Thursday, October 6
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ လူသတ်သမားလေးဦး
လူတိုင်း လူတိုင်း လူသတ်သမားလေးဦးနှင့်အတူနေရ၏
ပထဝီ ဆိုတဲ့ လူသတ်သမားသည်လည်း သတ်ဖို့ချောင်းနေ၏
သူလွန်ပြန်လျှင် သူ့လက်တွင်မှခေါင်းစင်း၍ သေရမည်။
သူငုံ့ပြန်လျှင်လည်း သူကသတ်၍ သူ့လက်ချက်ဖြင့်သေပွဲဝင်ရ
အုံးမည်။
နောက် အာဘော ဆိုသော လူသတ်သမားကလည်း သတ်ဖို့
ချောင်းနေပါသေးသည်။ သူလွန်ကဲ့သော ဝမ်းတွေတရဟော
လျော ဆီးတွေကလွန်ပြီး နေလျှင်လည်း သေပွဲဝင်ရအုံးမည်။
သူယုတ်ပြန်လျှင်လည်း သေပွဲနွဲရအုံးမည်။
ဝါယော ဆိုသောလူသတ်ကလည်း မိမိတို့အလစ်ကိုချောင်းနေ
သည်။
တေဇော  ဟုဆိုအပ်သောလူသတ်သမားလည်း အလစ်ကို ချောင်းလျှက်ပင်။ အပူလွန်ပြီး အဖျားဒီဂရီ ၁၀၅  ၁၀၆ ဆိုလျှင်
ဆိုးရိမ်ရသည်။ အပူတွေတဖြေးဖြေး ဆုတ်ယုတ်ပြီး ခြေတွေ
လက်တွေ အေးလာပြီဆိုလျှင် သူ့လက်တွင်ပင် ခေါင်းစင်းပြီး
သေရတော့မည်မလွဲတော့ချေ။
ဤမျှမကသေ မိမိတို့ရထားသည် ခန္ဓာငါးပါးသည်လည်း လူသတ်သမားကြီးပင်ဖြစ်ပါသည်။  မြတ်စွာဘုရားသခင်ကို
""ရာဓ  ဆိုတော့ရဟန်းက အရှင်ဘုရား သေမင်း သေမင်း ဟူသည်   အဘယ်ကိုခေါ်ပါသလဲ ဘုရားဟု လျှောက်ထားရာ""
မြတ်စွာဘုရားသခင်းက ""ရှုပံ ခေါ ရာဓမောရောတိ ဝုစ္စတိ
ဝေဒနာ ခေါ ရာဓ မာရောတိ ဝုစ္စတိ ( ပ ) ဝိညာဏံ ခေါ ရာဓ
မာရောတိ ဝုစ္စတိ"" ဟူ၍ ရုပ်သည်လည်းသေမင်း  ဝေဒနာသည်
လည်းသေမင်း သညာ သခါင်္ရ ဝိညာဏ်  တည်းဟူသော ခန္ဓာငါးပါး သည်လည်း သေမင်းတွေပဲ ဟူ၍ ဘုရားရှင်က
ဟောတော်မှုပါခဲ့သည်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏
ခန္ဓာဉာဏ်ရောက် တရား
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ "ဘုရားရှေ့သွားပြီး မျက်စိလည်မနေကြနဲ့တော့"
ဒကာ ဒကာမတွေက ဆွမ်းတွေ ပန်းတွေ ရေချမ်းတွေနဲ့ ဘုရားရှေ့မှာပြင်ဆင်လှူဒါန်းပြီးတော့ ဆုတောင်းကြတယ်..
သူတို့တွေရဲ့ဆုတောင်းက ဒီကောင်းမှုကြောင့် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တွေ ရရပါလို၏တဲ့..
ဒါဟာမသိလို့ တောင်းနေကြတာပဲ..
ဒါဟာဒုက္ခသစ္စာမှန်းမသိလို့ တောင်းနေကြတာပဲ..
ဒါဟာ ဘုရားရှေ့မှာလာပြီး မျက်စိလည်နေတာပေါ့..
ထုံးစံလိုဖြစ်နေတာ..
သူတို့ဥစ္စာက လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တွေပဲ တောင်းရမယ်လို့ချည်း ထင်နေကြတယ်..
"နိဗ္ဗာန်ချမ်းသာကို ရပါလို၏"လို့ နှုတ်ကဆိုပေမယ့်
သူ့စိတ်ထဲမှာထင်တာက နိဗ္ဗာန်ချမ်းသာဆိုတာ ဘုံနန်းပြသာဒ်တွေနဲ့ အခြွေအရံ အပြည့်အလျှံ မောက်မောက်ဖြိုးဖြိုး အဲ့လိုပဲ ထင်နေကြတယ်..
ဒါကြောင့်ပြောတာပေါ့ ဘုရားရှေ့မှာလာပြီး မျက်စိလည်နေကြတယ်လို့..
ရှိခိုးနေရုံနဲ့ မပြီးသေးဘူး..ကျင့်ရမှာ..
