ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင်။ ပြီးတော့ ကျယ်လောင် ကျယ်လောင် ဘုရား ရှိခိုး ကြတယ်။ တကယ် ဆို ခင်ဗျားတို့ ဟာက ကျက်ထားတဲ့ စာ မေ့မှာစိုးလို့၊ ဘုရားရှေ့သွား စာပြန်နေတာနဲ့ တူနေ တယ်။ ဘာလို့လဲ ဆို၊ ပါးစပ်ကသာ ဆိုနေတာ၊ စိတ်က ဘုရားဆီ ရောက်မှ မရောက် ကပဲ။ နှုတ်တက် ရနေ လို့သာ စာက ဆုံးသွားတာ၊ ဒီတော့ စာပြန်နေတာနဲ့ အတူတူ ပဲ။ ပြီးတော့ ဆု က တောင်းကြသေးတာ။ ဒီလို ဘုရား ရှိခိုးရတဲ့ အတွက်ကြောင့် ပဋိသန္ဓေ အို၊ နာ၊ သေ ဘေးက လွတ်ရပါလို၏၊ လွတ်ပါရစေ တဲ့။ ဒီဆုမျိုးကို ဘယ် ဘုရား က ပေးလိမ့်မလဲ။ ဘုရားက ပေးနိုင်တာ မှ မဟုတ် ပဲ။ ဒါကို ခင်ဗျား တို့ ဇွတ်တောင်း တယ်။ ဘုရား ကို နားပူနားဆာ လုပ်တယ်။ ရုပ်ထုတော် ချည်း မို့လို့ သာပေါ့ဗျာ၊ သက်တော် ထင်ရှား ဘုရားသာ ဆို "နားငြီးတယ်" ဆိုရင်း ခြေထောက် နဲ့ ဆီးပြီး ကန်ချင်စရာ။ အဲ့တော့ ... ခင်ဗျားတို့ဟာ အင်မတန် အတောင်း အရမ်း ထူတဲ့လူတွေ။ အတောင်းအရမ်း ထူတဲ့ လူ ဆိုတာ ဘာအမျိုးတုံး ဆို - သူတောင်းစားမျိုး ဗျ။ ဒါမျိုးက ဆုတောင်း ယူလို့ ရတာ မဟုတ်ဘူး။ လုပ်ယူ၊ ကြိုးစား ယူမှ ရပါတယ်။ ဒါ့ကြောင့် တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ ( မိုးကုတ် (၁) နှာ - ၃၀၄ )
Tuesday, January 27
တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ (မိုးကုတ်ဆရာတော်ကြီး)
Wednesday, January 7
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် အမှတ် (၂)
ဝိပဿနာရှေ့ ထားတဲ့ပုဂ္ဂိုလ်
ဒါဖြင့် တချို့  သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ၀ိပဿနာရှေ့ ၊ တချို့  ဒဠှတာရီပုဂ္ဂိုလ်ဆိုတော့၊ ပဋိသမ္ဘိ ဒါပတ္တဆိုတော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်ဆိုတော့ အတူ တူပဲတဲ့ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ရှင်အာနန္ဒာတို့လိုပေါ့လေ … နတ်ပြည်သွားရင်သူနေခဲ့ရပြီ၊။။။
(မှန်ပါ့)၊ သောတာပန်တော့ တည်ပြီးသားပဲ … (တင်ပါ့၊ ဘာပြုလို့တုံးဆိုရင် ဈာန်ခြောက်နေတယ်၊ ဈာန်မရှိဘူး သူ့မှာ … (တင်ပါ့)၊ ပေါ်လာကြပလား … (ပေါ်ပါပြီဘုရား)။
သူဘာနဲ့ တက်လှမ်းလာတုံးဆိုတော့၊ ၀ိပဿနာချည့်သက်သက်နဲ့တက်လာတယ် သဘောကျပလား … (မှန်ပါ့)၊ ကောင်းပြီး တစ်ချက် တစ်ချက် ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ ကျတော့ ဘာနဲ့တက်တာတုံး … (သမထနဲ့ တက်ပါတယ်ဘုရား)။
