Tuesday, November 19
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပုဂ္ဂိုလ် သတ္တဝါ၊ သူငါ မဟုတ်၊ နာမ်နှင့်ရုပ်မျှသာ
   သွားချင်စတ် ဖြစ်တာက နာမ်၊ ရှေ့သို့ တရွေ့- တရွေ့ ရွေ့လျားနေတာက ရုပ်၊ အတိုချုပ်ပြောရလျှင် သွားချင်တာက နာမ်၊ သွားတာက ရုပ်၊ ( ရုပ်က သွားတတ်သလားလို့တော့ လိုက်ပြီးကပ်မနေနဲ့၊ ဒီလိုပြောမှပဲ သဘောပေါက်လွယ်မှာမို့ ဒီလိုပဲ ပြောရတာပဲ )။ ရပ်ချင်တာက နာမ်၊ ရပ်တာက ရုပ်၊ ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်၊ လဲလျောင်းချင် ( အိပ်ချင် )တာက နာမ်၊ ဤသို့စသည်ခွဲခြားပါ။
၁။     သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လိုစိတ်ဟုသိ။
၂။     စိတ်ကြောင့်ဖြစ်သော၊ ဓာတ်ဝါယော၊ နှံ့နောကိုယ်ဝယ်ပြည့်။
၃။     ဝါယောပြည့်သော်၊ ဝိညတ်ပေါ်၊ ရုပ်သော်သွားပေ၏ ။
၎။     ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွားဉာဏ်ဖြင့်သိ။
၅။     ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဉာဏ်ဖြင့်သိ။
၆။     ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင်ဉာဏ်ဖြင့်သိ။
၇။     ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ်ဉာဏ်ဖြင့်သိ။
၈။     ပုဂ္ဂိုလ်မကွေး၊ ငါကကွေး၊ ရုပ်ကွေးဉာဏ်ဖြင့်သိ။
၉။     ပုဂ္ဂိုလ်မဆန့်၊ ငါမဆန့်၊ ရုပ်ဆန့်ဉာဏ်ဖြင့်သိ။
၁ဝ။   ပုဂ္ဂိုလ်မဖြန့်၊ ငါမဖြန့်၊ ရုပ်ဖြန့်ဉာဏ်ဖြင့်သိ။
     ဤသို့လျှင် နာမ်နှင့် ရုပ်သာ ရိုတယ်လို့ သဘောပေါက်ထားသော ပုဂ္ဂိုလ်မှာ အပြောအားဖြင့်တော့ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ သွားတယ်ဟု ဆိုကောင်း ဆိုကြမည်၊ သို့သော်လည်း သဘောအမှန် အသိကတော့ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ သွားတယ်ဆိုတာ မရှိ နာမ်က စေခိုင်းလို့ ရုပ်ကြီးက ရွေ့လျားပေးရခြင်းမျှသာ ဖြစ်တယ်လို့ လက်ခံနိုင်လာ၏ ။
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး တရားမြင်မှ ဘုရားမြင်တယ်
မနေ့က ၀က္ကလိကို တစ်ဝက်ကဖြတ်ပြီး နိဗ္ဗာန်ကူးပုံကိုဟောတယ်။ ဒီကနေ့ ၀က္ကလိအစက စပြီး ဆက်ပေးလိုက်မယ်။ နို့မဟုတ်ရင် သံသယရှိနေကြလိမ့်မယ်နော်။
ဝက္ကလိကို များသောအားဖြင့် ဟောကြတာက အဆုံးပိုင်ကိုမဟောကြဘူး၊ အစပိုင်းကိုပဲ ဟောကြတာများတယ်၊ အဲဒီတော့ ထွက်ရပ်လမ်းပေါက်တဲ့ နေရာကြည့်လိုက်တဲ့ အခါကျတော့အဆုံးပိုင်းကမှ ထွက်ရပ်လမ်းထင်ရှားမယ်။
