Monday, November 3
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထော်လောကန့်လန့် သားသမီး
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရား
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ
ပူဇော်မှုဟူသည် နှစ်မျိုးရှိပါသည်။
(၁) အာမိသပူဇာနှင့် (၂) ဓမ္မပူဇာ ဟူ၍ပင်
ဖြစ်ပါသည်။ထိုပူဇော်မှု နှစ်မျိုးတွင် ဘုရား
ရှင်သည် ဓမ္မပူဇာကိုသာ နှစ်သက်မြတ်နိုး
တော်မှုပါသည်။အဘယ်ကြောင့်ဘုရားရှင်သည်၊ ဓမ္မပူဇာကို
နှစ်သက်မြတ်နိုးပါသနည်းဆိုပါမူ ၊ဓမ္မဖြင့်ပူဇော်ခြင်းသည် ပူဇော်သူကိုလည်း
ဒုက္ခခပ်တိုင်းငြိမ်းစေ၍ ပူဇော်မှုတကာထဲ
တွင်အမြင့်မြတ်ဆုံးသောပူဇော်ခြင်းလည်း
မည်ပေသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့်ဘုရားရှင်က တရားဖြင့်ပူဇော်ရန်
တိုက်တွန်းနိုးဆော်ခဲ့ခြင်း ဖြစ်ပါသည်။
လောက၌ မိဘတို့ပြောရိုးထုံးစံတစ်ခု ရှိပါသည်။ " မိဘကတော့ သားသမီးလုပ်စာ
မစားရရင်ံနေပါစေ၊စကားနားထောင်ရင်ပဲ
ကျေနပ်လှပါပြီ" ဟု ပြောလေ့ရှိပါသည်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်လည်း ဤသို့ဤ
နှယ် မိဘသဖွယ်သာ ဖြစ်ပါချေ၏။
သူ့ကို အဖိုးတန် ပကာသနမှုများဖြင့် မလှူ
မတန်းလျှင်နေပါစေ။ အပြစ်တင်တော်မမူ
ခဲ့ပါ။တရားအလုပ်ကိုအားမထုတ်လျှင်သာ
အပြစ်တင်တော်မူခဲ့ပါသည်။
သို့သော် မိဘမေတ္တာစေတနာကို မငဲ့ညှာ
ဆင်ခြေဆင်လက် များနေသော ၊မိဘစကား
နားမထောင်သည့် သားသမီးများ ရှိနေ
ကြသလို ဘုရားရှင်၏စကားကို နားမ
ထောင်ကြသည့် သားသမီးများ ရှိနေကြ
သည်ကို သိနေမြင်နေရ၍ ထိုသူတို့အတွက်
မိုးကုတ်ဆရာတော်ဘုရားကြီးက ဘုရားရှင်
နှင့် မိဘ နှိုင်းယှဉ်၍ ဤသို့ဆုံမထားခဲ့ပါ
သည်။
""ဘုရားရှင်ကလည်းသနားလွန်းလို့
မဟာ ကရုဏာနဲ့ တိုက်တွန်းရှာတယ်။
ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ရ
မယ်။ငါဘုရားရဲ့ကရုဏာကိုပြန်ငဲ့ရင်လည်း
( ဝိပဿနာလုပ်ရပါမယ် တဲ့ဘုရား)။
အေး---မင်းတို့ ဆွမ်းတွေ ကွမ်းတွေနဲ့ ပူဇော်
ပသတာ မသာယာပါဘူးကွာ၊ မင်းတို့ရထား
တဲ့တရားနဲ့ ပူဇော်တာ သာ သာယာပါ
တယ်ဆိုတဲ့ဥစ္စာ၊သေသေချာချာဟောခဲ့ပါ
တယ်။ဒကာ ဒကာမတွေ သားသမီးတွေနဲ့
နေကြတာပဲ သားသမီးလုပ်စာမစားရရင်နေ
ပါစေ မိဘပြောတာနားထောင်ရင် ကျေနပ်
လှပါပြီဆိုတဲ့ဥစ္စာ၊ မပါကြဘူးလား။
သူ့တို့ကျွေးတာပေးတာမစားရရင်နေပါစေတဲ့ ဒါတွေကခင်ဗျားတို့ အသားယူပြောတဲ့
စကားတွေပါ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိပဿ
နာတရားအားထုတ်ကြပါဆိုတဲ့ ဥစ္စာ၊ ခင်ဗျား
တို့က ထော်လော်ကန့်လန့်နဲ့ လုပ်ပြီး မလုပ်
ဘူး၊မနက်ဖြန်မှ ၊သေခါနီးမှနဲ့ ဒီလိုဆိုရင်
ခင်ဗျားတို့ဟာ ကောင်းသောသားသမီးဖြစ်
နိုင်ပါဦးမလား။ ထော်လော်ကန့်လန့်သားသ
မီးဖြစ်မနေဘူးလား၊ ထော်လော်ကန့်လန့်
သားသမီးဖြစ်နေရင် မိဘတွေကကျေနပ်တဲ့
သဘောရှိပါ့မလား၊ သူတို့ရဲ့ကရုဏာကို
ရော ငဲ့ရာ ရောက်ပါ့မလား။
ဘုရားရှင်ကလည်းဒီအသွားပဲ ၊မင်းတို့ လှူ
တာ၊တန်းတာ၊ပေးတာ၊ကမ်းတာကို အသာ
ထားစမ်းပါ၊ငါပြောတဲ့ အတိုင်းတရားနဲ့ ကျင့်
ပြီး ပူဇော်စမ်းပါဆိုတဲ့ ဥစ္စာ၊မသေချာသေးဘူးလား။ ဒါလေးတောင်မှ
ခင်ဗျားတို့က မလုပ်နိုင်သေးဘူး။ ဘာ
ကြောင့်မလုပ်နိုင်တာတုံး၊ထော်လော်ကန့်
လန့်လုပ်ပါရစေဦး။ ဒီအဓိပ္ပာယ် မရောက်
ဘူးလား၊သဘောပေါက်ကြတယ်နော်။"""
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အအို အသေ လွတ်အောင်လှူပါ
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရား
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ၏
ဒါန နှစ်မျိုးရှိပါသည်။ ဝဋနိဿိတဒါန၊
ဝိဝဋနိဿိတဒါန၊ သံသရာလည်ကြောင်းဒါန
နှင့်သံသရာမှ လွတ်မြောက်ကြောင်း ဒါန
ဟူ၍ ဖြစ်ပါသည်။
ယင်း ဒါန နှစ်မျိုးတွင် သံသရာလည်ကြောင်း
