Wednesday, October 31

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သောတာပန်ဖြစ်ကြောင်း အင်္ဂါနှစ်ပါး

သောတာပန်ဖြစ်ကြောင်း အင်္ဂါနှစ်ပါးရှိတယ်၊ သစ္စာတရားနာမှုနှင့် သစ္စာတရားနှလုံးသွင်းမှု၊ ဒီနှစ်ပါးစုံလျှင်
သောတာပန် ဖြစ်နိုင်တယ်၊ သစ္စာတရား နှလုံးသွင်းမှုဆိုတာ ခန္ဓာကိုယ်ကြီး၌ နှလုံးသွင်းမှန်ကန်မှု (ယောနိ
သောမနသိကာရ) ကိုခေါ်တယ်၊ သစ္စာတရားနာမှုပြည့်စုံပြီး၊ သစ္စာတရားကိုအမှန်အတိုင်း နှလုံးသွင်းလို့ရှိ
ရင် ဒီဘဝကျွတ်တမ်းဝင်နိုင်တယ်၊ သစ္စာတရားနာမှုမရှိရင် သစ္စာတရားနှလုံးသွင်းမှုဆိုတာမပေါ်နိုင်ဘူး၊
သစ္စာမသိ သစ္စာနှလုံးမသွင်းလို့ရှိရင် ဘာအားထုတ်ထုတ်အပိုပါပဲ၊ သောတာပန်မဖြစ်နိုင်ဘူး၊နိဗ္ဗာန်မရောက်
နိုင်ပါဘူး၊ ဒါကြောင့် သစ္စာသိရင် သံသရာဝဋ်တို့တယ်၊ သစ္စာမသိရင် သံသရာဝဋ်ရှည်တယ်၊ သစ္စာမသိတဲ့
သတ္တဝါတွေဟာ သံသရာတစ်လျှောက်ဘုံဘဝတွေ လျှောက်ပြီးလာခဲ့ရာမှာ အဖေသေလို့ငိုရတာနဲ့၊ ကိုယ်
သားကိုယ်သမီးသေလို့ငိုရတာနဲ့..ကျခဲ့တဲ့ မျက်ရေတွေဟာ သမုဒ္ဒရာလေးစင်းထဲကရေထက်ပင် များသေး
တယ်လို့ ဘုရားကဟောထားတယ်။ ဘာကြောင့်သစ္စာသိပြီး၊ သစ္စာနှလုံးသွင်းလို့ရှိရင် အရိယာဖြစ်ရသတုန်း
ဆိုတာကို "ပေဋကောပဒေသကျမ်းက"ရှင်းပြထားပါတယ်၊ ထင်းတုံးအစိုကြီးကို မီးရှို့ရင်မလောင်းဘူး၊ အ
ခြောက်ကိုမီးရှို့ရင်လောင်တယ်၊ ထို့အတူပဲ သစ္စာတရားနာလို့ရှိရင် ကိလေသာခြောက်တယ်၊ သစ္စာတရား
နှလုံးသွင်းပြီး ကျင့်ကြံပွားများတဲ့ အခါနဂိုက ခြောက်နေတဲ့ ကိလေသာဟာ ဒီမဂ်မီးနဲ့ ရှို့လိုက်ရင်အကုန်
လောင်၊ အကုန်ပြောင်သွားတာပဲ၊ ဒါနတရားလုပ်ပြီးနတ်ပြည်ရောက်ချင်ရင်၊ သီလဆောက်တည်ပြီးအသက်
ရှည်ချင်ရင်၊ သမထအားထုတ်ပြီး ဗြဟ္မာကြီးဖြစ်ချင်ရင်၊ သက္ကာယဒိဋ္ဌိဝင်းပြီး၊ တဏှာဝင်ပြီးကိလေသာတွေ
မခြောက်တော့ဘူး။
ဒါတွေဟာ ဒုက္ခထဲနစ်မြုပ်စေပြီး ဒုက္ခပေးတဲ့တရားတွေပါလားလို့ နှလုံးသွင်းလို့ရှိရင်၊ ကိလေသာတွေ
ခြောက်ပါတယ်၊ ဘုန်းကြီးက ရုပ်နာမ်ဓမ္မတွေဟာ ခဏခဏဖြစ်ပြီး ခဏခဏပျက်နေတာ၊ (ဝိပရိဏာမလက္ခ
ဏံဒုက္ခသစ္စံ-ဖောက်ပြန်ပျက်စီးခြင်းလက္ခဏရှိတဲ့ ဒုက္ခသစ္စာတွေ) လို့ဖြစ်ပျက်တွေချည်းဟောနေတော့၊
တရားနာနေတုန်းမှာ ကိလေသာတွေခြောက်နေတာပဲ၊ နောက် ဒါတွေကိုနှလုံးသွင်းပြီး ကျင့်ကြံပွားများတဲ့အ
ခါကျတော့၊ ဒုက္ခအစစ် ကိုယ်တိုင်တွေ့မြင်လာတယ်၊ လာရင်ကိလေသာတွေ မဂ်မီးနဲ့ ရှို့လိုက်လို့လောင်
သွားပျောက်သွားတဲ့အခါ၊ သောတာပန် တည်တာပဲ၊ ဒါကြောင့် သစ္စာတရားနာမှုရယ်၊ သစ္စာတရားနှလုံး
သွင်းမှုရယ်၊ ဒီ ၂-ခုရှိရင် သောတာပန်တည်တယ်လို့"ပေဋကောပဒေသမှာ"ရှင်းပြထားပါတယ်။ သစ္စာကို
နှလုံးသွင်းပြီး ခန္ဓာကိုယ်ထဲကြည်ပါ၊ သူကနှိပ်စက်သလားး မနှိပ်စက်ဘူးလားဆိုတာကြည့်ပါ၊ ကြည့်လို့နှိပ်
စက်တာတွေ ခဏခဏတွေ့မယ်၊ ခင်ဗျားတို့ အခုရောင်းဝယ်ဖောက်ကား ပြေးလွှားလုပ်ကိုင်နေရတာဟာ
ဒီခန္ဓာကြီးထဲမှာရှိနေတဲ့တရားတွေရဲ့ ဆူပူမှုကြောင့် လုပ်ရတာပဲ၊ ဝေဒနာကလဲခံစားချင်တယ်၊ သညာကလဲ
မှတ်သားချင်တယ်၊ သင်္ခါရကလဲ စေ့ဆော်ချင်တယ်၊ ပြုပြင်ချင်တယ်၊ ဝိညာဏ်ကလဲ နေရာတိုင်းသိချင်
တယ်၊ ဒီတော့ ခင်ဗျားတို့ရောင်းဝယ်ဖောက်ကား သွားလာမှုဟာမရပ်စဲတော့ဘူး၊ မရပ်စဲတော့ သူတို့ဒဏ်
ချက်ကြောင့် ခင်ဗျားတို့ဒုက္ခရောက်နေရတယ်၊ သူ့ခင်တဲ့ပုဂ္ဂိုလ် ဒုက္ခရောက်တာပဲ၊ နာမ်ခန္ဓာ ၄-ပါး သည်ခြေ
ရူးကအမြဲနှိပ်စက်တော့ သူ့ကိုခင်တဲ့အမေဟာ ဒုက္ခရောက်တာပဲ။ ဒါတွေကို ဉာဏ်နဲ့ကြည့်ပေးပါ သွားတော့
မယ်ဆိုရင်သူနှိပ်စက်လို့၊ လာတော့မယ်ဆိုရင်သူနှိပ်စက်လို့ ဆိုတာကိုဉာဏ်နဲ့ကြည့်ပေတော့၊ သူပင်ကိုယ်
သဘောကို တစ်ခါထိုးထွင်းပြီးကြည်လိုက်ပြန်တော့လဲ ဝိပရိဏာမဒုက္ခသစ္စာကြီးလို့သူက ခဏခဏပြနေ
တာပဲ၊ ဒုက္ခသစ္စာဆိုတာ ဘယ်သူ့ကိုမှအညှာတာပါလား၊ ခဏခဏဖောက်ပြန်ပျက်စီးနေတဲ့သဘောပါလား
လို့ ဝိပဿနာဉာဏ်နဲ့ ခဏခဏကြည့်ပေးပါ၊ ကြည့်ပေးတော့ မဂ်၏ရှေ့ပြေး သမ္မာဒိဋ္ဌိဖြစ်လာမယ်၊ ခန္ဓာသ
ဘောကိုအမှန်အတိုင်း သိလာမယ်၊(ယထာဘူတဉာဏ်ဖြစ်လာမယ်) ဒီလို ဒုက္ခသစ္စာကြီးကို အမှန်အတိုင်း
တကယ်သိလာတော့ နှိပ်စက်တဲ့တရားကြီးကိုဖြင့် မလိုချင်မရချင်တော့ပါဘူးဆိုတာလာမယ်၊ ငြီးငွေ့တဲ့မုန်း
လာတဲ့ ဉာဏ်ရင့်လာတဲ့အချိန်ကျတော့ ဒီဒုက္ခသစ္စာတရားကြီး ချုပ်သွားတယ်၊ ရှုရင်းမတ္တနဲ့ ဒုက္ခချုပ်သွား
တယ်၊ ဒုက္ခချုပ်သွားရင် မဂ်ဉာဏ်အစစ်လာတာပဲ၊ ဒုက္ခသစ္စာရှုနေတုန်းက ဝိပဿနာဉာဏ်ပဲ ရှိသေးတယ်၊
ဖြစ်ပျက်ပဲမြင်နေတယ်၊ ဝိပဿနာဉာဏ်မှာ မဂ္ဂင် ၅-ပါးပဲရှိသေးတယ်၊ မဂ်အစစ်ဝင်လာတဲ့အခါမှာ မဂ္ဂင် ၈-
ပါးဖြစ်လာတယ်၊ မဂ္ဂင် ၈-ပါး-မဂ်ဉာဏ်အစစ် ဝင်လာတဲ့အချိန်မှာ ဖြစ်ပျက်ဒုက္ခသစ္စာမရှိတော့ဘူး၊ ဖြစ်ပျက်
ဒုက္ခသစ္စာ ချုပ်သွားမယ်၊ ဒုက္ခချုပ်သွားမှမဂ်ဉာဏ်က ဒုက္ခချုပ်ရာနိဗ္ဗာန်ကိုအာရုံပြုတော့တယ်၊ ဝိပဿနာ
ဉာဏ်နဲ့ရှုနေတုန်းကတော့ ဖြစ်ပျက်ဒုက္ခသစ္စာကိုသာ အာရုံပြုတယ်၊ မဂ်ဉာဏ်ကျတော့ ဒုက္ခချုပ်ရာ နိရော
ဓသစ္စာ နိဗ္ဗာန်ကိုအာရုံပြုတယ်။
"အနာနှင့်ဒုက္ခ"အနာပေါက်နေတဲ့အခါ အနာပေါက်တာကိုကြည့်နေရတယ်၊ အနာပေါက်တုန်း ဆင်းရဲရ
တယ်၊ အနာပျောက်တဲ့အခါ ပျောက်တာ အစားထိုးတယ်၊ အနာပျောက်သွားတော့ ချမ်းသာခြင်းရတာပဲ၊
ထို့အတူပဲ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဒါကို ဝိပဿနာဉာဏ်-အရိယာမျက်လုံးနဲ့တပ်ကြည့်နေတော့ ဖြစ်ပျက်
ဒုက္ခသစ္စာပဲ မြင်နေရတယ်၊ မဂ်အစစ်ဝင်လာတဲ့အခါ ရှုရင်းမတ္တနဲ့ဖြစ်ပျက်(ဒုက္ခသစ္စာ) ကိုမလိုချင်ရင်တော့၊
ဒီ ဖြစ်ပျက်ဒုက္ခသစ္စကြီးဟာ ချုပ်သွားတယ်၊ ဖြစ်ပျက်ဒုက္ခသစ္စာကြီး ချုပ်သွားတော့ချမ်းသာတာ အစားထိုး
လာတယ်၊ ဒုက္ခနေရာသုခအစားထိုးတော့ နိဗ္ဗာန်မြင်တာပဲ၊ ဒီတော့ဖြစ်ပျက်.. ဒုက္ခသစ္စာချုပ်အောင်သာရှု
ဒုက္ခသစ္စာချုပ်သွားရင်နိဗ္ဗာန်မြင်လာလိမ့်မယ်၊ ဖြစ်ပျက်ရှုတဲ့ဝိပဿနာဉာဏ်သည်ဖြစ်ပျက်ဒုက္ခသစ္စာကိုပဲ
အာရုံပြုတယ်၊ မဂ်စစ်ဝင်လာတဲ့အခါကျတော့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို အာရုံပြုလိမ့်မယ်။ ဒုက္ခသစ္စာသင်္ခါရတ
ရားဟာ ဖြစ်ပျက်ချည်းပဲ၊ ဖြစ်ပျက်တွေရှုတော့ သင်္ခါရေဝိပဿတိ ဖြစ်ပြီ၊ (သင်္ခါရေဝိပဿတိ..သင်္ခါရတရား
တွေကိုရှုမြင်ခြင်း) ဒီတော့ ရှေ့ပိုင်က ဝိပဿနာဉာဏ်ဖြစ်တယ်၊ ဝိပဿနာဉာဏ် ရင့်လာတဲ့ အခါကျတော့
ဒီဖြစ်ပျက် ဒုက္ခသစ္စာကြီးကို မလိုချင်တော့တဲ့ နိဗ္ဗိန္ဒဉာဏ် (ငြီးငွေ့တဲ့ဉာဏ်) ရပြီ။ ဒီတွင် သင်္ခါရုပေက္ခာဉာဏ်
(သင်္ခါရတွေကိုလျစ်လျူရှုတဲ့ဉာဏ်)က တစ်ခါတည်း လျစ်လျူရှုပြီးနောက်၊ မလိုချင်တဲ့သဘောပေါ်လာတယ်
ပေါ်လာတော့ ဒီဖြစ်ပျက်တွေချုပ်သွားတယ်၊ ဖြစ်ပျက်ချုပ်သည်နှင့်တစ်ပြိုင်နက်၊ ဖြစ်ပျက်(ဒုက္ခသစ္စာ)မရှိ
တဲ့ နိရောဓ (နိဗ္ဗာန်) အစားထိုးလာတာပဲ၊ ဖြစ်ပျက်ဒုက္ခသစ္စာက ဝိပဿနာစိတ်၏ အာရုံဖြစ်ပြီး၊ နိဗ္ဗာန်ကမဂ်
စိတ်၏ အာရုံဖြစ်လာတယ်၊ ဒီခြားနားချက်ကိုမှတ်ထားပါ၊ (သင်္ခါရေဝိပဿတိ၊ နိဗ္ဗာနံမဂ္ဂဿ၊ နိဗ္ဗာနံဖလဿ
သင်္ခါ တရားတွေကို ဝိပဿနာရှု၍၊ သင်္ခါရချုပ်သွားတော့ သင်္ခါချုပ်ရာနိဗ္ဗာန်ဟာ မဂ်ဖိုလ်၏အာရုံဖြစ်လာ
တယ်။ "ဉာဏ် ၃-ဆင့်"ထို့ကြောင့်(၁) ဖြစ်ပျက်မြင်အောင်ကြည့်ပါ။ (၂) ဖြစ်ပျက်မုန်းအောင်ကြည့်ပါ။ (၃)
ဖြစ်ပျက်ဆုံးအောင်ကြည့်ပါ။ ဒီ ၃-ချက်မှတ်ပါ။ (၁) ဖြစ်ပျက်မြင်အောင်ကြည့်တာက"ယထာဘူတဉာဏ်"
(၂) ဖြစ်ပျက်မုန်းအောင်ကြည့်တာက"နိဗ္ဗိန္ဒဉာဏ်"။ (၃) ဖြစ်ပျက်ဆုံးအောင်လုပ်ပြီး အဆုံးမြင်တာက "မဂ်
ဉာဏ်"၊ အလုပ်စဉ်မှာ ဉာဏ် ၃-မျိုးနဲ့တက်လို့ရှိရင် ကိစ္စပြီးပါတယ်၊ မဂ်ပြီးဖိုလ်ဆိုတော့ မဂ်ဉာဏ်နဲ့ဖိုလ်
ဉာဏ်ဟာ ဆက်တိုက်ဖြစ်၍ တွဲလျက်ပါပဲ၊ ဘုရားရှင်လည်း ဒီအတိုင်းပဲ ဉာဏ်စဉ်တက်သွားတယ်။
ဧဝ မေတံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ-ရှေးဦးစွာ ယထာဘူတဉာဏ်နဲ့ ရှုရမယ်၊"ဧဝ ပဿံ ဘိက္ခဝေ
သုတဝါ အရိယသာဝကော"(ဝေဒနာရှုရင်) ဝေဒနာယ နိဗ္ဗိန္ဒတိ- နောက်တစ်ခါတည်းနိဗ္ဗိန္ဒဉာဏ်သို့တိုးတက်
သွားတယ်၊(အနတ္တလက္ခဏသုတ်ကို ကြည့်ပါ၊ ဒီအတိုင်းပါပဲ) ဒုတိယဉာဏ်ကနိဗ္ဗိန္ဒဉာဏ်၊ ဒီတော့ ယထာ
ဘူတဉာဏ်နဲ့ နိဗ္ဗိန္ဒဉာဏ် ၂-ခုစလုံးဟာ ဝိပဿနာဉာဏ်ချည်းပဲ၊ ဖြစ်ပျက်သင်္ခတ တရားကိုအာရုံပြုတာ
ချည်းပဲ၊ နိဗ္ဗိန္ဒဉာဏ်ပြီးတော့ နိဗ္ဗိန္ဒံဝိရဇ္ဇတိ-ငြီးငွေ့ပြီးသည်ရှိသော်တပ်နှစ်သက်ခြင်းကင်း၏(ဝါ)မဂ်ဖြစ်ပေါ်၏
တပ်နှစ်သက်ခြင်းကင်းတဲ့ မဂ်ပေါ်ရမယ်၊ ဒီတော့ ဖြစ်ပျက်အာရုံဟာ မလိုချင်လို့ ချုပ်သွားတယ်မှတ်၊ ဒီနိဗ္ဗိန္ဒ
ငြီးငွေ့လာကတည်းက ဒီဖြစ်ပျက်မလိုချင်တော့ဘူးဆိုတော့ ဒီဖြစ်ပျက်ဟာ ချုပ်သွားတာပဲ၊ ဒီဖြစ်ပျက်ချုပ်
တဲ့နေရာမှာ နိဗ္ဗာန်အစားထိုးလာတယ်၊။
သစ္စာတရားနာတဲ့ဉာဏ်အတိုင်း ပွားများနေတော့ (ဝေဒနာနှင့်တဏှာကြား)ထဲမှာ ရှိတဲ့ကိလေသာတွေဟာ
ခြောက်နေတယ်၊ နောက် ကိလေသာကြောင့်ဖြစ်တဲ့ ဒုက္ခကိုမလိုချင်တော့ဘူး၊ ဒီတော့လိုချင်တဲ့ တဏှာမ
နေနိုင်၊ မလိုချင်တဲ့ မဂ်ကသတ်ပစ်လိုက်တယ်၊ မဂ်ကဒုက္ခ၏ အကြောင်းဖြစ်တဲ့ တဏှာကိုသတ်ပစ်လိုက်
တော့၊ ဒီက ဖြစ်ပျက် ဒုက္ခသစ္စာအကျိုးဟာလည်း ချုပ်ရမယ်၊ ချုပ်သွားတော့ မဂ်ဉာဏ်ဟာ နိဗ္ဗာန်ကိုပဲ အာ
ရုံပြုတော့တယ်၊ ဒီတော့ အလုပ်စဉ်မှာ ရှေးဦးစွာယထာဘူတဉာဏ်ရအောင်သာလုပ်ပါ၊"ယထာဘူတဉာဏ်"
ဆိုတာ ခန္ဓာကိုယ်ထဲမှာ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ရုပ်ဖြစ်ပျက်ကိုမြင်ရမယ်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာစိတ်ဖြစ်ပျက်
ကို မြင်ရမယ်၊ ဒါဟာ ယထာဘူတဉာဏ်ဖြစ်တာပဲ၊ သတိပဋ္ဌာန် ၄-ပါးထဲက တစ်ပါးပါးကို အားထုတ်လို့ တစ်
ပါးပါးကို မုန်းလာလို့ရှိရင်"နိဗ္ဗိန္ဒဉာဏ်"ဖြစ်တာပဲ၊ တစ်ပါးပါးဆုံးလို့ရှိရင် "မဂ်ဉာဏ်"ဖြစ်ရမယ်၊ တစ်ပါးပါးဆုံး
တော့၊ ရုပ်နာမ်ဆိုတာ အချင်းချင်းမှီပြီးနေတာဖြစ်တော့ ရုပ်ကိုမုန်းလိုက်လို့ မလိုချင်တော့ဘူးဆိုရင် အတူတ
ကွဖြစ်တဲ့ နာမ်ကိုမလိုချင်တော့ဘူး၊ ဒီတော့ သတိပဋ္ဌာန် ၄-ပါးစလုံးပါတယ်ဆိုတော့ ရုပ်နာမ် ၂-ပါးမှာ  နာမ်
ကိုမလိုချင်ရင် ရုပ်ကိုပါမလိုချင်တာပါသွားတာပဲ၊ ဒီတော့ သတိပဋ္ဌာန် ၄-ပါးထဲက တစ်ပါးပါးအားထုတ်ရင်
ကျန် ၃-ပါးပါသွားတာပဲ။ "ဝေဒနာနုပဿနာ"အားထုတ်နည်းကတော့၊ ဥပမာ ဝေဒနာရူတဲ့ပုဂ္ဂိုလ်ဟာ ရှေးဦး
စွာ ဝေဒနာကိုဖြစ်ပျက်မြင်အောင် ကြည့်ရမယ် (ရှုရမယ်) နောက်ဝေဒနာ ဖြစ်ပျက်အပေါ်မှာ မုန်းရမယ်၊ တရားသဘောနဲ့ အလိုလို မုန်းလာရမယ်၊ နောက်တော့ဒီဝေဒနာက္ခန္ဓာကြီးဟာတို့ကိုသတ်နေတာပဲ ဆိုပြီး ဒီ
ဝေဒနာကြီးကို မလိုချင်တဲ့ဉာဏ်ပေါ်အောင်ရှု၊ ရှုရင်းရှုရင်းနဲ့ ဒီဝေဒနာကြီးဟာ ချုပ်သွားမယ်၊ "ဝေဒနာကုန်
အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဟာတဏှာမရှိသည်ဖြစ်၍ ကိလေသာချုပ်ငြိမ်းသွား၏လို့ ဘုရားဟောထားတယ်"
ဝေဒနာချုပ်အောင်ရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာမရှိတဲ့အတွက် ချုပ်သွားတဲ့အတွက် တဏှာချုပ်သွားရတယ်၊ ဝေ
ဒနာဟာ ရှုရင်းမတ္တနဲ့ ချုပ်သွားပြီမလိုချင်တော့ဘူးပေါ့၊ ဒီတော့ ဝေဒနာချုပ်သွားရင် တဏှာချုပ်တယ်၊ တဏှာချုပ်ရင် ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်တော့ ကမ္မဘဝချုပ်၊ ကမ္မဘဝချုပ်တော့ ဇာတိချုပ်၊ ဒီဝေဒနာအစ
ဇာတိအဆုံးရှိတဲ့ ဒုက္ခအစုတွေဟာ ချုပ်သွားတော့နိရောဓချည်းဖြစ်တယ်၊ နိရောဓဆိုတော့ ဒါနိဗ္ဗာန်ပေါ်လာ
တာပဲ၊ ဒီတော ပေဋကောပဒေသ ကျမ်းလာအတိုင်း ရှေးဦးစွာကိလေသာခြောက်ဖို့ အရေးကြီးတယ်၊လူ့ပြည်
နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကို တောင့်တရင် တောင့်တရင်း ကိလေသာတွေတိုးပွားနေမယ်၊ ခြောက်မှာမ
ဟုတ်ဘူး၊ ဒါကြောင့် သစ္စာတရားနာပြီ ကိလေသာခြောက်အောင်လုပ်၊ နောက်ပွားများတော့ မဂ်မီးနဲ့ ကိလေ
သာတွေကိုပြောင်အောင်ရှို့နိုင်ရင် နိဗ္ဗာန်ရောက်တော့တာပဲ။     ။