သမထရှေ့ ထားတဲ့ ပုဂ္ဂိုလ်
သမထရှေ့ ထားပြီး ၀ိပဿနာနောက်ထားတတ်တယ်၊ သူတို့ကျတော့ကို သမထက ရှေ့ ၊ ၀ိပဿနာ ကနောက်၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာလေးကပဲ ထူးခြားတယ်လို့ ခင်ဗျားတို့မှတ်ထားလို့ရှိရင်ဖြင့် ဘုရားပယ်၊ တရားပယ်စရာများ လိုသေးသလား … (မလိုတော့ပါဘူးဘုရား)။
ဒီ သမထ ၀ိပဿနာမကွဲကြလို့ တချို့ က ဘုရားပယ်ပြီး တရားဆက်ဆယ်၊ တချို့ ကျတော့လည်း ဘုရားဖက်တာနဲ့ တရားပယ်ချင် ပယ်ချတယ် … (မှန်ပါ့)၊ ဆိုတာ ဤကဲ့သို့ဝေဖန်မှုမှာ ဦးစံရီ မရှင်းလို့မှတ်ရမယ် … (မရှင်းလို့ပါဘုရား)၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
ခုတော့ ဘယ့်နှယ်နေကြတုံး … (ရှင်းပါတယ်)၊ ဘယ်လိုရှင်းတာတုံး … (ရှေ့ နဲ့နောက်နဲ့)၊ ရှေ့ နဲ့ နောက်နဲ့ပဲကွာတယ်၊ နို့ ဘုရားက ပုဂ္ဂိုလ် အချိုးအစားနှစ်မျိုးရှိတယ်လို့ မဟောခဲ့ဘူးလား … (ဟောပါတယ်)။
သုက္ခ၀ိပဿကပုဂ္ဂိုလ်
သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ဈာန်ခြောက်တယ်ကွ ဈာန်မရှိဘူး ဟုတ်လား၊ အသိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ ဈာန်လမ်းကထိုးတက်လာတာကွ၊ ဈာန်ရတာက အရင်၊ ၀ိပဿနာက နောက်တဲ့၊ သဘောကျပလား … (ကျပါတယ်)။
အဲ့တော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်၊ ထို့အတူ ၀ိပဿနာအားထုတ်ပြီး ရဟန္တာဖြစ်မှ ဈာန်ရအောင်ကြိုးစားတော့လည်း ရသေးတဲ့ပုဂ္ဂိုလ်တွေ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် အမှတ် (၁)
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာကြည့်လိုက်တဲ့အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
ဝက္ကလိလည်း ဒီကနေပြီးသကာလ ရှိခိုးဦးတင်ပါတယ်၊ သို့သော် သနားသဖြင့် ၀က္ကလိရှိရာသို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွပေးပါဆိုတာ မင်းတို့က လျှောက်ကြလို့ သူကမှာလိုက်တယ်။
အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မ
Monday, December 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်ဆိုတာဘယ်လိုလဲတရား တော်မှ ဥပမာတစ်ချက်
တာပဲ။ ခွေးလည်းကြောက်ရတယ်။ သိန်းစွန်လည်း ကြောက်ရတာပဲ။ ကျားလည်းကြောက်ရတာပဲ။ ကြောက်ရတော့ ဝပ်ကျင်းကလေး တူးပြီး
ချုံပုတ်ကလေးထဲမှာ ဝပ်နေတယ်။ ဘယ်မှ
မထွက်သာဘူး။
ကျင်ငယ်စွန့် လည်း ဒီဝပ်တဲ့ အထဲပဲ I ကျင်ကြီးစွန့် ကော ဒီဝပ်တဲ့ကျင်းအထဲမှာပဲI
