မိုးကုတ်ဆရာတော် လောင်းလျာသည် မန္တလေးတိုင်၊ ဖြစ်ငယ်မြို့နယ် ဒုဋ္ဌဝတီဖြစ် တစ်ဘက်ကမ်း"ဥယျာဉ်
တော်" ရွာ၌ ကုန်သည်ကြီး ဦးအောင်ထွန်+ဒေါ်ရွှေအိတ် တို့မှ မွေးဖွားသော သားသမီး ၈-ဦးတို့တွင် ပဉ္စမ
မြောက်သားအဖြစ် ၁၂၆၁-ခုနှစ်၊ နတ်တော်လဆန်း (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်သည်၊ ငယ်မည်မှာ
"မောင်လှဘော်"ဖြစ်သည်၊ မောင်နှမသားချင်း ၈-ဦးတို့မှာ ဒေါ်တင်၊ ဒေါ်လုံး၊ ဒေါ်ရွှေပင် (နောက်တွင် သီလ
ရှင်ဝတ်၍ ဒေါ်သုစာရီ ဟုအမည်တွင်သည်)၊ ဦးလှဘော် (မိုးကုတ်ဆရာတော်)၊ ဒေါ်လှရှင်၊ ဒေါ်လှခင်၊
ဦးသောင်တို့ဖြစ်ကြသည်။ အသက် (၄) နှစ်အရွယ်တွင် မိဘများက မောင်လှဘော်ကို ဥယျာဉ်တော်ရွာရှိ
မူလတန်းကျောင်း ဆရာကြီး"ဦးစံရ"ထံတွင် ပညာသင်ရန်အပ်နှံသည်၊ မောင်လှဘော်သည် ဆရာကြီး ဦးစံရ
ကျောင်းတွင် ၄-တန်းအောင်မြင်သည်အထိ ပညာသင်ခဲ့သည်၊ ထိုနောက် အသက် (၉) နှစ်အရွယ်တွင်
ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်း ဆရာတော်"ဦးဇာဂရ"ထံတွင် ရှင်သာမဏေပြုသည်၊ ဘွဲ့အမည်
မှာ"ရှင်ဝိမလ"ဖြစ်၏၊ ရှင်ဝိမလသည် ဆရာတော် ဦးဇာဂရထံမှ ရှင်ကျင့်ဝတ်၊ သဒ္ဒါ၊ သင်္ဂြိုဟ်စသည် လော
ကုတ္တရာ အခြေခံစာပေများကို ကြိုးစားသင်ယူသည်၊ ရှင်ဝိမလသည် ဉာဏ်ထက်သူဖြစ်၍ ငယ်ပင်ငယ်သော်
လည် ဆရာတော် သင်ပေးသည့် စာပေကျမ်းဂန်တို့ကို အလွယ်တကူတတ်မြောက်သည်၊ ရှင်ဝိမလသည်
စာတော်သည်သာမက သီလပေးခြင်း၊ ရေစက်ချခြင်း၊ တရားဟောခြင်းတို့၌လည်း ကျွမ်းကျင်သမူ အလေ့
အလာပြုခဲ့သည်၊ ရှင်ဝိမလသည် သီလစင်ကြယ်စွာနေထိုင်ပြီး ဆရာတော် အားလည်း ဝတ်ကြီး ဝတ်ငယ်မျာ
မလစ်ဟင်းအောင် ပြုစုပေးလေသည်။ ရှင်ဝိမလသည် ထိုဆရာတော်ထံမှာပင် အခြေခံ ပရိယတ္တိ စာပေများ
ကိုကောင်းစွာသင်ယူလေသည်၊ ရှင်ဝိမလသည် အသက် (၁၂) နှစ်အရွယ်တွင် တစ်နေ့သ၌ သင်္ကန်းတန်း
ပေါ်၌ မိမိသင်္ကန်းကိုခေါက်ထားရာ ပျားကောင်တွေပျံသန်းလာပြီး ထိုသင်္ကန်းပေါ်၌ အုံဖွဲ့စွဲကြလေသည်၊ ထို
အခြင်းအရာကို မြင်သောအခါ၊ ဂွေးပင်တောရဆရာတော်က ဤသာမဏေသည်နောင်တွင် ပညာထူးချွန်
ကာ အကျော်အမော် ဆရာတော်တစ်ပါးဖြစ်မည်ဟု အမိန့်ရှိလေသည်၊ နောက် ထိုဆရာတော်အသက်အ
ရွယ် အိုမင်း၍ စာပေကျမ်းဂန်များ မပို့ချနိုင်သောအခါ ရှင်ဝိမလသည် မိဘများနှင့် ဆရာတော်ကို ခွင့်ပန်ကြား
ပြီး၊ အမရပူရမြို့ မင်္ဂလာကျောင်းတိုက်သို့ သွားရောက်၍ တိုက်အုပ် ဆရာတော်"ဦးသုဇာတ"ထံတွင် ပရိယ
တ္တိစာပေကိုဆက်လက် သင်ယူလေသည်၊ ရှင်ဝိမလသည်၊ ပရိယတ္တိစာပေသင်ကြားရတွင် အရွယ်နှင့်မ
လိုက်အောင် တတ်မြောက်လာသည့်အပြင်၊ တရားဓမ္မ ဟောပြောရာ၌လည်း မကြောက်မရွံ့ရဲတင်းစွာ ဟော
ပြောနိုင်စွမ်းရှိပေသည်၊ သီတင်းတိုင်းလိုလိုပင် ရပ်ကွက်ဓမ္မာရုံများ၌ သီလပေး တရားဟော ရေစက်ချလုပ်
ဆောင်လေသည်၊ ထိုအခါ ဆရာတော်က ရှင်ဝိမလအားစာပေပရိယတ် သင်ကြားရေး၌ အနှောင့်အယှက်
ဖြစ်မည်စိုး၍ ထိုတရားပြောခြင်း အလုပ်ကို မပြုလုပ်ရန် တားမြစ်လေသည်။ ထိုအချိန်တွင် မင်္ဂလာတိုက်အနီး
(ယခု သီလရှင်ဆရာကြီးများ နေထိုင်သော ကျောင်းတိုက်နေရာ) ဇရပ်ကြီး၌ ဓမ္မပါရဂူ ပထမကျော် ဆရာကြီး
"ဦးအုန်း"သည် ရဟန်းတော်များအား အဘိဓမ္မာဆိုင်ရာ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းများ
ကို သင်ကြားပို့ချလျက်ရှိသည်၊ ထိုအခါ အစ်မရင်းဖြစ်သူ ဒေါ်သုစာရီက ရှင်ဝိမလကို ဆရာကြီးဦးအုန်းထ့
တွင် အပ်နှံ၍ အဘိဓမ္မာညဝါ စာပေများကို သင်ယူစေလေသည်၊ ရှင်ဝိမလသည် သာမဏေဘဝကပင် အဘိ
ဓမ္မာဆိုင်ရာကျမ်းဂန်များကိုကောင်းစွာ သင်ကြားတတ်မြောက်လေသည်။
"ရဟန်းပြုခြင်း" ရှင်ဝိမလသည် ၁၂၈၁-ခု၊ ဝါဆိုလဆန်း (၈) ရက်နေ့တွင် အသက် (၂ဝ) ခန့်ရှိပြီဖြစ်၍၊
မင်္ဂလာကျောင်း တိုက်အုပ်ဆရာတော် ဦးသုဇာတကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်ကို ခံယူလေသည်၊ ရဟန်း
အဖြစ်ကို ရရှိပြီးနောက် သိမ်မှထွက်၍ မင်္ဂလာတိုက်အတွင်းရှိ မိမိနေထိုင်ရာ မကုဋကျောင်းသို့ပြန်ပြီးချွေးစို
နေသည့် သင်္ကန်းကိုသင်္ကန်းတန်ပေါ်၌တင်လွှာသော်၊ မိနစ်ပိုင်းအတွင်းမှာပင် ပျားကောင်တွေပျံသန်းလာပြီး
ထိုသင်္ကန်း၌ အုံဖွဲ့ကာ ဒုတိယအကြိမ် စွဲပြန်လေသည်၊ ထိုအခြင်းအရာကို မြင်လျှင်င်အောင်ခြင်းရှစ်ပါး ဆရာ
တော်က ဤပျားစွဲခြင်း လက္ခဏာအရ ဤပုဂ္ဂိုလ်သည် ယခုဘဝ၌ပင် တရားထူတရားမြတ် ရရှိနိုင်သောပုဂ္ဂို
လ်မြတ်ဖြစ်လိမ့်မည်ဟု အမိန့်ရှိဖူးလေသည်၊ ဦးဝိမလသည် ထိုမင်္ဂလာတိုက်၌နေလျက် ဆရာကြီးဦးအုန်းထံ
၌ ဆက်လက်၍ အဘိဓမ္မာကျမ်းဂန်များကို အားထုတ်သင်ယူ၍ ကောင်းစွာတတ်မြောက်သောအခါ၊ ဆရာ
ကြီးကသူ့ကို မိမိကိုယ်စား စာသင်သားများအား ရံခါရံခါ အဘိဓမ္မာညဝါစာပေများကို သင်ကြားပို့ချရန် လွှဲ
အပ်စေခိုင်းလေသည်၊ ဦးဝိမလသည် အမရပူရခေါ် တောင်မြို့၌ ပရိယတ္တိသင်ကြားမှုကို အားရတင်းတိမ်
ခြင်းမရှိသေးဘဲ နိကာယ်ငါးရပ်ပိဋကတ်စာပေကျမ်းဂန်များကို ဆက်လက်သင်ကြားလိုသဖြင့် နေ့စဉ်မီးရ
ထားဖြင့် မန္တလေးသို့ သွား၍ကျမ်းတတ်အကျော် ဆရာတော်များဖြစ်ကြသည့် (၁) ခေမာသီဝံဆရာတော်
(၂) ဘုရားကြီးတိုက်ဆရာတော် ဦးခန္တီ (၃) ရွှေရေးဆောင်တိုက် ဆရာတော် အရှင်အဒိစ္စရံသီ တို့ထံ၌ ပရိယ
တ္တိစာပေကို မနားမနေဆက်လက် သင်ယူပြန်လေသည်။
"စာချ ကျမ်းပြုခြင်း" ၁၂၈၆-ခုနှစ် (၅-ဝါအရ) မှစ၍ ဦးဝိမလသည် မင်္ဂလာတိုက်အတွင်းရှိ အသစ်ဆောက်
လုပ်သော"အလယ်ပိဋကတိုက်ကျောင်း"ကြီးတွင် သီတင်းသုံးလျက် မိမိထံ ပညာသင်ရန် ထက်..အောက်
မြန်ပြည်တစ်ခွင်မှကြွရောက်လာကြသော စာသင်သားများစွာတို့အား နှစ်ပေါင်း (၃ဝ) တိုင်တိုင် အဘိဓမ္မာ
ဆိုင်ရာ"မာတိကာ..ဓာတုကထာ..ယမိုက်..ပဋ္ဌာန်း"တည်းဟူသောပင်မကျမ်းကြီး ၃-မျိုးကို တစ်နှစ်လျှင် ၃-
ခေါက်ပို့ချလေသည်၊ ထို့ပြင် ၁၂၈၆-ခုမှစ၍ အစဉ်အမြဲ တရားပွဲများ ကျင်းပကာ ရဟန်းရှင်လူတရားနာပရိ
သတ်တို့အား"ဒါန..သီလ..သမထ"တရားများနှင့် သစ္စာဆိုက် ခန္ဓာဉာဏ်ရောက်တရားများ (နိဗ္ဗာန်ရောက်
ကြောင်းတရားများ) ကို ဟောကြားလေသည်။
"တရား သံဝေဂ ရခြင်း" ထိုသို့ စာချ တရားဟောနေသောအခါ အောင်ခြင်းရှစ်ပါး ဆရာတော်ဦးနာဂဝံသက
ဆရာတော်ဦးဝိမလအား၊ "စာချတာဟာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောတာလဲ ကုသိုလ်ရရုံပဲရှိတယ်၊
မိမိရဟန်းကိစ္စပြီးအောင် အလျင်လုပ်ပါဦး"ဟု ဆုံးမဩဝါဒပေးလေသည်၊ ဆရာတော်ဦးဝိမလသည် ထိုအ
ချိန်မှစ၍ သတိသံဝေဂရပြီး မိမိသီတင်းသုံးရာ တိုက်ကျောင်းကြီးတွင် အချိန်အနည်းငယ်သာ ကျိန်းစက်ပြီး
သန်ခေါင်ကျော်မှစ၍ သဒ္ဓါနှင့်ဝီရိယကို စွဲကိုင်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လေတော့
သည်၊ ဆရာတော်သည် ဓမ္မပဒပါဠိတော်၊ အဂုင်္တ္တိုရ်ပါဠိတော်၊ သံယုတ်ပါဠိတော်များကို ကောင်းစွာပြန်လည်
လေ့လာကြည့်ရှုလျက် (၁) ဉာတပရိညာ...နာမ်ရုပ်ကို ပိုင်းခြား၍ သိမှု၊ (၂) တီရဏပရိညာ..နာမ်ရုပ်တို့၏
အနိစ္စ..ဒုက္ခ..အနတ္တလက္ခဏရေးသုံးပါးကို ပိုင်ခြား၍သိမှု၊ (၃) ပဟာနပရိညာ..သစ္စာလေးပါကို ပိုင်းခြား၍
သိမှု၊ ကိုလေသာတို့ကို ပယ်မှုတည်းဟူသော ပရိညာ ၃-ပါး..ဉာဏ် ၃-ဆင့်သည်သာလျှင်သာဝကအရာဟု
တွေ့ရှိ၍၊ ယင်းတို့ကို ကိုယ်တိုင်ကျင်ကြံ အားထုတ်ပြီးမှ ထိုတရားများကို ဟောကြားလေသည်၊ ဆရာတော်
သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်နှစ်ပါးတို့၏ ခဏမစဲ အမြဲမပြတ် ဖြစ်ပျက်နေသည့် ခဏိတမရဏသဘောကိုမပြတ်
နှလုံးသွင်းလေသည်၊ ဆရာတော်သည် မိမိဆောင်ရွက်ရမည့် ကိစ္စအဝဝတို့ကို သူ့အချိန်နှင့်သူ ပိုင်းခြား၍
မလစ်ဟင်းမပျက်ကွက်ရအောင် အချိန်ကိုလေးစားတိကျစွာလုပ်ဆောင်လေ့ရှိသည်၊ အချိန်ပျက်ကွက်မည်
စိုး၍ ပင့်ဖိတ်သည့် အလှူအတန်းများကိုပင် ကိုယ်တိုင်မလိုက်ဘဲ တပည့်များကိုကိုယ်စားလွှတ်လေ့ရှိသည်၊
ဆရာတော် လုပ်ဆောင့်လေ့ရှိသည့်အချိန်ဇယားမှာ ဤသို့ဖြစ်ပါသည်။
(၁) နံနက် ၄-၅ နာရီတွင် ဘုရားဝတ်ပြုပြီး ဝိပဿနာရှုပွားသည်။
(၂) နံနက် ၅-၆ နာရီတွင် ယာဂုစသည် ဘုဉ်းပေး၍အလှူဒကားများအား ဩဝါဒပေးသည်။
(၃) ၆-၇ နာရီတွင် ကျောင်းတိုက် အပြင်ဘက်ထွက်၍ လမ်းလျှောက်သည်။
(၄) ၇-၉ နာရီတွင် တပည့်ဒကားများအား လက်ခံတွေရှိ ဩဝါဒပေးသည်။
(၅) ၉-၁၁ နာရီတွင် ဆွမ်းဘုဉ်းပေး၍ ဒကာများအားတရားဟောပြောသည်။
(၆) ၁၁-၁၂ နာရီတွင် လက်ဖက်ရည်စသည် ဘုဉ်းပေးပြီးရေချိုးသည်။
(၇) နေ့ ၁၂-၁ နာရီတွင် အပန်းဖြေအနားယူရင်း ဝိပဿနာရှုပွားသည်။
(၈) ၁-၄ နာရီတွင် စာသင်သားများအား အဘိဓမ္မာကျမ်းဂန်များ ပို့ချသည်။
(၉) ၄-၅ နာရီတွင် အနားနေ အပန်းဖြေရင်း ဝိပဿနာ ရှုပွားသည်။
(၁ဝ) ၅-၆ နာရီတွင် ဘုရားဇရပ်ကြီး ၂-ခု၌ တစ်လှည့်စီ တရားဟောသည်။
(၁၁) ၆-၇ နာရီတွင် မင်္ဂလာတိုက်အတွင်း၌ စင်္ကြံလျှောက်သည်။
(၁၂) ည ၇-၉ နာရီတွင် အထာက်တပည့်ကြီးများနှင့် နောက်တစ်နေ့ ပို့ချမည့် အဘိဓမ္မာညဝါများကို ကြိုတင်
ပြင်ဆင်သည်။
(၁၃) ၉-၁ဝ နာရီတွင် တပည့်များ၏ ဝတ်ဖြည့်ခြင်းကိုခံသည်။
"မင်းကွန်း...မိုးကုတ်ကျောင်း၌ စာပေပို့ချခြင်း"
မိုးကုတ်မြို့ ဦးဝ၏သမီး သီလရှင်"ဒေါ်ဝိလာသီ"သည် ဆရာကြီးဦးအုန်းထံမှ အဘိဓမ္မာညဝါဆိုင်ရာကျမ်းဂန်
များကိုသင်ယူပြီးနောက်၊ မင်းကွန်း မိုးကုတ်ချောင်သို့ ပြန်၍ တပည့်သီလရှင်များအား စာပေပို့ချလေသည်၊
ထိုသီလရှင်၏ ပင့်လျှောက်ချက်အရ ဆရာတော်သည်၊ ၁၂၈၆-ခု (၅-ဝါအရ) တွင် ထိုမိုးကုတ်ချောင်သို့ ကြွ
ရောက်၍ ဆောင်းရာသီ ၄-လပတ်လုံး စာသင်သားတို့အား စာပေပို့ချ သီတင်သုံးလေသည်၊ ထိုအကြောင်း
ကို ကြားသိ၍ နီးဝေးရပ်ရွာ လေးမျက်နှာမှ စာသင်သားများ လာရောက်၍ တစ်နေ့တခြားများပြားလာပြီး
နေရာမလုံလောက်သဖြင့် မိုးကိုတ်မြို့မှ ဒကာ-ဒကာမများက လာရောက်၍ ကျောင်းဆောက်ကြလေသည်၊
ဤသို့လျှင် သီလရှင်ဆရာမကြီး ဒေါ်ဝိလာသီကို အကြောင်းပြု၍ ဆရာတော်နှင့် မိုးကုတ်မြို့မှ ဒကာ-ဒကာမ
များနှင့် ရင်းနှီးသွားလေသည်၊ ဆရာတော်သည် ဆောင်း ၄-လ စာချပြီးနောက် ကျန်လများတွင် မင်္ဂလာ
တိုက်သို့ ပြန်ကြွ၍ စာပေပို့ချလေသည်။
"ညောင်လေးပင်မြို့သို့ ကြွရောက် တရားဟောခြင်း"
"၁၂၈၁"ခုနှစ်တွင် လယ်တီဆရာတော်သည် ညောင်လေးပင်မြို့ ရွာမရပ်ရှိ ပြည်လုံးချမ်းသာ စေတီတော်၌
ဘုရားပွဲကျင်းပပွဲကနေစဉ် ရောက်ရှိသွားသောအခါ၊ "တစ်နှစ်တစ်ခါ"ငရဲရှာလူ့ရွာဘုရားပွဲ ဆိုတာနဲ့တူနေ
တယ်၊ ဘုရားပွဲမှာ ဇာတ်သဘင်ပွဲမခံကြပါနှင့်၊ တရားပွဲသက်သက်ကိုသာ လုပ်ကြပါ၊ ငါ့ကို ဇာတ်ပွဲတွေလှူ
ကြပါ ဟုဆို၍ အလှူခံရာ၊ ဘုရားလူကြီးများက လှူလိုက်ကြသည်၊ သို့ဖြစ်၍ ၁၂၈၂-ခုနှစ်မှစပြီး ထိုဘုရားပွဲ
တွင် လယ်တီဂိုဏ်းဆိုင်ရာ"သစ်ချတောင် ဦးတိလောက၊ ဦးပဏ္ဍိတ၊ ဦးစန္ဒိာမာ၊ ဦးပဒုမ စသော ဆရာတော်
များကြွရောက်၍ တရားဟောကြလေသည်၊ ၁၂၉၁-ခုနှစ်တွင်ကား စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်
တီစာချ ဓမ္မကထိကဆရာတော်ဦးပဒုမသည် မကျန်းမာ၍ တရားဟောမလိုက်နိုင်သဖြင့်၊ ညောင်လေးပင်မြို့
မှ ဘုရားလူကြီးများအား ဆရာတော်ဦးဝိမလကို စာရေးပေး၍ သွားပင်ခိုင်စေသည်၊ ဆရာတော်ဦးဝိမလ
သည် အကြောင်းမညီညွန်၍ ထိုနှစ်တွင်မကြွဖြစ်ချေ၊ နောက် ၁၂၉၂-ခုနှစ်တွင် ထိုကဲ့သို့ ထပ်မံပင့်သောအခါ
ဆရာတော်ဦးဝိမလသည် တပေါင်းလဆန်း ၆-ရာက်နေ့တွင် ပထမဆုံး ညောင်လေးပင်သို့ ကြွရောက်၍ ၈-
ရက်နေ့မှစပြီး အဘိဓမ္မာတရားများကို ဟောကြားလေသည်၊ ထိုနှစ်မှစ၍ ၉-နှစ်တိုင်တိုင်ပင် ဆရာတော်
သည် တပေါင်းလဆန်း ၈-ရက်နေ့တိုင်း နှစ်စဉ်ကျင်းပမြဲ ထိုဘုရားပွဲသို့ ကြွရောက်၍ အဘိဓမ္မာတရားများကို
ဟောကြားလေသည်၊ ထို့ကြောင့် ဆရာတော်သည် ညောင်လေးပင် မြို့သူမြို့သားများနှင့်လွန်စွာရင်းနှီးခဲ့
လေသည်၊ နောက် ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်၍ ထိုတရားပွဲမကျင်းပနိုင်သဖြင့် ဆရာတော်မကြွဖြစ်တော့ချေ၊
နောက် ၁၃၁၆-ခုနှစ်တွင်မှ တစ်ဖန်ထိုမြို့သို့ကြွ၍ မြို့လူထုကြီးအား တရားဟောလေသည်၊ ၁၃၁၇-ခုနှစ်တွင်
ကားဟောမြဲဌာန ပြည်လုံးချမ်းသာစေတီတော်နှင့် မြို့မမီးသတ်ကွင်းကြီးထဲ၌ ၁၆-ရက်တိုင်တိုင်များပြားလှ
သော ပရိသတ်ကြီးအားအလွန်နက်နဲ့ ခက်ခဲ့လှသော ဝိပဿနာတရားတော်များကို နားလည်သဘောပေါက်
အောင် ဟောပြောလေသည်၊ ဤ ၁၁-ကြိမ်မြောက်ကြွခြင်းကား နောက်ဆုံးကြွခြင်းပေတည်။
"မိုးကုတ်မြို့သို့ ကြွရောက်ခြင်း"
"၁၂၉၄"ခုနှစ်တွင် မိုးကုတ်မြို့မှ ကျောင်းဒကာကြီးဦးလယ်+ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ဆရာ
တော်သည် မိုးကုတ်မြို့သို့ ကြွရောက်၍ မိုးကုတ်အရွေ့ရွာကျောင်း၌ သီတင်းသုံးကာ မြို့သူမြို့သားများ
အား တရားဓမ္မ ဟောကြားလေသည်၊ ၁၂၉၅-ခုနှစ်တွင်လည်း ဆရာတော်သည် မိုးကုတ်မြို့သို့ကြွ၍ နတ်မွန်
ကျောင်းတိုက်၌ သီတင်းသုံးလျက် တရားဓမ္မများ ဟောကြားလေသည်၊ ၁၂၉၆-ခုနှစ်မှ ဒုတိယကမ္ဘာစစ်ကြီး
ဖြစ်သည့်အချိန်ထိ မိုးကုတ်မြို့သို့ နှစ်စဉ်ကြွ၍ မိုးကုတ်မြို့သုဿန်ကျောင်းတွင် သီတင်သုံးလျက် တရား
ဓမ္မများကို ဟောကြားလေသည်၊ ထိုသို့ ဟောကြားပြီးနောက် ဝါဆိုချိန်နီးမှ အမရပူရမြို့ မင်္ဂလာတိုက်သို့
ပြန်ကြွ၍ သီတင်းသုံးလေသည်၊ မိုးကုတ်မြို့မှ ဒကာ..ဒကာမတို့သည် ဆရာတော်၏တရားများကို လွန်စွာ
နှစ်သက်ကြသဖြင့် ၁၂၉၇-ခုနှစ်ကစပြီး မင်္ဂလာတိုက်အတွင်း၌ ကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေ
သည်၊ ထိုကျောင်းများကို မိုးကုတ်ကျောင်းဟု ခေါ်တွင်သည်၊ ဆရာတော်သည် ထိုမိုးကုတ် ကျောင်းများ
တွင် ဝါကပ်သီသုံးလျက် စာပေပို့ချခြင်း တရားဟောခြင်းများကို ပြုလေသည်။ ဆရာတော်သည် အမရပူမြို့
မင်းကွန်း မိုးကုတ်ချောင်..ညောင်လေးပင်မြို့နှင့် မိုးကုတ်မြို့များသို့ နှစ်စဉ် လှည့်လည်၍သီတင်းသုံးလျက်
တရားဓမ္မများဟောကြားလေသည်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်လာသောအခါ၊ မြန်မာနိုင်ငံ၌လည်း