အဲတော့ ဒကာ ဒကာမတွေက ၀က္ကလိက ဘယ်မှာ နေတုံးဆိုတာမှတ်ပါ။ ရာဇဂြိုလ်ပြည်မှာ မြတ်စွာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး သီတင်းသုံးတယ်။
ဝိက္ကလိကလည်း ထို့အတူပဲ ရာဇဂြိုလ်ပြည်မှာပဲနေတယ်၊ တစ်နေ့သ၌ ကျတော့၊ ၀ါကျွတ်တဲ့အခါကျတော့၊ ရာဇဂြိုလ်ပြည်မြို့ ထဲသို့ ၀င်ပြီးသကာလ လာတော့ဘုရား ကန်တော့ရအောင်လို့၊ ထိုကဲ့သို့ဝင်လာတုန်းပဲ၊ လမ်းမှာပဲ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်သွားတယ်။
အဲဒီကဲ့သို့ ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ်ပြီး သကာလသွားတဲ့အတွက်၊ အိုးထိန်းသည် အိမ်ဇရပ်မှာ ၀င်ပြီးတည်းတယ်၊ တည်းခိုတဲ့အခါ တည်းရင်းမတ္တနဲ့ပဲ ဝေဒနာတွေ တိုးတက်ပြီးသကာလ လာခဲ့တယ်။
ဘုရားထံ အလျှောက်ခိုင်းတယ်
            အဲဒီကဲ့သို့ ဝေဒနာတွေတိုးတက်ပြီးသကာလ လာတာနဲ့ပဲ၊ သူ့နားမှာရှိတဲ့ ရဟန်းတွေကိုပြော တယ်။ ဘယ်လိုပြေတုံးဆိုလို့ရှိရင်၊ မင်းတို့ ဘုရားဆီသွားကြကွာ၊ ၀က္ကလိမှာဖြင့် ပြင်းပြတဲ့ဝေဒနာဖြစ်နေတယ်။
            အဲဒိကဲ့သို့ မှာလိုက်တော့ ရဟန်းတွေက သွားကြတယ်၊ သွားကြပြီးသကာလ ဘုရားသခင်ကိုယ်တော် မြတ်ကြီးကလည်း သနားသဖြင့်လည်း ၀က္ကလိရှိရာသို့ ကြွလာတယ်၊ ၀က္ကလိရှိရာသို့ ကြွလာတော့၊ အိုးထိမ်းသည်ဇရပ်မှာပဲ၊ ၀က္ကလိမမာတဲ့အနားမှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ရောက်လာတော့ ၀က္ကလိက နေရာလေးဘာလေး ခင်ပေးမလို့ပြင်မည့်အခါကျလို့ရှိရင် ဘုရားက မပြင်နဲ့။
            ငါ့နေစရာရှိတယ်၊ ထိုင်စရာရှိတယ်၊ မင်းသည်ကားလို့ဆိုရင် ဒီနေရာမှာပဲနေပါ၊ မဆင်းပါနဲ့၊ ဘုရား သခင်ကိုယ်တော်မြတ်ကြီးက ခွင့်ပြုလိုက်တယ်။
မင်းဝေဒနာ ဘယ့်နှယ်နေသတုံး
            ခွင့်ပြုလိုက်ပြီးသကာလ ဒကာ ဒကာမတွေမေးပုံကို သတိထားရမယ်၊ မေးပုံ သတိထားရမယ်၊ ၀က္ကလိက မင်းဝေဒနာဘယ့်နှယ်နေတုံးကွ၊ တပည့်တော်ဝေဒနာဘုရား၊ နောက်မဆုတ်ပါဘူး၊ ရှေ့ ပဲတိုးပါတယ်။
            အေး မင်းဝေဒနာသည် နောက်မဆုတ်ဘူး၊ ရှေ့ တိုးတယ်ဆိုတာ ငါသဘောကျပြီ၊ မင်းသည်ကားလို့ ဆိုရင် သံသယ၊ ကုက္ကုစ္စများ ဘာရှိသေးသတုံး။
မင်းရဲ့ သီလကို သံသယရှိသလား
