Saturday, May 8

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပါရမီဘက် မငဲ့လိုက်ကြပါနဲ့ တရားတော်


 ဒကာ၊ဒကာမတို့ ဖြစ်ပျက်မြင်ရင် တိဟိတ်ပါ၊ဝါးနှစ်လုံးကို မီးထွက်

လောက်တဲ့၊အခြေအနေ ရောက်အောင်ပွတ်မှ မီးထွက်သလို...

နိဗ္ဗာန်ပေါ်လာအောင် ဖြစ်ပျက်အားထုတ်။ဖြစ်ပျက် ချုပ်ပြီး နိဗ္ဗာန်
ပေါ်မှာပဲ။ပါရမီတွေ ဘာတွေလိုမနေနဲ့၊ပါရမီက ပြည့်ပြီးသားကို၊
မပြည့်သေးဘူးထင်ပြီး မကြိုးစားခဲ့သော်၊ပါရမီအညွန့်တုံး၍၊
အပါယ်လေးပါးမှာ စုန့်စုန့်မြုပ်ရပါလိမ့်မယ်၊ဘာမှ နောက်ပြန်
ကြည်မနေနဲ့၊အပြီးလုပ်တော့မယ်လို့သာ၊ဆုံးဖြတ်ချက်ချပါ။
"ဗုဒ္ဓုပ္ပာဒ နဝမဆိုတဲ့ မနုဿတ္တဘာဝ ဒုလ္လဘဖြစ်တဲ့ လူ့ဘဝ"
ကိုလည်း ရမယ်...  ရပ်ပြစ်ရှစ်ပါးလွတ်ပြီး ကံကြီးငါးပါး မထိုင်
ဘူး၊သစ္စာအနုလောမိက ဉာဏ်ရှိ၍ နားကတရာနာ၊ဉာဏ်က
ခန္ဓာနှလုံးသွင်းအားထုတ်မယ်ဆိုရင်၊ဆုကြီးပန် မဟုတ်ဘဲ....
အခု နိဗ္ဗာန်ရ...အခု နိဗ္ဗာန်ယူမယ်ဆိုသူများသည်။ပါရမီစောင့်
ရန်မလိုဘဲ၊ကြိုးကြိုးစားစား အားထုတ်ကြပါလျှင်၊ယခုဘဝ၌ပဲ
မဂ္ဂင်ရနိုင်ပါတယ်။ဘုရားတည်ဟူသော ခေါင်းဆောင်ကောင်း
တစ်ယောက်မပေါ်လာသရွ့ ကာလပတ်လုံး၊လူတွေဟာ မိဘရိုး
ရာနဲ့ ကိုးကွယ်ရချင်ရာ ကိုးကွယ်ပြီး အပါယ်ချည်းသွားကြတာပဲ။

ဘုရားက"ယထာဘူတံ ဉာဏာယသတ္တံပရိယေသိ တဗ္ဗော"ဆိုပြီးဟုတ်တိုင်းမှန်စွာ ဟောတတ်တဲ့ဆရာ
ရှာဖို့(၃၂)ကြိမ်မှာခဲ့တယ်၊ဆရာသမားကောင်းရဲ့နည်းရရင် မဂ်ဟာ လက်ဖျောက်တီးတာကမှ ခက်ပါ
လိမ့်ဦးမယ်။မရမရှိပါဘူး၊ကိုယ်ဉာစွမ်းအလိုက် (၇) ရက်နဲ့ ရတာလည်းရှိတယ်၊ကိလေသာကြားမခိုရင်
မနက်အားထုတ် ညနေရတာလည်းရှိတယ်။
(၃၁) ဘုံမှာ ပုပုရွရွ မြင်သမျှတွေသည် တဏှာစီမံသလို ခံနေကြရတာ၊ဒုက္ခဖြစ်လေသမျှ တဏှာကြောင့်
တစ်ချိန်လုံး မအားနိုင်ပဲ တစ်ပြေးတည်းပြေးနေရတာ၊တဏှာခိုင်းစေမှုကြောင့် ဒုက္ခရောက်နေကြရတာ၊
လောကီကိစ္စဟူသရွေ့ တဏှာခိုင်းတာကို လျှောက်လုပ်နေကြရတာ၊သားသမီး ပစ္စည်းစွဲပြီး၊ပြိတ္တာဖြစ်
ရတာလည်း၊တဏှာကို မဖြတ်နိုင်လို့ သူစီမံသလိုခံရတာ၊နိဗ္ဗာန်ရမယ့် အမှုဟူသရွေ့ ကန့်ကွက်နေတာ
တဏှာ။

