ဒကာ ဒကာမတို့ တရားနာကြတယ်ဆိုတဲ့ဥစ္စာ ဘယ်အကျိုးငှာ တရားနာကြသတုန်းလို့ မေးလို့ရှိရင်ဖြင့် ဒုက္ခ
ခပ်သိမ်းကင်းငြိမ်းဖို့ တရားနာတယ်လို့ စိတ်ထဲကမှတ်ရမယ်၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းဖို့ နားကြတယ်ဆိုလို့ရှိ
ရင်ဖြင့်တဲ့ ဝိဝဋကုသိုလ် ဖြစ်ပါတယ်၊ ဒုက္ခသစ္စာ ဘယ်ကလာပါလိမ့် ဘုံဘဝလိုချင်တဲ့ တဏှာကလာတယ်၊
ဒီတဏှာတွေကို သတ်ဖို့ရာအရေး ဒကာ ဒကာမ နည်းနာယူတာသည် တရားနာတာ အစစ်လို့မှတ်ပါ၊ တဏှာ
လောဘ အမြစ်အရင်းရှာလိုက်တဲ့ အခါကျလို့ရှိရင်ဖြင့် မိမိခန္ဓာမှာနေတယ်လို့မှတ်ပါ၊ ဒုက္ခသစ္စာ ဘယ်ကလာ
သတုန်း (သမုဒယသစ္စာကလာပါတယ်ဘုရား)၊ တဏှာသမုဒယကလာတယ်၊ ဒကာ ဒကာမတို့ တဏှာဟာ
ဝေဒနာသုံးပါးကြောင့်ဖြစ်တယ်၊ တဏှာ သမုဒယက ဘယ်ကလာသတုံးမေးရင်း (ဝေဒနာကလာပါတယ်
ဘုရား)၊ ခန္ဓာငါးပါးရှိရာတွင် ဘယ်ခန္ဓာကလာသတုံးမေးရင်တော့ (ဝေဒနာက္ခန္ဓာကလာပါတယ်ဘုရား)၊
တဏှာကိုသတ်ချင်ရင် တဏှာကို မသတ်နဲ့ ဝေဒနာကိုသတ်ပါ၊ တဏှာသေချင်ရင် ဝေဒနာကို ရှုပါ တဏှာ
၏ ရေသောက်မြစ်ဟာ ဝေဒနာပါကလားဆိုတာပေါ်တယ်။
ဝေဒနာဖြစ် ပျက်မြင်လို့ရှိရင် တဏှာပြတ်သွားတယ်၊ ဒါကြောင့် ဒကာ ဒကာမတွေ ဝေဒနာကို ဖြစ်ပျက်
မြင်မှ (ဝါ) ခယဝယမြင်မှ ကုန်တာ၊ ပျောက်တာမြင်မှ တဏှာသေတယ်လို့ မှတ်လိုက်စမ်းပါ၊ ဝေဒနာနဲ့ စိတ်
နဲ့ဟာ တပြိုင်နက်ဖြစ်တယ်၊ နည်းမရလဲ မရှိကြပါစေနဲ့ စိတ်ရှုလဲ ဝေဒနာပါတာပဲ၊ ဝေဒနာရှုလည်းစိတ်ပါတာ
ပဲ၊ ကိုယ်၏ချမ်းသာခြင်းလဲ (သုခဝေဒနာ)၊ စိတ်၏ချမ်းသာခြင်းလဲ (သုခဝေဒနာပါဘုရား)၊ ကိုယ်၏ချမ်းသာ
ခြင်းက ကိုယ်ပေါ်မှာပေါ်သနော်၊ စိတ်၏ ချမ်းသာခြင်းက (စိတ်မှာပေါ်ပါတယ်)၊ ဘုရားက သိကြားမင်းကို
ဟောနေတယ်၊ ကိုယ်၏ ဆင်းရဲ့ခြင်း၊ စိတ်၏ဆင်းရဲ့ခြင်း (ဒုက္ခဝေဒနာပါ)၊ နှစ်ခုစလုံး ဒုက္ခချည်းပဲ၊ ပြိုင်တော့
မပေါ်ပါဘူး၊ သို့သော်ရှင်းအောင်လို့ ဒီနေရာမှာလဲပေါ်တယ် ဝမ်းထဲမှာလည်းပေါ်တယ်ဆိုတာ သိအောင်လို့
ပြောရပါတယ်၊ ရှင်းပြီနော်၊ ဒါဖြင့် ကိုယ်၏ဆင်းရဲချမ်းသာကင်းမှု၊ စိတ်၏ဆင်းရဲချမ်းသာကင်းမှု ဒါဥပေက္ခာ
ဝေဒနာပဲ နှစ်မျိုးပဲ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာမှာလဲ ဥပေက္ခာ၊ ရှင်းပြီနော် ဝမ်းထဲမှာလဲလျစ်လျူရှုတဲ့အခါ
ဥပေက္ခာပဲ၊ အကြင်ဝေဒနာကို ခံစား၏ ဘယ်ဝေဒနာတုန်းဆိုတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာဟေ့ အဲဒါတွေကို
မင်းသည်ကားဆိုလို့ရှိရင် အနိစ္စလို့ရှုပါ၊ ချုပ်အောင်ရှုပါ၊ တဖန်ချုပ်အောင်ရှုပါ ထိုကဲ့သို့ ရှုလိုက်လို့ရှိရင်ကွာ
တဲ့ အနိစ္စတွေရှု၊ ရာဂကင်းအောင်ရှုသာ ရှုမယ်ဆိုလို့ရှိင်ရင်ဖြင့်၊ မင်းသည်ကားဆိုရင်ဖြင့်၊ တောင့်တမှု၊
ကြောင့်ကြမှု၊ တဏှာအကုန်သေပါတယ်။
တဏှာသေတယ်ဆိုရင်တော့ ဥပါဒါန်သေတယ်ကွ၊ လူ့ပြည်လောက၊ နတ်ပြည်လာက၊ ဗြဟ္မာပြည်
လောကဆိုတဲ့ ပျက်စီးတတ်တဲ့ လောကထဲမှာ မင်းမဖြစ်တော့ဘူးကွ၊ ဒါ..ကြိုးစားကွ..သိကြားမင်းကို ဘုရား
က သတိပေးလိုက်ပါတယ်၊ လုပ်နည်းကိုပေးလိုက်တယ်၊ ဝေဒနာနုပဿနာကို ပေးလိုက်တယ်၊ လောကကြီး
ဘယ်သူဆင်းရဲနေသလဲဆိုလို့ရှိရင်၊ တဏှာကပေးတဲ့ ဆင်းရဲပဲ၊ သူများထက်ချမ်းသာချင်ရင် သူများထက် ပို
ဆင်းရဲခံရလိမ့်မယ်၊ သူများထက်ချမ်းသာတာက တဏှာ၊ သူများထက် ပိုဆင်းရဲတာက ဒုက္ခ၊ ဆင်းရဲခြင်း
များတာသည် ကိုယ့်တဏှာများလို့ လူ့ပြည်မှာဆင်းရဲတယ်၊ သေတော့ ငရဲသွားရတယ်ဆိုတော့ ဒါပဲ၊ ခင်းဗျာ
တို့ ဒုက္ခရောက်ဖို့ရာတွေကို ကြိုးစားနေကြတယ်ဆိုတာပေါ်ကြပလား၊ ဘုရားမပွင့်လို့၊ ဘုရားတပည့်တွေ
ဟောတတ်တဲ့ ပုဂ္ဂိုလ်နဲ့မကြုံလို့ရှိရင်ဖြင့် ဆင်းရဲခြင်းတောင့် တမည့် ပုဂ္ဂိုလ်ချည်းပဲလို့ ဆုံးဖြတ်ချက်ချ၊ ဆင်းရဲ
တာ ဘယ်ကလာ တဏှာကလာ၊ တဏှာ ဘယ်ကလာ၊ ဝေဒနာကလာ သဘောကျပလား၊ ဒါဖြင့် ဝေဒနာနဲ့
တဏှာကြားကို မဂ်ဝင်ကြပါစို့ သဘောပါပလား၊ ဘုရားဖြစ်တဲ့နေရာဟာ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာမဟုတ်ပါ
ဘူး၊ ဝေဒနာနဲ့ တဏှာကြားမှာ သဗ္ဗညုတဉာဏ်ရပါတယ်၊ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တာကိုး၊ ခင်
ဗျားတို့က အိန္ဒိယသွားပြီး ဘုရားဖြစ်တဲ့နေရာလဲသွားရဦးမယ် အင်း...ခက်တဲ့လူတွေပဲ၊ မသွားရဘူးလို့ ဘုန်း
Thursday, October 31
Saturday, October 26
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စဉာဏ် ကိစ္စဉာဏ် ကတဉာဏ် တရားတော်
ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ရောက်ချင်ရင် သစ္စာသိအောင်လုပ်၊ သစ္စာသိဖို့အရေးကြီးဆုံးဟုမှတ်၊ ဒါန၊ သီလ၊ သမထလုပ်နေတာတွေဟာ ဝေးသောအကြောင်းလို့မှတ်-ဒါန၊ သီလ၊ သမထက အခြံအရံလောက်ပဲ၊ တိုင်တစ်လုံးမှမပါဘဲ ဒိုင်းတင်တယ်ဆိုတာ ယုံနိုင်စရာမရှိ။
သစ္စာမပါဘဲ နိဗ္ဗာန်ဝင်တယ်ဆိုတာ တိုင်မပါဘဲ ဒိုင်းတင်တယ်ဆိုသလိုပဲ၊ သစ္စာသံယုတ်ပါဠိတော်မှာလာတယ် . . .(ဘုရားရှင်ကိုယ်တော်တိုင်ဟောတာ)၊သူများပြောတာ ယုံစရာမလို။
ဒီသစ္စာဘယ်မှာရှိသလဲ၊ သစ္စာသိမှ ကိစ္စဉာဏ်ရမယ်၊ ကိစ္စကုန်ဆုံးသိမှ ကတဉာဏ်ရမယ်၊ ဉာဏ်စဉ် ၁၀/၁၆ ဆင့်နဲ့လုပ်လိုက်ရတာ ဖားနေပြီ၊ ဘုန်းကြီးဟောတော့ သုံးဆင့်-တိုလှချည်လား သံသယဖြစ်နိုင်တယ် . . .(အဟောသိကံမဖြစ်ရပါဘူး)၊ သစ္စာရှိမှန်းမသိ- သစ္စာဆိုင်းဘုတ်မဆွဲလို့။
တစ်လံမျှသောခန္ဓာထဲမှာ သစ္စာရှိတယ်၊ သစ္စာလေးပါးရှိတယ် . . .(အင်္ဂုတ္တိလာ)၊ ဘုန်းကြီးရမ်းပြော ရမ်းသင်နေတယ် မအောက်မေ့နဲ့ . . .( ပဋိစ္စသမုပ္ပါဒ်ကိုကြည့်)၊ သစ္စာမသိတာ အဝိဇ္ဇာ၊ အတိတ်ဘဝများက သစ္စာလေးပါးမသိခဲ့လို့ (၁) ဒုက္ခသစ္စာ (၂) သမုဒယသစ္စာ (၃) နိရောဓသစ္စာ (၄) မဂ္ဂသစ္စာ မသိတာနဲ့နေခဲ့တယ်၊ ဒါန၊ သီလ၊ သမထပြုကြတယ် (၁) အပုညာဘိသင်္ခါရ (၂) ပုညာဘိသင်္ခါရ-လူနတ်ဖြစ်ပါစေဆုတောင်း။
သစ္စာသိလို့ ကုသိုလ်ပြုရင် ခန္ဓာပေါင်လှူလို့ပြောမယ် မတားပါဘူး သစ္စာမသိတဲ့ ကုသိုလ်က အဝိဇ္ဇာအုပ်ချုပ်တဲ့ကုသိုလ်- နိဗ္ဗာန်မရောက်ဘူး၊ သမုဒယကိုဖြစ်စေတယ်၊ အတိတ်အကြောင်းတလွှာကိုကြည့် သမုဒယသစ္စာနဲ့လုပ်ရင် . . .(နံပါက် ၂-အကွက်ပဲ)၊ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ အကန်းလမ်းလျှောက်သလိုဘဲ ခြေနှစ်ချောင်းက အပုညာဘိသင်္ခါရနဲ့ ပုညာဘိသင်္ခါရ၊ ဇာတိချောက်ထဲကျမှာပဲ။
ဘုန်းကြီးစေတနာ ရည်ရွယ်ချက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပတို့နဲ့တူပါတယ်၊ တရားကို(၁) နာနိုင်ပါစေ (၂) နာတဲ့အတိုင်းသိပါစေ (၃) သိတဲ့အတိုင်းကျင့်နိုင်ပါစေ၊ ဒီသုံးချက်နဲ့ တရားဟောနေတာ ဘာရည်ရွယ်ချက်မှမရှိဘူး၊ တရားဟောပုဂ္ဂိုလ်တွေမှာ ဒီရည်ရွယ်ချက်(သုံး)ချက်မရှိလို့မဖြစ်ဘူး။
ဒုက္ခသစ္စာဟာ အထီးကျန်တစ်ကောင်ကြွက်အမွဲ၊ ဒုက္ခနဲ့ နေရတဲ့သူဟာ အမွဲချည်းပဲ၊ သူတော်ကောင်းရတနာ(၇)ပါး မရှိသေးရင် အမွဲချည်းပဲ၊ အထီးကျန်လူဆင်းရဲအမွဲနှင့် တူသောကြောင့် အမွဲ၊ မဂ်မဆိုက်သေးရင် သူတော်ကောင်းရတနာမစုံသေးဘူး၊ အမေမိဘသေလည်း ကိုယ်မကယ်နိုင်၊ သားသမီးသေလည်းမိဘမကယ်နိုင်၊ ဒုက္ခရောက်နေလည်း မကယ်နိုင်၊ အထီးကျန်လူဆင်းရဲအမွဲ။
မဖောက်မပြန်မှန်တာကို သစ္စာလိုခေါ်တယ်၊ ဘာကူလို့မှမရဘူး၊ ဆာတဲ့အနာပေါက်ရင် စားဖို့ဆေး ချိုချည်ယူလာရတယ်၊ ကိုယ့်ဆေးနဲ့ကိုယ်ပဲ၊ ဆေးနဲ့ကင်းကွာလို့မရဘူး၊ ညောင်းရင်းကွေးပေးရတယ်၊ ဒီတိုက်ကြီးဟာ နေချင်ရချင်စရာလို့ထင်ကြတယ်၊ ဒီတိုက်ကြီးက ဆေးရုံပဲ၊ နေပူလေတိုက်ကို ကာကွယ်ထားတယ်၊ တိုက်ထဲမှာ ရှိတဲ့ ဆန်၊ ဆီ၊ ဆားတွေဟာ ဆေးပဲ၊ ဝတ်တဲ့အဝတ် ခြုံထည်တွေပတ်တီးတွေပဲ။
ဘုန်းကြီးလည်း အကန်းလမ်းသွားခဲ့လို့ ခန္ဓာရ၊ ဒကာ/မများလည်းအကန်းလမ်းသွားခဲ့ရတာ . . .(အပဲ့ အပဲ့ချင်း မီးမှုတ်)၊ ဘုန်းကြီးက သုဿာန်သွားရင်းတရားဟော ဒကာ/မများလည်း သုဿာန်သွားရင်းတရားနာ၊ ဘုရားနေပူဇာလှုံနေတာ၊ အရှင်အာနန္ဒာက အရှင်ဘုရား ဒီလောက်ကြည်ညိုဖွယ်ဟာ အသားအရေတွန်ကုန်ပြီ၊ ဘုရားက ဇရာဒုက္ခ ဇာတိဒုက္ခ ဘယ်သူမှ မလွန်နိုင်ဘူး၊ ဒုက္ခသစ္စာမှ ဘယ်သူမှမလွတ်ဘူးပြောတယ်။
အနှိပ်စက်ခံနေရသောကြောင့် ဒုက္ခသစ္စာ အနှိစက်ခံနေတဲကိစ္စ ဒီကိစ္စကို သိတာဉာဏ်။
ကိစ္စ+ ဉာဏ် ကိစ္စ ဉာဏ်
ဒုက္ခသစ္စာအနက်(၁) ဒုက္ခဿပိဠနဋ္ဌော= ဒုက္ခသစ္စာ (ဝါ) ခန္ဓာကိုယ်၏ပိဠနဋ္ဌော၊ ညှာတာမဖတ် အမြဲနှိပ်စက်တက်သောသဘော (၂) သင်္ခတဋ္ဌော=တဏှာယောင်္ကျား လက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရသည့်သဘော (၃) သန္တာပဋ္ဌော= အမြဲတစေ ပူလောင်စေတတ်သောသဘော(၄) ဝိပရိနာမဋ္ဌော= ခန္ဓာငါးပါး၏ အမြဲမပြတ် ဖောက်ပြန်ပျက်စီးတတ်သည့်သဘော။
ဖောက်ပြန်တာကိစ္စ- သိတာက ဉာဏ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အားလုံးပါသွားတယ်၊ ဒီကိစ္စကိုဖြတ်သော ဉာဏ်သည် တဏှာ၊ ဥပါဒါန်၊ ကံကိုဖြတ်တယ်၊ တဏှာသိမ်း နိဗ္ဗာန်ပဲ၊ ကိစ္စဉာဏ်သည် ပွားရမည့်ဉာဏ်။
အသိများရင် ကတဉာဏ်ရောက်တယ်၊ ကိစ္စဉာဏ်သည် ဝိပဿနာဉာဏ်၊ ကတဉာဏ်သည် မဂ်ဉာဏ် သင်္ဂြိုလ်မတတ်ဘဲ နိဗ္ဗာန်ရောက်ရမည်။
(အရှင်သာရိပုတ္တရာ) တရားဦးကိုလိုက်ရမယ်၊ တရားလယ်ကို မလိုက်ရဘူး၊ တရားဦးက ပုဂ္ဂိုလ်သတ္တဝါမငဲ့ဘူး၊ အများနဲ့ဆိုင်၊ တရားလယ်က ပုဂ္ဂိုလ်သတ္တဝါငဲ့ဟောတာ၊ ကိုယ်နဲ့မဆိုင်ဘူး၊ ငွေပေးချေပြီးမှ စာရင်းမှတ်၊ အဟောကြေညက်ပြီးအလုပ်လုပ်မယ်၊ ဒုက္ခသစ္စာ သိအောင်လုပ်၊ ပုထုဇဉ်စိတ်ကိုရှု။
ရှုရမည့်စိတ်က (၃၇)ပါး=အကုသိုလ်စိတ်(၁၂)+အဟိတ်စိတ်(၁၇)+မဟာကုသိုလ်စိတ်(၈)ပါး။
စိတ္တာနုပဿနာရှု၊ လောဘစိတ်ဖြစ်/ပျက်ရှု၊ မြင်၊ ကြား၊ နံ၊ စား၊ တွေ့ထိ ယား/နာ ကောင်းစိတ် ဖြစ်/ပျက်ရှု၊ ကုသိုလ်စိတ် ဖြစ်/ပျက်ရှု၊ အိပ်ချင်ရင် ဖြစ်/ပျက်ရှု၊ သူများမျက်စောင်းထိုးချင် စိတ်ပေါ်ရင် ဖြစ်/ပျက်ရှု။
စိတ္တာနုပဿနာရှု-ဓမ္မာနုပဿနာရောက်သွား၊ ကိစ္စကို ပြီးအောင်လုပ်၊ ကိစ္စပေါ်တိုင်းသိ၊ သိနေရမယ်၊ အသိပေါင်းများလာရင် ကတဉာဏ်ပဲ၊ ကတဉာဏ်ဟာ နိဗ္ဗာန်မြင်တဲ့ဉာဏ်ပဲ။
ကဲ . . .တော်ကြဦးစို့။ သာဓု . . .သာဓု . . .သာဓု
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
သစ္စာမပါဘဲ နိဗ္ဗာန်ဝင်တယ်ဆိုတာ တိုင်မပါဘဲ ဒိုင်းတင်တယ်ဆိုသလိုပဲ၊ သစ္စာသံယုတ်ပါဠိတော်မှာလာတယ် . . .(ဘုရားရှင်ကိုယ်တော်တိုင်ဟောတာ)၊သူများပြောတာ ယုံစရာမလို။
ဒီသစ္စာဘယ်မှာရှိသလဲ၊ သစ္စာသိမှ ကိစ္စဉာဏ်ရမယ်၊ ကိစ္စကုန်ဆုံးသိမှ ကတဉာဏ်ရမယ်၊ ဉာဏ်စဉ် ၁၀/၁၆ ဆင့်နဲ့လုပ်လိုက်ရတာ ဖားနေပြီ၊ ဘုန်းကြီးဟောတော့ သုံးဆင့်-တိုလှချည်လား သံသယဖြစ်နိုင်တယ် . . .(အဟောသိကံမဖြစ်ရပါဘူး)၊ သစ္စာရှိမှန်းမသိ- သစ္စာဆိုင်းဘုတ်မဆွဲလို့။
တစ်လံမျှသောခန္ဓာထဲမှာ သစ္စာရှိတယ်၊ သစ္စာလေးပါးရှိတယ် . . .(အင်္ဂုတ္တိလာ)၊ ဘုန်းကြီးရမ်းပြော ရမ်းသင်နေတယ် မအောက်မေ့နဲ့ . . .( ပဋိစ္စသမုပ္ပါဒ်ကိုကြည့်)၊ သစ္စာမသိတာ အဝိဇ္ဇာ၊ အတိတ်ဘဝများက သစ္စာလေးပါးမသိခဲ့လို့ (၁) ဒုက္ခသစ္စာ (၂) သမုဒယသစ္စာ (၃) နိရောဓသစ္စာ (၄) မဂ္ဂသစ္စာ မသိတာနဲ့နေခဲ့တယ်၊ ဒါန၊ သီလ၊ သမထပြုကြတယ် (၁) အပုညာဘိသင်္ခါရ (၂) ပုညာဘိသင်္ခါရ-လူနတ်ဖြစ်ပါစေဆုတောင်း။
သစ္စာသိလို့ ကုသိုလ်ပြုရင် ခန္ဓာပေါင်လှူလို့ပြောမယ် မတားပါဘူး သစ္စာမသိတဲ့ ကုသိုလ်က အဝိဇ္ဇာအုပ်ချုပ်တဲ့ကုသိုလ်- နိဗ္ဗာန်မရောက်ဘူး၊ သမုဒယကိုဖြစ်စေတယ်၊ အတိတ်အကြောင်းတလွှာကိုကြည့် သမုဒယသစ္စာနဲ့လုပ်ရင် . . .(နံပါက် ၂-အကွက်ပဲ)၊ ဝိဉာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ အကန်းလမ်းလျှောက်သလိုဘဲ ခြေနှစ်ချောင်းက အပုညာဘိသင်္ခါရနဲ့ ပုညာဘိသင်္ခါရ၊ ဇာတိချောက်ထဲကျမှာပဲ။
ဘုန်းကြီးစေတနာ ရည်ရွယ်ချက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာကဿပတို့နဲ့တူပါတယ်၊ တရားကို(၁) နာနိုင်ပါစေ (၂) နာတဲ့အတိုင်းသိပါစေ (၃) သိတဲ့အတိုင်းကျင့်နိုင်ပါစေ၊ ဒီသုံးချက်နဲ့ တရားဟောနေတာ ဘာရည်ရွယ်ချက်မှမရှိဘူး၊ တရားဟောပုဂ္ဂိုလ်တွေမှာ ဒီရည်ရွယ်ချက်(သုံး)ချက်မရှိလို့မဖြစ်ဘူး။
ဒုက္ခသစ္စာဟာ အထီးကျန်တစ်ကောင်ကြွက်အမွဲ၊ ဒုက္ခနဲ့ နေရတဲ့သူဟာ အမွဲချည်းပဲ၊ သူတော်ကောင်းရတနာ(၇)ပါး မရှိသေးရင် အမွဲချည်းပဲ၊ အထီးကျန်လူဆင်းရဲအမွဲနှင့် တူသောကြောင့် အမွဲ၊ မဂ်မဆိုက်သေးရင် သူတော်ကောင်းရတနာမစုံသေးဘူး၊ အမေမိဘသေလည်း ကိုယ်မကယ်နိုင်၊ သားသမီးသေလည်းမိဘမကယ်နိုင်၊ ဒုက္ခရောက်နေလည်း မကယ်နိုင်၊ အထီးကျန်လူဆင်းရဲအမွဲ။
မဖောက်မပြန်မှန်တာကို သစ္စာလိုခေါ်တယ်၊ ဘာကူလို့မှမရဘူး၊ ဆာတဲ့အနာပေါက်ရင် စားဖို့ဆေး ချိုချည်ယူလာရတယ်၊ ကိုယ့်ဆေးနဲ့ကိုယ်ပဲ၊ ဆေးနဲ့ကင်းကွာလို့မရဘူး၊ ညောင်းရင်းကွေးပေးရတယ်၊ ဒီတိုက်ကြီးဟာ နေချင်ရချင်စရာလို့ထင်ကြတယ်၊ ဒီတိုက်ကြီးက ဆေးရုံပဲ၊ နေပူလေတိုက်ကို ကာကွယ်ထားတယ်၊ တိုက်ထဲမှာ ရှိတဲ့ ဆန်၊ ဆီ၊ ဆားတွေဟာ ဆေးပဲ၊ ဝတ်တဲ့အဝတ် ခြုံထည်တွေပတ်တီးတွေပဲ။