ရှိခိုးတာလည်း ရှိခိုးသလောက်တော့ ကုသိုလ်ရပါတယ်..
သို့သော် လိုရင်းအကျဉ်းချုပ်က ကျင့်ရမှာ..
ကျင့်ရမယ့်အလုပ်က ပဓာန..
နိဗ္ဗာန်သွားဖို့က စရဏဆိုတဲ့ အကျင့်ခြေထောက်လည်း ပါရမှာ..
ပြီးတော့ ဝိဇ္ဇာဆိုတဲ့ဉာဏ်မျက်လုံးအမြင်လည်း ရှိရမှာ..
ဒါဖြင့်ဒီနှစ်ခုဟာ ကိုယ့်သန္တာန်မှာဖြစ်ပေါ်သွားရမှာ..
ကိုယ်ပြည့်စုံအောင် ကျင့်ရမှာ..
အဲ့ဒါ သူများသန္တာန်မှာရှိတာသွားပြီး ရှိခိုးနေရုံနဲ့တော့
ဗုဒ္ဓါနုဿတိကလေးလောက်ပဲ ဖြစ်မယ်..
ကိုယ်တိုင်နိဗ္ဗာန်ရောက်ဖို့တော့ မဖြစ်နိုင်ဘူး..
သောက်ဆေးကိုသောက်မှ ရောဂါပျောက်မှာ..
အပေါ်ယံလိမ်းဆေးလုပ်နေလို့ ပျောက်ပါ့မလား..
အေး..တစ်ချို့လူတွေကတော့ လိမ်းဆေးနဲ့ပဲ သေသွားကုန်ကြတယ်..
                                         (မိုးကုတ်ဆရာတော်ဘုရားကြီး)
Wednesday, October 5
အနှစ်ထမ်းပြီးမှ ပြန်ကြပါ
စုတိ ဒုက္ခသစ္စာ ကို ခံစားပြီး ပဋိသန္ဓေ ဒုက္ခ သစ္စာ ကို ပြန်ရမည့် အရေး
စေ့စေ့ တွေး၍ စိုးရိမ်သင့်လှပါသည်။
သေခြင်းတရားဟုသော ဆင်းရဲကိုခံစားရသောသူသည် နောက်ထပ်တဖန် သေခြင်း
တရားကို ပေးမည့် ပဋိသန္ဓေ နေရခြင်းမှလွတ်အောင် ကြိုးစားရပေမည်။
ဆင်းရဲခြင်းကိုခံစားပြီး နောက်တဖန် ဆင်းရဲခြင်းကို ထပ်မံရအောင် ပြုလုပ်ခြင်းသည်
မိုက်မဲသောအလုပ်ပင်ဖြစ်၏။
လှည်းထမ်းပိုး ပြုလုပ်လိုသူသည် သစ်ပင်၏ အနှစ်ကိုရှာဖွေရယူရန်လိုအပ်လှသည်။
သစ်ပင်၏ အနှစ်ကိုလည်း အနှစ်မှန်းသိမှသာ မိမိလိုရာကိုရယူနိုင်ပေလိမ့်မည်။
ထို့ နည်းတူပင် နိဗ္ဗာန် ကိုအလိုရှိသူသည် မဂ်ဖိုလ် ရမှသာ နိဗ္ဗာန် ၀င်စံ နိုင်ပါလိမ့်မည်။
နိဗ္ဗာန်ကို ရအောင်အားထုတ်ရာ`၌ အနှစ်ရှာသူ အနှစ်ကိုရအောင်ယူသောသူ ကဲ့ သို့ 
ကြိုးစားအားထုတ်မှ သာ နိဗ္ဗာန် ကိုရပေလိမ့်မည်။
ထို့ ကြောင့်……………………
၁။  ။လှူ နိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်ရုံဖြင့် တင်းတိမ်ရောင့်ရဲမနေသင့်ပါ။
လှူ တန်းပေးကမ်းခြင်းတို့ သည် အကိုင်းအခက်အရွက်တို့နှင့် တူကုန်၏ ။
သစ်ပင်၏ အနှစ်မဟုတ်ပေ။လှမ်းထမ်းပို့း ပြုလုပ်ရာ`၌ ခိုင်ခန့်သေချာမည်မဟုတ်။
၂။  ။သီလ ဆောက်တည်ပြီး အကုသိုလ်ပြုလုပ်ခြင်းကိုရှောင်ကြဉ်ရုံဖြင့် တင်းတိမ်
၍ မနေသင့်ပါ။သီလ ဆောက်တည်ခြင်းသည် အပွေးနှင့်တူကုန်၏။ သစ်ပင်၏
အနှစ် မဟုတ်သောကြောင့် လှည်းထမ်းပို့း ပြုလုပ်ရာ`၌ ခိုင်ခန့် မည် မဟုတ်ပေ။
၃။  ။သမာဓိ တည်ကြည်ရုံမျှနှင် တင်းတိမ်၍ မနေသင့်ပါ။သမာဓိတည်ကြည်ရုံသမထ
သည် အကာနှင့်တူကုန်၏။အကာဖြင့်လှည်းထမ်းပိုးပြုလုပ်သူသည် လှည်းအတွက်
အကျိုးမပြီးသည့်အပြင် အကျိုးယုတ်စရာများသာဖြစ်လာပေလိမ့်မည်။