                                             ဤကောင်းမှုကုသိုလ်ကံ
                            စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                            ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                     အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                          တည်ရှိပါစေသတည်း ။   ။

                                                     အရှင်ဉာဏဓဇ
                                       မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                ပင်မသံဝေဇနိယဌာန  ။
                                                     အမရပူရမြို့ ။  ။

Tuesday, October 23

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မြင်၊ကြား၊နံ၊စား၊ထိ၊သိ၊တိုင်း၊ဖြစ်ပျက်ရှုနည်း

ရခဲလှတဲ့"ဒုလ္လဘ တရား ၅-ပါး"မှာ ဘဝတိုင်း ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှုရှိချင်မှရှိမယ်၊ ဒါကြောင့်
ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်းမြန်မြန် မဂ်ဉာဏ်ရအောင်လုပ်ပါ၊ သေမှာကို ကြောက်ရင် မဂ်ဉာဏ်
ကိုရအောင်ယူ၊ မဂ်ဉာဏ်ကိုရရင် သေမင်းမမြင်နိုင်တော့ဘူး၊ သေမင်းရှာမတွေ့နိုင်တော့ဘူး၊ ဒါကြောင့်
ဝိပဿနာအလုပ်ကို မလုပ်ဘဲနေနေရင် နင်သေချင်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ၊ မသေချင်ရင် ခန္ဓာ
၅-ပါးအပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့၊ ဘုန်းကြီးတရားကိုတော့ ကုသိုလ်
ရချင်ရုံနဲ့ မနာကြနဲ့ ရအောင်လုပ်ကြပါ။ ဝိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို ပြောပြရဦးမယ်။
ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ၅၀၀-က သွန်သင်းဆုံးမပါဦးဘုရားလို့ လျှောက်ထားထာနဲ့၊ အရှင်နန္ဒက
ဟောကြားဆုံမတယ်၊ သူဟောကြားဆုံးမတဲ့တရားကတော့၊ ကိုယ်ရယ်၊ လေရယ်၊ နေရယ်၊ ဒီ ၃-ခုရှိနေမှ
"ဖဿ"ဆိုတဲ့ တွေ့ထိမှုဖြစ်ပေါ်လာတယ်၊ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ်လို့ခေါ်တယ်၊ ဒီ ၃-မျိုးကြောင့်
အပေါ်ဓာတ် ပေါ်လာတယ်။ ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း ၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာ
ပေါ်လာတာ အကြောင်းကြောင့် ပေါ်တာ၊ ရေ၊ မြေ၊ လေ၊ နေတို့နဲ့ လွတ်အောင်မနေနိုင်တော့ဘူး၊ ၎င်းတို့
နဲ့ တွေ့ရင် ဝေဒနာ ပေါ်ရမယ်၊ မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ်၊ ဆိုတာဝေဒနာတွေပဲ၊ ခန္ဓာကိုယ်
ထဲက ဖြစ်ပေါ်လာတဲ့"ကာယ ဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာ"(ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု၊ )ပေါ်တိုင်း
ဖြစ်ပျက်ရှုပေးလို့၊ အရှင်နန္ဒက ဟောလိုက်တယ်၊ ဥပမာပြရရင် မီးထွန်းတဲ့အခါ ဆီ၊ မီးစာ၊ မီးတောက်၊ ဒီ
၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ၊ ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့
အနတ္တ တရားတွေပဲလို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကိုသာ ရှုကြပေတော့။
စိတ်တစ်မျိုး တစ်မျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊ ရုပ်ကလေးတစ်မျိုးတစ်မျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊
ခင်ဗျားတို့ အဖို့ အဘွားတွေ ဘယ်ရောက်ကုန်သလဲလို့ မေးရင် အနိစ္စ ရောက်ကုန်ပြီလို့ပြောကြပါမယ်၊
ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ၊ ခင်ဗျာတို့က မွေးမယ့် ကလေးတွေလဲ အနိစ္စပဲ၊ သူတို့
ကတစ်ဆင့်မွေးမှာလဲ အနိစ္စချည်းပဲ။ ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ တိုင်းဖြစ်ပျက်ရှုပါ၊ ဖြစ်တာလဲ
ဒုက္ခ၊ ပျက်တာလဲ ဒုက္ခလို့ မြင်အောင်ရှုပါလို့ ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ (ရဟန်းမ) ၅၀၀-ဟာ
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ အသီးသီးဖြစ်ကုန်ကြတယ်၊ ဒါကြောင့်ဝေဒနာရှုရင် တဏှာကုန်တယ်၊ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။
ရှုပုံရှုနည်းချည့် ဟောနေပါတယ်၊ ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ၊ ဒီ"ဖဿဝေဒနာ"တို့ဟာရောနေ
တော့၊ တစ်ခုရှုရင် အကုန်ပါတော့တာပဲ၊ ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ် ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့ ပျက်
တာလို့သာ ရှုပေးဖို့လိုပါတယ်၊ ကိုယ်ပေါ်မှာ သုခ ပေါ်ပေါ်၊ ဒုက္ခ ပေါ်ပေါ်၊ ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ၊
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ စိတ်စေတသိက်၊ ရုပ်တွေကိုလဲ ပေါ်လာတိုင်းပေါ်လာ
တိုင်းသာစောင့်ရှုပါ၊ ရှုရင်ရွံ့စရာ မုန်းစရာတွေပါကလားလို့ ငြီးငွေ့တဲ့စိတ်တွေပေါ်လာတော့တာပါပဲ၊ ဖြစ်
ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေအဆင့်ဆင့် ရင့်သန်လာပြီး ဒီ ခန္ဓာကြီးကို မလိုချင်တော့ဘူး၊
ရွံ့မုန်းလာပြီး ခန္ဓာရဲ့လွတ်ရာလွတ်ကြောင်းကို သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊
ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့ ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှ တစ်ပါး ဘာမျှမရှိဘူး၊ ဖြစ်ပေါ်ပြီး
ပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခသာရှုကြ၊ သတိ ပညာနှင့် ရုပ်ပျက် နာမ်ပျက်တို့ကို ကြည့်
ရှုနေလို့ ဖောက်ပြန်ပျက်စီးပြီးနေတာပါကလားလို့ သိလားပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ်
ပေါ်လာတော့တာပဲ။ 
မြတ်စွာဘုရားသခင်က ဟောတယ်၊ ဝိပဿနာ မရှုသောသူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်၊ သေခါ
နီး သား သမီး လင်မယား ပစ္စည်းခင်တွယ်တာတွေကြောင့် အပါယ်ဘေးနဲ့ နီးလွန်းလှတယ်၊ ဒါကြောင့်
ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကိုရအောင်ရောက်အောင်လုပ်ကြရမယ်၊ ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူး
မှာ အပါယ်ငရဲဘေးမှလွတ်ကြမယ်၊ သောတာပန်များဟာ သေရမှာမကြောက်ကြတော့ဘူး၊ အပါယ်ငရဲ
ဆိုတဲ့အောက်သံသရာဘေး မကျရောက်တော့လို့ မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်
ပြီး(လွတ်ပြီး) လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်၊ ဘုရားတောင် တရား
ကို ပူဇော်ကိုးကွယ်သေးတယ်၊ ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးဟာ ဤတရား ရတ
နာကို ရတနာအမှန်ဧကန်ဖြစ်ကြောင်း သိသဖြင့်ထီးနန်းကိုစွန့်ပြီး တက္ကသိုလ်ကခွာ၍ ဘုရားရှင်ထံ
အရောက်သွားရန် ရည်းမှန်းပြီး ၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်းဖိနပ်မစီးဘဲ ဇွဲကြီးစွာဖြင့်
ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ ရာဇဂြိုလ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး တရားနာယူကျင့်သုံး
တာနဲ့ ကျွတ်တမ်းဝင်းသွားတယ်၊ ဒီတော့အဲဒီ ပက္ကုသာတိမင်းကြီး ကိုနှလုံးမူပြီး မင်းတို့ကြိုးစားကြပါလို့
သတိပေးပါတယ်။
အဲဒီ ပက္ကုသာတိ မင်းကို ဟောတဲ့တရားကတော့၊ ပထဝီဓာတ်၊ အားပေါဓာတ်၊ တေဇောဓာတ်၊ ဝါယော
ဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် လို့ဓာတ်ခြောင်ပါးရှိတယ်၊ ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့
သဘော သူဆောင်တာပဲ၊ လူတို့ရဲ့သဘောကို မလိုက်ဘူး၊ သတ္တဝါဆိုတာ ဒီဓာတ် ၆-ပါးအစုအဝေးကြီးပဲ။
 ဒီဓာတ် ၆-ပါးဟာသူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ၊ သူ့သဘော သူဆောင်တာပဲ၊ ဒီလို
ဓာတ် ၆-ပါးရဲ့ဖြစ်ပျက် သဘောကိုမြင်အောင်ရှု၊ သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊
သူ့သဘော သူ ဆောင်နေတာပါလား၊ မိမိအလို မလိုက်ပါကလား၊ အစိုးမရပါကလား၊ အနတတ္တတရား
ပါကလား လို့ဓာတ်တွေရဲ့ ဖောက်ပြန် ပျက်စီးယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ် ဆင်ခြင် မပြတ်မလပ်
ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရမှာမို့၊ ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက်ရှုကြပေ
တော့ ဒကာ ဒကာမတို့။      ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Saturday, October 20

