Tuesday, April 2

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ အဓိပတေယျဋ္ဌ အနက်(၄)

အဓိမပတေယျဋ္ဌောဆိုတာ မိမိသန္တာမှာ မဂ္ဂင် ၈-ပါးရောက်လို့ မိမိကိုယ်ကို မိမိအစိုးရတဲ့အဖြစ်သို့ ရောက်ရှိ
တာကိုဆိုတာ၊ မဂ္ဂင် ၈-ပါး အစုံအလင်ရောက်တော့ "ပညာမဂ္ဂင်"က သမ္မာဒိဋ္ဌိ သမာသင်္ကပ္ပ ၂-ပါး၊"သမာဓိ
မဂ္ဂင်" သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ ၂-ပါး၊ "သီလမဂ္ဂင်"က သမ္မာဝါစာ သမ္မာကမ္မ န္တ သမ္မာအာဇိဝ
၃-ပါး၊ ပေါင်း ၈-ပါးဖြစ်တယ်၊ ဒီမဂ္ဂင် ၈-ပါး မိမိသန္တာန်မှာ ရောက်ရှိမှသာလျှင် မိမိ၏ သီလ..သမာဓိ..ပညာတွေ
ဟာ အဓိ..အကြီးအကဲ အဆင့်သို့ရောက်ပြီး နောက်ဘဝအဆက်ဆက်မှာ မပျက်မစီး ခိုင်မြဲသွားတယ်၊ မဂ္ဂင်
၈-ပါး မစုံသေးရင်တော့ ခင်ဗျားတို့မှာရှိတဲ့ သီလ..သမာဓိ..ပညာတွေဟာ မခိုင်မြဲသေးဘူး၊ ဒီဘဝမှာပဲ ပျက်စီး
သွားနိုင်တယ်၊ နောင်ဘဝရောက်ရင် ပျက်စီးသွားနိုင်တယ်။ အခု ခင်ဗျားတို့ ဆောက်တည်ထားတဲ့ ၅-ပါး၊ ၈-
ပါး၊ ၁ဝ-ပါးစတဲ့ သီလတွေဟာ အခိုက်အတန့်ပဲ တည်နိုင်တယ်၊ အကြောင်းတိုက်ဆိုင်လို့ရှိရင် ပျက်ကြတာပဲ၊
အသက်နဲ့လဲပြီး ဒီသီလ မဖျက်ပါဘူးလို့ မလာသေးတော့ ဒီသီလဟာ သာမညသီလပဲ ရှိသေးတယ်၊ သမာဓိ
ပညာတို့လဲ ထို့အတူပဲ၊ ပျက်စီးသွားနိုင်တော့ သာမညပဲ၊ အဲ..မဂ္ဂသစ္စာဆိုက်တဲ့ သီလ..သမာဓိ..ပညာတို့ကျ
တော့ အဓိ ပါလာလို့၊ ဘယ်သူဖျက်လို့မှမရဘူး၊ တတ်နိုင်လို့ ကုပ်ပေါ် ဓားဝဲပြီး မင်းသီလဖျက်ရမယ်၊ သမာဓိ
ဖျက်ရမယ်၊ ပညာဖျက်ရမယ်လို့ တစ်ဦးဦးက အဖျက်ခိုင်းပေမယ်ံ အသက်သာအသေခ့မယ်၊ မဖျက်တော့ဘူး
အဲဒီကျမှမြဲတယ်၊ မဂ်မဆိုက်သေးတဲ့ သာမည သီလ သမာဓိ ပညာတွေကတော့ နတ်ပြည် ဗြဟ္မာပြည်တိုင်
အောင် အကျိုးပေးပါတယ်၊ နိဗ္ဗာန်အထိတော့ အကျိုးမပေးဘူး၊ မဂ်ဆိုက်တဲ့အခါကျတော့ အဓိပါလာတဲ့အ
တွက် နိဗ္ဗာန်အထိအကျိုးပေးတယ်၊ ဒီကျတော့မြဲသွားပြီ၊ ဒီတော့ ဘယ်အချိန်ကျမှ မြဲမလဲဆိုတော့ ဒုက္ခချုပ်
တာကိုမြင်မှ၊ နိဗ္ဗာန်ကိုမြင်မှ (မဂ်ဆိုက်မှ) ပဲ မြဲမယ်၊ ဒီလိုမြဲမှလဲ စိတ်ချရတယ်၊ လားရာဂတိ မြဲတယ်၊ အပါယ်
မကျတော့ဘူး၊ ချမ်းသာဟူသေရွေ့ အထက်သာတက်သွားတယ်၊ သမ္ဗောဓိပရာယနောတဲ့ အထက်မဂ်ကို
သာတက်တော့မှာပဲ၊ အောက်ပြန်မဆင်းတော့ဘူး၊ ဒီတော့ နိဗ္ဗာန်ကိုမြင်မှ နိဗ္ဗာန်တည်းဟူသော အာရုံကို အ
မှိရမှ မိမိတိုသီလ သမာဓိ ပညာဟာ အဓိပါပြီး မြဲမယ်လို့မှတ်။ အဲဒါကြောင့် မြဲတဲ့ စိတ်ချရတဲ့ သီလ သမာဓိ
ပညာမျိုးဖြစ်အောင် (၁) ဖြစ်ပျက် မြင်အောင်ကြည့်ပါ၊ (၂) ဖြစ်ပျက်မုန်းအောင် ကြည့်ပါ၊ (၃) ဖြစ်ပျက်ဆုံး
အောင် ကြည့်ပါ၊ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်မြင်ပြီ၊ အဲဒီကျမှ မြဲမယ်၊ စိတ်ချရမယ်၊ အခု ခင်ဗျားတို့ဆောက်တည်
ထားတဲ့ သီလ သမာဓိ (သမထ) ပညာ (ဝိပဿနာ) တွေဟာ အထိမခံ ရွှေပန်းကန်မို့ မခိုင်မြဲသေးဘူး၊ ဘာ
ကြောင့် နိဗ္ဗာန်တည်းဟူသော အာရုံဆွဲကိုင်ရာ မရသေးလို့၊ သူတို့ကို နိဗ္ဗာန်က အာရမ္မဏာ ဓိပတိပစ္စည်းနဲ့
ကျေးဇူးမပြုသေးဘူး၊ မပြုသေးလို့ မမြဲတာ၊ ဘုရားလက်ထက်က ဒေဝဒတ်ကြီးဟာ (အဓိမပါသေးတဲ့) သမာ
ဓိရလို့ ဈာန်ရပြီး မြေလျှိုးမိုးပျံနိုင်ပြီး တော်တော်တန်ခိုးကြီးခဲ့တယ်၊ အခု အဝီစိမှာနေရတယ်၊ ဘာကြောင့် သူ
ရထားတဲ့ သမာဓိဟာ အဓိမပါလို့၊ အဓိပတိ..ကြီးစိုးနိုင်တဲ့ စွမ်းရည်သတ္တိမပါသေးလို့၊ ဘုရားလက်ထက်က
တိဿရဟန်းကြီးဟာ သေတော့ သန်းဖြစ်ခဲ့တယ်၊ ဘာပြုလို့ သူ့ သီလ သမာဓိ ပညာတွေက အဓိ...အဓိပတိ
မဖြစ်သေးလို့၊ ဒီတော့ အဓိပတိမဖြစ်သေးတဲ့..မခိုင်မြဲတဲ့..သီလ သမာဓိ ပညာတွေကိုသွားပြီးအားမကိုးကြနဲ့
မခိုင်တာတွေ သွားအားကိုးလို့ ပြုတ်ကျရင်"မျောသွားမယ်၊ မြုပ်သွားမယ်၊"။
"ကမ်းနား သစ်ပင်"ခင်ဗျားတို့ ခန္ဓာ ၅-ပါးဟာ ကမ်းနားသစ်ပင်လို့မှတ်ထား၊ ကမ်းနားသစ်ပင်ဆိုတာ ရေ
တိုက်စားလို့ အမြစ်ဟာ ခိုင်ခိုင်မြဲမြဲမရှိဘူး၊ အမြစ်တွေက ကုပ်အားမရှိလို့ ယိုင်တော့ မြစ်ထဲယိုင်နေတယ်၊
ယိုင်လို့လဲတော့ မြစ်ထဲ လဲပြီး ရေယဉ်ကြောထဲ မျောပါပြီ မြုပ်သွားမှာပဲ၊ မင်းတို့ သံသရာခရီးဟာ ဒီလိုရေ
မျောလာတာနဲ့ တူတယ်လို့ ဘုရားက ဥပမာပြလိုက်တယ်၊ သံသရာခရီးသည်ဟာ တဏှာမျှောတိုင်း မျောရ
တယ်၊ တဏှာက နတ်ပြည်တောင်းလိုက်တော့ နတ်ပြည်မျောတာပဲ၊ အင်း...တဏှာနဲ့ ပတ်သက်ပြီးအကုသို
လ်မှုတွေ လုပ်ပြန်တော့လဲအပါယ်မျောတာပဲ၊ မြုပ်သွားတာပဲ၊ အဲဒီတော့ သံသရာ ခရီးသည်ဟာ တဏှာရေ
ယဉ်ကြောထဲမှာ မျောမှာပဲ၊ ဟိုဘဝ ဒီဘဝဆိုတာက တဏှာပို့မှရောက်မှာပဲ၊ တဏှာရေယဉ်ကြော မျောမှာပဲ
ရောက်မှာပဲ၊ တဏှာ ရေယဉ်က မျောမပေးဘူးဆိုရင်၊ တစ်ဘဝနဲ့တစ်ဘဝ မရောက်နိုင်ဘူး၊ အဲဒီတော့ သံသ
ရာခရီးသည် ဟူသရွေ့ဟာ တဏှာရေယဉ်ထဲမှာ တဏှာမျောသလို မျောရတာပဲ၊ ခင်ဗျားတို့ အပါယ်ရောက်
လိုက်..လူပြည်ရောက်လိုက်..နတ်ပြည်ရောက်လိုက်..ဗြဟ္မာ့ပြည်ရောက်လိုက်နဲ့၊ ၃၁-ဘုံအတွင်း လှည့်ပတ်
မျောနေတာဟာ ဘာကြောင့်...တဏှာရေယဉ်က မျှောလို့ မျောနေတာ၊ ခင်ဗျားတို့လဲ တဏှာကမျှောလိုက်
လို့ အခု လူ့ပြည်ရောက်လာတာပဲ၊ ခန္ဓာ ၅-ပါးဟာ ကမ်းနားသစ်ပင်ပဲ၊ သံသရာခရီးသည်ကဒါကိုသွားဆွဲ
တယ်၊ ကိုယ့်ရုပ် ကိုယ့်ခန္ဓာဆိုတဲ့"ရူပက္ခန္ဓာ"ကိုဆွဲတယ်၊ ချမ်းသာလေးဆိုတဲ့"ဝေဒနာက္ခန္ဓာ"ကိုသွားဆွဲ
တယ်၊ သားမှတ် သမီးမှတ် မယားမှတ် ပစ္စည်းမှတ်ဆိုတဲ့"သညာက္ခန္ဓာ"ကိုသွားဆွဲတယ်၊ ကိုယ့်စေတနာ
ကိုယ့်စိတ်ဆိုတဲ့"သင်္ခါရက္ခန္ဓာ""ဝိညာဏက္ခန္ဓာ"ကို ခင်တွယ်ပြီးသွားဆွဲတယ်၊ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာဆိုပြီး
သွားဆွဲတယ်၊ သွားဆွဲတော့..ကမ်းနားသစ်ပင်လို မခိုင်တဲ့ခန္ဓာ ၅-ပါးဟာ ပြုတ်ကျတာပဲ၊ ဆွဲတဲ့ပုဂ္ဂိုလ်ကလဲ
တအားဆွဲ၊ ကမ်းနားသစ်ပင် (ခန္ဓာ ၅-ပါး) ကလဲ ရေတိုက်စားလို့ (ဇရာ ဗျာဓိ မရဏ..အိုနာသေကြောင့်) မခိုင်
ဆိုတော့၊ တစ်ခါတည်းပြုတ်ကျတာပဲ၊ ခန္ဓာ ၅-ပါးက အနိစ္စဖြစ်တော့ပြုတ်ကျတယ်၊ ပြုတ်ကျတော့ ဆွဲတဲ့လူ
(ခင်တဲ့လူ) အပေါ်ပြုတ်ကျတာပဲ၊ ပိကျတာပဲ၊ ပိကျတော့ ဆွဲတဲ့လူဟာ မြုပ်ဖို့ပဲရှိတော့တယ်၊ ဒါဖြင့် ခင်ဗျားတို့
ဟာ နဂိုက"အမျောသမား"နော်၊ ဟိုဘဝက မျောလာတာ၊ အခုဒီဘဝကျတော့ တဏှာ..ဥပါဒါန်နဲ့ ကိုယ်စွဲတဲ့
ခန္ဓာ ၅-ပါးကလဲ ပိပြီး ခင်ဗျားတို့မြုပ်သွားတယ်၊ မြုပ်တော့ အမြုပ်သမား ဖြစ်တာပေါ့၊ အဲဒီလို ခင်ဗျားတို့ သံ
သရာခရီးတစ်လျှောက်၊ ဘဝတိုင်း ဘဝတိုင်းမှာ မခိုင်တဲ့ ခန္ဓာကြီးကိုသွားသွားဆွဲနေတော့၊ ခန္ဓာကအနိစ္စဖြစ်
လို့ ပြုတ်ကျတာနဲ့၊ ဒီခန္ဓာကြီးပိပြီး ခင်ဗျားတို့ မြုပ်ခဲ့ရ မျောခဲ့ရတယ်၊ သံသရာမှာ အမျောသမား၊ အမြုပ်သမား
အဖြစ်နဲ့ပဲ နေခဲ့ကြရတယ်၊ ခုနက အဓိသီလ..အဓိသမာဓိ..အဓိပညာတို့ကို မရခဲ့တော့ တဏှာမျှောတိုင်း
မျောရတော့ မျောလိုက်မြုပ်လိုက်နေခဲ့ကြရတယ်၊ ဒီလိုနေ ဒီလိုသေလို့..တဏှာပြောတိုင်း ဖြစ်ခဲ့ကြရတယ်၊
အဲဒီတော့ အခုဘဝမှာ ခင်ဗျားတို့ အဆွဲမမှာဖို့အရေးကြီးတယ်၊ ခန္ဓာ ၅-ပါးကိုသွားမဆွဲနဲ့၊ အနိစ္စချည်းဖြစ်လို့
သွားမဆွဲနဲ့၊ ဆွဲရင် ဆွဲတဲ့ပုဂ္ဂိုလ်အပေါ်မှာ သူပြုတ်ကျမှာပဲ၊ အဲ ခိုင်မြဲလှတဲ့ နိဗ္ဗာန်တည်းဟူသော ကျောက်
ဆောင်ကြီးကို ဆွဲမိရင်တော့ ပြုတ်မကျလို့ မျောစရာမရှိတော့ဘူး၊ ဒီတော့ နိဗ္ဗာန်ကို အဆွဲမှန်ဖို့ အရေကြီး
တယ်၊ ခင်ဗျားတို့ အဆွဲမှားခဲ့လို့ အဆွဲမမှန်ခဲ့လို့၊ သံသရာတလျှောက် ဒီအတိုင်း မျောလာခဲ့ကြရတာနော်၊ အဲ
ဒီတော့ ခင်ဗျားတို့က ဘာတွေပဲပြောနေနေ၊ အမျောသမား အမြုပ်သမားဘဝနဲ့ပဲ ဇာတ်ဆုံးတာပဲ၊ အမျောသ
မားဆိုတာက ဟိုဘဝ ဒီဘဝမျောတာ ကူးတာ၊ အမြုပ်သမားဆိုတာက အပါယ် ၄-ဘုံရောက်သွားတာ၊ အ
ပါယ် ၄-ဘုံ ရောက်ပြီ အမြုပ်သမားဘဝက တက်လာပြန်တော့ အမျောသမားအဖြစ်နဲ့ လာပြန်တာပဲ၊ မျောပြီး
ရင်နောက် မြုပ်အုံးမှာပဲ၊ သံဝေဂရအောင် ဟောနေတာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ဖြစ်စဉ်ကို ပြောနေတာလို့
မှတ်ပါ။
 ခင်ဗျားတို့ နောက်နောက်က ဒါနသီလလေး..သမထလေးလုပ်ခဲ့လို့..လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်မှာ မျော
ခဲ့ရပြီ၊ လူ့ခန္ဓာလဲ အနိစ္စပဲ၊ နတ်ခန္ဓာလဲ အနိစ္စပဲ၊ ဗြဟ္မာခန္ဓာလဲ အနိစ္စပဲ၊ သွားဆွဲရင် ပြုတ်ကျတာပဲ၊ ပြုတ်ကျ
တော့ဆွဲတဲ့လူအပေါ်ပိမှာပဲ၊ နတ်အပေါ်လဲ ပိမှာပဲ၊ ဗြဟ္မာ့အပေါ်လဲ ပိမှာပဲ၊ ပိတော့အောက်ပြန်ကျမှာပဲ၊
အောက်ပြန်ကျတော့မြုပ်တာပဲ၊ အပါယ် ၄-ပါးကျအောင်မြုပ်မှာပဲ၊ မြုပ်သွားရင် ကမ္ဘာအသင်္ချေတိုင်အောင်
မြုပ်သွားတာ၊ ပေါ်လာဖို့မလွယ်ဘူး၊ ခင်ဗျားတို့နောက်တုန်းက မျောလိုက် မြုပ်လိုက်ပဲ၊ ဘုရားတွေ အဆူဆူ
ပွင့်ပေမယ့်..ဘုရားပွင့်တုန်း ခင်ဗျားတို့က အပါယ် ၄-ပါးမြုပ်တဲ့အထိ တာရှည်နေတော့..ဘုရားကလဲ အဲဒီနေ
ရာမကြွဘူး၊ မြင်တော့မြင်တာပဲ၊ မြင်ပေမယ့်..ဒုဂ္ဂတိဘုံသားဖြစ်နေတဲ့အတွက်ကျွတ်တမ်းဝင်စရာမရှိဘူးဆို
ပြီး..ဘုရားက မကြွဘူး၊ ဘုရားက ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်တွေဆီသာ အမြဲကြွတာ၊ ကျွတ်မယ့်လူတွေဆီ
နောက်က အမြဲတမ်းလိုက်ပြီးကယ်နေရလို့ နေ့မအိပ်ရ ညမအိပ်ရတဲ့ ဘုရားဗျ၊ ဘုရာပွင့်တာနဲ့ ကိုယ်က သုဂ
တိဘုံရောက်တာနဲ့ကြုံမှ၊ ဘုရားကလဲချွတ်မှ၊ ကိုယ်ကလဲ အဆွဲမမှားမှကျွတ်တမ်းဝင်နိုင်တာ၊ ခင်ဗျားတို့ဘာ
ကြောင့် ကျွတ်တမ်းမဝင်နိုင်ခဲ့တယ်ဆိုတာ..အကဲခတ် ကြည့်ရင် သိလောက်ပြီ၊ ဒီတစ်ခါ အဆွဲမှားရင် နှောင်
ဘဝ ဘာဖြစ်မှာတုံးဆိုတာ ခင်ဗျားတို့ ဖြေတတ်ပြီလား၊ ကဲ..အခု ဘုန်ကြီးပြောပြီလို့ ခင်ဗျားတို့က"ဒီခန္ဓာ ၅-
ပါး"ကို အားမကိုးတော့ဘူး၊ မဆွဲတော့ဘူး၊ အနိစ္စကို အနိစ္စမှန်းသိမယ်၊ ဒုက္ခကို ဒုက္ခမှန်းသိမယ်၊ အနတ္တမို့
အားကိုးစရာ အားထားစရာ မရှိဘူးလို့သိမယ်..ဆိုရင်၊ ဒီခန္ဓာကြီး ကမ်းနားသစ်ပင်ကို ဆွဲမှာမဟုတ်ဘူး၊ မဆွဲ
တော့ မခင်ဘူး၊ မခင်လို့ မဆွဲတော့ဘူး၊ (ခင်တာကတဏှာ) မခင်လို့မဆွဲတော့ ဒီခန္ဓာကြီးက ခင်ဗျားတို့အ
ပေါ် ပိကျစရာအကြောင်းမရှိတော့ဘူး၊ မခင်တော့ တဏှာရေလဲခန်းသွားတယ်၊ ပိစရာလဲမရှိ၊ မျောစရာရေ
လဲမရှိတော့၊ မျောစရာ မြုပ်စရာ အကြောင်းမရှိတော့ဘူး၊ နိဗ္ဗာန်သောင်ကမ်းသို့ ရောက်သွားပြီ၊ အဲဒီအခြေ
အနေရောက်အောင်ဆိုရင် အလုပ် လုပ်မှပဲရမယ်၊ တဏှာရေခန်းအောင်လုပ်ရမယ်၊ ခန္ဓာ ၅-ပါး ကမ်းနားသစ်
ပင်ကိုလဲ မဆွဲရဘူး၊ ဆွဲရင်မခိုင်ဘူးဆိုတာ သိရမယ်၊ ဒါကြောင့် မဆွဲမိဖို့ဆိုတာသည် တဏှာ ဥပါဒါန်မရှိ
အောင် နေပါလို့ပြောတာပဲ၊ အဲဒီတော့သံသရာ စခန်းသတ်ချင်ရင်"တဏှာရေ"ခန်းအောင်လုပ်ပါ၊ တဏှာရေ