ဒါနကို ပြုလျှင်ဖြင့် လူ၊နတ်၊ဗြဟ္မာ ဘယ်ခန္ဓာဖြစ်ဖြစ်၊အို၊ နာ၊ သေမှ မလွတ်ပါ
ချေ။သောက ပရိဒေဝမီးတို့လည်း လောင်
ကျွမ်းခံရပါလိမ့်ဦးမည်။
သံသရာလွတ်မြောက်ကြောင်း ဒါနကိုပြု
မှသာ အို၊နာ၊သေ ငြိမ်း၍ ဒုက္ခသောက
ဟူသမျှ သိမ်းနိုင်ပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုး
ကုတ်ဆရာတော်ဘုရားကြီးက အို ၊နာ၊ သေ
တပ်မည့်သံသရာ မပြတ်သည့် ဒါနမျိုး ကို
အားပေးတော်မမူခဲ့ပါချေ။
အို၊ နာ၊ သေ ပြတ်ဒုက္ခသောကမီးများ
ငြိမ်းသတ်သည့် ဒါနပြုပုံ ပြုနည်းကိုသာ
ထပ်ခါထပ်ခါ မိန့်ကြားလမ်းပြခဲ့ပါသည်။
ဖတ်ရှု၍ ကြည်ညို ပန်ဆင်ကြည့်ပါလေ။
""" အအို၊ အသေ ရမည့် အလှူမျိုးကျတော့
မလှူစေချင်ဘူး။ အအို၊ အသေ လွတ်မည့်အလှူမျိုးကျတော့ လှူစေချင်
တယ်။အဲဒါကျတော့ ဘုန်းကြီးတို့က အထူး
တိုက်တွန်းတယ်။လုပ်စမ်းဟ လုပ်စမ်းပါဟ
ဆိုပြီး သကာလ။
တချို့ ဒကာဒကာမတွေ သိန်းကုန်၊
သောင်းကုန် လှူချင်ကြတယ်။ ဆိုင်းပါဦး
ကွာ၊ တားပြီးဥာဏ်ပါအောင် ဆိုင်းခိုင်းရ
သေးတယ်။တရားအားထုတ်မဲ့ ပုဂ္ဂိုလ်ဖြစ်
ရင် ပဋိသန္ဓေ ခန်းဟောလိုက်တယ်။
ဟောတဲ့အခါကျတော့ ကလလရေကြည်
မင်းနေချင်သေးလား။အပေါ်ကအစာသစ်
တွေ ရွက်ပြီး အစာဟောင်း ကျင်ကြီးတွေ
ပေါ် ထိုင်တဲ့ဒုက္ခ မင်းကြိုက်သလား။
မကြိုက်ဘူးချည်းပြောတာပဲ။ အဲဒါ ဇာတိ
ဒုက္ခ၊ အဲဒီဒုက္ခကြီးကြောက်လွန်းလို့ ဒီဒုက္ခ
မှ လွတ်ရာရောက်ချင်လို့ လှူပါ၏လို့ မင်း
မြန်မြန်လုပ်ကွ ၊ ဒီလိုသင်ရတယ်။
နို့ မဟုတ်လို့ ရှိရင် ရော့---အင့်ဆိုပြီး သူက
လှူ။ ဝမ်းသာပြီးတော့ ငါတော့နောက်ဘဝ
ကောင်းစားပြီလို့ ထင်နေမယ်။ ဘယ်မှာ
နောက်ဘဝကောင်းစားမှာတုံး။ဝမ်းထဲမှာ
ချောက်ကျတာ ရိပ်မိပလား။ နောက်ဘဝ
မသာဖြစ်သာ ကောင်းစားတာလား။
မသာဖြစ်တာသည် အသုဘမဟုတ်လား။
အသုဘ ဆိုတော့ မြို့ထဲရွာထဲ ကြည့်ဖို့ထား
သလား၊ဆွဲထုတ်သလား။
( ဆွဲထုတ်ပါတယ်ဘုရား )
ဟာ---ဒါဖြင့် မသာဖြစ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမတုံး။
မသာလွတ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့်
ဘုန်းကြီးများက တိုက်တွန်းမယ်။ ခင်ဗျား
တို့ကလည်း လုပ်ပါ။လှူလည်းလှူပါ။
ရှင်းပလား။ နို့မို့ရင် ဒီမသာမချရသေးဘူး။
မသာဆုတောင်းတာက စောနေတယ်။
ရိပ်မိပလား။ ဒီမသာချရပလား။
( မချရသေးပါဘုရား။ )
ရှေ့ ဘာဆုတောင်းကြသတုံး။
( မသာဆုတောင်းပါ ဘုရား )သွားပါကော--
ဒီလောက်ရူးတာတော့ မကောင်းတော့ဘူး""
ဓမ္မ မိတ်ဆွေများ အခုကထိန် ရာသီ ချိန်ခါ
မှာ ကထိန်ဒါနပြု ကြသူဓမ္မ မိတ်ဆွေများ
အထူးသတိပြု နိုင်ရန် အတွက် ဒါနပြု
စဉ်မှာ သစ္စာသိ၍ လှူဒါန်းကြလျှင် သံသရာ
မှလွတ်မြောက်နိုင်ကြောင်းကို မေတ္တာ
ရှေ့ထားလို့ တင်ပြလိုက်ပါတယ်။
ဓမ္မ မိတ်ဆွေများသံသရာမှ လွတ်မြောက်နိုင်
ကြပါစေ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခတသဘော
နိဗ္ဗာန်သည်"အသင်္ခတဋ္ဌ"သဘောရှိတယ်၊ အသင်္ခတဋ္ဌ ဆိုတာနည်းနည်းမှ ပြုပြင်ပြီးထားတဲ့ တရားမဟုတ်၊
အဖန်ဖန်ပြုပြင်ခြင်းမရှိတဲ့သဘောဖြစ်တယ်၊ ဒါကြောင့် နိဗ္ဗာန်ဟာ အဖန်ဖန်ပြုပြင်ခြင်း မရှိသောကြောင့် ပက
တိခိုင်မြဲတဲ့ တရားလို့မှတ်၊ အသင်္ခတ သဘောကို..ရှင်းရရင်၊ "သင်္ခတ"သဘောကို အရင်ပြောရမယ်။
"သင်္ခတ"သဘောသည် အသင်္ခတနဲ့ဆန့်ကျင်ဘက်၊ အသင်္ခတနဲ့လုံးဝမတူတဲ့ တရားပဲ၊ သင်္ခတတရားတွေဆို
တာ ခန္ဓာ ၅-ပါး ရုပ်နာမ်တွေ ဘုံတွေပဲ၊ ဒါတွေဟာ ပြုပြင်ထားလို့ ဖြစ်လာကြတဲ့အရာတွေ ဖြစ်သောကြောင့်
ပျက်စီးတဲ့သဘောရှိတယ်လို့မှတ်၊ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတွေ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတွေဟာ တောတောင်ရေမြေတွေဟာ သင်္ခတတရားတွေ၊ ပြုပြင်တုန်းပဲ ခေတ္တတည်တံ့နိုင်