အမှုကိစ္စမှန်သမျှ ဉာဏ်ညွန်တုံးဖို့ ပေါ်လာတဲ့၊အဝိဇ္ဇာရဲ့ စွမ်းရည် သတ္တိ၊သစ္စာမသိလို့ လုပ်မိလုပ်ရလုပ်
တော့၊ဖြစ်မိဖြစ်ရာ ဒုက္ခသစ္စာချည်း ဖြစ်လာတာ၊အပါယ်သွားဖို့ လူလားမြောက်လာတာ၊အလောင်းက
သုဿန်၊အကျိုးပေးက အပါယ်။အဝိဇ္ဇာဟာ (၃၁) ဘုံရဲ လူသတ်ဘုရင်ကြီး၊ (၃၁) ဘုံဟာ အဝိဇ္ဇာစီ
စဉ်ထားတဲ့ အလောင်းမြှုပ်ရာ သုဿန်တွေ၊အဝိဇ္ဇာက ဝိဇ္ဇာ၊တဏှာက အလောဘ ဖြစ်မှသာ၊အရိုးက
ဓာတ်တော်ဖြစ်တာ၊တဏှာသေမှ နိဗ္ဗာန်ရမှ၊တဏှာမသေရင် အမြဲငတ်နေရုံပဲ။
ဒါကြောင့်သူက၊"ဒုက္ခေ အညာဏံ"တဲ့။ဒုက္ခေ=ဒုက္ခသစ္စာ၌ ၊ အညာဏံ=မသိခြင်းသည် ၊ အဝိဇ္ဇာ=
အဝိဇ္ဇာပဲ။အဝိဇ္ဇာဆိုတာ လုံးဝမသိတာကိုဆိုတာလား၊သိကောင်းတာ မသိ၊မသိကောင်းတာ သိတယ်
ဆိုတာ ယနေ့ရှင်းပြီလား။ဒီတစ်ခါ ဘုန်းကြီးနဲ့ တွေ့လို့မှ၊မျက်စိနှစ်ကွင်း အလင်းရအောင် မယူဘူးဆို
လို့ရှိရင်...ခင်ဗျားတို့သေလို့ရှိရင် ၊ အကန်းမသာ အရှုကြွတော်မှုကြပါ လို့သာ ဖိတ်ပါတော့၊ အဲဒီ
အဝိဇ္ဇာကို ဘုန်းကြီးက၊ ဝိဇ္ဇာဖြစ်အောင် လုပ်မပေးနိုင်လို့ရှိရင်ဖြင့်..ဘုန်းကြီးကိုလည်း မကိုးကွယ်ကြနဲ့
တော့။ကျေးဇူးရှင်လို့ ဆိုလို့ရပါမလား။
(၃၁) ဘုံးက မီးပုံကြီး ၊ နိဗ္ဗာန်က (၃၁) ဘုံ အပြင်ဘက်မှာ ရှိတယ်၊ နိဗ္ဗာန်ကို ဘယ်အခါမဆို အနီးက
လေးလို့ ဘုရားကဟောတယ်။ (၁) သစ္စာတရားနာပြီး။ (၂) မိမိခန္ဓာမှာ နှလုံးသွင်းမှန်ရင်။ ဘယ်အခါ
မဆို နိဗ္ဗာန်ရောက်နိုင်တယ်၊ နိဗ္ဗာန်ကို ပုထုဇဉ်စိတ်နဲ့ မကြိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ..မစားဘူးဘဲနဲ့..ရမ်းပြီး
မကြိုက်တာ ဖြစ်လေသောကြောင့်၊သူတို့စကားကို အတည်မယူပါနဲ့၊ ကံစီမံတာက (၃၁) ဘုံ။ ဉာဏ်စီ
မံတာက (၃၁) ဘုံ အပြင်ဘက်ပါ ။ ကံစခန်းက ကြာတာ၊ ဉာဏ်စခန်းဆိုတာ ကြာတာမဟုတ်ဘူး။
များများလုပ် မြန်မြန်ခရီးပေါက်တယ်၊ ဒီဥစ္စာ၊ (၁) နာရီအတွင်းလည်း ဖြစ်နိုင်တယ်၊ (၅) မိနစ်အတွင်း
လည်း ဖြစ်နိုင်တယ်၊ မလျှော့နဲ့ ။
                                 "မဂ္ဂင်ဖောင်ဖြင့် ကယ်တင်မည်"
သံသရာရှည်တယ်ဆိုတာ ဒုက္ခရှည်တာ၊ ကိုယ့်ခန္ဓာထဲ ကိုယ့်တဏှာနဲ့ ကိုယ့် ဒိဋ္ဌိပဲရောက်တယ်၊ ကိုယ့်
ဉာဏ်မရောက်ခဲ့လို့။ သံသရာရှည်တယ်ဆိုတာသည် ကိုယ့်ခန္ဓာထဲကို..ကိုယ့်ဉာဏ်မရောက်ခဲ့လို့သာ
မှတ်ပေတော့၊ ခန္ဓာရှိရင် ဒုက္ခရှိတယ်၊ ခန္ဓာမရှိရင် (နိဗ္ဗာန်) သုခရှိတယ်၊ နိဗ္ဗာန် မရသေးသရွေ့ ဒုက္ခရ
မှာပဲ။ ဒုက္ခကို အဝိဇ္ဇာက ဖုံးထားတာ၊ ဒုက္ခထဲ မပျော်ကြပါနဲ့တော့၊ ဒကာ ဒကာမတို့သည်.."သေက္ခ"
ပုဂ္ဂိုလ် ဖြစ်အောင် မကြိုးစားခဲ့လို့ရှိရင်၊ စုတိပြီး ပဋိသန္ဓေ လာလိမ့်မယ်။ ဒါ-ဒကာ ဒကာမတွေ၌
"ဒုက္ခသစ္စာ"နဲ့ ခွဲပြီး၊ တစ်ဖန်"ဒုက္ခသစ္စာ"နဲ့ ပဲပြန်ပေါင်းရတယ်ဆိုရင်၊ လွဲပါ့မလား၊ အဲဒါကြောင့် ခင်ဗျား
တို့ကို ကယ်မယ့်ယူမယ့်ဟာကဖြင့် "မဂ်"ပဲ ။
ခင်ဗျားတို့ဟာ ကျင့်ဆဲ"သေက္ခ"ပုဂ္ဂိုလ်လည်း မဟုတ်၊ကျင့်တဲ့ အဆုံးလည်း မရောက်သေးဘူးဆိုရင်၊
ဘဝချည်းကူးနေရမှာပဲ။ ကိုင်း ဒါဖြင့်..ကျင့်ကြံထားတာက ဘာမှ မရှိတော့၊"သေက္ခ"ပုဂ္ဂိုလ်ကလည်း
မဟုတ်တော့..ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၊ စုတိ ဒုက္ခပြီးတော့၊"ဖျတ်"ဆို ပဋိသန္ဓေက..အမိဝမ်း
ခေါင်း ပြောင်းရတယ်။ ဘဝကူးကောင်းအောင်ဆိုတဲ့ စကားသည်၊အတော်အရုပ်ဆိုးတဲ့စကား၊
ဘဝကူးကြလို့ရှိရင်ဖြင့်..ဒုက္ခ သစ္စာကြီးနဲ့အတူ နေကြရမယ်။
ဒါကြောင့် မြတ်စွာဘုရားက"စတ္တာရော အပါယာ သကဂေဟ သဒိသာ"တဲ့ သတ္တဝါတွေရဲ့ အမြဲနေ
အိမ်ဟာ အပါယ်လေးပါး...လူ့ပြည်လာတာ....အရိပ်လာပြတာတဲ့ ။          ။