ခန်းရင် မျောစရာ မရှိတော့ဘူး၊ ဒီတော့ ခန္ဓာ ၅-ပါးကို အနိစ္စ ဒုက္ခ အနတ္တ ရှုပေါ့ဗျာ၊ ရှုတော့ မခိုင်မှန်း (မမြဲ
မှန်း) သိမယ်၊ သိရင် မခင်တော့ဘူး၊ မခင်ဘူးဆိုရင် တဏှာခန်းပြီး ဒီတော့ (၁) မခိုင်မှန်းသိတာရယ်၊ (၂) မ
ခိုင်မှန်းသိလို့ မခင်တာရယ်၊ ဒီ ၂-ချက်အရေးကြီးတယ်၊ မခိုင်မှန်းသိရင် အနိစ္စမြင်မယ်၊ အနိစ္စမြင်ရင် မခင်ဘူး
မခင်လို့ရှိရင် တဏှာသေတယ်၊ တဏှာရေခန်းတယ်၊ မခိုင်မှန်းသိရင်"အနိစ္စ ဒုက္ခ အနတ္တ"အကုန်မြင်တယ်၊
ဒါတွေ မြင်ရင် နိဗ္ဗာန်မြင်တာပဲ၊ နိဗ္ဗာန်မြင်ရင်၊ နိဗ္ဗာန်သောင်ကမ်းရောက်ရင် မမျောတော့ဘူး၊ မမြုပ်တော့ဘူး
အဲဒီတော့ နိဗ္ဗာန်မြင်အောင်ဆိုရင် ရှေးဦးစွာ ခန္ဓာ ၅-ပါးကို ဖြစ်ပျက်ရှုရမယ်၊ ရှုတုန်းတော့ မဂ္ဂင် ၅-ပါးပဲရှိသေး
တယ်၊ ၅-လုံးတွဲ ဖောင်ကလေးရပြီပေါ့၊ ဒီဖောင်းကလေးက နည်းနည်းလောက်ပဲအားကိုးလို့ရတယ်၊ လှိုင်း
တွေ ဝဲတွေဒဏ် မခံနိုင်သေးဘူး၊ အဲဒါတွေနဲ့ တွေ့ရင် မြုပ်သွားနိုင်တယ်၊ ဒီတော့ ဆက်ရှု၊ ဆက်ရှုလို့ ဖြစ်ပျက်
ဒုက္ခသစ္စာ ခန္ဓာ ၅-ပါးကိုမခင်တော့ဘူး၊ မလိုချင်တော့ဘူးဆိုတာ လာမယ်၊ ဆက်ရှုလို့ ခန္ဓာ ၅-ပါး ဒုက္ခသစ္စာ
ကြီး ချုပ်သွားရင် မဂ္ဂင် ၈-ပါး ပြည့်သွားပြီ၊ ၈-လုံးတွဲ ဖောင်ကြီးရပြီ၊ ဒီဖောင်ကြီးကမှ အားကိုးလောက်တာ၊
လှိုင်းဒဏ် လေဒဏ် ခံနိုင်ပြီ၊ ဘယ်နည်းနဲ့မှ မမြုပ်နိုင်တော့ဘူး၊ အဲဒီ မဂ္ဂင် ၈-ပါးဆိုတဲ့ ဖောင်ကြီးရမှ နိဗ္ဗာန်
သောင်ကမ်းရောက်မယ်၊ ရောက်ရင် နိဗ္ဗာန်ကိုဆွဲကိုင်မိပြီ၊ အဆွဲမှန်ပြီ၊ ဘယ်လောက်ဆွဲဆွဲ ပြုတ်မကျတော့
ဘူး၊ ဒီကျမှ ခင်ဗျားတို့ရဲ့ သီလ..သမာဓိ..ပညာတွေဟာ"အဓိ"ပါလာပြီး၊ "အဓိပတေယျဋ္ဌော" (အဓိပတိ) ဖြစ်
တာ၊ ခိုင်မြဲတဲ့ အဆင့်ရောက်တာ။

                                                          ဤကောင်းမှုကုသိုလ်ကံ
                                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                                      ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                                 အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                      တည်ရှိပါစေသတည်း။               ။

                                                                                              အရှင်ဉာဏဓဇ
                                                                            မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                         ပင်မသံဝေဇနိယဌာန
                                                                                            အမရပူရမြို့ ။                ။

Sunday, March 31

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကံအမိကံအဖမှ ဉာဏ်အမိဉာဏ်အဖ သို့ပြောင်ရန်

 ဒကာ၊ ဒကာမတွေ ကံကိုပဲ အားကိုးကြတယ်။ အားလုံးဒီမှာ မြန်မာပြည်တစ်ပြည်လုံးရှိတဲ့၊ ဒကာ၊ ဒကာမတွေ ကံအမိ၊ ကံအဖကိုသာ အားကိုးပြီးတော့သေကြတော့တယ်ဆိုတာဖြင့် ငြင်းဖို့မလိုပါဘူး...(မှန်ပါ့)၊ ဘာအားကိုးကြသတုံး (ကံအားကိုးကြပါတယ်)။ တပည့်တော်တို့ဘုရား ကံအမိ၊ ကံအဖပဲ ဘုရာ့၊ ကံပဲ ကိုးကွယ်ရာရှိတော့တာပဲ အစရှိသည်ဖြင့် ဒကာ၊ ဒကာမတွေ ပြောကြ ဆိုကြပါတယ်ဆိုတာလည်း အားလုံးပဲသိတယ်။ တကယ်လည်း အားကိုး တယ်ဆိုတဲ့ဥစ္စာဖြင့် ငြင်းဖို့မလိုပါဘူး … (မှန်ပါ့၊ မလိုပါဘူး)၊ သို့သော် ဘုန်းကြီးက အသိဥာဏ် ကျယ်ကျယ် နဲ့ ဒကာ ဒကာမတွေ သတိပေးချင်တာကတော့ …။
ဟေ့ … ဒကာ၊ ဒကာမ ကံအမိ၊ ကံအဖဆိုတော့ ဒကာ၊ ဒကာမတွေသိတဲ့အတိုင်း ကုသိုလ်ကံဖြစ် စေ၊ အကုသိုလ်ကံဖြစ်စေ၊ ကမ္မဘ၀ပစ္စယာ ဇာတိ၊ တွေ့ကြပလား … (တွေ့ပါပြီ)၊ ကမ္မဘ၀ပစ္စယာ… (ဇာတိပါဘုရား)။
သြော် … ဒါ - ကံအမိ, ကံအဖ အားကိုးရင် ဇာတိရမယ် … (မှန်ပါ့)၊ ဒါ - ကြပ်ကြပ် စဉ်းစားကြပါ။ ကံအမိ-ကံအဖ အားကိုးရင် … (ဇာတိရပါမယ်)၊ ဇာတိက ဒီကြည့်လိုက် … ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါ ဘုရား)။
ကြည့်လေ၊ သူများ ဒုက္ခရောက်ကြောင်းဆိုတော့ သူက ဒုက္ခအကျိုးသစ္စာဆိုတာ သေချာသွားပြီ … (မှန်ပါ့)၊ ဒါ ဘာအားကိုးလို့...(ကံအားကိုးလို့ပါဘုရား)။ကံအားကိုးတဲ့အတွက်ဘာသစ္စာရသတုံး...(ဒုက္ခသစ္စာရပါတယ်ဘုရား)၊ ကံကကြည့်လိုက်၊ ကမ္မဘ၀က ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)။
သမုဒယသစ္စာ ကံအမိ၊ ကံအဖ အားကိုးတဲ့အတွက်တဲ့ ဒုက္ခသစ္စာဆိုတဲ့ ဇာတိ ဇရာ မရဏရပါ တယ် … (မှန်ပါ့)၊ မရဘူးလား … (ရပါတယ်)၊ သြော် … ဒါဖြင့် ဒကာ၊ ဒကာမတွေ အားကိုးတော့ လွဲနေပြီလို့ ဘုန်းကြီးက စွဲချက်တင်လိုက်ပါတယ်၊ သဘောပါကြပလား … (ပါ,ပါတယ်ဘုရား)၊ အားကိုးကဖြင့် … (လွဲနေပါတယ်ဘုရား)။
နို့ … ဘုရား၊ အရှင်ဘုရားက ပြောတော့လည်း ခုတော့လည်း ပဋိစ္စသမုပ္ပါဒ်နဲ့ သေသေချာချာ ပြပြန်တော့လည်း အရှင်းသားပဲ၊ တပည့်တော်တို့ ရိုးရာကလည်း ဒါပဲ အားကိုးနေတယ်ဆိုတော့ ကိုထွန်း အောင်ကြီး အတော်ခက်နေပြီဗျ … (မှန်ပါ့)။
နောက်က ဒကာ၊ ဒကာမတွေ နားကြီးကြီးနဲ့ထောင်လို့ရှိရင် ဒီဟာနောက်တော့ သဘောပေါက်လာ ပါလိမ့်မယ်နော် … (မှန်ပါ့ဘုရား)၊ ကမ္မဘ၀ဆိုတာ ကံပဲ ဒကာ၊ ဒကာမတို့ … (မှန်ပါ့ဘုရား)၊ ဒီကံကို အားမကိုးကြဘူးလားလို့ မေးတော့ ကုသိုလ်ကံဆိုရင် အားကိုးကြတယ်၊ မကိုးကြပေဘူးလား … (အားကိုး ကြပါတယ်ဘုရား)။
အကုသိုလ်ကံဆိုတော့ မကိုးဘူးထားပါတော့၊ ကုသိုလ်ကံ ဆိုလို့ရှိရင် အားကိုးကြပါလိမ့်မယ် … (မှန်ပါ့)၊ မကိုးကြပေဘူးလား … (အားကိုးကြပါတယ်ဘုရား)။
အဲဒီတော့ သူ့ပဋိစ္စသမုပ္ပါဒ်ကြည့်တာပေါ့တဲ့၊ ကမ္မဘ၀က ကံက ဘာသစ္စာတုံး … (သမုဒယသစ္စာပါ ဘုရား)၊ ဒါဖြင့် သူ့အားကိုးကြတာက ဘာကြောင့် အားကိုးကြသလဲလို့ ဒကာ၊ ဒကာမတွေ မေးလို့ရှိရင် …
ဘုရား … ကောင်းသောအကျိုးပေးအောင်လို့ အားကိုးရတယ် မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ် ဘုရား)၊ ဘာကြောင့်ပါလိမ့်၊ ကောင်းသောအကျိုးပေးအောင်လို့ ပေးပါတယ်တဲ့ လူဇာတိ၊ နတ်ဇာတိ၊ ဗြဟ္မာ ဇာတိပေးပါတယ် … (မှန်ပါ့)၊ လူဇာတိ၊ နတ်ဇာတိတွေ သေသေချာချာပေးပါတယ်။
ပေးပင် ပေးငြားသော်လည်း သစ္စာဥာဏ်နဲ့ ကြည့်လိုက်တော့ ဘာသစ္စာလဲ … (ဒုက္ခသစ္စာပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ကံအမိ၊ ကံအဖ အားကိုးရင် ဒုက္ခသစ္စာရမယ်၊ လူဇာတိ၊ နတ်ဇာတိ၊ ပေါ်ကြပလား … (ပေါ်ပါပြီ)၊ ကံအမိ၊ ကံအဖ အားကိုးရင် … (ဒုက္ခသစ္စာပါရမယ်)၊ ဒါဖြင့် ခင်ဗျားတို့သည် ကိုယ်အားကိုးတဲ့ ကံသည် ကိုယ့်ချောက်တွန်းတယ် … (မှန်ပါ့)။
ကိုယ်အားကိုးတဲ့ကံက … (ကိုယ်ချောက်တွန်းပါတယ်ဘုရား)၊ သို့သော် တွန်းမှန်းမသိပါဘူး၊ ပဋိစ္စသမုပ္ပါဒ် နားမလည်တဲ့ ပုဂ္ဂိုလ်ဟာ တွန်းမှန်းကို မသိဘူး … (မှန်ပါ့)၊ ဒါပဲ အားကိုးနေတာပဲ၊ သခင်ဝတင် သဘောပါရဲ့လား … (မှန်ပါ့)၊ နောက်က ဒကာ၊ ဒကာမတွေ အမြင်နဲ့ကော သဘောကျရဲ့လား … (ကျပါတယ်)၊ ကမ္မဘ၀ပစ္စယာ … (ဇာတိပါဘုရား)။
ဟော ကံအားကြီးလို့ ဇာတိရတယ် … (မှန်ပါ့)၊ ကံကဘာသစ္စာ … (ဒုက္ခနဲ့ သမုဒယသစ္စာပါဘုရား)၊ အကျိုးပေး ဒုက္ခ၊ အကျိုးပေးက ဘာသစ္စာ … (ဒုက္ခသစ္စာပါဘုရား)။
ကိုင်း … ဒကာ၊ ဒကာမတို့ ကံအားကိုးနေတဲ့ ဒကာ၊ ဒကာမတွေတော့ ဒုက္ခရောက်ပါပြီ၊ ရှင်းကြပလား … (ရှင်းပါပြီ)၊ ကံအားကိုးတဲ့ ဒကာ၊ ဒကာမတွေ ဘာဖြစ်နေတယ် … (ဒုက္ခရောက်နေပါတယ်) ဦးမာဒင်ခက်ပြီ … (ခက်ပါပြီ)၊ ခက်ပြီ၊ ခက်ပြီ … (မှန်ပါ့)၊ သေသေချာချာခက်ပဟေ့၊ ဆရာထွန်းကြီး … (ဘုရား)၊ ခက်ပလား၊ မခက်သေးဘူးလား … (ခက်ပါတယ်ဘုရား)။
သို့သော်လည်းတဲ့၊ အားလုံး ဒကား၊ ဒကာမတွေဟာ ခင်ဗျားတို့ကလည်း သူများပါးစပ်လမ်းဆုံးနေ တော့ ကံအမိ၊ ကံအဖပဲ ဘုရား၊ မွေးလာကတည်းက ကံခေါင်းဆောင်း မွေးလာတာ ဘုရာ့၊ သူ့ကိုပဲ ကိုးစားရာ၊ အားထားရာ ရှိတော့တယ် ဘုရားလို့ဆိုပြီး တစ်ထစ်ချ မှတ်ထားတာကိုဗျ … (မှန်ပါ့ဘုရား)၊ မမှတ်ကြဘူးလား … (မှတ်ကြပါတယ်ဘုရား)၊ ဘာအားကိုးကြတယ် … (ကံအားကိုးကြပါတယ်)။
ကုသိုလ်ကံ အားကိုးကြတယ်ဆိုပါတော့ဗျာ၊ ကုသိုလ်ကံ အားကိုးကြတော့ကို ကုသိုလ်ကံမှ အမိပဲ ဘုရာ့၊ ကုသိုလ်ကံမှ အဖပဲဘုရာ့၊ အဲဒါကြောင့် တပည့်တော်များတော့ ဒါနဲ့ပင် နေရမှာပဲဆိုတဲ့ဥစ္စာ လူတိုင်းက ဒုန်းဒုန်းချနေတဲ့စိတ်ပါပဲ၊ မနေကြဘူးလား … (နေကြပါတယ်ဘုရား)။
ဒကာ၊ ဒကာမတွေ … (နေပါတယ်ဘုရား)၊ ခင်ဗျားတို့ ဒုန်းဒုန်းချတဲ့စိတ်ဟာ ဘာသစ္စာတုံးကြည့်ပါ … (သမုဒယသစ္စာဘုရား)၊ သြော် … ဒါဖြင့် ခင်ဗျားတို့ သမုဒယသစ္စာအားကိုးနေတယ် … (မှန်ပါ့)၊ ဘာအားကိုးနေသလဲ … (သမုဒယသစ္စာအားကိုးပါတယ်ဘုရား)။
ဒါ သာမညဆရာသမားဆိုလို့ရှိရင်ဖြင့်တဲ့၊ မင်းတို့ကွာ ကံတော့ယုံကြည်ကြကွ၊ ကံ၊ ကံ၏အကျိုးဆို တာ ဘုရားဟောခဲ့တယ်ကွ၊ ပြောနေတာပဲ … (မှန်ပါ့)။ သေသေချာချာ ပြောနေကြတာပဲ၊ မပြောကြဘူးလား … (ပြောပါတယ်ဘုရား)။ မဟောဘူးလားဆိုတော့ အို...သေသေချာချာဟောတာပေါ့ ဒကာ ဒကာမတို့၊ အဘိဏှာသုတ် များမှာ “ကမ္မဗန္ဒူကမ္မပဋိဿရဏာ” နဲ့ သေသေချာချာ ဆရာထွန်းကြီး ဟောထားတာမရှိဘူးလား … (ရှိပါတယ်ဘုရား)။
ဒါ ထွက်ရပ်လမ်းဟောတာလား၊ ပစ္စုပ္ပန် နေမှု၊ ထိုင်မှု ဟောတာလားဆိုတာလည်း ဝေဖန်ရမယ်။ ဒကာ၊ ဒကာမတို့ ထွက်ရပ်လမ်းဟောတာလား၊ ပစ္စုပ္ပန် နေမှု၊ ထိုင်မှု သက်သာမှု ဟောတာလား … (ပစ္စုပ္ပန် နေမှု၊ ထိုင်မှု၊ သက်သာမှု ဟောတာပါဘုရား)။
ဒါ သေသေချာချာ စဉ်းစားမှ သြော် … ဒါက ပစ္စုပ္ပန်မှာ သူမပါလို့ရှိရင်လည်း အနေအထိုင်ချို့တဲ့ တတ်တယ်ဆိုပြီး ဟောတဲ့တရားပါလား … (မှန်ပါ့)၊ သေသေချာချာ ကျတော့ကိုတဲ့ ကမ္မဘ၀ ပစ္စယာဇာတိပါ၊ ပေါ်ကြပလား … (ပေါ်ပါပြီ)။ ဒါ ဘုန်းကြီးက လိမ်ဟောနေတာလား ခင်ဗျားတို့ ရထားတာကို သိအောင်ပြောတာလား … (ရ,ထားတာကို သိအောင် ပြောတာပါ)၊ သို့သော် ရ,ထားတာက အားကိုးလွဲနေလို့ ဒကာ၊ ဒကာမတွေရဲ့ ကမ္မဘ၀ဆိုတာ ကံဆိုတာက … (မှန်ပါ့)၊ သဘောပါပလား … (ပါ,ပါပြီ)။
ကမ္မဘ၀ဆိုတာ … (ကံကိုဆိုတာပါဘုရား)၊ ကဲ … ခင်ဗျားတို့ပဲ ရွက်ကြည့်ပါ။ နေ့တိုင်း ဘုရားရှိခိုး တော့ ထည့်နေကြတာ ကမ္မဘ၀ပစ္စယာ … (ဇာတိပါဘုရား)၊ ဇာတိ ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)၊ ကမ္မဘ၀က ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)။ ဒါဖြင့် ခင်ဗျားတို့ ကျားကိုအားကိုးလို့ အကိုက်ခံရတာပဲ … (မှန်လှပါ)၊ ပေါ်ပလား  (ပေါ်ပါပြီဘုရား)၊ ကျားအားကိုးတာနဲ့ … (အကိုက်ခံရတာပါ)၊ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား)။