ဒါဖြင့် ဒီမြေပေါ်ဖြင့် နေလည်းမနေချင်ဘူး။
ကျင်ကြီးကျင်ငယ်စော်နံတယ်ပေါ့ဗျာ။
ဒီမြေပေါ် မနေချင်လို့  ထခုန်တယ်i ဘယ်
နေရာကျမယ်ထင်ကြလဲi ဒီမြေပေါ်ပဲကျ
မယ်။
နေလဲဆို မြေပေါ်ပြန်ကျတယ်။ မြေမုန်းလို့ 
ခုန် မြေပေါ်ပြန်ကျတာပဲ။
ခင်ဗျားတို့ လည်း နောက်တုန်းက မသေ
ချင်လို့  အမျိုးမျိုးအဖုံဖုံ ကိုးကွယ်ကြသော်
လည်းသစ္စာသိအောင်တော့ မရောက်ခဲ့ဘူး
အဲဒီ အမျိုးမျိုးအဖုံဖုံ ကိုးကွယ်ခြင်းကြောင့်
ပဲ ဒီသေတဲ့မြေပေါ်ပြန်ကျတယ်။
မကျဘူးလား i ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ သည် ယုန်သဘော နောက်ကဖြစ်ခဲ့တယ်
မဆိုနိုင်ဘူးလား ။
အေး မြေပေါ်မှာ မနေချင်လို့ ခုန်တာ l မြေ
မှမလွတ်နိုင်ဘူး သဘောကျပြီလား။
ခင်ဗျားတို့ လည်း နောက်တုန်းက မအိုချင်
မနာချင် မသေချင်ဘူးဆိုတာ ဘုန်းကြီးယုံ
တယ်။ အမေတွေ အဖေတွေ သေတော့
မကြိုက်လို့ တောင် ငိုကြသေးကိုးဗျ။
ကိုယ်လည်း သေရတော့မယ် ဆိုရင်ဖြင့်
ကယ်တော်မူပါl ယူတော်မူပါဆိုတော့ ဒါမကြိုက်လို့ ပေါ့နော်။ သို့ သော်လည်း ဒီသေတွင်းပဲ ပြန်ကျတယ်။
ဘာပြုလို့ တုံး - သစ္စာမသိလို ။့ သဘောကျပြီလား။
သစ္စာမသိတော့ ဒီမြေပေါ်ပဲ ပြန်ကျတယ်။
ဒါကြောင့် သစ္စာသိအောင်လုပ်ကြပါ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဏှာကြိုးနဲ့ချည်ပြီး အဝိဇ္ဇာအထုံး မထုံးလိုက်ကြပါနဲ
သီလ လုံခြုံရုံမျှနဲ့ မတင်းတိမ်ပါနဲ့။
ဗဟုသုတများရုံမျှနဲ့လည်းမတင်းတိမ်ပါနဲ့။
သမာဓိအားကောင်းရုံမျှနဲ့လည်း မတင်းတိမ်ပါနဲ့။
ဆိတ်ငြိမ်ရာနေနိုင်ရုံမျှနဲ့လည်းမတင်းတိမ်လိုက်ပါနဲ့။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကုန်ကုန်ပြောမယ်ကွာတဲ့l အနာဂါမ်ဖြစ်ရုံမျှနဲ့တောင် မတင်းတိမ်လိုက်ပါနဲ့တဲ့။
ကိလေသာဟူသမျှကျင်ကြီးကျင်ငယ်လို့မှတ်ပါ။
ကိလေသာတွေ တစ်ကိုယ်လုံးပျံ့နှံ့နေပါလျက်နဲ့ အဆင်း အသံ အနံ့ အရသာ ထိတွေ့စရာတည်းဟူသော အာရုံငါးပါးနဲ့တိုးတာ ဆူးတောတိုးတာလို့မှတ်ပါ။
အဲဒီအခါ ခင်ဗျားတို့မှာ တဏှာ ဥပါဒါန်တည်းဟူသော အနာမန်းတွေ ထွက်ကျလာပါလိမ့်မယ်။
ငါသွားမယ့်နေရာသည် ကိလေသာတိုးပွားမယ့်နေရာလား ငြိမ်းမယ့်နေရာလားလို့စဉ်းစားပြီးမှသွားပါ။
တဏှာကြိုးနဲ့ချည်ပြီး အဝိဇ္ဇာအထုံး မထုံးလိုက်ကြပါနဲ့။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
Monday, November 3
