Sunday, June 2

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့် ဩဝါဒတရားများ

မိုးကုတ်ဆရာတော် လောင်းလျာသည် မန္တလေးတိုင်၊ ဖြစ်ငယ်မြို့နယ် ဒုဋ္ဌဝတီဖြစ် တစ်ဘက်ကမ်း"ဥယျာဉ်
တော်" ရွာ၌ ကုန်သည်ကြီး ဦးအောင်ထွန်+ဒေါ်ရွှေအိတ် တို့မှ မွေးဖွားသော သားသမီး ၈-ဦးတို့တွင် ပဉ္စမ
မြောက်သားအဖြစ် ၁၂၆၁-ခုနှစ်၊ နတ်တော်လဆန်း (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်သည်၊ ငယ်မည်မှာ
"မောင်လှဘော်"ဖြစ်သည်၊ မောင်နှမသားချင်း ၈-ဦးတို့မှာ ဒေါ်တင်၊ ဒေါ်လုံး၊ ဒေါ်ရွှေပင် (နောက်တွင် သီလ
ရှင်ဝတ်၍ ဒေါ်သုစာရီ ဟုအမည်တွင်သည်)၊ ဦးလှဘော် (မိုးကုတ်ဆရာတော်)၊ ဒေါ်လှရှင်၊ ဒေါ်လှခင်၊
ဦးသောင်တို့ဖြစ်ကြသည်။ အသက် (၄) နှစ်အရွယ်တွင် မိဘများက မောင်လှဘော်ကို ဥယျာဉ်တော်ရွာရှိ
မူလတန်းကျောင်း ဆရာကြီး"ဦးစံရ"ထံတွင် ပညာသင်ရန်အပ်နှံသည်၊ မောင်လှဘော်သည် ဆရာကြီး ဦးစံရ
ကျောင်းတွင် ၄-တန်းအောင်မြင်သည်အထိ ပညာသင်ခဲ့သည်၊ ထိုနောက် အသက် (၉) နှစ်အရွယ်တွင်
ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်း ဆရာတော်"ဦးဇာဂရ"ထံတွင် ရှင်သာမဏေပြုသည်၊ ဘွဲ့အမည်
မှာ"ရှင်ဝိမလ"ဖြစ်၏၊ ရှင်ဝိမလသည် ဆရာတော် ဦးဇာဂရထံမှ ရှင်ကျင့်ဝတ်၊ သဒ္ဒါ၊ သင်္ဂြိုဟ်စသည် လော
ကုတ္တရာ အခြေခံစာပေများကို ကြိုးစားသင်ယူသည်၊ ရှင်ဝိမလသည် ဉာဏ်ထက်သူဖြစ်၍ ငယ်ပင်ငယ်သော်
လည် ဆရာတော် သင်ပေးသည့် စာပေကျမ်းဂန်တို့ကို အလွယ်တကူတတ်မြောက်သည်၊ ရှင်ဝိမလသည်
စာတော်သည်သာမက သီလပေးခြင်း၊ ရေစက်ချခြင်း၊ တရားဟောခြင်းတို့၌လည်း ကျွမ်းကျင်သမူ အလေ့
အလာပြုခဲ့သည်၊ ရှင်ဝိမလသည် သီလစင်ကြယ်စွာနေထိုင်ပြီး ဆရာတော် အားလည်း ဝတ်ကြီး ဝတ်ငယ်မျာ
မလစ်ဟင်းအောင် ပြုစုပေးလေသည်။ ရှင်ဝိမလသည် ထိုဆရာတော်ထံမှာပင် အခြေခံ ပရိယတ္တိ စာပေများ
ကိုကောင်းစွာသင်ယူလေသည်၊ ရှင်ဝိမလသည် အသက် (၁၂) နှစ်အရွယ်တွင် တစ်နေ့သ၌ သင်္ကန်းတန်း
ပေါ်၌ မိမိသင်္ကန်းကိုခေါက်ထားရာ ပျားကောင်တွေပျံသန်းလာပြီး ထိုသင်္ကန်းပေါ်၌ အုံဖွဲ့စွဲကြလေသည်၊ ထို
အခြင်းအရာကို မြင်သောအခါ၊ ဂွေးပင်တောရဆရာတော်က ဤသာမဏေသည်နောင်တွင် ပညာထူးချွန်
ကာ အကျော်အမော် ဆရာတော်တစ်ပါးဖြစ်မည်ဟု အမိန့်ရှိလေသည်၊ နောက် ထိုဆရာတော်အသက်အ
ရွယ် အိုမင်း၍ စာပေကျမ်းဂန်များ မပို့ချနိုင်သောအခါ ရှင်ဝိမလသည် မိဘများနှင့် ဆရာတော်ကို ခွင့်ပန်ကြား
ပြီး၊ အမရပူရမြို့ မင်္ဂလာကျောင်းတိုက်သို့ သွားရောက်၍ တိုက်အုပ် ဆရာတော်"ဦးသုဇာတ"ထံတွင် ပရိယ
တ္တိစာပေကိုဆက်လက် သင်ယူလေသည်၊ ရှင်ဝိမလသည်၊ ပရိယတ္တိစာပေသင်ကြားရတွင် အရွယ်နှင့်မ
လိုက်အောင် တတ်မြောက်လာသည့်အပြင်၊ တရားဓမ္မ ဟောပြောရာ၌လည်း မကြောက်မရွံ့ရဲတင်းစွာ ဟော
ပြောနိုင်စွမ်းရှိပေသည်၊ သီတင်းတိုင်းလိုလိုပင် ရပ်ကွက်ဓမ္မာရုံများ၌ သီလပေး တရားဟော ရေစက်ချလုပ်
ဆောင်လေသည်၊ ထိုအခါ ဆရာတော်က ရှင်ဝိမလအားစာပေပရိယတ် သင်ကြားရေး၌ အနှောင့်အယှက်
ဖြစ်မည်စိုး၍ ထိုတရားပြောခြင်း အလုပ်ကို မပြုလုပ်ရန် တားမြစ်လေသည်။ ထိုအချိန်တွင် မင်္ဂလာတိုက်အနီး
(ယခု သီလရှင်ဆရာကြီးများ နေထိုင်သော ကျောင်းတိုက်နေရာ) ဇရပ်ကြီး၌ ဓမ္မပါရဂူ ပထမကျော် ဆရာကြီး
"ဦးအုန်း"သည် ရဟန်းတော်များအား အဘိဓမ္မာဆိုင်ရာ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းကျမ်းများ
ကို သင်ကြားပို့ချလျက်ရှိသည်၊ ထိုအခါ အစ်မရင်းဖြစ်သူ ဒေါ်သုစာရီက ရှင်ဝိမလကို ဆရာကြီးဦးအုန်းထ့
တွင် အပ်နှံ၍ အဘိဓမ္မာညဝါ စာပေများကို သင်ယူစေလေသည်၊ ရှင်ဝိမလသည် သာမဏေဘဝကပင် အဘိ
ဓမ္မာဆိုင်ရာကျမ်းဂန်များကိုကောင်းစွာ သင်ကြားတတ်မြောက်လေသည်။
"ရဟန်းပြုခြင်း" ရှင်ဝိမလသည် ၁၂၈၁-ခု၊ ဝါဆိုလဆန်း (၈) ရက်နေ့တွင် အသက် (၂ဝ) ခန့်ရှိပြီဖြစ်၍၊
မင်္ဂလာကျောင်း တိုက်အုပ်ဆရာတော် ဦးသုဇာတကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအဖြစ်ကို ခံယူလေသည်၊ ရဟန်း
အဖြစ်ကို ရရှိပြီးနောက် သိမ်မှထွက်၍ မင်္ဂလာတိုက်အတွင်းရှိ မိမိနေထိုင်ရာ မကုဋကျောင်းသို့ပြန်ပြီးချွေးစို
နေသည့် သင်္ကန်းကိုသင်္ကန်းတန်ပေါ်၌တင်လွှာသော်၊ မိနစ်ပိုင်းအတွင်းမှာပင် ပျားကောင်တွေပျံသန်းလာပြီး
ထိုသင်္ကန်း၌ အုံဖွဲ့ကာ ဒုတိယအကြိမ် စွဲပြန်လေသည်၊ ထိုအခြင်းအရာကို မြင်လျှင်င်အောင်ခြင်းရှစ်ပါး ဆရာ
တော်က ဤပျားစွဲခြင်း လက္ခဏာအရ ဤပုဂ္ဂိုလ်သည် ယခုဘဝ၌ပင် တရားထူတရားမြတ် ရရှိနိုင်သောပုဂ္ဂို
လ်မြတ်ဖြစ်လိမ့်မည်ဟု အမိန့်ရှိဖူးလေသည်၊ ဦးဝိမလသည် ထိုမင်္ဂလာတိုက်၌နေလျက် ဆရာကြီးဦးအုန်းထံ