ဒီလိုပဲ အကိုက်ခံသွားကြတော့မလားလို့ မေးဖို့ရာ မလိုဘူးလား … (လိုပါတယ်)၊ ဆရာထွန်းကြီး ခက်ပြီဗျနော် … (မှန်ပါ့)၊ အင်မတန်ခက်နေပြီတဲ့၊ ဗုဒ္ဓဘာသာဝင်တွေမှာလည်း ဒီမှာ လမ်းဆုံးတာက သိပ်များတယ်၊ ဒကာ၊ ဒကာမတို့ ဗုဒ္ဓဘာသာဝင်တွေမှာ ကံမှာ လမ်းမဆုံးဘူးလား … ဆုံပါတယ်ဘုရား)၊ ဒီတွင် ဆုံးလို့ရှိရင် သမုဒယသစ္စာ လမ်းဆုံးပြီး သကာလ ဒုက္ခရောက်ဖို့မှတစ်ပါး ဘာမှ လမ်းမမြင်ဘူးဆိုတာ သေသေချာချာမှတ်ပါ … (မှန်ပါ့)။
အတော်နားကြီးမှရတယ်နော်၊ နောက်လည်လာလိမ့်မယ်၊ ဒီတရားကို ဒကာ၊ ဒကာမတွေ နားထဲမှာ ရှင်းပြီးလာလိမ့်မယ်၊ သြော် … တို့ အားကိုးနေတာ တို့ဘယ်အကျိုး၊ ဘယ်အပြစ်သင့်တယ်ဆိုတဲ့ ဥစ္စာပေါ် လာပါလိမ့်မယ်၊ အခု ရှင်းကြပလား … (ရှင်းပါပြီ)၊ ကမ္မဘ၀ပစ္စယာ … (ဇာတိပါ)၊ ကြည့်ပါ၊ ကြည့်ပါ၊ ဒကာ၊ ဒကာမတို့။
ဒါ ခင်ဗျားတို့ တဏှာချုပ်တဲ့ကံ၊ သဘောကျပလား … (ကျပါပြီ)၊ ကမ္မဘ၀ပစ္စယာ … (ဇာတိ)၊ သူက ဘာသစ္စာတုံး … (သမုဒယသစ္စာပါ)၊ ဒါဖြင့် ခင်ဗျားတို့က ဒီအမိ ဒီအဖကို အားကိုးနေကြတယ် … (မှန်ပါ့)၊ ဒီအမိ၊ ဒီအဖ ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)။
သမုဒယသစ္စာ အားကိုးတော့ ငါက ဒုက္ခမှ ရောက်ပါ့မလားဆိုတာ မေးဖို့မလိုဘူး … (မလိုပါဘူး ဘုရား)၊ လိုသေးလား … (မလိုပါဘုရား)၊ ဘာသစ္စာရသလဲ … (ဒုက္ခသစ္စာရပါတယ်ဘုရား)၊ ကြည့်လေ ဇာတိပိ ဘာတဲ့တုံး … (ဒုက္ခသစ္စာဖြစ်ပါတယ်ဘုရား)။ ဇရာပိ … (ဒုက္ခသစ္စာပါ)၊ မရဏမ္ပိ … (ဒုက္ခသစ္စာပါ)၊ ကဲ..ခက်ကုန်ပြီ ဒကာ၊ ဒကာမတွေ ခက်ကုန်ပြီ၊ မခက်သေးဘူးလား … (ခက်ပါတယ်ဘုရား)။
ခင်ဗျားတို့ အားကိုးထားတာက မှန်ပလား၊ တည့်သွားမလား … (တည့်သွားပါပြီဘုရား)၊ မတည့်ဘူး …မတည့်ဘူး၊ ဒုက္ခရောက်တာ … (မှန်ပါ့)၊ ဒုက္ခပဲပြန်ရတယ် … (မှန်ပါ့)၊ ဒုက္ခလွတ်ချင်လို့ အားကိုးလိုက်တာ ဘာရသလဲ … (ဒုက္ခပဲပြန်ရပါတယ်ဘုရား)၊ အဲဒီတော့ အားကိုးတည့်တယ်ဆိုလို့ တော်ပါ့မလား … (မတော်ပါဘုရား)၊ နို့မို့ရင် ခင်ဗျားတို့ ဒါနဲ့သေမှာပဲ … (မှန်ပါ့)၊ မသေဘူးလား … (သေပါတယ်ဘုရား)။
ကံအမိ ကံအဖအားကိုးပြီး သေလိုက်ကရော၊ သေတော့ဒီမှာ မဆက်ဘူးလား ဆက်သလား … (ဆက်ပါတယ်ဘုရား)၊ ဆက်တော့ ဘာနဲ့သွားဆက်သလဲ … (ကံနဲ့သွားဆက်ပါတယ်)။ ကဲ သူ့အားကိုးတာ ကုသိုလ်ကံပါပဲ၊ သူ့အားကိုးလိုက်တာ အခု ဘာရသလဲ … (နံပါတ် ၁ ရပါတယ်)၊ ကဲ … မြန်အောင်ဦးတင် ကျေနပ်ပလား … (မှန်ပါ့)။
ဒီဘက်က ဒကာ၊ ကာမတွေ အားလုံးကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား)၊ ကံကောင်းအောင် တော့ လုပ်ဦးမှပဲဘုရား၊ ကံများက ဘာဖြစ်နေတယ် မသိဘူး၊ မလာဘူးလား၊ လာသလား … (လာပါတယ်)၊ ကံကောင်းရင် ဇာတိရမယ် … (မှန်ပါ့)၊ ကံကောင်းရင်ဘာရမလဲ … (ဇာတိရပါမယ်)။
သို့သော် ခင်ဗျားတို့ သာမညနဲ့ဆိုရင်တော့ ဒီဇာတိကို ကြိုက်ချင်လည်းကြိုက်မှာပဲ၊ လူဇာတိဟေ့ ဆိုရင်ဖြင့် ကြိုက်ပြီ … (မှန်ပါ့ဘုရား)၊ နတ်ဇာတိ နတ်ပဋိပန္ဓေဆိုရင်ကော  (ကြိုက်ပါတယ်)၊ ဗြဟ္မာ ပဋိသန္ဓေဆိုရင်ကော … (ကြိုက်ပါတယ်ဘုရား)။
ကြိုက်တာက ဘာသစ္စာကြိုက်သတုံး … (ဒုက္ခသစ္စာကြိုက်တယ်ဘုရား)၊ သွားပြီပေါ့ဗျာ၊ မသွားဘူးလား … (သွားပါတယ်ဘုရား)၊သွားပြီဒကာ၊ဒကာမတို့။အဲဒါသခင်ဝတင်တို့၊ဆရာကောင်းသမားကောင်းသိပ်လိုတယ်ဆိုတာအောက်တန်းတရားနဲ့ အထက်တန်းတရားမခွဲလို့ရှိရင် ရကိုမရဘူး၊ ရပါ့မလား … (မရပါဘုရား)၊ “ကမ္မံသတ္တေ၀ိဘဇ္ဇတိ” ဆိုတာက အောက်တန်းတရားကို ဘုရားကဟောတာ … (မှန်ပါ့ဘုရား)။
သတ္တ၀ါတိကို သိနေတဲ့ ကိုယ်တော်ကြီးမို့ မသိမရှိ ရအောင်လို့ အကုသိုလ်ကံဖြင့် အကုသိုလ်အကျိုး ပေးတယ်ကွ၊ ကုသိုလ်ကံဖြင့်လည်း လူ၊ နတ်ချမ်းသာ အကျိုးပေးတယ်ကွ၊ မဟောရပေဘူးလား၊ ဟောရမလား … (ဟောရပါမယ်ဘုရား)၊ ဟောရပေမယ့် ကိုယ်တော်ကြီး အလိုတော်ကျလားဖြစ်စဉ်ကို ပြောတာလားဆိုတော ဝေဖန်လိုက်ပါ … (ဖြစ်စဉ်ပါ)၊ ဘာပြောတာပါလိမ့် … (ဖြစ်စဉ်ပြောတာပါ)၊ဖြစ်စဉ်ဝေဖန်တာကို ခင်ဗျားတို့က အဲဒါ ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချတယ် … (မှန်ပါ့)၊ ဖြစ်စဉ်ကိုပြောတာ ဟုတ်ပြီလို့ ဆုံးဖြတ်ချက်ချလိုက်တယ်၊ မလွဲသေးဘူးလား လွဲသလား … (လွဲပါတယ်ဘုရား)။
ဒါဟာလည်း ဘုရားမဟောခင်ကလည်းရှိတဲ့ ပဋိစ္စသမုပ္ပါဒ်ပါ၊ ဘုရားက နာမည်တပ်ပေးတာပဲရှိပါ တယ်၊ သဘောကျပလား … (ကျပါပြီ)၊ ခင်ဗျားတို့ ခန္ဓာကိုယ်ထဲမှာ ဘုရားမဟောလည်း ဒီကမ္မဘဝပစ္စယာ လုပ်ရင် ဇာတိ ရှိ,မရှိ … (ရှိပါတယ်ဘုရား)၊အေးဖြစ်လိမ့်မယ်လို့ကောမဟောဘူးလား...(ဟောပါတယ်)။အဲဒီတော့ကို ခင်ဗျားတို့ အောက်တန်းတရားလောက်နဲ့ဆိုရင် ကမ္မဘ၀ပစ္စယာ ဇာတိကို သဘောကျပါလိမ့်မယ် … (မှန်ပါ့)၊ သခင်ဝတင် မကျပေဘူးလား … (ကျပါတယ်ဘုရား)။
နောက်က ဒကာ၊ ဒကာမတွေ ဒါ နားကြီးကြီးနဲ့ နားထောင်မှ၊ ကံကို ခင်ဗျားတို့က အမေ၊ အဖေ လုပ်ပြီးသကာလ ထားတော့ အမေ၊ အဖေက ကျားဖြစ်နေတယ်၊ ကိုက်မည့်ကျားဖြစ်နေတယ်၊ သဘောပါရဲ့ လား … (ပါ,ပါတယ်)၊ သူကဇာတိ ဒုက္ခပေးမလို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်)၊ သဘောပါကြရဲ့လား … (ပါ,ပါတယ်)၊ ဘယ်သူကဟောသတုံး၊ ဘုန်းကြီးက မန္တလေးက ယူလာတာလားဆိုတော့ ကမ္မဘ၀ ပစ္စယာ ဇာတိပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ကမ္မဘ၀ပစ္စယာ … (ဇာတိပါဘုရား)၊ သူက ဘာသစ္စာတုံးလို့ ဝေဖန်လိုက်တော့မှ … (သမုဒယသစ္စာပါဘုရား)၊ ဇာတိက … (ဒုက္ခသစ္စာပါဘုရား)၊ ဒါဖြင့် တို့သည် သမုဒယဆိုတဲ့ သစ္စာအားကိုးမိ တဲ့အတွက် ဒုက္ခသစ္စာဖြင့် လှလှကြီးရပြီဆိုတော့ အခုတရားနာနေတာ ဇာတိ ဇရာထဲမှာနေကြတယ် … (မှန်ပါ့)၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)၊ ဘာသစ္စာနဲ့ နေကြသလဲ … (ဒုက္ခသစ္စာနဲ့ နေကြပါတယ် ဘုရား)။
ဟ … ဘာအားကိုးမိလို့ပါလိမ့် … (ကံအားကိုးမိလို့ပါဘုရား)၊ ဒကာ၊ ဒကာမတွေ မပေါ်သေးဘူး လား … (ပေါ်ပါပြီဘုရား)၊ ကိုင်း … ကံအားကိုးမိတဲ့အတွက် ကိုယ်ကျိုးကောင်းသလား၊ ကိုယ်ကျိုးနည်း သလား၊ … (ကိုယ်ကျိုးနည်းပါတယ်ဘုရား)။
ဒါဖြင့် အရှင်ဘုရားဟောနေတာ တပည့်တော်တို့ အကြိုက်နဲ့တော့ တပည့်တော်တို့ သိထားတာနဲ့တော့ တကယ့်ကန့်လန့်ကြီး ဖြစ်နေပြီဘုရား၊ မဆိုနိုင်ဘူးလား … ဆိုနိုင်သလား … (ဆိုနိုင်ပါတယ်)၊ တပည့်တော်တို့ကလည်း ကံတောင်ဆက်နေတဲ့ ပုဂ္ဂိုလ်တွေဘုရာ့၊ သဘောကျပလား … (မှန်ပါ၊ ကျပါပြီ)။
ဒကာ၊ ဒကာမတွေ ဘာလုပ်နေကြတဲ့၊ ဒကာ၊ ဒကာမတွေလို့ဆိုမတုံး … (ကံဆက်နေတဲ့ ဒကာ၊ ဒကာမတွေပါဘုရား)။
ဆွမ်းကျွေးတာ ကံဆက်တယ် … (မှန်ပါ့)။
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း ပထမဇောက အကျိုးပေးပါစေတော့ … (မှန်ပါ့)၊ တပည့်တော်တို့ တစ်အိမ်သားလုံး ပထမဇောဆိုတာ ဒိဋ္ဌဓမ္မကိုးဗျ … (မှန်ပါ့)၊ အဲဒါနဲ့ပဲ အကျိုးပေးချင်တာ၊ အတိတ်ကံ ကလေးများ အားနည်းနေလို့ရှိရင် အာဟာရနဲ့ ဆက်ပါလားဟ၊ ဘာလုပ်ပြန်သတုံးမေးတော့ ဘယ့်နှယ်ဖြေ ကြမလဲ … (ကံဆက်တာပါဘုရား)။
ဒါဖြင့် ကမ္မဘ၀ပဲ ပြန်လုပ်ပြန်တယ် … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ ဒါဖြင့် ဇရာ အသက်ရှည်ဖို့ပေါ့ … (မှန်ပါ့ဘုရား)၊ ဇာတိကတော့ နောက်မှရမှာကိုးဗျ … (မှန်ပါ့)။
ဒီ ပထမဇောက အကျိုးပေးတော့ ဇရာရှည်ဖို့ပေါ့ … (မှန်ပါ့)၊ ဘာဆိုကြမလဲ … (ဇရာရှည်ဖို့ပါ)၊ ဒါကတော့ ဆောင်းပြီးသိရတဲ့ အဓိပ္ပါယ်၊ ပထမဇောအဓိပ္ပါယ်မို့ … နော်  … (မှန်ပါ့)။
ကိုင်း … ဒကာ၊ ဒကာမတို့ နားထဲ ဘယ့်နှယ်နေကြသတုံး ပြောပါဦး၊ ကန့်လန့်ကြီးဘုရား … (မှန်ပါ့)၊ သဘောပါသလား … (ပါ,ပါပြီ)၊ နားထဲ ဘယ့်နှယ်နေသတုံး … (ကန့်လန့်ကြီးပါဘုရား)၊ ဘုန်းကြီးက ကန့်လန့်လား၊ ခင်ဗျားတို့က ကန့်လန့်လုပ်ထားတာလား … (တပည့်တော်တို့က ကန့်လန့်လုပ်ထားတာပါ ဘုရား)။
ဟာ … လူပုံအလယ်မို့ ဘုန်းကြီးကလည်း ဘုန်းကြီးမို့တို့က အောက်လျှို့ခံလိုက်ရတယ်လို့ ဒီလိုယူ မလား … (မယူဝံ့ပါဘုရား)၊ ဒီလိုလည်း မယူနဲ့တဲ့၊ ဖြစ်စဉ်အတိုင်း ဘုန်းကြီးဘက်လည်း မလိုက်နဲ့ ကိုယ့်ကိုယ်လည်း မငဲ့နဲ့၊ အမှန်ပြောပါ … (မှန်ပါ့)။
ဘုန်းကြီးဘက်လည်း မလိုက်ပါနဲ့၊ ကိုယ့်ကိုယ်လည်း ကောက်ကျစ်နေလို့ရှိရင် ကောက်ကျစ်တာ သိအောင်လုပ်ပါ၊ သို့သော် ခင်ဗျားတို့ ဘာအားကိုးကြသတုံး … (ကံအားကိုးပါတယ်ဘုရား)၊ ဘာသစ္စာလည်း … (သမုဒယသစ္စာပါဘုရား)။
သမုဒယသစ္စာဆိုတာ ပယ်ရမှာ … (မှန်လှပါ)၊ ဘုရားက ဘာတဲ့တုံး … (ပယ်ရမှာပါဘုရား)၊ ခင်ဗျားတို့က ဘာလုပ်ထားတုံး … (အားကိုးထားပါတယ်ဘုရား)၊ ကျုပ်တော့ မတတ်နိုင်တော့ဘူး၊ ဒီတရားပွဲ မှာ သေသေချာချာ ကန့်လန့်ကျပြီ၊ မကျဘူးလား၊ ကျသလား … (ကျပါတယ်ဘုရား)။
ဒကာ၊ ဒကာမတွေ သေသေချာချာ စဉ်းစား၊ ဒီဥစ္စာဘုန်းကြီးက လိမ်ပြောနေတာလား၊ ဒါ သမုဒယသစ္စာ ဧကန်ပဲလား … (သမုဒယသစ္စာဧကန်ပါဘုရား)၊ အကြောင်းကိုးဗျ၊ အကြောင်း သမုဒယလို့ ခင်ဗျားတို့ မပြောကြဘူးလား … (ပြောပါတယ်ဘုရား)။
ဒါဖြင့် ဘာသစ္စာတုံး … (သမုဒယသစ္စာပါ)၊ အကြောင်း သမုဒယသစ္စာ၊ မကိုက်ဘူးလား … (ကိုက်ပါတယ်)၊ သူ့အားကိုးတဲ့ပုဂ္ဂိုလ် ဘာရမတုံး … (ခန္ဓာရပါတယ်ဘုရား)၊ ဘာသစ္စာရမတုံး … (ဒုက္ခသစ္စာရပါတယ်)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘုန်းကြီးက မန္တလေးက ယူလာတာလား … ဒကာ၊ ဒကာမတွေကို ပြင်ပေးချင်လို့ စတာလား သာ မေးပေတော့ … (ပြင်ပေးချင်လို့ စတာပါဘုရား)၊ ပြင်ပေးချင်လို့ စတာဆိုတာ ရိပ်မိပလား … (ရိပ်မိပါပြီ)။
တပည့်တော်တို့ကလည်း မပြင်နိုင်ဘူးဘုရာ့ မပြင်နိုင်ဘူး၊ ဘုန်းကြီးတို့နဲ့ ရန်ဖြစ်ရ ဖြစ်ရ မပြင်နိုင်ဘူး၊ ဘယ့်နှယ်ကြောင့်တုံး၊ ဘယ်ဆရာတော်မဆို ဘယ်စာအုပ် ကြည့်လိုက် ကြည့်လိုက် ကံသာလျှင် အရေးရှိလို့ရှိရင် ကံပဲ ဆက်နေရတယ်၊ မဆိုကြဘူးလား၊ ဆိုကြသလား … (ဆိုပါတယ်ဘုရား)။
ငါးလွှတ်တဲ့အခါ ဘာလုပ်တာတုံးမေးရင် ဘယ့်နှယ်ဖြေကြမလဲ … (ကံဆက်တာပါဘုရား)၊ စာကလေးလွှတ်တော့ကော … (ကံဆက်တာပါဘုရား)၊ ဒါဖြင့် ကံဆက်တော့ ဒကာ၊ ဒကာမတွေ ဒုက္ခရှည်မလား၊ မရှည်ဘူးလား … (ရှည်ပါတယ်ဘုရား)၊ သြော် … ဒါဖြင့် ဒကာ၊ ဒကာမတွေ ကံဆက်တာ ဘာဖြစ်ချင်လို့တုံး … (ဒုက္ခဖြစ်ချင်လို့ပါဘုရား)။
ဒုက္ခရှည်ချင်လို့၊ အမှန်ပြောတော့ ဒါပဲ ပြောရမယ် … (မှန်ပါ့)၊ ဒီပြင် ပြောစရာရှိသေးရဲ့လား … (မရှိပါဘုရား)၊ ဒါဖြင့် ဒကာ၊ ဒကာမတွေ အခု ဘုန်းကြီးပြောတဲ့အဓိပ္ပါယ် … (ဘုရားဟောတဲ့အဓိပ္ပါယ်) ဟာ ရမ်းပြောနေတာလား၊ ဖြစ်စဉ်ကိုက်ပြောတာလား … (ဖြစ်စဉ်ကိုက်ပြောတာပါဘုရား)၊ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား)။
