Tuesday, October 27

မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ သပိတ်သွတ်လွတ်တရားတော်

သီတင်းကျွတ်ပြီဆိုတာ ဒကာ ဒကာမတွေဘယ်လိုများထင်ကြသလဲ - ၀မ်းနည်းစရာလား ၀မ်းသာစရာလားလို့မေးရင်ဖြင့် သေခါနီးသွားတာပဲလို့မှတ်ပါ. ဆရာသမားကန်တော့ရလို့ မီးတွေထွန်းရလို့ဝမ်းသာရတယ်ဆိုတာကတော့ ကောင်းတဲ့စေတနာတွေအမှန်ပါပဲ ခန္ဓာကတော့ သီတင်းမကျွတ်ခင်ဝါဆိုဦးကထက် ယခုသီတင်းကျွတ်ကသေဖို့ရာပိုနီးသွားတယ်။

ဒီဘ၀တော့အတိတ်ကဆုတောင်းကြောင့်ခန္ဓာကြီးရထားတော့ ဇာတိ ဇရာ မရဏကတော့လာကြမှာပဲ မသေရာအလုပ်ကိုတွေ့ရလို့ဝမ်းသာကြပါလို့လည်းသတိပေးလိုက်ပါတယ်။အဂုင်္တ္တိုရ်ပါဠိတော်မှာဘုရားဟော သစ္စာသိပြီးသေတဲ့ပုဂ္ဂိုလ်များ ဘာမှပူစရာမရှိပုံကိုဟောကြားပါမယ်။

သစ္စာလေးပါးမသိတော့ အ၀ိဇ္ဇာနဲ့နေခဲ့ကြတယ် ဗုဒ္ဓဘာသာဆိုပေမဲ့သစ္စာမသိပဲကုသိုလ်တွေလုပ်ခဲ့ကြတယ်သင်္ခါရပေါ့ဗျာ ကုသိုလ်လုပ်ပြီးနောက်ဘ၀ လူချမ်းသာ နတ်ချမ်းသာဖြစ်ချင်လို့ဆုတောင်းကြတယ် ဒါဖြငိ့ကုသိုလ်နဲ့တဏှာရောပြီး အ၀ိဇ္ဇာပစ္စယာသင်္ခါရဖြစ်မသွားဘူးလား အ၀ိဇ္ဇာစတဲ့ကိလေသ၀ဋ် သင်္ခါရစတဲ့ကမ္မ၀ဋ် ၂ ပါးကိုသစ္စာမသိပဲပြုပြီးသေလွန်တဲ့အခါဝိညာဉ်ဆိုတဲ့ ပဋိသန္ဓေ၀ိညာဏ်ကိုရပါတယ်။ ပဋိသန္ဓေ၀ိညာဏ်ရရင်နာမ်ရုပ်ပေါ်ပြီး မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်မပေါ်ပေဘူးလား အဲဒီဒွါရခြောက်ပေါက်ကထိတွေ့မှုဖဿ ခံစားမှုဝေဒနာ ပေါင်းလိုက်တော့ ခန္ဓာငါးပါးရတယ် ဒါဘာသစ္စာတုံး?

ယခုတရားနာနေတာ ဘာသစ္စာပါလိမ့်မတုန်း- ဒီဘ၀သစ္စာသိပြီးကိစ္စပြီးစေချင်လွန်းလို့တိုက်တွန်းရတာ ဒါကြောင့်ငါသေရင်ဘာများဖြစ်အုံးမှာလဲဆိုတာ ဘယ်တော့မှမတွေးနဲ့ တို့ခန္ဓာကပေါ်သ၍ဒုက္ခသစ္စာပဲဆိုတာသိတဲ့ပုဂ္ဂိုလ်သေရင်နတ်ရွာသုဂတိမှတစ်ပါးဘယ်မှမသွားဘူးဆိုတာပေါ်ပြီလား - သစ္စာသိပြီးရင်သံသရာမလည်ဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချ အားပေးစကားမဟုတ် သေချာတဲ့တရားပဲ ဒီနေ့သီတင်းကျွတ်လပြည့်မှာ ဒကာ ဒကာမတွေ ဉာဏ်မျက်လုံးသွင်းရတဲ့နေ့ မိမိတို့ဉာဏ်ကလဲအလင်းရတဲ့နေ့ဆိုတော့ အလင်းတွေဆုံတဲ့နေ့ကြုံတဲ့နေ့ဆိုရင်လွဲပါ့မလား-

ကဲအလောင်းကောင် အသုဘကြီးတစ်ခုကို ဒီကျောင်းပေါ်မှာမလွှဲသာလို့ထားမယ်ဆိုပါတော့ ဒီအသုဘကြီးထဲက ဘာတွေထွက်လာမှာလဲ- မျက်စိထဲ နားထဲ ပါးစပ်ထဲ နှာခေါင်းထဲကထွက်တဲ့အရာသည် သုဘထွက်မလား အသုဘထွက်မလား- ရောင်ဖောပြီးသွေးပြည်ထွက်လာမယ် နဂိုကအသုဘမို့အသုဘထွက်တာပဲ ဒါကြောင့်ခန္ဓာကြီးကဘာသစ္စာတုံး- ဒကာ ဒကာမတွေရဲ့ခန္ဓာထဲရော မတင့်တယ်တဲ့အသုဘ ဒုက္ခသစ္စာဆိုတာသေချာပြီလား -

