪ..သူတို့သာ သေတာ၊ ဒို့ မသေဘူးဆိုပြီး စားပြန်
တော့ သေကြပြန်တာပဲ၊ နောက်အကောင်တွေလာလဲ စား သောက်တာပဲ၊ ဒီတော့ အရိုးပေါ် အရိုးထပ်သေ
ကြတယ်တဲ့။
ဒီတော့ တိရစ္ဆာန်သေးတွေ တယ်မိုက်တာပဲလို့ မဆိုထိုက်ဘူးလား၊ ဆိုထိုက်တယ်၊ သေတဲ့ မိဘအရိုးတွေမြင်
လျက်သားနဲ့၊ အသီးရဲ့ အနံ့မခံနိုင်တာနဲ့ စားပြီးတော့သေကြတယ်၊ အရိုးပေါ် အရိုးထပ်သေပွဲဝင်ကြတယ် ၊
ခင်ဗျားတို့လဲ ကိုယ်အဖေအမေတွေ အဘိုးအဘွားတွေဟာ ချမ်းသာမှု..သုခဝေဒနာကိုကြိုက်လို့ သူ့နောက်
လိုက်ပြီး၊ စီးပွားရေးတွေ နေ့မအား..ညမအားလုပ်ကိုင်ကြတယ်၊ အဲဒါသုခဝေဒနာ အဆိပ်သီးကို ရှာကြတာပဲ၊
သုခဝေဒနာကို စားရင်းမတ်တတ်နဲ့ပဲ၊ အို..နာ..သေ သွားကြတယ်၊ သွားကြလို့ ခင်ဗျားတို့ ကိုယ်တိုင် သုဿန်
ပို့ခဲ့ကြရပြီ မဟုတ်လား၊ ဒီအဆိပ်သီးစားရင် ဒီအဆိပ်သီးကသတ်တာနဲ့ သေမှာပဲ၊ သေကြလို့ မိဘဘိုးဘွား
တွေရဲ့ အရိုးတွေတောင်လိုပုံရတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကသူတို့သာဒီအသီးစားပြီးသေတာ၊ ဒို့ စားရင်
တော့မသေဘူးဆိုပြီး..ဒီဝေဒနာအဆိပ်သီးကိုလျှောက်ရှာပြီးစားကြတော့၊ သေခြင်းဆိုးနဲ့သေကြတော့တာပဲ၊
သေတော့ အရင်အရိုးတွေပေါ် ခင်ဗျားတို့ အရိုးတွေ ထပ်ပြန်တာပဲ၊ နောက် ခင်ဗျားတို့ အမျိုးဟာ"အဆိပ်စား
တဲ့အမျိုး၊ သေခြင်းဆိုးနဲ့သေတဲ့အမျိုး"လို့ဆိုထိုက်တာပေါ့၊ အံမာလေ..တိရစ္ဆာန်တွေထက် မိုက်သေးပါက
လား၊ ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာမသိသရွေ့ အဆိပ်စားကြအုံးမှာပဲ၊ စားပြီး သေခြင်းဆိုးနဲ့ သေကြအုံး
မှာပဲ၊ "သူသတ်သမားဝေဒနာ"သံယုတ်ပါဋ္ဌိတော်မှာ ဘုရားက"ဝေဒနာမာရော"ဝေဒနာဟာ သူသတ်သမား
လို့ဟောထားတယ်၊ ဝေဒနာ ၆-မျိုးရှိတယ်၊ မျက်စီ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့
ဝေဒနာဟာ ၆-မျိုးရှိတယ်၊ ဝေဒနာ ၆-ပါးဟာ သူသတ်သမား ၆-ယောက်တဲ့၊ ဟုတ်ရဲ့လား၊ ဒီဝေဒနာကို စား
ရင်း သေကြတာပဲ၊ ဒီဝေဒနာကို လိုချင်..ရချင်လို့၊ မျက်စီ ချမ်းသာချင်လို့၊ နား ချမ်းသာချင်လို့၊ နှာခေါင်းချမ်း
သာချင်လို့၊ လျှာ ချမ်းသာချင်လို့၊ ကိုယ် ချမ်းသာချင်လို့၊ စိတ်ချမ်းသာချင်လို့..လိုက်ရှာကြတယ်၊ အဲဒါ အဆိပ်
ရှာကြတာ၊ သူသတ်သမား ရှာကြတာ၊ တချို့ဆို ရှာရင်းမတ်နဲ့သေတယ်၊ တချို့တော့ မျိုးရင်သေတယ်၊ တချို့
အနံ့သင့်ပြီးသေတယ်၊ ခုနက တိရစ္ဆာန်တွေကတော့ တိရစ္ဆာန်မို့ မသိလိုစားပြီးသေတယ်၊ ခင်ဗျားတို့မှာ လူလို့
တော့ ဆိုင်းဘုတ်ဆွဲထားပါရဲ့၊ ဒါပေမယ့် စားပုံသောက်ပုံတွေကတော့ တိရစ္ဆာန် စားပုံသောက်ပုံနဲ့ အတူတူပါ
ပဲ၊ နုတ်သီးနဲ့ ပါးစပ်ပဲ ကွာတာပဲ၊ ၃၁-ဘုံလျှောက်ကြေည့် ဒီဝေဒနာသတ်တာနဲ့ သေကြတာချည်းပဲ၊ ဒီခန္ဓာအ
ဆိပ်ပင်ကသီးတဲ့ ဝေဒနာအဆိပ်သီးတွေစားမိတာနဲ့ သေကြတာပဲ။
ခင်ဗျားတို့က"သုခကြိုက်တွေ"ဖြစ်နေတော့၊ သုခကိုပဲလျှောက်ရှာတာပဲ၊ ရှာပြီးတော့စားတဲ့လူကို သုခက
သတ်တာပဲ၊ ခင်ဗျားတို့ကလဲ (သုခ) ဝေဒနာ ၆-မျိုးကိုချည်း လိုက်ရှာနေကြတာပဲ၊ ဒီ သတ်မယ့်လူ မတွေ့
သေးလို့ရှိရင်၊ ဒီနေ့ စိတ်မချမ်းမသာ ဖြစ်ကြတယ်၊ သတ်မယ်သူတွေ့မှ ချမ်းသာတယ်တဲ့၊ ဘယ်လောက်မျက်
စိလည်နေသလဲ၊ ခင်ဗျားတို့ မသိတာကတော့ဖြင့် ဟောတဲ့ပုဂ္ဂိုလ်တောင် သံဝေဂရလာတယ်၊ ခင်ဗျားတို့က
ထူလွန်း အလွန်းလို့ ပြောတဲ့ပုဂ္ဂိုလ်တောင် မပြောချင်လောက်အောင်ဖြစ်လာတယ်၊ ခင်ဗျားတို့မှာ မျက်စိချမ်း
သာမှု၊ နားချမ်းသာမှု၊ နှာခေါင်းချမ်းသာမှု၊ လျှာချမ်းသာမှု၊ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုမရရင်..စိတ်ဆင်း
ရဲ့ပြီး နေထိုင်မကောင်းတောင်ဖြစ်လာကြတယ်၊ ဘာပြုလို့ သတ်မယ့်လူမလာလို့၊ အဲဒီကျအောင် ဉာဏ်
ရောက်ထားတော့မှ ဪ...ခန္ဓာ ၅-ပါး အဆိပ်ပင်ကြီးက ဒီအဆိပ်သီးတွေ သီးနေသရွေ့၊ ဒီအသီးတွေစား
နေသရွေ့၊ ဘယ်ဘုံရောက်ရောက် သေခြင်းဆိုးသေမှာချည်းပဲလို့ မြင်လာမယ်၊ မြင်လာမှ ဒီခန္ဓာကြီးကို မ
ကြိုက်တော့မှာ၊ မကြိုက်ရင် မသေရာရှာတော့မယ်၊ အမတ..မသေရာနိဗ္ဗာန်ဘက်ကို လှည်လာမယ်၊သဘော
ကျလာမယ်၊ အခုတော့ ခင်ဗျားတို့ဟာ ခန္ဓာအဆိပ်ပင်ကြီးက ထွက်လာတဲ့ ဝေဒနာ..အဆိပ်သီးကိုသားစဉ်
မြေးဆက်စားစားပြီးသေသေလာခဲ့ကြတာဖြစ်တော့၊ ဒီအမျိုးဟာ အဆိပ်စား သေတဲ့အမျိုးပေါ့၊ မင်းမျိုးလား
သူဌေးမျိုးလားလို့ စဉ်းစားမနေပါနဲ့တော့၊ ကိုယ်အမျိုးကိုယ်သိပြီးသား၊ ခင်ဗျားတို့သေချင်ကြသလား၊ မသေ
ချင်ဘူးတဲ့၊ မသေချင်တာတော့ အမှန်ပဲ၊ ဒါပေမယ့် ကိုယ့်လည်ပင်းကိုယ်ကြိုးတပ်လာတာကတော့ ဖြုတ်မရ
ဘဲဖြစ်နေတယ်၊ သေရမှာတော့ ဧကန်ပဲ၊ အခုလို ခန္ဓာရဲ့သဘောကို သိလာတော့မှ မသေရာဘက်ကို နဲနဲ
ကလေးညွတ်လာသလို ရှိလာတယ်၊ ကဲ..နောင်မသေချင်ရင်တော့ မသေရာရှာကြရမယ်၊ တကယ်ရှာရင်
တကယ်တွေ့မှာပဲ၊ အဲဒါရှာချင်ရင် ခန္ဓာကြီးကိုမခင်ဘဲနဲ့၊ သမုဒယချုပ်ပြီး ခင်ဗျားတို့ (၁) ဖြစ်ပျက်မြင်အောင်
ကြည့်၊ (၂) ဖြစ်ပျက်မုန်းအောင်ကြည့်၊ (၃) ဖြစ်ပျက်ဆုံးအောင်ကြည့်လို့ရှိရင် ခန္ဓာကြီးရဲ့သေတတ်တဲ့သ
ဘောကို ကောင်းကောင်းကြီးသိလာမယ်၊ ဒါသိပြီးတော့၊ သေတတ်တဲ့ သေတတ်တာကြီးကိုဖြင့်မကြိုက်
တော့ပါဘူးလို့သာ မဂ်ဉာဏ်ပေါ်အောင်ကြည့်လိုက်၊ မလိုချင်တဲ့အထိရောက်အောင်ရှုလိုက်၊ ဒီလိုရှုလိုက်လို့
တကယ့်ကိုမလိုချင်တော့ဘူးဆိုရင်၊ မသေရာအမုန် မြတ်နိဗ္ဗာန်ဟာတစ်ခါတည်းပေါ်လာတယ်၊ မသေရာကို
ခုကတည်းက တွေ့အောင်ရှာထားပါ၊ သေမှတော့ မတွေ့နိုင်ဘူး၊ ဒယ်အိုး (ငရဲထဲ) ရောက်သွားရင်သွားပြီ။
မသေရာရှာနည်းကတော့ ပြောနေကျအတိုင်းပဲ၊ ဒီဝေဒနာသာ ဖြစ်ပျက်မြင်အောင် ရှုပါ၊ ဒွါရ ၆-ပါးအရ ဝေဒ
နာ အသီးသီးမှာ ၆-မျိုးပြားသော်လဲ၊ စင်စစ်တော့ ဝေဒနာဟာ သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ၃-မျိုးတည်းပါပဲ၊ အဲဒီ
ဝေဒနာ ၃-မျိုး (တစ်မျိုးမျိုး) ကို ရှုလိုက်ပြီဆိုမှဖြင့် ဝေဒနာ ၃-မျိုးဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ္ဂ ဖြစ်တယ်၊
ရှုတော့ တဏှာမလာတော့ဘူး၊ ဒီဝေဒနာဟာ နဂိုတုန်းက ဝေဒနာအဖြစ်နဲ့နေရင်သာ အဆိပ်ဖြစ်တာ၊ အခု
ဖြစ်ပျက်ရှုလိုက်တော့ အဆိပ်မဖြစ်တော့ဘူး၊ အနိစ္စဖြစ်သွားတယ်၊ အဆိပ်မဖြစ်ရင် သူဟာ အို..နာ..သေ
လက်နက် ၃-မျိုးနဲ့ ဒီ ရှုတဲ့ ပုဂ္ဂိုလ်ကိုသတ်မယ့်အလုပ် မလုပ်နိုင်တော့ဘူး၊ မလုပ်နိုင်အောင် မဂ်ကတားထား
တယ်၊ ဒီလို ဖြစ်ပျက်..မဂ် ရှုတဲ့အလုပ်ကိုလုပ်မှ မသေရာကိုတွေ့မှာ ရောက်မှာ။
ဝေဒနာ ၃-ခုဖြစ်ပျက်တာ ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာပေါ်လာရင်သူက ဒုက္ခတင်သိတာမဟုတ်
ဘူး၊ သူကိစ္စက နိရောဓ (နိဗ္ဗာန်) လဲမြင်တယ်၊ သမုဒယ (တဏှာ) ကိုလဲသတ်တယ်၊ သစ္စာ ၄-ချက်ကို တစ်
ပြိုင်နက်သိတယ်၊ ဒါဖြင့်အလုပ် လုပ်မှမြင်မှာ၊ အလုပ်လုပ်တဲ့အခါ၊ ဒုက္ခသစ္စာကိုဖြစ်ပျက် ရှုမှုကြိုးစားပါ၊ ရှုလို့
ဒုက္ခသစ္စာအဖန်ဖန် သေတာကြီးမြင်မှသာ"အမတဋ္ဌော"ဆိုတာကို သဘောကျမယ်၊ ဒီတော့ ဝေဒနာကို ဖြစ်
ပျက် နာနာရှု၊ ရှုရင် ကိုယ်ကဝေဒနာကို သတ်ပစ်တာပဲ၊ မရှုရင် ဝေဒနာက ကိုယ့်ကိုယ်ကို သတ်မယ်၊ ဒီတော့
ဝေဒနာနဲ့စစ်ထိုးဖို့ ခါးတောင်းကြိုက်ကြ၊ ဝေဒနာပေါ်လာတိုင်း ဖြစ်ပျက်ရှုရမယ်၊ ဝေဒနာသာ သူသတ်သမား
မဟုတ်သေးဘူး၊ ခန္ဓာ ၅-ပါးစလုံး သူသတ်သမားချည်းပဲတဲ့၊ ခန္ဓာ ၅-ပါးဟာ သူသတ်သမားချည်းဖြစ်တော့၊
သူတို့မရှိမှ အသေလွတ်မှာပဲ၊ သူတို့ရှိနေရင် သေဦးမှာပဲ၊ ဒီတော့ ခန္ဓာ ၅-ပါးထဲက ဘယ်ခန္ဓာဖြစ်ဖြစ် ကြိုက်
ရာကို ဖြစ်ပျက်ရှုနိုင်တယ်၊ သူသတ်သမားကို ကိုယ်ကပြန်သတ်တယ်ပေါ့၊ သတ်တော့ ခန္ဓာနောက်က
တဏှာ စတဲ့အဖော်တွေလဲသေသွားတာပဲ၊ အဲဒါ မဂ်နဲ့သတ်တာ၊ ရှေ့ကဖြစ်ပျက်..နောက်ကမဂ် ဆိုရင် ဒါ
သတ်ပြီးသားပဲ၊ မဂ်နဲ့သတ်လိုက်တော့ ခန္ဓာ ၅-ပါးဆိုတဲ့ ဒုက္ခသစ္စာတွေ ကုန်ဆုံးသွားပြီး၊ "အသေဓာတ်"နေ
ရာမှာ "မသေဓာတ်"အစားထိုးလာတယ်၊ ဒါဆို မသေရာနိဗ္ဗာန်သို့ ရောက်ပြီမှတ်။                   ။

