Monday, July 28

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား

ဦးလွန်းဖေ၏မေးမြန်းချက်
တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။

မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်
ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။

ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ်” ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။

နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ
ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ်

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နွားကျောင်းသားနှင့် နွားနို့ပိုင်ရှင်

အားလုံးတပည့်တော်တို့ … သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်သို့ ရောက်ပြီးသကာလ လာကြတော့ … သက်ကြီးသော သူ၊ ၀ါကြီးသောသူ၊ ဂုဏ်ကြီးသောသူများကို ပူဇော်ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း သည် …
အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎတိ၊ အာယု ၀ဏ္ဏေ သုခံ ဗလံလို့ … ဓမ္မပဒပါဠိတော် ကြီးများလာနေတဲ့အတွက် ခုနက ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရခြင်း တည်းဟူ သော အကြောင်းကြောင့် အာယု အရှင်ဘုရားများ အသက်ရှည်မှုကိုလည်း ပထမဇော စေတနာက အကျိုး ပေးလိမ့်မယ်ဆိုတာ စာသမားတွေဖြစ်နေတဲ့အတွက် တပည့်တော်ကိုလည်း စာချဘုန်းကြီးဖြစ်ပြီး အဲဒီကမှ တက်လာတဲ့ ဓမ္မကထိကဖြစ်လို့ …။
သြော် … ငါတို့ခုနက ကာယကံ ၀စီကံ မနောကံဖြင့် သက်ကြီးသောသူ ၀ါကြီးသောသူ ဂုဏ်ကြီးသောသူများကို ကန်တော့ရခြင်းသည် အာယုဆိုတဲ့ အသက်ရှည်မှုကိုလည်း ပထမဇောက အကျိုး ပေးလိမ့်မယ်လို့ မှတ်ကြစမ်းပါ။
နိစ္စံဝုဍ္ဎပစာယိနော၊ စတ္တာရော အာယု ၀ဏ္ဏ - အဆင်းအစရှိသည်တို့ ပြည့်ဝစေတဲ့ ကိုယ်၏ချမ်းသာ ခြင်း၊ စိတ်၏ချမ်းသာခြင်းကိုလည်း ရလိမ့်မယ်ဆိုတာ မှတ်တာပေါ့။
ဗလဆိုတဲ့ ပရိယတ္တိသာသနာကြီးကိုလည်း ကြိုးစားနိုင်တဲ့ အားအင်ဗလနဲ့လည်း ပြည့်စုံလိမ့်မယ် ဆိုတာ ခုနက ရှိခိုးခြင်းတည်းဟူသော အကြောင်းကံ စေတနာတို့ကြောင့် အခု ခုနက သီတင်းသုံးဖော်ဖြစ် တဲ့ ဦးကောဏ္ဍည အစရှိသည်တို့ကို ဆရာတော်ကြီးတို့ တောင်းပန်ပြီးသကာလ အခု အရှင်ဘုရားများကို တပည့်တော်များက သတိပေးတဲ့သဘော၊ ကိုယ့်သာသနာကြီးကို ကိုယ်စောင့်စေလိုတဲ့သဘော၊ အရှင်ဘုရားများ အားထုတ်နေတဲ့ ပရိယတ်မှ ကွယ်ဝှက်သွားခဲ့သည်ရှိသော် ပဋိပတ်တရာသည် အခြေမခိုင် တော့ပါဘူး၊ ယိုင်လဲရမယ်ဆိုတာကိုလည်း အားလုံးသိပြီးသား ဖြစ်ပါလိမ့်မယ်။
အဲဒီ ပဋိပတ် ယိုင်လဲသွားလို့ရှိရင် ပဋိဝေဓဆိုတဲ့ ကြာနဲ့တူတဲ့၊ ပဋိဝေဓဆိုတဲ့ ထိုးထွင်းသိပညာတွေ လည်း ကွယ်ပျောက်သွားလိမ့်မယ်ဆိုတာကို အရှင်ဘုရားများ သိပြီးသား ဖြစ်တဲ့အတွက် တပည့်တော်များ ကလာပြီး သြ၀ါဒပေးရခြင်းသည် အရှင်ဘုရားတို့၏ ကန်ဘောင်ဆည်မှုကြီးကို ခိုင်ခိုင်လုပ်တော်မူကြပါဆို တဲ့ အကြောင်းကို ကောင်းကောင်းသတိပေးတယ် ဆိုတာကို မှတ်ဖြစ်အောင် မှတ်ကြပါ။

သာသနာ့ဝန်ထမ်းရဟန်းတော်များ
သြော် … ငါတို့လုပ်နေတဲ့အလုပ်ဟာ သာသနာ့ဝန်ထမ်း ရဟန်းရယ်လို့ ဖြစ်ပြီးသကာလ နေကြတဲ့အတွက် သာသနာ့ အကျိုးသယ်ပိုးနေကြပါလားဆိုတာ သံသယမရှိဘဲနဲ့ ရွက်ဆောင်ပါဆိုတာကို လည်း တပည့်တော်များက တိုက်တွန်းပါတယ် အားလုံးသံဃာတော်တွေကို။
ကဲ - ဒါဖြင့် … သဂါထာမှာလာတဲ့အတိုင်းပေါ့လေ၊ သဂါထာမှာလာတဲ့အတိုင်း ကန်ဘောင်မရှိရင် ရေမတည်နိုင် ရေမတည်နိုင်လို့ရှိရင် ကြာမပွင့်နိုင်ဆိုတဲ့ သဂါထာစကားကို သိပြီးသားဖြစ်တဲ့အတွက် အရှင် ဘုရားများသည် ဒီဘုရားကြီးတိုက်မှာ ပရိယတ္တိသာသနာတော်မြတ်ကြီးကို စာချဆရာတော်တွေနဲ့ အရှင်ဘုရားများက သယ်ပိုးရွက်ဆောင်နေခြင်းသည်။
သြော် … တိုက်တည်တဲ့အခါမှာ ဖောင်ဒေးရှင်းဆိုတဲ့ အုတ်မြစ်သည် အရေးအကြီးဆုံးဖြစ်တော့ အရှင်ဘုရားများတိုက်က ပရိယတ္တိသာသ

