Tuesday, September 3

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး နိဗ္ဗာန်ရောက်ကြောင်း

နိဗ္ဗာန်ဆိုတာဝိပဿနာအဆုံးမှာတွေ့နိုင်တယ်ဝိပဿနာဆုံးရင်နိဗ္ဗာန်ရောက်နိုင်တယ်ဆိုတာမှတ်ထားကြ၊ဝိပဿနာလုပ်ငန်းကမခဲယဉ်းဘူးလုပ်ချင်နဲ့ဆန္ဒနဲ့ကြိုးကြိုးစားစားလုပ်ဖို့ပဲအရေးကြီးတယ် 

ထမင်းချက်ရင်လည်းလုပ်နိုင်တယ်သွားရင်းလာရင်းလုပ်ရင်းကိုင်ရင်းစားရင်းသောက်ရင်းနဲ့လည်းလုပ်နိုင်တယ်အိပ်ရင်းလည်းလုပ်နိုင်တယ်ဘယ်အခါမဆိုဘယ်နေရာမဆိုလုပ်ရင်ဖြစ်နိုင်တယ်ဒါကြောင့်နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်မလွတ်အောင်ကြိုးစားရမယ် 
ခရီးသွားရင်းလည်းကြည့်ပေးစားရင်းလည်းကြည့်ပေးဘယ်အခါမှမလစ်စေနဲ့ဥပမာ မျောက်အငြိမ်မနေသလိုပဲမျောက်ဟာဆော့ဂျွမ်းထိုးသစ်ပင်တက်ဆိုသလိုသူ့ကိုစောင့်ကြည့်ရင်အမျိုးမျိုးမြင်ရသလိုပဲခန္ဓာကိုစောင့်ကြည့်ရင်းအမျိုးမျိုးအထွေထွေဖောက်ပြန်နေတာတွေကိုမြင်ရမယ် 

ခန္ဓာမှာကရုပ်ပျက်ရင်ရုပ်အစားထိုးဝေဒနာပျက်ရင်ဝေဒနာအစားထိုးသင်္ခါရပျက်ရင်သင်္ခါရ၊စိတ်ပျက်ရင်စိတ်တစ်ခုအစားထိုးပြန်တာပဲအဲဒီမှာပျက်သွားတာကအနိစ္စအစားထိုးတာကသင်္ခါရဒီသဘောဟာခန္ဓာကပြောတာသူပြောလူပြောမဟုတ်ပါဘူးခန္ဓာကိုစောင့်ကြည့်ရင်အနိစ္စတချက်သင်္ခါရတချက်ဒီနှစ်ချက်ကိုမြင်ရမယ်။ခန္ဓာကအနိစ္စာဝတသင်္ခါရာပါတဲ့အနိစ္စနဲ့သင်္ခါရဒီနှစ်ခုပဲလှည့်နေပါတယ်တဲ့ဒါကိုဉာဏ်နဲ့စောင့်ကြည့်ကြည့်ရင်သူ့သဘောကိုမြင်ရမယ်အဲဒီလိုကြည့်ပေးနေရင်သက္ကာယဒိဋ္ဌိလည်းပြုတ်တာပဲဆိုတာမှတ်ကြ 

ခန္ဓာငါးပါးကိုမျောက်ရှင်တစ်ကောင်လို ဥပမာထားပြီးစောင့်ကြည့်ကြရမယ်ဉာဏ်နဲ့စောင့်ကြည့်ရုံပဲထူးထူးထွေထွေကြောက့်ကျစိုက်စရာမလိုဘူးအဲဒီလိုစောင့်ကြည့်တာဟာဝိပဿနာပဲစောင့်ကြည့်နေရင်  အနိစ္စနဲ့သင်္ခါရပဲရှိတယ်ဆိုတာသိရမယ် 