ဘုန်းကြီးလည်း အကန်းလမ်းသွားခဲ့လို့ ခန္ဓာရ၊ ဒကာ/မများလည်းအကန်းလမ်းသွားခဲ့ရတာ . . .(အပဲ့ အပဲ့ချင်း မီးမှုတ်)၊ ဘုန်းကြီးက သုဿာန်သွားရင်းတရားဟော ဒကာ/မများလည်း သုဿာန်သွားရင်းတရားနာ၊ ဘုရားနေပူဇာလှုံနေတာ၊ အရှင်အာနန္ဒာက အရှင်ဘုရား ဒီလောက်ကြည်ညိုဖွယ်ဟာ အသားအရေတွန်ကုန်ပြီ၊ ဘုရားက ဇရာဒုက္ခ ဇာတိဒုက္ခ ဘယ်သူမှ မလွန်နိုင်ဘူး၊ ဒုက္ခသစ္စာမှ ဘယ်သူမှမလွတ်ဘူးပြောတယ်။
အနှိပ်စက်ခံနေရသောကြောင့် ဒုက္ခသစ္စာ အနှိစက်ခံနေတဲကိစ္စ ဒီကိစ္စကို သိတာဉာဏ်။
ကိစ္စ+ ဉာဏ် ကိစ္စ ဉာဏ်
ဒုက္ခသစ္စာအနက်(၁) ဒုက္ခဿပိဠနဋ္ဌော= ဒုက္ခသစ္စာ (ဝါ) ခန္ဓာကိုယ်၏ပိဠနဋ္ဌော၊ ညှာတာမဖတ် အမြဲနှိပ်စက်တက်သောသဘော (၂) သင်္ခတဋ္ဌော=တဏှာယောင်္ကျား လက်သမား၏ ဆိုးဝါးယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရသည့်သဘော (၃) သန္တာပဋ္ဌော= အမြဲတစေ ပူလောင်စေတတ်သောသဘော(၄) ဝိပရိနာမဋ္ဌော= ခန္ဓာငါးပါး၏ အမြဲမပြတ် ဖောက်ပြန်ပျက်စီးတတ်သည့်သဘော။
ဖောက်ပြန်တာကိစ္စ- သိတာက ဉာဏ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အားလုံးပါသွားတယ်၊ ဒီကိစ္စကိုဖြတ်သော ဉာဏ်သည် တဏှာ၊ ဥပါဒါန်၊ ကံကိုဖြတ်တယ်၊ တဏှာသိမ်း နိဗ္ဗာန်ပဲ၊ ကိစ္စဉာဏ်သည် ပွားရမည့်ဉာဏ်။
အသိများရင် ကတဉာဏ်ရောက်တယ်၊ ကိစ္စဉာဏ်သည် ဝိပဿနာဉာဏ်၊ ကတဉာဏ်သည် မဂ်ဉာဏ် သင်္ဂြိုလ်မတတ်ဘဲ နိဗ္ဗာန်ရောက်ရမည်။
(အရှင်သာရိပုတ္တရာ) တရားဦးကိုလိုက်ရမယ်၊ တရားလယ်ကို မလိုက်ရဘူး၊ တရားဦးက ပုဂ္ဂိုလ်သတ္တဝါမငဲ့ဘူး၊ အများနဲ့ဆိုင်၊ တရားလယ်က ပုဂ္ဂိုလ်သတ္တဝါငဲ့ဟောတာ၊ ကိုယ်နဲ့မဆိုင်ဘူး၊ ငွေပေးချေပြီးမှ စာရင်းမှတ်၊ အဟောကြေညက်ပြီးအလုပ်လုပ်မယ်၊ ဒုက္ခသစ္စာ သိအောင်လုပ်၊ ပုထုဇဉ်စိတ်ကိုရှု။
ရှုရမည့်စိတ်က (၃၇)ပါး=အကုသိုလ်စိတ်(၁၂)+အဟိတ်စိတ်(၁၇)+မဟာကုသိုလ်စိတ်(၈)ပါး။
စိတ္တာနုပဿနာရှု၊ လောဘစိတ်ဖြစ်/ပျက်ရှု၊ မြင်၊ ကြား၊ နံ၊ စား၊ တွေ့ထိ ယား/နာ ကောင်းစိတ် ဖြစ်/ပျက်ရှု၊ ကုသိုလ်စိတ် ဖြစ်/ပျက်ရှု၊ အိပ်ချင်ရင် ဖြစ်/ပျက်ရှု၊ သူများမျက်စောင်းထိုးချင် စိတ်ပေါ်ရင် ဖြစ်/ပျက်ရှု။
စိတ္တာနုပဿနာရှု-ဓမ္မာနုပဿနာရောက်သွား၊ ကိစ္စကို ပြီးအောင်လုပ်၊ ကိစ္စပေါ်တိုင်းသိ၊ သိနေရမယ်၊ အသိပေါင်းများလာရင် ကတဉာဏ်ပဲ၊ ကတဉာဏ်ဟာ နိဗ္ဗာန်မြင်တဲ့ဉာဏ်ပဲ။
ကဲ . . .တော်ကြဦးစို့။ သာဓု . . .သာဓု . . .သာဓု
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
Saturday, October 19
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အားကိုးရာ အစစ်ရှိကြပါစေ တရားတော်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတို့ အမှတ်မဲ့နေမှာ အလွန်စိုးရိမ်တယ်ဆိုတာ မှတ်ထားရမယ်နော် . . .(မှန်ပါ့)၊ အားကိုးရာမရှိဘဲနေခြင်းဟာ ဒုက္ခ-ဆင်းရဲ၏။
ကိုင်း . . .ကိုးကွယ်ရာတွေကတော့၊ ဘုရားလဲကိုးကွယ်ရာပဲ၊ တရားလည်းကိုးကွယ်ရာပဲ၊ သံဃာလဲကိုးကွယ်ရာပဲ၊ မာတာပိတုဂုဏောအနန္တောဆိုတဲ့အတိုင်းဒီအထဲ-ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်ဟာကို ပိုပြီးသကာလကြိုက်ပါသလဲဆိုတာ သတိထားရမယ် . . .မှန်ပါ့၊ မင်းတို့ဖြစ်ပျက်ကို နှလုံးသွင်းမှုကို အားကိုးအားထားပြုပါလို့မှာခဲ့တယ် . . .(မှန်ပါ့)၊ ဩော် . . .ဒါဖြင့် ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခကုန်တဲ့နေရာတော့ဖြင့် ဒကာ ဒကာမတို့ အားကိုးရမှာအစစ်ပဲ . . .(မှန်ပါ့)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုကိစ္စတွေ့တွေ့ ဖြစ်ပျက်ပဲအားကိုးပါ . . .(မှန်ပါ့)။
ဩော် . . .ဒါဖြင့် ဆရာဘုန်းကြီးက ဘာတွေများပေးပါလိမ့်မတုံးမေးတော့ ခန္ဓာကိုယ်ထဲ၌ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က . . .(စိတ်ဖြစ်ပျက်အားကိုးရမှာပါ)၊ အေး . . .သစ္စာကြိုက်တဲ့ပုဂ္ဂိုလ်ကအလုံးစုံဖြစ် ပျက်အားကိုး၊ ဖြစ်ပျက်ရှုပါများလာတော့ ဖြစ်ပျက်ဆုံးသွားတော့ ဒုက္ခမကုန်လား . . .(ကုန်ပါတယ်ဘုရား)၊ တစ်ခါ-ဒုက္ခကိုပဲ အာရုံပြုတဲ့ဉာဏ်လေးနဲ့ သေလဲ ဒုတိယဘဝမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာပဲ . . .(မှန်ပါ့)။
ဒါကြောင့် အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်ကိုအာရုံပြုတဲ့ဉာဏ်ကလေး အားကိုးကြ၊ ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်၊ ဖြစ်ပျက်အဆုံးကိုမြင်နိုင်တဲ့ဉာဏ်၊ကြိုက်ရာဉာဏ် ဒီဉာဏ်နှစ်ခုကိုဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒကာသစ်တို့ ဘယ်တော့မှ မလျော့ပါနဲ့ . . .(မှန်ပါ့)၊ ယုတ်စွအဆုံး ကားပျက်တော့မယ်ကြုံရင်ချောက်ထဲကျတော့မယ်ဆိုတာတောင်မှ သူ့ကိုပဲအားကိုး . . .(မှန်ပါ့)၊ လေယာဉ်ပျံစီးသွား လေယာဉ်ပျံနိမ့်ချည်မြင့်ချည်လုပ်နေလို့ရှိရင် သူ့ကိုပဲအားကိုးရမှာပဲ . . .(မှန်ပါ့)၊ အဲဒီကဲ့သို့ထားလို့ရှိရင် ဒုက္ခကိုကုန်စေနိုင်ပါတယ်၊ အင်း . . .ဒါလောက်မှမသိတဲ့ ပုဂ္ဂိုလ်ကျတော့လဲ ကိုယ်ပြုထားတဲ့ဒါန၊ ကိုယ်ဆောက်တည်ထားတဲ့သီလပေါ့ဗျာ . . .(မှန်ပါ့)။
အကောင်းဆုံး အားကိုးရာပြစမ်းပါဆိုရင် . . .(ဖြစ်ပျက်အာရုံပြုတဲ့ဉာဏ်ပါဘုရား)၊ ဒီဉာဏ်သာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုးကွယ်ရာ၊အားထားရာအစစ်ပဲလို့ ဘုရားက ကိုယ်တော်တိုင်နှုတ်ကဖွင့်ဟပြီး မိန့်လေသောကြောင့်ဘာမှသံသယမရှိဘူး၊ ဒါအားကိုးရမှာပဲဆိုပြီး ဒီနေ့ကစပြီး ဒါအားကိုးရုံပဲ . . .(မှန်ပါ့)၊
ကိုင်း . . .ကိုးကွယ်ရာတွေကတော့၊ ဘုရားလဲကိုးကွယ်ရာပဲ၊ တရားလည်းကိုးကွယ်ရာပဲ၊ သံဃာလဲကိုးကွယ်ရာပဲ၊ မာတာပိတုဂုဏောအနန္တောဆိုတဲ့အတိုင်းဒီအထဲ-ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘယ်ဟာကို ပိုပြီးသကာလကြိုက်ပါသလဲဆိုတာ သတိထားရမယ် . . .မှန်ပါ့၊ မင်းတို့ဖြစ်ပျက်ကို နှလုံးသွင်းမှုကို အားကိုးအားထားပြုပါလို့မှာခဲ့တယ် . . .(မှန်ပါ့)၊ ဩော် . . .ဒါဖြင့် ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခကုန်တဲ့နေရာတော့ဖြင့် ဒကာ ဒကာမတို့ အားကိုးရမှာအစစ်ပဲ . . .(မှန်ပါ့)၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ်လိုကိစ္စတွေ့တွေ့ ဖြစ်ပျက်ပဲအားကိုးပါ . . .(မှန်ပါ့)။
ဩော် . . .ဒါဖြင့် ဆရာဘုန်းကြီးက ဘာတွေများပေးပါလိမ့်မတုံးမေးတော့ ခန္ဓာကိုယ်ထဲ၌ ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်က . . .(စိတ်ဖြစ်ပျက်အားကိုးရမှာပါ)၊ အေး . . .သစ္စာကြိုက်တဲ့ပုဂ္ဂိုလ်ကအလုံးစုံဖြစ် ပျက်အားကိုး၊ ဖြစ်ပျက်ရှုပါများလာတော့ ဖြစ်ပျက်ဆုံးသွားတော့ ဒုက္ခမကုန်လား . . .(ကုန်ပါတယ်ဘုရား)၊ တစ်ခါ-ဒုက္ခကိုပဲ အာရုံပြုတဲ့ဉာဏ်လေးနဲ့ သေလဲ ဒုတိယဘဝမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်တာပဲ . . .(မှန်ပါ့)။
ဒါကြောင့် အားလုံးတရားနာကြတဲ့ ဒကာ ဒကာမတွေ ဖြစ်ပျက်ကိုအာရုံပြုတဲ့ဉာဏ်ကလေး အားကိုးကြ၊ ဖြစ်ပျက်ကိုမြင်တဲ့ဉာဏ်၊ ဖြစ်ပျက်အဆုံးကိုမြင်နိုင်တဲ့ဉာဏ်၊ကြိုက်ရာဉာဏ် ဒီဉာဏ်နှစ်ခုကိုဖြင့် ဒကာကြွယ်တို့ ဦးလှဘူးတို့ ဒကာသစ်တို့ ဘယ်တော့မှ မလျော့ပါနဲ့ . . .(မှန်ပါ့)၊ ယုတ်စွအဆုံး ကားပျက်တော့မယ်ကြုံရင်ချောက်ထဲကျတော့မယ်ဆိုတာတောင်မှ သူ့ကိုပဲအားကိုး . . .(မှန်ပါ့)၊ လေယာဉ်ပျံစီးသွား လေယာဉ်ပျံနိမ့်ချည်မြင့်ချည်လုပ်နေလို့ရှိရင် သူ့ကိုပဲအားကိုးရမှာပဲ . . .(မှန်ပါ့)၊ အဲဒီကဲ့သို့ထားလို့ရှိရင် ဒုက္ခကိုကုန်စေနိုင်ပါတယ်၊ အင်း . . .ဒါလောက်မှမသိတဲ့ ပုဂ္ဂိုလ်ကျတော့လဲ ကိုယ်ပြုထားတဲ့ဒါန၊ ကိုယ်ဆောက်တည်ထားတဲ့သီလပေါ့ဗျာ . . .(မှန်ပါ့)။
အကောင်းဆုံး အားကိုးရာပြစမ်းပါဆိုရင် . . .(ဖြစ်ပျက်အာရုံပြုတဲ့ဉာဏ်ပါဘုရား)၊ ဒီဉာဏ်သာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကိုးကွယ်ရာ၊အားထားရာအစစ်ပဲလို့ ဘုရားက ကိုယ်တော်တိုင်နှုတ်ကဖွင့်ဟပြီး မိန့်လေသောကြောင့်ဘာမှသံသယမရှိဘူး၊ ဒါအားကိုးရမှာပဲဆိုပြီး ဒီနေ့ကစပြီး ဒါအားကိုးရုံပဲ . . .(မှန်ပါ့)၊
Wednesday, October 9
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ဋ်ကျွတ်တဲ့အလှူ
မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သော ဒါနပြုပုံပြုနည်းလေးတွေကို ဆရာတော်ဘုရားကြီး၏အာဘော်မပျက်စေဘဲ ဆက်လက်တင်ပြနေပါတယ်။
ဒါနပြုတဲ့အခါ စေတနာနဲ့လှူဒါန်းချိန်မှာ
လူနတ်ချမ်းသာခံစားချင်လို့လှူရင် ပုညာဘိသင်္ခါရပဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ
ဖြစ်တယ်။ ဘာသစ္စာလဲဆိုရင် သမုဒယသစ္စာဖြစ်သွားတာ။ သမုဒယသစ္စာဖြစ်ပြီဆိုတော့
သေသည်မှနောက်၌ လူခန္ဓာ နတ်ခန္ဓာ ဒုက္ခသစ္စာ အကျိုးပေးတော့မယ်။ လူခန္ဓာ အစ ဇာတိ၊
အလယ်က ဇရာ၊ ဆုံးခါနီးတော့ ဗျာဓိ၊ နောက်ဆုံးပိတ်က မရဏ၊ ဘာသစ္စာလဲဆိုတော့
ဒုက္ခသစ္စာ။ ဒါဟာ မသိလှူ သမုဒယသစ္စာကြောင့် လူ့ဘ၀ နတ်ဘ၀ ဗြဟ္မာဘ၀ ဒုက္ခသစ္စာရတယ်။
လှူလဲလှူရသေး ဒုက္ခလဲရောက်သေးတယ်။ ဒါကြောင့် `အ၀ိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော- ဖြစ်အောင်လုပ်ရမယ်၊ တဒင်္ဂဖြစ်တော့ ရအောင်လုပ်ရမယ်´လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူတယ်။
တဒင်္ဂမြင်အောင်ဘယ်လိုလုပ်မလဲဆိုရင် ကိုယ့်ခန္ဓာကို
ဉာဏ်စိုက်ကြည့်လိုက်တော့ ရှူလိုက် ရှိုက်လိုက် အောင့်လိုက် အင့်လိုက်
ညောင်းလိုက် ကိုက်လိုက် ယားလိုက် နာလိုက် ထုံလိုက် ကျင်လိုက်နဲ့ ခန္ဓာက
ပြတယ်။ ဒါဟာ ဒုက္ခသစ္စာကို ပြတာပဲ။ ခန္ဓာကြီးက ဒုက္ခသစ္စာဆိုတာ လက်တွေ့ပြနေတာပါ။
ဒီဒုက္ခသစ္စာဟာ ၀ဋ်အားဖြင့် ၀ိပါက၀ဋ်ပဲ။ ဒီ ဒုက္ခသစ္စာ ၀ိပါက၀ဋ်မှ
မျက်မြင်အားဖြင့်လဲ ကျွတ်လို၊ ဉာဏ်မြင်အားဖြင့်လဲ
ကျွတ်လိုပါတယ်ဘုရားဆိုတော့ သစ္စာမြင်တဲ့ဉာဏ်၊ ၀ိပဿနာဉာဏ်ဖြစ်လာတယ်။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက ၀ိပဿနာဉာဏ်။ ဖြစ်ပျက်မြင်တာ သစ္စာမြင်တဲ့ဉာဏ်ပဲ။ သစ္စာမြင်တဲ့ ဉာဏ်နဲ့ ခန္ဓာနဲ့ ဦးတည့်ပေးရမယ်။
ဒါဟာ လှူဆဲအခိုက်မှာ ၀ိပဿနာခြံရံလိုက်တာပဲ။ `စိတ္တာလင်္ကာရစိတ္တပရိက္ခာရမေဝ
သေဋ္ဌံ – သမထ ၀ိပဿနာခြံရံပြီးလှူတဲ့အလှူဟာ အမြတ်ဆုံးပဲ´လို့ ဘုရားကလဲ
အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ်မှာ ဟောတော်မူထားပါတယ်။
လှူဆဲအခိုက် မုဉ္စစေတနာအချိန်မှာ ကိုယ့်ခန္ဓာကို
ဝိပဿနာရှုရလိမ့်မယ်။ ရုပ်ရှုတဲ့သူက ရုပ်ကို ဖြစ်ပျက်ရှု၊ ဝေဒနာရှုတဲ့သူက
ဝေဒနာဖြစ်ပျက်ရှု၊ စိတ်ရှုတဲ့သူက စိတ်ဖြစ်ပျက်ရှုပေါ့။ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာပဲ။
ဒီလို ကိုယ်တွေ့ မျက်မြင်ဒုက္ခကြီးမှ ကျွတ်လိုလို့
လှူဒါန်းချင်တဲ့စိတ်ပေါ်အောင် ရှုရမယ်။ ဒီလို စိတ်ကို သမထ ၀ိပဿနာ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သုဘဒ်ရဟန်း ဥပမာပြ သခါင်္ရတရား၊ ချောင်(၁၆)ချောင်ခိုတတ်ပုံတရားတော်
သခါင်္ရတရားဆိုတာ ဒကာ၊ ဒကာမတွေမှတ်ထားပါ၊ အားလုံး ဒကာ၊ ဒကာမတွေ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးဟာ သင်္ခါရတရားလို့သာ မှတ်ထားလိုက်ကြပါ၊ ခန္ဓာကိုယ်ဟာပြုပြင်ထားလို့ပေါ်နေတာ။
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ထဲမှာ ဆိတ်လို့နာတာတွေ၊ ယားတာတွေ၊ အဲဒီဟာတွေကို၊ ကံကပြုပြင်ထားလို့ ခန္ဓာကိုယ်ကဖြစ်နေသောကြောင့်၊ မျက်စိ၊ နား၊ နှာခေါင်း၊လျှာ၊ ကိုယ် ဒါတွေဟာ ဘာပါလိမ့်မလဲဆိုတော့၊ သူများပြုပြင်ထားသောကြောင့်၊ သင်္ခါရတရားပဲလို့ မှတ်လိုက်တာပေါ့၊ ကံ သင်္ခါရက ပြုပြင်ထားတယ်။
ကံကပြုပြင်မှုကြောင့် ပေါ်နေသောကြောင့် သူ့ကို၊ သူများပြုပြင်သလိုဖြစ်ပေါ်နေသောကြောင့် သင်္ခါရတရားလို့ မှတ်ထားကြပါ။
ဥတုက အခုနည်းနည်းကြမ်းလာတော့၊ ဒကာ၊ ဒကာမတို့ ရုပ်တွေမှာအပူရုပ်တွေဖြစ်ပြီးသကာလ စိတ်မချမ်းသာတဲ့ ဒေါသစိတ်တွေလဲ ပေါ်လာကြ၊ တချို့သောရုပ်တွေဟာလည်း ဥတုပြုပြင်ထားပါသလား၊ တချို့သော စိတ်တွေဟာလည်း ဥတုကြောင့်ဖောက်ပြန်လာတဲ့စိတ်တွေပါလားဆိုရင် လွဲပါ့မလား၊ ဥတုသင်္ခါရပေါ့။
တချို့ကျတော့ ဒကာ၊ ဒကာမတွေ၊ စားလို့ကောင်းလို့ ဝဖြိုး၊ မျက်လုံးတွေဘာတွေကြည်လာတယ်၊ ဆိုတာကော မရှိဘူးလား၊ အာဟာရသင်္ခါရက
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ထဲမှာ ဆိတ်လို့နာတာတွေ၊ ယားတာတွေ၊ အဲဒီဟာတွေကို၊ ကံကပြုပြင်ထားလို့ ခန္ဓာကိုယ်ကဖြစ်နေသောကြောင့်၊ မျက်စိ၊ နား၊ နှာခေါင်း၊လျှာ၊ ကိုယ် ဒါတွေဟာ ဘာပါလိမ့်မလဲဆိုတော့၊ သူများပြုပြင်ထားသောကြောင့်၊ သင်္ခါရတရားပဲလို့ မှတ်လိုက်တာပေါ့၊ ကံ သင်္ခါရက ပြုပြင်ထားတယ်။
ကံကပြုပြင်မှုကြောင့် ပေါ်နေသောကြောင့် သူ့ကို၊ သူများပြုပြင်သလိုဖြစ်ပေါ်နေသောကြောင့် သင်္ခါရတရားလို့ မှတ်ထားကြပါ။
ဥတုက အခုနည်းနည်းကြမ်းလာတော့၊ ဒကာ၊ ဒကာမတို့ ရုပ်တွေမှာအပူရုပ်တွေဖြစ်ပြီးသကာလ စိတ်မချမ်းသာတဲ့ ဒေါသစိတ်တွေလဲ ပေါ်လာကြ၊ တချို့သောရုပ်တွေဟာလည်း ဥတုပြုပြင်ထားပါသလား၊ တချို့သော စိတ်တွေဟာလည်း ဥတုကြောင့်ဖောက်ပြန်လာတဲ့စိတ်တွေပါလားဆိုရင် လွဲပါ့မလား၊ ဥတုသင်္ခါရပေါ့။