Sunday, June 1

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စိတ္တာနုပဿနာရှုပုံ

ဒကာ ဒကာမတွေ ဒီနေ့ အလုပ်တရားကို ရှေ့ပိုင်းက ပေးရမယ်၊ ပြီးတော့မှ အလုပ် တရားပေး ပုံကို ရှင်သာရိပုတ္တရာ ဆိုတဲ့ ရဟန္တာကြီး ရှင်ကောဠိကဆိုတဲ့ ရဟန္တကြီးနှစ်ပါးက ဒီလိုလုပ်လို့ရှိရင်ကွာ … တဲ့ မအို၊ မသေ၊ အမြဲနေတဲ့ နိဗာန်ရောက်ပါတယ်ဆိုတာ သူတို့က ရဟန္တာနှစ်ပါး အမေ-အဖြေလုပ်ပြီး သကာလ မောင်နိုင်-ထောက်ခံချက်ပေးမယ် (မှန်ပါ့)။
အဲဒီတော့ ဒကာဒကာမတွေ နိဗာန်ရောက် တရားဟာ ရောက်ပြီးသား ကိုယ်တော် နှစ်ပါးက ထောက်ခံချက်ပေးပြီး သကာလ ဒီလိုလုပ်ရင် ရပါတယ်ကွာ … ဆိုတာ ကိုစောမောင် သေသေချာချာ ပြောတယ် … (မှန်ပါ့)။
နိဒါန၀ဂ္ဂသံယုတ် ပါဠိတော်ဆိုတော့ မောင်နိုင်တို့ သိပြီးသား၊ ကိုယ်တော်တိုင် ပြောတာကို ခေါ်တယ်နော် (မှန်ပါ့) ကိုင်း … ဒါဖြင့် ပြောကြပါစို့၊ ဒကာ ဒကာမတွေ သန္တာန်မှာ စိတ်ဆိုတာ ရှိပါတယ်။
စိတ်ဆိုတာသည် … ဒကာ ဒကာမတွေမှာ တစ်ခါတလေလဲ မြင်စိတ်ပေါ်တယ်လို့ ကိုစောမောင်- မရှိဘူးလား - (ရှိပါတယ်ဘုရား) အင်း … ဒီမြင်စိတ်လဲ ဂရုစိုက်ရလိမ့်မနော် - (မှန်ပါ့)။
တစ်ခါတလေလဲ ကြားစိတ် ပေါ်တယ်ဆိုတာလဲ ရှိတယ်၊ မရှိပေဘူးလား- (ရှိပါတယ်ဘုရား) တစ်ခါတလေကျတော့ မွှေးတာ နံတာကလေး သိတဲ့စိတ်ကလေး၊ နှာခေါင်း အစုံပေါ်တဲ့ စိတ်ကလေး … (ရှိပါတယ်ဘုရား)။
ဒါလဲ တရားလို့ မှတ်ကြနော်၊ ပေါ်တာကို သိမှ ပျက်တာသိမှာကိုး … (မှန်ပါ့)။
လျှာအလယ်မှာ ချိုတယ်၊ ချဉ်တယ်၊ ဖန်တယ်၊ ငန်တယ်-ဆိုတဲ့ စားတဲ့ စိတ်ကလေးဟာ လျှာအလယ်မှာပေါ်တယ်၊ ဒါက စားစိတ်ကလေးပေါ့ဗျာ … (မှန်ပါ့)။
ကိုယ်ကျတော့ကို … တဲ့ ဆံဖျား၊ ခြေသည်းဖျား၊ အရေခြောက်ချန်ပြီး ကျန်တဲ့နေရာမှာတဲ့ တစ်ခါတလေ နာကျင်ကိုက်ခဲတဲ့ စိတ်ကလေး၊ ယားနာတဲ့ စိတ်ကလေးလဲ ပေါ်တတ်တယ် … (မှန်ပါ့ဘုရား)။
တစ်ခါတလေ ကျတော့ ချမ်းသာတဲ့ စိတ်ကလေးတွေ လေပြည်လေညှင်းတိုက်လို့၊ မီးလှုံ့လို့ ချမ်းသာတဲ့ စိတ်ကလေးတွေလဲ ကိုယ်ပေါ်မှာ ပေါ်တတ်တယ် … (မှန်ပါ့)။
ကိုယ်ပေါ်မှာတော့ ချမ်းသာတဲ့စိတ်၊ ဆင်းရဲစိတ်နှစ်မျိုး ပေါ်တယ် … (မှန်ပါ့) ငါးမျိုးရှိသွားပြီနော် … (မှန်ပါ့)။
ချမ်းသာ-ဆင်းရဲတာ ချမ်းသာလဲရှုပေါ့လေ … ဆင်းရဲလဲရှုပေါ့၊ အလုပ်သမားတွေ ဒကာ၊ ဒကာမတွေ သေသေချာချာ မှတ်ရလိမ့်မယ်။
အခု ပြောပြီးသား မြင်စိတ်ရယ်၊ ကြားစိတ်ရယ်၊ နံစိတ်ရယ်၊ စားစိတ်ရယ်၊ ယားယံကောင်း စိတ်ရယ်၊ ယားယံကောင်းစိတ်ဆိုတာက ကိုစောမောင်-ကိုယ်ပေါ်မှာ ပေါ်တယ် (မှန်ပါ့)။
ဒါ-ပြင်ဘက်မှာ ပေါ်သောကြောင့် ကိုဝ တို့ကမှတ်၊ ကိုပေါ်တို့က မှတ်၊ အပြင်ဧည့်သည် ငါးယောက် …(မှန်ပါ့)။
အပြင်ဧည့်သည် ငါးယောက်လို့ ဆရာဘုန်းကြီးက ဆိုင်းဆွဲပေးလိုက်တယ်ဆိုတော့ ဒါဟာ ပေါ်ချင်တဲ့ အချိန်မှာ ပေါ်တာ ဖြစ်သောကြောင့် ကိုစောမောင်က ဟုတ်တယ်ဟေ့လို့ ဆုံးဖြတ်ချက်ချ၊ အမြဲပေါ်တာ မဟုတ်ဘူး … (မှန်ပါ့)။
ဒါက အရှုခံ တရားတွေ သိအောင်လို့ ပြောပေးနေပါတယ်။
တစ်ခါ ဒါက ၀မ်းထဲပေါ်တဲ့ ဧည့်သည်ပြောကြအုံးစို့၊ ၀မ်းထဲပေါ်တဲ့ ဧည့်သည်ကတော့ တစ်ခါတလေကျတော့လဲ လိုချင်တဲ့ လောဘ စိတ်ကလေးပေါ်တယ်၊ ဒါလဲ တစ်ခါတလေကျမှ ပေါ်တာ …(မှန်ပါ့)။
ကိုစောမောင်-တစ်ခု ရရောပေါ့နော် … (မှန်ပါ့ရပါပြီ)။
ဝမ်းထဲမှာ တစ်ခါတလေကျတော့လဲ အလိုမကျတဲ့ ဒေါသ စိတ်ကလေးများလဲ ပေါ်ချင်ပေါ် နေတာ …(မှန်ပါ့)။ တစ်ခါတလေကျတော့လဲ သံသယရှိတယ်။ စိတ်ပျံ့လွင့်တယ်ဆိုတဲ့ မောဟကော … (ပေါ်ပါတယ်ဘုရား)။
ဝမ်းထဲမှာ အကုသိုလ်ဘက်က သုံးခုပေါ့ဗျာ … (မှန်ပါ့)။
ကုသိုလ်ဘက်ကတော့ တစ်ခါတလေကျတော့ ပေးချင် ကမ်းချင်တဲ့ အလောဘစိတ် ကလေးလဲ ပေါ်တယ်၊ ပေးချင် ကမ်းချင်တဲ့စိတ်ဟာ အလောဘစိတ်လို့မှတ်လိုက် … (မှန်ပါ့) တစ်ခါ တလေကျတော့ မေတ္တာရှိတဲ့ စိတ်ကလေးဟာ မပေါ်ဘူးလား (ပေါ်ပါတယ်ဘုရား) အဲဒါက အဒေါ သစိတ်လို့ မှတ်လို
က်ပါ။ အဒေါသစိတ်ဆိုတာ သူများ မပြစ်မှားတဲ့ စိတ်ပေါ့လေနော် … (မှန်ပါ့ဘုရား) ကရုဏာထားတဲ့စိတ်၊ မေတ္တာထားတဲ့စိတ်ဟာ အဒေါသစိတ်ပဲ (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
အမောဟစိတ်ဆိုတာ တစ်ခါတလေကျတော့ ကျောက်ကလေးတွေ၊ ဘာကလေးတွေလဲ ခင်ဗျားတို့ အကြံအစည်နဲ့ ကြံစည်တဲ့အခါကျလို့ရှိရင် အဲဒါ မောင်နိုင် - အမောဟစိတ်လို့ ခေါ်တယ် … (မှန်ပါ့)။။
ဝိပဿနာကြံတာတော့ မဟုတ်ဘူးပေါ့ဗျာ - (မှန်ပါ့) ကိုယ့်လုပ်ခင်း ကိုင်ခင်းကို ကြံတာ ဦးဘရှင်းတို့ မရှိဘူးလား - (ရှိပါတယ်ဘုရား) အဲဒါ အမောဟစိတ်လို့ မှတ်ထားလိုက်နော် … (မှန်ပါ့)။
အဲဒီတော့ ၀မ်းထဲမှာ ခြောက်မျိုးပေါ့ဗျာ၊ ဒါလဲ အတွင်း ဧည့်သည်ခြောက်ယောက်လို့ မှတ်လိုက်စမ်းပါ … (မှန်ပါ့)။
အပြင်ကလဲ ခြောက်ဆိုလဲ ဟုတ်တာပဲ၊ ငါးဆိုလဲ ဟုတ်တာပဲနော် … (မှန်ပါ့)။ ကိုယ်ပေါ်မှာ သုခ၊ ဒုက္ခနဲ့ ဆိုတော့ အပြင်က ခြောက်ထားလိုက်ဦးတော့ … (မှန်ပါ့) အတွင်းက ခြောက်ဆိုတော့ ဧည့်သည် ဆယ့်နှစ်ယောက် မရှိဘူးလား … (ရှိပါတယ်ဘုရား)။
အဲဒီတော့ ဒါဧည့်သည်ဆိုသဖြင့် ကျုပ်တို့က ၀ိပဿနာရှုတဲ့ပုဂ္ဂိုလ်မှာ သြော် … ကြုံတဲ့အခါ ရှုဖို့ပဲ၊ ဒီဆယ့်နှစ်ခုကတော့ … (မှန်ပါ့) ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
ဆယ့်နှစ်ခုကတော့ … (ကြုံတဲ့အခါ ရှုဖို့ပါဘုရား)။
ဒါဖြင့် မကြုံတဲ့အခါကျတော့ ဘယ့်နှယ်နေမလဲဘုရား … လို့ဆိုတော့ အိုး … သက်စောင့်ရှိသေးတယ်ဟေ့လို့ ပြောရမယ် … (မှန်ပါ့)။
သက်စောင့်က ဘာပါလိမ့်မတုံးဆိုတော့ နောက်က ဒကာ ဒကာမတွေ သက်စောင့်က လေကို ထုတ်တဲ့စိတ်ကလေး၊ အဲဒါမသေအောင် စောင့်တာပဲ၊ သတ္တ၀ါကို သုဿာန်မပို့ရအောင် စောင့်နေတဲ့စိတ်၊ ကိုပေါ်-ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
တစ်ခါ … လေပြန်ရှိုက်တဲ့စိတ်၊ ဒီစိတ်ကလေး နှစ်ခုကတော့ ခုနင်က ဧည့်သည် ဆယ့်နှစ်ယောက် မရှိလို့ရှိရင် သူတို့နှစ်ခုက အသက်စောင့်နေတယ် … (မှန်ပါ့)။
ဒါဖြင့် အရှုခံတရား ဆယ့်လေးခု၊ မှတ်မိကြပလား … (မှတ်မိကြပါပြီဘုရား)။
အရှုခံတရား … (ဆယ့်လေးခုပါဘုရား)။
ဒါ သေသေချာချာမှတ်ပါနော် …၊ အရှုခံတရားက အပြင် ဧည့်သည်ခြောက်၊ အတွင်းဧည့်သည်က … (ခြောက်ပါဘုရား) အိမ်သည်က … (နှစ်ယောက်ပါဘုရား)။
ကောင်းပြီ … ဒါတွေ စိတ်တရားချည်းလို့ မှတ်စမ်းပါ။ (မှန်ပါ့) ဒီစိတ်တွေက ဘုန်ကြီးတို့ ဒကာဒကာမတွေက အပြင်ဧည့်သည် လာလို့ရှိရင်လဲ ဒါ … စိတ်လို့ပဲ ရှေ့ဦးစွာ မှတ်လိုက်တဲ့ အတွက် စိတ်ဆိုတာ နာမ်ဓမ္မလို့မှတ်တော့ သြော် နာမ်ပဲဆိုတာ သေချာတယ် … (မှန်ပါ့)
စိတ်ဟူသရွေ့ဟာလဲ ရုပ်ပေါ်မှာ ပေါ်ရသည် ဖြစ်သောကြောင့် သြော် … စိတ်ဟာ ဘယ်သူ့အပေါ် ပေါ်ပါလိမ့် မတုံးဆိုတော့ ရုပ်ပေါ်မှာ ပေါ်ရတယ် … (မှန်ပါ့)။
ဒါဖြင့် စိတ်ကနာမ်၊ အောက်က သူ့အခံက ရုပ်ပေါ့ဗျာ၊ (မှန်ပါ့) နာမ်ရုပ်လဲ ကိုစောမောင်ရှင်း တယ် … (ရှင်းပါတယ်ဘုရား)။
မျက်လုံးစိတ် ဆိုလို့ရှိရင် ကိုစောမောင် မျက်လုံးရုပ်ပေါ်မှာ ပေါ်မှာပဲ … (မှန်ပါ့) အဲဒီတော့ နာမ်ရုပ်ပေါ့ဗျာ …။
နားစိတ် ဆိုလို့ရှိရင် နားရုပ်ပေါ်မှာ နားကြားတဲ့စိတ်ပေါ်မှာပါပဲ … (မှန်ပါ့) ဒီတော့ ကိုဝ နာမ်ရုပ်ခွဲစရာလိုသေးသလား … (မလိုပါဘုရား)။
သူ့ အနေနဲ့သူ တွဲလျက်တွဲလျက် ပေါ်နေတယ်ဆိုတာ သိပြီးသား … (သိပြီးသားပါဘုရား) ကိုစောမောင် ရှင်းသွားတယ်- (မှန်ပါ့-ရှင်းပါတယ်ဘုရား) ဒကာကြီးလှိုင် သေသေချာချာမှတ်ပါနော် … (မှန်ပါ့)။
အဲဒီတော့ အခု ဆယ့်နှစ်ခုဟာ ခုနင်က အတွင်းဧည့်သည် ခြောက်ယောက်လဲ ဟဒယ ၀တ္ထုပေါ်မှာချည့် အလှည့်ကျနဲ့ ပေါ်နေကြတာပဲ … (မှန်ပါ့) ဒီတော့ ရုပ်ပေါ်မှာ ပေါ်တာပဲဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား)။
ကောင်းပြီ … ရှုစိတ်နဲ့ ရှိုက်စိတ်ကကောလို့ မေးတော့လဲ သူလဲ ဟဒယ ၀တ္ထုပေါ်မှာ ပေါ်ကြတယ်ဆိုတော့ သြော် … ရုပ်ပေါ်မှာ နာမ်ပေါ်တယ်ဆိုတာ သေချာပြီး … (သေချာပါပြီဘုရား)။
ဒါဖြင့် ဒကာဒကာမတွေ သန္တာန်မှာ ဘာသာလျှင် ရှိသတုံးလို့ မေးတဲ့အခါ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် နာမ်ရုပ်ပေါ်တာပဲ … (မှန်ပါ့) ဦးဘကလေး ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့် … (နာမ်ရုပ်ပဲ ရှိပါတယ်ဘုရား)။
ဒါဖြင့် မြင်တာလဲ နာမ်ရုပ်က မြင်တာ၊ ကြားတာကော … (နာမ်ရုပ်က ကြားတာပါဘုရား)။
ကိုဝ ဒါဖြင့် နာမ်ရုပ် အထူးခွဲစရာ လိုသေးသလား … (မလိုပါဘုရား)။
ရှင်းသွားပြီ … တဲ့၊ ဒါ စိတ္တာနုပဿနာဟောမလို့ ရှေးဦးစွာ နာမ်ရုပ်ကို ကိုစောမောင် ဝေဖန် လိုက်တာ … (မှန်ပါ့)။
ဒါဖြင့် နာမရူပ ပရိစ္ဆေဒဥာဏ်ရပြီ (မှန်ပါ့) နာမ်ရုပ်ပိုင်းခြားသိတဲ့ဥာဏ် မရသေးဘူးလား … (ရပါပြီ) ရပြီလို့ ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့။
ဒါဟာ ဒကာဒကာမတွေ နောက်တော့ အလုပ်တွေချည့်ပြောမှာ ဖြစ်နေတော့ ဒါဟာ သြော် - ရှုစရာတွေဟာ ဒီဆယ့်လေးခုထက် ပိုမရှိပါကလားဆိုတာ မှတ်ရုံပေါ့ (မှန်ပါ့) ဒါ-သေသေချာချာ မှတ်ထားကြပါ။
အရင်တုန်းက ဆယ့်နှစ်ခုပြောတာ၊ အခု ဆယ့်လေးခု အတူတူပဲလို့သာ မှတ်လိုက်တော့ … (မှန်ပါ့) အတူတူပဲ သုခ ဒုက္ခ ခွဲလိုက်တာပဲ မောင်နိုင် … (မှန်ပါ့)။
ကိုင်း … ဒါဖြင့် နာမ်ရုပ်ခွဲပြီးတော့ အကြောင်းအကျိုး ခွဲရဦးမယ်လို့ မဆိုရပေဘူးလား … (ဆိုရပါတယ်ဘုရား)။
အကြောင်းအကျိုးခွဲတော့ ဒီမှာသိနေတာပဲ၊ မျက်လုံးစိတ်ကလေးဟာ အဆင်းနဲ့ မျက်လုံးရုပ်နဲပ မပေါင်းမိဘဲနဲ့ မြင်စိတ် ပေါ်ပါ့မလား … (မပေါ်ပါဘုရား)။
ဒါဖြင့် ဒီမြင်စိတ်ကလေးဟာ ဒကာဒကာမတို့ အာရုံရယ် ဒွါရဆိုတဲ့ အကြည်ရုပ်ကလေးရယ် နှစ်ခု တိုက်ဆိုင်မိလို့ ပေါ်လာတာ … (မှန်ပါ့) နားကျတော့ကော … (နှစ်ခုတိုက်ဆိုင်လို့ ကြားစိတ်ပေါ်တာပါုရား) အသံက ကြားရုပ်နဲ့ တိုက်မိလို့ (မှန်ပါ့ဘုရား)။
ဒီအတိုင်းသွားလိုက်တော့ ကိုစောမောင် ဒါ -သြော် … စိတ်ဖြစ်ခြင်းအကြောင်းလဲ ဒို့-သိပြီ၊ သိကြား၊ ဗြဟ္မာ၊ ဘုရား လာပြီး ထည့်တဲ့စိတ် မဟုတ်ဘူး … (မှန်ပါ့) နှစ်ခုတိုက်လို့ ပေါ်တဲ့စိတ်တွေပဲဆိုတော့ ဒါက ၀ိစိကိစ္ဆာသတ်လိုက်တာ၊ ခုနင်က နာမ်ရုပ်သာ ရှိတယ်ဆိုတော့ ဒိဠိမသေသေးဘူးလား … (သေပါတယ်ဘုရား) အလိုလိုပေါ်တာလား၊ အကြောင်းနှစ်ခု တိုက်ဆိုင်လို့ ပေါ်တာလား … (အကြောင်းနှစ် ခု တိုက်ဆိုင်လို့ ပေါ်တာပါဘုရား)။
ဒါကျတော့ သူ့အလိုလိုပေါ်တာလား၊ ဘယ့်နှယ်ကြောင့် ပေါ်ပါလိမ့်မတုံးဆိုတဲ့ သံသယလာသေးရဲ့ လား (မလာပါ)။
ဒါဖြင့် ၀ိစိကီစ္ဆာက သေသောကြောင့် ဒါသည် ဒကာ ဒကာမတွေ မှတ်လိုက်တာပေါ့တဲ့ နှစ်ဥာဏ်ရ သွားပြီ (မှန်ပါ့) သိဥာဏ်နှစ်ဥာဏ် ရသွားပြီ … (မှန်ပါ့)။
ကိုစောမောင်- (သိဥာဏ်နှစ်ဥာဏ်ရပါပြီဘုရား) ပွားဥာဏ်မပါသေးဘူး - (မပါသေးပါဘုရား) ဒါသိဖို့ ဟောနေတယ်လို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အလုပ် လုပ်မည့် ပုဂ္ဂိုလ်တွေက သေသေချာချာမှတ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် နာမရူပ ပရိစ္ဆေဒဥာဏ် ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတဲ့ နှစ်ဥာဏ် မောင်နိုင်ရသွားပြီ … (မှန်ပါ့)
နှစ်ဥာဏ်ရပြီးသကာလ သွားတဲ့အခါကျတော့ နောက်ကျတော့ ဖြစ်ပျက်ရှုတဲ့ သမ္မသန၊ ဥဒယဗယလို့ ဆရာဘုန်းကြီးက သင်ဖို့ လိုတယ်နော် … (မှန်ပါ့)။
အဲဒီတော့ ဒီလိုလုပ်ကြစို့ရဲ့၊ ဒကာဒကာမတွေ ၀ိပဿနာရှုဆိုတာ အရှင်ဘုရား … တဲ့၊ အရှင် ဘုရား များကတော့ ၀ိပဿနာရှုပြီး နိဗာန်ရောက်တာတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ မိလိန္ဒမင်းကြီးက မေးတယ်၊ ၀ိပဿနာရှုနည်းကလေး တပည့်တော်ကို အမိန့်ရှိစမ်းပါ၊ တပည့်တော်ပဲ နိဗာန် ရောက်ကြောင်းလုပ်ချင်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အပါအ၀င်ပါပဲ။
မေးလိုက်တဲ့အခါကျတော့ ဒကာကြီးတောထဲမှာ သစ်တွေ ကျားတွေ မရှိဘူးလား … တဲ့ … (ရှိပါတယ်ဘုရား)။
အဲ-သစ်တွေကျားတွေဟာ သူတို့စားချင်တဲ့ သမင်၊ ဒရယ်၊ ဂျီငယ်၊ စိုင်၊ ဆက်၊ ယုန် အစရှိသညို့ကို အပြေးလိုက်ဖမ်းသလား၊ ချောင်းပြီးဖမ်းသလားမေးတယ် … (မှန်ပါ့ဘုရား)။
ဒကာဒကာမတွေက ဘယ့်နှယ် ထင်ကြသလဲ -(ချောင်းပြီးဖမ်းပါတယ်ဘုရား)။
ချောင်းပြီး ဖမ်းရတယ်၊ အပြေးလိုက်ဖမ်းရင် သူ့ထက် အပြေးသန်တဲ့ ပုဂ္ဂိုလ်ကို - ကိုဝ မိပါ့မလား … (မမိပါဘုရား)။
ဒါဖြင့် ချောင်းဖမ်းပါဆိုတော့၊ ထို့အတူပဲ ဒကာဒကာမတွေက သမာဓိကောင်းကောင်းနဲပ ချောင်းနေပါ၊ ချောင်းနေတဲ့အခါ မြင်စိတ်ပေါ်ရင် မြင်စိတ်ဖြစ်ပျက်ရှုပေး - (မှန်ပါ့) ဥာဏ်နဲ့နော် … (မှန်ပါ့ဘုရား)။
ချောင်းနေပါ သမာဓိ ကောင်းကောင်းနဲ့ စောင့်နေပါ ကိုစောမောင် … (မှန်ပါ့) ကြားစိတ်ပေါ်ရင် (ကြားစိတ်ဖြစ်ပျက်ရှု) ကြားစိတ်ဖြစ်ပျက်ရှုလိုက်၊ နံစိတ်ပေါ်ရင် (နံစိတ်ဖြစ်ပျက်ရှု)။
အေး … တောထဲက ကျားတို့ သစ်တို့ဟာ ကိုပေါ်တို့ ကိုဝတို့ ချောင်းဖမ်း-ဖမ်းပြီး သူတို့ အကောင်ကြီးတွေဖြစ်လို့ သူတို့ထက်မြန်တဲ့ အကောင်တွေကို စားသောက်ရအောင် ချောင်းပြီးမှ ဖမ်းရသလို ခင်ဗျားတို့လဲ ဆိတ်ငြိမ်တဲ့ နေရာမှာ သမာဓိကလေးထည့်ပြီး ချောင်းဖမ်းပါ … (မှန်ပါ့ဘုရား)။
ဒကာကြီးလှိုင် ဒီအတိုင်းရှုလို့ မရဘူးနော် … (မှန်ပါ့) ချောင်းဖမ်းရမယ်ဆိုတဲ့ အဓိပါယ်ကော ရှင်းကြပလား .. (ရှင်းပါပြီဘုရား)။
ဒါဖြင့် သမာဓိကောင်းကောင်းနဲ့ သမာဓိတည်းဟူသော ချုံထဲမှာ အောင်းပြီးသကာလ ဥာဏ်တည်း ဟူသော ကျားကဖြစ်ပျက်တည်းဟူသော သားကောင်ကို ဖမ်းရမယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား)။
အလုပ်ကို ရှင်းရှင်းပေးနေတယ်ဆိုတာ သေသေချာချာမှတ်ပါ … (မှန်ပါ့ဘုရား)။
အလုပ် ရှင်းရှင်းပေးနေတယ်ဆိုတာ ကိုစောမောင် မှတ်မိပလား … (မှတ်မိပါပြီ) သမာဓိတည်းဟူ သော ချုံထဲမှ အောင်းရမယ် … (မှန်ပါ့) သဘောကျပါလား … (ကျပါပြီဘုရား)။
အေး - သမာဓိတည်းဟူသော ချုံထဲက အောင်းပြီး သကာလ ကျားနဲ့တူတဲ့ဥာဏ်သည် သားကောင် နဲ့တူတဲ့ ၀ိညာဏ်စိတ်တွေ စိတ်တွေကို ဖမ်းရမယ် … (မှန်ပါ့) မမိပေဘူးလား (မိပါတယ်ဘုရား)။
အဲဒီတော့ သမာဓိချုံထဲမှာ မအောင်းလို့ရှိရင်ဖြင့် ဥာဏ်တည်းဟူသော ကျားဟာ အပြေးလိုက်ဖမ်း လို့ရှိရင် လွတ်သွားမှာပဲဆိုတာ ကိုဝ-ကိုပေါ် တို့ မှတ်ရလိမ့်မယ် - (မှန်ပါ့) မိနိုင်ပါ့မလား … (မမိနိုင်ပါဘုရား)၊
ဒါဖြင့် သမာဓိတည်းဟူသော ချုံထဲမှာ ဥာဏ်တည်းဟူသော ကျားက အမြဲတမ်းစောင့်ပြီးသကာလ နေတော့မှ မြင်စိတ်ပေါ်လဲ မြင်စိတ်စားလိုက် ကိုစောမောင် … (မှန်ပါ့) ဖြစ်ပျက်ရှုလိုက်ပြောတာ … (မှန်ပါ့) ကြားစိတ်ပေါ်ရင် … (ကြားစိတ်ဖြစ်ပျက်ရှုရပါမယ်ဘုရား)။
ကြားစိတ် စားလိုက်ပါဆိုတော့ ဥာဏ်နဲ့ သားကောင်နဲ့ဟာ မိလျက်ချည့်နေတယ် … (မှန်ပါ့) ထို့အတူပဲ ဖြစ်ပျက်နဲ့ မဂ်နဲ့ဟာ ကိုင်လျက်ချည်းနေတယ် … (မှန်ပါ့) မကိုက်ပေဘူးလား … (ကိုက်ပါတယ် ဘုရား)။
နောက်က ဒကာဒကာမတွေ သဘောကျကြလား … (ကျပါတယ်ဘုရား) လုပ်နည်းရကြပလား၊ လုပ်နည်းဟာ ဒီအတိုင်းပဲ မှတ်ရမယ် … (မှန်ပါ့) ချောင်းဖမ်းမှ နေရာကျမယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီ)။
အေး … ဒါဖြင့် ဘုန်းကြီးက စကားတတ်လို့ ပြောဆိုတဲ့ အသွားရယ်လို့လဲ ဒကာဒကာမတွေက မမှတ်ဘဲနဲ့ ရှင်နာဂသိန် “ယထာပိ ဒီပိကောနာမ နိလီယိတွာ ဂဏှေ” လို့ ပါဠိတော်မှာ သေသေချာချာ ဟောထားတဲ့အတွက် ပုန်းအောင်းပြီးမှ ရှုရမယ်ကွာ … တောထဲက ကျားဟာ သားကောင်ကို ဒီအတိုင် မဖမ်းနိုင်ဘူး၊ ချောင်းပြီးမှ ဖမ်းနိုင်တယ်ကွ … တစ်နေရာပုန်းအောင်းပြီး ချောင်းဖမ်းရတယ်ဆိုတဲ့ ဥစ္စာ ၀ိပဿနာရှုရင် ဒီလိုပဲ သမာဓိချုံထဲမှာ ဥာဏ်အောင်းပြီးသကာလ ကိုဝရေ သားကောင်နဲ့တူတဲ့ ခုနင်က ဆယ့်လေးခုကိုဖမ်းပါ၊ ရှင်းပလား … (ရှင်းပါပြီ)။
ခုနင်က ဆယ့်လေးခုကို ဖမ်းလိုက်ပါ၊ နောက်က ဒကာ ဒကာမတွေ နားလည်ကြပလား … (နားလည်ပါပြီ)။
သမာဓိက ဘာနဲ့တူသတုံး … (ချုံနဲ့တူပါတယ်ဘုရား) ဥာဏ် ကဘာနဲ့တူသတုံး … (ကျားနဲ့တူပါတယ်ဘုရား) ခုနင်က ဆယ့်လေးခုက ဘာနဲ့တူသတုံး … (သားကောင်နဲ့တူပါတယ်ဘုရား)။
အဲဒီ သားကောင်တွေကဟာ ချောင်းဖမ်းရင် မိတယ် … (မှန်ပါ့) ဦးဘရှင်း နေရာကျပလား … (ကျပါပြီ)။
နေရာကျပြီတဲ့၊ ချောင်းဖမ်းလိုက်တဲ့အခါကျလို့ ရှိရင်ဖြင့်တဲ့ တစ်ခါတည်း အသေကလေးတွေချည့် မိတယ် … (မှန်ပါ့) အပျက်ကလေးတွေချည်းမိပါလိမ့်မယ် … (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
အပျက်ကလေးတွေချည့် မိတဲ့အခါကျတော့ဖြင့် အပျက်နဲ့ မဂ်နဲ့ကိုက်တယ်လို့ ဆိုရတော့မယ် ကိုစောမောင် … (မှန်ပါ့) မဆိုပါနဲ့ဆိုလို့ ရသေးရဲ့လား … (မရပါဘုရား)။
အဲဒီ အလုပ်မလုပ်တတ်သေးတဲ့ ပုဂ္ဂိုလ်တွေအတွက်သော် လည်းကောင်း၊ အလုပ်လုပ်ပြီးသား ပုဂ္ဂိုလ်တွေအတွက်သော် လည်းကောင်း၊ ဒီနေ့ သေသေချာချာ ပြောတယ်လို့မှတ်ပါ … (မှန်ပါ့)။
သေသေချာချာ ပြောတယ်လို့မှတ်ပါ … ၀ိပဿနာရှုနည်း နိဿရည်းကို ရှင်နာဂသိန်က မိလိန္ဒမင်းကြီးကို သင်တာပါပဲ … (မှန်ပါ့) “ယထာပိ ဒီပိကော နာမ” ဆိုတဲ့အတိုင်း ဒီပိကောဆိုတာ သစ်ကို ဆိုတာပါပဲနော် … နိလီယိတွာ ဆိုတာ ပုန်းအောင်းရမယ်ကွ … ဒီအတိုင်းဆိုတာပဲနော် … (မှန်ပါ့)။
ထို့အတူပဲတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်လဲ သမာဓိချုံထဲမှာ ဥာဏ်အောင်းပြီး သကာလ သားကောင်ဆယ့် လေးကောင်ပေါ်ရာဖမ်းပါ … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီ)။
သို့သော် ခင်ဗျားတို့ ဆယ့်လေးခုစလုံး ပြိုင်တူဘယ်တော့မှ မပေါ်ဘူး … (မှန်ပါ့) တစ်ခုသာ ပေါ်မယ်ဆိုတော့ မမိစရာရှိသေးရဲ့လား … (မရှိပါဘုရား)။
ကိုင်း … ကိုစောမောင် - ဖမ်းတတ်ပလား-(ဖမ်းတတ်ပါပြီ)၊ ဒါဘာအနုပဿနာလဲ … လို့ အခုသင် နေတာ၊ စိတ်ကို အဖမ်းခိုင်းတဲ့အတွက် စိတ္တာနုပဿနာ … (မှန်ပါ့) စိတ္တက စိတ်၊ အနုပဿနာက နောက်ကနေ ချောင်းဖမ်းတာကို ဆိုတာ (မှန်ပါ့) စိတ္တက … (စိတ်ပါဘုရား) အနုပဿနာက … (ချောင်းဖမ်း တာပါဘုရား) ချောင်းဖမ်းတာကိုဆိုတာ၊ ပေါင်းလိုက်တော့ စိတ္တာနုပဿနာ ရှင်းပလား … (ရှင်းပါပြီဘုရား)။
စိတ္တက ခုနင်က ဆယ့်လေးခုပေါ်ရာကို စိတ်ဆိုတာ သဘောကျပလား … (ကျပါပြီဘုရား) အနုပဿနာဆိုတာက ဘာတုံး (ချောင်းဖမ်းတာပါဘုရား)။
ချောင်းဖမ်းတာ … တဲ့၊ သမာဓိပညာနဲ့ ချောင်းဖမ်းတာကို အနုပဿနာလို့ခေါ်ပါတယ်၊ ပေါင်းလိုက် တော့ ဘယ့်နှယ်ဆိုကြမလဲ (စိတ္တာနုပဿနာပါဘုရား)။
ဒါဖြင့် မ၊ နဲ့၊ အိ နဲ့ပေါင်းလိုက်တော့ မအိ-ဆိုသလိုပေါ့ ကလေးတုန်းက စာပေါင်းသလိုနော် … (မှန်ပါ့) စိတ္တနဲ့ အနုပဿနာနဲ့တွဲပေး၊ မောင်နိုင်-တွဲတတ်ပလား … (တွဲတတ်ပါပြီ) စိတ္တက ဘာပါလိမ့် … (စိတ်ကို ခေါ်ပါတယ်) ဆယ့်လေးမျိုး၊ ခုနင်က ဆရာဘုန်းကြီးပြထားတဲ့စိတ် ဆယ့်လေးမျိုးကို စိတ်လို့ခေါ် လိုက်ပါ … (မှန်ပါ့) အနုပဿနာက ဘာပါလိမ့်မလဲလို့ မေးတဲ့အခါ သူတို့ အဖန်တလဲလဲ ရှုဖို့ပါပဲ (မှန်ပါ့) သမာဓိနဲ့ ပညာ-ဆိုပါတယ်၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ဒီနေ့ ပိုမိုရှင်းပါရဲ့လားလို့ မေးရင် ဘယ့်နှယ်ဖြေကြမလဲ … (ရှင်းပါတယ်ဘုရား)။
ရှင်းပြီးတဲ့၊ အလုပ် မလုပ်တတ်တဲ့ ပုဂ္ဂိုလ်မရှိပါဘူးဆိုတဲ့ အခြေအနေရောက်အောင် သင်ပေးနေတယ်ဆိုတာကိုလဲ နောက်က ဒကာဒကာမတွေ ကံထူးလို့ ကြုံကြရတယ်ဆိုတာကိုလဲ ကိုစောမောင်-ပြောဖို့မလိုပါဘူး … (မလိုပါဘုရား)။
ဒါဖြင့် သြော်-ဆရာဘုန်းကြီးက ဒိဌိကခွာပြီးပြီ၊ ၀ိစိကိစ္ဆာလဲသတ်ပြီးပြီ၊ အခု အနုပဿနာရောက် လာပြီး သမ္မသန၊ ဥဒယဗယ ရောက်လာပြီ ကိုစောမောင် … (မှန်ပါ့)။
အဲဒီကဲ့သို့ ရောက်လာတော့ ဒီဥာဏ်နဲ့ ဒကာဒကာမတွေက ဒီသမာဓိတည်းဟူသော ချုံထဲမှ ဥာဏ်တည်းဟူသော သစ်တို့ကျားတို့ကို ထားပြီးသကာလ သားကောင်ဆယ့်လေးကောင်ကို တစ်ကောင်စီ ပေါ်နေတာတော့ ခင်ဗျားတို့ မလွတ်အောင် ဖမ်းယူပါ … (မှန်ပါ့)။