            မင်းသီလများ သံသယရှိသလား၊ မင်းကိုယ်နဲ့မင်း သီလကို သံသယရှိသလား၊ ဒကာ ဒကာမတွေ ဒီမေးခွန်းလေးကို သတိထားပါ၊ မင်းကိုယ်နဲ့မင်းသီလကို သံသယရှိလားလို့မေးလိုက်တယ်။
            ဒါ ဘုရားကမေးလိုက်တယ်၊ သီလဆိုတာ ဒကာ ဒကာမတို့ သီလပျက်တဲ့ ပုဂ္ဂိုလ်များ၊ သီလ မှားယွင်းတဲ့ ပုဂ္ဂိုလ်များ၊ သေတော့မယ်ဆိုလို့ရှိရင်ဖြင့်၊ ကိုယ့်ကိုယ်ကို သံသယရှိတယ်။
            သီလ ၀ိပဿိဆိုပြီးသကာလ ကိုယ့်သီလကို ပျက်စီးတဲ့အတွက် အင်း - ငါတော့ မှားခဲ့ပြီ၊ နေရာမကျဘူး၊ လိမ်ခဲ့ပြီ၊ ကောက်ခဲ့ပြီ၊ မုသားတွေပြောခဲ့ပြီ။
            ပါဏာတိပါတာ၊ အဒိန္နာဒါနာ၊ ကာမေသုမိစ္ဆာစာရာ အစရှိသည်တို့ဖြင့် ငါ့ဖြင့် လွန်ခဲ့၊ ကျွံခဲ့ပြီ၊ အဲတော့ ဒါတွေစဉ်းစားပါ့လား၊ ဒါ ဘယ်သူ့စွပ်စွဲတာတုံးဆိုရင်ဖြင့် မိမိကိုယ်ကို သီလနဲ့စွပ်စွဲတာ သဘောကျ ကြလား (ကျပါတယ်ဘုရား)။
            ဘာနဲ့စွပ်စွဲပါလိမ့် (သီလနဲ့စွပ်စွဲပါတယ်ဘုရား) မိမိကိုယ်ကို သီလနဲ့စွပ်စွဲတယ်ဆိုတာ မှတ်ထားရမယ်။
            အဲ့တော့ ဘုရားကမေးလိုက်တယ်၊ ၀က္ကလိမင်းခန္ဓာကိုယ်ကြီးကို သီလပျက်စီးတယ်လို့ မင်းစွပ်စွဲမိ သလား၊ ဒီလိုများ စွပ်စွဲပြီးသကာလ၊ မင်းနှလုံးမသာမယာများရှိသလား၊ ယခုလိုမမာတဲ့အချိန် အရှင်ဘုရားတဲ့ တပည့်တော် ကိုယ့်သီလအတွက်တော့ဖြင့် သံသယမရှိပါဘူး။
            ဘာမှစွဲချက်လည်းမတင်ပါဘူး၊ သီလတွေလည်း လုံခြုံပါတယ်၊ ဒါဖြင့် ၀က္ကလိက သူ့ဟာသူ သီလလုံခြုံကြောင်းကိုဖြင့် ထင်ရှားတယ်ပေါ့လေ (မှန်ပါ့)။
            ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဘယ်လို ဖြစ်တတ်သလဲဆိုတာ သေခါနီးမှာ သတိထားပါ (တင်ပါ့)၊ သေခါနီးဘယ်လိုဖြစ်တတ်တုံး ဆိုလို့ရှိရင်ဖြင့်၊ ဘာမှ နိမိတ်မထင်ခင်ကိုပင်လျှင် ဒကာ ဒကာမတို့၊ သြော် ငါသည် အနေမှားခဲ့ပြီ၊ အသုံးမှားခဲ့ပြီ၊ အပြောမှားခဲ့ပြီ၊ အဆိုမှားခဲ့ပြီဆိုပြီး ကိုယ့်ခန္ဓာကိုယ်ကြီးကိုပင်လျှင်၊ သီလပျက်စီးမှု သီလ၀ိပဿိဆိုတဲ့ သီလပျက်စီးမှု၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာတတ်သတဲ့၊ သဘောကျကြလား (ကျပါတယ်ဘုရား)။
သေခါနီးမှာ ဘာလာတတ်သတုံး
            ဘာလာတတ်တုံး (ကိုယ့်ကိုယ်ကို စွပ်စွဲတာတွေ လာတတ်ပါတယ်ဘုရား)၊ ကိုယ့်ကိုယ်ကို စွပ်စွဲ တာတွေ လာတတ်တယ်ဆိုတော့ စဉ်းစား၊ သူများစွပ်စွဲတာသည် အရေးမကြီးဘူး၊ ကိုယ့်ကိုယ်ကို စွပ်စွဲတာသည် ကိုယ်နှလုံးမသာယာခြင်းဖြစ်ပါတယ်။