ဒါဖြင့်တပည့်တော်တို့ ဒုက္ခသစ္စာမသိသေးဘူးလို့ဆိုကြမလား- ဒီသေရေးမှာ ဒီစိတ်ကလေးအရေးတကြီးပြောနေရတယ်ဆိုတာ ဒီအသိနဲ့သေရင်အပါယ်မကျဘူးဆိုတာလက်ကိုင်ထားရမယ်။ သစ္စာသိသူအတွက်ဝေဒနာပစ္စယာတဏှာမကူးတော့လို့ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီးတစ်ခါတည်း မဂ်ပေါ်သွားတယ်။ သစ္စာသိတဲ့သူအတွက် မဂ္ဂသစ္စာကသံသရာဖြတ်သွားတာ ဒါတွေကိုသေချာ ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်သိရင်ဖြင့် ငါသေရင်ဆွမ်းမသွတ်နဲ့ဟေ့လို့မှာခဲ့ကြ။ ခန္ဓာကိုယ်ထဲကပေါ်လာတာတွေရှုနေတော့ ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကလေးကမဂ္ဂသစ္စာ ဒါဖြင့်သေနေတာ သမုဒယသစ္စာ သမုဒယသေတော့နောက်ခန္ဓာမလာတာက ဒုက္ခနိယောဓသစ္စာ (ဒုက္ခချုပ်တဲ့သစ္စာ)

ဒါဖြင့်ဒကာ ဒကာမတို့ရှုတတ်ကြပြီလား ဘယ်ချိန်ရှုရမှာလဲမမေးနဲ့ ခန္ဓာကပြတဲ့အချိန်ရှုလိုက် ရှင်းပြီလား ဒကာ ဒကာမတွေသေရဲပြီလား ဒီနေ့ဘုန်းကြီးဘာတရားဟောပါလိမ့် - သပိတ်သွတါလွတ်တရားပါဘုရား

၁၃၂၄ သီတင်းကျွတ်လပြည့်နေ့ မင်္ဂလာရိပ်သာဓမ္မာရုံကြီးပေါ်တွင်မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော သပိတ်သွတ်လွတ်တရားတော်မှအကျဉ်းမျှထုတ်နှုတ်ပူဇော်ပါသည်။

Monday, October 19

မိုးကုတ်ဆရာတော်ကြီး၏ ကိုယ်နာပေမယ့် စိတ်မနာစေနဲ့

့တစ်သံသရာလုံး သမုဒယမီးနဲ့  ဒုက္ခထင်း ဒါပဲလှည့်နေတယ်။ လောင်လက်စမသတ်ဘူး။ ဆရာကောင်းနဲ့  မတွေ့ i ဖြတ်နည်း တောက်နည်း နိဿရည်းကိုလည်း မရတော့ပါဘူးဆို မီးနဲ့ထင်းသာလှည့်နေတာပဲ။ ထင်းသိမ်းတယ် မီးငြိမ်းတယ်လို့ ကိုမလာဘူး။