                                               ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာဏ်စဉ်သုံးပါး တရားတော်


 ဘယ်မှာရှိသလဲဘုရားလို့ မေးဖို့လိုတယ်၊ သစ္စာဘယ်မှာရှိသတုံးလို့မေးဖို့လိုတော့ ဒကာ ဒကာမတွေ၏

ခန္ဓာသည် သစ္စာပဲလို့မှတ်ပါ၊ သစ္စာမသိသေးရင် ဘာဒါနပြုပြု၊ ဘာသီလ ဆောက်တည်ဆောက်တည် ဘာပဲ

ခင်ဗျားတို့ သမထတွေလုပ်လုပ်၊ သစ္စာမသိသေးသရွေ့ကာလပတ်လုံး ငါတို့အလုပ်သည် နိဗ္ဗာန်မရောက်
သေးဘူးဆိုတာ ဆုံးဖြတ်ချက်ချပါ၊ ခန္ဓာငါးပါးဆိုတော့ ဘယ်နှပုံပါလိမ့် (ငါးပုံပါဘုရား)၊ ဘယ်အပုံ ကြည့်
ကြည့်ဒုက္ခသစ္စာချည်းမှတ်လိုက်၊ ဘယ်အပုံဘာသစ္စာတုံး (ဒုက္ခသစ္စာပါဘုရား)။