တဲ့ တရားတွေပဲ၊ ပြုပြင်တတ်တဲ့ ပြုပြင်စီမံပေးတဲ့အကြောင်း တရားတွေရဲ့ သတ္တိအရှိန်အစော် အာနုဘော်
ကုန်လို့ရှိရင် ပျက်သွားကြရတယ်၊ အပျက်မှ လမ်းဆုံးထယ်ပေါ့၊ ခန္ဓာ ၅-ပါး ရုပ်နာမ်ဆိုတဲ့ သင်္ခတ တရားတွေ
ဟာ ဘယ်မှာပဲဖြစ်ဖြစ် (လူ့ပြည်ဖြစ်ဖြစ်၊ နတ်ပြည်ဖြစ်ဖြစ်၊ ဗြဟ္မာပြည်ဖြစ်ဖြစ်) "ကံ စိတ် ဥတု အာဟာရ"ဆို
တဲ့ အကြောင်းတရား ၄-ပါးနဲ့ ပြုပြင်ထားတာ ဖြစ်သောကြောင့် ပြုပြင်တဲ့ သဘောသတ္တိကုန်ဆုံးတာနဲ့၊ တစ်
ပြိုင်နက် ပျက်စီးကြတာချည်းပဲ၊ ခင်ဗျားတို့ ဒါနမှု သီလမှု သမထအလုပ်ဆိုတဲ့ လူနတ်ဗြဟ္မာပြည် ရောက်
ကြောင်းအလုပ်တွေ လုပ်တယ်ဆိုပါစို့၊ သူ့နည်းနဲ့သူ ပြုပြင်လိုက်တော့၊ သူ့အကြောင်းရှိသလောက် အကျိုး
တော့ ပေးတာပေါ့၊ ဒါပေမယ့် အကြောင်းတရားတွေရဲ့ အရှိန်အစော် အာနုဘော်တွေကုန်တဲ့အခါကျတော့
လူနတ်ဗြဟ္မာဆိုတဲ့ အကျိုးတရားတွေဟာ ပျက်စီးသွားကြတာပဲ၊ ပြုပြင်လို့ရထားတဲ့ ဖြစ်လာတဲ့ တရားဟူ
သရွေ့ဟာ ခိုင်မြဲတယ်မရှိဘူး၊ မပြုပြင်ဘဲနဲ့ရတဲ့နေရာဖြစ်သော အသင်္ခတ..နိဗ္ဗာန်ကမှ အမြဲတည်တဲ့ခိုင်မြဲ
တာ၊ ခင်ဗျားတို့ဟာ သင်္ခတ အကျိုးတရားတွေအ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အပါယ်တံခါးပိတ်ခြင်း၊ဖွင့်ခြင်း၏အကြောင်း ရင်း
ဗုဒ္ဓဘာသာဝင်တော်တော်များများ အမှတ်မဲ့
ထင်ယောင်ထင်မှား ဖြစ်နေကြသည့် ကိစ္စ
နှစ်ရပ်ရှိပါသည်။
ထိုကိစ္စနှစ်ရပ်ကား တခြားမဟုတ်ပါ။အပါယ်
တံခါးပိတ်ခြင်းဖွင့်ခြင်း၏ အကြောင်းရင်း ကိစ္စနှစ်ရပ်ပင် ဖြစ်လေသည်။
တချို့ကအပါယ်တံခါးပိတ်ခြင်း၏ကိစ္စကို လူ
တစ်ဦးစုတိကျ သေဆုံးမှ ငရဲသို့ သွား၍ပိတ်
ရသည်။ဖွင့်ခြင်းကိစ္စသည်လည်း သေလွန်ခါ
မှ သွား၍ဖွင့်ရသည်ဟု ထင်မှတ်မှားလျက်
ရှိကြပါသည်။
အမှန်မှာကား ထိုသို့မဟုတ်ပါချေ။အပါယ်တံ
ခါးကို ကျွန်တော်တို့နေထိုင်ရာ ဤလူ့ရပ်ရွာ
မှနေ၍ ကုသိုလ် အကုသိုလ်တည်းဟူသော
တရားနှစ်ပါးဖြင့် လှမ်း၍ပိတ်လျှင်လည်းရ
ပါသည်။ဖွင့်လျှင်လည်းရပါသည်။အပါယ်တံ
ခါးပိတ်သွားရခြင်း၊ပွင့်သွားရခြင်း၏အကြောင်းရင်းကိစ္စကား
ကုသိုလ်နှင့် အကုသိုလ် ကိစ္စနှစ်ရပ်သာရှိ
လေသည်။ဤသည်ကိုကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား
က အောက်ဖော်ပြပါ အဆုံးအမ တရားဖြင့်
ထင်ဟပ်၍ပြထားခဲ့ပါသည်။အဆုံးအမတ
ရား၏လိုရင်းကား မဂ်ကုသိုလ်ပြုလျှင် အပါယ်တံခါးပိတ်မည်ဟူ၍ပင်။
"ဖြစ်ပျက်ကိုရှုရင်း ရှုရင်း ဖြစ်ပျက်မြင်ပါများ
လာတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာတာပဲ
သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်အထိ
ရောက်အောင်ဆိုရင် ပြီးတာပဲ။သဘောကျ
ပလား။နောက်ထပ်ကြည့်လိုက်တဲ့ အခါကျ
တော့ အပျက်တွေမြင်၊နောက်တော့မုန်းတာ
လာမှာပဲ။မုန်းတာလာပြီးရင် ဘာထပ်လာ
မယ်ထင်သတုံး၊ဆုံးတာလာရင်ဖြင့် မဂ္ဂင်
ရှစ်ပါးပြည့်သွားမှာပါပဲ။
ဒကာဒကာမတို့၊အပါယ်လေးပါးတံခါး ပိတ်
တယ်ဆိုတာ အထူးပြောနေဖို့ လိုသေးလား
ကိုယ်ကသွားပြီးပိတ်တာလား၊မဂ်ကပိတ်
တာလား။ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့
အပါယ်လေးပါးတံခါးကို ဒီကနေပိတ်ရင်
လည်းရတယ်၊ဖွင့်ရင်လည်းရတယ်။
ဘာကြောင့်ပါလိမ့်မတုံး၊မကောင်းမှုလုပ်လို့
အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေ
ပြီး အပါယ်တံခါး ဖွင့်တာကိုး။
ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ
အပိုပြောတဲ့ စကားလား၊စည်းကမ်းတကျ
လား။အဲဒီတော့ ခင်ဗျားတို့ နေပုံထိုင်ပုံ
စည်းကမ်းမကျဘူး။ဖွင့်သာနေတယ်၊
ပိတ်ပါဆိုတော့ စည်းကမ်းမကျဘူး။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ လိုသေးတယ်ဆိုတဲ့
အပြစ်ကိုတော့ ထင်ရမယ်""
ဓမ္မမိတ်ဆွေများ အသေမဦးမီ ဥာဏ်ဦး
အောင်ဝိပဿနာများကြိုးစားအားထုတ်ပြီး
အပါယ်တံခါးပိတ်နိုင် ကြပါစေ။
                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။