ဤခန္ဓာကိုယ်ရုပ်နာမ်တရားကိုဉာဏ်နဲ့စောင့်ကြည့်ကြအဖန်ဖန်စောင့်ကြည့်ပေးကြစောင့်ကြည့်ရင်ခန္ဓာငါးပါးရဲ့သဘောကိုသိလာလိမ့်မယ်ပျက်တာရယ်အစားထိုးတာရယ်ဒါပဲရှိတာကိုသိရမယ်ဒီလိုခန္ဓာသဘောအမှန်ကိုသိရတဲ့အတွက်ဒုက္ခချုပ်ရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမည်တဲ့"အစားထိုးတာသင်္ခါရပျက်သွားတာကအနိစ္စ"ဒီနှစ်ခုပဲလှည့်ပြနေတယ်ဘာပဲပေါ်ပေါ်ဒီနှစ်ခုပြမှာပဲအဲဒီလိုပြတာကိုဉာဏ်နဲ့မပြတ်မလပ်အထပ်ထပ်ကြည့်ပေးရမယ်ကြည့်ဖန်များလာတော့  ခန္ဓာသဘောအမှန်ကိုဧကန်သိလာပြီးဉာဏ်ကဒီခန္ဓာကိုစွန့်လွတ်ချင်လာတယ်မခင်မင်မနှစ်သက်တော့ဘူးအဲဒီလိုမလိုချင်လို့မုန်းအားကြီးလာတော့ ခုနတုန်းကလာနေတဲ့အနိစ္စမလာတော့ဘူးဒီလိုသင်္ခါရနဲ့အနိစ္စကုန်သွားတော့တေသံဝူပသမောသုခေါပဲတေသံထိုပျက်သွားတာနဲ့အစားထိုးတာနှစ်ခုတို့၏ဝူပသမောမရှိခြင်းသည်သုခေါနိဗ္ဗာန်ပဲတဲ့ 

ဒကာဒကာမတို့ခန္ဓာမှာသင်္ခါရနဲ့အနိစ္စဒီနှစ်ခုသာရှိတယ်ဒီအရှိကိုသိမှနိဗ္ဗာန်ရကြမယ်ဒီသင်္ခါရနဲ့အနိစ္စကိုတွေ့ရင်ဒီလမ်းအတိုင်းလိုက်သွားလိုက်သွားလို့ဆုံးရင်ဆုံးတဲ့နေရာအင်္သခတနိစ္စနိဗ္ဗာန်ကိုတွေ့မယ်ဆိုတာမှတ်ထားကြ 

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး " ငါသည် " ဗာလလား ၊ ပဏ္ဍိတလား "

မိမိကိုယ်ကိုမိမိမိုက်နေတယ်ဆိုတာလဲမိမိသိဖို့အရေးကြီးတယ်မိမိကိုယ်ကိုမိမိလိမ္မာနေတယ်လို့လဲမိမိသိဖို့အရေးကြီးပါတယ် 

မိမိကိုယ်ကိုမိမိမိုက်တာသိမှသာလျှင်မိမိအဖိုးတန်မယ်မိမိကိုယ်မိမိလိမ္မာတာသိမှအဖိုးတန်မယ်ဆိုတဲ့ဥစ္စာသည်မိုက်တာကိုမိုက်မှန်းသိလဲအဖိုးတန်တာပဲ၊လိမ္မာတာကိုလိမ္မာမှန်းသိရင်လဲ•••( အဖိုးတန်ပါတယ်ဘုရား  

ဘုရားကဘယ်လိုဟောခဲ့ပါလိမ့်မတုန်းဆိုလို့ရှိရင်လဲမှီဝဲသင့်တာကိုမှီဝဲလို့ရှိရင်ဖြင့်လိမ္မာတယ်ဆိုရမှာပဲမမှီဝဲသင့်တာကိုမှီဝဲခဲ့သော်မိုက်တယ်ဆိုရမှာပဲ•••( မှန်ပါ့ဘုရား  