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထော်လောကန့်လန့် သားသမီး
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ
၏
ပူဇော်မှုဟူသည် နှစ်မျိုးရှိပါသည်။
(၁) အာမိသပူဇာနှင့် (၂) ဓမ္မပူဇာ ဟူ၍ပင်
ဖြစ်ပါသည်။ထိုပူဇော်မှု နှစ်မျိုးတွင် ဘုရား
ရှင်သည် ဓမ္မပူဇာကိုသာ နှစ်သက်မြတ်နိုး
တော်မှုပါသည်။အဘယ်ကြောင့်ဘုရားရှင်သည်၊ ဓမ္မပူဇာကို
နှစ်သက်မြတ်နိုးပါသနည်းဆိုပါမူ ၊ဓမ္မဖြင့်ပူဇော်ခြင်းသည် ပူဇော်သူကိုလည်း
ဒုက္ခခပ်တိုင်းငြိမ်းစေ၍ ပူဇော်မှုတကာထဲ
တွင်အမြင့်မြတ်ဆုံးသောပူဇော်ခြင်းလည်း
မည်ပေသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့်ဘုရားရှင်က တရားဖြင့်ပူဇော်ရန်
တိုက်တွန်းနိုးဆော်ခဲ့ခြင်း ဖြစ်ပါသည်။
လောက၌ မိဘတို့ပြောရိုးထုံးစံတစ်ခု ရှိပါသည်။ " မိဘကတော့ သားသမီးလုပ်စာ
မစားရရင်ံနေပါစေ၊စကားနားထောင်ရင်ပဲ
ကျေနပ်လှပါပြီ" ဟု ပြောလေ့ရှိပါသည်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်လည်း ဤသို့ဤ
နှယ် မိဘသဖွယ်သာ ဖြစ်ပါချေ၏။
သူ့ကို အဖိုးတန် ပကာသနမှုများဖြင့် မလှူ
မတန်းလျှင်နေပါစေ။ အပြစ်တင်တော်မမူ
ခဲ့ပါ။တရားအလုပ်ကိုအားမထုတ်လျှင်သာ
အပြစ်တင်တော်မူခဲ့ပါသည်။
သို့သော် မိဘမေတ္တာစေတနာကို မငဲ့ညှာ
ဆင်ခြေဆင်လက် များနေသော ၊မိဘစကား
နားမထောင်သည့် သားသမီးများ ရှိနေ
ကြသလို ဘုရားရှင်၏စကားကို နားမ
ထောင်ကြသည့် သားသမီးများ ရှိနေကြ
သည်ကို သိနေမြင်နေရ၍ ထိုသူတို့အတွက်
မိုးကုတ်ဆရာတော်ဘုရားကြီးက ဘုရားရှင်
နှင့် မိဘ နှိုင်းယှဉ်၍ ဤသို့ဆုံမထားခဲ့ပါ
သည်။
""ဘုရားရှင်ကလည်းသနားလွန်းလို့
မဟာ ကရုဏာနဲ့ တိုက်တွန်းရှာတယ်။
ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ရ
မယ်။ငါဘုရားရဲ့ကရုဏာကိုပြန်ငဲ့ရင်လည်း
( ဝိပဿနာလုပ်ရပါမယ် တဲ့ဘုရား)။
အေး---မင်းတို့ ဆွမ်းတွေ ကွမ်းတွေနဲ့ ပူဇော်
ပသတာ မသာယာပါဘူးကွာ၊ မင်းတို့ရထား
တဲ့တရားနဲ့ ပူဇော်တာ သာ သာယာပါ
တယ်ဆိုတဲ့ဥစ္စာ၊သေသေချာချာဟောခဲ့ပါ
တယ်။ဒကာ ဒကာမတွေ သားသမီးတွေနဲ့
နေကြတာပဲ သားသမီးလုပ်စာမစားရရင်နေ
ပါစေ မိဘပြောတာနားထောင်ရင် ကျေနပ်
လှပါပြီဆိုတဲ့ဥစ္စာ၊ မပါကြဘူးလား။
သူ့တို့ကျွေးတာပေးတာမစားရရင်နေပါစေတဲ့ ဒါတွေကခင်ဗျားတို့ အသားယူပြောတဲ့
စကားတွေပါ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိပဿ
နာတရားအားထုတ်ကြပါဆိုတဲ့ ဥစ္စာ၊ ခင်ဗျား