တချို့ကျတော့ ဒကာ၊ ဒကာမတွေ၊ စားလို့ကောင်းလို့ ဝဖြိုး၊ မျက်လုံးတွေဘာတွေကြည်လာတယ်၊ ဆိုတာကော မရှိဘူးလား၊ အာဟာရသင်္ခါရက
Tuesday, October 1
မိုးကုတ်ဆရာတော်ဘုရားကြီး၏ နှစ်ကြောင်းသောတရားဖြင့် နိဗ္ဗာန်ရောက်နိုင်ပုံ တရားတော်
သံသရာတာရှည်လေ ဒုက္ခတာရှည်လေလေပဲ၊ သံသရာဆိုတာဘာလဲ၊ စိတ်တွေကဖြစ်လိုက် ချုပ်လိုက်၊ မိမိပေါ်လာလိုက်၊ မိမိပျက်စီးလိုက်၊ မိမိအသေများတော့ သံသရာ၊ စိတ်တစ်စိတ် ဖြစ် ပျက် မိမိတစ်ယောက်သေတာပဲ၊ ငြင်းစရာမရှိ၊ မိမိခဏခဏ သေရတာ သံသရာရှည်တာ၊ ခန္ဓာတို့၏ မပြတ်သေပွဲဆက်နေတာ သံသရာ-
ခဏခဏမွေး၊ ခဏခဏသေ၊ အနေမပါဘူး၊ ယခုဘဝမှာပဲ အလောင်းပေါင်း မရေမတွက်နိုင်အောင်သေရတယ်၊ စိတ်တစ်စိတ်ဖြစ် စိတ်တစ်စိတ်ပျက်၊ အဲဒါသံသရာဆက်နေတာ၊ အသေချင်းဆက်နေတာ သံသရာလို့ မှတ်ထားစမ်းပါ၊ ကိုယ်တိုင်ကြည့်ချင်ရင် ခန္ဓာကြည့်၊ တစ်ခုသော စိတ်ပေါ်ပြီပျက်) အသေဆက်နေတာ သံသရာ၊ ဉာဏ်နဲ့ခန္ဓာကြည့်၊ စားချင်တဲ့စိတ်ပေါ်ပြီးပျက်၊ ရေသောက်ချင်တဲ့စိတ်ပေါ်ပြီးပျက်၊ ဆေးလိပ်သောက်ချင်တဲ့စိတ် ပေါ်ပြီးပျက်၊ ဒီသံသရာကြီးကို ပျော်စရာထင်နေလား၊ ပြုံးတယ်၊ ပြုံးတဲသူတစ်ဦးသေပြီ၊ မဲ့တယ် မဲ့တာတောင် မပြီးသေးဘူးသေပြီ။
ကိုယ်တိုင်မြင်ချင်ရင် ဉာဏ်နဲ့ကြည့်ပေး၊ `ရုပ်ပိုင်းက မျက်စေ့ တစ်မှိတ်မှာ ကုဋေငါးထောင်၊ နာမ်က ကုဋေတစ်သိန်းသေလိုက်၊ အစားထိုးလိုက်၊ မြန်လွန်းတဲ့ ဉာဏ်နဲ့ပဲမြင်တယ်။
အသေကောင်များတာ၊ အသေကောင်ဆက်တာသံသရာ၊ ယခုဘဝမှာဘဲ အလောင်းပေါင်းမရေမတွက်နိုင်အောင် သေရတယ်၊ သံသရာကြီးရွံကြပါတော့၊ မုန်းကြပါတော့၊ ကိုယ့် ဉာဏ်နဲ့ကိုယ်ကြည့်ပြီးမုန်းကြပါ၊ ဘဝများစွာ ဆုတောင်းတဲ့ပုဂ္ဂိုလ်များ အသေကဲလွန်းတယ်၊ အသေကြိုက်လွန်းတယ်၊ ထိုင်နေတဲ့ `ရုပ် နာမ်ဟာ ထတဲ့ဆီမပါဘူး၊ ရပ်(ထ)နေတဲ့ `ရုပ် နာမ်လည်း အပေါ်ရောက်အောင်မပါဘူး၊ သေရစ်ခဲ့တယ်။
ဝမ်းထဲမှာ ရှူတဲ့`ရှိုက်တဲ့ စိတ်ကလေးများ . . .နှလုံးခုန်တာ၊ ဒိတ်ဒိတ် ဒိတ်ဒိတ် တစ်ဒိတ်ဟာ တစ်ခါသေတာပဲ တစ်ဒိတ်ဟာ တစ်ခါသေတာပဲ။
သာဝကတွေ မဂ်ရဖို့ရာ နှစ်ကြောင်းပဲရှိတယ် . . .(အရှင်အာနန္ဒာ)၊ ဟောတာ၊ဘုရားဆု ဆုကြီးမပန်ဘဲ နိဗ္ဗာန်ကိုရတဲ့နေ့ယူမယ်၊ အခုရရင် အခုယူမယ်ဆိုရင် နှစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ်၊ သံသရာမရှည်ချင်ရင် နှစ်ခုသာအလုပ်လုပ်တော့
ခဏခဏမွေး၊ ခဏခဏသေ၊ အနေမပါဘူး၊ ယခုဘဝမှာပဲ အလောင်းပေါင်း မရေမတွက်နိုင်အောင်သေရတယ်၊ စိတ်တစ်စိတ်ဖြစ် စိတ်တစ်စိတ်ပျက်၊ အဲဒါသံသရာဆက်နေတာ၊ အသေချင်းဆက်နေတာ သံသရာလို့ မှတ်ထားစမ်းပါ၊ ကိုယ်တိုင်ကြည့်ချင်ရင် ခန္ဓာကြည့်၊ တစ်ခုသော စိတ်ပေါ်ပြီပျက်) အသေဆက်နေတာ သံသရာ၊ ဉာဏ်နဲ့ခန္ဓာကြည့်၊ စားချင်တဲ့စိတ်ပေါ်ပြီးပျက်၊ ရေသောက်ချင်တဲ့စိတ်ပေါ်ပြီးပျက်၊ ဆေးလိပ်သောက်ချင်တဲ့စိတ် ပေါ်ပြီးပျက်၊ ဒီသံသရာကြီးကို ပျော်စရာထင်နေလား၊ ပြုံးတယ်၊ ပြုံးတဲသူတစ်ဦးသေပြီ၊ မဲ့တယ် မဲ့တာတောင် မပြီးသေးဘူးသေပြီ။
ကိုယ်တိုင်မြင်ချင်ရင် ဉာဏ်နဲ့ကြည့်ပေး၊ `ရုပ်ပိုင်းက မျက်စေ့ တစ်မှိတ်မှာ ကုဋေငါးထောင်၊ နာမ်က ကုဋေတစ်သိန်းသေလိုက်၊ အစားထိုးလိုက်၊ မြန်လွန်းတဲ့ ဉာဏ်နဲ့ပဲမြင်တယ်။
အသေကောင်များတာ၊ အသေကောင်ဆက်တာသံသရာ၊ ယခုဘဝမှာဘဲ အလောင်းပေါင်းမရေမတွက်နိုင်အောင် သေရတယ်၊ သံသရာကြီးရွံကြပါတော့၊ မုန်းကြပါတော့၊ ကိုယ့် ဉာဏ်နဲ့ကိုယ်ကြည့်ပြီးမုန်းကြပါ၊ ဘဝများစွာ ဆုတောင်းတဲ့ပုဂ္ဂိုလ်များ အသေကဲလွန်းတယ်၊ အသေကြိုက်လွန်းတယ်၊ ထိုင်နေတဲ့ `ရုပ် နာမ်ဟာ ထတဲ့ဆီမပါဘူး၊ ရပ်(ထ)နေတဲ့ `ရုပ် နာမ်လည်း အပေါ်ရောက်အောင်မပါဘူး၊ သေရစ်ခဲ့တယ်။
ဝမ်းထဲမှာ ရှူတဲ့`ရှိုက်တဲ့ စိတ်ကလေးများ . . .နှလုံးခုန်တာ၊ ဒိတ်ဒိတ် ဒိတ်ဒိတ် တစ်ဒိတ်ဟာ တစ်ခါသေတာပဲ တစ်ဒိတ်ဟာ တစ်ခါသေတာပဲ။
သာဝကတွေ မဂ်ရဖို့ရာ နှစ်ကြောင်းပဲရှိတယ် . . .(အရှင်အာနန္ဒာ)၊ ဟောတာ၊ဘုရားဆု ဆုကြီးမပန်ဘဲ နိဗ္ဗာန်ကိုရတဲ့နေ့ယူမယ်၊ အခုရရင် အခုယူမယ်ဆိုရင် နှစ်ကြောင်းတည်းနဲ့ နိဗ္ဗာန်ရောက်နိုင်ပါတယ်၊ သံသရာမရှည်ချင်ရင် နှစ်ခုသာအလုပ်လုပ်တော့
မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဓိပတိ သုံးပါးနှင့်တရားအားထုတ်ပါ
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတွေအား အခုလိုအသက်ရှင်စဉ်မှာသိရတဲ့
ဥစ္စာနှစ်မျိုးရှိတယ်တဲ့၊ မိမိပြုလုပ်ထားတဲ့ အကုသိုလ်ကိုလုပ်တုန်းက သိတာတစ်မျိုး၊သေခါနီးမှ နိမိတ်ထင်လာလိုသိတဲ့ အသိကတစ်မျိုး . . .(မှန်ပါ့)၊ဘယ်နှစ်မျိုးရှိပါလိမ့် . . .(နှစ်မျိုးပါဘုရား)၊ဒကာ ဒကာမတို့ ကိုယ့်ဟာကိုယ် အသိဆုံးပဲဆိုတာက ပစ္စုပ္ပန်ကာလနော်။
အသက်ထင်ရှားရှိတုန်း ဆရာသမားကဆုံးမလိုက်နာ၊အခု သိလို့ရှိရင်ဖြင့် အခုပြင်တဲ့ အလုပ်ဟာဖြင့် သေခါနီးကျတော ပြင်စရာမရှိတောဘူး . . .(မှန်ပါ့)။
သြော် . . .ငါ အကုသိုလ်ပြုနေတာ ဘယ်သူမှ မသိဘူးလို့ အထင်မလွဲလိုက်ပါနဲ့၊ကိုယ့်ကိုယ်ကို အရင်သိပါတယ်တဲ့၊ကိုယ်သိလို့ရှိရင် ကိုယ်စောင့်နတ်သိတယ်၊ကိုယ်စောင့်နတ်သိလို့ရှိရင် အိမ်စောင့်နတ်၊ရွာစောင့်နတ်၊တောစောင့်နတ်၊အထက်တာဝတိံသာနတ်ပြည်ကျအောင် မသိပေဘူးလား . . .(သိပါတယ်ဘုရား)
အဲဒီတော့ ယခုအခါကသိယင် ဆရာဘုန်းကြီးက ပြင်ပေးမယ်ဆိုရင်လွယ်ပါတယ်၊သေခါနီးမှ သိမယ်ဆိုတော့ ပြင်ဆင်ချိန်မရှိဘူးပေါ့ဗျာ ဒကာ ဒကာမတို့ သက်တမ်းရှည်လေရော့သလား၊တိုလေရော့သလား . . .(တိုပါတယ်ဘုရား)အင်မတန်တိုတဲ့အထဲမှာ အချိန်ကိုအလွဲသုံးစားလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်မှ မသနားတဲ့ပုဂ္ဂိုလ်တွေပဲလို့ စွဲချက်တင်ရင် မလွဲဘူးပေါ့ဗျာဉာဏ်စခန်းဆုံးသွားလို့ရှိရင်ဖြင့် သာသနာကွယ်ဖို့ရာ နှစ်အလိုနဲ့ မတွက်ပါနဲ့၊မင်းသေသွားလို့ရှိရင် မင်းအတွက် သာသနာကွယ်တာပဲဆိုရင် လွဲပါ့မလား . . .(မလွဲပါဘုရား)
၊သာသနာဘယ်မှာတည်ပါလိမ့် . . .(ကိုယ်သက်တမ်းအပေါ်တည်ပါတယ်)။
ဒါကြောင့် ယနေ့နက်ဖြန်ရွေးတဲ့ပုဂ္ဂိုလ်ဟာ လူမိုက်ဗျ . . .(မှန်ပါ့ဘုရား)၊ဒီနေ့မအားသေးဘူး၊နက်ဖြန်ကျအောင် သူ့ရုပ်/နာမ် ခိုင်မြဲသေးတယ်၊ဒိဋ္ဌိ ရှိ မရှိ၊ရှိရင် ဘာဆိုကြမယ် . . .(သဿတဒိဋ္ဌိပါဘုရား)၊ပညာကပြောတာလား၊သဿတဒိဋ္ဌိကပြောတာလား။
အဲဒါတွေ သေသေချာချာ စဉ်းစားကြည့် နက်ဖန်မှလုပ်၊သန်ဘက်မှလုပ်ဆိုတာ ဘယ်သူကကန့်ကွက်တာတုံး . . .(သဿတဒိဋ္ဌိက ကန့်ကွက်တာပါဘုရား)၊မဂ်ကိုတားလေသမျှ . . .(ဒိဋ္ဌိတားလို့ချည်းပါဘုရား)။
ကြည့်ပါ ဒကာ ဒကာတို့၊ကဿပဘုရားက တရားဟောတယ်၊ပေယျဆိုတဲ့ ဒကာတစ်ယောက်ကို တရားဟောနေတော့ ဒီတရားဆုံးမှ ပေယျမဂ်ရရမှာဖြစ်တယ်၊ ဒီပေယျကို အိမ်ကနေပြီး ခင်ပွန်းမကကိစ္စရှိလို့ ခဏပြန်ခဲ့ပါဦးဆိုတော့ တရားဖြတ်ပြီးး သူပြန်သွားတယ်၊သူဥာဏ်က ဒီအချိန်မှာရင့်နေတဲ့အချိန် တရားအဆုံးမှာသူက မဂ်ဖိုလ်ကိုရရမှာ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပေယျ
Tuesday, September 24
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိပြုတ်တရားတော် (၃) သက္ကာယဒိဋ္ဌိပြုတ်မှုရှေ့ထားပါ
ဒိဋ္ဌိသုံးမျိုးရှိတယ်
- သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ၊ ဘယ်နှစ်မျိုးပါလိမ့် …
(သုံးမျိုးပါဘုရား) သေသေချာချာ မှတ်ထားစမ်းပါ၊
ဒိဋ္ဌိသုံးမျိုးရှိတဲ့အနက်ကလည်း ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိတစ်ခုဟာ
ရေသောက်မြစ်ပါ၊ သူရှိလို့သဿတ, ဥစ္ဆေဒဖြစ်လာရတယ်လို့မှတ်ကြပါ … (မှန်ပါ)
ဒါဖြင့် ဘယ်ဒိဋ္ဌိပြုတ်ရင် အကုန်ပြုတ်တာပဲလို့ဆိုတာ ဒကာ ဒကာမတွေ သိပါပြီ၊
သက္ကာယဒိဋ္ဌိပြုတ်ရင် … (အကုန်ပြုတ်ပါတယ် ဘုရား)။
အဲဒီတော့
သက္ကာယဒိဋ္ဌိပြုတ်အောင် ဒကာ ဒကာမတွေ ၀ိပဿနာနောက်ထား၊ ၀ိပဿနာရှု့မှုကို …
(နောက်ထားရမှာပါဘုရား) သက္ကာယဒိဋ္ဌိပြုတ်မှုကို … (ရှေ့ထားရမှာပါဘုရား) ဒါကို
ဘယ်တော့မှ မမေ့ကြပါနဲ့ ၀ိပဿနာရှု့မှုကို နောက်ထားပါ၊ သက္ကာယဒိဋ္ဌိပြုတ်မှုကို
ရှေ့ထားပါ၊ ဒါကို ဘယ်အခါကာလမှ ဒကာ ဒကာမတွေ မမေ့ကြပါနဲ့ဆိုတာကို
သတိပေးလိုက်တယ်နော်၊ ကောင်းပြီ - ဒါဖြင့် ၀မ်းထဲမှာ
သက္ကာယဒိဋ္ဌိရှိပြီးသကာလနေတေယ်၊ ဆရာသမားတွေက အနိစ္စ, ဒုက္ခ, အနတ္တတွေ
ရုပ်ပေါ်မှာရှု့ခိုင်းခိုင်း - နာမ်ပေါ်မှာရှု့ခိုင်းခိုင်း၊ ကိုစောမောင်
အာပေါက်အောင်ရှု့၊ မရဘူး … (မှန်ပါ)။
ဘာကြောင့်မရတုံး
ဦးဘရှင်းတို့ မေးလို့ရှိရင် ဖြေတတ်ပါပြီ … (မှန်ပါ) ဘာကြောင့်မရတုံး …
(သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား) သက္ကာယဒိဋ္ဌိကျန်နေရစ်တယ်၊ ဘုရားလက်ထက်က ကိုစံလှ
ပြင်လိုက်ရ တယ် ဒီလိုပုဂ္ဂိုလ်တွေ၊ သူများဝိပဿနာရှုတယ် သူတို့လည်း
သွားရှုတာပေါ့ဗျာ၊ ရှုတော့ ဖြစ်ပျက်တွေအား လုံး ကိုပေါ်တို့ တွေ့တာပေါ့ …
(မှန်ပါ)။
တွေ့ပေမဲ့
ဝမ်းထဲမှာ ဒီဖြစ်ပျက်ဟာ ပုဂ္ဂိုလ်ဖြစ်ပျက်လား သတ္တ၀ါဖြစ်ပျက်လားဆိုတဲ့
ဒိဋ္ဌိကခံပြီး သကာလ နေတဲ့အတွက် ဦးဘရှင်းမရပါဘူး … (မှန်ပါ) ဒါဖြင့် ဒကာ
ဒကာမတို့ သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထား - ၀ိပဿနာရှုမှု နောက်ထား၊ ဒါကို
ဘယ်ခါကာလမှ မမေ့ကြနဲ့ … (မှန်ပါ)။
သို့သော်
ဒီဥစ္စာ ရှု့ခါနီးဖြုတ်ရမှာလားလို့မေးတော့ ဒီလို မဟုတ်ပါဘူး၊ ခုလို
တရားနာပြီးသကာလ ရှင်းလင်းနေလို့ရှိရင် ကိုယ်ထိုင်တဲ့နေရာကျတော့
ကိုစောမောင် ဖြစ်မှု ပျက်မှုလောက်ပဲ ရှုရတယ် … (မှန်ပါ)
ရှင်းလင်းပြီးတဲ့ပုဂ္ဂိုလ် … (မှန်ပါ)။
ဟိုနေရာကျမှ
တစ်ခါ ထပ်ရှင်းနေရမယ်လို့ ဒီလိုဟောသည် မဟုတ်ပါဘူး … (မှန်ပါ) ပင်ကိုက
ဝမ်းထဲက မရှင်းလင်းဘူး ဆိုလို့ရှိရင်ဖြင့် သူ့ကို ရှင်းအောင်အရင်လုပ်ပါ၊
သက္ကာယဒိဋ္ဌိရှင်းအောင် … (အရင်လုပ်ရမှာပါဘုရား) အရင်လုပ်ရမယ်ဆိုတာ
သေချာကြပလား … (သေချာပါတယ်ဘုရား)။
ဒါကြောင့်
ဒကာ ဒကာမတွေ ရှေ့နောက်လွဲနေလို့ ဘုရားလက်ထက်က ရဟန်းတွေ၊ သြော်
ဖြစ်ပျက်တွေကိုလည်း သူတို့နားလည်သား၊ ဘယ်နှယ့်ကြောင့် ငါ၏တပည့်သား မြေးတွေ
ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်မမြင်ပါလိမ့်မလဲလို့ ဘုရားက
သဗ္ဗညုတဥာဏ်နဲ့ ကြည့်တဲ့အခါ သူ့ဝမ်းထည်းမှာ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတာ
(မှန်ပါ)။
ဒိဋ္ဌိမပြုတ်ဘဲနဲ့
ရှုနေတော့ ဒကာ ဒကာမတို့ အင်မတန် မကြာဘူးလား … (ကြာပါတယ်ဘုရား)
ကြာပြီးတော့ ရမှာလား မရဘူးလားလို့ တစ်ခါမေးကြဦး … (မရပါဘုရား)
မရနိုင်ဘူးတဲ့ ဒကာ ဒကာမတို့ ဒါ - သေသေချာချာမှတ်ရမယ်၊ ရှင်းပြီနော် …
(ရှင်းပါပြီဘုရား)။
အဲဒါကြောင့်
ဘုန်းကြီးတို့ ရှင်းရှင်းလင်းလင်းနဲ့ ဒကာ ဒကာမတွေကို ပြောပါတယ်၊
ရှေးကအနိစ္စ တွေ ပုတီးတွေ အပတ်တွေ ရအောင်စိပ်၊ ကိုစောမောင်
အနိစ္စဘယ်နှစ်ပတ် - ဒုက္ခဘယ်နှစ်ပတ်ရတယ်၊ ရှေးက လူကြီးသူမတွေလည်း
သူတို့တတ်သရွေ့ မှတ်သရွေ့တော့ စိပ်ကြတာပဲ … (မှန်ပါ့)
စိပ်ပင်စိပ်ငြားသော်လည်း
အမြင်စိပ်လားလို့ မေးပြန်တော့၊ အမြင်စိပ်က မဟုတ်တာတစ်မျိုး၊ ဥာဏ်နဲ့
မြင်ပြီးစိပ်တာလားလို့မေးတော့ ဥာဏ်နဲ့မြင်ပြီးစိပ်တာက ရှားလိမ့်မယ်၊ ကဲ -
စိပ်လိုက်တော့ဖြင့် သေသည်တိုင်အောင်ပဲတဲ့၊
ဥပုသ်နေ့တိုင်းစိပ်တယ်ထားပါဦးတော့ ဘာရှေ့ထားရမယ်ဆိုတာ မသိပြန်ဘူး၊
မသိပြန်တော့ ထစ်ငေါ့တာ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပုံ
"စိတ္တာနုပဿနာရှုပုံ အနှစ်ချုပ် တရားတော်"
ဒကာ ဒကာမတွေ ဒီနေ့အလုပ်တရားကို ရှေ့ပိုင်းကပေးရမယ်၊ ပြီးတော့မှ အလုပ်တရားပေးပုံကို ရှင်သာရိ
ပုတ္တရာဆိုတဲ့ ရဟန္တာကြီး၊ ရှင်ကောဠိကဆိုတဲ့ ရဟန္တာကြီးနှစ်ပါးက ဒီလုပ်လို့ရှိရင်ကွာတဲ့၊ မအိုမသေ အမြဲနေ
တဲ့ နိဗ္ဗာန်ရောက်ပါတယ်ဆိုတာ၊ ရဟန္တာနှစ်ပါး အမေးအဖြေလုပ်ပြီး ထောက်ခံချက်ပေးမယ်။ စိတ်ဆိုတာ
မြင်စိတ်၊ ကြားစိတ်၊ မွှေးတာနံတာသိတဲ့စိတ်၊ ဒါလည်းတရားလို့မှတ်ကြနော်၊ ပေါ်တာသိမှ ပျက်တာသိမှာ၊
လျှာအလယ်မှာ၊ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငံတယ်ဆိုတဲ့ စိတ်ပေါ်တယ်၊ နာကျင်ကိုက်ခဲ့ ယားနာတဲ့
စိတ်၊ ချမ်းသာတဲ့စိတ်နှင့် ဆင်းရဲ့တဲ့စိတ်က ကိုယ်ပေါ်မှာပေါ်တယ်၊ ငါးမျိုးရှိသွားပြီနော်၊ ဒါအပြင်ဘက်မှာ
ပေါ်သောကြောင့်၊ အပြင်ဧည့်သည် ငါးယောက်၊ ဒါလဲတရားလို့မှတ်ကြနော်၊ အမြဲပေါ်တာမဟုတ်ဘူး၊ ပေါ်
တာကိုသိမှ ပျက်တာကိုသိမှာကိုး၊ ဒါက အရှုခံတရားတွေ သိအောင် ပြောနေတာ။
တခါတလေကျတော့လည်း၊ လောဘစိတ်၊ ဒေါသစိတ်၊ ပျံ့လွင့်တယ်ဆိုတဲ့ မောဟစိတ်၊ ဝမ်းထဲအကု
သိုလ်စိတ်ကသုံးခုပေါ့၊ ကုသိုလ်ဘက်က အလောဘစိတ်၊ အဒေါသစိတ်၊ အမောဟစိတ်လို့မှတ်ပါ၊ အတွင်း
ဧည့်သည် ခြောက်ယောက်လို့မှတ်လိုက်စမ်းပါ၊ အပြင်ကလည်းခြောက်ဆိုလည်း ဟုတ်တာပဲ၊ ငါးဆိုလည်း
ဟုတ်တာပဲနော်၊ ဒါဧည့်သည်ဆိုသဖြင့် ကျုပ်တို့ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ကြုံတဲ့အခါရှုဖို့ပဲ၊ မကြုံတဲ့ အခါကျ
တော့ သက်စောင့်ရှိသေးတယ်ဟေ့လို့ ပြောရမယ်၊ သက်စောင့်က လေကိုထုတ်တဲ့စိတ်၊ လေကို ပြန်ရှိုက်တဲ့
