ဒီတရား ဟာနည်းနည်းတောရှည်ပါတယ် စိတ်ရှည် သီးခံပြီ ပြီးဆုံးအောင် နည်းနည်းစိ ဖတ်ကြစေချင်ပါတယ် ဒိတရားကိုလဲ သံဝေဂ လိုဆိုသည်ထက် မိမိ ဖြစ်စဉ်အမှန်ပဲ သစ္စာ မသိရင် ဒီတိုင်းပဲသွားမှာပဲ ဒါဟာ လောက နိယာမ လိုမှတ်ကြစေလိုပါတယ်
ရေမျောတဲ့ပုဂိုလ် ဖြစ်စေ အဆွဲလွဲလိုရှိရင် သစ်ကိုင်းခြာက်ဆွဲမိရင်ပြုတ်တာပဲ ရေမျောတဲ့ ပုဂိုလ်တွေလဲထိုအတှုပဲ မိရာဖမ်းဆွဲ များသော်လဲ ဆွဲလိုက်တဲ့ သစ်ပင်မခိုင်လို ရှိရင်ဖြင့် ဒီသစ်ပင်ကပဲ ကိုယ်အပေါ် ပြန်ပိသေးတယ် ဒါကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောတော်မှုပါတယ် ဘယ်လိုဟောတော်မှုသလဲဆိုတော တကာ တကာမ တွေဖြစ်စေ လှုတွေဟာ ဆရာကောင်း သမားကောင်းနဲ မကြုံလိုရှိရင် ဆွဲမိဆွဲရာဆွဲ လွမ်းမိလွမ်းရာလွမ်း ဆိုသလို စွဲလွမ်းမှုတွေနဲ အချိန်ကုန်ပြီးနေကြ သဖြင့် သှုတိုဆွဲလိုက်လို သှုတို ဆွဲကိုင်ရာနဲ သှုတိုပြန်ပိလို သှုတိုပဲ ဒုက္ခ ရောက်မယ်ဟေ့ လိုဘုရားကဟောပါတယ်
ဥပမာ ဘယ်လိုဟောလိုက်လဲဆိုတော အရှဘက်ကနေပြီ အင်မတန်ပြင်းထန်လှစွာသော ရေကြီးစီးပြီး ချောင်းကြီးထဲသိုရောက်လာတယ် ရောက်လာတယ် မသိ မလိမ္မာ လို ရေကိုရေမှန်း မသိလို ဆင်းလာပြီ ဆိုမှဖြင့် ရေကလဲ အင်မတန်ပြင်းထန် သဖြင့် ရေထဲမှာ မျောရှာတယ် ရေ စီးတာကိုစီးမှန်းမသိဆင်းလာတော ရေကအစီးသန် ရေစီးကသန်သဖြင့် မျောရရှတယ် ဆိုတော ရေမျောတဲ့ ပုဂိုလ် ဟာအားကိုးရှာလိမ့်မည်ဆိုတာဖြင်ံ အထင်ရှားဖြစ်ပါတယ်
အဲတော အားကိုးရှာတော ပက်လက်လဲမျော မှောက်ယက်လဲမျော အမျိုးမျိုး အဖုံဖုံ မျောပြီ မျောလာတာ လမ်းမှာ ကမ်းနား သစ်ပင်ဆိုတာတွေကရှိတယ် အဲဒီကမ်းနား သစ်ပင်တွေကို သှုကဖြင့် ဒါဖြင့် ရေမှ တည်ရာပဲ ဆိုပြီး သကာလ သစ်ကိုင်းလေး ဆွဲလိုက်တယ် ထိုကဲ့သိုဆွဲလိုက်သော ကမ်းနား သစ်ပင် ကနဂိုကတည်းက ရေစားလို အမြစ်တွေကပေါ် နဂိုက မခိုင်တခိုင် နေတာလေး သွားပြိး ဆွဲလိုက်တော ဒီအမြစ်နဲ တကွ ဆွဲလိုက်တဲ့ သစ်ပင် ဟာ ကိုယ်အပေါ်မှာရောက်ပြီ မြေစိုင်နဲတကွ အမြစ်တွေပါ ပြုတ်ကျလာပြီ ဆွဲတဲ့ ပုဂိုလ် အပေါ်မှာလဲ ပိရတယ် ပါးစပ်ထဲ့ဝင်မျက်လုံးထဲ့ဝင်ပြီ သကာလ မြေမှုန်တွေ ဝင်လာပါတယ် အော်အားကိုးရမှာလားလို အားကိုးရှာလိုက်တာ တကာ တကာမ တို
သေသေချာချာ ဥာဏ်နဲ စဉ်းစားတော အားကိုးမှုကြောင့် ဒုက္ခ ပိုရောက်ပါလားအားကိုးရှာလိုက်တာလေ ဒါနဲဒီလိုပဲ မျောမျော သွားရော ကမ်းနား သစ်ပင်တွေက်ုလျောက်ဆွဲ တော ကိုယ် အပေါ်မှာပဲ ပြန်ပိ ဒီလိုချည်းပဲ သွားနေတော ဒီပုဂိုလ် သည် ကိုးစားရာ အားထားရာ ရပါမလား မရပါဘှုး မရတာ ကြာတော ရေကြီးကသန် ကမ်းနားသစ်ပင်ကို ဆွဲလိုက်ရင်လဲ ကိုယ်အပေါ် ပဲပြုတ်ကျ ဘယ်မှာသာလျင် သှုမှာ အားကိုးရာ အားထားရာ မြင်ဦးပါမည်နည်း
ဆွဲလေသမျှလဲ အမှားကြီး ပဲကို မြုတ်ခြင်းနဲအဆုံးသတ်သွားရတယ် နဂိုကလာတာ ကမ်းနားသစ်ပင်တွေကိုဆွဲဆွဲလာတော မြေစိုင်တွေ သှုမျက်လုံးထဲ့ဝင်သှုကိုယ်ပေါ်ပိ မျှောရာကနေ မြုတ်လာတော ရေမျှော သမားကိုမြင်ရလို၇ှိရင် အော်သနားစရာကောင်းလိုက်တာ ရေမျောလို ခိုးကိုးရာ ရှာပါတောလား ခိုးကိုးရာသစ်ပင် ကပြုတ်ပြီ သှုအပေါ်ကျပါပေါလား သှုသာလျင် ဒုက္ခ ရောက်ပါပေါလား ခိုးကိုးရာ အားထားရာသည် ဘယ်ခါကာလမှ သှုမရရှာပါလားဆိုတာကို အထင်ရှား မမြင်သား ဖြစ်ပါလိမ့်မည် အဲတောသှုမှာ မျောနေတဲ့ အခါ မြေစိုင်တွေက သှုအပေါ်ပြုတ်ပြုတ် ကျသောကြောင့် နဂိုက တစ်ယောက်တည်း မျောတုန်းကအမျော သက်သာသေးတယ် ကိုးစားရာ အားထားရာ ကမ်းနားသစ်ပင်တွေရှာလိုက်တဲ့အခါကျတော ကမ်းနားသစ်ပင်တွေက ပြုတ်ခါ ပြုတ်ခါ နဲသှုအပေါ်မှာ ပိပိလာသောကြောင့် မျောရာကနေ မြုတ်ရ၇ှာတယ် သနားစရာကောင်းတယ် သနားစရာ အမတန်ကောင်းပါတယ် ဒကာ ဒကာမတို ရေမသိလို ရေထဲ ဆင်းလာ ဆင်းလို ရေစီးကသန်တောမျော မျောတော အားကိုးရှာ အားကိုးရှာတော သှုအပေါ်ပိကျ ပိကျတာနဲ မျောရာကနေ မြုတ်ခြင်း လမ်းဆုံးရတယ်ဆိုတော အတော်လေးကိုပဲ ကံဆိုးမိုးမှောင်ဖြင့် ကမ်းကုန်ပါပေါလား
အေဘုရားသခင်ကိုယ်တော်မြတ်ကြီးလဲ ဟောတော်မှုပါတယ် ထိုအတှုပဲ ဒကာ ဒကာမတိုလဲ အခုသံသရာ ရေကြီးထဲ မျောနေကြပါတယ် ဘာကြောင့် သံသရာရေ တဏှာ ရေထဲမှာမျော၇ပါသလဲ လိုမေးလိုရှိရင် ဒကာ ဒကာမတိုက လှုပြည်ရောက်ရပါလို၏ ဆုတောင်းတော မျောလာကြတယ် လှုပြည် တဏှာ ရေထဲ့မျောလာကြတယ် ဆုတောင်းတာက တဏှာကိုဗျာ အဲဒီ တဏှာ ရေကမျောလိုက်တာနဲ တဏှာရေက ရေကြမ်းကြီးကို အကုသိုလ်ရေကို အကုသိုလ် ဆိုတာက သိပြီးအတိုင်း ရေကောင်းတော မဟုတ်ဘှုး ရေဆိုးကြီး ကြမ်းတမ်းတဲ့ရေပဲ ဆိုတာ ငြင်းဖိုမလိုတောပါဘှုး
ဘယ်ရောက်လာကြတုန်း လှုပြည်မှာ လှုအဖြစ်နဲ ဆုတောင်းလိုက်သောကြောင့် ဆုတောင်းတဏှာက မျောတာနဲ အခုဖြင့်မျောလာကြပြီ အဲတော ဒကာ ဒကာမတို အခုဘာဖြစ်နေကြတာလဲ ဆိုတော မျောတုန်းပါပဲ ဘယ်ရေထဲ မျောလာကြတာလဲ ဆိုတော ကိုယ်ဆုတောင်း တဏှာ ရေနဲ မျောလာကြတာ
ကိုယ်ဆုတောင်းရေနဲ မျောလာ တောဒီကျတော ဘယ်သှုကိုအားကိုးရင်ကောင်းမလဲ စားဖို သောက်ဖို နေဖို ထိုင်ဖို အားကိုးရှာတယ် အားကိုးရှာတော အမေ အားကိုးတော အမေ ကအနိစ္စ မိုပြုတ်ကျ ကမ်းနားသစ်ပင် ကိုဗျာ အဖေ အားကိုး အဖေ ကအနိစ္စမို ပြုတ်ကျ ကိုယ်မှာပဲ ရင်ကွဲပက်လက်နဲ အမေနဲ ခွဲရပါပေါ ငိုခြင်းချတယ် အင်းပြုတ်ကျပြီး တဏှာရေ မျောလာရတဲအထဲမှာ အမေ ရယ်လိုအားကိုးရပါမလားလို အောက်မေ့တယ် အမေကလဲ အနိစ္စ ခန္တာကိုယ်မို သား သမီးတွေ ရင်ကွယ်ပက်လက် ဖြစ်ကြတယ် ဘယ်နဲကြောင့် ဒီပုဂိုလ် ရင်ကွဲပက်လက် ဖြစ်ရတာလဲ တဏှာ ရေထဲမျောလာတာ အမေနဲ အဖေ အားကိုးပြီး လာကြတာ အားကိုးမရတော ဘယ်သှုပေါ်ပြုတ်ကျတာလဲမျောတဲ့ သှုအပေါ်ပြုတ်ကျတယ် သှုပဲ ငိုရရှာတယ် သှုပဲရင်ထုရရှာတယ် သှုပဲမျက်ရည်လှုးရရှာတယ် အမေဆိုတာအားကိုးလောက်တယ်ဆိုပြီ အမေ ဖေ ရှိရင်တိုဘာပှုစရာ၇ှိတုန်း အားကိုပြီးနေပါမယ် ဆြို့ပီး ဆွဲလိုက်တယ်အခါ အမေ အဖေ ကအနိစ္စ ခန္တာကိုယ်တွေ ဖြစ်လို ဘယ်သှုပေါ်ပြုတ်ကျလဲ တဏှာဆိုတောင်းပြီး မျောလာတဲ့ပုဂိုလ် အပေါ်ပြုတ်ကျတာ
အခုတောဖြင့် ဒကာ ဒကာမတွေ ဘယ်လိုများနေကြပါလဲဆိုတော ပြုတ်ကျတဲ့ ဥစ္စာတွေပဲ တွေခဲ့ရတယ် တိုဖြင့် တတ်နိုင်တယ် ရေလွတ်ပြီ ဆိုတဲ့ တက်မယ်လှမ်းမယ် ခိုကိုးရာမရသေးဘှုး အခုအမေဆိုတာလဲ ကမ်းနားသစ်ပင်နော် အဖေဆိုတာလဲ ကမ်းနားသစ်ပင်နော် အမေ အတွက် အဖေအတွက် ပြုတ်ကျလို ကိုယ်အပေါ်မှာ ဒုက္ခ ရောက်ပြီးကျပြီးလားမေးရင် ရောက်ပြီးကြပါပြီ မရောက်ရသေးတဲ့ သှုများလဲ ကြုံရမှာပါပဲ ဆိုတာ သတိရှိကြပါ သမီးဆိုရင်လဲ အမေအားကိုး အဖေအားကိုး သားဆိုရင်လဲ အမေအားကိုး အဖေအားကိုးပြီးနေကြတာ အခုတောဖြင့် တောင်ကြီးပြိုလိုကမ်းကုန်ပါပေါလား ဆိုတာကို လှုတိုင်းတွေဖှုးကြပါလိမ်မည်
ကြည်စမ်းရေမျောလိုအားကိုးရှာတာ ကမ်းနားသစ်ပင်တွေကို အနိစ္စ ခန္တာတွေကို အားကိုရမှာလားလို အားကိုးတာ ကိုယ်အပေါ်ပြုတ်ပြုတ်ကျတယ် မျောလာတဲ့ သှုတွေအပေါ်ပြုတ်ပြုတ်ကျတယ် တဏှာရေကြီးမျောလာတော ဘယ်သှုကို အားကိုးရမှာလဲ အားကိုးလိုက်တော တဖြုတ်ဖြုတ် နဲ အမေတွေသေ အဖေတွေ သေ အားကိုးမရတဲ့ အပြင် မျက်ရည်ကြီးငယ်ကျပြီး ဒေါမနသ စိတ်ဆင်းရဲ့ခြင်း ဒုက္ခ ကိုယ်ဆင်းရဲ့ခြင်း တွေနဲ ပဲအချိန်ကုန်ခဲ့ရတယ်