အခြေအနေမှာ တစ်နေ့တခြား ဆိုးဝါးလာလေသည်၊ ထိုအခါ ဆရာတော်သည် စစ်ကို တိမ်းရှောင်သော
အားဖြင့် မင်းကွန်းမိုးကုတ်ချောင်သို့ကြွရောက် သီတင်းသုံးလေသည်၊ တစ်ဖန်စစ်မီးကြီး ပျံ့နှံ့လာသောအခါ
(၁၃ဝ၃-ခုနှစ်မှစ၍ စစ်ကြီးအတွင်း၌) မိုးကုတ်မြို့သို့ ကြွရောက်ကာ သုဿန်ကျောင်း၌သီတင်းသုံးလေသည်
မိုးကုတ်မြို့မှ ၄-မိုင်ခန့် ကွာဝေးသော"ဘော်ဘတန်းရွာ" ဒေါ်ကြီး၏ ကျောင်းသို့ပြောင်းရွေ့သီတင်းသုံးလေ
သည်၊ ထိုရွာကလေးမှာ ပေလေးထောင်ကျော်မြင့်သည့်တောင်ပေါ်တွင်သည်ရှိသည်၊ ထိုတောင်မှာ သဘာဝ
လိုဏ်ဂူများရှိသည်၊ ဆရာတော်သည် ဆွမ်းဘုဉ်းပေးချိန် ရေချိုးချိန်၊ ဒကာများအား တရာဟော ဩဝါဒပေး
ချိန်စသော အချိန်များမှတစ်ပါး သဘာဝ ကျောက်လိုဏ်ဂူ၌သာ သီတင်းသုံး၍ ဝိပဿနာတရား အားထုတ်
နေလေ့ရှိသည်၊ စစ်ကြီးပြီးသည့် နောက်ပိုင်းအထိ ထိုကျောက်လိုဏ်ဂူမှာပင် ဆက်လက် သီတင်းသုံး၍
တရားအားထုတ်လေသည်၊ နောက် ဒကာများ၏ အတန်တန် ပင့်လျှောက်ချက်အရ မိုးကုတ်သုဿန်
ကျောင်းသို့ ပြန်ကြွ၍ လူမျိုးစုံပါဝင်သော တရားနာ ပရိသတ်ကြီးအား တရားဓမ္မဟောကြားလေသည်။ ဆရာ
တော်သည် စစ်ကြီးပြီးဆုံး၍ တိုင်းပြည်အခြေအနေကောင်းလာသောအခါ အမရပူရမြို့သို့ပြန်ကြွ၍ မင်္ဂလာ
တိုက်၌ သီတင်းသုံးလျက်၊ ယခင်အတိုင်း စာပေပို့ချခြင်း တရားဟောခြင်းများကို ပြန်လည် လုပ်ဆောင်လေ
သည်၊ ၁၃၁၆-ခုနှစ်တွင် မိုးကုတ်မြို့ မြို့မရပ်နေ"ဒေါ်အုံ၊ ဒေါ်ဖုံ"တို့ မိသားစုက မိုးကုတ်မြို့ ထင်းရှုးရပ်
ဖောင်တော်ဦးဘုရားအနီး၌ တိုက်ကျောင်း တစ်ကျောင်းကို ဆရာတော်သီတင်းသုံးရန်ဆောက်လုပ်လှူဒါန်း
ပြီး "မိုးကုတ်မြို့ မင်္ဂလာတိုက်"ဟု မှည့်ခေါ်လေသည်၊ ထိုနောက် အခြားသောမိုးကုတ်မြို့သူမြို့သားများက
သိမ်တိုက် ဇရပ်ကြီးများ စင်္ကြံကျောင်းများ ကမ္မဋ္ဌာန်းကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေသည်။
ဆရာတော်သည် ဆင်းရဲ ချမ်းသာမရွေး လူမျိုးမရွး ဘာသာမရွေး တပြေးတသားတည်း သဘောထားလျက်
ဘုရားဟောကျမ်းဂန်များ၌လာသည်အတိုင်း တရားတော်များကိုအပိုအလိုမရှိပြည့်စုံစွာ ဟောကြားလေ့ရှိ
သောကြောင့်၊ မိုးကုတ်မြို့ မင်္ဂလာကျောင်းတိုက်ကြီးဝယ် နေ့စဉ်နေ့တိုင်း များလှစွာသော တရားနာပရိသတ်
ကြီးမှာ ည ၇-နာရီမှ ၈-နာရီ အထိတရားနာကြလေသည်၊ ထိုဓမ္မမိတ်ဆွေများထဲတွင် ပန်ဂျာပီလူမျိုး..ဂူဂျရာ
တီလူမျိုးများလည်း ပါဝင်သည်၊ ထိုသူတို့နားမလည်သော အချက်များကို စကားပြန်တစ်ယောက်ဖြင့် ညနေ
၂-နာရီမှ ၃-နာရီအချိန်တိုင် ဆရာတော်က ရှင်းလင်းဟောပြလေသည်၊ ဆရာတော်သည် ဝါဆိုရန်ရက်နီးကပ်
မှသာ အမရပူရမြို့သို့ ပြန်ကြွလေ့ရှိသည်၊ ဆရာတော်သည် ၁၁-နှစ်တိုင်တိုင် နှစ်စဉ်မပြတ် မိုးကုတ်မြို့သို့
ကြွရောက်သီတင်းသုံးလေ့ ရှိသောကြောင့်၊ "မိုးကုတ်ဆရာတော်"ဟုအများကခေါ် စမှတ်ပြုကြလေသည်၊
ဆရာတော်သည် မိုးကုတ်မြို့၌ နေစဉ်မှာလည်း အမရပူရမြို့၌ နေသကဲ့သို့ပင် နံနက် ၄-နာရီမှစ၍ ည ၁ဝ-နာ
ရီအထိ သူ့အချိန်နှင့်သူ ဝတ်ပြုခြင်း၊ ဝိပဿနာအားထုတ်ခြင်း၊ စင်္ကြံလျှောက်ခြင်း၊ လက်ဖက်ရည်မုန့်ဘုဉ်း
ပေးခြင်း၊ ဆွမ်းစားခြင်း၊ ဒကာများအား ဩဝါဒပေးခြင်း၊ အဘိဓမ္မာကျမ်းဂန်များကို ပို့ချခြင်း၊ တရားပွဲကြီးများ
ကျင်းပဟောကြားခြင်းတို့ကို ပြုလုပ်လျက်၊ လူမျိုးခြားတို့အားလည်း အထူးအချိန်ပေး၍တရားသဘော ရှင်း
လင်းဟောကြားလေသည်။
"သီဟိုဠ်၌ မဟာစေတီတော်အတွက် စိန်ဖူးလှူခြင်းကိစ္စ ဆောင်ရွက်ခြင်း"
မိုးကုတ်မြို့သည် ကျောက်မျက်ရတနာများ ပေါကြွယ်ဝသည်နှင့်အမျှ မြို့သူမြို့သားတို့မှာလည်း သဒ္ဓါတရား
ထက်သန်သူများ ဖြစ်ကြပါသည်၊ ထိုအကြောင်းကို ကြားသိရသော သီဟိုဠ်ကျွန်း မဟာစေတီတော် ဂေါပက
လူကြီးများသည် ထိုစေတီတော်အတွက် စိန်ဖူးတော်ဖြစ်မြောက်ရန် မိုးကုတ်ဆရာတော် ဦးဝိမလထံ ချည်း
ကပ်၍ဆောက်ရွက်ရန် ဆုံးဖြတ်ကြလေသည်၊ ထိုအချိန်လောက်မှာပင် ဆရာတော်သည်"သီဟိုဋ်သို့ကောင်း
ကင်ဖြင့်ကြွ၍ မဟာစေတီတော်ကို ဖူးမျော်ကန်တော့ပြီး သန့်ရှင်းပြုပြင်လျက် သာသနာပြုရသည်"ဟု အိပ်
မက်မက်လေသည်၊ ထိုနောက်ဆရာတော်သည် မဟာစေတီတော် ဂေါပကအဖွဲ့မှ ထိုဆုံးဖြတ်ချက်အရ
"စိန်ဖူးတော်ဖြစ်မြောက်ရေးကိုဆောက်ရွက်ပေးရန် ပန်ကြားစာ"ကို ရရှိလေသည်၊ ဆရာတော်သည် ထိုစာ
အရ မိုးကုတ်မြို့ မြို့မျက်နှာဖုံးလူကြီးများနှင့်တိုင်ပင်ပြီး"စိန်ဖူးတော် ဖြစ်မြောက်ရေးကို ဆောင်ရွက်ပေးမည်
အကြောင်း"ကို ဂေါပကလူကြီးများထံစာပြန်လိုက်လေသည်။ ထို့ကြောင့် သီဟိုဠ်မှ ဆရာတော် ဦးဝိနယာလ
င်္ကာရသည် များမကြာမိ မိုးကုတ်မြို့သို့ကြွလာသည်၊ မိုးကုတ်ဆရာတော်၊ ဆရာတော် ဦးကောသလ္လနှင့်တ
ကွ မြို့လူကြီးများဦးဆောက်ပြီး အလှူခံကြရာ စိန်ဖူးတော်အတွက် ကျောက်သံပတ္တမြား ရွှေ ငွေရတနာ များ
စွာကိုအလှူခံရရှိလေသည်၊ ထိုနောက် ဆရာတော်သည် ထိုအလှူခံ အဖွဲ့ဝင် အချို့နှင့် ညောင်လေးပင်မြို့
သို့ကြွပြီး စိန်ဖူးတော်ဖြစ်မြောက်ရေးအတွက် အလှူခံရာ ရွှေ ငွေရတနာများစွာကို ရရှိပြန်လေသည်၊ ထို
နောက် စိန်ဖူးတော်ကိုပြုလုပ်၍ သီဟိုဠ်ဆရာတော် ဦးဝိနယာလင်္ကာရ၊ မိုးကုတ်ဆရာတော်၊ ဆရာတော်
ဦးကောသလ္လ တိုနှင့်၊ မိုးကုတ် အမှုဆောင်အဖွဲ့သားများက စိန်ဖူးတော်ကို မိုးကုတ်မြို့မှ မန္တလေးမြို့သို့၊ ထို
မှတစ်ဆင့်ရန်ကုန်မြို့သို့ပင်ဆောင်၍ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်ကာ မြို့သူမြို့သားတို့၏
အပူဇော်ကိုခံလေသည်၊ ထိုနောက် ဦးဝိနယာလင်္ကာရနှင့် ဆရာတော် ဦးကောသလ္လတို့ ဦးဆောင်၍ မိုးကုတ်
မြို့မှ အမှုဆောက်လူကြီးတချို့က စိန်ဖူးတော်ကို သီဟိုဠ်သို့ သင်္ဘောဖြင့် ခမ်းနားသိုက်မြိုက်စွာ ပင့်ဆောင်
ပြီး မဟာစေတီတော်၌ စိန်ဖူးတင်ကြလေသည်၊ မိုးကုတ်ဆရာတော်မှာ နောက်မှ သီဟိုဠ်သို့ လေယာဉ်ဖြင့်
ကြွရန် အစီအစဉ်ရှိသော်လည်း၊ အကြောင်းမညီညွတ်၍မကြွဖြစ်ခဲ့ချေ။
"ဗိုလ်တထောင် စေတီတော်အတွက် စိန်ဖူးတင်ရန် ဆောင်ရွက်ခြင်း"
ထိုနောက် မိုးကုတ်ဆရာတော်သည် ၁၃ဝ၇-ခု ၁၉၄၅-ခုနှစ်တွင် ရန်ကုန်မြို့ ဗိုလ်တထောင် စေတီတော်အ
တွက် စိန်ဖူးတော်ဖြစ်မြောက်ရန် မိုးကုတ်မြို့မှ ဒကာ ဒကာမများ၏ အကူအညီဖြင့် ဆောင်ရွက်လေသည်၊
အဖိုးတန် ရတနာတို့ဖြင့်စီခြယ်ထားသော စိန်ဖူးတော်ကို မိုးကုတ်မြို့မှ မန္တလေးမြို့သို့၊ ထိုမှ အမရပူရမြို့
မင်္ဂလာကျောင်းတိုက်သို့ ခမ်းနားစွာဖြင့်ပင့်ဆောင်၍ အများပြည်သူတို့ ပူဇော်နှိင်ရန်ထားသည်။ ထိုနောက်
မန္တလေးမြို့မှတစ်ဆင့် လေယာဉ်ပျံစင်လုံးငှား၍ ရန်ကုန်သို့ ပင့်ဆောင်ရာ ဗိုလ်တထောင် ဂေါပကလူကြီးများ
က ခမ်းနားသိုက်မြိုက့်စွာ ကြိုဆို၍ ဗိုလ်တထောင်စေတီတော်သို့ပင့်ဆောင်ပြီး စိန်ဖူးတော်တင်ကြလေသည်။
"မန္တလေးမြို့၌ တရားပွဲကျင်းပ ဟောကြားခြင်း"
ဆရာတော်သည် ၁၃၁၆-ခုနှစ်တွင် သက်တော် ၅၅-နှစ်ရှိလာသော်၊ ပရိယတ္တိစာပေ ပို့ချမှုကို မပြုတော့ဘဲ
နေ့စဉ်အချိန်မှန်မှန် နေ့တရား၊ ညတရားများကို တရားနာပရိသတ်တို့အား"ခန္ဓာအရှိ ဉာဏ်အသိ"နှင့် ကိုက်
ညီအောင် ဟောကြားလေသည်။ ဆရာတော်သည် ထိုနှစ်၌ပင် မကျန်းမမာဖြစ်လာ၍ တရားဟောမှုကို
ခေတ္တရပ်ဆိုင်းထားရသည်။ မန္တလေးမြို့မှ အထူးကု ဆရာဝန်းကြီးများနှင့် ကြပ်မတ်ကုသ၍ မကြာမီပင်
ကျန်းမာလာလေသည်။ ၁၃၁၇-ခုနှစ်တွင် ဆရာတော်သည် မန္တလေးမြို့၌ ပထမဦးဆုံး တရားဟောလေ
သည်၊ ထိုနောက် မန္တလေးမြို့မှ ဒကာများ၏ တောင်းပန်ချက်အရဆရာတော်သည် မန္တလေးမြို့သို့ နှစ်စဉ်
ကြွ၍နတ်တော်လမှ တပေါင်းလအထိ တရားပွဲကြီးများကို ကျင်းပကာ ညစဉ် ၇-နာရီမှ ၈-နာရီအထိ ဟော
ကြားလေသည်။ ဆရာတော်သည် ဘုရားဟောကျမ်း များလာသည့်အတိုင်း လေးနက်လှသည့် တရားအဓိ
ပ္ပာယ်တို့ကို ဥပမာ ဥပမေယျတို့ဖြင့် ပေါ်လွင် ထင်ရှားအောင် ဟောစွမ်းနိုင်သဖြင့် တရားနာမရိသတ်ကြီးမှာ
တစ်ညထက် တစ်ညပို၍ များပြားလာလေသည်။
"မင်္ဂလာမဂ္ဂင်ရိပ်သာ ဖြစ်ပေါ်လာခြင်း"
မိုးကုတ်ဆရာတော်၏ စာပေကျမ်းဂန်ပိုချမှု၊ တရားဓမ္မဟောပြမှုတို့ကြောင့် စာသင်သား ရဟန်းသံဃာတို့
များပြားလာ၍ ဒကာ..ဒကာမတို့က ကျောင်းများဆောက်လုပ်လှူဒါန်းကြလေရာ၊ မင်္ဂလာကျောင်းတိုက်ဝင်း
အတွင်းဝယ် ကျောင်းများပြည့်ကျပ်လျက်ရှိပေသည်။ ထို့ပြင် တရားအားထုတ်လိုသူ သီလရှင်နှင့် လူပုဂ္ဂိုလ်
တရားနာပရိသတ်များ တိုးတက်များပြားလာသဖြင့် ဆရာတော်၏ ဆန္ဒအရ မင်္ဂလာတိုက်အနီးတွင် မြေရာ
သစ်ကို ရှာဖွေ၍ အုတ်တံတိုင်းခတ်လျက် ဒကာ..ဒကာမတို့က"၁၃၁၆"ခုနှစ်တွင်"မင်္ဂလာ မဂ္ဂင်ရိပ်သာ"ဟု
ခေါ်တွင်သော ရိပ်သာကို တည်ထောင်၍ ကမ္မဋ္ဌာန်းကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေသည်။
မဂ္ဂင်ရိပ်သာအတွင်း၌လည်း အဆောက်အအုံတွေ တိုးတက်များပြားလာသလောက် နီးဝေ ရပ်ရွာ မြို့တကာ
မှ တရားအားထုတ်လိုသူ ယောဂီတွေအထူး များပြားလာလေတော့သည်။ ၁၃၂ဝ-ခုနှစ်တွင် ဟင်္သာတမြို့မှ
စက်ပိုင်များဖြစ်ကြသည့် ဦးမာဒင်နှင့် ဟင်္သာတ ဦးမြတို့သည် တရားအားထုတ်ရန်ရောက်လာကြသည်။
ဆရာတော်ကလည်း ၎င်းတို့ကိုအကြောင်းပြု၍ ရိပ်သာကျောင်းပေါ်၌ နေ့ ၁-နာရီမှ ၂-နာရီ အထိတရားဓမ္မ
အထူးဟောကြားလေသည်။ ဦးမာဒင်တို့သည် တရားလည်းနာ၊ အားလည်း ထုတ်၊ အသံဖမ်း စက်များနှင့်
လည်း ဆရာတော်၏ တရားများကို ဖမ်းယူကြလေသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့မှ လူချမ်းသာ ဂုဏ်
သရေရှိ ပုဂ္ဂိုလ်များဖြစ်သည့် ဦးသံဒိုင်၊ ဦးထွန်းရင်၊ ကျားပျံဦးသန်းမောင်၊ သခင် ဝတင်၊ ဝန်ကြီးဟောင်းများ
ဖြစ်ကြသည် ဦးတင်နှင့် ဦးအောင်ဇံဝေ-စသည် ပုဂ္ဂိုလ်ကြီးများနှင့် ရဟန်းသံဃာများပါ မပြတ်ရောက်လာကြ
သဖြင့် နေံအထူးတရားပွဲကို အမြဲတမ်း တရားပွဲအဖြစ် အချိန်သတ်မှတ်၍ ဟောကြားလေသည်။
"လေငန်းရောဂါစွဲကပ်ခြင်း"ဆရာတော်သည် ၁၃၂၂-ခု တပို့တွဲလဆန်း ၁၄-ရက်နေ့တွင် မန္တမြို့ ရွှေလှန်ရပ်ရှိ
စခမ်းသာ ပွဲရုံပိုင်ရုင် ဦးချစ်ဆွေ+ဒေါ်မမ တို့၏ ယာယီစံကျောင်းသို့ကြွရောက်သီတင်းသုံးပြီး တပို့တွဲလပြည့်
နေ့မှစ၍ ညစဉ် ၇-နာရီမှ ၈-နာရီအထိ ပရိသတ် ငါးထောင်ကျော်မျှရှိသော မန္တလေးမြို့သူမြို့သားတို့အား
တရားဓမ္မဟောကြားလေသည်။ ထိုနှစ် တန်ခူးလဆုပ် ၂-ရက်နေ့တွင် ဆရာတော်သည် အအေးပတ်၍
ရုတ်တရက် လေငန်းရောဂါစွဲကပ်ဖိစီးသဖြင့် တရားကို ဆက်လက်မဟောနိုင်တော့ဘဲ ရုပ်သိမ်းလိုက်ရသည်
ဒကာ..ဒကာမများက ဒေါက်တာဆိုနီကိုလည်းကောင်း၊ မြန်မာလက်နှိပ်သည် ဆရာကြီး ဦးထူးကိုလည်း
ကောင်း ပင့်၍ ဆရာတော်ကို အထူးဂရုစိုက်ကုသကြလေသည်။ ထိုသို့ဂရုစိုက်ကုသကြသဖြင့် ဆရာတော်၏
ရောဂါမှာ တစ်နေ့တခြား သက်သာလာလေသည်။ ရောဂါမှာ သက်သာခါစဖြစ်၍ ဆရာဝန်ကြီးများက တရား
မဟောရန် တောင်းပန်ကြသော်လည်း၊ ဆရာတော်သည် မိမိခန္ဓာကိုယ်ကို မငဲ့ညှာဘဲ နေ့စဉ်ပင် တရားဓမ္မ
များကို ဆက်လက် ဟောကြားလေသည်။
"အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခြင်း"
၁၃၂၄-ခုနှစ် ဝါဆိုလဆန်း ၅-ရက် (၆-၇-၆၂) နေ့တွင် ရန်ကုန်မြို့တွင်"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်ဆက်
ကပ်ခြင်းကို လက်ခံရန်အတွက် ဆရာတော်သည် မန္တလေးမှ ရန်ကုန်သို့ သီးသန့် အထူးမီးရထားတွဲလုံးဖြင့်
ဒကာ..ဒကာမအရင်းအချာများနှင့်တကွ ကြွလေသည်။ မီးရထားဆိုက်ရာမြို့များမှ ပရိသတ်များလာရောက်
၍ ဆရာတော်အားဖူးမြော် ကြသည်။ ညောင်လေးပင်မြို့နှင့် ပဲခူးမြို့၌ကား လာရောက်ဖူးကြသည့် ပရိသတ်
ကြီးမှာ ဘူတာအတွင်း ပြည့်လျှံသွားလေသည်။ ရန်ကုန်ဘူတာကြီး ရောက်သောအခါ"ဦးသံဒိုင်၊ ဦးမာဒင်၊
ဦးတင်၊ ဦးအောင်ဇံဝေ"တို့ ဦးဆောက်လျက် လူထု ပရိသတ်ကြီးက လာရောက်ဖူးမြော်ကြိုဆိုကြသည်။
ဆရာတော်သည် ဦးသံဒိုင်၏ ယာယီစံကျောင်း၌ သီတင်းသုံးလျက် ရောက်သည်နေ့မှစ၍ ညစဉ် ၆-နာရီမှ
၇-နာရီအထိ တရားနာ ပရိသတ်ကြီးအား တရားဓမ္မဟောကြားလေသည်။ ဒကာရင်များအား နေ့အထူးတရား
များဟောကြား၍ မေးမြန်းသည့် မေးခွန်းများကို စိတ်ရှည်ရှည်ဖြင့် ဖြေကြားရှင်းပြလေသည်။ ဆရာတော်
သည် ဝါဆိုလဆန်း ၇-ရက် (၈-၇-၆၂) တနင်္ဂနွေ နေ့တွင် နိုင်ငံတော်အစိုးရ သာသနာရေးဌာနမှ ဆက်ကပ်
သော"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့ဆိပ်ကို အလှူခံ၍ လဆန်း ၁၄-ရက်နေ့တွင် ရန်ကုန်မှ အမရပူရမြို့သို့ ပြန်ကြွ
လေသည်။
"ဆရာတော်၏ နောက်ဆုံးသုံးလ"
ဆရာတော်သည် ၁၃၂၄-ခုနှစ်၊ ရန်ကုန်မှ ပြန်ရောက်၍ မင်္ဂလာကျောင်းတိုက်၌ နောက်ဆုံးဝါကပ်လေသည်။
ဆရာတော်သည် မိမိခန္ဓာကိုယ်ကို မငဲ့ညှာဘဲ ဒကာ..ဒကာမအပေါင်းအား တရားဟောခြင်း၊ တရားစစ်ခြင်း
များကို အချိန်ပြည့်ပြုလုပ်လေသည်၊ ဆရာတော်မှာ ယခင်က သွေးတိုးနှင့် ဆီးချိုရောဂါ ရှိခဲ့ဘူးရာ၊ ဆရာ
တော်အား အစဉ်ကုသခဲ့သော ဆရာဝန်ကြီးများက ဆရာတော်၏ ကျန်းမာရေးကို ၇-ရက်တစ်ကြိမ်ခန့် လာ
ရောက်စမ်းသပ်ကြလေသည်။ ဆရာတော်သည် လေစိမ်းတိုက်လျှင် အခိုးငုပ်သဖြင့်"မိုးကုတ်အခိုးပွင့်ဆေး"
ကို အမြဲမှီဝဲလေသည်။ သီတင်းကျွတ်လပြည့်ကျော် ၃-ရက်နှင့် ၄-ရက်နေ့များတွင် မိုးကုတ်မြို့မှ ဦးချစ်လှ၊
ဒေါ်သောင်းတို့ကလာရောက်၍ သားရှင်ပြုနှင့် ကထိန်ခင်းရန်ပြင်ဆင်ကြလေသည်။ ဆရာတော်သည် ၃-
ရက်နေ့တွင် ထိုရှင်ပြုပွဲ၌ ရှင်သမဏေလောင်းအား ကိုယ်တိုင် ရှင်သမဏေပြုပေးပြီး၊ ကထိန်အတွက် အကြို
ရေစက်ချ တရားဟောလေရာ၊ ပန်ကာလေမိ၍ အခိုးငုပ်သွားသဖြင့် အခိုးပွင့်ဆေးကို ဘုဉ်းပေးလေသည်။
ဆရာတော်သည် မကျန်းမမာ ဖြစ်သော်လည်း ထိုနေ့ညတရားပွဲကို ဟောဖြစ်အောင် ဟောလိုက်သေးသည်
ထိုတရားကား နောက်ဆုံးတရားဖြစ်၏။
နောက်တစ်နေ့ (၄-ရက်) ဗုဒ္ဓဟူးနေ့တွင် ရိပ်သာအတွင်းရှိ ဓမ္မာရုံ၌ ကထိန်သင်္ကန်း ကပ်လှူပွဲကျင်းပမည်ဖြစ်
၏၊ ထိုနေ့ နံနက် ၆-နာရီတွင် သံဃာတော် ၂ဝဝ-ကျော်တို့အား မင်္ဂလာတိုက်အတွင်းရှိ မိုးကုတ်တိုက်ကျောင်း
ကြီး၌ ဆွမ်းကပ်၍ ဓမ္မာရုံ၌လည်း သီလရှင်များနှင့် ဧည့်ပရိသတ်အား ဧည့်ခံကျွေးမွေးလေသည်၊ သံဃာ