စိတ်၊ ဒီစိတ်နှစ်ခုက ဧည့်သည် ဆယ့်နှစ်ယောက်မရှိလို့ရှိရင် အသက်စောင့်နေတယ်။ စိတ်ဆိုတာ နာမ်ဓမ္မ
လို့ မှတ်တော့၊ စိတ်ဟူသမျှ ရုပ်ပေါ်မှာပေါ်ရတယ်၊ စိတ်ကနာမ်၊ အောက်က သူ့အရှုခံက ရုပ်ပေါ့ဗျာ၊ မျက်
လုံးစိတ်ဆိုလို့ရှိရင် မျက်လုံး ရုပ်ပေါ်မှာ ပေါ်မှာပဲ၊ နားစိတ်ဆိုလို့ရှိရင်လဲ နားရုပ်ပေါ်မှာ ကြားစိတ်ပေါ်မှာပဲ၊
ဒီတော့..နာမ်ရုပ်ခွဲစရာလိုသေးလား၊ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် နာမ်ရုပ်ပေါ်တာပဲ၊
ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် (နာမ်ရုပ်ပဲ ရှိပါတယ်) ဒါဖြင့်၊ မြင်တာ၊ ကြားတာ နာမ်ရုပ်...ကြားတာ၊၊ ဒါဖြင့်
နာမ်ရုပ်အထူးခွဲစရာလိုသေးလားမ (မလိုပါဘုရား) ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်ရပြီ။
သူ့နေရာနဲ့သူ တွဲလျက်ပေါ်နေတယ်ဆို
ဒကာ ဒကာမတွေ ဒီနေ့အလုပ်တရားကို ရှေ့ပိုင်းကပေးရမယ်၊ ပြီးတော့မှ အလုပ်တရားပေးပုံကို ရှင်သာရိ
ပုတ္တရာဆိုတဲ့ ရဟန္တာကြီး၊ ရှင်ကောဠိကဆိုတဲ့ ရဟန္တာကြီးနှစ်ပါးက ဒီလုပ်လို့ရှိရင်ကွာတဲ့၊ မအိုမသေ အမြဲနေ
တဲ့ နိဗ္ဗာန်ရောက်ပါတယ်ဆိုတာ၊ ရဟန္တာနှစ်ပါး အမေးအဖြေလုပ်ပြီး ထောက်ခံချက်ပေးမယ်။ စိတ်ဆိုတာ
မြင်စိတ်၊ ကြားစိတ်၊ မွှေးတာနံတာသိတဲ့စိတ်၊ ဒါလည်းတရားလို့မှတ်ကြနော်၊ ပေါ်တာသိမှ ပျက်တာသိမှာ၊
လျှာအလယ်မှာ၊ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငံတယ်ဆိုတဲ့ စိတ်ပေါ်တယ်၊ နာကျင်ကိုက်ခဲ့ ယားနာတဲ့
စိတ်၊ ချမ်းသာတဲ့စိတ်နှင့် ဆင်းရဲ့တဲ့စိတ်က ကိုယ်ပေါ်မှာပေါ်တယ်၊ ငါးမျိုးရှိသွားပြီနော်၊ ဒါအပြင်ဘက်မှာ
ပေါ်သောကြောင့်၊ အပြင်ဧည့်သည် ငါးယောက်၊ ဒါလဲတရားလို့မှတ်ကြနော်၊ အမြဲပေါ်တာမဟုတ်ဘူး၊ ပေါ်
တာကိုသိမှ ပျက်တာကိုသိမှာကိုး၊ ဒါက အရှုခံတရားတွေ သိအောင် ပြောနေတာ။
တခါတလေကျတော့လည်း၊ လောဘစိတ်၊ ဒေါသစိတ်၊ ပျံ့လွင့်တယ်ဆိုတဲ့ မောဟစိတ်၊ ဝမ်းထဲအကု
သိုလ်စိတ်ကသုံးခုပေါ့၊ ကုသိုလ်ဘက်က အလောဘစိတ်၊ အဒေါသစိတ်၊ အမောဟစိတ်လို့မှတ်ပါ၊ အတွင်း
ဧည့်သည် ခြောက်ယောက်လို့မှတ်လိုက်စမ်းပါ၊ အပြင်ကလည်းခြောက်ဆိုလည်း ဟုတ်တာပဲ၊ ငါးဆိုလည်း
ဟုတ်တာပဲနော်၊ ဒါဧည့်သည်ဆိုသဖြင့် ကျုပ်တို့ ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ ကြုံတဲ့အခါရှုဖို့ပဲ၊ မကြုံတဲ့ အခါကျ
တော့ သက်စောင့်ရှိသေးတယ်ဟေ့လို့ ပြောရမယ်၊ သက်စောင့်က လေကိုထုတ်တဲ့စိတ်၊ လေကို ပြန်ရှိုက်တဲ့
စိတ်၊ ဒီစိတ်နှစ်ခုက ဧည့်သည် ဆယ့်နှစ်ယောက်မရှိလို့ရှိရင် အသက်စောင့်နေတယ်။ စိတ်ဆိုတာ နာမ်ဓမ္မ
လို့ မှတ်တော့၊ စိတ်ဟူသမျှ ရုပ်ပေါ်မှာပေါ်ရတယ်၊ စိတ်ကနာမ်၊ အောက်က သူ့အရှုခံက ရုပ်ပေါ့ဗျာ၊ မျက်
လုံးစိတ်ဆိုလို့ရှိရင် မျက်လုံး ရုပ်ပေါ်မှာ ပေါ်မှာပဲ၊ နားစိတ်ဆိုလို့ရှိရင်လဲ နားရုပ်ပေါ်မှာ ကြားစိတ်ပေါ်မှာပဲ၊
ဒီတော့..နာမ်ရုပ်ခွဲစရာလိုသေးလား၊ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် နာမ်ရုပ်ပေါ်တာပဲ၊
ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် (နာမ်ရုပ်ပဲ ရှိပါတယ်) ဒါဖြင့်၊ မြင်တာ၊ ကြားတာ နာမ်ရုပ်...ကြားတာ၊၊ ဒါဖြင့်
နာမ်ရုပ်အထူးခွဲစရာလိုသေးလားမ (မလိုပါဘုရား) ဒါဖြင့် နာမရူပ ပရိစ္ဆေဒဉာဏ်ရပြီ။
သူ့နေရာနဲ့သူ တွဲလျက်ပေါ်နေတယ်ဆို
Monday, September 16
မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားမြင်မှ ဘုရားမြင်တယ် (၀က္ကလိရဟန်း)
မနေ့က ၀က္ကလိကို တစ်ဝက်ကဖြတ်ပြီး နိဗ္ဗာန်ကူးပုံကိုဟောတယ်။ ဒီကနေ့
ဝက္ကလိအစက စပြီး ဆက်ပေးလိုက်မယ်။ နို့မဟုတ်ရင် သံသယရှိနေကြလိမ့်မယ်နော်။
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာကြည့်လိုက်တဲ့အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
ဝက္ကလိလည်း ဒီကနေပြီးသကာလ ရှိခိုးဦးတင်ပါတယ်၊ သို့သော် သနားသဖြင့် ၀က္ကလိရှိရာသို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွပေးပါဆိုတာ မင်းတို့က လျှောက်ကြလို့ သူကမှာလိုက်တယ်။
အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မင်း သီလကို သံသယရှိသလား၊ ဒကာ ဒကာမတွေ ဒီမေးခွန်းလေးကို သတိထားပါ၊ မင်းကိုယ်နဲ့မင်းသီလကို သံသယရှိလားလို့မေးလိုက်တယ်။
ဒါ ဘုရားကမေးလိုက်တယ်၊ သီလဆိုတာ ဒကာ ဒကာမတို့ သီလပျက်တဲ့ ပုဂ္ဂိုလ်များ၊ သီလ မှားယွင်းတဲ့ ပုဂ္ဂိုလ်များ၊ သေတော့မယ်ဆိုလို့ရှိရင်ဖြင့်၊ ကိုယ့်ကိုယ်ကို သံသယရှိတယ်။
သီလ ၀ိပဿိဆိုပြီးသကာလ ကိုယ့်သီလကို ပျက်စီးတဲ့အတွက် အင်း - ငါတော့ မှားခဲ့ပြီ၊ နေရာမကျဘူး၊ လိမ်ခဲ့ပြီ၊ ကောက်ခဲ့ပြီ၊ မုသားတွေပြောခဲ့ပြီ။
ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ အစရှိသည်တို့ဖြင့် ငါ့ဖြင့် လွန်ခဲ့၊ ကျွံခဲ့ပြီ၊ အဲတော့ ဒါတွေစဉ်းစားပါ့လား၊ ဒါ ဘယ်သူ့စွ
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့နေရာကြည့်လိုက်တဲ့အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
ဝက္ကလိလည်း ဒီကနေပြီးသကာလ ရှိခိုးဦးတင်ပါတယ်၊ သို့သော် သနားသဖြင့် ၀က္ကလိရှိရာသို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ကြွပေးပါဆိုတာ မင်းတို့က လျှောက်ကြလို့ သူကမှာလိုက်တယ်။
အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မင်း သီလကို သံသယရှိသလား၊ ဒကာ ဒကာမတွေ ဒီမေးခွန်းလေးကို သတိထားပါ၊ မင်းကိုယ်နဲ့မင်းသီလကို သံသယရှိလားလို့မေးလိုက်တယ်။
ဒါ ဘုရားကမေးလိုက်တယ်၊ သီလဆိုတာ ဒကာ ဒကာမတို့ သီလပျက်တဲ့ ပုဂ္ဂိုလ်များ၊ သီလ မှားယွင်းတဲ့ ပုဂ္ဂိုလ်များ၊ သေတော့မယ်ဆိုလို့ရှိရင်ဖြင့်၊ ကိုယ့်ကိုယ်ကို သံသယရှိတယ်။
သီလ ၀ိပဿိဆိုပြီးသကာလ ကိုယ့်သီလကို ပျက်စီးတဲ့အတွက် အင်း - ငါတော့ မှားခဲ့ပြီ၊ နေရာမကျဘူး၊ လိမ်ခဲ့ပြီ၊ ကောက်ခဲ့ပြီ၊ မုသားတွေပြောခဲ့ပြီ။
ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ အစရှိသည်တို့ဖြင့် ငါ့ဖြင့် လွန်ခဲ့၊ ကျွံခဲ့ပြီ၊ အဲတော့ ဒါတွေစဉ်းစားပါ့လား၊ ဒါ ဘယ်သူ့စွ
Thursday, September 12
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဟိုဘ၀ ဒီဘ၀၊ ဆုမတောင်းပါနဲ့ (အနာထပိဏ်သူဌေးကြီး)
အနာထပိဏ်သူဌေးကြီး
အနာထပိဏ်သူဌေးကြီးဆိုတာ
အားလုံးကြားဖူးကြတယ်၊ ဘုရား၏ ကျောင်းဒကာကြီးလို့ မှတ်ထားလိုက်တာပေါ့၊ အဲဒီ
ဘုရားကျောင်းဒကာကြီးဟာ တစ်နေ့ကို ကျောင်းတစ်ခေါက် နှစ်ခေါက်
သုံးခေါက်သွားလေ့ရှိတယ်၊ သွားတဲ့အခါမှာလည်း အလကားမသွားဘူး၊
မနက်သွားလို့ရှိရင် စောစောကြီး သွားလို့ရှိရင် ယာဂုတွေ ဘာတွေဆွဲသွားတယ်၊
ကိုရင်တွေ တွေ့ရင် ကိုရင်တွေ၊ မမာတဲ့ ရဟန်းတွေတွေ့ရင် မမာတဲ့ရဟန်းတွေ
လှူဒါန်းရအောင်၊ နေ့လယ်သွားလို့ရှိလည်း ပန်းတို့ ဖယောင်းတိုင်တို့ယူပြီး
သွားလေ့ရှိတယ်၊ ညသွားမယ်ဆိုတော့ စတုမဓူတို့၊ သကာတို့၊ ပျားရည်တို့ ညမှာ
ရဟန်းတော်များ သုံးဆောင်ကောင်းတာတွေ ယူပြီးသကာလ သွားလေ့ရှိတယ်။
ဒီလို ချည်းသွားနေတာ ဦးအောင်ဇံဝေ သုံးဆယ်နဲ့ရှစ်နှစ်လောက်သွားနေတယ်၊ နည်းတဲ့ အလှူအတန်း မဟုတ်ဘူးနော် …. (မှန်ပါ့)။
ဒါနကောင်းကြောင်းတရား
အဲဒီ အလှူအတန်းတွေ သူ နေ့တိုင်းလိုလိုပဲ လုပ်နေတယ်၊ နေ့တိုင်းလည်း သံဃာငါးရာ အိမ်မှာ ဆွမ်းကျွေးလို့နေတာပဲ။
နေပင်နေငြားသော်လည်း
ဘုရာနဲ့တွေ့ရင် သူ့ကို တရားဟောတာပဲ၊ ဒကာကြီး ….. ဒကာကြီးလှူတဲ့ ဒါနတွေဟာ
ငါဘုရားလည်း လုပ်ခဲ့တာပဲ၊ ငါဘုရားလမ်းစဉ်ကို ဒကာကြီးလိုက်နေတာ ကောင်းတယ် ….
ကောင်းတယ်၊ မောင်အောင်ချီ ဒါမျိုးတွေ ဟောနေတယ် ….. (မှန်ပါ့)။
ရှင်သာရိပုတ္တရာတို့၊
ရှင်မောဂ္ဂလာန်တို့ရဲ့  ကျောင်းကိုဝင်လိုက်ပြန်လည်း ဟာ …. ဒကာကြီးက ဒါနတွေ
လုပ်နေတာ သိပ်ကျေးဇူးများတာပဲ၊ မောင်အောင်မြ ရေ ….. ဒါန ကောင်းကြောင်း
ဟောပစ်လိုက်တယ် ….. (မှန်ပါ့)။
မမာမကျန်းဖြစ်တယ်
ဒီလိုနဲ့ပဲ
အချိန်တွေကုန်ပြီး သကာလ လာခဲ့တယ်၊
နောက်နှစ်ပေါင်းသုံးဆယ့်ရှစ်နှစ်ကျလာတော့ ဦးအောင်ဇံဝေ အနာထပိဏ်သူဌေးကြီး
မမာဘူး၊ မမာတော့ သူ့စိတ်မှာလည်း အင်း ဒီဝေဒနာကတော့ဖြင့် ဒီတောင်က
တက်နိုင်ပုံမရပါဘူးဆိုပြီး သူ့အခိုင်းအစေတစ်ယောက်ကို ခေါ်ပြီးတော့
ဘုရားဆီလွှတ်လိုက်ပါတယ်၊ ကွာ …. ဘုရားကိုလျှောက်ပါ၊ နောက်ရှင်သာရိပုတ္တရာတို့
အခန်းကိုလည်း ၀င်လိုက်ကွာ၊ ၀င်ပြီးသကာလ အနာထပိဏ်သူဌေးကြီးဖြင့်
မမာဘူးဘုရာ့၊ အိမ်လည်းကြွပေးပါ၊ အဲဒါ …. ရှင်သာရိပုတ္တရာကိုတော့
အိမ်ကြွဖို့လျှောက်ခဲ့ပါဆိုပြီးသကာလ သင်ကြားလွှတ်လိုက်တော့ သွားတဲ့ပုဂ္ဂိုလ်က
သွားတာပေါ့လေ၊ သွားတဲ့အခါကျတော့ ဘုရားဆီဝတ်ချပြီ ခုနင်က ပြောတဲ့အတိုင်း
အနာထပိဏ်သူဌေးကြီး မမာကြောင်း လျှောက်ခဲ့တာပဲ၊ ရှင်သာရိပုတ္တရာရဲ့ 
အခန်းဝင်ပြီးတော့ အရှင်ဘုရားများဘုရား သူဌေးကြီး မမာလို့
အိမ်ကြွပေးပါဦးဆိုတော့ ရှင်သာရိပုတ္တရာက သင်္ကန်းကလေး ဘာကလေးပြင်ဝတ်၊
ငါတစ်ယောက်တည်းသွားလို့ကတော့ မကောင်းပါဘူး၊ ညီတော် အာနန္ဒာကိုလည်း
ခေါ်ဦးမှပဲဆိုပြီး ညီတော် အာနန္ဒာနဲ့ ရှင်သာရိပုတ္တရာနဲ့ နှစ်ပါး
အနာထပိဏ်သူဌေးကြီးအိမ်ကို ကြွကြတယ်။
ရှင်သာရိပုတ္တရာ ကြွလာတယ်
ကြွကြတဲ့အခါကျတော့
ဒကာကြီး …. ဘယ့်နှယ့်နေသတုံး ဝေဒနာ၊ ဝေဒနာဟာ ရှေ့ သာ တိုးပါ တယ်ဘုရား …..
နောက်ဆုတ်တယ်လို့ မရှိပါဘူး၊ ခေါင်းကိုက်လိုက်တာလည်း လွန်လို့၊ ၀မ်းထဲက
ပူလိုက်တာလည်း လွန်လို့ အမျိုးမျိုး ဥပမာတွေနဲ့ သူပြောတယ်၊ ရှင်သာရိပုတ္တရာက
အကဲခတ်တယ်၊ ဘယ်လိုအကဲခတ်သတုံး ဆိုတော့ သြော် …. ဒီဝေဒနာကဖြင့် သေမည့်
ဝေဒနာပဲ၊ သေမည့်ဝေဒနာကို ဒီ့ပြင် စကားတွေ အားမလျှော့နဲ့
ဘာနဲ့ပြောနေဖို့ရာလည်း ဒီအလုံးတွေဟာ အပိုပါပဲ၊ တရားကိုပြောတာ
အကောင်းဆုံးပဲလို့ ဦးအောင်ဇံဝေ ဆုံးဖြတ်ချက်ချလိုက်တာ …. (မှန်ပါ့)။
ဘာပြောတာ အကောင်းဆုံးလဲ ….. (တရားပြောတာအကောင်းဆုံပါဘုရား)၊ တရားပြောတာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်ချက်ချလိုက်တယ် ….. (မှန်ပါ့)။
မြင်စိတ်ကိုမစွဲလို့ရှိရင်
ဒါနဲ့
ဒကာကြီး ကျုပ်တရားဟောမယ် နားထောင်စမ်းပါဆိုတော့မှ ဦးအောင်ဇံဝေတို့၊
မောင်အောင်ချီတို့၊ အုန်းကြည်တို့ကို ဘုန်းကြီးသင်ထားတဲ့ တရားကို ဟောတယ်
….. (မှန်ပါ့)။
ပါဠိတော်က …..
“ န စက္ခု ၀ိညာဏံ ဥပါဒိယိဿာမိ၊ နစ မေ စက္ခုဝိညာဏ နိဿိတံ ၀ိညာဏံ ဘ၀ိဿတီတိ ဧ၀ံ
ဟိ တေ ဂဟပတိ သိက္ခိတဗ္ဗံ ။ ”
ဒကာကြီး
…… တဲ့ ၊ မြင်စိတ်ကို မစွဲလို့ရှိရင် မြင်စိတ်ကြောင့်
နောက်ခန္ဓာမလာပါဘူးတဲ့၊ နောက်မြင်စိတ်နဲ့ တွဲမည့်ခန္ဓာမလာဘူးတဲ့၊ ရှင်းကြပလား
…. (ရှင်းပါပြီဘုရား)။
မြင်စိတ်ကိုမစွဲရင် …. (နောက်ခန္ဓာ မလာပါဘုရား)၊ နောက်ခန္ဓာမြင်စိတ်နဲ့ တွဲလာမည့်ခန္ဓာ လာသေးရဲ့ လား …. (မလာပါဘုရား)။
ကြားစိတ်ကို မစွဲရင်
ကြားစိတ်ကိုမစွဲလို့ရှိရင်
ဒကာကြီး …. တဲ့၊ နောက်ကြားစိတ်နဲ့တကွ ဖြစ်မည့် ခန္ဓာမလာပါဘူးတဲ့ ဆိုတော့
စက္ခုဝိညာဏ်၊ သောတ၀ိညာဏ်ပြီးတော့ နံစိတ်ကိုဟောလိုက်တယ်၊ နံစိတ်ကို
မစွဲလမ်းလို့ရှိရင်ဖြင့် နံစိတ်နဲ့ ပတ်သက်တဲ့ဝိညာဏ်နောက် မလာပါဘူး
စားစိတ်ကို မစွဲလမ်းလို့ရှိရင် စားတဲ့အခါ လျှာပေါ်မှာ စိတ်ကလေးပေါ်တယ်၊
အဲဒီစိတ်ကလေးကို မစွဲလမ်းလို့ရှိရင် စားစိတ်နဲ့ ပတ်သက်တဲ့ နောက်ခန္ဓာ
ဝိညာဏ်မလာပါဘူး၊ ယားစိတ် ယံစိတ် ကောင်းစိတ်တွေလည်း ဒါတွေကို
မစွဲလမ်းလို့ရှိရင်လည်း နောက် ယားစိတ် ယံစိတ် ကောင်းစိတ်တွေနဲ့ ပတ်သက်တဲ့
ခန္ဓာမလာပါဘူး။ ခန္ဓာချည်း မလာတာပေါ့လေ …. နော် …. (မှန်ပါ့)။
မနောစိတ်ကိုမစွဲရင်
မနောစိတ်တွေကို
ဘယ်စိတ်မဆို မစွဲလမ်းလို့ရှိရင်လည်း မနောစိတ်ဆိုတော့ လောဘ ဒေါသ မောဟ အလောဘ
အဒေါသ အမောဟ တွေပေါ့နော် …. အဲဒါတွေ မစွဲလို့ရှိရင်လည်း ဒကာကြီး …. တဲ့၊
နောက်မနောဝိညာဏ်တွေနဲ့ ပတ်သက်တဲ့ခန္ဓာ မလာပါဘူးတဲ့ ဒါ အလုပ်တရားကို ဟောနေတာ
…. (မှန်ပါ့)။
အဲဒီတော့
ဒီဒကာ ဒကာမတွေ အလုပ်လုပ်ဖို့ကို ဘုန်းကြီးက အကျယ်တ၀င့်ပြောရ လိမ့်မယ်၊
ဥပမာမယ် - မြင်စိတ်ကလေးပေါ်တယ်ဆိုရင် မြင်စိတ်မစွဲဘဲနဲ့ မြင်ရတာ ကောင်းတယ်၊
မမြင်ရရင် ကျုပ်က မကျေနပ်ဘူး၊ ရှုပ်ရှုပ်ထွေးထွေး ကြည့်ရမှဖြင့်
ဥပါဒါန်လာမယ်နော် …. (မှန်ပါ့)၊ ဟိုနား - ဒီနား စောင်းကြည့်ရင် ကာယကံပါမယ်၊
မပါပေဘူးလား …… (ပါ ပါတယ်ဘုရား)၊ ဒါဖြင့် တဏှာ၊ ဥပါဒါန် ကံကမလိုက်ဘူးလား …. (လိုက်လာပါတယ်ဘုရား)။
ဒါဖြင့်
တဏှာ ဥပါဒါန် ကံက လိုက်လာတော့ ကမ္မဘ၀ပစ္စယာ ဇာတိဆိုတဲ့ နောက်မြင်စိတ်နဲ့
တွဲလာတဲ့ ဇာတိခန္ဓာကြီးလာမလား မလာဘူးလား …. (လာပါတယ်ဘုရား)၊ ဇာတိ ခန္ဓာလာရင်
ဇရာ မရဏ သောက ပရိဒေ၀ ဆိုတာတွေ လွတ်ပါ့မလား …. (မလွတ်ပါဘုရား)။
မြင်စိတ်ကိုအနိစ္စရှုပါ
ဒါကြောင့်
မစွဲနဲ့ဆိုတော့ သူကတော့ မစွဲနဲ့ ဟောတယ်၊ ဘုန်းကြီးတို့ကတော့ ဒီ ဒကာ
ဒကာမတွေ နားမလည်မှာစိုးလို့ မစွဲနဲ့ဆိုတာ ဒီအတိုင်းနေဖို့မဟုတ်ဘူး၊
ဒီမြင်စိတ်ကလေးကို အနိစ္စရှုဖို့ပဲ ….. (မှန်ပါ့)၊ ရှင်းကြပလား ….