၌ ဆက်လက်၍ အဘိဓမ္မာကျမ်းဂန်များကို အားထုတ်သင်ယူ၍ ကောင်းစွာတတ်မြောက်သောအခါ၊ ဆရာ
ကြီးကသူ့ကို မိမိကိုယ်စား စာသင်သားများအား ရံခါရံခါ အဘိဓမ္မာညဝါစာပေများကို သင်ကြားပို့ချရန် လွှဲ
အပ်စေခိုင်းလေသည်၊ ဦးဝိမလသည် အမရပူရခေါ် တောင်မြို့၌ ပရိယတ္တိသင်ကြားမှုကို အားရတင်းတိမ်
ခြင်းမရှိသေးဘဲ နိကာယ်ငါးရပ်ပိဋကတ်စာပေကျမ်းဂန်များကို ဆက်လက်သင်ကြားလိုသဖြင့် နေ့စဉ်မီးရ
ထားဖြင့် မန္တလေးသို့ သွား၍ကျမ်းတတ်အကျော် ဆရာတော်များဖြစ်ကြသည့် (၁) ခေမာသီဝံဆရာတော်
(၂) ဘုရားကြီးတိုက်ဆရာတော် ဦးခန္တီ (၃) ရွှေရေးဆောင်တိုက် ဆရာတော် အရှင်အဒိစ္စရံသီ တို့ထံ၌ ပရိယ
တ္တိစာပေကို မနားမနေဆက်လက် သင်ယူပြန်လေသည်။
"စာချ ကျမ်းပြုခြင်း" ၁၂၈၆-ခုနှစ် (၅-ဝါအရ) မှစ၍ ဦးဝိမလသည် မင်္ဂလာတိုက်အတွင်းရှိ အသစ်ဆောက်
လုပ်သော"အလယ်ပိဋကတိုက်ကျောင်း"ကြီးတွင် သီတင်းသုံးလျက် မိမိထံ ပညာသင်ရန် ထက်..အောက်
မြန်ပြည်တစ်ခွင်မှကြွရောက်လာကြသော စာသင်သားများစွာတို့အား နှစ်ပေါင်း (၃ဝ) တိုင်တိုင် အဘိဓမ္မာ
ဆိုင်ရာ"မာတိကာ..ဓာတုကထာ..ယမိုက်..ပဋ္ဌာန်း"တည်းဟူသောပင်မကျမ်းကြီး ၃-မျိုးကို တစ်နှစ်လျှင် ၃-
ခေါက်ပို့ချလေသည်၊ ထို့ပြင် ၁၂၈၆-ခုမှစ၍ အစဉ်အမြဲ တရားပွဲများ ကျင်းပကာ ရဟန်းရှင်လူတရားနာပရိ
သတ်တို့အား"ဒါန..သီလ..သမထ"တရားများနှင့် သစ္စာဆိုက် ခန္ဓာဉာဏ်ရောက်တရားများ (နိဗ္ဗာန်ရောက်
ကြောင်းတရားများ) ကို ဟောကြားလေသည်။
"တရား သံဝေဂ ရခြင်း" ထိုသို့ စာချ တရားဟောနေသောအခါ အောင်ခြင်းရှစ်ပါး ဆရာတော်ဦးနာဂဝံသက
ဆရာတော်ဦးဝိမလအား၊ "စာချတာဟာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောတာလဲ ကုသိုလ်ရရုံပဲရှိတယ်၊
မိမိရဟန်းကိစ္စပြီးအောင် အလျင်လုပ်ပါဦး"ဟု ဆုံးမဩဝါဒပေးလေသည်၊ ဆရာတော်ဦးဝိမလသည် ထိုအ
ချိန်မှစ၍ သတိသံဝေဂရပြီး မိမိသီတင်းသုံးရာ တိုက်ကျောင်းကြီးတွင် အချိန်အနည်းငယ်သာ ကျိန်းစက်ပြီး
သန်ခေါင်ကျော်မှစ၍ သဒ္ဓါနှင့်ဝီရိယကို စွဲကိုင်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လေတော့
သည်၊ ဆရာတော်သည် ဓမ္မပဒပါဠိတော်၊ အဂုင်္တ္တိုရ်ပါဠိတော်၊ သံယုတ်ပါဠိတော်များကို ကောင်းစွာပြန်လည်
လေ့လာကြည့်ရှုလျက် (၁) ဉာတပရိညာ...နာမ်ရုပ်ကို ပိုင်းခြား၍ သိမှု၊ (၂) တီရဏပရိညာ..နာမ်ရုပ်တို့၏
အနိစ္စ..ဒုက္ခ..အနတ္တလက္ခဏရေးသုံးပါးကို ပိုင်ခြား၍သိမှု၊ (၃) ပဟာနပရိညာ..သစ္စာလေးပါကို ပိုင်းခြား၍
သိမှု၊ ကိုလေသာတို့ကို ပယ်မှုတည်းဟူသော ပရိညာ ၃-ပါး..ဉာဏ် ၃-ဆင့်သည်သာလျှင်သာဝကအရာဟု
တွေ့ရှိ၍၊ ယင်းတို့ကို  ကိုယ်တိုင်ကျင်ကြံ အားထုတ်ပြီးမှ ထိုတရားများကို ဟောကြားလေသည်၊ ဆရာတော်
သည် ခန္ဓာ ၅-ပါး၊ ရုပ်နာမ်နှစ်ပါးတို့၏ ခဏမစဲ အမြဲမပြတ် ဖြစ်ပျက်နေသည့် ခဏိတမရဏသဘောကိုမပြတ်
နှလုံးသွင်းလေသည်၊ ဆရာတော်သည် မိမိဆောင်ရွက်ရမည့် ကိစ္စအဝဝတို့ကို သူ့အချိန်နှင့်သူ ပိုင်းခြား၍
မလစ်ဟင်းမပျက်ကွက်ရအောင် အချိန်ကိုလေးစားတိကျစွာလုပ်ဆောင်လေ့ရှိသည်၊ အချိန်ပျက်ကွက်မည်
စိုး၍ ပင့်ဖိတ်သည့် အလှူအတန်းများကိုပင် ကိုယ်တိုင်မလိုက်ဘဲ တပည့်များကိုကိုယ်စားလွှတ်လေ့ရှိသည်၊
ဆရာတော် လုပ်ဆောင့်လေ့ရှိသည့်အချိန်ဇယားမှာ ဤသို့ဖြစ်ပါသည်။
(၁) နံနက် ၄-၅ နာရီတွင် ဘုရားဝတ်ပြုပြီး ဝိပဿနာရှုပွားသည်။
(၂) နံနက် ၅-၆ နာရီတွင် ယာဂုစသည် ဘုဉ်းပေး၍အလှူဒကားများအား ဩဝါဒပေးသည်။
(၃) ၆-၇ နာရီတွင် ကျောင်းတိုက် အပြင်ဘက်ထွက်၍ လမ်းလျှောက်သည်။
(၄) ၇-၉ နာရီတွင် တပည့်ဒကားများအား လက်ခံတွေရှိ ဩဝါဒပေးသည်။
(၅) ၉-၁၁ နာရီတွင် ဆွမ်းဘုဉ်းပေး၍ ဒကာများအားတရားဟောပြောသည်။
(၆) ၁၁-၁၂ နာရီတွင် လက်ဖက်ရည်စသည် ဘုဉ်းပေးပြီးရေချိုးသည်။
(၇) နေ့ ၁၂-၁ နာရီတွင် အပန်းဖြေအနားယူရင်း ဝိပဿနာရှုပွားသည်။
(၈) ၁-၄ နာရီတွင် စာသင်သားများအား အဘိဓမ္မာကျမ်းဂန်များ ပို့ချသည်။
(၉) ၄-၅ နာရီတွင် အနားနေ အပန်းဖြေရင်း ဝိပဿနာ ရှုပွားသည်။
(၁ဝ) ၅-၆ နာရီတွင် ဘုရားဇရပ်ကြီး ၂-ခု၌ တစ်လှည့်စီ တရားဟောသည်။
(၁၁) ၆-၇ နာရီတွင် မင်္ဂလာတိုက်အတွင်း၌ စင်္ကြံလျှောက်သည်။
(၁၂) ည ၇-၉ နာရီတွင် အထာက်တပည့်ကြီးများနှင့် နောက်တစ်နေ့ ပို့ချမည့် အဘိဓမ္မာညဝါများကို ကြိုတင်
        ပြင်ဆင်သည်။
(၁၃) ၉-၁ဝ နာရီတွင် တပည့်များ၏ ဝတ်ဖြည့်ခြင်းကိုခံသည်။
                                "မင်းကွန်း...မိုးကုတ်ကျောင်း၌ စာပေပို့ချခြင်း"
မိုးကုတ်မြို့ ဦးဝ၏သမီး သီလရှင်"ဒေါ်ဝိလာသီ"သည် ဆရာကြီးဦးအုန်းထံမှ အဘိဓမ္မာညဝါဆိုင်ရာကျမ်းဂန်