                                           ဤကောင်းမှုကုသိုလ်ကံ
                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                      ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                         တည်ရှိပါစေသတည်း ။                  ။

                                                                                                               အရှင်ဉာဏဓဇ
                                                                                            မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                      ပင်မသံဝေဇနိယဌာန
                                                                                                               အမရပူရမြို့ ။                   ။

Tuesday, January 1

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမုဒယသစ္စာ၏နိဒါနဋ္ဌအနက်(၂)

 အခုဟောမယ့်တရားက သမုဒယသစ္စာ၏ နိဒါနဋ္ဌ အနက်သဘောပါပဲ၊ နိဒါနဋ္ဌော..တဏှာသမုဒယကိန်းနေ
တဲ့ ပုဂ္ဂိုလ်အား ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို တစ်ခုမကျန် တစ်ရံမစဲ နားခွင်မရအောင် အမြဲပေးအပ် ဆောင်နှင်း
တတ်သည့် အနက်သဘော၊ ဒါ သမုဒယရဲ့သဘောပဲ၊ အမေတစ်ယောက်ကိုကြည့်ပါ၊ သူ့ သားသမီးနဲ့ စားစ
ရာမရှိတော့၊ အရောင်းအဝယ်သွားရင် လာရင်းသာ ခွဲရမယ်၊ ခွဲချင်တဲ့စိတ်မရှိဘူး၊ ဒီကလေး ကျင်ကြီးကျင်
ငယ်ထွက်လာရင် ညှစ်ပေးချင်တယ်၊ တစ်ခါတည်း သူ့ အညစ်အကြေးတွေဟူသရွေ့ အကုန်လုပ်ချင်တဲ့ဆန္ဒ
ဟာ မခွဲချင်တဲ့ဆန္ဒပဲ၊ ဒုက္ခတွေနဲ့ မခွဲချင်တဲ့ဆန္ဒပဲ၊ မထားခဲ့ချင်ဘူး၊ ဝမ်းရေးက အရေးကြီးလို့ စိတ်လက်မ
ကောင်းဘဲနဲ့ထွက်သွားရတာ၊ သူပြုရမယ့် ဒုက္ခတွေကို မပြုရလို့ရှိရင် သူမကျေနပ်၊ မိဘတာဝန် မကျေဘူးတဲ့
ဒါ သမုဒယကလေးဝမ်းထဲရောက်လာရင်၊ ကိန်းရာပုဂ္ဂိုလ်အား ဒုက္ခဝတ္ထု၊ ဒုက္ခမှုတွေကိုသာ ပေးမှာပဲ ကိန်းရာ
ပုဂ္ဂိုလ်ကိုသူက အမြဲနှိပ်စက်မှာပဲ၊ ဘုရား ရဟန္တာတွေကျတော့..သူမရှိတော့တဲ့အတွက် သူ့ကိုပယ်ထားတဲ့အ
တွက် ဒုက္ခဝတ္ထု ဒုက္ခမှုတွေကိုမပေးတော့ဘူး။ သူ့အကြောင်း ကောင်းကောင်းသိရင် မုန်းလာမယ်၊ မသိရင်
တော့ သူ့ကိုကြည်ညိုနေမှာပဲ၊ သူ့ ကြောင့်ပဲနေမအား၊ ညမအား၊ သူခိုးဘေး၊ မီးဘေးတွေကြားထဲက အသက်
အသေခံပြီးတော့၊ ပစ္စည်းဝင်လုတဲ့အခါလည်း ပါသေးတယ်၊ နင်လုပ်တာ မီးလောင်ခံပြီးယူပေါ့၊ ရေထဲငုပ်နေ
လို့ဘယ်ရမတုံးတဲ့၊ သူကတွန်းတာ၊ နင်သေတာ ငါ့တာဝန်မဟုတ်ဘူး၊ ခိုင်းတာ ငါ့တာဝန်တဲ့၊ သနားတဲ့စိတ်
နည်းနည်းမှမပါဘူး၊ သူကဂျောက်တွန်းတဲ့ တရားသက်သက်ပဲ၊ ခင်ဗျားတို့ကတော့ သူမရှိရင်ပျင်းတယ်၊ သူရှိ
ရင်ပျော်တယ်တဲ့၊ ဒါကြောင့် ဒုက္ခဝတ္ထု ဒုက္ခမှုတွေဟာ ခင်ဗျားတို့သည်းခြေကြိုက်ဖြစ်နေတာ၊ သမုဒယဟာ
ပဟာတဗ္ဗ..ပယ်ရမယ့်တရား၊ သူက ဒုက္ခဝတ္ထု ဒုက္ခမှုတွေ အကုန်ပေးတတ်တဲ့ ကိစ္စရှိတယ်၊ သူကိစ္စကိုသိမှ
သာ သူ့ကိုပယ်ချင်တဲ့ မဂ်ဉာဏ်လာမှာ၊ သူ့ ကိစ္စမသိရင် မပယ်ချင်ဘူး၊ သူ့ ကိုကိုယ်မုန်းတီးခြင်း မရှိသေးရင်
ဖက်ထားမှာပဲ၊ သူ့ ကိုအဖော်လုပ်နေလို့ ခင်ဗျားတို့ မဂ်ဖိုလ်မရတာ၊ သမုဒယ အဖော်မရှိတဲ့အခါ"ဉာဏ်ကိုအ
ဖော်လုပ်ရမှာ"အခုတော့ သူမရှိရင်ဒေါသကိုအဖော်လုပ်နေတယ်၊ လောဘ ဒေါသနဲ့ပဲ အဖော်လုပ်နေတယ်။
သမုဒယတန်ခိုးဟာ သိပ်ကြီးတယ်၊ သူက ရော့ဒုက္ခ၊ ရော့ဒုက္ခလို့ ပေးနေတာပဲ၊ ခင်ဗျားတို့ကလဲ ပေးတာမယူ
ဘူးဟေ့လို့ တစ်ခါမှ မလာဘူး၊ ပေးတာ အကုန်ယူတာပဲ၊ သူနဲ့မခွဲနိုင်တော့ သူနဲ့ပတ်သက်တာ ခံရုံပဲရှိတယ်
ဒီမိန်းမနဲ့ မခွဲနိုင်လိုရှိရင် ဒီမိန်းမဆွေမျိုးတွေ၊ မိဘမောင်ဖွား..တူသားနောင်မယ်တွ၊ ဒီမိန်းမနဲ့ ပတ်သက်တာ
တွေ ကြိုးစားပြီးထောက်ပံ့ပြုစုရစ်ကြပေတော့၊ သမုဒယနဲ့ မခွဲနိုင်ရင်သူပေးတဲ့ ဒုက္ခတွေကိုသာ ခါးစည်းခံပေ
တော့၊ သမုဒယဟာ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကို ပေးတတ်တဲ့ သတ္တိရှိတယ်၊ ခင်ဗျားတို့က ခံယူတတ်တဲ့ သတ္တိ
ရှိနေတယ်၊ ခံယူတတ်တဲ့သတ္တိမရှိရင် အအေးသားပဲ၊ အခုတော့ ခင်ဗျားတို့က ကျေးတော်မျိုးကျွန်တော်မျိုး
ပီသလိုက်တဲ့ဖြစ်ခြင်း၊ ကျွန်ပီသတော့ ဘယ်ဒုက္ခပေးပေးယူမှာပဲထဲက၊ အရောင်းဒုက္ခပေးလဲယူ၊ အဝယ်ဒုက္ခ
ပေးလဲယူ၊ ချက်ပြုတ်ကျွေးမွေးတဲ့ ဒုက္ခလဲယူ၊ အငတ်ခံ အသေခံ ထောင်ကျခံ ရှာကျွေးရတဲ့ ဒုက္ခလဲယူ၊ သူ
ပေးတဲ့ ဒုက္ခမယူတာကိုမပါဘူး။
ခန္ဓာကိုယ်ကြီးဟာ ခင်ဗျားတို့ကို သမုဒယကပေးတာပဲ၊ မင်း လူ့ပြည်သွားပြီး၊ ဒုက္ခတွေခံလိုက်အုံးကွာတဲ့၊ သူ
ကခိုင်းလိုက်တယ်၊ ဒီတော့ လူ့ပြည်သွားပြီး အမိဝမ်းထဲမှာ ကလေးတစ်ယောက်ကို ၉-လ၊ ၁ဝ-လ ထောင်ချ
လိုက်တယ်၊ လူ့ပြည်လိုချင်လို့ရတာ၊ ဝမ်းထဲမှာ ရေလဲပြတ်ရမယ်၊ အစာလဲပြတ်ရမယ်၊ ရေပူသောက် ငရုတ်
သီးစားရင် မင်းပူရမယ်၊ လောင်ရမယ်၊ မင်း မလှုပ်နိုင်တဲ့ဒုက္ခကို ငါပေးမယ်၊ စာချုပ်နဲ့ပေးမှာ၊ လူ့ဒုက္ခဟူသ
ရွေ့ ဘာမှမစိုးရိမ်နဲ့၊ ငါအကုန်ပေးမယ်၊ မင်းကိုယ်တိုင် ခံစားရစေမယ်၊ အကြွေးမဟုတ်ဘူး၊ လက်ငင်းခံစားရ
စေမယ်၊ ဝမ်းထဲမှာ ၉-လကျော် ၁ဝ-လလောက် အစာမစားရဘဲနဲ့"ဝဋ်ကောင်"ကလေးဖြစ်ရမယ်၊ ခင်ဗျားတို့
ထမင်းတစ်နပ်လောက် မစားရရင်ဆူလိုက်ပူလိုက်လုပ်ကြတယ်၊ ဟိုဝဋ်ကောင်ကလေးကျတော့ ၉-လ၊ ၁ဝ-
လ စားကိုမစားဘူး၊ ဗိုက်ထဲမှာ မလှုပ်နိုင်အောင် ချုပ်လဲချုပ်ထားသေးတယ်၊ ဒူး ၂-လုံးကြားခေါင်းထားပြီး၊
ခေါင်းပေါ်လက်အုပ်မိုးပြီး၊ ကျုံ့ကျုံ့လေးဆောင့်ကြောင့်ထိုင်နေရတယ်၊ ဂုံနီအိတ်နဲ့ ထုပ်ထားသလို ထုတ်
ထားတော့ နဲနဲမှမလှုပ်နိုင်ဘူး၊ ဒါ သမုဒယကပေးတဲ့ ဒုက္ခကို ခံနေလိုက်ရတာ။ ဗိုက်ထဲက ထွက်လာတော့လဲ
သူပေးလူပေးနဲ့ပဲ နေရတယ်၊ အငတ်ထားလဲ ခံနေရတာပဲ၊ ရိုက်လဲခံ နေပူထဲပစ်ထားလဲခံ၊ သေးတွေချေးတွေ
ထဲ ပစ်ထားလဲ လူးလိမ့်ခံ ဟုတ်လား၊ တော်တော်ကြကျတော့ မင်းဟာမင်း ရှာစားဆိုတော့၊ ပညာတွေသင်ရ
အရောင်းအဝယ်တွေလုပ်ရ၊ ကိုယ်ပင်ပန်း စိတ်ဆင်းရဲစွာနဲ့လုပ်စားရတယ်၊ နောက်ကျတော့ ယောက်ျားဆို
တာ မိန်းမရှိမှ၊ မိန်းမဆိုတာ ယောက်ျားရှိမှ၊ ဒီလိုမှ သင့်တော်မယ်၊ မင်းဒုက္ခနဲသေးတယ်၊ ဒုက္ခတွေထမ်းပေး
အုံးမယ်တဲ့၊ သမုဒယကပေးတာ၊ ခင်ဗျားတို့ကတော့ ကံကောင်းလို့အိမ်ထောက်ဖက်ကောင်း ရတယ်လို့ပြုံ
လိုက်သေး၊ သူက ဒုက္ခပေးတာလို့ မရိပ်မိဘူး၊ အရင်က တစ်ဝန်ထမ်း၊ အခုတော့ နှစ်ဝန်ထမ်းဖြစ်လာပြီ၊
နောက် တော်တော်ကြာတော့ သားသမီး ဝန်တွေပါထမ်းရတယ်၊ ထမ်းရတာ ပြုံးလို့ဗျ၊ သားဦးကလေးများ
မွေးလာရင်ပြုံးလိုက်သေး၊ ကိုယ်သားကိုယ်မယားဆိုတာ ခင်ရတယ်၊ လုပ်ကျွေးရတယ်၊ မခင်ရင် မင်း
တိရစ္ဆာန်ဖြစ်မှာပေါ့တဲ့၊ သမုဒယကပြောတာ၊ ဒီတော့ ကိုယ့်လဲခင် သူ့ လဲခင်၊ ကိုယ့်ဒုက္ခ..သူ့ ဒုက္ခတွေ အကုန်
သာ ကုန်ခံရတော့တာပဲ၊ ခံရတာတောင် ပြုံးခံတာ။ ရှေးဘဝက တဏှာပေးသမျကို ဒီဘဝတဏှာကချော့ပြီး
လက်သာခံ..လက်သာခံ၊ ဒုက္ခဟူသရွေ့ မင်းချည်းယူဆိုပြီးပေးတာပဲ၊ ဟိုဘဝ တဏှာကပေးတဲ့သဘော၊ ဒီ
ဘဝတဏှာက လက်ခံတဲ့သဘော၊ ဒီဘဝလက်ခံလို့ပေါ့၊ ရောက်ရာဘဝမှာ ပျော်နိုင်တာ၊ ကြက်လို ချေးကျရာ
ပျော်တော့တာပဲ၊ ရှေးဘဝက တဏှာအရှင်သခင် ပေးတာလဲလက်ခံ၊ ဒီဘဝက တဏှာအရှင်သခင်ပေးတာ