မင်္ဂလသုတ်တော်မှာအသေဝနာစဗာလာနံပဏ္ဍိတာနဉ္စသေဝနာပူဇာစပူဇနေယျာနံဧတံမင်္ဂလမုတ္တမံလို့ဘုရားသခင်ကိုယ်တော်မြတ်ကြီးကဟောထားတော့ရှင်းရှင်းကလေး။ 

ပုဂ္ဂိုလ်ကမိုက်တယ်ဆိုတာမဟုတ်ဘူး၊ပုဂ္ဂိုလ်သန္တာန်ကိန်းတဲ့တရားကမိုက်ရင်မိုက်မှာပဲအဝိဇ္ဇာကိန်းရင်မိုက်မှာပဲဝိဇ္ဇာကိန်းရင်လိမ္မာတာပဲဆိုတော့••• လိမ္မာတာနဲ့မိုက်တယ်ဆိုတာပုဂ္ဂိုလ်နဲ့တခြားစီပါလားဆိုတာမှတ်ရလိမ့်မယ် 

လိမ္မာတဲ့ပုဂ္ဂိုလ်ကမှီဝဲသင့်တာမှီဝဲတယ်၊ပူဇော်သင့်တာကိုပူဇော်တယ်မိုက်တဲ့ပုဂ္ဂိုလ်ကမမှီဝဲသင့်တာကိုမှီဝဲတယ်ပူဇ်ာသင့်တာကိုမပူဇော်ဘူးဆိုတော့ပူဇာစပူဇနေယျနံတဲ့။ 

ရှင်းရှင်းမှတ်ထားဖို့ရာကပုဂ္ဂိုလ်ဆိုတာပင်ကိုကမရှိဘူးပင်ကိုခန္ဓာထဲမှာရုပ်နာမ်တရားသာရှိတယ်ဆိုတာသိပြီးသားပါ•••( မှန်ပဲါဒီတရားကမိုက်လို့ရှိရင်ဖြင့်မိုက်တာပဲ၊ဒီတရားကလိမ္မာလို့ရှိရင်ဖြင့်•••( လိမ္မာပါတယ်ဘုရား 

ဒါဖြင့်လူလိမ္မာနဲ့လူမိုက်သည်  ပုဂ္ဂိုလ်သတ္တဝါလူရယ်လို့ပရမတ်အားဖြင့်မရှိတော့••• တရားကမိုက်တာကိုမှီဝဲလို့ရှိရင်ဖြင့်မိုက်ရမှာပဲတရားကလိမ္မာတာကိုမှီဝဲလို့ရှိရင်ဖြင့်•••( လိမ္မာရမှာပါဘုရား အဝိဇ္ဇာမှီဝဲရင်•••( မိုက်ပါတယ်ဘုရား ၊ဝိဇ္ဇာမှီဝဲရင်လိမ္မာပါတယ်ဘုရား  

လူကြီးတွေပဲအဝိဇ္ဇာရယ်လို့ဝမ်းထဲရောက်လာလို့ရှိရင်ဖြင့်••• မိုက်တဲ့အလုပ်လုပ်တော့တာပဲမှန်ပါ့ဘုရား ဝိဇ္ဇာရယ်လို့ဝမ်းထဲရောက်လာတဲ့အခါ••• လိမ္မာတဲ့အလုပ်တွေချည်းမလုပ်ဘူးလား••• ( လုပ်ပါတယ်ဘုရား  

အဲဒီတော့ဒကာဒကာမတို့ကိုယ့်မှာငါသည်ဗာလလားပဏ္ဍိတလားဆိုတာဝေဖန်ကြည့်ရမယ်မှန်ပါ့ ဝမ်းထဲမှာမိုက်တဲ့တရားအဝိဇ္ဇာကိန်းနေလို့ရှိရင်••• ( ဗာလပါဘုရား ဝမ်းထဲမှာလိမ္မာတဲ့တရားဝိဇ္ဇာကိန်းနေလို့ရှိရင်••• ( ပဏ္ဍိတပါဘုရား ပဏ္ဍိတတို့ဗာလတို့ဆိုတာဝမ်းထဲမှာကိန်းတဲ့တရားကိုဆုံးဖြတ်ချက်ချရမှာကိုးလို့အောက်မေ့ရမယ်••• ( မှန်ပါ့  