များကိုသင်ယူပြီးနောက်၊ မင်းကွန်း မိုးကုတ်ချောင်သို့ ပြန်၍ တပည့်သီလရှင်များအား စာပေပို့ချလေသည်၊
ထိုသီလရှင်၏ ပင့်လျှောက်ချက်အရ ဆရာတော်သည်၊ ၁၂၈၆-ခု (၅-ဝါအရ) တွင် ထိုမိုးကုတ်ချောင်သို့ ကြွ
ရောက်၍ ဆောင်းရာသီ ၄-လပတ်လုံး စာသင်သားတို့အား စာပေပို့ချ သီတင်သုံးလေသည်၊ ထိုအကြောင်း
ကို ကြားသိ၍ နီးဝေးရပ်ရွာ လေးမျက်နှာမှ စာသင်သားများ လာရောက်၍ တစ်နေ့တခြားများပြားလာပြီး
နေရာမလုံလောက်သဖြင့် မိုးကိုတ်မြို့မှ ဒကာ-ဒကာမများက လာရောက်၍ ကျောင်းဆောက်ကြလေသည်၊
ဤသို့လျှင် သီလရှင်ဆရာမကြီး ဒေါ်ဝိလာသီကို အကြောင်းပြု၍ ဆရာတော်နှင့် မိုးကုတ်မြို့မှ ဒကာ-ဒကာမ
များနှင့် ရင်းနှီးသွားလေသည်၊ ဆရာတော်သည် ဆောင်း ၄-လ စာချပြီးနောက် ကျန်လများတွင် မင်္ဂလာ
တိုက်သို့ ပြန်ကြွ၍ စာပေပို့ချလေသည်။
                                              "ညောင်လေးပင်မြို့သို့ ကြွရောက် တရားဟောခြင်း"
"၁၂၈၁"ခုနှစ်တွင် လယ်တီဆရာတော်သည် ညောင်လေးပင်မြို့ ရွာမရပ်ရှိ ပြည်လုံးချမ်းသာ စေတီတော်၌
ဘုရားပွဲကျင်းပပွဲကနေစဉ် ရောက်ရှိသွားသောအခါ၊ "တစ်နှစ်တစ်ခါ"ငရဲရှာလူ့ရွာဘုရားပွဲ ဆိုတာနဲ့တူနေ
တယ်၊ ဘုရားပွဲမှာ ဇာတ်သဘင်ပွဲမခံကြပါနှင့်၊ တရားပွဲသက်သက်ကိုသာ လုပ်ကြပါ၊ ငါ့ကို ဇာတ်ပွဲတွေလှူ
ကြပါ ဟုဆို၍ အလှူခံရာ၊ ဘုရားလူကြီးများက လှူလိုက်ကြသည်၊ သို့ဖြစ်၍ ၁၂၈၂-ခုနှစ်မှစပြီး ထိုဘုရားပွဲ
တွင် လယ်တီဂိုဏ်းဆိုင်ရာ"သစ်ချတောင် ဦးတိလောက၊ ဦးပဏ္ဍိတ၊ ဦးစန္ဒိာမာ၊ ဦးပဒုမ စသော ဆရာတော်
များကြွရောက်၍ တရားဟောကြလေသည်၊ ၁၂၉၁-ခုနှစ်တွင်ကား စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်
တီစာချ ဓမ္မကထိကဆရာတော်ဦးပဒုမသည် မကျန်းမာ၍ တရားဟောမလိုက်နိုင်သဖြင့်၊ ညောင်လေးပင်မြို့
မှ ဘုရားလူကြီးများအား ဆရာတော်ဦးဝိမလကို စာရေးပေး၍ သွားပင်ခိုင်စေသည်၊ ဆရာတော်ဦးဝိမလ
သည် အကြောင်းမညီညွန်၍ ထိုနှစ်တွင်မကြွဖြစ်ချေ၊ နောက် ၁၂၉၂-ခုနှစ်တွင် ထိုကဲ့သို့ ထပ်မံပင့်သောအခါ
ဆရာတော်ဦးဝိမလသည် တပေါင်းလဆန်း ၆-ရာက်နေ့တွင် ပထမဆုံး ညောင်လေးပင်သို့ ကြွရောက်၍ ၈-
ရက်နေ့မှစပြီး အဘိဓမ္မာတရားများကို ဟောကြားလေသည်၊ ထိုနှစ်မှစ၍ ၉-နှစ်တိုင်တိုင်ပင် ဆရာတော်
သည် တပေါင်းလဆန်း ၈-ရက်နေ့တိုင်း နှစ်စဉ်ကျင်းပမြဲ ထိုဘုရားပွဲသို့ ကြွရောက်၍ အဘိဓမ္မာတရားများကို
ဟောကြားလေသည်၊ ထို့ကြောင့် ဆရာတော်သည် ညောင်လေးပင် မြို့သူမြို့သားများနှင့်လွန်စွာရင်းနှီးခဲ့
လေသည်၊ နောက် ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်၍ ထိုတရားပွဲမကျင်းပနိုင်သဖြင့် ဆရာတော်မကြွဖြစ်တော့ချေ၊
နောက် ၁၃၁၆-ခုနှစ်တွင်မှ တစ်ဖန်ထိုမြို့သို့ကြွ၍ မြို့လူထုကြီးအား တရားဟောလေသည်၊ ၁၃၁၇-ခုနှစ်တွင်
ကားဟောမြဲဌာန ပြည်လုံးချမ်းသာစေတီတော်နှင့် မြို့မမီးသတ်ကွင်းကြီးထဲ၌ ၁၆-ရက်တိုင်တိုင်များပြားလှ
သော ပရိသတ်ကြီးအားအလွန်နက်နဲ့ ခက်ခဲ့လှသော ဝိပဿနာတရားတော်များကို နားလည်သဘောပေါက်
အောင် ဟောပြောလေသည်၊ ဤ ၁၁-ကြိမ်မြောက်ကြွခြင်းကား နောက်ဆုံးကြွခြင်းပေတည်။
                                                  "မိုးကုတ်မြို့သို့ ကြွရောက်ခြင်း"
"၁၂၉၄"ခုနှစ်တွင် မိုးကုတ်မြို့မှ ကျောင်းဒကာကြီးဦးလယ်+ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ ဆရာ
တော်သည် မိုးကုတ်မြို့သို့ ကြွရောက်၍ မိုးကုတ်အရွေ့ရွာကျောင်း၌ သီတင်းသုံးကာ မြို့သူမြို့သားများ
အား တရားဓမ္မ ဟောကြားလေသည်၊ ၁၂၉၅-ခုနှစ်တွင်လည်း ဆရာတော်သည် မိုးကုတ်မြို့သို့ကြွ၍ နတ်မွန်
ကျောင်းတိုက်၌ သီတင်းသုံးလျက် တရားဓမ္မများ ဟောကြားလေသည်၊ ၁၂၉၆-ခုနှစ်မှ ဒုတိယကမ္ဘာစစ်ကြီး
ဖြစ်သည့်အချိန်ထိ မိုးကုတ်မြို့သို့ နှစ်စဉ်ကြွ၍ မိုးကုတ်မြို့သုဿန်ကျောင်းတွင် သီတင်သုံးလျက် တရား
ဓမ္မများကို ဟောကြားလေသည်၊ ထိုသို့ ဟောကြားပြီးနောက် ဝါဆိုချိန်နီးမှ အမရပူရမြို့ မင်္ဂလာတိုက်သို့
ပြန်ကြွ၍ သီတင်းသုံးလေသည်၊ မိုးကုတ်မြို့မှ ဒကာ..ဒကာမတို့သည် ဆရာတော်၏တရားများကို လွန်စွာ
နှစ်သက်ကြသဖြင့် ၁၂၉၇-ခုနှစ်ကစပြီး မင်္ဂလာတိုက်အတွင်း၌ ကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေ
သည်၊ ထိုကျောင်းများကို မိုးကုတ်ကျောင်းဟု ခေါ်တွင်သည်၊ ဆရာတော်သည် ထိုမိုးကုတ် ကျောင်းများ
တွင် ဝါကပ်သီသုံးလျက် စာပေပို့ချခြင်း တရားဟောခြင်းများကို ပြုလေသည်။ ဆရာတော်သည် အမရပူမြို့
မင်းကွန်း မိုးကုတ်ချောင်..ညောင်လေးပင်မြို့နှင့် မိုးကုတ်မြို့များသို့ နှစ်စဉ် လှည့်လည်၍သီတင်းသုံးလျက်