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမဲရိုးကိုက်တဲ့ခွေလို

သား၊ လင်၊ ခင်ပွန်းနဲ့ပစ္စည်းတွေ ခင်တွယ်နေတဲ ပုဂ္ဂိုလ်များဟာ၊ ခွေးအမဲရိုကိုက်တာနဲ့တူတယ်၊ အမဲရိုးရ
ထားတော့ ခွေးကကံကောင်းတယ်လို့ထင်တယ်၊ အမဲရိုးက ရိုးတွင်ချဉ်ဆီအနံ့ကလေးနဲ့မို့ အရသာရှိသလို
လိုနဲ့ နောက်ဆုံးပိတ်ကျတော့ ဝါးရင်းမောလာတာနဲ့ပစ်ချလိုက်ရတယ်၊ ဝပြီးပြန်ရတာလား၊ အညှီနံ့ကလေး
ရရုံနဲ့ ပြန်ရတာလားဆိုတော့ အညှီနံ့ကလေး ရရုံနဲ့ ပြန်ရတာ၊ နက်ဖြန်ကျတော့လဲ ဒီအတိုင်းပဲ၊ လာပြီးဝါး
ရပြန်တယ်၊ ဝါးရတော့လဲ ဝပြီးပြန်ရတာမဟုတ်ဘူး၊ အညှီနံ့ကလေး ရရုံပြန်ရတာပဲ၊ ဝါးရတာနဲ့ အညှီနံ့က
လေး ရရုံနဲ့ပြောပလောက်အောင်ချမ်းသာမှုမရကြပါဘူး၊ ထိုအတူပဲ သား လင် ခင်ပွန်း ပစ္စည်းတွေခင်တွယ်
ကြရတာတစ်နေ့လဲ ဒီအလုပ်နဲ့ဒီသားသမီးနဲ့သွားပြီးဝါရပြန်တာပဲ၊ မနက်ဖြန် သန်ဘက်ခါကျတော့လဲ သွား
ပြီးဝါရပြန်တာပဲ၊ မိုးချုပ်နေဝင်ကျတော့လဲ ဝသလားဆိုတော့မဝဘဲနဲ့ ပြန်ခဲ့ရတာပဲ၊ နောက်လဲ ဒီသား လင်
ခင်ပွန်းများအတွက်သွားရပြန်တာပဲ၊ တစ်နေ့လုံး ဝါးနေတော့တာပဲ၊ ညနေရောက်လို့ စာရင်းတွက်တော့
၂၀-ကျပ်၊ ၂၅-ကျပ်၊ ၃၀-ကျပ် အမြတ်ကလေးကျန်မယ်၊ ဒီအညှီနံ့လေးခံပြီးပြန်ခဲ့ရတာပဲ၊ ဘယ်လောက်ကြာ
ကြာ ဝါးရမှာလဲလို့မေးရင် သွားတွေသာ ကျိုးစရာအကြောင်းရှိတယ်၊ ဝမှတော့မဟုတ်ဘူး။
အဲဒီတော့ ခင်ဗျားတို့ အရောင်းအဝယ်လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်စဉ်က ခွေးအမဲရိုးကိုက်သလိုပဲ၊ ကိုက်လို့
မောတာနဲ့ အညှီနံ့ကလေး ခံရတာနဲ့မမျှပါဘူး၊ အနံ့ကလေးကမဖြစ်လောက်ပါဘူး၊ ဒါကို တစ်နေ့လုံးဝါးနေရ
တယ်၊ ဒါကြောင့် ဘုရားရှင်က ငါးပါးအာရုံ ကာမဂုဏ်တွေဟာသာယာစရာက နည်းနည်းလေးသာရှိတယ်၊
ဒုက္ခတွေက သိပ်များတယ်လို့ ဟောထားခဲ့တယ်၊ နေ့တိုင်းဝါးနေရတဲ့အမဲရိုးကို စိတ်မပျက်သရွေ့ ခင်ဗျားတို့
သွားပြီး ဝါးနေမှာပဲ၊ သေသည်အထိ ဝါးနေမှာပဲ၊ သေတော့လဲ ဝရဲ့လားဆိုတော့၊ မဝဘဲနဲ့သေရတာ၊ သေပွဲ
ဝင်တော့လဲ မပြီးသေးဘူး၊ ရောက်ရာဘဝမှာလဲ ကိုက်ဦး ဝါးဦးမှာပဲ၊ ဝပြီးသေတဲ့သဘောကိုမပါဘူး၊ တန်း
လန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ၊ အမဲရိုးဟာသာယာစရာ အညှီနံ့လောက်ပဲရှိသလို၊ ခင်ဗျားတို့ မှာလဲ သားသမီး
ပစ္စည်းတွေကို ချစ်ခင်တာ သာယာတာကနည်းနည်းကလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေကအများကြီ်း
ပဲလို့ ဘုရားကဟောခဲ့တယ်။
ဒါဘာဟောနေတာလဲဆိုတော့"တဏှာ"သတ်ဖို့ဟောနေတာ၊ ဒီတဏှာက ဘယ်တော့မှ ဝ မှာမဟုတ်ဘူး၊
ဒုက္ခပေးလိုက်တာကတော့ နေ့စဉ်နဲ့အမျှပဲ၊ ဆိုင်ခင်တဲ့သူကို ဒီဆိုင်က ဒုက္ခပေးနေတယ်၊ သားခင်တဲ့သူကို
ဒီသားကဒုက္ခပေးနေတယ်၊ မယားခင်တဲ့သူကို ဒီမယားကဒုက္ခပေးနေတယ်၊ ဒါပေမယ့် ခင်ဗျားတို့ဟာအမဲ
ရိုးရတဲ့ခွေးလို"ခင်လို့မဝ၊ ဝါးလို့မဝ"ပဲနဲ့သေရတာပဲ၊ ဝ ပြီးသေတယ်လို့မရှိဘူး၊ စားချင်ရက်တန်းလန်းနဲ့ပဲ
သေသွားရတယ်၊ အိုလို့သာ သေသွားရတယ်၊ ဝ တော့မဝဘူး၊ တဏှာက ဘယ်တော့မှ ဝ ရိုးထုံးစံမရှိဘူး
ဒီ သားခင်ရတာတော်ပြီ၊ ဒီ သမီးခင်ရတာတော်ပြီ၊ ဒီ မယာခင်ရတာတော်ပြီ၊ ဒီ စီးပွားရေလုပ်ရတာတော်
ပြီလို့များ ခင်ဗျားတို့လာကြရဲ့လား၊ မလာဘူး၊ ဪ..နေ့တိုင်းလုပ်နေရတာလဲ မဝဘူး၊ သေခါနီးကျပြန်
တော့လဲ တဏှာနဲ့ခင်လျက် ဥပါဒါန်နဲ့ စွဲလမ်းလျက်နဲ့ပဲ သေသွားရတော့ ဘယ်ရောက်သွားမလဲ၊ အပါယ်
၎-ပါးပဲရောက်မယ်၊ ဒါဘယ်သူ့ သတ္တိလဲ၊ မဝနိုင်တဲ့တဏှာသတ္တိပဲ၊ ဒီတဏှာမသေသရွေ့တော့ဖြင့် အပါယ်
၎-ပါးကလွတ်ဖို့ရာ အကြောင်းမမြင်ဘူး၊ ဒါကြောင့် ဝိပဿနာလုပ်ကြပါလို့ တိုက်တွန်းတာ၊ ဝိပဿနာ လုပ်
ကြဆိုတာ၊ ဒါတွေကို စွန့်လွှတ်လိုက်လို့ပြောတာ။
နောက်ပြီး ဘုရားရှင်က"မြက်မီးရှူး"ဥပမာနဲ့ဟောပြန်သေးတယ်၊ သားသမီးနဲ့ ပစ္စည်းဥစ္စာတည်းဟူသော
ငါးပါးအာရုံကာမဂုဏ်တွေဟာ မြက်မီးရှူးနဲ့တူတယ်၊ မြက်ခြောက်ကလေးတွေကို ကြိုးနဲ့စုစည်းပြီးအဖျားကို
မီးရှို့ပြီး ညအခါလမ်းသွားတာနဲ့တူတယ်၊ လေတိုက်တဲ့ဘက်သွားတော့ လေကလဲတိုက်ပြန်၊ မီးကလဲ
လောင်ပြန်ဆိုတော့ ကိုယ်ဘက်ကိုလောင်မှာသေချာတယ်၊ ဒီမီးကိုလွှတ်ပစ်လိုက်ရင်မလောင်နိုင်ဘူး၊
လောင်မှာသိလျက်နဲ့ ဘာကြောင့်မလွှတ်ပစ်နိုင်သလဲ၊ ဒီမီးရှူးကိုခင်တွယ်နေလို့မပစ်နိုင်ရင် ခင်ဗျားတို့အ
လောင်ခံပြီး သေရုံပဲ ရှိတော့မှာပဲ၊ ဒီမီးအလင်းကလေးမရှိရင်မဖြစ်ဘူးဆိုပြီး တအားဆုပ်ကိုင်ထားတာလို့၊ ဒီ
သားသမီး ပစ္စည်းဥစ္စာကိုလဲ မရှိရင်မဖြစ်ဘူးဆိုပြီး ဆုပ်ထားတယ်၊ ဘုရားရှင်က ဒါတွေဟာမီးတွေကွ၊ ဆုပ်
ထားတဲ့လူကို လောင်လိမ့်မယ်လို့ဟောတယ်၊ ဒီမီးကိုလွှင့်ပစ်ရင်တော့ မလောင်ပါဘူး၊ မလွှတ်ပဲနေရင်တော့
လောင်မှာပဲ၊ ဒါဖြင့် ဒီမီးကိုလွှတ်လိုက်ပါလားဆိုတော့၊ မလွှတ်ချင်ဘူး၊ ဆုပ်ထားပါရစေတဲ့၊ ဘာပြုလို့ဆုပ်
ထားရသလဲ ဆိုတော့၊ အပူခံချင်လို့ အလောင်ခံချင်လို့ပေါ့၊ လောင်တာတောင်မှ မလွှတ်ချင်သေးဘူး၊ သားပူ
ကလဲလောင်း၊ သမီးပူကလဲလောင်း၊ ပစ္စည်းပူကလဲလောင်း၊ အံမယ်လေး..မီးတွေဝိုင်းပြီးလောင်နေပါလား၊
ဒီမီးတွေ လောင်မှန်းလဲမသိဘူး၊ လောင်မှန်းသိရင် လွှတ်ပစ်လိုက်ပေါ့ လွှတ်ပစ်လိုက်ရင်မလောင်တော့ဘူး၊
ခင်ဗျားတို့ကလဲ လွှတ်ကိုမလွှတ်ဘူး၊ အလောင်ခံမိုက်နေကြတယ်၊ သူတို့နဲ့ ဝေးရင်အေးတယ် ဆိုတဲ့သ
ဘောကိုမလာဘူး၊ သူတို့နဲ့ မခွဲနိုင်ဘူးဆိုတော့ ဒါဆုပ်ထားတာပဲ၊ ဒါတွေကို ခင်တွယ်လို့ ဆုပ်ထားတာပါ၊
ဒါတွေ ဆုပ်ထားတော့ လောင်တာပေါ့၊ သူတို့အတွက်နေ့မအိပ်ရ၊ ညမအိပ်ရ၊ စိုးရိမ်ရ၊ ကြောင့်ကြရ၊ အပူ
တွေဝမ်းထဲလောင်နေတာပဲ၊ မီးတွေမို့ လွှတ်ပစ်လိုက်ပါတော့လား ဆိုတော့ဘယ်ပစ်နိုင်ပါ့မလဲတဲ့၊ မင်းတို့
မိုက်ချက်ကလွန်နေပြီ၊ ဘုရားက သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဒီမီးတွေလောင်မယ်၊ လွှတ်ပစ်လိုက်လို့ပြော
ပေမယ့်၊ ခင်ဗျားတို့က နားမထောင်ဘူး၊ အသေဆုပ်ထားတယ်၊ ဘုရားပြောတာကို ကန့်လန့်လုပ်တယ်၊ ပြီး
တော့ ခင်ဗျားတို့ကပဲ ဘုရားကို ကန့်လန့်လုပ်တယ်လို့ ထင်ကြသေးတယ်၊ ဘုရားက အမှန်ပြောတာ ခင်ဗျာ
တို့ကသာ ကန့်လန့်လုပ်တာ။
ခင်ဗျားတို့ ဒီမီးတွေနဲ့လောင်ပြီးသေတဲ့အခါ၊ အပါယ်သွားရုံပဲ ရှိတော့တယ်၊ တချို့များသေခါနီးမှာ ဝိညာဉ်မ
ချုပ်နိုင်ပဲ အမောဆိုက်နေတာတောင်မှ၊ သားသမီးတွေ၊ ပစ္စည်းတွေ မခင်နဲ့၊ မစွဲလမ်းနဲ့၊ လွှတ်ပစ်လိုက်ပါ လို့
အနားကပြောတာတောင်မှ မကြားချင်ယောင်ဆောင်ပြီး လွှတ်မှာမဟုတ်ဘူး၊ ခင်ဗျားတို့ဟာ မီးကိုင်မိနေ
တာလဲမသိဘူး၊ လွှန်ပစ်ရင် အလောင်လွတ်မယ်ဆိုတာလဲ မသိဘူးဆိုတော့ မသိ ၃-မျိုး လွှမ်းမိုးနေတယ်၊
မသိ ၃-မျိုးလွှမ်းနေတဲ့ ပုထုဇဉ်အကန်းတွေဖြစ်နေတယ်၊ မီးလောင်ပြီးသေခြင်းဆိုးနဲ့ သေရင်အပါယ်ရောက်
တော့မှာပဲ၊ ဒီတော့အကန်းလက်စ၊ အမိုက်လက်စ သတ်ကြပါတောံ၊ ဝိပဿနာအလုပ်လုပ်ပြီး၊ မိုက်..ကန်းမှု
လက်စသတ်ကြပါတော့၊ ဒီသားသမီး ပစ္စည်းတွေဟာ ကိုယ်မပိုင်တဲ့ အနတ္တသဘောတွေလို့ ဝိပဿနာ
ဉာဏ်နဲ့ ရှုပေးပါ၊ ဒီလိုရှုပေးလို့ အမှန်တကယ်သိလာရင် အဲဒါတွေကို မခင်တော့ဘူး၊ ဆုပ်မထားတော့ဘူး၊
ဆုပ်မထားရင် မပူလောင်တော့ဘူး၊ မခင်တွယ်တာက"တဏှာ"ချုပ်တာ၊ ဆုပ်မထားတာက"ဥပါဒါန်"ချုပ်တာ
တဏှာ ဥပါဒါန် ချုပ်ရင် အပါယ်လေးပါတံခါးပိတ်သွားတာပဲ၊ အဲဒီတော့ ဝိပဿနာအလုပ်မှတစ်ပါး ခင်ဗျား
တို့မှာ ကယ်မဲ့သူ မရှိဘူးလို့မှတ်၊ ဝိပဿနာလုပ်လို့ မဂ်ဉာဏ် ရသွားရင် တဏှာ သမုဒယချုပ်တယ်၊ သမုဒယ ချုပ်ရင် ဒုက္ခ ချုပ်သွားတာပဲ၊ ဒုက္ခချုပ်ရင် နိဗ္ဗာန်ရောက်ပြီးမှတ်ပါ။           ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Tuesday, October 16