ကိုင်ရှေဖြင့် ဘယ်သှုကိုအားကိုးကြမှာပါလဲ အိမ်နောင်လဲကျလာတော သားလင် ခင်းပွန်းတွေကိုအားကိုးကြပြန်တယ် အားကိုးကြတာကလဲ သှုတိုကလဲ အနိစ္စ ကမ်းနားသစ်ပင် ပြုတ်ဦးမှာပဲ ခိုင်ပါမလား ဘာခန္တာလဲ အနိစ္စ ခန္တာ ကမ်းနားသစ်ပင်တွေလေ အမေ အဖ ပြုတ်ကျတာကို သိပြီ ရှေကမ်းနားသစ်ပင်တွေကို ထပ်အားကိုးရင်မျောချင်သေးလို မြုတ်ချင်သေးလို အားကိုးကြတာ ပဲလိုသေသေချာချာ စဉ်းစားကြပါ ဘယ်လောက်များဆိုးဝါးပါသလဲ လို
ဆိုတာ အထှုးပြော စရာမလိုတောပါဘှုး တယ်ကြောက်စရာကောင်းပါလား အခုအစုံလင်ရှိနေတဲ့ လှုတွေရောဘာဖြစ်မှာလဲမေးရင် ပြုတ်ကျအုံးမှာပဲ ရှေပြုတ်နောက်ပြုတ်ပဲ ဆိုတာကိုအောက်မေ့ပါတော ပြုတ်တိုင်းပြုတ်တိုင်း ဘယ်သှုအပေါ် ပိမှာလဲမေးပါအုံး တဏှာရေနဲ မျောလာတဲ့သှုတွေ အပေါ်ပြုတ်ကျမှာပဲ ဒါဖြင့် ဒကာ ဒကာမတို မှာရှေလဲ စိတ်ချစရာ မရှိပါလား နောက်လဲ ဆွဲခဲ့လိုပြုတ်ကျခဲ့ပြီ ရှေလဲ ထပ်ပြီး ကမ်းနားသစ်ပင်တွေကို အားကိုးရင် မျောချင်သေးလို မြုပ်ချင်သေးလိုဆိုတဲ့ သဘောရောက်ပါတယ်
အားကိုလေသမျှ ပြုတ်ကျတဲ့ ကမ်းနားသစ်ပင်တွေကို အားကိုတော ကိုယ်ကျိုးကြီးနေပါပေါ လက်ရုံးကြီးပြုတ်ပါပေါ ဆိုပြီး ဒီအပေါ်လာပိတာပဲ အဲတော ဒကာ ဒကာမတွေ အားကိုးနေတာ ကပြုတ်ကျမယ် ကမ်းနားသစ်ပင်တွေပဲလို မှတ်ကြပါ အဘယ်ကြောင့် ဘုရားသခင်ကိုယ်တော်မြတ် ဒီလောက်ထိဟောရပါသလဲ ဆိုတော အနိစ္စ ခန္တာကိုယ်မို ဒကာ ဒကာမတိုက တဏှာရေမျောလာ တော အားကိုးရှာတော ကမ်းနားသစ်ပင်တွေကိုဆွဲတော ကိုယ်အပေါ်ပြုတ်ကျ ကိုယ်ပဲပိ ကိုယ်ပဲမြုပ်ရတယ် မဆွဲံရင် သှုအလိုလို ပြုတ်မှာပဲ ပြုတ်ရင်လဲ မြစ်ထဲပဲပြုတ်ကျမှာပေါ ကိုယ်ကဆွဲလိုက်တော ကိုယ်အပေါ်ပြုတ်ကျတာပေါ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကလဲဟောထားတာမြင်တော ဘုန်းကြီးများကလဲ ဒီတိုင်းသာထားရင် မဖြစ်တောဘှုး ဒီလိုကယ်မှပဲ ဒီလိုဆယ်မှာပဲဆိုပြီ သှုတိုကဖြင့် ကမ်းနားသစ်ပင် မှန်းမသိ မခိုင်မှန်းလဲမသိ မြုပ်ချင်သေးတယ် မျောချင်သေးတယ် ဒါတွေကိုမြင်တော ဘုန်းကြီးများက တရားဟောနေတာဆိုတာ မှတ်ထားပါ အေဘုရားပွင်လာတာလဲ ဒကာ ဒကာမတို၏ ဒီတိုင်းသာမှတ်ကြပေတော
ဒါဆို ဒကာ ဒကာမတို အားကိုးလေသမျှ ယခုကစပြီ မခိုင်မှန်းသိကြပါတော ရုပ် နဲ နာမ် မို အနိစ္စ မခိုင်မှန်းသိကြပါ အဲတာကို သမီးလေး အားကိုပြန်ရင်လည်း ဒါလေးတွေက ဘာပါလဲ ကမ်းနားသစ်ပင် အနိစ္စ ခင်ပွန်း အားကိုးလိုက်ရင်လဲ ကမ်းနားသစ်ပင် အနိစ္စ ခင်ပွန်းမ အားကိုးလိုက်ရင်လဲ ကမ်းနားသစ်ပင် အနိစ္စ လောကကြီး ထဲမှာဖြင့် ခိုကိုးရာ အားထားရာ မရှိပါဘှုး လောကအပြင်ဘက်မှာ သာလျှင် နိစ္စ ဆိုတဲ့ နိဗွ့ာန် သာလျှင် အားကိုးရာ ခိုးကိုးရာ ခိုင်မြဲတယ် ဘယ်သှုပဲလာအောင့်အောင့် ပြုတ်ကျတယ် ဆိုတာမရှိဘှုး
ဘုန်ကြီးတိုပြောတာတွေ နည်းပါသေးတယ် ဒကာ ဒကာမတို နောက်တုန်းကပြုတ်ခဲ့တာတွေ မပြောပါနဲ့ တော ဒီဘဝ တင်ပြုတ်ကျခဲ့တာတွေ ကြုံခဲ့ကြရပြီ သံသရာ မပါသေးဘှုး အတိတ်ကပြုတ်ကျခဲ့ တာတွေ မထည့်သေးဘှုး ဒီဘဝ ကို့ပဲကြည်ပါ ကိုယ်နဲ ကုန်အရောင်းအဝယ် လုပ်နေတဲ့သှုတွေကလဲ ပြုတ်ကျ ဖောက်သည်တွေကလဲ ပြုတ်ကျ သှုငယ်ချင်းတွေကလဲ ပြုတ်ကျ ဆွေမျိုးညာတကာတွေလဲ အကုန်ပြုတ်ကျ ကိုယ်အလုပ်တွေ စီးပွားတွေလဲ ပြုတ်ကျ အားကိုတဲ့ ပုဂိုလ် တွေမှာဖြင့် လောဘဇော နဲမြုပ်လမ်းပဲသွားနေတာ ရိပ်မိပြီလား အဲတောလောကကြီးမှာဖြင့် ကမ်းနားသစ်ပင် အနိစ္စ သာရှိတယ် အားထားရာ ခိုကိုးရာ မရှိဒါကို ယခုကစပြီ သေသေချာချာမှတ်ပါ
ဘယ်သှုကိုမှအားမကိုးတောဘှုး ကမ်းနားသစ်ပင် အနိစ္စ တွေကိုအားမကိုးတောပါဘှုး ဆိုရင် ဘယ်သှုအားကိုမှာလဲ မဂွင်ရှစ်ပါ ဝိပသနာ ကိုသာအားကိုပါ မဂွင်ဖောင်ကြီင်္းကိုသာ အားကိုကြပါ ဘယ်လိုရေ ဘယ်လိုလှိုင်းတွေပဲလာလာ ဘယ်လိုရေကြမ်းတွေပဲ ဘယ်လိုဝဲတွေပဲ လာလာ သှုဖြင့် မျောအောင်မြုပ်အောင်မလုပ်နိုင်ဘှုး ဆန်တက်တဲ့ မဂွင်ဖောင်ကို ကိုယ်ပိုင်ရမှာသာလျင် ကိုယ်ပေါ်ပြုတ်ကျတာတွေ လွတ်ပြီ သကာလ ဆန်တက်တဲ့ နိဗွ့ာန် ခိုင်မြဲတဲ့ နိဗွ့ာန် ကိုကိုယ်ပိုင်ရပါပြီ ဒါဖြင့် ယခုအချိန်ဖြင့် ဖောင်မရှိရင်ခက်သေး ဒါကြောင့် မဂွင်ဖောင်ကြီးဆင်ပြီ သကာလ ဟောဒီမဂွင်ဖောင်ကြီးကို ဝမ်းထဲကမထွက်စေနဲ
ဒါကြောင့် လောကကြီးထဲမှာဖြင့် အားကိုးရာ မရှာလိုက်ကြပါနဲ ကိုယ်ကိုတိုင်ဆွဲကြည်တော ပြုတ်ကျတာ့ပဲ ကြီးတဲ့ပုဂိုလ်မိုသေတာ ငယ်တဲ့ ဟာကိုဆွဲမယ်ဆိုပြီ မဆွဲလိုက်ပါနဲ ငယ်တယ်ဟာလဲပြုတ်ကျမှာပဲ တချို ဒကာ ဒကာမတွေ ကဒီလောက်ပြုတ်ကျနေတာမြင်တာတောင်မှ မလျောသေးဘှုး သှုတိုကိုအားမကိုးဘှုး ကိုယ်ဟာကို အားကိုးမယ့်ဟာ လာလိုက်သေးတယ် ကိုယ်ခန္တာ ငါးပါးအားကိုးပြန်တယ် ဖျင်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲတော အားကိုးပြောင်းပြန်ပြီ ဘယ်ကိုအားကိုပြောင်းတာလဲ ကိုယ်ခန္တာကိုယ် ကိုအားကိုးပြန်တော သှုများအားကိုလဲ မရဘှုး ကိုယ်လက် ကိုယ်ခြေ ကိုအားကိုးမယ့်ဟ ဆိုပြီ လှုစွမ်းကောင်းတွေလဲရှိသေးတယ် ဘာအားကိုးလဲဆိုတော မျက်လုံးလေးရှိတော မျက်လုံးအားကိုးတယ် နားရှိတော နားအားကိုးတယ် အရင်မခိုင်တာသိသိကြီး နောက်မခိုင်တာပြောင်းလိုက်ပြန်ပြီ
အခုကြည်စမ်း ကိုယ်ကိုကိုယ် အားကိုးမယ့်ဆိုပြီ အားကိုးကြတာ မဆိုးမတွေလဲရှိတယ် မဆိုးဖိုတွေလဲရှိတယ် ကိုယ်ကိုကိုယ် အားကိုးမယ်ဟ ဘယ်သှုရှိရှိမရှိ ထွက်သွားဟ ဆိုပြီးဆွဲပြန်တယ် ဘယ်သှုကိုအားကိုလဲ ခန္တာ ငါးပါး အားကိုပြန်တယ် မျက်လုံး ဆိုလဲ ဥပေက္ခ ဝေဒနာ နားဆိုလဲ ဥပေက္ခာဝေဒနာ နှာခေါင်းဆိုလဲ ဥပေက္ခာ ဝေဒနာ အားကိုပြန်တယ် လျာဆိုတဲ့ ဥပေက္ခာ ဝေဒနာ ကိုယ်ဆိုတဲ့ သုခ ဒုက္ခ စိတ်ဆိုတဲ့ ဝမ်းထဲမှာပေါ်တဲ့ သုခ ဒုက္ခ ဥပေက္ခာ တွေကို အားကိုပြန်တော သှုတိုကလဲ အနိစ္စ ဘယ်သှုပေါ်ပြုတ်ကျမှာပါလဲ ကိုယ်အပေါ်ပြုတ်ကျမှာပါပဲ ဆွဲတဲ့ ပုဂိုလ် အပေါ်မှာပဲပြုတ်လိမ့်မည် ဒီနေဟောတဲ့ တရားဟာဖြင့် ဘယ်က သားလင် ခင်ပွန်းကိုလဲအားမကိုးပါနဲ ဆွေမျိုးညာတကာတွေလဲအားမကိုးပါနဲ ကိုယ်ကိုကိုယ်လဲ အားမကိုးပါနဲ သှုတပါးကိုလဲ အားမကိုးပါနဲ အနိစ္စ သာမှတ်ပါ နဂိုက အားကိုးထားလို သားသေလို ငို သမီးသေလိုငို ခင်ပွန်းသေလိုငို ခင်ပွန်းမသေလိုငို ဆွေမျိုးညာတကာသေလိုငို ခဲ့ကြတာတွေ မနည်းတောပါဘှုး သံသရာနဲကြည်ရင် မျည်ရည်ကြီးငယ်ကျခဲ့ကြတာတွေ
ဒါဖြင့် မိမိတိုဥာဏ်ကိုသာမိမိအားကိုးရမယ့်ဆိုတာ ကိုဝထ္ထုတိုလေး နဲ တကွရှင်းပြပါမယ့်ရှေက ဘုရားလက်ထက်က ကလေးမလေး တစ်ယောက်ရှိတယ် သှုက အပျိုအရွယ်တုန်းကတည်းက ဘိက္ခုနီမ ဝတ်ဖိုစိတ်ဆန္ဒ ရှိတယ် အမေ မိဘကလဲ သမီးတစ်ယောက်တည်းဆိုတော ရွေပေါ်မြတင်ထားပြီ အလွန်ချစ်တယ် မခွဲနိုင်ဘှုး မခွဲနိုင်ဘှုးဆိုတော သမီးကလဲ သှုတော်ကောင်းစိတ်ကလေးရှိတော ဘိက္ခုနီမ ဝတ်ပြီ ဒီအဝတ်နဲပဲ နိဗွ့ာန် ကိုမျက်မှောက်ပြုချင်တယ် အိမ်နောင်သားမွေးအစရှိသော ဒီအလုပ်ကို မလုပ်ချင်ဘှုး မလုပ်ချင်တော အမေ မိဘ ကလဲ အမွေးစားအမွေခံ မရှိပြန်တော ဒီကလေးမကို အတင်းပဲ တစ်ယောက်သော သတိုးသားနဲ အိမ်နောင်ချပေးလိုက်တယ် အိမ်ထောင်ချပေးလိုက်တော အမေ မိဘ ကိုမလွန်ဆန်နိုင်တော ယောင်္ကျားနောက်ကိုလိုက်ရရှာတာပေါ ဒါနဲလိုက်ပြီး သွားတော ထိုသတိုးသားနဲ အတှုနေတော ထိုသတိုးသားကို သှုအကျိုးကြောင်းရှင်းပြတယ် နှစ်လ သုံးလကြာတော သှုပြောတယ် ကျမဟာ ဘယ်သှုနဲမှလဲ ပေါင်းသင်းဆက်ဆံလိုသော စိတ်မရှိဘှုး သိုရာတွင် အမေ မိဘ များကလဲ သမီးတစ်ယောက်တည်းဆိုတော သှုတို အမွေအဆက်ပြတ်မှာကိုစိုးရိပ်တာနဲ ရှင်နဲ အိမ်ထောင်ချပေးလိုက်တယ်