တရားဓမ္မများဟောကြားလေသည်၊ ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်လာသောအခါ၊ မြန်မာနိုင်ငံ၌လည်း
အခြေအနေမှာ တစ်နေ့တခြား ဆိုးဝါးလာလေသည်၊ ထိုအခါ ဆရာတော်သည် စစ်ကို တိမ်းရှောင်သော
အားဖြင့် မင်းကွန်းမိုးကုတ်ချောင်သို့ကြွရောက် သီတင်းသုံးလေသည်၊ တစ်ဖန်စစ်မီးကြီး ပျံ့နှံ့လာသောအခါ
(၁၃ဝ၃-ခုနှစ်မှစ၍ စစ်ကြီးအတွင်း၌) မိုးကုတ်မြို့သို့ ကြွရောက်ကာ သုဿန်ကျောင်း၌သီတင်းသုံးလေသည်
မိုးကုတ်မြို့မှ ၄-မိုင်ခန့် ကွာဝေးသော"ဘော်ဘတန်းရွာ" ဒေါ်ကြီး၏ ကျောင်းသို့ပြောင်းရွေ့သီတင်းသုံးလေ
သည်၊ ထိုရွာကလေးမှာ ပေလေးထောင်ကျော်မြင့်သည့်တောင်ပေါ်တွင်သည်ရှိသည်၊ ထိုတောင်မှာ သဘာဝ
လိုဏ်ဂူများရှိသည်၊ ဆရာတော်သည် ဆွမ်းဘုဉ်းပေးချိန် ရေချိုးချိန်၊ ဒကာများအား တရာဟော ဩဝါဒပေး
ချိန်စသော အချိန်များမှတစ်ပါး သဘာဝ ကျောက်လိုဏ်ဂူ၌သာ သီတင်းသုံး၍ ဝိပဿနာတရား အားထုတ်
နေလေ့ရှိသည်၊ စစ်ကြီးပြီးသည့် နောက်ပိုင်းအထိ ထိုကျောက်လိုဏ်ဂူမှာပင် ဆက်လက် သီတင်းသုံး၍
တရားအားထုတ်လေသည်၊ နောက် ဒကာများ၏ အတန်တန် ပင့်လျှောက်ချက်အရ မိုးကုတ်သုဿန်
ကျောင်းသို့ ပြန်ကြွ၍ လူမျိုးစုံပါဝင်သော တရားနာ ပရိသတ်ကြီးအား တရားဓမ္မဟောကြားလေသည်။ ဆရာ
တော်သည် စစ်ကြီးပြီးဆုံး၍ တိုင်းပြည်အခြေအနေကောင်းလာသောအခါ အမရပူရမြို့သို့ပြန်ကြွ၍ မင်္ဂလာ
တိုက်၌ သီတင်းသုံးလျက်၊ ယခင်အတိုင်း စာပေပို့ချခြင်း တရားဟောခြင်းများကို ပြန်လည် လုပ်ဆောင်လေ
သည်၊ ၁၃၁၆-ခုနှစ်တွင် မိုးကုတ်မြို့ မြို့မရပ်နေ"ဒေါ်အုံ၊ ဒေါ်ဖုံ"တို့ မိသားစုက မိုးကုတ်မြို့ ထင်းရှုးရပ်
ဖောင်တော်ဦးဘုရားအနီး၌ တိုက်ကျောင်း တစ်ကျောင်းကို ဆရာတော်သီတင်းသုံးရန်ဆောက်လုပ်လှူဒါန်း
ပြီး "မိုးကုတ်မြို့ မင်္ဂလာတိုက်"ဟု မှည့်ခေါ်လေသည်၊ ထိုနောက် အခြားသောမိုးကုတ်မြို့သူမြို့သားများက
သိမ်တိုက် ဇရပ်ကြီးများ စင်္ကြံကျောင်းများ ကမ္မဋ္ဌာန်းကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေသည်။
ဆရာတော်သည် ဆင်းရဲ ချမ်းသာမရွေး လူမျိုးမရွး ဘာသာမရွေး တပြေးတသားတည်း သဘောထားလျက်
ဘုရားဟောကျမ်းဂန်များ၌လာသည်အတိုင်း တရားတော်များကိုအပိုအလိုမရှိပြည့်စုံစွာ ဟောကြားလေ့ရှိ
သောကြောင့်၊ မိုးကုတ်မြို့ မင်္ဂလာကျောင်းတိုက်ကြီးဝယ် နေ့စဉ်နေ့တိုင်း များလှစွာသော တရားနာပရိသတ်
ကြီးမှာ ည ၇-နာရီမှ ၈-နာရီ အထိတရားနာကြလေသည်၊ ထိုဓမ္မမိတ်ဆွေများထဲတွင် ပန်ဂျာပီလူမျိုး..ဂူဂျရာ
တီလူမျိုးများလည်း ပါဝင်သည်၊ ထိုသူတို့နားမလည်သော အချက်များကို စကားပြန်တစ်ယောက်ဖြင့် ညနေ
၂-နာရီမှ ၃-နာရီအချိန်တိုင် ဆရာတော်က ရှင်းလင်းဟောပြလေသည်၊ ဆရာတော်သည် ဝါဆိုရန်ရက်နီးကပ်
မှသာ အမရပူရမြို့သို့ ပြန်ကြွလေ့ရှိသည်၊ ဆရာတော်သည် ၁၁-နှစ်တိုင်တိုင် နှစ်စဉ်မပြတ် မိုးကုတ်မြို့သို့
ကြွရောက်သီတင်းသုံးလေ့ ရှိသောကြောင့်၊ "မိုးကုတ်ဆရာတော်"ဟုအများကခေါ် စမှတ်ပြုကြလေသည်၊
ဆရာတော်သည် မိုးကုတ်မြို့၌ နေစဉ်မှာလည်း အမရပူရမြို့၌ နေသကဲ့သို့ပင် နံနက် ၄-နာရီမှစ၍ ည ၁ဝ-နာ
ရီအထိ သူ့အချိန်နှင့်သူ ဝတ်ပြုခြင်း၊ ဝိပဿနာအားထုတ်ခြင်း၊ စင်္ကြံလျှောက်ခြင်း၊ လက်ဖက်ရည်မုန့်ဘုဉ်း
ပေးခြင်း၊ ဆွမ်းစားခြင်း၊ ဒကာများအား ဩဝါဒပေးခြင်း၊ အဘိဓမ္မာကျမ်းဂန်များကို ပို့ချခြင်း၊ တရားပွဲကြီးများ
ကျင်းပဟောကြားခြင်းတို့ကို ပြုလုပ်လျက်၊ လူမျိုးခြားတို့အားလည်း အထူးအချိန်ပေး၍တရားသဘော ရှင်း
လင်းဟောကြားလေသည်။
                            "သီဟိုဠ်၌ မဟာစေတီတော်အတွက် စိန်ဖူးလှူခြင်းကိစ္စ ဆောင်ရွက်ခြင်း"
မိုးကုတ်မြို့သည် ကျောက်မျက်ရတနာများ ပေါကြွယ်ဝသည်နှင့်အမျှ မြို့သူမြို့သားတို့မှာလည်း သဒ္ဓါတရား
ထက်သန်သူများ ဖြစ်ကြပါသည်၊ ထိုအကြောင်းကို ကြားသိရသော သီဟိုဠ်ကျွန်း မဟာစေတီတော် ဂေါပက
လူကြီးများသည် ထိုစေတီတော်အတွက် စိန်ဖူးတော်ဖြစ်မြောက်ရန် မိုးကုတ်ဆရာတော် ဦးဝိမလထံ ချည်း
ကပ်၍ဆောက်ရွက်ရန် ဆုံးဖြတ်ကြလေသည်၊ ထိုအချိန်လောက်မှာပင် ဆရာတော်သည်"သီဟိုဋ်သို့ကောင်း
ကင်ဖြင့်ကြွ၍ မဟာစေတီတော်ကို ဖူးမျော်ကန်တော့ပြီး သန့်ရှင်းပြုပြင်လျက် သာသနာပြုရသည်"ဟု အိပ်
မက်မက်လေသည်၊ ထိုနောက်ဆရာတော်သည် မဟာစေတီတော် ဂေါပကအဖွဲ့မှ ထိုဆုံးဖြတ်ချက်အရ
"စိန်ဖူးတော်ဖြစ်မြောက်ရေးကိုဆောက်ရွက်ပေးရန် ပန်ကြားစာ"ကို ရရှိလေသည်၊ ဆရာတော်သည် ထိုစာ
အရ မိုးကုတ်မြို့ မြို့မျက်နှာဖုံးလူကြီးများနှင့်တိုင်ပင်ပြီး"စိန်ဖူးတော် ဖြစ်မြောက်ရေးကို ဆောင်ရွက်ပေးမည်