        ရူပေက္ခန္ဓာဆိုတဲ့ ဖောက်ပြန်မှုကလေးကိုတစ်ပုံ၊ ပုံကြည့်လိုက်ပြန်တော့လဲ ဒုက္ခသစ္စာ (မှန်ပါ့)၊
ဝေဒနက္ခန္ဓာဆိုတဲ့ ခံစားမှုကလေးကိုတစ်ပုံ၊ ပုံကြည့်လိုက်ပြန်တော့လဲ (ဒုက္ခသစ္စာ)၊ သညက္ခန္ဓာဆိုတဲ့
မှတ်သားမှုကလေးကို တစ်ပုံ၊ ပုံကြည့်လိုက်ပြန်တော့လဲ (ဒုက္ခသစ္စာပါ)၊ သင်္ခါရက္ခန္ဓာဆိုတဲ့ ဒကာ ဒကာမ
တွေ လှူချင်၊ တန်းချင်၊ ပေးချင်၊ ကမ်းချင်သည် စေ့ဆော်မှုစေတနာကလေးကို တစ်ပုံ၊ ပုံကြည့်လိုက်ပြန်
တော့လဲ (ဒုက္ခသစ္စာပါ)၊ ဪ..ဒါဖြင် ဒီငါးပါးတွင် တစ်ပါးပါးကြည့်ရင်ပြီးတာပဲဆိုတာ တရားအစမှာ ဆုံး
ဖြတ်ချက်ချပါ၊ သဘောပါကြလား (ပါဘာတယ်ဘုရား)၊ ဪ..ဒါဖြင့် ခင်ဗျားတို့ တစ်ကိုယ်လုံးထဲမှာ
ဆင်းရဲတာအမှန်သာရှိ၍ ချမ်းသာတာအမှန်မရှိသေးပါဘူး။

        ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်တယ်ဆိုလို့ရှိရင်ကွာတဲ့၊ ဒကာ ဒကာ
မတွေ မင်းမာနေတယ်ကွာ၊ ဆီးဖြူရွက်တစ်ရွက်နဲ့ရေထုပ်လာခဲ့တယ်ဆိုရင်ဖြင့် ယုံးစရာရှိရဲ့လား (မရှိပါဘု
ရား)၊ သစ္စာမသိဘဲနဲ့ ငါနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုရင် ဘယ်တော့မှမယုံနဲ့ သစ္စာမသိဘဲနဲ့ ငါနိဗ္ဗာန်ကိုရောက်
ခဲ့တယ်ဆိုရင် ဆီးဖြူရွက်နဲ့ ရေထုပါလာတယ်လို့ ပြောတာနဲ့ အတူတူပဲ၊ လိမ်လည်မှုတစ်ခုလို့မှတ်ပါ၊
သစ္စာမသိဘဲနဲ့ နိဗ္ဗာန်ရောက်တယ်လို့ဟောတဲ့ ပုဂ္ဂိုလ်က ဟောလို့ရှိရင် လိမ်လည်မှုလို့မှတ်ပါ၊ အဲဒါကြောင့်
သစ္စာသိဖို့အရေးဟာဖြင့် နိဗ္ဗာန်ရောက်ချင်တယ် ဒုက္ခခပ်သိမ်းငြိမ်းချင်တယ်၊ အပူသိမ်းချင်တယ်ဆိုရင် သစ္စာ
သိအောင်လုပ်ဖို့ကို ဘုန်ကြီးများဟောရမယ်၊ သဘောပါကြလား၊ ခင်ဗျားတို့ရထားတဲ့ ဓမ္မစကြာမှာစက္ခုံဥဒ
ပါဒိ စက္ခုံ၊ ဉာဏ်မျက်စိသည်၊ ဥဒပါဒိ၊ နိဗ္ဗာန်နဲ့ ဒုက္ခကိုမြင်ခြင်းဖြစ်ပေါ်လာ၏ဆိုကတည်းက ဒီကျမှ မျက်စိ
နှစ်ကွင်း အလင်းရတဲ့ဥစ္စာ၊ နဂိုကအကန်းပဲ၊ ဘယ်ကလာနိဗ္ဗာန်ရမှာတုံး၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ
မနေ့က သစ္စဉာဏ်ဟောခဲ့တယ်၊ ဟောမှာက ကိစ္စဉာဏ်ဟောရပါလိမ့်မယ်၊ အရေးတကြီးဟောရမှာက
တော့ သစ္စာ၏ကိစ္စကို သိတဲ့ဉာဏ်ကို အရေးတကြီး ဟောလိမ့်မယ်လို့မှတ်ပါ၊ ဒီတရားဘယ်ကလာသတုံး
မေးတဲ့အခါကျတော့မှ ဓမ္မစကြာကလာတယ်လို့မှတ်ပါ၊ ဓမ္မကြာဟာရွတ်ဖို့လား၊ ဒကာ ဒကာမတွေ မြင်
အောင်ကြည့်ဖို့လားဆိုတဲ့ဥစ္စာကို စက္ခုံဥဒပါဒိက ထောက်ခံချက်ပေးလိမ့်မယ်၊ စက္ခုံ ဉာဏ်မျက်စိသည်၊
ဥဒပါဒိ၊ ဖြစ်ပေါ်လာမလို့ကွ ဆိုတော့ ရွတ်ဖို့၊ ဖတ်ဖို့လား ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာသစ္စာကိုမြင်အောင်
ကြည့်ပါလို့ ပြောတာလား (မြင်အောင်ကြည့်ပါလို့ပြောတာပါဘုရား)။