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သစ္စာအနက် (၁၆) ချက်



                                             "ဉာဏ်စဉ် အကြောင်း"
ဒီနေ့တော့ လူသစ်တွေရောက်လာလို့ ဝိပဿနာလက်တွေ့လုပ်နည်းကို စပြီးဟောရလိမ့်မယ်၊ ဝိပဿနာ
အလိုပ်စမယ်ဆိုရင် မိမိစိတ်ဟာ အဓိပတိ ၃-ပါး အားထားရမယ်၊ တရားထိုင်တဲ့ အခါမှာ ဆိတ်ငြိမ်တဲ့နေ
ရာမှာထိုင်ပါ၊ ဆိတ်ငြိမ်တဲ့ နေရာဟာတောပါပဲ၊ ဘုရားကိုရှိခိုးကန်တော့၊ မိမိခန္ဓာကို တရားမထိုင်မီ ဘုရား
ကိုလှူထားပါ၊ ပြီးတော့ သမ္မာဒေဝ-နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ အမျှဝေပါ၊ ခန္ဓာကိုယ် ထားပုံ
ထားနည်းကတော့အချိန်ကြာကြာတရားအားထုတ်နိုင်အောင်တည့်တည့်မတ်မတ် ထိုင်ပါ၊ ဝင်သက် ထွက်
သက်-အာနာပါနကို စိတ်တည်ငြိမ်ပြီး သမာဓိရအောင် လုပ်ပါ၊ ဝင်လေလဲသိ၊ထွက်လေလဲသိပြီးနေရင် ကြာ
တော့ သမာဓိအားကောင်းလာတဲ့ အချိန်မှာ ဝီယကို အလျှော့မပေးဘဲ သတိနဲ့ ပညာကို ကပ်ပြီးလိုက်ပါ။
တရားထိုင်ရတာကြာတော့ ရုပ်တွေက ဖောက်ပြန်လာပြီး ဝေဒနာတွေ ပေါ်လာတယ်၊ တောင့်လာတာ
ညောင်းလာတာကို ဉာဏ်ကသိလာတယ်၊ ညောင်းတာရယ် ညောင်းမှန်သိတာရယ် ဒီ ၂-ခုကို ဖြစ်ပြီးပျက်
သွားတာပဲလို့ သိလိုက်ပါ၊ ဒီလိုသိလိုက်တဲ့အ ခါမှာ ညောင်းတဲ့ ရုပ်နဲ့ ညောင်းတဲ့စိတ်မရှိတော့ပြီလို့ နေက်က
ဉာဏ်နဲ့သိလိုက်ပါ၊ ညောင်းတာ တောင့်တာကို ပြုပြင်ပြီးမပေးသမျှအညောင်းဓာတ်တွေ တစ်ခုပြီးတစ်ခု
ဖြစ်ပြီး ပျက်နေဦးမှာမို့၊ ဒူးကလေး ခြေကလေးဆန်ချင်တဲ့စိတ် ပြောင်းရွေ့ချင်တဲ့ပေါ်လာလိမ့်မယ်၊ အဲဒီ
ဆန့်ချင် ကွေးချင်ပြောင်းရွေ့ချင်တဲ့စိတ်ဖြစ်တာကို ကိုယ်ဉာဏ်နဲ့သိလိုက်ပါ၊ ဒီလို သိပြီးတဲ့အခါ ထိုဆန့်
ချင် ကွေးချင်ပြောင်းရွေ့ ချင်တဲ့ ရုပ်နာမ်တွေ မရှိတော့ပြီလို့ ထပ်သိလိုက်ပါ၊  အဲဒီလိုသိနေတုန်းမှာ ဖြတ်
ဆို အသံတစ်ခုကြားလိုက်ရင် ကြားတယ် လို့သိပါ၊ အဲဒီလို ခန္ဓာ ၅-ပါးမှာ တစ်ခုခုပေါ်လာတိုင်း၊ ပေါ်လာ
တိုင်း သိပြီးဖြစ်ပြီး ပျောက်ပျက်သွားပါကလားလို့သိရမယ်၊ အဲဒီလို အသိတရားတွေကို စိပ်သည်ထက်
စိပ်ပြီးလာတာတွေကို ဉာဏ်နဲ့မှတ်၊ တဖြည်းဖြည်း ရုပ်နာမ်တရားတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်သွားတာတွေ
ကိုသတိနဲ့စိုက်ကြည့်ကတွေ့လိမ့်မယ်၊ အနိစ္စ ဒုက္ခ အနတ္တလို့ ပါဠိလိုရွတ်မနေနဲ့တော့၊ ဖြစ်ပြီး ပျက်သွားပါ
ကလားလို့ တစ်ခုတည်းကိုသာ သတိနဲ့ စိုက်ပြီးကြည့် သိနေရင် ဆင်းရဲတဲ့ သဘော၊ အစိုးမရတဲ့ သဘော
ကိုပို၍ထင်ထင် သိမြင်လာလိမ့်မယ်။
ဒီလို မိမိတို့ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်တွေ ရှုကြည့်ဖန်များလာရင် မိမိရဲ့ ခန္ဓာကိုယ်ကို ရွံ့
မုန်းလာတော့တာပဲ၊ အဲဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်ကို စွန့်လွတ်ချင်တဲ့စိတ်ဖြစ်လာမယ်၊ ခန္ဓာကိုယ်ရှိရင် ဒီ
လို ဖြစ်ပျက်ဒုက္ခနဲ့ မကင်းနိုင်ပဲ၊ အို၊ နာ၊ သေ၊ ဆိုတဲ့ ဒုက္ခသစ္စာနဲ့တွေကြရဦးမှာပဲလို့ ကြောက်ရွံ့ပြီး မိမိ
ခန္ဓာကိုယ်ကိုပဲ ရွံ့မုန်းလာမယ်၊ ဖြစ်ပျက်ကို ရှုဖန်များလာရင် လောဘ-ဒေါသ-မောဟ ၃-ပါးစလုံး တဖြည်း
ဖြည်း ခေါင်းပါးပြီး၊ နောက်ဆုံးဖြစ်ပျက်ဆုံးအောင် ပွားများ အားထုတ်ဖန်များလာရင် ယခုဘဝမှာပင် မဂ်
ဖိုလ်ကို ရနိုင်တယ်၊ ဒါကြောင့် ကြိုးစားပြီး မိမိတို့ ခန္ဓာကိုယ်ကို ဖြစ်ပျက်ရှုကြပေတော့၊ ဖြစ်ပြီးပျက်တဲ့သ
ဘောမှတစ်ပါး ဘာမှမရှိဘူးဆိုတာ တွေရလိမ့်မယ်။
ဉာဏ်စဉ်ဆိုတာ။ ။ ရှုဖန်များလာရင် (၁) ဤကားရုပ်၊ ဤကားနာမ်လို့ပိုင်းခြားသိလာတော့"နာမရူပပရိစ္ဆေ
ဒဉာဏ်"ရလာတယ်။ (၂) နောက်နာမ်ရုပ်တို့၏ ဖြစ်ပေါ်ရခြင်းအကြောင်း တရားတို့ကို ဆင်ခြင်ပြီး၊ ဒီနာမ်ရုပ်
ဟာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံဆိုတဲ့အကြောင်း ၄-ပါးကြောင့် ဖြစ်လာတဲ့အကျိုးတရားပါကလား၊ အကြောင်းလည်း ဖြစ်ပျက်၊ အကျိုးလည်းဖြစ်ပျက်ပဲလို့ ရှေးအတိတ်ဘဝက အဝိဇ္ဗာ၊ တဏှာ၊ ဥပါဒါန်၊ ကံအ
ကြောင်း တရားတို့ကို ရှာမှီးသိမ်းဆည်နိုင်တဲ့"ပစ္စယပရိဂ္ဂဟဉာဏ်"ရလာတယ်။ (၃) နောက် ရုပ်နာမ်တို့၏
ဖြစ်ပြီး၊ ပျက်လတ္တံ၊ ဖြစ်ဆဲတို့ကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုတဲ့ ၃-ပါးကိုပိုင်ခြား၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဟူသော လက္ခဏာရေး ၃-ပါးဖြင့် ဆင်ခြင်သုံးသပ်ခြင်းတည်းဟူသော"သမ္မသနဉာဏ်"အဆင့်သို့ ရောက်
လာမယ်။ (၄) နောက် ယခုဖြစ်ဆဲ ပစ္စုပ္ပန်ရုပ်နာမ်တို့၏ ခဏမစဲ တသဲသဲ ဖြစ်ပျက်နေမှုကို ရှုခြင်းဆိုတဲ့
"ဥဒယဗ္ဗယဉာဏ်"ပေါ်လာမယ်။ (၅) နောက် ရှုဖန်များလာရင် အပျက်ကိုသာ သိမြင်လာတဲ့"ဘင်္ဂဉာဏ်"
ပေါ်လာမယ်။ (၆) ဒီလိုရှုဖန်များလာရင် ရုပ်နာမ်တို့၏ ပျက်မှု ချုပ်မှုကိုသာ မြင်လာသဖြင့်၊ ကြောက်ဖွယ်
ရာဘေးကြီးလို့ ထင်လာတဲ့"ဘယဉာဏ်"ပေါ်လာမယ်။ (၇) နောက်ရုပ်နာမ်တို့၏ ချုပ်ပျက်မှုစသော အပြစ်
တွေကို ထင်မြင်လာတဲ့"အာဒီနဝဉာဏ်"ရလာမယ်။ (၈) နောက်မိမိခန္ဓာကိုယ်တည်း ဟူသော ရုပ်နာမ်တို့
ကို ငြီးငွေ့ စိတ်ပျက် မနှစ်သက်တဲ့"နိဗ္ဗိန္ဒဉာဏ်"ဖြစ်လာမယ်။ (၉) နောက်မိမိခန္ဓာကိုယ်တည်းဟူသော ရုပ်
နာမ် ဓမ္မသင်္ခါရတို့မှ လွတ်ချင်လိုတဲ့"မုဥ္စိတုကမျတာဉာဏ်"ရောက်လာမယ်။ (၁၀) ထိုမှ တစ်ဆင့် ရုပ်နာမ်
တွေရဲ့ မမြဲမှု၊ ဆင်းရဲ့မှု၊ အစိုးမရမှုတွေကို အပြင်းအထန် အားထုတ်မှုကြောင့် အလွန်ထင်မြင်လာတဲ့
"ပဋိသင်္ခါရဉာဏ်"ရောက်လာမယ်။ (၁၁) နောက် ရုပ်နာမ်ဓမ္မသင်္ခါရတို့ကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်
တဲ့"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာတယ်။ (၁၂) နောက်ပြီးတော့ ရှေ့ဉာဏ် နောက်ဉာဏ်ကို လက္ခဏာရေး
သုံးပါးဖြင့် အနုလုံ ပဋိလုံ ရှုပွားတဲ့အခါမှာ ၂-ဉာဏ်လုံးနဲ့ သင့်လျော်တဲ့"အနုလောမဉာဏ်"ဖြစ်ပေါ်လာမယ်။
(၁၃) နောက် ပုထုဇဉ်တို့၏ အနွယ်ကိုဖြတ်၍ အရိယာတို့၏ အနွယ်ကိုဖြစ်စေတဲ့"ဂေါတြဘူဉာဏ်"ပေါ်လာ
မယ်။ (၁၄) နောက်(သဥပါဒိသေသ) နိဗ္ဗာန်ကိုမြင်တဲ့"မဂ်ဉာဏ်" နှင့်။ (၁၅) မရှေးမနောင်းပင် ထိုနိဗ္ဗာန်၏
အကျိုးကို ခံစားတဲ့"ဖိုလ်ဉာဏ်"ပေါ်လာမယ်။ (၁၆) နောက် မဂ်ကိုဆင်ခြင်ခြင်း၊ ဖိုလ်ကိုခြင်ခြင်း၊ နိဗ္ဗာန်ဆင်
ခြင်ခြင်း၊ ပယ်ပြီးသောကိလေသာကို ဆင်ခြင်ခြင်း၊ မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်းဆိုတဲ့
ဉာဏ် ၅-ပါးကို ဆင်ခြင်တဲ့"ပစ္စဝေက္ခဏာဉာဏ်"ရောက်လာလိမ့်မယ်။
ဒါကြောင့် အလွန်တွေ့ကြုံခဲလှစွာသော ဘုရားသာသနာတော်နဲ့ ကြုံခိုက်၊ ဆရာသမား ကောင်းနဲ့လည်း
တွေ့ခိုက်၊ ရခဲလှတဲ့ လူ့ဘဝကို ရခိုက်မှာ ယခုအချိန်ကစပြီး အရိုးကြီးပွားရေးကိုမလုပ်ကြဘဲ။ အရိုးက ဓာတ်
တော်ဖြစ်အောင် ကြိုးစားကြပါ၊ အရို အသွး အသား ဓာတ်တော်ဖြစ်တယ်ဆိုတာ၊ အမေမွေးကတည်းက
ဖြစ်လာတာမဟုတ်ဘူး၊ တရားကိုအားထုတ်လို့ တရားက ပြုပြင်သောကြောင့် တရားသဘောအရ ဓာတ်
တော်ဖြစ်လာရတယ်လို့မှတ်ပါ၊ ဒါကြောင့်တရားအလုပ်ကို ကြိုးကြိုးကုတ်ကုတ် အားထုတ်ဖို့ သတိပေး
လိုက်ပါတယ်။        ။
    (မှတ်ချက်။   ။ဆရာတော်သည် တရားအားမထုတ်ဖူးသေးသည့် လူပြိန်းများကိုသာ ထိုစဉ်က
     ဗဟုသုတ အလို့ငှာ အထက်ပါအတိုင်း ဉာဏ်စဉ်ကို အထူးသီးသန့်ဟောခဲ့ပါသည်။ များသော
     အားဖြင့် ဉာဏ် ၃-ဆင့်ကိုသာ ဟောပြောလေ့ရှိပါသည်။)

                                            
                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ


Sunday, October 14

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သားတစ်ရတဲ့ ကျီးလို့

စီးပွားရှာလို့ ပစ္စည်းဥစ္စာပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဟာဘာနဲ့တူသလဲဆိုရင် ကျီးတစ်ကောင် အမဲသားတစ် ရတာနဲ့
တူတယ်လို့ ဘုရားကဟောတယ်။ ကျီးကန်းတစ်ကောင်ဟာ သားတစ်တစ်ခုကို ရထားတယ်၊ ဒီသားတစ်ကို
ဟိုကျီးကလဲစားချင်း ဒီကျီးကလဲစားချင်တော့၊ အမဲသားတစ်ရထားတဲ့ ကျီးနောက်ကို အကုန်ပြုံလိုက်ကြပြီး
ထိုးကြ ဆိတ်ကြလုကြတယ်၊ ဒီကျီးဟာ နဂိုကအထိုးမခံရဘူး၊ အခုသားတစ်ရမှ အထိုးခံရတာ၊ ပါးစပ်ထဲက
သားတစ် ပြုတ်ကျလောက်အောင် နာကျင်အောင် နှုတ်သီးနဲ့ထိုးဆိတ်လိုက် အတောင်နဲ့ရိုက်လိုက်နဲ့ လု
ယက်ကြတယ်၊ ဒါသားတစ်ကြောင့်အထိုး အဆိတ်ခံရတာ သားတစ်ကိုလွှတ်လိုက်တော့ ဒီကျီးအထိုးမခံရ
တော့ဘူး၊ ဒီကျီးကိုမထိုးတော့ဘဲ ဒီသားတစ်ကိုရသွားတဲ့နောက်ကျီးကိုပဲ တခြားကျီးတွေက လိုက်ပြီးထိုး
ကြ ဆိတ်ကြပြန်တာပဲ။ ခင်ဗျားတို့လဲ ဒီလိုပဲ၊ ကိုယ့်..ကိုယ်ကို ခင်နေတာဟာသားတစ် ချီးထားတာပဲ၊ပစ္စည်း
ဥစ္စာ ခင်နေတာလဲ သားတစ်ချီးထားတာပဲ၊ သားလင်ခင်ပွန်းနဲ့ တိုက်တာတွေခင်နေတာလဲ သားတစ်ကိုချီ
ထားတာပဲ၊ ဒါတွေချီထားတာ အစိုးရက"ပေးပါအိပ်ခွန် ပေးပါ အမြတ်တော်ကြေး"ဆိုတော့ ဒါအထိုးခံရတာ
ပဲ၊ သူခိုးဓားပြကလဲ ချောင်းပြီးလစ်ရင် လူသတ်ပစ္စည်းယူမယ်ဆိုတာတွေလဲ လာမှာပဲ၊ ဒါခင်ဗျားတို့က မ
လွှတ်နိုင်ရင်သေရမှာပဲ၊ ခင်ဗျားတို့က ကိုယ်ရထားတာကို ကိုက်ထားတော့ ဝိုင်းပြီးထိုးဆိတ်ခံကြရမှာပဲ၊ ခင်
ဗျားတို့က အထိုးခံရတဲ့ ဘက်ကချည်းပဲ နေကြရတယ်၊ ဘာဖြစ်လို့ သားတစ်နဲ့တူတဲ့ ပစ္စည်းတွေကို ကိုက်
ထားလို့၊"ငါ့ဟာ..ငါ့ဟာ"နဲ့ ငါ့ဟာတော့ အထိမခံနိုင်ဘူးဆိုပြီး၊ တအားကိုက်ထားကြတယ်၊ ဒီတော့ မင်း၊ ခိုးသူ၊ ရန်သူမျိုးငါးပါး၊ အမွေလိုချင်တဲ့လူတွေက လာလာပြီး ထိုးကြဆိတ်ကြတော့ ခင်ဗျာတို့ စိတ်မချမ်းမ
သာတာတွေများရတယ်၊ ဘာကြောင့်တုန်းဆိုတော့ ချီထားလို့ပေါ့။
ခင်ဗျာတို့ကုန်သည်တွေ ဆိုင်ကလေးကြီးလာတော့ ဟိုကမလို၊ ဒီကမလိုနဲ့ ထိုးဆိတ်ခံကြရတယ်၊ မနာလိုသူ
တွေက အစိုးရဆီသွားပြီး၊ တို့ကြ ရှို့ကြတယ်၊ ခင်ဗျားတို့က ချီထားတော့ အထိုးအဆိတ်ခံရတာပေါ့၊ ဒါဖြင့်
လွှတ်ပစ်လိုက်ပါလား၊ လွှတ်ပစ်လိုက်ရင် ဘယ်ဆိုင်နီးချင်ကမှ မျက်စောင်းထိုးတော့မှာမဟုတ်ဘူး၊ ခင်ဗျား
တို့က ဒါကြီးချီထားပြီး"ကိုယ်က လူတစ်လုံး သူတစ်လုံး လုပ်နေတာ"လို့ထင်နေသေးတယ်၊ လူပုံအလယ်မှာ
ဆိုင်ကြီးကနားကြီး ပိုင်ရှင်ကြီးအနေနဲ့နေရတာ ဂုဏ်ရှိတယ်လို့ထင်နေကြတယ်၊ အညှဉ်းခံရတာလဲမနည်း
ဘူး၊ ဒါတွေကိုမလွှတ်ဘဲ ကိုက်ထားတော့ဘယ်နေ့များ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ အသက်မှန်မှန် ရှုရတဲ့
နေ့များရှိသတုံးဆိုတော့ တစ်နေ့မှမရှိဘူး၊ ဟိုကြောက်ရ ဒီလန့်ရ၊ စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေနဲ့ပဲနေကြရ
တယ်။ ဒါတွေဟာကိုယ်ရှာထားတဲ့ ပစ္စည်းတွေကိုမလွှတ်လို့ဘဲ၊ သားတစ်ရတဲ့ကျီးဝိုင်းပြီး အထိုးအဆိတ်ခံ
နေရသလိုပဲ။ ဒါကြောင့် ငါးပါးအာရုံကာမဂုဏ်ဆိုတဲ့ ပစ္စည်းတွေကို ခင်ဗျားတို့သိမ်းပိုက်ထားတာ ကျီးကန်း
သားတစ်ရတာနဲ့အတူတူပဲ၊ ဆွေမျိုးတွေကလဲ သူတို့ဆိုင်ကြီးကနားကြီးနဲ့နေတာတောင်မှ တို့ဘက်ကို တစ်
ပြားတစ်ချပ်မှမကျပါဘူး ဆိုပြီး ထိုးလိုက်သေးတာပဲ၊ ကိုယ်နဲ့တန်းတူတွေကလဲ ဒီကောင်ဘယ်တော့ပြုတ်
ပါမလဲ ဆိုပြီးတော့ ထိုးဆိတ်နေတာပဲ၊ ဘယ်အချိန်မှ အထိုးအဆိတ်က မလွတ်ဘူးနော်၊ ဒါကြောင့် ဘုရား
ရှင်က"ခန္ဓာရှိရင် ဒီပစ္စည်းတွေလဲရှိရမယ်၊ ဒီပစ္စည်းတွေရှိရင် ဒီလိုအထိုးခံရမယ်"လို့ဟောထားတာ၊ ခင်ဗျား
တို့ကလဲ ဒါတွေလွှတ်ပစ်ရင် ချမ်းသာမယ်ဆိုတာ မသိတော့ ဒီအထုပ်ကြီးတွေပဲ ချီပြီးပြေးနေကြတယ်၊ စစ်
အတွင်းကများဆိုရင် ပြေးလိုက်ရတဘယ်ဆီချီသွားရမတုန်းဆိုပြီးတော့ အင်းဝဘက်များချီပြေးလိုက်သေး
တယ်၊ ခင်ဗျားတို့က ပါးကိုမပါးဘူး၊ ဒါတွေရှိမှ ချမ်းသာတယ်ဆိုတဲ့ အကြံမွဲဉာဏ်မွဲကလဲ လားသေးတယ်၊
ဒါတွေမရှိမှချမ်းသာတာ၊ ဒါတွေမရှိတော့ အိမ်ပြင်ထွက် လေညှင်းခံပြီးအိပ်လိုက် ဘာမှမဖြစ်ဘူး၊ အခုတော့
အခန်းတွေ တံခါးတွေအထပ်ထပ်လုံအောင်ပိတ်ပြီး ခြင်ထောင်ထဲ ချွေးတဒီးဒီးနဲ့နေရတာ ချမ်းသာရဲ့လား
မချမ်းသာပါဘူး။
မချမ်းသာပေမယ့် တဏှာကချော့ထားတော့ ခင်ဗျားတို့က ချမ်းသာတယ်လို့ထင်နေကြတယ်၊ တဏှာက
"ရွှေရှိမှချမ်းသာတယ်၊ ငွေရှိမှချမ်းသာတယ်"လို့ပြောတော့ ခင်ဗျားတို့ကလဲ ယုံတာပဲ၊ တချို့များ အငတ်ခံ
ပြီးရှာဖွေကြတယ်၊ ဒါတဏှာက အငတ်ခိုင်းတာပဲ၊ စစ်အတွင်းကနောက်ကနေပြီး ဗုံးတွေကလဲကြဲရက်၊ စစ်
ကလဲတိုက်ရက်၊ ကိုယ်ကလဲ သားတစ်ကြီးကိုမလွှတ်နိုင်လို့ ချီရက်၊ အံမာလေး အရူးကျလိုက်တဲ့ဖြစ်ခြင်း၊
ဗုံကြဲမယ့်လေယာဉ်ပျံတွေလာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင်ဂုရုမစိုက်နိုင်ဘူး၊ ပစ္စည်းထားတဲ့နေရာကို
ပဲ လွတ်မှလွတ်ပါမလားဆိုပြီး ကြောင့်ကြပူ စိုးရိမ်ပူ သောကပူ ဗျာပါဒပူတွေ အကုန်လာတော့တာပဲ၊ ဒီအပူ
တွေဟာ ဒီသားတစ်(ဥစ္စာထုပ်)ကြီး ကိုက်ထားလို့ရတာ၊ သူ့ကိုလွှတ်ပစ်ရမယ်၊ ကိုက်မထားရဘူး၊ ခင်ဗျားတို့
ကတော့ ကိုက်ထားမှအေးတယ်လို့ထင်နေတယ်၊ ကိုက်ထားရင် အများရဲ့အထိုးအဆိတ်ခံရမယ်၊ ခင်ဗျားတို့
စားရတဲ့အချိန်နဲ့ အထိုးအဆိတ်ခံရတဲ့အချိန် ဘယ်အချိန်ကများသလဲဆိုရင် အထိုးအဆိတ်ခံရတဲ့အချိန်က
များတယ်၊ နောက်ဆုံးပိတ်ဒီပစ္စည်းတွေကိုမလွှတ်ဘဲမစွန့်ပစ်ဘဲခင်တွယ်စွဲလမ်းပြီးသေသွားရင် အပါယ်လေး
ပါးကျအောင်တွန်းပို့လိုက်ဦးမယ်၊ စွဲလမ်းပြီးသေတဲ့ ပုဂ္ဂိုလ်ဟာအပါယ်ကျတာများတယ်၊ ဒါတွေကိုစွန့်ပစ်
လိုက်ပြီး ခင်တွယ်စွဲလမ်းမှုမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ နေတော့လဲအနေကောင်း၊ သေတော့လဲသုဂတိရောက်ရ
လို့ အသေကောင်းဖြစ်တယ်၊ စွန့်ပစ် ဆိုတာသူတစ်ပါးကို ဝေပစ်ရမှာလားဆိုတော့ ဒီလိုလဲလုပ်ဖို့ မလိုပါဘူး
ဉာဏ်နဲ့သာ ငါ့ကိုယ်မဟုတ် ငါ့ဥစ္စာမဟုတ် လို့သိပြီးမခင်တွယ်ရင် စွန့်လွှတ်တာမည်တယ်၊ ဒါတွေဟာမမြဲတဲ့
အနိစ္စတွေပဲ၊ မပိုင်တဲ့ အနတ္တတွေပဲလို့ မဂ်ဉာဏ်နဲ့မြင်အောင်ကြည့်၊ အနိစ္စမြင်အောင် ကိုယ်ခန္ဓာကိုလဲကြည့်
ပစ္စည်းတွေကိုလဲကြည့်ရမယ်၊ ကြည်လို့ အနိစ္စမြင်လာတဲ့အခါကျတော့ ဪ..ငါ့ခန္ဓာနှင့်တကွ ပစ္စည်းတွေ
ဟာ မမြဲပါကလား ဆိုပြီးအရင်ကလိုမခင်တော့ဘူး မတွယ်တာတော့ဘူး၊ မမြဲမှန်းသိတော့ လိုချင်တပ်မက်မှု
လဲ မရှိတော့ဘူး၊ ရန်သူမှန်းသိတော့မကပ်ချင်တော့ဘူး၊ ဒါကြောင့် ဒီခန္ဓာနဲ့ပစ္စည်းတွေကို ဝိပဿနာရှုပေး
လို့ပြောတာ၊ ဝိပဿနာမရှုလို့ အနိစ္စမထင်ဘဲ နိစ္စထင်နေတော့ တဏှာ နဲ့ချီထားကိုက်ထားတာပေါ့။
ကိုက်ထားဆိုပါးစပ်ထဲကလွှတ်ကိုမလွှတ်တာ၊ တချို့များအငတ်ခံပြီး စီးပွားရှာကြတယ်၊ ဒါခင်တဲ့တဏှာက
အငတ်ခိုင်းတာ၊ အငိုခိုင်းတာလဲ သူကအငိုခိုင်းတာပဲ၊ အပြုံးခိုင်းတာလဲ သူကအပြုံးခိုင်းတာပဲ၊"မြတ်ရင်ပြုံး
ရှုံရင်ငိုပေါ့"ဟုတ်လား၊ ဒါအရူးပြုံး ပြုံးတာ၊ အကောင်းပြုံးတာမဟုတ်ဘူး၊ စက္ကူက စိန်ကလေးဖြစ်လာရင်ပြုံး
ပြီး၊ ကားကလေးဖြစ်လာရင် ပြုံးပြီး၊ အရောင်းအဝယ်မဖြစ်၊ စီးပွားပျက်လာတော့ မဲ့ပြီ၊ ငိုပြီ၊ ဒီတော့ခင်ဗျားတို့
ဟာ"တဏှာ"ကပြုံးဆို ပြုံးလိုက်ရပြီ၊ မဲ့ဆိုမဲ့လိုက်ရပြီ၊ ဒါဖြင့် ခင်ဗျားတို့ဟာ"အရူးပြုံးနဲ့ အရူးမဲ့"ဒီ ၂-မျိုးပဲရှိ
တယ်၊ ဒီ"ပြုံး-မဲ့"ဇာတ်ကြီးပဲ ခင်းနေကြတယ်၊ မလွှတ်နိုင်လို့ ဒီဇာတ်ကြီးခင်နေရတာ၊ လွှတ်လိုက်ရင် ဒီဇာတ်
ကြီးသိမ်းတာပဲ၊ ဒီတော့ ဉာဏ်နဲ့စွန့်လွှတ်ရမယ်၊ ဝိပဿနာ ဉာဏ်နဲ့"ဒါတွေဟာ အနိစ္စတရားတွေပဲ၊ ငါ့ကိုယ်
ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဆိုတဲ့ အနတ္တတွေပဲ"လို့ ခန္ဓာကပစ္စည်းတွေက ပြောတဲ့အတိုင်းမြင်အောင် ကြည့်ရမယ်၊
ဒီလို့ ဉာဏ်ကမြင်လာရင် ဒါတွေကိုခင်တွယ် စွဲလမ်းချင်တဲ့သဘော ချီကိုက်ထားချင်တဲ့သဘောမရှိဘူး၊ ဒါဖြင့် ဉာဏ်ဝင်လိုက်ရုံပဲရှိတာပဲ၊ ခင်ဗျားတို့ကလဲ ဒီရောက်အောင် ဉာဏ်ကမလှည့်နိုင်ကြဘူး၊ မလှည့်နိုင်
တော့ မိမိခန္ဓာနဲ့၊ ပစ္စည်းတွေကို"တဏှာဥပါဒါန်"နဲ့ခင်တွယ်-စွဲလမ်းပြီး၊ တစ်ခါတည်းမလွတ်ဘဲကိုက်ထားမျို
ထားတော့တာပဲ၊ ဒီလိုခင်တွယ် စွဲလမ်းရင်းနဲ့ပဲ သေသွားမယ်ဆိုရင် အပါယ်ရောက်ရတယ်ဆိုတော့၊နေတုန်း
ကလဲ အနေဆို၊ သေတော့လဲ အသေဆိုးပဲ။"အနေဆိုး အသေဆိုး"ဟာခင်ဗျားတို့ကိုယ်ပိုင်ပစ္စည်းမှတ်၊ အဲဒါ
ဉာဏ်မဝင်ရင်ဒီအတိုင်းသွားမယ်၊ ဉာဏ်ဝင်လိုက်ရင် သိပ်ပြီးအဖိုးတန်းမှာပဲ၊"ဒါတွေဟာ အနိစ္စတွေပဲ၊ ဒုက္ခ
တွေပဲ၊ အနတ္တတွေပဲ"လို့တစ်ခုခုမြင်အောင်ရှုပေးပါ၊ ရှုလိုက်ရင် ခင်ဗျားတို့ဉာဏ်ထဲမှာ ငါလဲမဟုတ်ပါလား၊
ငါဥစ္စာလဲ မဟုတ်ပါလား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲလို့သိလာမယ်၊ ဒိလိုသိလာရင် ပစ္စည်းတွေ အခိုးခံရလဲ
မတုန်လှုပ်တော့ဘူး၊ မီးလောင်သွားလဲ မတုန်လှုပ်တော့ဘူး၊ အခုမှ..အထိုးအဆိတ် လွှတ်ပြီးချမ်းသာရသွား
တာပဲ၊ ဝိပဿနာ ရှုဖန်များလို့ ဉာဏ်အမြင်သန်လာရင် ဒါတွေမခင်တွယ်တဲ့အပြင် မလိုချင်တော့ဘူး၊ ဒါတွေ
ကို ငြီးငွေ့လာမယ်၊ ရွံ့လာမယ်၊ မုန်းလာမယ်၊ မုန်းလာတဲ့အခါဆက်ရှုပါ၊ ဆက်ရှုတော့မဂ်ဉာဏ်တွေရပြီး၊
ဒါတွေကို ခင်တဲ့ တဏှာဟာအမြစ်ပါ ပြတ်သွားမယ်၊ တဏှာ..သမုဒယချုပ်ရင် ဒုက္ခဟာ အလိုလိုချုပ်တော့
တာပဲ၊ ဒုက္ခချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။        ။