၎။  ။အထင်ပေါက် အမြင်ပေါက် ဒိဗ္ဗစက္ကု အဘိညာဉ် ရရုံဖြင့်  တင်းတိမ် မနေသင့်ပါ။
၎င်း အထင်ပေါက် အမြင်ပေါက် အဘိညာဉ် ရထားသူသည် ကာမဂုဏ် ငါးပါးတို့ ၏
အထင်ပေါက် အမြင်ပေါက် အဘိညာဉ် ရသူသည် အသားနှင့်တူကုန်၏။
အသားသည် လှည်းထမ်းပိုးပြုလုပ်ရာ`၌ အနှစ်ကဲ့သို့  ခိုင်ခန့် မည်မဟုတ် သောကြောင့်
အကျိုးပျက်စီးပေမည်။
ဆိုခဲ့ပြီးသော အကိုင်းအခက်နှင့် တူသော လှူ ဒါန်းပေးကမ်းခြင်း တို့ သည်၎င်း။
အပွေးနှင့်တူသော သီလ ဆောက်တည်ခြင်းတို့ သည်၎င်း။အကာနှင့်တူသောသမာဓိ
ထူထောင်ခြင်းသက်သက်သည်၎င်း။အသားနှင့်တူသော အထင်ပေါက်အမြင်ပေါက်
သမထ ပြီးမြောက်ခြင်းသည်၎င်း။…………ဇာတိ ဇရာ မရဏ  သောက ပရိဒေ၀ ဒုက္ခ
ဒေါမနဿ ဥပါယာသ တည်းဟူသော ဆင်းရဲခြင်းတို့ မှ လွတ်မြောက်ခြင်းမဟုတ်သော
ကြောင့်အကျိုးမပြီး ကိစ္စ မပြီး သေးသဖြင့် တင်းတိမ် ရောင့်ရဲ ၍ မနေသင့်ပါ ။
အခြေခံအားဖြင့် လိုအပ်သည်မှန်သော်လည်း ထိုမျှလောက်ဖြင့် ဆင်းရဲမလွတ်ပါသော
ကြောင့် မတင်းတိမ်ကောင်းပေ။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမှသာလျှင် အနှစ်ကိုရသောသူ အကျိုးရှိသောအလုပ်ဖြင့်
ကိစ္စ ပြီးသောသူ ဖြစ်ပေလိမ့်မည်။
ထို့ ကြောင့် လှူ နိုင်တန်းနိုင် ပေးနိုင်ကမ်းနိုင် တိုက်တာ အဆောက်အဦးတို့ ပိုင်ဆိုင်၍
ကားလေးစီးနေနိုင်ရုံမျှနှင့်လူဖြစ်ကျိုးနပ်ပြီဟူ၍ မနေလိုက်ပါနှင့်။ အကျိုးကိစ္စ မပြီးသေး
သဖြင့်  ဒုက္ခ မှ မငြိမ်းသေးသဖြင့် အေးအေး မနေကြပါနှင့် ဟု မှာလိုက်ချင်ပါသည်။
အကိုင်းအခက်လေး။အပွေးလေး။အကာလေး။အသားလေးမျှ ဖြင့် မတင်းတိမ်ပဲ
အနှစ်ထမ်း၍ ဘ၀ ကူးနိုင်ကြပါစေ။
ကိုးကား။  ။ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အကာကိုပယ်၍ အနှစ်ကိုရှာရန်  တရား
တော် မှ ထုတ်နုတ် ဖေါ်ပြပါသည်။
Saturday, October 1
မမျှော်လင့်ဘဲ သေသွားခဲ့ရင်
သံဝေဂရစရာ ကောင်းလွန်းလှတဲ့ သံသရာခရီးကြမ်းကြီးလို့ မသိသေးသောလူတစ်ချို့က ခဏတာ ပျော်ရွှင်မှုလေးကို တစ်သံသရာ ပျော်ရွှင်မှုကြီးလို့ ထင်နေကြတယ်။
လူတိုင်းလူတိုင်းဟာ မိမိတို့စွမ်းနိုင် သလောက်ကိုကြိုးစားနေကြတာ အဲဒီ
လိုကြိုးစားနေတဲ့သူတွေအထဲမှာမှ
ကိုယ့်ဘဝအတွက် အမှန်တကယ်အနှစ်သာရအစစ်ကို ရှာတွေ့သူက တကယ့်ကိုနည်းနည်းလေးပါ။
အနှစ်သာရစစ်လို့ထင်ပြီး တိုက်နဲ့ ကားနဲ့ ခြံနဲ့ဝင်းနဲ့ ရွှေနဲ့ငွေ နေနိုင်အောင်ဆိုပြီး ဂုဏ်တုဂုဏ်ပြိုင်ကာ ဒေါသ မာန အာဂတ အညှိုးတွေအမျိုးမျိုးနဲ့ ကြိုးပမ်းနေတဲ့သူတွေကလည်း အများကြီးပဲ။ အဲဒီလိုကြိုးပမ်းနေရင်းကနေပြီး မမျှော်လင့်ပဲ သေသွားခဲ့မယ်ဆိုရင် ဘယ်မှာလဲတိုက် ဘယ်မှာလဲကား ဘယ်မှာလဲ ချစ်လှစွာသောသူတို့ ဘယ်သူတွေ ကယ်နိုင်ကြဦးမလဲ။
ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေက ကိုယ့်ဆီလာပြီ ဆိုရင် မကာင်းမှုလုပ်ခဲ့တဲ့ သူကတော့ အပါယ်လေးဘုံကို မောင်ပိုင်စီးပြီးတာ ခံစားပေတော့။
သေသွားလို့ရှိရင် အဲဒီခန္ဓာကိုယ်ကြီးဟာ ကြက်- ငှက်- ဝက်လောက်တောင် တန်ဖိုးမရှိဘူး။
ကြက်- ငှက်- ဝက် ကမှ အသားကို
ရောင်းစားလို့ ရသေးတယ်။
လူသေ ဆိုရင်တော့ အိမ်ပေါ်ကနေ
မြန်မြန်ချဖို့ပဲ ကြိုးစားကြတော့တယ်။ သိပ်ချစ်လှပါတယ်ဆိုတဲ့ သူတွေကလည်း အသုဘ ခန္ဓာကိုယ်ကြီးကိုတော့ ဘယ်သူမှ မနှစ်သက်ကြတော့ဘူး။
တကယ်တော့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးလို့ ဗုဒ္ဓကိုယ်တော်တိုင် ဟောထားခဲ့ပြီးသားပါ။ ကိုယ့်ဘဝမှာ မင်း ကိုသာ အချစ်ဆုံးလို့ ပြောနေသူတွေဟာ လိမ်ပြောနေကြတာလို့ပဲ မှတ်လိုက်ကြပေတော့။
ဒါကြောင့် မသေခင်မှာ လူ့ဘဝရဲ့ အနှစ်သာရ အစစ်ကို ရှာတွေ့အောင် ရှာသွားကြ ပါလို့ ဆန္ဒပြုလိုက်ပါတယ်•••
Monday, September 26
အပေါင်းဆိုရင် ပညတ် ဖြစ်နေမယ်
အရှုခံတရားတွေဆိုတာက ရူပက္ခန္ဓာ၊ဝေဒနာက္ခန္ဓာ၊သညာက္ခန္ဓာ။
သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ၊ လို့ ငါးပါးရှိတယ်။ ဉာဏ်နဲ့ ခွဲဝေပုံ
ရတာပေါ့။
အဲ့ဒီငါးပုံထဲက ကြိုက်ရာတစ်ပုံပုံကိုရွေးပြီး ဉာဏ်နဲ့ရှုရမယ်။
ဉာဏ်နဲ့အစိတ်မွှာပစ်ရမယ်။ဉာဏ်နဲ့မစိတ်နိုင်ရင် အပေါင်း
ဖြစ်နေမယ်။ အပေါင်းဖြစ်နေသေးရင် ပညတ်ဖြစ်နေမယ်။
ပညတ်ကိုမရှုရဘူး။
အဲ့ဒီဉာဏ်နဲ့ အစိတ်စိတ် အမွှာမွှာတွေ့အောင် ရှုနိုင်မှ
ပရမတ်ကိုမြင်လာမယ်။ ပရမတ်ကိုသာ ရှုရမှာ။ ဆိုလိုတာက
ဒီခန္ဓာ ငါးပါးလုံး တစ်ခုမှ တည်မြဲနေကြတာမဟုတ်ဘူး။
အားလုံးတဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်းလွဲနေကြတာပဲ။
အဲ့ဒါတွေကိုမမြင်ကြတော့ အပေါင်းအစုဖြစ်ပြီး ပုဂ္ဂိုလ်
သတ္တ၀ါတွေ ထင်ကုန်၊ လူ နတ် ဗြဟ္မာတွေ ထင်ကုန်၊
ယောက်ျား မိန်းမတွေ ထင်ကုန်ကြတော့တာပေါ့။
အဲ့ဒီတော့ ပညတ်တွေ ဖုံးကုန်ရော။
ပညတ်တွေဖုံးနေပြီး ပညတ်အနေနဲ့မြင်နေသမျှလဲ
တရားမရနိုင်။ဘာလို့လံဆိုတော့ အမှန်အတိုင်း မှ
မမြင်ကြဘဲကိုး။ အဲ့ဒါကြောင့်အမှန်အတိုင်း မြင်ရအောင်
ခန္ဓာတွေကို ဉာဏ်နဲ့ စိတ်မွှာပစ်ပါ။ ဖြစ်-ပျက်တွေမြင်
အောင် ရှုပါလို့ ဆိုလိုတယ်။ အဲ့ဒီလိုခန္ဓာငါးပါးလုံး
ဖြစ်-ပျက်တွေ မျှသာ လို့မြင်လာမှ အမြင်မှန် အမှန်မြင်ပဲ။
ဒီကျမှပဲ ပညတ်တွေကွာကျကုန်မယ်။
ပညတ်တွေကွာကျပြီး ပရမတ်သားသက်သက်ကို မြင်ရမှသာ
တရားထူးရနိုင်မယ်။ အပေါင်းကြီးကိုမြင်နေရင် ပညတ်တွေ
မစင်သေးလို့ တရားထူးမရနိုင်သေး။
ကိုယ့်စရိုက်နဲ့ လိုက်တဲ့ ကမ္မဋ္ဌာန်းရွေး
............။…………….။…………။……….