တော်များ ဆွမ်းဘုဉ်းပေးပြီးသော်၊ မိုးကုတ်ဆရာတော်သည် မထေရ်ကြီးများအား လှူဖွယ်ပစ္စည်းများကို
ဆက်ကပ်လှူဒါန်းပြီး ပြန်အကြွတွင်လည်း ကျောင်းပေါ်မှ ကားများဆီသို့ အရောက် လိုက်ပို့နှုတ်ဆက်လေ
သည်။ ထိုနောက် ဆရာတော်သည် ဦးလှဘူးကိုခေါ်၍ မင်္ဂလာရိပ်သာကျောင်းတိုက်သို့ ကြွသွားလေသည်။
ဆရာတော်သည် သံဃာတော်များအား ဆွမ်းကပ်စဉ်က ဟင်းနံ့တွေနံ့သဖြင့် ဆွမ်းဘုဉ်းမပေးဘဲကော်ဖီမျှ
သာဘုဉ်းပေးလေသည်။ ဆရာတော်သည် ပက်လက် ကုလားထိုင်ပေါ်တွင် သီတင်းသုံးလျက် ရပ်ဝေးမှ
တရားအားထုတ်လာကြသည့် ပုဂ္ဂိုလ်များအား တရားဓမ္မ ဟောပြလေသည်။
"ရောဂါဖိစီးလာခြင်း" ဆရာတော်သည် မနေ့က ရှင်ပြုရေစက်ချပွဲမှာ ပန်ကာလေမိ၍ အခိုးငုပ်သွားခဲ့သဖြင့်
၁၁-နာရီလောက်တွင် ဆရာတော်အားကုသနေကျ မန္တလေးမြို့မှ ဒေါက်တာ ဆိုနီကို သွားပင့်ကြလေသည်၊
၁၁-နာရီ ခွဲလောက်တွင် ဆရာတော်သည် တပည့်သံဃာ ၃-ပါးနှင့် အတူလက်ဖက်ရေနှင့် စွပ်ပြုတ်ကို ဘုဉ်း
ပေးပြီး အနီးရှိယောဂီများအား ဆုံးမဩဝါဒစကားပြောကြားနေစဉ်ရုတ်တရက် ဝေဒနာပြင်းထန်စွာ ဝင်
ရောက်ဖိစီးလာလေသည်။ ၁၂-နာရီလောက်တွင် ဒေါက်တာ ဆိုနီ ရောက်ရှိလာပြီး ဆရာတော်၏ ရောဂါဝေ
ဒနာကို အစွမ်းကုန် ကုသကြလေသည်၊ နောက် ဒေါက်တာ ဆိုနိ ကပင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာ
ဝန်ကြီး စောမြအောင်ကို ထပ်မံ အပင်ခိုင်း၍ ရောက်လာသော် ၂-ဦးသား တိုင်ပင် ညှိနှိုင်းပြီး ကုသကြလေ
သည်။ ထိုအခါ ဆရာတော်က အနီးရှိ ဝတ်ပြုနေကြသော ဒကာ..ဒကာမများအား"ခန္ဓာရတဲ့သူတိုင်း ခံစားရ
တဲ့ ဝေဒနာကို ကြည့်ထားကြ"ဟု ဆုံးမဩဝါဒပေးလေသည်။
"ပျံလွန်တော်မူခြင်း" ထိုနောက် မင်္ဂလာကျောင်းတိုက်၌ ပြုလုပ်နေသည့် ကထိန်သင်္ကန်းကပ်လှူပွဲကြီး၌ နေ့
၁-နာရီတွင် တရားဟောရန် ကြွမည်ပြုသော်၊ ဒကားများက တရားဟောရန်မသင့်ကြောင်း လျှောက်ထားကြ
သဖြင့် အနီးရှိ ဦးပဏ္ဍိတအား မင်းငါ့ကိုယ်စား ဓမ္မာရုံသို့ သွား၍တရားဟောချေ၊ ရှော်တော်တော်မလုပ်နဲ့ဟု
စေခိုင်းပြီး၊ ဦးကုဏ္ဍလကိုလည်း မင်းကတော့ သွားပြီးရေစက်ချချေဟု စေခိုင်းလေသည်။ ထိုနောက် ဆရာ
ဝန်ကြီးများဘက်သို့ လှည့်၍"နောက်ထပ် ဆေးထိုးရန်ရှိသေးရင် မြန်မြန်ထိုးကြ၊ အချိန် မရှိတော့ဘူး၊ မင်းတို့
ဆေးကလဲ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"ဟု အမိန်ရှိလေသည်။ နောက် ဦးချစ်ဆွေ-ဒေါ်ဒေါ်မ (မန္တလေး) တို့
ရောက်ရှိလာရာ၊ ဆရာတော်က မောင်ချစ်ဆွေ၊ ဒီတစ်ခါတော့မရတော့ဘူးဟု အမိန့်ရှိ၏၊ နောက် အနီး၌
ဦးတင်ငွေအား ဟေ့ တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီဟု အမိန်ရှိပြီး၊ အနီးရှိ ဒကာ..ဒကာမများအား
"ခန္ဓာရှိသူတိုင်း ခံရမည့် ဝေဒနာကိုကျော်လွန်အောင်ရှုကြ၊မမေ့မလျော့နေရစ်ကြ"ဟုဆုံးမဩဝါဒပေးပြီး
နောက်၊ (၁၅-မိနစ်ခန့်) တရားနှလုံးသွင်းလျက် နေ့ ၁-နာရီ မိနစ် ၂ဝ (သက်တော် ၆၃-နှစ်တွင်) ပျံလွန်တော်
မူသွားလေသည်။
"ပူဇော်ကြခြင်း"သီတင်းကျွတ်လပြည့်ကျော် ၁ဝ-ရက်နေ့တွင် သံဃာတော် ၅ဝ၅-ပါးတို့အား ဆွမ်းကပ်ပြီး၊
တစ်ပါးလျှင်"သင်္ကန်းဒွိစုံ၊ ဖိနပ်၊ မျက်နှာသုတ်ပါဝါ၊ သံသပိတ်၊ ပန်းကန်တစ်စုံ"စီလှူဒါန်းဆက်ကပ်ပြီးနောက်
တပည့်သံဃာများကိုယ်တိုင် ဆရာတော်၏ရုပ်ကလာပ်ကို ပခုံပေါ်ထမ်း၍ပင့်ဆောင်ကြပြီး၊ မင်္ဂလာရိပ်သာအ
တွင်းရှိ ဓမ္မာရုံကြီး၌ နိဗ္ဗာန်ကျောင်းအဖြစ် သတ်မှတ်ကာ ရပ်နီးရပ်ဝေး တပည့်ဒကာ..ဒကာမများဖူးမျော်နိုင်
ရန် ပြာသိုလဆန်း ၉-ရက်နေ့အထိ"ဘော်ပြာသာဒ်"ဖြင့်ထားရှိလေသည်။ (လဆန်း ၇-ရက်နှင့် ၈-ရက်နေ့ည
များတွင် ဆရာတော် အရှင်ဇနကာဘိဝံသနှင့်အနီးစခန်း ဆရာတော်အသီးသီးက တရားဟောကြလေသည်)
လဆန်း ၉-ရက်နေ့ ၁၂-နာရီတွင် ဆရာတော်၏ ရုပ်ကလာပ်ကို အမရပူရမြို့ အိုးတော်ရပ်ရှိ ပွဲတော်အင်း
ကွင်းပြင်သို့ ပတ္တမြားအခေါင်းဖြင့် နတ်မြင်းပျံယာဉ်ကြီးပေါ်တွင် တင်ပြီးပင့်ဆောင်၍ လပြည့်နေ့အထိ ၇-
ရက်တိုင်တိုင် အများပြည်သူကြည်ညို ပူဇော်နိုင်ရန် ခမ်းနားစွာထားရှိလေသည်။ ထိုသို့ပင့်ဆောင်ရာတွင်လာ
ရောက်ဖူးမျှော်ကြသည့် ပရိသတ်ကြီးမှာ အသိန်းမကများပြားလှ၏၊ မြန်မာ၊ ဟိန္ဒူ၊ တရုပ်၊ ရှမ်း အတီးအမှုတ်
အကများ၊ အာရုံတော်ဝတ်အသင်းနှင့် ဓမ္မစင်္ကြာအမျိုးသမီးတို့၏ တရားသံများဖြင့် တစ်မြို့လုံး ပဲတင်ထပ်
သွားလေသည်။
"ဈာပနအခမ်းအနား"
ဈာပနကျင်းပရာ ဧက ၅ဝ-ကျော်ရှိသော ပွဲခင်းအတွင်း၌ ၂၄-ခန်း ပတ်လည်ရှိသော ဗဟိုစံကျောင်းကြီး အပါ
အဝင် ၁၄-ခန်း ပတ်လည်ရှိ ဝဲယာမဏ္ဍပ်ကြီး ၇-လုံး လခြမ်းပုံသဏ္ဌာန် ဝိုင်း၍လည်းကောင်း၊ ထိုင်ကွင်းအ
လယ်တွင် လောင်တိုက်ကြီး၊ ယင်း၏ ရှေ့တည့်တည့်တွင် ငှက်ချေးခံမဏ္ဍပ် (မီးသင်္ဂြိဟ်ရန် အုတ်ပလ္လင်) မြင်း
ပျံ ၃-ကောင်တပ် နတ်မြင်းပျံရထားကြီးရှိလေသည်။ ဆရာတော်၏ ရုပ်ကလာပ်ကို ကရဝိက်ဖောင်ယာဉ်ပေါ်
တင်၍ အများတကာပူဇော်နိုင်ရန် မဏ္ဍပ် ၇-ခုတွင် တစ်မဏ္ဍပ်မှတစ်မဏ္ဍပ်သို့ အခမ်းအနားဖြင့်ပင်ဆောင်
သောအခါ အလှည့်ကျ မဏ္ဍပ်မှ တပည့်ရဟန်း ရှင်လူတို့ကပါဝင် ပင့်ဆောင်ကြလေသည်။ အပူဇော်ခံသော
မဏ္ဍပ်၌ အပူဇော်ခံနေချိန်တွင် ဆရာတော်၏တရားတော်တိတ်ခွေများကိုဖွင့်၍ တရားနာကြသည်။ ထိုမဏ္ဍပ်
မှ အတီး အမှုတ် အကလုံးဝ မပြုလုပ်ရဘဲ အလှည့်မကျသေးသည် မဏ္ဍပ်များ၌သာ ပွဲသဘင်များပြုလုပ်ရ
သည်။ အနယ်နယ်မှ ဧည့်ပရိသတ်တို့အား မဏ္ဍပ်အသီးသီးက ကျွေးမွေး ဧည့်ခံ၍ ရဟန်းတော်များအား
လည်း ဆွမ်းကပ်ကြလေသည်။
"ပျားစွဲခြင်း"
လဆန်း ၁၄-ရက်နေ့ညနေ ၃-နာရီခန့်တွင် ဆရာတော်၏ ရုပ်ကလာပ်ကို ဗဟိုစံကျောင်းမဏ္ဍပ်မှ ဦးကျော်
သိန်း-ဒေါ်တင်လှတို့၏ မဏ္ဍပ်သို့ ပင့်ဆောင်လာစဉ်၊ ပျားကောင် များစွာတို့သည် တဝီဝီဖြင့် ရုပ်ကလာပ်
ပင့်ဆောင်ရာလမ်းအတိုင်း ပျံသန်းလာကြပြီး ရုပ်ကလာပ်ကိန်းဝပ်မည့် အဆိုပါမဏ္ဍပ်တွင် ဝင်ရောက်အုံဖွဲ့
၍ စွဲကြလေသည်။ ဤကား တတိယအကြိမ် ပျားစွဲခြင်းဖြစ်၏။
"မီးသင်္ဂြိုခြင်း"
လည်ပြည့်နေတွင် နောက်ဆုံးအကြိမ် အပူဇော်ခံခြင်းအားဖြင့် မဏ္ဍပ်တိုင်း၌ လှည့်လည်အပူဇော်ခံရာတွင်
ကွင်းကြီးတစ်ခုလုံး ကြိတ်ကြိတ်တိုးစီကားလှသည်။ နေ့ တစ်နာရီတွင် ဒုံးပျံနှင့် ကမ္ဘာလုံးစင်ပေါ်သို့ နတ်မြင်း
ပျံရထားဖြင့် ပင့်ဆောင် အဖူးမြော်ခံပြီး၊ ၂-နာရီတွင် လောင်တိုက်ပေါ်သို့ ပင့်ဆောင်လေသည်။ ၂-နာရီခွဲတွင်
လောင်တိုက်မှ တစ်ဆင့် ယောဂီများကိုယ်တိုင် ပခုံးပေါ်ထမ်း၍ မီးသင်္ဂြိုဟ်ရာ အုတ်ပလ္လင်သို့ ပင့်ဆောင်ကာ
မီးသင်္ဂြိုဟ်ရန် နံ့သာထင်းပုံကြီးပေါ်သို့ တင်၍ မီးသင်္ဂြိုဟ်လေသည်။ နံ့သာထင်းတွေများလွန်၍ မီးတောက်မှာ
ကြီးလွန်းနေသဖြင့်မီးသတ်ကားခေါ်၍ မီးအရှိန် လျော့ရသည်။ ည ၉-နာရီ လောက်တွင်မီးအရှိန်လျော့သွား
သောအခါ မီးသင်္ဂြိုဟ်ရာ အုတ်ပလ္လင်မှတွေ့ရှိသမျှ ပစ္စည်းများကို သိမ်းကြုံး၍ အိတ်ကြီးအိတ်ငယ်ဖြင့်တည့်
ပြီး မင်္ဂလာရိပ်သာကျောင်းတိုက်သို့ ပင့်ဆောင်လေသည်။ ရုပ်ကလာပ်မှရသော အရိုးဓာတ်များကို မင်္ဂလာ
မဂ္ဂင်ရိပ်သာကျောင်းတိုက်၌ အများ ဖူးမြော်နိုင်ရန် တစ်နှစ်တာမျှထားရှိသည်။
"စေတီတည်ခြင်း"
ဆရာတော်၏ရုပ်ကလာပ် မီးသင်္ဂြိုဟ်ရာ အရိုးဓာတ်များကျရာ နေရာကို ဗဟိုပြုလျက် ကွန်ကရစ်တိုင်းကြီး
၁၂-တိုင်နှင့်တကွ ကွန်ကရစ်အပြည့် လောင်းချပြီး ထိုနှစ် ပြာသိုလကွယ်နေ့တွင် ပန္နချတည်ဆောက်ခဲ့ရာ၊
၁၃၂၆-ခု ပထမဝါဆိုလကွယ်နေ့တွင် ဌာပနာတိုက် ၂-ထပ်ပါရှိသော မင်္ဂလာဓာတုဓမ္မ စေတီတော်ပြီးစီး၍
ဒုတိယဝါဆို လပြည့်နေ့တွင် ထီးတော်တင်လေသည်။ ဆရာတော်၏ အရိုးဓာတ်များကို ထိုစေတီ၏ ဌာပနာ
တိုက်ထဲ၌ ဌာပနာထားလေသည်။ ထို့ပြင် ထိုစေတီအနီးတွင် အဆင့် ၃-ဆင့် ရှိသော အာရုံခံကျောက်စာ
တိုက်ကြီးတစ်လုံးကို ဆောက်လုပ်၍ အလယ်ထပ်၌ ဆရာတော်ဟောကြားခဲ့သည့် တရားအချို့ကို ကျောက်
ချပ်ရေ (၃၃) ချပ်ပေါ်မှာ ရေးထိုး၍ စိုက်ထူထားလေသည်။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့။ ။
Sunday, June 2
Friday, May 31
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသတ် အရေးကြီးလို့
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသတ် အရေးကြီးလို့:
"နိဗ္ဗာန်ရမည့် လူများသို့ လျှို့တရားတို့ နည်းပေးပြီ"
ကိုယ့်ခန္ဓာမှာ အမြဲမပြတ်၊ ဖြစ်ပြီးပျက် မွေးပြီးသေနေတဲ့ ရုပ်မသာ နာမ်မသာတွေကို..ဂရုတစိုက်နဲ့ ကြည့်
ကြ၊ ကြည့်ဖန်များလာတော့ မသာတွေဟာ ကြည့်လို့ မဆုံးနိုင်အောင်ကို..မြင်ရလိမ့်မယ်၊ ဖြစ်ပြီးရင်း ပျက်
ရင်း၊ ဖြစ်ပြီးရင်း ပျက်ရင်းနဲ့ ဖြစ်ပျက်ကလွဲပြီး ဘာမှ မရှိပါကလားလို့..ဉာဏ်ဝမှာ အမှန်သိမြင်လာမယ်၊
ရှုဖန်များလာလေလေ ကြားခိုတဲ့ ကိလေသာ ပါးလာလေလေ၊ ကိလေသာပါးလေ ရှုဉာဏ်အားကောင်း
လေ၊ ဖြစ်ပျက်တွေ များများ မြင်လာလေပါပဲ။ ထပ်ပြီးတော့ ပြောပါဦးမယ်၊ ပထမအဆင့်အနေနဲ့ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာကို ပယ်ရ သတ်ရလိမ့်မယ် အဝိဇ္ဇာနဲ့ တဏှာကို အရင်သတ်စရာ မလိုသေးပါဘူး၊ ဒီဒိဋ္ဌိက ဘယ်
မှာ..အများဆုံးကိန်းပါသလဲဆိုတော့၊ ခန္ဓာငါးပါးရှိတဲ့အနက် ဝိညာဏက္ခန္ဓာဆိုတဲ့..စိတ်မှာ အများဆုံး ကိန်း
ပါတယ်၊ ငါ့စိတ်လာမစမ်းကြနဲ့၊ ငါ့စိတ်က သိပ်မြန်တယ်၊ ငါစိတ်ထင်တိုင်း လုပ်လိုက်ရရင်၊ ခက်ကုန်ကြ
လိမ့်မယ်နဲ့..ငါ ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယဆိုတဲ့ ငါစွဲဟာ စိတ်မှာ အစွဲဆုံး။
ဘယ်မှာ ငါ့စိတ် ဟုတ်လိမ့်မလဲ၊ မျက်စိနဲ့ အဆင်းရှုပါရုံနဲ့..နားနဲ့ အသံနဲ့ အကြောင်းနှစ်ခုတို့ တိုက်ဆိုင်
တိုင်း မြင်စိတ်ကြားစိတ် ဖြစ်ကြတာပဲ၊ မြင်စိတ်ဆိုတာ မျက်စိမှာပေါ်တာ၊ ပေါ်တဲ့နေရာ ချုပ်ပျေက်သွား
ကြတာပဲ၊ စိတ်ကလေးတစ်ခု ချုပ်ပျောက်သွားလိုက်၊ နောက်အစားထိုးတဲ့ စိတ်ကလေးတစ်ခု ပေါ်လိုက်
ဒီနေရာမှာပဲ ချုပ်ပျောက်သွားလိုက်နဲ့ ဒီလိုပဲ..ဓမ္မတာအတိုင်း ဖြစ်နေကြတာကို၊ ငါလို့ ငါစိတ်လို့ ဆိုလို့
ရကြပါမလား၊ ဒိဋ္ဌိကဝင်နှောက်ရှက်တော့၊ ခင်ဗျားတို့မှာ ငါ့စိတ်လို့ လုပ်နေကြတယ်၊ ငါလို့ လုပ်နေကြ
တယ်၊ ဒီဒိဋ္ဌိဟာ စိတ်မှာ အများဆုံးစွဲတာ ဖြစ်တဲ့အတွက်၊ သောတာပန် ဖြစ်ချင်ရင် ဒိဋ္ဌိကို အရင်ပြုတ်
အောင်၊ ဖြုတ်ရလိမ့်မယ်..ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာဟာ အလိုလို ပြုတ်ပြီးသားပဲ။ ခန္ဓာကိုသာ သတိထား
ဝိရိယစိုက် ပညာနဲ့ရှု ဝိပဿနာ အလုပ်ဆိုတာ သမာဓိ ဦးစီးသောအလုပ်မဟုတ်၊ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်
ပညာ ဦးစီးသော အလုပ်၊ ပါရမီမလိုပါဘူး နှလုံးသွင်းမှန်ဖို့နဲ့ အလုပ်မှန်ဖို့သာ လိုပါတယ်၊ အလုပ်မှန်ဖို့
ဆိုတာ..ရှေ့က ဖြစ်ပျက်နဲ့ နောက်က မဂ်တို့ ကိုက်တာကို ဆိုလိုပါတယ်၊ ရှေ့စိတ်ကလေးကို နောက်
ဉာဏ်ကလေးနဲ့ အကဲခတ်နေတဲ့ အလုပ်ပါပဲ။
နေရေးမကောင်းလျှင် သေရေးလည်း မကောင်းနိုင်ပါ၊ နေရေးကောင်းပါမှ သေရေးကောာင်းကြပါမည်၊
ပြင်ချိန် ဆင်ချိန်ရှိတုန်း ပြင်ကြဆင်ကြဖို့ ဖော်ပြောနေတယ်မှတ်ကြပါ၊ ပြင်ကြဆင်ကြဆိုတာ ကိုယ့်ခန္ဓာ
ကို ကိုယ့်ကြည့်ပြီး..ဝိပဿနာလုပ်ကြတော့လို့ ပြောတာပါ၊ ခန္ဓာထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျ
တော့ ဝေဒနာကလေးတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ရေပွက်ပမာ ပျက်နေကြတယ်၊ စိတ်ကလေးတွကလည်း
ရေမြှုပ်ပမာ တစ်ခါတည်း ပျက်ပျက် ပျက်ပျက်နေတာကလေးတွေကို မြင်ပြီဆိုမှဖြင့် ခန္ဓာပေါ်ခင်တဲ့
တဏှာပါသွားပြီး။ နောက် မြင်တိုင်းတွေ့တိုင်း အာရုံတွေကို ကြည့်လိုက်ပြန်တော့ စကဆုပ်စရာတွေပါ
ကလားလို့ ဖြစ်လာတယ်၊ ဒီနေရာမှာ ဖြစ်ပျက်နေတာကို မြင်တာ ဒုက္ခသစ္စာ သိတာပါ။
မရှုဘဲနေလျှင် ခန္ဓာနှင့် တဏှာတွဲနေသည်၊ ရှုလိုက်ပြန်လျှင် ခန္ဓာနှင့်တဏှာကွဲသွားပြီး၊ ခန္ဓာနှင့် ပညာ
တွဲသွားသည်၊ မရှုမသိလျှင် ခန္ဓာနှင့် တဏှာတွဲသည်၊ ရှုကြည့်လျှင် ခန္ဓာနှင့် ဉာဏ်နှင့်တွဲသည်၊ စောင့်
ကြည်လျှင် သိမည်။ ဒုက္ခသစ္စာနှင့် ဉာဏ်နဲ့ခွဲပြီး သုခသစ္စဟူသော..နိဗ္ဗာန်နှင့် ဉာဏ်နှင့်သွားတွဲသည်၊
ဉာဏ်သည် အမှန်မြင်ဖို့ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များတော့ မကြည့်ချင် မမြင်ချင် ဖြစ်လာခြင်း
သည်..ဉာဏ်တက်လာခြင်း ဖြစ်၏၊ ထ မပြေးလိုက်ပါနှင့် ဒါဖြင့် နိဗ္ဗာန်သည် ဘယ်သူက ဖုံနေတယ်ဆို
တာ..ယနေ့ တရားမှာ ပေါ်ပါပြီ။ ဘယ်သူက ဖုံဖိနေသတုံးဆို အဝိဇ္ဇာနဲ့ တဏှာ ဖုံးဖိနေတယ်၊ ကိုင်း မင်း
ကွယ်ထားတာကို ဒို့က ဖွင့်ကြည့်မယ်ဆိုပြီး နိဗ္ဗာန်ကို မကြည့်နဲ့၊ နိဗ္ဗာန်ကို ဘယ်တော့မှ မကြည်နဲ့ နှိပ်
စက်တာကို ကြည့်၊ ဒုက္ခဝေဒနာ နှိပ်စကပြန်ပြီ..သညာက နှိပ်စက်ကပြန်ပြီ..ခန္ဓာငါးပါးစလုံး နှစ်စက်
တတ်တဲ့တရားပဲ။
ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတို့ ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြု
ပြင်နေရတဲ့ ကိစ္စနဲ့ပဲ အချိန်ကုန်နေကြရတာပဲ၊ ဒါဖြင့် နှိပ်စက်၏ နှိပ်စက်၏..ခန္ဓာငါးပါး နှိပ်စက်၏ဆို
တာ..အမြဲရှုပေး၊ ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ခေါ်တယ်၊ ရှူစိတ်ရှိုက်စိတ်ဟာ အမြဲထာဝရ ဖြစ်ချုပ်
နဲ့ ဖြစ်ချုပ်နဲ့နေတဲ့ သက်စောင့် အိမ်သည်စိတ်ပဲ၊ ရှူစိတ် ရှိုက်စိတ်ကလေးကိုလည်း၊ ဒီနေရာဖြစ်ပြီး ဒီနေ
ရာပျက်တာပဲလို့ ဖြစ်ပျက်ရှု၊ ရှုဉာဏ်မဂ္ဂင် မလာခင်ကတည်းက ဖြစ်နှင့်ပျက်နှင့်ပြီးသား။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။ ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စူဠသောတာပန် သေနည်း
"စူဠသောတာပန်သေနည်း တရားတော် အနှစ်ချုပ်"
ငါသေရင် ဘယ်များရောက်မလဲဆိုတာ နောက်ဆုံးစဉ်စားခန်းကျတော့ပေါ်တာပဲ၊ သားနဲ့သမီးနဲ့ ပျော်နေတုံး
မပေါ်ဘူး၊ ဝေဒနာတစ်ခုရောက်တဲ့အခါ ဒါနဲ့ ဝိဉာဏ်ချုပ်ရမလား၊ ငါသေရင် ဘယ်များရောက်မလဲ စိတ်က