ဖမ်းလိုက်တဲ့အခါကျတော့ အဖမ်းခံရတာကစိတ်၊ ဖမ်းတာက အနုပဿနာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အဖမ်းခံရတာက … (စိတ်ပါဘုရား) ဖမ်းတာက (အနုပဿနာပါဘုရား)။
အနုပဿနာဆိုတာလဲ အဖန်တလဲလဲ ရှုတာကို ဆိုပါတယ်၊ ဒါကြောင့် စိတ္တာနုပဿနာ၊ ဒကာကြီးလှိုင် - ရှင်းပလား … (ရှင်းပါပြီဘုရား)။
စိတ္တာနုပဿနာဆိုတာ သဘောကျပလား … (ကျပါပြီ) သြော် … စာသံပါနေသေးသလား … ဒို့ - ဥာဏ်ထဲ ရှင်းသွားပလား … (ရှင်းသွားပါပြီဘုရား)။
ရှင်းသွားပြီနော် … စာသံပါနေပြန်လဲ ကိုဝတို့က ကျုပ်တို့က မာဂဓဘာသာကိုနားလည်တဲ့အတွက် ဒါဘုန်းကြီးတွေ အလုပ်ဆိုပြီး ထင်နေကြတယ်၊ မဟုတ်ပါဘူးတဲ့၊ စိတ်ကိုအဖန်တလဲလဲရှုတာပါ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
စိတ်ကို … (အဖန်တလဲလဲရှုတာပါဘုရား) အဲဒါ ပါဠိလိုသုံးတော့ ဘယ်လိုဖြစ်သွားသတုံး - (စိတ္တာနုပဿနာပါ) မြန်မာလို ပြန်လိုက်တော့ (စိတ်ကိုအဖန်တလဲလဲရှုတာပါဘုရား)။
စိတ်ကို အဖန်တလဲလဲရှုတာ ဦးဘရှင်း-ဒါငြင်းနေဖို့ မလိုတော့ဘူး … (မှန်ပါ့)။
ကဲ … ဒါဖြင့် ဒီလောက်ရှင်းလို့ရှိရင်ဖြင့် ဘယ့်နှယ်ကြောင့် အရှင်ဘုရား၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စိတ္တာနုပဿနာ ဟောပါလိမ့်မလဲလို့ မေးတဲ့အခါကျတော့မှကွာတဲ့၊ သောတာပတ္တိမဂ်ဆိုတာ ဒိဌိသတ်တာဟေ့ … (မှန်ပါ့) သောတာပတ္တိမဂ် လိုချင်ရင် ဒိဌိသတ်မှရမယ်၊ အထက်မဂ်လိုချင်ရင် တဏှာသတ်မှ ရမယ်၊ မှတ်မိကြပလား … (မှတ်မိပါပြီဘုရား) အထက်မဂ်တွေလိုချင် ရင် (တဏှာသတ်မှ ရပါတယ်ဘုရား)။
တဏှာသတ်ရမယ်ဆိုတော့ ဒီမှာ ဆရာတွေက မှားသွားကြမယ်ဆိုလို့ရှိရင်ဖြင့် တဏှာသတ် ဟောထားလို့ရရှိရင်ဖြင့် ကိုစောမောင်-အရင်သတ်ရမှာ မသတ်ဘဲနဲ့ နောက်သတ်ရမှာအရင်သတ်နေလို့ရှိ ရင် မောနေမှာပဲ (မှန်ပါ့) မောနေလို့ရှိရင် လိုရာခရီး အပြီးအပိုင် ရောက်ပါ့မလား-(မရောက်ပါဘုရား)။
ဒါကြောင့် အားလုံး အဌကထာ-ဋီကာတွေက ဒီဟာအရင်လုပ်ပါကွာ၊ စိတ်မှာ ဒိဌိအများဆုံးပဲကွ၊ ဒါကြောင့် ဒိဌိသတ်မှ သောတာပန်တည်တယ်၊ သောတာပတ္တိမဂ်မရဘဲနဲ့လဲ အထက်မဂ် ရချင်လို့ ကိုဝ … (မရပါဘုရား)။
ဒါဖြင့် ဒိဌိသတ်တဲ့အလုပ်ကို ရှေ့ထားပါ -(မှန်ပါ့) ဦးဘကလေးရှင်းပြီး … (ရှင်းပါပြီဘုရား) နောက်က ဒကာဒကာမတွေရှင်းကြရဲ့လား … (ရှင်းပါတယ်ဘုရား)။
စိတ္တာနုပဿနာကို ဘာ့ကြောင့် ဆရာဘုန်းကြီး လမ်းခင်းပြီး အကျယ်တ၀င့် ပြောဆိုနေပါလိမ့်မလဲ … လို့ ဆိုတော့ ဘာသတ်တာတုံး … (ဒိဌိသတ်တာပါဘုရား)။
ဒါဖြင့် သောတာပတ္တိမဂ်ဟာ ဘာပယ်တာတုံး … (ဒိဌိပယ်တာပါဘုရား) ဒိဌိပယ်တာပဲဆိုတာ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် မဂ်လိုချင်ရင် ဒီမဂ်မရဘဲနဲ့ အထက်မဂ် ခုန်တက်လို့ … (မရပါဘုရား) ဒါဖြင့် ဒကာကြီးလှိုင် - ဒါလုပ်ရတော့မယ်နော် … (လုပ်ပါမယ်ဘုရား)  မလုပ်ရပေဘူးလား- (လုပ်ရပါတယ်ဘုရား)။
ဦးဘရှင်းတို့နေရာကျပလား - (ကျပါပြီဘုရား) နောက်က ဒကာဒကာမတွေ … (ကျပါပြီဘုရား)။
နေရာကျကြပါတော့ … တဲ့၊ ဒီလောက် ပင်ပန်းခံပြောနေလို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျေကျေနပ်နပ်ကြီး သဘောကျဖို့ ကောင်းပါပြီ … (မှန်ပါ့)။
ကဲ … ဒါဖြင့် ဒီလိုလုပ်နည်း ပေးလိုက်တော့ စိတ်ပေါ်မှာ ဒိဌိအများဆုံးမို့ ဥာဏ်ကလေးတဲ့ ဒိဌိများတဲ့ ပုဂ္ဂိုလ်ကို စိတ္တာ နုပဿနာပေး၊ သူနဲ့ လျော်သကွ … တဲ့ … (မှန်ပါ့)။
ကိုဝ ဥာဏ်ကလဲ လေးမယ်၊ ဒိဌိကလဲ များမယ်ဆိုလို့ရှိရင် ဘာပေးရမလဲ … (စိတ္တာနုပဿနာ ပေးရပါမယ်ဘုရား)။
ဒါဟာ ကိုစောမောင် အနာနဲ့ဆေး သင့်အောင် ပေးတာပေါ်ပလား … (ပေါ်ပါပြီဘုရား)။
အနာနဲ့ဆေး သင့်အောင် မပေးလို့ရှိရင်လဲ လိုရင်းပြီးပါ့မလား … (မပြီးပါ) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် အခု အနာနဲ့ဆေးကော သင့်ပလား- (သင့်ပါပြီဘုရား)။
ကိုယ်က သောတာပတ္တိမဂ်ကို ရလိုတဲ့ပုဂ္ဂိုလ်၊ သူ့ကို ရမှလဲ အထက်တက်နိုင်တော့ သောတာပတ္တိမဂ်ဆိုတာ ဒိဌိနိရောဓော နိဗနံကိုး၊ ဒိဌိသတ်မှ နိဗာန်ရတာ၊ ပထမ နိဗာန်လိုချင်ရင် ဒိဌိသတ်ရ တယ် … (မှန်ပါ့)။
အဲဒီတော့ ဒီ-ဒကာ-ဒကာမတွေမှာ ဒီ-စိတ် ဆယ့်လေးခုကို ရှုပေးပါဆိုတော့ သြော်-ဒိဌိ ပြုတ်လွယ် လိမ့်မယ်ဆိုတာကိုပေါ် ကိုဝတို့ စိတ်ထဲ ဆုံးဖြတ်ချက် ချလိုက်ပါ … (မှန်ပါ့) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
နို့ … စာမှာတော့ ဘုရား … သရာဂစိတ်၊ ၀ိရာဂစိတ် ဆိုတဲ့ အို … စာသံပါနေတယ်၊ မင်းသိတဲ့စိတ် မင်းရှု၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဒါ … မင်းတို့ စာထဲပါတဲ့ စိတ်တွေအကုန်ပဲ ဆရာဘုန်းကြီး သင်ထားတဲ့ ဥစ္စာ အတူတူပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
စာထဲမှာ နာမည်ပေးထားတာနဲ့ အခု ဆရာဘုန်းကြီးပေးတာနဲ့ဟာ အတူတူပဲလို့မှတ် … (မှန်ပါ့)။
သို့သော် … စာမှာ ပိုနေတာတွေက ကိုဝ ရှိသေးတယ် … (မှန်ပါ့) စာမှာ အရိယာ ဖြစ်ပြီးမှ ရှုရမည့် စိတ်တွေ ပါနေတယ် … (မှန်ပါ့)။
အဲဒါတွေပါ မသိတဲ့ ပုဂ္ဂိုလ်က ဟောဒီစိတ်တွေ၊ ဒီစိတ်တွေ နည်းတာတွေ မဟုတ်ဘူး ဘုရားဟော ထားတာ၊ အဲဒီစိတ်တွေပါ ရူရမယ်ဆိုတော့ ကျုပ်တို့က အရိယာမှ မဟုတ်သေးဘဲ၊ အရိယာ ရတဲ့စိတ်ကို ကျုပ်တို့ ရှုလို့ဖြစ်ပါ့မလား … (မဖြစ်ပါဘုရား)။
မဖြစ်နိုင်တော့ ပုထုဇန်သန္တာန်ပေါ်တဲ့ စိတ်ဟာဖြင့် ဒီဆယ့်လေးမျိုးပဲရှိတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါပြီဘုရား) ပုထုတန်အဖြစ်က လွန်မြောက်မှ သောတာပန်အဖြစ် ရောက်ရမှာကိုး … (မှန်ပါ့)။
အဲဒီတော့ ဟိုမှာ ဘုရားက ဟောထားတာကတော့ ပုထုဇန်အတွက်ရော အရိယာအတွက်ရော ဟောထားတာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
သတိပဌာန် ပါဠိတော်ကြီး ဟောထားတာက ပုထုဇန်အတွက်သာ ဟောထားတာလား၊ ပုထုဇန်ရော အရိယာ ဟောထားတာလား … (ပုထုဇန်ရော အရိယာရော ဟောထားတာပါဘုရား)။
သူကတော့ ဟောရလိမ့်မယ်၊ ပရိနိဗာန်စံမည့် ကိုယ်တော်ကြီးကိုး … (မှန်ပါ့) မဟုတ်ဘူးလား၊ ကျုပ်တို့က အရိယာစိတ်တွေကို ကျုပ်တို့က ရှုချင်လို့ရှိရင် ရှုသလိုဖြစ်နေမယ် (မှန်ပါ့)။
ဒါကြောင့် ကျုပ်တို့ သန္တာန်ပေါ်တဲ့ စိတ်ကဖြင့် ဒီဆယ့်လေးမျိုးပဲ … (မှန်ပါ့) ဒီ-ဆယ့်လေးမျိုးကို နိုင်သွားရင်ပြီးတာပဲ၊ အရိယာတက်မှာပဲ၊ ရှင်းပြီမဟုတ်လား … (ရှင်းပါပြီဘုရား)။
စာထဲပါတာ အကုန်ရှုရမှာလား - (မဟုတ်ပါဘုရား) မရှုနဲ့တဲ့ “သဥတ္တရံဝါစိတ္တံ သဥတ္တရံစိတ္တန္တိ ပဇာနာတိ၊ အနုတ္တရံပါ စိတ္တံ အနုတ္တရံစိတ္တန္တိ ပဇာနာတိ” လောကုတ္တရာစိတ်လဲ ရှုလို့ ဘုရားကဟောတယ် … (မှန်ပါ့)။
ကျုပ်တို့က လောကုတ္တရာစိတ် ဘယ်မှာရောက်မှ မရောက်သေးဘူး … (မှန်ပါ့) မရောက်သေးတော့ ဘုန်းကြီးက ဒီကလေးတွေကို ဒီထမင်းလုတ်ကလေးနဲ့မျှတယ် ဆိုပြီးတော့ ဒီထမင်း လုတ်ကျွေးတာ … (မှန်ပါ့)။
ဒကာဒကာမတွေက ကလေးပဲ ထားပါတော့ လောကုတ္တရာနဲ့ ကြည့်လိုက်တော့ … (မှန်ပါ့) သူ့ထမင်းလုတ်နဲ့သူကျွေးမှသာလျှင် သူ … ကျန်းမာရေးဖြစ်မယ်၊ ထမင်းလုတ်ကြီးရင်သူ … ဆင်းရဲရေးသွား ဖြစ်မယ်၊ ထမင်းလုတ်ကြီးရင်သူ … ဆင်းရဲရေးသွားဖြစ်မယ် … (မှန်ပါ့) မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား)။
အဲဒါကြောင့် စာတွေကိုလဲ ကိုယ်ကဝေဖန်ယူတတ်မှ ဒါက ပုထုဇန်ဟောတာ၊ ဒါက အရိယာဟောတာ၊ ကိုစောမောင်ဒီလို မဝေဖန်ဘဲနဲ့ဟ … ဒါတွေဟာ ဘုရားဟောချည့်ပဲကွလုပ်ပါလားကွ … ဆိုတော့ သြော် … ခက်ပါဘိတော့တယ်။ ကိုယ့်မရှိတာ ရှုရမလို ဖြစ်နေပြီ (မှန်ပါ့) သဘောပါကြလား (ပါ - ပါပြီဘုရား)။
အင်မတန် အရေးကြီးလို့ စေ့စေ့ငုငု ပြောနေတယ်ဆိုတာကော ကိုဝတို့ ကိုပေါ်တို့ ရိပ်မိကြပလား … (ရိပ်မိကြပါပြီဘုရား)။
ကဲ … ယခုကိုယ်နဲ့ ထိုက်တန်တဲ့စိတ် ရှိတယ်ဆိုတာလဲ ပေါ်ပလား - (ပေါ်ပါပြီ) ကိုယ်နဲ့ထိုက်တန် တဲ့စိတ်က ကိုစောမောင် ကိုယ့်သန္တာန်ဘယ်နှစ်မျိုးပေါ်သလဲ … (ဆယ့်လေးမျိုးပေါ်ပါတယ်ဘုရား) အဲ … ခုနင်က ဆယ့်လေးမျိုးပေါ့လေ (မှန်ပါ့) ပြောခဲ့ပြီးပါပြီ၊ ဒါတော့ မောင်နိုင်သိပြီပေါ့ … (မှန်ပါ့)။
ကဲ … နောက်က ဒကာ ဒကာမတွေလဲ သိပြီဆိုကြပါစို့ … (မှန်ပါ့) မှတ်ထားပေါ့၊ ရေးယူကြပေါ့၊ မသိတဲ့ ပုဂ္ဂိုလ်လဲ နေ့လယ် လာရေးရင် ရပါတယ် … (မှန်ပါ့)။
ကိုင်း … သိတဲ့ ပုဂ္ဂိုလ်ကလဲ ကူးယူရပါတယ်ဆိုတော့ ရှင်းတာ ၀ိပဿနာဆိုတာ စောင့်ဖမ်းရမယ်ဆို တာ ကလေးကိုလဲ တစ်လုံးလဲ မှတ်ထားစမ်းပါ … (မှန်ပါ့)။
ဟ … ဘယ်သူက သင်တာတုံး … မေးတော့ ရှင်နာဂသိရဟန္တာက သင်တာ … (မှန်ပါ့) ဒကာကြီးလှိုင် ပေါ်ပလား - (ပေါ်ပါပြီဘုရား)။
ကိုယ်က လိုက်ပြီး ရှာမနေနဲ့ … (မှန်ပါ့) ရှာပြီးရှုရင် ပညတ်ဖြစ်ပါတယ် … (မှန်ပါ့)။
ရှာပြီးရှုရင် … (ပညတ်ဖြစ်ပါတယ်ဘုရား) စောင့်ပြီး ပေါ်ရာကိုရှုရင် … (ပရမတ်ဖြစ်ပါတယ်ဘုရား) ရှင်းပြီနော် - (ရှင်းပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့် တပည့်တော်တို့ ဘုရား … ရှုစရာလဲ ဆယ့်လေးမျိုးတွေ့ပြီး ရှုတာလဲ သမာဓိပညာနဲ့ ရှုရမယ်လို့ အရှင်ဘုရားက ပြောတော့ တပည့်တော်တို့ သမာဓိတည်းဟူသော ချုံထဲမှ ပညာတည်းဟူသော ကျားအောင်းပြီး သကာလ ဖမ်းပါလို့ အရှင်ဘုရားသင်ထားလို့ တပည့်တော်တို့ဖြင့် မရှင်းမရှိပါဘူးဆိုတာကို ဒီနေ့တာဝန်ခံကြရတော့မယ် - (မှန်ပါ့ - တာဝန်ခံကြရပါမယ်) မရှင်းကြသေးဘူးလား … (ရှင်းပါပြီဘုရား)။
ရှင်းသွားပြီးတဲ့၊ နောက်က ကလေးမလေးတွေ သေသေချာချာမှတ်ပါ၊ ဘာကြောင့်တုံးဆိုတော့ ဒီဒိဌိမပြုတ်သရွေ့ ကာလပတ်လုံး ကိုပေါ်တို့ ကိုဝတို့ မှတ်လိုက်၊ ဘာကြီးလှူလှူ ဘာကြီးတန်းတန်း ဒိဌိက အပါယ်ပို့လိမ့်ဦးမယ် … (မှန်ပါ့)။
ဘာကြီးအလှူလုပ်လုပ်၊ ဘာကြီးတန်းတန်း သုဂတိရောက်ရောက်ရာမှာ ကဲ … မင်း-ကုသိုလ်အရှိန် ရှိသေးရင် နေသေးတာပေါ့ကွ၊ ငါ-ဆွဲချချိန် မရသေးဘူးဆိုတဲ့ အဓိပါယ်မျိုးနဲ့ စောင့်တာပဲ (စောင့်ပါတယ်ဘုရား)။
စင်စစ်-ဒိဌိပါသွားလို့ရှိရင် ကိုစောမောင်-ဒိဌိက ဆွဲချလိုက်တာ (မှန်ပါ့) မချဘူးလား … (ချပါတယ်ဘုရား)။
အဲဒီတော့ ဒိဌိက ခဏခဏ ဒကာဒကာမတွေလဲ ပြောထားပြီ၊ ငရဲမျိုးစေ့ (မှန်ပါ့) ငရဲမျိုးစေ့ ပါသွားတဲ့ ပုဂ္ဂိုလ်ဟာ ငရဲလွတ်ချင်ပါတယ် ဆိုပေမယ့်လဲ တစ်နေ့နေ့ ကျဦးမှာပဲ၊ (မှန်ပါ့) ကုသိုလ်တွေ့ ကျောင်းကြီးကန်ကြီးတွေ ဘုရားကြီးတွေ အမျိုးမျိုးအဖုံဖုံ လုပ်ငြားသော်လဲ ဒိဌိမပြုတ်သေးရင် ပရမ်းပတာဘေးဆိုတဲ့ ဘေးကြီဟာ ဒကာဒကာမတို့ မလွတ်သေးလို့ မှတ်လိုက်တာပေါ့ … (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီဘုရား)။
အဲဒါကြောင့် ဒိဌိမပြုတ်သေးရင်ဖြင့် ဘာနဲ့မှ တင်းတိမ်မနေသေးနဲ့ ကိုစောမောင် - ဟုတ်ပလား … (မှန်ပါ့)။
ငါတော့ လူ့ဘ၀မှာဟေ့ - သားကလဲများများ၊ သမီးတွေကလဲ များများနဲ့ ကိစ္စတွေ လှူရ၊ တန်းရ၊ ပေးရ ကမ်းရတာတွေများရပြီ၊ စေတနာသုံးတန်ကလဲ ပြတ်တာများခဲ့ရပါတယ်၊ အို - စေတနာက စေတနာတခြား၊ ဒိဌိတခြား၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒကာကြီးလှိုင်-စေတနာက … (တခြားပါဘုရား) ဒိဋ္ဌိက - (တခြားပါဘုရား) ဒိဋ္ဌိကတခြားတဲ့၊ စေတနာနဲ့ ဒိဋ္ဌိဆိုတာလ တခြားစီဥစ္စာပဲ၊ စေတနာကလဲ သူ့ဆိုင်ရာ သူအကျိုးပေးမှာပဲ ဒိဋ္ဌိကလဲ ငါလုပ်ချင်တာ လုပ်မှာပဲ (မှန်ပါ့) ကိုစောမောင် မလုပ်ပေးဘူးလား … (လုပ်ပါတယ်ဘုရား) ရှင်းပလား (ရှင်းပါပြီဘုရား)။
ကိုင်း … ဒါဖြင့် ဒကာဒကာမတွေ ခုနင်က ရဟန္တာကြီးနှစ်ပါးကို သူတို့ အလုပ်ပေးတာကို ရှင်းကြစို့ ရဲ့နော် (မှန်ပါ့) ရဟန္တာကြီးနှစ်ပါးဟာ ဒီစိတ္တာနုပဿနာကို သူတို့ပြောကြတယ် (မှန်ပါ့) ပြောကြတော့ ကိုဝတို့-ကိုပေါ်တို့က စဉ်းစားတာပေါ့၊ ရဟန္တာတွေက ရဟန္တာဖြစ်ပြီ၊ သူတို့ဒီအလုပ်က တက်ခဲ့ပြီးသား၊ ဘာဖြစ်လို့ စတ္တာနုပဿနာတွေကို ပြန်ပြီး သကာလ တစ်ပါးကမေး၊ တစ်ပါးက အဖြေထုတ်ပါလိမ့်မတုံး မေးတော့ သြော် … နောင်လာ နောင်သားများ ရဟန္တာကြီးနှစ်ပါး မေးမြန်းသွားတဲ့ ဥစ္စာ … အမေးအဖြေကလဲ သံသယမရှိတဲ့ပုဂ္ဂိုလ်၊ ဒိဋ္ဌိပြုတ်ပြီး သားပုဂ္ဂိုလ်၊ တဏှာပြုတ်ပြီးသားပုဂ္ဂိုလ်တွေက အမေးခံကလဲ ထို့အတူ၊ အမေးသမားကလဲ ထို့အတူဖြစ်သောကြောင့် သူတို့က ပြောတာအမှန်ချည့်ပဲဆိုပြီး နောင်လာနောက်သားတွေ အတည်ပြုရစ်ပါစေလို့ ဟောတာ (မှန်ပါ့) ဒီတော့ ကျေနပ်ပြီ၊ (ကျေနပ်ပါပြီဘုရား)။
နောင်လာ နောက်သားတွေအတည်ပြုရစ်ပါစေတော့၊ တို့နှစ်ပါးပြောတာကိုဆိုတော့ သိပြီးသား ပုဂ္ဂိုလ်က ပြောတာလား စ လုပ်မည့်ပုဂ္ဂိုလ်က ပြောတာလား … (သိပြီးသားပုဂ္ဂိုလ်က ပြောတာပါဘုရား)။
တို့ … ဒီလမ်းက တက်ခဲ့လို့ ဖုန်ပြီးသကာလနေလို့ မင်းတို့ ဒီလမ်းလိုက်ရစ်ပါဆိုတာ ပြောတဲ့စကား (မှန်ပါ့) ဒကာကြီးလှိုင် သေချာပလား … (သေချာပါပြီဘုရား)။
တို့ဒီလမ်းက တက်ခဲ့ပါတယ်ကွာ၊ မင်းတို့လဲ ဒီလမ်းက လိုက်ရစ်ကြပါ၊ သံသယမရှိနဲ့ လိုက်ရစ်ကြကွ - ဆိုပြီး သကာလ သေသေချာချာ ကတိခံချင်လို့ ကိုစောမောင် - အကိုးအကားလုံလောက်အောင် ရဲရဲတင်းတင်းနဲ့ ဒီလမ်းလိုက်ပါစေလို့ သူတို့နှစ်ပါး အမေး-အဖြေလုပ်တာ … (မှန်ပါ့)။
ဒီလိုဆိုတော့ ကိုဝ -ဒီထက် ခိုင်လုံတာဖြင့် မရှိတော့ဘူး … (မရှိပါဘုရား)။
ဒီထဲမှ သူတို့နှစ်ပါး အမေးအဖြေကို ဘုရားကလက်မှတ်ထိုးလိုက်သေးတယ်၊ မင်းတို့ အမေးအဖြေ ဟာကွာ … ငါ့ဟောလဲ ဒီအတိုင်း ဟောမှာပါပဲလို့ လက်မှတ်ထိုးပေးသေးတယ် (မှန်ပါ့ဘုရား)။
ဒီလိုဆိုတော့ သုံးပါး လက်မှတ်ထိုးထားတယ်ဆိုတော့ အတည်ဖြစ်ကရောပေါ့၊ မဖြစ်သေးဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ကိုင်း … ဒါဖြင့် လုပ်ထိုက် မလုပ်ထိုက်ဆိုတာ သေချာပလား (သေချာပါပြီဘုရား) သံသယနဲ့လား၊ ရဲရဲတင်းတင်းလား … (ရဲရဲတင်းတင်းပါဘုရား)။
ရဲရဲတင်းတင်းလုပ်ပါဆိုတာ ဒကာဒကာမတွေကို ဘုန်းကြီးက လေးစားစွာနဲ့ပဲ မေတ္တာရှေ့ထား ပြောနေပါတယ် - (မှန်ပါ့) ကိုစောမောင် - မပြောထိုက်ဘူးလား … ပြောလိုက်ပါတယ်ဘုရား) ဘုရားလက် မှတ်ထိုးတာကော သေချာပလား (သေချာပါပြီဘုရား)။
ကောင်းပြီ … ဒါဖြင့်ကွာ … တဲ့၊ ပထမရှေ့ဦးစွာ နိဂုံးချုပ်ကလေး ဘယ်လိုပြောလိုက်သတုံးဆိုတော့ ပြီးတော့ အလယ်သားကို ဒကာဒကာမတွေကို ဖွင့်ပြီးတော့ပြပါမယ်။
အကြင်တရားဟောပုဂ္ဂိုလ်ဟာကွာ - တဲ့ စိတ်အစဉ်ကြီးဖြစ်ပျက်မြင်အောင်၊ ငြီးငွေ့အောင် မလိုချင် အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ ရှိရင်ဖြင့် သူ့ကို ဓမ္မကတိကလို့ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ့)။
စိတ်ပေါ်မှာ … တဲ့ မုန်းအောင်၊ ရွံအောင် မလိုချင်အောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်ကို မင်းတို့ရှာလဲရှာ၊ ရှာလို့တွေ့ခဲ့လို့ရှိရင် ဒီပုဂ္ဂိုလ်ကို ဓမ္မာကထိက အကောင်းဆုံးလို့ မှတ်လိုက် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
နောက်ကျတော့ကွာ … တဲ့ မင်းတို့ကို ဟောဒီ ဒီပုဂ္ဂိုလ်ဟာ အကောင်းဆုံးပုဂ္ဂိုလ် ဟောတာကို မင်းတို့နာရလို့ ရှိရင်ဖြင့် သြော် … ဒို့-အကောင်းဆုံးပုဂ္ဂိုလ်တွေ့ပြီဆိုပြီး မင်းတို့ဒီတွင်မရပ်နဲ့ ဒီစိတ်ပေါ်မှာ နိဗိန္ဒဖြစ်အောင်၊ ငြီးငွေ့အောင် မလိုချင်အောင် ကျင့်နိုင်လို့ရှိရင်ဖြင့် မင်းတို့ဟာ ဓမ္မာနုဓမ္မ ပဋိပတ္တိပုဂ္ဂိုလ် ဖြစ်ပြီ (မှန်ပါ့) ရှင်းပလား - (ရှင်းပါပြီဘုရား)။
နှစ်ချက်ရှိသွားပြီနော် - (မှန်ပါ့) ခုနင်က စိတ်ကို မလိုချင်အောင် ငြီးငွေ့အောင် ဒကာဒကာမတွေက ကျင့်နိုင်လို့ရှိရင်လဲ ဓမ္မာနု ဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်သွားပြီ (မှန်ပါ့ဘုရား) သဘောကျပလား … (ကျပါပြီ) နှစ်ချက် ရှိသွားပြီနော် … (မှန်ပါ့ဘုရား)။
ဒီစိတ်ကိုပဲကွာ … တဲ့၊ တစ်ခါတည်း ငြီးငွေ့အောင် မလိုချင်အောင် ဥပါဒါန်စိတ်နဲ့ဖြင့် ဘယ်တော့မှ ငါသည်ကား … လို့ ဆိုလို့ရှိရင်ဖြင့် စွဲလမ်းမှု ဥပါဒါန်ချုပ်အောင် ရှုနိုင်အောင် ပုဂ္ဂိုလ်ဖြစ်လို့ရှိရင် ယခုဘ၀ နိဗာန်ရမည့်ပုဂ္ဂိုလ်လို့ တို့နှစ်ယောက်က ဆုံးဖြတ်ချက်ချတယ် … (မှန်ပါ့)။
ဘယ်လောက်ပိုင်သလဲ … (ပိုင်ပါတယ်ဘုရား)။
ဒကာ ဒကာမတို့ အင်မတန် ကိုယ်တော်ကြီးနှစ်ပါး ကရုဏာ ရှေ့ထားပြီး သကာလ မင်းတို့ရဲရဲ တင်းတင်း လုပ်စမ်းပါ၊ ဒီလိုကျင့်လို့ ဒီလိုစိတ်ပေါ်မှာ မစွဲလမ်းလို့ ငြီးငွေ့ပြီး မစွဲလမ်းတော့ပါဘုးဆိုလို့ရှိရင် ဒီဘ၀ ဒီခဏမှာ နိဗာန်ရမယ်လို့ တို့နှစ်ယောက်တာဝန်ခံတယ် … (မှန်ပါ့ဘုရား) ဒီလိုဆိုတော့ ဒကာကြီးလှိုင် ဒီထက် ရဲရဲတင်းတင်းတော့ မရှိဘူး … (မှန်ပါ့ဘုရား)။
မကုန်သေးဘူးလား ဒကာဒကာမတို့ … (ကုန်ပါတယ်) စကားကုန်သွားပြီ။
အဲဒီတော့ ခင်ဗျားတို့ကို ဘုန်းကြီးက စကားဖြည့်စွက်ရမယ် ကိုဝတို့ခင်ဗျားတို့က ဂျီးများပြီး သကာလ မနေနဲ့တော့ သုံးပါးလက်မှတ်ထိုးပြီး စိတ်ပေါ်မှာ တာဝန်ခံပြီးသကာလ ဓမ္မကထိကကို ဒီလို ဓမ္မကထိကရှာ၊ ဒီလိုကျင့်ပြီး ဒီလိုကျင့်ရင် ဓမ္မာနုဓမ္မာပဋိပတ္တိပုဂ္ဂိုလ် ယောဂီပုဂ္ဂိုလ်မှာဖြစ်ပြီ၊ ဒီလိုစိတ်ကို ဆုံးအောင်လိုက်ပြီး စိတ်ပေါ်၌ စိတ်ဆုံးသွားတယ်ဆိုတော့ ကိုစောမောင် စွဲလမ်းတဲ့ ဥပါဒါန် ရှိသေးရဲ့လား … (မရှိပါဘုရား)။
အဲဒီ … ဥပါဒါန်မရှိအောင် စိတ်ဆုံးတဲ့ဆီ ရောက်အောင် ဥပဒါန်ပြုတ်အောင် ကျင့်ကြလို့ရှိရင်လဲတဲ့ ယခုဘ၀ နိဗာန်ရမည့် ပုဂ္ဂိုလ်လို့ တို့သုံးပါးသဘောတူ နောင်လာနောက်သားများအတွက် ရဲရဲတင်းတင်း လုပ်လေအောင် တို့တော့ဖြင့် အားလုံးပရိနိဗာန်စံရမှာတွေချည့် ဖြစ်နေတယ်၊ နောင်လာနောက်သားတွေ အတွက် ထားခဲ့တဲ့ ပါဠိတော် … (မှန်ပါ့)။
ဒီလိုဆိုတော့ ကိုဝ-အတော်လေးစားထိုက်တယ် - (လေးစားထိုက်ပါတယ်ဘုရား) နောက်က ဒကာ ဒကာမတွေ လေးစားထိုက်တဲ့ စကား-လေးစားထိုက်တဲ့ တရားဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
ဒါဖြင့် ဘုန်းကြီးအတွက် ဘာလိုနေသေးသတုံးဆိုတော့ စိတ်ပေါ်မှာ ငြီးငွေ့အောင် ပြောပြီးသကာလ စိတ်ဟာ ဒကာဒကာမတို့ ခင်ဗျားတို့ကို နှိပ်စက်နေတယ်လို့ဆိုတာ ဘုန်းကြီးက စိတ်ပေါ်မှာ ငြီးငွေ့အောင် ပြောရဦးမယ် (မှန်ပါ့)။
ဘာဖြစ်လို့တုံး … ဆိုတော့ “စိတ္တေန နီယျတေ လောကော၊ စိတ္တဿ ပရိသဿတိ” လောကော- လောကကို၊ စိတ္တေန=စိတ်က၊ နီယျတေ=ဆောင်ယူ၏၊ စိတ်ဆောင်နေတာ၊ ဟိုဘုံရောက်သွား ဒီဘုံရောက်သွားဆိုတာ ဘာတွေပါလိမ့် … (စိတ်ဆောင်တာပါ ဘုရား)။
ဒါဖြင့် အနေနဲ့ ချည်းသွားပြီး တန်းနေတာ ဘယ်သူပါလိမ့် (စိတ်ပါဘုရား)။
“စိတ္တဿ ပရိကဿတိ” သူပဲတဲ့ ဟိုဆောင် ဒီဆောင်နဲ့ ကြံစည်ပြီးသကာလ သူလုပ်နေတာ၊ သူ့ကို မနိုင်ကြတာနဲ့ ဒကာဒကာမတို့ ခင်ဗျားတို့ ဟိုဘုံရောက်၊ ဒီဘုံရောက် - ရောက်နေတာ … (မှန်ပါ့)။
နတ်ပြည်ရောက်သွားတယ် ဆိုတာလဲ ဒီစိတ်က ပို့လိုက်တာ … (မှန်ပါ့) ငရဲရောက်သွားတယ်ဆို တာကော - (ဒီစိတ်က ပို့တာပါဘုရား) အကုသိုလ်စိတ်က ပို့ချလိုက်တယ် … (မှန်ပါ့ဘုရား) သဘောကျ ပလား … (ကျပါပြီဘုရား)။
ကုသိုလ်စိတ်ကနေ တစ်ခါတစ်ခါ ဒကာ ဒကာမတွေ ဆောင်သွားပြန်လို့ သုဂတိရောက်တယ် … (မှန်ပါ့) အကုသိုလ်စိတ်ကနေပြီး တစ်ခါတလေ တိရစ္ဆာန်ခင်တော့ တိရစ္ဆာန်ဖြစ်သွားတာတွေလဲ ကိုစောမောင် ဘယ်သူက ဆောင်သွားတာတုံး … (စိတ်က ဆောင်သွားတာပါဘုရား)။
ဒါဖြင့် ဒီစိတ်ဟာ တို့ကို သန္တာန်အမျိုးမျိုး အရှက်တကွဲ အကျိုးနည်းလုပ်နေတဲ့ စိတ်ပဲ … (မှန်ပါ့)။
ဒါဖြင့် ဒီစိတ်ပေါင်းထိုက် မပေါင်းထိုက် - (မပေါင်းထိုက်ပါဘုရား)။
ဒါ … စိတ်ကို ငြီးငွေ့အောင် ပြောနေတာ (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒီတော့ ဒီစိတ်သည်ကားလို့ ဆိုလို့ရှိရင် ဘုန်းကြီးက ငြီးငွေ့အောင်ပြောတော့ သြော် … ဒီစိတ်သည်ကားလို့ဆိုရင် တို့အပေါ်မှာ ကိုယ့်စိတ်ကိုယ်မနိုင်တာ ဆိုလိုတယ် - (မှန်ပါ့) မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