ကျမ နဂိုစိတ်ကဖြင့် ဘက္ခုနီမ လုပ်ချင်တာအမှန်ပဲ အရင်တုန်းကဖြင့် အမေ မိဘ ဆီမှာ ခွင်းတောင်းပါတယ် ထိုကဲ့သို တောင်းပေမယ့်လဲမရပြန်ဘှုး အဲတာနဲ ရှင်နောက်ကိုရောက်လာတယ် အခုတော ကျမကို အမေ မိဘ ကမပိုင်တောဘှုး ရှင်ကပဲပိုင်တယ် အဲတာကြောင့် ကျမရဲ့ ပါရမီ ဖြည့်တဲ့အနေနဲ ဘိက္ခုနီမ လုပ်ခွင်ပေးပါ အကျိုးကြောင်းပြောပြတော ယောင်္ကျားကလဲ သှုတော်ကောင်းစိတ် ရှိတော ကောင်းပြီလေ ငါကပဲ ဘိက္ခုနီမ ကျောင်းကိုလိုက်ပို ပါမယ့် ဆိုပြီး ကျောင်းကိုရောက်သွားတယ် ဒါနဲ ဘိက္ခုနီမကျောင်းကိုရောက်တော သှုနဲ ပေါင်းသင်းဆက်ဆံ နှစ်လသုံးလနေခဲ့တော သှုမှာကိုယ်ဝန်ကပါသွားတယ် ကိုယ်ဝန်လေးပါသွားတော ကျောင်းကိုပိုထားတာကလဲ ဘယ်ကျောင်းကိုရောက်သွားသလဲဆိုတော ဒေဝဒတ် တိုအုပ်ချုပ်တဲ့ကျောင်းကိုရောက်သွားတယ် ဒါနဲ့ အဲဒီမှာ ကိုယ်ဝန်လေးက ကြာတော အဲဒီက ဒေဝဒတ်ဘိက္ခုနီမ တွေကပြောတာပေါ ဘိက္ခုနီမ တစ်ယောက် ဒီလိုဒီလိုဖြစ်နေတယ် ဒေဝဒတ်ကလဲ ဘုရားနဲ ပြုင်တုန်းဆိုတော သှုကလဲဂုဏ်ယှုချင်တာနဲ ဘိက္ခုနီမ ဒီလိုဖြစ်ရပါမလားဆိုပြီထွက်စေ သှုကအမိန်ထုတ်လိုက်တယ် ဒါဖြင့် ဘိက္ခုနီမ ကလဲထွက်ရတာပေါ ဒါဖြင့်ဒီကိုလဲနေချင်ပါဘှုး ဂေါတမ ဘိက္ခုနီမ ထဲနေချင်တယ်ဆိုတော ကြိုက်ရာသွားဆိုပြီ မြတ်စွာဘုရား ဘိက္ခုနီမ ကျောင်းသိုရောက်လာတယ်
ရောက်သွားတော ဘိက္ခုနီမ တွေကမသိဘှုး ဘုရားကတောသိတယ် သှုဘိက္ခုနီမ ဘဝနဲရတဲ့ကိုယ်ဝန်မဟုတ်ဘှုးဆိုတာ သိတယ် ဘိက္ခုနီ မဘဝမှာသှုကအသန်ရှင်းကြီး ဘုရားကတောသိတယ် သိုသော် ဒေဝဒတ် နဲ့ အပြိုင်ဖြစ်နေတော ဒေဝဒတ်က မသိပဲလက်ခံထားတယ်ဆိုတာကိုပြောမှာကိုလဲ စိုးရသေးတာပေါ ဒါနဲဘုရားက ဝိင်္သခါတို ကျောင်းအမတွေ ဘိက္ခုနီမတွေ ခေါ်ပြီ သှုကိုယ်ဝန် ခြေလက် အင်္ဂါဖြစ်ပုံနဲ့ ပဋိသန္တေ ဖြစ်ပုံကိုလတွက်ချပြီ ပြမယ်ဘုရားကတောသိပြီးသားပေါ သိပြီးသားပေမယ် ဝိင်္သခါတို ဘိက္ခုနီမ တိုကို အမျိုးမျိုး အဖုံဖုံ့မိန်းမအချင်းချင်းဆိုတော စစ်လိုက်တဲ့ အခါ ဘယ်ဘိက္ခုနီမ ဖြစ်မှရတဲ့ ကိုယ်ဝန်မှမဟုတ်တာ ဟိုလှုဝတ်ကြောင်ကတည်းကပါလာတဲ့ ကိုယ်ဝန်ဖြစ်နေတော
အဲဒါနဲပဲဘုရားသွားလျောက်တော အေဒါဖြင့် သတ်သေ ကဖြင့်လုံလောက်ပြီ ဘုရားကလဲချီမွမ်းပြီ ဒီမှာပဲ ဘိက္ခုနီမ ကျောင်းမှာပဲနေစေ ဆိုပြီးအမိန်ထုတ်လိုက်တယ် နောက်တော အများမကြာမိ ကလေးလေးတစ်ယောက်မွေးမွားလာတယ် ကလေးလေးမွေးဖွားလာတော ကောသလမင်းကြီးကလဲဘုရားကျောင်းတော်သွားတော ဘိက္ခုနီမ ကျောင်းနားကနေဖြတ်ပြီသွားရတယ် သွားရတယ်အခါကျတော ဘိက္ခုနီမ ကျောင်းနားက ကလေးငိုသံကြားတယ် ဘာတုန်းမေးတယ်အခါကျတော အရှင်မင်းကြီး ဘုရားနဲ့ ဘိက္ခုနီမ တို စုံစမ်းစစ်ဆေးထားတဲ့ ကလေးလေးပါ အော် ဒါဖြင့် ကလေးနဲ ကျောင်းနဲ မသင့်တော်ဘှုး နန်းတော်ထဲကိုပိုလိုက် ဆိုပြီ နန်းတော်သို ခေါ်သွားတယ် ကလေးလေးကို အမေကလဲ ဘာမှပြောပိုင်ခွင်မရှိဘှုး ဘုရင်ဆိုတော နန်းတော်ပိုလိုက်တော ကောသလမင်းကြီးက မွေးစားတာပေါ ကလေးလေးကအရွယ်ရောက်လာတော ကုမာရ ဆိုပြီး နာမည်ပေးလိုက်တယ် ကိုမာရ ဆိုတာ မြန်မာလိုပြန်ရင် သှုငယ်ကလေးပါ ဒါနဲ ဒီသှုငယ်လေးကလဲ ရှင်ဘုရင် သားအဖြစ်မွေးစားထားတာဆိုတော ရှင်ဘုရင်သားတွေနဲ သှုအရွယ်တှုတွေနဲ ကစားကြတာပေါ ဒိုး ထိုးတမ်းကစားကြတောသှုကအမြဲနိုင်တယ် အမြဲနိုင်တော ဒိုးတွေလဲကုန်တော မပေးနိုင်ဘှုး မပေးနိုင်တော ထိုးကြတာပေါ ရန်ဖြစ်ကြတော ကလေးတွေကသှုကို အမေ အဖေ မရှိတဲ့သားဆိုပြီးဆဲဆိုကြတာပေါ ဒါကိုသှုကကြားတယ် ငါအမေ အဖေ မရှိဘှုးလိုပြောနေတယ်သှုတို ဆိုပြီး ဘုရင်ဆီသွားမေးတယ် ကေသလ မင်းကြီးသွားမေးလိုက်တယ် ကျုပ်ကို ကလေးတွေကဆိုနေတယ် အမေ ဖေ မရှိတဲ့သား ဆိုပြီးပြောနေကြတယ်
အမေ ဖေမရှိတဲ့ သားကတိုကိုနိုတ်စက်တယ်ဆိုပြီ အော်အော်ပြီးဆိုနေကြတယ် လိုမေးတော သှုတိုက ကလေးဆိုတော ဘာသိမှာလဲ ငါမင်းအဖေ ဆိုပြီ
ဟောတာတွေလဲ နိုထိန်းတွေပြပြီ ဒါမင်းအမေ နောက်ဒါနဲ သှုနည်းနည်းလေးငြိမ်သွားပြန်တာပေါ နောက်ပြန်သွားကစားပြန်တော ဒီအသံပဲထွက်လာတယ် မကျေနပ်ဘှုး သှုကိုယ်သှု သံသယရှိနေတယ် ငါအမေ ဖေ မရှိပြောနေတယ် ဒါနဲ ကောသလ မင်းကြီးကို အတင်းအဓမ္မ မေးတော ကောသလ မင်းကြီးက အော်ဒီကလေးက တယ်ပါးတဲ့ ကလေးပါလား ယုံကိုမယုံဘှုး သုံးလေးခေါက် ထပ်မေးနေတယ် ဒါနဲအမှန်ပြောလေမှပဲ မင်းအမေ ကဘိက္ခုနီမ မင်းဘိက္ခုနီမ ကျောင်းမှာမွေးတော ဘိက္ခုနီမ ကျောင်းနဲ မတော်တာနဲ မင်းကိုငါမွေးစားထားတာ ဆိုတော ဒီကလေးဟာ ခုနှစ်နှစ် ရှစ်နှစ်ပဲ ရှိသေးတယ် သံဝေဂ ဝင်လာတယ် တယ်ဆိုးတဲ့ ကံပါလား ငယ်ငယ်ရွယ်ရွယ်နဲ အမေ ဖေတွေနဲ ခွဲကွာပြီနေရတာ ငါကံတယ်ဆိုးပါလား ဆိုပြီ သံဝေဂ ဝင်လာတယ်
ကဲဒီလောက်ဆိုးတဲ့ ကံကို ကံကောင်းလုပ်မှဖြင့် တော်မယ် ကံ ဆိုးကို ကံကောင်းလုပ်တောမယ် သှု ဒကာ ဒကာမတွေ ရိပ်မိကြလား
ကံဆိုးကို ကံကောင်းလုပ်ကြပါ ဘာဖြစ်လိုလဲဆိုတော သားရေးသမီးရေးစီးပွားရေး တွေနဲ ပှုခဲ့ရတာတွေဟာ ယခုဘဝ တင်မနည်းလှပါဘှုး ကံမကောင်းသေးလိုပေါဗျာ အပှုတွေနဲ တွေနေတာ သားပှု သမီးပှု ဆွေပှု မျိုးပှု ဘယအပှုများကျန်သေးလိုလဲ ဒါကြောင့် အဲတာတွေကို သတိပဋ္ဌာန် အလုပ်လုပ်မှ ပြေပျောက်နိုင်မှပါ အလုပ်လုပ်ကြပါ ကံကောင်းအောင်လုပ်ဖိုဥစ္စာများ ဖြည်းဖြည်းမှလုပ်ချင်သေးလိုလား မလုပ်ကြပါနဲ မြန်မြန်လုပ်ကြပါ
ဆိုတောဒီကလေးက သှု ဖခမည်းတော် ကိုတခါတည်းပြောလိုက်တယ် ကျနော် သင်္ကန်းဝတ်ချင်တယ်ဗျာ လိုပြောလိုက်တယ် ကောသလ မင်းကြီးကလဲ ပျော်လိုက်တာ ငါကအရှင်ဒကာပေါ ဗျာ အဆောင်တွေ အရွက်တွေနဲ နန်းတော်က ရှင်လောင်းကြီး အကြီးကျယ်ယှုပြီး သွားပြီရှင်ပြုတာပေါ ရှင်ပြုပြီ ကံဆိုးကိုးကံကောင်းဖြစ်အောင်လုပ်မယ်ဆိုပြီး စာတွေသင်ပြီ ကြိုးစားလိုက်တော တရားတွေဟောတတ်ပြောတတ် ဖြစ်လာတာပေါ သှုကိုရဟန်းဖြစ်တော ကဿဘ လိုအမည်ပေးတယ် လှုနာမည်က ကုမာရ အဲဒီကုမာရ ကဿဘ နဲ သှုကျော်ကြားလာတယ် တရားဟောတဲ့နေရာမှာ
ဟိုမှာအမေ ကတော ကောသလမင်းကြီး မွေးခါစကတည်းခေါ်သွားလိုက်တာ ရှင်ဘုရင်မိုလိုသာပေးလိုက်ရတာ အမေလုပ်သှုက အဲဒီနေကစပြီးစားမဝင် အိပ်မပျော် ဖြစ်နေလိုက်တာ မျက်ရည်မကျ တဲ့နေတခါမှမရှိဘှုး သှုသားကဖြင့် ရဟန်းဖြစ်လို တော်တော်ကို ရဟန်းကိစ္စပြီးလို ကျော်ကြားနေပြီ ကုမာရ ကဿဘ တရားဟောတဲ့နေရာမှာ ပထမ တန်းပဲ အားလုံးက သိနေကြပြီ နိဗွ့ာန် ရောက်ကြောင်းကိုဟောနိုင်တဲ့ ပုဂိုလ် ပဲလိုအတော်ကျော်ကြားတယ်
ကျော်ကြားလာပေမယ့် သှုအမေဆီမသွားဘှုး သှုအမေက ဆယ့်သုံးနှစ်လောက်ရှိပြီ မျက်ရည်ကဆယ်လိုမရဘှုး ၁၃နှစ် ၁၄နှစ် ၂၀ကျော်လာလဲ မျက်ရည်ကဆယ်လိုကိုမရဘှုး တရားအားထုတ်လိုဘယ်တောမှ မရဘှုး ဘာဖြစ်လိုလဲ သှုသားကို အားကိုးနေတာကို ဒီသားလေးလှုလားမြောက်လာပြီ သားလေးနဲနေရင်နေရာကျမှာပဲ သားလေးကလဲင်ကိုပြန်မငှဲဘှုး တနေတနေငှဲမှာပဲ ဆိုပြီး သှုများကြီးအားကိုးနေတယ် ကိုကိုယ်ကို အားမကိုးဘှုး ဒီဘိက္ခုနီမ ကမျက်ရည်သာကျနေတာပဲ