ဒါဖြင့် ယနေ့ ကံအမိ၊ ကံအဖနဲ့တော့ အိုးစားကွဲမှ ကိုက်တော့မယ်၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ ကံအမိ ကံအဖနဲ့ ဘာဖြစ်မှ ကိုက်မတုံး … (အိုးစားကွဲရပါမယ်ဘုရား)။
သြော် … တပည့်တော်တို့ကလည်း၊ ဒါပဲ အမိ၊ ဒါပဲ အဖ လုပ်နေတာ၊ အမိ အဖနဲ့ ခွဲရတော့မယ်ဆို တာ ခင်ဗျားတို့ မျက်ရည်များကျဦးမှာလား … (မကျပါဘုရား)။
ဆရာထွန်းကြီးက ရိပ်မိပြီ၊ သူလည်း ကျကောင်းကျမယ်၊ အဲဒါ ဒကာ၊ ဒကာမတို့ ဘုန်းကြီးများက ဦးသံဒိုင် တို့နဲ့တကွ အားလုံး ဒကား၊ ဒကာမတွေကို ရင်းရင်းနှီးနှီးပြောတဲ့ တရားအမှန်ကို ပြောတဲ့တရား ဒီလိုယူပြီး နားထောင်ကြပါ၊ ရှင်းကြပလား … (ရှင်းပါပြီ)၊ ဘယ်လိုပြောတဲ့တရားပါလိမ့် … (ရင်းရင်းနှီးနှီးနဲ့ ပြောတဲ့တရားပါဘုရား)၊ ရင်းရင်းနှီးနှီးနဲ့ အမှန်ကိုပြောတဲ့တရား ပေါ်ပလား … (ပေါ်ပါပြီ)။
စာဆိုကို ပြောနေတဲ့တရား၊ သူများရေးထားတာ အဓိပ္ပါယ်မသိဘဲနဲ့ စာကျက်ပြောနေတဲ့ တရားလို့ ယူကို မယူနဲ့၊ သဘောကျပလား … (ကျပါပြီဘုရား)။
စာကျက်ပြီးရလို့ ပြောတာမဟုတ်ဘူး၊ ခန္ဓာဖြစ်စဉ်ကို လျှောက်ပြောနေတယ်မှတ်ပါ … (မှန်ပါ့ဘုရား)၊ ပေါ်ပလား … (ပေါ်ပါပြီ)၊ ဘာပြောတာပါလိမ့် … (ခန္ဓာဖြစ်စဉ်ကို လျှောက်ပြောတာပါဘုရား)၊ ခန္ဓာဖြစ်စဉ်ကို ခင်ဗျားတို့ မသိလို့ ဖော်ပြနေတာ … (မှန်ပါ့)။
အခု ခင်ဗျားတို့ ခြေထောက်နဲ့ မော်တော်ကားက ဆင်းပြီး၊ ကာယကံနဲ့  လာခဲ့ကြသလားလို့ မေးလို့ရှိရင် ဘယ့်နှယ်ဖြေမလဲ … (ကာယကံနဲ့ လာပါတယ်ဘုရား)။
ကာယကံနဲ့ လာခဲ့ကြတယ် … (မှန်ပါ့)၊ အဲဒီကံသည် ခင်ဗျားတို့ တို့တရားနာသွားရအောင်ကွာ၊ ခြေတစ်လှမ်း တစ်သန်းတန်တယ်ဆိုတာ လူတိုင်းဟောနေတာ၊ အနာထပိဏ်သူဌေးကြီးတို့ကို တရားဟော ပါတယ် … (မှန်ပါ့ဘုရား)၊ သို့သော်လည်း ဒီကံသည် ဘာတဲ့တုံးလို့ မေးလို့ရှိရင်ဖြင့် အင်း … ဓမ္မသ၀နကုသိုလ်ကံဆိုတော့ ပုညတြိယာ ဆယ်ပါးထဲကပဲ ရှိနေသေးတယ် ဆရာထွန်းရ၊ လူတို့၏ တရား လွန်မြောက်သလား … (မလွန်မြောက်သေးပါဘုရား)။
မလွန်မြောက်သေးတော့ ဒီကံဟာလည်း ကာယကံနဲ့ ခြေထောက်လှမ်းလာကြတော့ ၀စီကံနဲ့လည်း တစ်ယောက် တစ်ယောက်သွားကြရအောင်ဟေ့ လာပါကွ၊ မင်းနားမထောင်ဘူးသေးတော့ ခက်တယ်ကွ၊ လိုက်နားထောင်ဦးကွ၊ တစ်ယောက် တစ်ယောက်ကော မခေါ်ကြဘူးလား … (ခေါ်ပါတယ်ဘုရား)၊ အဲဒါဟာ ၀စီကံတွေဗျ … (မှန်ပါ့ဘုရား)။
အဲဒီ ၀စီကံတွေက ဒီဘ၀အကျိုးပေးလို့ရှိရင်ဖြင့် အသက်ရှည်သွားမယ်၊ မရှည်သေးဘူးလား … (ရှည်ပါတယ်ဘုရား)၊ ရှည်တာ ဇရာပဲ … (မှန်ပါ့ဘုရား)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ရှည်တာ ဘာခေါ်ကြမလဲ … (ဇရာပါဘုရား)၊ ဒါဖြင့် ကမ္မဘ၀ပစ္စယာ ဇရာ၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ ကမ္မဘ၀ပစ္စယာ … (ဇရာပါဘုရား)။
ဇရာပဲ ဟုတ်တာ၊ ပထမဇောနဲ့ထောက်တော့ ဇရာပဲ အကျိုးပေးရမယ်၊ သတ္တဇောနဲ့ထောက်မှ ဇာတိကိုးဗျ … (မှန်ပါ့)။
ဆရာထွန်းကြီး သေသေချာချာ ဝေဖန်တော့ … (ဟုတ်ပါတယ်ဘုရား)၊ ဒါက အင်မတန် နည်းနည်းကလေးပဲ ဗဟုသုတရှိလို့ ဒီအဓိပ္ပါယ် ပြောနိုင်တယ်လို့ မှတ်ကြပါနော် … (မှန်ပါ့)။
နို့မို့လို့ရှိရင် ဇာတိတစ်ခုပဲ ဟောနိုင်တယ်၊ ဇရာဟောနိုင်ပါ့မလား … (မဟောနိုင်ပါဘုရား)၊ ပထမဇောနဲ့ ထောက်တဲ့အခါ ပထမဇော ဒီဘ၀အကျိုးပေးမယ်ဆိုတော့ ဇရာပဲ အကျိုးပေးရမယ် … (မှန်ပါ့ဘုရား)၊ ဆရာထွန်းကြီး ဘယ်သူ့အကျိုးပေးမလဲ … (ဇရာပဲ အကျိုးပေးပါမယ်ဘုရား)၊ ဇာတိလာနိုင် ပါ့မလား … (မလာနိုင်ပါဘုရားဝ၊ သူက ဒီဘ၀အကျိုးပေးရင်ပေး၊ မပေးရင် အဟောသိကံကိုးဗျ၊ နောက်လိုက်သေးရဲ့လား … (မလိုက်ပါဘုရား)။
အဲဒါကြောင့် ဒါကလေးတွေကတော့ ပွိုင့်ကလေးတွေလို့ မှတ်ပါတဲ့၊ မကြားဘူးတဲ့စကား ခင်ဗျားတို့ မသိသေးတဲ့ အဓိပ္ပါယ်ထည့်ပေးတယ်ဆိုတာ မှတ်လိုက်စမ်းပါ၊ ရှင်းပလား … (ရှင်းပါပြီ)။
ဒါဖြင့် ယနေ့ ဒကား၊ ဒကာမတွေ ကာယကံ၊ ၀စီကံတွေ လုပ်လာတော့ ကျုပ်တို့ တရားကတော့ ကယ်မှာပါပဲ၊ စီးပွားရေးရော ကျန်းမာရေးရော … (မှန်ပါ့)၊ သူ ပထမဇောမျှော်ပြီ၊ မမျှော်သေးဘူးလား … (မျှော်ပါတယ်) မျှော်ပြီ။
ကမ္မဘ၀ပစ္စယာ … (ဇရာ)၊ အသက်ရှည်အောင် မဟုတ်ဘူးလား … (မှန်ပါ့)၊ အသက်ရှည်တော့ စီးပွားရှာနိုင်တော့ ချမ်းတာတာပေါ့၊ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်)၊ ဒါ အားကိုးပြီးသကာလ ကမ္မဘ၀ပစ္စယာ ဇရာ၊ ဘယ့်နှယ်ဆိုကြမလဲ … (ဇရာပါ) ဇရာပဲရမယ်။
ဇာတိတော့ မရသေးပါဘူး၊ နောက်မှ ရမှာ၊ ကိုင်း … ဒကာ၊ ဒကာမတွေက နာရီကကုန်သွားမှာ လည်း စိုးတယ်၊ သိစရာတွေကလည်း နည်းတာမဟုတ်ဘူး၊ သိစရာ နည်းသလား ကိုင်း …။
အခုဟာ ထူးထူးဆန်းဆန်း ပြောနေတာ၊ ခင်ဗျားတို့ နားထဲမှာ ဘယ့်နှယ်ဖြစ်နေသတုံး … (ထူးထူး ဆန်းဆန်း စကားပြောနေပါတယ်)၊ ဖြစ်စဉ်ကတော့ ထူးဆန်းသလားတဲ့ … (မထူးဆန်းပါဘူး)၊ ဒါဖြင့် ဖြစ်စဉ် မသိလို့ ထူးဆန်းတယ်ထင်နေတာ … (မှန်ပါ့)၊ ပေါ်ကြပလား … (ပေါ်ပါပြီ)၊ ဖြစ်စဉ်မသိတာနဲ့ … (ထူးဆန်းတယ်ထင်နေတာပါ)။
ဒါဖြင့် အထူးအဆန်း ဘုန်းကြီးက ဒီကျမှ ထုတ်ပြနေတာလားတဲ့ … ကိုယ်အနာပေါက်တာ မသိတော့၊ ဟ … နင် အနာပေါက်နေတယ် ပြောရတာလား … (အနာပေါက်နေတာ သိအောင် ပြောရတာပါ ဘုရား)။
ဒါဖြင့် လူအ၊ လူပြိန်း ပြောနေရတာပါပဲလို့၊ သဘောပါကြရဲ့လား … (ပါ,ပါတယ်)၊ ကဲ … ဒါဖြင့် ခင်ဗျားတို့ အားကိုးတဲ့ ကံအမိ၊ ကံအဖဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
သူ့အားကိုးရင် သူက သမုဒယသစ္စာဖြစ်လို့ ဇာတိ၊ ဇရာ၊ မရဏဆိုတဲ့ ဒုက္ခသစ္စာရမယ် … (မှန်ပါ့ဘုရား)၊ နိဂုံးချုပ်လိုက်ပါပြီ၊ ကံအမိ၊ ကံအဖဆိုတာ အားကိုးတော့ ဘာသစ္စာရမတုံး … (ဒုက္ခသစ္စာရမယ်)၊ ဒုက္ခသစ္စာပဲရမယ် … (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ ကံဆက်ချင်သေးသလား … (မဆက်ချင်ပါ)။
ဟာ … ဒါဖြင့် ငါးတွေ ဒုက္ခရောက်တော့မယ်၊ ဖမ်းထားတဲ့ လူတွေ အလကားဖြစ်လိမ့်မယ်၊ ငါးလွှတ်ကြပါ၊ ငါးလွှတ်ကြပါ၊ ကံဆက်ကြပါဆိုတဲ့ အဓိပ္ပါယ်၊ မောင်ကို မင်းလွှတ်ဖူးရဲ့လား … (လွှတ်ဖူးပါတယ်ဘုရား)၊ လွှတ်ဖူးတယ်၊ သြော် … မင်းတို့ ဇရာကြိုက်ပါပဲလား။
ကိုင်း … ဒါဖြင့် ဒကာ၊ ဒကာမတို့ ဘုန်းကြီး အားကိုးကလေးပြောင်းပေးခဲ့ပါမယ်၊ ဇာတိက ဒုက္ခသစ္စာ ဖြစ်နေတော့ ကံကလည်း သမုဒယသစ္စာဖြစ်နေတော့ သမုဒယသစ္စာ ပယ်ရမည့်တရား၊ ဒုက္ခသစ္စာက ပိုင်ပိုင် နိုင်နိုင် သိပြီးတော့ ထားခဲ့ရမည့်တရား … သဘောပါကြလား … (ပါ,ပါတယ်)။
သမုဒယသစ္စာက … (ပယ်ရမည့်တရားပါဘုရား)၊ ဒုက္ခသစ္စာက ပိုင်းခြားပြီး သိပြီးသကာလ သူ့ကို သိပြီး နိဗ္ဗာန်သွားရမည့်တရား … (မှန်ပါ့)၊ သူသိရုံတွင်သိရမယ်၊ အဆိုးမှန်း သိရမယ် … (မှန်ပါ့)။
အဲဒီတော့ ခင်ဗျားတို့ အဆိုးလည်းကြိုက်၊ ဟင် … (မှန်ပါ့)၊ ပယ်ရမယ့်တရား သိမ်းပိုက်၊ ဘယ့်နှယ်တုံး၊ အဆိုးတော့ ဘာတဲ့ … (ကြိုက်ပါတယ်ဘုရား)၊ ပယ်ရမည့်တရားတော့ … (သိမ်းပိုက်ပါတယ် ဘုရား)၊ ဒီတရားပွဲ ဟောမဖြစ်ပါဘူး၊ ခင်ဗျားတို့ဟာ ကန့်လန့်ချည်းလုပ်ပြောတာကိုး၊ သဘောပါကြရဲ့လား … (ပါ,ပါတယ်ဘုရား)။
အဲဒါ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ အတွက်တာ ဘုန်းကြီးရင်လေးတယ်၊ ဘာကြောင့် ရင်လေးတုံး ဆိုတော့ မသိတာက တန်းကိုကုန်နေတယ် … (မှန်ပါ့ဘုရား)။
ဒကား၊ ဒကာမတွေ နာသလား … (မနာပါဘုရား) မနာနဲ့ဗျ …၊ မသိတာက တန်းကိုကုန်နေတာ၊ တကယ် ဒီပယ်ရမည့်တရားကျတော့ ဘာလုပ်သလဲ … (သိမ်းပိုက်ပါတယ်ဘုရား)၊ ထားပစ်ခဲ့၊ ပိုင်းခြားသိရ မည့် တရားကျတော့ ခင်ဗျားတို့က အကြိုက်ဖြစ်နေတယ် … (မှန်ပါ့ဘုရား)၊ ဒုက္ခသစ္စာကျတော့ … (အကြိုက်ဖြစ်နေပါတယ်ဘုရား)။
သမုဒယသစ္စာကျတော့လည်း အဖေ အမေလုပ်ပြီး ကိုးကွယ်တယ် … (မှန်ပါ့)၊ သဘောပါကြ ရဲ့လား … (ပါ,ပါတယ်)၊ သမုဒယသစ္စာကျတော့ ဘာတဲ့ … (ကိုးကွယ်နေပါတယ်ဘုရား)၊ အမေ အဖေလုပ် ကိုးကွယ်တာ ကံသာလျှင် အမိ၊ ကံသာလျှင် အဖကိုး၊ သဘောကျပလား … (ကျပါပြီ)၊ သမုဒယသစ္စာကျ တော့ ကိုးကွယ်တယ်၊ ဒုက္ခသစ္စာကျတော့ ခင်ဗျားတို့ အရယူတယ် … (မှန်ပါ့)။
ဒါဖြင့် ဒီသစ္စာနှစ်ပါးကလည်း ဘုရားက ဒကာ၊ ဒကာမတို့ ပိုင်းခြားသိရမည့်တရား၊ ပယ်စွန့်ရမည့် တရားဆိုတာလည်း သေသေချာချာ ဟောတယ်၊ မဟောဘူးလား … (ဟောပါတယ်)။
ဒါဖြင် ခင်ဗျားတို့ ဘုရားကို ကန့်လန့်လုပ်နေတာ ဟုတ်ရဲ့လား … (ဟုတ်ပါတယ်ဘုရား)၊ ဘုရားကန့်လန့်လုပ်နေတာဗျ၊ ဘယ်အရွယ်မှ ကန့်လန့်လုပ်တာတုံးဆို တပည့်တော်တို့က ဘုရား၊ ကန့်လန့်ကို မိဘရိုးရာ ပျက်မှာစိုးလို့ သားသမီးတွေတောင် ဟောခဲ့သေးတယ် ဘုရာ့၊ ကန့်လန့်ဂိုဏ်းဖွဲ့ပြီး ပေါ့၊ သဘောပါကြရဲ့လား … (ပါ,ပါတယ်ဘုရား)။
ကိုင်း … ဒါဖြင့် သေသေချာချာ ပြောပါတော့မယ်၊ ခင်ဗျားတို့ အားကိုးရာအစစ်ကို ပြပါတော့မယ်နော် … (မှန်ပါ့)။
ဒကာ၊ ဒကာမတို့ ဥာဏ်အမိ၊ ဥာဏ်အဖ ဒီနေရာထည့်ပေးစမ်းပါ … (မှန်ပါ့)၊ သဘောပါပလား … (ပါ,ပါပြီ)၊ ဒီနေရာမှာ ဘာထည့်ပေးရမယ် … (ဥာဏ်အမိ၊ ဥာဏ်အဖ)။
ဥာဏ်အမိ၊ ဥာဏ်အဖ ထည့်ပေးလို့ရှိရင်ဖြင့် ဥာဏ်သည် သမုဒယသစ္စာ မပယ်ဘူးလား … (ပယ်ပါတယ်ဘုရား)၊ ဒီဘက်က ဒုက္ခသစ္စာလာသေးရဲ့လား … (မလာပါဘုရား)။
ဒါဖြင့် ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးမှ ကိုက်မယ် … (မှန်ပါ့)၊ ပေါ်ပလား … (ပေါ်ပါပြီ)၊ ဘာအားကိုးရမလဲ … (ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးရပါမယ်)၊ ဒီနေရာ ဥာဏ်သွင်းလိုက်တော့ ဒီတရားတွေဟာ ဒုက္ခသစ္စာ … (မှန်ပါ့)၊ သိတဲ့ဥာဏ်က မဂ္ဂသစ္စာ … (မှန်ပါ့၊ မဂ္ဂသစ္စာ)။
ကဲ … ဒီဥာဏ်ပဲ အားကိုးတော့မယ်ဆိုတော့ ဒီ သမုဒယသစ္စာ သေ,မသေ … (သေပါတယ်ဘုရား)၊ ပြတ်ထွက်သွားတယ် … (မှန်ပါ့)၊ မပြတ်ဘူးလား၊ ပြတ်သလား … (ပြတ်ပါတယ်ဘုရား)။
ဒီဒုက္ခသစ္စာ လာဦးမလား … (မလာပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ယနေ့၊ အမေ၊ အဖေ ပြောင်းတဲ့နေ့ … (မှန်လှပါဘုရား)၊ ဘယ်လို မှတ်ကြမလဲ … (အမေ၊ အဖေ ပြောင်းတဲ့နေ့ပါဘုရား)၊ အပေါင်းကြီး ပေါင်းလာတာ ကြာခဲ့ကြပြီ … (ကြာပါပြီ)။
ယနေ့ ဒီဆရာနဲ့ကျမှ ရန်တိုက်ပေးတာနဲ့ ခင်ဗျားတို့ မခွဲချင်ဘဲနဲ့ ခွဲရတာလား၊ အကျိုးအပြစ် သိတာနဲ့ ခွဲရမှာလား … (အကျိုးအဖြစ်သိတာနဲ့ ခွဲရမှာပါဘုရား)၊ တော်တော်၊ တော်လာပြီဗျ၊ ဒါနည်းတဲ့ အသံ မဟုတ်ဘူးနော်။