ကြည့်ပါ ဒကာဒကာမတို့ စိတ်ဟာ ဘယ်လောက်ထိအောင် ကြောက်စရာကောင်းသတုံးဆိုတော့ ဒီကြက်ကောင်ကလေးတွေ ကြက်မကြီးက ဥကလေးတွေ ဥလိုက်တယ်ဆိုတော့ ဒီဥကလေးတွေထဲမှာ ပဋိသန္ဒေစိတ်ကတော့ အရင်ရောက်တာပဲ (မှန်ပါ့) ပဋိသန္ဒေစိတ်ရောက်လို့ရှိရင် ဒီ-ကြက်ဥထဲမှာပဲ ဒီ့ပြင် အကောင်ပေါက်ပါတော့လားလို့ ကိုဝ - မေးဖို့ မကောင်းဘူးလား (ကောင်းပါတယ်ဘုရား) စိတ်အတူတူ ကိုးဗျ (မှန်ပါ့)။
မဟုတ်ဘူး … တဲ့၊ ဒီစိတ်က သူသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကြက်ဘ၀ကို သာယာတဲ့ အကောင် ကလေးတွေ သူ့ဟာသူ ထွက်လာတယ် … (မှန်ပါ့) စိတ်က လုပ်လိုက်တာ၊ သူ့ဟာသူ ဒီစိတ်က လုပ်လိုက်တာ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဒီစိတ်သည် အမျိုးမျိုး ဖန်ဆင်းတတ်တယ် (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
နွားဝမ်းထဲ ပကျပဋိသနေက ပစ်ချလိုက်ပြန်တော့ လူကလေး မွေးပါလားဆိုတော့ စိတ်ဆိုတာ အမျိုးမျိုး ဖြစ်နိုင်တယ် … မဟုတ်ဘူး … တဲ့၊ နွားဝမ်းထဲ ရောက်လို့ရှိရင် သူ့စိတ်ကလေးသည်ကားလို့ဆိုရင် ရောက်ရာမှာ သူ-ချိုကလေးနဲ့၊ နားရွက်ကားကလေးနဲ့၊ ခြေလေးချောင်းကလေးနဲ့၊ အမြီးရှည်ကလေးနဲ့ ဖြစ်ချင်တဲ့ စိတ်က အဲဒီသွားပေါ်တယ် … (မှန်ပါ့)။
အဲဒါနဲ့ တစ်နေ့တခြား အဲဒါကလေးတွေ တိုးလာတယ် … (မှန်ပါ့) ပဋိသနေ ချင်းက အတူတူပဲ … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒါတွေ ဘယ်သူပါလိမ့် - (စိတ်ကလုပ်ပါတယ်ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ကံချည်းထင်နေတယ်တဲ့၊ မထင်နဲ့တဲ့၊ ဟိုထဲကျတော့ စိတ်က ပြန်လုပ်ချင် လိုက်တယ် (မှန်ပါ့) ကံ ကတော့ ပဋိသနေရယ်လို့ ပစ်ချလိုက်တာပဲ (မှန်ပါ့) ဟိုထဲမှာ အမေနဲ့တူအောင် အကောင်ဖြစ်လာတာကတော့ စိတ်က လုပ်တာ … (မှန်ပါ့) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့် ကျုပ်တို့ကို ချိုကားကြီးနဲ့ဖြစ်လာအောင်လဲ အရှက်ခွဲခဲ့တာစိတ် … (မှန်ပါ့) အတောင်နဲ့ ပျံအောင် လုပ်တာလဲ … (စိတ်ပါပဲဘုရား) ခြေလေးချောင်းနဲ့ ခြေများများနဲ့ ဖြစ်အောင်လုပ်ခဲ့တာလဲ … (စိတ်ပါပဲဘုရား)။
သြော် … ဒါဖြင့် ဒီစိတ်သာ ဒို့သည်ကားလို့ဆိုရင် ငြီးငွေ့အောင် မလိုချင်အောင်မှ ဒို့သန္တာန်မယ် ဟောတဲ့ ဘုန်းကြီးမတွေ့ဘူးဆိုလို့ရှိရင်ဖြင့် ဒို့ကို အကောင်အမျိုးမျိုး ဖန်ဆင်းနေတာ စိတ်ပဲ … (မှန်ပါ့) ပေါ်ကြပလား … (ပေါ်ပါပြီ)။
ခင်ဗျားက နွားဝမ်းထဲ ပစ်ချလိုက်တာကိုက ကံကဒါကြောင့် နွားကလေးဖြစ်လာတယ်၊ ဘယ်ဟုတ်မလဲ နွားဝမ်းထဲက ပစ်ချလိုက်တော့ ပဋိသနေစိတ် တစ်ခုတည်း ပစ်ချလိုက်တယ် … (မှန်ပါ့) ကျုပ်တို့ရှိတဲ့ ပဋိသနေစိတ်နဲ့ အတူတူပဲ၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဘယ့်နှယ်ကြောင့် နွားနဲ့တူလာသတုံး … ဆိုတော့ ဟိုထဲကျတော့မှ ဒီစိတ်ကလေးသည်ကား လို့ဆိုလို့ရှင် နွားဖြစ်ချင်တဲ့ သဘောကလေးက အဲဒီထဲကျမှ ပေါ်လာတယ် - (မှန်ပါ့ဘုရား) ပေါ်လာတော့ ချိုကလေး သူ့ဟာသူပေါက်တယ်၊ သဘောကျပလား (ကျပါပြီဘုရား)။
နားကလေးက သူ့ဟာသူပေါက်၊ အမြီးကလေး သူ့ဟာသူ လာဆိုတော့ ဟိုထဲရောက်မှ စီမံတာက ဘယ်သူတုံး … (စိတ်ပါဘုရား) ဒီ-ပဋိသနေထဲ ပစ်ချလိုက်တာကတော့ … (ကံပါဘုရား) ကဲ … ရှင်းပလား … ရှင်းပါပြီဘုရား။
ဒါဖြင့် ဒကာ ဒကာမတို့ စဉ်းစားသာကြည့်ပါတော့ … တဲ့ အဲ-သူပစ်ချလိုက်တာက ကံကတော့ဖြင့်ပ ပဋိသနေစိတ်ကလေးပါပဲ ကိုစောမောင် ပစ်ချလိုက်တယ် … (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒါကလေးပဲ ကံက တည်ထောင်ပေးလိုက်တယ်၊ ဟိုထဲရောက်မှ အမေနဲ့တူအောင် အမျိုးမျိုးတူအောင် ဘယ်သူ လုပ်သလဲ … (စိတ်က လုပ်ပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ကျုပ်တို့ကို အရှက်တကွဲ အကျိုးနည်း လုပ်ခဲ့တာ ဘယ်သူတုံး … (စိတ်ပါဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
တစ်ခါ ငရဲ ဒယ်အိုးကြီးတွေ ကြီးကြီးကျယ်ကျယ် ဟုတ်လား၊ ဒယ်အိုးကြီးတွေ ကြီးကြီးကျယ်ကျယ်၊ ကြီးတဲ့ လူလဲ အတူတူပေါ့ကွ၊ ဟ … ဘယ်သူလုပ်တာတုံးဆိုတော့ ဒီကစိတ်ကနေပြီး သကာလ ဟိုမှာ ဒီက မကောင်းတာ အကြီးကျယ်သွားပြီး ပေါ်နေတယ် … (မှန်ပါ့) ဒါ-ဘယ်သူဆိုကြမလဲ … (စိတ်ပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒီတော့ ဒကာဒကာမတွေ ဒါ-ကံထင်နေတယ်၊ ကံမကောင်းလို့ ငရဲကျတယ်၊ ငရဲကျလို့ရှိရင် ငရဲ တစ်မျိုးတည်း နေပါလား၊ ငရဲကြီးတစ်ရာ့နှစ်ဆယ်ဖြစ်အောင် ဘယ်သူက ဖန်ဆင်းသတုံး … (စိတ်ကဖန် ဆင်းပါတယ်ဘုရား) ရိပ်မိပလား - (ရိပ်မိပါပြီဘုရား)။
ဒါဖြင့် ကံနဲ့စိတ် ဘယ်ဟာသာပြီး ကြောက်စရာကောင်းသတုံး … (စိတ်ကြောက်စရာကောင်းပါ တယ်ဘုရား)။
စိတ်ကြောက်စရာ ကောင်းတယ်ဆိုတော့ စဉ်းစားကြည့်၊ ကျုပ်-ကံမနိုင်ဘူးဆိုကြသလား၊ ကျုပ်စိတ် ကျုပ်မနိုင်ဘူးဆိုကြသလား … (စိတ်မနိုင်ဘူး ဆိုကြပါတယ်ဘုရား)။
ကဲ … ဒါဖြင့် ခင်ဗျားတို့ စိတ်ဘယ်လောက်ဆိုးသလဲ … (ဆိုးပါတယ်ဘုရား)။
ဒါဖြင့် စိတ်သည် ရှင်းရှင်း ဘုရားက ဥပမာပေးတော့ကွာ - တဲ့၊ ပန်းချီရုပ်ဟာ ပန်းချီသမား၏ စိတ်အတိုင်း ပေါ်လာတာ (မှန်ပါ့) သူက ဒီနေရာက အပြောက်ထည့်၊ ဒီနေရာ ပုဆိုးပုံကလေးထည့်၊ ဒီနေရာကျတော့ ဒီအင်္ကျီပုံကလေးထည့်၊ ဒီနေရာကျတော့ မျက်နှာပုံကလေးထည့်၊ ဒီနေရာ လက်မောင်းပုံ ကလေး ကျောပုံကလေးထည့်ဆိုတော့ ကိုဝ-ဒီဥစ္စာပန်းချီသမားက ဆေးကလေးတစ်ခု ကိုင်တာနဲ့ စိတ်က လျှောက်ပြီး အလုပ်-လုပ်ပစ်တယ်၊ (မှန်ပါ့) ဒါ ဘယ်သူလုပ်လိုက်တာတုံး (စိတ်ပါဘုရား) ဒါဖြင့် “စိတ္တေန နီယျတေ လောကော” စိတ်က ဖန်ဆင်းတာဆိုတာ ပေါ်နေပြီ … (မှန်ပါ့)။
တချို့ ပျဉ်ပြားကြီးပဲ ကိုစောမောင် သူ-အရုပ်ဖြစ်လာတယ် … (မှန်ပါ့) ဘယ်သူ လုပ်လိုက်တာတုံး (စိတ်က လုပ်လိုက်တာပါဘုရား)။
ဒါဖြင့် စိတ်ဟာ မဆန်းကြယ်ဘူးလား … (ဆန်းကြယ်ပါတယ်ဘုရား)။
ဒါကြောင့် “၀ိစိတ္တကရဏာ စိတ္တံ” ဘုရားက ဆန်းကြယ်အောင် လုပ်လိုက်တတ်သောကြောင့် စိတ် … ကွ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ … ဒါဖြင့် ဒကာဒကာမတွေ စိတ်ဟာ ကျုပ်တို့ကို အရှက်တကွဲ အကျိုးနည်းလုပ်နေတယ်ဆိုတဲ့ ဥစ္စာ ကိုဝ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ကိုစောမောင် စိတ်များ လုပ်လိုက်ပြီဆိုမှဖြင့် ဟိုကြည့်သစ်ပင်ကြီးဟာ ငုတ်တိုကြီး ခါတိုင်းလဲ ရှိတာပဲ၊ စိတ်ကလုပ်လိုက်တဲ့ အခါကမှ သူရဲကြီးဖြစ်ပြီးမှ တစ်ခါတလေတက်ပြီး သေတာများသေးတယ် - (မှန်ပါ့) ဘယ်သူသတ်လိုက်တာလဲ (စိတ်ပါဘုရား) ကိုယ့်စိတ်ကကို လုပ်ပြီးသတ်တာ … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
တစ်ခါ ကိုယ့်စိတ်ကိုယ် မနိုင်တာနဲ့ ကြိုးဆွဲချသေတာ … (မှန်ပါ့) ကံက ကြိုးဆွဲချတာလား … (စိတ်က ကြိုးဆွဲချတာပါဘုရား) အဲဒါ အဖန်ငါးရာ ငါးကမ္ဘာလို့ဆိုတာ ဘယ်သူက ပြောတာတုံး ခင်ဗျားတို့ကို … (စိတ်ကပါဘုရား)။
အလကား … ဘယ်သူမှ မယုံနဲ့၊ သူ့ဒီစိတ်ဟာ ဒီဘ၀မှာ ဒီစိတ်ရှိခဲ့တယ်၊ သူ့စိတ်သူ မနိုင်လို့ သူသေလိုက်တယ် (မှန်ပါ့) ဒီဥစ္စာ အဖန်ငါးရာ ငါးကမ္ဘာလို့ မသွားနိုင်ဘူး၊ ရိပ်မိပလား (ရိပ်မိပါပြီဘုရား) နောက်ဘ၀ဆရာကောင်း - သမားကောင်းနဲ့တွေ့ရင် ရဟန္တာဖြစ်နိုင်တယ် … (မှန်ပါ့) မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဘယ်မှာ အဖန်ငါးရာ ငါးကမ္ဘာ ဟုတ်ရမှာလဲ (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)
အဲဒါ ဟို-ကြိုးဆွဲချသေတဲ့ ပုဂ္ဂိုလ်လို ကိုယ့်သားသမီး မိုက်မှာစိုးတာနဲ့ တစ်ယောက်ကစပြီး ပြောတာ နဲ့ ဒါကြီးဟာ ပေါရာဏဖြစ်ပြီး ကြီးသွားတယ် … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီ) ကိုယ့်သားသမီးလဲ ဒီလို စိတ်ကူးတွေ ကိုယ့်သမီးကလဲ အင်း စိတ်ပျက်နေတဲ့အခါ သူအလိုရှိရာနဲ့ မပြည့်စုံတဲ့အခါ ကြံမှာစိုးလို့ “ဒါမျိုး ဟာ မလုပ်ကောင်းဘူး” ဆိုပြီး ဒီအသွားကနေပြီး သိပ်ကြီးကျယ်လာတဲ့ အဓိပါယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဘယ်မှ အဖန်ငါးရာ ငါးကမ္ဘာလို့ စာက မလာဘူး၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကဲ … ဒါဖြင့် ဒကာဒကာမတို့ စိတ်ဟာဖြင့် ကျုပ်တို့ကို နှိပ်စက်နေတာ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
ကိုင်း … စိတ် ဘယ်လောက် နှိပ်စက်တယ် မနှိပ်စက်တယ်ဆိုတာ မယုံရင် စဉ်းစားကြည့်ပါ၊ အပ်ကလေးနဲ့ ထိုးမိတာကို မြွေပွေးကိုက်တယ်ဆိုပြီး ချက်ချင်းတက်တယ် … (မှန်ပါ့) ဒါ - ဘယ့်နှယ်ကြောင့် ဆိုမလဲ - (စိတ်ကြောင့်ပါဘုရား) ရိပ်မိပလား (ရိပ်မိပါပြီဘုရား) အပ်ကလေး ခြစ်မိတာ မင့်မြွေပွေးကိုက် တယ်လို့သာ ပြောကြည့်၊ ဟိုပုဂ္ဂိုလ်ဟာ အတော် ကုယူရမယ် … (မှန်ပါ့) မကုရပေဘူးလား … (ကုရပါတယ် ဘုရား)။
အဲဒီတော့ အပ်နာလား၊ စိတ်နာလား-မေးကြည့် … (စိတ်နာပါဘုရား) ဒါဖြင့် စိတ်ကြောက်စရာ ကောင်းတယ် (မှန်ပါ့) ကိုဝ - ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါကြောင့် … တဲ့ ဒကာဒကာမတို့ စိတ်ကို ငြီးငွေ့အောင် ဟောနိုင်လို့ရှိရင် ဓမ္မကထိကကောင်း-ဆိုတဲ့အတိုင်း သားကောင် ကလေးတွေ ဖြစ်တာလဲ စိတ်ပဲ … (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ကိုယ့်စိတ် ကိုယ်မနိုင်လို့ သေခြင်းဆိုးသေတာတွေကာ … (စိတ်ပါဘုရား)။
စိတ်ပဲဆိုသဖြင့် သြော် … သူသတ်သမားလဲ စိတ်ပဲ၊ ဆန်းကြယ်အောင် လုပ်တာပဲ စိတ်ပဲ၊ ကိုစောမောင် ပန်းချီရုပ်ကြည့်လိုက်သဖြင့် မသိဘူးလား … (သိပါတယ်ဘုရား)။
ဒါဖြင့် ဒီစိတ်သည်ကျုပ်တို့ကို သုံးဆယ့်တစ်ဘုံမှာ သဏ္ဍာန်အမျိုးမျိုး၊ ခြေအမျိုးမျိုး၊ နားရွက်အမျိုး မျိုး၊ ချိုကား-ချိုထောင် အမျိုးမျိုးလုပ်တာ ဘယ်သူတုံး - (စိတ်ပါဘုရား)။
ဒါဖြင့် ကျုပ်တို့ကို အရှက်ခွဲပြီး သေခြင်းဆိုး အသေခိုင်းတာ ဘယ်သူတုံး … (စိတ်ပါဘုရား)။
ဒါဖြင့် သူတို့ ပေါင်းသင်းလို့ တော်-မတော် (မတော်ပါဘုရား) စိတ်ကို ငြီးငွေ့ပါတော့ဆိုတာ အထူး ပြောစရာလိုသေးသလား … (မလိုပါဘုရား) မလိုတော့ပါဘူး၊ အဲဒီတော့ ကို … တဲ့ ဒါ ဓမ္မကထိကကောင်းလို့ ဆိုကြပါစို့ … (မှန်ပါ့) စိတ်ပေါ်မှာလဲ ခင်ဗျားတို့ ပေါင်းသင်းချင်တဲ့သဘော ရှိသေးရဲ့လား … (မရှိပါဘုရား)။
ဒါဖြင့် စိတ်ကို ငြီးငွေ့အောင် ဟောနိုင်လို့ရှိရင် ဓမ္မကထိကကောင်း … (မှန်ပါ့) စိတ်ကို ငြီးငွေ့အောင် ကျင့်နိုင်လို့ရှိရင် ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ် ဖြစ်ပါတယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ … ဒါဖြင့် ငြီးငွေ့အောင် ကိုစောမောင် - ရှုကြစို့ (မှန်ပါ့ဘုရား)။
ရှုကြစို့ ဆိုတော့ ရှုစရာဆယ့်လေးခုကို ဆရာဘုန်းကြီးက ချောင်းပြီးဖမ်းပါ၊ သမာဓိတည်းဟူသော ချုံထဲမှ ဥာဏ်တည်းဟူသော ကျားအောင်းပြီးသကာလ ပေါ်ရာလိုက်ပြီး ရှုစမ်းပါ၊ ဘာမှ မရှိလို့ရှိရင် ထွက်လေ-အားထုတ်တဲ့စိတ်၊ ၀င်လေ အားထုတ်တဲ့စိတ်ကို ရှုပေးပါ၊ မသင်ဘူးလား … (သင်ပါတယ်ဘုရား)
ထိုကဲ့သို့ သင်ထိုက်တဲ့အခါကျလို့ရှိရင် ရှုစရာ မရှိဘူးလို့ ကိုဝတို့ ကိုစောမောင်တို့က ဆင်ခြေလဲစရာ လိုသေးသလား … (မလိုပါဘုရား) ရှုစရာမရှိရင် ခင်ဗျားတို့ သေရုံပဲရှိတယ် - (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ရှုစရာမရှိရင် - (သေရုံပဲရှိပါတယ်ဘုရား) ဒီစိတ်နဲ့ အသက်ရှင်နေတာကိုး … ဒီစိတ် မရှိတော့ဘူး ဆိုရင် ဘယ့်နှယ်တုံး … (သေပါတယ်ဘုရား)။
ဒီဆယ့်လေးမျိုးထဲက တစ်စိတ်မှ မရှိတော့ဘူးဘုရား၊ ရှုစရာမရှိတော့ဘူးဆိုလို့ရှိရင်ဖြင့် သေရုံပဲ ရှိတယ် … (မှန်ပါ့)။
အဲဒါကြောင့် တပည့်တော် - ရှုစရာမရှိတော့ဘူးဆိုတဲ့စကား ကိုစောမောင် - ကိုယ့်ဟာကိုယ် အရူးဖြစ်အောင်တော့ မလုပ်နဲ့ … (မှန်ပါ့) ဒကာကြီးလှိုင် - မလုပ်နဲ့နော် … (မှန်ပါ့)။
ကဲ … အခုပေါ်ကြပလား … (ပေါ်ပါပြီ) အမြဲတမ်း ရှုနေရမှာက လေကိုထုတ်တဲ့စိတ်၊ လေကို ပြန်ရှိုက်တဲ့စိတ်ကို အမြဲတမ်းရှုပါ … (မှန်ပါ့)။
အိမ်သည် စိတ်နှစ်ခုကို အမြဲတမ်း ရှုပြီးသကာလ ကိုစောမောင် ဧည့်သည်လဲ ပေါ်မှလိုက် … (မှန်ပါ့) သဘောကျပလား (ကျပါတယ်ဘုရား)။
အိမ်သည်လဲ အလှည့်နဲ့ပေါ်တာပဲ၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
တစ်ခါတလေများ စိုက်ပြီးကြည့်နေတဲ့အခါ အသက်မရှုနဲ့ ကြည့်တဲ့အခါ ပါသေးတယ် … (မှန်ပါ့)။
ကျောက်တစ်လုံးကို သေသေချာချာ ဒီဥစ္စာ အဖိုးကလဲများမယ်၊ ကြံကျောက်ကလဲ ဖြစ်နေမယ်ဆို ယင် ကိုဝ-အသက်ရှုသေးရဲ့လား (မရှုပါဘုရား) မရှုဘူး … မရှုဘူး … မရှုဘူး။
ကြံကျောက်လဲဖြစ်မယ်၊ အဖိုးကလဲကြီးနေတယ်၊ ပေးရမည့်အဖိုးကလဲ ကျောက်က အချိန်ကလေး ကလဲကြီး၊ အရေကလဲ ကပြ ကကောင်း ကြံစရာတွေကလဲ ပါနေမယ်ဆိုတော့ ဦးဘရှင်-အသက်ရှုသေးရဲ့ လား - (အရှုပါဘုရား)။
မရှုတော့ဘူးဆိုတော့ သူ့ကို ရှုလို့မဖြစ်တော့ဘူး၊ ဒီအခါ ကြည့်စိတ်ကို ရှုမှဖြစ်မယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရား)။
အဲဒါကြောင့် … သူလဲ အမြဲတမ်းသာဆိုတယ်၊ မမြဲပါဘူး ကိုစောမောင်ရ၊ မြဲရဲ့လား … (မမြဲပါဘုရား) မမြဲဘူးဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)
သို့သော် … သူများထက်မြဲလို့ အိမ်သည်ရယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါ  ရှင်းပလား … (ရှင်းပါပြီဘုရား)။
ဒါဖြင့် ဘာမ ရှုစရာမရှိရင် အိမ်သည် နှစ်ခုရှု … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
အပြင်ဧည့်သည်လာရင် … (အပြင်ဧည့်သည် ရှုရပါမယ်) အတွင်းဧည့်သည်လာရင် … (အတွင်းဧည့် သည် ရှုရပါမယ်) ရှုလိုက်တဲ့အခါကျတော့ စိတ်ဟာ နှစ်ခုနဲ့ အသက်ရှင်သလား တစ်ခုနဲ့ အသက်ရှင်သလား … (တစ်ခုနဲ့ ရှင်ပါတယ် ဘုရား)။
ဒါဖြင့် တစ်ခု စိတ်ပျက်သွားတာကို နောက်တစ်ခုပေါ်တဲ့ ဥာဏ်စိတ်နဲ့ ကိုဝ-ရှုပေး … (မှန်ပါ့) ဒီတော့ အသေကို အရှင်နဲ့ရှု၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
အသေကို … (အရှင်နဲ့ ရှုရပါမယ်ဘုရား) အသေကို အရှင်နဲ့ ရှုလိုက်တယ်ဆိုတော့ ဟင်း … ဘယ်သူ့အသေပါလိမ့် မတုံး-လို့မေးတော့ ကိုစောမောင် - ဘယ့်နှယ်ပြောမလဲ၊ ကိုယ့်အသေ - (မှန်ပါ့) နှုတ်လေးမနေနဲ့တော့ … (မှန်ပါ့)။
ဒကာဒကာမတို့ ဘယ်သူ့ အသေတုံး … (ကိုယ့်အသေပါဘုရား) ဒီစိတ်နဲ့ အသက်ရှင်နေတာကို၊ ဒီစိတ် သေသွားတယ်ဆိုတော့ ကိုယ့်အသေမဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား)။
ကိုယ့်အသေကို ကိုယ်က ကံမကုန်သေးလို့ ရှင်တဲ့စိတ်နဲ့ ပြန်ရှု … (မှန်ပါ့) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် အသေကို အရှင်နဲ့ရှု - (မှန်ပါ့) သဘောပါပလား … (ပါ-ပါပြီဘုရား) ဘယ်လိုရှုကြမယ် … (အသေကို အရှင်နဲ့ ပြန်ရှုရပါမယ်ဘုရား)
ဒါဖြင့် အသေကို အရှင်နဲ့ရှုလိ့ ဆရာဘုန်းကြီးက ပြောလိုက်တော့ ဧကစိတ္တ သမာယုတ္တာ၊ သဘောကျပလား … (ကျပါပြီ) ဒါ ပါဠိ၊ အသက်ရှိတဲ့ ပုဂ္ဂိုလ်တို့သည် တစ်ခုတည်းနဲ့ အသက်ရှင်နေ၏ … (မှန်ပါ့) စိတ်တစ်ခုတည်းနဲ့ အသက်ရှင်တယ်-တဲ့ … (မှန်ပါ့) ဒီစိတ် ချုပ်သွားရင် ဒီလူတစ်ယောက်သေတာပဲ၊ သဘောကျပလား … (ကျပါပြီဘုရား)။
နောက်စိတ်မလာရင် ဘယ့်နှယ်တုံး … (သေတာပါပဲဘုရား) သုဿာန်ပို့ရုံပဲ၊
ဒါဖြင့် ခင်ဗျားတို့ကို သုဿာန်မပို့ရသေးတာဟာ အရင်စိတ်တွေကတော့ အရင် ကိုစောမောင် - ပေါင်း ဘယ်လောက်သေပလဲ … (မရေတွက်နိုင်ပါဘုရား)
အခု ဘယ့်နှယ်ကြောင့် ကိုစောမောင် - သုဿာန်မပို့ရသေး ပါလိမ့်မတုံး မေးရင် ဘယ့်နှယ်ပြော မလဲ … (နောက်စိတ်နဲ့ အသက်ရှင်နေလို့ပါဘုရား) နောက်စိတ်နဲ့၊ နောက်-ကိုစောမောင်၊ နောက်စိတ်ကို စောင့် - ဒါက အသက်ရှင်နေလို့ … (မှန်ပါ့)။
ဒါဖြင့် အသေကို ဘာနဲ့ကြည့်မလဲ … (အရှင်နဲ့ ကြည့်ရပါမယ်ဘုရား)။
အသေကို အရှင်နဲ့ဆိုတာ ၀ိပဿနာ စခန်းလို့ မှတ်လိုက် … (မှန်ပါ့) အသေကို အရှင်နဲ့ရှုဆိုတာ … (၀ိပဿနာ စခန်းပါဘုရား)။
ဝိပဿနာစခန်းလို့ မှတ်လိုက်ပါ …တဲ့၊ ၀ိပဿနာဆိုတာ ဘာပါလိမ့်မတုံးဆိုတော့ ခင်ဗျားတို့က ရှုတာကို ၀ိပဿနာလို့ မှတ်နေတယ်၊ အခု သေသေချာချာ ခရေစေ့တွင်းကျ စစ်လိုက်တော့မှ ကိုယ့်အသေကို အရှင်ကနေ ကြည့်တာ၊ သဘောကျပလား … (ကျပါပြီဘုရား)။
ကိုယ့်အသေကို -(အရှင်ကနေ ကြည့်တာပါဘုရား) အရှင်ကနေ ကြည့်တာဆိုတာ ပေါ်ကြပလား … (ပေါ်လာပါပြီဘုရား)။
ပေါ်တော့ကို ကြည့်ဖန်များလာတော့ ဆရာဘုန်းကြီးကလဲ နည်းပေးထားတယ်၊ ကိုယ့်အသေကိုယ် ကြည့်တာဟေ့ - ဆိုတော့ ကိုစောမောင် - သေတာတွေက မများပေဘူးလား (များပါတယ်ဘုရား) များလာတော့ မုန်းမလား၊ မမုန်းဘူးလား … (မုန်းပါတယ်ဘုရား)။
ဒါ အခုတော့ မကြည့်တော့ မမုန်းသေးဘူး … (မှန်ပါ့) ကြည့်ဖန်များလာတော့ အသုဘတွေ အတွေ့ကများလာတယ် များလာတော့ ဘယ့်နှယ်ဆိုမလဲ … (မုန်းပါတယ်ဘုရား)။
မုန်းလာတော့ကို တဲ့၊ မုန်းအောင်ကြည့်လို့ရှိရင် ဟုတ်လား မုန်းတဲ့ပုဂ္ဂိုလ်ဟာ နောက်ဒီအသေမျိုး၊ ဒီလိုဆုတောင်းလို့ရှိရင် ဒီစိတ်တွေ ဒီလို သေနဦးမှာဆိုတော့ စိတ် … ဆိုတဲ့ ၀ိညာဏက္ခနာကို လိုချင်သေးရဲ့ လား - (မလိုချင်ပါဘုရား) အဲ-မလိုချင်အောင် ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ …၊ မုန်းအောင် ကျင့်နိုင်တဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်ဖြစ်ပြီ (မှန်ပါ့)။
---- မာယ ဓမ္မနုဓမ္မပဋိပတ္တိယာဆိုတာ ပေါ်ပလား (ပေါ်ပါပြီဘုရား)။
စိတ်ကို မလိုချင်အောင် မုန်းအောင် ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာ ဘာတုံး … (ဓမ္မာနုဓမ္မပဋိပတ္တိပုဂ္ဂိုလ်ပါ ဘုရား)။
ခင်ဗျားတို့က “---မာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒံ္ဓ ပူဇေမိ” သွားပြီးလုပ်နေတယ်၊ မလုပ်ကြဘူးလား … (လုပ်ပါတယ်ဘုရား)။
---မာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ ဗုဒံပူဇေမိ … တပည့်တော် လောကုတ္တရာတရားနဲ့ လျော်တဲ့အကျင့် နဲ့ ရှိခိုးပါ၏။ ကျင့်လဲ မကျင့်ဘဲနဲ့ အလကား ရှိခိုးနေတယ် … (မှန်ပါ့) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
ကျင့်တာက ရှုမှ ကျင့်တာကိုး … (မှန်ပါ့) မကျင့်ဘဲနဲ့ အလကားရှိခိုးနေတယ် … (မှန်ပါ့) သဘောပါ ပလား … (ပါ-ပါပြီဘုရား)။
ဘယ်သူကများ သင်ထားသတုံး ခင်ဗျားတို့၊ မယ်သီလ ကျောက်ထွက်တွေများ ဖြစ်နေသလား မပြောတတ်ပါဘူး၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)။
မဟုတ်ပါဘူး … တဲ့၊ ခင်ဗျားတို့က အခု --- မာယ ဓမ္မာနုဓမ္မပဋိပတ္တိယာဆိုတာ ပဋိပတ္တိကလဲ ပါသေးတာ … (မှန်ပါ့) ကျင့်ပါဦးဆိုထားတဲ့ဥစ္စာ - (မှန်ပါ့) ဟောဒီက အပျက်နဲ့ဟောဒီက မဂ်ကိုက်အောင် ကျင့်ပါဆိုတာ ဓမ္မာနုဓမ္မပဋိပတ္တိ၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
အပျက်ကဓမ္မ မောင်နိုင် … (မှန်ပါ့) ဟိုကပဋိပတ္တိ၊ အပျက်ကိုကျင့်တဲ့အကျင့်၊ အဲဒီအကျင့်နဲ့ ရှိခိုးပါ ဆိုတာ … (မှန်ပါ့)။
ရှုတော့ မရှုဘူး၊ အလကားနေရင်းသွားပြီးတော့ ကိုစောမောင်ကြီးက လက်ဆယ်ချောင်းနဲ့ ---မာယ ဓမ္မာနု ဓမ္မပဋိ ပတ္တိယာ ဗုဒံ ပူဇေမိပါဘုရာ့ … ဓမ္မံ ပူဇေမိပါဘုရာ့ … ဦးဘရှင်းကြီးကော လုပ်ဘူးရဲ့လား … (လုပ်ဘူးပါတယ်ဘုရား) ဟာ … သွားပြီပေါ့ ခင်ဗျားတို့။
ဘာမှမသိဘဲနဲ့ လုပ်နေတာ … (မှန်ပါ့) ကျင့်ပြီးလုပ်တာလား၊ ကိုယ့်စိတ်ကိုယ် အပျက်မြင်ပြီး လုပ်တာလား … (ကျင့်ပြီး လုပ်တာပါဘုရား) ဘယ်ဟုတ်လိမ့် မတုံးဗျ … ဘုရားရှိခိုးအဆုံးပါတာနဲ့ ကိုစောမောင်တို့ လုပ်နေကြတာ။
အပျက်မမြင်ပါဘူး၊ စိတ်ပျက်တာကို ဟင် … (မှန်ပါ့)။
ခင်ဗျားတို့ပျက်တဲ့ စိတ်ပျက်က ကျောက်ကလေး ရှုံးမှ ပျက်လိုက်တာကွာ … ဒီအပျက်သာ ရှိပါတယ်၊ ဒီ့ပြင်အပျက် ခင်ဗျားတို့မရှိပါဘူး … (မရှိပါဘုရား)။
ကိုင်း … ဒါဖြင့် ဒကာဒကာမတွေ ရိပ်မိကြပလား … (ရိပ်မိပါပြီဘုရား)။
တရားက အဆုံးဟောဖို့ပဲ - နာရီကလဲစေ့ပြီ၊ နက်ဖြန်မှ ဆက်ကြဦးစို့ …