အဲ့ဒီခန္ဓာငါးပါးကို သတိပဋ္ဌာန်လေးပါးနဲ့ပုံနိုင်တယ်။
ပုံလို့ရှိရင် အခုလိုပုံလိုက်ပါ။
•ရူပက္ခန္ဓာ -ကာယာနုပဿနာ။
•ဝေဒနက္ခန္ဓာ - ဝေဒနာနုပဿနာ။
•သညာနဲ့ သင်္ခါရတို့က- ဓမ္မာနုပဿနာ။
•စိတ်ကလေးတွေက- စိတ္တာနုပဿနာ။
အဲ့ဒီအထဲက ကိုယ်နဲ့ဘယ်ကမ္မဋ္ဌာန်းနဲ့ လိုက်သလဲ ဆိုတာ
ရွေးချယ်ရပါမယ်။ ကိုယ့်စရိုက်နဲ့လိုက်တဲ့ ကမ္မဋ္ဌာန်းကို ရှုမှတ်မှ
တရားတက်လွယ်မယ်။
၁။ဉာဏ်ထိုင်းပြီး လောဘတွေများလျှင် ကာယာနုပဿနာ(ရုပ်ကိုရှုပါ)
၂။ဉာဏ်ထိုင်းပြီး ဒိဋ္ဌိအယူအစွဲများလျှင် စိတ္တာနုပဿနာ(စိတ်ကိုရှုပါ)
၃။ဉာဏ်ထက်ပြီး လောဘတွေများလျှင် ဝေဒနာနုပဿနာ(ဝေဒနာရှုပါ)
၎။ဉာဏ်ထက်ပြီး လောဘတွေ နည်းပါးလျှင် ဓမ္မာနုပဿနာ(ဖြစ်-ပျက်
သစ္စာကိုရှုပါ)
(မိုးကုတ် ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာမှ)
ခန္ဓာဉာဏ်ရောက်ဖြစ်အောင် နာကြ
ဒကာ ဒကာမတွေ တရားနာတဲ့အခါမှာ တရားအဓိပ္ပါယ်ကို
သိနေရုံလောက်မျှနှင့် ကျေနပ်မနေကြနဲ့။
ခု တရားနာနေတဲ့အခိုက်အတံ့မှာပဲ ကိုယ့်ဉာဏ်က ကိုယ့်ခန္ဓာပေါ်မှာ
စိုက်ထားပါ၊ ဒီကဘုန်းကြီးက ပြောတဲ့အတိုင်း ကိုယ့်ဉာဏ်က
ကိုယ့်ခန္ဓာအစဉ်ပေါ်မှာ လျှောက်နေပါစေ။ စာက ဆိုတာက-
“ ဒေသနာ ဉာဏာနုသာရေန ဉာဏံ ပေသေန္တဿ
ဉာဏုတ္တရဿ ဟောတိ-တဲ့။”
ဒေသနာဉာဏာနုသာရေန- ဟောတော်မူတဲ့ ဒေသနာ ဉာဏ်တော်ကို
အစဉ်လျှောက်သဖြင့်၊ ဉာဏံ-မိမိဉာဏ်ကို၊ပေသေန္တဿ-ခန္ဓာထဲသို့
စေလွှတ်သော အဿ-ထိုပုဂ္ဂိုလ်၏၊ ဉာဏံ-ဉာဏ်သည်၊ ဥတ္တရံ-
မြင့်မြတ်ရင့်ကျက် ထက်မြက်လာသည်။ ဟောတိ-ဖြစ်၏။
သူ့အဓိပ္ပါယ်က “ ဒေသနာဉာဏ်ကိုအစဉ်လျှောက်ပြီး ကိုယ့်ဉာဏ်ကို
ကိုယ့်ခန္ဓာထဲ စေလွှတ်လိုက်တဲ့အခါ ဉာဏ်ထူးဉာဏ်မြတ်ကြီး
ဖြစ်သွားလို့တရားထူးရနိုင်တယ်-တဲ့။
ဘုရားလက်ထက်တော်တုန်းက တရားတစ်ပွဲအပြီး-အပြီးမှာ
တရားထူးတွေ ရ - ရကုန်ကြတယ်ဆိုတာ အဲ့လိုဉာဏ်ကို
စေလွှတ်လို့ရကြတာ၊ နာရုံသက်သက်နဲ့ ဘယ်တရားရလိမ့်မလဲ။
ဉာဏ်က ခန္ဓာပေါ်ရောက်လို့ရကြတာ၊ ခန္ဓာပေါ် မရောက်ဘဲနဲ့
ဘယ်တရားရနိုင်လိမ့်မလဲ၊ ခန္ဓာဉာဏ်ရောက်မှဖြစ်မှ တရားရနိုင်မှာပါ။
ဒါကြောင့်  “ နားက တရားကို နာ၊ ဉာဏ်က ခန္ဓာပေါ်လှည့်ထားပါ”။
(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာမှ)
Saturday, September 24
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဒုက္ခ နောက်က မဂ္ဂသစ္စာလိုက်
ဒကာ ဒကာမ တို့…. မဂ် ဆိုတာ သိလုံးကလေးကိုပြောတာ၊
အေး… သိတဲ့အသိလေးကိုပြောတာ။ သိရမှာကတော့
ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာဆိုတာ ဘယ်ဟာတွေလဲဆိုတော့
ခန္ဓာပေါ်တာ ခန္ဓာငါးပါးထဲက တစ်ပါးပါးထင်ထင်ရှားရှား
ပေါ်တာကို ဆိုတာ
ဒါဖြင့် ဒုက္ခသစ္စာဆိုတာ ခွေးကိုက်လို့ နာတာကို ပြောတာမဟုတ်၊
တုတ်နဲ့ရိုက်လို့ နာတာလည်း မဟုတ်၊
ကျောက်ပေါက်လို့ ဝေဒနာရတာကိုဆိုတာလည်း မဟုတ်၊
လက်မှာခြေမှာ ခူနာကြီးတွေပေါက်တာကို ဆိုတာလည်း မဟုတ်၊
အေး  ဒုက္ခသစ္စာဆိုတာ ခန္ဓာပေါ်တာ၊ ခန္ဓာငါးပါးထဲက တစ်ပါးပါးပေါ်တာ။
ဒုက္ခသစ္စာကို ဒကာ ဒကာမတွေက ကျောပေးပြီးမနေလိုက်ကြပါနဲ့။
သိစရာ သူက လာပေးတာကို သိလုံးကလေးနဲ့သိလိုက်ကြစမ်းပါ။
အဲ့လိုသိလိုက်လို့ရှိရင် “အညာသိ= သိသွားပြီ”ဆိုတာလို ဖြစ်သွားမယ်၊
အဲ့ဒါကြောင့် ဒုက္ခသစ္စာ နောက်က မဂ္ဂသစ္စာလိုက်ဖြစ်အောင် လိုက်ကြစမ်းပါ၊
သူက..ဟော..ကြည့်ပါဗျလို့ လာပြောတာကို ကိုယ်က ကြည့်ဖြစ်အောင်
ကြည့်လိုက်ကြစမ်းပါ။
(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)
Friday, September 23
သစ္စာသိပြီးမှ လှုပါ
“သစ္စာတရားဆိုတာ တခြာကို သွားရှာနေရမှာ မဟုတ်ဘူး
ကိုယ့်ခန္ဓာထဲမှာပဲ ရှိတယ်။ ကိုယ့်ဉာဏ်နဲ့ ကိုယ့်ခန္ဓာထဲ ကြည့်စမ်း။
ရုပ်ကြည့်ကြည့်၊ နာမ်ကြည့်ကြည့်၊ ကြိုက်ရာကြည့်။
ခိုင်တာ မြဲတာ တစ်ခုမှ တွေ့မှာမဟုတ်ဘူး။ အမြဲတမ်း ဖြစ်ပျက်
ပြောင်းလဲနေကြတာတွေ့မယ်။ အကုန်လုံး ပေါ်လိုက် ပျောက်လိုက်။
ပေါ်လိုက် ပျောက်လိုက်။
ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက် ပျက်လိုက်တွေ ချည်း တွေ့နေရမှာပဲ။
ပကတိမျက်စိနဲ့တွေ့ရမှာ မဟုတ်ဘူးနော်။ ဉာဏ်မျက်စိနဲ့သာ တွေ့ရမှာ.။
အဲ့ဒါတွေဟာ ဒုက္ခသစ္စာတွေချည်းပဲပေါ့။ ဘယ်မှာမရတော့ဘူးပေါ့။ အကောင်းဆိုလို့
ရမလဲ။
အဲ့ဒါတွေကိုမမြင်ကြလို့ အကောင်းတွေ ထင်ပြီးတော့ အဲ့ဒီရုပ်နာမ်
ဘ၀တွေကို တောင်းနေကြတာ။ တောင်းတော့ ရရော။ ရတော့
ဒုက္ခထဲ ပြန်နစ်ကရော။
အခုလို ဒုက္ခသစ္စာတွေကိုမြင်ထားတော့ အကောင်းတွေ မဟုတ်ဘူး
ဆိုတာ သိရော။ သိတော့ အဲ့ဒီ ဒုက္ခသစ္စာတွေကိုတောင်းဦးမလား။
မတောင်းတော့ဘူး။ မတောင်းတော့  ဘာကိုပြောင်းပြီး
တောင်းသလဲဆိုတော့ အဲ့ဒီ ဒုက္ခသစ္စာတွေမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ
တောင့်တ တော့တယ်။ အဲ့ဒီလိုဖြစ်အောင်လို့ ဦးစွာပထမ ဒုက္ခသစ္စာကို
သိအောင်လုပ်ပါ။ ပြီးမှ လှုပါလို့  ညွှန်ကြား ညွှန်ကြားနေရတာ။
အမှန်မှာ ၀ဋ်ကို မတောင့်တမိအောင် ရှေးဆရာတော်ဘုရားကြီးများ