        ဒါဖြင့် ခင်ဗျားတို့က အန္တရယ်ကင်းသုံးနေတယ်၊ ဓမ္မစကြာရွတ်ဟေ့၊ အန္တရာယ်ကင်းသဟဆိုတော့
ခင်ဗျားတို့ကလမ်းလျှောက်ရွတ်၊ ဘုရားရှေ့သွားရွတ်၊ ရွတ်တော့ခင်ဗျားတို့ ကိုယ့်ခန္ဓာကိုယ်ထဲမှာ သစ္စာမြင်
ပါရဲ့လား၊ ကုသိုလ်ရရုံပဲဖြစ်နိုင်တယ်၊ နိဗ္ဗာန်မရဘူး ရှေးဘဝက ဒကာ ဒကာမတွေ အကန်းတွေလားတဲ့၊
မျက်စိနှစ်ကွင်း အလင်းမရတွေလား မေးရင်ဘယ့်နှယ်ဖြေမယ် (အကန်းတွေပါဘုရား)၊ ကန်းမှန်းသိရင်
ဆေးရှာလိမ့်မယ်၊ အဲဒါကြောင့် ကိုယ့်အကန်း ကိုယ်သိလို့ရှိရင်ဖြင့် ဆရာသမားဆီ ဆေးရှာပြီး ဒီဆေးကိုအ
မြဲစားသုံးလို့ရှိရင် ကိစ္စပြီးပါလိမ့်မယ်၊ အဝိဇ္ဇာကိုဒုက္ခသစ္စာ မသိလို့သူ့ကို အဝိဇ္ဇာခေါ်တယ်နော်၊ သမုဒယ
သစ္စာကော သူသိပါရဲ့လား (မသိပါဘုရား)၊ သမုဒယသစ္စာလည်းမသိလို့သူကို (အဝိဇ္ဇာပါ)၊ မဂ္ဂသစ္စာပွား
များရလိမ့်မယ်လို့ ကောသိရဲ့လား (မသိပါဘုရား)၊ မသိသောကြောင့် သူကိုဘာခေါ်မလဲ (အဝိဇ္ဇာပါပဲဘုရား)၊
နိရောဓသစ္စာကို မြင်အောင်ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိရှိပါရဲ့လား (မရှိပါဘုရား)၊ မရှိသောကြောင့် သူ့ကို
ဘာခေါ်မလဲ (အဝိဇ္ဇာပါပဲဘုရား)။