ဘာဖြစ်တတ်တုံး (ကိုယ့်နှလုံးမသာယာခြင်းဖြစ်တတ်ပါတယ်)၊ ဒါဖြင့် ကိုယ်နှလုံးမသာယာခြင်း ဆိုတော့ ဒကာ ဒကာမတွေက စိတ်ထဲမှာ မချမ်းသာပဲနဲ့ စုတိစိတ်မရောက်ရဘူးလား (ရောက်ရပါတယ်)။
ရောက်တော့ နှလုံးမသာယာတာက ဒေါမနဿဆိုရင်ကော လွဲသလား (မလွဲပါဘူးဘုရား)၊ ဒါဖြင့် ဒေါသဇောနဲ့သေတဲ့အဓိပ္ပါယ် အသေအချာမရောက်ဖူးလား (ရောက်ပါတယ်ဘုရား) ။
ဒါဖြင့် ဒကာ ဒကာမတွေ ဘုန်းကြီးက သတိပေးရတယ်၊ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကို သီလအားဖြင့် စွပ်စွဲတဲ့သဘောမရှိရအောင်၊ ခင်ဗျားတို့ နှလုံးသွင်းပါလို့ သတိပေးလိုက်တယ် (မှန်ပါ့)။
နှလုံးမသာယာမှုက လာတတ်တယ်
            နို့မဟုတ် သေခါနီးကျတော့ ကိုယ့်ကိုယ်ကို နှလုံးမသာယာမှုကလာတတ်တယ်၊ ဦးစံရီတို့မလာတတ် ဖူးလား (လာတတ်ပါတယ်ဘုရား)။
            ဒါတွေ သတိထားစမ်း ဒကာ ဒကာမတွေ၊ ဘာလာတတ်တုံးသေခါနီး (နှလုံးမသာမယာ လာတတ်ပါတယ်ဘုရား)၊ ကိုယ့်ကိုယ်ကိုစွပ်စွဲပြီး ငါမှားခဲ့တယ်၊ ငါနေထိုင်မှားခဲ့တယ်၊ ငါ ၀ိပဿနာအလုပ် မလုပ်ခဲ့ဘူး၊ ငါ့သီလတွေက လည်း ချွတ်ယွင်းပြီးသကာလ နေတယ်ဆိုတော့ ကိုယ့်ကိုယ်ကို သီလအားဖြင့် စွပ်စွဲပါတယ်။
            ထိုကဲ့သို့စွပ်စွဲတော့၊ ဘယ်အချိန်စွပ်စွဲတာတုံးလို့မေးခွန်းထုတ်လို့ရှိရင်လည်း၊ သေခါနီးစွပ်စွဲတာပဲ၊ ထိုကဲ့သို့ သေခါနီးစွပ်စွဲလို့ရှိရင်ဖြင့် သေခါကလည်း နီးပြန်တယ်၊ စွပ်စွဲချက်ကလည်း ကိုယ့်ဟာကို၊ နှလုံး မသာယာမှုကလည်း ၀မ်းထဲရောက်နေပြန်တယ်ဆိုတော့၊ ဦးခင်မောင်တို့က စဉ်းစားရမှာ သြော်သူဟာ နှလုံး မသာယာမှုနဲ့သေရမှာပဲ (မှန်ပါ့)။
            ဆိုနိုင်ကြလား (ဆိုနိုင်ပါတယ်ဘုရား)၊ ဦးဘအုန်း ဘယ်လိုဆိုမတုံး (နှလုံးမသာယာမှုနဲ့ သေရမှာပါဘုရား)၊ အင်း ငါဘယ်သူ့စွပ်စွဲတာပါလိမ့်မတုံး (ကိုယ့်ကိုယ်ကို စွပ်စွဲတာပါဘုရား)။
ကျေးဇူးတော်ရှင် - အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး မဂ်ဥာဏ်ကူးကြပါစို့ (သမ္မာဒိဋ္ဌိ (၅) မျိုး)
သမ္မာဒိဋ္ဌိ ငါးမျိုးမကုန်သေးလို့ မှတ်ထားရမယ် . ဒီသမ္မာဒိဋ္ဌိဟာ တစ်နေ့လာလည်း သမ္မာဒိဋ္ဌိ၊ တစ်နေ့လာလည်း သမ္မာဒိဋ္ဌိလို့ အောက်မေ့ပြီး မနေနဲ့၊ သမ္မာဒိဋ္ဌိက နိဗ္ဗာန်ရောက်တဲ့နေရာ သူမပါမပြီးဘူးလို့မှတ်၊ ခေါင်းဆောင်တရားလို့ မှတ်ပါ၊ သမ္မာဒိဋ္ဌိမပါဘဲ နိဗ္ဗာန်ရောက်တာ မရှိဘူး။