တို့က ထော်လော်ကန့်လန့်နဲ့ လုပ်ပြီး မလုပ်
ဘူး၊မနက်ဖြန်မှ ၊သေခါနီးမှနဲ့ ဒီလိုဆိုရင်
ခင်ဗျားတို့ဟာ ကောင်းသောသားသမီးဖြစ်
နိုင်ပါဦးမလား။ ထော်လော်ကန့်လန့်သားသ
မီးဖြစ်မနေဘူးလား၊ ထော်လော်ကန့်လန့်
သားသမီးဖြစ်နေရင် မိဘတွေကကျေနပ်တဲ့
သဘောရှိပါ့မလား၊ သူတို့ရဲ့ကရုဏာကို
ရော ငဲ့ရာ ရောက်ပါ့မလား။
ဘုရားရှင်ကလည်းဒီအသွားပဲ ၊မင်းတို့ လှူ
တာ၊တန်းတာ၊ပေးတာ၊ကမ်းတာကို အသာ
ထားစမ်းပါ၊ငါပြောတဲ့ အတိုင်းတရားနဲ့ ကျင့်
ပြီး ပူဇော်စမ်းပါဆိုတဲ့ ဥစ္စာ၊မသေချာသေးဘူးလား။ ဒါလေးတောင်မှ
ခင်ဗျားတို့က မလုပ်နိုင်သေးဘူး။ ဘာ
ကြောင့်မလုပ်နိုင်တာတုံး၊ထော်လော်ကန့်
လန့်လုပ်ပါရစေဦး။ ဒီအဓိပ္ပာယ် မရောက်
ဘူးလား၊သဘောပေါက်ကြတယ်နော်။"""
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အအို အသေ လွတ်အောင်လှူပါ
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ၏
ဒါန နှစ်မျိုးရှိပါသည်။ ဝဋနိဿိတဒါန၊
ဝိဝဋနိဿိတဒါန၊ သံသရာလည်ကြောင်းဒါန
နှင့်သံသရာမှ လွတ်မြောက်ကြောင်း ဒါန
ဟူ၍ ဖြစ်ပါသည်။
ယင်း ဒါန နှစ်မျိုးတွင် သံသရာလည်ကြောင်း
ဒါနကို ပြုလျှင်ဖြင့် လူ၊နတ်၊ဗြဟ္မာ ဘယ်ခန္ဓာဖြစ်ဖြစ်၊အို၊ နာ၊ သေမှ မလွတ်ပါ
ချေ။သောက ပရိဒေဝမီးတို့လည်း လောင်
ကျွမ်းခံရပါလိမ့်ဦးမည်။
သံသရာလွတ်မြောက်ကြောင်း ဒါနကိုပြု
မှသာ အို၊နာ၊သေ ငြိမ်း၍ ဒုက္ခသောက
ဟူသမျှ သိမ်းနိုင်ပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုး
ကုတ်ဆရာတော်ဘုရားကြီးက အို ၊နာ၊ သေ
တပ်မည့်သံသရာ မပြတ်သည့် ဒါနမျိုး ကို
အားပေးတော်မမူခဲ့ပါချေ။
အို၊ နာ၊ သေ ပြတ်ဒုက္ခသောကမီးများ
ငြိမ်းသတ်သည့် ဒါနပြုပုံ ပြုနည်းကိုသာ
ထပ်ခါထပ်ခါ မိန့်ကြားလမ်းပြခဲ့ပါသည်။
ဖတ်ရှု၍ ကြည်ညို ပန်ဆင်ကြည့်ပါလေ။
""" အအို၊ အသေ ရမည့် အလှူမျိုးကျတော့
မလှူစေချင်ဘူး။ အအို၊ အသေ လွတ်မည့်အလှူမျိုးကျတော့ လှူစေချင်
တယ်။အဲဒါကျတော့ ဘုန်းကြီးတို့က အထူး
တိုက်တွန်းတယ်။လုပ်စမ်းဟ လုပ်စမ်းပါဟ
ဆိုပြီး သကာလ။
တချို့ ဒကာဒကာမတွေ သိန်းကုန်၊
သောင်းကုန် လှူချင်ကြတယ်။ ဆိုင်းပါဦး
ကွာ၊ တားပြီးဥာဏ်ပါအောင် ဆိုင်းခိုင်းရ
သေးတယ်။တရားအားထုတ်မဲ့ ပုဂ္ဂိုလ်ဖြစ်
ရင် ပဋိသန္ဓေ ခန်းဟောလိုက်တယ်။
ဟောတဲ့အခါကျတော့ ကလလရေကြည်
မင်းနေချင်သေးလား။အပေါ်ကအစာသစ်
တွေ ရွက်ပြီး အစာဟောင်း ကျင်ကြီးတွေ
ပေါ် ထိုင်တဲ့ဒုက္ခ မင်းကြိုက်သလား။
မကြိုက်ဘူးချည်းပြောတာပဲ။ အဲဒါ ဇာတိ