                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။
Monday, October 20
မိုးကုတ်ဆရာတော်ဘုရားကြီး၏
ငါးပါးအာရုံကာမဂုဏ်‌‌တွေကို ကိုယ်‌ကမလွှတ်‌ရင်‌ သူတို့ကကိုယ့်‌ကိုပြန်‌‌လောင်‌လိမ့်‌မယ်‌။မီးတုတ်‌ကိုင်‌ပြီး ‌လေလာရာကို သွား‌နေတဲ့သူလိုပဲ။
မလွှတ်‌နိုင်‌တာသည်‌ တဏှာ ဥပါဒါန်‌‌ကြောင့်‌။
မလွှတ်‌ရင်‌--------
ရှင်‌တုန်းမှာ ရန်‌သူမျိုးငါးပါး‌လောင်‌မယ်‌l‌
သေ‌တော့ အပါယ်‌မီး‌လောင်‌မယ်‌။
(မိုးကုတ်‌ဆရာ‌တော်‌ဘုရားကြီး)
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား အမှတ် (၂)
                                                        မဂ္ဂ၀ီထိဆိုတာ
အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။
အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး။ ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။
                                                       အိပ်ပျော်နေတာနဲ့ အတူတူပဲ
         တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား အမှတ် (၁)
                                          ဦးလွန်းဖေ၏မေးမြန်းချက်
တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။
                                      မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။
                                                ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်
Monday, September 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” အပိုင် (၂)
                                              “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” (၁) မှအဆက်
                                                    ပရိယတ္တိသာသနာတော်
အဲဒါကြောင့် အရှင်ဘုရားတို့သည် တပည့်တော်တို့လို သက်ကြီးဝါကြီးဖြစ်တဲ့ ပုဂ္ဂိုလ် ပြောဆိုတဲ့ စကားကို ယုံကြည်လေးစားသောအားဖြင့်လည်းကောင်း၊ ကန်ဘောင်ကြီး မကျိုးအောင်၊ မကျိုးမပေါက် ရအောင်ဖြင့် ငါတို့တာဝန်ယူမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့မွေးပြီးသကာလ ပရိယတ္တိသာသနာတော်ကြီးကိုဖြင့် ချီးမြှောက်ဖြစ်အောင် ချီးမြှောက်။ ပြီးမြောက်အောင် တတ်မြောက်အောင် သင်ယူကြပါဆိုတာကို လေးစားစွာနဲ့ ပရိယတ်၊ ပဋိပတ်ပြောဆိုနေတဲ့ တပည့်တော်က အရှင်ဘုရားများအား များစွာတိုက်တွန်းပြီး သကာလ အကျိုးစီးပွား အလိုရှိသောကြောင့် …။
တစ်ယောက်တည်းဆောင်လို့ တပည့်တော်တစ်ယောက်တည်း ပရိယတ်ဆောင်နေလို့ ပဋိပတ် ဆောင်နေလို့မပြီးပါဘူး။ အကုန်လုံးက ဆောင်နိုင်တဲ့ စွမ်းရည်သတ္တိရှိနေသောကြောင့်လည်း ဒီအစီအစဉ်ဖြင့် အားမလျှော့ဘဲနဲ့ ပရိယတ် အကူအညီနဲ့ ပေးကြပါဆိုတဲ့ ဥစ္စာကိုဖြင့် တပည့်တော်က များစွာတိုက်တွန်းပါတယ်။
အဲဒီပရိယတ် ကွယ်လို့ရှိရင် အခုပေါ်နေတဲ့ ၀ိပဿနာ ပဋိပတ်ဆိုတာ ဒကာ ဒကာမတို့ အားလုံး သော သံဃာများတို့ ကန်ဘောင်ကျိုးလို့ရှိရင် ရေတည်စရာ မရှိဘူးဆိုတာ အကြီးအကျယ် မှတ်ယူထားကြပါ။
သြော် … ငါတို့ဖျက်လိုက်လို့ရှိရင်ဖြင့် ငါတို့ဟာ လုံ့လ၊ ၀ီရိယဆန္ဒတွေ လျော့လိုက်လို့ရှိရင်ဖြင့် အကုန်ဖြင့် ဒလဟော အပါယ်သွားပေါ့ဆိုတာကို ငဲ့ညှာသောအားဖြင့် ပရိယတ်ကို ကြိုးစားသည်ထက် ပိုမိုကြိုးစားကြပါဆိုတာကိုလည်း တိုက်တွန်းရင်း ဒီကနေပြီး သကာလ သတိပေးပါတယ်။
                                            ပရိယတ်တည်မှ သာသနာတည်တယ်