နည်းတဲ့အသံ မဟုတ်သေးဘူးဆိုတာ တော်တော်အရေးကြီးတဲ့အသံ၊ ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ ဒီလောက်သိတယ်ဆိုရင် အများကြီး တော်သွားပြီ … (မှန်ပါ့)၊ ဒီနေရာမှာ ဥာဏ်အမိ၊ ဥာဏ်အဖကို ဒီက ဒုက္ခသစ္စာဖြစ်ပျက် တရား၊ ဒီကနေဥာဏ်နဲ့ရှုလိုက်တော့ကို ဖြစ်ပျက်၊ မဂ်မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
အဲဒါ မဂ်ဥာဏ်အားကိုးလိုက်တဲ့အတွက် သမုဒယသစ္စာကို ပယ်တယ်၊ ဒုက္ခသစ္စာက မလာတော့ ဘူး၊ လာသေးရဲ့လား … (မလာပါဘုရား)။
ဒါဖြင့် ဘာအားကိုးလိုက်လို့ ဒီကစ္စပြီးပါလိမ့်မတုံး … (ဥာဏ်အမိ၊ ဥာဏ်အဖပါ)၊ ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးလိုက်တဲ့အတွက် တို့ကိစ္စပြီးသွားတယ်၊ ကံအမိ၊ ကံအဖ တုန်းကတော့ တို့အတော်ကို လည်နေတယ်၊ ဆိုနိုင်၊ မဆိုနိုင် … (ဆိုနိုင်ပါတယ်ဘုရား)၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)၊ ဒါဖြင့် ဘာ အားကိုးကြမလဲ … (ဥာဏ်အမိ၊ ဥာဏ်အဖပါဘုရား)၊ ကံအမိ၊ ကံအဖ အားကိုးခဲ့တာ ဘယ်လောက်ကြာပြီ တုံး … (ကြာပါပြီဘုရား)။
ဟာ … ဘုရားအဆူဆူနဲ့ လွဲခဲ့ပြီဗျ၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ ဒါဖြင့် ယခု ဘာအားကိုးကြမယ် … (ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးရပါမယ်)၊ ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးတော့မယ်ဆိုတဲ့ စိတ်ကိုဖြင့် ပြောင်းဖြစ်အောင် ပြောင်းရတော့မှာပဲ၊ မပြောင်းသင့်ဘူးလား … (ပြောင်းသင့်ပါတယ်ဘုရား) ကောင်းပြီ။
ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီတရားသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီး မဇ္ဈိမပဏ္ဏာသပါဠိတော် ကုက္ကုရ၀တီသုတ်မှာ ပုဏ္ဏတို့ သေနိယတို့ကို ဟောတယ် … (မှန်ပါ့)၊ မဟောဘူးလား … (ဟောပါတယ်ဘုရား)။
ပုဏ္ဏတို့ သေနိယတို့ကို ဟောတယ်၊ သဘောပါကြရဲ့လား … (ပါ,ပါတယ်ဘုရား)၊ ဘယ်သူ့ဟော ပါလိမ့် … (ပုဏ္ဏနဲ့ သေနိယကို ဟောပါတယ်ဘုရား)၊ ပုဏ္ဏတို့ သေနိယတို့ဆိုတဲ့ တိတ္ထိနှစ်ယောက်ကို ဟောတဲ့တရား … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီ) ကောင်းပြီ။
ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံအမိ ကံအဖကို ဖြုတ်ပြီး သကာလ ဘာလုပ်ရမယ် … (ဥာဏ်အမိ၊ ဥာဏ်အဖကို ပြေားရပါမယ်ဘုရား)။
ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးလိုက်လို့ရှိရင်ဖြင့် ဒီနေရာမှာ ဒီတရားတွေက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ သိတဲ့ ဥာဏ်ကို အားကိုးလိုက် … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)၊ အားကိုးလိုက်တော့ သမုယဒသစ္စာ မသေဘူးလား … (သေပါတယ်ဘုရား)၊ ဒုက္ခသစ္စာလာသေးရဲ့လား … (မလာပါဘုရား)။
ဒါ … ဘာအားကိုးလိုက်လို့ပါလိမ့် … (ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးလိုက်လို့ပါဘုရား)၊ ကဲ … သခင်ဝတင်ကျေနပ်ပလား … (မှန်ပါ့ဘုရား)၊ ဘာအားကိုးမလဲ … (ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးပါမယ် ဘုရား)။
နဂိုက ဘာအားကိုးတယ်၊ ခင်ဗျားတို့ အမျိုးက ဘာပါလိမ့် … (ကံအမိ၊ ကံအဖပါဘုရား)၊ ကံအမိ၊ ကံအဖအမျိုးကိုး၊ ယနေ့တော့ ဘယ်လိုများ ပြောင်းကြပါလိမ့် … (ဥာဏ်အမိ၊ ဥာဏ်အဖ အားကိုးရပါမယ်)၊ ဒါကလေးဟာ ကံနဲ့ဥာဏ် ခင်ဗျားတို့ စဉ်းစားကြည့်၊ ကံက ကိလေသာဖြတ်သလား၊ ဥာဏ်ကကိလသာဖြတ် သလား … (ဥာဏ်က ကိလသာဖြစ်ပါတယ်)၊ ဒါဖြင့် ကိလေသာကြောင့် သံသရာလည်တာကို သူဖြတ်ပေး ဖော်ရတော့ သူ့ကိုအားကိုးရမယ်၊ မကိုးထိုက်ဘူးလား ကိုးထိုက်သလား … (ကိုးထိုက်ပါတယ်ဘုရား)၊ သဘောပါကြပလား … (ပါ,ပါတယ်ဘုရား)။
ဒါဖြင့် တပည့်တော်တို့ ဒါနကံ၊ သီလကံတွေ မလုပ်ရတော့ဘူးလားလို့ ဒကာ၊ ဒကာမတွေက မေးလိမ့်မယ်နော် … (မှန်ပါ့)၊ လုပ်ပါလို့လည်း တိုက်တွန်းလိုက်တယ်၊ ဒါနတွေ သီလတွေပြည့်လို့ မလုပ်ရ တော့ဘူး၊ ဥာဏ်စခန်းချည်း လုပ်ရတော့မလားလို့ ဒကာ၊ ဒကာမတွေက မေးတော့ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ဥာဏ်လုပ်တဲ့အထဲမှာ ဒီအထဲမှာ စေတနာဟာ မပါဘဲ မရှိဘူး၊ ဆရာထွန်းကြီးရှိပါ့မလား … (မပါ,မရှိပါဘုရား)။
အဲဒီ စေတနာပါနေတယ် ရှုချင်တဲ့စေတနာမပါဘူးလား … (ပါ,ပါတယ်ဘုရား)။ သူ့ထဲလည်း ကံပါ,ပါတယ် သဘောကျရဲ့လား … (ကျပါတယ်)၊ ၀ဋ်ပြတ်တဲ့ကံတော့ လုပ်သာလုပ်၊ လှူသာလှူ ပေးသာပေး၊ ကမ်းသာကမ်း … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီ)၊ သမုဒယမဆက်တဲ့ ကံမျိုးကို လုပ်ပါ … (မှန်ပါ့ဘုရား)၊ သဘောပါကြရဲ့လား … (ပါ,ပါတယ်ဘုရား)။
ကံပယ်တာလား … မပယ်ဘူးလား … (မပယ်ပါဘုရား)၊ မပယ်ပါဘူး … တဲ့၊ ဥာဏ်နဲ့တွဲတဲ့ကံကိုလုပ် ပါ … (မှန်ပါ့)၊ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်နဲ့တွဲတဲ့ကံကိုလုပ်ပါ … (မှန်ပါ့ဘုရား)၊ ခင်ဗျားတို့ အားကိုးတဲ့ ကံက ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ခေါ်တယ် … (မှန်ပါ့ဘုရား)၊ ရှင်းပလား … (ရှင်းပါပြီ)၊ ခင်ဗျားတို့ ကံအမိ၊ ကံအဖ ဆိုတာ ဘာတဲ့ … (ကမ္မဿကတာ ကမ္မာဒိဋ္ဌိပါဘုရား)။
အဲဒါက ဒိဋ္ဌိဘယ်တော့မှ မပြုတ်ဘူး … (မှန်ပါ့)၊ ဆရာထွန်းကြီး ပြုတ်ရဲ့လား … (မပြုတ်ပါဘုရား)၊ သဘောပါကြပလား … (ပါ,ပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အားကိုးနေတာက ကံကို အားကိုးငြားသော်လည်းတဲ့၊ ဒိဋ္ဌိကမပြုတ်တော့ကို အဲဒီကံကို အကျိုးလည်းပေးပါတယ်၊ ဒိဋ္ဌိက အပယ်ဆွဲ ဆွဲချပေးတယ် … (မှန်ပါ့)၊ သဘောပါပလား … (ပါ, ပါပြီဘုရား)၊ ဒီထဲမှာပါတဲ့ ကံကတော့ ဥာဏ်နဲ့ တွဲနေတဲ့ ကံကတော့ သမုဒယသစ္စာဖြတ်တယ် … (မှန်ပါ့)၊ ဒီက ဖြစ်ပျက်ဆိုတော့ ဒီကမဂ်ပေါ့ဗျာ၊ သဘောကျပလား … (ကျပါပြီ)။
ဒီက ဒုက္ခသစ္စာဆိုတော့ ဒီက ဘာတုံး … (မဂ္ဂသစ္စာပါဘုရား)၊ မဂ္ဂသစ္စာထဲ ကံမပါဘူးလား … မဂ်ချည်းဖြစ်သလား၊ ကံပါသေးသလား … (ကံပါ,ပါတယ်ဘုရား)၊ သဟဇာတအဖြစ်နဲ့ ပါတာပေါ့၊ စေတနာ ဟာ စိတ်တစ်ခု ရုပ်ကိုးဆယ်မှာ ယှဉ်တာပဲ … (မှန်ပါ့)၊ မပါဘူးလား … (ပါ,ပါတယ်ဘုရား)၊ သို့သော် သူပြဋ္ဌာန်းသလား … မပြဋ္ဌာန်းတော့ဘူးလား … (မပြဋ္ဌာန်းပါဘုရား)။
သူမပြဋ္ဌာန်းတော့ဘူး၊ ပါတော့ပါရဲ့ သူကမပြဋ္ဌာန်းတဲ့အတွက် ဇာတိ ဇရာ မရဏ အကျိုးပေးသေး ရဲ့လား … (မပေးပါဘုရား)၊ တဏှာဖြတ်တာပေါ့ဗျာ … (မှန်ပါ့)၊ တဏှာဥပါဒါန် ကံတွေမဖြတ်ဘူးလား … (ဖြတ်ပါတယ်)၊ ဒါဖြင့် ဒကာ၊ ဒကာမတို့ ဒီအထဲမှာပါတဲ့ စေတနာ ဒီထဲမှာပါတဲ့ ပညာသည် ကံပြတ် … (မှန်ပါ့)၊ ပေါ်ကြပလား … (ပေါ်ပါပြီ)၊ ကံဆက်ရင် ဘာဖြစ်မယ်၊ ဒုက္ခရောက်မယ် … (မှန်ပါ့)၊ ကံပြတ်လို့ရှိရင် ဖြင့် ဒုက္ခသိမ်းမယ် … (မှန်ပါ့၊ ဒုက္ခသိမ်းမယ်)၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ကံဆက်ရင် … (ဒုက္ခရောက်ပါတယ်)၊ ဒီကံကို ဖြတ်လိုက်လို့ရှိရင် … (ဒုက္ခသိမ်းပါတယ်)၊ ဒုက္ခသိမ်း တယ်ဆိုတာ ဘုန်းကြီးက ကြံဖန်ဟောတာလား ခင်ဗျားတို့ခန္ဓာဖြစ်စဉ်က ဒီအတိုင်းလား … (ခန္ဓာဖြစ်စဉ်က ဒီအတိုင်းပါဘုရား)၊ ဒါဖြင့် ဘုန်းကြီးမယုံကြနဲပ၊ ခန္ဓာက ပြောတာယုံ … (မှန်ပါ့ဘုရား)၊ သဘောပါပလား … (ပါ,ပါတယ်)၊ ဘယ်သူ့ကို သက်သေထားပါလိမ့် … (ခန္ဓာကို သက်သေထားပါတယ်ဘုရား)၊ အဲ ခန္ဓာထက် အပြောကောင်းဖြစ်စဉ် မှန်တာရှိသေးရဲ့လား … (မရှိပါဘုရား)။
ဒါ … ဥာဏ်ကြီးကြီးနဲ့ နားကြီးကြီးနဲ့ ထောင်ပါလို့ နဂိုက ပြောတဲ့စကားဟာ အားလုံး တရားနာလာ ကြတဲ့ ဒကာ၊ ဒကာမတွေ မမှန်ဘူးလား မှန်သလား … (မှန်ပါတယ်ဘုရား)၊ ဒါဖြင့် ယနေ့ကစ၍ အမိ အဖ ဘာလုပ်ရမယ် … (ပြောင်းရပါမယ်)။
ဘုရားတောင်ဟောသေးတာ “မာတရံ ပိတရ ဟန္တာ” လို့ ဓမ္မပဒမှာ အမိအဖ သတ်ရမယ်တဲ့ကွ … (မှန်ပါ့ဘုရား)၊ မဟောဘူးလား၊ ဟောသလား … (ဟောပါတယ်ဘုရား)၊ မထင်ရှားဘူးလား … (ထင်ရှားပါတယ်ဘုရား)။
အမိနဲ့တူတဲ့ တဏှာ၊ အဖနဲ့တူတဲ့မာန … (အ၀ိဇ္ဇာ) ကို ဘာလုပ်ရမလဲ … (သေအောင်သတ်ရ ပါမယ်)။ သတ်ရမယ်ဆိုတော့ သမုဒယသစ္စာအသတ်ခိုင်းတာ … (မှန်ပါ့)၊ ပေါ်မလာဘူးလား … (ပေါ်ပါတယ်)၊ ရှင်းပြီနော် … (မှန်ပါ့ဘုရား)။
ဒါဖြင့် ယနေ့ ဒကား၊ ဒကာမတို့ ဘာတရားဟောတုံးလို့ ခင်ဗျားတို့ပြန်တော့ တိုးတိုး တိုးတိုးပြောသွားကြ … (မှန်ပါ့)၊ အမိ၊ အဖ ပြောင်းရသဟေ့၊ တို့ ငယ်မိ၊ ငယ်ဖတွေက ဒုက္ခပေးနေတာနဲ့  ဟုတ်လား၊ ကြီးမှသိရတဲ့ အမိအဖကို ကိုးကွယ်နေရတယ်ဆိုတာ သဘောကျပလား … (ကျပါပြီ)။
ဒါဖြင့် မဂ်ဥာဏ်ကို ကိုးကွယ်ထိုက်တာ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ ခင်ဗျားတို့ ကံအမိ၊ ကံအဖက ကိုးကွယ်ထိုက်ရဲ့လား … (မကိုးကွယ်ထိုက်ပါဘုရား)၊ ကဲ … မကွာဘူးလား … (ကွာပါ တယ်ဘုရား)၊ ဟိုကံက ကိုးကွယ်ထိုက်ရဲ့လား … (မကိုးကွယ်ထိုက်ပါ)၊ ဒီဥာဏ်နဲ့တွဲနေတဲ့ ကံကျတော့ကို မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားကို ရှိခိုးပါ၏ဆိုတာ လာရမယ်၊ မလာရဘူးလား … (လာရပါတယ် ဘုရား)။
ဒါဖြင့် အင်မတန်ထူးခြားသွားပြီဆိုတဲ့ အဓိပ္ပါယ် ဒကာ၊ ဒကာမတို့ ဥာဏ်ဝမှာရောက်ပလား … (မှန်ပါ့၊ ရောက်ပါပြီ)၊ ကဲ … ဒါဖြင့် ဘယ်အမိအဖနဲ့ နေကြသတုံး … (ဥာဏ်အမိ၊ ဥာဏ်အဖနဲ့ နေပါမယ် ဘုရား)၊ သဘောပါကြသလား … (ပါ,ပါပြီ) သဘောပါပြီတဲ့။
ကိုင်း … ဒါနဲ့ ၀တ္ထုတိုကလေး ထုတ်ကြပါစို့ ဒကာ၊ ဒကာမတို့၊ ဒါအရေးကြီးလို့ ပြောရပါတယ်နော် … (မှန်ပါ့)၊ ကံဟာ ၀တ္ထုမဟုတ်ခင် ကံလေးမျိုး မှတ်လိုက်စမ်း … (မှန်ပါ့) ခင်ဗျားတို့ ကံဆိုရင် ကိုးကွယ်ရမည် ချည်းမှတ်နေတာ … (မှန်ပါ့ဘုရားဝ၊ ကံဆိုလို့ရှိရင်ဖြင့် ကံအမိ ကံအဖချည်းလုပ်နေရင် ခက်လိမ့်မယ်၊ မခက်ပေဘူးလား … (ခက်ပါတယ်ဘုရား)။
ကံလေးမျိုး ဒကာ၊ ဒကာမတွေ ကိုယ့်စာကလေးနဲ့ ကိုယ်ရေးလိုက်စမ်းပါ … နော်။
(၁)     အမည်းကံ၊ အမည်းအကျိုးပေးတာ တစ်မျိုး၊ ဒကာ၊ ဒကာမတွေ ရေးပြီးကြပလား …  (ရေးပြီးပါပြီဘုရား)၊ အမည်းကံက အမည်းအကျိုးပေးတာတစ်မျိုး၊ မည်းတဲ့ ကံမည်းတဲ့ အကျိုး ပေးတာက တစ်နံပါတ်။
(၂)     ဖြူတဲ့ကံ ဖြူတဲ့ အကျိုးပေးတာက နှစ်နံပါတ်၊ အဖြူ ကံ အဖြူအကျိုးပေးတာက … (နှစ်နံ ပါတ်ပါဘုရား)။
သေသေချာချာမှတ်ပါ၊ သေသေချာချာ မှတ်ပါ … (မှန်ပါ့)၊ ခင်ဗျားတို့က ကံဆိုလို့ရှိရင် အကောင်းချည်းပဲ ယူနေမှာ သိပ်စိုးရိမ်လို့ ဘုရားက ကံလေးမျိုးခွဲဟောလို့ ဟောရပါတယ် ဆိုတာလည်း သေသေချာချာမှတ်ပါ၊ အဖြူကံ အဖြူအကျိုးပေးတာက တစ်မျိုး၊ နှစ်နံပါတ် နော်၊ ဒါက နှစ်တွင် ရှိသေးတယ် … (မှန်ပါ့)၊ အဖြူကံ အဖြူအကျိုးပေးတာက တစ်မျိုး၊ နံပါတ် ဘယ်လောက်မှာပါလိမ့် … (နှစ်မှာပါဘုရား)၊ ပြန်ပြီးဆက်လိုက်စမ်းပါဦး၊ တစ်ကစပြီးတော့ … (အမည်းကံ အမည်းအကျိုးပေးတာက တစ်မျိုး၊ အဖြူကံ အဖြူအကျိုး ပေးတာက တစ်မျိုး)။