တရားနာတာ ဖါးတောင် နတ်သားဖြစ်သေးတယ်ဆိုပြီး ဒါကြိုက်နေလို့  ရှိရင် ဒုက္ခ
ပြန်ကြိုက်တာ။ ဖားမီးပုံ (တစ်ဆုက်စာ) ကနေ နတ်မီးပုံ ( သုံးဂါဝုတ်) လောင်ရမယ်။
ဒါဖြင့် မီးပုံကြီး ကြိုက်တာ ။ ၃၁ဘုံ မီးဟုန်းဟုန်းတောက်နေတဲ့ အထဲမှာ ထင်းရှာထွက်တာလောက် အရုပ်ဆိုးတာ မရှိဘူး။
ဝိပဿနာ အလုပ်မလုပ်တဲ့ ပုဂ္ဂိုလ်မှာ လောင်စာသိမ်း၍ မီးငြိမ်းဖို့ အရေးဟာဖြင့်
မရှိပါဘူး။ ဒုက္ခသစ္စာ မသိသေးသရွေ့  ကာလပတ်လုံး ဒုက္ခပြတ်ရေးကိုဖြင့်
ဘယ်တော့မှ တွေးကြမယ် မဟုတ်ပါဘူး။
သစ္စာမသိရင် နောက်ခန္ဓာ လိုချင်မှာပဲ။ ဘဝဆုတောင်းယူတဲ့ ပုဂ္ဂိုလ်များ သစ္စာမသိလို့ မှတ်ပါ။
ကိုယ့်ကိုယ်ကိုယ် ကျန်းမာလို့  တော်သေးရဲ့ ဆိုတာများ အတော်လွဲတယ်။ ဒုက္ခ
သစ္စာမို့  ကိုယ့်ဆေးနဲ့  ကိုယ် ဖာထေးနေရတာ။ ဆာနာ i ဝနာi ပူနာi အေးနာi
ချွေးထွက်တဲ့ အနာi ရေချိုးချင်တဲ့အနာi အနာမျိုးစုံ ပြောရမယ်ဆိုရင်ဖြင့် ခန္ဓာမှာ အပ်သွားချစရာ နေရာမရှိဘူး။
အိမ်ဆောက်ထားတာလည်း ဆေးရုံ i လေနာတွေ ဖြစ်မှာစိုးလို့  ။ လေတိုက်တော့
အအေးပတ်တဲ့ အနာ i သိပ်လုံလွန်းပြန်တော့ အပူလောင်တဲ့ အနာ ။
ကိုယ့်အိမ်မှာ ရှိတဲ့ဥစ္စာတွေက ဆေးခွက်ရယ် ဆေးပစ္စည်းရယ်တွေချည်းပဲ။ ဆေးကုစရာတွေ တစ်ပုံကြီး အဲဒါနဲ့ ကုပြီး သက်သာနေကြတယ်။
တရားနာတာ ကိုယ့်ပဋိစ္စသမုပ္ပါဒ်ကိုယ်ဖြတ်တာi ဒါမှကိုယ့်ဒုက္ခ ကိုယ်သိမ်းမှာ။
ကိုယ့်ဒုက္ခ ကိုယ်သိမ်းဆိုတာ ယခုဒုက္ခကတော့ ရှိနေတာပဲi အနာဂတ်ဒုက္ခတွေ
အကုန်သိမ်းပစ်လိုက်တာ။
ယခု ဒုက္ခသိမ်းပြီး အနာဂတ် ဒုက္ခမလာရင်ပဲ ကျုပ်တို့  ကံကောင်းပြီ။
ကိုယ်နာပေမယ့် စိတ်မနာစေနဲ့  ၂ ။
၅-၁၂- ၆၁
အတိတ်က သေကြောင်း တဏှာ ဥပါဒါန်လုပ်ခဲ့တော့ သေစရာ အထည် ခန္ဓာငါးပါးပေါ်ပါတယ်။
၎င်း သေစရာအထည် ခန္ဓာငါးနှင့် နေရတုန်းကို သေကြောင်းကြိုးစားပြန်တယ်။ ဒီပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးမှာ သေကြောင်း
သေထည်ပဲလှည့်နေတယ်။ သေထည်က သေကြောင်းပေါ်အောင်လုပ်နေတဲ့သူ
အဝိဇ္ဇာ သင်္ခါရ နဲ့  ပေါင်းသင်းဆက်ဆံနေရလို့ ရှိရင်ဖြင့် ကိုယ်လည်း သေလို့ ဆုံးမှာ မဟုတ်ဘူး။
ဒီဘက်က တဏှာ ဥပါဒါန် ပဋိစ္စသမုပ္ပါဒ်က လာလိုက်တော့ ဒီထဲ
သောကပရိဒေဝ ကမြုပ်နေတော့ ငိုလို့ လည်းဆုံးမှာ မဟုတ်ဘူး။ ဒီအမေသေလို့  ငိုဦးi ဒီအဖေသေလို့ ငိုဦးi ကိုယ့်အတွက်ငိုဦးi သားသမီးတွေသေလို့  ငိုပွဲဝင်i
တော်ကြာ ကိုယ်ကိုယ်တိုင် သေပွဲဝင် ဒါပဲ လှည့်နေမှာပဲ။ အသေကောင်းလား အသေဆိုး လားလို့  မေးမနေနဲ့  အသေဟူသရွေ့  အဆိုးချည်းပဲ။