အဲဒီပရိယတ်မှ အရှင်ဘုရားများက လှစ်လျူရှုလိုက်ကြတော့မယ် ဆိုလို့ရှိရင်ဖြင့် အခုပြောတဲ့ ပဋိပတ်ဟာ ဒီလူတွေသေရင်သွားတာပဲ။ ပဋိပတ်မှ အထမမြောက်သေးတော့ ပဋိဝေဓဆိုတာ အထမြောက် ဖို့ရာလည်း အလွန်ခဲယဉ်းသည် ဖြစ်လေသောကြောင့် ငါတို့သာ အုတ်မြစ်အစစ်၊ ငါတို့သာ သာသနာ အခြေအမြစ်၊ ပါဠိလိုမရွတ်ပါဘူး ပရိယတ်တည်မှ သာသနာတည်တယ်ဆိုတာ ပါဠိတွေ ခဏခဏ တွေ့နေကြတာမလိုပါဘူး။
အဲဒါကြောင့် ပရိယတ္တိသာသနာတော်ကြီးကို ရွက်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဖြင့် ငါတို့ ဘယ်အကျိုးရှိ သတုံး၊ စာတတ်ကော ဘာထူးမှာတုံးဆိုတဲ့ ဒီစိတ်မျိုး မပေါ်ဘဲနဲ့ စာမသိလို့ရှိရင် ခန္ဓာအရှိကို မသိပါဘူး၊ စာမသိလို့ရှိရင်ဖြင့် ခန္ဓာအရှိကို မသိပါဘူး။ ခန္ဓာအရှိကို မသိဘူးဆိုတာ မဂ်ဥာဏ် ဖိုလ်ဥာဏ် မပေါ်ပါဘူး။
ဒါဖြင့် … မဂ်ဥာဏ် ဖိုလ်ဥာဏ်ပေါ်ခြင်း၏ အကြောင်းသည် အားလုံးသော သံဃာများတို့ စာအရှိကို ဥာဏ်နဲ့သိမှ ဒီဟာသည် ရင့်ကျက်ပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်နိုင်ပါတယ်။
စာမပါဘဲနဲ့ သိတယ် ကျွမ်းတယ်ဆိုတာကဖြင့် ဘုရား ပရိနိဗ္ဗာန်စံသွားလို့ ရှိရင်ဖြင့် စာသာမရှိရစ် တော့ဘူးဆိုရင် ပရိယတ်သာ မရှိရစ်တော့ဘူးဆိုရင် အခုလောက်ရှိ ကွယ်တာ ကြာလှပါပြီ။
ဘယ်လိုသာသနာငါးထောင် ထားခဲ့ထားခဲ့ မူပျောက်သွားတယ်ဆိုလို့ ရှိရင်ဖြင့် အားလုံးသော သံဃာများတို့ အလုံးစုံ ဘာသာရေးကို အရင်းကနေပြီး လှဲလိုက်သလို ပြိုကွဲသွားပါတယ်။
ဒါကြောင့်မို့ ဘုရားကြီးတိုက်မှာ ဆရာတော်ကြီးတွေ အမှူးထားလို့ ဆရာတော်ဦးကောဏ္ဍညတို့လို တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ် တပည့်တော်၏ တပည့်လည်းဖြစ်နေတဲ့အတွက် အားကိုးသောအားဖြင့် အရှင်ဘုရား များသည် ငါတို့ဘာလုပ်စရာရှိသေးသတုံးဆိုတဲ့ ဥစ္စာကိုလည်း …။
လုပ်စရာရှိတဲ့အလုပ်ဟာ တို့လုပ်နေတဲ့ အလုပ်အကြီးဆုံးပေါ့ကွာဆိုပြီး ဆုံးဖြတ်ချက်ချကြပါ။ အဲဒီကဲ့သို့ ဆုံးဖြတ်ချက်ချလို့ရှိရင်ဖြင့် … တဲ့၊ အားလုံး ရန်ကုန်မြို့မှာရှိတဲ့ လူပေါင်းတစ်သန်းကျော် တစ်သိန်း ကျော် အစရှိသူတို့ဟာ ဗုဒ္ဓဘာသာမှန်က မနက်ကျရင် အရှင်ဘုရားများ ဆွမ်းခံကြွ လက်အုပ်ချီတဲ့ ကာမာဝစရ ကုသိုလ်ဖြစ်ပါသေးတယ်။
အရှင်ဘုရားများက ထိုင်ပြီး သီလပေးခဲ့လို့ သီလကုသိုလ် ဖြစ်ပါသေးတယ် ဟ … ဒီလို ကျင့်ဟဲ့၊ ဒီလိုကြံဟဲ့လို့ … ပြောလို့ရှိရင်လည်း ပရိယတ်က ယူပြောတဲ့အတွက် သူတို့မှာ အပါယ်လေးပါးတံခါးမှ ပိတ်နိုင်တဲ့ စွမ်းရည်သတ္တိရှိတယ်၊ မပိတ်နိုင်တောင် သုဂတိ တင်ပေးခဲ့တဲ့ အဓိပ္ပါယ်ရှိပါတယ်။
                                            ပရိယတ်မှတစ်ပါး၊ ကိုးစားရာမရှိ
ဘယ်သူက ပေးတာပါလိမ့်မတုံးလို့မေးတော့ ပရိယတ် သင်ထားတဲ့ ပုဂ္ဂိုလ်မို့ ပဋိပတ် အကြောင်း ပြောပြီး သကာလ သုဂတိ တင်ပေးခဲ့တယ် နိဗ္ဗာန်ပို့ပေးခဲ့တယ်ဆိုတဲ့ဥစ္စာ အခြေအမြစ်လျှောက်ရှာတော့ အရှင်ဘုရားများအား ထုတ်နေတဲ့ ပရိယတ်မှတစ်ပါး ကိုးစားစရာမရှိပါဘူး။
ဒါကြောင့် … အဟံ အဝေရောဟောမိဆိုတာ အသာထားပြီး သဗ္ဗေသတ္တာ အဝေရာဟောန္တုဆိုတာ ခုနက မေတ္တာပို့ကြတဲ့အခါမှာလည်း … မေ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” အပိုင် (၁)
အားလုံးတပည့်တော်တို့ … သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်သို့ ရောက်ပြီးသကာလ လာကြတော့ … သက်ကြီးသော သူ၊ ၀ါကြီးသောသူ၊ ဂုဏ်ကြီးသောသူများကို ပူဇော်ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း သည် …
အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎတိ၊ အာယု ၀ဏ္ဏေ သုခံ ဗလံလို့ … ဓမ္မပဒပါဠိတော် ကြီးများလာနေတဲ့အတွက် ခုနက ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း တည်းဟူ သော အကြောင်းကြောင့် အာယု အရှင်ဘုရားများ အသက်ရှည်မှုကိုလည်း ပထမဇော စေတနာက အကျိုး ပေးလိမ့်မယ်ဆိုတာ စာသမားတွေဖြစ်နေတဲ့အတွက် တပည့်တော်ကိုလည်း စာချဘုန်းကြီးဖြစ်ပြီး အဲဒီကမှ တက်လာတဲ့ ဓမ္မကထိကဖြစ်လို့ …။