အဲလိုပဲနေတော တနေဋ္ဌ် ကုမာရ ကဿဘ ဆွမ်းခံကြွတော ဒီဘိက္ခုနီမ လဲ ဆွမ်းခံကြွတာပေါ ရှေကဘိက္ခုနီမတွေလဲ ဆွမ်းခံကြွကြပါတယ် ဆွမ်းခံကြွကြတော ဘိက္ခုနီမ ကသှုသားကို လမ်းမှာမြင်တွေတာပေါ မြင်တာနဲ တခါတည်း သှုသားကို အတင်းလိုက်တယ် သင်္ကန်းဆွဲမလို လိုက်တော ယောင်္ကျားခြေ နဲ မိန်းမခြေ နဲ မတှုပြန်ဘှုး ယောင်္ကျားကမြန်တာပေါ သိုသော်လဲ သှုက ချစ်တဲ့ဇောနဲ အတင်းလိုက်တော မမိ တမိလေးပေါ ဆိုတော သားလုပ်တဲ့ပုဂိုလ်က ဒကာမကြီးလိုခေါ်လိုက်ရင် အော်ငါကိုခင်သေးတယ် ခင်ချာတယ် တွေတောလဲ ခေါ်ချာသားပဲ
ဆိုတောဖြင့် သှုဟာဒီခင်လုံးကိုမဖြတ်နိုင်တာနဲ ငါအားကိုးပြီနေတာနဲ တရားရမှာမဟုတ်ဘှုး အသံကိုမပေးဘှုးဆိုပြီ နေတော သင်္ကန်းလိုက်ဆွဲဖိုလုပ်လေလေ ဟိုကခက်သွက်သွက်သွားလေလေအားကိုးမှာစိုးလို သှုကိုယ်သှုအားကိုးမှ မာဂ်ဖို ရမှာကို အခုသှုတပါးအားကိုးနေတယ် သှုတပါးကိုပဲမျော်ကိုးနေတယ် ဒါကိုလဲ သှုစိတ်ထဲမှာမြင်ပြီသား
ဘိက္ခုနီမ ကတောအရှုးမိုက်မိုက်တုန်းပေါဗျာ တခါတည်း သပိတ်ကြီးပွေပြီ သှုသားသင်္ကန်းစကိုလိုက်ဆွဲတယ် ဟိုကလဲ အတင်းကြွ ခေါ်လိုက်ရင် သှုကိုငှဲတယ်ထင်ဦးမယ် ထင်ရင် တရားရမှာမဟုတ်ဘှုး သှုဟာသှုအားကိုးမှ တရားရမှာကို ကုမာရ ကဿဘ ကလဲနောက်ကိုလှည်မကြည်ဘှုး ဟိုကလဲ အတင်းလိုက် ပြီးသင်္ကန်းဆွဲမလို တအားဆွဲလိုက်တော ဘိက္ခုနီမ မှောက်ရပ်ကြီးလဲကျသွားတယ် ဘယ်လောက်များဆိုးလဲ ခင်လုံးခင်လုံး ဘယ်လောက်ထိဆိုးသလဲ မှောက်လဲကျအောင်ထိ ခင်ရတယ်ဗျာ အဲတော ဒကာမတွေ ဘက်ကသာမိုက်တယ် ခင်မိပြီဆိုရင် မျက်စီအောက်က အပျောက်မခံနိုင် တနေ ဒီသားလေး သမီးလေးခွဲရပြီဆို အိုလပေါင်းများစွာခွဲရတယ်များထင်လိုက်သေးတယ် မဆိုးဝါးဘှုးလား အဲဒါကြောင့် မိန်းမတွေဟာ မြန်မြန်သာ အလုပ်လုပ်ယှုလိုက်ပါ နိုမဟုတ်ရင် ဒီဆိုးဝါးတဲ့စိတ်ရှိနေရင် မလွယ်ဘှုး ဒါကြောင့် မိန်းမ တွေမှာ ဆိုးဝါးတဲ့စိတ် ရှိသေြာေ့ကာင့်ဘယ်တောမှ စင်္ကြာဝတေးမင်းမဖြစ်ရ ဗြဟ္ခာ မင်းလဲမဖြစ်နိုင်ဘှုး ဘုရားလဲမဖြစ်နိုင်ဘှုး ကေဒါနဲချိန်လိုက်ရင် မိန်းမ ဆိုးတယ်ဆိုတာ ပေါ်လာကြပြီပေါ
အဲဒါကြောင့် ကိုယ်ဘဝကိုလဲ ကိုယ်မသာယာပဲနဲ ကိုယ်မှာလဲ ဆိုးဝါးတဲ့ဘဝ သှုများနဲ တန်းတှုမဖြစ်နိုင်တဲ့ ဘဝ ဆိုတော ကြိုးစားပါတောမယ် ဆိုပြီးလုပ်တော နိဗွ့ာန် ကျတော တတန်းတည်းသွားဖြစ်တယ် ယောင်္ကျားနိဗွ့ာန် မိန်းမ နိဗွ့ာန် လိုမရှိတောဘှုး အဲတာကြောင့် တန်းတှုချင်ရင်ဖြင့် ဒီဘဝတော တန်းမတှုနိုင်တောဘှုး နိဗွ့ာန် ကျတော တန်းတှု အခွင်ရေးရတယ် တန်းတှုဖြစ်ချင်ရင် ဒီဘဝ မာဂ်ဖိုလ် ရအောင်လုပ်လိုက် အခုတော မိန်းမတွေမှာ ငိုစရာရှိရင်လဲ သှုတို ပှုဆွေးစရာရှိရင်လဲ သှုတို ကိုယ်မလုပ်နိုင်လို အဆှုခံရတာလဲ သှုတိုပဲ သိမ်လိုက်တဲ့ ဂုဏ် မပြောပါနဲတော
ဒါနဲ ခုနားကဘိက္ခုနီမ လဲကျတာ သှုသားတယ်ခင်တာကို အဲဒီအားကိုးတဲ့ အတွက် သှုလဲကျတယ် လဲကျတဲ့အတွက် အော် သှုစိတ်ထဲ့ မှာ ငါသားငါကို နည်းနည်းမှငှဲစိတ်မရှိဘှုး နော် ငါဖြင့် နှစ်ပေါင်းနှစ်ဆယ့် အစိတ် မျက်ရည်နဲ မျက်ခွက် ဘယ်တရားမှလည်း အားမထုတ်နိုင်ဘှုး မျက်ရည်နဲပဲအချိန်ကုန်နေရတယ် အခုတွေပြန်တော စိမ်းကားလိုက်တာ ဒီနေကစပြီး မင်းဖြင့် အားမကိုးတောပါဘှုး စိတ်ဆုံးဖြတ်ချက်ချတယ် အဲဒီဆုံးဖြတ်ချက်ချပြီ ဘိက္ခုနီမ ကျောင်းကိုပြန်သွားတာပေါ ရှက်လဲရှက်တာပေါ ကိုင် ဒီနေ တရားမရရင် မထဘှုးဆိုပြီ အားထုတ်ပါတယ် ဝေဒနာ တွေကိုလှည်ပြီ အကုန်ဥာဏ်အောက်သွင်းတောတာပေါ အဲဒီ သှုများအားမကိုးတဲ့ည မှာပဲ ရဟန်းဒြာ ဖြစ်ပါတယ် အဲတော ဒကာ ဒကာမတွေ ပြောချင်တာက မိန်းမ ဆိုတာ အားငယ်တတ်တဲ့ အမျိုးစားလဲဖြစ်တယ် ကြောက်တတ် လန်တတ်တဲ့ အမျိုးလဲဖြစ်တယ် သှုများပဲအားကိုးနေတာ ဆိုတော ဟိုဘိက္ခုနီမ ကိုကြည် နှစ်ပေါင်း နှစ်ဆယ့် အစိတ် သှုများအားကိုးနေလို ကိုယ်ပိုင်တယ်ထင်လို အားကိုးနေတော လိုရင်းမရောက်ဘှုး တရားမရဘှုး ကိုယ်ဟာကို အားကိုးပါတောမယ် ဆိုပြီ တရားအားထုတ်လိုက်မှ အားထုတ်တဲ့ညမှာပဲ ရဟန်းဒြာ မဖြစ်ပါတယ် အဲတာကြောင့် ဒကာ ဒကာမ တွေမှာလဲ ဘယ်သှုကိုမှ အားမကိုးပါနဲ့ ကိုဥာဏ်ကိုသာ ကိုအားကိုးပါ (မိုးကုတ်ဆရာတော် ဘုရားကြိး)
Sunday, February 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကမ်းနား သစ်ပင်
မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ်တားဖိုလ်တား နိဝရဏတရား
နိဝရဏတရားဆိုတာ မဂ်ဖိုလ်ကို (မရအောင်) ပိတ်ပင်တားဆီး ဖုံးလွှမ်းတားတဲ့တရားလို့မှတ်၊ နီဝရဏတရားမှာ"လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာ"လို့ ၅-ပါးရှိတယ်။ ဒီ နီဝရဏတရား ၅-ပါးကဝင်ရောက်နှောက်ယှက်လို့ရှိရင် ခန္ဓာထဲဉာဏ်စိုက် ရှုငြားသော်လည်းပဲ၊ ခန္ဓာထဲမှာရှိတဲ့ဖြစ်ပျက်=အနိစ္စသဘောကို မမြင်နိုင်ဘူး၊ မမြင်တော့ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မလိုက်တော့ မဂ်ဖိုလ်မရနိုင်ဘူး၊ မဂ်ဖိုလ်မရတော့ သံသရာတလျှောက်လုံးမှာ တဒိုင်းဒိုင်းပြေးနေရတာပေါ့၊ ဒုက္ခစက်ရဟတ်ကြီး ချာချာလည်နေရတာ
ပေါ့၊ ဒါကြောင့် ဒီနီဝရဏတရား ၅-ပါးကို မိမိဉာဏ်အပေါ် မဖုံးလွှမ်းနိုင်အောင် ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်မှသာလျှင် ခန္ဓာထဲရှိ ဖြစ်ပျက်အနိစ္စတွေကို မြင်နိုင်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရ၍ မိမိ၏ခန္ဓာ ပဋိစ္စသမုပ္ပါဒ်ပြတ်လို့ ဒုက္ခခမ်သိမ်း ကင်းငြိမ်းသွားမယ်။
စိတ်ဝိညာဏ်ဟာ ၆-မျိုးရှိတယ်၊ ဆိုင်ရာဝတ္တုရုပ်အသီးသီးမှာ မှီပြီးဖြစ်တယ်၊ စက္ကုဝိဉာဏ်စိတ်က မျက်လုံးမှာပေါ်တယ် ၊ သောတဝိဉာဏ်စတ်၊ ဃာနဝိဉာဏ်စိတ်၊ ဇိဝှာဝိဉာဏ်စိတ်၊ ကာယဝိဉာဏ်စိတ် တို့ဟာလဲ့ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် အသီးသီးမှာပေါ်တယ်၊ မနောဝိညာဏ်စိတ်ကတော့ ဟဒယရုပ်ခေါ်တဲ့ နှလုံးသွေးထဲမှာပေါ်တယ် ၊ ဒီစိတ်ဟာ အာရုံနဲ့ ဒွါရတိုက်ဆိုင်တဲ့ အခါမှာဖျတ်ခနဲ့ဖျတ်ခနဲ့ ပေါ်လာရတယ်၊ ဟဒယဝတ္ထုနှလုံးသွေးဟာအသစ်အသစ်ဖြစ်ပြီး အမြဲပြောင်းလဲနေတယ်၊ နှလုံးသွေးကဖြူနေရင် ကြည်နေရင်ဒီမှာပေါ်တဲ့စိတ်ကလဲကြည်လင်နေပြီး ဉာဏ်ပညာကဘလဲ ထိုးထွင်သိတော့တာပဲ၊ အကယ်၍နှလုံးသွေးက
နောက်နေရင်ဒီအထဲမှာပေါ်တဲ့စိတ်ကလဲ နောက်တောက်တောက်ဖြစ်နေတော့၊ ဉာဏ်ကထိုးတွင်ပြီးမသိနိုင်တော့ဘူး၊ ဒီတော့ခုနကပြောခဲ့တဲ့ နီဝဏတရားတွေက ဝင်ရောက်နှောက်ယှက်လို့ရှိရင်၊ စိတ်ဟာမကြည်မလင်နောက်တောက်တောက်ဖြစ်ပြီး ဉာဏ်ကထိုးထွင်းမသိနိုင်တော့ဘူး၊ ဒီနီဝရဏအကြောင်းကို ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော်မှာလာတဲ့ ဝတ္ထုနဲ့တကွရှင်းပြမယ်၊ ဘုရားရှင်ဟာ စမ္ပာနဂိုရ်ပြည်မှာ သီတင်းသုံးနေတယ်၊ သင်္ဂါရဝဆိုတဲ့ သတို့သားတစ်ယောက်ဟာ ဘုရားရှင်ဆီလာပြီး တပည့်တော်ပုဏ္ဏားထုံးစံအတိုင်းဗေဒင်ကျမ်းဂန်တွေညညရွတ်ဖတ်သရဇ္ဈာယ်တဲ့အခါ၊ တစ်ခါတစ်လေ တစ်လုံးမှသတိမရဘူးး အကုန်မေ့
ကုန်တယ်ဘုရား၊ တစ်ခါတစ်လေကျပြန်တော့ ရပြီးသားစာတွေမပြင် မရသေးတာတွေတောင် ဉာဏ်ထဲမှာထင်လာပါတယ်ဘုရား၊ အဲဒါဘာကြောင့်ပါလဲဘုရားလို့ မေးလျှောက်တယ်၊ ဒီတော့ ဘုရားက ငါရှင်းပြမယ်ကွာဆိုပြီး ဥပမာကလေးနဲ့ဒီလိုရှင်းပြလိုက်တယ်။