အိမ်ထောင်ကျပြန်တော့ သေမယ့်သူချင်း အိမ်ထောင်ကျတာ။ သူသေကိုယ်ငို l
ကိုယ်သေ သူငိုပဲ မဆုံးနိုင်ဘူး။
ကလျာဏ မိတ္တကို မှီဝဲဆည်းကပ်မှ ဒုက္ခသိမ်းမယ်။ ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ပါလို့  ဘုရားက ဆုံးမလိုက်တယ်။ ၂ အကွက် က ၃ ပေါက်ဖွားတာကို ကိုယ်နာလို့  စိတ်နာတယ်ခေါ်တယ်။
ဒီခန္ဓာကိုယ်ကြီးကို အကုန်ငါချည်း ခိုင်နယ်မြဲတယ်ယူထားတာ။ ဖေါက်ပြန်ပျက်စီးတတ်တာကြီးကို ငါအစိုးရတယ်
ငါပိုင်တယ်i ငါဆိုင်တယ်iနဲ့  အနတ္တ ကိုအတ္တ လုပ်ထားတာ။
ဒီခန္ဓာထဲ တစ်ခုခု ဖေါက်ပြန်ပြီဆိုမှဖြင့် ငါခက်လေခြင်းဆိုပြီး ကိုယ်နာလို့  စိတ်နာတာဟာ ကိုယ်ကို ငါယူထားလို့  ။
ဝိပဿနာမလုပ်သရွေ့  ကိုယ်နာ စိတ်နာချည်းမှတ် ။
စိတ်နာတယ်ဆိုတာ တဏှာl
ံဥပါဒါန်lစိတ်ကဒေါသဖြစ်တာလည်းနာ
တာပဲ။ လောဘဖြစ်တာလည်း နာတာပဲ။
ဝိပဿနာရှုတာက ကိုယ်နာသော်လည်း စိတ်မနာတဲ့ အလုပ်။
ကိုယ်နာ ဆိုတာက တကယ်နာတာကိုဆိုတာမဟုတ်ဘူး။ ဒီခန္ဓာကြီးဖြစ်လိုက်ပျက်
လိုက်ကိုဆိုတာ။ အဲဒီဖြစ်ပျက်ကို မြင်အောင် ကြည့်လိုက်တဲ့ အခါကျတော့
သူ့ သဘောနဲ့ သူဖြစ်တာပဲ l သြော် ခန္ဓာ့ သဘောပဲ ဒုက္ခသစ္စာမို့  ဒုက္ခသစ္စာ
သဘောပြောတာပဲ လို့ သိတော့ သိရုံသာရှိတာ ကိုယ်နာသော်လည်း စိတ်မနာဘူး
ခန္ဓာအရှိနဲ့  ဉာဏ်အသိ ကိုက်မှသာ အဖိုးတန်တော့တယ်ဆိုတာ သေသေချာချာ
မှတ်ပါ။
ခန္ဓာထဲမှာသိမှ အသိl စာထဲမှာ သိရင် အမှတ်။
အသိကမှ ကိလေသာကို တကယ်ဖြတ်မှာ။
ယခုသေထည် (၂) ကို ဒုက္ခသစ္စာလို့  ဝိပဿနာရှုl စိတ်ရှုရှု i ဝေဒနာရှုရှု ကြိုက်တာရှုi သေကြောင်း( ၃) ပြတ်ပါတယ်။
သံသရာ ရမ်းဖြတ်လို့ မှ မရပဲi ကိုယ့်ခန္ဓာအစဉ် ကိုယ်ဖြတ်မှ ကိုယ့် ဒုက္ခကိုယ်သိမ်း
တာ။ ဒုက္ခသိမ်းတာကို နိဗ္ဗာန်သို့  ရောက်တယ်လို့ ခေါ်တယ်။
ဒီတစ်ခါမှ ဇတ်မသိမ်းတော့ဘူးဆိုရင် ဒီအဝိုင်းမှာ ထပြေးလိုက်သေလိုက် ဒီလိုချည်း နေမှာပဲ။ ကိုယ်နာလို့  စိတ်နာတာက သံသရာ ခရီိးသည်အလုပ်
ကိုယ်နာသော်လည်း စိတ်မနာတာက ခရီးဆုံးတဲ့ ပုဂ္ဂိုလ် ။
ကိုယ်နာပေမယ့် စိတ်မနာစေနဲ့  ၃ ။
၆-၁၂- ၆၁
သစ္စာမသိတဲ့ အဖြစ်ဟာ ဝမ်းခေါင်းထဲ အောင်းလိုက် သေလိုက် i ပြန်အောင်းလိုက် သေလိုက်i အနေဆိုးပဋိသန္ဓေနဲ့  အသေဆိုးစုတိကို ကိုယ်ပိုင်ရတယ်။ အနေဆိုး အသေဆိုးတွေ ထပ်ပြန်တလဲလဲ လုပ်ပေးနေတာ မသိတဲ့ အဝိဇ္ဇာ ။ မသိသွားသွားနေ
တော့ မသိသက်ရှည်လေလေ ဒုက္ခသက်များလေလေ။မသိရင်တော့ ဘုရားလောင်း
ရော ပစ္စေကဗုဒ္ဓါအလောင်းရော ဘာအလောင်းရယ်လို့  ရွေးမနေဘူး။ မသိတာက