            ဘုရားလည်း သမ္မာဒိဋ္ဌိမပါဘဲနဲ့ မဖြစ်ပါဘူး . ၊ ဒါကြောင့် သမ္မာဒိဋ္ဌိက အရေးအကြီးဆုံးပဲ။
သမ္မာဒိဋ္ဌိ (၅) မျိုးရှိတယ်
            ဒါကြောင့် သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့၊ ဘယ်နှစ်မျိုးရှိပါလိမ့် . (ငါးမျိုးပါဘုရား)၊ ငါးမျိုးရှိတယ်ဆိုတာ မှတ်ထားပါ။
            (၁) ကမ္မဿကတာ သမ္မာဒိဋ္ဌိ
            (၂) ဈာနသမ္မာဒိဋ္ဌိ
            (၃) ၀ိပဿနာ သမ္မာဒိဋ္ဌိ
            (၄) မဂ်သမ္မာဒိဋ္ဌိ၊ ဒကာ ဒကာမတို့
            (၅) ဖိုလ်သမ္မာဒိဋ္ဌိ
ဘယ်နှစ်ခုရှိပါလိမ့် . (ငါးခုရှိပါတယ်ဘုရား)။
သူ့အတန်းနဲ့သူ မြင်ရရှာတာ
            ငါးမျိုး ရှိပြီသကာလနေတော့၊ ဒါ - သမ္မာဒိဋ္ဌိချည်းပဲ သမ္မာက - မှန်တာ၊ ဒိဋ္ဌိက - မြင်တာ၊ အမှန်အကန်မြင်တဲ့တရား၊ ငါးမျိုးရှိတယ်လို့ မှတ်ထားရမယ် အမှန်အကန်မြင်တဲ့တရား (ငါးမျိုးရှိပါတယ်ဘုရား)။
            အဲဒီတော့ အမှန်အကန်မြင်တာပဲ၊ ငါးမျိုးတောင် ပြားရသလားဆိုတော့ အို - သူ့အတန်းသူ မြင်ရရှာတာနော်။
            ကလေးအတန်းက ကလေးတို့၏ သဘာဝအတိုင်း ကလေးတို့၏ အမြင်ပဲရှိမှာပဲ၊ အလတ်စားဟာ အလတ်စားအမြင်၊ လူရွယ်တွေ လူရွယ်အမြင်၊ လူကြီးတွေ လူကြီးတွေအမြင်၊ ဒီထက်ပိုပြီသကာလ ရှေ့ မီနောက်မီအမြင်က ရှေ့မီနောက်မီအမြင်လို့ ဦးဘအုန်း၊ အမျိုးမျိုးတော့ပြားမှာပဲ။
၁။ ကမ္မဿကတသမ္မာဒိဋ္ဌိ
            မပြားထိုက်ဘူးလား . (ပြားထိုက်ပါတယ်ဘုရား)၊ အဲဒီ ကမ္မဿကတ ဥာဏ်အမြင်ဆိုတာတော့ ကောင်းတာလုပ် ကောင်းကျိုးပေး မကောင်းတာရယ် မကောင်းကျိုးပေးနိုင်တယ်၊ ဒီအမြင် ဥာဏ်ပါလို့ ဆိုရတယ် သို့သော် ဒီဥာဏ်အဆုံးဥာဏ်လို့ ဆိုမလား ၊ အစ ဥာဏ်လေးမျှလို့ ဆိုမလား (အစဥာဏ်လေးပါဘုရား)။
            အစ ဥာဏ်လေးမျှပဲရှိသေးတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေကော ဒီဥာဏ်နဲ့ မတင်းတိမ် လောက်သေးဘူးလို့ မှတ်လိုက်တာပေါ့။
၂။ ဈာနသမ္မာဒိဋ္ဌိ
            ဒုတိယဥာဏ်ကလည်း သာသနာပမှာ အာနာပါတွေလုပ်၊ အမျိုးမျိုးသော ပထ၀ီကသိုဏ်း အစရှိသည်တို့ ဈာန်လမ်းတွေလုပ်၊ လုပ်ပြီးသကာလ ဒီဥစ္စာတွေသည် ဒီဈာန် အပ္ပနာ သမာဓိရခဲ့လို့ရှိရင် အပ္ပနာဇောတွေ စောနိုင်လို့ရှိရင် ၎င်းနဲ့သေ၊ ရူပ အရှုပ ဗြဟ္မပြည်ရောက်မယ်၊ ရူပ အရူပ ဗြဟ္မာ ပြည်ရောက်မယ်လို့ သူ ဒီလောက်တော့လည်း သိသားပဲ၊ ဒါလည်း သမ္မာဒိဋ္ဌိပဲ။