နှစ်ခုရသွားပြီ လေးမျိုးပဲပြောမှာပါနော် … (မှန်ပါ့)၊ ဘုရားဟောတာက လေးမျိုးပဲဟောပါ တယ်။
(၃)     အမည်း အဖြူရောတဲ့ကံသည် အမည်းအဖြူကို အကျိုးပေးတယ် … (မှန်ပါ့)၊ သုံးနံပါတ် အမည်း အဖြူရောတဲ့ကံသည် အမည်းအဖြူကို အကျိုးပေးတယ်၊ အမည်းအဖြူရောတဲ့ ကံသည် အမည်းအဖြူကို အကျိုးပေးတယ်၊ သုံးနံပါတ်ပြီးကြပလား … (ပြီးပါပြီဘုရား)။
(၄)     လေးနံပါတ်ပြောတော့မယ်၊ အမည်းအဖြူ မရောတဲ့ကံသည် အမည်းအဖြူ မရောတဲ့ ကံသည် အမည်းအဖြူ မရောတဲ့ အကျိုးကိုပေးပါတယ်၊ အမည်းအဖြူ မရောတဲ့ ကံသည် အမည်းအဖြူမရောတဲ့ အကျိုးပေးကို … (ပေးပါတယ်)၊ လေးနံပါတ်နော် … (မှန်ပါ့ဘုရား)၊ အမည်းအဖြူမရောတဲ့ကံသည် … (အမည်းအဖြူ မရောတဲ့အကျိုးကို ပေးပါတယ်ဘုရား)။
ကိုင်း … ဒကာ၊ ဒကာမတို့ ကိုယ့်ဟာကိုယ် အစကစစ်ကြဦး၊ ဘာတဲ့တုံး။
(အမည်းကံသည် အမည်းအကျိုးကိုပေးပါတယ်ဘုရား၊ အဖြူကံသည် အဖြူအကျိုးကို ပေးပါတယ်၊ အမည်း အဖြူရောတဲ့ကံသည် အမည်း အဖြူရောတဲ့ အကျိုးကိုပေးပါတယ်၊ အမည်း အဖြူမရောတဲ့ကံသည် အမည်း အဖြူမရောတဲ့အကျိုးကို ပေးပါတယ်ဘုရား)။
အမည်း အဖြူ မရောတဲ့ကံသည် အမည်းအဖြူ မရောတဲ့ အကျိုးကို ပေးတာက လွန်ခဲ့တဲ့ သုံးကံကို ဖြတ်တတ်သောကြောင့် အကျိုးပေးတယ် … (မှန်ပါ့)၊ လွန်ပြီးသား သုံးကံကို ဖြတ်တတ်သောကြောင့် အကျိုးပေးတယ် … (မှန်ပါ့ဘုရား)။
အမည်းကိုလည်းဖြတ်တယ် … (မှန်ပါ့ဘုရား)၊ အဖြူကိုကော … (ဖြတ်ပါတယ်ဘုရား)၊ အမည်း အဖြူရောတာကိုရော … (ဖြတ်ပါတယ်ဘုရား)၊ အဲ … လေးခုမြောက်ကံ အမည်းအဖြူမရောတဲ့ ကံကတော့ ဖြင့် … တဲ့၊ ကံဖြတ်တရားလို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့)၊ အမည်း အဖြူမရောတဲ့ကံက ဘာတဲ့ … (ကံဖြတ်တရားပါဘုရား)။
ကံဖြတ်တရားဆိုတာ သေချာပလား … (သေချပါတယ်ဘုရား)၊ ဒါကြောင့် အမည်းအဖြူမရောတဲ့ အကျိုးပေးပါတယ်၊ သူ့ကို မှတ်ချင်လို့ရှိရင် … (မှန်ပါ့)၊ ဒကာ၊ ဒကာမတို့ သေသေချာချာ နားထောင်ကြ စမ်းနော်၊ သေသေချာချာ နားထောင်စမ်းပါ၊ ဒီဥစ္စာက ကြုံလည်း ကြုံခဲပါတယ်၊ ကိုယ်လွဲနေလို့ရှိရင်လည်း ပြင်ကြစို့။
ဟာ … မှန်နေပြီဆိုရင်လည်း ဒီဟာ ကြိုးစားကြဖို့ … (မှန်ပါ့)၊ ဒါကိုပဲ တိုက်တွန်းပါတယ်နော် … (မှန်ပါ့)၊ ကဲ … ဒကာ၊ ဒကာမတို့ ကံလေးမျိုးမှတ်မိကြပြီ … (မှတ်မိပါပြီဘုရား)။
ဒါက စာနဲ့ မှတ်ထားတာပဲရှိသေးတယ်၊ ခင်ဗျားတို့ ဥာဏ်ထဲမရောက်သေးဘူး … (မှန်ပါ့)၊ ရှင်းပေးရ ဦးမယ်၊ ဥာဏ်ထဲရောက်အောင် ရှင်းပေးရဦးမယ်၊ ဒီစာအုပ်ကလေးကြည့်ပြီး အိမ်ရောက်သွားတော့ ဘုန်းကြီးက ကံလေးမျိုးဟောလိုက်တယ်ဟေ့၊ ကိုယ်လုပ်နေတဲ့ကံကျတော့ ဘာကံမှန်းမသိပြန်ဘူး၊ စာထဲတော့ မှတ်ထားတာပဲ၊ ကိုယ်ပြန်လုပ်တော့ မသိဘူးဆိုတော့ အလကားစာဖြစ်သွားမယ် … (မှန်ပါ့ဘုရား)၊ မဟုတ်ပေဘူးလား … (ဟုတ်ပါတယ်ဘုရား)။
ကိုင်း … ဒကာ၊ ဒကာမတို့၊ ဒီပဋိစ္စသမုပ္ပါဒ် ကြည့်ပါတဲ့၊ ဟောဒီ ဘုံဘ၀ကို လိုချင်ပြီးသကာလ ဒါနကံ၊ သီလကံတွေ လုပ်တော့ကို သင်္ခါရဟာ ကံပါပဲ ဒကာ၊ ဒကာမတို့ သဘောကျပလား … (မှန်ပါ၊ ကျပါပြီ)။
သင်္ခါရကံ မဟုတ်ဘူး၊ ဟုတ်တယ်၊ ဒီအကြောင်းကလေး ဆက်ကြည့် ကမ္မဘ၀ပဲ၊ သဘောပါပလား … (ပါ,ပါပြီ)၊ သင်္ခါရနှင့် ကမ္မဘ၀သည် အတိတ်နှင့် ပစ္စုပ္ပန်ပဲကွာတယ်၊ အတူတူပဲ၊ ကံချည်းပဲ … (မှန်ပါ့)၊ ရှင်းကြပလား … (မှန်ပါ့၊ ရှင်းပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ လွန်ခဲ့တဲ့ဘ၀က ဒကာ၊ ဒကာမတို့ နှစ်နံပါတ် အဖြူကံလို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့ဘုရား)၊ ကုသိုလ်ကံက ဘာတဲ့ … (နှစ်နံပါတ် အဖြူကံပါဘုရား)၊ အဖြူကံ၊ အဖြူကံဆိုတဲ့ဥစ္စာ သေချာသွားတော့ကို ဒကာ၊ ဒကာမတွေသည် ဒီဘ၀မှာ ဟော … လူ့ခန္ဓာကြီးရတယ် … (မှန်ပါ့ဘုရား)၊ မရဘူးလား … (ရပါတယ်ဘုရား)၊ အဖြူကံလုပ်ခဲ့ကြတာကိုး၊ အဖြူအကျိုးမပေးဘူးလား … (ပေးပါတယ်ဘုရား)၊ တိရိစ္ဆာန်ထက်သာတယ်ဗျ၊ ခင်ဗျားတို့က … (မှန်ပါ့)၊ ငရဲထက်ကော … (သာပါတယ် ဘုရား)၊ ပြိတ္တာထက်ကော … (သာပါတယ်ဘုရား)၊ အသူရကာယ်ထက်ကော … (သာပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အဖြူကံလုပ်ခဲ့လို့နော် … (မှန်ပါ့)၊ ကုသိုလ်ကံ ဖြူဖြူစင်စင်လုပ်ခဲ့လို့ ဒီဘ၀ လူ့ခန္ဓာကြီးဆိုတာ မရဘူးလား … (ရပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အခုအကျိုးပေးနေတာ ဘယ်ကံက အကျိုးပေးနေတာပါလိမ့် … (အဖြူကံက အကျိုးပေးတာပါဘုရား)၊ ဘာသစ္စာပါလိမ့် … (ဒုက္ခသစ္စာပါဘုရား)၊ သေသေချာချာကြည့်၊ ရမ်းဖြေမနေနဲ့ … (သမုဒယသစ္စာပါဘုရား)။
ကိုင်း … ခင်ဗျားတို့က ဒါတော့မသိဘူး၊ ဖြူတာသာသိတယ်၊ သစ္စာနဲ့ဝေဖန်လိုက်တော့ မသိဘဲဖြစ် နေတယ် … (မှန်ပါ့ဘုရား)၊ ပေါ်ပလား … (ပေါ်ပါပြီ)၊ ဘာလုပ်ရမည့်သစ္စာဖြစ်နေတုံး … (ပယ်ရမည့်သစ္စာဖြစ်နေပါတယ်)။
သို့သော် ခင်ဗျားတို့ကတော့ ဖြူဖြူစင်စင်လုပ်ဟေ့နော်၊ မလာဘူးလား … လာမလား … (လာပါတယ်ဘုရား)၊ အဲဒါ ဖြူဖြူစင်စင်လုပ်ပါဆိုတော့ အဖြူခံတော့ မဟုတ်ဘူးလား … (ဟုတ်ပါတယ် ဘုရား)၊ ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)။
ဒါဖြင့် သေသည့်အခြားမဲ့၌ ဟောဒါစပ်သွားပြီတဲ့၊ ခန္ဓာငါးပါးရပါပြီ၊ လူ့ခန္ဓာငါးပါး၊ နတ်ခန္ဓာငါးပါး ရပါပြီတဲ့၊ သဘောကျကြပလား … (ကျပါတယ်ဘုရား)၊ လူ့ဘ၀၊ နတ်ဘ၀ ရောက်မယ်ဆို ခင်ဗျားတို့ မကျေနပ်ဘူးလား … (ကျေနပ်ပါတယ်ဘုရား)၊ ကျေနပ်ချင် ကျေနပ်၊ ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)၊ ကိုင်း … ဒုက္ခကျေနပ်နေတာကိုး၊ သူ့ဟာ ပေါ်ပလား … (ပေါ်ပါပြီ)၊ ဘာကျေနပ်နေသတုံး … (ဒုက္ခကျေနပ် နေပါတယ်)။
ဒုက္ခကျေနပ်နေတယ်ဆိုတော့ သြော် … တို့ကျေနပ်မှုဟာ တစ်နေ့ကပြောသလိုပဲ ခွေးသားရတာနဲ့ လင်းတက ကျေနပ်သလိုပဲ … (မှန်ပါ့)၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။
ဘာသားရလို့ လင်းတကျေနပ်သလဲ … (ခွေးသားရလို့ ကျေနပ်ပါတယ်ဘုရား)၊ ဘေးကနေကြည့် တော့ ကျေနပ်ကြရဲ့လား … (မကျေနပ်ပါဘုရား)၊ အဖြစ်ဆိုး … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ သူ့ဟာသူတော့ ဘာတုံး … (ကျေနပ်ပါတယ်ဘုရား)။
ဦးသန်းမောင် ကန်ဘေးကနေတော့ လင်းတက ခွေးသားစားနေတာကြည့်တော့ ကျေနပ်ရဲ့လား … (မကျေနပ်ပါဘုရား)၊ ဒီအဖြစ်မျိုးကြောက်လှချည်ရဲ့နော်၊ မကြောက်ဘူးလား၊ ကြောက်မယ်လား … (ကြောက်ပါတယ်ဘုရား)။
သို့သော် လင်းတသွားမေးတော့ ခင်ဗျား ဒီဥစ္စာ ဘယ့်နှယ်တုံး၊ ဒါ ကျုပ်ကံကောင်းတာ၊ ခွေးသေ ကောင် တစ်ကောင်လုံးရတာ မဆိုဘူးလား၊ ဆိုမလား … (ဆိုပါမယ်ဘုရား)၊ ပေါ်ကြပလား … (ပေါ်ပါပြီ)၊ ဒီဥပမာကိုလည်း သေသေချာချာ မှတ်ရတယ် … (မှန်ပါ့)။
အဲဒီတော့ အဖြူကံလုပ်ခဲ့လို့ အဖြူအကျိုးပေးတာ၊ အဖြူကံက … ဘာသစ္စာတုံး … (သမုဒယ သစ္စာပါဘုရား)၊ သဘောကျပလား … (ကျပါပြီ)၊ ရတာက … (ဒုက္ခသစ္စာပါ)၊ ခန္ဓာငါးပါးဟာ ဒုက္ခသစ္စာနော် … (မှန်ပါ့)။
အဲဒီတော့ မနုဿတ္တဘာဝ ဒုလ္လဘဆိုတာနဲ့ ဟောလို့ရှိရင်တော့ဖြင့် ဒကာ၊ ဒကာမတို့ လူ့ဘ၀ရခဲ တယ်ဟောရမျာပဲ … (မှန်ပါ့)၊ သစ္စာနဲ့ ဟောရမယ်ဆိုတော့ ခင်ဗျားတို့ နောက်ဘ၀က သမုဒယသစ္စာ ကုသိုလ်လုပ်ခဲ့တဲ့အတွက် ဒုက္ခသစ္စာဖြင့်ရပေါ့ … (မှန်ပါ့)၊ သဘောပါပလား … (ပါ,ပါပြီ)၊ ကျန်တဲ့တရားတွေ က ပရိယာယ်ဝေသုစ်ပါ,ပါတယ် … (မှန်ပါ့)၊ သစ္စာမတိမ်းစောင်းဘူး … (မှန်ပါ့)၊ ရှင်းကြပလား … (ရှင်းပါပြီ)၊ မတိမ်းမစောင်းတဲ့တရားက ဘယ်တရားပါလိမ့် … (သစ္စာတရားပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာ အမှန် ယူမယ် … (သစ္စာတရားကို အမှန်ယူရပါမယ်)။
သစ္စာတရားအမှန်ယူပါဆိုတာ ဆရာဘုန်းကြီးက သေသေချာချာ တိုက်တွန်းတယ် … (မှန်ပါ့)၊ ရှင်းပြီလား … (ရှင်းပါပြီ)၊ ဒါဖြင့် အားလုံး ဒကာ၊ ဒကာမတွေ ယခု ၁ ထဲမှာရောက်နေကြသလား၊ ၂ ထဲမှာ ရောက်နေကြသလား … (၂) ထဲမှာရောက်နေကြပါတယ်ဘုရား)။
(စက်ဝိုင်းကိုထောင်၍ ဟောသည်။)
သြော် … ဘယ်ကံအားထုတ်ခဲ့ပါလိမ့် … (၂ ကံအားထုတ်ခဲ့ပါတယ်)၊ ဖြူတဲ့ ကုသိုလ်ကံ အားထုတ် ခဲ့တယ်၊ သဘောကျပလား … (မှန်ပါ့)၊ ဘာသစ္စာပါလိမ့် … (သမုဒယသစ္စာပါဘုရား)၊ ဒါဖြင့် ယခု ကိုယ့်ဘ၀ ကလေးကိုတော့ မကျေနပ်ကြဘူးလား … (ကျေနပ်ပါတယ်ဘုရား)။
ဘာသစ္စာကျေနပ်သလဲ … (ဒုက္ခသစ္စာကို ကျေနပ်ပါတယ်)၊ ဒုက္ခရောက်တာကျေနပ်တာ ရူးလို့၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ ဒုက္ခရောက်တာ ကျေနပ်တာဖြင့် … (ရူးလို့ပါဘုရား)၊ ဒါက တော်တော် စကားကြီးသွားပြီ၊ သစ္စာနဲ့ကြည့်လိုက်တော့ ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ဟာက မရစဘူး အရထူးပြီးသကာလ တော်,တော်သေးရဲ့ဘုရာ့၊ ဟော လင်းတ ခွေသားရပြီ၊ ဒကာ၊ ဒကာမတို့ ဘာရပါလိမ့် … (လင်းတခွေးသားရပါတယ်ဘုရား)၊ လင်းတ ခွေးသားရတယ် ဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)၊ သစ္စာမသိသေးလို့ ဖြစ်ရတဲ့အဖြစ်ဗျ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
သစ္စာသိရင် ဒီအဖြစ် ဖြစ်နိုင်ပါ့မလား … (မဖြစ်နိုင်ပါဘုရား)၊ ကိုင်း … ဒကာ၊ ဒကာမတို့ ဒါဘုန်းကြီး အပြောကောင်းလို့ ဥပမာပေးကောင်းလို့လား၊ ခင်ဗျားတို့ ဖြစ်စဉ်က ကိုက်ပလားဆိုတာ ဝေဖန်ပါ … (ဖြစ်စဉ် ကိုက်ပါတယ်ဘုရား)၊ သဘောပါရဲ့လား … (ပါ,ပါတယ်)၊ ဒါက ဒကာ၊ ဒကာမတို့ ဒီစာလိုရွတ်သွားလို့ ရကို မရဘူး … (မှန်ပါ့ဘုရား)၊ မြန်အောင်ဦးတင် ရပါ့မလား … (မရပါဘုရား)။
တစ်လုံး တစ်လုံးကို သေသေချာချာလည်အောင် ပြောမှရတယ် … (မှန်ပါ့)၊ စာတွေ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ နိရောဓသစ္စာ ဤကား အဘိဓမ္မာဆိုရုံနဲ့လည်း မဖြစ်ဘူး … (မဖြစ်ပါဘုရား)၊ ဖြစ်ပါ့မလား … (မဖြစ်ပါဘုရား)၊ ဘာမှတောင် နားလည်မှာမဟုတ်ဘူး။
လိုရင်းတွေကလည်း ဒီထဲမှာနေတယ်၊ လိုရင်းမှ နားမလည်လိုက်ဘဲနဲ့ သူများဖြစ်စဉ်တွေ သဘောကျနေရင် မိုးကြိုးပစ်တာထက်နာသေးတယ်၊ ဘာမှ အသုံးမကျဘူး … (မှန်ပါ့)၊ သဘောပါပလား … (ပါ,ပါပြီဘုရား)။
ကိုင်း … ဒါဖြင့် ဒကာ၊ ဒကာမတို့ အဖြူကံသည် ဘာအကျိုးပေးသတုံး … (အဖြူအကျိုးကိုပေးပါတယ်)၊ အဖြူအကျိုးကိုပေးတယ် … (မှန်ပါ့)။
အဖြူကံက ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)၊ ရှင်းပြီနော် … (မှန်ပါ့)၊ အကျိုးပေးတော့ … (ဒုက္ခသစ္စာအကျိုးပေးပါတယ်ဘုရား)၊ ဒါဖြင့် အဖြူကံလည်း ခင်ဗျားတို့ ကြိုက်သင့် မကြိုက်သင့် … (မကြိုက်သင့်ပါဘုရား)၊ သစ္စာသိတော့ မကြိုက်ဘူးတဲ့ … (မှန်ပါ့ဘုရား)၊ သစ္စာမသိခင်တုန်းကတော့ … (ကြိုက်ပါတယ်ဘုရား)၊ ဒီလို ဝေဖန်မှ ရတယ်၊ ဒီလိုဝေဖန်မှရတယ်တဲ့။