လေးပေါ်လာ၊ ကိုယ့်ကိုယ်ကို စိတ်မချ၊ တကယ်စိတ်ချတဲ့ အလုပ်လုပ်မထားလို့ ကံအကြောင်းတရားပဲ၊
ကိုယ်ပြုဘူးတဲ့ ကုသိုလ်လည်းရှိသားဘဲ စိတ်မချလက်မချနေတတ်ပါတယ်။
အခုတွေးလုံးဟာ လာလိမ့်မယ်၊ စိတ်ချတဲ့အလုပ်လုပ်မထားသော ပုဂ္ဂိုလ်မှာ လာမြဲ၊ စိတ်ချရသော
ပုဂ္ဂိုလ်မှာ ခန္ဓာဝန်ပေါ့သွားပြီ၊ ဒီအလုပ်နှစ်ခုလုံးကလာမှာပဲ အလုပ်မလုပ်ထားသူမှာ ကံပစ်ချသလို ခံရမှာ
ပဲလို့ ကံပစ်ချသလို ခံရမည့်ပုဂ္ဂိုလ်ဟာ ကိုယ့်စွမ်းရည်တုံး၊ ကိုယ်စွမ်းရည်ရှိလို့၊ ဉာဏ်ပို့ရာ သောတပန်၊ သက
ဒါဂါမ်၊ အနာဂါမ်ဖြစ်ရန် လုပ်ဖြစ်အောင် လုပ်ထားပါ။ ကံစွမ်းရည်ထက် ဉာဏ်စွမ်းရည်အဘိုးတန်တယ်၊
ကံက အထက်မြောက်လည်းကံပဲ၊ အောက်ပစ်ချလည်းကံပဲ၊ ကံစွမ်းရည်ကမမြဲဘူး၊ လူ့ဘောလုံးဖြစ်ပါပေါ့
လား၊ ဉာဏ်စွမ်းရည်ကို အဓိက အားကိုးကြစမ်းပါ အရေကြီးတယ်။
ငါသေရင် အပါယ်လေးပါးရောက်ချီအုံးမလား၊ အပါယ်လေးပါး မရောက်တဲ့ တရားလုပ်ထားလိုက်
မသေခင်ကသိတယ်၊ စီးပွားရှာတာ စိတ်ချဖို့ရှာသလို သံသရာမှ စိတ်ချရတဲ့အလုပ်လုပ်ထားပါ၊ ဘုရားပြော
တဲ့အတိုင်း ဆရာသမားသင်ပြတဲ့အတိုင်း ဉာဏ်ထဲမှာ အထင်မြင်ပေါက်ရင် ဘာပူစရာရှိသေးလဲ၊ လူဖြစ်
ကျိုးနပ်တယ်၊ "ငါသေရင် ဆွမ်းမသွတ်နဲ့လို့" မှာနိုင်အောင် ဉာဏ်စွမ်းရည်ကိုလုပ်ထားပါ၊ မမာမှတွေးလုံး
ထုတ်လာရင် ခက်ပါလိမ့်မယ်၊ ခေါင်းအုံးပေါ်မှာ မျက်ရည်ကြီးငယ်မကျစေနဲ့။
ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဘဝပေါင်းများစွာက မိဘတော်ခဲ့တဲ့ ကုလမာတာနဲ့ နကုလပိ အဘိုး
ကြီး အဘွားကြီးကို တိုတိုတုတ်တုတ်နဲ့ ကျေးဇူးပြန်ဆပ်တယ်၊ ခမည်းတော် မယ်တော်ကြီးတို့ကို ခန္ဓာကြီးက
အမြဲတမ်းအနာရှိတယ်လို့ ဘုရားကဟောလိုက်တယ်၊ ဘယ်အချိန်မှ အနာမကင်းတဲ့ခန္ဓာကြီး၊ ခန္ဓာကြီးက
အမြဲနာနေမှာဘဲ၊ စိတ်ကမနာရင် နိဗ္ဗာန်ရောက်ပါလိမ့်မယ်၊ "ကိုယ်သာနာ၍ စိတ်မနာစေနှင့်" ခမည်းတော်
ကြီးကို တိုတိုတုတ်တုတ် ဟောလိုက်တယ်။ အိမ်ကိုပြန်ရင် ပါပါစေ၊ ကိုယ်သာနာ၍ စိတ်မနာရင် နိဗ္ဗာန်
ရာက်မယ်၊ ဘုရားက အကျယ်မဟောဘဲပြန်ကြွ၊ ခမည်းတော်က ရှင်သာရိပုတ္တရာဆီဝင် သားတော်ကြီးက
တပည့်တော် ကျင့်ဖို့တရားတော့ ကိုယ်သာနာ၍ စိတ်မနာစေနှင့် ဆိုတာကို ဟောပါတယ်၊ ကိုယ်သာနာ၍
စိတ်မနာစေနှင့်ဆိုတဲ့ တရားကအင်မတန် အဖိုးတန်တယ်။
အရိယာမျက်လုံးမရှိရင် ခန္ဓာငါးပါးကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်ပြီးနေတယ်၊ ဒီခန္ဓာငါးပါးက ငါ့ကိုယ်
မဟုတ်ကြောင်း ပြောလိမ့်မယ်၊ ရုပ်တရားကို ငါထင်၊ မျက်စေ့လည်းနီနေရင်၊ ခင်ဗျားတို့က ကိုယယ်နာတာ
နဲ့ စိတ်နာတယ်၊ ဘုရားက ကိုယ်သာနာ၍ စိတ်မနာနှင့်လို့ပြောတယ်၊ ကိုယ်ထိမချိအောင် နာတယ်၊ ခင်ဗျား
တို့က ကန့်လန့်လုပ်တယ်၊ တော်သေးတယ်၊ ဒီထက်ကြီးသူ မရှိလို့။ ဒီတရားထူးတရားမြတ်ကို မကြုံရ၊ မနာ
ရ၊ နှလုံးမသွင်းရ၊ ဝေဒနာက္ခန္ဓာ ငါထင်ပြီး သေပစ်ချင်တယ်၊ ကိုယ်နာရင် စိတ်နာတာပဲ၊ သညာက္ခန္ဓာနောက်
ကလည်း သည်ခန္ဓာကို ငါထင် ကိုယ်အမှတ်မှား၊ ကိုယ်စိတ်ဆိုး၊ ဘုရားကြည်ညိုပါတယ်၊ တရားကြည်ညိုပါ
တယ်၊ ကိုးစားပါတယ်၊ အားထားပါတယ်၊ ချော့ချီတလှည့်၊ ခြောက်ချီတလှည့်၊ ညောင်ရည်အိုးလေး ရှေ့မှာ
ထား၊ ကိုးစားပါတယ် ဘုရားလုပ်ပြန်ပြီ၊ ကိုယ်နာစိတ်နာတာကျတော့ ဘုရားစကား နားမထောင်ဘူး၊ သင်္ခါရ
ခန္ဓာနဲ့လည်း ရန်ဖြစ်တာပဲ၊ ဝိဉာဏခန္ဓာနဲ့လည်း ရန်ဖြစ်နေတာ ကျုပ်စိတ်ကျုပ်မနိုင်ဘူး၊ ကိုယ်စိတ်နဲ့ကိုယ်
နှိပ်စက်နေတာ၊ ကိုယ်နာစိတ်နာပြီး ခန္ဓာငါးပါးနဲ့ ရန်ဖြစ်နေတာ။
ခန္ဓာငါးပါးပေါင်းလိုက်ရင် ရုပ်နာမ်နှစ်ပါး၊ ရုပ်တရားဟာ ကံ၊ စိတ်၊ ဥတု၊ အဟာရကြောင့်ဖြစ်တာ ခင်ဗျာ
တို့မပိုင်ဘူး၊ နာမ်ခန္ဓာ ၄-ပါးက အာရုံဒွါရကြောင့်ဖြစ်တာ၊ ခန္ဓာငါးပါး ရုပ်နာမ်ပဲရှိတယ်၊ အကုန်အနိစ္စချည်းပဲ၊
အရိယာ မျက်လုံးတပ်ပြီးတဲ့အခါ ဖြစ်လိုက်ပျက်လိုက် အနိစ္စမြင်တဲ့အခါ ကိုယ့်ဟာမဟုတ်ကြောင်း ကောင်း
ကောင်းသိမယ်။ သံသရာတစ်လျှောက်လုံး စုံလုံးကန်းနဲ့လာခဲ့တယ်၊ အပါယ်လေးပါးချောက်၊ သင်္ချိးဟူသမျှ
စုံလုံးကန်း၊ အရိယာမျက်လုံးရဖို့ ဆရာကောင်းသမားကောင်းနဲ့ တွေ့ရင်ခဏနဲ့ ရနိုင်ပါတယ်။ ကိုယ်နာစိတ်မ
နာတဲ့ မျက်လုံးကို ဆရာဘုန်းကြီး တပ်ပေးရလိမ့်မယ်၊ ဪ..ဖြစ်နေတယ် ပျက်နေတယ် သိတဲ့မျက်လုံးတပ်
ပေးရမယ်၊ ဝိပဿနာ မဂ်ကျအောင် မျက်စေ့နှစ်ကွင်း အလင်းရပြီးသေသောကြောင့် သောတာပန်ဖြစ်ပြီး၊
သောတာပန်မဖြစ် တောင်မှ သောတာပန်အငယ်စားဖြစ်ပြီး သေရတဲ့အတွက် ဒို့ဘာမှ ကြောက်စရာမရှိ
ဘူးလို့ မှတ်ပါ။
ဤကောင်မှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့။ ။
Friday, May 17
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သမ္မာဒိဋ္ဌိငါးမျိုး (၃) မဂ္ဂသမ္မာဒိဋ္ဌိနှင့် ဖိုလ်သမ္မာဒိဋ္ဌိ
"မဂ္ဂသမ္မာဒိဋ္ဌိ နှင့် ဖိုလ်သမ္မာဒိဋ္ဌိ"
ဘုရားလည်း သမ္မာဒိဋ္ဌိမပါဘဲနဲ့ဘုရား မဖြစ်ပါဘူး၊ ဒါကြောင့် သမ္မာဒိဋ္ဌိက အရေးကြီးဆုံးဘဲ...(မှန်ပါ့)၊
ကမ္မဿတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ၊ ဖိုလ်သမ္မာဒိဋ္ဌိ၊ ဒကာ ဒကာမတို့၊
ဘယ်နှစ်ခုရှိပါလိမ့် (ငါးခုရှိပါတယ်ဘုရား)၊ အမှန်အကန်မြင်တဲ့တရား ငါးမျိုးရှိတယ်လို့ မှတ်သားရမယ်၊
အစဉာဏ်လေးမျှဘဲရှိသေးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ ဒီဉာဏ်နဲ့ မတင်းတိမ်လောက်သေး
ဘူးလို့ မှတ်လိုက်တာပေါ့။ ဒုတိယဉာဏ်ကလဲ သာသနာပမှာ အာနာပါနတွေလုပ်၊ ဈာန်လမ်းတွေလုပ်၊
ဗြဟ္မာပြည်ရောက်မယ်လို့ သူဒီလောက်တော့လဲ သိသားပဲ၊ ဒါလဲ သမ္မဒိဋ္ဌိပဲ၊ သို့သော် သူသည် ဝဋ်ထဲကို
သာသိတယ်၊ အထက်တန်းကောမကျဘူးလား၊ လမ်းဆုံးပါရဲ့လား (မဆုံးသေးပါဘူးဘုရား)။
ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာက သာသနာတွင်းမှ ပေါ်နိုင်တယ်လို့ မှတ်သားလိုက်တာပေါ့၊ ဒါဖြင့်
သာသနာတွင်း သမ္မာဒိဋ္ဌိက (၃)၊ သာသနာပ သမ္မာဒိဋ္ဌိက (၂) ပေါ့ဗျာ (မှန်ပါ့ဘုရား)။ အလုပ်လုပ်နည်းကို
သင်ရမယ်၊ အလုပ်လုပ်နည်းသင်ခြင်းကြောင့် အကျိုးကျေးဇူးများပုံကို သိရမယ်၊ ဘဝများစွာသံသရာက
ဆိုးရွားလာတာလဲ ဒီကနေ့အချေးဆပ်ရင် ရတယ်ဆိုတာလဲ မှတ်သားဖို့ပါပဲ၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမ
တို့ (၃) နံပါတ် ဉာဏ်အရေးကြီးတယ်လို့ မှတ်ပါနော်။ (၃) နံပါတ်ဉာဏ်သည် ဘယ်အပေါ်လှည့်ရမှာတုံးဆို
တော့ ခန္ဓာပေါ်မှာလှည့်ရမယ်၊ ခန္ဓာမရှိတာသိတာ ဝိပဿနာ၊ ဒီကနေ့ကစပြီး သေသေချာချာရေရေလည်
လည်မှတ်ကြစမ်းပါ၊ ဒကာ ဒကာမတို့ ခန္ဓာမရှိတာ သိတဲ့ဉာဏ်သည် ဝိပဿနာ သမ္မာဒိဋ္ဌိ၊ ခန္ဓာတာ သိတဲ့အ
လုပ် ရှင်းပြီနော်၊ အဲဒီ ခန္ဓာရနေသရွေ့ ကာလပတ်လုံးလဲ ခန္ဓာနဲ့ နိဗ္ဗာနဲ့ဟာကလဲ ဒုက္ခသစ္စာ၊ နိရောဓသစ္စာ
ဆိုတော့ မိုးနဲ့မြေကြီးက နီးပါသေးတယ်၊ ခန္ဓာမရှိတာ သိမှသာလျှင် နိဗ္ဗာန်နှင့် နီးတော့မယ်၊ ငါကြားတယ်
ဆိုတာ ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ကြည်လိုက်တော့ ကြားတဲ့ခန္ဓာငါးပါးရှိ..မရှိ (မရှိပါဘုရား)၊ ကြားတဲ့ခန္ဓာငါးပါး
မရှိဘူးလို့ သိလိုက်တာ၊ ဪ..မိမိတို့သေမှုကို မိမိသိတာပဲ။
ဝိပဿနာ သမ္မာဒိဋ္ဌိဖြစ်လာတည်းက ဒကာ ဒကာမတို့ ခန္ဓာမရှိတာသိတော့ကို နိဗ္ဗာန်မှာ ခန္ဓာမရှိဘူး၊
ခုလဲ ခန္ဓာမရှိတာတော့ သူသိလာပြီ၊ ဒါဖြင့်..ဒီအသိ ကြာရှည်သွားလို့ရှိရင်ဖြင့် နိဗ္ဗာန်နဲ့ ကပ်နေပြီတဲ့ (မှန်ပါ့
ဘုရား)၊ ဒကာ ဒကာမတို့ ဝိပဿနာဉာဏ်သည် နိဗ္ဗာန်ကိုမြင်တဲ့ မဂ်ဉာဏ်အနီးဆုံးဟေ့လို့ သံယုတ်အဋ္ဌက
ထာ ဆရာက ပြောတာဟာ၊ ဒါလောက်တင်ခြားနားတယ်လို့ မှတ်ပါ၊ တော်တော့ကို နိဗ္ဗာန်နဲ့နီးသွားပြီ၊
ဒကာ ဒကာမတွေ အားမလျှော့ပါနဲ့၊ ဒီဥစ္စာ လေးစားစွာနဲ့သာမှတ်ပေတော့၊ ဝိပဿနာတို့ရှုမဟေ့၊ နိဗ္ဗာန်နဲ့
အနီးကလေး၊ ကျန်တော့တယ်ဟဆိုပြီး အားခဲပြီးသာရှုပါလို့သာ သတိပေးလိုက်ပါတယ်၊ ဦးဘအုန်း ရိပ်မိပြီ
လား..(ရိပ်မိပါပြီဘုရား)၊ နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ခန္ဓာမရှိတာပါဘုရား)၊ ထိုကဲ့သို့ မြင်မှုဘာထူးသတုံးမေး
တော့ ခဏမရှိတာလည်း ခဏနိဗ္ဗာန်ပါ၊ အမြဲမရှိတာက အမြဲနိဗ္ဗာန်၊ ဒါလေးပဲကွာခြားတော့တယ်၊ ဒါဖြင့်
ဝိပဿနာဉာဏ်ရတဲ့ ပုဂ္ဂိုလ် (သေပျော်ပါပြီဘုရား)၊ ခဏနိဗ္ဗာန်သူမြင်မကောဗျာ၊ ခဏနိဗ္ဗာန် သူမြင်ဖို့ ဆက်
ရှုလိုက်ရင် သူရတော့မယ်။
ခဏနိဗ္ဗာန်ကို သူတွေ့အောင်ရှာနိုင်တဲ့ တရားဖြင့် သာသနာတွင်းတရား ဦးဘအုန်း၊ ကောင်းကောင်း
ကျေနပ်ဖို့ ကောင်းပါတယ်၊ ခန္ဓာစွန့်တာက နိဗ္ဗာန်မြင်တာ၊ တဏှာစွန့်တာက (သံသရာ ပြတ်တာပါဘုရား)၊
အနာဂတ်သံသရာ ပြတ်တယ်၊ ဝိပဿနာဉာဏ်လုပ်တဲ့ ပုဂ္ဂိုလ်များသည် ခန္ဓာစွန့်ခြင်းကြောင့်လည်း နိဗ္ဗာန်
တွေ့ရတယ်၊ တဏှာစွန့်ခြင်းကြောင့်လည်း သံသရာပြတ်တယ်၊ ဝိပဿနာလုပ်တာ ကုသိုလ်ရတယ်လို့
ခင်ဗျားတို့က အောက်မေ့နေတယ်၊ မဟုတ်ပါဘူးဗျာ၊ ကုသိုလ်ရရုံလေးဖြင့် ဘုန်းကြီးဟောကိုမဟောဘူး၊
ကုသိုလ်ရတာမဟုတ်ပါ ဒကာ ဒကာမတို့ နိဗ္ဗာန်မြင်တယ် သံသရာပြတ်တယ်လို့ ယူလိုက်စမ်းပါ၊ အဲဒါ
ကြောင့် အကျဉ်းမှတ်ထားစမ်းပါ၊ ဝိပဿနာရှုတဲ့ ပုဂ္ဂိုလ်များမှာ နိဗ္ဗာန်မြင်၍ သံသရာပြတ်တယ်၊ ဝိပဿနာ
ဉာဏ်၏ တန်ဖိုးဟာ ခါတိုင်းဒီလောက်ပေါ်အောင် မပြောဘူး၊ ဝိပဿနာမဂ်အကျိုးဟာ အရဟတ္တမဂ်၊
အရဟတ္တဖိုလ်တိုင်အောင်ရောက်နိုင်ပါတယ်လို့ အဂုင်္တ္ထိုရ်အဋ္ဌကထာဆရာက နေ့တိုင်းပြောနေတယ်ဆို
တာကလဲ အခုတာဝန်ခံရတော့မှပဲ။
စွန့်နိုင်တာ နှစ်မျိုး စွန့်ချလိုက်တယ်၊ ကောင်းပြီ ဒါဖြင့် အကျိုးပြောစမ်းပါဆိုတော့ ခဏနိဗ္ဗာန်လဲမြင်
သံသရာလဲပြတ်တယ်၊ ဒါဖြင့် ဝိပဿနာ သမ္မာဒိဋ္ဌိပြီးတော့ (၄) နံပါတ်က ဘာသမ္မာဒိဋ္ဌိ (မဂ်သမ္မာဒိဋ္ဌိပါဘု
ရား)၊ မဂ်သမ္မာဒိဋ္ဌိတဲ့၊ မဂ္ဂသမ္မာဒိဋ္ဌိပြောရတော့မယ်၊ ဝိပဿနာဉာဏ်အသားတွေတက်လာပြီ၊ ဉာဏ်တွေ
ရင့်ရင့်ပြီးသကာလ ဥဒယဗ္ဗဟဘင်္ဂဗယအစရှိသည်နဲ့ သူ့ဟာသူ တက်လာပြီဆိုကြပါစို့၊ မဂ်ဉာဏ်ဖြစ်ဖို့
ရာအကြောင်းဟာ နီးကပ်မလာဘူးလား (လာပါတယ်ဘုရား)၊ နီးကပ်ပြီးသကာလလာတော့လည်း
ဘုန်းကြီးက နီးကပ်ပေးလို့လည်းမရဘူး၊ ဘုရားက နီးကပ်ပေးလို့ကော (မရပါဘုရား)၊ ခင်ဗျားတို့ဘာသာ
ရှုရင်းရှုရင်းနဲ့ (ဉာဏ်တက်လာပါမှာပါဘုရား)၊ ဘယ်သူက ဘယ်ဉာဏ်ရောက်ပြီ၊ တွေးဆပြောတာမှန်တာ
မဟုတ်ဘူး၊ ဒီဥစ္စာ စာမှာရှိတာ၊ အဲဒါ မှန်တယ်လို့များ သွားမယူနဲ့၊ ဆရာက မင်းဉာဏ်ရပြီ မင်းက မဂ်ဉာဏ်
ရပြီ မင်းက ဖိုလ်ဉာဏ်ရောက်နေပြီ၊ မင်းက သင်္ခါရုပေက္ခာဉာဏ်ရောက်နေပြီ၊ သူပြောတာမဟုတ်ဘူး၊
ကိုယ့်ဉာဏ်ကိုယ်မှ သိနိုင်တယ်၊ ဟိုကအရိယာမဟုတ်ဘဲနဲ့၊ ပုထုဇဉ်ကသာဆို မှန်းပြောတာသာမှတ်ပေ
တော့။ မှန်းပြောတာ၊ မှန်းပြောတာနော်၊ ဒါဖြင့် ဒကာ ဒကာမတို့ မဂ်ဉာဏ်ပြောကြပါစို့၊ မဂ်ဉာဏ်ကသုံး
ချက်နော် (မှန်ပါ့)၊ ခန္ဓာမရှိတာကိုလဲ (မြင်ပါတယ်ဘုရား)၊ ခန္ဓာလဲစွန့် နိဗ္ဗာန်လဲမြင်၊ ကိလေသာလဲ ချုပ်စေ
တယ်၊ "ခန္ဓာစွန့်၊ တဏှာစွန့်၊ နိဗ္ဗာန်မြင်ပါတယ်" ဪ ဒါဖြင့် နိဗ္ဗာန်၊ ငါတို့ မဂ်ရလေသလား မရလေသလား
ကိုယ့် ခန္ဓာကိုယ်ပြန်ကြည့်လိုက်တဲ့အခါမှာ ဘာမှမတွေ့ဘူး၊ ဝိပဿနာဉာဏ်က နှစ်ခုသာ ကောင်းကောင်း
လုပ်တယ်၊ ခန္ဓာစွန့်၊ တဏှာစွန့် တယ်လို့မှတ်ပါ။
နေ့တိုင်းရှုရှုနေတော့၊ ကြာတော့ ခန္ဓာပျောက်ထွက်သွားတယ်၊ ခန္ဓာပျောက်ထွက်သွားတော့ ဘာပါ
လိမ့်မတုံးလို့ မေးမနေနဲ့တော့ ဒါမဂ်ဉာဏ်ပေါ်လာတာ၊ ခန္ဓာစွန့်ပြီးတဲ့နောက်က တဏှာလဲစွန့်ပြီးပြီ၊ ဘာမှ
မတွေ့တော့ပါလား၊ ဘာမှမတွေ့တာမဟုတ်ဘူး၊ ဒီနေရာမှာ ဒုက္ခချုပ်တာဒါပဲလို့သိတာ၊ ဘာမှ မတွေ့တာ
မဟုတ်ဘူး၊ သဘောကျရဲ့လား၊ ဘာပါလိမ့် (ဒုက္ခချုပ်တာပါဘုရား)။ ဒုက္ခချုပ်တာ ဒါပဲလို့ သူတွေ့တော့
နိဗ္ဗာန်ကိုသူတွေ့တာ၊ စင်စစ်တော့ ဒီပြင်ဉာဏ်တွေဟာ ဝိပဿနာချည်းပဲ၊ အပျက်ကလေးမြင်တော့ မဂ်
ဉာဏ်လို့ လုပ်တာပဲ၊ ပေါင်းခေါ်တော့ ဝိပဿနာဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်၊ ဝိပဿနာဉာဏ်ထဲ သွင်းရ
မှာပဲ၊ ဝိပဿနာဉာဏ်နဲ့ မဂ်ဉာဏ် ဒါပဲဟောတော့တယ်၊ ဖိုလ် သမ္မာဒိဋ္ဌိသွားကြပါစို့။ ဖိုလ်သည်ကားဆို
လို့ရှိရင် ဒကာ ဒကာမတို့ မဂ်နောက်က ကပ်ပြီးလိုက်တဲ့ ဖိုလ်ရှိတယ်၊ ဖိုလ်ကနှစ်မျိုး၊ မဂ်ဉာဏ်နောက်က
ကပ်လိုက်တဲ့ ဖိုလ်ကတစ်မျိုး၊ ဝိပဿနာဉာဏ်နောက်က ကပ်လိုက်တဲ့ ဖိုလ်ကတစ်မျိုး၊ ဖိုလ်ဉာဏ်ကို နှစ်
မျိုးရှိနေတယ်၊ ဒါကတော့ ဘုန်းကြီးက ဟောချင်လို့ဟောရတာ မဟုတ်ပါဘူး၊ ဒကာ ဒကာမတို့ ခင်ဗျားတို့
မဂ်ဉာဏ်ရရင် ဖိုလ်ဉာဏ်ကအလိုလိုလိုက်တာပဲ၊ အကာလိကောဆိုတာ၊ အကာလိကော အခါမလင့်
အကျိုးပေး၏ဆိုတော့ မဂ်ဉာဏ်သာရလို့ရှိရင် ဖိုလ်ဉာဏ်ရရပါလို၏ ဆုမတောင်းနဲ့ သူ့ဟာသူလာတာပဲ၊
ဓမ္မနိယာမလို့မှတ်ထားပါ၊ ဓမ္မနိယာမဆိုတာ မဂ်ဉာဏ်တည်းဟူသောအကြောင်း အားထုတ်ထားလို့ ရှိရင်
ဖြင့် ဖိုလ်ဉာဏ်တည်းဟူသော အကျိုး၊ မလာပါနဲ့ဆိုလို့ (မရပါဘူးဘုရား)။
တားလို့ဆီးလို့၊ ဘုရားလာတားတာတောင်မရဘူး၊ မာရ်နတ်ကြီးလာတားတော့ (မရပါဘူးဘုရား)၊
ကံ၏ အကျိုးပေးပဲ ဒကာ ဒကမတို့၊ မဂ်ကစေတနာ ကံလေ၊ ဖိုလ်က အကျိုးပေးဆိုတော့ ကပ်နေတာပဲ၊
မဂ်ပြီးဖိုလ်ပဲ။ ဗဟုသုတပဲ ပေးမှာပဲတဲ့၊ ခင်ဗျားတို့ ဒါ အားထုတ်ရတဲ့တရား မဟုတ်ဘူး၊ နိဗ္ဗာန်ဆိုတာမျိုး
ဟာ ဒကာ ဒကာမတို့ အမြဲတမ်း ခင်ဗျားတို့ရှိနေတာပဲလို့ မှတ်ရမယ်၊ အမြဲတမ်းရှိနေတယ်ဆိုတော့ လူတိုင်း
တွေ့သလားလို့တော့ မေးဖို့လိုတယ်၊ အမြဲတမ်းရှိတဲ့ပစ္စည်းဖြင့် ဘုရား..လူတိုင်းတွေ့ဖို့ပါပဲ၊ သဘောကျပ
လား၊ မဟုတ်ပါဘူးတဲ့၊ ရှိတာတော့ရှိတယ်တဲ့၊ အမြဲတမ်းတော့ ရှိပါတယ်ဆိုတော့ ဒကာ ဒကာမတို့၊ ဒီနိဗ္ဗာန်
ဟာ အားထုတ်တဲ့ ပုဂ္ဂိုလ်လူတိုင်းမှာတော့ အားထုတ်လို့ရောက်မဲ့ ပုဂ္ဂိုလ်၊ လူတိုင်းမှာတော့ အမြဲတမ်းသူ
ရှိနေတာပဲ။ အားမထုတ်တဲ့ ပုဂ္ဂိုလ်တွေ အတွက်မှာတော့ သူကရှိကို မရှိဘူး၊ ထိုက်တဲ့ ပုဂ္ဂိုလ် (ရှိပါတယ်
ဘုရား)၊ မထိုက်တဲ့ ပုဂ္ဂိုလ် (မရှိပါဘုရား)၊ ထိုက်..မထိုက်ဆိုတာ ဘာနဲ့စစ်တမ်းထုတ် ကြမလဲ (အားထုတ်..