(၁)ခွက်တစ်ခုထဲမှာကြည်နေတဲ့ရေကိုထည့်လိုက်၊ နောက်ဒီရေထဲကိုဆေးနီ ဆေးဝါ ဆေးပြာတွေရောထည့်လိုက်။ရေကိုငြိမ်အောင်ထားပြီး မင်းမျက်နှာဟပ်ကြည့်လိုက်စမ်း၊ မျက်နှာရိပ်ထင်ထင်ရှားရှား မြင်နိုင်ပါမလား၊ မမြင်နိုင်ဘူး၊ ဒီလိုပဲ နဂိုစိတ် (ဘဝင်စိတ်) ဟာကြည်နေတယ်၊ သူ့မှိရာနှလုံးသွေးဟာလဲ ကြည်နေတယ်၊ ဒီနှလုံးသွေးအကြည်ထဲမှာ လောဘစိတ်ကလေး ဝင်လာ ပေါ်လာလို့ရှိရင်၊ စိတ်ဟာနောက်ကျိသွားပြီး သိပြီးသားစာတွေတောင် မမှတ်မိမသိနိုင်တော့ဘူး၊ ဒီမှာလဲ ဝိပဿနာအားထုတ်ရာမှာလဲ ထိုအတူပဲ
သားသမီးအတွက်စီးပွားရေးအတွက် လောဘစိတ်ဝင်လာရင် ခန္ဓာထဲမှာ နဂိုကရှိနေတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တအသုဘ၊ ဒုက္ခသစ္စာရိပ်တွေကို ဉာဏ်နဲ့ဆင်ခြင်တဲ့ အခါမှာ မသိမမြင်နိုင်တော့ဘူး၊ ဒီတော့ရေထဲမှာရှိတဲ့ဆေးနီ၊ ဆေးဝါ၊ ဆေးပြာတွေ ဖယ်ပစ်ပြီး ရေငြိမ်အောင်ထားပြီး မျက်နှာဟပ်ကြည့်မှ မျက်နှာရိပ်ကို ထင်ထင်ရှားရှားမြင်နိုင်သလို၊ ဒီပေါ်လာတဲ့လောဘစိတ်ကို ဖြစ်ပျက်ရှုပြီး ဖယ်ရှားပစ်ရမယ်၊ အဲဒါဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီး ခန္ဓာဉာဏ်စိုက်ကြည့်လိုက်ရင် ခန္ဓာထဲမှာ နဂိုရှိနေတဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာအရိပ်တွေ တစ်ခုခုဟာ ထင်ထင်ရှားရှားမြင်နိုင်တယ်၊ ဒီတော့ ခင်ဗျားတို့ ခန္ဓာထဲ့ဉာဏ်စိုက်ပြီး ဖြစ်ပျက်ရှုလို့ မမြင်တာဟာ ဒီလောဘစိတ်ကဝင်ရှုပ်လို့မမြင်ရတာ၊ ဒီတော့လောဘစိတ်ဝင်လာရင်သူ့ကို အရင်ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကို ပြန်ကောက်ပြီးရှုပါ၊ ဒါမှဖြစ်ပျက် အနိစ္စတွေမြင်လာမယ်။
(၂) ဒုတိယအချက်ကတော့ ဒေါသပဲ၊ ဒေါသစိတ်ဖြစ်နေရင် နှလုံးသွေးဟာ ပွက်ပွက်ဆူနေတာပဲ၊ ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို မျက်နှာရိပ်ဟပ်ကြည့်ပါ၊ ရေက ပွက်ပွက်ဆူနေပြီးအခိုးတွေထနေတော့ မျက်နှာရိပ်မမြင်နိုင်ဘူး၊ ဒီလိုပဲဒေါသစိတ်ဝင်ရှုပ်နေတဲ့အခါ နဂိုရထားတဲ့စာတွေတောင်အကုန်မေ့သွားရတယ်၊ ဒီမှာလဲဝိပဿနာရှုတဲ့ နေရာမှာလဲ ဒေါသစိတ်ဖြစ်တဲ့အခါခန္ဓာကိုယ်ထဲကို ဉာဏ်နဲ့ကြည့်ပါ၊ ခန္ဓာမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ၊ ဒုက္ခသစ္စာကြီးကိုဘယ်တော့မှမမြင်နိုင်ဘူး၊ ဒေါသဆိုတဲ့ရေဆူပြီး အခိုးထနေတာကိုဒီတော့ရေအခိုးငြိမ်အောင်ရေအေးရေငြိမ်အောင်ထားပြီး မျက်နှာရိပ်ဟပ်ပြီးကြည့်တော့ မျက်နှာရိပ်မြင်ရသ
လိုဒီပေါ်လာတဲ့ဒေါသကို ဖြစ်ပျက်ရှုပြီး အရင်ဖယ်ပစ်ရမယ်၊ ဒီလိုဖယ်ရှားပစ်ပြီးမှ မူလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ဒီလိုရှုတော့မှ ခန္ဓာထဲမှာရှိတဲ့ ဖြစ်ပျက်အနိစ္စတွေကို မြင်လာလိမ့်မယ်။
(၃) တတိယ အချက်က ထိနမိဒ္ဓပဲ၊ ထိနမိဒ္ဓဆိုတာကိုယ်စိတ်ကိုကိုယ်မနိုင်တာငိုက်မျည်းသွားတာ ၊ရေကန် ထဲကရေပြင်မှာ မှော်တွေဖုံးအုပ်နေတဲ့အခါ ၊ မျက်နှာကိုဟပ်ကြည့်ရင်မျက်နှာရိပ်ကိုမမြင်နိုင်ဘူး၊ ဒီလိုပဲ
ဟဒယဝတ္ထုနှလုံးသွေးထဲမှာ ထိနမိဒ္ဓ၊ ငိုက်မျည်းတဲ့စိတ်ကဝင်ရောက်နှောက်ယှက်နေရင်ရပြီးသားစာတွေ
မေ့မှာပဲ၊ အခု ဝိပဿနာရှုတဲ့နေရာမှာလဲ ထိနမိဒ္ဓဆိုတဲ့ ငိုက်မျည်းတဲ့စိတ်က ဟဒယဝတ္ထုနှလုံးသွေးမှာဝင်
ရောက် ဖုံးလွှမ်းနေရင်ဉာဏ်ဝင်ခွင့်မရလို့ ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စတွေ မမြင်နိုင်ဘူး၊ ဒီတော့ ဖုံးနေတဲ့မှော်
တွေဖယ်ရှားပစ်ပြီး မျက်နှာရိပ်ကိုဟပ်ကြည့်မှ ထင်ထင်ရှားရှားမြင်ရမယ်၊ ဒီမှာလဲ ဉာဏ်ပေါ်မှာဖုံးနေတဲ့
ထိနမိဒ္ဓကိုအရင် ဖြစ်ပျက်ရှုပြီး ဟဒယဝတ္ထု နှလုံးသွေးမှ ဖယ်ရှားပစ်ပြီးမှရှုနေတဲ့မူလကမ္မဋ္ဌာန်းကို ပြန်
ကောက်ပါ၊ ဒီတော့မိမိရှုနေတဲ့ ဖြစ်ပျက် အနိစ္စတွေထင်မြင်လာမယ်။
(၄) စတုတ္ထအချက်က ဥဒ္ဓစ္စ ကုက္ကုစ္စဖြစ်တယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စဆိုတာ စိတ်ပျံ့လွင့်တာ စိတ်မငြိမ်တာ၊ ထားရာ
မှာမနေတာဘဲ။ ရေကန်ထဲကရေဟာလေတိုက်ခတ်လို့လှုပ်နေတဲ့အခါ မျက်နှာရိပ်ကိုဟပ်ကြည့်ပါ၊ မျက်နှာ
ရိပ်ကိုမမြင်ရဘူး၊ ဒီမှာလဲ ဝိပဿနာရှုရာမှာလဲ စိတ်ပျံ့လွင့်လှုပ်ရှားနေတဲ့အခါ ဝိပဿနာရှုရင် ခန္ဓာထဲရှိတဲ့
အနိစ္စတွေကိုမမြင်နိုင်းဘူး၊ ရေကိုငြိမ်အောင်လုပ်ပြီး မျက်နှာရိပ်ဟပ်ကြည့်မှမြင်ရတယ်၊ ဒီမှာလဲ ပျံ့လွင့်နေ
တဲ့စိတ်ကို ဖြစ်ပျက်ရှုပြီးဖယ်ရှားပစ်ပါ၊ ပြီးမှမူလကမ္မဋ္ဌာန်းကိုပြန်ကောက်ပြီး ရှုရင်ခန္ဓာထဲရှိတဲ့ဖြစ်ပျက်အနိစ္စ
တွေကိုမြင်နိုင်တယ်၊ ထို့အပြင် ကုက္ကုစ္စဟာအရေးကြီးလို့ အထူးရှင်းပြပါဦးမယ်၊ ခင်ဗျားတို့ငယ်စဉ်တုန်းက
မသိမလိမ္မာလို့ မိုက်ခဲ့တာတွေကိုတွေးပြီး ပူမနေနဲ့၊ ကြောက်လန့်မနေနဲ့၊ ငယ်တုန်းကမိုက်ခဲ့တာတွေကို
နှလုံးသွင်းနေရင် ဒါမဂ်တားဖိုလ်တားဖြစ်တယ်၊ ငယ်ငယ်တုန်းကစပြီး တောက်လျှောက်လိမ္မာတဲ့ အမျိုးလို့
မရှိပါဘူး၊ အနည်းနဲ့အများ မိုက်မှားခဲ့တဲ့လူတွေများပါတယ်၊ဒါတွေတွေးမနေနဲ့၊ တွေးနေရင် ကုက္ကုစ္စဖြစ်ပြီး
ဝိပဿနာမှာ အနှောင့်အယှက်ဖြစ်တယ်၊ ဒီတော့ကုက္ကုစ္စစိတ်တွေလာရင်ဖြစ်ပျက်ရှုပြီး၊ ဖယ်ရှားပစ်ပါ၊
ဘုရားရှင်လက်ထက်ကလူဆိုးကြီးတွေ မဂ်ဖိုလ်ရသွားကြတာရှိခဲ့သားပဲ၊ ပြီးတော့သေခါနီးမှာ ကုက္ကုစ္စစိတ်
တွေဖြစ်ရင် တိရစ္ဆာန်ဖြစ်တတ်တယ်၊ ပြိတ္တာဖြစ်တယ်၊ ဒါကြောင့် ခင်ဗျားတို့ကို သေနည်းသင်ပေးနေရတာ၊
သေခါနီးရင် ကိုယ်ခန္ဓာကိုဖြစ်ပျက်ရှုပေးပါ သားသမီး ပစ္စည်းဥစ္စာတွေအတွက်စိတ်မချတာစွဲလမ်းတာတွေ
လာရင် ပြိတ္တာနဲ့ တိရစ္ဆာန်ဖြစ်တတ်တယ်၊ ဒါကြောင့် ဝိပဿနာလုပ်တဲ့အခါ ရှေးက ဒုစရိုက်မှုတွေကို မတွေး
တော့ဘဲ ဖြစ်ပျက်ရှုဖယ်ရှားပစ်ပြီး မိမိရှုနေတဲ့ မူလကမ္မဋ္ဌာန်းကိုသာ စိုက်စိုက်မတ်မတ် ရှုသွားရမယ်။
(၅) ပဉ္စမအချက် ဝိစိကိစ္ဆာဖြစ်တယ်၊ ဝိစိကိစ္ဆာဆိုတာသံသယရှိတာ၊ ဘုရား တရား သံဃာအပေါ် သံသယ
ရှိမှု၊ မိမိကျင့်နေတဲ့ ဝိပဿနာအကျင့်ပေါ်မှာ သံသယရှိမှုတွေဟာ မဂ်တားဖိုလ်တားပဲ၊ မိမိဉာဏ်မမီတာတွေ
ကို စဉ်းစားပြီး သံသယဖြစ်နေရင် ဒါအန္တရာယ်တစ်ခုပဲ သဒ္ဓါကိုရှေ့သွားပြုပြီးတဖြည်းဖြည်း ဉာဏ်နဲ့ဆင်ခြင်
သွားမှသာ အမှန်ရောက်နိုင်တာ၊ ဒီတော့ တွေးတောယုံမှား သံသယစိတ်တွေဝင်လာရင် ဒါကိုဖြစ်ပျက်ရှုပြီး
ဖယ်ရှားပစ်ရမယ်၊ ဖယ်ရှားပစ်ပြီးမှ မိမိရှုနေတဲ့ မှုလကမ္မဋ္ဌာန်းကိုပြန်ကောက်၊ ရေကန်ထဲကရေတွေအနယ်
ထနေရင် မျက်နှာရိပ်မထင်နိုင်ဘူး၊ အနယ်တွေဖယ်ရှားပစ်မှ မျက်နှာရိပ်ထင်နိုင်တယ်၊ ဝိပဿနာရှုရာမှာလဲ
ဝိစိကိစ္ဆာတွေဝင်ရှုပ်လာရင် ခန္ဓာအရှိကို ဉာဏ်မျက်စိကမမြင်နိုင်ဘူး၊ ဒီတော့ ဒီဝိစိကိစ္ဆာကို ဖယ်ရှားပစ်မှ
သာ ခန္ဓာအရှိနဲ့ ဉာဏ်အသိကိုက်မယ်၊ ခန္ဓာထဲမှာရှိတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေကိုတွေ့မြင်နိုင်မယ်။ ။
မိုးကုတ်ဆရာတော်
Wednesday, January 28
မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂလင်္ကာ။
၁။ လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
နောင်လာဘ၀၊ မတောင်းတဘဲ
ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်
ဝိပဿနာ၊ လေ့လာကြိမ်ကြိမ်
အာစိဏ္ဏကံ၊ ဖြစ်ကြောင်းဖန်မူ
ထိုသည့်သူကား....