(ရှင်းပါပြီဘုရား)။
မြင်စိတ်ကလေး အနိစ္စရှုတော့ကို တဏှာ ဥပါဒါန်ဆိုတဲ့ စွဲတာလာသေးရဲ့ လား …. (မလာပါဘုရား)။
အဲဒီတော့
ဒီဒကာ ဒကာမတွေမှာ မြင်တယ်ဆိုလို့ရှိရင်ပဲ တစ်ခါတည်း စိုက်နေေ
Sunday, September 8
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိပြုတ်တရားတော်(၂) သာသနာတွင်းသာဖြစ်မှ မဂ်ဥာဏ်ရမည်
တရားအားထုတ်တဲ့အခါကျလို့ရှိရင်ဖြင့်
သာသနာအတွင်း သားဖြစ်လို့ရှိရင် မဂ်ဥာဏ်ရမယ်၊
သာသနာတွင်းသားမဟုတ်လို့ရှိရင် မဂ်ဥာဏ်မရနိုင်ဘူး၊ သာသနာတွင်းသားဖြစ်ရင် …
(မဂ်ဥာဏ်ရနိုင်ပါတယ် ဘုရား) သာသနာတွင်းသားမဟုတ်ရင် …
(မဂ်ဥာဏ်မရနိုင်ပါဘူးဘုရား)။
မရနိုင်ဘူး၊
ကောင်းပြီ ဒါဖြင့် တို့သာသနာတွင်းလား၊ သာသနာပလားလို့ဆိုတာ
ကိုယ့်ကိုယ်ဝေဖန်ပါ…(မှန်ပါ့) သာသနာတွင်းသား ဟုတ်တယ်မဟုတ်ဘူး၊ သာသနာပမှာ
လူဖြစ်နေတယ်ဆိုတာလား၊ ကိုယ့်ဟာကိုယ် ဝေဖန်လိုက်ရင် ပေါ်လာတယ် … (မှန်ပါ့)။
ဒါ
ကြပ်ကြပ်စဉ်းစားပါ၊ သာသနာတွင်း သာသနာပဆိုတာက ဒကာ ဒကာမတို့ မှတ်စရာက
အခုသာသနာရှိနေတယ်၊ ရှိနေပေမယ့် သာသနာတွင်း အလုပ်မလုပ်လို့ရှိရင် သာသနာပ
ရှင်းပလား…(ရှင်းပါပြီဘုရား) သာသနာအတွင်းဖြစ်နေငြားသော်လည်း သာသနာတွင်း
အလုပ်မလုပ်လို့ရှိရင်… (သာသနာပပါဘုရား) ပေါ်ပြီ … (မှန်ပါ့)။
သာသနာတွင်းမှာ
သာသနာတွင်းအလုပ်လုပ်လို့ရှိရင်ဖြင့် သူသာသနာတွင်းသားရှင်းပြီ…
(ရှင်းပါပြီဘုရား) ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ကိုယ့်ကိုယ်ကို
စစ်ဆေးလိုက်လို့ရှိရင် ဝေဖန်လာတယ် ကိုယ့်ကိုယ်ကို
စစ်ဆေးလိုက်တဲ့အခါကျလို့ရှိရင် ရှင်းလင်းသွားပါတယ်။
သာသနာတွင်း
သာသနာပဆိုတော့ နှစ်ရှိတာကလိုရင်းလား၊ ကိုယ့်ဝမ်းထဲမှာ တရားထူးတာက
လိုရင်းလားဆိုတာလဲ မှတ်ပါဦး … (မှန်ပါ့) သာသနာကြီးရှိနေတာက လိုရင်းလား
ကိုယ့်သန္တာန်မှာ သာသနာတွင်း တရားရှိတာက လိုရင်းလားဆိုတဲ့ ဥစ္စာကိုလဲ
မှတ်ကြည့်ပါဦး … (မှန်ပါ့)။
မှတ်ကြည့်တဲ့အခါကျတော့မှ
သြော်…သာသနာတွင်း သူ့ဟာသူ သာသနာ ၂၅၀၀-ပျော့ပျော့ကျန်တော့တယ်ဆိုတာ
ဒါလိုရင်းမဟုတ်ဘူး၊ ကိုယ့်သန္တာန်ကိန်းတဲ့ သာသနာတွင်း တရားကိန်းမှ
သာသနာတွင်းလို့ မှတ်ကြစမ်းပါ…(မှန်ပါ့) ကိုင်းဒါဖြင့် သေသေချာချာ
ပြောပါမယ်။ ဒကာ ဒကာမတွေလည်း ဘယ်အခါမှ ဒီဥစ္စာကို မပျောက်အောင်
ဒီနှစ်ခုခွဲခြားပြီး သိနေလောက်အောင် မှတ်ထားကြပါ…(မှန်ပါ့) ရှင်းလို့
လွယ်တာမဟုတ်ဘူးတဲ့၊ ဟာ-တရားပွဲထဲမှာ နာလိုက်တာပဲ သာသနာတွင်း သာသနာပဟော
သွားတယ်၊ ကိုယ့်ကို ဟောသွားတာသာ သိလိုက်တယ်၊ ကိုယ့်ကိုယ်မှ
မဝေဖန်လို့ရှိရင်လည်း မတော်ဘူး (မှန်ပါ့) ဒါဖြင့်
ဘာလုပ်ကြရမယ်…(ကိုယ့်ကိုယ်ကို ဝေဖန်ကြရမှာပါဘုရား) သာသနာတွင်း
သာသနာပဟုတ်တယ် မဟုတ်တယ် ကိုယ့်ကိုယ်ကိုဝေဖန်ပါ…(မှန်ပါ့)
ဘယ်လိုပါလိမ့်…(ကိုယ့်ကိုယ်ကို ဝေဖန်ရမှာပါဘုရား)။
ကိုယ့်ကိုယ်ကို
ဝေဖန်ရမယ်နော်၊ ကဲ…ဒါဖြင့် ပြောတော့မယ်နော်၊ ကိုယ့်ကိုယ်ကို
ဝေဖန်ကြတာပေါ့၊ သာသနာပ တရားက ဘာတုန်း၊ သာသနာတွင်းတရားက
ဘာတုန်းလို့မေးတဲ့အခါကျမှ သာသနာပတရားက လှူဒါန်းပေးကမ်းပြီးသကာလနေတော့၊
အော်-တို့ကောင်းတာလုပ်တာပဲ၊ ငါကောင်းတာလုပ် ငါကောင်းကျိုး ပေးမှာပဲလို့
ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတာ ငါလုပ်မှာပဲဆိုတော့။ ကံ-ကံ၏
အကျိုးပေးယုံကြည်ပြီး သကာလ ဒါနတွေလုပ် သီလတွေ ဆောက်တည်နေကြတဲ့ဥစ္စာ
ကောင်းတာလုပ်တာပဲ၊ ကျုပ်တို့တော့ဖြင့် ကောင်းကျိုးပေးမှာပဲလို့ဆိုတော့ ကံ
ကံ၏ အကျိုးယုံကြည်ရာ မကျဘူးလား … (ကျပါတယ်ဘုရား) အဲဒါ သာသနာပ,
တရားရှင်းကြပလား … (ရှင်းပါပြီဘုရား) ဘာတရားတဲ့ … (သာသနာပတရားပါဘုရား)။
ကောင်းတာလုပ်ရင်
ကောင်းကျိုးပေးတာပဲ မကောင်းတာလုပ်ရင် မကောင်းကျိုးပေးတာပဲ၊
ကိုယ်ကောင်းတာလုပ်လို့ရှိရင် ကိုယ်ပဲခံစားရမှာပဲ၊
ကိုယ်မကောင်းတာလုပ်လို့ရှိရင် ကိုယ်ပဲအပါယ်လေးပါး သွားရမှာပဲ
မယုံကြည်ကြဘူးလား … (ယုံကြည်ပါတယ်ဘုရား)။
ဒီလို
ယုံကြည်တဲ့တရား ဒီလိုသိတဲ့ဥာဏ် ဒါသာသနာပတရားလို့ မှတ်လိုက်ပါ …
(မှန်ပါ့) ဘယ်လိုမှတ်ကြမယ်… (သာသနာပတရားလို့ မှတ်ရမှာပါဘုရား)
သာသနာပတရား၊ ကောင်းတာလုပ်ရင် … (ကောင်းကျိုးပေးမှာပါဘုရား)
မကောင်းတာလုပ်ရင်…(မကောင်းကျိုးပေးမှာပါဘုရား) အဲဒီ ယုံကြည်တာ ရော
ဥာဏ်ရောကို ဒီဟာဥာဏ်တော့ ဥာဏ်ပဲ၊ ဒီဥာဏ်သည်ကားလို့ဆိုလို့ရှိရင်
သာသနာပမှာ ပေါ်တဲ့ သဒ္ဓါနဲ့ သာသနာပမှာပေါ်တဲ့
ဥာဏ်ပဲလို့မှတ်လိုက်စမ်းပါ…(မှန်ပါ့)။
ဘယ်လိုဆိုကြပါ့မတုန်း…
(သာသနာပမှာရှိတဲ့ ဥာဏ်ပါဘုရား) သာသနာပမှာပေါ်တဲ့ … (ဥာဏ်ပါ ဘုရား) ဦးမူ
သေသေချာချာမှတ်… (မှန်ပါ့) ကောင်းတာလုပ်လို့ ကောင်းကျိုးပေးတာပဲ လှူလိုက်
ဒါန်းလိုက် ပေးလိုက် ကမ်းလိုက် သူကောင်းကျိုးတော့ပေးမှာပါပဲ၊
ဘယ်နည်းနဲ့မှ ဒီဥစ္စာလှူတာ ဒါန်းတာ ပေးတာ ကမ်း တာ မကောင်းကျိုးတော့ ပေးမှာ
မဟုတ်ပါဘူး ကောင်းကျိုးပေးမှာပဲ၊ ဒါကြောင့် ကျုပ်တို့တော့ ကြိုးစားရမှာ
ပဲ၊ ဒါမလုပ်ကောင်းဘူးလို့ ဟောတာမဟုတ်ဘူးတဲ့ ဥာဏ်ကကောင်းတာလုပ်
ကောင်းကျိုးပေးတယ်လို့တော့ သိတဲ့ဥာဏ်ရှိတယ် … (မှန်ပါ့)။
အဲဒီတော့
ဒီဥာဏ် ဘာဥာဏ်လို့ခေါ်ကြမတုန်းလို့ မေးလိုက်တဲ့အခါကျတော့မှ
သာသနာပမှာရှိတဲ့ ဥာဏ်ဖြစ်လေသောကြောင့် သာသနာပဥာဏ်လို့မှတ်လိုက်တာပေါ့ …
(မှန်ပါ့) သာသနာတွင်း မဟုတ်ဘူးတဲ့ ရှင်းပလား … (ရှင်းပါပြီဘုရား)
ကောင်းတာလုပ် ကောင်းကျိုးပေးမှာပဲ မကောင်းတာလုပ် မကောင်းကျိုးပေး တယ်လို့
လှူဒါန်း ပေးကမ်းနေကြတာ ကုသိုလ် အလုပ်တွေပြုပြီးသကာလ
အကုသိုလ်မပြုပဲနေကြတာ မ ကောင်းကျိုး ပေးမှာစိုးလို့ ငါပဲ
မကောင်းကျိုးခံစားရမှာပဲ။
ငါကောင်းတာလုပ်
ငါပဲ ကောင်းကျိုးခံစားရမှာပဲလို့ ဒီလောက်သိတဲ့ ဥာဏ် သာသနာတွင်းလား …
သာသနာပ,လား… (သာသနာပ,ပါဘုရား) တော်တော်ရှင်းသွားပြီ ဒါသာသနာပ,နော်
(မှန်ပါ့) သေသေချာချာ မှတ်ကြနော် … (မှန်ပါ) ကောင်းတာလုပ်
ကောင်းကျိုးပေးတာသိတဲ့ဥာဏ် မကောင်းတာလုပ် မကောင်းကျိုးပေးတယ်လို့
သိတဲ့ဥာဏ်သည် ဒီလိုသိတဲ့ဥာဏ် ဘာဥာဏ်ခေါ်ကြမယ်… (ကမ္မဿသတာဥာဏ်ပါဘုရား)၊
သာသနာပ,
အလုပ်ပေါ့ … (မှန်ပါ့) ဘယ်လိုဆိုကြပါမယ်…(သာသနာပါဘုရား)
ဘာကြောင့်တုန်းလို့ဆိုတော့ သာသနာပ,မှာ ထမင်းရည်ချောင်းစီး လှူကြ
ဒါန်းကြတာပဲ…(မှန်ပါ့) ဒါဆိုရင် သာသနာပမှာလည်း လှူကြတာပဲ၊
အခုသာသနာတွင်းမှာလည် လှူကြ ဒါန်းကြ ပေးကြ ကမ်းကြတာပဲ၊ သို့သော်တဲ့ ဒီဥစ္စာ
ကံ ကံ၏ အကျိုးကို ယုံကြည်ပြီးသကာလ သိတဲ့ဥာဏ်ဖြစ်လေသောကြောင့်
ကမ္မဿကတဥာဏ်။
ဒီအလုပ်ကိုသာ
ရပ်တန့်ပြီးနေကြမယ်ဆိုလို့ရှိရင် ဒီ့ထက်အထက်ကျတဲ့အလုပ်ကို မလုပ်ကြဘူး
ဆိုလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်း ကြုံသော်လည်း
သာသနာပဥာဏ်လို့ မှတ်လိုက် စမ်းပါ … (မှန်ပါ့) သာသနာတွင်း ကြုံငြားသော်လည်း
သာသနာပ, အလုပ်လုပ်နေတယ် ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
သာသနာတွင်းကြုံငြားသော်လည်း
… (သာသနာပ, အလုပ်လုပ်နေပါတယ်ဘုရား) ဘာကြောင့်တုန်း ဆိုတော့ ပဏ္ဏာသက
ဒါကကွာ - ငါလုပ်ငါရတာပဲ ငါမကောင်းတာလုပ် ငါမကောင်းကျိုး ပေးထာပဲ၊
ငါကောင်းတာလုပ် ငါကောင်းကျိုးပေးတာပဲဆိုတဲ့ သက္ကာယဒိဋ္ဌိမပြုတ်နိုင်ဘူးတဲ့ …
(မှန်ပါ့) ဒါကြောင့် သာသနာပမှာလည်း လှူကြ ဒါန်းကြတာပဲတဲ့၊ သက္ကာယဒိဋ္ဌိက
ပါတယ်ကွတဲ့၊ ဒီမျှလောက်နဲ့ ရပ်နေကြလို့ရှိရင် သက္ကာယဒိဋ္ဌိပါတာပဲ…(မှန်ပါ့)
ရှင်းပလား … (ရှင်းပါပြီဘုရား) အဲတော့ ဒါသာသနာတွင်း အလုပ်လား -
သာသနာပအလုပ်လားဆိုတာ အကဲခတ်ကြ … (သာသနာပ,အလုပ်ပါဘုရား) ဒီဥာဏ်သာဆုံးနေရင်
ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
နို့
ဒါဖြင့် ဘုရား-သာသနာတွင်း အလုပ်က ဘယ်ဟာပါလိမ့်၊ သာသနာပအလုပ်ကလည်း လှူမှု
ဒါန်းမှု-ပေးမှု ကမ်းမှု သီတင်း သီလ ဆောက်တည်မှု ကောင်းတာလုပ်
ကောင်းကျိုးပေးမှာပဲ၊ မကောင်းတာလုပ် မကောင်းကျိုးပေးမှာပဲဆိုတော့
သက္ကာယဒိဋ္ဌိ မပြုတ်လို့ သာသနာပအလုပ်မို့ရှိပါစေတော့ သာသနာတွင်းအလုပ်က
ဘယ်အလုပ်တုံး မေးဖို့မလိုဘူးလား…(လိုပါတယ်ဘုရား) သာသနာတွင်း
အလုပ်ကတော့ကွာ - တဲ့၊ နှစ်ခုစလုံး လုပ်ရမယ်(မှန်ပါ့) ရှင်းပလား …
(ရှင်းပါပြီဘုရား)
သာသနာတွင်းအလုပ်ကတော့
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိပြုတ်တရားတော်(၁) အရေးကြီးတဲ့အလုပ်၊ ကြီးသလိုလုပ်ပါ
အရေးကြီးတဲ့အလုပ်ကို
ဒကာ ဒကာမတွေက နှေးနှေးလုပ်လို့ရှိရင်ဖြင့် အပြစ်တစ်ခုခုတော့
တွေ့မှာပဲဆိုတာ မှတ်ထားရမယ်နော် … (မှန်ပါ့) အရေးကြီးတဲ့အလုပ်ကို
နှေးနှးမှ လုပ်ကြလို့ရှိရင် အပြစ်သင့်မှာပေါ့ … (မှန်ပါ့)
အရေးကြီးတဲ့အလုပ်မလုပ်ပဲ နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အပါယ်လေးပါးမှ
ခေါင်းပြူပြီးအပေါ်တက်နိုင်ဖို့ မမြင်ပါဘူး … (မှန်ပါ့)။
ဒါကြောင့်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးလည်း ဟောပါတယ်၊ အရေးကြီးတဲ့အလုပ်ကို
အရေးကြီးသလို လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့အလုပ်ကို အရေးကြီးသလို
လုပ်ကြစမ်းပါ၊ အရေးမကြီးတဲ့ အလုပ်ကို အသာချိတ်ထားပါလို့ ဦးဘရှင်းတို့ကို
ဆုံးမရတယ်၊ အရေးကြီးသောအလုပ် ဘာတုံးလို့ဆိုရင် ဘုန်းကြီးတို့ ဒကာ
ဒကာမတွေက မေးလို့ရှိရင်ဖြင့် ငရဲမျိုးစေ့ဖြုတ်လိုက်၊ ကိုစောမောင် …
ဘာဖြုတ်ရမတုံး…(ငရဲမျိုးစေ့ ဖြုတ်ရမှာပါ ဘုရား)။
ကိုစံလှတို့
မှတ်မိပါလိမ့်ဦးမယ်၊ ငရဲမျိုးစေ့ဘယ်သူပါလိမ့် (ဒိဋ္ဌိပါဘုရား) သက္ကာယဒိဋ္ဌိ …
(မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ငရဲမျိုးစေ့ဘယ်သူပါလိမ့် …
(သက္ကာယဒိဋ္ဌိပါဘုရား)။
ကောင်းပြီ
- ဒီ သက္ကာယဒိဋ္ဌိလည်း ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဟောတော်
မူပါတယ်၊ သံယုတ်ပါဠိတော်မှာ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မှာ - သတ္တိယာဝိယ
သြမဋ္ဌော ဒယှမာနောဝ မတ္တကေ သက္ကယဒိဋ္ဌိပ္ပဟာနာယ သတော
ဘိက္ခုပရိဗ္ဗဇေ-လို့ဟောလိုက်တယ်၊ ပါဠိရွတ်နေ အပိုပါပဲ၊
မြန်မာလိုပြောလိုက်ပါဆိုတော့ ကိုစောမောင်ကို တစ်ယောက်သော ပိုဂ္ဂုလ်က
အသွားမြမြထက်တဲ့ လှံကြီးနဲ့ ထိုးလိုက်တယ်နော် … (မှန်ပါ့)။
လှံအဝေးကနေပစ်လိုက်တယ်၊
ပစ်ထိုး-ထိုးလိုက်တဲ့အခါကျတော့ ကိုစောမောင်က အစွမ်းကုန်တော့ဖြင့်
တိမ်းမှာပဲ…(မှန်ပါ့) ဒီထက်မြန်တဲ့အလုပ်ရှိရင် ဒီထက်မြန်သလိုပဲ
တိမ်းရမှာပဲဆိုတဲ့ ဥစ္စာ အရှင်းသားပဲ … (မှန်ပါ့) ဒါ -
အမြန်ဆုံးလုပ်ရမဲ့ကိစ္စပဲဆိုတာ အားလုံး ဒကာ ဒကာမတွေ သိကြမှာပေါ့ …
(မှန်ပါ့)။
ဦးခေါင်းကို
မီးဖွားလေးတစ်ခု တခြားကလွင့်လာပြီး ဒီအုန်းဆီတို့ လိမ်းထားတဲ့
ခေါင်းပေါ်မှာ မီးဖွားလွင့်ပြီး မီးလေးက ဖျတ်ဖျတ်နဲ့
မြန်မြန်လောင်တဲ့အခါကြလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီထက် ပျာပျာသလဲ
လုပ်စရာကိစ္စ ရှိသေးရဲ့လား … (မရှိပါဘုရား) ထမင်းစာဖိတ်လည်း
မသွားနိုင်ပါဘူး၊ ကလေးငိုနေလဲ …(မသွားနိုင်ပါဘူးဘုရား) ဘာကြောင့်တုံး၊
ဒါ-အရင်ငြိမ်းရမှာကိုးဗျ … (မှန်ပါ့) ဦးဘရှင် ဒါ-အရင်ငြှိမ်းမှာပဲ …
(မှန်ပါ့)။
ငါဘုရားသခင်ကိုယ်တော်မြတ်ကြီး
သဗ္ဗညုတဥာဏ်နဲ့ ကြည့်ပါတယ်ကွာတဲ့၊ ဩော်-သက္ကာယဒိဋ္ဌိကို
ဒီလိုအမြန်ဖြုတ်ပြစ်လိုက်၊ ဒီ-မီးငြိမ်းတဲ့အမြန်မျိုးနဲ့ ဥာဏ်နဲ့နှုတ်ပစ်၊
ဒီလှံကို ရှောင်သလို-အမြန်ရှောင်ပစ်လိုက်ပေါ…(မှန်ပါ့)။
အဲ့လောက်
အမြန်ဟောတယ်လို့ သံယုတ်ပါဠိတော်မှာ ရှင်းကြပလား … (ရှင်းပါပြီဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ ဒီထက်မြန်စရာကော ရှိသေးရဲ့လား … (မရှိတော့ပါဘူး)
ဘုရားက အရေးကြီးတဲ့အလုပ် ဖြေးဖြေးမလုပ်ပါနဲ့လို့
စကားခင်းခဲ့တယ်…(မှန်ပါ့)။
အရေးကြီးတဲ့အလုပ်ကို
… (မြန်မြန်လုပ်ရမှာပါဘုရား) ဖြေးဖြေးလုပ်လို့ရှိရင် အပါယ်ရောက်သွား
လိမ့်မယ် … (မှန်ပါ့) ဦးဘရှင်း ဖြေးဖြေးလုပ်ရင် …
(အပါယ်ရောက်သွားမှာပါဘုရား) အရေးကြီးတဲ့ အလုပ်ကို အရေးကြီးသလို
မြန်မြန်လုပ်လိုက်ပါလို့ဆိုတာ အမြင်သေးတဲ့ပုဂ္ဂိုလ်က ပြောတာလား -
အမြင်ကျယ်ဆုံး ပုဂ္ဂိုလ်က ပြောတာလား အကဲခတ်ကြည့်ပါ … (အမြင်အကျယ်ဆုံး
ပုဂ္ဂိုလ်က ပြောတာပါဘုရား)။
အဲဒါ
ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တစတစလုပ်ရမှာပဲဆိုတော့ ဦးဘရှင်းအရူးရင်လည်း
ဖြစ်ပါလိမ့်မယ်၊ ဦးဘကလေးဘာခေါ်ကြမယ် … (အရူးရင်လဲဖြစ်ပါလိမ့်မယ်ဘုရား)
အရူးရင်လည်း ဖြစ်ပါလိမ့်မယ်၊ ဒကာ ဒကာမတို့ လောကတ္ထစရိယံ = လောကကြီးကို
ငါကယ်မယ်လို့ အသားလှူ-အသွေးလှူပြီး ခန္ဓာကိုယ်ပါလှူ-တိုင်းပြည်ပါလှူ-သားတွေ
မယားတွေပါလှူ-ဒီအမြင်ရချင်လို့ ငါသည်ကား ဆိုလို့ရှိရင် လှူခဲ့တာ
ဒီအမြင်ရတယ်၊ အမြင်မှန်ရတယ်၊ အမြင်မှန်ရတဲ့အထဲမှာမှ အရေးကြီးဆုံး
သတ္တ၀ါတွေ ကယ်တင်ဖို့ ငါရှာလိုက်တဲ့အခါ ဒိဋ္ဌိအရင်ဖြုတ်ဖို့ရာသည် သတ္တ၀ါတို့၏
တပည့်သားမြေးတွေအတွက်မှာဖြင့် အရေးကြီးဆုံး အလုပ်ပဲဆိုပြီးတော့
ကိုယ်တော်မြတ်ကြီးသည် အင်မတန်ကြီးကျယ်တ့ ဥာဏ်နဲ့ အမှန်ကို ကြည့်လိုက်တော့
ဒါ-အရင်ဖြုတ်ရမယ် … (မှန်ပါ့) ကိုပေါ် သဘောကျပလား … (ကျပါတယ်ဘုရား)။
ကိုင်း-ဘုန်းကြီးတို့
ဒကာ ဒကာမတွေ ဘာအရင်ဖြုတ်ကြမယ် … (သက္ကယဒိဋ္ဌိအရင်ဖြုတ်ရပါမယ် ဘုရား)၊
ရှင်းကြပါမယ် … (သက္ကယဒိဋ္ဌိအရင်ဖြုတ်ရပါမယ်ဘုရား) ရှင်းကြပါ ရှင်းကြပါ ဒါ -
တကယ်ဘုရား လည်း မရှိတော့ပါဘူး၊ ဘုရား၏ ကိုယ်စား ဓမ္မက္ခန္ဓာတွေရှိတယ်၊
ဓမ္မက္ခန္ဓာတွေကိုမှ တစ်ခါ ဘုန်းကြီးများက ကြည့်ပြီးဟောရတော့ ငါဘုရားမရှိရင်
ဒီဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် မင်းတို့ရဲ့ ဆရာဖြစ်ရစ်လိမ့်
မယ်လို့ပြောလို့ ဒီဆရာပြောတာ ပြောနေတာပဲ … (မှန်ပါ့)။
ဦးဘကလေး
ဘုရားမရှိတော့ရင် ဓမ္မက္ခန္ဓာတွေက ဆရာပဲ … (မှန်ပါ့) ဒီ - ဘုရားဟောအတိုင်း
ဘုန်းကြီးက သူ့ပါဠိတော်ရွတ်ပြီးသကာလ သူ့အတိုင်း ပြောနေတော့ ကိုစောမောင်
အရေးကြီးတဲ့အလုပ် - အရေးကြီးသလိုပဲ လုပ်ရမည် … (မှန်ပါ့)။
အရေးကြီးတဲ့အလုပ်
ဖြေးဖြေးလုပ်လို့ရှိရင်ဖြင့် မှားကြပါလိမ့်မယ် … (မှန်ပါ့)
မမှားပေဘူးလား … (မှားပါတယ်ဘုရား) အဲဒီတော့ ဒီလောက် ပြောနေလို့ရှိရင်ပဲ
ဦးဘရှင်းတို့က သြော် - တကယ်အရေးကြီး ပါလား၊ ခုနင်က ပြောသလိုပဲ ဦးခေါင်း
မီးလောင်တာ မြန်မြန်ငြိမ်းသလို၊ ရင်ဝလှံစူးနဲ့ ထိုးလိုက်တာကို အမြန်