ပြုပြင်ပေးကြသလို ၀ိဝဋ္ဋ ဒါန ဖြစ်အောင် ညွှန်ကြားတော်မူခြင်းပင်
ဖြစ်၏။ အသစ် အဆန်းထွင်သည် မဟုတ်ချေ။
(မိုးကုတ် ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)
Thursday, September 22
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရာကြီး၏ ဘယ်လောက်ကြာမှ မဂ် ရနိုင်မလဲ
ဗောဓိရာဇကုမာရမင်းသားသည် မြတ်စွာဘုရားကို မေးလျှောက်ဖူး၏။
“အရှင်ဘုရား…မြတ်စွာဘုရားဟူသော နည်းညွန်လမ်းပြ ဆုံးမမည့်သူ
ရသော ရဟန်းသည် ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တဖိုလ်ကို
ရနိုင်ပါမည်လဲ ဘုရား”
“မင်းသား….. ဤ အရေး၌ သင့်ကိုပင် ပြန်၍ မေးရပေဦးမည်၊ သင်သည်
ဆင်စီးချွန်းကိုင် အတတ်ကို တတ်မြောက်ပါ၏လော”
“မှန်ပါ၊ တတ်မြောက်ပါ၏ ဘုရား”
“လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီး ချွန်းကိုင် အတတ်ကို
သင်ယူမည်ဟု လာ၏။ ထိုသူသည်..
၁။ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ။
၂။ကျန်းမာမှု မရှိ၊
၃။ကောက်ကျစ်လိမ်လည်တတ်၏။
၎။ပျင်းလည်း ပျင်း၏။
၅။ဉာဏ်ကလည်း ထိုင်းလှ၏။
ထိုပုဂ္ဂိုလ်အားတတ်မြောက်ကျွမ်းကျင်အောင် သင်ကြားပေးနိုင်မည်လော”
ဟု မေးတော်မူ၏။
“မှန်ပါ.. ဤ အင်္ဂါငါးပါးအနက် တစ်ပါးပါး ချွတ်ယွင်းနေလျှင်ပင်
သင်ဖို့ မလွယ်ပါ။ ငါးပါးလုံးများ ချွတ်ယွင်းနေလျှင်ကား
ဆိုဖွယ်မရှိတော့ပါဘုရား”
“သည်လိုဆိုလျှင် မေးဦးမည်။ လူတစ်ယောက်သည်ကား
၁။ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှု အပြည့်ရှိ၏။
၂။ကျန်းလည်း ကျန်းမာ၏။
၃။စိတ်ထားလည်း ဖြောင့်စင်း၏။
၎။မပျင်းမရိပဲ ကြိုးစားတတ်၏။
၅။ဉာဏ်ရည် ဉာဏ်စ ရှိသူလည်းဖြစ်၏။
ထိုသူမျိုးအားတတ်မြောက်အောင် သင်ကြားပေးနိုင်မည်လော။”
“မှန်ပါ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား အင်္ဂါရပ် အချို့အ၀က်ပြည့်စုံကာ
မျှဖြင့် တတ်မြောက်အောင်သင်ကြားပေးနိုင်ပါ၏။ ငါးပါးလုံးများ
ပြည့်စုံပါမူကား ဆိုဖွယ် မရှိတော့ပြီ ဘုရား။”
“မင်းသား…ထို့အတူပင် တရားအားထုတ်သူ၏ အင်္ဂါရပ်(ပဓာနိယင်္ဂ)
ငါးပါးရှိ၏။ ယင်းတို့ကား-
*၁။ ဘုရားအပေါ် ယုံကြည်သော သဒ္ဓါ့ ရှိရမည်။
၂။ကျန်းမာသူလည်းဖြစ်ရမည်။
၃။စိတ်ထားဖြောင့်မတ်သူလည်းဖြစ်ရမည်။
၎။ဇွဲသန် ကြိုးစားအားထုတ်သူလည်းဖြစ်ရမည်။
၅။ဉာဏ်စွမ်း ဉာဏ်စလည်းရှိရမည်။
ဤ အင်္ဂါ ငါးပါးနှင့်ပြည့်စုံခဲ့သော် မကြာမီပင် တရားထူးရနိုင်၏။
ဟူ၍ မိန့်တော်မူ၏။