လဲ လက်ခံဆိုတော့ နှစ်ထပ်ကွမ်း ကျွန်ကြီးပေါ့၊ ဒါ ခင်ဗျားတို့ရဲ့ ဖြစ်စဉ်၊ တဏှာလိမ်ထားတာက ပိလိုက်တာ
လွန်ရော၊ ပေးတုန်းကလဲ ဒုက္ခပေးထား၊ ဒုက္ခမှန်းလဲမသိရဘူး၊ ယူထားတော့လဲ ဒုက္ခယူထား၊ ဒုက္ခရမှန်း မသိ
အောင် မင်းရထားတာ၊ လူဘဝတော်သေးသဟေ့၊ အရတော်သဟေ့၊ တကယ်ဒုက္ခရထားတာကို တော်သေး
တယ်လို့ လုပ်ထားတာကိုး၊ ဒီတဏှာဟာ ဘယ်လောက်ဆိုးရွားတဲ့ တရားတုံး၊ ဆိုးပေမယ့် အဟောအပြော
ကောင်းတော့ သူကို သူတော်ကောင်း မိတ်ကောင်း ထင်နေတာ ခင်ဗျားတို့က။
နွားတွေ နွားသတ်သမားလက်ထဲရောက်တော့၊ မရှု မလှသေရတယ်၊ နွားရိုးတွေ (အမဲရိုးတွေ) ရန်ကုန်ကို ရ
ထားတွဲတွေပေါ် တင်ထားတာ ဖွေးဖွေးဖြူနေတာပဲ၊ အင်္ဂလိပ်လက်တက်က၊ ဒီမှာလဲ သမုဒယ..တဏှာ လက်
ချက်ကြောင့် တစ်မြို့လုံး နေ့တိုင်းပို့နေတဲ့မသာတွေဟာ နည်းတာမဟုတ်ဘူး၊ ဒါ သမုဒယ လက်ချက်ပဲ၊ သူ
ဆုတောင်းလို့ သူကနေပြီး"ဇာတိဘေး၊ ဇရာဘေး၊ မရဏဘေး"တွေပေးတာ၊ သမုဒယကနွားသတ်သမား
ထက်ဆိုးသေးတယ်၊ တစ်ကမ္ဘာလုံး တစ်နေ့ကိုထောင်နဲ့ချီသတ်နိုင်တယ်၊ တစ်မြို့လုံး ဆင်ဖြူကန် သင်္ချိုင်းတို့
ရွာဟိုင်း သင်္ချိုင်းတို့ ပုဏ္ဏာကုန်း သင်္ချိုင်းတို့ သွားကြည့်ကြပေါ့၊ ကြည့်ချင်တဲ့သင်္ချိုင်းကြည့်၊ အလောင်းမပြတ်
ဘူး၊ ဒီအသေတွဟာ သမုဒယလက်ချင်ပဲ၊ သူ့ လက်ချက်ပါလား၊ သူ့ကိုပေါင်းလို့ မတော်ပါလားလို့ မသာပို့ရင်
များ ပေါ်ကြရဲ့လား၊ မပေါ်ပါဘူး၊ တစ်မြို့လုံးမပြတ်မစဲ အမြဲသေနေတာတွေမြင်ရတာတောင်မှ"သမုဒယ
လက်ချက်"လို့မသိဘူး၊ ခင်ဗျားတို့က အိုလို့သေတာ၊ အစားမှားလို့သေတာ၊ နာလို့ အပြုစုညံလို့သေတာ၊
ဆေးမှားလို့ သေးတာတဲ့၊ သူ့ ကိုမပေါ်ဘူး၊ လက်သည်ကို မသိဘူး၊ အခုလက်သည်အစစ်ကို ဖမ်းပြတော့မှ
သမုဒယဆိုတာ ပေါ်လာတာ၊ ဖော်မပြောရင် ပေါ်မှာမဟုတ်ဘူး။ သမုဒယဟာ မပေါင်းသင်းထိုက်တဲ့ တရား
ပဲ၊ ဘုန်းကြီးက သမုဒယနဲ့ ခင်ဗျားတို့ မပေါင်းသင်းရရင် အပျင်းဝင်မှာစိုးတယ်၊ ပေါင်းသင်းပြန်တော့လဲ ကျွန်
ဖြစ်မှာစိုးတယ်၊ ဒီကြားထဲ ဟောရတာ ဘယ်လောက်ခက်သတုံး၊ တဏှာမရှိတော့ အရောင်းအဝယ်မကောင်း
တော့ ပျင်းတယ်၊ သားသမီးမရှိတော့ ပျင်းတယ်တဲ့၊ ဒီအစားမျိုးတွေ ဖြစ်နေတယ်၊ ခင်ဗျားတို့ကို ဘယ်နည်းနဲ့
ချွတ်ရ..ကယ်ရမယ်ဆိုတာ ဘုရားတောင်မလွယ်ဘူးဗျ၊ ခင်ဗျားတို့က တဏှာခိုင်းတာကို ကျွန်ပီပီ သပေါက်
ပီပီ လက်ခံနေတာပဲ၊ မအားလို့ တရားအားမထုတ်နိုင်ဘူး၊ နောက်ဘုရားပွင့်လဲ မအားဘူးထဲက ဖြစ်မှာပဲ၊
စိတ်သာချ..ခင်ဗျားတို့အားမှာမဟုတ်ဘူး၊ အရွယ်ကောင်းတုန်းက လောကီကိစ္စတွေ လျှောက်လုပ်နေတာနဲ့
ကိစ္စဉာဏ်တွေမရတော့ဘူး၊ အသက်ကြီးပြန်တော့လဲ သတိတွေကချွတ်ယွင်း မျက်စီကမွဲ၊ နားကထိုင်း..ခါး
ကကိုင်း၊ ဘာမှမတတ်နိုင်တော့ဘူး၊ အဲဒီကျတော့ ဘုတ်ထိုင်ထိုင်ပြီး နောက်ဆုတ်ပစ်လိုက်တာပဲ၊ ဒီတော့
ကိစ္စဉာဏ် (သမုဒယ၏ကိစ္စကိုသိတဲ့ဉာဏ်) ပေါ်ဖို့အချိန်ကို မပါတော့ပါဘူး၊ အရွယ်ကောင်းတုန်းကတော့
တဏှာခိုင်းတာနဲ့ အချိန်တွေဖြုန်းနေတယ်၊ အရွယ်ကောင်းတွေ ကုန်ပြီဆိုရင် နဲနဲသတိရလာပြီ (တရားအ
လုပ်) ခိုင်းလို့ မဖြစ်ပြီဆိုမှကျောင်းရောက်လာတယ် ဆိုတော့၊ အခုပြောတဲ့ အဓိပ္ပာယ်သိဖို့ရာ အတော်ခဲယဉ်း
သွားပြီ။ ဒီတော့ သမုဒယရဲ့ကိစ္စကို သိဖို့ (ကိစ္စဉာဏ်ရဖို့) အရေးကြီးတယ်၊ သူ့ကိစ္စ မသိရင် နိဗ္ဗာန်လိုချင်တဲ့
စိတ် မပေါ်ဘူး၊ သံသရာခရီးသည် လုပ်နေမှာပဲ၊ နိဗ္ဗာန်ရောက်ချင်ရင် တဏှာ (တဏှာကိစ္စ) ကိုထိုးထွင်းသိမှ
ကွ..တဲ့ ဘုရားက၊ သူ့အကြောင်းကောင်းကောင်းသိမှ နိဗ္ဗာန်ကို မြင်နိုင်တယ်တဲ့၊ ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်မ
ရောက်တာဟာ သူ့အကြောင်း ကောင်းကောင်းမသိလို့ပဲမှတ်၊ သမုဒယဟာ အဆိုးဆုံး၊ သူ့ကြောင့် ခင်ဗျားတို့
မသေစေချင်းဘူး၊ လူသေ သေတော့ သေချင်တယ်၊ ဘယ်လိုသေသေ အတူတူပါပဲ၊ လူသေ သေချင်တယ်၊
နတ်သေ သေချင်တယ်ဆိုတော့၊ သူ့အကြောင်း မသိသေးဘူးပေါ့၊ လူသေ သေသေ၊ ခွေးသေ သေသေ၊ သေ
တာဟာ သူ့လက်ချက်ချည်းပဲ၊ ၃၁-ဘုံအတွင်းမှာ အရိုးတွေဖွေးဖွေးဖြူပြီးထောင်လိုပုံအောင် လုပ်နိုင်တာ
သမုဒယပဲ။
ခင်ဗျားတို့ကို ရှင်တုန်း နှိပ်စက်ပြီးနောက် အသေသတ်တာဟာ သူပဲ၊ ရှင်တုန်းတော့ သားဝန် သမီးဝန် မယား
ဝန်တွေမနိုင့်တနိုင်နဲ့ သူက ထမ်ခိုင်းတယ်၊ ခင်ဗျားတို့မှာ သားဝန် သမီးဝန် မယားဝန်တွေနဲ့ ပိပြီးနေတာ၊ တစ်
ခါတလေသက်ပြင်းကြီးများချပြီး ညည်းသေးတယ်၊ ရှာလိုက်ရတာလဲ အမောဆို့လို့၊ အိမ်ကျတော့ တစ်ပြားမှ
လဲ၊ အဖတ်မတင်ဘူး၊ အခု ညည်းရုံညည်းရသေးတာ၊ နောက်သေခြင်းဆိုးနဲ့သေရအုံးမယ်၊ အသက်ကြီးလေ
လေ..ဝန်တွေကများလေလေ (မြေးဝန် တွေပါ တိုးလာတယ်) ဆိုတော့ ဇရာကထောင်၊ အားကမရှိ၊ ဗျာဓိက
ထောင်းဆိုတော့၊ သေခြင်းဆိုးနဲ့ သေရမှာ သေချာတယ်၊ ကားလမ်းပေါ်မှာ သစ်တုံးကြီးတွေ တင်ရုန်းရတဲ့ကျွဲ
ကြီးတွေ ကာယာကြီး သေသလိုပေါ့ဗျာ၊ ဒီတော့ ခင်ဗျားတို့ အမှားတွေဟာ နဲနဲသေးသေး မဟုတ်ဘူးနော်၊
ခင်ဗျားတို့ မနိုင်ဝန်တွေထမ်းနေရင်တော့ ညည်းပြီးသေတော့မှာပဲ။ ဒါ သမုဒယရဲ့သတ္တိပဲ၊ သူ့ကိစ္စပဲ၊ ဒီတော့
သူဟာအဆိုးဆုံးရန်သူပဲ၊ ဒီရန်သူကြီးကို ခင်ဗျားတို့က မိတ်ဆွေရင်းလိုပေါင်းသင်းနေတယ်၊ ဒီမိတ်ဆွေရင်း
က ခင်ဗျားတို့ကို သတ်မှာ၊ ပြုံးခံတယ်၊ သူနဲ့ခွဲရတော့မယ် သူ့ကိုသတ်ရတော့မယ်ဆိုတော့ ခင်ဗျားတို့က
မျက်ရည်များကျသေးတယ်၊ အံမယ်လေး တော်တော်ဖျင်းတဲ့ အတဲ့လူတွေပါလား၊ သမုဒယရဲ့ကိစ္စပေါ်
အောင် အတော်ကိုပြောနေရတယ်၊ သူ့ ကိစ္စကိုမသိရင် ကိစ္စဉာဏ်မရရင်၊ နိဗ္ဗာန်ဆိုတာ မရနိုင်ဘူး၊ ဒီတော့
ဒုက္ခဇာတ်သိမ်းချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကိုရချင်ရင် တဏှာ..သမုဒယကို အဝင်မခံနဲ့၊ သူ့ကိုအသေသတ်၊ ဝိပဿ
နာရှုကြ..လုပ်ကြပေတော့၊ သူ့ သတ်နည်းကိုသိဖို့အရေးကြီးတယ်၊ သူကိုမသတ်နဲ့အုံး"ဝေဒနာဟာ သူ့ရဲ့ရေ
သောက်ဖြစ်ပဲ၊ ဝေဒနာရေသောက်ဖြစ်ရှိလို့ တဏှာအပင်ပေါက်တော့၊  ဒီတော့ ဝေဒနာကိုသတ်၊ ဝေဒနာ
သတ်ရင် တဏှာဟာ အလိုလို့သေတယ်"ဒါကြောင့်ဝေဒနာကို ဖြစ်ပျက်မြင်အောင်ရှု၊ မုန်းအောင်ရှု၊
ဆုံးအောင်ရှု၊ ဆုံးရင် နိဗ္ဗာန်ရောက်ပြီမှတ်။             ။

                                                                   ဤကောင်းမှုကုသိုလ်ကံ
                                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                               တည်ရှိပါစေသတည်း။          ။

                                                                                                       အရုင်ဉာဏဓဇ
                                                                                       မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂရိပ်သာ
                                                                                                  ပင်မသံဝေဇနိယဌာန
                                                                                                              အမရပူရမြို့ ။           ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာအနက်ဖွင့် တရားစုများ