ဒါဖြင့် တပည့်တော်တို့ အကြိုက်ဟာ နှစ်မျိုးပါလားဘုရား၊ ကလေးတုန်းကတော့ ကိုယ်စွန့်တဲ့ကျင် ကြီးနဲ့ ကိုယ်က စားချင် ကစားနေတယ် … (မှန်ပါ့ဘုရား)။
လူကြီးတော့ ကစားသေးရဲ့လား … (မကစားတော့ပါဘုရား)၊ ဒါဖြင့် ခင်ဗျားတို့ အခုဒီအချိန်မှာ ကစားတဲ့အချိန်လား၊ မကစားတဲ့အချိန်လား … (မကစားတဲ့အချိန်ပါဘုရား)၊ တော်လာပြီ၊ ဒါဖြင့်တော်တော် တော်လာပြီ။
အဲဒီတော့ ဒကာ၊ ဒကာမတို့ အဖြူကံ အဖြူအကျိုးပေးတယ်ဆိုငြားသော်လည်း သစ္စာနဲ့ ဝေဖန်လိုက်တော့ အဖြူကလည်း သမုဒယသစ္စာနော် … (မှန်ပါ့)၊ အကျိုးပေးတာကကော … (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒီကံကို ကြိုက်ထိုက်၊ မကြိုက်ထိုက် … (မကြိုက်ထိုက်ပါဘုရား)။
မကြိုက်ထိုက်ဘူး … (မှန်ပါ့)၊ အဖြူကံနော် … (မှန်ပါ့)၊ ခင်ဗျားတို့လုပ်တဲ့ ဘုံဘ၀ တောင့်တတဲ့ ကုသိုလ်ကိုဆိုပါတယ်၊ နိဗ္ဗာန်တောင့်တတဲ့ ကုသိုလ်ကံကို မဆိုပါဘူး … (မှန်ပါ့)၊ ဒါ ရှင်းရှင်းမှတ်ပါ၊ ပေါ်ကြ ပလား … (မှန်ပါ့ဘုရား)။
အဖြူကံပေမယ့် နိဗ္ဗာန်ကို တောင့်တတဲ့ကံမျိုးကို ဘုန်းကြီး ဟောနေတယ်လို့ မဆိုနဲ့၊ လူချမ်းသာ၊ နတ်ချမ်းသာ တောင့်တ လုပ်တဲ့အဖြူကံကိုဆိုပါတယ်၊ ပေါ်ကြပလား … (မှန်ပါ့)။
ခင်ဗျားတို့က ချမ်းသာချင်တယ်၊ ရတော့ဆင်းရဲ … (မှန်ပါ့)၊ အတိတ်ဘ၀က ထင်တုန်းက ဘယ့်နှယ် တုံး … (ချမ်းသာချင်ပါတယ်)၊ ရတော့ … (ဆင်းရဲပါ)၊ ချမ်းသာထင်တာကလည်း ဥာဏ်နဲ့လား၊ သမုဒယနဲ့ လား … (သမုဒယနဲ့ပါဘုရား)။
ဟာ … ဒါဖြင့် မျက်လုံးမှားကြီးနဲ့ ကြည့်ပြီးသကာလ ဆုတောင်းလုပ်လို့ မဟုတ်တာကြီးရတာပါလား … (မှန်ပါ့ဘုရား)၊ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
မျက်လုံးကလည်း သမုဒယမျက်လုံး၊ ဥာဏ်မျက်လုံးဟုတ်ရဲ့လား … (မဟုတ်ပါဘုရား)၊ ပေါ်ပလား … (ပေါ်ပါပြီ)၊ ခင်ဗျားတို့ ဘယ်ကစလွဲတာတုံးမေးလို့ရှိရင် မျက်လုံးကစလွဲတယ် … (မှန်ပါ့)၊ ဘယ်မျက်လုံး နဲ့ လုပ်ခဲ့ပါလိမ့် … (သမုဒယမျက်လုံးနဲ့ လုပ်ခဲ့ပါတယ်ဘုရား)။
သမုဒယမျက်လုံးနဲ့ လုပ်ခဲ့တော့ကို သမုဒယဆိုတာ တဏှာ … (မှန်ပါ့)၊ သူနဲ့ သဟဇာတ အ၀ိဇ္ဇာ … (မှန်ပါ့) မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ဒါဖြင့် အ၀ိဇ္ဇာနဲ့ တဏှာနဲ့ လုပ်ခဲ့သောကြောင့် ဒီဘ၀မှာ ဒုက္ခသစ္စာမှတစ်ပါး ဘာရသေးသလဲ … (ဘာမှမရပါဘုရား)။
အခုတော့ဖြင့် ဒကာ၊ ဒကာမတွေ ပစ္စည်းကလည်း အကြောင်းမညီညွတ်၊ ခန္ဓာကလည်း လိုရာမပါ ဆိုတော့ နည်းနည်းတော့ ရိပ်မိလာတယ်။
လူ့ဘ၀အကောင်းလား အောက်မေ့တယ်ဘုရား၊ အိုခြင်းဆိုး၊ နာခြင်းဆိုးတို့ကို အဖော်လုပ်နေရတာ ပါလား၊ မပေါ်ကြသေးဘူးလား … (ပေါ်ပါပြီဘုရား)၊ နောက်က ဒကာ၊ ဒကာမတွေ ခင်ဗျားတို့ နေ့တိုင်း အဖော်လုပ်နေရတာ ဘာပါလိမ့် … (အိုခြင်းဆိုး၊ နာခြင်းဆိုးပါဘုရား)။
အဲဒါ အဖော်လုပ်နေရတယ် … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီ)၊ အိုခြင်းဆိုး၊ နာခြင်းဆိုး အဖော်လုပ်ပြီးသကာလ ဆေးပြားတွေ သောက်နေရတယ်၊ မယုံရင် ဦးမာဒင် မေးကြည့်၊ ခင်ဗျားတို့ ပန်းနာသမားကို ကျားထောက်နေရတယ်၊ ရိပ်မိပလား … (ရိပ်မိပါပြီ)။
ဒါဖြင့် ခင်ဗျားတို့ ဒကာ၊ ဒကာမတွေ ဘယ်သူနဲ့ အဖော်လုပ်နေရသတုံး … (အိုခြင်းဆိုး၊ နာခြင်းဆိုနဲ့ အဖော်လုပ်နေရပါတယ်)၊ အိုခြင်းဆိုး၊ နာခြင်းဆိုးဆိုတော့ တစ်နေ့တစ်ခြားကော မအိုဘူးလား … (အိုပါတယ်ဘုရား)၊ အိုလေလေ၊ ရောဂါများလေလေကော မလာဘူးလား … (လာပါတယ်ဘုရား)။
ဒါဖြင့် နေ့တိုင်း ဘာနဲ့ အဖော်လုပ်နေရသလဲ … (အိုခြင်းဆိုး၊ နာခြင်းဆိုးနဲ့ အဖော်လုပ်ရပါတယ်)၊ မယုံရင် လူလာတဲ့အခါ ဧည့်ခံတာကြည့်၊ ဦးညွှန့်ကြီးတို့ ဧည့်ခံတဲ့အခါ ဦးညွှနေ့် နေကောင်းရဲ့လား၊ ကောင်းတစ်လှည့်၊ မကောင်းတစ်လှည့်ပါ၊ ဒါနဲ့ ဧည့်ခံနေတာ ရိပ်မိပလား … (မှန်ပါ့ဘုရား)၊ ဘာနဲ့ ဧည့်ခံ သတုံး … (ကောင်းတစ်လှည့် မကောင်းတစ်လှည့်ပါဘုရား)၊ ကောင်းတစ်လှည့် မကောင်းတစ်လှည့်၊ ဒါတောင် သစ္စာမသိသေးလို့ မကောင်းချည်းနဲ့ ဧည့်ခံရမှာ … (မှန်ပါ့)၊ ကောင်းဆိုတာမပါဘူး … (မပါ,ပါဘုရား)။
သစ္စာမသိသေးတော့ မြို့သုံးကလေး သုံးလိုက်ရသေးတယ်၊ ဒါကလေးထည့်လိုက်ရသေးတယ် … (မှန်ပါ့ဘုရား)။ ကိုင်း … ဒကာ၊ ဒကာမတို့ ခင်ဗျားတို့ရှေ့ကို ဘာနဲ့ဧည့်ခံကြမယ်ထင်သတုံး၊ ဒုက္ခသစ္စာနဲ့ ဧည့်ခံတော့မယ် … (မှန်ပါ့)၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေပါပဲ … (မှန်ပါ့)၊ မသုံးကြပေဘူးလား … (သုံးပါတယ်ဘုရား)၊ အသံကတော့ ရွှေငွေနော် … (မှန်ပါ့ဘုရား)၊ ဖြစ်စဉ်သွားကြည့်တဲ့အခါ မဲ့နေတယ်၊ ရွှေလည်းမဟုတ်ဘူး၊ ငွေလည်းမဟုတ်ဘူး၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ အဲဒါကြောင့် ဒကာ၊ ဒကာမရထားတဲ့ ခန္ဓာဟာ ဘာသစ္စာတုံး … (ဒုက္ခသစ္စာပါဘုရား)။
ဘယ်ကံလုပ်ခဲ့ပါလိမ့်ဗျာ … (သမုဒယသစ္စာလုပ်ခဲပါတယ်)၊ သမုဒယသစ္စာလုပ်ခဲ့တယ်၊ အဖြူ အမည်းနဲ့ရွေးတော့ … (အဖြူကံ လုပ်ခဲ့ပါတယ်)၊ အဖြူကံ … (မှန်ပါ့)၊ သဘောပါပလား … (ပါ,ပါပြီ)။
အဖြူကံ၊ အဖြူအကျိုးပေးတယ်ဆိုပြီး ခင်ဗျားတို့ လုပ်ကြတာပဲတဲ့၊ သစ္စာမသိတော့ အကျိုးပေးက လည်း ဒုက္ခသစ္စာ၊ အဖြူကံလည်း သမုဒယသစ္စာ၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ဒီတစ်လုံးနဲ့ပဲ မနည်းသွားနေပြီ ဒကာ၊ ဒကာမတို့ … (မှန်ပါ့)၊ ဒီလောက်မှ မရှင်းရင်လည်း မောင်ဘအေး ရပါ့မလား … (မရပါဘုရား) မရဘူးကွ၊ ဒီလောက်မှ မရှင်းရင်လည်း ရကိုမရဘူး။
ကဲ … ဒကာ၊ ဒကာမတို့ အမည်းကံကလေး စကြဦးစို့နော် … (မှန်ပါ့)၊ အမည်းကံဆိုတာက ခင်ဗျားတို့ သားရေး၊ သားကလည်း ကြီးလာ၊ ကျောင်းကလည်းထားချင်၊ စရိတ်ကလည်းကုန်၊ အသုံးအဖြုန်း ကလည်းများဆိုတော့ အမေမိဘက ရတဲ့နည်းနဲ့ကုန်းရှာရတော့ အမည်းကံတွေ မဖြစ်ဘူးလား ဖြစ်မလား … (ဖြစ်ပါတယ်ဘုရား)၊ သဘောကျပလား … (ကျပါပြီ)။
အမည်းကံတွေဖြစ်ပြီး အကုသိုလ်ကံတွေ ဖြစ်နေတော့ သေသည်၏အခြားမဲ့၌ ဘာအကျိုးပေးမလဲ … (အမည်းအကျိုးပေးပါမယ်)၊ အမည်းအကျိုးပေးမယ်ဆိုတော့ ဟောဒါက အပါယ်လေးပါး ခန္ဓာလို့ မှတ်လိုက်တော့ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)။
ဒါက ဘာခန္ဓာပါလိမ့် … (အပါယ်လေးပါးခန္ဓာပါဘုရား)၊ ဒီက အမည်းကံ … (မှန်ပါ့)၊ အမည်းကံက ဘာသစ္စာတုံး … (သမုဒယသစ္စာပါ)၊ အပါယ်လေးပါးခန္ဓာက … (ဒုက္ခသစ္စာပါဘုရား)၊ ကဲ … အဖြူကံနဲ့ အမည်းကံသည် ဒကာ၊ ဒကာမတို့ ဘာထူးသေးသလဲ … (မထူးပါဘူး)၊ သစ္စာနဲ့ ဝေဖန်လိုက်တော့ ထူးသေး ရဲ့လား … (မထူးပါဘုရား)။
ဒါကြောင့် ဘုရားက အဖြူကံလည်း ငါစွန့်လိုက်တယ်၊ အမည်းကံလည်း ငါစွန့်လိုက်တယ်၊ “ကုသလာ ကုသလံ ဇဟံ” ဆိုပြီး ဟောချလိုက်တယ် … (မှန်ပါ့)၊ သဘောပါပလား … (ပါ,ပါပြီ)။
ကုသိုလ် အကုသိုလ် မစွန့်ဘူးလား … (စွန့်ပါတယ်ဘုရား)၊ ဘယ်ကုသိုလ်စွန့်ဆိုတာလည်းဆိုတော့ အဖြူကံလည်းစွန့်တယ် … (မှန်ပါ့)၊ အမည်း အကုသိုလ်ကံကော … (စွန့်ပါတယ်)၊ စွန့်မှာပေါ့ဗျ၊ သမုဒယသစ္စာချုပ်အောင်လုပ်ပစ်တာ … (မှန်ပါ့ဘုရား)၊ မဟုတ်ဘူးလား … (ဟုတ်ပါတယ်)၊ သမုဒယသစ္စာ ချုပ်တော့ ဒုက္ခသစ္စာကလာသေးရဲ့လား … (မလာပါဘုရား)၊ ဒါဖြင့် သမုဒယ ဒုက္ခသိမ်းတော့ ကိုယ်တော် ကြီး နိဗ္ဗာန်ရောက်တယ်လို့ ဟောထိုက်၊ မဟောထိုက် … (ဟောထိုက်ပါတယ်ဘုရား)။
ဒါဖြင့် ဒီ ကံနှစ်ခုပယ်လို့ပဲ … (မှန်ပါ့ဘုရား)၊ ရှင်းပလား … (ရှင်းပါပြီဘုရား)၊ ကံလေးမျိုး ဘယ်နှမျိုး ပြီးသွားပါလိမ့် … (နှစ်မျိုးပြီးသွားပါပြီဘုရား)၊ ဘယ်နှမျိုး ကျန်သေးသလဲ … (နှစ်မျိုးကျန်ပါသေးတယ် ဘုရား)၊ နှစ်မျိုး၊ အဲဒါကသာ ခက်သေးတယ် ခင်ဗျားတို့။
ကဲ … ဒါဖြင့် ဒကာ၊ ဒကာမတို့ အဖြူကံကိုလည်း ဘုံဘ၀တောင့်တကြတဲ့ ကံစွန့်ကြပါ၊ ယနေ့ကစပြီး … (မှန်ပါ့ဘုရား)၊ ဘုံဘ၀တောင့်တပြီး မလှူပါနဲ့၊ မတန်းပါနဲ့၊ မပေးပါနဲ့၊ မကမ်းပါနဲ့ သဘောကျပလား … (ကျပါပြီဘုရား)။
လာလတ္တံ ဒုက္ခသစ္စာကြီးကို မလိုချင်လို့၊ ယခု ဒုက္ခသစ္စာကြီးကိုလည်း မကြိုက်လို့ ဒုက္ခလွတ်ရာ ရည်မှန်း၍ လှူဒါန်းပါတယ်၊ လုပ်ပါ … (မှန်ပါ့ဘုရား)၊ သဘောကျပလား … (ကျပါပြီ)၊ ယခုလက်ရှိလည်း ဘာသစ္စာလဲ … (ဒုက္ခသစ္စာပါဘုရား)။ နောင် လူ့ဘ၀၊ နတ်ဘ၀ကကော … (ဒုက္ခသစ္စာပါဘုရား)၊ အဲဒီ ဒုက္ခနှစ်ခုသိပြီး၊ လက်ရှိ ဒုက္ခတွေ ရွံလွန်းလို့ လက်မဲ့ ဒုက္ခလည်း မလိုချင်လို့ လှူပါတယ်၊ တန်းပါတယ်၊ ပေးပါတယ်၊ ကမ်းပါတယ်လို့ လုပ်ပါ၊ သဘောကျပလား … (မှန်ပါ့)။
ခန္ဓာရောင်းလှူပါ၊ ကျေနပ်ပါပြီ၊ တိုက်တွန်းပေး၊ အလှူဘက်က မတိုက်တွန်းသင့်ဘူးလား … (တိုက်တွန်းသင့်ပါတယ်)၊ နို့မို့လို့ရှိရင်ဖြင့် နောင်ဘ၀ ကောင်းစားရေးလုပ်လို့ရှိရင် သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်တယ် … (မှန်ပါ့)၊ မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်)။
ဒါဖြင့် အဖြူကံဟာ အဖြူ အကျိုးပေးပေမယ့်လည်း ကံက သမုဒယ အကျိုးပေးက ဒုက္ခ … (မှန်ပါ့)၊ ရှင်းပလား … (ရှင်းပါပြီ)၊ အမည်းကံကတော့ ခင်ဗျားတို့ နားလည်ပြီးသားပါတဲ့၊ မသိတဲ့ အ၀ိဇ္ဇာကြောင့် ပြုချင်သလိုပြုတဲ့ သားရေး၊ သမီးရေး မလုပ်ကြပေဘူးလား … (လုပ်ပါတယ်)၊ စေတနာ ကံတွေလေ … (မှန်ပါ့)။
သေသည်၏ အခြားမဲ့၌ အပါယ်လေးပါးဆိုတဲ့ ခန္ဓာငါးပါးလာ မလာ … (လာပါတယ်ဘုရား)၊ ဒါဟာ အမည်းကံက ဘာတုံး … (အမည်းကို အကျိုးပေးပါတယ်)၊ အမည်းကံဆိုတာ ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)၊ အမည်း အကျိုးပေးတာကတော့ … (ဒုက္ခသစ္စာပါဘုရား)။
ဒါဖြင့် ခင်ဗျားတို့ သားရေး၊ သမီးရေး၊ စီးပွားရေးကို တပည့်တော်ဟာ ဘုရား၊ မုသားလည်း မပြောပါဘူး၊ ကောင်းသော ရောင်းဝယ်ခြင်းနဲ့ ရောင်းဝယ်ပါတယ်လို့တော့ ဒကာ၊ ဒကာမတို့က လိမ်ချင် လည်း လိမ်ကြဦးမှာပဲ။
နို့ … ဒီဥစ္စာမမှန်ဘူးလားဆိုတော့ သူ့စိတ်ထဲ အင်မတန်မှ မှန်ပါတယ်၊ မလိမ်ပါဘူး၊ ကောင်းကောင်းမွန်မွန်ပဲ ရောင်းပါတယ်၊ ကောင်းကောင်းမွန် ၀ယ်ပါတယ်၊ သို့သော် သမုဒယနဲ့ လုပ်တာ ဟုတ်,မဟုတ် (ဟုတ်ပါတယ်ဘုရား)၊ ဒါဖြင့် သစ္စာက ဘာသစ္စာတုံး … (သမုဒယသစ္စာပါဘုရား)၊ ရတော့ ဘာသစ္စာရသတုံး … (ဒုက္ခသစ္စာရပါတယ်)။
အဲဒါ သူ သီလသာပြောတာ၊ ၀ိပဿနာ ဗွက်ပေါက်နေတာ မသိလို့ … (မှန်ပါ့ဘုရား)၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