ဒုက္ခ၊ အဲဒီဒုက္ခကြီးကြောက်လွန်းလို့ ဒီဒုက္ခ
မှ လွတ်ရာရောက်ချင်လို့ လှူပါ၏လို့ မင်း
မြန်မြန်လုပ်ကွ ၊ ဒီလိုသင်ရတယ်။
နို့ မဟုတ်လို့ ရှိရင် ရော့---အင့်ဆိုပြီး သူက
လှူ။ ဝမ်းသာပြီးတော့ ငါတော့နောက်ဘဝ
ကောင်းစားပြီလို့ ထင်နေမယ်။ ဘယ်မှာ
နောက်ဘဝကောင်းစားမှာတုံး။ဝမ်းထဲမှာ
ချောက်ကျတာ ရိပ်မိပလား။ နောက်ဘဝ
မသာဖြစ်သာ ကောင်းစားတာလား။
မသာဖြစ်တာသည် အသုဘမဟုတ်လား။
အသုဘ ဆိုတော့ မြို့ထဲရွာထဲ ကြည့်ဖို့ထား
သလား၊ဆွဲထုတ်သလား။
( ဆွဲထုတ်ပါတယ်ဘုရား )
ဟာ---ဒါဖြင့် မသာဖြစ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမတုံး။
မသာလွတ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့်
ဘုန်းကြီးများက တိုက်တွန်းမယ်။ ခင်ဗျား
တို့ကလည်း လုပ်ပါ။လှူလည်းလှူပါ။
ရှင်းပလား။ နို့မို့ရင် ဒီမသာမချရသေးဘူး။
မသာဆုတောင်းတာက စောနေတယ်။
ရိပ်မိပလား။ ဒီမသာချရပလား။
( မချရသေးပါဘုရား။ )
ရှေ့ ဘာဆုတောင်းကြသတုံး။
( မသာဆုတောင်းပါ ဘုရား )သွားပါကော--
ဒီလောက်ရူးတာတော့ မကောင်းတော့ဘူး""
ဓမ္မ မိတ်ဆွေများ အခုကထိန် ရာသီ ချိန်ခါ
မှာ ကထိန်ဒါနပြု ကြသူဓမ္မ မိတ်ဆွေများ
အထူးသတိပြု နိုင်ရန် အတွက် ဒါနပြု
စဉ်မှာ သစ္စာသိ၍ လှူဒါန်းကြလျှင် သံသရာ
မှလွတ်မြောက်နိုင်ကြောင်းကို မေတ္တာ
ရှေ့ထားလို့ တင်ပြလိုက်ပါတယ်။
ဓမ္မ မိတ်ဆွေများသံသရာမှ လွတ်မြောက်နိုင်
ကြပါစေ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခတသဘော
အဖန်ဖန်ပြုပြင်ခြင်းမရှိတဲ့သဘောဖြစ်တယ်၊ ဒါကြောင့် နိဗ္ဗာန်ဟာ အဖန်ဖန်ပြုပြင်ခြင်း မရှိသောကြောင့် ပက
တိခိုင်မြဲတဲ့ တရားလို့မှတ်၊ အသင်္ခတ သဘောကို..ရှင်းရရင်၊ "သင်္ခတ"သဘောကို အရင်ပြောရမယ်။
"သင်္ခတ"သဘောသည် အသင်္ခတနဲ့ဆန့်ကျင်ဘက်၊ အသင်္ခတနဲ့လုံးဝမတူတဲ့ တရားပဲ၊ သင်္ခတတရားတွေဆို
တာ ခန္ဓာ ၅-ပါး ရုပ်နာမ်တွေ ဘုံတွေပဲ၊ ဒါတွေဟာ ပြုပြင်ထားလို့ ဖြစ်လာကြတဲ့အရာတွေ ဖြစ်သောကြောင့်
ပျက်စီးတဲ့သဘောရှိတယ်လို့မှတ်၊ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတွေ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတွေဟာ တောတောင်ရေမြေတွေဟာ သင်္ခတတရားတွေ၊ ပြုပြင်တုန်းပဲ ခေတ္တတည်တံ့နိုင်
တဲ့ တရားတွေပဲ၊ ပြုပြင်တတ်တဲ့ ပြုပြင်စီမံပေးတဲ့အကြောင်း တရားတွေရဲ့ သတ္တိအရှိန်အစော် အာနုဘော်