တရားတော်အမည် တိုက်ရိုက်နာယူရန် ဒေါင်းလော့ယူရန်
နိရောဓသစ္စာအနက်မှ နိဿရဏဌောတရားတော်(၁) (၁၄-၁၂-၁၉၅၇) dw
နိရောဓသစ္စာအနက်မှ ၀ိဝေကဌောတရားတော်(၂) (၁၅-၁၂-၁၉၅၇) dw
နိရောဓသစ္စာအနက်မှ အသင်္ခတဌောတရားတော်(၃) (၁၇-၁၂-၁၉၅၇) dw
နိရောဓသစ္စာအနက်မှ အမတဌောတရားတော်(၄) (၁၉-၁၂-၁၉၅၇) dw
အဂ္ဂိဝစ္စပုဏ္ဏား ဥပမာပြတရားတော် (၁၈-၁၂-၁၉၅၇) dw
လောင်စာသိမ်း၍ မီးငြိမ်းရာနိဗ္ဗာန်(ည) (၁၂-၇-၁၉၆၂) dw
ကျောက်တောင် ဥပမာပြ နိဗ္ဗာန်အကြောင်းရှင်ပြပုံ တရားတော် (၇-၉-၁၉၆၂) dw
ဒုက္ခချုပ်ရာ နိဗ္ဗာန်အကြောင်း ရှင်းပြပုံတရား (၁၆-၂-၁၉၅၅) dw
သင်္ခတအဆုံးမှာ နိဗ္ဗာန်ရှိနိုင်ပုံတရားတော် (၁၁-၇-၁၉၅၈) dw
နိဗ္ဗာန်-အဂ္ဂိဝစ္စပုဏ္ဏားမေး၍ ဘုရားဖြေတော်မူပုံ(၁) (၂-၂-၁၉၅၉) dw
နိဗ္ဗာန်သည် ဆုတောင်း၍မရနိုင်ပုံ (၃-၃-၁၉၆၀) dw
နိဗ္ဗာန်သည် ကံနှင့်ဆက်သွယ်၊ အားထုတ်တဲ့ပုဂ္ဂိုလ်၏ ပစ္စည်း (၂၆-၆-၁၉၆၁) dw
နိဗ္ဗာန်ခရီးမဝေး အနီးလေးတရားတော် (၂၄-၁၀-၁၉၆၁) dw
အို နာ သေ ဇာတိတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်တရားတော် (၂၉-၁၁-၁၉၆၁) dw
နိဗ္ဗာန်ဆိုတာ နီးသလား ဝေးသလား တရားတော် (၁၅-၁၂-၁၉၆၁) dw
ဒုက္ခသိမ်းရာ နိဗ္ဗာန်တရားတော် (၁၅-၁၂-၁၉၆၁) dw
နိဗ္ဗာန်အကြောင်း၊ အဂ္ဂိဝစ္စသုတ်(ညအလုပ်ပေး) တရားတော် (၂၄-၄-၁၉၆၂) dw
ပဋိစ္စသမုပ္ပါဒ်တရားတော်၊ သစ္စာမသိသေးလျှင် နိဗ္ဗာန်မရှိသေး တရားတော်(နံက်) (၁၀-၇-၁၉၆၂) dw
နိဗ္ဗာန်ကိုခန္ဓာဖုံးနေပုံ (၂၈-၉-၁၉၆၂) dw
နိဗ္ဗာန်နှင့် အနီးဆုံး တရားတော် dw
လောကသုံးပါးလွတ်ရာ နိဗ္ဗာန်တရားတော်
နိရောဓသစ္စာအနက်ဖွင့် တရားစုများ

Monday, December 31

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမုဒယသစ္စာ၏ အာယူဟနဋ္ဌအနက်

တဏှာ..သမုဒယသစ္စာက အာယူဟနဋ္ဌ အနက်သဘောရှိတယ်လို့ ဘုရားကဟောထားတယ်၊ အာယူဟနဋ္ဌ
ဆိုတာ ဒုက္ခဝတ္ထု ဒုက္ခမှုတွေကိုစုဆောင်းဆည်းပူးတတ်တဲ့ သဘောပဲ၊ ဒီ ၂-ခုကိုသူက ရွက်ဆောင်တတ်
တယ်၊ ရွက်ဆောင်တတ်တဲ့ကိစ္စရှိတယ်၊ သူက ဒုက္ခဝတ္ထုတွေကို အိမ်သို့သယ်ပို့ပေးမယ် ဒုက္ခမှုတွေကိုလဲ
ဘယ်တော့မှ မပြတ်ရအောင်လုပ်ပေးမယ်၊ မင်းတို့အိမ်မှာ ထိုင်နေလို့လဲမရအောင်ငါလုပ်ပေးမယ်၊ ဒုက္ခမှုဟူ
သရွေ့မင်းအလုပ်နဲ့လက်နဲ့ မပြတ်ရအောင်၊ မင်းသေတာ မသေတာအပထား၊ ဒုက္ခမှုနဲ့တော့ မင်းနဲ့မခွဲရ
အောင် ငါလုပ်ပေးမယ်တဲ့..သူက၊ အံမယ်လေး စေတနာကောင်းလိုက်တဲ့ဖြစ်ခြင်း၊ ဒုက္ခယတ္ထုတော့ အိမ်တိုင်
ယာရောက် ငါပို့ပေးမယ်၊ အိမ်ကရှိတာတွေဟာ မင်းပစ္စည်းချည်းပဲ၊ မင်းစောင့်ရှောက်၊ ဒါတွေ မီးမလောင်
အောင် ခြမစားရအောင် မင်းပဲ နေ့တိုင်းကြည့်၊ ဒီလိုချည်းခိုင်းနေမှာပဲ၊ အိမ်ထဲက ဒုက္ခဝတ္ထု ဒုက္ခမှုတွေ၊ အိမ်
ပြင်မှာရှိတဲ့ အမှုကိစ္စကြီးငယ်တွေကို မင်းမအားလပ်ရအောင်လုပ်၊ အိမ်လဲ မအားရအောင် ဈေးလဲ မအားရ
အောင်လုပ်ပေးမယ်တဲ့။ ဈေးထဲမှာထမင်းမစား ဟင်းမစားနဲ့လုပ်ရပြီး၊ အိမ်ကျတော့နားလိုက်မဟဆိုပေမယ့်
အိမ်မှုကိစ္စတွေလဲ မအားအောင်လုပ်နေတာပဲ၊ အိမ်ထဲလဲ မနေနိုင်အောင်၊ အိမ်ထဲနေတော့လဲ မအား မနားရ
အောင် ဒုက္ခဝတ္ထုမှုတွေပေးမယ်တဲ့..သူက၊ ဒီတော့ တဏှာလောဘဟာ ဂြိုလ်ပဲဟေ့၊ ဂြိုလ်ဆိုးပဲ၊ မင်း ဒုက္ခ
ရောက်ဖို့ ဒုက္ခဝတ္ထုတွေကို သူသယ်ပေးမယ်၊ အိမ်ရောက်လို့ရှိရင် ဒီပစ္စည်းတွေကိုရေတွက်မှုနဲ့မအားရအောင်
လုပ်ပေးမယ်..တဲ့၊ ဒီပစ္စည်းက အိမ်သယ်ရမှာ၊ ဒီပစ္စည်းက ဒီမှာထားရမှာ၊ ပြင်ဘက်က ဒုက္ခမှုတွေကိုလဲပေး
မယ်၊ ဟို မိတ်ဆွေ ဒီမိတ်ဆွေတွေနဲ့ ဆက်သွယ်၊ ပေါင်းသင်းတန် ပေါင်းသင်း၊ ပေးတန်ပေး ကျွေးတန်ကျွေး၊
ဒီလိုဒုက္ခမှုတွေကိုလဲ မအားရအောင် တဏှာကလုပ်ပေးတယ်၊ အိမ်မှာ မအားရအောင်ဒီပစ္စည်းတွေနဲ့ ချိန်ရ
တွယ်ရ မှတ်ရ..စရင်းချုပ်ရတာတွေလဲ တဏှာ..သမုဒယရဲ့သတ္တိပဲ၊ အိမ်ထဲမအားရသလို၊ အိမ်ပြင်ထွက်
တော့လဲ ပြင်ဘက်အမှုတွေနဲ့ ဘယ်တော့မှမပြတ်အောင် လွဲပေးတပဲ..တဏှာက။
တဏှာအကြောင်း ကောင်းကောင်းထိုးထွင်း၍ သိရင်၊ မင်းတို့ နိဗ္ဗာန်ရောက်မယ်တဲ့၊ ဘုရားက သုတ္တနိပါတ်
မှာဟောထားတယ်၊ တဏှာအကြောင်း ကောင်းကောင်း မသိရင် တဏှာအဖော်လုပ်ရင် သံသရာလည်တယ်
နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့၊ တဏှာအကြောင်း ကောင်းကောင်းသိဖို့အရေးဟာ ကိစ္စဉာဏ်နဲ့မပြောလို့ရှိရင်
မသိနိုင်ဘူး၊ သူ့ ကိစ္စဆိုးပုံကို အကုန်ဖော်ထုတ်ရမယ်၊ ဖော်ထုတ်ပြီး သူ့ကို ဝိပဿနာဉာဏ်နဲ့ သတ်ပစ်ရမယ်
ခင်ဗျားတို့တစ်မြို့လုံး အငြိမ်မနေနိုင်အောင်လုပ်နေတာဟာ ဒီတဏှာတစ်ခုတည်းပဲ၊ ဘယ်သူမှမအားရဘူး
တဏှာ ခိုင်းသလိုလုပ်နေရတာပဲ၊ တဏှာဖြစ်ချင်တိုင်း ဖြစ်နေရတာပဲ၊ မင်းတို့ ၃၁-ဘုံမှာ ဘယ်ဘုံကမှမထွက်
နဲ့...မင်းတို့ကိုငါထင်သလို ကြိုးဆွဲနေမယ်ဆိုပြီး ဘယ်သူမှ အလုပ်နဲ့လက်နဲ့မပြတ်ရအောင် ဒုက္ခနဲ့မပြတ်ရ
အောင် တဏှာကလုပ်ထားတယ်၊ တဏှာက အကုသိုလ်မှုတွေမှာ ထင်သလိုချယ်လှယ်တယ်၊ တဏှာရဲ့
တိုက်တွန်းမှုကြောင့်ကြွယ်ဝချမ်းသာချင်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အကုသိုလ်ဒုစရိုက်မှုတွေကို တွင်တွင်ကြီး
လုပ်ရဲကြတယ်၊ မင်း သားမယား ကောင်းကောင်းဝတ်နိုင် စားနိုင် နေနိုင်ဖို့အရေးဟာ မင်းတာဝန်ပဲလို့ တဏှာ
ကမြှောက်ပေးတယ်၊ အကုသိုလ်နေရာမှာ မပြောနဲ့ ကုသိုလ်ပြုတဲ့ နေရာမှာတောင်သူက ဝင်ရှုပ်သေးတယ်
သံသရာမှာ မဆင်းရဲရအောင်ပေးကြကမ်းကြဆိုတာ တဏှာကခိုင်းတာ၊ ဒီတော့ သတ္တဝါတွေ ၃၁-ဘုံအတွင်း
မှာ ထက်အောက်စုန်ဆန်..လှည့်ပတ်ဖြစ်နေအောင် တဏှာကလုပ်တယ်၊ ၃၁-ဘုံမှ ထွက်သွားမှာတော့ သူက
အလွန်စိုးရိမ်တယ်၊ ကုသိုလ်ပြုတဲ့နေရာမှာ သံသရာကောင်းစားရေးကို ဘမ်းပြပြီးအလုပ်ခိုင်းတယ်၊ သံသရာ
မှာလွတ်မြောက်စေမယ့် ကုသိုလ်မျိုးကျတော့ သူကကန့်ကွက်တယ်၊ ဒီတော့ တဏှာဦးစီးတဲ့ ကုသိုလ်ဟူသ
ရွေ့ဟာ ဒုက္ခပဲအကျိုးပေးမှာပဲ၊ တဏှာပါတဲ့ ကုသိုလ်တွေဟာ ဘာကြီးပဲလုပ်နေနေ ဒုက္ခပဲပြန်ရမှာပဲ၊ ဒုက္ခမှ
လွတ်မှာမဟုတ်ဘူး၊ အလှူပေးတော့မယ်ဆိုရင် တဏှာအာရုံအပြုဆုံး..အခင်ဆုံး..အနီးစပ်ဆုံးပုဂ္ဂိုလ်ကအ
ရင်ဆုံးပေါ်လာတယ်၊ ဘယ်ဘုန်းကြီးမပင့်ရင်..မကောင်းဘူး၊ ဘယ်လူမဖိတ်ရင် မကောင်းဘူးနဲ့ တဏှာက
ရှေ့က ဝင်လာပြန်တယ်၊ ကုသိုလ်ပြုပြီးတော့လဲ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ရပါလို၏ ဆိုတော့ ဝဋ်ဒုက္ခပဲ
တဏှာနဲ့ ဆုတောင်းတယ်၊ ဝဋ်ဒုက္ခမှကျွတ်ပြီး နိဗ္ဗာန်ရောက်ရပါလို့၏လို့ ဆုမတောင်းကြဘူး၊ ဒီတော့
ကုသိုလ်အလုပ်ထဲ တဏှာက ဝင်ဦးတာကို ခင်ဗျားတို့ မသိလိုက်ကြဘူး။
တဏှာက ခင်ဗျားတို့အတွက် ဒုက္ခဝတ္ထု ဒုက္ခမှုတွေကိုသာ စုဆောင်းပေးတာမဟုတ်ဘူး၊ ခင်ဗျားတို့ ဒုက္ခ
ရောက်ကြောင်းဖြစ်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကိုလဲ မပျောက်ပျက်အောင်သူကသိမ်းဆည်းထားတယ်
ခင်ဗျားတို့ပြုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံစေတနာတွေဟာ ဖြစ်ပြီးရင်ချုပ်ပျောက်သွားတာပဲ၊ ဒါပေမယ့်
နောင်အကျိုးပေးဖို့အတွက် ဒီစေတနာတွေရဲ့သတ္တိကို ပျောက်မသွားအောင် တဏှာက သိမ်းထားတယ်၊
နောက်နောက်က ဘဝများစွာ သံသရာခင်ဗျားတို့ပြုခဲ့တဲ့ကုသိုလ်၊ အကုသိုလ်ကံတွေဟာ မရေတွက်နိုင်ဘူး
ဒီကံတွေ အကျိုးမပေးရသေးသရွေ့ ပျောက်ပျက်မသွားရအောင် တဏှာကစုသိမ်းထားတယ်၊ တဏှာကစု
သိမ်းထားလို့ပေါ့၊ ဒီကုသိုလ် အကုသိုလ်ကံတွေဟာ သံသရာမှကောင်းကျိုးဆိုးကျိုးတွေ ပေးနေနိုင်တာ၊ ဒုက္ခ
တွေမပြတ်အောင်ပေးနိုင်တာ၊ တဏှာမရှိတဲ့ ပုဂ္ဂိုလ်မှာကျတော့ အဲဒီကုသိုလ် အကုသိုလ်တွေဟာ ဝဋ်ဒုက္ခ
အကျိုးမပေးတော့ဘူး၊ အဟောသိကံဖြစ်သွားတယ်၊ ဒါကြောင့် တဏှာချုပ်ရင်ဒုက္ခငြိမ်းတယ်လို့ ပြောတာ
 ကုသိုလ်လုပ်တဲ့အခါမှာ နိဗ္ဗာန်ကို တကယ်လိုချင်ရင် ဤကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရ ရလို၏လို့ တိုက်
ရိုက်တောင်းလိုက်ပါလား၊ မဟုတ်ဘူး၊  နိဗ္ဗာန်မရောက်မီစပ်ကြားကပါလိုက်သေး၊ နိဗ္ဗာန်မရမီစပ်ကြားဆိုရင်
တဏှာပါပြီသာမှတ်၊ နိဗ္ဗာန်ရရပါလို၏ဆိုရင် တဏှာမပါဘူး၊ ကုသိုလ်စိတ်သက်သက်နဲ့တောင်းတာ၊ သဒ္ဓါ
ဆန္ဒနဲ့ တောင်းတာ၊ နိဗ္ဗာန်မရမီစပ်ကြားဆိုကတည်းက တဏှာအသံသာမှတ်ပေရော့၊ စပ်ကြားပါရင် တဏှာ
ကြိုက်ပြီ၊ နိဗ္ဗာန်ဆိုရင် သူကကန့်ကွက်ပြီ၊ ဝဋ်လည်မယ့်အလုပ်တွေကျတော့ သူကသဘောကျတယ်၊ အား
ပေးတယ်၊ နေရာတကာမှာ တဏှာနဲ့ ပေါင်းနေလို့ ခင်ဗျားတို့ မဂ်ဖိုလ်မရတာ နိဗ္ဗာန်မရောက်တာ၊ ဥပုသ်ရက်
ရှည် သွားစောင့်တော့မယ်ဆိုရင်၊ သွားတော့သွားတာပေါ့တဲ့၊ ဒီမှာ လုပ်စရာတွေကုန်မှ စိတ်အေးလက်အေးနဲ့
သွားတာပေါ့တဲ့၊ အရေးမကြီးရင် မပြန်ခဲ့နဲ့တဲ့၊ ဒီလို ၂-ဘက်သွားလုပ်တာ..တဏှာက၊ တော်တော်ကြာအရေး
ကြီးတာကလာဦးမှာ၊ ရှေ့က အရေးကြီးတာတွေနဲ့၊ နောက်က အရေးကြီးတာတွေနဲ့ဆိုတော့ ဥပုသ်ရက်ရှည်
တောင် မစောင့်ဖြစ်ပါဘူး၊ ဒါကြောင့် အိမ်ကထွက်မယ်ကြံရင်၊ မလွယ်ဘူးဗျ၊ ပြန်မယ်ကြံရင်သာ လွယ်တာ၊
တဏှာက အတင်းပြန်ခေါ်တာကိုး၊ အိမ်ကနေပြီး ကျွန်တွင်းက လွတ်ကင်းတဲ့ဆီသွားမယ် ကြံတော့..ဆိုင်းပါ
ဦးတဲ့၊ တဏှာက။ "တဏှာဆိုတာ ဝေဒနာက လာတာ"သူခဝေဒနာက လာတာ၊ လောကီအာရုံတွေ သာယာ
လို့ တဏှာဖြစ်လာတာ၊ ဒီတဏှာကိုလက်ခံရင် ခင်ဗျားတို့ ဒုက္ခရောက်ပြီသာမှတ်၊ ယခု ဒုက္ခဝတ္ထု ဒုက္ခမှုတွေ
နဲ့ မခွဲသာအောင်လုပ်ထားတာလဲ တဏှာပဲ၊ ဒုက္ခရောက်ကြောင်းကံတွေကို မပျောက်ပျက်အောင် စုသိမ်း
ထားတာလဲ တဏှာပဲ၊ ဒီလို တဏှာရဲ့ဆိုးယုတ်ပုံ သူ့ကိစ္စတွေကို"ကိစ္စဉာဏ်"နဲ့ သိမှသာ"ကတဉာဏ်"ရမယ်
ကတဉာဏ်ရမှ နိဗ္ဗာန်ရောက်မယ်၊ ဒီတော့ တဏှာမလာအောင် လုပ်ရမယ်၊ တားရမယ်၊ ဘယ်လိုတားရမလဲ
တဏှဖြစ်လာရင် ဝင်လာရင်၊ သူ့ကို ဖြစ်ပျက် ဝိပဿနာမဂ်နဲ့ရှုရမယ်၊ ဖြစ်ပျက်ရှုလိုက်ရင် တဏှာချုပ်သွား
တယ်၊ တဏှာနိရောဓ ဖြစ်သွားတယ်၊ တဏှာနိရောဓ ဖြစ်အောင် တဏှာကို ကိစ္စဉာဏ်နဲ့ အဖန်ဖန်ရှုပေး၊
တဏှာကို ကိစ္စဉာဏ်နဲ့ အဖန်ဖန်ရှုမှ သူလူဆိုးမှန်းသိမှ၊ သူ့ ကိုမုန်းမှာ၊ အဝင်မခံမှာ၊ နှင်ထုတ်မှာ၊ ချေမှုန်းပစ်
မှာ၊ ချေမှုန်းပစ်လို့ တဏှာသေရင် နိဗ္ဗာန်ရောက်ပြီမှတ်၊ သူ့မတော်လှန်ရင် "တဏှာကျွန်ဘဝ"မှ မထွက်ရ
တော့ဘူးမှတ်။                 ။