အယူမလွဲ၊ ဂတိမြဲ၏။ ။
၂။ မီးစွဲလောင်မှ၊ ရေကိုတ,သော်၊ မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊
မဂ္ဂင်သန္ဓေ တည်မြဲနေအောင် ..
မသေခင်က၊ ပြင်ဆင်တောက်လျောက်၊ မေ့မပျောက်လျှင် ..
ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်။ ။
၃။ ကိစ္စမလျော်၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်မရအုံး...
ဘ၀အစွန်၊ တမလွန်တွင်၊ ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍၊
မဖောက်မပြန်၊ သောတာပန်အစစ်၊ ဧကန်ဖြစ်သည်..
မလစ်ဝိပဿနာ အကျိုးတည်း။ ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အပါယ်တံခါးပိတ်ခြင်း၊ဖွင့်ခြင်း၏အကြောင်း ရင်း
ဗုဒ္ဓဘာသာဝင်တော်တော်များများ အမှတ်မဲ့ ထင်ယောင်ထင်မှား ဖြစ်နေကြသည့် ကိစ္စ နှစ်ရပ်ရှိပါသည်။ ထိုကိစ္စနှစ်ရပ်ကား တခြားမဟုတ်ပါ။အပါယ် တံခါးပိတ်ခြင်းဖွင့်ခြင်း၏ အကြောင်းရင်း ကိစ္စနှစ်ရပ်ပင် ဖြစ်လေသည်။ တချို့ကအပါယ်တံခါးပိတ်ခြင်း၏ကိစ္စကို လူ တစ်ဦးစုတိကျ သေဆုံးမှ ငရဲသို့ သွား၍ပိတ် ရသည်။ဖွင့်ခြင်းကိစ္စသည်လည်း သေလွန်ခါ မှ သွား၍ဖွင့်ရသည်ဟု ထင်မှတ်မှားလျက် ရှိကြပါသည်။ အမှန်မှာကား ထိုသို့မဟုတ်ပါချေ။အပါယ်တံ ခါးကို ကျွန်တော်တို့နေထိုင်ရာ ဤလူ့ရပ်ရွာ မှနေ၍ ကုသိုလ် အကုသိုလ်တည်းဟူသော တရားနှစ်ပါးဖြင့် လှမ်း၍ပိတ်လျှင်လည်းရ ပါသည်။ဖွင့်လျှင်လည်းရပါသည်။အပါယ်တံ ခါးပိတ်သွားရခြင်း၊ပွင့်သွားရခြင်း၏အကြောင်းရင်းကိစ္စကား ကုသိုလ်နှင့် အကုသိုလ် ကိစ္စနှစ်ရပ်သာရှိ လေသည်။ဤသည်ကိုကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား က အောက်ဖော်ပြပါ အဆုံးအမ တရားဖြင့် ထင်ဟပ်၍ပြထားခဲ့ပါသည်။အဆုံးအမတ ရား၏လိုရင်းကား မဂ်ကုသိုလ်ပြုလျှင် အပါယ်တံခါးပိတ်မည်ဟူ၍ပင်။ "ဖြစ်ပျက်ကိုရှုရင်း ရှုရင်း ဖြစ်ပျက်မြင်ပါများ လာတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာတာပဲ သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်အထိ ရောက်အောင်ဆိုရင် ပြီးတာပဲ။သဘောကျ ပလား။နောက်ထပ်ကြည့်လိုက်တဲ့ အခါကျ တော့ အပျက်တွေမြင်၊နောက်တော့မုန်းတာ လာမှာပဲ။မုန်းတာလာပြီးရင် ဘာထပ်လာ မယ်ထင်သတုံး၊ဆုံးတာလာရင်ဖြင့် မဂ္ဂင် ရှစ်ပါးပြည့်သွားမှာပါပဲ။ ဒကာဒကာမတို့၊အပါယ်လေးပါးတံခါး ပိတ် တယ်ဆိုတာ အထူးပြောနေဖို့ လိုသေးလား ကိုယ်ကသွားပြီးပိတ်တာလား၊မဂ်ကပိတ် တာလား။ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့ အပါယ်လေးပါးတံခါးကို ဒီကနေပိတ်ရင် လည်းရတယ်၊ဖွင့်ရင်လည်းရတယ်။ ဘာကြောင့်ပါလိမ့်မတုံး၊မကောင်းမှုလုပ်လို့ အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေ ပြီး အပါယ်တံခါး ဖွင့်တာကိုး။ ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ အပိုပြောတဲ့ စကားလား၊စည်းကမ်းတကျ လား။အဲဒီတော့ ခင်ဗျားတို့ နေပုံထိုင်ပုံ စည်းကမ်းမကျဘူး။ဖွင့်သာနေတယ်၊ ပိတ်ပါဆိုတော့ စည်းကမ်းမကျဘူး။ ကိုင်း ဒါဖြင့် ခင်ဗျားတို့ လိုသေးတယ်ဆိုတဲ့ အပြစ်ကိုတော့ ထင်ရမယ်"" ဓမ္မမိတ်ဆွေများ အသေမဦးမီ ဥာဏ်ဦး အောင်ဝိပဿနာများကြိုးစားအားထုတ်ပြီး အပါယ်တံခါးပိတ်နိုင် ကြပါစေ။ ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့် တည်ရှိပါစေသတည်း ။ ။ အရှင်ဉာဏဓဇ မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ ပင်မသံဝေဇနိယဌာန အမရပူရမြို့ ။
မိုးကုတ်ဆရာတော်ကြီး၏ မှာစကား။
မိုးကုတ်ဆရာတော်ဘုရားကြီးက တရားအားအထုတ်မီ ဒိဌိအယူကို အသိဉာဏ်ဖြင့်
ဦးစွာခွာပါဦး။ ဒိဌိတန်းလန်းဖြင့် အားထုတ်နေလို့ကတော့ ဘယ်နည်းနဲ့မျှ မဂ် မရနိုင်ပါဘူးဟု
ခဏ ခဏ မိန့်တော်မူပါသည်။ ရုပ်နာမ် မကွဲလျှင်၊ ပညတ် ပရမတ် မစင်လျှင် ဒိဌိဝင်တတ်ပါ
သည်။ မိုးကုတ်ဆရာတော်ဘုရားကြီးက =
၁။ ဒါနကို နောက်ထားပါဦး။
၂။ သီလကို နောက်ထားပါဦး။
၃။ သမထကို နောက်ထားပါဦး။
၎။ ၀ိပဿနာကိုလည်း နောက်ထားပါဦး။
သူတို့ထက်အရင် ဒိဌိခွါမှု ဒိဌိဖြုတ်မှုကို ရှေ့ထားပါဟု မိန့်တော်မူပါသည်။ ။
Tuesday, January 27
တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ (မိုးကုတ်ဆရာတော်ကြီး)
ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင်။ ပြီးတော့ ကျယ်လောင် ကျယ်လောင် ဘုရား ရှိခိုး ကြတယ်။ တကယ် ဆို ခင်ဗျားတို့ ဟာက ကျက်ထားတဲ့ စာ မေ့မှာစိုးလို့၊ ဘုရားရှေ့သွား စာပြန်နေတာနဲ့ တူနေ တယ်။ ဘာလို့လဲ ဆို၊ ပါးစပ်ကသာ ဆိုနေတာ၊ စိတ်က ဘုရားဆီ ရောက်မှ မရောက် ကပဲ။ နှုတ်တက် ရနေ လို့သာ စာက ဆုံးသွားတာ၊ ဒီတော့ စာပြန်နေတာနဲ့ အတူတူ ပဲ။ ပြီးတော့ ဆု က တောင်းကြသေးတာ။ ဒီလို ဘုရား ရှိခိုးရတဲ့ အတွက်ကြောင့် ပဋိသန္ဓေ အို၊ နာ၊ သေ ဘေးက လွတ်ရပါလို၏၊ လွတ်ပါရစေ တဲ့။ ဒီဆုမျိုးကို ဘယ် ဘုရား က ပေးလိမ့်မလဲ။ ဘုရားက ပေးနိုင်တာ မှ မဟုတ် ပဲ။ ဒါကို ခင်ဗျား တို့ ဇွတ်တောင်း တယ်။ ဘုရား ကို နားပူနားဆာ လုပ်တယ်။ ရုပ်ထုတော် ချည်း မို့လို့ သာပေါ့ဗျာ၊ သက်တော် ထင်ရှား ဘုရားသာ ဆို "နားငြီးတယ်" ဆိုရင်း ခြေထောက် နဲ့ ဆီးပြီး ကန်ချင်စရာ။ အဲ့တော့ ... ခင်ဗျားတို့ဟာ အင်မတန် အတောင်း အရမ်း ထူတဲ့လူတွေ။ အတောင်းအရမ်း ထူတဲ့ လူ ဆိုတာ ဘာအမျိုးတုံး ဆို - သူတောင်းစားမျိုး ဗျ။ ဒါမျိုးက ဆုတောင်း ယူလို့ ရတာ မဟုတ်ဘူး။ လုပ်ယူ၊ ကြိုးစား ယူမှ ရပါတယ်။ ဒါ့ကြောင့် တစာစာ တောင်းမနေ ကြပါနဲ့။ တန်ရာ တန်ကြေး လုပ်အားပေးပြီး ယူကြပါ။ ( မိုးကုတ် (၁) နှာ - ၃၀၄ )
Wednesday, January 7
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် အမှတ် (၂)
ဝိပဿနာရှေ့ ထားတဲ့ပုဂ္ဂိုလ်
ဒါဖြင့် တချို့  သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ၀ိပဿနာရှေ့ ၊ တချို့  ဒဠှတာရီပုဂ္ဂိုလ်ဆိုတော့၊ ပဋိသမ္ဘိ ဒါပတ္တဆိုတော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်ဆိုတော့ အတူ တူပဲတဲ့ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ရှင်အာနန္ဒာတို့လိုပေါ့လေ … နတ်ပြည်သွားရင်သူနေခဲ့ရပြီ၊။။။
(မှန်ပါ့)၊ သောတာပန်တော့ တည်ပြီးသားပဲ … (တင်ပါ့၊ ဘာပြုလို့တုံးဆိုရင် ဈာန်ခြောက်နေတယ်၊ ဈာန်မရှိဘူး သူ့မှာ … (တင်ပါ့)၊ ပေါ်လာကြပလား … (ပေါ်ပါပြီဘုရား)။
သူဘာနဲ့ တက်လှမ်းလာတုံးဆိုတော့၊ ၀ိပဿနာချည့်သက်သက်နဲ့တက်လာတယ် သဘောကျပလား … (မှန်ပါ့)၊ ကောင်းပြီး တစ်ချက် တစ်ချက် ရှင်သာရိပုတ္တရာတို့၊ ရှင်မောဂ္ဂလာန်တို့ ကျတော့ ဘာနဲ့တက်တာတုံး … (သမထနဲ့ တက်ပါတယ်ဘုရား)။
သမထရှေ့ ထားတဲ့ ပုဂ္ဂိုလ်
သမထရှေ့ ထားပြီး ၀ိပဿနာနောက်ထားတတ်တယ်၊ သူတို့ကျတော့ကို သမထက ရှေ့ ၊ ၀ိပဿနာ ကနောက်၊ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဟာလေးကပဲ ထူးခြားတယ်လို့ ခင်ဗျားတို့မှတ်ထားလို့ရှိရင်ဖြင့် ဘုရားပယ်၊ တရားပယ်စရာများ လိုသေးသလား … (မလိုတော့ပါဘူးဘုရား)။
ဒီ သမထ ၀ိပဿနာမကွဲကြလို့ တချို့ က ဘုရားပယ်ပြီး တရားဆက်ဆယ်၊ တချို့ ကျတော့လည်း ဘုရားဖက်တာနဲ့ တရားပယ်ချင် ပယ်ချတယ် … (မှန်ပါ့)၊ ဆိုတာ ဤကဲ့သို့ဝေဖန်မှုမှာ ဦးစံရီ မရှင်းလို့မှတ်ရမယ် … (မရှင်းလို့ပါဘုရား)၊ သဘောကျပလား … (ကျပါတယ်ဘုရား)။
ခုတော့ ဘယ့်နှယ်နေကြတုံး … (ရှင်းပါတယ်)၊ ဘယ်လိုရှင်းတာတုံး … (ရှေ့ နဲ့နောက်နဲ့)၊ ရှေ့ နဲ့ နောက်နဲ့ပဲကွာတယ်၊ နို့ ဘုရားက ပုဂ္ဂိုလ် အချိုးအစားနှစ်မျိုးရှိတယ်လို့ မဟောခဲ့ဘူးလား … (ဟောပါတယ်)။