အကြောင်း"ကို ဂေါပကလူကြီးများထံစာပြန်လိုက်လေသည်။ ထို့ကြောင့် သီဟိုဠ်မှ ဆရာတော် ဦးဝိနယာလ
င်္ကာရသည် များမကြာမိ မိုးကုတ်မြို့သို့ကြွလာသည်၊ မိုးကုတ်ဆရာတော်၊ ဆရာတော် ဦးကောသလ္လနှင့်တ
ကွ မြို့လူကြီးများဦးဆောက်ပြီး အလှူခံကြရာ စိန်ဖူးတော်အတွက် ကျောက်သံပတ္တမြား ရွှေ ငွေရတနာ များ
စွာကိုအလှူခံရရှိလေသည်၊ ထိုနောက် ဆရာတော်သည် ထိုအလှူခံ အဖွဲ့ဝင် အချို့နှင့် ညောင်လေးပင်မြို့
သို့ကြွပြီး စိန်ဖူးတော်ဖြစ်မြောက်ရေးအတွက် အလှူခံရာ ရွှေ ငွေရတနာများစွာကို ရရှိပြန်လေသည်၊ ထို
နောက် စိန်ဖူးတော်ကိုပြုလုပ်၍ သီဟိုဠ်ဆရာတော် ဦးဝိနယာလင်္ကာရ၊ မိုးကုတ်ဆရာတော်၊ ဆရာတော်
ဦးကောသလ္လ တိုနှင့်၊ မိုးကုတ် အမှုဆောင်အဖွဲ့သားများက စိန်ဖူးတော်ကို မိုးကုတ်မြို့မှ မန္တလေးမြို့သို့၊ ထို
မှတစ်ဆင့်ရန်ကုန်မြို့သို့ပင်ဆောင်၍ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ကိန်းဝပ်စံပယ်ကာ မြို့သူမြို့သားတို့၏
အပူဇော်ကိုခံလေသည်၊ ထိုနောက် ဦးဝိနယာလင်္ကာရနှင့် ဆရာတော် ဦးကောသလ္လတို့ ဦးဆောင်၍ မိုးကုတ်
မြို့မှ အမှုဆောက်လူကြီးတချို့က စိန်ဖူးတော်ကို သီဟိုဠ်သို့ သင်္ဘောဖြင့် ခမ်းနားသိုက်မြိုက်စွာ ပင့်ဆောင်
ပြီး မဟာစေတီတော်၌ စိန်ဖူးတင်ကြလေသည်၊ မိုးကုတ်ဆရာတော်မှာ နောက်မှ သီဟိုဠ်သို့ လေယာဉ်ဖြင့်
ကြွရန် အစီအစဉ်ရှိသော်လည်း၊ အကြောင်းမညီညွတ်၍မကြွဖြစ်ခဲ့ချေ။
                                 "ဗိုလ်တထောင် စေတီတော်အတွက် စိန်ဖူးတင်ရန် ဆောင်ရွက်ခြင်း"
ထိုနောက် မိုးကုတ်ဆရာတော်သည် ၁၃ဝ၇-ခု ၁၉၄၅-ခုနှစ်တွင် ရန်ကုန်မြို့ ဗိုလ်တထောင် စေတီတော်အ
တွက် စိန်ဖူးတော်ဖြစ်မြောက်ရန် မိုးကုတ်မြို့မှ ဒကာ ဒကာမများ၏ အကူအညီဖြင့် ဆောင်ရွက်လေသည်၊
အဖိုးတန် ရတနာတို့ဖြင့်စီခြယ်ထားသော စိန်ဖူးတော်ကို မိုးကုတ်မြို့မှ မန္တလေးမြို့သို့၊ ထိုမှ အမရပူရမြို့
မင်္ဂလာကျောင်းတိုက်သို့ ခမ်းနားစွာဖြင့်ပင့်ဆောင်၍ အများပြည်သူတို့ ပူဇော်နှိင်ရန်ထားသည်။ ထိုနောက်
မန္တလေးမြို့မှတစ်ဆင့် လေယာဉ်ပျံစင်လုံးငှား၍ ရန်ကုန်သို့ ပင့်ဆောင်ရာ ဗိုလ်တထောင် ဂေါပကလူကြီးများ
က ခမ်းနားသိုက်မြိုက့်စွာ ကြိုဆို၍ ဗိုလ်တထောင်စေတီတော်သို့ပင့်ဆောင်ပြီး စိန်ဖူးတော်တင်ကြလေသည်။
                                  "မန္တလေးမြို့၌ တရားပွဲကျင်းပ ဟောကြားခြင်း"
ဆရာတော်သည် ၁၃၁၆-ခုနှစ်တွင် သက်တော် ၅၅-နှစ်ရှိလာသော်၊ ပရိယတ္တိစာပေ ပို့ချမှုကို မပြုတော့ဘဲ
နေ့စဉ်အချိန်မှန်မှန် နေ့တရား၊ ညတရားများကို တရားနာပရိသတ်တို့အား"ခန္ဓာအရှိ ဉာဏ်အသိ"နှင့် ကိုက်
ညီအောင် ဟောကြားလေသည်။ ဆရာတော်သည် ထိုနှစ်၌ပင် မကျန်းမမာဖြစ်လာ၍ တရားဟောမှုကို
ခေတ္တရပ်ဆိုင်းထားရသည်။ မန္တလေးမြို့မှ အထူးကု ဆရာဝန်းကြီးများနှင့် ကြပ်မတ်ကုသ၍ မကြာမီပင်
ကျန်းမာလာလေသည်။ ၁၃၁၇-ခုနှစ်တွင် ဆရာတော်သည် မန္တလေးမြို့၌ ပထမဦးဆုံး တရားဟောလေ
သည်၊ ထိုနောက် မန္တလေးမြို့မှ ဒကာများ၏ တောင်းပန်ချက်အရဆရာတော်သည် မန္တလေးမြို့သို့ နှစ်စဉ်
ကြွ၍နတ်တော်လမှ တပေါင်းလအထိ တရားပွဲကြီးများကို ကျင်းပကာ ညစဉ် ၇-နာရီမှ ၈-နာရီအထိ ဟော
ကြားလေသည်။ ဆရာတော်သည် ဘုရားဟောကျမ်း များလာသည့်အတိုင်း လေးနက်လှသည့် တရားအဓိ
ပ္ပာယ်တို့ကို ဥပမာ ဥပမေယျတို့ဖြင့် ပေါ်လွင် ထင်ရှားအောင် ဟောစွမ်းနိုင်သဖြင့် တရားနာမရိသတ်ကြီးမှာ
တစ်ညထက် တစ်ညပို၍ များပြားလာလေသည်။
                                     "မင်္ဂလာမဂ္ဂင်ရိပ်သာ ဖြစ်ပေါ်လာခြင်း"
မိုးကုတ်ဆရာတော်၏ စာပေကျမ်းဂန်ပိုချမှု၊ တရားဓမ္မဟောပြမှုတို့ကြောင့် စာသင်သား ရဟန်းသံဃာတို့
များပြားလာ၍ ဒကာ..ဒကာမတို့က ကျောင်းများဆောက်လုပ်လှူဒါန်းကြလေရာ၊ မင်္ဂလာကျောင်းတိုက်ဝင်း
အတွင်းဝယ် ကျောင်းများပြည့်ကျပ်လျက်ရှိပေသည်။ ထို့ပြင် တရားအားထုတ်လိုသူ သီလရှင်နှင့် လူပုဂ္ဂိုလ်
တရားနာပရိသတ်များ တိုးတက်များပြားလာသဖြင့် ဆရာတော်၏ ဆန္ဒအရ မင်္ဂလာတိုက်အနီးတွင် မြေရာ
သစ်ကို ရှာဖွေ၍ အုတ်တံတိုင်းခတ်လျက် ဒကာ..ဒကာမတို့က"၁၃၁၆"ခုနှစ်တွင်"မင်္ဂလာ မဂ္ဂင်ရိပ်သာ"ဟု
ခေါ်တွင်သော ရိပ်သာကို တည်ထောင်၍ ကမ္မဋ္ဌာန်းကျောင်းများကို ဆောက်လုပ်လှူဒါန်းကြလေသည်။
မဂ္ဂင်ရိပ်သာအတွင်း၌လည်း အဆောက်အအုံတွေ တိုးတက်များပြားလာသလောက် နီးဝေ ရပ်ရွာ မြို့တကာ
မှ တရားအားထုတ်လိုသူ ယောဂီတွေအထူး များပြားလာလေတော့သည်။ ၁၃၂ဝ-ခုနှစ်တွင် ဟင်္သာတမြို့မှ
စက်ပိုင်များဖြစ်ကြသည့် ဦးမာဒင်နှင့် ဟင်္သာတ ဦးမြတို့သည် တရားအားထုတ်ရန်ရောက်လာကြသည်။