                                                           ဤကောင်းမှုကုသိုလ်ကံ
                                         စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                         ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                     အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                           တည်ရှိပါစေသတည်း ။         ။

                                                                                                                      အရှင်ဉာဏဓဇ
                                                                                                      မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                                  ပင်မသံဝေဇနိယဌာန
                                                                                                                         အမရပူရမြို့။      ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အာရုံတစ်ပါး စိတ်မသွားနဲ့

"အမှောင်ထဲမှာ အလင်းရောင်ပေးတာ"
သူတော်ကောင်းနှင့်တွေ့လျှင် အာရုဏ်တက်တာနှင့်တူသည်၊ မိမိကိုယ်တိုင် ဝိပဿနာအလုပ် လုပ်ခဲ့
ပါလျှင်...နေထွက်သည်နှင့်တူသည်။ ဝိပဿနာတည်းဟူသော အဆုံးအမ အလုပ်ကိုမှ မလုပ်ဘဲနေ
ခဲ့လျှင်..အမှောင်ထဲမှာ မွေး..အမှောင်ထဲမှာ နေ..အမှောင်ထဲမှာ သေတာနှင့်တူသည်။ ဝိပဿနာမှ
မလုပ်သေးလျှင် သာသနာတွင်းမှာသာနေ၍ သာသနာနှင့်ငါ မတွေ့သေးဘူးလို့ မှတ်ရမယ်။ ကိုယ့်ကိုယ်
ကိုကယ်ကြပါ၊ ဘယ်သူကဘာပြောပြော ကိုယ့်ဟာကိုယ်ရုန်းမှ ကိုယ်လွတ်မှ၊ ဘုရားက ဝိပဿနာရှုဖို့
(၁၇၉၂) ကြိမ် ကိုယ်တိုင်မှာခဲ့တယ်။ လှူတာတန်းတာ ပေးတာ ကမ်းတာ အသားထားပြီး၊ ဘုရားပြော
တဲ့အတိုင်း ကျင့်ပြီး တရားနဲ့ ပူဇော်စေချင်တယ်၊ အခုလူ့ဘဝရောက်လာတာ မတရားနဲ့ အချိန်ကုန်မယ်
ဆိုရင်..အရင်းရှူံးပါလိမ့်မယ်။ ဒီအတိုင်းနေလို့ မတော်တဲ့အကြောင်း ကောင်းကောင်းသိကြပါ။
ဒီတော့ တရားအလုပ်စလုပ်ကြစို့၊ ရှေးဦးစွာ ဝင်လေထွက်လေကို မှန်မှန်ရှူ မှန်မှန်ရှိုက်၊ ဝင်လေ ထွက်လေ
ရှူရှိုက်တဲ့အခါ..(၁) အထက်နှာသီးဖျား (၂) နှုတ်ခမ်း (၃) ရင်ညွန့် ကြိုက်ရာ တစ်နေရာ စိတ်ကိုထား
ထိတာကို သိနေရမယ်။ ဝင်သက် ထွက်ကို သိနေမှုမှတစ်ပါး၊ အခြားဘယ်ကိုမျှ အာရုံရောက်မသွားဖို့
အရေးကြီးတယ်..ထိုင်တဲ့ခါမှာလည်း တင်ပျဉ်ခွေထိုင်ပါ။ ခါးကို ဖြောင့်ဖြောင့်မတ်မတ်ထားပါ။ ရှေ့လည်း
မငိုက်စေနဲ့..ဘေးလည်းမစောင်းစေနဲ့။ ခေါင်းကလည်း ဘယ်ဘက်မှ မစောင်းစေနဲ့၊ ယောဂီရဲ့ ခါးအထက်
ပိုင်းကိုယ်ကြီးဟာ၊ ရှေ့နောက် ဘေးဘယ်ညာ ယိမ်းယိုင်နေရင်..အရိုးအဆစ်တွေ အဆက်ချင်း တည့်မ
နေတဲ့အတွက် မကြာခင်နာလာမယ်။ လေကိုဝအောင်ရှူ မှန်မှန်ပဲ ဖြည်းဖြည်းရှူထုတ်ရမယ် (၁၅) မိနစ်
လောက်ကြာတော့ ခန္ဓာထဲပေါ်ရာကို...ဖြစ်ပျက်လိုက်ရှု။ ဖြစ်ပျက်ဆီ ဉာဏ်တည့်တဲ့ ပုဂ္ဂိုလ်ကဖြင့်၊
သမထနဲ့ ဝိပဿနာတွဲလို့မပါဘူး။ ဝိပဿနာလုပ်ရင် သမထပါတယ်..ပညာကရှေ့ကသွားရင်..သမာဓိ
ကနောက်က..ကပ်ပြီးပါလာတာ။
သမထသက်သက် မတည်ထောင်ဘဲ..ဝိပဿနာထဲပါတဲ့ သမထနဲ့ နိဗ္ဗာန်သွားနိုင်ပါတယ်၊အခုလို
သက်တမ်းတိုတဲ့အချိန်မှာ..သမာဓိကို အထူးတည်ထောင်မနေပါနဲ့တော့။ သမာဓိနဲ့ ပညာကို..ဖြစ်ပျက်
ဆီ တွဲလွှတ်ရင် မြန်တယ်၊ မြန်မြန်ဖြစ်ပျက်မြင်တာသည်၊ မြန်မြန်ဖြစ်ပျက်ဆုံးတဲ့ မဂ်ဉာဏ်ပေါ်ဖို့ပဲ၊
လုပ်ရင် မကြာဘူး။ ဆရာကောင်းရင် ကောင်းသလောက်၊ ခရီးပေါက်တာပဲ။ အားထုတ်ဆဲ ဝိပဿနာ
ဉာဏ်နဲ့ အမြဲနေကြမယ်ဆိုရင်..မျက်စိမှိတ်လိုက်တာနဲ့ ဉာဏ်စိတ်က ဖြစ်ပေါ်လာပါပြီ။ ခင်ဗျားတို့
မှတ်ထားကြပါ၊ အရိယာလေး မွေးလာတယ်လို့ ဘယ်သူများ ကြားဖူးတုံး။ အရိယာအကျင့် နောက်မှ
ကျင့်ယူရတယ်၊ "သုတဝါ ပုထုဇ္ဇနောကနေ သုတဝါ အရိယာ သာဝကော"ဖြစ်ပြီးသကာလနေတော့၊
သူ့ဘာမျက်လုံးရသတုံး၊ အရိယာမျက်လုံးရတယ်၊ ဖြစ်ပျက်ဉာဏ်မြင်လို့ရှိရင်..ဒီဘဝ မဂ်ရမလို့
သဒ္ဓါနိယာမတရား (၅) ပါးမှာ..ဒီဘဝ မဂ်ရမယ့်အကြောင်း မဟောဘူလား၊(ဟောပါတယ်ဘုရား) ။
ဟောဒီဖြစ်ပျက်တာ မြင်အောင်လုပ်စမ်းပါ၊ မြင်နိုင်အောင် သင်တဲ့ဆရာနဲ့ ပေါင်းသင်းပြီး၊ မြင်တဲ့နည်း
လေး၊ ခင်ဗျားတို့ သန္တာန်မှာ ပေါ်စမ်းပါစေ၊ သေချာပြီလို့ ဆုံးဖြတ်ချက်ချ၊ အပါယ်လေးပါး ပိတ်ပြီဆို
တော့...မလုပ်ထိုက်ဖူးလား။
သံယုတ်ပါဠိတော်၌...ခန္ဓာထဲမှာ..ဝေဒနာကို ဖြစ်စေ၊ စိတ်တွေ၊ စေတသိက်တွေကိုဖြစ်စေ..ဖြစ်ပျက်
အနိစ္စ လို့ရှုရင်ဖြင့် "အဝိဇ္ဇာ ပဟီယတိ"တဲ့၊ အဝိဇ္ဇာကို ပယ်ချလိုက်တယ်တဲ့...ဒီလို့မှ အနိစ္စ၊ ဒုက္ခ၊
အနတ္တ မရှုဘူးဆိုရင် အဝိဇ္ဇာဖြစ်သတဲ့.."သံယုတ်ပါဠိတော်"မှာလာတယ်။ အလုပ်စဉ် သိချင်ရင် မှတ်
တမ်းတွေကြည့်။ အလုပ်သိချင်ရင် ခန္ဓာကြည့်၊ ခန္ဓာဆိုတာ ဓမ္မပဲ၊ ထိုခန္ဓာက ပြတာကို ပုပ္ဗဘာဂမဂ်
ဆိုတဲ့ မဂ္ဂင်ငါးပါးနဲ့လိုက်၊ ခန္ဓာက အနိစ္စလို့ပြလို့ အနိစ္စဉာဏ်၊ ဒုက္ခလို့ပြလို့ ဒုက္ခဉာဏ်၊ အနတ္တလို့ပြလို့
အနတ္တဉာဏ်ဖြစ်သွားတယ်၊ တရားတိုင်ရတာ ထိုင်လို့မကောင်းဘူးဆိုရင်..ဖြစ်ပျက်နဲ့ မဂ်ကြားမှ...
တစ်ပါးသော ကိလေသာ ကြားခိုနေတယ်လို့မှတ်ပါ၊ ခန္ဓာဆိုတာ ဓမ္မပဲ၊ ဓမ္မနဲ့ တည့်သည့်ဉာဏ်သည်
သာလျှင်..ပဋိစ္စသမုပ္ပါဒ် ပြတ်တဲ့ဉာဏ်၊ ကိုယ့်ဟာကိုယ် လုပ်ယူလို့...ရတဲ့ဉာဏ်မဟုတ်ဘူး၊ ကိုယ်ဟာ
ကိုယ် လုပ်ယူလို့ ရတဲ့ဉာဏ်ဆိုရင်လည်း...ပဋိစ္စသမုပ္ပါဒ်က ပြတ်ကိုမပြတ်ဘူး။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာ တစ်နည်း၊ ဖြစ်ပျက်ဆိုတာ ကိုယ်ပါးစပ်က ဖြစ်တာမဟုတ်၊ ဓမ္မကပြတာ
ကိုယ်ကလုပ်ယူတဲ့ အနိစ္စ မဟုတ် ဓမ္မကပြတဲ့ အနိစ္စ၊ ဓမ္မကပြတဲ့ ဖြစ်ပျက်...ဒါမှသာ၊ ဖြစ်ပျက်သိတဲ့ဉာဏ်
ယောဂီမှာရမယ်။ အရေးကြီးတာက ခန္ဓာထဲ ဉာဏ်သွင်းဖို့ဆိုတာ မှတ်ကြစမ်းပါ၊ ခန္ဓာထဲ ဉာဏ်သွင်းနေ
တာ အလုပ်ခွင်ဝင်နေတာပဲ၊ ဉာဏ်သွင်းတယ်ဆိုတာလည်း"ကမ္မဿကတဉာဏ်"လောက်သွင်းလို့
မရဘူး၊ ဒါလောက်နဲ့ဆို အရိုးကြီးပွားရေးပဲ၊ ဘာဉာဏ်သွင်းရမလဲဆိုရင်"သစ္စာနုလောမိကဉာဏ်"လောက်
သွင်းရမယ်၊ သစ္စာနုလောမိကဉာဏ်ဆိုတာသည်၊ သစ္စာနှင့်လျော်တဲ့ဉာဏ်ပါပဲ၊ သစ္စာတခြား၊ အနိစ္စတ
ခြားလို့ မမှတ်ပါနဲ့၊ သစ္စာတခြား ဖြစ်ပျက်တခြားလို့ မမှတ်ပါနဲ့၊ ဖြစ်ပျက်ပြီး ဖောက်ပြန်ပျက်စီးနေတာ
သည်၊"ဒုက္ခသစ္စာ"ချည်းသာမှတ်ပါ။ ဖြစ်ပျက်ရှုနေတာသည်၊ ဒုက္ခသစ္စာ ကိုသိသိနေခြင်းဖြစ်တယ်လို့
ဆုံးဖြတ်ချက်ချ။ ထိုဖြစ်ပြီး ပျက်နေသော သဘောသည် သုခလား ဒုက္ခလား မိမိကိုယ်ပိုင်ဉာဏ်ဖြင့်
စဉ်းစားချင့်ချိန်ဝေဖန်၍နေပါ၊ တရားနာတယ်ဆိုတာသည်..မတရားလုပ်တာ ကာကွယ်နေတာပဲလို့
မှတ်ကြပါ။   ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                            ပင်မသံဝေဇနိယဌာန
                                                                      အမရပူရမြို့ ။            ။