သြော် … ငါတို့ခုနက ကာယကံ ၀စီကံ မနောကံဖြင့် သက်ကြီးသောသူ ၀ါကြီးသောသူ ဂုဏ်ကြီးသောသူများကို ကန်တော့ရခြင်းသည် အာယုဆိုတဲ့ အသက်ရှည်မှုကိုလည်း ပထမဇောက အကျိုး ပေးလိမ့်မယ်လို့ မှတ်ကြစမ်းပါ။
နိစ္စံဝုဍ္ဎပစာယိနော၊ စတ္တာရော အာယု ၀ဏ္ဏ - အဆင်းအစရှိသည်တို့ ပြည့်ဝစေတဲ့ ကိုယ်၏ချမ်းသာ ခြင်း၊ စိတ်၏ချမ်းသာခြင်းကိုလည်း ရလိမ့်မယ်ဆိုတာ မှတ်တာပေါ့။
ဗလဆိုတဲ့ ပရိယတ္တိသာသနာကြီးကိုလည်း ကြိုးစားနိုင်တဲ့ အားအင်ဗလနဲ့လည်း ပြည့်စုံလိမ့်မယ် ဆိုတာ ခုနက ရှိခိုးခြင်းတည်းဟူသော အကြောင်းကံ စေတနာတို့ကြောင့် အခု ခုနက သီတင်းသုံးဖော်ဖြစ် တဲ့ ဦးကောဏ္ဍည အစရှိသည်တို့ကို ဆရာတော်ကြီးတို့ တောင်းပန်ပြီးသကာလ အခု အရှင်ဘု
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိ အစု
၁။ဖွားဖက်တော် ရှင်ဆန္န ဒိဋ္ဌိမဖြုတ်ဘဲ
တရားအားထုတ်တာ ၄၅နှစ်ကြာတာတောင်
တရားမရနိုင်ဘူး။
၂။ဒိဋ္ဌိဆိုတာ ငရဲမျိုးစေ့ပါ။
၃။ယောနိသော မနသိကာရ အရေးကြီးသည်။
ငရဲမျိုးစေ့ ဝမ်းထဲရှိလျှက်နှင့် သေပျော်ပြီဆို
ခက်သေးသည်။
၎။ဒိဋ္ဌိမဖြုတ်ဘဲ အလုပ်လုပ်က နိဗ္ဗာန်မရနိုင်ပါ။
ဒိဋ္ဌိဖြုတ်လုပ်မှ နိဗ္ဗာန်ရနိုင်မည်။
၅။လိုရင်းကိုပြောရလျှင် ပုဂ္ဂိုလ်ကိုမငဲ့နိုင်ပါ။
အဝတ်ဝတ်တိုင်းဖြစ်နေတဲ့ ပဋိစ္စသမုပ္ဖါဒ်ဖြစ်စဉ်၊
*အဝတ်ဝတ်တာလား ငရဲမျိုးစေ့ရှာတာလား။
သတိမထားက အဝတ်ဝတ်တိုင်း
ဒိဋ္ဌိဖြစ်နေသည်။ အဝ
Monday, August 25
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တယ်မိုက်တဲ့ငါပါလား
ဟောကြားသည့်နေ့ (24-9-61)
* ဒကာဒကာမတွေမိမိကိုယ်ကိုမိမိသတိထားကြပါလို့သတိပေးလိုက်တယ်။ဘုရားသခင်ကိုယ်တော်
မြတ်ကြီးကအရွယ်သုံးပါးမှာတစ်ပါးပါးကိုမင်းတို့သည်ကားလို့ဆိုရင်သူတော်ကောင်းအလုပ်ကိုလုပ်
ကြပါလို့ဟောလိုက်တယ်။နှစ်ပါးတော့ဖြင့်ရှိပါစေတော့။ငယ်တဲ့အရွယ်စီးပွားရှာတဲ့အရွယ်ကိုး။နောက်တတိယအရွယ်ရောက်လာလို့ရှိရင်သူတော်ကောင်းအလုပ်ကိုကြိုးစားလုပ်ကြလို့ပြောတယ်။သုံးပါးစလုံးသားရေးသမီးရေးစီးပွားရေးမလိုက်ကောင်းဘူးတဲ့။အဲဒါမှအရွယ်သုံးပါးရှိတဲ့အနက်ကသုံးပါးကိုဝေဖန်ပြီးသကာလဒကာသိုက်တို့ဒကာကြွယ်တို့ပြောအုံးမယ်။
* ဘုရားသခင်ကိုယ်တော်မြတ်ကြီးပွင့်သွားတာသည်ရာတမ်းမှာပွင့်တယ်။ရာတမ်းဆိုတော့မွေးတဲ့
ပုဂ္ဂိုလ်တွေသည်ကားလို့ဆိုရင်ဘုရားသခင်ကိုယ်တော်မြတ်ကြီးရှိစဉ်နှစ်တွေမှာမွေးတဲ့ပုဂ္ဂိုလ်တွေသည်ဥပစ္ဆေဒက ဥပဃာတကကံတွေမနှောင့်ယှက်ပဲ
နဲ့ရှိကြပါမူကားတစ်ရာအသက်ရှည်တယ်။ကံတွေဝင်မနှောက်ယှက်လို့ထုံးစံအတိုင်းသူ့သက်တမ်းအတိုင်းဆိုရင်တစ်ရာအသက်ရှည်ရမယ်။သို့ရာတွင်
အခုအခါမှာဆုတ်ကပ်ဆိုပြီးသကာလဒကာဒကာမတွေလည်းသိကြတဲ့အတိုင်းဆုတ်တယ်။လောဘဒေါသမောဟအားကြီးလာတာဆုတ်ခြင်း၏
အကြောင်းပဲဆိုတာလဲသိပြီးသားပဲထားပါတော့။
အဲဒီတော့ဘုရားပရိနိဗ္ဗာန်စံသွား
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရုပ်ကိုပြုပြင်တဲ့ အကြောင်းတရား
ရုပ်ကိုပြုပြင်တဲ့ အကြောင်းတရား လေးပါးက ကံ, စိတ်, ဥတု, အာဟာရ။ ကံတရားက ရုပ်ကိုပြင်တယ်။ ကံကသေဆိုလျှင်သေတာဘဲ။
စိတ်ကလည်း ပြုပြင်တယ်။ စိတ်ညှိုးတော့ ရုပ်လည်းညှိုးတယ်။ ဥတုကလည်း ပြုပြင်တယ်။ ဥတုအေးလျှင် ရုပ်က အအေးရုပ်၊ ဥတုက ပူတော့ အပူရုပ်။
အာဟာရကလည်း ရုပ်ကိုပြုပြင်တယ်။ ဆာလောင်မွတ်သိပ်တော့ တစ်မျိုး။ ၀မ်းပြည့်တော့ တစ်မျိုးနဲ့ အမျိုးမျိုး ပြုပြင်ပေးနေတာဘဲ။
ဒီလေးခုက ပြုပြင်လိုက်လို့ ပေါ်လာရတဲ့ ရုပ်တရားတွေဟာ သင်္ခါရဘဲ။ သူတို့ပြုပြင်လို့ ပေါ်လာရတာဖြစ်လို့ ဘယ်ရုပ်မဆို သင်္ခါရဘဲ။
နာမ်ဆိုတာလည်း အာရုံ နဲ့ ဒွါရ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်မြင်ပုံ