            သို့သော် သူသည် ၀ဋ်ထဲကိုသာသိတယ်၊ ၀ဋ်အပြင်ဘက် မရောက်သောကြောင့် သူလည်း ခုနကဟာနှင့် စာရင်းအထက်တန်းကျသလိုနဲ့ လမ်းမဆုံးသေးဘူး မှတ်ရမယ် အထက်တန်း ကောမကျဘူးလား.. (ကျပါတယ်ဘုရား) လမ်းဆုံးပါရဲ့လား . (မဆုံးသေးပါဘုရား)။
၃။ ၀ိပဿနာသမ္မာဒိဋ္ဌိ
            ဒါကြောင့် ဒီသမ္မာဒိဋ္ဌိနှစ်ခုဟာလည်း ညံ့သေးဖျင်းသေးတယ်ဆိုတာ ဦးဝတို့မှတ်ဖို့ပေါ . ၊ ဒါဖြင့် ဘာအရေးကြီးလာတုံးဆိုတော့ ၃- နံပါတ်ဖြစ်တဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိသည် ဒကာ ဒကာမတို့၊ ဒါအရေးကြီးတော့တယ်၊ ၀ိပဿနာ သမ္မာဒိဋ္ဌိဆိုတာက သာသနာတွင်းမှ ပေါ်နိုင်တယ်လို့ မှတ်ထား လိုက်တာပေါ့။
            ကျန်တဲ့ ၁- တို့ ၂- တို့က သာသနာပလည်းရှိတယ်လို့ မှတ်ထားလိုက်တာပေါ့၊ ဒါဖြင့် သာသနာတွင်း သမ္မာဒိဋ္ဌိက ၃၊ သာသနပ သမ္မာဒိဋ္ဌိက ၂-ပေါ့ဗျာ။
            အဲဒီတော့ အခု ဒကာ ဒကာမတွေ သာသနာတွင်းလည်း ကြုံနေတာတစ်ကြောင်း၊ ဆရာသမားကောင်းလည်း ကြုံနေတာ တစ်ကြောင်း၊ ဒီအကြောင်းတွေကြောင့် အလုပ်လုပ်ပြပြီး သကာလ၊ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသွားကြလို့ ဆိုတော့ ၃- နံပါတ်စပြီးသကာလ အရေးတကြီး ခင်ဗျားတို့ အလုပ်စခန်း သင်ရမယ်။
အလုပ်လုပ်နည်းကို သင်ရမယ်
            အလုပ်လုပ်နည်းကို သင်ရမယ်၊ အလုပ်လုပ်နည်း သင်ခြင်းကြောင့် အကျိုးကျေးဇူးများပုံကို သိရမယ် . ၊ဒီလိုမှသာလျှင် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သာသနာတွင်းအလုပ်ကိုလည်း လုပ်ဖြစ်ရာ ရောက်၊ ဘ၀များစွာ သံသရာက ဆိုးရွားလာတာလည်း ဒီကနေ အချေးဆပ်ရင် ရတယ်ဆိုတာလည်း မှတ်ထားဖို့ပါပဲ။
            ဘ၀များစွာ သံသရာက ဘယ်လိုမိုက်မိုက်၊ ဘယ်လိုတေတေ၊ ယခုဘ၀ မသိမလိမ္မာလို့ ဘယ်လိုပဲမိုက်မိုက်၊ ဘယ်လိုပဲတေတေ၊ ကံကြီးငါးပါး မထိုက်လို့ရှိရင် ဘုန်းကြီးများက ဟာ ဒကာ ဒကာမတို့ ဒုက္ခဇာတ်သိမ်းငြိမ်းတဲ့ ဥာဏ်ရနိုင်သေးတယ်လို့ ဆိုတာကိုပဲ အားပေးပါတယ်။
            အားပေးတဲံအတိုင်းပဲ ငြင်းနေစရာမလိုပါဘူး၊ ရနိုင်ပါတယ်လို့ပဲ ဆုံးဖြတ်ချက်ပေးပါတယ်။
            ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ၊ ၃- နံပါတ် ဥာဏ်အရေးကြီးတယ်လို့ မှတ်ပါနော် . (အရေးကြီးပါတယ်ဘုရား) ၃- နံပါတ်ဥာဏ်က ဘယ်ဟာ လှည့်ရမှာတုံးလို့ မေးလိုက်တယ် (မှန်ပါ့ဘုရား)။ ၃- နံပါတ်ဥာဏ်သည် ဘယ်ဟာလှည့်ရမှာတုံးမေးတော့ ခန္ဓာပေါ်မှာ လှည့်ရမယ်လို့ မှတ်ရမယ် .။