မထုတ်နဲ့ စစ်တမ်းထုတ်ပါမယ်ဘုရား)။ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ထိုက်တယ်၊ အားမထုတ်တဲ့ ပုဂ္ဂိုလ်မှာ မ
ထိုက်ဘူး၊ အော်နေတဲ့ ဆုတောင်းနေတဲ့ ပုဂ္ဂိုလ်မှာ မထိုက်ဘူးလို့ မှတ်ကြစမ်းပါ၊ မဂ်ပြီးတော့ကို ဒကာ ဒကာ
မတို့ မဂ်စိတ်သည် (၁)၊ (၂) ဆိုပြီးတော့ မဂ်စိတ်ချုပ်သွားတယ်၊ ခုနက ကိလေသာစွန့် ခန္ဓာစွန့်၊ နိဗ္ဗာန်မြင်
တဲ့တရားလေး စွန့်သွားတော့ကို မဂ်စိတ်က စွန့်လိုက်ပြီးသကာလ၊ မဂ်စိတ်ချုပ်သွားတယ်၊ မဂ်စိတ်ကလည်း
ဒကာ ဒကာမတို့ ဝိပဿနာရှုတဲ့ စိတ်လို့ပေါ့..မဂ္ဂင်ငါးပါးကလည်း ဖျတ်ဆိုချုပ်တယ် (မှန်ပါ့ဘုရား)၊ မဂ္ဂင်ရှစ်
ပါးကကော (ချုပ်ပါတယ်ဘုရား)။
ချုပ်တာပဲဆိုတော့ကို သူ့နေရာမှာ ဒကာ ဒကာမတို့ သူ့နေရာမှာ ဖိုလ်အင်္ဂါရှစ်ပါးဆိုတာလာမှာပဲ၊
မဂ္ဂင်ရှစ်ပါးဆို ဖိုလ်မဂ္ဂင်ရှစ်ပါးဆိုတာလာမှာပဲ၊ သဘောကျပလား (ကျပါတယ်ဘုရား)၊ ဒါ မဂ်ချုပ်သွားတော့
ဖိုလ်နဲ့မတွေ့ရပေဘူးလား (တွေ့ရပါတယ်ဘုရား)။ ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဖိုလ်သည် မဂ်နောက်က
လိုက်တဲ့ဖိုလ်ပဲ၊ မဂ်ပြီးတော့ကော ဖိုလ်လာတာပဲ၊ ဒီဖိုလ်က ဘယ်အကျိုးငှာပေါ်လာတာလဲလို့ မေးဖို့မလို့
ဘူးလား (လိုပါတယ်ဘုရား)။ ဒကာ ဒကာမတို့ မဂ်အလုပ်ကိစ္စကို သူပြန်လုပ်မှာပဲ၊ မဂ်ကဘယ်နှစ်ကိစ္စလုပ်
ခဲ့တုံး (၃-ကိစ္စလုပ်ပါတယ်ဘုရား)၊ ဘယ်လိုလုပ်ပါလိမ့် (ခန္ဓာလဲစွန့်..တဏှာလဲစွန့်..နိဗ္ဗာန်မြင်ပါတယ်ဘုရား)၊
ခန္ဓာလဲစွန့်..တဏှာစွန့် နိဗ္ဗာန်လဲမြင်တယ်နော်၊ တဏှာမှမရှိဘဲနဲ့ ဖိုလ်က ဘာစွန့်မတုံး၊ မေးဖို့မလိုဘူးလား၊
ဒီဖိုလ်ကလဲ သူက ဒကာ ဒကာမတို့ ဟိုက အကြမ်းသတ်ဆို၊ သူက အနုသတ်အဖြစ်နဲ့ ဦးဘအုန်းတို့ သတ်
ရသေးတယ် (မှန်ပါ့)၊ အဲဒီအပူမီးသတ္တိကို သူကငြိမ်းဖို့ပေါ်လာတဲ့တရား၊ အရဲကို မဂ်ကငြိမ်းတယ်၊ အမဲထဲ
က အပူကို ဖိုလ်ကငြိမ်းရမယ်၊ ကိလေသာက သာမညကိလေသာမဟုတ်ဘူး (မှန်ပါ့ဘုရား)၊ ကြမ်းတမ်းတာ
ကြီး၊ ဪ..ကြမ်းတမ်းတာကြီးကို မဂ်နဲ့သတ်တာတောင်မှ အနုကိလေသာက အရှိန်အစော်ကျန်နေသေး
တယ်၊ ကျန်နေရစ်တဲ့ အတွက် ဖိုလ်ပြန်ပေါ်ရတယ်၊ ဒါဖြင့် သူလဲ ကိလေသာစွန့်တာပေါ့ဗျာ၊ ဘယ်ကိလေ
သာတုံးလို့မေးတော့ ဟိုမဂ်သတ်လို့ ကျန်နေတဲ့ အငွေ့အသက်ပေါ့ဗျာ။
မရှိရင်..ငြိမ်းတယ်လို့ဆိုတဲ့ စကားသုံးစရာလိုသေးလား (မလိုပါဘုရား)၊ မဂ်ပြီးဘာလာသတုံး..မဂ္ဂင်ရှစ်
ပါးလာတယ်ဆိုတော့ သူလဲ (၃) ကိစ္စပဲလို့ မှတ်လိုက်တာပေါ့၊ မဂ်နဲ့သူနဲ့ အရှင်ဘုရား နဲနဲမတူတော့ဘူးလား
လို့ မေးတဲ့အခါကျတော့ ကိလေသာစွန့်တဲ့ နေရာမှာလဲ အရဲနဲ့အမဲကွာတယ်ဆိုတာပြောပြီးပြီ၊ အရဲငြိမ်းသွား
တာက မဂ်၊ အမဲကို ငြိမ်းရမှာက ဖိုလ်အထဲထဲက ပူနေတဲ့အပူကမရှိဘူးလား (ရှိပါတယ်ဘုရား)၊ အဲဒါ ငြိမ်း
သတ်တာက (ဖိုလ်ပါဘုရား)၊ အဲဒီတော့ ဖိုလ်ဉာဏ်သည် မဂ်ဉာဏ်ထက် သူကသတ္တိထက်တယ်လို့၊ ဒကာ
ဒကာမတွေက ဆိုကြစမ်းပါ။ ဘယ့်နှယ်ကြောင့် မဂ်ထက် သတ္တိထက်ရသတုံး မေးဖို့မလိုဘူးလား (မှန်ပါ့)၊
ဒါဖြင့် ဒကာ ဒကာမတို့...ခင်ဗျားတို့ ဒီ စစ်ပြိုင်တိုက်နေရတာနဲ့ နောက်ငြိမ်းချမ်းရေး လိုက်နေရတာနဲ့
အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး အုပ်ချုပ်တာနဲ့ ခင်ဗျားတို့ ဘယ်ဟာက လွယ်မယ်ထင်သတုံး (ငြိမ်းချမ်းရေးလုပ်ရ
တာခက်ပါတယ်)၊ ငြိမ်းချမ်းရေးက ခက်တယ်၊ ဟိုမှာ အစွန်းထလာ၊ ဟိုက အစွယ်ထောက်လာ၊ အစွယ်လေး
တက်လာနဲ့ ဟုတ်ဖူးလား (မှန်ပါ့)၊ ဒီမှာလဲ ဒကာ ဒကာမတို့ စစ်ကြီးပြီးအောင် မဂ်က လုပ်ငြားသော်လည်း
စစ်ပြေငြိမ်းအောင် တကယ့်ကို ငြိမ်းချမ်းရေးရအောင် ဖိုလ်ကမှ လုပ်နိုင်တာ၊ သူမှတပါး လုပ်ပေးမဲသူ မရှိဘူး၊
ကိလေသာရန်သူက ဒကာ ဒကာမတို့ ဖိုလ်က ငြိမ်းချမ်းရေးဖြစ်အောင်လုပ်ပါတယ်ဆိုတာ သဘောကျပလား
(ကျပါတယ်ဘုရား)။
ဒါဖြင့် သူ (၂) ကိစ္စလို့မှတ်၊ ငြိမ်းချမ်းရေးကိစ္စရယ်၊ နိဗ္ဗာန်မြင်တဲ့ကိစ္စရယ်၊ ခန္ဓာတော့ သူကစွန့်စရာမ
လိုတော့ဘူး၊ ဘာဖြစ်လို့တုံးဆိုတော့ ဒုက္ခသစ္စာမှ သူပိုင်းခြားစရာ မလိုတော့ဘူး၊ ဖိုလ်ကပိုင်းခြားစရာ မလို
တော့ဘူး၊ မဂ်က တစ်ခါတည်းပိုင်းပြီး မင်းနေရစ်တော့ဆိုပြီး စွန့်ခဲ့ပြီ၊ သဘောကျပလား (ကျပါတယ်ဘုရား)
အဲဒီတော့ ဖိုလ်က ဘယ်နှယ်ကြိမ်များ လာတတ်ပါသတုံးဆိုရင်ဖြင့် ဒကာ ဒကာမတို့ ညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်မှာ
သုံးကြိမ်းလာတတ်တယ်၊ တစ်ဖိုလ်ချုပ်ပြီးနောက် တစ်ဖိုလ်လာတာပဲ၊ ဒုတိယဖိုလ်ချုပ်ပြီး တတိယဖိုလ်လာ
တာပဲ၊ ညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်မှာနော်။ ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်မှာတော့ (၁)၊ (၂)၊ (၃) ဆိုပြီးနောက် ဒီပြင်တခြားစိတ်
တွေလာတော့တာပဲ၊ သဘောကျပလား (ကျပ်ပြီဘုရား)၊ သက္ကာယဒိဋ္ဌိ ဖြုတ်မယ်ကြံရင်လည်း အရမ်းဖြုတ်
လို့ မရပြန်ဘူး (မှန်ပါဘုရား)၊ ခန္ဓာပဋိစ္စသမုပ္ပါဒ် ပေါ်တိုင်းသိ (သိရပါမယ်ဘုရား)၊ သဘောကျပလား (ကျပါ
ပြီဘုရား)၊ ခုမှ ပြန်ပေါင်းတာတရားက၊ ခန္ဓာပဋိစ္စသမုပ္ပါဒ် သိရမယ်၊ ခန္ဓာပဋိစ္စသမုပ္ပါဒ် မသိလို့ရှိရင် သက္ကာ
ယဒိဋ္ဌိမပြုတ်ဘူး၊ မပြုတ်ဘဲနဲ့ ဝိပဿနာဉာဏ်ရှုနေရင် ဘယ်တော့မှမရလို့မှတ်၊ သဘောကျပါလား (ကျပါ
ပြီဘုရား)၊ အဲဒီကနေသွားမှ ဝိဉာဏ်နာမ်ရုပ်ပြီး သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဒီအတိုင်း
မသိရပေဘူးလား၊ ဤကဲ့သို့မှ မသိလို့ရှိရင်ဖြင့် ပုဂ္ဂိုလ်သတ္တဝါပျောက်ပါ့မလား (မပျောက်ပါဘုရား)၊ အခု
ဘာကျန်နေတယ်ဆိုတာ ဦးဝသိပြီမဟုတ်လား မဂ်နောက်ကလိုက်တဲ့ဖိုလ်တော့ပြီးသွားပြီ၊ ဝိပဿနာနောက်
ကလိုက်တဲ့ ဖိုလ်ကို နောက်မှပြောမယ် (မှန်ပါ့)။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း။ ။

Sunday, May 5
"သောတာပန်၏ ထူးခြားချက်(၇)ရပ်"
"သောတာပန်၏ ထူးခြားချက်(၇)ရပ်":
ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ
ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။
သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။
ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။
ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။
လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။
စွန့်ပြီး အနိစ္စသဘောချည်း ဖြစ်ပြီးပျက်တာချည်းပြတယ်။ ဒီလိုချည်းပြနေတော့ ဒါတွေဟာ "၀ိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ"ပဲ။
ဉာဏ်နဲ့ကြည့်လိုက်တော့ဝိပရိဏာမလက္ခဏာတွေချည်းပဲ၊
ဖောက်ပြန်တာချည်းပဲ။အထည်မကျန်ဘူး။ ဝေဒနာပေါ်ရင်
ဝေဒနာကြည့်လိုက်တော့ ဝေဒနာလေးကို ရှာမတွေ့တော့ဘူး။
ဝေဒနာပျက်ပျက် စိတ်ပျက်ပျက် ရုပ်ပျက်ပျက် အထည်မကျန်ဘူး။ ဖောက်ပြန်ပျက်စီးသွားတာကို မြင်အောင်ကြည့်ရမယ်။ ဒီလိုမြင်အောင်ကြည့်ပြီး ဒုက္ခသစ္စာပါလား၊ ဖောက်ပြန်ပျက်စီးသွားတာမှ တစ်ပိုင်းတစ်စတောင်မကျန်တော့ပါလား လို့ ရှေးဦးစွာ ဟုတ်တိုင်းမှန်စွာမြင်ရမယ်။ မြင်ပြီးတော့ မိမိခန္ဓာကြီးသည် ဖောက်ပြန်ပျက်စီးမှုမှတစ်ပါး ဘာမှမရှိ၊ တကယ့်ကို ရွံစရာ မုန်းစရာခန္ဓာကြီးပါလားလို့ ဉာဏ်တက်လာမယ်။ ဉာဏ်တက်ပြီးနောက် ရွံစရာမုန်းစရာခန္ဓာကြီးတော့ သိမ်းမှတော်မယ်၊ သိမ်းမှအေးမယ်၊ ရချင်စရာတစ်ကွက်မှမရှိဘူးဆိုတဲ့ ဉာဏ်တက်လာလိမ့်မယ်။ ဒီဉာဏ်တက်လာခဲ့ရင် ရှေ့ဒုက္ခတွေ ချုပ်သွားလိမ့်မယ်။
ဝိပရိဏာမဒုက္ခတွေ ချုပ်သွားလိမ့်မယ်။
♦ အ၀ိပရိဏာမ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။
အဲဒီတော့မှပဲ ဖောက်ပြန်ပျက်စီးမှု ၀ိပရိဏာမတွေ မရှိတော့ဘူး၊
အခုမှပဲ ဖောက်ပြန်ပျက်စီးမှုကြီးဇာတ်သိမ်းသွားတာ တွေ့ရတော့တယ်
ဆိုတဲ့ ဉာဏ်လာတယ်။ ဒါဖြင့် ဖောက်ပြန်ပျက်စီးမှုဇာတ်သိမ်းတာက နိရောဓသစ္စာ၊ တွေ့တဲ့ဉာဏ်က မဂ္ဂသစ္စာဆိုတော့ သောတာပန်တည်ရော။ မဂ်ရ ဖိုလ်ရတာပဲ။ မဂ်ဖိုလ်ရရင် ပစ္စဝေက္ခဏာ ရတာပဲ။ ပစ္စဝေက္ခဏာရတာ အထူးပြောဖို့မလိုဘူး၊ ၀ီထိနိယာမသဘောအတိုင်း မဂ်ဖိုလ်ရရင် သူရမှာပဲ။ မဂ်ရဖို့သာ အဓိကဖြစ်တယ်။
♦ ၀ိပရိဏာမဒုက္ခသစ္စာမြင်နေတုန်း ကိစ္စဉာဏ်။ ၀ိပရိဏာမဆုံးသွားတာမြင်လိုက်တော့ ကတဉာဏ်။ ကတဉာဏ်ဆိုတာ ငါသောတာပန်တည်ပြီလို့ သိလိုက်ရတဲ့ဉာဏ်။ မဂ်ဉာဏ်ကတက်ပြီး သောတာပန်တည်ပြီလို့သိလိုက်ရတဲ့ဉာဏ်၊ ဖောက်ပြန်တဲ့ကိစ္စတွေ မမြင်တော့ဘဲ ဖောက်ပြန်တဲ့ကိစ္စတွေ ရှာမတွေ့တော့ဘဲ ဖောက်ပြန်ခြင်းကင်းတာကို မြင်တဲ့ဉာဏ်ဟာ ကတဉာဏ်။
ဒါဖြင့် ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဒုက္ခသစ္စာချည်းပေါ်တာပဲလို့
သိတဲ့ဉာဏ်က သစ္စဉာဏ်၊ ပေါ်တာဟူသရွေ့ ဒုက္ခသစ္စာလို့
ဆုံးဖြတ်ချက်ချ။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ကိစ္စကိုသိတော့
ကိစ္စဉာဏ်၊ ပေါ်လာတာလေးတွေက ပေါ်လာတဲ့သဘောတွေ
အကုန်စွန့်ပြီး ဖောက်ပြန်ပျက်စီးသွားတာလေးတွေပဲ
ဆက်တိုက်မြင်နေရင် ဒါကို ကိစ္စဉာဏ်။
ဖောက်ပြန်ပျက်စီးတဲ့ကိစ္စ မမြင်ပြန်တော့ ကတဉာဏ်။ ဖောက်ပြန်ပျက်စီးတာတွေတော့မမြင်ရတော့ဘူး၊
မဖောက်ပြန်မပျက်စီးတဲ့ ချမ်းသာလေးတစ်ခုတည်းပဲ
မြင်နေတယ်ဆိုရင် ဒါ ကတဉာဏ်ပဲ။ ဒီဉာဏ်သုံးဉာဏ်နဲ့ပဲ
တက်လိုက်ပါ။
♦ အကျဉ်းအားဖြင့်
သစ္စာသိရင် သစ္စဉာဏ်၊
ဖောက်ပြန်တာသိရင် ကိစ္စဉာဏ်၊
ဖောက်ပြန်တာတွေ မတွေ့တော့ဘူးဆိုရင် ကတဉာဏ်။
♦ ကတဉာဏ်ဆိုက်ရင် သောတာပန်တည်ပြီ။
သောတာပန်ဖြစ်တယ်ဆိုတာ သောတာပန်စိတ်ပေါ်တာပါပဲ။ ရုပ်ပိုလှလာတာလဲမဟုတ်ဘူး၊ ဆိုင်းဘုတ်ဆွဲထားတာလဲမဟုတ်ဘူး။ အဲဒီသောတာပန်မှာပေါ်တဲ့ သောတာပန်စိတ်သည် ပုထုဇဉ်နဲ့
မတူတာ ခုနှစ်မျိုးရှိတယ်။
♦သောတာပန်လဲ လောဘ ဖြစ်သေးတယ်၊
ဒေါသလဲ ဖြစ်သေးတယ်၊
မောဟလဲ ဖြစ်သေးတယ်။
ထိနမိဒ္ဓ ငိုက်မျည်းစိတ်တွေလဲ ဖြစ်သေးတယ်။
ဥဒ္ဓစ္စ ပျံ့လွင့်မှုတွေလဲ ဖြစ်သေးတယ်။
ကုက္ကုစ္စလဲ ဖြစ်သေးတာပဲ။
ဒီတရားတွေက ပုထုဇဉ်မှာလဲ ဖြစ်တယ်၊
သောတာပန်မှာလဲ ဖြစ်တယ်ဆိုတော့ တူနေတဲ့သဘောတွေ ဖြစ်နေတယ်။ ဒါဖြင့် ဘယ်လိုထူးလဲဆိုရင် ပုထုဇဉ်က ဒီတရားတွေဖြစ်ရင် ဖြစ်ကြောရှည်တယ်။ ကတဉာဏ်ရလို့ သောတာပန်တည်ပြီးသားပုဂ္ဂိုလ်က
ဖြစ်တော့ဖြစ်ပေမယ့် ဖြစ်ကြောမရှည်ဘူး။
♦ ပုထုဇဉ်က လောဘဖြစ်လိုက်ပြီဆိုရင်လဲ ဒီလောဘချည်းပဲ အကြာကြီးဖြစ်နေတတ်တယ်။ ဒေါသဖြစ်နေတယ်ဆိုရင်လဲ
ဒေါသချည်းပဲဖြစ်လို့ မကျေမချမ်းနိုင်ဘူး။ ဒါဟာ ဖြစ်ကြောရှည်တာပဲ။ ဒုက္ခချုပ်ပြီးသား သောတာပန်ကတော့ ဖြစ်တယ်ဆိုရင် ဖြစ်သွားတယ်လို့
နောက်က တစ်ခါတည်း ဉာဏ်လိုက်တယ်။ ဖြစ်ရင် ချက်ချင်းသိတယ်၊ ဖြစ်ကြောမရှည်တော့ဘူး။ ငါလောဘဖြစ်သွားတယ်လို့ နောက်ကနေ
ဉာဏ်နဲ့ ချက်ချင်း အသိလေးလိုက်လာတယ်။ ဒေါသဖြစ်ရင်လဲ ဉာဏ်အသိ ချက်ချင်းလိုက်တယ်။ ထိနမိဒ္ဓဖြစ်ရင်လဲ ချက်ချင်းလိုက်တာပဲ။ မသိလိုက်တာဆိုတာ မရှိဘူး။ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊
ထိနမိဒ္ဓဖြစ်ဖြစ်၊ ဥဒ္ဓစ္စကုက္ကုစ္စဖြစ်ဖြစ် ဖြစ်တော့ဖြစ်တာပဲ၊
မပယ်နိုင်သေးလို့ ဖြစ်တာ။
♦ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာပဲ ပယ်နိုင်သေးတာ။
လောဘ ဒေါသ မောဟတွေက မပယ်နိုင်သေးတော့ လာမှာပဲ။ လာပင်လာသော်လဲ ချက်ချင်း နောက်က ပြန်သိတယ်။ ပဋိစ္စသမုပ္ပါဒ်က နောက်က ဖြတ်ဖြတ်လိုက်တယ်။ ပုထုဇဉ်ကတော့ မဖြတ်ဘူး၊
ပဋိစ္စသမုပ္ပါဒ် တန်းနေအောင် သွားတာပဲ။ ဥပမာ ပုထုဇဉ်က
ဒေါသဖြစ်ရင် ကမ္ဘာမကျေဘူးဆိုပြီး တေးထားတယ်။
သောတာပန်ကတော့ ဖြစ်တော့ဖြစ်လိုက်တာပဲ၊
ဒါပေမယ့် နောက်က အသိနဲ့ ပြန်လိုက်ပေးလိုက်တယ်။ ဒါနံပါတ်(၁)ကွာခြားမှုပဲ။ ဖြစ်ကြောရှည်နဲ့ ဖြစ်ကြောတိုကွာတယ်။
♦ နံပါတ်(၂)က လောဘ ဒေါသ မောဟတွေ မပယ်နိုင်သေးတော့ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာခဲ့သော်လဲ ဒီကိလေသာတွေ ငြိမ်းအေးအောင်လုပ်လိုက်တော့မယ်ဆိုတဲ့ စိတ် ပေါ်လာတယ်။ သိရုံတင်မကဘူး၊ ငြိမ်းအေးအောင်လုပ်မယ်ဆိုတဲ့အထိလာတယ်။
လောဘ ဒေါသ မောဟတွေကတော့ ပုထုဇဉ်လိုပဲ ဖြစ်တာပဲ။
သို့သော် ဖြစ်မှန်းသိတဲ့အတွက် ငြိမ်းအေးအောင်လုပ်လိုက်မယ်ဆိုပြီး ဖြစ်ပျက်ရှုလိုက်တော့ ငြိမ်းအေးသွားတာပဲ။ ဘယ်တော့မှ မကျေဘူး ဘာညာဆိုတာတွေ မကျန်ရစ်တော့ဘူး။ ကိလေသာတွေ လာသော်လဲ ငြိမ်းအေးအောင်လုပ်ပစ်လိုက်တယ်။ အကျဉ်းချုပ်အားဖြင့် မှားရင် မှားမှန်း ချက်ချင်းသိတယ်၊ ငြိမ်းအောင်လုပ်ပစ်တယ်။ လောဘ ဒေါသတွေနဲ့ မှားတာကိုပြောတာ။