ဆုံး တိမ်းရှောင်သလို၊ ကိုစောမောင်ရေ အရေးကြီးလိုက်စမ်းပါ …
(မှန်ပါ့ဘုရား)။
ဒီလောက်ထိအောင်
အရေးကြီးအောင် ပြောတယ်ဆိုတည်းက သာမညကရုဏာလား အလွန်ကြီး ကျယ်တဲ့
ကရုဏာလားဆိုတာ ဆုံးဖြတ်ချက်ချ … (အလွန်ကြီးကျယ်တဲ့ကရုဏာပါ)
ယုတ်စွအဆုံးဘုန်းကြီး ရိုးရိုးပဲပြောမယ်၊ လှူမှာဒါန်းမှာ ပေးမှာ
ကမ်းမှာတောင် နောက်ထားလိုက်ပါဦး၊ သူ့အရင်ဖြုတ်လိုက်ပါ … (မှန်ပါ့ဘုရား)
လှူဒါန်းမှာ ပေးမှာကမ်းမှာတောင် … (နောက်ထားရမှာပါ) သူ့အရင်ဖြုတ်ပြီးမှ
လှူလိုက်လို့ ရှိရင်ဖြင့် ၀ိပဋ္ဋဒါန ဖြစ်တယ် … (မှန်ပါ့ဘုရား)
နိဗ္ဗာန်ရောက်တယ်။
သူ
- ပါနေတဲ့ ဒါနဆိုရင်ဖြင့် သံသရာထဲမှာ မြှုပ်ချည်ပေါ်ချည် စုန်ချည်
ဆန်ချည်နေဦးမှာပဲ … (မှန်ပါ့ဘုရား) ဆိုတော့ ဘယ်လောက်အရေးကြီးလို့
သူပြောတယ်ဆိုတာလဲ၊ ဒကာ ဒကာမတို့ ရိပ်မိပလား … (ရိပ်မိပါတယ်)၊ ရှင်းပလား …
(ရှင်းပါပြီဘုရား)။
Tuesday, September 3
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိသာခနှင့် ဓမ္မဒိန္နာ အမေး-အဖြေ (၂) အလုပ်ပေးတရားတော်
မနေ့က
ဝေဒနာတွေက ၀ိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာထေရီမက ဖြေလိုက်တယ် …။ (မှန်ပါ)၊
ဘယ်လို မေးလိုက်သတုံးဆိုတော့ သုခဝေဒနာ မရှုလို့ရှိရင် အဘယ်တရား
ကိန်းပါသတုံး …။ (မှန်ပါ)၊ ဒုက္ခဝေဒနာ မရှုလို့ရှိလို့ရှိရင် အဘယ်တရား
ကိန်းပါသတုံး …။ (မှန်ပါ)၊ ဥပေက္ခာဝေဒနာ မရှုလို့ရှိရင် အဘယ်တရား
ကိန်းပါသတုံး … လို့ မေးလိုက်တယ်၊ ဓမ္မဒိန္နာထေရီမက သုခဝေဒနာဟာ
မရှုဘဲထားလို့ရှိရင် တဏှာနုသယ လိုက်ပါတယ်တဲ့၊ ရှင်းပါပြီနော် …။ (မှန်ပါ)။
သုခဝေဒနာ
မရှုကြရင် … (တဏှာလိုက်ပါတယ်ဘုရား)၊ တဏှာလိုက်တယ်ဆိုတာ သူကတော့
တိုးတိုးဖြေထားတာ …။ (မှန်ပါ)၊ ဒီက ဒကာ ဒကာမတွေ မှတ်ဖို့ရာကတော့ တဏှာ
ဥပါဒါန် ကံ ကျအောင် လိုက်တယ်လို့ ယူလိုက် …။ (မှန်ပါ)၊ တဏှာ ဥပါဒါန်
ကံကျအောင် လိုက်လို့ရှိရင်ဖြင့် ဘ၀လဲ ဆက်တော့မှာပဲဆိုပြီး
ဇာတိကျအောင်လိုက်လိုက် …။ (မှန်ပါ)၊ ဇာတိကျအောင် လိုက်-လိုက်တော့
သုခဝေဒနာ မရှုတဲ့ ပုဂ္ဂိုလ်ဟာ တဏှာလိုက်တယ်။ တဏှာလိုက်တော့ ဥပါဒါန်က
နိယာမသဘောနဲ့ လိုက်တယ်။ တဏှာလိုက်တော့ ဥပါဒါန်က နိယာမသဘောနဲ့ လိုက်တယ်။
ကံကလည်း နိယာမသဘောနဲ့ လိုက်တယ်။ ဇာတိကလည်း လိုက်တယ်။ အဲဒီ ဇာတိဟာ
ဘယ်ဇာတိလည်းဆိုတဲ့ အခါကျလို့ရှိရင် သာယာပြီး သေသောကြောင့် များသောအားဖြင့်
ပြိတ္တာဇာတိ …။ (မှန်ပါ)။
သုခဝေဒနာ မရှုကြရင် ဘာဖြစ်ကြမယ်ထင်သတုံး …။ (ပြိတ္တာဇာတိပါဘုရား)။
ဒါဖြင့်
သုခဝေဒနာကို ပြုံးရွှင်ပြီးသကာလ သဘောကျနေတဲ့ ပုဂ္ဂိုလ်ဟာ တိုတိုပြောတော့
အာသ၀လိုပြောတော့ ကာမာသ၀လိုက်တယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီ)။
ကာမာသဝ
ဆိုတဲ့ဥစ္စာဟာ လောဘကို ဆိုပါတယ်၊ ကာမာသ၀လိုက်လို့ရှိရင် ခင်ဗျားတို့
မှတ်စရာက ဘ၀ါသ၀လဲ လိုက်တာပဲ …။ (မှန်ပါ)၊ ရှင်းပလား …။
(ရှင်းပါပြီဘုရား)၊ ဘုံဘ၀မှာလဲ ဒီလိုပဲ ပျော်ပျော်နေချင်သေးတယ် ဆိုတဲ့
ဘ၀ါသ၀ကော … (လိုက်ပါတယ်ဘုရား)၊ အဲ … ကာမာသ၀ ဘ၀ါသ၀ဟာ လိုက်တော့တာပဲ …။
(မှန်ပါ)။
အဲဒါကြောင့်
မရှုမှတ်တဲ့ ပုဂ္ဂိုလ်မှာ ပြိတ္တာလမ်းကို သွားပါတယ်လို့ဆိုတော့ ရှုမှတ်တဲ့
ပုဂ္ဂိုလ်ကတော့ မောင်သစ်တို့၊ ဦးသံဒိုင်တို့ ရှားမှရှား … (မှန်ပါ၊
ရှားပါတယ်ဘုရား)၊ မရှားဘူးလား …။ (ရှားပါတယ်ဘုရား)၊ သုခကလေးပေါ်တယ်ဆိုပြီး
ပြုံးနေတာပဲ၊ ပြုံးပြီးသကာလ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ စားနေတာပဲ၊
ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ဒီဟာမျိုး နောက်ထပ်ဝယ်ဦးမယ် ဆိုတာ ပါလာတာပဲ …။
(မှန်ပါ)၊ နောက် ၀ယ်ဦးမယ်ဆိုတာ ဥပါဒါန် …။ (မှန်ပါ)၊ ၀ယ်မယ်ဆို
အခုသွားမှ ဆိုပြီး ကာယကံနဲ့သွား၊ ၀စီကံနဲ့ ဈေးဆစ် မလာကြဘူးလား …။
(လာပါတယ်)၊ ဒါတွေက ဘာတွေတုံး …၊ ကမ္မဘ၀ …။ (မှန်ပါ)၊၊ ကာယကံနဲ့သွားတာလဲ
ကမ္မဘ၀၊ ၀စီကံနဲ့ ဆစ်တာကော … (ကမ္မဘ၀ပါဘုရား)၊ ကမ္မဘ၀တွေပဲ၊ စေတနာဟံ ကမ္မံ
ဝဒါမိ - ဆိုတာ ဒါတွေ စေတနာကံ ပေါ်လာတယ် …။ (မှန်ပါ)၊။
အဲဒီ
ကမ္မဘ၀က နောင် သေသည်၏အခြားမဲ့၌ သူက ဇာတိကို ကျေးဇူးပြုတယ် …။ (မှန်ပါ)၊
ဇာတိဆိုတော့ များသောအားဖြင့် လောဘတဏှာက လာတော့ ပြိတ္တာဇာတိပဲ ကျေးဇူးပြုမယ်
…။ (မှန်ပါ)၊၊ များသောအားဖြင့် ဆိုပါတယ် …။ (မှန်ပါ)။
ဒါဖြင့်
ဒုက္ခဝေဒနာမရှုတဲ့ ဒကာ ဒကာမတွေကျတော့ကို ဒေါသလိုက်တယ်လို့ မှတ်ရမယ်နော် …။
(မှန်ပါ)၊ ဒေါသလိုက်လို့ရှိရင် ဒေါသ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊
ဥပါယာသ၊ အ၀ိဇ္ဇာ၊ သင်္ခါရ။ သင်္ခါရပြီးတော့ ၀ိညာဏ်ဆိုတာလဲ ပဋိသန္ဓေ၀ိညာဏ်လို့
မှတ်ထားလိုက်ကြစမ်းပါ၊ ဇာတိပဲ မှတ်ပါ …။ (မှန်ပါ)၊ ရှင်းပလား …။
(ရှင်းပါပြီ)။
အဲဒီ
ဇာတိကလဲ ဘာဇာတိတုံး မေးပြန်တော့ အ၀ိဇ္ဇာက လာသောကြောင့် များသောအားဖြင့်
တိရစ္ဆာန်ဇာတိ …။ (မှန်ပါ)၊ သူကလဲ မသေးလှဘူး …။ (မသေးပါဘုရား)၊
သဘောပါကြပလား …။ (ပါ - ပါပြီဘုရား)။
ဒါက ဘာအာသ၀လိုက်လာသတုံးဆိုရင် အ၀ိဇ္ဇာသ၀လိုက်တာတယ် …။ (မှန်ပါ)။
ဒါကြောင့်
ခင်ဗျားတို့ အာသ၀ဆိုတဲ့ ဥစ္စာသည် ဘုံအားဖြင့် ဘ၀ဂ်တိုင်အောင် လိုက်ပါတယ်၊
ဓမ္မအားဖြင့် သောတာပတ္တိမဂ်ရဲ့ ရှေးဂေါတြဘူတိုင်အောင် လိုက်တယ် …။
(မှန်ပါ)၊ ဒီတော့ အတော်ကန့်ကွက်နိုင်တဲ့ တရားပဲဆိုတာ
ထူးထူးခြားခြားမှတ်ပါ …။ (မှန်ပါ)၊ မပယ်ရင်တော့ဖြင့် လိုက်မှာပဲ၊
ပယ်ရင်တော့ဖြင့် မလိုက်ကြဘူးလို့ ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ …။
(မှန်ပါ)။
အဲဒါကြောင့်
ဒုက္ခပေါ်လဲ ခင်ဗျားတို့သည် ဖြစ်ပျက်ကို ရှုမိအောင် ရှုပါ။ သဘောပါပလား …။
(ပါ-ပါပြီ)၊ သုခပေါ်လဲ … (ရှုမိအောင် ရှုရပါမယ်)၊ ရှုမိအောင် ရှုရမှာပဲ၊
မရှုလို့ရှိရင် တိရစ္ဆာန်လမ်း၊ ပြိတ္တာလမ်း၊ အပါယ်လမ်းပဲဆိုတာ ငြင်းစရာ
မလိုဘူး …။ (မှန်ပါ)၊ သဘောပါကြပလား …။ (ပါ-ပါပြီ)။
ဥပေက္ခာဝေဒနာကို
မရှုမိပြန်ဘူး။ အ၀ိဇ္ဇာဘ၀ပဲ ပြန်လိုက်တယ် …။ (မှန်ပါ)၊ ဥပေက္ခာဆိုတာ
အင်မတန် နူးညံ့သိမ်မွေ့တယ်၊ ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ သိနိုင်တာ။
ဥာဏ်မရှိတဲ့ ပုဂ္ဂိုလ် မသိဘူး …။ (မှန်ပါ)။
ဥပေက္ခာဝေဒနာပေါ်တာကို
ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှ သိတယ်။ ဥာဏ်မရှိတဲ့ ပုဂ္ဂိုလ် မသိပါဘူး၊
ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့လဲ အခု ဆရာသမားက ဟောထားတယ်။ မျက်စိ၊ နှာခေါင်း၊
လျှာ၊ ၀မ်းထဲမှာပေါ် တဲ့ ဥပေက္ခာဝေဒနာတွေ၊ ဒါတွေဟာ
ဥပေက္ခာဝေဒနာတွေချည်းပဲလို့ မှတ်ကြပါ …။ (မှန်ပါ)။
ကောင်းပြီ၊
ဒါဖြင့် ဥပေက္ခဝေဒနာ မရှုမိလို့ရှိရင်လဲ အ၀ိဇ္ဇာသ၀လိုက်တယ် …။ (မှန်ပါ)၊
အ၀ိဇ္ဇာသ၀လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရာပစ္စယာ
ဝိညာဏံဆိုတာက တရိစ္ဆာန်ဘုံမှာ ဖြစ်တတ်ပါတယ် …။ (မှန်ပါ)၊
ကြောက်စရာမကောင်းဘူးလား …။ (ကောင်းပါတယ် ဘုရား)။
လှူတဲ့တန်းတဲ့နေရာတောင်မှ
သြော် … ဒါဟာ ကိုယ်ခန္ဓာဖြစ်စေ၊ လှူဖွယ်ဝတ္ထုဖြစ်စေ၊ အနိစ္စ၊ ဒုက္ခ၊
အနတ္တမခြံရံလို့ရှိရင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေတဲ့၊ အ၀ိဇ္ဇာသ၀ လိုက်သေးတာပဲ
…။ (မှန်ပါ)၊ လှူတာ တန်းတာတောင်မှ ဘုံဘ၀ကို လိုချင်တာများကြတော့
အ၀ိဇ္ဇာသ၀ပါတယ် …။ (ပါ-ပါတယ်ဘုရား)။
ဒါကြောင့်
မနေ့ကပြောခဲ့တယ်၊ အ၀ိဇ္ဇာသ၀က ဆုတောင်းခိုင်းတာ၊ လူ့ပြည်၊ နတ်ပြည်၊
ဗြဟ္မာ့ပြည် ရောက်ရပါလို၏ ဆိုတော့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟာ
ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာမှန်း မသိတာက အ၀ိဇ္ဇာ၊ အ၀ိဇ္ဇာက ဆုတောင်းခိုင်းတာ …။
(မှန်ပါ)၊ ဒါကြောင့် အ၀ိဇ္ဇာသည် တဏှာကိုလဲ ဖြစ်စေနိုင်တယ်၊ ရှင်းပလား …။
(ရှင်းပါပြီ)၊ မသိတော့ ဆုတောင်းတယ်။ မသိတာက ဘာတုံး …။ (အ၀ိဇ္ဇာပါ)၊
ဆုတောင်းတာ က … (တဏှာပါ)၊ တဏှာဆိုတော့ ကာမာသ၀ရော၊ သ၀ါသ၀ရောလိုက်တယ်။
အ၀ိဇ္ဇာသ၀လဲ လိုက်တယ် …။ (မှန်ပါ)၊ ရှင်းကြပလား …။ (ရှင်းပါပြီဘုရား)။
အဲဒီတော့ကို
အလှူတစ်လှူမှာ လွတ်ကျွတ်အောင် လှူတဲ့အလှူဟာ ဒကာ ဒကာမတွေ ရှားမှရှားတယ်
…။ (မှန်ပါ)၊ ၀ဋ်လည်တဲ့အလှူများတယ် …။ (မှန်ပါ)၊ ၀ဋ်လည်တာက ဒါနကလည်တာလား၊
ဒါနနောက်က အသိမရှိလို့ လည်တာလား ဆိုတာကိုလဲ ဦးသံဒိုင်တို့က အကဲခတ်ရမယ်
…။ (ဒါနနောက် အသိမရှိလို့ လည်တာပါဘုရား)၊ အသိမရှိလို့လည်တာ၊ ဒါနကတော့
မလည်အောင်လှူရင် မလည်ပါဘူး၊ ဒါနကတော့ ဒါနံ ဥပနိဿာယ ဈာနံ ဥပ္ပါဒေတိ
မဂ္ဂံဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ မဂ်အဘိဥာဏ်တောင် ကျေးဇူးပြုနိုင်တယ်လို့
ဘုရားက ဟောတော်မူတာပဲ …။ (မှန်ပါ)၊ ဟောပင်ဟောငြားသော်လဲ ဒကာ ဒကာမတွေ
အဲဒီကျအောင် မလုပ်ကြဘူးတဲ့။ ဈာန်ကို ဖြစ်စေတယ်လို့ ဆိုလို့ရှိရင်
ဈာန်ရစေတဲ့တရားကို ရှုပေးရမယ်၊ မဂ္ဂံဥပ္ပါဒေတိ ဆိုလို့ရှိရင်
မဂ်လိုက်ပေးရမယ် …။ (မှန်ပါ)၊ ခင်ဗျားတို့က ဈာန်လဲ မလိုက်
မဂ်လဲမလိုက်တော့ကို နောက်ဆုံးပိတ်မှာ ၀ိပဿနံဥပ္ပါဒေတိ … ၀ိပဿနာလေးလဲ
လုပ်ပါဦး …။ မပါဘူးလား …။ (ပါ - ပါတယ်)၊ မဂ္ဂံဥပ္ပါဒေတိ … စသည်နဲ့
ဟောတော်မူတော့ သူက လည်စေနိုင်တာ မဟုတ်ပါဘူး သူက ဒီလိုထိအောင်
အကျိုးအကြောင်း ဆက်နိုင်ပါတယ်လို့ ပြောတာကို ဒကာ ဒကာမတွေက သူ ဆက်တဲ့ဆီကို
မသွားဘဲနဲ့ ကိုယ်ဆက်ချင်တဲ့ဆီကို ဆက်ပစ်လိုက်ကြတယ် …။ (မှန်ပါ)၊
ရှင်းပလား …။ (ရှင်းပါပြီ) ကိုယ်ဆက်ချင်တာ ဆက်ပစ်လိုက်တော့ အ၀ိဇ္ဇာတို့၊
တဏှာတို့ ရောက်လာတယ် …။ (မှန်ပါ)၊ သဘောပါပလား …။ (ပါ-ပါပြီ)၊
ဘာလိုက်လာသတုံး …။ (အ၀ိဇ္ဇာတဏှာလိုက်ပါတယ်)။
အ၀ိဇ္ဇာတို့၊
တဏှာတို့ လိုက်တာတော့ အ၀ိဇ္ဇာက အ၀ိဇ္ဇာ ဘ၀၊ တဏှာက ကာမာဘ၀၊ ဘ၀ါသ၀။
အဲဒါတွေလိုက် လာတဲ့အခါ ဟို ပဋိစ္စသမုပ္ပါဒ် အ၀ိုင်းကြီးကနေပြီး
မျက်စောင်းထိုးကြည့်တဲ့အခါ ကာမာသ၀ဟာ သုညာဘိ သင်္ခါရ သွားဖြစ်တာပဲ …။
(မှန်ပါ)၊ သဘောကျပလား …။ (ကျပါပြီ)။
ကာမာသ၀ဟာ
ဘာဖြစ်သတုံး …။ (ပုညာဘိသင်္ခါရသွားပြီးဖြစ်ပါတယ်)၊ ပုညာဘိသင်္ခါရဆိုတော့
သွားရောပေါ့ …၊ (သင်္ခါရပစ္စယာ ၀ိညာဏံ။ ၀ိညာဏံ ဆိုတော့ ပဋိသန္ဓေ သက်သွားပြီ။
ပဋိသန္ဓေက ဇာတိ ဒုက္ခသစ္စာ …။ (မှန်ပါ)။
အဲဒီ
ဒုက္ခသစ္စာ သွားလိုက်တော့ကို ဒါနက ဇာတိလုပ်တာလား …၊ ဒကာ ဒကာမတွေ
သန္တာန်မှာရှိတဲ့ ပုညာဘိသင်္ခါရက လုပ်တာလား မေးလိုက် … (ပုညာဘိသင်္ခါရက
လုပ်တာပါ)။
အဲဒီမှာ
မယူတတ်၊ မစပ်တတ်လို့ မြတ်စွာဘုရား အလိုတော်မကျဘဲနဲ့ တဇွတ်ထိုး
ဟောလို့ရှိရင်ဖြင့် ဒါကို ဒါနဟာ သံသရာရှည်တယ်ကွ … ပြောလေ့ရှိကြတယ် …။
(မှန်ပါ)၊ ဒါက ကျမ်းဂန်ကို မညှိတတ်လို့ ဖြစ်ရတာလို့ ဦးသံဒိုင်တို့
မှတ်ကြပါ …။ (မှန်ပါ)။
ကျမ်းဂန်ကတော့
ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်သူ့မှ မငဲ့ဘဲနဲ့ ဟောကြားတော်မူတဲ့
နိတတ္ထဒေသနာတော်မှာ ဒါနံ ဥပနိဿယ ဈာနံဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ အဘိညံ ဥပ္ပါဒေတိ
သမာပတ္တိ ဥပ္ပါဒေတိ စသည်ဖြင့် ဟောကြားထားတယ် …။ (မှန်ပါ)၊ ဒါဟာ မမြင်ဘဲနဲ့
ဟောပါမလား …။ (မဟောပါဘုရား)၊ အဲဒါတွေကို သတိထားကြလို့ရှိရင် ဒါန
လုပ်ကြတဲ့အခါ ဈာန်ကလေးလဲ ရှုပေးပါ၊ မဂ်ကလေးလဲ ရှုပေးပါ၊ ၀ိပဿနာကလေးလဲ
လုပ်ပေးပါ ဆိုတဲ့ အဓိပ္ပါယ်ပါသားပဲ မဟုတ်လား …။ (မှန်ပါ)၊ မပါဘူးလား …။
(ပါ-ပါတယ်ဘုရား)၊ ပါပင်ပါငြားသော်လဲ ဒကာ ဒကာမတွေက ဒါနနဲ့ပဲ
ကျေနပ်နေကြတယ်၊ စာဂါနုဿတိနဲ့ပဲ ၀မ်းမြောက်မှုနဲ့ ခရီးဆုံးနေကြတယ်၊
ဝိပဿနာထိအောင် … (မပါ - ပါ ဘုရား၊ ၀ိပဿနာထိအောင် မပါတော့ ဒါနကနေပြီးတော့
ဗြဟ္မာဖြစ်အောင် ကျေးဇူးပြုလိုက်တယ်၊ သမထက သဘောကျပလား …။ (ကျပါပြီ)။
အဲဒီတော့ ဒါနက လုပ်တာလား၊ တရားဟောလိုလို့ ဖြစ်ရတာလား …။ (တရားဟောလိုလို့ ဖြစ်ရတာပါ)။
အဲဒါကြောင့်
တရားနာ၊ တရားဟောပေမယ့်လဲ ဘုရားသခင်ကိုယ်တော်မြတ်ကြီး အလိုရှိတဲ့ဆီကို
ရောက်အောင် ဟောနိုင်တဲ့ ဆရာသမားကလဲ ရှားတယ်၊ နာနိုင်တဲ့ ပရိသတ်ကလဲ
ရှားတယ်၊ သဘောကျ ပလား …။ (ကျပါပြီ)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီး
အလိုရှိတဲ့ဆီရောက်အောင်သွားတဲ့ ပုဂ္ဂိုလ် ရှားနေ တော့ လမ်းခုလပ်လောက်တွင်
ခရီးဆုံးသောင်တင်နေတတ်တယ် …။ (မှန်ပါ)၊ ကိုယ်သန်ရာကို
ဆွဲငင်ရေးသားထားကြတဲ့ စာအုပ်ကလေးတွေ လောက်သာကြည့်ပြီး ဘုရားဟောအစစ်
လိုရင်းထိအောင် မသွားနိုင်ကြလို့ရှိရင်လဲ ခင်ဗျားတို့မှာ တိမ်းတတ်၊
စောင်းတတ်မယ်ဆိုတာ မှတ်ကြရလိမ့်မယ် …။ (မှန်ပါ)၊ မမှတ်ထိုက်ဘူးလား …။
(မှတ်ထိုက်ပါတယ်ဘုရား)၊ ဒါလဲ အခုခေတ်မှာ အရေးကြီးနေပါတယ် …။ (မှန်ပါ)။
ကိုင်း
… ဒါနဲ့ ၀ိသာခသူဌေးက မေးလို့ ဓမ္မဒိန္နာ ထေရီမက ဖြေတဲ့အခါမှာ အနုသယသုံးပါး
လိုက်တယ်တဲ့ …။ (မှန်ပါ)၊ သုခဝေဒနာနောက်က တဏှာ၊ ဒုက္ခဝေဒနာနောက်က ဒေါသ၊
ဥပေက္ခာဝေဒနာ နောက်က အ၀ိဇ္ဇာ၊ နေရာတိုင်းပဲ လိုက်သလားလို့ မေးတော့
နေရာတိုင်းတော့ မလိုက်ပါဘူးတဲ့၊ ရှင်းပလား …။ (ရှင်းပါပြီ)။
နေရာတိုင်း
မလိုက်ဘူးဆိုတဲ့ဥစ္စာက ခုနင်က ၀ိပဿနာ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်ကျတော့
ဘယ့်နှယ်တုံး …။ (မလိုက်ပါဘုရား)၊ သုခဝေဒနာလာလဲ ဖြစ်ပျက်ရှုမယ်၊
ကျုပ်တို့က …။ (မှန်ပါ)၊ ဒုက္ခဝေဒနာလာလဲ … (ဖြစ်ပျက်ရှုပါမယ်)၊ ဥပေက္ခာလာလဲ …
(ဖြစ်ပျက်ရှုရပါမယ်)၊ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ နေရာတိုင်း
လိုက်တယ်လို့ ဆိုလို့ရသေးရဲ့လား …။ (မရပါဘုရား)။
အဲဒါကိုလဲ
ခွဲခြားပြီးသကာလ သိစေချင်လို့ ဓမ္မဒိန္နာနဲ့ ၀ိသာခတို့ အမေးအဖြေကို
ဆရာသမားက ထုတ်ဆောင်ပြပြီး ဟောကြားနေပါတယ် …။ (မှန်ပါဘုရား)။
ဒါဖြင့်
ဝိပဿနာ မပါလို့ရှိရင်တော့ ခင်ဗျားတို့အတွက် လည်ရတယ်ဆိုရမှာပဲ၊ ဒါနက
လည်ရတယ်လို့ … (မဆိုရပါဘုရား)၊ ဒါက တစ်နည်းဆုံးမ ဟောကြားတာ …။ (မှန်ပါ)။
ဒုတိယနည်းကို
ဟောကြားပါဦးမယ်၊ ဒီအထဲသွင်းပြီးတော့ …။ (မှန်ပါ)၊ ဒုတိယနည်းကို သဒ္ဓံ
ဥပနိဿာယ ဒါနံ ဒေတိ ဈာနံ ဥပ္ပါဒေတိ - မဂ္ဂံ - အဘိညံ - ဥပ္ပါဒေတိ။ မဂ္ဂံ၊
အဘိဘံတွေတောင် ပါပြီးသကာလ နေတာကို သူက အဲဒါကို မလိုချင်ဘဲနဲ့ ခုနကပြောတဲ့
လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်း သာ လိုချင်ပြန်တော့ သူလိုချင်တာကို
ဒါနက ကျေးဇူးပြုလိုက်ရတယ် …။ (မှန်ပါ)၊ သဘောကျပလား …။ (ကျပါပြီ)။
ဒါဖြင့်