Sunday, September 1

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် အရှင်ဝိမလ ဟောကြားတော်မူသော သစ္စာတရားတော်များကို စုစည်းတင်ဆက်ထားပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော် အရှင်ဝိမလ ဟောကြားတော်မူသော သစ္စာတရားတော်များကို စုစည်းတင်ဆက်ထားပါသည်။
- တရားတော်များကို ဓမ္မမိတ်ဆွေတစ်စုမှ အသံကြည်လင် ပြတ်သားစေရန် MP3 Audio Digital Filtering နည်းပညာဖြင့် ပြန်လည်ပြုပြင်ထားပါသည်။
- ဆရာတော်ကြီး၏ အသံတော်များ File Size သေးပြီး အထူးကြည်လင်သောကြောင့် ဓမ္မပရိတ်သတ်များ အထူးကြည်ညို သဒ္ဒါပွားနိုင်ကြပါသည်။
၁။ သုဘဒ်ရဟန်း ဥပမာပြ၊ သင်္ခါရတရားတော် ချောင်(၁၆)ချောင် ခိုတတ်ပုံ (၁၆-၃-၁၉၆၀)
၂။ သတိနှင့်ဆား ဥပမာပြ (၂၅-၁-၁၉၅၅)
၃။ ၀ိသာခနှင့် ဓမ္မဒိန္နာမေးဖြေ (၂၉-၁-၁၉၅၅)
၎။ တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည် (၈-၁၀-၁၉၅၆)
၅။ ဇောတိက ဥပမာပြ (၁၁-၁၀-၁၉၅၆)
၆။ ၀ိပဿနာရှုသော ပုဂ္ဂိုလ်တို့၏ မှတ်တိုင်တရား (၁၂-၁၁-၁၉၅၆)
၇။ ယမကရဟန်း ဥပမာပြ (၁၆-၁၂-၁၉၅၇)
၈။ ဇော(၇)ကြိမ် တရားတော် (၁၀-၇-၁၉၅၈)
၉။ ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ ပဋိလောမနည်းဖြင့် ဒုက္ခသစ္စာဆိုက်ပုံတရားတော် (၁၀-၈-၁၉၅၈)
၁၀။ အ၀ိဇ္ဇာလက်အောက်ခံ သင်္ခါရသုံးမျိုး တရားတော် (၁၂-၈-၁၉၅၈)
၁၁။ ခန္ဓာကိုယ်စေခိုင်း၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော် (၁၃-၈-၁၉၅၈)
၁၂။ အဓိပတိသုံးပါးထား၍ အားထုတ်ရန်နှင့် ဝေဒနာနှင့်တဏှာကြား နိဗ္ဗာန်ရှာပုံ (၁၃-၈-၁၉၅၈)
၁၃။ ကံ စေတနာ ကမ္မ၀ါဒီ သဿတဒိဋ္ဌိပယ်ပုံ (၂၅-၁၁-၁၉၅၉)
၁၄။ ဂီလာနရဟန်းအား ဝေဒနာပြ၍ ဟောကြားပုံ တရားတော် (၂၈-၁၁-၁၉၅၉)