(ဆောင်)
ယုံကြည်-ကျန်းမာ၊စိတ်ဖြောင့်စွာနှင့်။
လွန်စွာ အားထုတ်၊ နာမ်နှင့်ရုပ်ကို၊
ဖြစ်ချုပ်ဉာဏ်မြင်  ဤ ငါးအင်၊ အမှန်ပင် မဂ် ရကြောင်း ။ ။
(မိုးကုတ်ဆရာတော်ဘုရားကြီး ၏ တစ်ဘ၀ သာသနာ မှ)
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာနုလောမိက ဉာဏ်
ဒိဋ္ဌိရှိနေလို့ကတော့ ဘယ်ဒိဋ္ဌိရှိရှိ သဿတ-ဥစ္ဆေဒ-သက္ကာယ
တစ်မျိုးမျိုးရှိနေရင် မဂ် မဆိုထားနဲ့။ မဂ်ရှေ့က အနုလောမ ဉာဏ်တောင်
မပေါ်နိုင်ဘူး-တဲ့။
ဤအကြောင်းအရာများကို အဂုင်္တ္တိုရ်ပါဠိတော်မှာ မြတ်စွာဘုရား
ဟောထားပါသည်။
“သော ၀တ ဘိက္ခဝေ ဘိက္ခု ကဉ္စိ သင်္ခါရံ နိစ္စတော
(သုခတော၊ အတ္တတော) သမနုပဿန္တော အနုလောမိကာယ
ခန္တိယာ သမန္နာဂတော ဘ၀ိဿတီတိ နေတံ ဋ္ဌာနံ ၀ိဇ္ဇတိ”
ဘိက္ခဝေ-ရဟန်းတို့၊သောဘိက္ခု-ထိုယောဂီ ရဟန်းသည်၊
ကဉ္စိ သင်္ခါရ- တစ်စုံတစ်ခုသော သင်္ခါရကို၊ နိစ္စတော-
နိစ္စ အားဖြင့်(၀ါ) မြဲတယ်လို့၊(သုခတော-သုခအားဖြင့်၊
အတ္တတော- အတ္တအားဖြင့်) သမနုပဿန္တော-ရှုနေသည်
ရှိသော်(၀ါ)ယူစွဲထားလို့ရှိလျှင်၊
အနုလောမိကာယ ခန္တိယာ-သစ္စာနုလောမိက ဉာဏ်နှင့်၊
သမန္နာဂတော-ပြည့်စုံသည်၊ဘ၀ိဿတိ-ဖြစ်လတ္တံ့၊
ဣတိ- ဤသို့၊ဧတံဋ္ဌာနံ- ဤအကြောင်းသည်၊
န၀ိဇ္ဇတိ- မရှိ။
အဓိပ္ပါယ် အဖြောင့်ကတော့ ဘယ်သင်္ခါရပဲ ဖြစ်ဖြစ်၊
သင်္ခါရ တစ်မျိုးမျိုးကို နိစ္စအားဖြင့်(၀ါ) မြဲတယ်လို့။
သုခရယ်လို့ ၊အတ္တရယ်လို့၊ စွဲယူနေလို့ရှိရင်
သစ္စာနုလောမိက ဉာဏ်တောင် မရနိုင်ဘူး။
နိဗ္ဗာန်ရဖို့ အသာထား၊ သစ္စာသိဖို့ အသာထား၊
သစ္စာနဲ့လျော်တဲ့ဉာဏ်တောင် မပေါ်နိုင်ဘူး-တဲ့၊
ဒါ ဘာကြောင့်လဲ ဆိုရင် ဒိဋ္ဌိ ခံနေလို့၊ အကြောင်းက
ဒါပဲ။
မဂ်ရဲ့ရှေ့က အနုလောမ ဉာဏ်မှ မပေါ်ပဲနဲ့
“သမ္မတ္တနိယာမ .”လို့ခေါ်တဲ့ နောက်ကလာမယ့်
မဂ်ဥာဏ်အစစ်ကြီးကော ပေါ်နိုင်ပါ့မလား။မပေါ်နိုင်ဘူး။
မဂ်စိတ်မှ မပေါ်လာနိုင်ပဲ၊ ဖိုလ်စိတ်ကော ပေါ်လာနိုင်ပါ့မလား။
ဒါဆိုရင် သောတာပန် ဖြစ်မလာနိုင်ဘူးလို့ ဆိုလိုတာပေါ့။
သောတာပန်မှ ဖြစ်မလာဘူးဆိုရင် သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာတွေကော ဖြစ်လာနိုင်ဦးမလား၊
အဲ့ဒါကြောင့် ဒိဋ္ဌိခွာဖို့ ပြောနေရတာ။
ဖွားဖက်တော် အရှင်ဆန္ဒမှာ ဖြစ် - ပျက်တွေ ဖြိုင်ဖြိုင် မြင်ပါလျှက်
တရားသားမတက်နိုင်တာ ဒိဋ္ဌိတွေ ခံနေလို့ဟူ၍
မိုးကုတ် ဆရာတော်ဘုရားကြီးက ကောက်ချက်ချပြသည်။
(မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀ သာသနာ မှ)