သုက္ခ၀ိပဿကပုဂ္ဂိုလ်
သုက္ခ၀ိပဿက ပုဂ္ဂိုလ်ဆိုတော့ ဈာန်ခြောက်တယ်ကွ ဈာန်မရှိဘူး ဟုတ်လား၊ အသိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေ၊ အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်တွေကျတော့၊ ဈာန်လမ်းကထိုးတက်လာတာကွ၊ ဈာန်ရတာက အရင်၊ ၀ိပဿနာက နောက်တဲ့၊ သဘောကျပလား … (ကျပါတယ်)။
အဲ့တော့ သမထက ရှေ့ ၊ ၀ိပဿနာက နောက်၊ ထို့အတူ ၀ိပဿနာအားထုတ်ပြီး ရဟန္တာဖြစ်မှ ဈာန်ရအောင်ကြိုးစားတော့လည်း ရသေးတဲ့ပုဂ္ဂိုလ်တွေ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် အမှတ် (၁)
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာကြည့်လိုက်တဲ့အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
ဝက္ကလိလည်း ဒီကနေပြီးသကာလ ရှိခိုးဦးတင်ပါတယ်၊ သို့သော် သနားသဖြင့် ၀က္ကလိရှိရာသို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွပေးပါဆိုတာ မင်းတို့က လျှောက်ကြလို့ သူကမှာလိုက်တယ်။
အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မ
Monday, December 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိဗ္ဗာန်ဆိုတာဘယ်လိုလဲတရား တော်မှ ဥပမာတစ်ချက်
တာပဲ။ ခွေးလည်းကြောက်ရတယ်။ သိန်းစွန်လည်း ကြောက်ရတာပဲ။ ကျားလည်းကြောက်ရတာပဲ။ ကြောက်ရတော့ ဝပ်ကျင်းကလေး တူးပြီး
ချုံပုတ်ကလေးထဲမှာ ဝပ်နေတယ်။ ဘယ်မှ
မထွက်သာဘူး။
ကျင်ငယ်စွန့် လည်း ဒီဝပ်တဲ့ အထဲပဲ I ကျင်ကြီးစွန့် ကော ဒီဝပ်တဲ့ကျင်းအထဲမှာပဲI
ဒါဖြင့် ဒီမြေပေါ်ဖြင့် နေလည်းမနေချင်ဘူး။
ကျင်ကြီးကျင်ငယ်စော်နံတယ်ပေါ့ဗျာ။
ဒီမြေပေါ် မနေချင်လို့  ထခုန်တယ်i ဘယ်
နေရာကျမယ်ထင်ကြလဲi ဒီမြေပေါ်ပဲကျ
မယ်။
နေလဲဆို မြေပေါ်ပြန်ကျတယ်။ မြေမုန်းလို့ 
ခုန် မြေပေါ်ပြန်ကျတာပဲ။
ခင်ဗျားတို့ လည်း နောက်တုန်းက မသေ
ချင်လို့  အမျိုးမျိုးအဖုံဖုံ ကိုးကွယ်ကြသော်
လည်းသစ္စာသိအောင်တော့ မရောက်ခဲ့ဘူး
အဲဒီ အမျိုးမျိုးအဖုံဖုံ ကိုးကွယ်ခြင်းကြောင့်
ပဲ ဒီသေတဲ့မြေပေါ်ပြန်ကျတယ်။
မကျဘူးလား i ကောင်းပြီ ဒါဖြင့် ခင်ဗျားတို့ သည် ယုန်သဘော နောက်ကဖြစ်ခဲ့တယ်
မဆိုနိုင်ဘူးလား ။
အေး မြေပေါ်မှာ မနေချင်လို့ ခုန်တာ l မြေ
မှမလွတ်နိုင်ဘူး သဘောကျပြီလား။
ခင်ဗျားတို့ လည်း နောက်တုန်းက မအိုချင်
မနာချင် မသေချင်ဘူးဆိုတာ ဘုန်းကြီးယုံ
တယ်။ အမေတွေ အဖေတွေ သေတော့
မကြိုက်လို့ တောင် ငိုကြသေးကိုးဗျ။
ကိုယ်လည်း သေရတော့မယ် ဆိုရင်ဖြင့်
ကယ်တော်မူပါl ယူတော်မူပါဆိုတော့ ဒါမကြိုက်လို့ ပေါ့နော်။ သို့ သော်လည်း ဒီသေတွင်းပဲ ပြန်ကျတယ်။
ဘာပြုလို့ တုံး - သစ္စာမသိလို ။့ သဘောကျပြီလား။
သစ္စာမသိတော့ ဒီမြေပေါ်ပဲ ပြန်ကျတယ်။
ဒါကြောင့် သစ္စာသိအောင်လုပ်ကြပါ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဏှာကြိုးနဲ့ချည်ပြီး အဝိဇ္ဇာအထုံး မထုံးလိုက်ကြပါနဲ
သီလ လုံခြုံရုံမျှနဲ့ မတင်းတိမ်ပါနဲ့။
ဗဟုသုတများရုံမျှနဲ့လည်းမတင်းတိမ်ပါနဲ့။
သမာဓိအားကောင်းရုံမျှနဲ့လည်း မတင်းတိမ်ပါနဲ့။
ဆိတ်ငြိမ်ရာနေနိုင်ရုံမျှနဲ့လည်းမတင်းတိမ်လိုက်ပါနဲ့။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကုန်ကုန်ပြောမယ်ကွာတဲ့l အနာဂါမ်ဖြစ်ရုံမျှနဲ့တောင် မတင်းတိမ်လိုက်ပါနဲ့တဲ့။
ကိလေသာဟူသမျှကျင်ကြီးကျင်ငယ်လို့မှတ်ပါ။
ကိလေသာတွေ တစ်ကိုယ်လုံးပျံ့နှံ့နေပါလျက်နဲ့ အဆင်း အသံ အနံ့ အရသာ ထိတွေ့စရာတည်းဟူသော အာရုံငါးပါးနဲ့တိုးတာ ဆူးတောတိုးတာလို့မှတ်ပါ။
အဲဒီအခါ ခင်ဗျားတို့မှာ တဏှာ ဥပါဒါန်တည်းဟူသော အနာမန်းတွေ ထွက်ကျလာပါလိမ့်မယ်။
ငါသွားမယ့်နေရာသည် ကိလေသာတိုးပွားမယ့်နေရာလား ငြိမ်းမယ့်နေရာလားလို့စဉ်းစားပြီးမှသွားပါ။
တဏှာကြိုးနဲ့ချည်ပြီး အဝိဇ္ဇာအထုံး မထုံးလိုက်ကြပါနဲ့။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
Monday, November 3
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထော်လောကန့်လန့် သားသမီး
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ
၏
ပူဇော်မှုဟူသည် နှစ်မျိုးရှိပါသည်။
(၁) အာမိသပူဇာနှင့် (၂) ဓမ္မပူဇာ ဟူ၍ပင်
ဖြစ်ပါသည်။ထိုပူဇော်မှု နှစ်မျိုးတွင် ဘုရား
ရှင်သည် ဓမ္မပူဇာကိုသာ နှစ်သက်မြတ်နိုး
တော်မှုပါသည်။အဘယ်ကြောင့်ဘုရားရှင်သည်၊ ဓမ္မပူဇာကို
နှစ်သက်မြတ်နိုးပါသနည်းဆိုပါမူ ၊ဓမ္မဖြင့်ပူဇော်ခြင်းသည် ပူဇော်သူကိုလည်း
ဒုက္ခခပ်တိုင်းငြိမ်းစေ၍ ပူဇော်မှုတကာထဲ
တွင်အမြင့်မြတ်ဆုံးသောပူဇော်ခြင်းလည်း
မည်ပေသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့်ဘုရားရှင်က တရားဖြင့်ပူဇော်ရန်
တိုက်တွန်းနိုးဆော်ခဲ့ခြင်း ဖြစ်ပါသည်။
လောက၌ မိဘတို့ပြောရိုးထုံးစံတစ်ခု ရှိပါသည်။ " မိဘကတော့ သားသမီးလုပ်စာ
မစားရရင်ံနေပါစေ၊စကားနားထောင်ရင်ပဲ
ကျေနပ်လှပါပြီ" ဟု ပြောလေ့ရှိပါသည်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်လည်း ဤသို့ဤ
နှယ် မိဘသဖွယ်သာ ဖြစ်ပါချေ၏။
သူ့ကို အဖိုးတန် ပကာသနမှုများဖြင့် မလှူ
မတန်းလျှင်နေပါစေ။ အပြစ်တင်တော်မမူ
ခဲ့ပါ။တရားအလုပ်ကိုအားမထုတ်လျှင်သာ
အပြစ်တင်တော်မူခဲ့ပါသည်။
သို့သော် မိဘမေတ္တာစေတနာကို မငဲ့ညှာ
ဆင်ခြေဆင်လက် များနေသော ၊မိဘစကား
နားမထောင်သည့် သားသမီးများ ရှိနေ
ကြသလို ဘုရားရှင်၏စကားကို နားမ
ထောင်ကြသည့် သားသမီးများ ရှိနေကြ
သည်ကို သိနေမြင်နေရ၍ ထိုသူတို့အတွက်
မိုးကုတ်ဆရာတော်ဘုရားကြီးက ဘုရားရှင်
နှင့် မိဘ နှိုင်းယှဉ်၍ ဤသို့ဆုံမထားခဲ့ပါ
သည်။
""ဘုရားရှင်ကလည်းသနားလွန်းလို့
မဟာ ကရုဏာနဲ့ တိုက်တွန်းရှာတယ်။
ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ရ
မယ်။ငါဘုရားရဲ့ကရုဏာကိုပြန်ငဲ့ရင်လည်း
( ဝိပဿနာလုပ်ရပါမယ် တဲ့ဘုရား)။
အေး---မင်းတို့ ဆွမ်းတွေ ကွမ်းတွေနဲ့ ပူဇော်
ပသတာ မသာယာပါဘူးကွာ၊ မင်းတို့ရထား
တဲ့တရားနဲ့ ပူဇော်တာ သာ သာယာပါ
တယ်ဆိုတဲ့ဥစ္စာ၊သေသေချာချာဟောခဲ့ပါ
တယ်။ဒကာ ဒကာမတွေ သားသမီးတွေနဲ့
နေကြတာပဲ သားသမီးလုပ်စာမစားရရင်နေ
ပါစေ မိဘပြောတာနားထောင်ရင် ကျေနပ်
လှပါပြီဆိုတဲ့ဥစ္စာ၊ မပါကြဘူးလား။
သူ့တို့ကျွေးတာပေးတာမစားရရင်နေပါစေတဲ့ ဒါတွေကခင်ဗျားတို့ အသားယူပြောတဲ့
စကားတွေပါ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိပဿ
နာတရားအားထုတ်ကြပါဆိုတဲ့ ဥစ္စာ၊ ခင်ဗျား
တို့က ထော်လော်ကန့်လန့်နဲ့ လုပ်ပြီး မလုပ်
ဘူး၊မနက်ဖြန်မှ ၊သေခါနီးမှနဲ့ ဒီလိုဆိုရင်
ခင်ဗျားတို့ဟာ ကောင်းသောသားသမီးဖြစ်
နိုင်ပါဦးမလား။ ထော်လော်ကန့်လန့်သားသ
မီးဖြစ်မနေဘူးလား၊ ထော်လော်ကန့်လန့်
သားသမီးဖြစ်နေရင် မိဘတွေကကျေနပ်တဲ့
သဘောရှိပါ့မလား၊ သူတို့ရဲ့ကရုဏာကို
ရော ငဲ့ရာ ရောက်ပါ့မလား။
ဘုရားရှင်ကလည်းဒီအသွားပဲ ၊မင်းတို့ လှူ
တာ၊တန်းတာ၊ပေးတာ၊ကမ်းတာကို အသာ
ထားစမ်းပါ၊ငါပြောတဲ့ အတိုင်းတရားနဲ့ ကျင့်
ပြီး ပူဇော်စမ်းပါဆိုတဲ့ ဥစ္စာ၊မသေချာသေးဘူးလား။ ဒါလေးတောင်မှ
ခင်ဗျားတို့က မလုပ်နိုင်သေးဘူး။ ဘာ
ကြောင့်မလုပ်နိုင်တာတုံး၊ထော်လော်ကန့်
လန့်လုပ်ပါရစေဦး။ ဒီအဓိပ္ပာယ် မရောက်
ဘူးလား၊သဘောပေါက်ကြတယ်နော်။"""
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အအို အသေ လွတ်အောင်လှူပါ
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ၏
ဒါန နှစ်မျိုးရှိပါသည်။ ဝဋနိဿိတဒါန၊