            ၃- နံပါတ်ဥာဏ်သည် ဘယ်အပေါ်လှည့်ရမှာတုံး . (ခန္ဓပေါ်လှည့်ရပါမယ် ဘုရား)၊ ခန္ဓာပေါ် လှည့်ရမယ်ဆိုတော့ ရှေ့ပိုင်းမှာ ခန္ဓာသည် ဒကာ ဒကာမတို့၊ ငါးမျိုးရှိတယ်။
            စက္ခုံစ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ သြော် . ၀ိညာဏက္ခန္ဓာလည်း ခန္ဓာပဲကိုး . ။
            အဲဒီ သောတဉ္စ ပဋိစ္စ သဒ္ဒေစ ဥပ္ပဇ္ဇတိ သောတ၀ိညာဏံဆိုတော့ ဒါလည်း ခန္ဓာငါးပါးပဲ ပေါင်းလိုက်တော့ ခန္ဓာငါးပါးချည်းပဲ။
            မနဉ္စ ပဋိစ္စ ဓမ္မေစ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ ဆိုတာလည်း ခန္ဓာငါးပါးပဲ၊ ပေါင်းလိုက်လို့ရှိရင် ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ပဋိစ္စသမုပ္ပါဒ်အစ ခန္ဓာထဲ ပေါ်တဲ့ တရားအစ ပဋိစ္စသမုပ္ပါဒ် အစလို့ဆိုလိုက်တာပေါ့။
            အဲဒိ ၀ိညာဏဓါတ် ၀ိညာဏ်ရှိတဲ့အနက် မျက်လုံးဝိညာဏ်၊ ကိုယ်ပေါ်မှာ ယားယံကောင်းတဲ့ စိတ်ကလေး၊ မနောထဲ ကြံစည်တွေးတောတဲ့စိတ်ကလေး၊ အဲဒီ ခြောက်မျိုးဟာ ၀ိညာဏ်ချည်းပဲလို့ မှတ်လိုက်စမ်းပါ .။
            ဒီခြောက်မျိုးသည်ကားဆိုလို့ရှိရင် ဒကာ ဒကာမတို့ကို အမြဲတမ်း သူတို့ခြောက်ခုဟာ ၃- နံပါတ်ဖြစ်တဲ့ ၀ိပဿနာဥာဏ်နဲ့ ရှုလိုက်တော့ အိမ်ကပါတဲ့ကြားစိတ်လည်း မဟုတ်ဘူး၊ ထိုင်စက ကြားစိတ်လည်း မဟုတ်ဘူး၊ အခုအသံနှင့် ပေါင်းမိမှ သူသိရမယ်၊ ဥာဏ်နဲ့ သေသေချာချာ ကြားစိတ်ကလေး ရှိ -မရှိကို ကြည့်လိုက်တဲ့အခါကျတော့မှ ဦးဘအုန်းတို့ မှတ်စရာ။
            အသံနဲ့ ဘုန်းကြီးအသံက ဗုဒ္ဓံ .. လို့ ရွတ်လိုက်တော့ ဒကာ ဒကာမတွေက ဗုဒ္ဓံ လို့ကြားတဲ့ ၀ိညာဏက္ခန္ဓတို့၊ ဝေဒနာက္ခန္ဓာတို့ ပေါ်ဘူးလား၊ ပေါ်ကြလား . (ပေါ်ကြတယ်ဘုရား)။
Thursday, November 14
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး အပေါင်းဆိုရင် ပညတ်ဖြစ်နေမယ်
အရှုခံတရားတွေဆိုတာက ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာလို့ ငါးပါး ရှိတယ် (မှန်ပါ) ဉာဏ်နဲ့ခွဲဝေပုံရတာပေါ့ (မှန်ပါ) အဲဒီငါးပုံထဲက ကြိုက်ရာတစ်ပုံကို ရွးပြီးဉာဏ်နဲ့ ရှုရမယ် (မှန်ပါ) ဉာဏ်နဲ့ စိတ်မွှပစ်ရမယ် (မှန်ပါဘုရား) ဉာဏ်နဲ့ မစိတ်နိုင်ရင် အပေါင်းဖြစ်နေမယ် (မှန်ပါ) အပေါင်းဖြစ်နေသေးရင် ပညတ်ဖြစ်နေမယ်၊ ပညတ်ကို မရှုရဘူး (မှန်ပါဘုရား) အဲ...ဉာဏ်နဲ့ အစိတ်စိတ်အမွှာမွှာတွေ့အောင် ရှုနိုင်မှ ပရမတ်ကို မြင်လာမယ် ပရမတ်ကိုသာ ရှုရမှာ (မှန်ပါဘုရား)