၁၅။ အ၀ိဇ္ဇာ တဏှာ နှစ်ဘက်တန်းနေပုံတရား (၂၉-၁၁-၁၉၅၉)
၁၆။ တဏှာအပ်ချုပ်သမား ဥပမာပြ(၁) (၃၀-၁၁-၁၉၅၉)
၁၇။ တဏှာအပ်ချုပ်သမား ဥပမာပြ(၂) (၁-၁၂-၁၉၅၉)
၁၈။ ရှင်နန္ဒက ဘိက္ခုနီမငါးရာအား မီးအလင်းဖြင့် ဥပမာပြပုံ (၂-၁၂-၁၉၅၉)
၁၉။ ရှင်နန္ဒက ဘိက္ခုနီမငါးရာအား သစ်ပင်ဖြင့် ဥပမာပြပုံ (၃-၁၂-၁၉၅၉)
၂၀။ အာသဝေါတရား လေးပါးတရားတော် (၄-၁၂-၁၉၅၉)
၂၁။ ၀ဲသြဃ တရားတော် (၅-၁၂-၁၉၅၉)
၂၂။ ကံခြောက်မျိုး တရားတော် (၆-၁၂-၁၉၅၉)
၂၃။ ဒုက္ခခြောက်မျိုး တရားတော် (၇-၁၂-၁၉၅၉)
၂၄။ ကာမခြောက်မျိုး တရားတော် (၈-၁၂-၁၉၅၉)
၂၅။ ဝေဒနာခြောက်မျိုး တရားတော် (၉-၁၂-၁၉၅၉)
၂၆။ ဉာဏသုံးဆင့်တက်ပုံနှင့် အလုပ်စဉ်ပြတရား (၉-၁၂-၁၉၅၉)
၂၇။ ဥတ္တရလုလင် ဥပမာပြ ၀ိပဿနာ အားထုတ်နည်း (၁၀-၁၂-၁၉၅၉)
၂၈။ လူမိုက်နှင့် လူလိမ္မာခွဲခြားပုံ တရားတော် (၂၈-၁၂-၁၉၅၉)
၂၉။ သောတာပန်တည်နည်း တရားတော် (၃၁-၁၂-၁၉၅၉)
၃၀။ ဝေဒနာသုံးပါး(၁) စရိုက်ရွေးချယ်ပုံ (၇-၁-၁၉၆၀)
၃၁။ ဝေဒနာသုံးပါး(၂) ကိုယ့်အသေကိုယ်ကြည့်ရန် (၈-၁-၁၉၆၀)
၃၂။ သင်္ခါရတရား အနိစ္စပေါ်အောင် ကြည့်ရန် (၉-၁-၁၉၆၀)
၃၃။ မဂ်ဉာဏ်လိုချင်လျှင် ၀ိပဿနာအားထုတ်ပါ (၁၀-၁-၁၉၆၀)
၃၄။ သောတာပန်ပုဂ္ဂိုလ်၏ မြင်ပုံတရားတော် (၁၅-၁-၁၉၆၀)
၃၅။ ဒိဋ္ဌိပြုတ်မှ နိဗ္ဗာန်မြင်မည် (၁၆-၁-၁၉၆၀)
၃၆။ ဒိဋ္ဌိသတ်လျှင် သောတာပန်တည်သည် (၁၉-၁-၁၉၆၀)
၃၇။ ကံသည် အနတ္တသဘောဖြစ်ပုံ (၂၀-၁-၁၉၆၀)
၃၈။ လူမိုက်နှင့် လူမိုက်ထက်ပိုမိုက်သောသူ တရား (၂၁-၁-၁၉၆၀)
၃၉။ ပဋိစ္စသမုပ္ပါဒ် အကြောင်းနှင့် အကျိုးတရားနာနေကြပုံ (၂၂-၁-၁၉၆၀)
၄၀။ မဂ္ဂဗြဟ္မစရိယအကျင့် လူမိုက်လမ်းဖြတ်ရန် (၂၃-၁-၁၉၆၀)
၄၁။ လူမိုက်နှင့် လူလိမ္မာခွဲခြားပုံ (၂၄-၁-၁၉၆၀)