Wednesday, December 26

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာ သတိပဋ္ဌာန်

"တစ်သံသရာမှာ တစ်ခါသာနာရတဲ့တရားမျိုး"
ဒီအလုပ်ဟာဖြင့် မလုပ်မဖြစ်တဲ့အထဲမှာ..အကြီးကျယ်ဆုံး အလုပ်ကြီးပဲ။ ခင်ဗျာတို့ကို..အင်မတန် ကိုယ်
ကျိုးကြီးနည်းမှာစိုးလို့ အလုပ်ခိုင်းနေတာ မှတ်ပါ၊ တစ်သက်မှ တစ်ခါ..တစ်သံသရာမှ တစ်ခါဆိုသလို၊
ဒီလို နက်နက်နဲနဲ တရားတွေကို.. ကြားရတာပါနော်၊ အင်မတန်ဂရုစိုက်လိုက်ကြစမ်းပါ။ အသုဘပို့တိုင်း
သူတော့သေပြီ ငါတော့ မသေရာရှာမယ်ဆိုတဲ့စိတ်..လာကိုမလာဘူး၊ ခင်ဗျာတို့က ဒုက္ခမပြတ်မှ နေ
တတ်တယ်၊ သေချင်းထပ်မှ နေတတ်တယ်၊ မပူရတဲ့ဘဝ မသေရတဲ့ဘဝ..တစ်ခါမှ မတွေ့ခဲ့ကြရပါဘူး။
လူဆိုတာ ဒီလိုပဲ ရှာဖွေစားနေရတာပဲလို့..ပြောနေတာဟာ ရှာစားတဲ့ဘက်ပဲ နားလည်တာကို၊ မရှာဘဲ
ချမ်းသာနေတဲ့ဘက်ကို..နားမလည်တော့..ကိုယ်နားလည်တာပဲ အသားယူပြောနေတာ၊ ရှားစားရတဲ့
ကိစ္စရှိရင်..မရှာပဲပြီးတဲ့ ကိစ္စလည်းရှိရမယ်။
ခင်ဗျားတို့ ချမ်းသာစစ် မသိသေးဘူး..ဒုက္ခသစ္စာ ချမ်းသာကိုသာ သိကြတယ်၊ မသိတော့ ပြောသံကြား
နဲ့..ကိုယ့်ဟာကိုယ် တင်းထိမ်နေတာလည်း တော်တော်ဆိုးတယ်၊ ကိုယ့်နှိပ်စက်နေတာ ရိုးရာနှိပ်စက်
နေတာ၊​ ရိုးရာနှိပ်စက်တာကို မတော်လှန်နိုင်ပဲဖြစ်နေလို့..ပင်ပန်းတာတွေကို ထုံးတမ်းနဲ့ ဖုံးပစ်လိုက်တော့
သစ္စာပျောက်သွားတယ်၊ ထုံးတမ်းကလည်း ကိုယ့်ဟာကိုယ် လုပ်ထားတဲ့ ထုံးတမ်းဆင်းရဲသက်ရှည်နေ
ကြတာ ထုံးတမ်းတွေဖုံးနေလို့...ကုသိုလ်ရရုံ သုဂတိလောက် ကျေးဇူးပြုနိုင်တဲ့၊ ကာယကံ သုံးပါး၊ဝစီကံ
လေးပါး၊ မနောကံသုံးပါး တစ်မျိုး။ အပါယ်လေးပါး ပိတ်တဲ့၊ ကာယကံ သုံးပါး၊ ဝစီကံလေးပါး၊ မနောကံ
သုံးပါး တစ်မျိုးဆိုတော့၊ ဒို့အမေ ဒို့အဖေတွေ၊ ဒို့အဖိုး ဒိုအဖွားတွေ သေးသွားကြရှာပြီ၊ တရားနှစ်မျိုးရှိ
ကြောင်း သိမသွားကြရရှာဘူး။ ဒီထက် အထက်တန်းရှိတဲ့ တရားတွေ၊ မျှော်လို့လည်းမကြည့်ဘူး၊ မှန်း
လို့လည်း မရဘူး၊ နာသွားတယ်၊ ရိုးရာကျော်ပြီး သကာလ၊ ထိုးထိုးထွင်းထွင်း သိရမယ့် တရားပါကလား
လို့၊မှတ်ရမယ်။
 ခင်ဗျားတို့ ကြိုက်နေတဲ့ ချမ်းသာက ပုပ်ရိနေတဲ့ ခွေးသားကို..ဠင်းတကြိုက်တဲ့ ချမ်းသာမျိုး..ဘုရားက
ငြိမ်းအေးတဲ့ သန္တိသုခ ကြိုက်စေချင်တယ်၊ ခင်ဗျားတို့က သုခဝေဒနာ ကြိုက်နေကြတယ်..ခင်ဗျားတို့
အလွဲကြီးလွဲနေတာကို..သေသေချာချာ ပြောတာပါ။(၁) အပါယ်လမ်းက ဆင်းရဲလမ်း။(၂) သုဂတိလမ်း
က..ခေတ္တ အပန်းဖြေတဲ့လမ်း။(၃) မဂ္ဂင်လမ်းဆိုတဲ့ အလင်းရောင်ပေါ်နေတုန်း..အေးချမ်းတဲ့ နိရောဓ
သစ္စာဆိုတဲ့ နိဗ္ဗာန်ဆီ သွားကြပါ၊ လမ်းတကာ့ လမ်းထဲမှာ..မဂ္ဂင်လမ်းသာ ချမ်းသာကို အဆုံးပို့တယ်။
ရောက်ဖူးတဲ့သူကလည်း သာယာလို့ ပြန်ခေါ်တာ။ ဘုရားက..သူတစ်ပါးစိတ်အကဲခတ်ရတာ မှားသော်
ရှိ မှန်သော်ရှိတဲ့ ကိုယ့်စိတ်သန္တာန် ပေါ်လာတဲ့စိတ်ကို..ကိုယ့်ဉာဏ်နဲ့ အကဲခတ်ရတာကမှ..အမှန်ရမယ်
တဲ့၊ စိတ်ကိုရှုဆိုတော့ စိတ်တွေ ပေါ်လာတာတွေ့ရပါလိမ့်မယ်။ စိတ်ရှုလို့ စိတ်တွေ့နေရင်..ပဋ္ဌမဆင့်
တော့၊ အတော်နေရာကျပြီလို့ အောက်မေ့ပါ၊ ဝမ်းမြောက်စရာတော့ မဟုတ်သေးဘူး..အောက်ဉာဏ်ပဲ
ရှိသေးတယ်။ စိတ်ကိုရှုလို့ စိတ်ရဲ့ မရှိမှုကိုတွေ့မှ အထက်ဉာဏ် ဖြစ်ပါတယ်၊
ရုပ်ရှုပ်လို့..ရုပ်တွေ့နေသေးရင်..စိတ်ရှုလို့ စိတ်တွေ့နေသေးရင်..ဒုဗ္ဗလ ဝိပဿနာ အားသေးတယ်၊
ရုပ်၏ ဖောက်ပြန်ပျက်စီးသွားတဲ့ လက္ခဏာတွေ့တယ်၊ စိတ်၏ မရှိမှုသဘော တွေ့မြင်ပြီဆိုမှ ဒါ ဗလဝ
ဝိပဿနာ အားကြီးတယ်၊ ပေါ်လာပြီး ပျက်သွားတာ ပျောက်သွားတာ၊ ဒါကိုသာ ဉာဏ်နဲ့မိအောင်
အကဲခတ်ပါ၊"ဟုတွာ အဘာဝတ္တေန အနိစ္စ"ဆိုတာ ရှိရာက နေပြီးတော့..ပျောက်ပျက်သွားတာကို၊
မြင်အောင် ရှုမှတ်ရမှာ၊ အရှုခံ စိတ်သည် ဒွါရ (၆) ပေါက်တွင် ပေါ်သည်၊ ရှုဉာဏ်သည် မနောဒွါရတွင်
ပေါ်သည်။ ရှုခံလည်း ဖြစ်ပျက်၊ ရှုဉာဏ်လည်းဖြစ်ပျက်၊ ဧည့်သည် ဧည့်သည်ချင်း ရှုရမှာ၊ ဖြစ်ပျက်ဆုံး
တာမြင်မှ ရှုဉာဏ်ဟာ..မဂ္ဂင် ရှစ်ပါးစလုံး ပြည့်ပြီး "မဂ်ဉာဏ်"ကိုယ်ပိုင်ရမှာ၊ ဝိပဿနာရှုရသော
ခန္ဓာသည်..နေ့တိုင်းရှိနေတဲ့ အတုံးအခဲခန္ဓာကြီးကို ဆိုလိုရင်းမဟုတ်၊ ကြမ်းကြမ်းတမ်းတမ်း အတုံးအ
ခဲကြီး မြင်နေရင်..ပညတ်အမြင် သမထ ဖြစ်သွားတယ်။ ခန္ဓာကိုယ်ထဲမှာ အခုပေါ်တဲ့ ခန္ဓာသိမှသာ
ဒါ နိဗ္ဗာန် ရောက်တဲ့အသိပေါ်မှာ။ အမေမွေးတဲ့ ခန္ဓာငါးပါးက ဖြစ်ခဲ့ပျက်ခဲ့တာ..တစ်တိုတစ်စမှ ပါမလာ
တော့ဘူး၊ အရင်ကပါလာတဲ့ ခန္ဓာလည်း မဟုတ်၊ အကြောင်းကင်းသလားဆိုတော့လည်း မကင်းဘူး။
ဝိပဿနာရှုရတယ်ဆိုတာ ဘာကိုရှုရမှာလဲ အောက်မေ့တယ်၊ လက်စသတ်တော့ ပေါ်လာတဲ့ ဧည်
သည့်ခန္ဓာ မြင်အောင်လို့ ရှုရတာကို၊ ဧည်သည့်ခန္ဓာကို မမိလိုက်ဖူးဆိုရင်..အပျက်ကိုတော့ မိအောင်
ကြည့်၊ အဖြစ်ကို မမိလိုက်ရင် ရှိစေတော့ အပျက်ကိုတော့ မိအောင်စောင့်ကြည့်ရမယ်၊ အဖြစ်နှင့်အပျက်
နှစ်ခုတွင်၊ တစ်ခုခုကိုတော့ မိအောင်ဉာဏ်နဲ့ဖမ်းရမယ်၊ သိမ်မွေ့တဲ့ သေးငယ်တဲ့ သားမြီးဖျား မြားနဲ့မှန်
အောင် ပစ်နိုင်သလို ချက်တိုင်းမလွဲ တပ်ခနဲ့..တပ်ခနဲ့ သိမ်မွေ့တဲ့ ရုပ်နာမ် ဖြစ်ပျက်ကလေးတွေကို
မြင်အောင်ကြိုးစားပါ၊ ခန္ဓာသည် ပရမတ် ရုပ်ပရမတ် နာမ်ပရမတ်၊ ပရမတ်တို့သည်..မည်သည့်အခါ
မျှ လိမ်ညာကောက်ကျစ်ပြီး မပြောဘူး၊ ဒီတော့ ခန္ဓာသဘော ခန္ဓာအပြောကို..ကိုယ်က သတိထား
ဝီရိယစိုက်၊ ပညာနဲ့ ရှုလိုက်ရင် ဖြစ်ပျက်မြင်တာပဲ။      ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                          ပင်မသံဝေဇနိယဌာန
                                                                   အမရပူရမြို့ ။       ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာနှင့်တဏှာတရားတော်