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ


                                        


Saturday, October 13

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပုန်းအောင်ပြီး ချေင်းဖမ်းပါတရားတော်

မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို"အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့တရားကို ဘယ်လိုများ ဝိပဿနာရှုရပါသလဲ"
လို့မေးလျှောက်တယ်၊ ရှင်နာဂသိန်က ဒီလိုပြောလိုက်တယ်၊ မင်းကြီး ကျား ခြင်္သေ သစ်တို့ဟာ သားသမင်
တွေကိုဖမ်းတဲ့ အခါသူတို့ပြေးရာကို လိုက်ဖမ်းလို့ အလွယ်တကူမရဘူး။ စောင့်ဖမ်းမှ ချေင်းဖမ်းမှ အလွယ်
တကူနဲ့ရနိုင်တယ်၊ အဒီလိုပဲ ယောဂီ ပုဂ္ဂိုလ်ဟာပေါ်လာတဲ့ အာရုံတွေနောက်ကိုလိုက်မနေရဘူး၊ ပေါ်လာ
တာကလေးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တမိအောင် စောင့်ပြီးကြည့်ရမယ်၊ စိတ်ပေါ်တိုင်းဖြစ်ပျက်ကိုသာရှုပါ၊ စိတ်
ပြေးတိုင်း လိုက်ဖမ်းနေဖို့ မလိုဘူး၊ စောင့်ပြီးပေါ်တာကို ကြည့် ဖြစ်ပျက်ကိုသာ ရှုပါ၊ သတိကလေးနဲ့ချေုာင်း
ပြီးဖမ်းရမယ်လို့ဟောလိုက်တယ်၊ အဲဒီတော့ ခင်ဗျားတို့ သန္တာမှာ နာမ်တရားပေါ်ပေါ် ပေါ်တာကို ချောင်း
ဖမ်းပေတော့၊ ဒါကြောင့် ယောဂီများဟာ အောင်းလဲအောင်း ချောင်းလဲချောင်းဆိုတဲ့ စကားလို မိမိတို့အိမ်
မှာပဲဖြစ်ဖြစ်၊ ဆိတ်ငြိမ်တဲ့နေရာ ဆိတ်ငြိမ်တဲ့ အချိန်ကို ရွေးချယ်ပြီးအားထုတ်ပါ၊ ဆိတ်ငြိမ်တဲ့နေရာက
တော့တောပါပဲ။ ဒီလိုဆိတ်ငြိမ်တဲ့နေရာမှာနေပြီး သားကောင်နဲ့တူတဲ့စိတ်အမျိုးမျိုးပေါ်လာတာကိုမိအောင်
သတိနဲ့စောင့်ပြီးမိအောင်ဖမ်းပါ။
အဲဒီတော့ ဝိပဿနာအားထုတ်တဲ့အခါမှာ ပုန်းအောင်းမှုနဲ့ ချောင်းမြောင်းမှု ဒီ ၂-ခုကိုစွဲကိုင်းထားပါ၊ ပုန်း
အောင်းမှုတွက် ဆိတ်ငြိမ်ရာကိုရှာပါ၊ ထိုင်ပါ၊ ထိုင်ပြီးတော့ သတိ၊ သမာဓိနဲ့ ချောင်းမြောင်းပြီးပေါ်လာတာ
ဟူသမျှကို ပညာနဲ့ မိအောင်ဖြစ်ပျက်ရှုပါ၊ ဒီတော့ဆိတ်ငြိမ်တဲ့နေရာမှာအောင်ပြီး၊ ပေါ်လာတဲ့ ရုပ်နာမ်(သား
ကောင်)ကို သတိ သမာဓိနဲ့ချောင်းပြီး၊ ပညာနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမိအောင်ဖမ်းပါ၊ ရှုတဲ့အခါမှာ ပထဝီ၊
အာပေါ၊ တေဇော၊ ဝါယော၊ အာကာသ၊ ဝိညာဏဆိုတဲ့ ဓာတ် ၆-ပါးကို ရှုနိုင်တယ်။ ဓာတ်ဆိုတာ သူ့သ
ဘောသူဆောင်ပြီး ဖြစ်ပျက်နေကြတာပဲ၊ ဒီဓာတ်တွေ ဖြစ်ပျက်နေကြတာကို သိလိုက်ရင် ဝိပဿနာဉာဏ်
မဂ်ဉာဏ်ကိုရနိုင်တယ်၊ ဒုက္ခသစ္စာကို တကယ်မြင်ရင် နိဗ္ဗာန် ရတော့တာပဲ၊ ဒါကြောင့် ဓာတ် ၆-ပါးကို ရှုကြ
ပါ၊ ဝိညာဏဓာတ်ဆိုတဲ့ စိတ်ပေါ်တိုင်း ဖြစ်ပျက်ရှုပါ၊ ဓာတ် ၆-ပါးကိုကြိုက်ရာရှုပါ၊ သို့မဟုတ် ဝေဒနာ တွေ
ကိုလဲ ပေါ်ရာရှုပါ၊ ဒါမှမဟုတ် မျက်လုံးနဲ့ အဆင်း၊ နားနဲ့ အသံ၊ လျှာနဲ့ အရသာ၊ ကိုယ်နဲ့ အထိအတွေ့၊ စိတ်
နဲ့ အာရုံတွေ့တာတွေဟာ ဖဿပေါ်တာပဲ။ ဒီဖဿဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာပြီး ချုပ်ပျောက်
သွားတာပဲလို့ သိနေပါ။
 ဒီလို သိလိုက်တော့ ဪ..ဒီတရားတွေဟာ သူ့အကြောင်းနဲ့သူ၊ သူ့သဘောနဲ့သူဖြစ်ပေါ်လာပြီး၊ပျောက်
ပျက်သွားပါကလား၊ အစိုးမရတဲ့အနတ္တတရားတွေပါကလားဆိုတာသိတော့ အနတ္တဉာဏ် ရလာတော့တာ
ပဲ၊ အနတ္တဉာဏ်ရရင် နိဗ္ဗာန်ရောက်တော့တာပဲ၊ ဥပမာ ခန္ဓာကိုယ်မှာ ဝေဒနာပေါ်တယ်၊ ဒီဝေဒနာဟာ သူ့
သဘောနဲ့သူ၊ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာပဲ၊ ဖြစ်ပြီး ပျက်သွားတာပဲလို့သိပေးပါ၊ ဒီလိုဝေဒနာသ
ဘောကိုမသိဘဲ ငါနာတယ်၊ ငါဖျားတယ်လို့ ငါစွဲ စွဲနေရင် တဏှာလိုက်နေမယ်၊ တဏှာလိုက်ရင်၊ ဥပါဒါန်၊
ကံတွေလိုက်ပြီး သံသရာလည်တော့တာပဲ၊ ဒီတော့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ရှု၊ သူ့သဘောအတိုင်းအ
ကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာပဲ၊ ဒါ ဓာတ်သဘောပဲ၊ ငါမဟုတ်ဘူး ငါနဲ့မဆိုင်ဘူး လို့သိရင် ဝေဒနာ
နောက်က တဏှာမလိုက်တော့ဘူး၊ တဏှာ ချုပ်သွားတယ်၊ တဏှာ ချုပ်ရင် ဥပါဒါန်၊ ကံတွေချုပ်တော့
နိဗ္ဗာန်ရောက်တာပဲ၊ ဒီတော့ ဝေဒနာနောက်က တဏှာမလိုက်အောင်ဝေဒနာကိုဖြစ်ပျက်ရှု၊ ဝေဒနာနောက်
ဖြစ်ပျက်မြင်ရင် တဏှာချုပ်တယ်၊ တဏှာ ချုပ်ရင် နိဗ္ဗာန်ရတာပဲ။        ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Thursday, October 11

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ တိုက်ရိုက်သိလျှင် ဒုက္ခမရှိတဲ့နိဗ္ဗာန်