ကုန်လို့ရှိရင် ပျက်သွားကြရတယ်၊ အပျက်မှ လမ်းဆုံးထယ်ပေါ့၊ ခန္ဓာ ၅-ပါး ရုပ်နာမ်ဆိုတဲ့ သင်္ခတ တရားတွေ
ဟာ ဘယ်မှာပဲဖြစ်ဖြစ် (လူ့ပြည်ဖြစ်ဖြစ်၊ နတ်ပြည်ဖြစ်ဖြစ်၊ ဗြဟ္မာပြည်ဖြစ်ဖြစ်) "ကံ စိတ် ဥတု အာဟာရ"ဆို
တဲ့ အကြောင်းတရား ၄-ပါးနဲ့ ပြုပြင်ထားတာ ဖြစ်သောကြောင့် ပြုပြင်တဲ့ သဘောသတ္တိကုန်ဆုံးတာနဲ့၊ တစ်
ပြိုင်နက် ပျက်စီးကြတာချည်းပဲ၊ ခင်ဗျားတို့ ဒါနမှု သီလမှု သမထအလုပ်ဆိုတဲ့ လူနတ်ဗြဟ္မာပြည် ရောက်
ကြောင်းအလုပ်တွေ လုပ်တယ်ဆိုပါစို့၊ သူ့နည်းနဲ့သူ ပြုပြင်လိုက်တော့၊ သူ့အကြောင်းရှိသလောက် အကျိုး
တော့ ပေးတာပေါ့၊ ဒါပေမယ့် အကြောင်းတရားတွေရဲ့ အရှိန်အစော် အာနုဘော်တွေကုန်တဲ့အခါကျတော့
လူနတ်ဗြဟ္မာဆိုတဲ့ အကျိုးတရားတွေဟာ ပျက်စီးသွားကြတာပဲ၊ ပြုပြင်လို့ရထားတဲ့ ဖြစ်လာတဲ့ တရားဟူ
သရွေ့ဟာ ခိုင်မြဲတယ်မရှိဘူး၊ မပြုပြင်ဘဲနဲ့ရတဲ့နေရာဖြစ်သော အသင်္ခတ..နိဗ္ဗာန်ကမှ အမြဲတည်တဲ့ခိုင်မြဲ
တာ၊ ခင်ဗျားတို့ဟာ သင်္ခတ အကျိုးတရားတွေအ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အပါယ်တံခါးပိတ်ခြင်း၊ဖွင့်ခြင်း၏အကြောင်း ရင်း
ထင်ယောင်ထင်မှား ဖြစ်နေကြသည့် ကိစ္စ
နှစ်ရပ်ရှိပါသည်။
ထိုကိစ္စနှစ်ရပ်ကား တခြားမဟုတ်ပါ။အပါယ်
တံခါးပိတ်ခြင်းဖွင့်ခြင်း၏ အကြောင်းရင်း ကိစ္စနှစ်ရပ်ပင် ဖြစ်လေသည်။
တချို့ကအပါယ်တံခါးပိတ်ခြင်း၏ကိစ္စကို လူ
တစ်ဦးစုတိကျ သေဆုံးမှ ငရဲသို့ သွား၍ပိတ်
ရသည်။ဖွင့်ခြင်းကိစ္စသည်လည်း သေလွန်ခါ
မှ သွား၍ဖွင့်ရသည်ဟု ထင်မှတ်မှားလျက်
ရှိကြပါသည်။
အမှန်မှာကား ထိုသို့မဟုတ်ပါချေ။အပါယ်တံ
ခါးကို ကျွန်တော်တို့နေထိုင်ရာ ဤလူ့ရပ်ရွာ
မှနေ၍ ကုသိုလ် အကုသိုလ်တည်းဟူသော
တရားနှစ်ပါးဖြင့် လှမ်း၍ပိတ်လျှင်လည်းရ
ပါသည်။ဖွင့်လျှင်လည်းရပါသည်။အပါယ်တံ
ခါးပိတ်သွားရခြင်း၊ပွင့်သွားရခြင်း၏အကြောင်းရင်းကိစ္စကား
ကုသိုလ်နှင့် အကုသိုလ် ကိစ္စနှစ်ရပ်သာရှိ
လေသည်။ဤသည်ကိုကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား
က အောက်ဖော်ပြပါ အဆုံးအမ တရားဖြင့်
ထင်ဟပ်၍ပြထားခဲ့ပါသည်။အဆုံးအမတ
ရား၏လိုရင်းကား မဂ်ကုသိုလ်ပြုလျှင် အပါယ်တံခါးပိတ်မည်ဟူ၍ပင်။
"ဖြစ်ပျက်ကိုရှုရင်း ရှုရင်း ဖြစ်ပျက်မြင်ပါများ
လာတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာတာပဲ
သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်အထိ
ရောက်အောင်ဆိုရင် ပြီးတာပဲ။သဘောကျ
ပလား။နောက်ထပ်ကြည့်လိုက်တဲ့ အခါကျ