လူမိုက်နှင့်လူလိမ္မာ ဘာထူးတုန်းလို့ မေးရင် လူမိုက်က မဂ္ဂဗြဟ္မစရိယ အကျင့်ကို မကျင့်ဘူး၊ လူလိမ္မာက မဂ္ဂဗြဟ္မစရိယ အကျင့်ကို ကျင့်တယ်လို့ ဆိုတော့ ဒီနေ့ လူမိုက်နဲ့လူလိမ္မာ ဒါထူးခြားပုံ သိပြီနော် …. (မှန်ပါ့ဘုရား)၊ မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်လိုက်တဲ့အတွက် လူလိမ္မာမှာ နောက် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိတော့ဘူး (မှန်ပါ့ဘုရား)။
           မဂ္ဂဗြဟ္မစရိယ အကျင့် မကျင့်တဲ့ လူမိုက်များမှာတော့၊ နောက်ပဋိသန္ဓေနေ၊ အိုမှု၊ နာမှု၊ သေမှုတွေ အလုံးစုံ အကုန်လာတာပါပဲ ….. (မှန်ပါ့ဘုရား)။
           ဒါဖြင့် လူလိမ္မာနဲ့ လူမိုက်သည်ကား ဆိုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယအကျင့် ကျင့်ခြင်းကြောင့် နောက်ဒုက္ခပြတ်တာ လူလိမ္မာ ….. လူမိုက်၊ နောက် ဒုက္ခဆက်တာ…… (လူမိုက်) ကောင်းပြီ ဒါ လူမိုက်နဲ့ လူလိမ္မာ။
သမ္မာဒိဋ္ဌိငါးမျိုး
           မဂ္ဂဗြဟ္မစရိယ အကျင့်ဆိုပေမယ့်လဲ တရားကိုယ်ကောက်လိုက်တော့မဂ္ဂဗြဟ္မ္မာစရိယအကျင့်ဆိုတာ
သမ္မာဒိဋ္ဌိအလုပ် ….. (မှန်ပါ)။ သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိတုံးလို့ ဆိုတာမှမသိလို့ရှိရင်လည်း ဦးဝတို့ နေရာမကျသေးဘူးပေါ့ဗျာ ….. (မှန်ပါ့)၊ အဲဒီတော့ သမ္မာဒိဋ္ဌိကို  ဝေဖန်တော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ၁- နံပါတ် သူလဲ သမ္မာဒိဋ္ဌိပဲ ….. (မှန်ပါ)။
           ၁။ ကမ္မဿကတာ သမ္မာဒိဋ္ဌိ
           ၂။ ဈာန သမ္မာဒိဋ္ဌိ၊
           ၃။ ၀ိပဿနာ သမ္မာဒိဋ္ဌိ၊
           ၄။ မဂ္ဂသမ္မာဒိဋ္ဌိ၊
           ၅။ ဖလသမ္မာဒိဋ္ဌိ
           သမ္မာဒိဋ္ဌိ ဘယ်နှစ်မျိုးရှိပါလိမ့် ( ၅- မျိုးပါတယ်ဘုရား)
           ၅- မျိုးရှိတယ်ဆိုတော့ ဒကာဒကာမတွေက သြော်. သာသနာပရော သာသနာအတွင်းရော နှစ်ခုစလုံးရှိတဲ့ သမ္မာဒိဋ္ဌိက ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ လှူဒါန်းပေးကမ်းပြီး သကာလ သုဂတိ၊ ဘ၀သမ္ပတ္တိ၊ ဘောဂသမ္ပတ္တိရတာက ကမ္မဿကတာ သမ္မဒိဋ္ဌိ သာသနာတွင်းလဲရှိတာပဲ သာသနာပလဲရှိတာပဲ …… (မှန်ပါ့)။
           ၁- နံပါတ်ကတော့ ပြီးသွားရောနော် ….. (မှန်ပါ့)၊ ဈာနသမ္မာဒိဋ္ဌိဆိုတာက သမထလမ်းကနေပြီး သကာလ ရူပ အရူပ ဗြဟ္မာ့ပြည်ကို ရောက်စေတတ်တဲ့ သမ္မာဒိဋ္ဌိ၊ ၀ါ - ဉာဏ်ပေါ့ဗျာ …… (မှန်ပါ့)။
           ဒါကလဲ သာသနာပလဲရှိ၊ သာသနာတွင်းလဲရှိပြီးသကာလနေတော့ လမ်းက သူ့ကြည့်လိုက်ပြန် တော့လဲ ရူပဘုံ အရူပဘုံရောက်ပါတယ်ဆိုတော့ ဒုက္ခသစ္စာ ပြန်ရခြင်းကြောင့် သူ့လဲသိပ်ပြီး အဖိုးတန်ကြီး တန်တယ်လို့ မယူလိုက်ပါနဲ့ ……. (မှန်ပါ့ဘုရား)။
သာသနာတွင်းသမ္မာဒိဋ္ဌိ
           အဲဒီတော့ နောက်ပြမယ့် ၃နံပါတ် ၀ိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိဆိုတဲ့ သမ္မာဒိဋ္ဌိသုံးမျိုးသာလျှင် သာသနာတွင်းမှာသာ ပေါ်နိုင်တယ်လို့ မှတ်ထားပါ …… (မှန်ပါ့)။
           အဲဒီ သာသနာတွင်းမှာ ပေါ်နိုင်တဲ့ သမ္မာဒိဋ္ဌိကဖြင့် ပထမသမ္မာဒိဋ္ဌိက သက္ကာယဒိဋ္ဌိပြုတ်အောင် လုပ်နိုင်တယ်၊ ၀ိပဿနာသမ္မာဒိဋ္ဌိက …… (ပြုတ်အောင်လုပ်နိုင်ပါတယ်ဘုရား)။
           သက္ကာယဒိဋ္ဌိပြုတ်အောင် ပျက်အောင် လုပ်နိုင်တဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီအလုပ်သာ လုပ်မယ်ဆိုရင် ဘုန်းကြီးကရော၊ ဘုရားကရော အပါယ်တော့ မကျဘူးဟေ့ ……  အထက် သံသရာကနေ နိဗ္ဗာန်ကိုသာ သွားမယ်ဆိုတာ ရဲဝံစွာ တာဝန်ခံတယ်။
           အဲဒီတော့ ဒီထဲမှာ သူကတော့ သူ့အကျိုးပေးပြောစမ်းပါဆိုတော့ ယခုဘ၀ နိဗ္ဗာန်ရသည့်ဘ၀တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်သည့်တိုင်အောင် ၀ိပဿနာသမ္မာဒိဋ္ဌိက အကျိုးပေးနို