                    "ဒုက္ခတွေ ပင်လယ်ဝေအောင် သိလေလေ ဒုက္ခမရှိတဲ့နိဗ္ဗာန် သိလာလေ"
ဒုက္ခပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောင်ကြောင်း အကျင့်ပါပဲ။ ဘုရားရှိခိုးချင်စိတ်ပေါ်
ပေါ် ပေးကမ်းချင်တဲ့စိတ်ပေါ်ပေါ် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါပဲ၊ နဖူးပေါ်လက်တင်တင်၊ ခေါင်းအုံးပေါ်ခေါင်း
ချချ ပေါ်လာတွေသည်၊ ဒုက္ခသစ္စာတွေလို့ တွေးပါ၊ ဒါ အပါယ်လေးပါး ပိတ်တဲ့အတွေး၊ ခန္ဓာထဲမှာ ဒုက္ခမှ
တစ်ပါး တခြားပေါ်စရာက ဘာမှမရှိပါဘူး၊ ဒုက္ခတွေ ပင်လယ်ဝေနေတော့တယ်၊ လူ့ဘဝရတာဟာ ဒုက္ခ
သစ္စာရတာ လူချမ်းသာ မရှိပါဘူး။ ရထားတဲ့ ခန္ဓာ သုဂတိတဲ့ဗျာ၊ နဂိုက တဏှာအရုး စီမံရာကို ကံကလုပ်
ပေးလို့ ကိုယ်က သုဂတိထင်ပြီး လိုက်လာတာ၊ အခုတော့ ကိုယ်ကျိုးကြီး နည်းပါပေါ့လား၊ ခန္ဓာကိုယ်က
ပေးသမျှ ဒုက္ခချည်းပဲမှတ်၊ ဒီတော့ ဘာဂတိမှ မလာတဲ့၊ သုဂတိနယ်၏ အဆုံး ဂတိဟူသမျှ၏ အဆုံးပေါ့
ဗျာ..ဂတိတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာလျှင်..သွားဖြစ်အောင် သွားပါဆိုတာ တိုက်တွန်း
ပါတယ်။ ခန္ဓာ၏ နှပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေး၊ နှိပ်စက်တာ မြင်ပါများတော့ ခန္ဓာခင်မှုက လျော့သွား
တယ်၊ ဒုက္ခသစ္စာအမြင်းများမှ ဒုက္ခသိမ်းချင်တဲ့ဉာဏ်က လာတာ၊ ဒုက္ခသစ္စာမြင်တိုင်း မြင်တိုင်း သမုဒယ
တဏှာချုပ်တယ်၊ ချုပ်ပါများရင် ပါးတယ်၊ ပါးပါများရင် ပျောက်တယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာ သွားသာယာ
တဲ့ တဏှာလည်း ချုပ်ရော ဖြစ်ပျက်လည်း၊ ချုပ်တာပဲ၊ ခင်ဗျားတို့ နိဗ္ဗာန်မရောက်သေးတာဟာ ခန္ဓာအ
ပေါ် ခင်တွယ်တဲ့တဏှာ မချုပ်သေးလို့။
ပထမဖြစ်ချုပ် ဒုတိယဖြစ်ပျက်ပေါ်၊ ဒုတိယဖြစ်ချုပ် တတိယဖြစ်ပျက်ပေါ်၊ ဒီလို အဆက်မပြတ် ဒုက္ခစက်
ရဟတ်ကြီး လည်ပတ်နေတာ၊ ဒုက္ခမီးက ခန္ဓာကို အမြဲတောက်လောင်းပြီး နေတာပါ၊ ဒါကို ဉာဏ်နဲ့မြင်
အောင် ကြည့်ရမယ်။ မိမိ သန္တာမှာ ပေါ်လာသမျှကို မပြတ်မလပ် အထပ်ထပ်ရှုမှတ်ပေးရမယ်၊ ကိုယ်ဒုက္ခ
ကိုယ်သိမှ မဂ်ပေါ်တာ၊ ခန္ဓာ၏ ဖြစ်စဉ်က မွေးလိုက်သေလိုက် အနားမရှိဘူး၊ ဖြစ်မှုက အစားထိုးလိုက်
ပျက်မှုက ဖျက်ချလိုက်နဲ့၊ ဘယ်တော့မှ ဖြစ်ပျက်ဒုက္ခနဲ့ ခွဲခဲ့ရတယ်လို့ မရှိပါဘူး၊ ဖြစ်ပျက်ကို နာနာကြည့်
ဖန်းများရင် ဉာဏ်ရင့်လာတာပဲ၊ ရှုအားသန်မှ ဉာဏ်အားကောင်းမယ်၊ အစားထိုးမှုမမြင်ဘဲ ပျက်မှုချည်း
မြင်ရင် ဒါဉာဏ်တက်လာတာ။
ခန္ဓာကတော့ ဖြစ်ပျက်အမြဲပြနေတာပါ၊ ဉာဏ်က တက်တက်သွားလို့ အမြင်ပြောင်းတာ၊ ဖြစ်ပျက်မြင်တဲ့
ယထာဘူတဉာဏ်ရင့်လာရင်၊ မုန်းဉာဏ်တက်လာတယ်၊ ပျက်တာတောင်မှ ပျက်နေတာ မမြင်ပါဘူး၊
မရှိတော့ဘူး မရှိတော့ဘူးပဲ သိနေတာ၊ အစားထိုးမှု ပျက်မှု မမြင်ဘူးဆိုရင်..ကြည့်နေတဲ့ ဉာဏ်က ခန္ဓာ
လွတ်သွားပြီ၊ ခန္ဓာရှာမတွေ့ တော့ဘူး။ ဒီအလုပ် ဆက်မလုပ်ချင်တဲ့စိတ်၊ တော်ရာ သွားချင်တဲ့ စိတ်တွေ
ပေါ်လာမယ်၊ ထမသွားပါနဲ့ နေရာလည်း မရွှေ့ပါနဲ့ ဆက်ပြီး ပေရှုပါ၊ ငါ နိဗ္ဗာန်လိုချင်လိုက်တာ ဆိုတဲ့
စိတ် မလာစေနဲ့ ဖြစ်ပျက်သာ မဲပြီး ဉာဏ်နဲ့တည့်ထား။ မုန်းလောက်မက မုန်းတော့ ဒီအဖြစ်ကို မလိုချင်
တဲ့အထိ ဉာဏ်တက်လာတယ်၊ မလိုချင်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ်ဘဲ၊ မလိုချင်တဲ့ ဉာဏ် တက်လာသည်
နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပျက် ဒုက္ခပျောက်ပြီး နိဗ္ဗာန် ပေါ်လာတယ်၊ မင်းနဲ့အိုးစားကွဲမှပဲလို့ ဉာဏ်က
ုစွန့်လိုက်တော့ တဏှာသေတယ်။
ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ တည့်နေရာက ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့ တည့်သွားရင် ဖြစ်ပျက်အဆုံးက နိဗ္ဗာန်၊
ဉာဏ်က မဂ်ဉာဏ်အစစ်ဖြစ်သွားတယ်၊ မဂ်ဉာဏ်ဆိုတာ ဒုက္ခသိမ်းတာ အေးငြိမ်းခြင်း လက္ခဏာရှိတယ်၊
ရှုနေတုန်းလည်း အေးချမ်းတယ်၊ ဖြစ်ပျက်ဆုံးအောင် ရှုနိုင်ရင် အေးချမ်းမှု အကြီးဆုံးရလိမ့်မယ်၊ နှလုံး
ကို အေးစေတာမဂ်ပဲရှိတယ်၊ ဝိပဿနာမဂ်သည် ထကြွကိလေသာ နှင့် လွန်ကြူးကိလေသာ သတ်နိုင်
သည်၊ အနုသယ သဘော၊ ကပ်နေသော ကိလေသာ ကိုမှု မဂ်စစ် ကမှကျန်နေသည့် အနုသယ ကိုသေ
အောင်သတ်နိုင်သည်၊ အရေးကြီးတဲ့အချက်ကို ပြောနေတဲ့အတွက် သမည နားနှင့် မထောင်နှင့်၊ ဝိသေသ
နားနှင့် ကြိုးကြိုးစားစား ထောင်ပြီး သကာလ ဒီ..အမြစ်ပြတ်အောင်၊ ဒို့လုပ်မယ်ဆိုပြီး လုပ်လိုက်ကြစမ်းပါ၊
ဖြစ်ပျက်တွေ ဆုံးရင် ပွားမှုရပ်ပြီး မပျက်စီးတဲ့ နိဗ္ဗာန်အာရုံပြုပြီး၊ ချမ်းသာတဲ့ စိတ်နဲ့သာနေလိုက်တော့
ချုပ်ပြီ ချုပ်ပြီလို့သာ အာရုံပြုနေ၊ မဂ်စိတ်က (၁) (၂) ဆိုချုပ်သွားပြီ၊ သူ့နေရာမှာ ဖိုလ်စိတ် နှစ်ကြိမ် သုံး
ကြိမ်လာမှာပဲ၊ မဂ်က အနုသယကိလေသာကို သတ်တယ်၊ ဖိုလ်က မဂ်သတ်လို့ ကျန်နေတဲ့ ကိလေသာ
အငွေ့ အသက်ကို သတ်တယ်၊ ဒီမဂ်စိတ် ဖိုလ်စိတ်လည်း ဖြစ်ပျက်ပဲ။
ဖလသမာပတ် ဝင်စားတယ်ဆိုတာ ဖိုလ်ဇောတွေချည်းပဲ..ဆက်တိုက်ဖြစ်ပြီး ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်
နေတာ၊ ဖလသမာပတ်ဆိုတာ နိဗ္ဗာန်အာရုံပြုတာ၊ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ဆီ ဉာဏ်များများ လှည့်ထားတာ၊
ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်များဟာ..သက်တမ်းကိုလည်း ရှည်စေနိုင်တယ်၊ သေမယ့်ဟာ
တောင်မှ ဆိုင်းပြီးတားနိုင်တယ်၊ သက်တမ်းကိုလည်း တားနိုင်တယ်၊ ဖြစ်ပျက်ဆုံးတဲအထိလိုက်ရင် ဖြစ်
ပျက်ဆုံးတဲ့နေရာ နိဗ္ဗာန်တွေ့ရမယ်၊ ဆုံးရင် နိဗ္ဗာန်ပါပဲ။ ဒုက္ခကြီး လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့..စွန့်ချင်
တဲ့ သဘောပေါ်လာပြီး ဒုက္ခစက်ရပ်သွားတာ၊ ဒီဒုက္ခစက်ရပ်သွားတာ မြင်တာက နိဗ္ဗာန်ပေါ်တာပဲ။ နိဗ္ဗာန်
ဆိုတာ ငြိမ်သက်ပြီး တုန်လှုပ်ခြင်း မရှိဘဲနဲ့..အေးချမ်းတဲ့သဘောကလေး သက်သက်ပဲ၊ ဒုက္ခချုပ်တဲ့ ပုဂ္ဂိုလ်
များ၏ ခံစားရာတရား၊ ဝေဒနာနဲ့ ခံစားတာ မဟုတ်ဘူး၊ ဉာဏ်အားဖြင့် တင့်တယ်ပြီးသကာလ..ကြည့်
ကောင်းရှုကောင်းဖြစ်နေတဲ့ တရား။
ဒီရောက်တဲ့ ပုဂ္ဂိုလ်မှာ စုတိပျက်ကြွေ မသေနိုင်ဘဲ၊ ခိုင်မြဲတဲ့သဘောနဲ့ နေရတယ်၊ ရှုလိုက်တဲ့အခါ ကျလို့
ရှိရင်..အလုံး၊ အဝိုင်း၊ လေးထောင့်၊ အပြား၊ ဘာနိမိတ်မှ မမြင်ဘူး၊ ချမ်းသာသက်သက်လေး မြင်လိမ့်မယ်
နိဗ္ဗာန်သည် အစရှိ၍၊ အဆုံးမရှိ ချမ်းသာသည်၊ ဆင်းရဲမရှိ အမြဲရှိသည်၊ အေးငြိမ်းမှုနှင့်သာ နေရတော့
သည်၊ ဖြစ်ပျက်ဆုံးပြီး သကာလ၊ ဪ..ဒုက္ခမရှိတဲ့နေရာ ဒါကိုဉာဏ်က ဆုံးဖြတ်ချက်ချပြီး၊ လုပ်တဲ့
ပုဂ္ဂိုလ်မှာ မြင်လိမ့်မယ်၊ (၁) ရတနာသုံးပါး၊ (၂) ခန္ဓာငါးပါး၊ (၃) နာမ်ရုပ်နှစ်ပါး၊ (၄) သံသရာစတဲ့ အရာ
တွေမှာ..ယုံမှားခြင်း မရှိတော့ဘူး၊ ဉာဏ်အမြင်ရှင်းသွားပြီး၊ အပါယ်လေးပါးက လွတ်ပြီ ကျွတ်ပြီ။    ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

Tuesday, October 9

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝေဒနာနုပဿနာ သတိပဋ္ဌာန်

(၁) သုခဝေဒနာ၊(၂) ဒုက္ခဝေဒနာ၊(၃) ဥပေက္ခာဝေဒနာ၊ ဝေဒနာကို ဧည့်မှတ်လိုက် အဲဒီ ဧည်သည် သုံး
ယောက် တစ်ခါတစ်လေလာတော့..ဧည့်သည် သွား ငါလုပ်ပစ်တယ်။ ဝေဒနာရဲ့ သဘောကတော့၊
အခုဖြစ်ပြီး အခုပျက်တယ်၊ ခဏလေးပဲ။ ဝေဒနာတစ်ခုရဲ့ သက်တမ်းဟာ ဒကာ ဒကာမတို့ရဲ့ သက်တမ်း
ပဲ၊ တစ်ဝေဒနာ ပျက်ပြီး နောက်ဝေဒနာ မလာရင် သေပြီပဲ။ ဝေဒနာသုံးမျိုးနဲ့ လှည့်အသက်ရှင်နေရတယ်။
ဝေဒနာကြီးစိုးလိုက်တာ လူလားမြောက်ကတည်းက အားကိုမအားရဘူး၊ ချမ်းသာချင်တဲ့ ဝေဒနာက နေ့
မအား ညမအား အမောဆိုက်အောင် နွားလုပ်ခိုင်းတာ၊ ဖြစ်စဉ်က ကိုက်နေတယ်။
ယားတာ ဒုက္ခဝေဒနာ ယားတာပျောက်သွားတာက သုခဝေဒနာ၊ ဒုက္ခဝေဒနာ ရှုတတ်တာ ကြမ်းလို့၊ သုခ
ဝေဒနာ မရှုတတ်တာ နုလို့။ ဘာဝေဒနာပေါ်ပေါ် ဖြစ်ပျက်ရှုရမယ်၊ ဒုက္ခဝေဒနာ တစ်ခုတည်းကို ရှာရှုနေ
ရင် ငါးပါးမှောက်မယ်၊ ကိုယ်ပေါ်မှာ သုခဝေဒနာ ပေါ်တယ်၊ ကာယဝိညာမှန်းသိတဲ့ ဝီထိက ဘာမှမဖြစ်ဘူး၊
မနောဒွါရနဲ့ လှမ်းသာယာလိုက်မှ၊ ဟဒယဝတ္ထုပေါ်မှာ ဇော (၇) ကြိမ်နဲ့ တဏှာဖြစ်တာ၊ ဝေဒနာပေါ်လဲ
ပေါ်သွားတယ်၊ ဒီကနေ့ပြီး ရှိသေးသလား ရှိသေးသလားနဲ့ တွေးလုံးသာခထုတ်ပါ၊ တွေးလုံးထုတ်သည်
နှင့် တစ်ပြိုင်နက်၊ တွေးတဲ့စိတ်ပေါ်သည်နှင့် အရင်ဖြစ်တဲ့စိတ်ဟာ..ရှိကို မရှိဘူး။ စိတ်ထဲ ချမ်းသာတာက
လေး ပေါ်လာရင်လည်း ဇိမ်ခံမနေနဲ့ ဖြစ်ပျက်ရှုလိုက်။ ချမ်းသာတာ ချမ်းသာသက် ရှည်နေတယ်ဆိုရင်
တဏှာကြားခိုပြီလို့ မှတ်ပါ။ ဝေဒနာဖြစ်တာကို ခံစားရတာကောင်းလိုက်တာ ဆိုတာဟာ..တဏှာနဲ့ သိတာ
အိပ်ခန်းထဲ တစ်ယောက်တည်း၊ ကိုယ့်စိတ်ကူးကလေးနဲ့ ကိုယ်ပျော်နေတာ တဏှာနဲ့ကိုဗျ၊ ငွေမှန်မှန်
ဝင်တဲ့ ပုဂ္ဂိုလ်ပြုံးနေတာဟာ..တဏှာနဲ့ အဖော်လုပ်နေတာပါ။
ဝေဒနာက သူ့သဘောနဲ့ သူပျက်နေတာကို သူစိမ်းသဘောနဲ့ ကြည့်ပါ၊ ဝေဒနာနဲ့ ငါနဲ့ မရောပါစေနဲ့၊ ခန္ဓာ
ထဲဝေဒနာဖြစ်နေတဲ့ နေရာလေးဆီကို၊ ဧည်သည့်နေနေပြီး ဧည့်သည်သေသေတာပဲလို့သာ ကြည်ပေးနေ
ရမယ်၊ ဝေဒနာတွေ ဘယ်လိုပင် ဆက်နေပါစေ ဖြစ်ပျက်သဘောနဲ့ နေတာပါ။ ကျုပ်တို့က ဝေဒနာ တစ်ခု
နဲ့ တစ်ခုကြား ဉာဏ်ထိုးရမယ်၊ ဝေဒနာက အပျက်၊ ထိုးလိုက်တဲ့ ဉာဏ်က မဂ်၊ ဒီလိုသာ ဝေဒနာအပျက်
နဲ့ နောက်က ဉာဏ်နဲ့၊ ဆက်ဆက်ချည်း သွားလို့ရှိရင် အပျက်ချည်းပဲ မြင်နေပြီ၊ နာကျဉ်ကိုက်ခဲတဲ့ ဝေဒနာ
မမြင်တော့ဘူး၊ ဝေဒနာကို ပေါ်စကသာ မိအောင် ရှုနိုင်ရင်လည်း..ဒီဝေဒနာ ကြီးကို မလာတော့ဘူး၊ နာ
တာ အစဉ်သဖြင့် နာတယ်ဆိုရင်..ဉာဏ်က မထိုးထွင်နိုင်တော့တဲ့အတွက်၊ ဒေါသကိလေသာ ကြားခို
လိမ့်မယ်၊ တစ်ကိုယ်လုံး နာနေရင် ပြင်းထန်တဲ့နေရာကို ဖြစ်ပျက်ရှု၊ မခံသာလွန်းလို့ ပြင်ခြင်ရင်၊ ရှုမှတ်
မှုကို မလွှတ်ဘဲ ဖြည်းဖြည်းလေး နေရာပြင်နိုင်ပါတယ်။ နေရာမပြင်လျှင် သာပြီးကောင်းတယ်၊ တွေ့နေ
တဲ့ သဘာဝအမူအယာကလေးတွေကိုတော့ နေရာပြင်လိုက်တာနဲ့ ပျောက်မသွားစေနဲ့၊ ပြင်ရင် သမာဓိ
ပျောက်မသွားပေမယ့် ဆုတ်ယုတ်သွားတတ်တယ်။
ဥပေက္ခာဝေဒနာမှာ ဉာဏ်ရှိတဲ့သူကတော့ မရှိတာပဲ တွေ့တာပဲ၊ မျက်စိမြင်ကာ မတ္တ၊ နားကြားကာ မတ္တ၊
နှာခေါင်းနံကာ မတ္တ၊ လျှာမှာစားကာ မတ္တ၊ အကောင်းအဆိုး မရွေးခင် ဥပေက္ခာဝေဒနာ စိတ်ထဲမှာ အာရုံ
ပြုကာ မတ္တ၊ ဥပေက္ခာဝေဒနာ ဒီဝေဒနာချုပ်အောင် ရှုနိုင်ရင် ဝမ်းထဲမှာ ငြိမ်းအေးရမယ်၊ ဝေဒနာချုပ်သွား
တာက နိဗ္ဗာန်၊ အေးငြိမ်းသွားတာက ကိလေသာသိမ်းတာပဲ၊ သေခါနီးရှုလို့ ဝေဒနာချုပ်ပျောက်သွားရင်
လည်း ခန္ဓာသိမ်းတဲ့ နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။ ခင်ဗျားတို့ ပြုပြင်သမျှ ခန္ဓာနှိပ်စက်လို့ ပြုပြင်ရတာ၊
ညောင်းလွန်းလို့ ကွေးရဆန့်ရ ထိုင်ရ ထရတာ၊ မနေနိုင်လို့ လုပ်ရတာချည်းပဲ၊ နှိပ်စက်တာကို မသိတဲ့အ
တွက် အပူဇော် ကဲနေတာ၊ သူ့ကို ဒုက္ခသစ္စာမှန်းသိပြီး မပေါင်းချင်တော့တဲ့တစ်နေ့၊ လူချမ်းသာဖြစ်ပြီ၊
ဒုက္ခသစ္စာမှ လွတ်ပြီ။ ခန္ဓာထဲ ဘာစိတ်ပေါ်ပေါ် ဘာဝေဒနာပေါ်ပေါ် ဘာရုပ်ပေါ်ပေါ် ဒုက္ခသစ္စာချည်းပဲ
လို့ ဆုံးဖြတ်ချက်ချနေတဲ့အချိန်မှာ ဘယ်နည်းနဲ့မှ ကိလေသာမလာဘူး၊ ပေါ်ရာကို ရှုရင် သစ္စာတွေ့မယ်၊
ခန္ဓာထဲ ပေါ်သမျှ တွေ့သမျှသည် ဒုက္ခသစ္စာ၊ ပေါ်တာကို မြင်လေသမျှ မဂ္ဂသစ္စာ။ "နိရောဓံ ဒိသွာ နိရောဓံ
အဘိံဉာယ"ဆိုတဲ့အတိုင်း၊ ချုပ်တာကလေးကို မရှိဘူးသိတာ ဝိပဿနာအမြင်ပါ၊ ဘာဝေဒနာမှ မတွေ့
ဘူးတဲ့။ ဝေဒနာလည်း မတွေ့ဘူး စိတ်လည်း မတွေ့ဘူး ရှုလိုက်ပြီဆိုမှဖြင့် ကုန်တာ ပျက်တာတွေချည်း
တွေ့တာပဲတဲ့ လောကုတ္တာရာမဂ်အမြင်က။
ရေထဲမှာ ရေရှာစရာ မလိုပါဘူး၊ ခန္ဓာကိုယ်ဉာဏ်နဲ့သာ စိုက်ထား၊ နဂိုက ဒုက္ခသစ္စာထဲမှာ ဉာဏ်ကစိုက်
ထားတော့ ပေါ်လာသမျှသည်၊ ဒုက္ခသစ္စာချည်းသာမှတ်၊ ခန္ဓာထဲ ပေါ်ဆဲ ပေါ်ဆဲကို ဒုက္ခပဲလို့ သိရမယ်၊
ဉာဏ်က ခေါင်းညိတ်လိုက်ရုံပဲ။ ခန္ဓာက ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာလို့ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒ
ယသစ္စာ၊ နောင်ခန္ဓာမလာတာက နိရောဓသစ္စာ၊ ခန္ဓာကို တစ်ချက်သိလိုက်ရင် သစ္စာလေးပါး တစ်ပြိုင်နက်
ပေါ်တယ်၊ ဒါ ဓမ္မာနုပဿနာ၊ ဆရာသမားနည်းပေးတဲ့အတိုင်း ခန္ဓာထဲပေါ်တာလေးတွေကို၊ ဖြစ်ပျက်
ဒုက္ခသစ္စာလေးတွေပဲလို့ ရှုတာက အနုဗောဓဉာဏ်၊ ပွားဖန်များတော့မှ၊ ကိုယ့်ဟာကိုယ် ထိုးထွင်သိတဲ့
ပဋိဝေဓ ကိုယ်ပိုင်ဉာဏ် ထွက်လာတာ၊ ဒီဉာဏ်ရောက်ရင် ကိစ္စပြီးတာပဲ၊ သာမည သိတာသည် ဝိပဿနာ
ဉာဏ်၊ ပိုင်ပိုင်နိုင်နိုင် သိတာသည် မဂ်ဉာဏ်၊ မဂ်ဉာဏ် မရသေးရင် သိစရာကျန်သေးလို့၊ သစ္စာပိုင်ပိုင်
နိုင်နိုင် မသိသေးလို့၊ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိမှ နိဗ္ဗာန်ရမယ်၊ ဉာဏ်ရှေ့မှာ ဒုက္ခမြင်ရဖန်များလေလေ
မုန်းဉာဏ်ရင့်လာလေလေ၊် မုန်းအားကြီးရင် ဆုံးရော၊ ဒုက္ခရှိလို့ ဒုက္ခသိတာ အမှန်သိတာပဲ၊ သိသိနေမှ
မဂ္ဂသစ္စာဖြစ်တယ်၊ အမှန်သိရင် နိဗ္ဗာန်ရဖို့ နီးလာပြီ။      ။