တော့ အပျက်တွေမြင်၊နောက်တော့မုန်းတာ
လာမှာပဲ။မုန်းတာလာပြီးရင် ဘာထပ်လာ
မယ်ထင်သတုံး၊ဆုံးတာလာရင်ဖြင့် မဂ္ဂင်
ရှစ်ပါးပြည့်သွားမှာပါပဲ။
ဒကာဒကာမတို့၊အပါယ်လေးပါးတံခါး ပိတ်
တယ်ဆိုတာ အထူးပြောနေဖို့ လိုသေးလား
ကိုယ်ကသွားပြီးပိတ်တာလား၊မဂ်ကပိတ်
တာလား။ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့
အပါယ်လေးပါးတံခါးကို ဒီကနေပိတ်ရင်
လည်းရတယ်၊ဖွင့်ရင်လည်းရတယ်။
ဘာကြောင့်ပါလိမ့်မတုံး၊မကောင်းမှုလုပ်လို့
အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေ
ပြီး အပါယ်တံခါး ဖွင့်တာကိုး။
ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ
အပိုပြောတဲ့ စကားလား၊စည်းကမ်းတကျ
လား။အဲဒီတော့ ခင်ဗျားတို့ နေပုံထိုင်ပုံ
စည်းကမ်းမကျဘူး။ဖွင့်သာနေတယ်၊
ပိတ်ပါဆိုတော့ စည်းကမ်းမကျဘူး။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ လိုသေးတယ်ဆိုတဲ့
အပြစ်ကိုတော့ ထင်ရမယ်""
ဓမ္မမိတ်ဆွေများ အသေမဦးမီ ဥာဏ်ဦး
အောင်ဝိပဿနာများကြိုးစားအားထုတ်ပြီး
အပါယ်တံခါးပိတ်နိုင် ကြပါစေ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
Monday, October 20
မိုးကုတ်ဆရာတော်ဘုရားကြီး၏
မလွှတ်နိုင်တာသည် တဏှာ ဥပါဒါန်ကြောင့်။
မလွှတ်ရင်--------
သေတော့ အပါယ်မီးလောင်မယ်။
(မိုးကုတ်ဆရာတော်ဘုရားကြီး)
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား အမှတ် (၂)
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား အမှတ် (၁)
Monday, September 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” အပိုင် (၂)
မိုးကုတ်ဆရာတော်ဘုရားကြီး၏ “နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်” အပိုင် (၁)
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိ အစု
တရားအားထုတ်တာ ၄၅နှစ်ကြာတာတောင်
တရားမရနိုင်ဘူး။
၂။ဒိဋ္ဌိဆိုတာ ငရဲမျိုးစေ့ပါ။
၃။ယောနိသော မနသိကာရ အရေးကြီးသည်။
ငရဲမျိုးစေ့ ဝမ်းထဲရှိလျှက်နှင့် သေပျော်ပြီဆို
ခက်သေးသည်။
၎။ဒိဋ္ဌိမဖြုတ်ဘဲ အလုပ်လုပ်က နိဗ္ဗာန်မရနိုင်ပါ။
ဒိဋ္ဌိဖြုတ်လုပ်မှ နိဗ္ဗာန်ရနိုင်မည်။
၅။လိုရင်းကိုပြောရလျှင် ပုဂ္ဂိုလ်ကိုမငဲ့နိုင်ပါ။
အဝတ်ဝတ်တိုင်းဖြစ်နေတဲ့ ပဋိစ္စသမုပ္ဖါဒ်ဖြစ်စဉ်၊
*အဝတ်ဝတ်တာလား ငရဲမျိုးစေ့ရှာတာလား။
သတိမထားက အဝတ်ဝတ်တိုင်း
ဒိဋ္ဌိဖြစ်နေသည်။ အဝ