သီလသာသူသိတာကိုး … (မှန်ပါ့)၊ ၀ိပဿနာ ၀မ်းထဲက ဗွက်ပေါက်နေတာ ကန့်ကွက်နိုင်ရဲ့လား … (မကန့်ကွက်နိုင်ပါ)၊ ဒကာ၊ ဒကာမတွေ သီလက သူ့ဟာသူ ကာယကံ၊ ၀စီကံ လုံရုံကိုးဗျ … (မှန်ပါ့ဘုရား)၊ မနောကံကို သီလက တတ်နိုင်ရဲ့လား … (မတတ်နိုင်ပါဘုရား)၊ မတတ်နိုင်တော့ မနောကံက သမုဒယသစ္စာ ရောင်းဝယ်ဖောက်ကားနေတာ … (မှန်ပါ့)၊ သဘောကျပလား … (ကျပါပြီ)၊ အကျိုးပေးတော့ … (ဒုက္ခသစ္စာပါဘုရား)၊ ရှင်းပြီနော် … (မှန်ပါ့)။
ဒါဖြင့် တပည့်တော်တို့ အရောင်းအ၀ယ်လည်း မလုပ်နဲ့တော့ ဒီအတိုင်းနေတော့လို့ အရှင်ဘုရား ဟောသလားလို့ အဓိပ္ပါယ်က ဒီရောက်သွားတယ် … (မှန်ပါ့)၊ အရောင်းအ၀ယ်လုပ်လို့ရှိရင် သမုဒယသစ္စာ လာမယ် … (မှန်ပါ့)၊ လာရင်လည်း နောင်ဘ၀ ဘာသစ္စာလာမလဲ … (ဒုက္ခသစ္စာပါဘုရား)။
တပည့်တော်တို့ကတော့ မလုပ်ရမနေနိုင်ဘူးဘုရား … ဆိုလို့ရှိရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာ မဖြစ်ရရင် ဒုက္ခရမှာ မဟုတ်လို့ ကြိုးစားရဦးမယ်ဘုရား၊ အဓိပ္ပါယ်က ဒီမရောက်ဘူးလား … (ရောက်ပါတယ်)၊ အဲဒီတော့ ဘုန်းကြီးကလည်း အရောင်းအ၀ယ်မလုပ်ဘဲနဲ့ ချမ်းသာတဲ့ဆီကို ပို့မယ်၊ ခင်ဗျားတို့ ဆင်ခြေလဲတယ်။
ဘယ်သူက မှန်သတုံး၊ ခင်ဗျားတို့က အရောင်းအ၀ယ်မလုပ်ရ၊ ဘယ့်နှယ်လုပ်မတုံးတဲ့ … (မှန်ပါ့)၊ ဘုန်းကြီးကလည်း အရောင်းအ၀ယ်မလုပ်နဲ့၊ ချမ်းသာရစေ့မယ်၊ ဘယ်ဟာကြိုက်သတုံး၊ တရားတစ်ပွဲလုံးနဲ့ ဘုန်းကြီးတစ်ပါးကျန်ရစ်တော့တယ်၊ ကန့်လွန့်ဖြစ်နေပြီ၊ အတော်ဆိုးနေပြီဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီ ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ၀ါသနာအထုံဖြစ်နေပါတယ်တဲ့၊ တိရိစ္ဆာန်ရုံထဲက မျောက်တွေဟာ အငြိမ်နေလို့ရရဲ့လား … (မရပါဘုရား)။
အဲဒါ မှတ်ထားပေါ့ဗျ၊ အငြိမ်နေလို့ မရလို့ ဘုရား၊ နိဗ္ဗာန်က ငြိမ်သက်တဲ့ ဓမ္မကိုးဗျ … (မှန်ပါ့)၊ မျောက်က မငြိမ်သက်တဲ့ ဓမ္မ၊ ရိပ်မိပလား … (ရိပ်မိပါပြီ)၊ အဲဒီတော့ ခင်ဗျားတို့က ဘာစိတ်ပေါက်နေသတုံး … (မျောက်စိတ်ပေါက်နေပါတယ်)၊ တော် … တော်သေးတယ်၊ ဒါဖြင့် ဒီဟာကြီးဟာ တိရိစ္ဆာန်ရုံဖြစ်သွားပြီ အတော်ကျပ်နေပြီ။
ကိုင်း … ဒါဖြင့် ဒကာ၊ ဒကာမတို့ ကံနှစ်ကံပြီးသွားတာတော့ သေချာပြီမဟုတ်လား … (မှန်ပါ့)၊ အဓိပ္ပါယ်ကော ရှင်းရဲ့လား … (ရှင်းပါတယ်)၊ အမည်းကံကလည်း သမုဒုယသစ္စာက ဒုက္ခသစ္စာအား ကျေးဇူး ပြုတယ်၊ အဖြူကံတွေကကော … (သမုဒယသစ္စာက ဒုက္ခသစ္စာအား ကျေးဇူးပြုပါတယ်)၊ အမည်းအဖြူရော တဲ့ ကံတစ်ကံကျန်သေးတယ်၊ အမည်းအဖြူ မရောတဲ့ ကံကော ကျန်သေးတယ် … (ကျန်ပါသေးတယ်)။ အဲဒါ မနက်ဖြန်မှ နာ … (မှန်ပါ့)၊
ကဲ … ယနေ့ ဒီတွင် တော်ကြဦးစို့
သာဓု … သာဓု … သာဓု။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မြင်၊ကြား၊နံ၊စား၊ထိ၊သိ၊တိုင်း၊ဖြစ်ပျက်ရှုနည်း

ရခဲလှတဲ့"ဒုလ္လဘ တရား ၅-ပါး"မှာ ဘဝတိုင်း ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှုရှိချင်မှရှိမယ်၊ ဒါကြောင့်
ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်းမြန်မြန် မဂ်ဉာဏ်ရအောင်လုပ်ပါ၊ သေမှာကို ကြောက်ရင် မဂ်ဉာဏ်
ကိုရအောင်ယူ၊ မဂ်ဉာဏ်ကိုရရင် သေမင်းမမြင်နိုင်တော့ဘူး၊ သေမင်းရှာမတွေ့နိုင်တော့ဘူး၊ ဒါကြောင့်
ဝိပဿနာအလုပ်ကို မလုပ်ဘဲနေနေရင် နင်သေချင်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ၊ မသေချင်ရင် ခန္ဓာ
၅-ပါးအပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့၊ ဘုန်းကြီးတရားကိုတော့ ကုသိုလ်
ရချင်ရုံနဲ့ မနာကြနဲ့ ရအောင်လုပ်ကြပါ။ ဝိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို ပြောပြရဦးမယ်။
ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ၅၀၀-က သွန်သင်းဆုံးမပါဦးဘုရားလို့ လျှောက်ထားထာနဲ့၊ အရှင်နန္ဒက
ဟောကြားဆုံမတယ်၊ သူဟောကြားဆုံးမတဲ့တရားကတော့၊ ကိုယ်ရယ်၊ လေရယ်၊ နေရယ်၊ ဒီ ၃-ခုရှိနေမှ
"ဖဿ"ဆိုတဲ့ တွေ့ထိမှုဖြစ်ပေါ်လာတယ်၊ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ်လို့ခေါ်တယ်၊ ဒီ ၃-မျိုးကြောင့်
အပေါ်ဓာတ် ပေါ်လာတယ်။ ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း ၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာ
ပေါ်လာတာ အကြောင်းကြောင့် ပေါ်တာ၊ ရေ၊ မြေ၊ လေ၊ နေတို့နဲ့ လွတ်အောင်မနေနိုင်တော့ဘူး၊ ၎င်းတို့
နဲ့ တွေ့ရင် ဝေဒနာ ပေါ်ရမယ်၊ မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ်၊ ဆိုတာဝေဒနာတွေပဲ၊ ခန္ဓာကိုယ်
ထဲက ဖြစ်ပေါ်လာတဲ့"ကာယ ဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာ"(ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု၊ )ပေါ်တိုင်း
ဖြစ်ပျက်ရှုပေးလို့၊ အရှင်နန္ဒက ဟောလိုက်တယ်၊ ဥပမာပြရရင် မီးထွန်းတဲ့အခါ ဆီ၊ မီးစာ၊ မီးတောက်၊ ဒီ
၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ၊ ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့
အနတ္တ တရားတွေပဲလို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကိုသာ ရှုကြပေတော့။
စိတ်တစ်မျိုး တစ်မျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊ ရုပ်ကလေးတစ်မျိုးတစ်မျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊
ခင်ဗျားတို့ အဖို့ အဘွားတွေ ဘယ်ရောက်ကုန်သလဲလို့ မေးရင် အနိစ္စ ရောက်ကုန်ပြီလို့ပြောကြပါမယ်၊
ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ၊ ခင်ဗျာတို့က မွေးမယ့် ကလေးတွေလဲ အနိစ္စပဲ၊ သူတို့
ကတစ်ဆင့်မွေးမှာလဲ အနိစ္စချည်းပဲ။ ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ တိုင်းဖြစ်ပျက်ရှုပါ၊ ဖြစ်တာလဲ
ဒုက္ခ၊ ပျက်တာလဲ ဒုက္ခလို့ မြင်အောင်ရှုပါလို့ ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ (ရဟန်းမ) ၅၀၀-ဟာ
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ အသီးသီးဖြစ်ကုန်ကြတယ်၊ ဒါကြောင့်ဝေဒနာရှုရင် တဏှာကုန်တယ်၊ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။
ရှုပုံရှုနည်းချည့် ဟောနေပါတယ်၊ ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ၊ ဒီ"ဖဿဝေဒနာ"တို့ဟာရောနေ
တော့၊ တစ်ခုရှုရင် အကုန်ပါတော့တာပဲ၊ ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ် ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့ ပျက်
တာလို့သာ ရှုပေးဖို့လိုပါတယ်၊ ကိုယ်ပေါ်မှာ သုခ ပေါ်ပေါ်၊ ဒုက္ခ ပေါ်ပေါ်၊ ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ၊
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ စိတ်စေတသိက်၊ ရုပ်တွေကိုလဲ ပေါ်လာတိုင်းပေါ်လာ
တိုင်းသာစောင့်ရှုပါ၊ ရှုရင်ရွံ့စရာ မုန်းစရာတွေပါကလားလို့ ငြီးငွေ့တဲ့စိတ်တွေပေါ်လာတော့တာပါပဲ၊ ဖြစ်
ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေအဆင့်ဆင့် ရင့်သန်လာပြီး ဒီ ခန္ဓာကြီးကို မလိုချင်တော့ဘူး၊
ရွံ့မုန်းလာပြီး ခန္ဓာရဲ့လွတ်ရာလွတ်ကြောင်းကို သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊
ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့ ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှ တစ်ပါး ဘာမျှမရှိဘူး၊ ဖြစ်ပေါ်ပြီး
ပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခသာရှုကြ၊ သတိ ပညာနှင့် ရုပ်ပျက် နာမ်ပျက်တို့ကို ကြည့်
ရှုနေလို့ ဖောက်ပြန်ပျက်စီးပြီးနေတာပါကလားလို့ သိလားပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ်
ပေါ်လာတော့တာပဲ။ 
မြတ်စွာဘုရားသခင်က ဟောတယ်၊ ဝိပဿနာ မရှုသောသူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်၊ သေခါ
နီး သား သမီး လင်မယား ပစ္စည်းခင်တွယ်တာတွေကြောင့် အပါယ်ဘေးနဲ့ နီးလွန်းလှတယ်၊ ဒါကြောင့်
ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကိုရအောင်ရောက်အောင်လုပ်ကြရမယ်၊ ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူး
မှာ အပါယ်ငရဲဘေးမှလွတ်ကြမယ်၊ သောတာပန်များဟာ သေရမှာမကြောက်ကြတော့ဘူး၊ အပါယ်ငရဲ
ဆိုတဲ့အောက်သံသရာဘေး မကျရောက်တော့လို့ မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်
ပြီး(လွတ်ပြီး) လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်၊ ဘုရားတောင် တရား
ကို ပူဇော်ကိုးကွယ်သေးတယ်၊ ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးဟာ ဤတရား ရတ
နာကို ရတနာအမှန်ဧကန်ဖြစ်ကြောင်း သိသဖြင့်ထီးနန်းကိုစွန့်ပြီး တက္ကသိုလ်ကခွာ၍ ဘုရားရှင်ထံ
အရောက်သွားရန် ရည်းမှန်းပြီး ၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်းဖိနပ်မစီးဘဲ ဇွဲကြီးစွာဖြင့်
ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ ရာဇဂြိုလ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး တရားနာယူကျင့်သုံး
တာနဲ့ ကျွတ်တမ်းဝင်းသွားတယ်၊ ဒီတော့အဲဒီ ပက္ကုသာတိမင်းကြီး ကိုနှလုံးမူပြီး မင်းတို့ကြိုးစားကြပါလို့
သတိပေးပါတယ်။
အဲဒီ ပက္ကုသာတိ မင်းကို ဟောတဲ့တရားကတော့၊ ပထဝီဓာတ်၊ အားပေါဓာတ်၊ တေဇောဓာတ်၊ ဝါယော
ဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် လို့ဓာတ်ခြောင်ပါးရှိတယ်၊ ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့
သဘော သူဆောင်တာပဲ၊ လူတို့ရဲ့သဘောကို မလိုက်ဘူး၊ သတ္တဝါဆိုတာ ဒီဓာတ် ၆-ပါးအစုအဝေးကြီးပဲ။
 ဒီဓာတ် ၆-ပါးဟာသူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ၊ သူ့သဘော သူဆောင်တာပဲ၊ ဒီလို
ဓာတ် ၆-ပါးရဲ့ဖြစ်ပျက် သဘောကိုမြင်အောင်ရှု၊ သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊
သူ့သဘော သူ ဆောင်နေတာပါလား၊ မိမိအလို မလိုက်ပါကလား၊ အစိုးမရပါကလား၊ အနတတ္တတရား
ပါကလား လို့ဓာတ်တွေရဲ့ ဖောက်ပြန် ပျက်စီးယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ် ဆင်ခြင် မပြတ်မလပ်
ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရမှာမို့၊ ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက်ရှုကြပေ
တော့ ဒကာ ဒကာမတို့။      ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂရိပ်သာ
                                                          ပင်မသံဝေဇနိယဌာန
                                                            အမရပူရမြို့ ။                  ။