                                          ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ

Saturday, October 6

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိသတ် အရေးကြီးလို့

                         "နိဗ္ဗာန်ရမည့် လူများသို့ လျှို့တရားတို့ နည်းပေးပြီ"
ကိုယ့်ခန္ဓာမှာ အမြဲမပြတ်၊ ဖြစ်ပြီးပျက် မွေးပြီးသေနေတဲ့ ရုပ်မသာ နာမ်မသာတွေကို..ဂရုတစိုက်နဲ့ ကြည့်
ကြ၊ ကြည့်ဖန်များလာတော့ မသာတွေဟာ ကြည့်လို့ မဆုံးနိုင်အောင်ကို..မြင်ရလိမ့်မယ်၊ ဖြစ်ပြီးရင်း ပျက်
ရင်း၊ ဖြစ်ပြီးရင်း ပျက်ရင်းနဲ့ ဖြစ်ပျက်ကလွဲပြီး ဘာမှ မရှိပါကလားလို့..ဉာဏ်ဝမှာ အမှန်သိမြင်လာမယ်၊
ရှုဖန်များလာလေလေ ကြားခိုတဲ့ ကိလေသာ ပါးလာလေလေ၊ ကိလေသာပါးလေ ရှုဉာဏ်အားကောင်း
လေ၊ ဖြစ်ပျက်တွေ များများ မြင်လာလေပါပဲ။ ထပ်ပြီးတော့ ပြောပါဦးမယ်၊ ပထမအဆင့်အနေနဲ့ ဒိဋ္ဌိနဲ့
ဝိစိကိစ္ဆာကို ပယ်ရ သတ်ရလိမ့်မယ် အဝိဇ္ဇာနဲ့ တဏှာကို အရင်သတ်စရာ မလိုသေးပါဘူး၊ ဒီဒိဋ္ဌိက ဘယ်
မှာ..အများဆုံးကိန်းပါသလဲဆိုတော့၊ ခန္ဓာငါးပါးရှိတဲ့အနက် ဝိညာဏက္ခန္ဓာဆိုတဲ့..စိတ်မှာ အများဆုံး ကိန်း
ပါတယ်၊ ငါ့စိတ်လာမစမ်းကြနဲ့၊ ငါ့စိတ်က သိပ်မြန်တယ်၊ ငါစိတ်ထင်တိုင်း လုပ်လိုက်ရရင်၊ ခက်ကုန်ကြ
လိမ့်မယ်နဲ့..ငါ ငါ့ဥစ္စာဆိုတဲ့ အတ္တနဲ့ အတ္တနိယဆိုတဲ့ ငါစွဲဟာ စိတ်မှာ အစွဲဆုံး။
ဘယ်မှာ ငါ့စိတ် ဟုတ်လိမ့်မလဲ၊ မျက်စိနဲ့ အဆင်းရှုပါရုံနဲ့..နားနဲ့ အသံနဲ့ အကြောင်းနှစ်ခုတို့ တိုက်ဆိုင်
တိုင်း မြင်စိတ်ကြားစိတ် ဖြစ်ကြတာပဲ၊ မြင်စိတ်ဆိုတာ မျက်စိမှာပေါ်တာ၊ ပေါ်တဲ့နေရာ ချုပ်ပျေက်သွား
ကြတာပဲ၊ စိတ်ကလေးတစ်ခု ချုပ်ပျောက်သွားလိုက်၊ နောက်အစားထိုးတဲ့ စိတ်ကလေးတစ်ခု ပေါ်လိုက်
ဒီနေရာမှာပဲ ချုပ်ပျောက်သွားလိုက်နဲ့ ဒီလိုပဲ..ဓမ္မတာအတိုင်း ဖြစ်နေကြတာကို၊ ငါလို့ ငါစိတ်လို့ ဆိုလို့
ရကြပါမလား၊ ဒိဋ္ဌိကဝင်နှောက်ရှက်တော့၊ ခင်ဗျားတို့မှာ ငါ့စိတ်လို့ လုပ်နေကြတယ်၊ ငါလို့ လုပ်နေကြ
တယ်၊ ဒီဒိဋ္ဌိဟာ စိတ်မှာ အများဆုံးစွဲတာ ဖြစ်တဲ့အတွက်၊ သောတာပန် ဖြစ်ချင်ရင် ဒိဋ္ဌိကို အရင်ပြုတ်
အောင်၊ ဖြုတ်ရလိမ့်မယ်..ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာဟာ အလိုလို ပြုတ်ပြီးသားပဲ။ ခန္ဓာကိုသာ သတိထား
ဝိရိယစိုက် ပညာနဲ့ရှု ဝိပဿနာ အလုပ်ဆိုတာ သမာဓိ ဦးစီးသောအလုပ်မဟုတ်၊ သမ္မာဒိဋ္ဌိဆိုတဲ့ ဉာဏ်
ပညာ ဦးစီးသော အလုပ်၊ ပါရမီမလိုပါဘူး နှလုံးသွင်းမှန်ဖို့နဲ့ အလုပ်မှန်ဖို့သာ လိုပါတယ်၊ အလုပ်မှန်ဖို့
ဆိုတာ..ရှေ့က ဖြစ်ပျက်နဲ့ နောက်က မဂ်တို့ ကိုက်တာကို ဆိုလိုပါတယ်၊ ရှေ့စိတ်ကလေးကို နောက်
ဉာဏ်ကလေးနဲ့ အကဲခတ်နေတဲ့ အလုပ်ပါပဲ။
နေရေးမကောင်းလျှင် သေရေးလည်း မကောင်းနိုင်ပါ၊ နေရေးကောင်းပါမှ သေရေးကောာင်းကြပါမည်၊
ပြင်ချိန် ဆင်ချိန်ရှိတုန်း ပြင်ကြဆင်ကြဖို့ ဖော်ပြောနေတယ်မှတ်ကြပါ၊ ပြင်ကြဆင်ကြဆိုတာ ကိုယ့်ခန္ဓာ
ကို ကိုယ့်ကြည့်ပြီး..ဝိပဿနာလုပ်ကြတော့လို့ ပြောတာပါ၊ ခန္ဓာထဲမှာ ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါကျ
တော့ ဝေဒနာကလေးတွေ ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ ရေပွက်ပမာ ပျက်နေကြတယ်၊ စိတ်ကလေးတွကလည်း
ရေမြှုပ်ပမာ တစ်ခါတည်း ပျက်ပျက် ပျက်ပျက်နေတာကလေးတွေကို မြင်ပြီဆိုမှဖြင့် ခန္ဓာပေါ်ခင်တဲ့
တဏှာပါသွားပြီး။ နောက် မြင်တိုင်းတွေ့တိုင်း အာရုံတွေကို ကြည့်လိုက်ပြန်တော့ စကဆုပ်စရာတွေပါ
ကလားလို့ ဖြစ်လာတယ်၊ ဒီနေရာမှာ ဖြစ်ပျက်နေတာကို မြင်တာ ဒုက္ခသစ္စာ သိတာပါ။
မရှုဘဲနေလျှင် ခန္ဓာနှင့် တဏှာတွဲနေသည်၊ ရှုလိုက်ပြန်လျှင် ခန္ဓာနှင့်တဏှာကွဲသွားပြီး၊ ခန္ဓာနှင့် ပညာ
တွဲသွားသည်၊ မရှုမသိလျှင် ခန္ဓာနှင့် တဏှာတွဲသည်၊ ရှုကြည့်လျှင် ခန္ဓာနှင့် ဉာဏ်နှင့်တွဲသည်၊ စောင့်
ကြည်လျှင် သိမည်။ ဒုက္ခသစ္စာနှင့် ဉာဏ်နဲ့ခွဲပြီး သုခသစ္စဟူသော..နိဗ္ဗာန်နှင့် ဉာဏ်နှင့်သွားတွဲသည်၊
ဉာဏ်သည် အမှန်မြင်ဖို့ ဖောက်ပြန်ပျက်စီးတာ မြင်ဖန်များတော့ မကြည့်ချင် မမြင်ချင် ဖြစ်လာခြင်း
သည်..ဉာဏ်တက်လာခြင်း ဖြစ်၏၊ ထ မပြေးလိုက်ပါနှင့် ဒါဖြင့် နိဗ္ဗာန်သည် ဘယ်သူက ဖုံနေတယ်ဆို
တာ..ယနေ့ တရားမှာ ပေါ်ပါပြီ။ ဘယ်သူက ဖုံဖိနေသတုံးဆို အဝိဇ္ဇာနဲ့ တဏှာ ဖုံးဖိနေတယ်၊ ကိုင်း မင်း
ကွယ်ထားတာကို ဒို့က ဖွင့်ကြည့်မယ်ဆိုပြီး နိဗ္ဗာန်ကို မကြည့်နဲ့၊ နိဗ္ဗာန်ကို ဘယ်တော့မှ မကြည်နဲ့ နှိပ်
စက်တာကို ကြည့်၊ ဒုက္ခဝေဒနာ နှိပ်စကပြန်ပြီ..သညာက နှိပ်စက်ကပြန်ပြီ..ခန္ဓာငါးပါးစလုံး နှစ်စက်
တတ်တဲ့တရားပဲ။
ကိစ္စဉာဏ်နဲ့ ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ ဒကာ ဒကာမတို့ ကိုယ့်ကိစ္စမရှိဘူး၊ သူနှိပ်စက်လို့ ပြု
ပြင်နေရတဲ့ ကိစ္စနဲ့ပဲ အချိန်ကုန်နေကြရတာပဲ၊ ဒါဖြင့် နှိပ်စက်၏ နှိပ်စက်၏..ခန္ဓာငါးပါး နှိပ်စက်၏ဆို
တာ..အမြဲရှုပေး၊ ဒါက ဓမ္မာနုပဿနာ သတိပဋ္ဌာန်ခေါ်တယ်၊ ရှူစိတ်ရှိုက်စိတ်ဟာ အမြဲထာဝရ ဖြစ်ချုပ်
နဲ့ ဖြစ်ချုပ်နဲ့နေတဲ့ သက်စောင့် အိမ်သည်စိတ်ပဲ၊ ရှူစိတ် ရှိုက်စိတ်ကလေးကိုလည်း၊ ဒီနေရာဖြစ်ပြီး ဒီနေ
ရာပျက်တာပဲလို့ ဖြစ်ပျက်ရှု၊ ရှုဉာဏ်မဂ္ဂင် မလာခင်ကတည်းက ဖြစ်နှင့်ပျက်နှင့်ပြီးသား။    ။

                                            ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
ခေမိန္ဒ

Friday, October 5

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒိဋ္ဌိဆိုသော သံသရာသစ်ငုတ် အမြစ်ဖြုတ်စို့