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာ ရှုပုံရှုနည်း

ဒကာ, ဒကာမတွေ သိကြားမင်းအကြောင်း မဟောခင် ၀ိပဿနာရှုနည်းကို ရှေးဦးစွာ ပြောမယ် - (မှန်လှပါဘုရား)၊ ၀ိပဿနာရှုနည်းက ရှင်သာရိပုတ္တရာက ဟောထားတယ်။
ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ၊
ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ။
ဤကဲ့သို့ ဟောထားတော့ ဒကာ, ဒကာမတွေသည် ဘုရားရှေ့မှာဖြစ်စေ၊ ကိုယ့်အိပ်ရာထဲမှာဖြစ်စေ ထိုင်ပြီးသကာလ မိန်းမဖြင့် ဒူးတုပ်, ယောက်ျားဖြင့် တင်ပျဉ်ခွေပြီး သကာလ ထိုင်ချင်သလိုထိုင်၊ အိပ်ချင်သလိုအိပ် ကိစ္စမရှိပါဘူးတဲ့။ သို့သော် အသက်မှန်မှန်ရှုပြီးသကာလ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ဒီလိုချည်း သိပြီးသကာလ နေရာမှ ပထမရှေးဦးစွာတော့ဖြင့် ထွက်တာသိ ၀င်တာသိပဲ လုပ်နေပါ။ ဒီထဲကမှ ဟိုနေရာက အောင့်သလို လာလို့ရှိရင် ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ။
ထွက်တာသိ ၀င်တာသိ ဖြုတ်ပစ်လိုက်ပါတော့လို့ သတိပေးလိုက်တယ် - (မှန်လှပါဘုရား)၊ ထွက်တာသိ ၀င်တာသိ ဖြုတ်ပြီးအောင့်တဲ့ နေရာကလေးကို ဥာဏ်က လှည့်လိုက်၊ သြော် - ဒါဖောက်ပြန် တာပါလား၊ အင်း - ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး။ ခုမှ ဒီနေရာလေးက အောင့်လာတယ်။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေး ကြည့်လိုက်ပြီဆိုမှဖြင့် ဖောက်ပြန်တာကလေးက ပျက်စီးသွားတယ်။
ထွက်တာသိ ၀င်တာသိ လုပ်နေတုန်း တစ်နေရာက ဘာဖြစ်လာသတုံး - (အောင့်လာပါတယ် ဘုရား)၊ အောင့်တဲ့အခါကျတော့ ထွက်တာသိ ၀င်တာသိ ဖြုတ်လိုက်ပါ - (မှန်လှပါဘုရား) အောင့်တဲ့နေရာ ကလေး ဥာဏ်လှည့်လိုက်ပါ - (မှန်လှပါဘုရား) အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ၊ ခြေသလုံးက အောင့်ရင် ခြေသလုံး၊ ပေါက်ကအောင့်ရင် ပေါင်၊ ခါးကအောင့်ရင် ခါး၊ နောက်ကျောအောင့်လို့ရှိရင်လဲ အောင့်တဲ့နေရာကလေး ဥာဏ်လှည့်လိုက်ပါ။
အဲဒါ ကလေးက ဘာပါလိမ့်မလဲဆိုတော့ ပင်ကိုသဘောမှ ဖောက်ပြန်လာတာ။ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေးကို ဒကာသစ်, ဒကာကြွယ်, ဦးလှဘူးတို့က ဥာဏ်လှည့်လိုက်ပြီဆိုမှဖြင့် ဥာဏ်ပေါ်နေတဲ့ အတွက် သတ္တ၀ါသန္တာန်မှာ အောင့်တဲ့စိတ်ကလေးက ချုပ်သွားပြီး ဥာဏ်စိတ်ကလေးက ပေါ်နေတယ်။ ဥာဏ်စိတ်ကလေး ပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီးသကာလ ပျက်စီးသွားတာ တွေ့ပါလိမ့် မယ်၊ ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ရပါလိမ့်မယ်။
ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါနော် - (မှန်လှပါဘုရား)။
အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ၊ အနိစ္စဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခသစ္စာဆိုလဲ ဟုတ်တာပဲ။ သြော် - ဒါက ဒုက္ခသစ္စာ၊ ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊ ဒါ ဒီနေရာကလေးက အောင့်တာကလေးက