ဆိုလိုတာက ဒီခန္ဓာငါးပါးလုံး တစ်ခုမှ တည်မြဲနေကြတာ မဟုတ်ဘူး၊ အားလုံး တဖြုတ်ဖြုတ်နဲ့ ပျက်စီးပြောင်းလွဲနေကြတာပဲ (မှန်ပါ) အဲဒါတွေကို မမြင်ကြတော့ အပေါင်းအစုဖြစ်ပြီး ပုဂ္ဂိုလ်သတ္တဝါတွေ ထင်ကုန်တယ်၊ လူ နတ်ဗြဟ္မာတွေထင်ကုန် ယောက်ျား မိန်းမတွေ ထင်ကုနကြတော့တာပေါ့ (မှန်ပါဘုရား) အဲဒီတော့ ပညတ်တွေ ဖုံးကုန်ရော (မှန်လှပါဘုရား)
ပညတ်တွေဖုံနေပြီး ပညတ်အနေနဲ့ မြင်နေသမျှလဲ တရားမရနိုင် (မှန်ပါ) ဘာလို့လဲဆိုတော့ အမှန်အတိုင်းမှ မမြင်ကြဘဲကိုး (မှန်ပါဘုရား) အဲဒါကြောင့် အမှန်အတိုင်း မြင်ရအောင် ခန္ဓာတွေကို ဉာဏ်နဲ့စိတ်မွှာပစ်ပါ၊ (မှန်ပါ)  ဖြစ် ပျက်တွေမြင်အောင် ရှုပါလို့ဆိုလိုတယ် (မှန်ပါဘုရား) အဲဒီ ခန္ဓာငါးပါးလုံး ဖြစ် ပျက်တွေမျှသာလို့ မြင်လာမှ အမြင်မှန် အမှန်မြင်ပဲ (မှန်ပါ) ဒီကျမှပဲ ပညတ်တွေ ကွာကျကုန်မယ် (မှန်ပါဘုရား) ပညတ်တွေ ကွာကျကုန်ပြီး ပရမတ်သာ သက်သက်ကို မြင်ရမှသာ တရားထူးရနိုင်မယ် (မှန်ပါဘုရား) အပေါင်းကြီးကို မြင်နေရင် ပညတ်တွေ မစင်သေးလို့ တရားထူး မရနိုင်သေးဘူး (မှန်ပါဘုရား)။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး အပေါင်းဆိုရင် ပညတ်ဖြစ်နေမယ်
Meditation is a physical body. Vipassana; It is a myth. The body of the mind; There are five things that are spiritual (right), which are divided by the mind (true). I don't know how to do it. 
This means that not all of these five bodies exist. They are all in a state of disrepair (yes, they do not see them). The Buddha was a man, a man, a woman, a man, and a woman.
The law is pervasive, and all that is seen in the law is lawless (true), because they cannot see the truth, but do not see the truth. It is true that when you see these five bodies, you see them as true (true), so that the rules will be lost (the true God), the law can be broken, and the only thing that can be seen is the law.