        ဒီတစ်ခါ ဘုန်းကြီးနဲ့တွေလို့မှ မျက်စိနှစ်ကွင်းအလင်းရအောင် မယူဘူးဆိုလို့ရှိရင်ဖြင့်၊ ခင်ဗျားတို့သေ
လို့ရှိရင်ဖြင့်၊ အကန်းမသာကြွတော်မူပါလို့သာ ဖိတ်ပါတော့၊ မွေးတုန်းကကော (အကန်းပါဘုရား)၊ သေတာ့
ကော (အကန်းပါဘုရား)၊ ဘာကြောင့်တုံး (သစ္စာသိမသွားလို့ပါဘုရား)၊ အဝိဇ္ဇာ ဆိုတာ သိကောင်းတာကျ
တော့ (မသိပါဘုရား)၊ သိကောင်းတာက ဘာပါလိမ့် (သစ္စာလေးပါးပါဘုရား)၊ သစ္စာလေးပါး၊ အဲ့ဒါကျတော့
ဘာတဲ့ (မသိပါဘုရား)၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ရောက်ကြောင်းကျတော့ (သိပါတယ်ဘုရား)၊ ဟာ..
ဒုက္ခသစ္စာရမှာကျတော့ သူကသိတယ်ကိုး၊ ဒုက္ခလွတ်မည့်နေရာကျတော့ (မသိပါဘုရား)၊ သိကောင်းတာမ
သိ၊ မသိကောင်းတာသိတာ ဘာပါလိမ့် (အဝိဇ္ဇာပါဘုရား)၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပုထုဇဉ်
ချန်လှပ်ကွာ၊ အရိယာမျက်လုံးနဲ့ကြည့်မယ်ဆိုရင် ဘယ်အချိန်မှ မကျန်းမာဘူးကွလို့ သေသေချာချာဟော
တယ်၊ ငှက်သိ၊ ခွေးသိ၊ တိရစ္ဆာန်သိတာခင်ဗျားတို့က ဒုက္ခသိတာဉာဏ်သိ မပါသေးပါဘူး၊ တိရစ္ဆာန်ဆိုတော့
အဟိတ်ပုဂ္ဂိုလ်၊ ဉာဏ်ပါရဲ့လား (မပါ ပါဘုရား)၊ ဒီတရားကိုဖိနာဦး။

        ခင်ဗျားတို့ကြိုက်နေတာက ပန်းတစ်ပွင့်နဲ့ လူပြည့်၊ နတ်ပြည် အကြိမ်ကြိမ်ခံစား၍ ဘယ်တော့မှမဆုံး
နိုင်တဲ့အခါ နိဗ္ဗာန်ရ ရပါလို၏၊ အဆုံးစွန်သောဘဝဆိုရင်ဘယ်တော့မှဆုံးမှာမဟုတ်ဘဲကိုးဗျ၊ ဆုံးစရာကော
ပါရဲ့လား (မပါပါဘုရား)၊ ဘယ်တော့မှမရ ရပါလို၏ဆိုတာနဲ့ အတူတူတောင်းထားတာ (မှန့်ပါ့)၊ အဲ့ဒါ ဉာဏ်
ပါကြရဲ့လား (မပါ ပါ)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီတရားကို ခင်ဗျားတို့ပေါ်လဲပေါ်ခဲပါတယ်၊ ဒကာ
ဒကာမတွေ နားထဲမှာဆိုပါတော့၊ ဘုန်းကြီးများလက်ထက်မှပဲပေါ်လာတာ၊ စာကတော့ နဂိုကရှိပါတယ်၊
သို့သော်စာရှိကိုပြောတယ်လို့ ဒကာ ဒကာမတွေ မယူကြနဲ့၊ စာရှိဟောနေတာလား ခန္ဓာအရှိကိုဟောတာ
လား (ခန္ဓာအရှိကို ဟောနေတာပါဘုရား)၊ အဲဒါ တရားစစ်မှတ် စာရှိဟောလို့ရှိရင်ဖြင့် မှတ်တမ်းလျှောက်
ဖတ်တာ၊ အဲဒီမှတ်တမ်းတွေ ဖတ်နေလို့ရှိရင်ဖြင့် ခင်ဗျားတို့ခန္ဓာ မရောက်ပါဘူး၊ ရောက်ပါ့မလား၊ အဲဒီတော့
ခန္ဓာအသိနဲ့တဲ့သေသေချာချာဟောမှသာလျှင် ဒကာ ဒကာမတို့ ဉာဏ်ကမိမယ်၊ ခန္ဓာအရှိကို ဉာဏ်နဲ့သိ
အောင်ဟောမှ ပဋိစ္စသမုပ္ပါဒ်ပြတ်မယ်၊ ပြတ်ရင်နိဗ္ဗာန်ပဲ၊ ဘုရားဖြစ်တာသည် ပဋိစ္စသမုပ္ပါဒ် အစကိုသိတယ်၊
နောက်အဆုံးသိတဲ့အချိန်မှာ ဘုရားဖြစ်သွားတယ်၊ အဲဒီတော့ခင်ဗျားတို့က ဝေဒနာနုပဿနာ ဝေဒနာရှုကွ
လို့ ဟောရုံနဲ့ နိဗ္ဗာန်မရောက်ဘူး၊ နိဗ္ဗာန်မရောက်နိုင်ဘူးတဲ့၊ ဝေဒနာကို ဒုက္ခသစ္စာလို့သိမှ ရောက်မယ်၊ ဝေဒ
နာသိလို့မရောက်ဘူး၊ ဖဿကိုလဲ ဖဿလို့သိရုံနဲ့ဆိုရင် နာမပရိစ္ဆေဒဉာဏ်...ဒုက္ခသစ္စာလို့သိမှ သစ္စဉာဏ်
ကိုးဗျ၊ အဖြစ်သိလဲ (ဒုက္ခသိတာပါပဲဘုရား)၊ အပျက်သိလဲ (ဒုက္ခသိတာပါပဲဘုရား)၊ ဒါဖြင့် ဥဒယဗ္ဗဉာဏ်
ဆိုတဲ့ဥစ္စာ သစ္စာသိတဲ့ဉာဏ်၊ ကိစ္စဉာဏ်ပြောမယ် နာရီကလဲနဲနဲပဲကျန်တယ်၊ ကိစ္စဉာဏ်ဆိုတာ ဒကာ
ဒကာမတို့ သောတာပန် တည်လုကာနီးဉာဏ်လို့မှတ်လိုက်စမ်းပါ၊ သာမညနားနဲ့ထောင်ရမှာလား၊ ကြီးကြီး
ကျယ်ကျယ်နားနဲ့ထောင်ရမှာလား၊ တစ်သက်မှာ တစ်ခါတွေ့တဲ့ဉာဏ်ကို ဟောမှာ သဘောကျရဲ့လား
(ကျပါတယ်ဘုရား)၊ တစ်သက်မှာတခါတွေ့တဲ့ဉာဏ်၊ တစ်ခါတွေ့ပြီးလဲနောက်ထပ်အပါယ်ရောက်ဦးမှာလား၊
မရောက်တော့ဘူးလား (မရောက်တော့ပါဘုရား)။