နှိပ်စက်လိုက်တာပဲ။မသိပဲနဲ့ ပြုလုပ်လိုက်တာဟူသရွေ့ ဖြင့် သမုဒယသစ္စာ
အလွဲနဲ့  အချော် ချည်းပဲ။ မသိလို့ ပြုလုပ်တာ သမုဒယသစ္စာ i ရတာဒုက္ခသစ္စာ။
ဒုက္ခသစ္စာမသိတော့ ဒုက္ခသစ္စာပဲပြန်လိုချင်တယ်။ သမုဒယသစ္စာမသိတော့ ဆုတောင်းပြန်တယ်။ နိရောဓသစ္စာကို မသိတော့ မလိုချင်တဲ့ သဘောပေါ်လာတယ် ။ မဂ္ဂသစ္စာကို နိဗ္ဗာန်ရောက်ကြောင်းရယ်လို့ မသိတော့
အားမထုတ်ချင်ဘူး ။
အလုပ်မလုပ်ပဲသိတဲ့ သညာသိက နိဗ္ဗာန်မရောက်နိုင်ဘူး။ ပညာသိမှနိဗ္ဗာန်
ရောက်မယ်။
အလုပ်လုပ်တဲ့ပုဂ္ဂိုလ် ဖြစ်ပျက်မတွေ့ သေးရင် အဝိဇ္ဇာကွယ် လို့ ။ အဝိဇ္ဇာပါးသွားတဲ့ အချိန် ဖြစ်ပျက်သွားတွေ့ တယ်။
ဖြစ်ပျက်သာတွေ့ သေးတယ် ဒုက္ခအစစ်ရယ်လို့ ဉာဏ်ထဲမှာ မရောက်သေးသရွေ့ 
ပွားများနေ။
အဲဒီဖြစ်ပျက်ကလေးတွေ မုန်းလာတဲ့ အခါကျတော့ ပိုရှု (နဂိုက မုန်းရမှာဝေးစွ l ကိုယ့်ခန္ဓာဖြစ်ပျက် ဘယ်တော့မှတောင် မမြင်ဖူးဘူး)။
ပိုပြီးအားစိုက်ရှုလိုက်တဲ့ အခါ ဖြစ်ပျက်ဟာ တခြားမှမဟုတ်ပဲ ကိုယ့်ဒုက္ခကြီး
ပါလားလို့  ဉာဏ်ကပိုထက်လာပြီး ဒုက္ခအစစ်ရယ်လို့ လည်းဉာဏ်မှာထင်ပါရော ဖြစ်ပျက် ဒုက္ခသစ္စာကြီး ပျောက်ထွက်သွားတယ်။
ပျောက်ထွက်သွားသည်နှင့်
တပြိုင်နက် ဒီဖြစ်ပျက်နေရာမှာ နိဗ္ဗာန် အစားထိုးတယ်။ နိဗ္ဗာန်ဟာ ဗြုန်းကနဲ ဘယ်တော့မှမတွေ့ နိုင်ဘူး။ဖြစ်ပျက် ဒုက္ခသစ္စာ အရင်တွေ့ ရတယ်။ သူမဆုံး
သရွေ့ လည်းနိဗ္ဗာန်မမြင်ပါဘူး။
ကိုယ် ဆိုတာ ခန္ဓာငါးပါး l ပကတိ အကောင်းမြင်တဲ့ ကိုယ်ကြီးကိုမယူလိုက်ပါနဲ့ ။
စိတ်မနာပါစေနဲ့ ဆိုတာ ဒီကိုယ်ကို ဒိဋ္ဌိတဏှာတွေနဲ့  မဆွဲနဲ့ ဆိုတာ။
ခန္ဓာငါးပါးက်ု အဝိဇ္ဇာ သင်္ခါရ လုပ်ထားတာ ကိုယ်က ကြားဝင်ရှုပ်ဖို့  မလိုပါဘူး။
ရောက်ရာ ဘဝကျမှ ခင်ဗျားတို့  တဏှာက ဝမ်းထဲကနေပြီး ဒိဋ္ဌိရဲl တဏှာရဲl
မာနရဲတွေနဲ့  ရဲရဲတင်းတင်းကြီး ငါ့ကိုယ် ငါ့ဟာ လုပ်ထားတာ။ သူများလုပ်ထားတာ
ခင်ဗျားတို့ က ငါ့ကိုယ် ငါ့ဟာထင်တော့ ကောင်းကောင်းလွဲပြီ။
ဖျပ်ဆို ခန္ဓာငါးပါးက အိုဘေး နာဘေး သေဘေးသင့်တော့ ငါ့ကိုယ် ငါ့ဟာလုပ်ထားတဲ့ တဏှာက ဖြစ်မှဖြစ်ရလေချင်းဆိုပြီး i စိတ်နာတာတွေပေါ်လာ
တယ်။ ငိုပွဲ ပြုံးပွဲတွေကို ဒိဋ္ဌိတဏှာက ဆင်ခိုင်းတာ။
သူများပစ္စည်းကို ငါ့ပစ္စည်းဆိုပြီး ငိုချင်းချတော့ ကိုယ့်အမှားကြောင့် ကျတဲ့ မျက်ရည်။ ခင်ဗျားတို့  မျက်ရည်ကျချင်လို့  ခင်ဗျားတို့  င့ါကိုယ် ငါ့ဟာလို့  သိမ်းဆည်းထားတာ။ သူများကို အသနား မစောလိုက်ပါနဲ့ ဦး။ ကိုယ့်ကိုယ်ကိုယ်
သနားလိုက်ပါဦး။ ကိုယ့်မီးကိုယ် သိမ်းပါဦး l ပြီးမှ သူများမီးငြိမ်းပါ ။