Wednesday, May 21

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိပြုတ်တရားတော် (၃)

ဒိဋ္ဌိသုံးမျိုးရှိတယ် - သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ၊ ဘယ်နှစ်မျိုးပါလိမ့် … (သုံးမျိုးပါဘုရား) သေသေချာချာ မှတ်ထားစမ်းပါ၊ ဒိဋ္ဌိသုံးမျိုးရှိတဲ့အနက်ကလည်း ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိတစ်ခုဟာ ရေသောက်မြစ်ပါ၊ သူရှိလို့သဿတ, ဥစ္ဆေဒဖြစ်လာရတယ်လို့မှတ်ကြပါ … (မှန်ပါ) ဒါဖြင့် ဘယ်ဒိဋ္ဌိပြုတ်ရင် အကုန်ပြုတ်တာပဲလို့ဆိုတာ ဒကာ ဒကာမတွေ သိပါပြီ၊ သက္ကာယဒိဋ္ဌိပြုတ်ရင် … (အကုန်ပြုတ်ပါတယ် ဘုရား)။
အဲဒီတော့ သက္ကာယဒိဋ္ဌိပြုတ်အောင် ဒကာ ဒကာမတွေ ၀ိပဿနာနောက်ထား၊ ၀ိပဿနာရှု့မှုကို … (နောက်ထားရမှာပါဘုရား) သက္ကာယဒိဋ္ဌိပြုတ်မှုကို … (ရှေ့ထားရမှာပါဘုရား) ဒါကို ဘယ်တော့မှ မမေ့ကြပါနဲ့ ၀ိပဿနာရှု့မှုကို နောက်ထားပါ၊ သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထားပါ၊ ဒါကို ဘယ်အခါကာလမှ ဒကာ ဒကာမတွေ မမေ့ကြပါနဲ့ဆိုတာကို သတိပေးလိုက်တယ်နော်၊ ကောင်းပြီ - ဒါဖြင့် ၀မ်းထဲမှာ သက္ကာယဒိဋ္ဌိရှိပြီးသကာလနေတေယ်၊ ဆရာသမားတွေက အနိစ္စ, ဒုက္ခ, အနတ္တတွေ ရုပ်ပေါ်မှာရှု့ခိုင်းခိုင်း - နာမ်ပေါ်မှာရှု့ခိုင်းခိုင်း၊ ကိုစောမောင် အာပေါက်အောင်ရှု့၊ မရဘူး … (မှန်ပါ)။
ဘာကြောင့်မရတုံး ဦးဘရှင်းတို့ မေးလို့ရှိရင် ဖြေတတ်ပါပြီ … (မှန်ပါ) ဘာကြောင့်မရတုံး … (သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား) သက္ကာယဒိဋ္ဌိကျန်နေရစ်တယ်၊ ဘုရားလက်ထက်က ကိုစံလှ ပြင်လိုက်ရ တယ် ဒီလိုပုဂ္ဂိုလ်တွေ၊ သူများဝိပဿနာရှုတယ် သူတို့လည်း သွားရှုတာပေါ့ဗျာ၊ ရှုတော့ ဖြစ်ပျက်တွေအား လုံး ကိုပေါ်တို့ တွေ့တာပေါ့ … (မှန်ပါ)။
တွေ့ပေမဲ့ ၀မ်းထဲမှာ ဒီဖြစ်ပျက်ဟာ ပုဂ္ဂိုလ်ဖြစ်ပျက်လား သတ္တ၀ါဖြစ်ပျက်လားဆိုတဲ့ ဒိဋ္ဌိကခံပြီး သကာလ နေတဲ့အတွက် ဦးဘရှင်းမရပါဘူး … (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထား - ၀ိပဿနာရှုမှု နောက်ထား၊ ဒါကို ဘယ်ခါကာလမှ မမေ့ကြနဲ့ … (မှန်ပါ)။
သို့သော် ဒီဥစ္စာ ရှု့ခါနီးဖြုတ်ရမှာလားလို့မေးတော့ ဒီလို မဟုတ်ပါဘူး၊ ခုလို တရားနာပြီးသကာလ ရှင်းလင်းနေလို့ရှိရင် ကိုယ်ထိုင်တဲ့နေရာကျတော့ ကိုစောမောင် ဖြစ်မှု ပျက်မှုလောက်ပဲ ရှုရတယ် … (မှန်ပါ) ရှင်းလင်းပြီးတဲ့ပုဂ္ဂိုလ် … (မှန်ပါ)။
ဟိုနေရာကျမှ တစ်ခါ ထပ်ရှင်းနေရမယ်လို့ ဒီလိုဟောသည် မဟုတ်ပါဘူး … (မှန်ပါ) ပင်ကိုက ၀မ်းထဲက မရှင်းလင်းဘူး ဆိုလို့ရှိရင်ဖြင့် သူ့ကို ရှင်းအောင်အရင်လုပ်ပါ၊ သက္ကာယဒိဋ္ဌိရှင်းအောင် … (အရင်လုပ်ရမှာပါဘုရား) အရင်လုပ်ရမယ်ဆိုတာ သေချာကြပလား … (သေချာပါတယ်ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတွေ ရှေ့နောက်လွဲနေလို့ ဘုရားလက်ထက်က ရဟန်းတွေ၊ သြော် ဖြစ်ပျက်တွေကိုလည်း သူတို့နားလည်သား၊ ဘယ်နှယ့်ကြောင့် ငါ၏တပည့်သား မြေးတွေ ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်မမြင်ပါလိမ့်မလဲလို့ ဘုရားက သဗ္ဗညုတဥာဏ်နဲ့ ကြည့်တဲ့အခါ သူ့ဝမ်းထည်းမှာ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတာ (မှန်ပါ)။
ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတော့ ဒကာ ဒကာမတို့ အင်မတန် မကြာဘူးလား … (ကြာပါတယ်ဘုရား) ကြာပြီးတော့ ရမှာလား မရဘူးလားလို့ တစ်ခါမေးကြဦး … (မရပါဘုရား) မရနိုင်ဘူးတဲ့ ဒကာ ဒကာမတို့ ဒါ - သေသေချာချာမှတ်ရမယ်၊ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
အဲဒါကြောင့် ဘုန်းကြီးတို့ ရှင်းရှင်းလင်းလင်းနဲ့ ဒကာ ဒကာမတွေကို ပြောပါတယ်၊ ရှေးကအနိစ္စ တွေ ပုတီးတွေ အပတ်တွေ ရအောင်စိပ်၊ ကိုစောမောင် အနိစ္စဘယ်နှစ်ပတ် - ဒုက္ခဘယ်နှစ်ပတ်ရတယ်၊ ရှေးက လူကြီးသူမတွေလည်း သူတို့တတ်သရွေ့ မှတ်သရွေ့တော့ စိပ်ကြတာပဲ … (မှန်ပါ့)
စိပ်ပင်စိပ်ငြားသော်လည်း အမြင်စိပ်လားလို့ မေးပြန်တော့၊ အမြင်စိပ်က မဟုတ်တာတစ်မျိုး၊ ဥာဏ်နဲ့ မြင်ပြီးစိပ်တာလားလို့မေးတော့ ဥာဏ်နဲ့မြင်ပြီးစိပ်တာက ရှားလိမ့်မယ်၊ ကဲ - စိပ်လိုက်တော့ဖြင့် သေသည်တိုင်အောင်ပဲတဲ့၊ ဥပုသ်နေ့တိုင်းစိပ်တယ်ထားပါဦးတော့ ဘာရှေ့ထားရမယ်ဆိုတာ မသိပြန်ဘူး၊ မသိပြန်တော့ ထစ်ငေါ့တာ တစ်ခုဖြစ်ဦးမယ်၊ ဟိုက မမြင်ဘဲနဲ့ စိပ်နေလို့ ထစ်ထစ်ငေါ့ငေါ့ကတစ်မျိုးဆိုတော့ သူ့မှာကန့်ကွက်မဲ့သူနှစ်မျိုးရှိတယ်၊ ဒါကြောင့်
ဒကာ ဒကာမတွေ ဒီကန့်ကွက်မှုနှစ်မျိုးကိုဖြင့် ဒကာ ဒကာမတွေ၏ ရန်သူအကြီးဆုံးလို့ ထားပြီးသကာလ အလုပ်လုပ်ကြမယ် ဆိုလို့ရှိရင်၊ ညနေအားထုတ် ခင်ဗျားတို့ မနက်ရနိုင်တယ် … (မှန်ပါ)။
မနက်အားထုတ်ရင် … (ညနေရနိုင်ပါတယ်ဘုရား) ဒါက မြန်တဲ့ပုဂ္ဂိုလ်၊ မမြန်တဲ့ပုဂ္ဂိုလ်မှာ ခုနစ်ရက် အားထုတ်လည်း ရပါတယ်၊ ဒီ-ဒိဋ္ဌိသာဖြုတ်ပြီးလို့ရှိရင် … (မှန်ပါ) သဘောပါကြပလား … (ပါ ပါပြီဘုရား) ဒါဖြင့် ဒိဋ္ဌိဖြုတ်မှုသည် ဦးဘလေးရှုမှုထက် ရှေ့ထားရမယ် … (မှန်ပါ) ဒကာ ဒကာမတွေ ဘယ်လိုအောက် မေ့ကြတုံး … (သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ်ဘုရား)။
ရှုမှုထက် ရှေ့ထားရမယ်နော် … (မှန်ပါ) အဲဒီတော့ ဒီ-ဒိဋ္ဌိဆိုတာကလည်းတဲ့၊ ဘုရားကလည်း မနေ့က ပြောခဲ့တယ်၊ ရင်ဝလှံစူးတာကို အရေးကြီးတာထက် ဒိဋ္ဌိဖြုတ်မှုကို အရေးကြီးပါ၊ ပေးပါဆိုတော့ အကြီးလို့ပြောတဲ့စကားဆိုတာ သေချာပြီ … (မှန်ပါ) မသေချာဘူးလား … (သေချပါတယ်ဘုရား)။
အရေးကြီးလို့ ပြောတဲ့စကားပဲ သေချာတယ်၊ နောက်တစ်ခါ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက *ဒိဋ္ဌိဗန္ဓန ဗန္ဓာတေ၊ တဏှာသောတေန ၀ုယှရေ၊ တဏှာသောတေန ၀ုယှန္တာ၊ နတေဒုက္ခာ ပမုစ္စရေ၊ ဒီလို ဟောထားပြန်တော့ သူလည်းဘုရား၏ အာဘော်ကြည့်ပြီးရေးထားတဲ့ ဂါထာဖြစ်နေတော့ သူလည်း ဘုရား၏ တဏှာလိုက်တော့မယ် … (မှန်ပါ) ငါရှိလို့ရှိရင် ငါ့ဥစ္စာဆိုတာလဲ (လာမှာပါဘုရား)။
သြော် - ငါကဒိဋ္ဌိ၊ ငါ့ဥစ္စာက တဏှာ၊ သဘောကျပလား … (ကျပါတယ်ဘုရား) ငါက ဘာတုံး … (ဒိဋ္ဌိပါဘုရား) ငါ့ဥစ္စာက … (တဏှာပါဘုရား) ဒါဖြင့်တဲ့ ဒကာ ဒကာမတွေ ဒိဋ္ဌိရှိရင် တဏှာလိုက်လာတယ် … (မှန်ပါ) သဘောကျကြလား … (ကျပါတယ်ဘုရား) ဒိဋ္ဌိရှိရင် … (တဏှာလိုက်လာပါတယ်ဘုရား) တဏှာလိုက်လာတယ်တဲ့၊ အဲတော့ ဒီ-ဒိဋ္ဌိက ဘာလုပ်တတ်သတုံး မေးတဲ့အခါကျတော့မှ ကိုစောမောင် ဒီနေ့အထူးမှတ်၊ ချည်တတ် နှောင်တတ် တုပ်တတ်တယ် … (မှန်ပါ) ဒိဋ္ဌိက ဘာလုပ်တုံး … (ချည်တတ် နှောင်တတ် တုပ်တတ်ပါတယ်ဘုရား)။
ချည်တတ် နှောင်တတ် တုပ်တတ်တယ်၊ မှတ်ထားလိုက်ပါ၊ တဏှာက ဘာလုပ်တတ်သတုံးမေးလို့ ရှိရင်ဖြင့် ချည်ပြီး နှောင်ပြီး တုပ်ပြီးသား ပုဂ္ဂိုလ်ကို မျောအောင် မျှောတတ်တယ် … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား) အင်း ဒိဋ္ဌိက ဘာလုပ်တတ်ပါလိမ့် … (ချည်တတ် နှောင်တတ် တုပ်တတ်ပါတယ်ဘုရား)။
တဏှာက ဘာလုပ်တတ် … (မျှောတတ်ပါတယ်ဘုရား) သြော် … ဒါဖြင့် ဒိဋ္ဌိက မြစ်တစ်ခုထဲမှာ ချည်ပြီးနှောင်ပြီး တုပ်ပြီး ဘယ်နှယ့်တုံး … (မတက်နိုင်ပါဘုရား) ခိုကိုးရာတုံးတွေတွေ့ငြားသော်လည်း ဖမ်းပြီးဆွဲနိုင်ပါ့မလား … (မဆွဲနိုင်ပါဘုရား) ဘာကြောင့်တုံး၊ ဒိဋ္ဌိကချည် - တဏှာက မျှော၊ အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဘ၀ကနေ စုတေမနေ သေလွန်လို့ရှိရင်ဖြင့် တခြားဘုံအပါယ်လေးပါး ငရဲဘုံရောက်သွား၊ တိရိစ္ဆာန်ဘုံရောက်သွားတယ်၊ ဘယ်သူမျှောချလိုက်တုံးမေးတော့မှ ကိုစောမောင် တဏှာမျှောချလိုက်တာ … (မှန်ပါ)။
ဟ - ဒီနေရာ ရောက်လို့ရှိရင် ပြန်ပြေးပါလားဆိုတော့ ချည်ပြီးသားဖြစ်နေတယ် … (မှန်ပါ) ပြန်လည်း မပြေးနိုင်ပါဘူး၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ချည်ပြီးသားလည်း ဖြစ်နေပြန်၊ တဏှာ ရေမျောလို့လဲ အပါယ်လေးပါး ရောက်ပြန်၊ ဘယ့်နှယ်လုပ်ပြီးသကာလ ကိုစောမောင် တက်လမ်းမြင်သေးရဲ့ လား … (မမြင်ပါဘုရား)။
ဒါဖြင့် နောက်တုန်းက ဒီ- ဒကာ ဒကာမတွေ ဘယ်လိုများ နေခဲ့ကြရပါလိမ့်မလဲ - လို့ အားလုံးကမေးလို့ရှိရင်ဖြင့် ချည်ပြီး တုပ်ပြီး မျောနေလို့ဆိုတာ သေချာပလား (သေချာပါတယ်ဘုရား) မျောချင်သလို မျောနေလို့ဆိုတာ သေချာပလား (သေချာပါတယ်ဘုရား) မျောတော့ကိုတဲ့ မျောပါများလို့ ရှိရင် ဒီပုဂ္ဂိုလ်ဟာ ၀ဲတွေ့ရဦးမယ် … (မှန်ပါ) ၀ဲတွေ့ရဦးမယ်ဆိုတာကော သေချာပလား … (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိက ခန္ဓာငါးပါးကို ချည်သမား၊ တဏှာက ချည်ပြီးတုပ်ပြီး ရေထဲမှာ … (မျောသမားပါဘုရား) မျောပါများလာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ အခုဝဲနဲ့ သွားတွေ့မယ် … (မှန်ပါ) မတွေ့ပေဘူးလား … (တွေ့ပါတယ်ဘုရား) ၀ဲနဲ့တွေ့သွားတော့မယ်တဲ့၊ ၀ဲဆိုတာက တခြားမဟုတ် ပါဘူး ဒကာ ဒကာမတို့ ချည်ပြီးတော့ မျောလာတဲ့ ပုဂ္ဂိုလ်ဝဲထဲရောက်တာ … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား)။
ချည်ပြီး မျောလာတဲ့ပုဂ္ဂိုလ် … (၀ဲထဲရောက်ပါတယ်ဘုရား) ၀ဲထဲရောက်တဲ့အခါကျလို့ရှိရင်ဖြင့် ၀ဲစီမံ သလို ခံရုံပဲ … (မှန်ပါ) ၀ဲက လက်ယာရစ်လှည့်နေရင်လည်း လက်ယာရစ်လည်ပဲ၊ လက်ဝဲရစ်လှည့်နေရင် ၀ဲက၊ … (လက်ဝဲရစ်လည်ရမှာပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ကိုစောမောင် ကျုပ်တို့သည်ကားဆိုလို့ရှိရင် ဒီဝဲက ဘာတုံးဆိုတော့ ဒကာ ဒကာမတို့ ရူပါရုံ၊ သဒ္ဒါရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗါရုံ … (မှန်ပါ) အာရုံငါးပါးထဲမှာ ခင်ဗျားတို့လည်နေတာ ဒိဋ္ဌိကချည် ပါတယ်ဘုရား) မျောတဲ့အတွက် ၀ဲထဲရောက်သွားတယ်၊ ရောက်သွားတဲ့အခါကျတော့ အာရုံငါးပါးတည်းဟူသော ၀ဲပဲ … (မှန်ပါ)။
တစ်ခါတလေကျတော့ မမြင်ရတာ ကြာပေါ့ဆိုပြီးသွားလိုက် မကြားရတာကြပေါ့ဆိုပြီးသွားလိုက်၊ ဒီအနံ့လေး မနံရတာ ကြာပေါ့ဆိုပြီး … (သွားပါတယ်ဘုရား) ဒီအစာလေး မစားရတာ ကြာပေါ့ဆိုပြီး … (သွားပါတယ်) ဒီအထည်အလိပ်ကလေး မ၀တ်ရတာကြာပြီပေါ့ဆိုပြီး … (သွားပါတယ်) ဆိုတော့ ဒီငါးပါးထဲမှာ လှည့်နေတယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်သည်ကား ဆိုလို့ရှိရင် ကိုစောမောင် ချည်သမားရယ်၊ မျောသမားရယ်၊ လည်သမားရယ်၊ လည်တဲ့ဝဲထဲကိုလည်း ရောက်သွားပြန်တော့ ဦးဘရှင်းမြုပ်မှ မြုပ်ပါ့မလား … (မြုပ်မှာပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) အင်း … မြုပ်အောင်ဘယ်သူက လုပ်ပါလိမ့် မတုံးလို့ မေးဖို့မိုဘူးလား … (လိုပါတယ်ဘုရား)။
အင်း - ၀ဲလှည့်ရတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ဟောဒီဘက်က သား, ဟောဒီဘက်က သမီး, ဒီဘက်က ပစ္စည်း, ဒီဘက်က ဆွေမျိုးမိတ်သင်္ဂဟ, ခင်ဗျားတို့ဒီထဲ နေ့တိုင်းလှည့်နေတယ် … (မှန်ပါ) ဦးဘလေး သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
အို … ခင်ဗျားတို့ အိမ်ထိုင်နေမှ ကိုစံလှတို့ သိသာလိုက်တာ၊ ဟိုဘက်ကိုလည်း ကြည့်ချင် သေးတယ်၊ ဒီဘက်ကိုလည်း နှုတ်ဆက်ချင်လိုက်သေးတယ်၊ ဒီဘက်ကလည်း ပေးလိုက်ချင်သေးတယ်၊ ဒီဘက်ကအသံကိုလည်း ဘာသံပါလိမ့်ဆိုတာ ကြားချင်လိုက်သေးတယ်ဆိုပြီး ထိုင်ရင်းများ လှည့်နေလိုက် တဲ့ဖြစ်ခြင်း၊ ကိုစောမောင်ဘယ်နှစ်ပတ်များရှိသတုံး … (မရေတွက်နိုင်ပါဘုရား)။
ဦးဘရှင်း ခင်ဗျားအိမ်ပေါ်ခင်ဗျားနေတာ ဘယ်နှစ်ပတ် ရှိမယ်ထင်တုံး … (မရေတွက်နိုင်ပါဘုရား) မရေတွက်နိုင်ဘူး ကိုပေါ်၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဒီ - ဒကာ ဒကာမတို့ သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေဆီ ရှောက်ပြီး၊ အိမ်ပေါ်တင် တစ်နေ့အပတ်ပေါင်း ဘယ်လောက်တုံး … (မရေတွက်နိုင်ပါ ဘုရား)။
ဆိုလို့ရှိရင်ဖြင့် ထိုင်ရာကနေပြီး ပတ်နေတာ အပတ်ပေါင်း ဘယ်လောက်တုံး … (မရေတွက်နိုင်ပါ ဘုရား) ရေတွက်နိုင်ရဲ့လား … (မရေတွက်နိုင်ပါဘုရား) ထိုင်ရာကကို ပတ်နေတာ မရေတွက်နိုင်ဘူး၊ ဒီ - ပတ်ပြီးသကာလ နေတာကလည်း ၀ဲထဲမှာ ရောက်နေလို့ သူ - မလည်ချင်လို့ကို နေလိုရရဲ့လား … (မရပါဘုရား) ဘယ့်နှယ်ကြောင့် ဒီဝဲထဲ ဘယ်လောက်လှည့်နေပါလိမ့် မလဲလို့ ကိုစောမောင် မေးဖို့မလိုဖူးလား … (လိုပါတယ်ဘုရား)။
ဝဲထဲလှည့်ချင်လို့ လှည့်ရတာမဟုတ်ဖူးတဲ့၊ ဒိဋ္ဌိကချည်ပြီး တုပ်ပြီးဖြစ်နေလို့ ဘယ်ကမ်း ဘယ်သောင် မှလည်း ဆွဲစရာ ကိုင်စရာ ပစ္စည်းက အပြင်ထွက်လာတဲ့ပစ္စည်းမရှိဘူး၊ ခြေကလည်း မသန် လက်ကလည်း မသန် အဲဒီတော့ ၀ဲလှည့်သလိုခံရုံပဲ၊ ရှင်းပလား … (ရှင်းပါပြီ)။
အဲ … ကိုစောမောင်တို့ အိမ်နေကြတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိမ်နေကြတယ်၊ သြော် … ဘာများလုပ်နေကြပါလိမ့်မတုံး၊ အိမ်ပေါ်မှာဆိုလို့ရှိရင် ၀ိပဿနာ အလုပ်မလုပ်တဲ့ အချိန်မှာ ၀ဲလှည့်နေ တယ်မှတ်ပါ၊ ဘယ်လိုမှတ်ကြမယ် … (၀ဲလှည့်နေပါတယ်ဘုရား) ထိုင်ရင်းမတ္တနဲ့ … (၀ဲလှည့်နေပါတယ် ဘုရား)။
စိတ်ကလေးလည်း သားဘက်စိတ်ကူးလိုက်၊ သမီးဘက် စိတ်ကူးလိုက်၊ တွင်းဘက်စိတ်ကူးလိုက်၊ ဘာလုပ်နေတာတုံး … ကိုမြင့် … (၀ဲလှည့်နေတာပါဘုရား) ကိုစောမောင် - ကိုပေါ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ၀ဲလှည့်နေတာသည်ကား ဆိုလို့ရှိရင်ဖြင့် ငါဖြင့် မူးလှပါပြီ၊ ရပ်ချင်ပါတယ်ဆိုတာလည်း ရပ်စရာလက်နက်က မပါဘူး၊ ချည်ပြီးတုပ်ပြီးဖြစ်နေတယ်၊ မျောလိုက်တာကလည်း ကိုစောမောင် ဒီဝဲထည်း အရောက်ကို လှည့်ပြီး မျောပေးနေတယ်။
အဲဒီတော့ ကျုပ်တို့ခင်ဗျားတို့မှာတဲ့၊ အိမ်မှာနေတဲ့ ပုဂ္ဂိုလ်များသည်၊ အင်း - ငါ့သားရှိတဲ့ဘက်လှည့် လိုက်၊ ငါ့သမီးရှိတဲ့ဘက်ကို … (လှည့်လိုက်ပါတယ်ဘုရား) ခင်တဲ့မင်တဲ့ဘက်ကို … (လှည့်လိုက်ပါတယ် ဘုရား) လှည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါပဋိစ္စသမုပ္ပါဒ်ဟာ - ဒီဘက်လှည့်လိုက်လည်း ပဋိစ္စသမုပ္ပါဒ်က, ဇာတိ, ဇရာ, မရဏထိအောင် သွားလိုက်တာပဲ … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား)။
အင်း … အသံဘက်လှည့်လိုက်ပြန်ရင်လည်း … (ဇာတိ, မရဏထိပါဘုရား) အင်း … သောတဉ္စ, ပဋိစ္စ, သဒ္ဒေစဥပ္ပဇ္ဇတိ - သောတ၀ိညာဏံ တိဏ္ဏံ သင်္ဂတိဖေဿာ, သွားပြီ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာတဏှာကနေပြီး ဇာတိ, ဇရာ မရဏထိ သွားပြီး၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဒီဝဲ, သည်လှည့်ပါများလို့ရှိရင် ဇာတိ, ဇရာ, မရဏဆိုတဲ့ နေရာအရောက် မြုပ်ရလိမ့်မယ် … (မှန်ပါ) မမြုပ်ရပေဘူးလား … (မြုပ်ရပါတယ်ဘုရား) တစ်ခုတစ်ခုကနေပြီး သူက အိုသေဘက် ချည်းသွားပစ်လိုက် တယ် … (မှန်ပါ) ကိုစောမောင် ၀ဲတစ်ခုကနေပြီး လှည့်လိုက်လို့ရှိရင် အို, သေကျအောင် သွားရပါတယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ ချည်ပြီးတုပ်ပြီးလည်း ဖြစ်နေပြန်၊ တဏှာ ကလည်း မျှောပြန်၊ ၀ဲထဲလည်း ရောက်ပြန်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ၀ဲတစ်ခုတစ်ခု ကလည်း ဒကာ ဒကာမတို့ အောက်မပို့ရလို့ရှိရင် ကျေနပ်ပါ့မလား … (မကျေနပ်ပါဘုရား) သဘောပါကြပလား … (ပါ, ပါပြီဘုရား)။
အဲဒါကြောင့် ဘုရားအဆူဆူနဲ့ လွဲခဲ့၊ အင်း - လွတ်လပ်ရေး ဘယ်တော့မှ မရခဲ့ဘူး၊ ချောင်ချောင် ချိချိ ဘယ်တော့မှ မနေခဲ့ရဘူး၊ ဘ၀င်အေးအေးနဲ့ ဘယ်တော့မှ မနေခဲ့ရတာ၊ သြော် … မူလ ဘူတဒိဋ္ဌိမပြုတ်လို့ပဲ … (မှန်ပါ) ဒိဋ္ဌိသာချည်မထားလို့ရှိရင် တွေ့ရာသစ်ပင်ဆွဲပြီး သူတက်မှာပဲ … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား)။
ဒိဋ္ဌိကချည်ပြီး တုပ်ပြီးဆိုတော့ တဏှာက ထင်သလိုမျှော၊ ၀ဲက ထင်သလိုလှည့်၊ ပဋိစ္စသမုပ္ပါဒ် ထင်သလိုမြုပ်၊ ဒီအတိုင်း မသွားဘူးလား - သွားပါတယ်၊ အဲဒီတော့ ကျုပ်တို့မှာ ဒီထဲမှာ အခု ပဋိစ္စသမုပ္ပါဒ် ကိုလည်း မကြောက်နဲ့၊ ကိုစောမောင် ၀ဲလည်းမကြောက်နဲ့၊ တဏှာလည်းမကြောက်နဲ့၊ ဘယ်သူကြောက်ရ မတုံး … (ချည်ပြီး တုတ်ပြီး ကြောက်ရမှာပါဘုရား)။
ချည်ပြီးတုတ်ပြီးကြောက်ရမှာ၊ ယခင်နေ့အစက ဖော်ပြောလာတယ် - ဒါကြောင့် ဒိဋ္ဌိအရေးကြီး တယ် ပြောတာပေါ့ … (မှန်ပါ) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က မြုပ်အောင် လုပ်တတ်ပါတယ်ဆိုတာလည်း ထင်ရှားပါတယ် … (မှန်ပါ) ငါးပါးအာရုံ ကာမဂုဏ်က မူးအောင် လှည့်တတ်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်မြုပ်အောင်လုပ်၊ ငါးပါးလုပ်၊ ငါးပါးအာရုံကာမဂုဏ်က … (မူးအောင်လှည့် ပါတယ်ဘုရား)။
မူးအောင်လှည့်တတ်တယ်တဲ့၊ တဏှာက ဒီအထည်းမရောက် - ရောက်အောင်ကော မျှောတတ် ပါတယ်၊ မျှောပေးတယ်၊ မျှောတဲ့အခါ ကျလို့ရှိရင် ကိုယ်စွမ်းရည် သတ္တိတုံးအောင် လုပ်လိုက်တာက ဘယ်သူတုံး … (ဒိဋ္ဌိပါဘုရား) စွမ်းရည်သတ္တိအကုန်တုံးအောင်လုပ်တာ ဒိဋ္ဌိပဲ၊ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
စွမ်းရည်သတ္တိအကုန်တုံးအောင် လုပ်တာ … (ဒိဋ္ဌိပါဘုရား) ဘယ်လောက်တုံးနေတယ်ဆိုတဲ့ ဥစ္စာ၊ ခင်ဗျားတို့ ကိုယ်တိုင် ရှင်းပြီးပြပါမယ်၊ သားကဖြစ်စေ၊ သမီးကဖြစ်စေ၊ ဆွေမျိုးကဖြစ်စေ၊ ပစ္စည်းရှင်က ဖြစ်စေ၊ ကိုစောမောင်သားကလည်း မျက်စောင်းထိုးကြည့်လိုက်၊ သမီးကပြင်ဘက်ကနေပြီးသကာလ နှုတ်ခမ်းလေး စူပြလိုက်ငြားသော်လည်း အို … ကိုယ့်ဟာတွေ ဖြစ်နေတော့ ပစ်လိုက်ရမှာကလည်း အခက် သားပဲ၊ သူတို့မကောင်းတာလည်း သိတန်သလောက်လည်း သိသားပဲဆိုပြီးသကာလ ဒိဋ္ဌိကချည်ထားတော့ ဟိုက နှုတ်ခမ်းစူလည်း ခံနေတာပဲ၊ မျက်စောင်းထိုးလည်း ခံနေတာပဲ၊ ဘယ့်နှယ်ကြောင့်တုံးလို့မေးကြည့်၊ သူက ဒါတွေခွဲမှ မခွဲနိုင်တော့ ဒိဋ္ဌိကချည်မထားဖူးလား … (ချည်ထားပါတယ်ဘုရား)။
ချည်ထားတဲ့အခါကျလို့ရှိရင်ဖြင့် ဒီပုဂ္ဂိုလ်, ဒကာ ဒကာမတို့ ဒီပြုံးပြုံးရွှင်ရွှင်နေချိန်များ ပါသေးရဲ့လား … (မပါ, ပါဘူးဘုရား) သားတွေက ဆိုး - သမီးတွေကဆိုး - ဆွေမျိုးတွေကဆိုး၊ ဆိုးချင်သလောက်ဆိုး၊ ကိုယ်ကမပြတ်နိုင်တော့ ဒကာ ဒကာမတို့ ခံရုံပဲ … (မှန်ပါ) ကိုယ်ကမပြတ်နိုင်ဘူးဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိက မစွန့်နိုင်ဘူးလို့ပြောတာ … (မှန်ပါ) ဒိဋ္ဌိက မစွန့်နိုင်တဲ့အခါကျတော့၊ သားဆိုးနဲ့တွေ့လည်း အမေမိဘ မျက်ရည်နဲ့ မျက်ခွက်နေရုံပဲ၊ သမီးဆိုးတွေ့ပြန်လည်း အရှက်တကွဲ အကျိုးနည်းဖြစ်ရုံပဲ၊ ဒီပြင်ဘာရှိသေးတုံး … (မရှိပါဘုရား)။
ဒါဖြင့် ပစ်လိုက်ပါတော့လားဆိုတော့ တောင်းစုတ် ပလုံးစုတ်မဟုတ်ဘူး … (မှန်ပါ) ဒိဋ္ဌိက ချည်ထားတာ ပစ်လိုက်ပါတော့လားဆိုတော့ ခင်ဗျားတို့ ရဲပါ့မလား … (မရဲပါဘုရား) မရဲဘူးတဲ့၊ မကောင်းမစဉ် ပြင်ခဏ ဆိုတာနဲ့ တစ်ခါတည်း လွှတ်လိုက်ဖို့ အရေးကိုပါသေးရဲ့လား … (မပါ, ပါဘုရား) အဲဒီကျအောင် ချည်ထားတာ၊ ဒါဖြင့် ခင်ဗျားတို့ သူများမျက်စောင်းထိုးခံရပြီ၊ ဘယ်သူကြောင့်တုံး … (ဒိဋ္ဌိ ကြောင့်ပါဘုရား)။
သူများ နှုတ်ခမ်းစုခံရတာ … (ဒိဋ္ဌိကြောင့်ပါဘုရား) အရှက်တကွဲ အကျိုးနည်းတွေ ဖြစ်ပြီးသကာလ  ဖုံးဖိပြီး မျိုသိပ်နေရတာကော … (ဒိဋ္ဌိကြောင့်ပါဘုရား) သြော် - ပစ်လိုက်လို့ မတော်ပါလား … မလာဘူးလား … (လာပါတယ်ဘုရား) ဟ - ဘယ်သူက ဒီပစ်လိုက်လို့ မတော်ပါလားဆိုတဲ့ စကားလုံးနေပါလိမ့် မတုံးဆိုတော့ “ဒိဋ္ဌိဗန္ဓနဗန္ဓာတေ” ဒိဋ္ဌိက ချည်ထားတာ၊ သားနဲ့ ချည်ထားလိုက်၊ သမီးနဲ့ချည်ထားလိုက် - သဘောကျရဲ့လား … (ကျပါပြီဘုရား)။
အဲတော့ ခင်ဗျားတို့ ကျုပ်တို့သည် အိမ်ကထွက်ရာမှာတောင်မှ အင်း - သမီးကလည်း အချိန်အရွယ် ရောက်နေတယ်ဆိုတော့ မသွားဖြစ်ဘူး ဘယ်သူချည်ထားတာတုံး … (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိက ငါ့သမီးခက်ချည် ရဲ့၊ အင်း - သားလူပျိုလေးရှိပြန်တော့ လူပျိုလေးကို ဒီလို - ဒီလိုပဲနေကြတဲ့အခါကျလို့ရှိရင် သူတို့မျက်စိ ကွယ်ရာထားလို့ မတော်ဘူးဆိုပြီး သကာလ သူတော်ကောင်းတရားတွေ, ဘုရားတွေပွင့်၊ တရားတွေမိုးလိုစွေ - ဒိဋ္ဌိချည်ထား မထွက်နိုင်ဘူး … (မှန်ပါ့) ထွက်နိုင်ပါ့မလား … (မထွက်နိုင်ပါဘုရား) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဘုရားနဲ့လွဲတာ လက်သည် ဘယ်သူတုံး … (ဒိဋ္ဌိပါဘုရား) တရားနဲ့ လွဲတာ … (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိပဲဆိုတော့ ပထမချည်ထားမိကထဲက လွဲနေပေါ့၊ ဟိုကျအောင် တဏှာ ကမျှော လို့ ၀ဲထဲရောက်လို့ အောက်မြုပ်၊ ပဋိစ္စသမုပ္ပါဒ်နဲ့ မြုပ်သွားပြီဆိုတော့ ကမ္မဘ၀ပစ္စယာဇာတိဆိုတော့ အပါယ် ဇာတိကျအောင် မြုပ်သွားတဲ့အခါကျတော့ ကိုစောမောင် ဘယ့်နှယ်လုပ်ပြီးသကာလ ဘုရားတွေက ဂင်္ဂါဝါဠု သဲစုမက ပွင့်ကြငြားသော်လည်း ကိုယ်က မြုပ်သမားဖြစ်နေတယ် - လည်သမား ဖြစ်နေတယ်၊ မြုပ်တာ ရိုးရိုးလားဆိုတော့ တဏှာရေစီးသန်သန်ထဲမှာ မြုပ်နေတာ၊ တဏှာရေစီးကသန်တယ်၊ သဘောပါပလား … (ပါ, ပါတယ်ဘုရား)။
တဏှာရေစီးက သိပ်သန်ငြားသော်လည်း ကိုယ်ခြေလက်တွေ အသန်အစွမ်းဆိုလို့ရှိရင်လည်း ကိုစောမောင် ရုန်းကန်ရသေးတယ်၊ ကူးနိုင်ခတ်နိုင်သေးတယ် … (မှန်ပါ) အခုတော့ ဒီလို … (မဟုတ်ပါဘူးဘုရား)၊ ဘယ်နှယ့်ဖြစ်နေတယ်၊ ကြိုးတုပ်ထားတယ်တဲ့၊ ဒါကြောင့် ၀ိသုဒ္ဓိမဂ်တဒိဋ္ဌိဗန္ဓာတေတ ဏှာသောတန၀ုယှရေ တဏှာသောတေန၀ုယှန္တာ၊ နတေဒုက္ခာ ပမုစ္စရေ၊ သူ - မဟောသင့်ဘူးလား … (ဟောသင့်ပါတယ်ဘုရား) ကဲ … သဘောပါကြပလား … (ပါ, ပါပြီဘုရား)။