         အဲဒီတော့ ပါရမီအလိုက်တည်လိမ့်မယ်လို့ ရှေးဆရာတော်တွေက ဟောလိမ့်မယ် (မှန်ပါ့)၊ ပါရမီအ
လိုက်နက်ဖြန်ကျတော့ သေတာပန်တည်တဲ့ ပုဂ္ဂိုလ်တည်ကြမှာပဲလို့ ဟောလိမ့်မယ်၊ ဘုန်းကြီးတို့က ဒီလို
မဟောပါဘူး၊ ပါရမီအလိုက်မဖြစ်နိုင်ဘူးဟေ့၊ ဉာဏ်ထက်မြက်တဲ့အလိုက်ကွ သဘောကျပလား၊ ဘာ
ကြောင့်တုံးဆိုတော့ ပါရမီဆိုတာကဘုရားပါရမီလိုတယ်၊ လက်ဝဲရံ၊ လက်ယာရံမှာ (ပါရမီလိုတယ်)၊ အသီ
တိရှစ်ကျိပ်မှာ (ပါရမီလိုတယ်)၊ သာဝကမှာ ပါရမီမလိုပါဘူး (မှန်ပါ)၊ ဆရာကသစ္စာဟောလို့ ခင်ဗျားတို့က
ဒီသစ္စာကို ကိစ္စဉာဏ်နဲ့သိလိုက်ရင် ပြီးတာပဲ၊ အခု နိဗ္ဗာန်ရရင်ယခုယူမည့် ပုဂ္ဂိုလမှာ ပါရမီမလို၊ ယခုယူမည်
လို့ စိတ်ထဲရှိတဲ့ပုဂ္ဂိုလ်မှာ ပါရမီမလိုဘူး၊ ဘာလိုသတုံးမေးဖို့မလိုဘူးလား (လိုပါတယ်)၊ သစ္စာဟောတတ်တဲ့
ဆရာတွေဖို့လိုတယ်၊ ကိုယ်က ဒီသစ္စာအတိုင်းအမှန်နှလုံးသွင်း တတ်ဖို့လိုတယ်၊ ဒီနှစ်ချက်ပြည့်စုံရင်ပြီး
တာပဲ၊ ပေါ်ကြပလား၊ ယခုသစ္စာတရားနာ၍ ယခုသစ္စာတရားကို ဒကာ ဒကာမတွေက နှလုံးသွင်းလို့ရှိရင်
ဖြင့် ယခုဘဝရမယ်၊ တိဟိတ်သာဖြစ်ပေစေရမယ်၊ သဘောပါပလား၊ ဒါဖြင့် ကံကြီးငါးပါးလွတ်နေတဲ့ပုဂ္ဂိုလ်၊
မဂ်ဖိုလ်တားတဲ့ကံမှ သူတို့မှာ မရှိဘဲ (မှန်ပါ့)။ အဲ...ခန္ဓာမှာလဲ ခုမှပေါ်တဲ့ကိစ္စကိုသိရမယ်၊ သေသေချာချာ
မှတ်ပါ၊ ဒီစကားမသေးဘူး၊ ဒါဖြင့် ခန္ဓာထဲမှာ ခုမှပေါ်တဲ့ကိစ္စကိုသိရင် ကိစ္စဉာဏ်၊ ခုမှ ပေါ်ပြီးခုမှပျောက်တာ
သူ့ကိစ္စ သူသိမ်းသွားတာ၊ သူ့ကိစ္စသူမလုပ်ဘူးလား (လုပ်ပါတယ်ဘုရား)၊ ခံလဲခံစားတယ်၊ ဝေဒနာသည်
ခံစားခြင်း ကိစ္စမရှိဘူးလား (ရှိပါတယ်ဘုရား)၊ ခံစားခြင်းကိစ္စကိုနောက်ဆုံးပိတ်ကျတော့ သူမသိမ်းရဘူး
လား (သိမ်းရပါတယ်ဘုရား)၊ ဒါဖြင့် ခံစားခြင်းကိစ္စကိုသိမ်းတဲ့၊ ခံစားတဲ့ကိစ္စကို ဒကာ ဒကာမတို့ သိမ်းတဲ့
ကိစ္စကျအောင် ကြည့်ပေးပါ၊ ဒါဖြင့်ဝေဒနာကိစ္စကို ဒကာ ဒကာမတွေက ဉာဏ်ထဲသိတဲ့အခါကျတော့
ဝေဒနာမှာ ဘာကိစ္စရှိသတုံး။