ဆရာတော်ကလည်း ၎င်းတို့ကိုအကြောင်းပြု၍ ရိပ်သာကျောင်းပေါ်၌ နေ့ ၁-နာရီမှ ၂-နာရီ အထိတရားဓမ္မ
အထူးဟောကြားလေသည်။ ဦးမာဒင်တို့သည် တရားလည်းနာ၊ အားလည်း ထုတ်၊ အသံဖမ်း စက်များနှင့်
လည်း ဆရာတော်၏ တရားများကို ဖမ်းယူကြလေသည်။ နောက်ပိုင်းတွင် ရန်ကုန်မြို့မှ လူချမ်းသာ ဂုဏ်
သရေရှိ ပုဂ္ဂိုလ်များဖြစ်သည့် ဦးသံဒိုင်၊ ဦးထွန်းရင်၊ ကျားပျံဦးသန်းမောင်၊ သခင် ဝတင်၊ ဝန်ကြီးဟောင်းများ
ဖြစ်ကြသည် ဦးတင်နှင့် ဦးအောင်ဇံဝေ-စသည် ပုဂ္ဂိုလ်ကြီးများနှင့် ရဟန်းသံဃာများပါ မပြတ်ရောက်လာကြ
သဖြင့် နေံအထူးတရားပွဲကို အမြဲတမ်း တရားပွဲအဖြစ် အချိန်သတ်မှတ်၍ ဟောကြားလေသည်။
"လေငန်းရောဂါစွဲကပ်ခြင်း"ဆရာတော်သည် ၁၃၂၂-ခု တပို့တွဲလဆန်း ၁၄-ရက်နေ့တွင် မန္တမြို့ ရွှေလှန်ရပ်ရှိ
စခမ်းသာ ပွဲရုံပိုင်ရုင် ဦးချစ်ဆွေ+ဒေါ်မမ တို့၏ ယာယီစံကျောင်းသို့ကြွရောက်သီတင်းသုံးပြီး တပို့တွဲလပြည့်
နေ့မှစ၍ ညစဉ် ၇-နာရီမှ ၈-နာရီအထိ ပရိသတ် ငါးထောင်ကျော်မျှရှိသော မန္တလေးမြို့သူမြို့သားတို့အား
တရားဓမ္မဟောကြားလေသည်။ ထိုနှစ် တန်ခူးလဆုပ် ၂-ရက်နေ့တွင် ဆရာတော်သည် အအေးပတ်၍
ရုတ်တရက် လေငန်းရောဂါစွဲကပ်ဖိစီးသဖြင့် တရားကို ဆက်လက်မဟောနိုင်တော့ဘဲ ရုပ်သိမ်းလိုက်ရသည်
ဒကာ..ဒကာမများက ဒေါက်တာဆိုနီကိုလည်းကောင်း၊ မြန်မာလက်နှိပ်သည် ဆရာကြီး ဦးထူးကိုလည်း
ကောင်း ပင့်၍ ဆရာတော်ကို အထူးဂရုစိုက်ကုသကြလေသည်။ ထိုသို့ဂရုစိုက်ကုသကြသဖြင့် ဆရာတော်၏
ရောဂါမှာ တစ်နေ့တခြား သက်သာလာလေသည်။ ရောဂါမှာ သက်သာခါစဖြစ်၍ ဆရာဝန်ကြီးများက တရား
မဟောရန် တောင်းပန်ကြသော်လည်း၊ ဆရာတော်သည် မိမိခန္ဓာကိုယ်ကို မငဲ့ညှာဘဲ နေ့စဉ်ပင် တရားဓမ္မ
များကို ဆက်လက် ဟောကြားလေသည်။
                                           "အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခြင်း"
၁၃၂၄-ခုနှစ် ဝါဆိုလဆန်း ၅-ရက် (၆-၇-၆၂) နေ့တွင် ရန်ကုန်မြို့တွင်"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့တံဆိပ်ဆက်
ကပ်ခြင်းကို လက်ခံရန်အတွက် ဆရာတော်သည် မန္တလေးမှ ရန်ကုန်သို့ သီးသန့် အထူးမီးရထားတွဲလုံးဖြင့်
ဒကာ..ဒကာမအရင်းအချာများနှင့်တကွ ကြွလေသည်။ မီးရထားဆိုက်ရာမြို့များမှ ပရိသတ်များလာရောက်
၍ ဆရာတော်အားဖူးမြော် ကြသည်။ ညောင်လေးပင်မြို့နှင့် ပဲခူးမြို့၌ကား လာရောက်ဖူးကြသည့် ပရိသတ်
ကြီးမှာ ဘူတာအတွင်း ပြည့်လျှံသွားလေသည်။ ရန်ကုန်ဘူတာကြီး ရောက်သောအခါ"ဦးသံဒိုင်၊ ဦးမာဒင်၊
ဦးတင်၊ ဦးအောင်ဇံဝေ"တို့ ဦးဆောက်လျက် လူထု ပရိသတ်ကြီးက လာရောက်ဖူးမြော်ကြိုဆိုကြသည်။
ဆရာတော်သည် ဦးသံဒိုင်၏ ယာယီစံကျောင်း၌ သီတင်းသုံးလျက် ရောက်သည်နေ့မှစ၍ ညစဉ် ၆-နာရီမှ
၇-နာရီအထိ တရားနာ ပရိသတ်ကြီးအား တရားဓမ္မဟောကြားလေသည်။ ဒကာရင်များအား နေ့အထူးတရား
များဟောကြား၍ မေးမြန်းသည့် မေးခွန်းများကို စိတ်ရှည်ရှည်ဖြင့် ဖြေကြားရှင်းပြလေသည်။ ဆရာတော်
သည် ဝါဆိုလဆန်း ၇-ရက် (၈-၇-၆၂) တနင်္ဂနွေ နေ့တွင် နိုင်ငံတော်အစိုးရ သာသနာရေးဌာနမှ ဆက်ကပ်
သော"အဂ္ဂမဟာပဏ္ဍိတ"ဘွဲ့ဆိပ်ကို အလှူခံ၍ လဆန်း ၁၄-ရက်နေ့တွင် ရန်ကုန်မှ အမရပူရမြို့သို့ ပြန်ကြွ
လေသည်။
                                               "ဆရာတော်၏ နောက်ဆုံးသုံးလ"
ဆရာတော်သည် ၁၃၂၄-ခုနှစ်၊ ရန်ကုန်မှ ပြန်ရောက်၍ မင်္ဂလာကျောင်းတိုက်၌ နောက်ဆုံးဝါကပ်လေသည်။
ဆရာတော်သည် မိမိခန္ဓာကိုယ်ကို မငဲ့ညှာဘဲ ဒကာ..ဒကာမအပေါင်းအား တရားဟောခြင်း၊ တရားစစ်ခြင်း
များကို အချိန်ပြည့်ပြုလုပ်လေသည်၊ ဆရာတော်မှာ ယခင်က သွေးတိုးနှင့် ဆီးချိုရောဂါ ရှိခဲ့ဘူးရာ၊ ဆရာ
တော်အား အစဉ်ကုသခဲ့သော ဆရာဝန်ကြီးများက ဆရာတော်၏ ကျန်းမာရေးကို ၇-ရက်တစ်ကြိမ်ခန့် လာ
ရောက်စမ်းသပ်ကြလေသည်။ ဆရာတော်သည် လေစိမ်းတိုက်လျှင် အခိုးငုပ်သဖြင့်"မိုးကုတ်အခိုးပွင့်ဆေး"
ကို အမြဲမှီဝဲလေသည်။ သီတင်းကျွတ်လပြည့်ကျော် ၃-ရက်နှင့် ၄-ရက်နေ့များတွင် မိုးကုတ်မြို့မှ ဦးချစ်လှ၊
ဒေါ်သောင်းတို့ကလာရောက်၍ သားရှင်ပြုနှင့် ကထိန်ခင်းရန်ပြင်ဆင်ကြလေသည်။ ဆရာတော်သည် ၃-
ရက်နေ့တွင် ထိုရှင်ပြုပွဲ၌ ရှင်သမဏေလောင်းအား ကိုယ်တိုင် ရှင်သမဏေပြုပေးပြီး၊ ကထိန်အတွက် အကြို
ရေစက်ချ တရားဟောလေရာ၊ ပန်ကာလေမိ၍ အခိုးငုပ်သွားသဖြင့် အခိုးပွင့်ဆေးကို ဘုဉ်းပေးလေသည်။
ဆရာတော်သည် မကျန်းမမာ ဖြစ်သော်လည်း ထိုနေ့ညတရားပွဲကို ဟောဖြစ်အောင် ဟောလိုက်သေးသည်
ထိုတရားကား နောက်ဆုံးတရားဖြစ်၏။
နောက်တစ်နေ့ (၄-ရက်) ဗုဒ္ဓဟူးနေ့တွင် ရိပ်သာအတွင်းရှိ ဓမ္မာရုံ၌ ကထိန်သင်္ကန်း ကပ်လှူပွဲကျင်းပမည်ဖြစ်