"ဝေဒနာပစ္စယာ တဏှာ"(ဝေဒနာကြောင့် တဏှာဖြစ်၏) လို့ ဘုရားကဟောထားတယ်၊ ခင်ဗျားတို့ သန္တာန်
မှာ ဝေဒနာသာပေါ်လို့ရှိရင် တဏှာလာမှာပဲတဲ့၊ ဘုရားပွင့်ပွင့် မပွင့်ပွင့် ဝေဒနာပစ္စယာတဏှာ..တော့ရှိနေ
တာပဲ၊ ဒါပေမယ့် ဘုရားမပွင့်ရင် ဝေဒနာပစ္စယာတဏှာ..ချည်းဖြစ်မယ်၊ ဘုရားပွင့်တော့ ဝေဒနာနိရောဓာ
တဏှာနိရောဓော (ဝေဒနာချုပ်ရင် တဏှာချုပ်တယ်) ဖြစ်နိုင်တယ်၊ ဒါထူးခြားတာပဲ၊ "ဝေဒနာနိရောဓာ
တဏှာနိရောဓော"ဆိုတာကလဲ အလုပ်လုပ်တဲ့ ပုဂ္ဂိုလ်မှဖြစ်တာ၊ အလုပ်မလုပ်တဲ့ပုဂ္ဂိုလ်မှာ ဖြစ်ကိုမဖြစ်ဘူး
(ဝေဒနာပစ္စယာတဏှာ..ပဲဖြစ်မယ်)၊ ဝေဒနာဖြစ်လာရင် တဏှာလာမယ်၊ တဏှာလာလို့ရှိရင် ဒီဘက်က
ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာမရဏ တွေဟာပဋိစ္စသမုပ္ပါဒ်အစဉ်အတိုင်း သွားတော့မှာပဲ၊ ဒါ နိယာမပဲ၊
ဘုရားပွင့်လို့ ဘုရားရဲ့တရားတော်ကို နာရလို့ ခင်ဗျားတို့ကျုပ်တို့အားထုတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ "ဝေဒနာ
နိရောဓာ တဏှာနိရောဓော"ဖြစ်နိုင်တယ်၊ ဒါဘုရားပွင့်ခြင်း၏ ကျေးဇူးပဲ၊ ဘုရားဆီကနည်းရပြီး ကျင့်ရင်
တော့"ဝေဒနာနိရောဓာ တဏှာနိရောဓော"ဖြစ်မယ်၊ ကိုယ့်အိမ်မှာ ဘုရား တရား သံဃာကြည်ညိုတယ်ဆို
တာက သဒ္ဓါပြဋ္ဌာန်းတယ်၊ ဝိပဿနာအလုပ် လုပ်တဲ့ပုဂ္ဂိုလ်ကျတော့ ပညာပြဋ္ဌာန်းတယ်၊ ဒီအလုပ်မလုပ်တဲ့
ပုဂ္ဂိုလ်ကျတော့ သဒ္ဓါပဲပြဋ္ဌာန်းနိုင်တယ်၊ "ပညာယံ သေဋ္ဌောလောကသ္မိ`ံ"(လောက ၃-ပါး၌ ပညာသည်သာ
တရားတကာတို့ထက်အမြတ်ဆုံး) လို့ ဘုရားကဟောတယ်၊ ဘာကြောင့် ပညာအမြတ်ဆုံးဖြစ်ရတာလဲ။
တခြားတရားတွေ မဖောက်ထွင်းနိုင်တဲ့ အဝိဇ္ဇာတဏှာထုကြီးကို ပညာကဖောက်ထွင်းနိုင်တယ်၊ ကျန်တဲ့တ
ရားတွေက မဖောက်ထွင်းနိုင်ဘူးတဲ့၊ ဒါကြောင့် ရှိသမျှတရားတကာတွေထဲမှာ ပညာဟာအမြတ်ဆုံးလို့မှတ်
ဒါဖြင့်"ဝေဒနာနိရောဓာ"ဝေဒနာမရှိတာကို မြင်ပါမှ"တဏှာနိရောဓော"ဆိုတဲ့ မဂ်ဉာဏ်လာမယ်..ပဋိစ္စသမု
ပ္ပါဒ် ပြတ်မယ်လို့ ဘုရားကဟောထားတယ်၊ ဝေဒနာချုပ်တာကိုမြင်တဲ့ ဝိပဿနာမဂ်ပေါ်လာတော့မှ တဏှာ
နိရောဓော ဖြစ်တယ်၊ နို့မဟုတ်ရင် မဖြစ်ဘူး၊ သေသေချာချာရှုလို့ဝေဒနာဖြစ်ရာက ချုပ်ပျောက်သွားတော့မှ
ဝေဒနာချုပ်ပျောက်သွားရကို မြင်လိုက်မှ "တဏှာနိရောဓ"ဖြစ်မယ်၊ "ဝေဒနာနိရောဓ"မမြင်နိုင်တဲ့ပုဂ္ဂိုလ်မှာ
"တဏှာနိရောဓ"မဖြစ်၊ ဒါဖြင့် ဝေဒနာနိရောဓ ဖြစ်အောင် အလုပ်လုပ်မှရမယ်လို့မှတ်။
"ဝေဒနာရှုနည်း"ဝေဒနာက ခန္ဓာကိုယ်ထဲမှာ သုခပေါ်ပေါ် ဒုက္ခပေါ်ပေါ် ဥပေက္ခာပေါ်ပေါ် ရှုလိုက်လို့ပျောက်
ပျောက်တဲ့ နိရောဓကို နောက်ကရှုတဲ့ဉာဏ်က မြင်ပါမှ၊ တဏှာနိရောဓ ဖြစ်တယ်၊ (ဒါအလုပ်သဘောပဲ) နို့မ
ဟုတ်ရင် ဝေဒနာဖြစ်တိုင်း တဏှာကလာမှာပဲ၊ ဒါဖြင့် ဝေဒနာပေါ်တုန်း ပေါ်ဆဲကို နိရောဓမြင်အောင် ကြည့်
ရလိမ့်မယ်၊ ဝေဒနာနိရောဓ..မြင်တဲ့မဂ်လာရင် တဏှာနီရောဓဖြစ်ပြီး၊ ဒီနေရာမှာ (ဝေဒနာနဲ့ တဏှာကြားမှာ)
မဂ်မလာဘူးဆိုရင်၊ "တဏှာ ဥပါဒါန် ကံ"တွေဖြစ်မှာပဲ၊ ဒါဖြင့် တဏှာချုပ်အောင် ဘယ်လိုလုပ်မလဲ၊ ဝေဒနာ
ကို ရှုရှုပေး၊ ကြပ်ကြပ်ရှုပေး၊ ရှုပြီး ဝေဒနာချုပ်တာ မြင်အောင်ရှုနိုင်တဲ့ အလုပ်လုပ်၊ ချုပ်ပြီ ချုပ်ပြီလို့နောက်က
မြင်နေမယ်ဆိုရင် တဏှာချုပ်နေတာပဲ၊ ဝေဒနာ ချုပ်တာမြင်မြင်နေတဲ့ပုဂ္ဂိုလ်ဟာ တဏှာချုပ်နေတာပဲ၊ တဏှာဟာ ပေါ်ခွင့်မရဘဲနဲ့ချုပ်သွားတော့တဏှာနိရောဓော..နိဗ္ဗာန်ဖြစ်တာပဲ၊ သံယုတ်မှာ ဒီအတိုင်းလာ
တယ်။
"ဝေဒနာချုပ်တော့ တဏှာချုပ်"တဏှာချုပ်တော့ နိဗ္ဗာန်လာတာပဲ၊ တဏှာသာစွန့် နိဗ္ဗာန်ရပြီလို့ ဘုရားက
ဟောတယ်၊ ဒီတော့ ဝေဒနာကို ကြည့်ကြည့်ပေး (ရှုရှုပေး) ကြည့်တဲ့အခါ မဂ္ဂင် ၅-ပါးက ဝေဒနာကိုမြင်တယ်၊
နောက် ဝေဒနာနဲ့မတွေ့စေနဲ့၊ ချုပ်တာချည်းတွေ့နေပစေ၊ ဝေဒနာတွေ့နေရင် တဏှာလာဦးမယ်၊ ချုပ်တာနဲ့
တွေ့တော့ တဏှာမလာတော့ဘူး၊ တဏှာချုပ်ရင် နိဗ္ဗာန်ပဲ၊ မဂ်ဉာဏ်နဲ့ နိဗ္ဗာန်ကိုမြင်တာပဲ၊ ဒီတဏှာချုပ်တာ
ကို မျက်စီ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တွေနဲ့ မမြင်နိုင် မသိနိုင်ဘူး၊ ဉာဏ်နဲ့မှမြင်တယ်၊ ဉာဏ်နဲ့ကြည့်လိုက်
တဲ့အခါ သုခဖြစ်ဖြစ်၊ ဒုက္ခဖြစ်ဖြစ်၊ ဥပေက္ခာဖြစ်ဖြစ်..ဘယ်ဝေဒနာမှ မတွေ့တော့ဘူး၊ ဝေဒနာမရှိတာချုပ်တာ
(နိရောဓ) ကို သိတော့တယ်၊ ဒီတော့ မရှိတာက"အနိစ္စ"(နိရောဓ)၊ သိတာက"မဂ္ဂ"မဂ်လာကတည်းက၊
တဏှာမလာတော့ဘူး၊ တဏှာမလာတော့ ဥပါဒါန်မလာ၊ ဥပါဒါန်မလာတော့ ကမ္မဘဝမလာ၊ ကမ္မဘဝ မလာ
ရင်လို့ရှိရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတွေလဲ မလာတော့ဘူး၊ ဒီဘက်လာ မယ့်ဒုက္ခတွေ ချုပ်သွားတယ်၊ ဒါ
မဂ်ဝင်လာသောကြောင့် တဏှာသမုဒယ ချုပ်သွားလို့ ဒုက္ခသစ္စာတွေချုပ်သွားရတာ။ ဝေဒနာရှုတဲ့အခါမှာ
ဝေဒနာမြင်ရုံနဲ့ မပြီးသေးဘူး၊ ချုပ်သွားတာမြင်မှ ပြီးတယ်၊ ရှေ့က(ဝေဒနာက) ချုပ်သွားလိုက် နောက်က(မဂ်)
မြင်လိုက်၊ ဒီလိုချည်း လိုက်ပေးတဲ့အခါကျတော့၊ တဏှာဟာ ချုပ်သွားတယ်၊ ဒါဖြင့် တဏှာချုပ်အောင် လုပ်
တဲ့အလုပ်ဟာ သံသရာစခန်းသတ်တဲ့အလုပ်၊ တဏှာမချုပ်စေတဲ့ အလုပ်ကတော့ သံသရာလည်တဲ့ အလုပ်
လို့မှတ်၊ သံသရာလည်တာက ဝေဒနာ၊ တဏှာ ချုပ်အောင်မလုပ်တဲ့ပုဂ္ဂိုလ်၏ လမ်းစဉ်၊ သံသရာ စခန်းသတ်
တာဟာ ဝေဒနာ၊ တဏှာချုပ်အောင်လုပ်တဲ့ ပုဂ္ဂိုလ်၏လမ်းစဉ်၊ ဒီလိုလမ်းစဉ် ၂-မျိုးကွဲသွားတယ်၊ ဝေဒနာချုပ်
တာ မြင်မှုသည် နိဗ္ဗာန်ရောက်တဲ့ အလုပ်ပဲ၊ ဝေဒနာကို နောက်ကသိတာက တဏှာနဲ့သိတာ၊ခံစားလို့ကောင်း
လိုက်တာဆိုတာဟာ တဏှာပဲကိုး။ ဒါဟာ သံသရာရှည်တဲ့အလုပ်ပဲလို့မှတ်၊ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာ
မရဏလို့ ဒုက္ခလည်တဲ့အလုပ်ပဲ။
"တဏှာ၏ဆိုးရွားယုတ်မာပုံ"အခု သမုဒယသစ္စာ ဆိုတဲ့တဏှာ..လောဘ၏ ဆိုးရွားယုတ်မာပုံကို ဟောတော့
မယ်၊ ဘာကြောင့်ဟောရသတုံး၊ ခင်ဗျားတို့က တဏှာကို မိတ်ဆွေဖွဲ့ထားလို့၊ ဒီအရွယ်ရောက်ရင် လုပ်တတ်
ကိုင်တတ်ပြီ၊ ငွေရှာတတ်ပြီ၊ လောဘဖြစ်တတ်ပြီ၊ လူကြီးတွေကတော့ ကလေးတွေကိုနင်တို့ကတဏှာလော
ဘနည်းသေးတယ်၊ ပိုက်ဆံမဝင်သေးတော့ နင်တို့ များများရအောင်ကြိုးစားရမယ်..စသည်ဖြင့် သင်ပေးကြ
တယ်၊ ဒါတဏှာသင်ပေးနေတာပဲ၊ ဒီတဏှာလေးရှိလာတဲ့ ပုဂ္ဂိုလ်ကျတော့ ပစ္စည်းကိုရှာဖွေလာတယ်၊ ပစ္စည်း
ကလေးရမှန်းသိတော့ စွဲလမ်းလာတယ်၊ ဒီတော့ တဏှာ ဥပါဒါန် ကမ္မဘဝလာတော့တာပဲ၊ကမ္မဘဝဖြစ်တော့
ဇာတိ ဇရာမရဏဘက် သွားတော့တာပဲ၊ လောကီမျက်လုံးနဲ့ ကြည့်လိုက်ရင်တော့၊ အမေအဖေတွေ အသင်
အပြကောင်းတယ်လို့ဆိုရမယ်၊ လောကုတ္တရာမျက်လုံးနဲ့ကြည့်တော့ ဒါဂျောက်တွန်းတာပဲ၊တဏှာရဲ့ဆိုးသွမ်း
ပုံကိုဟောနေတာ၊ ဒီလိုတဏှာဆိုးသွမ်းပုံကို သိမှသာ ခင်ဗျားတို့ သူနဲ့မပေါင်းချင် မသင်းချင်ဆိုတာလာမှာ
ဘုရားက"တဏှာဒုတိယာပုရိသော"လို့ဟောထားတယ်၊ ခင်ဗျားတို့ တဏှာအပြစ်ကို မသိသေးသရွေ့၊
တဏှာနဲ့နေရတာ ပျော်နေမှာပဲ၊ တစ်ယောက်တည်းစိတ်ကူးကလေးနဲ့ပေါ့၊ နက်ဖြန် ဟိုကဘယ်လောက်ရ
မယ်၊ ဘယ်သွားရင် ဘယ်လိုအမြတ်ထွက်မယ်ဆိုပြီး၊ ဒီလိုနဲ့ စိတ်ကူးကလေးနဲ့ပျော်နေကြတာ၊တစ်ခါတလေ
အကြောင်းမညီညွတ်လို့ တဏှာသဘောအတိုင်း ဖြစ်မလာဘူးဆိုရင်၊ ဒေါသနဲ့ နှစ်ယောက်တည်းများ ရန်ဖြစ်