♦ (၃)နံပါတ်က ဒီဘုရားသာသနာမှတစ်ပါး အခြားသာသနာမှာ
သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာမရှိဘူးလို့ ယုံကြည်တယ်။ ကိုယ်တိုင်သိလာတာ။ သိလာလို့ ယုံကြည်တာ။
♦ (၄)နံပါတ်က ရဟန်းတော်တွေဟာ ဘုရားပညတ်ထားတဲ့
သိက္ခာပုဒ်တစ်ခုခု ချိုးဖောက်မိရင် အပြစ်သင့်တယ်။
အာပတ်သင့်တယ်။ အဲဒီအပြစ်ကို သိလိုက်တာနဲ့ ပျောက်သွားအောင် ချက်ချင်း ဒေသနာကြားတယ်။ အာပတ်ကုစားတာခေါ်တယ်။
လူတွေမှာတော့ တစ်ခုခု မှားလို့ရှိရင် ၀န်ချတောင်းပန်ပြီး ပြေလည်အောင်လုပ်လိုစိတ်ပေါ်လာတယ်။ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင်လုပ်ချင်စိတ်ပေါ်လာတာ။ မှားမိတာ သိလိုက်တာနဲ့ ချက်ချင်း ဘုရားရှေ့သွားပြီး ကမ္မဋ္ဌာန်းထိုင်ပစ်လိုက်ပြီး မှားတဲ့အပြစ်တွေ ပြေပြောက်အောင် လုပ်လိုက်တယ်။ ဒါသောတာပန်ရဲ့စိတ်ထားပဲ။
♦ နံပါတ်(၅)က အမှုကိစ္စအတွက် ရုံးကန်ကနားခေါ်သော်ငြားလဲ လိုက်တော့လိုက်တယ်။ ဒါပေမယ့် သူ့ သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ ကိစ္စကြီးငယ်ရှိလို့ အကူအညီလိုရင် အကူအညီတော့ ပေးတာပဲ၊ ဒါပေမယ့် သူ့သီလ၊ သမာဓိ၊ ပညာတော့ အပျက်မခံဘူး။ မဟုတ်ဘဲနဲ့ အဟုတ်လုပ်အပြောခိုင်းလဲ သူမပြောဘူ၊ အလိမ်ခိုင်းလဲ မလိမ်ဘူး၊ မတရား ထွက်ဆိုတာမျိုး သူမလုပ်တော့ဘူး။ အမှန်ပြောရင် ဘယ်လိုလုပ်မယ်၊ ဘာလုပ်မယ်စသည်ခြိမ်းခြောက်နေစေကာမူ
သူကတော့ အမှန်အတိုင်းပဲ ထွက်ဆိုတယ်။ ဒီလိုပြောပေးရင်
ငွေပေးမယ်၊ ဘာပေးမယ်ပြောလဲ သူကတော့ မဟုတ်မမှန်တာကို အဟုတ်အမှန်လုပ်ပြီး ပြောမပေးတော့ဘူး။
♦ နံပါတ်(၆)က တရားဟောနေတဲ့အခါ အနက်အဓိပ္ပါယ်ကို သိပြီး စိတ်ဟာဘယ်မှမသွားဘဲနဲ့ နာလေ့ရှိတယ်။ မြတ်စွာဘုရား
တရားတော်တွေ နာကြားရတဲ့အခါ အာရုံတစ်ပါး စိတ်မသွားဘဲ
စူးစူးစိုက်စိုက် နာနိုင်ခြင်းသည် သောတာပန်ရဲ့ သဘောပဲ။
♦ နံပါတ်(၇)က တရားတော်တွေ နာကြားပြီးတဲ့နောက် ပြောလို့လဲ
မပြီးနိုင်၊ ၀မ်းမြောက်လို့လဲ မဆုံးနိုင်ဘူးတဲ့။ သိပ်ပြီး
သဘောကျလွန်းလို့ ပီတိသောမနဿတွေဖြစ်ပြီး တော်တော်နဲ့ မပျောက်နိုင်ဘူး။
♦♦♦ အကျဉ်းပြန်ချုပ်လိုက်ရင်- ♦♦♦
၁။ လောဘ ဒေါသ မောဟ ပေါ်တိုင်ပေါ်တိုင်း ချက်ချင်းသိတာသည် သောတာပန်ရဲ့အသိ။
၂။ သိသည်နှင့်တစ်ပြိုင်နက် ငြိမ်းအေးအောင်လုပ်နိုင်ခြင်းသည် သောတာပန်ရဲ့ အသိ။
၃။ ဤသာသနာမှတစ်ပါး အခြားသာသနာမှာ ထွက်ရပ်လမ်းလုံးဝမရှိဘူးဆိုတဲ့ယုံကြည်မှုဟာလဲ သောတာပန်ရဲ့ သဒ္ဓါ။
၎။ ကျူးလွန်ထားတဲ့အပြစ်ကို ချက်ချင်း ကုသလိုတဲ့စိတ်ပေါ်တာဟာလဲ သောတာပန်ရဲ့ သဘော။
၅။ ကိစ္စကြီးငယ်ရှိလို့ အကူအညီ သက်သေလိုက်ရငြားသော်လဲ သီလ သမာဓိ ပညာ အပျက်မခံတာသည် သောတာပန်ရဲ့သဘော။
၆။ တရားတော်တွေကို အာရုံတစ်ပါး စိတ်မသွားဘဲ အနက်အဓိပ္ပါယ်သိပြီး နာနိုင်ခြင်းသည် သောတာပန်။
၇။ ခန္ဓာဉာဏ်ရောက်တရားတွေနာရတော့ ၀မ်းမြောက်လို့မဆုံး ကြည်ညိုလို့မဆုံး ကျေးဇူးတင်လို့ မဆုံးဖြစ်တာသည် သောတာပန်။
ပုထုဇဉ်နဲ့ သောတာပန် ဒီ(၇)ချက်မှာ ထူးခြားတယ်တဲ့။
ကောသမ္ဘီရဟန်းတွေ အကြောင်းပြုပြီးဟောတာ။ ဥပမာ သောတာပန်လဲ ရန်တော့ ဖြစ်တာပဲ။ ဒါပေမယ့် ဖြစ်ရင် ဖြစ်မှန်းနောက်ကသိတယ်။ သိလိုက်တော့ ငြိမ်းအောင်လုပ်လိုက်တယ်။ သိလို့ ကုသလိုက်တယ်။ သူတစ်ပါးကိစ္စဆောင်ရွက်ရာမှာ သီလ၊ သမာဓိ၊ ပညာကိုသာ ငဲ့လေ့ရှိတယ်။ တရားနာတဲ့အခါမှာ အခြားစိတ်တွေ အ၀င်မခံဘူး။ တရားနာရတော့ ၀မ်းသာလို့မဆုံး ပီတိသောမနဿတွေလဲ ဖြစ်လို့မဆုံးဘူးတဲ့။ ဒါ ပုထုဇဉ်နဲ့ မတူတဲ့အချက် (၇)ချက်။ ဒီ(၇)ချက်နဲ့ ကိုက်ညီပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သောတာပန်ဖြစ်နေပြီလို့ ကောက်ချက်ချလိုက်ပါ။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟောတရားများမှ ကောက်နုတ်တင်ပြခြင်းသာဖြစ်သည်။)
[ဒေါက်တာ အရှင်ပါရမီ]

"၀ဋ်ကျွတ်တဲ့အလှူ"
"၀ဋ်ကျွတ်တဲ့အလှူ":
••••••••••••••••••••••••
[မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏
အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။]
♦ ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ လူနတ်ချမ်းသာခံစားချင်လို့
လှူရင် ပုညာဘိသင်္ခါရပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် "သမုဒယသစ္စာ" ဖြစ်သွားတာ။
♦ သမုဒယသစ္စာဖြစ်ပြီဆိုတော့ သေသည်မှနောက်၌ လူခန္ဓာ နတ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးပေးတော့မယ်။ လူခန္ဓာ အစ ဇာတိ၊ အလယ်က ဇရာ၊ ဆုံးခါနီးတော့ ဗျာဓိ၊ နောက်ဆုံးပိတ်က မရဏ၊ ဘာသစ္စာလဲဆိုတော့ ဒုက္ခသစ္စာ။ ဒါဟာ မသိလှူ သမုဒယသစ္စာကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဒုက္ခသစ္စာရတယ်။
လှူလဲလှူရသေး ဒုက္ခလဲရောက်သေးတယ်။
ဒါကြောင့် `အ၀ိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော-
ဖြစ်အောင်လုပ်ရမယ်၊ တဒင်္ဂဖြစ်တော့ ရအောင်လုပ်ရမယ်´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူတယ်။
တဒင်္ဂမြင်အောင်ဘယ်လိုလုပ်မလဲဆိုရင် ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်တော့ ရှူလိုက် ရှိုက်လိုက် အောင့်လိုက်
အင့်လိုက် ညောင်းလိုက် ကိုက်လိုက် ယားလိုက် နာလိုက် ထုံလိုက် ကျင်လိုက်နဲ့ ခန္ဓာက ပြတယ်။ ဒါဟာ ဒုက္ခသစ္စာကို ပြတာပဲ။ ခန္ဓာကြီးက ဒုက္ခသစ္စာဆိုတာ လက်တွေ့ပြနေတာပါ။
ဒီဒုက္ခသစ္စာဟာ ၀ဋ်အားဖြင့် ၀ိပါက၀ဋ်ပဲ။
ဒီ ဒုက္ခသစ္စာ ၀ိပါက၀ဋ်မှ မျက်မြင်အားဖြင့်လဲ ကျွတ်လို၊
ဉာဏ်မြင်အားဖြင့်လဲ ကျွတ်လိုပါတယ်ဘုရားဆိုတော့
သစ္စာမြင်တဲ့ဉာဏ်၊ ၀ိပဿနာဉာဏ်ဖြစ်လာတယ်။
ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက ၀ိပဿနာဉာဏ်။ ဖြစ်ပျက်မြင်တာ သစ္စာမြင်တဲ့ဉာဏ်ပဲ။ သစ္စာမြင်တဲ့ ဉာဏ်နဲ့ ခန္ဓာနဲ့ ဦးတည့်ပေးရမယ်။
ဒါဟာ လှူဆဲအခိုက်မှာ ၀ိပဿနာခြံရံလိုက်တာပဲ။ `စိတ္တာလင်္ကာရစိတ္တပရိက္ခာရမေ၀ သေဋ္ဌံ - သမထ ၀ိပဿနာခြံရံပြီးလှူတဲ့အလှူဟာ အမြတ်ဆုံးပဲ´လို့ ဘုရားကလဲ
"အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်" မှာ ဟောတော်မူထားပါတယ်။
♦ လှူဆဲအခိုက် "မုဉ္စစေတနာ" အချိန်မှာ ကိုယ့်ခန္ဓာကို
ဝိပဿနာရှုရလိမ့်မယ်။ ရုပ်ရှုတဲ့သူက ရုပ်ကို ဖြစ်ပျက်ရှု၊
ဝေဒနာရှုတဲ့သူက ဝေဒနာဖြစ်ပျက်ရှု၊
စိတ်ရှုတဲ့သူက စိတ်ဖြစ်ပျက်ရှုပေါ့။
ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ။ ဒီလို ကိုယ်တွေ့ မျက်မြင်ဒုက္ခကြီးမှ
ကျွတ်လိုလို့ လှူဒါန်းချင်တဲ့စိတ်ပေါ်အောင် ရှုရမယ်။
ဒီလို စိတ်ကို သမထ ၀ိပဿနာ တန်ဆာမဆင်ဘဲ လှူလိုက်မယ်ဆိုရင် ဒါနရိုးရိုးဖြစ်မယ်။ ဒါနရိုးရိုးဖြစ်ရင် အမြတ်ဆုံး ဒါနတော့ မဖြစ်တော့ဘူး။ အမြတ်ဆုံးဒါနမဖြစ်တော့ အရင်းများပြီး အမြတ်နဲမယ်ဆိုရင် ဒီကုန် မကူးထိုက်ဘူး၊ အရင်းနဲပြီး အမြတ်များမယ်ဆိုရင်တော့ ဒီကုန် ကူးထိုက်တယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဥပမာကို ထိထိမိမိပေးတော်မူခဲ့ပါတယ်။
♦ လှူပြီးနောက်မှ ၀ိပဿနာခြံရံမယ်ဆိုရင် "အပရစေတနာ" မှာ သွားပြီးခြံရံလိမ့်မယ်။ ဒါကြောင့် လှူဆဲ မုဉ္စစေတနာအခိုက်မှာ ၀ိပဿနာခြံရံပြီး လှူမှ အမြတ်ဆုံးဒါနဖြစ်ပါတယ်။ ကိုယ့်ခန္ဓာကို ကြည့်လိုက်တော့ ဖြစ်ပျက်မှတစ်ပါး အခြားမတွေ့ရဘူး။ ဖြစ်ပျက်ပဲ တွေ့နေရတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ တွေ့တာက လောကီမဂ္ဂသစ္စာ။ လောကီမဂ္ဂသစ္စာနဲ့ မြင်တဲ့အခါမှာ သတိ သမာဓိ ၀ီရိယဆိုတဲ့ သမာဓိမဂ္ဂင်သုံးပါးလဲ မပါမဖြစ်ပါနေရတော့ သမထဖြစ်တယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပဆိုတဲ့ ပညာမဂ္ဂင်နှစ်ပါးလဲ မပါမဖြစ် ပါနေရတော့ ၀ိပဿနာဖြစ်တယ်။ တွေ့လိုက်တဲ့ မဂ္ဂသစ္စာထဲမှာ ဟောဒီလောကီမဂ္ဂင်ငါးပါး ပါဝင်နေတော့ သမထ ၀ိပဿနာပြည့်စုံသွားတယ်။ ဒီလို မျက်မြင်ဝိပဿနာ ဒိဋ္ဌ၀ိပဿနာ ဖြစ်ပြီဆိုရင် သမထ၀ိပဿနာ မုဉ္စစေတနာမှာ ခြံရံပြီးတော့ လှူလိုက်ပါတော့။
♦ ကိုယ့်ဘ၀အစကို စဉ်းစားကြည့်လိုက်တော့ ဇာတိက
စခဲ့တယ်ဆိုတာ လူတိုင်းသိတယ်။ အမိဝမ်းခေါင်းမှာ ကျဉ်းမြောင်းစွာအောင်းခဲ့ရတဲ့ ဒီဇာတိဟာ ဘာသစ္စာလဲဆိုရင် ဒုက္ခသစ္စာ။ ဒီဇာတိဒုက္ခသစ္စာကို မလိုချင်လို့ အဇာတိ- ပဋိသန္ဓေမနေရာ နိဗ္ဗာန်ကို ရည်မှန်းပြီးတော့ လှူရတယ်။ ဒါဟာ ဇာတိကို ကြောက်ပြီး အဇာတိရောက်ချင်လို့ လှူတဲ့အလှူ၊ ဇာတိကြောက်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဇာတိက ဒုက္ခသစ္စာ၊ ကြောက်တာက မဂ္ဂသစ္စာ။ ယခု ဘာဒုက္ခနဲ့ နေကြရပါသလဲဆိုတော့ ဇရာဒုက္ခနဲ့နေကြရတယ်။ အိုတာ အသက်ကြီးတာဟာ ဇရာဒုက္ခပဲ။
♦ အရင်ဘ၀က သမထ ၀ိပဿနာမခြံရံတဲ့ ဒါနမျိုးတွေလုပ်ခဲ့လို့
အခုလို အိုခြင်းဆိုးနဲ့ ကိုယ်တိုင်တိုးနေရတာ။ ရှေးက အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာကြောင့် ဒီအိုခြင်းဆိုး ဒုက္ခသစ္စာကြီး ရ ထားတာ။ ဒီလို အိုခြင်းဆိုးကြီးကို နောက်တစ်ခါ မတွေ့ချင် မရချင်လို့ လှူဒါန်းပါ၏လို့ စိတ်ကို ပြောင်းယူလိုက်။ အိုခြင်းဆိုးက ဒုက္ခသစ္စာ၊ နောက်တစ်ခါ မတွေ့ချင် မရချင်တာက မဂ္ဂသစ္စာ။ ဒါဟာ ၀ဋ်ကို ရွံမုန်းလို့လှူတဲ့အလှူဖြစ်သွားလို့ ၀ဋ်ကျွတ်တဲ့အလှူလို့ မှတ်လိုက်။ ၀ဋ်က ဒုက္ခသစ္စာ၊ ရွံမုန်းတာက မဂ္ဂသစ္စာ။ သမထ၀ိပဿနာခြံရံပြီး ၀ဋ်ကို မတောင့်တတော့ "၀ိဝဋ္ဋအလှူ"
ဖြစ်သွားတယ်။
အခု အိုဘေးနဲ့ ရင်ဆိုင်နေရတဲ့ ဒီခန္ဓာကြီးက ရှေ့ နာဘေးရှိရာကိုအရောက်ပြေးနေတယ်။ အိုလမ်းကနေ နာလမ်းကို လှမ်းနေတယ်။ ဒါဟာ ဘုရားလဲ မတားနိုင်ဘူး၊ သိကြားလဲ မတားနိုင်ဘူး။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ဒဏ်ချက်သင့်နေတာ။
အတိတ်က မသိလှူ လှူခဲ့လို့ ရလာတဲ့ခန္ဓာက ခန္ဓာ့လမ်းစဉ်အတိုင်း မြန်းနေတာပဲ။
အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ-ရဲ့ ဒဏ်ချက်ကြောင့် အိုဘေးကြီးထမ်းပြီး နာဘေးရှိရာပြေးနေရတယ်။ ရပ်လို့လဲ မရ၊ တားလို့ လဲမရ၊ ထုံးစံအတိုင်းပြေးနေတယ်။
ဒါကြောင့် ဇရာပြီးရင် ဗျာဓိ- နာတဲ့ ဒုက္ခကြီးကလဲ မြေကြီးလက်ခတ်မလွဲ ကြုံရဦးမယ်။ အိုပွဲပြီးရင် နာပွဲနွှဲရဦးမယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီဘ၀မှာတော့ ဘယ်သူမှ မတတ်နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ အ၀ိဇ္ဇာပစ္စယာ ပုညာဘိသင်္ခါရာ ကြောင့်။
♦ ဒါကြောင့် "လူ့ဘ၀ နတ်ဘ၀ ရချင်လို့" လှူမယ်ဆိုရင် အိုခြင်းဆိုးထမ်းပြီး နာခြင်းဆိုးရှိရာ ပြေးချင်သေးလို့ဆိုတဲ့သဘောပဲ။ အအိုရှိလျက် အအိုရှာ အနာရှိလျက် အနာထပ်ရှာနေသလိုဖြစ်နေတယ်။ အိုခြင်း နာခြင်းရှိလျက်နဲ့ အိုခြင်း နာခြင်းကိုထပ်ရှာမယ်ဆိုရင်တော့ `မိုက်ချက်သန်တာပဲ´တဲ့။
မိုက်ချက်က အ၀ိဇ္ဇာ၊ သန်တာက သင်္ခါရ။ ဒါဖြင့် လှူတဲ့အခါမှာ အိုခြင်းဆိုး ထမ်းပြီး နာပွဲ မနွှဲချင်လို့ လှူတဲ့အလှူအဖြစ် ဉာဏ်ကိုပြောင်းယူလိုက်။ ဒါဆိုရင် ရိုးရိုးအလှူမဟုတ်တော့ဘူး။ ဒုက္ခသစ္စာမြင်ပြီး ဒုက္ခ၀ဋ် ကျွတ်ချင်လို့ လှူတဲ့အလှူဖြစ်သွားတယ်။ ဒုက္ခက ဒုက္ခသစ္စာ၊ ကျွတ်ချင်တာက မဂ္ဂသစ္စာ။
[ဒေါက်တာအရှင်ပါရမီ]
Young Buddhist's Association
https://www.facebook.com/photo.php?fbid=413207828777054&set=a.351047714993066.76926.351018658329305&type=1&theater
••••••••••••••••••••••••[မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏

Saturday, May 4
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ခန္ဓာဝန်ချနှစ် (၅ဝ) ပြည့်အထိမ်းအမှတ် ကြေးရုပ်တုတော်ကြီး၏ စံနန်းဗိမာန်တော်ကြီးဆိုင်ရာ မြန်မာမှုအနုပညာတွေးမြင်ပူဇော်မှုမှတ်ချက်များ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ခန္ဓာဝန်ချ နှစ် (၅ဝ) ပြည့်အထိမ်း
အမှတ်ကြေးရုပ်တော်ကြီး၏ စံနန်းဗိမာန်တော်ဆိုင်ရာ မြန်မာမှုအနုပညာတွေးမြင်ပူဇော်မှုမှတ်ချက်များ။
စံနန်းဗိမာန်တော်ြဲကီးနှင့် ပညာရပ်များကို ဒီဇိုင်းပညာရှင် ဆရာကြီးဦးအေးမြင့် (မြန်မာမှု) မှ၎င်း၊ မြန်မာမှု
ပန်းရံကိုဆရာကြီးဦးစံရင်း၊ ဦးဘိုငွေ တို့မှ၎င်း၊ ကြေးရုပ်ထုပုံတော်ကြီးကို တမ္ပဝတီကြေးသွန်းပန်းတည်း
ဆရာကြီးဦးဝင်မောင်နှင့် (သ္မီး) ဒေါ်ညွန့်ညွန့်ဝင်း အဖွဲ့က၎င်း၊ ကြေးသွန်းပုံတော် အနုပညာဆိုင်ရာကို