၄၂။ အရှင်ခေမက ဥပမာပြ၊ ငါဟူသော သက္ကာယဒိဋ္ဌိဖြုတ်ရန် (၂၅-၁-၁၉၆၀)
၄၃။ အရှင်ခေမက ဥပမာပြ(၂)၊ အနိစ္စနှင့် အနိစ္စလက္ခဏာ (၂၆-၁-၁၉၆၀)
၄၄။ အိပ်ခြင်းမှ နိုးပြီး မဂ္ဂင်ဖောင်ကို ပြင်ဆင်ကြရန် (၂၇-၁-၁၉၆၀)
၄၅။ ၀ိပဿနာလမ်းနှင့် နိဗ္ဗာန်သို့သွားနိုင်ပုံ (၂၈-၁-၁၉၆၀)
၄၆။ သုသိမပရိဗိုဇ် တရားခိုးခန်း(၁) (၂၉-၁-၁၉၆၀)
၄၇။ သုသိမပရိဗိုဇ် တရားခိုးခန်း(၁) (၃၀-၁-၁၉၆၀)
၄၈။ သုသိမပရိဗိုဇ် ရဟန္တာဖြစ်ပုံ (၃၁-၁-၁၉၆၀)
၄၉။ အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိကျင့်စဉ် (၁-၂-၁၉၆၀)
၅၀။ ခဏကောင်းကို မလွန်မိပါစေနဲ့တရား (၂-၂-၁၉၆၀)
၅၁။ အဂ္ဂိဝစ္ဆပုဏ္ဏားအား နိဗ္ဗာန်အကြောင်း ရှင်းပြပုံတရား (၃-၂-၁၉၆၀)
၅၂။ အဂ္ဂိဝစ္ဆပုဏ္ဏားအား မီးနှင့်ဥပမာပြပုံ (၅-၂-၁၉၆၀)
၅၃။ သစ္စာနှစ်ပါးတရားတော် (၆-၂-၁၉၆၀)
၅၄။ အားကိုးထိုက်သော မဂ္ဂင်ဖောင်ကိုဖွဲ့ထားရန် တရား (၇-၂-၁၉၆၀)
၅၅။ ရှင်သာရိပုတ္တရာက အနာထပိဏ်သူဋ္ဌေးအား ဖြစ်ပျက်ရှုနည်းသင်ပေးပုံ (၈-၂-၁၉၆၀)
၅၆။ ဒိဋ္ဌိဖြုတ်ပြီးမှ ၀ိပဿနာရှုပါ တရားတော် (၁၃-၂-၁၉၆၀)
၅၇။ ဖြစ်ပျက်နှင့်မဂ်မှာ ကိလေသာ ကြားမခိုပါစေနဲ့တရား (၁၅-၂-၁၉၆၀)
၅၈။ ရှင်ဆန္ဒဥပမာပြ၊ ဝေဒနာနှင့် အသက်ရှင်နေပုံ (၁၆-၂-၁၉၆၀)
၅၉။ ရှင်ဆန္ဒရဟန်းအား ဒိဋ္ဌိခွါခန်း (၁၇-၂-၁၉၆၀)
၆၀။ ရှင်ဆန္ဒရဟန်းအား ဒိဋ္ဌိခွါခန်း (၁၈-၂-၁၉၆၀)
၆၁။ ရှင်ဆန္ဒ ဒိဋ္ဌိ ၀ိစိကိစ္ဆာကွာပြီး ရဟန္တာဖြစ်ပုံတရားတော် (၁၉-၂-၁၉၆၀)
၆၂။ လူမိုက်နှင့် လူလိမ္မာတရားတော် (၂၄-၂-၁၉၆၀)
၆၃။ တလပဏ္ဍိတသုတ် တရားတော် (၂၅-၂-၁၉၆၀)
၆၄။ သူတောင်းစားခြောက်ယောက် ဥပမာပြတရားတော် (၂၄-၂-၁၉၆၀)
၆၅။ ဒိဋ္ဌိကိလေသာ သတ်ရန်တရားတော် (၂၇-၂-၁၉၆၀)
၆၆။ သမ္မာဒိဋ္ဌိငါးမျိုး တရားတော် (၂၈-၂-၁၉၆၀)