        စိတ်မှာ ဘာကိစ္စရှိ သတုံးမေးဖို့မလိုဘူးလား (လိုပါတယ်ဘုရား)၊ ဒါဖြင့် သူဟာ၊ ဝေဒနာဟာ အလိုလို
ပျက်သွားတာလား၊ စိတ်ဟာအလိုလိုပျက်သွားတာလား၊ သူယူလာတဲ့အိုမှု၊ နာမှုက နှိပ်စက်တဲ့ကိစ္စကြောင့်
ပျက်ရတာလား (အိုမှု၊ နာမှု နှိပ်စက်တဲ့ ကိစ္စကြောင့်ပျက်ရတာပါ)၊ ဒါဖြင့် ဟေ့ ဝေဒနာမင်းမှာ ဘာကိစ္စရှိ
သတုံး၊ ကျုပ်မှာ နှပ်စက်ခံရခြင်းကိစ္စရှိတယ်၊ မပြောပေဘူးလား၊ ဇရာ၊ မရဏတို့၏ နှိပ်စက်ခြင်းကိစ္စမရှိဘူး
လား (ရှိပါတယ်ဘုရား)၊ စိတ်မှာ ဘာကိစ္စရှိသတုံး (ဇရာ၊ မရဏတို့၏နှိပ်စက်ခြင်း ကိစ္စရှိပါတယ်ဘုရား)၊
ဪ..သူ့နှိပ်စက်ခြင်းကိစ္စကြောင့် သူပျောက်ပျောက်တာပဲ လို့ ခင်ဗျားတို့က ဒီကနေ့ ဉာဏ်ကလေးနဲ့
သိပေးပါ၊ ဒါဖြင့် သူ့မှာက ကိစ္စ၊ သူ့ကိစ္စသိတာကဉာဏ်၊ သူ့မှာက ဘာပါလိမ့် (ကိစ္စပါဘုရား)၊ သူ့သိတာ
(ဉာဏ်ပါ)၊ ကိစ္စနဲ့ဉာဏ်ပေါင်းပါ (ကိစ္စဉာဏ်ပါဘုရား)၊ သူယူလာတဲ့ဇရာ၊ မရဏကြောင့် (သူပျက်စီးရတယ်)၊
သူပျက်စီးတဲ့ ကိစ္စမကြုံရဘူးလား (ကြုံရပါတယ်ဘုရား)၊ အဲဒီလိုသိလို့ ရှိရင်ဖြင့် အဲဒီလိုသိတဲ့ဉာဏ် ဘာ
ဉာဏ်ခေါ်ကြမလဲ (ကိစ္စဉာဏ်ခေါ်ပါတယ်ဘုရား)၊ ရှင်ပလား အစကလေးပဲ ဟောနိုင်တယ်၊ မနေ့ကလဲ
ဒီလောက်ပဲဟောနိုင်တယ်။


                                     ဤကောင်းမှုကုသိုလ်ကံ
                     စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                     ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                      တည်ရှိပါစေသတည်း။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                              ပင်မသံဝေဇနိယဌာန
                                                                                                        အမရပူရမြို့။