ဝိဝဋနိဿိတဒါန၊ သံသရာလည်ကြောင်းဒါန
နှင့်သံသရာမှ လွတ်မြောက်ကြောင်း ဒါန
ဟူ၍ ဖြစ်ပါသည်။
ယင်း ဒါန နှစ်မျိုးတွင် သံသရာလည်ကြောင်း
ဒါနကို ပြုလျှင်ဖြင့် လူ၊နတ်၊ဗြဟ္မာ ဘယ်ခန္ဓာဖြစ်ဖြစ်၊အို၊ နာ၊ သေမှ မလွတ်ပါ
ချေ။သောက ပရိဒေဝမီးတို့လည်း လောင်
ကျွမ်းခံရပါလိမ့်ဦးမည်။
သံသရာလွတ်မြောက်ကြောင်း ဒါနကိုပြု
မှသာ အို၊နာ၊သေ ငြိမ်း၍ ဒုက္ခသောက
ဟူသမျှ သိမ်းနိုင်ပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုး
ကုတ်ဆရာတော်ဘုရားကြီးက အို ၊နာ၊ သေ
တပ်မည့်သံသရာ မပြတ်သည့် ဒါနမျိုး ကို
အားပေးတော်မမူခဲ့ပါချေ။
အို၊ နာ၊ သေ ပြတ်ဒုက္ခသောကမီးများ
ငြိမ်းသတ်သည့် ဒါနပြုပုံ ပြုနည်းကိုသာ
ထပ်ခါထပ်ခါ မိန့်ကြားလမ်းပြခဲ့ပါသည်။
ဖတ်ရှု၍ ကြည်ညို ပန်ဆင်ကြည့်ပါလေ။
""" အအို၊ အသေ ရမည့် အလှူမျိုးကျတော့
မလှူစေချင်ဘူး။ အအို၊ အသေ လွတ်မည့်အလှူမျိုးကျတော့ လှူစေချင်
တယ်။အဲဒါကျတော့ ဘုန်းကြီးတို့က အထူး
တိုက်တွန်းတယ်။လုပ်စမ်းဟ လုပ်စမ်းပါဟ
ဆိုပြီး သကာလ။
တချို့ ဒကာဒကာမတွေ သိန်းကုန်၊
သောင်းကုန် လှူချင်ကြတယ်။ ဆိုင်းပါဦး
ကွာ၊ တားပြီးဥာဏ်ပါအောင် ဆိုင်းခိုင်းရ
သေးတယ်။တရားအားထုတ်မဲ့ ပုဂ္ဂိုလ်ဖြစ်
ရင် ပဋိသန္ဓေ ခန်းဟောလိုက်တယ်။
ဟောတဲ့အခါကျတော့ ကလလရေကြည်
မင်းနေချင်သေးလား။အပေါ်ကအစာသစ်
တွေ ရွက်ပြီး အစာဟောင်း ကျင်ကြီးတွေ
ပေါ် ထိုင်တဲ့ဒုက္ခ မင်းကြိုက်သလား။
မကြိုက်ဘူးချည်းပြောတာပဲ။ အဲဒါ ဇာတိ
ဒုက္ခ၊ အဲဒီဒုက္ခကြီးကြောက်လွန်းလို့ ဒီဒုက္ခ
မှ လွတ်ရာရောက်ချင်လို့ လှူပါ၏လို့ မင်း
မြန်မြန်လုပ်ကွ ၊ ဒီလိုသင်ရတယ်။
နို့ မဟုတ်လို့ ရှိရင် ရော့---အင့်ဆိုပြီး သူက
လှူ။ ဝမ်းသာပြီးတော့ ငါတော့နောက်ဘဝ
ကောင်းစားပြီလို့ ထင်နေမယ်။ ဘယ်မှာ
နောက်ဘဝကောင်းစားမှာတုံး။ဝမ်းထဲမှာ
ချောက်ကျတာ ရိပ်မိပလား။ နောက်ဘဝ
မသာဖြစ်သာ ကောင်းစားတာလား။
မသာဖြစ်တာသည် အသုဘမဟုတ်လား။
အသုဘ ဆိုတော့ မြို့ထဲရွာထဲ ကြည့်ဖို့ထား
သလား၊ဆွဲထုတ်သလား။
( ဆွဲထုတ်ပါတယ်ဘုရား )
ဟာ---ဒါဖြင့် မသာဖြစ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့် ဘယ်ကောင်းမတုံး။
မသာလွတ်အောင်လုပ်တဲ့ ကုသိုလ်ဖြင့်
ဘုန်းကြီးများက တိုက်တွန်းမယ်။ ခင်ဗျား
တို့ကလည်း လုပ်ပါ။လှူလည်းလှူပါ။
ရှင်းပလား။ နို့မို့ရင် ဒီမသာမချရသေးဘူး။
မသာဆုတောင်းတာက စောနေတယ်။
ရိပ်မိပလား။ ဒီမသာချရပလား။
( မချရသေးပါဘုရား။ )
ရှေ့ ဘာဆုတောင်းကြသတုံး။
( မသာဆုတောင်းပါ ဘုရား )သွားပါကော--
ဒီလောက်ရူးတာတော့ မကောင်းတော့ဘူး""
ဓမ္မ မိတ်ဆွေများ အခုကထိန် ရာသီ ချိန်ခါ
မှာ ကထိန်ဒါနပြု ကြသူဓမ္မ မိတ်ဆွေများ
အထူးသတိပြု နိုင်ရန် အတွက် ဒါနပြု
စဉ်မှာ သစ္စာသိ၍ လှူဒါန်းကြလျှင် သံသရာ
မှလွတ်မြောက်နိုင်ကြောင်းကို မေတ္တာ
ရှေ့ထားလို့ တင်ပြလိုက်ပါတယ်။
ဓမ္မ မိတ်ဆွေများသံသရာမှ လွတ်မြောက်နိုင်
ကြပါစေ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သင်္ခတသဘော
အဖန်ဖန်ပြုပြင်ခြင်းမရှိတဲ့သဘောဖြစ်တယ်၊ ဒါကြောင့် နိဗ္ဗာန်ဟာ အဖန်ဖန်ပြုပြင်ခြင်း မရှိသောကြောင့် ပက
တိခိုင်မြဲတဲ့ တရားလို့မှတ်၊ အသင်္ခတ သဘောကို..ရှင်းရရင်၊ "သင်္ခတ"သဘောကို အရင်ပြောရမယ်။
"သင်္ခတ"သဘောသည် အသင်္ခတနဲ့ဆန့်ကျင်ဘက်၊ အသင်္ခတနဲ့လုံးဝမတူတဲ့ တရားပဲ၊ သင်္ခတတရားတွေဆို
တာ ခန္ဓာ ၅-ပါး ရုပ်နာမ်တွေ ဘုံတွေပဲ၊ ဒါတွေဟာ ပြုပြင်ထားလို့ ဖြစ်လာကြတဲ့အရာတွေ ဖြစ်သောကြောင့်
ပျက်စီးတဲ့သဘောရှိတယ်လို့မှတ်၊ ခန္ဓာ ၅-ပါး ရုပ်နာမ်တရားတွေ လူ နတ် ဗြဟ္မာ သတ္တဝါတွေဟာ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတွေဟာ တောတောင်ရေမြေတွေဟာ သင်္ခတတရားတွေ၊ ပြုပြင်တုန်းပဲ ခေတ္တတည်တံ့နိုင်
တဲ့ တရားတွေပဲ၊ ပြုပြင်တတ်တဲ့ ပြုပြင်စီမံပေးတဲ့အကြောင်း တရားတွေရဲ့ သတ္တိအရှိန်အစော် အာနုဘော်
ကုန်လို့ရှိရင် ပျက်သွားကြရတယ်၊ အပျက်မှ လမ်းဆုံးထယ်ပေါ့၊ ခန္ဓာ ၅-ပါး ရုပ်နာမ်ဆိုတဲ့ သင်္ခတ တရားတွေ
ဟာ ဘယ်မှာပဲဖြစ်ဖြစ် (လူ့ပြည်ဖြစ်ဖြစ်၊ နတ်ပြည်ဖြစ်ဖြစ်၊ ဗြဟ္မာပြည်ဖြစ်ဖြစ်) "ကံ စိတ် ဥတု အာဟာရ"ဆို
တဲ့ အကြောင်းတရား ၄-ပါးနဲ့ ပြုပြင်ထားတာ ဖြစ်သောကြောင့် ပြုပြင်တဲ့ သဘောသတ္တိကုန်ဆုံးတာနဲ့၊ တစ်
ပြိုင်နက် ပျက်စီးကြတာချည်းပဲ၊ ခင်ဗျားတို့ ဒါနမှု သီလမှု သမထအလုပ်ဆိုတဲ့ လူနတ်ဗြဟ္မာပြည် ရောက်
ကြောင်းအလုပ်တွေ လုပ်တယ်ဆိုပါစို့၊ သူ့နည်းနဲ့သူ ပြုပြင်လိုက်တော့၊ သူ့အကြောင်းရှိသလောက် အကျိုး
တော့ ပေးတာပေါ့၊ ဒါပေမယ့် အကြောင်းတရားတွေရဲ့ အရှိန်အစော် အာနုဘော်တွေကုန်တဲ့အခါကျတော့
လူနတ်ဗြဟ္မာဆိုတဲ့ အကျိုးတရားတွေဟာ ပျက်စီးသွားကြတာပဲ၊ ပြုပြင်လို့ရထားတဲ့ ဖြစ်လာတဲ့ တရားဟူ
သရွေ့ဟာ ခိုင်မြဲတယ်မရှိဘူး၊ မပြုပြင်ဘဲနဲ့ရတဲ့နေရာဖြစ်သော အသင်္ခတ..နိဗ္ဗာန်ကမှ အမြဲတည်တဲ့ခိုင်မြဲ
တာ၊ ခင်ဗျားတို့ဟာ သင်္ခတ အကျိုးတရားတွေအ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အပါယ်တံခါးပိတ်ခြင်း၊ဖွင့်ခြင်း၏အကြောင်း ရင်း
ထင်ယောင်ထင်မှား ဖြစ်နေကြသည့် ကိစ္စ
နှစ်ရပ်ရှိပါသည်။
ထိုကိစ္စနှစ်ရပ်ကား တခြားမဟုတ်ပါ။အပါယ်
တံခါးပိတ်ခြင်းဖွင့်ခြင်း၏ အကြောင်းရင်း ကိစ္စနှစ်ရပ်ပင် ဖြစ်လေသည်။
တချို့ကအပါယ်တံခါးပိတ်ခြင်း၏ကိစ္စကို လူ
တစ်ဦးစုတိကျ သေဆုံးမှ ငရဲသို့ သွား၍ပိတ်
ရသည်။ဖွင့်ခြင်းကိစ္စသည်လည်း သေလွန်ခါ
မှ သွား၍ဖွင့်ရသည်ဟု ထင်မှတ်မှားလျက်
ရှိကြပါသည်။
အမှန်မှာကား ထိုသို့မဟုတ်ပါချေ။အပါယ်တံ
ခါးကို ကျွန်တော်တို့နေထိုင်ရာ ဤလူ့ရပ်ရွာ
မှနေ၍ ကုသိုလ် အကုသိုလ်တည်းဟူသော
တရားနှစ်ပါးဖြင့် လှမ်း၍ပိတ်လျှင်လည်းရ
ပါသည်။ဖွင့်လျှင်လည်းရပါသည်။အပါယ်တံ
ခါးပိတ်သွားရခြင်း၊ပွင့်သွားရခြင်း၏အကြောင်းရင်းကိစ္စကား
ကုသိုလ်နှင့် အကုသိုလ် ကိစ္စနှစ်ရပ်သာရှိ
လေသည်။ဤသည်ကိုကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရား
က အောက်ဖော်ပြပါ အဆုံးအမ တရားဖြင့်
ထင်ဟပ်၍ပြထားခဲ့ပါသည်။အဆုံးအမတ
ရား၏လိုရင်းကား မဂ်ကုသိုလ်ပြုလျှင် အပါယ်တံခါးပိတ်မည်ဟူ၍ပင်။
"ဖြစ်ပျက်ကိုရှုရင်း ရှုရင်း ဖြစ်ပျက်မြင်ပါများ
လာတော့ ဝမ်းသာတာချုပ်ပြီး မုန်းလာတာပဲ
သူ့ကိစ္စမြင်တဲ့ကိစ္စက ဝမ်းသာသည်အထိ
ရောက်အောင်ဆိုရင် ပြီးတာပဲ။သဘောကျ
ပလား။နောက်ထပ်ကြည့်လိုက်တဲ့ အခါကျ
တော့ အပျက်တွေမြင်၊နောက်တော့မုန်းတာ
လာမှာပဲ။မုန်းတာလာပြီးရင် ဘာထပ်လာ
မယ်ထင်သတုံး၊ဆုံးတာလာရင်ဖြင့် မဂ္ဂင်
ရှစ်ပါးပြည့်သွားမှာပါပဲ။
ဒကာဒကာမတို့၊အပါယ်လေးပါးတံခါး ပိတ်
တယ်ဆိုတာ အထူးပြောနေဖို့ လိုသေးလား
ကိုယ်ကသွားပြီးပိတ်တာလား၊မဂ်ကပိတ်
တာလား။ကိုင်း ဒါဖြင့်ဒကာ ဒကာမတို့
အပါယ်လေးပါးတံခါးကို ဒီကနေပိတ်ရင်
လည်းရတယ်၊ဖွင့်ရင်လည်းရတယ်။
ဘာကြောင့်ပါလိမ့်မတုံး၊မကောင်းမှုလုပ်လို့
အပါယ်သွားရတယ်ဆိုတော့ လူ့ပြည်ကနေ
ပြီး အပါယ်တံခါး ဖွင့်တာကိုး။
ဖွင့်တတ်ရင် ပိတ်တတ်ရမယ်ဆိုတာဟာ
အပိုပြောတဲ့ စကားလား၊စည်းကမ်းတကျ
လား။အဲဒီတော့ ခင်ဗျားတို့ နေပုံထိုင်ပုံ
စည်းကမ်းမကျဘူး။ဖွင့်သာနေတယ်၊
ပိတ်ပါဆိုတော့ စည်းကမ်းမကျဘူး။
ကိုင်း ဒါဖြင့် ခင်ဗျားတို့ လိုသေးတယ်ဆိုတဲ့
အပြစ်ကိုတော့ ထင်ရမယ်""
ဓမ္မမိတ်ဆွေများ အသေမဦးမီ ဥာဏ်ဦး
အောင်ဝိပဿနာများကြိုးစားအားထုတ်ပြီး
အပါယ်တံခါးပိတ်နိုင် ကြပါစေ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။