Monday, July 28
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား
ဦးလွန်းဖေ၏မေးမြန်းချက်
တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။
မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။
ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။
နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ
ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ်
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်
အားလုံးတပည့်တော်တို့ … သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်သို့ ရောက်ပြီးသကာလ လာကြတော့ … သက်ကြီးသော သူ၊ ၀ါကြီးသောသူ၊ ဂုဏ်ကြီးသောသူများကို ပူဇော်ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း သည် …
အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎတိ၊ အာယု ၀ဏ္ဏေ သုခံ ဗလံလို့ … ဓမ္မပဒပါဠိတော် ကြီးများလာနေတဲ့အတွက် ခုနက ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း တည်းဟူ သော အကြောင်းကြောင့် အာယု အရှင်ဘုရားများ အသက်ရှည်မှုကိုလည်း ပထမဇော စေတနာက အကျိုး ပေးလိမ့်မယ်ဆိုတာ စာသမားတွေဖြစ်နေတဲ့အတွက် တပည့်တော်ကိုလည်း စာချဘုန်းကြီးဖြစ်ပြီး အဲဒီကမှ တက်လာတဲ့ ဓမ္မကထိကဖြစ်လို့ …။
သြော် … ငါတို့ခုနက ကာယကံ ၀စီကံ မနောကံဖြင့် သက်ကြီးသောသူ ၀ါကြီးသောသူ ဂုဏ်ကြီးသောသူများကို ကန်တော့ရခြင်းသည် အာယုဆိုတဲ့ အသက်ရှည်မှုကိုလည်း ပထမဇောက အကျိုး ပေးလိမ့်မယ်လို့ မှတ်ကြစမ်းပါ။
နိစ္စံဝုဍ္ဎပစာယိနော၊ စတ္တာရော အာယု ၀ဏ္ဏ - အဆင်းအစရှိသည်တို့ ပြည့်ဝစေတဲ့ ကိုယ်၏ချမ်းသာ ခြင်း၊ စိတ်၏ချမ်းသာခြင်းကိုလည်း ရလိမ့်မယ်ဆိုတာ မှတ်တာပေါ့။
ဗလဆိုတဲ့ ပရိယတ္တိသာသနာကြီးကိုလည်း ကြိုးစားနိုင်တဲ့ အားအင်ဗလနဲ့လည်း ပြည့်စုံလိမ့်မယ် ဆိုတာ ခုနက ရှိခိုးခြင်းတည်းဟူသော အကြောင်းကံ စေတနာတို့ကြောင့် အခု ခုနက သီတင်းသုံးဖော်ဖြစ် တဲ့ ဦးကောဏ္ဍည အစရှိသည်တို့ကို ဆရာတော်ကြီးတို့ တောင်းပန်ပြီးသကာလ အခု အရှင်ဘုရားများကို တပည့်တော်များက သတိပေးတဲ့သဘော၊ ကိုယ့်သာသနာကြီးကို ကိုယ်စောင့်စေလိုတဲ့သဘော၊ အရှင်ဘုရားများ အားထုတ်နေတဲ့ ပရိယတ်မှ ကွယ်ဝှက်သွားခဲ့သည်ရှိသော် ပဋိပတ်တရာသည် အခြေမခိုင် တော့ပါဘူး၊ ယိုင်လဲရမယ်ဆိုတာကိုလည်း အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။
အဲဒီ ပဋိပတ် ယိုင်လဲသွားလို့ရှိရင် ပဋိဝေဓဆိုတဲ့ ကြာနဲ့တူတဲ့၊ ပဋိဝေဓဆိုတဲ့ ထိုးထွင်းသိပညာတွေ လည်း ကွယ်ပျောက်သွားလိမ့်မယ်ဆိုတာကို အရှင်ဘုရားများ သိပြီးသား ဖြစ်တဲ့အတွက် တပည့်တော်များ ကလာပြီး သြ၀ါဒပေးရခြင်းသည် အရှင်ဘုရားတို့၏ ကန်ဘောင်ဆည်မှုကြီးကို ခိုင်ခိုင်လုပ်တော်မူကြပါဆို တဲ့ အကြောင်းကို ကောင်းကောင်းသတိပေးတယ် ဆိုတာကို မှတ်ဖြစ်အောင် မှတ်ကြပါ။
သာသနာ့ဝန်ထမ်းရဟန်းတော်များ
သြော် … ငါတို့လုပ်နေတဲ့အလုပ်ဟာ သာသနာ့ဝန်ထမ်း ရဟန်းရယ်လို့ ဖြစ်ပြီးသကာလ နေကြတဲ့အတွက် သာသနာ့ အကျိုးသယ်ပိုးနေကြပါလားဆိုတာ သံသယမရှိဘဲနဲ့ ရွက်ဆောင်ပါဆိုတာကို လည်း တပည့်တော်များက တိုက်တွန်းပါတယ် အားလုံးသံဃာတော်တွေကို။
ကဲ - ဒါဖြင့် … သဂါထာမှာလာတဲ့အတိုင်းပေါ့လေ၊ သဂါထာမှာလာတဲ့အတိုင်း ကန်ဘောင်မရှိရင် ရေမတည်နိုင် ရေမတည်နိုင်လို့ရှိရင် ကြာမပွင့်နိုင်ဆိုတဲ့ သဂါထာစကားကို သိပြီးသားဖြစ်တဲ့အတွက် အရှင် ဘုရားများသည် ဒီဘုရားကြီးတိုက်မှာ ပရိယတ္တိသာသနာတော်မြတ်ကြီးကို စာချဆရာတော်တွေနဲ့ အရှင်ဘုရားများက သယ်ပိုးရွက်ဆောင်နေခြင်းသည်။
သြော် … တိုက်တည်တဲ့အခါမှာ ဖောင်ဒေးရှင်းဆိုတဲ့ အုတ်မြစ်သည် အရေးအကြီးဆုံးဖြစ်တော့ အရှင်ဘုရားများတိုက်က ပရိယတ္တိသာသ