၏၊ ထိုနေ့ နံနက် ၆-နာရီတွင် သံဃာတော် ၂ဝဝ-ကျော်တို့အား မင်္ဂလာတိုက်အတွင်းရှိ မိုးကုတ်တိုက်ကျောင်း
ကြီး၌ ဆွမ်းကပ်၍ ဓမ္မာရုံ၌လည်း သီလရှင်များနှင့် ဧည့်ပရိသတ်အား ဧည့်ခံကျွေးမွေးလေသည်၊ သံဃာ
တော်များ ဆွမ်းဘုဉ်းပေးပြီးသော်၊ မိုးကုတ်ဆရာတော်သည် မထေရ်ကြီးများအား လှူဖွယ်ပစ္စည်းများကို
ဆက်ကပ်လှူဒါန်းပြီး ပြန်အကြွတွင်လည်း ကျောင်းပေါ်မှ ကားများဆီသို့ အရောက် လိုက်ပို့နှုတ်ဆက်လေ
သည်။ ထိုနောက် ဆရာတော်သည် ဦးလှဘူးကိုခေါ်၍ မင်္ဂလာရိပ်သာကျောင်းတိုက်သို့ ကြွသွားလေသည်။
ဆရာတော်သည် သံဃာတော်များအား ဆွမ်းကပ်စဉ်က ဟင်းနံ့တွေနံ့သဖြင့် ဆွမ်းဘုဉ်းမပေးဘဲကော်ဖီမျှ
သာဘုဉ်းပေးလေသည်။ ဆရာတော်သည် ပက်လက် ကုလားထိုင်ပေါ်တွင် သီတင်းသုံးလျက် ရပ်ဝေးမှ
တရားအားထုတ်လာကြသည့် ပုဂ္ဂိုလ်များအား တရားဓမ္မ ဟောပြလေသည်။
"ရောဂါဖိစီးလာခြင်း" ဆရာတော်သည် မနေ့က ရှင်ပြုရေစက်ချပွဲမှာ ပန်ကာလေမိ၍ အခိုးငုပ်သွားခဲ့သဖြင့်
၁၁-နာရီလောက်တွင် ဆရာတော်အားကုသနေကျ မန္တလေးမြို့မှ ဒေါက်တာ ဆိုနီကို သွားပင့်ကြလေသည်၊
၁၁-နာရီ ခွဲလောက်တွင် ဆရာတော်သည် တပည့်သံဃာ ၃-ပါးနှင့် အတူလက်ဖက်ရေနှင့် စွပ်ပြုတ်ကို ဘုဉ်း
ပေးပြီး အနီးရှိယောဂီများအား ဆုံးမဩဝါဒစကားပြောကြားနေစဉ်ရုတ်တရက် ဝေဒနာပြင်းထန်စွာ ဝင်
ရောက်ဖိစီးလာလေသည်။ ၁၂-နာရီလောက်တွင် ဒေါက်တာ ဆိုနီ ရောက်ရှိလာပြီး ဆရာတော်၏ ရောဂါဝေ
ဒနာကို အစွမ်းကုန် ကုသကြလေသည်၊ နောက် ဒေါက်တာ ဆိုနိ ကပင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆရာ
ဝန်ကြီး စောမြအောင်ကို ထပ်မံ အပင်ခိုင်း၍ ရောက်လာသော် ၂-ဦးသား တိုင်ပင် ညှိနှိုင်းပြီး ကုသကြလေ
သည်။ ထိုအခါ ဆရာတော်က အနီးရှိ ဝတ်ပြုနေကြသော ဒကာ..ဒကာမများအား"ခန္ဓာရတဲ့သူတိုင်း ခံစားရ
တဲ့ ဝေဒနာကို ကြည့်ထားကြ"ဟု ဆုံးမဩဝါဒပေးလေသည်။
"ပျံလွန်တော်မူခြင်း" ထိုနောက် မင်္ဂလာကျောင်းတိုက်၌ ပြုလုပ်နေသည့် ကထိန်သင်္ကန်းကပ်လှူပွဲကြီး၌ နေ့
၁-နာရီတွင် တရားဟောရန် ကြွမည်ပြုသော်၊ ဒကားများက တရားဟောရန်မသင့်ကြောင်း လျှောက်ထားကြ
သဖြင့် အနီးရှိ ဦးပဏ္ဍိတအား မင်းငါ့ကိုယ်စား ဓမ္မာရုံသို့ သွား၍တရားဟောချေ၊ ရှော်တော်တော်မလုပ်နဲ့ဟု
စေခိုင်းပြီး၊ ဦးကုဏ္ဍလကိုလည်း မင်းကတော့ သွားပြီးရေစက်ချချေဟု စေခိုင်းလေသည်။ ထိုနောက် ဆရာ
ဝန်ကြီးများဘက်သို့ လှည့်၍"နောက်ထပ် ဆေးထိုးရန်ရှိသေးရင် မြန်မြန်ထိုးကြ၊ အချိန် မရှိတော့ဘူး၊ မင်းတို့
ဆေးကလဲ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"ဟု အမိန်ရှိလေသည်။ နောက် ဦးချစ်ဆွေ-ဒေါ်ဒေါ်မ (မန္တလေး) တို့
ရောက်ရှိလာရာ၊ ဆရာတော်က မောင်ချစ်ဆွေ၊ ဒီတစ်ခါတော့မရတော့ဘူးဟု အမိန့်ရှိ၏၊ နောက် အနီး၌
ဦးတင်ငွေအား ဟေ့ တင်ငွေကြီး၊ ငါ့မျက်စိတွေ ပြာလာပြီဟု အမိန်ရှိပြီး၊ အနီးရှိ ဒကာ..ဒကာမများအား
"ခန္ဓာရှိသူတိုင်း ခံရမည့် ဝေဒနာကိုကျော်လွန်အောင်ရှုကြ၊မမေ့မလျော့နေရစ်ကြ"ဟုဆုံးမဩဝါဒပေးပြီး
နောက်၊ (၁၅-မိနစ်ခန့်) တရားနှလုံးသွင်းလျက် နေ့ ၁-နာရီ မိနစ် ၂ဝ (သက်တော် ၆၃-နှစ်တွင်) ပျံလွန်တော်
မူသွားလေသည်။
"ပူဇော်ကြခြင်း"သီတင်းကျွတ်လပြည့်ကျော် ၁ဝ-ရက်နေ့တွင် သံဃာတော် ၅ဝ၅-ပါးတို့အား ဆွမ်းကပ်ပြီး၊
တစ်ပါးလျှင်"သင်္ကန်းဒွိစုံ၊ ဖိနပ်၊ မျက်နှာသုတ်ပါဝါ၊ သံသပိတ်၊ ပန်းကန်တစ်စုံ"စီလှူဒါန်းဆက်ကပ်ပြီးနောက်
တပည့်သံဃာများကိုယ်တိုင် ဆရာတော်၏ရုပ်ကလာပ်ကို ပခုံပေါ်ထမ်း၍ပင့်ဆောင်ကြပြီး၊ မင်္ဂလာရိပ်သာအ
တွင်းရှိ ဓမ္မာရုံကြီး၌ နိဗ္ဗာန်ကျောင်းအဖြစ် သတ်မှတ်ကာ ရပ်နီးရပ်ဝေး တပည့်ဒကာ..ဒကာမများဖူးမျော်နိုင်
ရန် ပြာသိုလဆန်း ၉-ရက်နေ့အထိ"ဘော်ပြာသာဒ်"ဖြင့်ထားရှိလေသည်။ (လဆန်း ၇-ရက်နှင့် ၈-ရက်နေ့ည
များတွင် ဆရာတော် အရှင်ဇနကာဘိဝံသနှင့်အနီးစခန်း ဆရာတော်အသီးသီးက တရားဟောကြလေသည်)
လဆန်း ၉-ရက်နေ့ ၁၂-နာရီတွင် ဆရာတော်၏ ရုပ်ကလာပ်ကို အမရပူရမြို့ အိုးတော်ရပ်ရှိ ပွဲတော်အင်း
ကွင်းပြင်သို့ ပတ္တမြားအခေါင်းဖြင့် နတ်မြင်းပျံယာဉ်ကြီးပေါ်တွင် တင်ပြီးပင့်ဆောင်၍ လပြည့်နေ့အထိ ၇-
ရက်တိုင်တိုင် အများပြည်သူကြည်ညို ပူဇော်နိုင်ရန် ခမ်းနားစွာထားရှိလေသည်။ ထိုသို့ပင့်ဆောင်ရာတွင်လာ
ရောက်ဖူးမျှော်ကြသည့် ပရိသတ်ကြီးမှာ အသိန်းမကများပြားလှ၏၊ မြန်မာ၊ ဟိန္ဒူ၊ တရုပ်၊ ရှမ်း အတီးအမှုတ်
အကများ၊ အာရုံတော်ဝတ်အသင်းနှင့် ဓမ္မစင်္ကြာအမျိုးသမီးတို့၏ တရားသံများဖြင့် တစ်မြို့လုံး ပဲတင်ထပ်
သွားလေသည်။
                                                         "ဈာပနအခမ်းအနား"