နေကြသေး၊ ဒေါသနဲ့ခန္ဓာ ရန်ဖြစ်ကြတယ်၊ ခင်ဗျားတို့က အခါကောင်းပြန်တော့"လောဘ"နဲ့အဖော်လုပ်၊
အခါမကောင်းပြန်တော့လဲ"ဒေါသ"နဲ့ အဖော်လုပ်၊ ဒီ ၂-ခုနဲ့ အဖော်လုပ်နေရာမှာလဲ"မောဟ"ကတွဲလျက်ပါ
နေတာပဲ၊ ဘုရားကတဏှာဖြတ်ခန်းဟောနေတယ်၊ ခင်ဗျားတို့က တဏှာနဲ့ မိတ်ဆွေဖွဲ့နေတယ်၊ ဒါ ဘုရားကို
ဂွတိုက်တာပဲ။
"ဝေဒနာပစ္စယာ တဏှာ"ဟာနေရာမရွေးဘူး၊ သွားရင်းလာရင်းလဲ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ဖြစ်၊ကိုယ်
စိတ်ကူးကလေးနဲ့ကိုယ်ဖြစ်ဖြစ်၊ တဏှာဟာဖြစ်နေတာပဲ၊ အိပ်ရာထဲမှာနေရင်း တဏှာနဲ့အဖော်လုပ်နေတာ
လဲရှိတာပဲ၊ ဒါကြောင့် ဘုရားက တဏှာနဲ့သာ အဖော်လုပ်နေလို့ရှိရင် ဘယ်တော့မှသံသရာက မထွက်ပါဘူး
တဲ့၊တဏှာအဖော်လုပ်တဲ့ ပုဂ္ဂိုလ်ဟာ သံသရာရှည်တော့မှာပဲ၊ ဟိုဘဝ..ဒီဘဝနဲ့ ကူးနေမှာပဲတဲ့၊ အို..နာ..သေ
ကွဲ..မွဲဆိုတဲ့ သံသရာကြီးကိုကျော်မသွားနိုင်ဘူးတဲ့၊ ဘုရားက သုတ္တနိပါတ် သံယောဇနသုတ်မှာဟောထား
တယ်၊ ဒါတဏှာအဖော်လုပ်မိလို့၊ ဒုက္ခတွေ့ပြီး သံသရာရှည်နေတာ၊ ခင်ဗျားတို့ကတော့ ရရာရကြောင်းက
လေးမှ စိတ်မကူးရလို့ရှိရင် ခြောက်တောက်တောက်ကြီးဖြစ်နေတယ်၊ ပျင်းလာတယ် စိတ်ပျက်လာတယ်၊
ငွေကလေး မှန်မှန်ဝင်ဝင်နေတဲ့ ပုဂ္ဂိုလ်ရဲ့မျက်နှာကိုကြည့် ပြုံးနေတာပဲ၊ ဒါ တဏှာနဲ့အဖော်လုပ်တာ၊
အကြောင်းမညီညွတ်လို့ ငွေမဝင်ဘူးဆိုရင် ပျင်းတယ်တဲ့၊ လူပေါင်းတော့ မှားပေါ့၊ လူပေါင်းမှားလို့ ဒုက္ခ
ရောက် သံသရာရှည်ရပေါ့၊ အိုနာသေဘေးတွေ အပါယ်ဘေးတွေနဲ့ သံသရာထဲက ထွက်တော့မှာ မဟုတ်
တော့ဘူး၊ ဘယ်သူကြောင့် အဲဒီတဏှာနဲ့ အဖော်လုပ်ဖြစ်တာတုံး၊ ဟောဒီ ကောင်းကောင်းကလေးဆိုတဲ့
"သုခဝေဒနာ"လေးကိုကြိုက်တာနဲ့ တဏှာဖြစ်နေတာ၊ "သုခဝေဒနာဟာ တဏှာရဲ့ ရေသောက်မြစ်ပဲ"
ချမ်းသာချင်လို့ လိုချင်..ရချင်တာရှိနေတာပဲ၊ မချမ်းသာချင်တဲ့ပုဂ္ဂိုလ်မှာ လိုချင်..ရချင် မရှိပါဘူး၊ ဒါဖြင့် တဏှာ
ကိုမကြောက်နဲ့၊ သုခဝေဒနာကို ကြောက်ပါ၊ ဒီတော့ သုခဝေဒနာ..ချမ်းသာတာဝမ်းထဲမှာ (ဟဒယဝတ္ထုပေါ်
မှာ) ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တာ ရှုစမ်းပါ၊ ရှုရင် တဏှာအဖော်မလာတော့ဘူး၊ တဏှာမလာရင် သံသရာ
ပြတ်ပြီ၊ နိဗ္ဗာန်ရောက်ပြီ၊ ဒီ တဏှာအကြောင်း ကောင်းကောင်းသိရင်၊ သူ့ကိုပေါင်းသင်းတော့မှာ မဟုတ်
တော့ဘူး၊ တဏှာနဲ့ မပေါင်းချင်အောင်ဟောရမှာပဲ၊ တဏှာဟာဘာလုပ်တတ်တုံး၊ သူ့လုပ်ငန်းကိစ္စဘာတုန်း
တဏှာဟာ သမုဒယသစ္စာပဲ၊ သမုဒယသစ္စာဟာ ဒုက္ခဖြစ်ကြောင်းပဲ၊ ဒါဖြင့် တဏှာဟာအလွန် ဒုက္ခပေးတတ်
နှိပ်စက်တတ်တဲ့တရားအစစ်ပဲ၊ တဏှာဟာ ခင်ဗျားတို့ရဲ့ ငယ်ပေါင်းဖြစ်တယ်၊ ပဋိသန္ဓေ တည်လာကတည်း
က သူနဲ့လာခဲ့တာကိုး၊ ကြီးတော့ လဲမခွဲကြဘူး၊ သူနဲ့သာ အဖော်လုပ်ပြီး နေခဲ့ကြတယ်၊ ဒီနေ့တော့ ငယ်ပေါင်း
၏ အမြဲနှိပ်စက်တတ်တဲ့ သတ္တိကိုအကုန်ဟောရမှာပဲ၊ ငယ်ပေါင်းကိုထိတော့၊ ငယ်ပေါင်းနဲ့ခွဲရတော့မယ်၊ ဆို
တော့ ခင်ဗျားတို့ မျက်ရည်များကျမလားမပြောတတ်ဘူး၊ တဏှာနာမည်က သမုဒယသစ္စာတဲ့၊ သမုဒယဆို
တာဖြစ်ကြောင်း၊ ဒုက္ခဖြစ်ကြောင်း၊ သစ္စာကမှန်တာ၊ ခင်ဗျားတို့ ဒုက္ခရောက်အောင်၊ မကောင်းအောင်ဆိုသွမ်း
ယုတ်မာအောင် သူ့ထက်မှန်အောင် လုပ်နိုင်တဲ့တရားမရှိဘူး၊ တဏှာကမကောင်းမှုသာ လုပ်ရမယ်ဆိုရင်
ကျုပ် အလုပ်နိုင်ဆုံးပဲတဲ့၊ မကောင်းတဲ့အကြောင်းကို မှန်မှန်လုပ်ဖို့အလုပ်ဟာ သူ့ ဝတ္တရားပဲတဲ့၊ ဘယ်သူမှ
ချမ်းသာမပေးဘူး၊ မကောင်းတဲ့အလုပ် လုပ်ပေးရာမှာ ဘယ်အခါမဆို မှန်မှန်လုပ်နိုင်တဲ့ တရားပဲ၊ နည်းနည်း
မှ မတိမ်းဘူး၊ ပြီးတော့သူကလဲ့လူမိုက်၊ မိုက်တဲ့နေရာမှာ ၂-ယောက်မရှိဘူး၊ သူဝင်လာပြီဆိုရင် မကောင်း
တာဟူသရွေ့ မိုက်မိုက်ကန်းကန်းလုပ်တော့တာပဲ၊ မကောင်းတဲ့အလုပ်တွေဟူသရွေ့ သူ့လက်ရာချည်းပဲ၊ မ
ကောင်းတဲ့ ဆိုးကျိုးတွေ ဒုက္ခတွေဟူသရွေ့ သူ့လက်ရာချည်းပဲ၊ ဒီတော့ ဝမ်းထဲသူဝင်လာတယ်ဆိုရင်ဒါဂြိုလ်
ဝင်တာပဲ၊ သူ့လက်ခံထားရင် ဂြိုလ်မွှေတော့မယ်သာမှတ်၊ ခင်ဗျားတို့ကလဲ ဒီဂြိုလ်ကလေးနဲ့မှအတူနေချင်
တာ၊ သူ့ အဖော်မလုပ်ရရင်ပျင်းတယ်တဲ့၊ ဒီတော့ ခင်ဗျားတို့ကရန်သူကိုမိတ်ဆွေမှတ်ပြီး ပေါင်းနေတော့မ
ကောင်းတာ..ဆိုးတာဟူသရွေ့ ဒုက္ခရောက်တာ သနားစမဟုတ်ဘူး၊ ဘာဖြစ်လို့၊ ဖျင်းလွန်း အ လွန်း...လို့။
သမုဒယ (တဏှာ) ဆိုရင် ဘယ်သမုဒယမှ ကောင်းတယ်လို့မပြောနိုင်ဘူး၊ နတ်ပြည်တောင့်တတဲ့ တဏှာလဲ
ကောင်းတယ့် မပြောနိုင်ဘူး၊ ဗြဟ္မာ့ပြည်ကြိုက်တတ်တဲ့ တဏှာလဲ ကောင်းတယ်လို့ မဟောနိုင်ဘူး၊ နတ်
ပြည်တောင့်တတဲ့ တဏှာကြောင့် နတ်ဒုက္ခရမှာ၊ ဗြဟ္မာပြည်တော့တတဲ့ တဏှာကြောင့် ဗြဟ္မာဒုက္ခရမှာ၊ လူု့
ပြည်တောင့်တတဲ့ တဏှာကြောင့် လူ့ဒုက္ခရမှာ၊ သားတွေငါးတွေစားချင်တဲ့ တဏှာကြောင့် သားတွေငါးတွေ
သတ်စားလို့ရှိရင် အပါယ်ဒုက္ခရမှာ၊ ဒီတဏှာကိုတော့ သတ်မှတော်မယ်၊ ချမ်းသာပေးလို့ မဖြစ်ဘူးလို့ စိတ်
မွေးထားမှဖြစ်မယ်၊ တဏှာဆိုတာ လောဘပဲ၊ ဒီတော့ လောဘလေးပေါ်တိုင်း သမုဒယလေး အဆိုးတရား
လေးပေါ်လာတယ်လို့ သိပေးပါ၊ ဒီလိုသိရင် သမုဒယသစ္စာကိုသိတယ် မည်တယ်၊ သမုဒယဆိုတာ ဒုက္ခဖြစ်
ကြောင်း၊ သစ္စာဆိုတာ အမှန်၊ ဘုရားက သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့ သမုဒယဟာ ဒုက္ခဖြစ်ကြောင်း
အမှန် သမုဒယသစ္စာတစ်ခုတည်းပဲ တွေ့တယ်၊ ဒုက္ခဖြစ်ကြောင်း အမှန်ဟာ သမုဒယသစ္စာတစ်ခုပဲတွေ့တယ်
တစ်ထောင့်ငါးရာ ကိလေသာဆိုတာ ဘုရားကဉာဏ်ကျယ်လို့ဟောတာ၊ ဒါတွေဟာ တဏှာ၏ အခြံအရံတွေ
အကူအညီတွေပဲ၊ ဒီတော့"အဝိဇ္ဇာထက် တဏှာကထက်တယ်"လို့မှတ်ပါ၊ သစ္စာနဲ့ဝေဖန်ကြည့်တော့မှ
တဏှာက ပိုထက်တာကိုသိရတယ်၊ အဝိဇ္ဗာက ဒီလောက်မထက်ဘူး၊ သစ္စာ ၄-ပါးဖွင့်ကြည့်တော့မှ ပယ်ရ
မယ့်တဏှာလဲသူပဲ၊ သူ့ပယ်ရင်တစ်ဖွဲ့ကြီး ပါတယ်ဆိုသောကြောင့်၊ သူခေါင်းဆောင်ပဲ၊ တဏှာကခေါင်း
ဆောင်ပဲ၊ ခင်ဗျားတို့ တဏှာကိုကြည်ညိုလွန်းလို့ခေါင်းပေါ်ရွက်ထားတယ်၊ သူ့ကို ခေါင်းဆောင်တင်ထား
တယ်၊ သူ့ ကိုအဖော်လုပ်နေရတာ သိပ်ပျော်တယ်ဟုတ်လား၊ ဘုန်းကြီးက သမုဒယသစ္စာ၏ဆိုရွားပုံ..ညစ်
ပတ်ပုံကိုသိအောင်လို့ ကိစ္စဉာဏ်ကိုဟောပေးနေရတာ၊ သူ့ ကိုပယ်ချင်စိတ်ပေါ်လာအောင် ဟောပေးရတာ၊
သူ့ကြောင့် သူ့ကိစ္စကိုသာ ကောင်းကောင်းသိရင် သူ့ကိုသတ်ချင်တယ် ဆိုတာဖြစ်လာမှာ၊ သူ့အကြောင်း
သူ့ ကိစ္စမသိရင်တော့၊ သူ့ကိုသတ်ချင်မှာ မဟုတ်ဘူး၊ အဖော်လုပ်ချင်နေမှာပဲ။

                                                      ဤကောင်းမှုကုသိုလ်ကံ
                                    စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                    ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                              အထောက်အပံ့ ပစ္စည်းပဖြစ်ဖြင့်
                                                   တည်ရှိပါစေသတည်း။          ။

                                                                                           အရှင်ဉာဏဓဇ
                                                                         မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                အမရပူရမြို့။      ။