သြော် … ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံမကောင်း အကြောင်းမသင့်တဲ့အခါကျလို့ရှိရင် သားကအလိုမကျအောင် လုပ်လို့သမီးက အလိုမကျအောင်လုပ်လို့ ပစ္စည်းကလည်း အချိုးမကျလိုက်တာ ကျုပ်ဖြင့် သေများသေချင်တာပဲ၊ တစ်ခါတစ်ခါ ညည်းလုံးထုတ်တယ်၊ မထုတ်ဘူးလား … (ထုတ်ပါတယ် ဘုရား) ရှိတဲ့ပုဂ္ဂိုလ် ဘာဖြစ်လို့ညည်းလုံးထုတ်တာတုံး၊ ပစ္စည်းတွေ ရှိရက်သားနဲ့ ဘယ့်နှယ်ကြောင့် မျက်စိမျက်နှာ မကောင်းတာတုံး၊ အို့ မသိဘဲကို - မသိဘဲကိုးဆိုတော့ သူ့ဒိဋ္ဌိသူဖော်ပြောတာ … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒါတွေသည်ကားဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ မရုန်းနိုင် မကန်နိုင်တဲ့အဓိပ္ပါယ်၊ တစ်ခါတစ်လေ စစ်ဖြစ်တုန်းကမှသာ သေချာသေးတယ်၊ ကိုယ့်အိမ်ကိုယ့်ရာလေး ဒိဋ္ဌိကချည်ပြီးထားလိုက်တာနဲ့ ဗုံးကျတဲ့အခါ စက်သေနတ်ပြစ်တဲ့အခါ ပါသွားတဲ့လူ မနည်းဘူး၊ ဒါ - ဒိဋ္ဌိသတ်တာ … (မှန်ပါ) နင့်အိမ် နင့်ရာ နင်ပစ်ထားလို့ တော်ပါ့မလားဆိုပြီး ဒိဋ္ဌိကချည်ထားလိုက်တာ၊ ကိုစံလှ ဒီလိုသေတဲ့လူတွေ မကြားဖူးဘူးလား … (ကြားဘူးပါတယ်ဘုရား)။
အဲဒါဗုံးကသတ်တာလား - စက်သေနတ်က သတ်တာလား - ဒိဋ္ဌိကသတ်တာလား … (ဒိဋ္ဌိကသတ် တာပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာဒကာမတို့ ဒိဋ္ဌိက ချည်သမား - နှောင်သမား … (မှန်ပါ) တဏှာက မျောသမား၊ ငါးပါးအာရု့ ကာမဂုဏ်က … (လှည့်သမားပါဘုရား) လှည့်ပေးသမား၊ ပဋိစ္စသမုပ္ပါဒ်က မြုပ်သမား၊ အဲ - ဒုက္ခသစ္စာ ပဋိစ္စသမုပ္ပါဒ်က မြုပ်အောင်လုပ်တတ်တဲ့တရား၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ကျုပ်တို့မှာ ဒီနေ့သိရတဲ့အဓိပ္ပါယ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့ အတိုင်း ဒိဋ္ဌိတစ်လုံးပိုင်ရင် မျှောနိုင်တဲ့ သတ္တိလည်း တဏှာမရှိတော့ဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီ ဘုရား) မျှောနိုင်တဲ့ သတ္တိမရှိလို့ရှိရင် … (၀ဲထဲမရောက်တော့ပါ)။
ဝဲထဲလည်း ရောက်စရာမလိုတော့ဘူး၊ ၀ဲထဲမှ မရောက်တဲ့ ပုဂ္ဂိုလ် ပဋိစ္စသမုပ္ပါဒ်က မြုပ်စရာကော … (မရှိပါဘူးဘုရား) ဒါဖြင့် ကိုစောမောင် ဒိဋ္ဌိအလွန်အရေးကြီးတယ်၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒကာ ဒကာမတို့ အရေးတကာ အရေးအကြီးဆုံးထဲမှာ ဘယ်သူပါလိမ့် … (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိအရေးကြီးဆုံးဆိုတာ တစ်နေ့တစ်မျိုးပြောနေတယ်၊ ကိုစောမောင် - ကိုစံလှ၊ ဘယ်သူ အရေးကြီးဆုံးတုန်း … (ဒိဋ္ဌိအရေးကြီးဆုံးပါ) ကဲ - မဂ်ဖိုလ်တားတာလဲ၊ အိမ်ပေါ်ကကို မဆင်းနဲ့လို့ ချည်ထားတာလဲ … (ဒိဋ္ဌိပါဘုရား)။
အိမ်ပေါ်က ဘုရားလေးတောင်မှ နေ့စဉ်ရှိမခိုးနိုင်ဘူး ကလေးက နေမကောင်း - ဘာကနေမ ကောင်း နဲ့ဆိုပြီးသကာလ ဘုရားတောင် ရှိမခိုးလိုက်ရတဲ့နေ့တွေပါသေးတယ်၊ ဘယ်သူချည်ထားတာတုံး … (ဒိဋ္ဌိချည်ထားတာပါ) သဘောပါပလား … (ပါ,ပါပြီဘုရား) ကဲ - ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိသည် အလုံးစုံ ကန့်ကွက်တယ် - မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား) သူတော် ကောင်းအလုပ်ဟူသရွေ့ … (ကန့်ကွက်ပါတယ်ဘုရား) အလုံးစုံ ကန့်ကွက်တာ ဘယ်သူပါလိမ့် … (ဒိဋ္ဌိပါဘုရား) ရှင်းပလား … (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် … ဒိဋ္ဌိကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ရင်ဝလှံစူးတာထက် ငြိမ်းမှုထက်မြန်ပြီး သူ့ကို ခွာရမယ်ဆိုတာ ဦးဘရှင်းကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) အခု လေးရက်ရှိပြီ ကိုစောမောင် သူဆိုးပုံတွေချည်း ပြောနေတယ် … (မှန်ပါ) ကိုစံလှရေ ဒိဋ္ဌိထက်ဆိုးတာများ ရှိသေးရဲ့လား … (မရှိပါဘူးဘုရား) ရှင်းကြပြီနော်။
ကောင်းပြီ - ဒါဖြင့် ဒီ-ဒိဋ္ဌိမပြုတ်သေးသမျှ ခင်ဗျားတို့က ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီသားလေး မာအောင် ကိုစောမောင် ဆွမ်းကျွေးဦးမယ်လာတာပဲ၊ ဒိဋ္ဌိမပြုတ်လို့ရှိရင် ကိုစံလှလာမယ် … (မှန်ပါ) ဒီကလေးဟာ မမာဘူးဆိုပါစို့၊ မမာသောအခါ ကျလို့ရှိရင်ဖြင့် အသက်ဆက်ရမယ်၊ မလုပ်တတ်ကြဘူးလား … (လုပ်တတ်ကြပါတယ်) ဘယ်သူမာအောင်တုံး မေးရင် ငါ့သားလေးမာအောင်၊ ဟ - ဘယ်သူ့ဆွမ်းပါ လိမ့်မတုံးမေးလို့ရှိရင် (သားလေးဆွမ်းပါဘုရား)။
ဒိဋ္ဌိဆွမ်းပါပဲ၊ ယဉ်အောင်လုပ်မနေပါနဲ့တော့ ဒိဋ္ဌိက ကျွေးတဲ့ ဆွမ်း၊ ရိပ်မိပလား .. (ရိပ်မိပါပြီဘုရား)၊ ဒိဋ္ဌိက ကျွေးတဲ့ဆွမ်းမို့ ငါရှိလို့ ငါ့သားဖြစ်လာတာ (မှန်ပါ့) ငါသားလေးမှာလည်း အခုကံဇာတာက နိမ့်နေ တယ်၊ အကြောင်းကလည်း မညီညွတ်ဘူး၊ အင်း, ခေါင်းကိုက်ရင်နာကလည်း ထူနေတယ်ဆိုပြီး သကာလ ကိုစောမောင် မလာဘူးလား … (လာပါတယ်ဘုရား)။
ဆွမ်းကျွေးဦးမှ … ငါလေးသက်စေ့လွှတ်ဦးမှ စာကလေး လွှတ်ဦးမှနဲ့ မလာလား … (လာပါတယ် ဘုရား) ဒါ - ဘယ်သူက လွှတ်ခိုင်းတာတုံး … (ဒိဋ္ဌိကပါဘုရား) ဒါဖြင့် ဒီကုသိုလ်ထဲ ဒိဋ္ဌိရော - မရော … (ရောပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ကဲ … ကုသိုလ်ကို ပယ်တာလား … ခင်ဗျားတို့ မလုပ်နဲ့ လို့ဆိုတာလား၊ ဒိဋ္ဌိရောနေလို့ နိဗ္ဗာန်မရောက်ဘူး ပြောတာလား … (ဒိဋ္ဌိရောနေလို့ နိဗ္ဗာန်မရောက်ဘူး ပြောတာပါဘုရား) ဒိဋ္ဌိကို သောတာပတ္တိမဂ်ကပယ်ရမှာကို … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
သောတာပတ္တိမဂ်က မပယ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပထမနိဗ္ဗာန် ဒိဋ္ဌိကြောင့် မမြင်ကြတာ၊ ပထမနိဗ္ဗာန် မမြင်တာ ဘာကြောင့်တုံး … (ဒိဋ္ဌိကြောင့်ပါ) ကိုစောမောင် - ဒိဋ္ဌိဖုံးကွယ်နေလို့ မမြင်တာ၊ ဒကာ ဒကာမတွေကလဲ ဒိဋ္ဌိကို အရေးကြီးမှန်း မသိဘူး၊ ကျုပ်ဖြင့် သားအမှီပြုပြီး ကုသိုလ်ပြုလိုက်သေး တယ်၊ သူသုံးများ - သုံးလိုက်သေးတယ်၊ မသုံးဘူးလား … (သုံးပါတယ်ဘုရား) သမီးလေး - အမှီပြုပြီးများ ဘာလို့များသုံးတုံး၊ ကုသိုလ်ဖြစ်တယ်လို့ သုံးတယ်၊ မဖြစ်ဘူးလို့ မဆိုမှ မဆိုဘဲ၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဖြစ်တယ်ကုသိုလ်၊ ကိုစံလှ မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား) သို့သော် ဘာရောနေတုံး … (ဒိဋ္ဌိရောနေပါတယ်ဘုရား) ဒိဋ္ဌိရောနေတဲ့ ကုသိုလ် - ဒိဋ္ဌိနယ်တွင် သူအကျိုးပေးမယ်၊ ဒိဋ္ဌိလွတ်တဲ့ နိဗ္ဗာန် … (အကျိုးမပေးနိုင်ပါဘုရား) မပေးနိုင်ဘူးဆိုတာ သေချာပလား … (သေချာပါတယ်ဘုရား) အဲဒါခင်ဗျားတို့ ဖြစ်ထွေနဲ့ တစ်လုံးလွှဲရင် ဘုန်းကြီးကို ဆိုကြတော့၊ ဒီဥစ္စာ ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်မှာ ဒီအယူရှိနေတယ်၊ မရှိဘူးလား … (ရှိပါတယ်)။
စင်စင်ကြယ်ကြယ် သွားရဲ့လား … (မသွားပါဘုရား) မသွားဘူး၊ သေချာပလား … (သေချာပါတယ် ဘုရား) ဒါဖြင့် ပြုတဲ့ကုသိုလ်တွေဟာ နိဗ္ဗာန်အကျိုးပေးချင်ရက်သားနဲ့ ခင်ဗျားတို့ ဒိဋ္ဌိမဖြုတ်မိတာနဲ့ ကန့်ကွက်လိုက်တယ် … (မှန်ပါ) ကုသိုလ်ကိုက နိဗ္ဗာန်အကျိုးပေးနိုင်တယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ခင်ဗျားတို့ မရောသင့်တာ ရောတာနဲ့ ကိုစံလှရေ ဘာဖြစ်သွားတုံး … နိဗ္ဗာန်မရောက်တော့ဘူး … (မှန်ပါဘုရား) မရောက်တော့ဘူး နိဗ္ဗာန်ကို … (မရောက်တော့ပါဘူး)။
ဘာဖြစ်လို့တုံး … ဒိဋ္ဌိက ကန့်ကွက်ထားလို့ ဒိဋ္ဌိပါရင် နိဗ္ဗာန် - ပထမနိဗ္ဗာန်ကတောင် လက်မခံဘူး ကိုစောမောင်၊ ပထမ နိဗ္ဗာန်က … (လက်မခံပါဘူးဘုရား) ဘယ်သူ့လက်မခံတာတုံး … (ဒိဋ္ဌိကို လက်မခံ တာပါဘုရား) အဲ - ကျုပ်တို့ ခင်ဗျားတို့ ပြုတဲ့ကုသိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင် ဒိဋ္ဌိရောပြီး သကာလနေ ခဲ့လို့ရှိရင်ဖြင့် ကုသိုလ်တော့ရပါတယ်၊ နတ်ရွာသုဂတိ အကျိုးပေးမှာပါပဲ၊ မပေးပေဘူးလား ဦးဘရှင်း … (ပေးပါတယ်ဘုရား)။
သို့သော် နိဗ္ဗာန်ကျလာတဲ့အခါကျတော့ ဒီအရောကြီးလုပ်ထားတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်က လက်ခံပါ့မလား … (လက်မခံပါဘုရား) ဘာကြောင့်တုံး ကိုစံလှ … (ဒိဋ္ဌိရှိနေလို့ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ပထမနိဗ္ဗာန်သည် ဘာပယ်မှ လက်ခံမတုံး … (ဒိဋ္ဌိပယ်မှ လက်ခံမည်ဘုရား) ကဲ - ဒါနဲ့သာ ကိုစောမောင်ရေ မှတ်လိုက်တော့ … (မှန်ပါ) ပထမနိဗ္ဗာန်က ဘာပယ်မှ လက်ခံတုံး … (ဒိဋ္ဌိပယ်မှ လက်ခံပါတယ်ဘုရား) ရှင်းပြီနော် … (မှန်ပါ) ဒီ-တစ်လုံးဟာ အဖြေပဲလို့ မှတ်လိုက်စမ်းပါ … (မှန်ပါ) ပထမနိဗ္ဗာန်က ဘာပယ်မှ လက်ခံတုံး … (ဒိဋ္ဌိပယ်မှ လက်ခံပါတယ်ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ နိဗ္ဗာန်ရည်မှန်းပြီးသကာလ လုပ်ရင် ဒိဋ္ဌိမရောစေနဲ့ … (မှန်ပါ) နိဗ္ဗာန်ရည်မှန်းပြီး လုပ်လို့ရှိရင် … (ဒိဋ္ဌိမရောရပါဘူးဘုရား) ဒိဋ္ဌိမရောစေနဲ့ဆိုတာ ရှင်းပလား … (ရှင်းပါပြီဘုရား) ကောင်းပြီ … ဒါဖြင့် နေရာကျပါပြီ၊ ဒကာ ဒကာမတို့ ဒိဋ္ဌိက တယ်အရေးကြီးပါလား တယ်အရာကျယ်ပါလား တယ်ပြီး သကာလ ဆိုးဝါးပါလား ပေါ်လာတယ် … (ပေါ်ပါပြီဘုရား)။
မပေါ်လာဘူးလား … (ပေါ်ပါပြီဘုရား) အဲတော့ ဘုန်းကြီးတို့ ပြောတာမလွဲပါဘူး ကိုစောမောင်ရ၊ မခံချင်ရင်သာရှိရမယ်၊ အလှူတစ်ရာမှာ သူ မချယ်လှယ်တာရှားလိမ့်မယ်၊ မရှားဘူးလား … (ရှားပါတယ် ဘုရား) အဲတော့ သူသာ ချယ်လှယ်ရင် ပထမနိဗ္ဗာန်ကို ကိုစောမောင် … (မရနိုင်ပါဘုရား) ရနိုင်ပါ့မလား … (မရနိုင်ပါဘူးဘုရား)။
မရနိုင်ပါဘူးတဲ့၊ ပါးစပ်ကတော့ဖြင့် ဆုတောင်းမှာပဲ … (မှန်ပါ) သူကတော့ ပယ်ပြီးလုပ်လို့ရှိရင်ဖြင့် ကိုစောမောင်ရောက်မှာပဲ … (မှန်ပါ) ပယ်ပြီးမလုပ်လို့ရှိရင် … (မရောက်ပါဘူးဘုရား) ဒါဖြင့် ဒါနက သံသရာ ရှည်တာလား၊ ဒိဋ္ဌိကြောင့် ရှည်တာလား … (ဒိဋ္ဌိကြောင့်ရှည်တာပါဘုရား)။
အဲဒီမှာ မဟောတတ်တဲ့ မပြောတတ်တဲ့ပုဂ္ဂိုလ်တွေကျတော့ ဒါနသံသရာရှည်တယ်၊ မဟုတ်ပါဘူး၊ ဒါန သံသရာမရှည်ပါဘူး … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) ဒါနဘာရောနေလို့ ရှည်တာတုံး … (ဒိဋ္ဌိရောနေလို့ရှည်တာပါဘုရား) ဒါဖြင့် ဒိဋ္ဌိဖြုတ်ပြီး ဒါနလုပ်လိုက်မယ်ဆိုလို့ရှိရင် ကိုစောမောင် ရှင်းလို့လင်းလို့ပေါ့ဗျာ … (မှန်ပါ) လိုရာ ခရီးအရောက်ကြီးရောက်မယ်ဆိုတာ ပြောဖို့လိုသေးလား … (မလိုပါဘူးဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အကုသိုလ်တွေ အများကြီးရှိတဲ့ အနက်က ဘာအရေးကြီးဆုံး အရင်ဖြုတ်ရ မယ် … (ဒိဋ္ဌိအရင်ဖြုတ်ရပါမယ်ဘုရား)။
ရှင်းပြီ - ဒိဋ္ဌိမဖြုတ်ဘဲနဲ့ ဒါနလုပ်လည်း ကန့်ကွက်မှာပဲ … (မှန်ပါ) နိဗ္ဗာန်ကို ကန့်ကွက်မှာ၊ သီလ ဆောက်တည်လဲ … (ကန့်ကွက်မှာ) ၀ိပဿနာလုပ်လဲ … (ကန့်ကွက်မှာပါ) နိဗ္ဗာန်ကန့်ကွက်မယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ဒီဟာ ဘယ်မျှလောက် အရေးကြီးတယ်ဆိုတာတော့ ကိုစောမောင် ယနေ့သာ ပြီးမပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ရှင်းပြီနော် … (ရှင်းပါတယ်ဘုရား)။
ကောင်းပြီ - ဒါဖြင့် ဒိဋ္ဌိဖြုတ်ကြပါစို့ဆိုတာကြောင့် ဒကာ ဒကာမတို့ သဘောတူဆုံးဖြတ်ချက်ချပါ … (မှန်ပါဘုရား) ကဲ - ဒိဋ္ဌိဖြုတ်ပါစို့၊ ဒီ, ဒိဋ္ဌိက ဘယ်ကပ်နေလို့တုံး ကိုစောမောင်ရ လုပ်ပါဦး … (ခန္ဓာငါးပါးကပ် နေလို့ဘုရား) ခန္ဓာငါးပါးကပ်နေလို့နော်၊ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက - ရူပံအတ္တတော သမနုပဿတိ၊ ရူပံ - ရုပ်ကို၊ အတ္တတော - ငါဟူ၍၊ သမနုပဿတိ - သူတို့က အမြဲထင်နေ၏။ ဝေဒနံ - ဝေဒနာကို။ အတ္တတော - အတ္တဟူ၍ ငါဟူ၍။ သမနုပဿတိ - သူတို့အမြဲထင်နေတယ်၊ ကဲ - ကိုစောမောင် ဝေဒနာလည်း ငါထင်နေတာပဲ ရုပ်ကော … (ငါထင်နေပါတယ်ဘုရား)။
ငါးပါးလုံး ဘာတုံး … (ငါထင်နေပါတယ်) ထင်ပြီး သကာလနေတော့ ခက်ပြီ ကိုစောမောင်ရ၊ မခက် သေးဘူးလား … (ခက်ပါတယ်ဘုရား) ခက်ပြီတဲ့ ခန္ဓာငါးပါးလုံး၊ သူ - ဘာထင်နေတုံး … (ငါထင်နေပါတယ်ဘုရား) ငါထင်နေတယ်၊ ဒီ - ဒိဋ္ဌိက ဒကာ ဒကာမတို့ - ပင်ကိုက သူတို့က ဘာတုံးလို့ မေးလို့ရှိရင် ခန္ဓာငါးပါး၊ ချုံးလိုက်တော့ … (ရုပ် - နာမ်နှစ်ပါးပါဘုရား) ဒါကို ဘာထင်နေတုံး … (ငါထင်နေပါ တယ်ဘုရား) ငါထင်နေတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့၊ သြော် - သူသည် ကားဆိုလို့ဆိုရင်ဖြင့် ငါထင်နေတယ်၊ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့ မသိတဲ့အတွက် ယောက်ျားလို့ထင်၊ ပုဂ္ဂိုလ်လို့လည်းထင်၊ ငါရယ်လို့လည်းထင်၊ အားကိုးစရာကြီးတစ်ခု ရယ်လို့ကော … (ထင်ပါတယ်ဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့် ဒီလိုထင်နေတာသည် ကိုစောမောင် သြော် … ဘာတဲ့တုံးလို့ မေးတဲ့အခါကျတော့ ဒိဋ္ဌိကွ … (မှန်ပါဘုရား) စွဲငြိနေတာက ဒိဋ္ဌုပါဒါန်ကွ … (မှန်ပါဘုရား) သူက ဒိဋ္ဌိလည်းဟုတ်တယ်၊ အမြင်မှားသော ကြောင့် ဒိဋ္ဌိ၊ ဒီ-သွား, သွားငြိနေလို့ ဥပါဒါန် … (မှန်ပါဘုရား) ဒါဖြင့် ကိုစောမောင် ဒိဋ္ဌုပါဒါန် … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ဒိဋ္ဌိဆိုတာက သူက ခန္ဓာငါးပါးကို ရှင်းပလား … (ရှင်းပါပြီဘုရား) ဒိဋ္ဌိဆိုတာက သူက ခန္ဓာငါးပါးကို ငါထင်နေတာဘာတုံး … (ဒိဋ္ဌိပါဘုရား) ခန္ဓာငါးပါး ငါထင်ရုံတော့ ဒိဋ္ဌိပဲရှိ သေးတယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
ဒီခန္ဓာငါးပါးထိလို့ရှိရင် မချိအောင်နာတယ်လို့ ဆိုပြီးသကာလ ဒကာ ဒကာမတွေကို အင်း - ဒီခန္ဓာကိုဖြင့် နည်းနည်းမှ ကျုပ်အမွေးတစ်ပင် အကျွတ်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးကို တစ်ခါတည်းချည်ပြီး နှောင်ပြီးထားတဲ့အခါကျတော့ ဒီခန္ဓာပေါ်မှာ အစွဲကြီး စွဲပြီးနေတယ်ဆိုရင်လဲ ကိုစောမောင် … (ဒိဋ္ဌုပါဒါန်ပါဘုရား)။
ဒါဖြင့် အဲဒီကျတော့ ဥပါဒါန်ပါပြီ၊ ပါတော့ ဒိဋ္ဌိတွင် မရင်ဘဲနဲ့ ဒိဋ္ဌုပါဒါန်သွားဆက်တယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) အမြင်မှားတာက ဒိဋ္ဌိ၊ သွားပြီသကာလ ဖြုတ်မရအောင် ချည်တာက ဥပါဒါန်၊ ပေါင်းလိုက်တဲ့ အခါကျတော့ … (ဒိဋ္ဌုပါဒါန်ပါဘုရား) သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ်မှာဖြင့် အားလုံးတရားတစ်ပွဲလုံး အကိုက်ချည်းပဲ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
အမြင်မှားတာ … (ဒိဋ္ဌိပါဘုရား) ဒီခန္ဓာကို စွဲနေတာက … (ဥပါဒါန်) ပေါင်းလိုက်ကိုစောမောင် … (ဒိဋ္ဌုပါဒါန်ပါဘုရား) အဲ - နဂိုကတော့ ဒိဋ္ဌုပါဒါန်တော့ စာလေးဘာလေး ဖတ်ဖူးထားတော့ တွေ့မှာပဲတဲ့၊ ခုလို ခရေစေ့တွင်းကျ စိပ်လာအောင်ကျတော့ ဦးဘရှင်းမပြောဘူး … (မှန်ပါဘုရား) အမြင်မှားတာက ဘာတုံး … (ဒိဋ္ဌိပါဘုရား)။
ခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တ၀ါထင်ပြီး အထင်မှားနေတာ … (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိ၊ အဟုတ်ကို ဒါ အထိမခံနိုင်ဘူးဆိုတာကတော့ ဥပါဒါန်ကိုတော့ ပေါင်းလိုက် … (ဒိဋ္ဌုပါဒါန်) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကောင်းပြီ - ဒါဖြင့် ဒိဋ္ဌုပါဒါန်ဟာ ကိုစောမောင် အင်မတန် ကြောက်စရာကောင်းပါလား … (ကောင်းပါတယ်ဘုရား) ဒါဖြင့် ဒီလိုလုပ်ကြစို့ သူက ဒိဋ္ဌိဗျနော်၊ သူ့နောက်က ဘာလိုက်တုံး … (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်လိုက်တယ်၊ ဥပါဒါန ပစ္စယာ … (ကမ္မဘ၀) ကမ္မဘဝေါလာပြီ၊ မလာဘူးလား … (လာပါတယ် ဘုရား) ကမ္မဘ၀ပစ္စယာ … (ဇာတိ) ဟော - ဒကာ ဒကာမတွေ ဒါ-ခင်ဗျားတို့ အပြစ်သေးသလား  အပြစ်ကြီးသလားသာ ကိုစောမောင် အကဲခတ်တော့ … (အပြစ်ကြီးပါတယ်ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဆက်ပြလိုက်တဲ့အခါ ပိုရှင်းသွားပါတယ် … (မှန်ပါဘုရား) ဒါ ပဋိစ္စသမုပ္ပါဒ် ခင်ဗျားတို့က အစက - စ, တာလား၊ ခန္ဓာနောက်မှ လိုက်လာတဲ့ အလယ်ကနေ စ, တာလို့ သေသေချာချာ မှတ် … (မှန်ပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား) ပဋိစ္စသမုပ္ပါဒ် အ၀ိဇ္ဇာပစ္စယာက စတာဟုတ်သေးရဲ့လား … (မဟုတ်ပါဘုရား) ဒိဋ္ဌိကနေ စ,တာ … (မှန်ပါ့ဘုရား) မစ,ဘူးလား … (စ,ပါတယ်ဘုရား) ဒိဋ္ဌိပြီးတော့မှ ဒိဋ္ဌုပါဒါန် သဘောကျပလား … (ကျပါပြီဘုရား)။
ဥပါဒါန ပစ္စယာကျတော့မှ … (ကမ္မဘ၀ပါဘုရား) ကမ္မဘဝေါဆိုတော့ ဒိဋ္ဌုပါဒါန်နောက်ကမှ ကံဖြစ် တယ် … (မှန်ပါဘုရား) ကံရှိနေတဲ့ ပုဂ္ဂိုလ်အပါယ်လေးပါး ဇာတိဆိုတာ မလာဘူးလား … (လာပါတယ်ဘုရား) ဒိဋ္ဌိအပြစ်ကိုစောမောင် သေးဘူးလား … (မသေးပါဘုရား) ဒကာ ဒကာမတွေ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
သြော် - ဒါဖြင့် ဒီအပြစ်တွေ တယ်ကြီးပါလားဆိုတာ ပေါ်လာပြီ … (ပေါ်ပါပြီဘုရား) မပေါ်လာသေးဘူးလား … (ပေါ်ပါပြီဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေ ကမ္မဘ၀ပစ္စယာ အပါယ်လေးပါး ဇာတိတွေ အကုန်လာတာပဲဆိုတာ ကိုစောမောင် သူများပြောလား ဖြစ်စဉ်ကိုက်လား … (ဖြစ်စဉ်ကိုက်ပါ ဘုရား)။
ဒါက ဘယ်နည်းနဲ့မှ ရှောင်လို့ တိမ်းလို့ကို မရဘူး၊ ဒိဋ္ဌိရှိရင် ဥပါဒါန်ကလာပြီး … (မှန်ပါဘုရား) မလာဘူးလား … (လာပါတယ်ဘုရား) ဒိဋ္ဌုပါဒါန်ဖြစ်ပါပြီ၊ ဒိဋ္ဌိဥပါဒါန်ဖြစ်ရင် ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဆိုတာကလဲ ဘယ်လိုမှ ငြင်းလို့မရဘူး … (မရပါဘူးဘုရား) ရပါ့မလား … (မရပါဘုရား) ကမ္မဘ၀ ပစ္စယာ ဇာတိ၊ ဘယ့်နှယ်လုပ် ငြင်းစရာကော … (မရှိပါဘူးဘုရား) ကိုစောမောင် ဘုရားမပွင့်လဲ - ဒီအစဉ်က … (ရှိပါတယ်ဘုရား) ဘုရားပွင့်လဲ … (ရှိပါတယ်ဘုရား) ဘုရားရှိလဲ - ဒီပဋိစ္စသမုပ္ပါဒ်အစဉ်က ဒီအတိုင်းသွား နေတာပဲ၊ ဘုရားမရှိလဲ … (ဒီအစဉ်အတိုင်း သွားနေတာပါပဲဘုရား) ဒါဖြင့် ဒီ, ဒိဋ္ဌိမပြုရင် … ဒီ, အပါယ်လေး ပါး မပြုတ်ဘူးဆိုတာ နိဂုံးချုပ်ကြစို့ … (မှန်ပါဘုရား) ကိုစံလှ ကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား)။
ဒီ,ဒိဋ္ဌိမပြုရင် … (အပါယ်လေးပါး မလွတ်ပါဘူးဘုရား) ဒီ,အပါယ်လေးပါး မလွတ်ဘူးဆိုတဲ့ ဥစ္စာ၊ ဒိဋ္ဌိလည်း ပြုတ်ရော စတူဟာပါယေဟိစ ၀ိပ္ပမုတ္တောလို့ ဘုရားက ဟောတယ် … (မှန်ပါဘုရား) ဒိဋ္ဌိပြုတ်ရင် အပါယ်လေးပါးလွတ်ပြီ၊ ပရိတ်ကြီးမှာ မလာဘူးလား … (လာပါတယ်ဘုရား) ကဲ - ဒီ့ပြင်ဟာ ပါသေးသလား ကိုစောမောင် … (မပါပါဘူးဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ - ဒီဘက် ပဋိစ္စသမုပ္ပါဒ်ဆက်ပြလိုက်တော့ - ဟုတ်ပါပေတယ် - မှန်ပါပေတယ်ဆိုထိုက်ပလား … (ဆိုထိုက်ပါတယ်ဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ပရိတ်ကြီး သုတ္တနိပါတ်နဲ့ ဒိဋ္ဌိပြုတ်လိုက်လို့ရှိရင် အပါယ်လေးပါး လွတ်ပြီကွ၊ ဘုရားဟော လုပ်ပြန်တော့လည်း ဦးဘရှင်တို့က ကျေနပ်ဖို့ … (ကျေနပ်ပါတယ် ဘုရား) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
ဒါဖြင့် ဒီ ဒကာ ဒကာမတို့ ဒိဋ္ဌိမဖြုတ်ရင် မဖြစ်ကို မဖြစ်ဘူး … (မှန်ပါဘုရား) ဒိဋ္ဌိမဖြုတ်ရင် … (မဖြစ်ပါဘူးဘုရား) ၀ိပဿနာလည်း တားမယ်… (မှန်ပါဘုရား) ဒါနလဲ … (တားမှာပါဘုရား) နိဗ္ဗာန်ရောက် မဲ့ဒါန သွားတားတယ်၊ နိဗ္ဗာန်ရောက်မဲ့ သီလကော … (တားပါတယ်ဘုရား) ဘယ်သူပါလိမ့်မတုံး … (ဒိဋ္ဌိပါ ဘုရား) သြော် - တယ်ဆိုးပါ့လား … (ဆိုးပါတယ်ဘုရား)။
ဒါကြောင့် မနေ့က ကိုစောမောင် ဆားငန်ရေနဲ့ ဇာတ်သိမ်းတယ်၊ ဒီနေ့တော့ မဟုတ်ဘူးတဲ့၊ ဒိဋ္ဌိက ချည်သလား တဏှာက မျှောသလား၊ ငါးပါးအာရုံကာမဂုဏ်က၀ဲ, ပဋိစ္စသမုပ္ပါဒ်က မြုပ်သမားဆိုတော့ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီ့ပြင်ဟာ နောက်ထား၊ ကိုစောမောင်ရာ ဘာရှေ့ထားရမတုံး … (ဒိဋ္ဌိပြုတ်ရှေ့ထားရပါ့မယ် ဘုရား)။
ဟေ့ ကိုစံလှ ဘုန်းကြီးက အပြောကောင်းလို့ အပြောတတ်လို့ဖြစ်စဉ်က ဒီအတိုင်းမဟုတ်လား … (ဒီအတိုင်းပါဘုရား) ဒါ, ခင်ဗျားတို့က ထောက်ခံချက်ပေးနေပြီတဲ့၊ ဖြစ်စဉ်က ဒီအတိုင်းဆိုတာ အခု ပဋိစ္စသမုပ္ပဒ်နဲ့လည်း ရှင်းပြတယ် … (မှန်ပါ) ကိုစောမောင်ဟန်ရပလား … (ရပါပြီဘုရား) ဒါဖြင့် သူ့အရေးတကြီးပေါ့ဗျာ … (မှန်ပါ) ဘုရားက မနေ့က သံယုတ်ပါဠိတော သံဂါထာ ၀ဂ္ဂသံယုတ်ပါဠိတော်မှာ သူ့ထက်အရေးကြီးတဲ့ အလုပ်ရှိသေးတယ်တဲ့လား … (မရှိပါဘုရား) မရှိဘူးလို့ ဘုရားကလည်း မနေ့က ထောက်ခံတယ်၊ သဘောကျပလား … (ကျပါပြီဘုရား)
ဒါဖြင့် ဒကာ ဒကာမတို့ ဖြုတ်ကြစို့ … (မှန်ပါ) အဲတော့ကိုတဲ့ ခင်ဗျားတို့ မဖြုတ်နိုင်တာက ဘာကြောင့် မဖြုတ်နိုင်ပါလိမ့် မတုံး ဖြုတ်နိုင်တာက ဘာကြောင့် ဖြုတ်နိုင်သတုံးဆိုတဲ့မေးခွန်လေးထွက်က ထွက်လာတယ်၊ တော်တော်အရေးကြီးစကား၊ မဖြုတ်နိုင်တာ ဘာကြောင့် ဖြုတ်နိုင်တာက ဘာကြောင့်၊ ကဲ - ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒါက တရားနာနေတဲ့ ဒကာ ဒကာမတွေက ခန္ဓာငါးပါး … (မှန်ပါ) နော် - ဒီခန္ဓာငါးပါး ကို ဒကာ ဒကာမတွေက အမေ့ခန္ဓာငါးပါး … (မှန်ပါ) အမေရင်လည်း သူလုပ်ထားတယ် … (မှန်ပါ) ခင်ပွန်းသည်ရင်လဲ … (လုပ်ထားပါလိမ့်မယ်ဘုရား)။
လုပ်ထားတော့ ခင်ပွန်းသည်နှင့် ခန္ဓာငါးပါးကို မခွဲခြားတတ်ဘူး … (မှန်ပါ) ခင်ပွန်းမက သဘောကျပလား … (ကျပါတယ်ဘုရား) ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်ကို … (မခွဲခြားတတ်ပါဘူးဘုရား) အဲဒီမှာ သွားရောနေတယ် … (မှန်ပါ) ခန္ဓငါးပါးလည်းရှိသား၊ သူ့ခင်ပွန်းသည်တဲ့၊ ဒီ ဒကာ ဒကာမကလည်း အစွဲကြီး စွဲထားတယ်၊ မစွဲဘူးလား … (စွဲပါတယ်ဘုရား)။
စွဲတော့ သူ- ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ မကွဲပဲ ဖြစ်နေတယ် (မှန်ပါ) ခန္ဓငါးပါးသည်ပင်လျှင် ခင်ပွန်းသည်၊ သဘောကျပလား … (ကျပါပြီဘုရား) ခင်ပွန်းသည်ပင်လျှင် … (ခန္ဓာငါးပါးဘုရား) သြော် - ဒါဖြင့် ရူပံအတ္တတော သမနုပဿတိ - ဆိုတဲ့အတိုင်း ဒီဟာ ငါပဲ - ငါ့ဥစ္စာပဲ၊ ခင်ဗျားတို့စွဲတော့တာပဲ … (မှန်ပါ) ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ ကွဲသေးရဲ့လား … (မကွဲပါဘူးဘုရား)။