ဘုရားကတော့ နိဗ္ဗာန်ကျအောင် အကျိုးပေးတယ်၊ ဈာန်မဂ်ဖိုလ်ကျအောင်
အကျိုးပေးနိုင်ပါ တယ်လို့ ဟောကြားပါလျက်သားနဲ့ ဈာန်မဂ်ဖိုလ်ကို သူ
မလိုချင်ဘဲနဲ့ သူ အရွေးလွဲတာနဲ့ သံသရာလည် ကြောင်း ဖြစ်ပါတယ်။ …။
(မှန်ပါဘုရား)၊ ဒီတော့ ဒါနအတွက်ကြောင့်လား၊ အလှူရှင်မိုက်တာလား …။
(အလှူရှင်မိုက်တာပါဘုရား)၊ ဒါကိုလဲ အကဲခတ်ရလိမ့်မယ် …။ (မှန်ပါ)။
ဒါနက ဆိုးဝါးတာလား …၊ အလှူရှင်က အရွေးမတတ်လို့ ဖြစ်ရတာလား …။ (အလှူရှင်က အရွေးမ တတ်လို့ ဖြစ်ရတာပါဘုရား)။
ဒါကို
ကိုယ့်အပေါ်တော့ အပြစ်မချဘဲနဲ့၊ တဇွတ်ထိုးပြောပြီးတော့ ဒါနဟာ
သံသရာရှည်တယ်လို့ ပြောကြတော့ သြော် … ခက်ပါသေးတော့တယ်လို့
မဆိုထိုက်ဘူးလား၊ ဆိုထိုက်မလား …။ (ဆိုထိုက်ပါတယ်ဘုရား)။
ဒါဖြင့်
အလှူ့ရှင်က အရွေးလွဲတတ်လို့လဲ ဒါနသည် လောကကြီးထဲလောက်ကိုသာ အကျိုးပေး
နေတာပဲ …။ (မှန်ပါ)၊ သဘောပါကြပလား …။ (ပါ - ပါပြီဘုရား)။
အဲဒီတော့
ဒကာ ဒကာမတွေ အရွေးလွဲမှုမှာလဲ အပြစ်ရှိတယ်၊ ၀ိပဿနာရှုဆိုတဲ့ နေရာမှာလဲ
မရှုမိတဲ့ အပြစ်လဲသင့်တယ် …။ (မှန်ပါဘုရား)၊ သဘောကျပလား …။ (ကျပါပြီ
ဘုရား)။
ဒီလို ယူမှသာလျှင် သူ့ဟာက ဘုရားသခင်ကိုတော်မြတ်ကြီး အလိုကျဖြစ်မယ် …။ (မှန်ပါဘုရား)။
ဒါဖြင့်
ပြောဟောနေကြငြားသော်လဲ မောင်သစ်တို့၊ ဦးသံဒိုင်တို့ သြော် … သူက ဒီတွင်
လမ်းဆုံးနေတာကိုးလို့ သူ့ကိုပဲ ချိန်ရမယ်၊ ကိုယ်က …။ (မှန်ပါ)။
ဒါကြောင့်
ခင်ဗျားတို့ တရားနာတဲ့ ပုဂ္ဂိုလ်များကလဲ ကိုယ်က ဘာမှ အသိဥာဏ် အခံကလေး
မပါဘဲနဲ့ နာလို့ရှိရင်လဲ တရားက သူများပါးစပ် လမ်းဆုံးတာပဲ …။ (မှန်ပါ)၊
ရှင်းပလား …။ (ရှင်းပါပြီ)။
သူများပါးစပ်
လမ်းဆုံးဆိုတာက ပညာရှိတဲ့ ပုဂ္ဂိုလ်များက ဘုရားဟော ဓမ္မက္ခန်ကျအောင်၊
လမ်းမှန်ကျအောင် နေရာဌာနအလိုက် ဆိုဆုံးမရင်လဲ ကိစ္စမရှိဘူးပေါ့ဗျာ …။
(မှန်ပါ)၊ သို့သော် ဒါကလဲ ရှားမှရှားပဲ …။ (မှန်ပါ)၊ မရှားဘူးလား …။
(ရှားပါတယ်)။
အဲဒီတော့
သူများပါးစပ် လမ်းဆုံးနေတော့ ခင်ဗျားတို့သည်ကားလို့ဆိုရင် ဒါနက
သံသရာရှည်တယ် လို့ ဟောလိုက်တဲ့ ဆရာနဲ့ တွေ့ပြန်တော့လဲ သူ
သံသရာရှည်တဲ့ဘက်ကို လမ်းဆုံးနေတာပဲ …။ (မှန်ပါ)၊ ဒါနသည် ဈာန်မဂ်ဖိုလ်ကို
ကျေးဇူးပြုတယ်၊ ဒါနဲ့ ပတ်သက်ပြီး သမထ၀ိပဿနာနဲ့ ခြံရံပြန်လို့ရှိရင်လဲ
အမြတ်ဆုံး ဒါနပဲ၊ နိဗ္ဗာန်တိုင်အောင် ကျေးဇူးပြု အကျိုးပေးတယ်လို့
ကျမ်းဂန်တွေ မတွေ့ဖူး ပြန်တော့လဲ သူများပါးစပ် လမ်းဆုံးတဲ့ ပုဂ္ဂိုလ်က
သူများ ဒါနကို ပယ်ပစ်လိုက်တယ် …။ (မှန်ပါ)၊ ပယ်ပစ်လိုက်တဲ့
အခါကျလို့ရှိရင် လမ်းဆုံးတဲ့ပုဂ္ဂိုလ်၏ စကားကို သူ ပယ်လိုက်တာလား၊
သူများပါးစပ် လမ်းဆုံးလို့ ပယ်လိုက်တာလား …။ အကုန်သိတဲ့
သဗ္ဗညုမြတ်စွာဘုရားရှင်၏ ဥာဏ်ကို လမ်းဆုံးတာလားလို့ မေးဖို့ လိုလာတယ် …။
(မှန်ပါ)။
ဒါနဟာ
စာဂလဲ …၊ ဒါကလေးလဲ မှတ်ပါဦး …။ (မှန်ပါ)၊ စာဂဆိုတာ စွန့်လိုက်တာ။
စွန့်လိုက်တယ် ဆိုရင် တဏှာသတ်တာပဲ။ ကိုယ့်ဥာဏ်သွင်း …။ (မှန်ပါ)၊ ကိုယ်က
ဥာဏ်သွင်းပါ၊ ဘယ့်နှယ်တုံး …။ (တဏှာ သတ်တာပါဘုရား)။
ကဲ
… ငါဟာ အဖြစ်မှ စွန့်လိုက်တဲ့ စာဂဖြစ်သွားတော့ ငါ့ဟာ အဖြစ်မှ
ဖြုတ်လိုက်တဲ့ ဒိဋ္ဌိဆက်ကော မဖြစ်နိုင်ဘူးလား …။ (ဖြစ်နိုင်ပါတယ်)၊
လုပ်တတ်လို့ရှိရင် တဏှာသတ်၊ ဒိဋ္ဌိသတ်ကြီး ဖြစ်နိုင်ပါတယ် …။ (မှန်ပါ)၊
ကိုယ်မလုပ်တတ်ပြန်တော့လဲ ငါရှိလို့ ငါလှူတာပဲဆိုတော့လဲ ဒိဋ္ဌိက လာပြန်လာပဲ
…။ (မှန်ပါ)၊ ငါလှူလို့ ငါခံစားရမှာပဲ ဆိုရင်လဲ သာယာတဲ့ တဏှာရော လာမှာပဲ။
မလာပေဘူးလား …။ (လာပါတယ်)။
အဲဒီတော့ ဘာအပေါ်မှာ မှီနေသတုံးဆိုတော့ ခင်ဗျားတို့ ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေတယ်လို့ မှတ်လိုက်စမ်းပါ …။ (မှန်ပါ)။
ဘယ်လိုမှတ်ကြမယ်
…။ (ပညာရှိ လမ်းညွှန်ကောင်းပေါ်မှာ မှီနေပါတယ်ဘုရား)၊ ပညာရှိ
လမ်းညွှန်ကောင်းပေါ်မှာ မှီနေတယ်ဆိုတော့ တရားနာတာလဲ ရွေးရမယ် …။
(မှန်ပါဘုရား)၊ ဒါ သေသေချာချာမှာပြီနော် …။ (မှန်ပါ)။
ဘာဖြစ်လို့
ရွေးရမှာတုံးလို့ မေးတဲ့အခါ သူ ဘယ်အခြေအနေတွင် လမ်းဆုံးနေသတုံး၊ သူ
သစ္စာဆိုက်သလား၊ မဆိုက်ဘူးလား အစရှိသည်နဲ့ ဒါကိုလဲ အမြဲတမ်း စဉ်းစားရမယ် …။
(မှန်ပါ)၊ ဒါကို စဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် အဖိုးတန်တယ်လို့
ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)၊ သစ္စာမသိသေးရင်တော့ …
(အဖိုးမတန်လှသေးပါဘုရား)။
ဒါကြောင့်
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စာမသိတော့ ငါလဲ သံသရာရှည်ခဲ့ရတယ်၊
မင်းတို့လဲ သံသရာ ရှည်ခဲ့ရတယ်ဟု ဟောကြားတော်မူတာ …။ (မှန်ပါ)၊ ဒါကြောင့်
သစ္စာသိပြီးမှ လုပ်ရင် အင်မတန် ကောင်းပါတယ်၊ သီလ ဆောက်တည်တယ်၊
သီလရှိပြီးမှ ၀ိပဿာ ကြိုးစားလို့ရတယ် …။ (မှန်ပါ)၊ သီလ မရှိလို့ရှိရင် …
(ကြိုးစားလို့မရပါဘုရား)။
သီလရှိတဲ့ပုဂ္ဂိုလ်
ဘာကို နှလုံးသွင်းရမှာတုံး …၊ ဒီနေ့ပဲ ဟောခဲ့ပါသေးတယ်။ ဘာ
နှလုံးသွင်းရမှာတုံး …၊ အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ရောဂတော၊ သလ္လတော၊
အဃတော၊ ပရတော၊ ပရလောကတော၊ သုညတော။ အဲဒါတွေ နှလုံးသွင်းပေါ့ … တဲ့။
အရှင်မဟာကောဋ္ဌိက - က မေးလို့ ရှင်သာရိပုတ္တရာ ဖြေလိုက်တယ် …။ (မှန်ပါ)။
ဒီလို
ဒေသနာတွေရှိတော့ သီလရှိပြီးတော့ ၀ိပဿနာလုပ်ပါ၊ ဒါ သောတာပတ္တိမဂ်
ရနိုင်တယ်ဆိုတာ သေချာပလား …။ (သေချာပါပြီ)၊ ဒါကိုလဲ ဖြည့်စွက်ပြီးသကာလ
ဒကာ ဒကာမတွေ မှတ်ကြပေါ့ …။ (မှန်ပါ)။
ဒါဖြင့်
ဒကာ ဒကာမတို့ သုခကို ရှုတဲ့အခါကျလို့ရှိရင် ရှုပုံကလေးကလဲ ဓမ္မဒိန္နာထေရီမက
ဖြေကြားပါတယ်။ သုခဝေဒနာဟာ ဖြစ်ပေါ်တုန်း သုခပါ၊ ပျက်စီးသွားတော့ ဒုက္ခပါ …။
(မှန်ပါ)။
ဖြစ်ပေါ်တုန်းတော့ … (သုခပါ)၊ ပျက်စီးသွားတော့ … (ဒုက္ခပါဘုရား)။
ဒါဖြင့်
သူ့ကို ဒုက္ခသစ္စာလို့ ရှုလိုက်ရင် ပြီးသွားတာပဲ …။ (မှန်ပါ)၊ သုခဝေဒနာက
ဖြစ်ပေါ်တုန်း တော့ဖြင့် သုခ။ ပျက်စီးသွားတော့ ဒုက္ခပါဘုရား၊ ဒါကြောင့်
ဘုရားက ဒုက္ခသစ္စာလို့ ဟောတော်မူတာပေါ့ …။ (မှန်ပါ)၊ ရှင်းပလား …။
(ရှင်းပါပြီဘုရား)။
ဒါဖြင့်
သုခဝေဒနာကို ကျုပ်တို့က ဒုက္ခသစ္စာလို့
ဖြစ်ပျက်ရှုလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ကာမာသ၀ - ပဋိစ္စသမုပ္ပါဒ်
ဘယ့်နှယ်နေသတုံး …။ (ပြတ်သွားပါတယ်)၊ ဦးသံဒိုင် ကာမာသ၀ ပဋိစ္စသမုပ္ပါဒ်
မပြတ်ပါနဲ့ဆိုလို့ … (မရပါဘုရား)၊ မရပါဘူး။
အဲဒီလိုရှုပါ၊ ဒီလိုရှုပါတယ်လို့ ဓမ္မဒိန္နာက သင်ပေးတယ် …။ (မှန်ပါ)၊ ရှင်းပလား …။ (ရှင်းပါပြီဘုရား)။
ဒုက္ခဝေဒနာတော့
ဘယ်လိုတုန်းဆိုတော့၊ ဒုက္ခဝေဒနာဟာ ပေါ်နေတုန်းတော့ ဆင်းရဲတယ်၊
ပျောက်သွားတဲ့အခါ ချမ်းသာတယ်၊ သဘောကျပလား …။ (ကျပါပြီ)၊ အဲဒီတော့
သူ့ကိုလဲ ဒုက္ခဝေဒနာလို့ ရှုပေမယ့်လဲ ခေါ်ဆဲသာရှုပါ၊ ပျက်သွားတဲ့အခါ
ပျက်သွားတဲ့အခါကျလို့ရှိရင်၊ ဖြစ်ပျက်ပဲဆိုရင် ဒါဟာ တည့်သွားတာပဲ …။
(မှန်ပါ)၊ သဘောကျပလား …။ (ကျပါပြီ)။
နို့
… ဥပေက္ခာဝေဒနာတော့ ဘယ်လိုရှုရမှာတုံးဆိုတော့ ဥပေက္ခာဝေဒနာကိုတော့
ဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်မှာ အနိစ္စဖြစ်တာပါပဲတဲ့၊ ဥပေက္ခာရယ်လို့
တွေ့မှာမဟုတ်ပါဘူး …။ (မှန်ပါ)၊ ဥာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာ အနိစ္စ
တွေ့တာပါပဲဆိုတာ သေသေချာချာ ဟောတယ် …။ (မှန်ပါ)။
သုခဝေဒနံ
ဘိက္ခဝေ ဒုက္ခတော ဒဋ္ဌဗ္ဗံ။ ဒုက္ခဝေဒနံ သလ္လတော ဒဋ္ဌဗ္ဗံ - လို့ ဟောတယ်။ သလ္လတော
ဆိုကတည်းက မြားငြောင့်ဆူးလို့ရှုပြီး သြော် … ဒါဟာ ဒုက္ခသစ္စာပါကလားလို့
ရှုရတယ် …။ (မှန်ပါ)၊ ဥပေက္ခာဝေဒနာ ဘိက္ခဝေ အနိစ္စတော ဒဋ္ဌဗ္ဗံ - တဲ့။
ဥပေက္ခဝေဒနာကိုတော့ အနိစ္စလို့ ရှုရမယ်တဲ့။ ဒါဟာ ရှုနည်းကို ဘုရားက ဝေဒနာ
သံယုတ်ပါဠိတော်မှာ ဟောကြားတော်မူတယ် …။ (မှန်ပါ)၊ သဘောကျပလား …။
(ကျပါပြီ)။
ကောင်းပြီ
ဒီလို နားလည်ထားတော့၊ ရှင်းသွားပြီဆိုတော့ ၀ိသာခသူဌေးကလဲ
ဓမ္မဒိန္နာထေရီမမှာ ရဟန္တာဖြစ်တယ်၊ မဖြစ်တယ်လဲ သိချင်သေးတာကိုး၊ ဒီတော့
ဆက်မေးတယ်။ သုခဝေဒနာနဲ့ ဘယ်သူနဲ့ ဆန့်ကျင်ဘက်တုံး …။ ဒုက္ခဝေဒနာနဲ့
ဘယ်သူနဲ့ ဆန့်ကျင်ဘက်တုံးလို့ မေးမြန်တော့ ဒါယကာ သူဌေးကြီးတဲ့၊ သုခနဲ့
ဒုက္ခဟာ တကယ့်ဆန့်ကျင်ဘက် … တဲ့ …။ (မှန်ပါ)။
ဒကာ
ဒကာမတွေလဲ ဒါလောက်တော့ သိကြပါပြီ …။ သုခဝေဒနာနဲ့ ဒုက္ခဝေဒနာဟာ ဘယ်တော့မှ
မတည့်ဘူး …။ (မှန်ပါ)၊ ကြည့်ကြရဲ့လား …။ (မတည့်ပါဘုရား)၊ မတည့်ပေမယ့်လဲ
ဆန့်ကျင်ဘက်မှန်းသိပြီး ထားတော့ ကျုပ်တို့က ဥာဏ်သွင်းရမယ်၊ ဒီနေရာမှာ …။
(မှန်ပါ)၊ သြော် … ခန္ဓာကိုယ်ထဲမှာ သုခဖြစ်နေရင် ဘယ်တော့မှ ဒုက္ခမဖြစ်ပါကလား
…။ ဒုက္ခဖြစ်နေရင်လဲ … (သုခမဖြစ်ပါဘုရား)၊ ဘာကြောင့်တုံး …။ ဆန့်ကျင်ဘက်၊
တွဲလို့ကို မဖြစ်ကောင်းဘူး …။ (မှန်ပါ)၊ အဲဒီတော့ ကျုပ်တို့
တစ်ခုပဲရှုဆိုတဲ့ အဓိပ္ပါယ်ပါသွား ပြီ …။ (ပါသွားပါပြီဘုရား)။
ဘာ
ပါသွားသတုံး …။ (တစ်ခုပဲရှုဆိုတဲ့ အဓိပ္ပါယ်ပါသွားပါတယ်ဘုရား)၊ အဲဒါက
တစ်ခုပဲရှုဆိုတာ ပေါ်နေတယ်၊ ဟိုကလဲ ဘယ်သူနဲ့ဘယ်သူ ဆန့်ကျင်ဘက်တုံးဆိုတာ
မေးတယ် …။ (မှန်ပါ)၊ မေးတဲ့အတွက် သုခနဲ့ ဒုက္ခ ဆန့်ကျင်ဘက်၊
အနုလောမ-ပဋိလောမ ဆန့်ကျင်ဘက်ပဲ …။ (မှန်ပါ)။
အဲဒီတော့
ဒကာ ဒကာမတွေ ဒုက္ခရှိရင် သုခမရှိဘူး၊ သုခရှိရင် (ဒုက္ခမရှိပါဘုရား)၊
အဲဒီလို ဥာဏ်ကလေးလုပ်ပြီး သကာလ သုခ ဝေဒနာ ရှိနေခိုက် သုခကို မိအောင်ဖမ်း
…။ (မှန်ပါ)၊ ဒုက္ခဝေဒနာရှိရင် … (ဒုက္ခဝေဒနာကို မိအောင်ဖမ်းရပါမယ်)၊
ဒုက္ခကို မိအောင်ဖမ်းပြီးသကာလ ခင်ဗျားတို့က သုခရှိနေလို့ရှိရင်လဲ
ဒုက္ခသစ္စာပဲ ရှု၊ ဒုက္ခရှိနေရင်လဲ … (ဒုက္ခသစ္စာပဲ ရှုရပါမယ်)။
ဒါဖြင့်
သုခ ဒုက္ခနဲ့တော့ ဘယ်သူနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါသတုံးလို့ မေးတဲ့အခါကျတော့
ထို့အတူပဲ ဥပေက္ခာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်၊ သဘောကျပလား …။ (ကျပါပြီ)၊
ဥပေက္ခာနဲ့လဲ ဆန့်ကျင်ဘက်ဖြစ်ပါ သေးတယ် ဆိုတော့ ဥပေက္ခာပေါ်နေရင် သုခနဲ့ ဒုက္ခ
မပေါ်ဘူး …။ (မှန်ပါ)၊ ရှင်းကြပလား …။ (ရှင်းပါပြီ)။
ဒါဖြင့်
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနဲ့ ၀မ်းထဲမှာ ဥပေက္ခာဝေဒနာတစ်ခုခု
ပေါ်နေရင်လဲ ခင်ဗျားတို့ ဘာလုပ်ကြမယ် …။ (ဖြစ်ပျက်ရှုရပါမယ်ဘုရား)၊
ရှုရမှာပဲ၊ နို့မဟုတ်ရင် ရှုစရာမရှိဘူး ဖြစ်နေဦးမယ်၊ မဟုတ်ဘူး၊
ဆန့်ကျင်ဘက် တစ်ခုခုကတော့ ပေါ်လျက်ချည်းပဲ …။ (မှန်ပါ)။
ခန္ဓာထဲမှာ ဆန့်ကျင်ဘက်ဝေဒနာတစ်ခုခုကတော့ … (ပေါ်လျက်ချည်းပါဘုရား)၊ ပေါ်လျက်ချည်းပဲ ဆိုတာ သေချာပလား …။ (သေချာပါပြီ)။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိသာခနှင့် ဓမ္မဒိန္နာ အမေး-အဖြေ (၁) အလုပ်ပေးတရားတော်
န
အာဂစ္ဆတီ တိ အနာဂါမီ၊ အနာဂါမီ - အနာဂါမ် တည်ပြီးသော ပုဂ္ဂိုလ်သည်၊ န
အာဂစ္ဆတိ - ကာမဘုံသို့ မလာဘူး၊ သူ ရထားတာကတော့ ကာမဘုံနဲ့
ထိုက်တန်တဲ့တရားကို မဟုတ်ဘူး၊ ကာမဘုံ ပယ်စွန့်ပြီးသား တရားကို ရထားတယ် …။
(မှန်ပါ)၊ ရွှေ ငွေ ကျောက်သံပတ္တမြား၊ သား မယား အာရုံ အလုံးစုံ
အကုန်ချုပ်ငြိမ်းတဲ့ မဂ်ကို ရထားတယ်လို့ ဆုံးဖြတ်ချက်ချပါ …။ (မှန်ပါ)။
ဒါနဲ့
ဒကာမက နံနက် မိုးလင်းလဲ ပြောလိမ့်မယ် ထင်ပါရဲ့လို့ စောင့်နေတဲ့အခါ
မိုးလင်းတော့လဲ မပြော၊ ဒီတော့ သူ ငိုကာ ရယ်ကာနဲ့သွားပြီး ကျုပ်မှာ
ဘာအဖြစ်ရှိသတုံးဆိုတဲ့ အမေးမျိုး သွားပြီး မေးလိုက်တယ်။ ဘာမှ
အပြစ်မရှိပါဘူးဆိုတဲ့ စကားပြောလိုက်တယ်။ ငါ့မှာက ကုဋေလေးဆယ်ရှိတယ်၊ သင်က
ပါလာတာလဲ ကုဋေလေးဆယ်ရှိတယ်။ ဒီပစ္စည်းတွေကို အစ်မကြီးအဖြစ်နဲ့လည်းကောင်း၊
နှမအဖြစ်နဲ့လည်းကောင်း၊ အမေအဖြစ်နဲ့လည်းကောင်း ငါ့ကို ကျွေးချင်ရာနဲ့ ကျွေး
စားနေပါမယ်၊ ဒီပစ္စည်း တွေကို သင် အလိုရှိသလို လုပ်ပါတော့၊ ကာမရာဂ
ကုန်သွားတော့ ပုံထားလိုက်တဲ့ အဓိပါယ် ပြောတာ …။ (မှန်ပါ) နောက်တစ်ခါ
ပြောပြန်တာက တကယ်လို့ ဒီလိုမှ မပြုစုဘူးဆိုလို့ရှိရင်၊ နောက်အိမ်ထောင်
တည်ထောင်ချင်လို့ရှိရင် ခွင့်ပြုပါတယ်၊ ဒီပစ္စည်းတွေနဲ့တကွပဲ
ယူသွားခွင့်ပြုတယ်ဆိုတော့ ကာမအာရုံ ကုန်တယ်ဆိုတာ ဦးသံဒိုင်
မပေါ်သေးဘူးလား …။ (ပေါ်ပါတယ်ဘုရား)၊ မဂ်သတ္တိ ဘယ်လောက်ကြီးတယ် ဆိုတဲ့ဥစ္စာ
ပေါ်သွားပြီ …။ (မှန်ပါ)။
မဂ်သတ္တိ
ဘယ်လောက်ကြီးတယ်ဆိုတဲ့ဥစ္စာ ပေါ်ပြီ၊ ကိလေသာကုန်ပြီလားလို့မေးတော့
ကာမကိလေသာ ကုန်ပါတယ်၊ ရူပ အရူပ ကိလေသာ ကျန်သေးတယ် မှတ်ရမယ်နော် …။
(မှန်ပါ)။
ဒါကြောင့်
ကြိုးစားကြပါ-ကြိုးစားကြပါလို့ တိုက်တွန်းတာ၊ ဖြစ်ပျက်လုပ်နေတယ်၊
ဖြစ်ပျက်လုပ်သ လောက် ကိလေသာ ပါးတာပဲ၊ ဖြစ်ပျက်မုန်းတယ်၊ မုန်းတာက ပိုပြီး
ပါးသွားတာပဲ၊ ဖြစ်ပျက်ဆုံးလို့ရှိရင် ဆုံးသလောက် ပိုပြီးပါးတယ်၊
အချည်းနှီးတော့ ဘယ်တော့မှ မဖြစ်ဘူးဆိုတာသေသေချာချာမှတ်ပါ …။ (မှန်ပါ)၊
ဒီ ရန်သူတွေကိုတော့ဖြင့် ၀ိပဿနာမဂ်ကလဲ နိုင်တာပဲ၊ လောကုတ္တရာမဂ်ကလဲ
ပိုပြီး နိုင်တာပဲ …။ (မှန်ပါ)။
ဒါကြောင့်
ဒီအလုပ်သည် ခင်ဗျားတို့ အိုဘေး၊ နာဘေး၊ သေဘေး တားတဲ့ အလုပ်ထဲမှာဖြင့်
ဒီအလုပ်မှတစ်ပါး ရှင်းရှင်းပျောက်တဲ့ဆေး မရှိဘူးဆိုတာကို တရားပွဲ
တစ်ပွဲလုံးက ဆုံးဖြတ်ချက် ချရမယ် …။ (မှန်ပါ)၊ ဒီအလုပ်မှတစ်ပါး
ကိုးစားရာ၊ အားထားရာ မရှိဘူးဆိုတာလဲ ဆုံးဖြတ်ချက်ချ …။ (မှန်ပါ)၊
သောတာပန်တည်တယ်ဆိုတာ အပါယ် ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို
ရုန့်ရင်းတဲ့၊ ကာမဘုံမှာ ဖြစ်တဲ့ လောက ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ်
တည်တယ်ဆိုတာ အပါယ် ပဋိစ္စ သမုပါဒ် ပြတ်တယ်၊ သကဒါဂါမ် တည်တယ်ဆို
ရုန့်ရင်းတဲ့၊ ကာမဘုံမှာ ဖြစ်တဲ့ လောဘ ဒေါသ မောဟတွေ ပါးသွားတာပဲ၊ အနာဂါမ်
တည်တယ်ဆို ကာမဘုံမှာ စွဲလမ်းတဲ့ လောဘ ဒေါသ မောဟ ကုန်သွားတာပဲဆို တော့
မောင်သစ် မလုပ်ထိုက်ဘူးလား …။ (လုပ်ထိုက်ပါတယ် ဘုရား)။
ဒါတွေကြောင့်
ဆင်းရဲနေကြတာကိုး၊ ဒါတွေဟာ ဆင်းရဲကြောင်း သမုဒယသစ္စာရှိနေရင် ဒုက္ခသစ္စာက
လာဦးမှာပဲ၊ အဲဒါတွေ သိပြီးသွားဖြစ်နေတော့ သြော် … ဒီအလုပ်မှတစ်ပါး
တို့ကို ကယ်မည့် ယူမည့်သူတော့ မရှိပါကလား ဆိုတာကို ဆုံးဖြတ်ချက်ချပြီး
မှတ်ရမယ် …။ (မှန်ပါ)၊ ယုတ်စွအဆုံး ၀ိပဿနာမဂ်တောင် အတော်
ခရီးပေါက်တယ်ဆိုတာ မှတ်လိုက်စမ်းပါ …။ (မှန်ပါ)။
ကိုင်း
… ဒါနဲ့ပဲ အိမ်ထောင်ပြုချင်လဲ ပြုတော့၊ ခွင့်ကောင်းကောင်း ပြုပါတယ်