Sunday, August 30

ကျေးဇူး​တော်​ရှင်​မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ ပရိညာ (၃) ပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာနာမ်နဲ့ရုပ်ကို ခွဲခြားတတ်ရမယ်။ မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်၊
သိမှုကနာမ်၊ အာရုံ (၆) ပါးမှာလည်း ရုပ်နဲ့နာမ်ဟာ အမြဲ ယှဉ်တွဲနေတယ်။ တခါ တရားကို
အားထုတ်ရာမှာ ပရိညာ(၃) ပါးနဲ့သိ သိသွားရမယ်။

  ၁။ ဉာတပရိညာ  = ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာသည်ရုပ်၊ ဒီဟာသည်နာမ်လို့ ခွဲခြားပြီးသိရမယ်။
  ၂။ တီရဏာပရိညာ = ဖြစ်ဆဲ ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ပိုင်းခြားပြီး
သိရမယ်။
  ၃။ ပဟာနပရိညာ = နာမ်ရုပ်တို့အပေါ်မှာ “ငါ”ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာ “ငါပဲ” ဆိုတဲ့ မာနစွဲ၊
ဒီရုပ်ဟာ “ငါ ”ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲသုံးခုကို သိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Sunday, August 23

အဓိပတိသုံးပါး။


        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
ထုတ်တာ မဟုတ်ဘူး။ အို. နာ. သေ. မွဲ. ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်စေ

ခြင်းငှာ တရားအားထုတ်တာ၊ အဲဒါကို အတ္တာဓိပတိလို့ ခေါ်တယ်။
     ၂။ လောကကြီးကိုလည်း အဓိပတ်ထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်နေတယ်
လို့ အမည်ခံထားပေမယ့် တရားအားထုတ်နေတဲ့ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေက
ဖုံးလွှမ်းထားပြီး ရောင်းဝယ်ရေးကိစ္စတွေကို တွေးတော စဉ်းစားမနေပါနဲ့ ထိနမိဒ္ဓလည်း မဖြစ်စေနဲ့
ပျင်းလည်းမပျင်းနဲ့၊ အိပ်လည်းမအိပ်နဲ့၊ စိတ်ကိုလည်း မလွင့်စေနဲ့၊ မတော်တာတွေကို လုပ်နေရင်ဖြင့်
ကိုယ်စောင့်နတ်နဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်ကလည်း သိတယ်။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်က
လည်း သိပါတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ လောကကို အဓိ
ပတိထားပြီး အားထုတ်ခြင်းကို လောကာဓိပတိလို့ ခေါ်တယ်။
     ၃။ တရားတော်ကိုလည်း အဓိပတိထားပြီး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရား
တော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားကို မမြင်ခဲ့ရင် တရားက မရှိလို့
မဟုတ်ဘဲ ငါက တရားတော်ကို မလေးစားလို့ မမြင်တာဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး တရား
တော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကိုတော့ ဓမ္မာဓိပတိလို့ ခေါ်တယ်။ ။

Friday, August 14

ကျေးဇူး​တော်​မိုးကုတ်​ဆရာ​တော်​ဘုကြီး၏ ပုဗ္ဗကိစ္စငါးပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။
  ၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ဖူးပါက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ ၀န်ချ

တောင်းပန်ကန်တော့ပါ။
  ၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နှင့်တကွ သတ္တ၀ါ
အပေါင်းတို့အား ဘေးကင်း ကျန်းမာချမ်းသာစေဖို့  မေတ္တာစိတ်ကို ပွားများပေးပါ။
  ၄။ ရှေးဘ၀၊ ယခုဘ၀ ကိုယ်ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါ အလိုရှိနေသော မဂ်ဖိုလ်နိဗ္ဗာန်ကို
 ရောက်ရစေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ ဆိုပါ။
  ၅။ ငါသည် ဘ၀များစွာ သေခဲ့လှပြီ။ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို (မရဏာနုဿတိ) ပွားများပြီး၊ အားထုတ်မှုအရှိန်ကို ပြင်းထန်ပေးပါတို့ ဖြစ်ပါတယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

Friday, August 7

ကိုယ့်စိတ်ကိုယ်စစ် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား

"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ"သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။-ဝိပဿနာ မလုပ်သေးတာဖြင့်သေရတာ အားမရသေးလို့ လား မေးဖို့ ဘဲ ရှိတော့တယ်။ခင်ဗျားတို့  အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့  ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။- ပုထုဇဉ်အဖြစ်နဲ့  သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ ဖြည်းလာခဲ့တာ ကြာပါပြီ။-ခင်ဗျားတို့ က မသိလို့ အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့  တွေ့ ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့  အတူတူဘဲ။-တစ်နေ့ တစ်နေ့  ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ ကို ငရဲရောက်ဖို့  ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,စိတ်ပေါင်းကလည်းမရေတွက်နိုင်ဘူးဆိုတော့က,အပါယ်ကတက်စရာမမြင်ဘူး။-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကိုခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။-မနက်ဖြန် သေသွားရင် သာသနာနဲ့ ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့ နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့ တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့  တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။- ဘုရား အပေါ်လည်း သံသယမရှိနဲ့  ,တရား အပေါ်လည်း သံသယ မရှိနဲ့ ,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့  သာသနာနဲ့ ကြုံ ,ဆရာကောင်းနဲ့ကြုံလို့  ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

Wednesday, July 22

ဘာပဲဖြစ်ဖြစ် သိနေပါစေ


တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး ကိုယ့်သန္တာန်မှာ မကောင်းတဲ့စိတ် ဖြစ်ပေါ်လာတဲ့အခါ ..
အဲဒီစိတ်ဖြစ်တာကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်ပါတယ်။

အဲဒီစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“လို့ သိလိုက်တာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ဟာရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားပါတော့တယ်။

ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ရပ်သွားတာကို သိလိုက်ရင် (ပျက်သွားတာ) မဂ်ဉာဏ်ဖြစ်လို့ (၀ိပဿနာမဂ်) တဏှာ ဥပါဠာန် (တဏှာအကြီးစားဟာ ဥပါဠာန်) မလာတော့ဘဲ ပဋိစ္စသမုပ္ပါဒ်လည်ခြင်းကိုပြတ်စေပါတယ်။

ဒါကြောင့် ရှေ့အသေကို နောက်အရှင်နဲ့ကြည့်တာကို ၀ိပဿနာလို့ မိုးကုတ်ဆရာတော်ဘုရားကြီးကပြောဆိုဆုံးမတာ။

ကိုယ်အသေကို ကိုယ်မြင်မြင်နေတော့ သေရမှာလည်းမကြောက်တော့ဘူး။

ကြည့်ပါများရင် ပျက်တာတွေကို တွေ့ရတာစိတ်လာမယ်။

ဉာဏ်ရင့်လာရင် ဖြစ်ပျက်မုန်းပြီး ဆုံးသွားမယ်။

ဖြစ်ပျက်ဆုံးသွားရင် နိဗ္ဗာန်မြင်လာမယ်။

နိဗ္ဗာန်ဆိုတာ နေရာတစ်ခုလို တိုက်တာအဆောက် အအုံတွေမဟုတ်ဘူး။

ဒုက္ခတွေချုပ်ငြိမ်းတဲ့ အအေးဓာတ် အငြိမ်းဓာတ်လေးကိုခေါ်တာပါ။

ဖြစ်ပျက်နှစ်ခု မရှိတာနိဗ္ဗာန် တဲ့။

ရုပ်နာမ်သည် အမြဲမရှိ ဆင်းရဲရှိ၏။ နိဗ္ဗာန်သည် ဆင်းရဲမရှိ အမြဲရှိ၏ တဲ့။

ကောင်းတဲ့အာရုံကိုမြင်တော့ လောဘဖြစ်တယ်။ မကောင်းတဲ့အာရုံမြင်တော့ ဒေါသဖြစ်တယ်။
မကောင်းတကောင်း အာရုံမြင်တော့ မောဟဖြစ်တယ်။

ခန္ဓာထဲ ဉာဏ်တစ်ချက်လောက် လှည့်လိုက်ရရင် ..
စကြဝတေးမင်းစည်းစိမ်ထက် သာတယ်။

အသက်တစ်ရာနေရတာထက် ဖြစ်ပျက်တစ်ချက်မြင်ရတာက မြတ်တယ်လို့ ဘုရားက သေသေချာချာဟောထားတယ်။

'ဧကာဟံ ဇီဝိတံ သေယျော ပဿတော ဥဒယဗ္ဗယံ' အသက်တစ်ရာ မေတ္တာပို့နေတဲ့ ပုဂ္ဂိုလ်ထက် ဖြစ်ပျက်တစ်ချက်မြင်ရသူက သာပါတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး ကအမြဲဆုံးမလေ့ရှိပါတယ်။

ဒီဉာဏ်ကိုရသွားရင် သောတာပန်မဖြစ်သေးရင်တောင်မှထောက်ရာတည်ရာရသွားပြီး။

ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်းသဘော၊ ပျက်ခြင်းသဘောကို သိသွားရင် အဲဒီပုဂ္ဂိုလ်ဟာ အရိယာဉာဏ်နဲ့ အလားတူသွားပြီ။

နိဗ္ဗာန်ရေစီးကြောင်းထဲရောက်သွားပြီးတဲ့။

ဒါဟာ ဒိဋ္ဌိကို အသိနဲ့ပြုတ်ထားတဲ့အဆင့် စူဠသောတာပန်အဆင့်ဖြစ်သွားပြီ။

ဒီဖြစ်ပျက်ခြင်းတွေဟာ သူ့သဘောသူဆောင်နေပါလား။

ခန္ဓာရှိတဲ့သူတိုင်း (ခွေးခန္ဓာဖြစ်ဖြစ်၊ နွားခန္ဓာဖြစ်ဖြစ်၊ လူခန္ဓာဖြစ်ဖြစ်၊ နတ်ခန္ဓာပဲဖြစ်ဖြစ်) ဒီဖြစ်ခြင်း ပျက်ခြင်းသဘောမှာ ငါမပါဘူး၊ ငါ့ဥစ္စာမဟုတ်ဘူး၊ ငါ့နဲ့မဆိုင်ဘူးလို့ သေချာသိလာရင် စိတ်နဲ့ငါနဲ့မရောတော့ဘူး၊ ခန္ဓာနဲ့ ငါနဲ့မရောတော့ဘူး။

အဲဒီအခါ ဘာဖြစ်လာသလည်းဆိုတော့ ဒိဋ္ဌိ ၀ီစိကိစ္ဆာတွေကွာပြီး ဘုရားဉာဏ်တွေ ရင်ထဲကိန်းသွားပြီ။

ဖြစ်ခြင်းပျက်ခြင်းသဘောပဲရှိပါလားလို့ ပိုင်ပိုင်နိုင်နိုင်သိသွားရင် ရင်ထဲဘုရားပွင့်ပြီ။