မယုံလို့ရှိရင်လည်းတဲ့၊ ဒီ ဒကာမတွေ သွားကြည့်လိုက်တယ်တဲ့၊ ကိုစောမောင် မကြေည့်လိုက်တယ် နော်၊ ဥပမာမှာ တယောက်သော မိန်းမမှာ၊ ခင်ပွန်းသည်က ပျက်စီးတယ်ဆိုကြပါစို့၊ မပျက်စီးပေဘူးလား … (ပျက်စီးပါတယ်ဘုရား) အဲဒီလို ပျက်စီးတာတွေ တစ်ပုံကြီးပေါ့ဗျာ … (မှန်ပါ)။
ဘာဖြစ်သလဲလို့ သွားမေးတဲ့အခါ ကိုစောမောင် သူဘယ်လိုဖြေမယ်ထင်သတုံး … (ခင်ပွန်းသည် ပျက်စီးလို့ပါဘုရား) ခင်ပွန်းသည် ပျက်စီးလို့ပါဆိုတော့၊ ခင်ပွန်းသည် ပျက်စီးလို့ဆိုတော့ ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ သူ့စိတ်ထဲရောနေတယ်၊ မရောဘူးလား … (ရောနေပါတယ်ဘုရား) အဲဒီပျက်စီးတဲ့ ဥစ္စာ ဘယ်သွားတုံးလို့ မေးတော့ ဘယ်နှစ်ရက်ရှိသွားပြီ၊ အသုဘကိစ္စတောင် ပြီးသွားပြီ …။
အသုဘတောင် ပြီးသွားပြီ၊ မြေထဲမြှုပ်လိုက်ပြီဆိုတော့ အသုဘနဲ့ သူက ကွဲရမှာ ကိုစောမောင် … (မှန်ပါဘုရား) ခုကွဲသေးရဲ့လား … (မကွဲပါဘူးဘုရား) ဒါဖြင့် အသုဘမြှုပ်တယ်လို့ ဆိုတော့ ခန္ဓာငါးပါးက အသုကိုဗျ … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား)။ သို့သော် သူစိတ်ထဲမှာ ဒီမြှုပ်ပင် မြှုပ်ငြားသော် လည်း သူမျက်ရည်က ကျတယ် ဘာဖြစ်နေ … (မျက်ရည်ကျပါတယ်ဘုရား) မျက်ရည်ကျနေကတည်းက အသုဘ ပေါ်မလာဘူးလား … (မှန်ပါ) အသုဘသည်ပင် ခန္ဓာ - ခင်ပွန်းပေါ်မလာဘူးလား … (မှန်ပါ) အသုဘသည်ပင် ခန္ဓာ - ခင်ပွန်း သဘောကျပလား၊ အသုဘသည်ပင် ခင်ပွန်းပဲ … (မှန်ပါ) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ရုပ်နာမ်သည်ပင်လျှင် … (ခင်ပွန်းပါဘုရား) သဘောပါပလား … (ပါ, ပါပြီဘုရား)။
ဒါကြောင့် မျက်ရည်ကျလာတယ်၊ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား) အသုဘပေါ်လာရင် မျက်ရည်မကျရဘူး၊ အနိစ္စပေါ်လာရင် … (မကျရပါဘူးဘုရား) ဒုက္ခပေါ်လာရင် … (မကျရပါဘူးဘုရား) ခန္ဓာ ငါးပါးပေါ်လာရင် … (မကျရပါဘူးဘုရား) ဒုက္ခပေါ်လာရင် … (မကျရပါဘူးဘုရား) ခန္ဓာငါးပါးကို (ခု) သူ ဘာလုပ်ထားသတုံး … (ခင်ပွန်းသည်လုပ်ထားပါတယ်ဘုရား) ခင်ပွန်းသည် လုပ်ထားတော့ကို သြော် - ဒိဋ္ဌိဟာ ဘယ်ကလာတာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို ယောက်ျားဟူ၍ သမုထားတာနဲ့၊ သမုတိသစ္စာ - ပရမတ္တသစ္စာ မကွဲရာကလာတာ … (မှန်ပါဘုရား) ပေါ်ပလား … (ပေါ်ပါပြီ ဘုရား)။
ဘယ်ကလာတာတုံး … (သမုတိသစ္စာ - ပရမတ္တသစ္စာ မကွဲရာက လာတာပါဘုရား) သေသေ ချာချာမှတ်ပါ၊ ဒါ - ဒီနေ့တစ်လုံးတိုးပေးပြန်တယ် … (မှန်ပါဘုရား) သမုတိသစ္စာနဲ့ … (ပရမတ္ထသစ္စာ မကွဲရာက လာပါတယ်) ဒကာ ဒကာမတို့ သမုတိသစ္စာက သူနဲ့ အိမ်ထောင်ကျလို့ရှိရင် သူအိမ်ရှင်ဖြစ်ရလိမ့် မယ် - သူ ကာမပိုင်ဖြစ်ရလိမ့်မယ်၊ မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား) အဲ - ဖြစ်တဲ့အခါကျလို့ရှိရင် သမုတိသစ္စာက ဒီခင်ပွန်းသည်နဲ့ အိမ်ထောင်ကျလို့ရှိရင်ဖြင့် သူခြေရင်း အလုပ်အကျွေး ဖြစ်ရဆိုတော့ ပရမတ္ထတရားလေးပါးထဲက စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ဆိုတဲ့အတိုင်းပဲတဲ့၊ ဒါ - စိတ်, စေတသိက်, ရုပ်တွေပဲ … (မှန်ပါဘုရား)။
ဒါ - ပရမတ္ထသစ္စာနဲ့ သူသည် ခင်ပွန်းသည်လို့ သူများပြောထားတဲ့ သမုတိသစ္စာနဲ့ သူရောပစ်တယ်၊ သဘောပါကြပလား … (ပါ,ပါတယ်ဘုရား) ဘာဖြစ်သွားတုံး သမုတိသစ္စာနဲ့ … (ပရမတ္ထသစ္စာရောပါတယ် ဘုရား) အဲဒီ, မကွဲရာက လာတာဗျ၊ ကိုစောမောင်၊ သစ္စာနှစ်ပါးကို မကွဲလို့ … (မှန်ပါဘုရား) သမုတိသစ္စာက ခင်ပွန်းသည်၊ ပရမတ္ထသစ္စာက ခန္ဓာ … (ခန္ဓာငါးပါးပါဘုရား)။
အဲဒါကိုပင်လျှင် သူ့စိတ်ထဲမှာ ခန္ဓာငါးပါးပျောက်ပြီး သကာလ သမုတိသစ္စာက တစ်ခါတည်း လွှမ်းမိုးသွားတဲ့အခါကျတော့ ဒီဥစ္စာဖြင့် တောင်ကြီးပမာ လက်ရုံးကြီးပမာ၊ တစ်ခါတည်းအားကိုးပြီး သကာလ ဒီ, သူ-မရှိလို့ရှိရင်ပဲ အိမ်ဘာဖြစ်တော့မလိုပဲ ကိုစောမောင်၊ မလာဘူးလား … (လာပါတယ် ဘုရား)။
ဒါ - ဘာလွှမ်းမိုးသွားတာတုံး … (သမုတိသစ္စာပါဘုရား) သမုတိသစ္စာလွှမ်းမိုးသွားတာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် သမုတိသစ္စာကြောင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကွယ်ရတယ်၊ ခန္ဓာငါးပါးကွယ်ရ တော့ကို သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာမကွဲတော့ ငါကိုယ်ကျိုးနည်းပြီဆိုတဲ့ ဒိဋ္ဌိနောက်က တစ်ခါတည်းလာ တာ၊ မလာဘူးလား … (လာပါတယ်ဘုရား)။
ဒါဖြင့်  ဒကာ ဒကာမတို့ ဒိဋ္ဌဘယ်ကလာတာတုံး … (သစ္စာမကွဲလို့) သမုတိနဲ့ ပရမတ္ထသစ္စာမကွဲရာ က လာတာရှင်းပလား … (ရှင်းပါပြီဘုရား) ဘယ်ကလာတာပါလိမ့် … (သမ္မုတိပရမတ်မကွဲရာက လာပါတယ်ဘုရား) ကိုစောမောင် ဟုတ်ပလား … (ဟုတ်ပါတယ်ဘုရား)။
သမုတိသစ္စာနဲ့ … (ပရမတ္တသစ္စာမကွဲရာက လာပါတယ်ဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) အင်း - သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာသူကလုံးပစ်လိုက်တာ၊ ခင်ဗျားပြောတဲ့ ခန္ဓာငါးပါးလည်း ငါ,ပါတယ်၊ သို့သော် ဒီနေ့ တစ်လုံးတိုးလိုက်တော့ သမုတိသစ္စာလည်း သူမကွဲဘူး၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ကိုပေါ် ရှင်းပလား … (ရှင်းပါပြီဘုရား)။
နောက်က ဒကာ ဒကာမတွေ … (ရှင်းပါတယ်ဘုရား) ဘာမကွဲတာတုံး … (သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာမကွဲတာပါဘုရား) ပရမတ္ထသစ္စာနဲ့ သမုတိသစ္စာမကွဲတာ၊ ပရမတ္ထသစ္စာက ခန္ဓာငါးပါး၊ သမုတိသစ္စာက ခင်ပွန်းသည် … (မှန်ပါ) အဲဒါ ကွဲသေးရဲ့လား … (မကွဲပါဘူးဘုရား)။
မကွဲတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊ ယောက်ျားရယ်လို့ဆိုရင် အားကိုးမှာပဲ၊ အားထားရမှာပဲဆိုပြီး သကာလ အားလုံးကို ဒိဋ္ဌိရော ဒိဋ္ဌုပါဒါန်ရော သွားစွဲတယ်၊ မစွဲဘူးလား … (စွဲပါတယ်ဘုရား)။
စွဲလိုက်ကတည်းကိုက၊ သြော် - ဒီ,ဒိဋ္ဌိဘယ်ကများ လာပါလိမ့်မတုံးမေးတော့မှ ဒကာ ဒကာမတွေက ရှင်းသွားတယ် … (မှန်ပါဘုရား) ဘယ်ကလာတာတုံး … (သမုတိသစ္စာ - ပရမတ္ထသစ္စာ မကွဲရာက လာတာပါဘုရား) မကွဲရာက လာတာ … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ကိုမူကြီး ဘယ်ကလာတာတုံး … (မကွဲရာက လာတာပါဘုရား) ဘယ်သစ္စာလာပြီ မကွဲသတုံး … (သမုတိသစ္စာ - ပရမတ္ထသစ္စာ မကွဲရာက လာတာပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ နေရာကျပြီ၊ သြော် - ဒီ, ဒိဋ္ဌိဘယ်က လာပါလိမ့်မတုံးဆိုတာ ယနေ့လက် သည် တိုးပေးလိုက်ပြန်တော့ မကွဲရာက လာတာ … (မှန်ပါဘုရား) ကိုစောမောင် ပေါ်ပြီ၊ ဘယ်သစ္စာ … (သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ မကွဲရာကပါဘုရား) သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ မကွဲရာက လာတာ … (မှန်ပါဘုရား) ကွဲ - နေလို့ရှိရင်ဖြင့်၊ သြော် - ယောက်ျားဆိုတာက အပြော၊ ခန္ဓာငါးပါးဆိုတာက အရှိသဘောကျပလား … (ကျပါတယ်ဘုရား)။
အဲတော့ ဒီလိုရှိပြီးသကာလနေတော့ ဒီထဲမှာ မရောဘဲနဲ့ ထားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၊ သြော် - ခင်ပွန်းဆိုတာကမရှိ၊ ခန္ဓာငါးပါးဆိုတာက … (အရှိပါဘုရား) အဲဒီတော့ သူ့စိတ်ထဲမှာ နဂိုက ရောထားတော့ကိုတဲ့၊ ကျွန်ုပ်ခင်ပွန်း ဒီလိုဒီလို ဖြစ်သွားပါတယ်ဆိုတော့ သူသည် ငိုချင်းမချ, ပေဘူးလား … (ချပါတယ်ဘုရား)။
ဘယ်သစ္စာကြောင့် ငိုချင်းချပါလိမ့် … (သမုတိသစ္စာကြောင့် ငိုချင်းချပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) အရှိကြောင့် ငိုချင်းချတာလား မရှိကြောင့် ငိုချင်းချတာလား … (မရှိကြောင့်ပါဘုရား) ပေါ်ပြီ - ခင်ဗျားတို့ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ရှိတာကြောင့် ငိုချင်းချတာလား မရှိတာကြောင့် ငိုချင်းချတာလား … (မရှိတာကြောင့် ငိုချင်းချပါတယ်ဘုရား) သေသေချာချာကြည့်တော့ သမုတိသစ္စာထဲမှာ ခန္ဓာငါးပါးပါရဲ့လား … (မပါ-ပါဘုရား) ဆိုင်းဘုတ် - ဆိုင်းဘုတ်သက်သက်ပဲ၊ ပရမတ္ထသစ္စာထဲမှာတော့ ခန္ဓငါးပါးရှိတယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
သို့သော် သူ-တသပြီးသကာလ ဒီ ဒကာမဟာ ဖွဲ့ကာ နွဲ့ကာနဲ့ ငိုနေတာ ထောက်လိုက်လို့ရှိရင်ဖြင့် ဘယ်သစ္စာစွဲနေတုံး … (သမုတိသစ္စာစွဲနေပါတယ်ဘုရား) ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိ မလာဘူးလား … (လာပါတယ်ဘုရား) အဲဒီဒိဋ္ဌိသည် ကားဆိုလို့ရှိရင် သမုတိသစ္စာ, ပရမတ္ထသစ္စာ ကွဲသေးရဲ့လား … (မကွဲပါဘူးဘုရား) ဒါဖြင့် ငိုတဲ့ပုဂ္ဂိုလ်မှာ မကွဲတာ ထင်ရှားလိုက်တာမှ၊ ဒကာ ဒကာမတို့ အရှိအကြောင့် ငိုတာလား မရှိတာစွဲပြီး ငိုတာလား … (မရှိတာစွဲပြီး ငိုတာပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
ဘယ့်နှယ်တုံး - မရှိတာစွဲပြီး ငိုတာပါ၊ ဘာဖြစ်သွားတုံးမေးတော့ ခင်ပွန်းသည် ပျက်စီးတယ်၊ မပြောဘူးလား … (ပြောပါတယ်ဘုရား) ဘယ့်နှယ်ပြောကြပါလိမ့် … (ခင်ပွန်းသည် ပျက်စီးတယ်လို့ ပြောပါ တယ်ဘုရား) ပျက်စီးလို့ရှိရင် ဘာဖြစ်သတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်မှ မတတ်နိုင်တော့ဘူး၊ အားကိုးရာမဲ့သွားပြီ၊ ဘာဖြစ်လို့  ခိုကိုးရာမဲ့တာတုံး ကိုစောမောင်မရှိတဲ့ ခင်ပွန်းသည် ပျောက်သွားလို့၊ ရိပ်မိပလား … (ရိပ်မိပါတယ်ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့် … (မရှိတဲ့ခင်ပွန်းသည် ပျောက်သွားလို့ပါဘုရား) သြော် - ဒါ, အခက်ဆုံး ပဲဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဘယ်နှယ်ခက်ပါလိမ့် … (မရှိတဲ့ခင်ပွန်းသည် ပျောက်လို့ပါ ဘုရား) ကိုစံလှ အဖြေတောင် အတော်ခက်နေတယ်၊ သေသေချာချာ ဒီကခွဲပြတော့လေ … (မှန်ပါ)။
ဒါဖြင့် ခင်ဗျားတို့ ငိုကြ, ရင်ထုကြ၊ ကြမ်းခုန်ကြ၊ ဟ-ဘယ်အတွက်တုံး၊ မရှိတာကြောင့် ဖြစ်ရတာလား ရှိတာကြောင့် ဖြစ်ရတာလား … (မရှိတာကြောင့် ဖြစ်ရတာပါဘုရား) ဒါဖြင့် ဒီလိုရေသောက် ပြီး သကာလ အဆိပ်လို့ပြောတာနဲ့ ဟိုလူသေတာပဲ၊ သောက်တာကတော့ ရေပဲ သို့သော် ဘေးကလူက သူ့သေစေချင်တာနဲ့ မင်းသောက်တာအဆိပ်တွေ၊ နောက်တစ်နာရီလောက်ကျရင် မင်းရင်တွေ ပူလာလိမ့် မယ်ဆိုတော့ နောက် - သူ့ဟာသူ - သူ့စိတ်ပေါက်တာနဲ့ သူသေတာပဲ၊ မသေပေဘူးလား … (သေပါတယ် ဘုရား)။
အဲဒီမှာ ခင်ဗျားတို့ ကျုပ်တို့သေကြတာဟာ၊ အားလုံး တစ်သံသရာလုံး သေကြတာ၊ မရှိတဲ့ခုနင်က ဥစ္စာအကြောင်းပြုပြီးတော့ သေကြတာ၊ ကိုယ်ကျိုးနည်းကြတယ်၊ ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ကိုစံလှရှိ တာက နှိပ်စက်တာလား - မရှိတာက နှိပ်စက်တာလား … (မရှိတာက နှိပ်စက်တာပါဘုရား) ခက်နေပြီ ကိုစံလှရဲ့၊ မရှိတဲ့ ဒုတ်နဲ့ရိုက်လိုက်တာ သေရော၊ ဖြစ်နေတယ် … (မှန်ပါဘုရား)။
ဖြစ်နိုင် - မဖြစ်နိုင်၊ ခင်ဗျားတို့အတွက်တော့ ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊ ပင်ကို သဘာဝတ္ထကတော့ မရှိဘဲ ဒုတ်နဲ့ရိုက်တာသည် ဘယ်နည်းနဲ့မှ မသေနိုင်ဘူး၊ ကိုစောမောင် … (မှန်ပါဘုရား) သို့သော်လည်း ကိုစောမောင်တို့ လူစုမှာတော့ ဘယ့်နှယ်ဖြစ်နေတုံး … (သေရပါတယ်ဘုရား) ဘယ့်နှယ်ကြောင့်တုံး … (မရှိတဲ့ ဒုတ်နဲ့အရိုက်ခံရလို့ပါဘုရား) သူက ဒဏ်ချက်သာ ပြင်းသေးတယ်၊ ကိုစံလှ ရေ … သူကသာ ဒဏ်ချက်ပြင်းသေးတယ်၊ မပြင်းဘူးလား … (ပြင်းပါတယ်ဘုရား)။
ကဲ - ဒကာ ဒကာမတို့ ဘာသစ္စာမကွဲလို့တုံး၊ ဒီ - ငိုချင်းဟာ ဒိဋ္ဌိက လာတဲ့ငိုချင်းပဲ၊ ဒကာ ဒကာမတွေ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် သမုတိသစ္စာလည်း ကွဲရလိမ့်မယ်၊ ကိုစောမောင် ဒိဋ္ဌိဖြုတ် ချင်လို့ရှိရင် ပရမတ္ထသစ္စာလဲ … (ကွဲရမှာပါဘုရား) သိရမယ် ကွဲရမယ် … (မှန်ပါဘုရား)။
ကိုင်း - နာမည်ကဘာသစ္စာတုန်း … (သမုတိသစ္စာပါဘုရား) ခင်ပွန်းလို့ နာမည်တတ်လိုက်တာ … (သမုတိသစ္စာပါဘုရား)။
ရှိတာက … (ခန္ဓာငါးပါးပါဘုရား) ခန္ဓာငါးပါးက ပရမတ္ထသစ္စာ၊ ခင်ပွန်းဆိုတာ သမုတိသစ္စာ၊ ဒါဖြင့် မရောစေနဲ့ … (မှန်ပါ) သြော် ဒါက အရပ်သုံး၊ ဒါကတော့ဖြင့် ကိုယ်သုံး … (မှန်ပါ) ရိပ်မိပလား … (ရိပ်မိပါ တယ်ဘုရား) ဒါဖြင့် ဒီဥစ္စာက မရှိတာ၊ ဒီဘက်ကဟာက … (ရှိတာပါဘုရား) အဲ - ရှိတာကိုကြောင့်ဖြင့် ခင်ဗျားတို့ ဒိဋ္ဌိဒီလောက် မဖြစ်ပါဘူး၊ ဒိဋ္ဌိမဖြစ်ပါဘူးတဲ့ - မရှိတဲ့အတွက်၊ သမုတိသစ္စာကို ခင်ဗျားတို့က တကယ်ခင်ပွန်းထင်ပြီး သကာလနေတဲ့အတွက် ငိုပွဲချည်းဆင်နေရတာ … (မှန်ပါ) ဆိုထိုက် မဆိုထိုက် … (ဆိုထိုက်ပါတယ်ဘုရား)။
ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် ဒီသမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ ကိုစောမောင် ကွဲသွားပြီ … (မှန်ပါ) နာမည်ပညတ်ဟူသရွေ့က သမုတိသစ္စာ၊ နာမည်ပညတ်ဟူသရွေ့က သမ္မုတိသစ္စာ၊ အရှိဟူသရွေ့ က ပရမတ္တသစ္စာ၊ ဒါကို ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာ ရုပ်နာမ်တွင် ကွဲလို့မကောင်းဘူး … (မှန်ပါ) သမုတိသစ္စာနဲ့ … (ပရမတ္ထကွဲရအုံးမှာပါဘုရား) ကွဲရဦးမယ် … (ရှင်းပါပြီဘုရား)။
ဘယ်နှကွဲ - ကွဲရမလဲ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် … (နှစ်ကွဲ-ကွဲရမှာပါဘုရား) ခန္ဓာငါးပါးလည်း ကွဲရမယ်၊ သမုတိနဲ့ပရမတ်လဲ … (ကွဲရမှာပါဘုရား) အဲ - အခုတော့ဖြင့် ရှင်းသွားပြီးတဲ့ လေးရက်တောင်ရှိလာ တဲ့အတွက် ဒီ - ဒိဋ္ဌိ, မကွဲရာကလာတာ … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) မကွဲတာရယ် မသိတာရယ်၊ ဒီနှစ်ခုက လာတာ … (မှန်ပါ) ခွဲမသိရင်တော့ ဘာလာတုံး … (ဒိဋ္ဌိလာပါတယ်ဘုရား) ခန္ဓာငါးပါးလုံး ခွဲပြီးမသိပြန်လို့ရှိရင်လဲ … (ဒိဋ္ဌိလာပါတယ်ဘုရား) ခန္ဓငါးပါးလုံး ခွဲပြီးမသိပြန်လို့ရှိရင်လဲ … (ဒိဋ္ဌိလာပါတယ်ဘုရား)။
ခန္ဓာငါးပါးမကွဲမှုကြောင့်လည်းကောင်း၊ သမုတိသစ္စာနဲ့ ပရမတ္ထ သစ္စာမခွဲမှုကြောင့်လည်းကောင်း၊ ဒီ, ဒိဋ္ဌိလာတယ်၊ ကဲ, ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဖြင့် ရှင်းသွားပြီ၊ ဒါဖြင့် ဒိဋ္ဌိခွဲချင်လို့ရှိရင်၊ ဒါဘယ်သူတုံး လို့ မေးလို့ရှိရင်၊ ခန္ဓာငါးပါး ဒီလိုသိထားလို့ရှိရင် ကိုစောမောင် နေရာကျပြီ၊ ဒါ, ပုဂ္ဂိုလ်သတ္တ၀ါဟုတ်သေးရဲ့ လား … (မဟုတ်ပါဘူးဘုရား) မဟုတ်လို့ရှိရင် ဒိဋ္ဌိက အင်း - ဒါတွေကား ဆိုလို့ရှိရင် ငါ့အားကိုးရာ - ငါ့အားထားရာဖြစ်သေးရဲ့လား … (မဖြစ်တော့ပါဘူးဘုရား)။
သမုတိသစ္စာသိပြန်တော့လည်း အို - သမုတိသစ္စာတကယ်ရှိတာမှ မဟုတ်ပဲ၊ တကယ်ရှိတာ မဟုတ်တော့ သူ့အတွက် ကျုပ်တို့ ထည့်စဉ်းစားဖို့ မလိုပါဘူး၊ လိုသေးလား … (မလိုတော့ပါဘုရား) ဒီကျတော့ကော ဒိဋ္ဌိက ဘယ့်နှယ်နေတုံး … (မလာပါဘူးဘုရား) ကောင်းပြီဒါဖြင့် ဒိဋ္ဌိခွာချင်ရင် ခန္ဓာငါးပါးကွဲ မှုနဲ့ သမုတိသစ္စာ ပရမတ္ထသစ္စာကွဲမှု အလွန်အရေးကြီးပါတယ်၊ အခု ဒီ ဘယ်လို ကျေးဇူးများသွားတုန်း မေးတဲ့အခါကျတော့ ဥာတပရိညာ - သိမှုအတွက်မှာတော့ဖြင့် ယနေ့ကုန်ပြီ … (မှန်ပါဘုရား) သဘောကျ ပလား … (ကျပါပြီဘုရား) သိမှုအတွက်မှာ … (ယနေ့ကုန်ပါပြီဘုရား) ကဲ - ခန္ဓာငါးပါးကော ကွဲကြရဲ့လား … (ကွဲပါတယ်ဘုရား) ကွဲပြီ၊ သမုတိသစ္စာကိုလဲ ဘုရားက ဟောရတယ် ကိုစောမောင်ရဲ့ …။
သူ - ရှစ်ပါးတောင်၊ ဒါ, နင့်အမေသွားပြစ်မှားရင် ပဉ္စနန္တရိယကံထိုက်မယ်၊ မင့်အဖေဆိုရင်ကော ပြစ်မှားရင် … (ထိုက်ပါတယ်ဘုရား) သူလည်းဟောရတယ်၊ ပရပတ္ထသစ္စာလဲ … (ဟောရမှာပါဘုရား) ဒါဖြင့် သမုတိသစ္စာဟောရတာသည် ကိုစောမောင်ရေ အကြောင်းရှစ်ပါးရှိတယ်၊ သဘောကျပလား … (ကျပါတယ် ဘုရား) ပရမတ္ထဟောရတာက … (အကြောင်းရှစ်ပါးရှိပါတယ်ဘုရား) သူ့ - လက္ခဏာရေးသုံးပါးမြင်ဖို့ ပရမတ္ထသစ္စာဟောရတယ် … (မှန်ပါဘုရား) သူ့ကျတော့ ဟိရိသြတ္တပ္ပအစရှိသည်လုံဖို့၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
ဟိရိ - သြတ္တပ္ပဆိုတာ အမေ့ရှေ့မှာ ဒီလိုသွားလာနေလို့ မတော်ဘူး၊ အဖေ့ရှေ့မှာ ဒီလိုသွားလာ နေလို့ မတော်ဘူးဆိုတော့ ဟိရိ သြတ္တပ္ပအတွက် မထားရဘူးလား … (ထားရပါတယ်ဘုရား) အဖေ အမေ ဆိုတာ သမုတ်ထားတာ၊ သားတွေ သမီးတွေက မိဘရှေ့ကုန်းသွားရမယ် … (မှန်ပါဘုရား) ဒါ - ဘာအတွက် … (သမ္မုတိသစ္စာအတွက်ပါဘုရား)။
သမ္မုတိသစ္စာအတွက် ဟိရိသြတ္တပ္ပအစရှိသည် အကျိုးငှာ … (မှန်ပါဘုရား) ရှစ်ပါးတောင်၊ ပြောနေလို့ရှိရင် တော်တော်နဲ့ပြီးမှာ မဟုတ်ဘူးနော်၊ ဒါဖြင့် သူလဲရှိထိုက် မရှိထိုက်၊ ပရမတ္ထသစ္စာကကော (ရှိထိုက်ပါတယ်ဘုရား) ပရမတ္ထသစ္စာက လက္ခဏာရေးသုံးပါး မြင်ဖို့ဟောပါတယ်၊ ရှင်းပြီလား … (ရှင်းပါတယ်ဘုရား)။
သမ္မုတိသစ္စာက ဟိရိသြတ္တပ္ပ ရှိဘို့ဟောပါတယ်၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ပရမတ္ထသစ္စာက လက္ခဏာရေးသုံးပါး မြင်ဖို့၊ လက္ခဏာရေးသုံးပါးသိဖို့၊ ရှင်းပလား … (ရှင်းပါပြီဘုရား) သမုတိ သစ္စာကတော့ … (ဟိရိသြတ္တပ္ပအစရှိသည် ရှိဖို့ပါဘုရား) ခင်ဗျားတို့ ကျုပ်တို့မှာ ဟိရိသြတ္တပ္ပ ကပ်လာအောင်လို့၊ သဘော ကျပလား … (သဘောကျပါပြီဘုရား)။
ဒါပဲတဲ့၊ ဥပမာမယ် ဗုဒ္ဓဂုဏော အနန္တော၊ ဗုဒ္ဓဆိုတာ ဘာတုံးဘုရားဆိုတယ်၊ ဘုရားဆိုတာ ဘယ်သူတုံး ဥပမာ ဒီကျောက်ဆင်းတုကိုယ်တော်မြတ်ကြီး၊ ထားပါတော့ ဒီရှေ့မှာ ခင်ဗျားတို့ မတော်မလျော်သွားမလုပ်နဲ့၊ ဘုရားရယ်လို့ သမုတ်ထားတဲ့အတွက် … (မှန်ပါဘုရား) ဟုတ်လား ခင်ဗျားတို့ အပြစ်၊ ဒီဘုရားကို လက်ကျိုးအောင် ချိုးလိုက်မယ်ဆိုရင် လောဟိတုပ္ပါဒက ကံမျိုးခံရမယ်၊ သမုတိက ဘုရားလုပ်ထားတာ၊ ဒါဖြင့် ဒကာ ဒကာမတို့ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာကွဲသွားပြီ၊ မကွဲသေးဘူးလား … (ကွဲပါပြီဘုရား)။
ကွဲခြင်းကြောင့်လည်း ဘာပြုတ်တုံး … (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား) ရှင်းရဲ့လား … (ရှင်းပါပြီဘုရား) သြော် - ဒါဖြင့် လက္ခဏာရေးသုံးပါးသိရင်လဲ … (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား) ခန္ဓာငါးပါးသိရင်လဲ … (ဒိဋ္ဌိပြုတ်ပါ တယ်) ဒိဋ္ဌိပြုတ်စရာတွေကလည်းတယ် … (များပါတယ်ဘုရား) ကဲ - ဒါဖြင့် ရှင်းရှင်းလင်းလင်း ပြုတ်ပါပြီလား … (ပြုတ်ပါပြီဘုရား)။
ဒါ - သိမှုနဲ့ပြုတ်တာ၊ ဘယ်လိုပါလိမ့် … (သိမှုနဲ့ပြုတ်တာပါဘုရား) ကဲ - ဒါဖြင့် ဒကာ ဒကာမတို့ တရားတွေ ရှည်နေလိမ့်မယ်၊ ခန္ဓာငါးပါးကိုတဲ့၊ ပိုင်းပိုင်းခြားခြား မသိသရွေ့ ကာလပတ်လုံး ဒိဋ္ဌိဘယ်တော့မှ မပြုတ်ဘူး … (မှန်ပါ) ခန္ဓာငါးပါးကို … (ပိုင်းပိုင်းခြားခြားမသိသရွေ့ ဒိဋ္ဌိမပြုတ်ပါဘုရား) ပိုင်းပိုင်းခြားခြားသိမှု က သုံးမျိုးရှိတယ် … (မှန်ပါ) ခန္ဓာငါးပါးကို ပိုင်းပိုင်းခြားခြား မသိ - ဒိဋ္ဌိမပြုတ်ဘူး၊ ဒါကို တစ်နံပါတ်ချည်ထား၊ ခန္ဓာငါးပါးကို ပိုင်ပိုင်နိုင်နိုင် မသိရင် … (ဒိဋ္ဌိမပြုတ်ပါဘုရား)။
ရှင်းရဲ့လား … (ရှင်းပါပြီဘုရား) ပိုင်ပိုင်နိုင်နိုင်သိမှု ဘယ်နှမျိုးတုံး … (သုံးမျိုးပါဘုရား) ဆိုတော့ ဒကာဒကာမတို့ ဥာတပရိညာနှင့် သိမှု … (မှန်ပါ) ပွားပြီးသိမှုက တစ်မျိုး၊ ပယ်ပြီးတော့ကော … (သိမှုတစ်မျိုးပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့ အတိုင်းတဲ့ သိမှုနဲ့ဖြင့် ဒိဋ္ဌိကွာပါပြီ သိမှုနဲ့တော့ကွာပါပြီ၊ ခန္ဓာငါးပါးသာရှိတာက သမုတိသစ္စာ၊ အဲဒါက တကယ်ရှိတာ မဟုတ်ဘူးဆိုတော့ ရှင်းမနေဖူးလား … (ရှင်းပါပြီဘုရား)။
ကဲ - ဒါဖြင့် တစ်နံပါတ်သိမှုကိုဖြင့် ပိုင်ပြီ ပိုင်ပါပြီဆိုတော့ နှစ်နံပါတ်ပွားမှုလိုတယ် … (မှန်ပါ) မလို ဘူးလား လိုတယ်တဲ့၊ ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ သိမှု, ပွားမှု, ပယ်မှု, ဘယ်နှမျိုးရှိတုံး … (သုံးမျိုးရှိ ပါတယ်ဘုရား) ရှေးဦးစွာ သိမှုနောက် ဒုတိယပွားမှု တတိယကပယ်မှု၊ ပယ်မှုဆိုတော့ ပွားမှုမလုပ်လို့၊ ခင်ဗျားတို့ ၀ိပဿနာအလုပ် မလုပ်ဘဲနဲ့ ဒိဋ္ဌိက သိမှုနဲ့ကွာတယ်လို့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေလည်း အောက်ပြည်မှာရှိတယ်၊ သေသေချာချာလွဲတယ် လို့မှတ်ပါ၊ ပရိညာသုံးပါး သူနားမလည်ဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား)။
ပြီးတော့ မဂ္ဂသစ္စာ၏ ဘာဝေတဗ္ဗကိစ္စလည်း သူနားမလည်ဘူး၊ သဘောကျပလား … (ကျပါပြီဘုရား) မဂ္ဂသစ္စာဆိုတာ ဘာလုပ်ရမလဲ … (ပွားရမှာပါဘုရား) လောကီလား - လောကုတ္တရာလား …. (လောကီပါဘုရား)။
လောကီမှ ပွားရတာ သဘောကျပလား … (ကျပါပြီဘုရား) လောကုတ္တရာကျတော့ တစ်ကြိမ်သာ ဖြစ်တာကို ဘာမှ စောဒကထုတ်စရာမလိုဘူး ကဲ - ဒါဖြင့် လောကီမှာ ပွားရမယ်ဆိုတဲ့ သစ္စာကကိုလဲ သူမသိလို့ရှိရင်ဖြင့် ကိုစောမောင် ဒါ - သံသရာမှာ ရှုံးသွားတာပဲ … (မှန်ပါဘုရား) မရှုံးဘူးလား … (ရှုံးပါတယ်ဘုရား) ကိုစံလှရှုံးပြီ၊ ဒါဖြင့် ခင်ဗျားတို့သိမှုနဲ့ပဲ တော်ပလား … ပွားမှုဆက်ရဦးမှာလား … (ဆက်ရ ဦးမှာပါဘုရား)။
နောက်ပွားမှု ဆက်ရဦးမှာဖြင့်၊ ဟာ - တစ်ပွားတည်းပွားနေရတော့မယ် ဒီလိုမဟုတ်ပါဘူး၊ ပွားပါ များလို့ရှိရင် ပယ်မှုလိုက်ပါလိမ့်မယ်၊ ပွားပါများရင် … (ပယ်မှုလိုက်ပါတယ်ဘုရား) သေချာပလား … (သေချာပါပြီဘုရား) ဒကာ ဒကာမတို့ တစ်နံပါတ် ဘာအရေးအကြီးတုံး (သိမှုပါဘုရား) နှစ်နံပါတ်က … (ပွားမှုပါဘုရား) သုံးနံပါတ်က ပယ်မှုအရေးကြီးတယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ တစ်မရှိဘဲနဲ့လည်း နှစ်မရှိနိုင်ဘူး၊ နှစ်မရှိဘဲနဲ့ … (သုံးမရှိပါ)။
မဖြစ်နိုင်ဘူးဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား) ယနေ့တစ်မှာ ယနေ့စခန်းသိမ်းပြီ၊ မနက်ဖြန်နှစ်စမယ်၊ ရှင်းပြီနော်။