                                      "ဖြစ်ပျက်မမြင်ဘူး မပြောကြပါနဲ့"
ဒိဋ္ဌိက ခန္ဓာကို ခိုင်မြဲတယ်ထင်လို့ မှီတာ၊ ခန္ဓာကို ခဏမျှတည်တဲ့ ဓမ္မလေးလို့ အပျက်စိပ်အောင်များ..
ရှုနိုင်ရင် ဒီဒိဋ္ဌိ သူပြုတ်တာပဲ၊ ဒိဋ္ဌိရှိနေရင် တဏှာမာနတွေဝင်ပြီး..သံသရာ့နယ်ချဲ့တတ်လွန်းလို့၊ ဒိဋ္ဌိ
မပြုတ်သရွေ့ ကာလဟာဖြင့်၊ သံသရာ သစ်ငုတ်ပဲ၊ မိစ္ဆာဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်ကျဲတယ်၊ သမ္မာ
ဒိဋ္ဌိ အားကောင်းရင် ဖြစ်ပျက်စိပ်တယ်၊ ဖြစ်ပျက်စိပ်ဖို့ သိပ်အရေးကြီးတယ်၊ ဖြစ်ပျက်မြင်နေရင် ဒီအသိ
ဆက်သွား..ဘာဆုမှမတောင်းနဲ့ နိဗ္ဗာန်ရောက်မယ်၊ ရုပ်နဲ့ နာမ်က တစ်ခုနဲ့တစ်ခု မှီနေတာ၊ ရုပ်ကဖြစ်
ပျက်ဆို နာမ်လည်း ဖြစ်ပျက်ပဲ။ သေမှာနဲ့ သေတာမှတစ်ပါး ဘာမှမရှိဘူး၊ တစ်ခုသေရင် အကုန်သေ
တာပဲ၊ ခန္ဓာတစ်ခုလုံးသေတာပဲ၊ သိပ်ခဲယဉ်းတယ် မအောက်မေ့ပါနဲ့၊ ခန္ဓာပြောတာကို ကိုယ်က ဉာဏ်
လေးနဲ့ မနေမနားလေး..ကြည့်နေရုံပါပဲ၊ ဒီလိုသာ ဝိပဿနာနဲ့ အမြဲနေရင် ဉာဏ်အဆင့်ဆင့် ရင့်လာ
ပြီး..နိဗ္ဗာန်မြင်လာမယ်၊ ဒါရဟန္တာဖြစ်တဲ့တရား။ ခန္ဓာထဲတစ်ခုသော တရား ပေါ်လာလို့ရှိရင်..သူ့မှာ
သူ့မှာ အိုမှုသေမှု ပါတာချည်းမှတ်၊ အလိုလိုပျက်သွားတာ မဟုတ်၊ သူယူလာတဲ့ ဇရာမရဏ နှိပ်စက်လို့
ပျက်သွားတာ။
စားချင်တဲ့စိတ်က မစားရဘဲနဲ့ သေသွားတယ်၊ ထမင်းပွဲဆီ လှမ်းတဲ့စိတ်က..လှမ်းပြီးချုပ်သွားတာပဲ၊
ယူတဲ့စိတ်က ယူပြီးချုပ်သွားတာပဲ၊ ပါးစပ်ထဲရောက်အောင် ပို့တဲ့စိတ်က..ပို့ပြီး မစားရဘဲ ချုပ်သွားတာ
ပဲ၊ စားစိတ်ကလည်း၊ စားတာ စားရတယ်၊ မမျိုရဘူး မျိုးတဲ့စိတ် သီးသန့်ပေါ်ရတယ်၊ မျိုးတဲ့စိတ်လည်း
ဖြစ်ပျက်ပဲ။ ထမင်းတစ်လုပ်တင်ပဲ ဖြစ်ပျက်ပေါင်း..အများကြီး ပြောင်းနေတယ်ဆိုတော့ကာ..ဖြစ်ပျက်
မတွေ့ဘူးလို့ မလျှောက်ကြပါနဲ့ ဓမ္မတွေ ဖြစ်လာပြီး ပျက်သွား၊ ဖြစ်လာပြီး ပျက်သွား..ဧည့်သည်သ
ဘောနေပြီး ဧည့်သည်သဘော သေသေသွားကြတာကို ရှုတဲ့ ဉာဏ်က ဖြစ်လာပြီး မရှိဘူး..ဖြစ်လာပြီး
မရှိဘူးနဲ့ သိသိနေရမယ်၊ ပဋိစ္စသမုပ္ပါဒ်ဆိုတာ ခန္ဓာ၏ အစဉ်နော်၊ ခန္ဓာနဲ့ ပဋိစ္စသမုပ္ပါဒ်ဆိုတာ..ပေါင်း
လိုက်တော့ အတူတူဖြစ်သွားတယ်၊ ခန္ဓာတစ်ခုလုံးမှာလည်း အနိစ္စချည်းရှိတယ်၊ ဘယ်တော့မှ နိစ္စဆို
တာ မရှိဘူး။
ခန္ဓာကြီးက ဘယ်အခါမဆို အနိစ္စပါလို့ ပြောရက်သားနဲ့၊ ကြည့်လို့မမြင်ဘူးဆိုရင် သူ့မှာ နီဝရဏဖုံးပြီ။
ကိလေသာ နီဝရဏရှိနေရင် ဉာဏ်က ထိုးထွင်းလို့ မရဘူး၊ နီဝရဏကိုအရင် ဖယ်ရှားလိုက်မှ..ပင်ကိုယ်
ရှိတဲ့ ဖြစ်ပျက်ကို သွားတွေ့မယ်၊ ကျန်းမာနေတုန်းကတော့ သုခဝေဒနာက ခိုင်းတယ်၊ မကျန်းမာတဲ့အ
ခါကျတော့ ဒုက္ခဝေဒနာက..ငါ့ကုဟဲ့ ငါ့ကုဟဲ့ ဘယ်လောက်ကုန်ကုန် ရှာဟဲ့ ငါပျောက်ဖို့ အရေးကြီးတယ်
ဆိုပြီး..ဒုက္ခဝေဒနာက မကျန်းမာတဲ့အခါ..သူက ပိုပြီး အရှာအဖွေခိုင်းတယ်၊ ဟဒယဝတ္တုဆိုတဲ့ ဆေးနီ
ဆေးဝါ ရောနေရင်..ခန္ဓာဖြစ်ပျက်ကို မမြင်နိုင်ဘူး၊ လောဘက မဖယ်ထုတ်တော့ ကြီးပွားလာတယ်၊
လောဘဆိုတာ တဏှာ၊ တဏှာ ကြီးပွားတော့ ဥပါဒါန်ကံ အပါယ်ဇာတိပဲ၊ နိဝရဏတရားငါးပါး..မဂ်ဉာဏ်
ဖိုလ်ဉာဏ် နိဗ္ဗာန်ကိုတားတတ်သည့်၊ တရားငါးခုလို့ မှတ်ရမယ်၊ လောဘ မိမိခန္ဓာကိုယ်၌ရှိလျှင်..ကြွေး
တင်နေသည် ပုဂ္ဂိုလ်နှင့်တူသည်၊ ရောက်ရာနေရာမှ ရသရွေ့ရှာ၍ ကြွေးဆပ်နေရသည့်ကြားမှ..ငါမရှိ
သိကြလိမ့်မယ်..ပြောတာဟာ ကျွန်ပြောပြောတာ။
တောင်ကလူကမြောက်သွား၊ မြောက်ကလူက တောင်းသွားနဲ့ ခင်ကြွေးရှာ မင်ကြွေးရှာ ထွက်ရှာနေကြ
တာ၊ ဘုရားက"သမုဒယသစ္စာ"လို့ဟောတာကို..ခင်ဗျားတို့ သိမ်းပိုက်နေကြတယ်ဆိုတော့..ခင်ဗျားတို့
"ဗုဒ္ဓဘာသာ"မဟုတ်ကြပါဘူး၊ ဒေါသဆိုတာ နှလုံးသွေးတဲမှာ ဆူပွက်နေတာ၊ အရှက်အကြောက်တွေ
ကင်း၊ ပစ္စုပ္ပန်မှာ ရုပ်အမျိုးမျိုး ပြောင်း..မျက်လုံးမျက်ဆန်တွေ ပြူးလာတာ ဒေါသသတ္တိ၊ ကိုယ့်ကိုယ်ကို
စိတ်ဆိုးလည်း မဂ်ဖိုလ်တားတာပဲ၊ သူတစ်ပါးအတွက် စိတ်မကောင်းဖြစ်လည်း မဂ်ဖိုလ်တားတာပဲ၊ ရခဲ
လိုက်တာဆို ရကိုမရဘူး၊ လုပ်လေ မရလေဘဲ၊ သူက ဒေါသနိဝရဏ၊ ပေါ်ရာကိုရှု ကမ္မဋ္ဌာန်းပဲလို့မှတ်
မရှုတတ်ရင် နိဝရဏ၊ ရှုတတ်ရင် ဝိပဿနာ၊ အဖျက်တရား တစ်ခုမှ မရှိဘူး၊ ခင်ဗျားတို့က အသုံးမချ
တတ်လို့သာ..အဖျက်တရား ဖြစ်ရတာ။
သက်တမ်းကို အဖြုန်းနိုင်ဆုံးက ထိနမိဒ္ဓ၊ ဉာဏ်ပေါ်မယ် ဟဒယပေါ်မှာ သူက ဝင်အုပ်နေတယ၊ သူကို
အရှုံးပေးလိုက်ရင် ဘဝင်စိတ်ကို ကျေးဇူးပြုပြီး..လူသက်တမ်းကို ထက်ဝက်နှုတ်မယ်၊ သူ့ကို ဖြစ်ပျက်
ရှုနိုင်ရင် မဂ်စိတ်ကို ကျေးဇူးပြုတယ်၊ ဖြစ်ပျက်မရှုမပွားနေသူဟာ ပယ်ရမဲ့"သမုဒယ"မပယ်၊ မပိုင်းခြား
နိုင်တဲ့အတွက်..မမှိဝဲကောင်းတာ မှိဝဲနေလို့ လူမိုက်၊ ဝိပဿနာ ဉာဏ်ကင်းခဲ့သော်၊ လူမိုက်ချိန်ချည်း
ပဲသာ၊ မှတ်လိုက်ပေတော့။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

Wednesday, October 3

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဝိပဿနာ ဉာဏ်သွင်းပုံ

                                           "အနတ္တကို ငါလို့ဆိုနေကြ"
ရုပ်တရားက ကံ၊ စိတ်၊ ဥတု၊ အာဟာရက လုပ်ထားတာ၊ ဒီခန္ဓာက ဘယ်အချိန်မဆို..ပူလိုက်၊ အေးလိုက်၊
ဖောက်ပြန်လိုက်၊ ပျက်စီးလိုက်..ဒီလိုဖြစ်နေတာဟာ ရုပ်၏ ပင်ကိုသဘော၊ နာမ်ခန္ဓာလေးပါးကလည်း၊
အာရုံနဲ့ ဒွါရနဲ့ ဒွါရကသာ ပိုပါတယ်၊ ခင်ဗျားတို့ လုပ်ထားတာ မဟုတ်ဘူး၊ ခင်ဗျာတို့ ကြားထဲက မပိုင်နဲ့။
နာမ်က အာရုံကို ညွတ်တတ်တဲ့သဘော၊ ဆိုင်းဘုတ်ကသာ ယောက်ျား မိန်းမ ရှိတာက..ရှပ်နာမ် ဖြစ်ပျက်
ခင်ဗျားတို့က ခန္ဓာငါးပါးကို..ငါ့ကိုယ်ငါ့ဟာ လုပ်နေတာနဲ့ သူတို့က ဖောက်ပြန်သွားလိုက်တိုင်း ငါပိုင်တယ်
ထင်လို့..ကိုယ်ကျိုးကြီးတော့ နည်းပါပေါ့ဆိုပြီး..ကိုယ်နာစိတ်နာ ပေါ်တာ၊ ခန္ဓာငါးပါးသည် ချုံ့လိုက်တော့
ရုပ်နဲ့ နာမ်..ဉာဏ်မျက်လုံးနဲ့ ကြည့်လိုက်တော့ ဖြစ်ပျက်ပဲရှိတယ်၊ ဖြစ်ပျက်ထဲ ငါ ဝင်မရှုပ်ပါနဲ့ ဘယ်သူမှ
မပိုင်ဘူး၊ သူဖြစ်ချင်သလို ဖြစ်ပြီး သူဖောက်ချင်သလို ဖောက်မယ်၊ ဘယ်သူတားဆီးလို့မှ မရဘူးဆိုပြီး
နေတဲ့ အနတ္တခန္ဓာကိုယ်ရယ်ပါ။
သူပေါ်တဲ့နေရာ သူသေတဲ့နေရာ၊ ပေါ်တာကို မိအောင် ပိုင်အောင်ရှု၊ မရှုမိတာနဲ့ တဏှာလာတာပဲ၊ တဏှာ
မကူးခင် ဉာဏ်ဦးအောင် သတ်ကြပါ၊ ဖြစ်ပျက်ဆုံးအောင် အရှုခိုင်းတာဟာ တဏှာအသတ်ခိုင်းနေတာ၊
ခင်ဗျားတို့ တဏှာသတ်ချင်ရင် ဝေဒနာရှုကြ၊ တဏှာသတ်ခိုင်းခြင်းသည် ခင်ဗျားတို့အား ကျွန်စာရင်းမှ
လွတ်ကင်းစေချင်လို့ မှတ်ပါ။ မြင်စိတ်ကလေးက မြင်ပြီးချက်ချင်း ပျက်သွားတာပဲ၊ သူ့နေရာမှာ ချက်ချင်း
နောက်စိတ်အစားထိုးလို့သာ ပျက်သွားတာကို မသိလိုက်တာ၊ မြင်စိတ်က အကောင်းအဆိုး မရွေးနိုင်ဘူး
ဝမ်းထဲပေါ်တဲ့ တဏှာကမှ အကောင်းအဆိုး ရွေးတာ၊ မြင်လို့ဘာမှ မဖြစ်ဘူးဆိုရင်တောင်..အနိစ္စ၊ ဒုက္ခ၊
အနတ္တ လက္ခဏာတွေ မသိလိုက်တဲ့အတွက် မောဟလှိုင်းထတာ၊ မြင်စိတ် ဖြစ်ပျက်ရှုရင်..မြင်လိုချင်
မြင်မုန်းစတာတွေ သေတယ်။ ခင်ဗျားတို့နဲ့ ဘာမှမဆိုင်လို့ ခင်ဗျားတို့မှာ ဘာမှစိတ်နာစရာ မရှိဘူး၊ ကိုယ်
နာတိုင်း စိတ်မနာတဲ့ ဉာဏ်မျက်လုံး မရရင်..တစ်သံသရာလုံး ကိုယ်ကျိုးနည်းလာတော့မယ်။
ဒီခန္ဓာကြီးကတော့ အားမထုတ်လည်း သေရွာသွားမှာပဲ၊ အားထုတ်လည်း သေရွာသွားမှာပဲ၊ ပုထုဇဉ်
အဖြစ်နဲ့သေရင်..လူတစ်သိန်းသေလို့ သူဂတိ တစ်ယောက်မရောက်ဘူး၊ အကုန် အပါယ်ချည်းသွားကြ
တာပဲ။ ယနေ့ စင်္ကြာဝတေးမင်း မနက်ဖြန် ဒယ်အိုးထဲ ရောက်နိုင်သေးတယ်၊ အပါယ် မိုးကြိုးပစ်တာကို..
လှူဒါန်းတာလောက်နဲ့ ထန်းလက်နဲ့ကာလို့ မရဘူး။ ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်၊ အသေဘက်ကို
ပြေးနေတဲ့ ခန္ဓာကိုယ်က..နောက်ဆွဲထုတ်လို့ မရဘူး၊ ဒီတော့ ပြေးရင်း လွှားရင်းပဲ သစ္စာသိတဲ့အလုပ်
မြန်မြန်လုပ်၊ သုဿန်သွားရင်း လုပ်ရမှာ၊ အပါယ်သွားတတ်တဲ့ သံယောဇဉ်လောက်တော့..ခင်ဗျားတို့
ဖြတ်ထားဖို့သင့်ပြီး၊ သံယောဇဉ်ဖြတ်ဆိုတာနဲ့..ရှိတဲ့ပစ္စည်းတွေ အကုန်စွန့်မှ ဒီလိုမမှတ်ပါနဲ့၊ ဘာဝတ်ဝတ်
ဘာစားစား..ဝေဒနာနဲ့ တဏှာအကြား "မဂ်"ဝင်ဖို့ပဲအရေးကြီးတယ်။
တရား လုပ်ချိန်မရသေးရင်လည်း၊ သတိထား ပညာနဲ့ ဖြစ်ပျက်ရှုဆိုတာလေး..ဂရုစိုက်ပါ၊ ဝိပဿနာ
မလုပ်ဖြစ်သေးတာဖြင့်..သေရတာ အားမရသေးလို့လားလို့မေးဖို့ရှိတယ်၊ ခင်ဗျားတို့ကို..အင်မတန်
ကိုယ်ကျိုးကြီးနည်းမှာ စိုးလို့သာ အလုပ်ခိုင်းနေတာ မှတ်ပါ။ ခင်ဗျားတို့ မသိလို့သာ အေးအေးနေနေကြ
တာ..တော်ကြာ ခင်ဗျားတို့တွေ့ရမယ် ဒုက္ခက မသေးဘူးနော်၊ ဆုတောင်းပြည့်ဘုရားမကယ်နိုင်ဘူး၊
ငါသေရင် ဘာများဖြစ်ဦးမှာလဲလို့ ဘယ်တော့မှ သွားမတွေနဲ့..ကိုယ့်ခန္ဓာထဲပေါ်သရွေ့ကို ဒုက္ခသစ္စာ
တွေပဲလို့ သိပြီးများသေရင်၊ သေတာနဲ့ တစ်ပြိုင်နက်တည်းဆိုသလို..နတ်ပြည့်ရောက်ပြီး သောတာပန်
တည်တယ်လို့ ဆိုတာ..တစ်ခါတည်း ဆုံးဖြတ်ချက်ချထားလိုက်၊ နတ်ရွာသုဂတိနဲ့ နိဗ္ဗာန်မှလွဲလို့ ဘယ်
မှ..မရောက်နိုင်လို့..ငါသေရင် ဆွမ်းမသွမ်နဲ့လို့ မှာခဲ့။
ဝိပဿနာရှုတဲ့အခါ၊ အတိတ်ရုပ်နာမ်တွေက..ဖြစ်ပြီး ပျောက်ပျက်ကုန်ပြီမို့ ရှုစရာမလို့ဘူး၊ အနာဂတ်
ရုပ်နာမ်တွေက မဖြစ်ကြသေးလို့ ရှုစရာမဟုတ်ဘူး၊ အခု ခန္ဓာကိုယ်ပေါ်မှာ ပေါ်ဆဲဖြစ်ဆဲဖြစ်တဲ့၊ ရုပ်နာမ်
ပေါ်မှာသာ ပစ္စုပ္ပန်တည့်အောင် ရှုမှတ်ရမှာ၊ အခုသေတာ အခုကြည်ညခိုင်းတာ။ ကြားစိတ်ကလေး
ပေါ်လာတယ်ဆိုရင်..ဝေဒနာ..သညာ..သင်္ခါရနှင့်တကွ..ခန္ဓာငါးပါးစလုံး တစ်ပြိုင်နက်တည်းပါလာ
ကြတယ်၊ ဒီအထဲမှာ ထက်မြက်တာ တစ်ခုကိုရှုရမှာ၊ အများမလိုဘူး တစ်ခုတည်း ပြဋ္ဌာန်းရာကို ရှုဖို့ပဲ။
သိရုံတင်ဆို ဝိဉာဏ်ရှု၊ ကောင်းမကောင်းဆို ဝေဒနာရှု၊ ခန္ဓာငါးပါးစလုံး..တဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်း
လွဲနေကြတာပဲ၊ ယခု ပစ္စုပ္ပန်ပေါ်လာတဲ့ မိမိခန္ဓာငါးပါး..အစပျောက် မသာဖြစ်သွားတာကို မိမိဉာဏ်နဲ့
မြင်ရမှာ၊ ဉာဏ်က ခန္ဓာကို သူစိမ်းသဘောထားပြီး ကြည့်ပါ၊ ခန္ဓာငါးပါးက သူစိမ်း၊ သူစိမ်းလို့ ပီပီမြင်
တာ..အရိယာမျက်လုံးပဲ။
ခန္ဓာကိုယ်ထဲမှာ..ရုပ်နာမ်ဓမ္မတွေ ခဏခဏသေပွဲဝင် ပြောင်းလဲနေတာတွေကို၊ ဉာဏ်နဲ့မြင်အောင်
ကြည့်ရတာပဲ၊ ရှုကြည့်တဲ့အခါ ပေါ်လာပြီး မရှိတာကို သိစေရမယ်၊ ခန္ဓာမရှိတာ သိတာဟာ ဝိပဿနာ
ပဲ။ ဘယ်ခန္ဓာလာလာ မရှိတာ သိရမယ်၊ ခန္ဓာမရှိ မြင်တာသည် ခဏနိဗ္ဗာန်၊ ခန္ဓာအမြဲမရှိတာသည်
အမြဲနိဗ္ဗာန်၊ ဒီလို မရှိတာမြင်တဲ့အသိမျိုး တာရှည်နေပြီဆိုရင်..နိဗ္ဗာန်နားကပ်နေပြီ၊ ရှေ့အသေကို
အစားထိုးတဲ့နောက်အနေကနေ ကြည့်နေတာ ခန္ဓာထဲဘယ်အချိန် ကြည်လိုက် ကြည်လိုက် သေမှာနဲ့
သေတာတွေ့ပါစေ၊ ရုပ်နာမ်ခွဲနေစရာ မလိုပါဘူး၊ ဘာပေါ်ပေါ် ရုပ်ပေါ်မှာ နာမ်ပေါ်သောကြောင့်..ရုပ်
နာမ်ပေါ်တာပဲ၊ ရုပ်နာမ်ရဲ့ ဖြစ်ပျက်မြင်ရင်..ဒုက္ခမြင်ပြီ။ ရေယူခဲ့ပါဆိုရင် ခွက်ပါပါသလို..စိတ်တစ်ခုကို
ရှုရင် ခန္ဓာငါးပါး ပါတယ်၊ ကိုယ့်ခန္ဓာထဲ ထင်ထင်ရှားရှား ပေါ်လာတာဟူသရွေ့ ဖြစ်ပျက် မြန်မြန် ရှုချ၊
သွက်ပလေ့စေ မသွက်ရင်..တဏှာ ဥပါဒါန် ကံ ဇာတိ ဇရာ မရဏ နိယျာမတရားကြီးက..သွက်သွား
လိမ့်မယ်။ ဖြစ်ပျက်မုန်းရင်..ဒုက္ခမုန်းပြီ။ ဖြစ်ပျက်ဆုံးရင်..ဒုက္ခဆုံးပြီသာ မှတ်ပေတော့။ ဒုက္ခဆုံးရင်
ဒါ နိဗ္ဗာန်ပဲ။    ။

                                             ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