ဒါကြောင့် ကိုယ့်သန္တာန် ဘုရားပွင့်မပွင့် ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသွားပြီ။

ဒါတွေဟာ ဘုရားရှင် တကယ့်တိုက်ရိုက်ဟောချင်ပြီး လူတွေကို အ၀ိဇ္ဇာအမှောက်ထဲက သူလွတ်မြောက်သလို့ လွတ်မြောက်စေဖို့ ဒီတရားတွေကို ဟောချင်လွန်းလို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း နဲ့ ခြောက်နှစ်ကြာအောင် ဆည်းပူး လေ့ကျင့်ပြီးမှ ရလာတဲ့ဉာဏ်တော်တွေပါ။

ဒါန သီလ သမထ သာသနာပမှာ ရှိနေပေမယ့်

ဒီ ၀ိပဿနာဉာဏ်ကိုတော့ ဘုရားရှင်ပွင့်တဲ့ သာသနာတွင်းမှာသာ ရှိလို့

သိပ်တန်ဖိုးရှိလွန်းလို့ ပညာရှိသူတော်ကောင်းများဖြစ်ကြတဲ့

ဆရာတော်ဘုရားများက ၀ိပဿနာလုပ်ကြဖို့

အကြိမ်ကြိမ် တိုက်တွန်းနေကြတာပေါ့။

သောတာပန်တည်ရင် (၇) ဘ၀ပဲ

ဘ၀ဒုက္ခက လွတ်မြောက်ဖို့ကျန်တော့တယ်။

အားမကျကြဘူးလား။

ဘုရားရှင်၏တရားကို နားကြားခွင့်ရသူတို့ဟာ အလွန့်အလွန်ကံကောင်းလှပါသည်တဲ့။

ဘ၀ပြတ်ပြီ၊ ဘာကြောက်စရာလိုသေးလဲ။
ဘာတွေများ မက်မက်မောမော လောကီ ကာမဂုဏ်တွေကို လိုချင်နေသေးလဲ။

ငါ့ဘုရားရဲ့ စကားတစ်လုံးကိုသိသွားရင် စင်္ကြာမင်းစည်းစိမ်နဲ့တောင်မလှဲတော့ဘူးတဲ့။

ဒါမှ မဟုတ်ရင်တော့ အခုလောကမှာ မြင်တွေ့နေရတဲ့ ဒုက္ခတွေ မတရားမူတွေ အဓမ္မတရားတွေ ကိုယ်ဆီရောက်လာပြီး
မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မှာ အကြောက်ဆုံးပဲ။

ဒိဋ္ဌိပြုတ်လို့ တရားအားထုတ်ရင် အကာလိကော

အခါမလင့်အကျိုးပေးတယ်ဆိုတဲ့ တရားဂုဏ်တော်အတိုင်း

ဒီမနက်ထုတ် ညနေရမယ်။ ညနေထုတ် နောက်တစ်နေ့မနက်ရမယ်။
(ကိလေသာသာ ကြားမခိုရင်၊ ခိုလာရင်လည်း ခိုလာတဲ့ ကိလေသာကို ဖြစ်ပျက်ထပ်ရှု။ ဒါဆိုရင်ကိလေသာ ကြားမခိုနိုင်အောင် ကြားမခိုအောင် လုပ်တဲ့နည်းပဲ။)

ဒါမှ မဟုတ် ၇ရက်၊ ရလ၊

၇နှစ် (၇နှစ်ဆိုရင်တောင် အသိဉာဏ်နည်းနည်းလိုနေလို့၊ လမ်းနည်းနည်းမှားနိုင်လို့ဖြစ်နိုင်ပါတယ်။)

မမြန်ဘူးလား။

သောတာပန်လောက်တည်ပြီးမှ ဒေါ်ဝိသာခါလို လူဘ၀မှာ လောကမှာ ပျော်ပျော်ကြီး နေလို့ရပါသေးတယ်။

(အကုသိုလ်တွေ အပြစ်တွေ မရှိလောက်အောင်နည်းပြီ
သူတော်ကောင်းအစစ်ဖြစ်သွားပြီ။ အပါယ်ကျစေနိုင်တဲ့ အပြစ်တွေ မရှိတော့ဘူး။ သူရထားတဲ့ မဂ်က အပြီးတိုင် ပယ်သတ်ပေးပြီးပြီ။)

ဒါကြောင့် ဒီနေ့ကစပြီး တရား အားထုတ်ကြဖို့

ဖြစ်ပျက်မြင်အောင်ကြည့်ဖို့

(အကျင့်ဖြင့် ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာလို့ စွဲထင်တဲ့ ဒိဋ္ဌိအယူမှားကိုဖြုတ်ဖို့)

နိဗ္ဗာန်အကျိုးမျှော်ကိုး၍

ဆရားတော်ဘုရားကြီးများ၏ ကိုယ်စား

ဒီစာဖတ်မိတဲ့ မောင်လေး ညီမလေးများကို 
 
သတိပေးတိုက်တွန်းခွင့်ပေးသနားဖို့

နူးညွတ်စွာတောင်းဆိုပါရစေနော်။

မေတ္တာများစွာဖြင့်

Shared from Ma Myint Sandar (FB)