ဦးမြင့်သိန်း (စူးမြင့်သိန်း) မှ၎င်း၊ စစ်ကိုင်း ရွာထောင်ရပ်ပန်းထိမ်းနှင့်ပန်းတည်းပညာရှင်ဦးတင်ထွန်းအောင်
နှင့် အဖွဲတို့ကဆောင်ရွက်ကြပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကြေးသွန်းရုပ်ထုတော်ကြီးကို အမရပူရမြို့ မိုးကုတ်ဝိပဿနာ
မင်္ဂလာမဂ္ဂင်ရိပ်သာ ပင်မသံဝေဇနိယဌာနအတွင်း၌ ပူဇော်ထားပါသည်။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။

Thursday, May 2
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပြုံးသေ မဲ့သေတရားတော်
"အစေလ ကသပ"
ဒကာ၊ ဒကာမတွေ သေရာမှာကို ကြောက်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်၊ မကြောက်တဲ့ ပုဂ္ဂိုလ်လည်းရှိတယ်ဆို
တာ..နှစ်မျိုးမှတ်ရမယ်၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တပည့်တော်များဖြင့် ဘုရား၊ အကြိုက်
ဆုံးပြောရမှာဖြင့် ခန္ဓာကိုယ်ရထားလို့၊ သေမယ်ဆိုတာတော့ဖြင့် မချွတ်မလွဲသိပါတယ်၊ သို့သော်လည်း
မကြောက်ဘဲနဲ့ သေချင်တယ်လို့ဆိုတဲ့အရေးဟာ လူတိုင်းတောင့်တတဲ့ အရေးလို့ မှတ်ရမှာပဲ။
"ဇာဏုသောဏိပုဏ္ဏား"ကမေးတယ်၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သေရာမှာမကြောက်တဲ့ ပုဂ္ဂိုလ်
ရှိတယ်၊ ဝိပဿနာအလုပ် မလုပ်သေးတဲ့ ပုဂ္ဂိုလ်များ အတွက်ဖြင့် များသောအားဖြင့် မဲ့သေများကြတယ်
နော်၊ ဝိပဿနာအလုပ် လုပ်ပြီးသား ပုဂ္ဂိုလ်များကျတော့ ပြုံသေပဲများတယ်၊ အဲဒါကြောင့် ဆရာဘုန်ကြီး
သည်၊ ထိုပြုံးသေအဖြစ်ကို ကယ်တင်နေတဲ့ ဥစ္စာသည် ဝိပဿနာအလုပ်ကို တိုက်တွန်းတယ်ဆိုတာ
သာမညစေတနာနဲ့ တိုက်တွန်းတယ်လို့ ဒီလိုမယူဘဲနဲ့ ပြုံသေအဖြစ် ကြိုက်ရှာလွန်းလို့ပါကလား။ ပြုံသေ
ဆိုတာမျိုးဟာ ကိုယ်ခန္ဓာကြီး ယခုသေတာ မြင်နေလို့ရှိရင် နောက်သေတာကြောက်ရဲ့လား။ ဒါဟာ ထုံးစံ
ပဲဆိုပြီးသကာလ ဒီခန္ဓာကြီးကို စွန့်ရလို့ရှိရင်ဖြင့် အသေကောင်စွန့်ရတာ ဖြစ်လေသောကြောင့် မသေရာကို
တို့သည်ကားလို့ဆိုရင်ဖြင့် ရောက်အောင်သွားမှပဲဆိုတော့ ဝိပဿနာရှုထားတဲ့ ပုဂ္ဂိုလ်များကျတော့ အသေနဲ့
ခွဲရာမှ အသေနဲ့ ကွဲရမှာဆိုတာ ရှင်းပြီးသားဖြစ်တယ်။ မသေခင်ကတည်းက ဝိပဿနာဉာဏ်နဲ့ ခဏ ခဏ
ခန္ဓာသေနေတော့ သေတတ်တာကြီးနဲ့အတူ နေရတာကို ရှင်းနေတော့ ဝိပဿနာလမ်းဆုံး မဂ်ဉာဏ်ထိ
အောင် လမ်းဆုံးပုဂ္ဂိုလ်များကျတော့ အသေနဲ့ခွဲရမှာကို မပြုံးပေဘူးလား ပြုံးမလား။
ဝိပဿနာ အလုပ်ကို လုပ်မထားတဲ့ပုဂ္ဂိုလ်များကြတော့ အသေက နဂိုကကိုယ့်ခန္ဓာကြီး ခဏခဏသေတဲ့
ဖြစ်ပျက်မှုကြီးကို မမြင်ဘူးတော့၊ အခုမှပဲ ဒီခန္ဓာကြီး စွန့်ရတော့မယ်၊ မခွဲချင်တဲ့ ခန္ဓာကြီးနဲ့ခွဲရတော့မယ်၊ မခွဲ
ချင်တဲ့ပစ္စည်းတွေနဲ့ ခွဲရတော့မယ် ဆိုတာ ခန္ဓာခင်တာတစ်မျိုး၊ သားသမီးတွေအတွက် ခင်တာကတစ်မျိုးဖြစ်
နေတော့၊ ဝိပဿနာမလုပ်ဖူးတဲ့ ပုဂ္ဂိုလ်များကျတော့ အခွဲကြီး ခွဲရတော့မှာပဲ၊ မည်သူမျှ မတတ်နိုင်ကြတော့
ဘူးလား၊ ကျုပ်ဖြင့် ကိုယ်ကျိုးနည်းပါပေါ့ဆိုပြီး မဲ့သေတယ်၊ ဪ..ဝိပဿနာမလုပ်ရင် မဲ့သေပါကလား
ဝိပဿနာလုပ်ရင်..(ပြုံးသေပါဘုရား)။ ဒါကြောင့် ဝိပဿနာကို ဘယ်အချိန်မှ နှေင့်နေးပြီး သကာလမနေနဲ့
ဒီအလုပ်ဟာ အမြဲလုပ်ရမယ့်အလုပ်...ဘာကြောင့်တုံလို့ မေးတဲ့အခါကျတော့ ပြုံသေကို ကိုယ်ပိုင်ရှိဖို့ လုပ်
နေရတဲ့ ကိုယ့်အကျိုးပါကလားဆိုတာ ပေါ်မလာဘူးလား။
ပြောင်းလွဲသေပွဲဝင်နေတာကို မြင်အောင်ကြည့်လိုက်တဲ့ အခါကျတော့ ဒကာ..ဒကာမတွေ ဘုန်းကြီးက
လည်း ဂုရုဏာပိုပိုနဲ့ ဘယ်လိုမြင်ကြပါလိမ့်မလဲလို့မေးခွန်ထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဒီအထဲမှာ တစ်ပုံ
ကြီးပါကြမှာပဲ၊ ဪ..ဝိပဿနာဆိုတာက နာတယ်ဆိုရင် နာတဲ့နေရာမှာ ကြည့်လိုက်ရင် ကြည့်လိုက်သည်
နှင့် တစ်ပြိုင်နက်တည်း နာတဲ့ခန္ဓာကမရှိဘူး၊ နာတဲ့ခန္ဓာမရှိတော့ နာတဲ့ခန္ဓာမရှိတာက အနိစ္စ၊ အနိစ္စမှန်းသိ
တာက မဂ္ဂဖြစ်သွားတယ်။ ခန္ဓာထဲက အမျိုးမျိုးပေါ်လာတာကို (ဉာဏ်လိုက်ရုံပါ) ဉာဏ်လိုက် ရှုလို့ရှိရင်ဖြင့်
ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေမှာ ထိုင်ရင်းလဲ ဝိပဿနာ၊ သွားရင်းလဲ ဝိပဿနာ၊ စားရင်းလဲ ဝိပဿနာ
ဉာဏ်တွေ အမျိုးမျိုးများလာတဲ့အခါကျတော့၊ ခန္ဓာကြီးက တစ်ခါတည်း ဟိုနေရာကလဲ အသေပြ၊ ဒီနေရာက
လဲ အသေပြ၊ ခန္ဓာကြီးက ဘာတွေချည့်ပြမယ်ထင်ကြသတုံး ဆိုတော့၊ အသေတွေချည့်ပြနေတော့ နဂိုအ
သေတွေထင်ရှားတယ်။ အဲဒီကဲ့သို့ အသေတွေထင်ရှားလာတဲ့အခါကျလို့ရှိရင်"ဒုက္ခဿပိဠနဋ္ဌော"ဆိုတဲ့အ
တိုင်း ခန္ဓာကိုယ်ထဲမှာ..နေရာတိုင်းမှာ အနိစ္စတွေဖြစ်နေတော့ အသေကောင်ကြီးရထားတာပါကလားလို့
သိလာမယ်။
ရှေ့ပိုင်းကတော့..(သေလျက်ဘုရား)၊ ဘာနဲ့ အသက်ရှင်နေလဲ (အစားထိုးကလေးနဲ့ အသက်ရှင်နေပါတယ်
ဘုရား)၊ ဒီအစားထိုးတာလေးသေသွားပြန်တော့ ဘာနဲ့အသက်ရှင်နေသလဲ (အစားထိုးကလေးနဲ့ အသက်
ရှင်နေပါတယ်ဘုရား)၊ ဒီအစားထိုးတာလေး သေသွားပြန်တော့ ဘာနဲ့အသက်ပြန်ရှင်သတုံး (အစားထိုးတာ
နဲ့ အသက်ရှင်ပါဘုရား)။ ဉာဏ်တွေ ရင့်ကျက်လာတဲ့အခါကျတော့ ဒီဒုက္ခသစ္စာကြီးနဲ့ ဘယ်တော့များခွဲရပါ
မလဲ၊ ဒီဒုက္ခသစ္စာကြီးနဲ့ ဘယ်တော့အိုးစားကွဲပါ့မလဲဆိုတဲ့ ဉာဏ်တွေကတက်မလာပေဘူးလား (လာပါတယ်
ဘုရား)၊ အဲ..တက်လာတဲ့အခါကျတော့ ဒုက္ခသစ္စာသိလို့ ဉာဏ်ကလဲ အိုးစားကွဲချင်တဲ့ ဉာဏ်ကပေါ်လာ
တယ်၊ ပေါ်လာသည်နဲ့ တပြိုင်နက်တည်း ခန္ဓာတစ်ကိုယ်လုံးမှာ ဒုက္ခစက်ကြီးဟာ ပျောက်ထွက်သွားပါတယ်။
နိဗ္ဗာန်အာရုံပြုတဲ့ဉာဏ် ချက်ခြင်းဝင်လာပြီး သေတာတွေက ပျောက်သွားတော့ ဪ မသေတဲ့နေရာလည်း
အရှိသားကိုး၊ ခန္ဓာမရှိတဲ့နေရာဟာ မသေတာဘဲ၊ အဲဒီလို သိပြီးသကာလ ဖြစ်ပျက်တွေဆုံးအောင်လိုက်ပြီး
ဒုက္ခသစ္စာတွေပါကလား၊ ဖြစ်ပျက်တွေပါကလားဆိုတာတွေ ဆုံးအောင်လိုက်တဲ့အခါကျတော့မှ မသေရာကို
ကိုယ်ကိုယ်တိုင်တွေ့ပါလိမ့်မယ်၊ ဘာတွေမှာပါလိမ့် (မသေရာကို ကိုယ်ကိုယ်တိုင် တွေ့ပါတယ်ဘုရား)။
အခုစောစောစီးစီး ဘာလုပ်ထားရမယ် (အသေမြင်အောင်လုပ်ထားရပါ့မယ် ဘုရား) အသေဆိုတာက ယား
တယ်၊ ယားတာကလေး ပျောက်သွားတဲ့ ဝေဒနာက္ခန္ဓာသေတာပဲ၊ ဝေဒနာက္ခန္ဓာသေတယ်ဆိုတော့ ခန္ဓာ
ကိုယ်က ဝေဒနာက္ခန္ဓာကိုး။ ဒါဖြင့် ဒကာ၊ ဒကာမတို့ "သန္ဒိဋ္ဌိကော"ဆိုတာ ကိုယ်တိုင်မြင်အောင်ကြည့် ကိုယ်
တိုင်မြင်အောင်ကြည့်ပါဆိုတော့ ဟောဒီ မဂ္ဂင်ငါးပါးဟာ ခင်ဗျားတို့ကြည့်ရင် ခင်ဗျားတို့ဝမ်းထဲ မဂ္ဂင်ငါးပါး
ရောက်ပြီ၊ မဂ္ဂင်ငါးပါးနဲ့ ကြည့်ရမှာပဲ၊ ဒီပြင်ဟာနဲ့ကြည့လို့ ဒကာသစ် ရမှမရဘဲ၊ ဒီအထဲမှာ"သမ္မာဒိဋ္ဌိ သမ္မာ
သင်္ကပ္ပ သမ္မာဝါယာမ သမ္မာသမာဓိ"ဆိုတဲ့ မဂ္ဂင်ငါးပါးရောက်လာတယ်၊ ဒါဟာ "သန္ဒိဋ္ဌိကော" ကိုယ်တိုင်မြင်
ပြီး ဒကာသစ်ရေ၊ ဟောဒီ မဂ္ဂင်ငါးပါးက ဟောဒီကိုယ်ကြီး၏ပြောင်းနေတာ ဘယ်နှယ့်နေသတုံး (ကိုယ်တိုင်
မြင်ပါတယ်ဘုရား)။
မမျှော်လင့်ဘဲနဲ့ တွေးစိတ်ကလေးပေါ်လာသလိုလို၊ ပေါ်လာတာတွေကို"သန္ဒိဋ္ဌိကော"နဲ့ ကိုယ်တိုင်လိုက်ပါ
လိုက်တဲ့ အခါကျတော့ ဒီဥစ္စာခန္ဓာကြီးကပဲ ဖြစ်မှုပျက်မှုမှတစ်ပါး ဘာမှမပြဘူး၊ ကျုပ်ဟာပေါ်ပါတယ်၊ ပျက်ပါ
တယ်၊ ပေါ်ပါတယ်၊ ပျက်ပါတယ်လို့ ခန္ဓာကမပြောဘူးလား၊ ကျုပ်ဟာ မွေးလည်းမွေးပါတယ်၊ သေလည်း
သေပါတယ်လို့။ ခန္ဓာကပြောတာကိုး (ဉာဏ်ကကြည့်ပေးပါ)၊ ခန္ဓာကိုယ်ကြီးက အနိစ္စခန္ဓာကိုယ်ကြီးရထား
တာကိုး၊ အနိစ္စက ခန္ဓာကိုယ်၊ သိတာက မဂ်၊ သိတာက ဝိပဿနာမဂ်ဖြစ်နေတော့ ခန္ဓာကိုယ်နဲ့ သိတဲ့မဂ်နဲ့
တွဲပေးလိုက်ပါ။ ဪ ဒါဖြင့် ဒကာ၊ ဒကာမတို့"သန္ဒိဋ္ဌိကော"ဆိုတဲ့ ကိုယ်တိုင်မြင်လိုက်တာနဲ့"အကာလိ
ကော"ဆိုတဲ့ တဏှာ ဥပါဒါန်တွေ ချုပ်တယ်။ ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ကိုယ့်အသေကိုယ်မြင်တာ
ဝိပဿနာ၊ ကိုယ့်အသေကိုယ် မုန်းတာကကော (ဝိပဿနာပါ)၊ ကိုယ့်အသေကိုယ်မမြင်တာဟာ အဝိဇ္ဇာ
ဝေဒနာကလေး၏၊ ဖြစ်ပျက်စိတ်ကလေးတွေ ဖြစ်ပျက်ကို သူတို့ကြည့်မိပါရဲ့လား၊ မကြည့်မိဘူးဆိုရင်
အဝိဇ္ဇာ၊ မကြည့်မိလို့ သားရေး၊ သမီးရေးနဲ့ မဲလုပ်နေတာက (သင်္ခါရ)၊ ဒကာ ဒကာမတို့ အခု ဆရာသမားနဲ့
လည်းကြုံတုန်း၊ ခင်ဗျားတို့ကိုလည်း ကယ်တင်နေတာလို့ တစ်ကယ်ယုံကြည်ကြ၊ ဘုရားဟောတာတွေကို
စဉ်းလားကြည့်ပါ၊ "သဗ္ဗေသင်္ခါရာ အနိစ္စ၊ ယဒါပညာယပဿတိ" ကိုယ့်အသေအနိစ္စတွေကို ပညာနဲ့ရှုပေး
ပါလို့ မမှာဘူးလား (မှာပါတယ်)။
ကိုယ်တော်ကြီးမှာတာကတခြား၊ တပည့်တော်တို့ နေချင်တာကတစ်ပုံဖြစ်နေတယ်ဆိုတာ ရူးလွန်းလို့တော်
လှန်တာပဲ၊ မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) ဒါဖြင့်"ပုထုဇ္ဇနော ဥမ္မတ္တကော"ဆိုတာပေါ်ပလား (ပေါ်ပါပြီးဘု
ရား)။ ဪ..သံသရာခရီးသည် ဒုက္ခထဲကလာပြီး ဒုက္ခထဲ ပြန်သွားပဟ၊ ဒါဖြင့် ဝိပဿနာလုပ်မည်ကြံကြ
ပြန်တော့လည်း ဒကာ ဒကာမတို့ ဝိပဿနာမလုပ်ခင် ဒိဋ္ဌိ အရင်ခွာရမယ်၊ ဝိပဿနာမလုပ်ခင် ဒိဋ္ဌိအရင်ခွာ
ရမယ်လို့ ဟောထားတော့ ခန္ဓာထဲက ဒကာ ဒကာမတို့ ရုပ်တွေနာမ်တွေလည်း သိပြီးသားထားတော့ ခန္ဓာ
ထဲက ခဏခဏ ဖောက်ပြန်ပျက်စီးတာကလေးတွေ သိလို့ရှိရင်ဖြင့် ဒိဋ္ဌိကနေနိုင်သေးရဲ့လား (မနေနိုင်ဘူး)
ငါရှိသေးရဲ့လား (မရှိတော့ပါဘုရား)၊ ခဏခဏ ဖြစ်ပျက်နေတာ ငါလဲမဟုတ် သူလဲမဟုတ်ဘူး၊ ပျက်တာက
လေးတွေ မြင်လိုက်တော့၊ ဖြစ်တာမြင်လို့ရှိရင်"ဥစ္ဆေဒဒိဋ္ဌိ"မရှိဘူး၊ ပျက်တာမြင်ရင်"သဿတဒိဋ္ဌိ"မရှိဘူး
"ဖြစ်တာ ပျက်တာမြင်ရင် ဒိဋ္ဌိစင်" ဖြစ်ပျက်မြင်တဲ့ ဉာဏ်သည် ဒိဋ္ဌိသတ်တဲ့ဉာဏ်" ကိုင်း..ဒါဖြေတော့၊ တစ်
နေ့ကပြောခဲ့တဲ့"အစေလကဿပ"ကိုပြန်ဆက်ကြည့်တာပေါ့..ဒကာ ဒကာမတို့၊ ဘုရားသခင်ကိုယ်တော်
မြတ်ကြီးက ဆွမ်းခံကြွလာတဲ့အခါကျတော့ အစေလကဿပကမေးတယ်၊ ရှင်ကြီးဂေါတမ ဒုက္ခကို မိမိပြု
တာလားလို့ မမေးဘူးလား၊ ဘုရားက ဘယ်နှယ်ဖြေသလဲ..မဟုတ်ပါဘူးတဲ့ ဒကာ ဒကာမတို့ သူ့အကြောင်း
ကြောင့် အကျိုးဖြစ်တာပဲ၊ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်အကြောင်းက အကျိုးဖြစ်စေတယ်ဆိုတာ မသေချာဘူး
လား (သေချာပါတယ်)၊ အကြောင်းချုပ်လို့ ရှိရင်လဲ..အကျိုးချုပ်တာပဲ၊ ဒုက္ခအကြောင်းဖြစ်ရင် (ဒုက္ခအကျိုး
ဖြစ်ပါတယ်)၊ ဒုက္ခ သူတစ်ပါးလုပ်တာလားလို့မေးတော့ သူတစ်ပါး လုပ်တာမဟုတ်ဘူး ပဋိစ္စသမုပ္ပါဒ်အတိုင်း
ဖြစ်တာပေါ့၊ သူကမကျေနပ်လို့ ထပ်မေးပြန်တယ်၊ ဒုက္ခကို မိမိ သူတစ်ပါးနှစ်ဦးလုပ်တာလားလို့ မေးပြန်တယ်
ပထမ သဿတဒိဋ္ဌိနဲ့မေးတယ်၊ ဒုတိယ ဥစ္ဆေဒဒိဋ္ဌိနဲ့မေးတယ်၊ မိမိသူတစ်ပါးနှစ်ဦးသား လုပ်တာလားမေး
တော့၊ သဿတဥစ္ဆေဒရောပြီးမေးတယ်၊ ဒါနဲ့ အစေလကဿပက မကျေနပ်သေးတာနဲ့ ဒုက္ခအလိုလို ဖြစ်
တာလားလို့ မေးလိုက်တော့ ဘုရားက ဘယ်နှယ်ဖြေတုံး (မဟုတ်ပါဘူး) "အဟေတုက ဒိဋ္ဌိ"နဲ့ မေးလိုက်
တယ်။ အရှင်ဘုရား ဒုက္ခကိုမသိဘူးလားလို့မေးလိုက်တော့၊ ဘုရားက ဘယ်နှယ်ဖြေတုံး (သိပါတယ်တဲ့)
ခန္ဓာကိုယ်ထဲပေါ်လာတာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာကို သိနေတာ ကိုယ်ကလည်း အဟေတု
က ဒိဋ္ဌိကလည်းလွတ်သွားပြီ၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲပေါ်တာလည်း ဒုက္ခသစ္စာ..ပျက်တာလည်း ဒုက္ခသစ္စာ
မှတစ်ပါး ရှိသေးရဲ့လား။ အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပဋိစ္စသမုပ္ပါဒ်ကြောင့်ဖြစ်တာဆို
တော့ မရှင်းသေးဘူးလား (ရှင်းပါပြီ ဘုရား) အကြောင်းဖြစ်လို့ အကျိုးဖြစ်ရတယ်၊ အကြောင်းချုပ်လို့ (အကျိုး
ချုပ်ပါတယ်ဘုရား) ဒကာ ဒကာမတို့ ခင်ဗျားတို့ ခန္ဓာကိုယ်ကြီးထဲမှာ ယောက်ျားတွေလား၊ မိန်းမတွေလား
မေးလိုက်လို့ရှိရင် အကြောင်းနဲ့အကျိုးပါဘုရား။ နောက်တုံးက ဘာများဖြစ်ခဲ့သတုံး ဒုက္ခသစ္စာနဲ့ ဒုက္ခရောက်
မှာ လှည့်နေတာသေချာတယ်၊ ပျက်ဒုက္ခ၊ ဖြစ်ဒုက္ခနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်၊ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကို ဖြိုင်ဖြိုင်
ရှုလိုက်ရင် ဒီဒုက္ခကြီးကို မုန်းလာလိမ့်မယ်၊ ဆုံးခန်းတိုင်ကြိုက်တဲ့အခါ ခင်ဗျားတို့သန္တာန် တဏှာမရှိလို့ဆုံး
ခန်းတိုင်ကြိုက်တာပေါ့၊ ဆုံးတာမြင်တာ (မဂ္ဂသစ္စာပါ) ဒုက္ခသစ္စာချုပ်သွားတာ (နိရောဓသစ္စာပါ)။
ဒိဋ္ဌိ တဏှာသေတာ၊ ဒမုဒယသေတာ၊ အစေလကဿပ ရဟန္တာဖြစ်သွားတယ်။ ခန္ဓာဖြစ်ပျက် မသိလို့ရှိရင်
ခန္ဓာဖြစ်ပျက် အဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို (မရောက်နိုင်ပါဘုရား)။