ဆိုပြီး ပြောလိုက်တော့ လောကုတ္တရာ တရားကို ယောက်ျားသာ ရနိုင်သလား၊
မိန်းမများလဲ မရနိုင်ဘူးလားလို့ မေးလိုက်တယ်၊ ဟာ … ဒါကတော့ အားထုတ်တဲ့လူ
မှန်ခဲ့လို့ရှိရင် ယောက်ျား၊ မိန်းမ မရွေးပါဘူး၊ မဂ်ဖိုလ်ဆိုတာ
ရနိုင်တာချည်းပဲလို့ ပြောလိုက်တဲ့အခါကျတော့ သူလဲ ဒီအလုပ်ကိုလုပ်ချင်တယ်
ဖြစ်တာပဲ …။ (မှန်ပါ)။
ဒီလို
လုပ်ချင်တယ်ဆိုလို့ရှိရင်ဖြင့် ဒီအကြောင်းကိုပဲ မျှော်လင့်နေတာ၊
ဒီအသံထွက်လာတယ်ဆို တော့ သိပ်ဝမ်းသာတယ်ဆိုပြီး သကာလ ဗိမ္ဗိသာရမင်းဆီသွားပြီး
မနေ့က ပြောသလို ရွှေထမ်းစင်သွားပြီး ငှားတယ်၊ ဘုရားကျောက်ကို သွားဖို့
လမ်းရှင်းရန်ကိုလဲ ဘုရင့်ဆီမှာပဲ ခွင့်တောင်းပြီး သကာလ ရွှေထမ်းစင်
နဲ့ထမ်းပြီး ဘိက္ခုနီမကျောင်းကို သွားကြတယ်။
ဘိက္ခုနီမကျောင်းရောက်တော့
ဘိက္ခုနီမတွေက စစ်ဆေးသေးတာပေါ့လေ၊ အကြင်လင်မယး မမျှတကြလို့
ဒီလိုဖြစ်လာတာလား၊ သို့မဟုတ် မျှတပါရဲ့လားလို့ မေးတဲ့အခါကျတော့ ၀ိသာခ
သူဌေးက “ဒီဥစ္စာ သဒါသက်သက်ပါ၊ ဒီ့ပြင် ဘာမှ မပါဘူး” လို့
ပြောလိုက်တဲ့အခါကျတော့ ဘိက္ခုနီမတွေက သုံးဆယ့် နှစ်ကောဋ္ဌာသ
သွန်သင်ပြသ နှလုံးသွင်းခိုင်းပြီး ခေါင်းရိတ်၊ ဘိက္ခုနီမ ပြုလုပ်ပေးကြတယ်
...။ (မှန်ပါ)၊ ဘိက္ခုနီမပြုလုပ်ပေးလိုက်တော့ သူမ အင်မတန်ချော၊
အင်မတန်လှတဲ့ ပုဂ္ဂိုလဲဖြစ်ပြန်၊ ပစ္စည်းကလဲရှိ၊ မိတ်ဆွေသင်္ဂဟကလဲ
ပေါပြန်ဆိုတော့ ဆွမ်းခံပြန်သွားလဲ မအားရ၊ ကျောင်းနေပြန်လဲ ဧည့်သည်က မပြတ်၊
အလှူအတန်း အပေးအကမ်းတွေကလဲ များလွန်းလို့ ...။ (မှန်ပါ)၊ ငါသည် ဒါကြောင့်
ဒီအလုပ်ကို လုပ်လာတာ မဟုတ်ဘူး၊ ဒီဟာတွေဟာ အန္တရာယ်တွေပဲဆိုပြီး သကာလ
ဘိက္ခုနီမဆရာကြီးကို လျှောက်ထားခွင့်တောင်းပြီး သကာလ တောထဲသွားနေတယ်၊
တောထဲသွားပြီး ကမ္မဋ္ဌာန်းအားထုတ်တော့ ရက်မကြာခင်မှာဘဲ ဒီဖြစ်ပျက်တွေမြင်၊
ဖြစ်ပျက်တွေမုန်း၊ ဖြစ်ပျက်တွေမုန်းဆိုတော့ လေးခါလောက် မဂ်အဆင့်ဆင့်
တက်တော့ ရဟန္တာမ ဖြစ်လာတယ်။ ခုနှစ်ရက်လောက်နဲ့ပဲ တောထဲက ပြန်လာခဲ့တယ် ...။
(မှန်ပါ)။
ပြန်လာတော့
ဝိသာခသူဌေးက တွေးတယ်၊ အမျိုးသမီး မိန်းမများဆိုတာ ဖြစ်လွယ်
ပျက်လွယ်ကိုး၊ အိမ်ပဲလွမ်းလွန်းလို့ ပြန်လာတယ်ထင်ပါရဲ့၊ အဝေးလဲ
သွားသေးတယ်၊ ခုနှစ်ရက်လောက်နဲ့ ပြန်လာတယ်ဆို တော့ တွေးတယ်၊ ဟိုမှာ
တရားထူးရလာတာကို သူကမှ မသိဘဲ ...။ (မှန်ပါ)၊ မသိလို့ ပြန်လာတဲ့အခါကျ
တော့ သူ့စိတ်ထဲမှာ သူ ပြန်လာလို့ရှိရင် ခက်ချေရဲ့၊ ဘိက္ခုနီမ
လူထွက်ဖြစ်နေရင် ရှက်စရာကြီး၊ ရှင်ဘုရင်ကစပြီး သိပြီးသားကိစ္စလဲဖြစ်တယ်
... စသည်တို့ကို တွေးတောပြီး ကျောင်းတော့ သွားဦးမှ ဖြစ်မယ်ဆိုပြီး
ဘိက္ခုနီမကျောင်းတော်ကို သွားလိုက်တယ် ...။ (မှန်ပါ)။
သွားပြီးတော့
မပျော်မွေ့လို့ ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး၊
ပစ္စည်းဥစ္စာတွေ ငဲ့လို့ ပြန်လာသလားလို့ မေးရမှာကလဲ ပညာရှိသဘော မရောက်ဘူး
...၊ ဒါနဲ့ ပညာရှိသဘောနဲ့ မေးမှပဲဆိုပြီး ပုစ္ဆာ ပြဿနာကို
စီစဉ်လိုက်ပါတယ်၊ သူကလဲ အနာဂါမ်ပုဂ္ဂိုလ်ကြီးဆိုတော့ စီစဉ်တတ်ပြီးသား
ဖြစ်နေတယ်။
ဒါနဲ့
မေးလိုက်တယ်၊ သက္ကာယ-သက္ကာယဆိုတာ အရှင်ဓမ္မဒိန္နာ ဘာကို ခေါ်ပါသတုံးလို့
မေးလိုက်တယ်။ သက္ကာယတင်မေးလိုက်တယ်။ ဒိဋ္ဌိမပါသေးဘူး ...။ (မှန်ပါ)၊
အဲဒီတွင် ဟိုက ဖြေလိုက်ပါ တယ်။ သက္ကာယဆိုတာ ဥပါဒါနက္ခန္ဓာဆိုတဲ့
ခန္ဓာငါးပါးကို ဆိုပါတယ်။ လောကီခန္ဓာငါးပါးကို ဆိုပါတယ် ...။ (မှန်ပါ)၊
လောကီ ခန္ဓာငါးပါး ပြောစမ်းပါဦးဆိုတော့ ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊
သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ၀ိညာဏုပါဒါနက္ခန္ဓာ ဆိုတဲ့ ယခုလက်ရှိ
ခန္ဓာ ငါးပါးကို ဆိုပါတယ် ... လို့ ဖြေလိုက်တယ် ...။ (မှန်ပါ)။
မယုံသေးဘူး၊
ဟိုက ဖြေတော့ ဖြေနေတာပဲ၊ ဖြေပင်ဖြေငြားသော်လဲ စာသိနဲ့ ဖြေနေရင်လဲ
ဖြစ်တာမျိုးကိုး၊ စာသိလောက်ကိုလဲ သူက မကြိုက်ဘူး၊ ဥာဏ်သိကို ကြိုက်တာ ...။
(မှန်ပါ)၊ စာက ကျက်ထားရင် ရတာကိုး၊ ကိုရင်ကလေးကဖြစ်ဖြစ် ကျက်ထားရင် ရတယ်
...။ (မှန်ပါ)။
ဒါနဲ့
သူစိတ်ထဲ မကျေနပ်တာနဲ့ သာဓု ... သာဓု ...၊ သက္ကာယတော့ဖြင့် ဖြေတတ်ပြီး
...။ (မှန်ပါ)၊ သူ ဖြေတတ်တာ အရေးမကြီးပါဘူး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက
အရေးကြီးတယ်၊ ဒကာ ဒကာမတွေ သိဖို့ရာက သက္ကာယဆိုတာ အခု ခန္ဓာငါးပါးလို့သာ
မှတ်လိုက်ပါတော့...။ (မှန်ပါ)။
အခု ရှိနေတဲ့ ခန္ဓာငါးပါးကို ဘာခေါ်ကြမလဲ ...။ (ဥပါဒါနက္ခန္ဓာပါဘုရား)၊ သက္ကာယလို့သာ ခေါ်လိုက်ပါတော့နော် ...။ (မှန်ပါ)။
ကောင်းပြီ၊
ဒါဖြင့် ယခု ခန္ဓာငါးပါးဟာ သက္ကာယ ဆိုတာ ဒကာ ဒကာမတွေလဲ သိပါပြီ။ သန္တော
ကာယော သက္ကာယော။ သန္တော-ပရမတ္ထအားဖြင့် ထင်ရှားရှိသော။ ကာယောရုပ်နာမ်
အစုအပေါင်းတည်း။ သက္ကောယော-ထင်ရှားရှိနေတဲ့ ရုပ်နာမ်အစုအပေါင်းကို
သက္ကာယလို့ ခေါ်ပါတယ်။
သာဓု
... သာဓု ... တဲ့၊ သက္ကာယသိလို့ ၀မ်းမြောက်တယ်။ ခင်ပွန်းဟောင်းဖြစ်သည့်
ဝိသာခ သူဌေးကြီးက ... (မှန်ပါ)၊ သက္ကာယကတော့ သိပါပြီ၊
သက္ကာယဖြစ်ကြောင်းကလေး ပြောစမ်းပါပြီး၊ တစ်ဆင့် တက်ပြီး မေးပြန်ပြီ ...။
(မှန်ပါ)၊ သက္ကာယတော့ သိပါပြီတဲ့၊ သက္ကာယဖြစ်ကြောင်းကလေး ပြောစမ်းပါဦးတဲ့
...။ (မှန်ပါ)၊ သက္ကာယဖြစ်ကြောင်းဆိုတော့ တခြားမဟုတ်ပါဘူးတဲ့၊ သက္ကာယဆိုတာ
ဆုတောင်း၊ တဏှာက လာတာ ...။ (မှန်ပါ)၊ ယာယံတဏှာ ပေါနောဗ္ဘ၀ိကာ နန္ဒီရာဂ
သဟဂတာ တတြတတြာဘိ နန္ဒိနီ၊ သေယျထိဒံ ကာမတဏှာ ဘ၀တဏှာ ... ဒါကို
ဓမ္မဒိန္ဒာထေရီမက ဖြေလိုက်ပါတယ် ...။ (မှန်ပါ)၊ သက္ကာယ ဖြစ်ကြောင်းဆိုတဲ့
ရုပ်နာမ် ဖြစ်ကြောင်းဟာ တဏှာက လာတာပါပဲ ...။ (မှန်ပါ)။
ဒကာ
ဒကာမတို့ ခန္ဓာကိုယ်ကြီးဟာ သက္ကာယနော် ...။ (မှန်ပါ)၊ အဲဒါ ဘယ်က လာတာတုံး
...။ (တဏှာကလာတာပါ)၊ ဒီ တဏှာသည်ကားလို့ဆိုရင် သက္ကာယဖြစ်ကြောင်းဆိုတဲ့
ဥစ္စာ ဖြေလိုက်ပါတယ်။
ဟုတ်ပါတယ်တဲ့။
သူ ဖြေပေမယ့်လဲ ကိုယ့်ဥာဏ်ထဲမှာလဲ သဘောကျနေဖို့ ဒကာ ဒကာမတွေက လိုပါတယ်
...။ (မှန်ပါ)၊ ဒီ လိုတဲ့ အခါကျတော့ စဉ်းစားကြည့်တာပေါ့၊ သြော် ... တဏှာ
ဥပါဒါန် ကံမရှိဘဲနဲ့ ခန္ဓာမပေါ်ဘူး ...။ (မပေါ်ပါဘုရား)။
ဒါဖြင့်
ဒီအထဲမှာ ကံဆိုတာလဲ ဥပါဒါန် လက်အောက်မှာ၊ ဥပါဒါန်ဆိုတာလဲ တဏှာ လက်အောက်
မှာပဲ၊ သြော် ... သူ လက်သည်ပဲ၊ တဏှာ ဥပါဒါန် ကံတို့ကြောင့်
သန္ဓေပေါ်လာတယ်ဆိုတော့ အရင်းကျကျ ရှာတော့ ... (တဏှာပဲတွေ့ပါတယ်ဘုရား)။
ဒါဖြင့်
ဒီတဏှာ မသေသရွေ့ ခင်ဗျားတို့ သက္ကာယ ခန္ဓာကြီးဟာ ရှိနေမှာပဲ ...။
(ရှိနေမှာပါဘုရား)၊ ဒီတဏှာ မသေသရွေ့ သက္ကာယ ခန္ဓာကြီးဟာ ရှိနေလိမ့်မယ်ဆိုတဲ့
ဥစ္စာ မှတ်ထားပါနော် ...။ (မှန်ပါ)၊ ဒီခန္ဓာ ကြီး ရှိနေလို့ရှိရင်ဖြင့်
အိုဘေး၊ နာဘေး၊ သေဘေးဟာတော့ သူ့အထဲကပါပြီးသားဖြစ်နေတယ်၊ မပါဘူးလား ...။
(ပါ-ပါတယ်)၊ အိုတတ်တဲ့ တရားတွေကလဲ သူ့အထဲမှာ ဇရာကပါတယ်၊ နာတတ်တဲ့
တရားတွေကလဲ သူ့မှာပါတယ် ...။ (မှန်ပါ)၊ မပါဘူးလား ...။ (ပါ-ပါတယ်ဘုရား)
ဒါ ဘယ်သူတည်ထောင်လိုက်တာတုံး၊ ဘယ်သူက ဖြစ်နေတာတုံးမေးရင်
ဘယ့်နှယ်ဖြေကြမလဲ ...။ (တဏှာက ဖြစ်စေတာပါ)။
တဏှာကဖြစ်စေတယ်၊
ဟုတ်သားပဲ၊ ဒကာ ဒကာတို့၏ ခန္ဓာကြီးဟာ ဘယ်သူက ဖြစ်စေတယ် ဆိုတာ
ဘုံဘ၀တပ်နှစ်သက်တတ်တဲ့ တဏှာက ဖြစ်စေတယ်။ ဘ၀ကို တပ် မက် နှစ်သက်တတ်တဲ့ တဏှာက
ဖြစ်စေတယ် ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
တဏှာက
ဖြစ်စေတော့ ခင်ဗျားတို့ အခု တရားနာကြတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လို
သွားနေကြသတုံးဆို တော့ မပြောပါနဲ့တော့ ဘုရား၊ အိုဘေး၊ နာဘေး၊ သေဘေး၊
မင်းဘေး၊ စိုးဘေး၊ သူခိုးဘေးတွေ အကုန် အ၀ိုင်းခံနေရတယ် ...။ (မှန်ပါ)၊
သက္ကာယ ၀ိုင်းကြတယ်၊ ဒီသက္ကာယ ထဲမှာ ဒါတွေ အပြည့်အစုံ ရှိတယ်လို့
ဆုံးဖြတ်ချက်ချပါ ...။ (မှန်ပါ)။
သက္ကာယထဲမှာ
... (ဒါတွေ အပြည့်အစုံရှိပါတယ်ဘုရား)၊ အိုဘေး၊ နာဘေး၊ သေဘေး၊ မင်းဘေး၊
စိုးဘေး၊ ခိုးသူဘေးတွေရှိတယ် ...။ (မှန်ပါ)၊ အဲဒီတော့ မှတ်ထားလိုက်ကြပါ၊
အညှီရှိလို့ ယင်အုံတယ် ...။ (မှန်ပါ)။
ဘယ်လို
မှတ်ကြမယ် ...။ (အညှီရှိလို့ ယင်အုံပါတယ်ဘုရား)၊ သက္ကာယရှိလို့ ခုနင်က
ဘေးတွေ့လာတာ ...။ (မှန်ပါ)၊ သက္ကာယသာ မရှိဘူးဆိုရင် ...။ (ဘေးတွေ
မလာပါဘုရား)၊ ဘေးမလာဘူး ဆိုတာ သေချာကြပလား ...။ (သေချာပါပြီ)။
သက္ကာယရှိပြီးသကာလ
နေတော့ ခင်ဗျားတို့ လေတိုက်ပြန်တော့ လေတိုက်ပြန်ပြီ၊ နေပူပြန်တော့ ...။
(နေပူပါတယ်)၊ အပူဘေးသင့်တာပဲ ...။ (မှန်ပါ)၊ အေးပြန်တော့ကော ...
(အေးဘေးသင့်ပါတယ်)၊ အဲဒီ သက္ကာယရှိနေလို့ဖြစ်ရတာ၊ ရှင်းပလား ...။
(ရှင်းပါပြီ)။
ကောင်းပြီ၊ ဒီသက္ကာယကို သူ့ကို ဖြစ်စေတဲ့တရားက အယုတ်တမာတရားဖြစ်နေတော့ အယုတ် တမာ အမည်ပဲ ပေါ်တာပဲ ...။ (မှန်ပါ)။
ဘယ်လို
မှတ်ကြမယ် ...။ (အယုတ်တမာအမည်ပဲ ပေါ်ပါတယ်)၊ ဒါပဲ ပေါ်ရမယ်၊ သူ့ကို
ဖြစ်စေတဲ့ အကြောင်းက တဏှာကိုးဗျ ...။ (မှန်ပါ)၊ တဏှာဖြစ်စေတယ်ဆိုတော့ သူက
အယုတ်တမာတရား၊ အယုတ် တမာတရားဖြစ်စေတော့ကို အယုတ်တမာ အကျိုးပေးပဲ သူက
ဖန်ဆင်းတတ်တယ်၊ လုပ်တတ်တယ်၊ ကျေးဇူးပြုတတ်တယ်၊ သဘောပါကြပြီလား ...။
(ပါ-ပါပြီဘုရား)။
သြော် ... ဒါဖြင့် သူ မချုပ်သရွေ့ သက္ကာယမချုပ်ဘူး ...။ (မှန်ပါ၊ တဏှာ မချုပ်သရွေ့ ... (သက္ကာယ အချုပ်ပါဘုရား)။
ဒါကြောင့်
ခင်ဗျားတို့ကို အလုပ်-လုပ်ကြပါ၊ အလုပ်လုပ်ကြပါဆိုတာက သက္ကာယအပြစ်
မြင်လို့ရှိရင်ဖြင့် သက္ကာယ ဖြစ်ကြောင်းဟာ ခင်ဗျားတို့ သန္တာန်မှာ၊ ၀မ်းထဲမှာ
နောက်က ဖြစ်ခဲ့ပြီးတဲ့ ဖြစ်ကြောင်းသတ္တိကတော့ မချုပ်ဘူး ထားပါဦး၊ အခု
ဝမ်းထဲပေါ်မည့် သမုဒယတော့ ဖြစ်ပျက်မြင်တဲ့ ၀ိပဿနာဥာဏ်က ချုပ်စေတာပဲ ...။
(မှန်ပါ)၊ တဒင်္ဂအားဖြင့် ချုပ်စေတာပဲ။ ချုပ်စေတော့ သြော် ... ဒါဖြင့် ဒီဟာ
အားကိုးရာပါလား၊ အားထားရာပါကလား။ သက္ကာယဖြစ်တဲ့ ခန္ဓာကိုယ်ကြီး၏
ဖြစ်ပျက်ဒုက္ခသစ္စာကို မြင်လို့ရှိရင်ဖြင့် တို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့်
သက္ကာယနယ်က လွန်မြောက်မှာပဲ ...။ (မှန်ပါ)၊ ရှင်းပလား ...။ (ရှင်းပါပြီ)။
သက္ကာယနယ်က
လွန်မြောက်ချင်လို့ရှိရင် သက္ကာယဆိုတာ နာမည် သက္ကာယ။ သစ္စာဖွဲ့ရင်
ဒုက္ခသစ္စာ။ ရှင်းပလား ...။ (ရှင်းပါပြီ)၊ ဒီ ဒုက္ခသစ္စာကို
မြင်လို့ရှိရင်ဖြင့် ခင်ဗျားတို့ သမုဒယသစ္စာဟာ ပါးရမှာပဲ၊ မပါးပေဘူးလား
...။ (ပါးပါတယ်ဘုရား)၊ အဲ ... သမုဒယသစ္စာ ပါးတယ်ဆိုရင်ဖြင့် ခင်ဗျားတို့
ဘာမှ မပူနဲ့၊ ဒုက္ခနည်းသွားတော့မှာပဲ ...။ (မှန်ပါ)။
ခင်ဗျားတို့
ဒီ့ပြင်ဟာကို မကြည့်ပါနဲ့၊ တစ်ယောက်နဲ့ တစ်ယောက် အလွန်ခင်လို့ရှိရင် ဟို
တစ်ယောက်မှာ အကြောင်းတစ်ခု မလျော်တာတွေ့လို့ရှိရင် စိတ်ထိခိုက်တာပဲ၊
မထိခိုက်ဘူးလား ...။ (ထိခိုက်ပါတယ်)၊ ဒါဟာ အလွန်ခင်လို့ရှိရင်
အလွန်ထိခိုက်တာပဲ။ နည်းနည်းခင်ရင် ... (နည်းနည်း ထိခိုက်တာပါပဲ)၊
အလတ်စားခင်ရင် ... (အလတ်စားထိခိုက်ပါတယ်)။
အဲဒီကတည်းက
သြော် ... သက္ကာယဖြစ်ကြောင်း၊ သမုဒ္ဒယ သစ္စာကြောင့် ဟိုမှာ သက္ကာယ
ဖော်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာ သက္ကာယ ဖောက်ပြန်လို့ရှိရင် သမုဒယကလဲ တဏှာ
ဥပါဒါန် ကံ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ မလာဘူးလား ...။ (လာပါတယ်)၊ အဲဒါ
ဘယ်က လာတာတုံးလို့ မေးလို့ ရှိရင်ဖြင့် သက္ကာယဖြစ်ကြောင်းကို
ခင်ဗျားတို့ကလဲ မပယ်နိုင်တဲ့အတွက် သက္ကာယမှာ၊ ဖောက်ပြန်သွားတဲ့ အခါမှာ၊
ခင်ဗျားတို့မှာ တဏှာတင် မကတော့ဘူး၊ သောက ပရိဒေ၀တွေ ပါလာတော့တာပဲ ...။
(မှန်ပါ)၊ မလာဘူးလား ...။ (လာပါတယ်)၊ သဘောကျပလား ...။ (ကျပါပြီ)။
ကောင်းပြီ၊
ဒါဖြင့် သက္ကာယဖြစ်ကြောင်းတော့ သိပြီ။ ဒီတော့ ၀ိသာခသူဌေးက ကျေနပ်ပါတယ်၊
သူကလဲ သိပြီးသားကိုး ...။ (မှန်ပါ)၊ နောက်ဆင့် မေးပြန်တယ်။ အရှင်ဓမ္မဒိန္နာ
... သက္ကာယချုပ်ရန် ပြောစမ်းပါတဲ့။ သက္ကာယချုပ်ဆိုတာ တခြားမဟုတ်ပါဘူး၊
တဏှာချုပ်ရင် ချုပ်တာပါပဲတဲ့ ...။ (မှန်ပါ)။
တဏှာချုပ်ရင် သက္ကာယ ဘယ့်နှယ်တုံး ...။ (ချုပ်ပါတယ်)။
ဒါဖြင့်
ဒကာ ဒကာမတွေ သူ မချုပ်သရွေ့ ခန္ဓာမချုပ်ဘူး ...။ (မှန်ပါ)၊ သူ ချုပ်ရင်
... (ခန္ဓာချုပ်ပါတယ်)၊ ခန္ဓာချုပ်တယ်ဆိုတော့ သူဟာ လက်သည်ပါကလား၊ အိုဘေး၊
နာဘေး၊ သေဘေး တည်ထောင်တဲ့ သမုဒယချုပ်လိုက်လို့ရှိရင် သက္ကာယပါ
ပြုတ်သွားတဲ့အတွက် အိုဘေး၊ နာဘေး၊ သေဘေးပါ ပျောက်တယ် ...။ (မှန်ပါ)။
ဒါဖြင့် တိုတိုမှတ်လိုက်တော့၊ သမုဒယချုပ်လို့ ဒုက္ခချုပ်တာပါ ...။ (မှန်ပါဘုရား)။
ဘယ့်နှယ် ဆိုကြမလဲ ...။ (သမုဒယ ချုပ်လို့ ဒုက္ခချုပ်တာပါဘုရား)။
ကောင်းပြီ၊
ဒါဖြင့် အဲဒီဟာကလေး မှတ်လိုက်တော့၊ တဏှာ နိရောဓော နိဗ္ဗာနံ ဆိုတာ
ပေါ်လာတယ် ...။ (မှန်ပါ)၊ တဏှာချုပ်ရင် ... (သက္ကာယချုပ်ပါတယ်)၊ ခန္ဓာက
ချုပ်သွားတယ်၊ တစ်နည်း ... ခန္ဓာက ချုပ်သွားတယ်၊ တစ်နည်း ...
ခန္ဓာရှိပေစေဦး ... ဘုရားမှာ ခန္ဓာကြီးနဲ့ တရားဟောနေတာပါပဲ။ မဟောဘူးလား
...။ (ဟောပါတယ်)၊ သို့သော် တဏှာချုပ်တဲ့အတွက် သူသည် ကိလေသာချုပ်ငြိမ်းတဲ့
နိဗ္ဗာန်တော့ ရောက်နေပြီ၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်မရောက်သေးဘူး၊
ရှင်းပလား ...။ (ရှင်းပါပြီဘုရား)။
ကိလေသာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ... (ရောက်ပါပြီဘုရား)၊ ခန္ဓာချုပ်ငြိမ်းတဲ့ နိဗ္ဗာန်တော့ ... (မရောက်သေးပါဘုရား)။
ဒါကို
မှတ်ကြပါတဲ့၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည် ကိလေသာမာရ်ကိုသာ အောင်၍
ခန္ဓမာရ် မအောင်သေးဘူး၊ ပရိနိဗ္ဗာန်မစံရသေးတော့ ... (မှန်ပါ)။
ကိလေသမာရ်တော့
... (အောင်ပါပြီဘုရား)၊ အောင်ပြီဗောဓိပင်နဲ့ ရွှေပလ္လင်ကတည်းက အောင်တယ်၊
အဲဒီမှာ မဂ်လေးတန်နဲ့ ဖြတ်ချလိုက်တယ် ...။ (မှန်ပါ)၊ ခန္ဓမာရ်တော့ သူ့မှာ
ဆွမ်းကျွေးရတုန်း၊ ကျောက်မောင်းဆင်ချမည့် လူနဲ့၊ အဆဲအရေးခံရတာနဲ့
မရှိဘူးလား ...။ (ရှိပါတယ်ဘုရား)၊ တော်တော်ကြာ ကျလို့ရှိရင် ဘုရားမှာ
လေနာထလို့ ထန်းလျက် ရေအိုးတွေနဲ့ ပုဏ္ဏားတွေက လှူရတဲ့ ကိစ္စတွေ မရှိဘူးလား
...။ (ရှိပါတယ်) အဲဒါ ဘယ့်နှယ်ကြောင့်တုံးလို့ မေးရင် မောင်သစ်
ဘယ့်နှယ်ဖြေပါ့မလဲ ...။ (ခန္ဓမာရ် မအောင်သေးလို့ပါဘုရား)။
Subscribe to:
Posts (Atom)