ဈာပနကျင်းပရာ ဧက ၅ဝ-ကျော်ရှိသော ပွဲခင်းအတွင်း၌ ၂၄-ခန်း ပတ်လည်ရှိသော ဗဟိုစံကျောင်းကြီး အပါ
အဝင် ၁၄-ခန်း ပတ်လည်ရှိ ဝဲယာမဏ္ဍပ်ကြီး ၇-လုံး လခြမ်းပုံသဏ္ဌာန် ဝိုင်း၍လည်းကောင်း၊ ထိုင်ကွင်းအ
လယ်တွင် လောင်တိုက်ကြီး၊ ယင်း၏ ရှေ့တည့်တည့်တွင် ငှက်ချေးခံမဏ္ဍပ် (မီးသင်္ဂြိဟ်ရန် အုတ်ပလ္လင်) မြင်း
ပျံ ၃-ကောင်တပ် နတ်မြင်းပျံရထားကြီးရှိလေသည်။ ဆရာတော်၏ ရုပ်ကလာပ်ကို ကရဝိက်ဖောင်ယာဉ်ပေါ်
တင်၍ အများတကာပူဇော်နိုင်ရန် မဏ္ဍပ် ၇-ခုတွင် တစ်မဏ္ဍပ်မှတစ်မဏ္ဍပ်သို့ အခမ်းအနားဖြင့်ပင်ဆောင်
သောအခါ အလှည့်ကျ မဏ္ဍပ်မှ တပည့်ရဟန်း ရှင်လူတို့ကပါဝင် ပင့်ဆောင်ကြလေသည်။ အပူဇော်ခံသော
မဏ္ဍပ်၌ အပူဇော်ခံနေချိန်တွင် ဆရာတော်၏တရားတော်တိတ်ခွေများကိုဖွင့်၍ တရားနာကြသည်။ ထိုမဏ္ဍပ်
မှ အတီး အမှုတ် အကလုံးဝ မပြုလုပ်ရဘဲ အလှည့်မကျသေးသည် မဏ္ဍပ်များ၌သာ ပွဲသဘင်များပြုလုပ်ရ
သည်။ အနယ်နယ်မှ ဧည့်ပရိသတ်တို့အား မဏ္ဍပ်အသီးသီးက ကျွေးမွေး ဧည့်ခံ၍ ရဟန်းတော်များအား
လည်း ဆွမ်းကပ်ကြလေသည်။
                                                                      "ပျားစွဲခြင်း"
လဆန်း ၁၄-ရက်နေ့ညနေ ၃-နာရီခန့်တွင် ဆရာတော်၏ ရုပ်ကလာပ်ကို ဗဟိုစံကျောင်းမဏ္ဍပ်မှ ဦးကျော်
သိန်း-ဒေါ်တင်လှတို့၏ မဏ္ဍပ်သို့ ပင့်ဆောင်လာစဉ်၊ ပျားကောင် များစွာတို့သည် တဝီဝီဖြင့် ရုပ်ကလာပ်
ပင့်ဆောင်ရာလမ်းအတိုင်း ပျံသန်းလာကြပြီး ရုပ်ကလာပ်ကိန်းဝပ်မည့် အဆိုပါမဏ္ဍပ်တွင် ဝင်ရောက်အုံဖွဲ့
၍ စွဲကြလေသည်။ ဤကား တတိယအကြိမ် ပျားစွဲခြင်းဖြစ်၏။
                                                                       "မီးသင်္ဂြိုခြင်း"
လည်ပြည့်နေတွင် နောက်ဆုံးအကြိမ် အပူဇော်ခံခြင်းအားဖြင့် မဏ္ဍပ်တိုင်း၌ လှည့်လည်အပူဇော်ခံရာတွင်
ကွင်းကြီးတစ်ခုလုံး ကြိတ်ကြိတ်တိုးစီကားလှသည်။ နေ့ တစ်နာရီတွင် ဒုံးပျံနှင့် ကမ္ဘာလုံးစင်ပေါ်သို့ နတ်မြင်း
ပျံရထားဖြင့် ပင့်ဆောင် အဖူးမြော်ခံပြီး၊ ၂-နာရီတွင် လောင်တိုက်ပေါ်သို့ ပင့်ဆောင်လေသည်။ ၂-နာရီခွဲတွင်
လောင်တိုက်မှ တစ်ဆင့် ယောဂီများကိုယ်တိုင် ပခုံးပေါ်ထမ်း၍ မီးသင်္ဂြိုဟ်ရာ အုတ်ပလ္လင်သို့ ပင့်ဆောင်ကာ
မီးသင်္ဂြိုဟ်ရန် နံ့သာထင်းပုံကြီးပေါ်သို့ တင်၍ မီးသင်္ဂြိုဟ်လေသည်။ နံ့သာထင်းတွေများလွန်၍ မီးတောက်မှာ
ကြီးလွန်းနေသဖြင့်မီးသတ်ကားခေါ်၍ မီးအရှိန် လျော့ရသည်။ ည ၉-နာရီ လောက်တွင်မီးအရှိန်လျော့သွား
သောအခါ မီးသင်္ဂြိုဟ်ရာ အုတ်ပလ္လင်မှတွေ့ရှိသမျှ ပစ္စည်းများကို သိမ်းကြုံး၍ အိတ်ကြီးအိတ်ငယ်ဖြင့်တည့်
ပြီး မင်္ဂလာရိပ်သာကျောင်းတိုက်သို့ ပင့်ဆောင်လေသည်။ ရုပ်ကလာပ်မှရသော အရိုးဓာတ်များကို မင်္ဂလာ
မဂ္ဂင်ရိပ်သာကျောင်းတိုက်၌ အများ ဖူးမြော်နိုင်ရန် တစ်နှစ်တာမျှထားရှိသည်။
                                                               "စေတီတည်ခြင်း"
ဆရာတော်၏ရုပ်ကလာပ် မီးသင်္ဂြိုဟ်ရာ အရိုးဓာတ်များကျရာ နေရာကို ဗဟိုပြုလျက် ကွန်ကရစ်တိုင်းကြီး
၁၂-တိုင်နှင့်တကွ ကွန်ကရစ်အပြည့် လောင်းချပြီး ထိုနှစ် ပြာသိုလကွယ်နေ့တွင် ပန္နချတည်ဆောက်ခဲ့ရာ၊
၁၃၂၆-ခု ပထမဝါဆိုလကွယ်နေ့တွင် ဌာပနာတိုက် ၂-ထပ်ပါရှိသော မင်္ဂလာဓာတုဓမ္မ စေတီတော်ပြီးစီး၍
ဒုတိယဝါဆို လပြည့်နေ့တွင် ထီးတော်တင်လေသည်။ ဆရာတော်၏ အရိုးဓာတ်များကို ထိုစေတီ၏ ဌာပနာ
တိုက်ထဲ၌ ဌာပနာထားလေသည်။ ထို့ပြင် ထိုစေတီအနီးတွင် အဆင့် ၃-ဆင့် ရှိသော အာရုံခံကျောက်စာ
တိုက်ကြီးတစ်လုံးကို ဆောက်လုပ်၍ အလယ်ထပ်၌ ဆရာတော်ဟောကြားခဲ့သည့် တရားအချို့ကို ကျောက်
ချပ်ရေ (၃၃) ချပ်ပေါ်မှာ ရေးထိုး၍ စိုက်ထူထားလေသည်။

                                                ဤကောင်းမှုကုသိုလ်ကံ
                              စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                              ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                                     တည်ရှိပါစေသတည်း ။            ။

                                                                                                           အရှင်ဉာဏဓဇ
                                                                                       မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                                 အမရပူရမြို့။            ။

No comments:

Post a Comment