ကဲ...ယနေ့ ဒီတွင် တော်ကြဦးစို့ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော

Tuesday, April 2
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ အဓိပတေယျဋ္ဌ အနက်(၄)
အဓိမပတေယျဋ္ဌောဆိုတာ မိမိသန္တာမှာ မဂ္ဂင် ၈-ပါးရောက်လို့ မိမိကိုယ်ကို မိမိအစိုးရတဲ့အဖြစ်သို့ ရောက်ရှိ
တာကိုဆိုတာ၊ မဂ္ဂင် ၈-ပါး အစုံအလင်ရောက်တော့ "ပညာမဂ္ဂင်"က သမ္မာဒိဋ္ဌိ သမာသင်္ကပ္ပ ၂-ပါး၊"သမာဓိ
မဂ္ဂင်" သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ၂-ပါး၊ "သီလမဂ္ဂင်"က သမ္မာဝါစာ သမ္မာကမ္မ န္တ သမ္မာအာဇိဝ
၃-ပါး၊ ပေါင်း ၈-ပါးဖြစ်တယ်၊ ဒီမဂ္ဂင် ၈-ပါး မိမိသန္တာန်မှာ ရောက်ရှိမှသာလျှင် မိမိ၏ သီလ..သမာဓိ..ပညာတွေ
ဟာ အဓိ..အကြီးအကဲ အဆင့်သို့ရောက်ပြီး နောက်ဘဝအဆက်ဆက်မှာ မပျက်မစီး ခိုင်မြဲသွားတယ်၊ မဂ္ဂင်
၈-ပါး မစုံသေးရင်တော့ ခင်ဗျားတို့မှာရှိတဲ့ သီလ..သမာဓိ..ပညာတွေဟာ မခိုင်မြဲသေးဘူး၊ ဒီဘဝမှာပဲ ပျက်စီး
သွားနိုင်တယ်၊ နောင်ဘဝရောက်ရင် ပျက်စီးသွားနိုင်တယ်။ အခု ခင်ဗျားတို့ ဆောက်တည်ထားတဲ့ ၅-ပါး၊ ၈-
ပါး၊ ၁ဝ-ပါးစတဲ့ သီလတွေဟာ အခိုက်အတန့်ပဲ တည်နိုင်တယ်၊ အကြောင်းတိုက်ဆိုင်လို့ရှိရင် ပျက်ကြတာပဲ၊
အသက်နဲ့လဲပြီး ဒီသီလ မဖျက်ပါဘူးလို့ မလာသေးတော့ ဒီသီလဟာ သာမညသီလပဲ ရှိသေးတယ်၊ သမာဓိ
ပညာတို့လဲ ထို့အတူပဲ၊ ပျက်စီးသွားနိုင်တော့ သာမညပဲ၊ အဲ..မဂ္ဂသစ္စာဆိုက်တဲ့ သီလ..သမာဓိ..ပညာတို့ကျ
တော့ အဓိ ပါလာလို့၊ ဘယ်သူဖျက်လို့မှမရဘူး၊ တတ်နိုင်လို့ ကုပ်ပေါ် ဓားဝဲပြီး မင်းသီလဖျက်ရမယ်၊ သမာဓိ
ဖျက်ရမယ်၊ ပညာဖျက်ရမယ်လို့ တစ်ဦးဦးက အဖျက်ခိုင်းပေမယ်ံ အသက်သာအသေခ့မယ်၊ မဖျက်တော့ဘူး
အဲဒီကျမှမြဲတယ်၊ မဂ်မဆိုက်သေးတဲ့ သာမည သီလ သမာဓိ ပညာတွေကတော့ နတ်ပြည် ဗြဟ္မာပြည်တိုင်
အောင် အကျိုးပေးပါတယ်၊ နိဗ္ဗာန်အထိတော့ အကျိုးမပေးဘူး၊ မဂ်ဆိုက်တဲ့အခါကျတော့ အဓိပါလာတဲ့အ
တွက် နိဗ္ဗာန်အထိအကျိုးပေးတယ်၊ ဒီကျတော့မြဲသွားပြီ၊ ဒီတော့ ဘယ်အချိန်ကျမှ မြဲမလဲဆိုတော့ ဒုက္ခချုပ်
တာကိုမြင်မှ၊ နိဗ္ဗာန်ကိုမြင်မှ (မဂ်ဆိုက်မှ) ပဲ မြဲမယ်၊ ဒီလိုမြဲမှလဲ စိတ်ချရတယ်၊ လားရာဂတိ မြဲတယ်၊ အပါယ်
မကျတော့ဘူး၊ ချမ်းသာဟူသေရွေ့ အထက်သာတက်သွားတယ်၊ သမ္ဗောဓိပရာယနောတဲ့ အထက်မဂ်ကို
သာတက်တော့မှာပဲ၊ အောက်ပြန်မဆင်းတော့ဘူး၊ ဒီတော့ နိဗ္ဗာန်ကိုမြင်မှ နိဗ္ဗာန်တည်းဟူသော အာရုံကို အ
မှိရမှ မိမိတိုသီလ သမာဓိ ပညာဟာ အဓိပါပြီး မြဲမယ်လို့မှတ်။ အဲဒါကြောင့် မြဲတဲ့ စိတ်ချရတဲ့ သီလ သမာဓိ
ပညာမျိုးဖြစ်အောင် (၁) ဖြစ်ပျက် မြင်အောင်ကြည့်ပါ၊ (၂) ဖြစ်ပျက်မုန်းအောင် ကြည့်ပါ၊ (၃) ဖြစ်ပျက်ဆုံး
အောင် ကြည့်ပါ၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်မြင်ပြီ၊ အဲဒီကျမှ မြဲမယ်၊ စိတ်ချရမယ်၊ အခု ခင်ဗျားတို့ဆောက်တည်
ထားတဲ့ သီလ သမာဓိ (သမထ) ပညာ (ဝိပဿနာ) တွေဟာ အထိမခံ ရွှေပန်းကန်မို့ မခိုင်မြဲသေးဘူး၊ ဘာ
ကြောင့် နိဗ္ဗာန်တည်းဟူသော အာရုံဆွဲကိုင်ရာ မရသေးလို့၊ သူတို့ကို နိဗ္ဗာန်က အာရမ္မဏာ ဓိပတိပစ္စည်းနဲ့
ကျေးဇူးမပြုသေးဘူး၊ မပြုသေးလို့ မမြဲတာ၊ ဘုရားလက်ထက်က ဒေဝဒတ်ကြီးဟာ (အဓိမပါသေးတဲ့) သမာ
ဓိရလို့ ဈာန်ရပြီး မြေလျှိုးမိုးပျံနိုင်ပြီး တော်တော်တန်ခိုးကြီးခဲ့တယ်၊ အခု အဝီစိမှာနေရတယ်၊ ဘာကြောင့် သူ
ရထားတဲ့ သမာဓိဟာ အဓိမပါလို့၊ အဓိပတိ..ကြီးစိုးနိုင်တဲ့ စွမ်းရည်သတ္တိမပါသေးလို့၊ ဘုရားလက်ထက်က
တိဿရဟန်းကြီးဟာ သေတော့ သန်းဖြစ်ခဲ့တယ်၊ ဘာပြုလို့ သူ့ သီလ သမာဓိ ပညာတွေက အဓိ...အဓိပတိ
မဖြစ်သေးလို့၊ ဒီတော့ အဓိပတိမဖြစ်သေးတဲ့..မခိုင်မြဲတဲ့..သီလ သမာဓိ ပညာတွေကိုသွားပြီးအားမကိုးကြနဲ့
မခိုင်တာတွေ သွားအားကိုးလို့ ပြုတ်ကျရင်"မျောသွားမယ်၊ မြုပ်သွားမယ်၊"။
"ကမ်းနား သစ်ပင်"ခင်ဗျားတို့ ခန္ဓာ ၅-ပါးဟာ ကမ်းနားသစ်ပင်လို့မှတ်ထား၊ ကမ်းနားသစ်ပင်ဆိုတာ ရေ
တိုက်စားလို့ အမြစ်ဟာ ခိုင်ခိုင်မြဲမြဲမရှိဘူး၊ အမြစ်တွေက ကုပ်အားမရှိလို့ ယိုင်တော့ မြစ်ထဲယိုင်နေတယ်၊
ယိုင်လို့လဲတော့ မြစ်ထဲ လဲပြီး ရေယဉ်ကြောထဲ မျောပါပြီ မြုပ်သွားမှာပဲ၊ မင်းတို့ သံသရာခရီးဟာ ဒီလိုရေ
မျောလာတာနဲ့ တူတယ်လို့ ဘုရားက ဥပမာပြလိုက်တယ်၊ သံသရာခရီးသည်ဟာ တဏှာမျှောတိုင်း မျောရ
တယ်၊ တဏှာက နတ်ပြည်တောင်းလိုက်တော့ နတ်ပြည်မျောတာပဲ၊ အင်း...တဏှာနဲ့ ပတ်သက်ပြီးအကုသို
လ်မှုတွေ လုပ်ပြန်တော့လဲအပါယ်မျောတာပဲ၊ မြုပ်သွားတာပဲ၊ အဲဒီတော့ သံသရာ ခရီးသည်ဟာ တဏှာရေ
ယဉ်ကြောထဲမှာ မျောမှာပဲ၊ ဟိုဘဝ ဒီဘဝဆိုတာက တဏှာပို့မှရောက်မှာပဲ၊ တဏှာရေယဉ်ကြော မျောမှာပဲ
ရောက်မှာပဲ၊ တဏှာ ရေယဉ်က မျောမပေးဘူးဆိုရင်၊ တစ်ဘဝနဲ့တစ်ဘဝ မရောက်နိုင်ဘူး၊ အဲဒီတော့ သံသ
ရာခရီးသည် ဟူသရွေ့ဟာ တဏှာရေယဉ်ထဲမှာ တဏှာမျောသလို မျောရတာပဲ၊ ခင်ဗျားတို့ အပါယ်ရောက်
လိုက်..လူပြည်ရောက်လိုက်..နတ်ပြည်ရောက်လိုက်..ဗြဟ္မာ့ပြည်ရောက်လိုက်နဲ့၊ ၃၁-ဘုံအတွင်း လှည့်ပတ်
မျောနေတာဟာ ဘာကြောင့်...တဏှာရေယဉ်က မျှောလို့ မျောနေတာ၊ ခင်ဗျားတို့လဲ တဏှာကမျှောလိုက်
လို့ အခု လူ့ပြည်ရောက်လာတာပဲ၊ ခန္ဓာ ၅-ပါးဟာ ကမ်းနားသစ်ပင်ပဲ၊ သံသရာခရီးသည်ကဒါကိုသွားဆွဲ
တယ်၊ ကိုယ့်ရုပ် ကိုယ့်ခန္ဓာဆိုတဲ့"ရူပက္ခန္ဓာ"ကိုဆွဲတယ်၊ ချမ်းသာလေးဆိုတဲ့"ဝေဒနာက္ခန္ဓာ"ကိုသွားဆွဲ
တယ်၊ သားမှတ် သမီးမှတ် မယားမှတ် ပစ္စည်းမှတ်ဆိုတဲ့"သညာက္ခန္ဓာ"ကိုသွားဆွဲတယ်၊ ကိုယ့်စေတနာ
ကိုယ့်စိတ်ဆိုတဲ့"သင်္ခါရက္ခန္ဓာ""ဝိညာဏက္ခန္ဓာ"ကို ခင်တွယ်ပြီးသွားဆွဲတယ်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုပြီး
သွားဆွဲတယ်၊ သွားဆွဲတော့..ကမ်းနားသစ်ပင်လို မခိုင်တဲ့ခန္ဓာ ၅-ပါးဟာ ပြုတ်ကျတာပဲ၊ ဆွဲတဲ့ပုဂ္ဂိုလ်ကလဲ
တအားဆွဲ၊ ကမ်းနားသစ်ပင် (ခန္ဓာ ၅-ပါး) ကလဲ ရေတိုက်စားလို့ (ဇရာ ဗျာဓိ မရဏ..အိုနာသေကြောင့်) မခိုင်
ဆိုတော့၊ တစ်ခါတည်းပြုတ်ကျတာပဲ၊ ခန္ဓာ ၅-ပါးက အနိစ္စဖြစ်တော့ပြုတ်ကျတယ်၊ ပြုတ်ကျတော့ ဆွဲတဲ့လူ
(ခင်တဲ့လူ) အပေါ်ပြုတ်ကျတာပဲ၊ ပိကျတာပဲ၊ ပိကျတော့ ဆွဲတဲ့လူဟာ မြုပ်ဖို့ပဲရှိတော့တယ်၊ ဒါဖြင့် ခင်ဗျားတို့
ဟာ နဂိုက"အမျောသမား"နော်၊ ဟိုဘဝက မျောလာတာ၊ အခုဒီဘဝကျတော့ တဏှာ..ဥပါဒါန်နဲ့ ကိုယ်စွဲတဲ့
ခန္ဓာ ၅-ပါးကလဲ ပိပြီး ခင်ဗျားတို့မြုပ်သွားတယ်၊ မြုပ်တော့ အမြုပ်သမား ဖြစ်တာပေါ့၊ အဲဒီလို ခင်ဗျားတို့ သံ
သရာခရီးတစ်လျှောက်၊ ဘဝတိုင်း ဘဝတိုင်းမှာ မခိုင်တဲ့ ခန္ဓာကြီးကိုသွားသွားဆွဲနေတော့၊ ခန္ဓာကအနိစ္စဖြစ်
လို့ ပြုတ်ကျတာနဲ့၊ ဒီခန္ဓာကြီးပိပြီး ခင်ဗျားတို့ မြုပ်ခဲ့ရ မျောခဲ့ရတယ်၊ သံသရာမှာ အမျောသမား၊ အမြုပ်သမား
အဖြစ်နဲ့ပဲ နေခဲ့ကြရတယ်၊ ခုနက အဓိသီလ..အဓိသမာဓိ..အဓိပညာတို့ကို မရခဲ့တော့ တဏှာမျှောတိုင်း
မျောရတော့ မျောလိုက်မြုပ်လိုက်နေခဲ့ကြရတယ်၊ ဒီလိုနေ ဒီလိုသေလို့..တဏှာပြောတိုင်း ဖြစ်ခဲ့ကြရတယ်၊
အဲဒီတော့ အခုဘဝမှာ ခင်ဗျားတို့ အဆွဲမမှာဖို့အရေးကြီးတယ်၊ ခန္ဓာ ၅-ပါးကိုသွားမဆွဲနဲ့၊ အနိစ္စချည်းဖြစ်လို့
သွားမဆွဲနဲ့၊ ဆွဲရင် ဆွဲတဲ့ပုဂ္ဂိုလ်အပေါ်မှာ သူပြုတ်ကျမှာပဲ၊ အဲ ခိုင်မြဲလှတဲ့ နိဗ္ဗာန်တည်းဟူသော ကျောက်
ဆောင်ကြီးကို ဆွဲမိရင်တော့ ပြုတ်မကျလို့ မျောစရာမရှိတော့ဘူး၊ ဒီတော့ နိဗ္ဗာန်ကို အဆွဲမှန်ဖို့ အရေကြီး
တယ်၊ ခင်ဗျားတို့ အဆွဲမှားခဲ့လို့ အဆွဲမမှန်ခဲ့လို့၊ သံသရာတလျှောက် ဒီအတိုင်း မျောလာခဲ့ကြရတာနော်၊ အဲ
ဒီတော့ ခင်ဗျားတို့က ဘာတွေပဲပြောနေနေ၊ အမျောသမား အမြုပ်သမားဘဝနဲ့ပဲ ဇာတ်ဆုံးတာပဲ၊ အမျောသ
မားဆိုတာက ဟိုဘဝ ဒီဘဝမျောတာ ကူးတာ၊ အမြုပ်သမားဆိုတာက အပါယ် ၄-ဘုံရောက်သွားတာ၊ အ
ပါယ် ၄-ဘုံ ရောက်ပြီ အမြုပ်သမားဘဝက တက်လာပြန်တော့ အမျောသမားအဖြစ်နဲ့ လာပြန်တာပဲ၊ မျောပြီး
ရင်နောက် မြုပ်အုံးမှာပဲ၊ သံဝေဂရအောင် ဟောနေတာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ဖြစ်စဉ်ကို ပြောနေတာလို့
မှတ်ပါ။
ခင်ဗျားတို့ နောက်နောက်က ဒါနသီလလေး..သမထလေးလုပ်ခဲ့လို့..လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်မှာ မျော
ခဲ့ရပြီ၊ လူ့ခန္ဓာလဲ အနိစ္စပဲ၊ နတ်ခန္ဓာလဲ အနိစ္စပဲ၊ ဗြဟ္မာခန္ဓာလဲ အနိစ္စပဲ၊ သွားဆွဲရင် ပြုတ်ကျတာပဲ၊ ပြုတ်ကျ
တော့ဆွဲတဲ့လူအပေါ်ပိမှာပဲ၊ နတ်အပေါ်လဲ ပိမှာပဲ၊ ဗြဟ္မာ့အပေါ်လဲ ပိမှာပဲ၊ ပိတော့အောက်ပြန်ကျမှာပဲ၊
အောက်ပြန်ကျတော့မြုပ်တာပဲ၊ အပါယ် ၄-ပါးကျအောင်မြုပ်မှာပဲ၊ မြုပ်သွားရင် ကမ္ဘာအသင်္ချေတိုင်အောင်
မြုပ်သွားတာ၊ ပေါ်လာဖို့မလွယ်ဘူး၊ ခင်ဗျားတို့နောက်တုန်းက မျောလိုက် မြုပ်လိုက်ပဲ၊ ဘုရားတွေ အဆူဆူ
ပွင့်ပေမယ့်..ဘုရားပွင့်တုန်း ခင်ဗျားတို့က အပါယ် ၄-ပါးမြုပ်တဲ့အထိ တာရှည်နေတော့..ဘုရားကလဲ အဲဒီနေ
ရာမကြွဘူး၊ မြင်တော့မြင်တာပဲ၊ မြင်ပေမယ့်..ဒုဂ္ဂတိဘုံသားဖြစ်နေတဲ့အတွက်ကျွတ်တမ်းဝင်စရာမရှိဘူးဆို
ပြီး..ဘုရားက မကြွဘူး၊ ဘုရားက ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်တွေဆီသာ အမြဲကြွတာ၊ ကျွတ်မယ့်လူတွေဆီ
နောက်က အမြဲတမ်းလိုက်ပြီးကယ်နေရလို့ နေ့မအိပ်ရ ညမအိပ်ရတဲ့ ဘုရားဗျ၊ ဘုရာပွင့်တာနဲ့ ကိုယ်က သုဂ
တိဘုံရောက်တာနဲ့ကြုံမှ၊ ဘုရားကလဲချွတ်မှ၊ ကိုယ်ကလဲ အဆွဲမမှားမှကျွတ်တမ်းဝင်နိုင်တာ၊ ခင်ဗျားတို့ဘာ
ကြောင့် ကျွတ်တမ်းမဝင်နိုင်ခဲ့တယ်ဆိုတာ..အကဲခတ် ကြည့်ရင် သိလောက်ပြီ၊ ဒီတစ်ခါ အဆွဲမှားရင် နှောင်
ဘဝ ဘာဖြစ်မှာတုံးဆိုတာ ခင်ဗျားတို့ ဖြေတတ်ပြီလား၊ ကဲ..အခု ဘုန်ကြီးပြောပြီလို့ ခင်ဗျားတို့က"ဒီခန္ဓာ ၅-
ပါး"ကို အားမကိုးတော့ဘူး၊ မဆွဲတော့ဘူး၊ အနိစ္စကို အနိစ္စမှန်းသိမယ်၊ ဒုက္ခကို ဒုက္ခမှန်းသိမယ်၊ အနတ္တမို့
အားကိုးစရာ အားထားစရာ မရှိဘူးလို့သိမယ်..ဆိုရင်၊ ဒီခန္ဓာကြီး ကမ်းနားသစ်ပင်ကို ဆွဲမှာမဟုတ်ဘူး၊ မဆွဲ
တော့ မခင်ဘူး၊ မခင်လို့ မဆွဲတော့ဘူး၊ (ခင်တာကတဏှာ) မခင်လို့မဆွဲတော့ ဒီခန္ဓာကြီးက ခင်ဗျားတို့အ
ပေါ် ပိကျစရာအကြောင်းမရှိတော့ဘူး၊ မခင်တော့ တဏှာရေလဲခန်းသွားတယ်၊ ပိစရာလဲမရှိ၊ မျောစရာရေ
လဲမရှိတော့၊ မျောစရာ မြုပ်စရာ အကြောင်းမရှိတော့ဘူး၊ နိဗ္ဗာန်သောင်ကမ်းသို့ ရောက်သွားပြီ၊ အဲဒီအခြေ
အနေရောက်အောင်ဆိုရင် အလုပ် လုပ်မှပဲရမယ်၊ တဏှာရေခန်းအောင်လုပ်ရမယ်၊ ခန္ဓာ ၅-ပါး ကမ်းနားသစ်
ပင်ကိုလဲ မဆွဲရဘူး၊ ဆွဲရင်မခိုင်ဘူးဆိုတာ သိရမယ်၊ ဒါကြောင့် မဆွဲမိဖို့ဆိုတာသည် တဏှာ ဥပါဒါန်မရှိ
အောင် နေပါလို့ပြောတာပဲ၊ အဲဒီတော့သံသရာ စခန်းသတ်ချင်ရင်"တဏှာရေ"ခန်းအောင်လုပ်ပါ၊ တဏှာရေ
ခန်းရင် မျောစရာ မရှိတော့ဘူး၊ ဒီတော့ ခန္ဓာ ၅-ပါးကို အနိစ္စ ဒုက္ခ အနတ္တ ရှုပေါ့ဗျာ၊ ရှုတော့ မခိုင်မှန်း (မမြဲ
မှန်း) သိမယ်၊ သိရင် မခင်တော့ဘူး၊ မခင်ဘူးဆိုရင် တဏှာခန်းပြီး ဒီတော့ (၁) မခိုင်မှန်းသိတာရယ်၊ (၂) မ
ခိုင်မှန်းသိလို့ မခင်တာရယ်၊ ဒီ ၂-ချက်အရေးကြီးတယ်၊ မခိုင်မှန်းသိရင် အနိစ္စမြင်မယ်၊ အနိစ္စမြင်ရင် မခင်ဘူး
မခင်လို့ရှိရင် တဏှာသေတယ်၊ တဏှာရေခန်းတယ်၊ မခိုင်မှန်းသိရင်"အနိစ္စ ဒုက္ခ အနတ္တ"အကုန်မြင်တယ်၊
ဒါတွေ မြင်ရင် နိဗ္ဗာန်မြင်တာပဲ၊ နိဗ္ဗာန်မြင်ရင်၊ နိဗ္ဗာန်သောင်ကမ်းရောက်ရင် မမျောတော့ဘူး၊ မမြုပ်တော့ဘူး
အဲဒီတော့ နိဗ္ဗာန်မြင်အောင်ဆိုရင် ရှေးဦးစွာ ခန္ဓာ ၅-ပါးကို ဖြစ်ပျက်ရှုရမယ်၊ ရှုတုန်းတော့ မဂ္ဂင် ၅-ပါးပဲရှိသေး
တယ်၊ ၅-လုံးတွဲ ဖောင်ကလေးရပြီပေါ့၊ ဒီဖောင်းကလေးက နည်းနည်းလောက်ပဲအားကိုးလို့ရတယ်၊ လှိုင်း
တွေ ဝဲတွေဒဏ် မခံနိုင်သေးဘူး၊ အဲဒါတွေနဲ့ တွေ့ရင် မြုပ်သွားနိုင်တယ်၊ ဒီတော့ ဆက်ရှု၊ ဆက်ရှုလို့ ဖြစ်ပျက်
ဒုက္ခသစ္စာ ခန္ဓာ ၅-ပါးကိုမခင်တော့ဘူး၊ မလိုချင်တော့ဘူးဆိုတာ လာမယ်၊ ဆက်ရှုလို့ ခန္ဓာ ၅-ပါး ဒုက္ခသစ္စာ
ကြီး ချုပ်သွားရင် မဂ္ဂင် ၈-ပါး ပြည့်သွားပြီ၊ ၈-လုံးတွဲ ဖောင်ကြီးရပြီ၊ ဒီဖောင်ကြီးကမှ အားကိုးလောက်တာ၊
လှိုင်းဒဏ် လေဒဏ် ခံနိုင်ပြီ၊ ဘယ်နည်းနဲ့မှ မမြုပ်နိုင်တော့ဘူး၊ အဲဒီ မဂ္ဂင် ၈-ပါးဆိုတဲ့ ဖောင်ကြီးရမှ နိဗ္ဗာန်
သောင်ကမ်းရောက်မယ်၊ ရောက်ရင် နိဗ္ဗာန်ကိုဆွဲကိုင်မိပြီ၊ အဆွဲမှန်ပြီ၊ ဘယ်လောက်ဆွဲဆွဲ ပြုတ်မကျတော့
ဘူး၊ ဒီကျမှ ခင်ဗျားတို့ရဲ့ သီလ..သမာဓိ..ပညာတွေဟာ"အဓိ"ပါလာပြီး၊ "အဓိပတေယျဋ္ဌော" (အဓိပတိ) ဖြစ်
တာ၊ ခိုင်မြဲတဲ့ အဆင့်ရောက်တာ။

Subscribe to:
Posts (Atom)