၆၇။ သမ္မာဒိဋ္ဌိငါးမျိုးတရား(၂) (၂၉-၂-၁၉၆၀)
၆၈။ သမ္မာဒိဋ္ဌိငါးမျိုးတရား(၃) (၁-၃-၁၉၆၀)
၆၉။ သမ္မာဒိဋ္ဌိငါးမျိုးတရား(၄) (၂-၃-၁၉၆၀)
၇၀။ ဖဂ္ဂုဏရဟန်းဥပမာပြ ခန္ဓာကြီးက သေရွာသို့သွားနေပုံ (၄-၃-၁၉၆၀)
၇၁။ ခင်ရာမင်ရာမှ တဏှာလာပုံတရားတော် (၆-၃-၁၉၆၀)
၇၂။ အဆိပ်ရောသည့်ရေ မသောက်မိစေရန်တရားတော် (၇-၃-၁၉၆၀)
၇၃။ နိဗ္ဗာန်သွား လမ်းပြမြေပုံ တရားတော် (၈-၃-၁၉၆၀)
၇၄။ စိတ်(၁၁)မျိုး ရှုပွားနည်းတရားတော်(ရှင်အနုရာဓ) (၉-၃-၁၉၆၀)
၇၅။ ဒိဋ္ဌိနှင့်ဝိစိကိစ္ဆာကို အသိနှင့်ပထမပယ်နည်း(ရှင်အနုရာဓ-၂) (၁၀-၃-၁၉၆၀)
၇၆။ နှစ်ကြောင်းသောတရားဖြင့် နိဗ္ဗာန်သို့ရောက်နိုင်ပုံ (၁၄-၃-၁၉၆၀)
၇၇။ ချည်တိုင်နှင့်ကြိုး၊ ခွေးနှင့်လည်ပတ် (၁၅-၃-၁၉၆၀)
၇၈။ အာသဝေါတရား လေးပါးဖြုတ်သောဉာဏ်(၁) (၁၆-၃-၁၉၆၀)
၇၉။ ၀ိပဿနာရှုနေရမည့် ဘာဝေတဗ္ဗအလုပ်ပေးတရား (၁၇-၃-၁၉၆၀)
၈၀။ အနတ္တလက္ခဏဉာဏ် (၁၉-၃-၁၉၆၀)
၈၁။ ခန္ဓာငါးပါးကို မျောက်ဖြင့်ဥပမာပြ (၂၀-၃-၁၉၆၀)
၈၂။ ကုသိုလ်ခွေး အကုသိုလ်ခွေးတရားတော် (၂၂-၃-၁၉၆၀)
၈၃။ လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရနိုင်ပုံ တရားတော် (၂၂-၃-၁၉၆၀)
၈၄။ ပြုံးသေမဲ့သေ (၂၃-၃-၁၉၆၀)
၈၅။ ကံလေးမျိုးအကြောင်း ရှင်းပြပုံ (၂၄-၃-၁၉၆၀)
၈၆။ ဘုရားပြောသော စကားနှစ်ခွန်းတရားတော် (၂၅-၃-၁၉၆၀)
၈၇။ စိတ္တနုပဿနာ သတိပဋ္ဌာန် (၂၆-၃-၁၉၆၀)
၈၈။ သြဃလေးပါးနစ်မြုပ်နေပုံနှင့် ယင်းမှထွက်ပုံ (၂၇-၃-၁၉၆၀)
၈၉။ အခေါ်ရှိနှင့်တကယ်ရှိ အရှိနှစ်ပါးခွဲခြားရန် (၂၈-၃-၁၉၆၀)
၉၀။ ဝေဒနာနှင့်တဏှာကြား သဗ္ဗညုတဉာဏ်ရ၍ ဘုရားဖြစ်လာပုံ (၃၁-၃-၁၉၆၀)
၉၁။ သစ္စာလေးပါးနှင့် ကထိန်ရေစက်ချတရားတော် (၁၀-၁၁-၁၉၆၀)
၉၂။ ၀ိပဿနာအလုပ်ပေး တရားတော် (၁၃-၁၁-၁၉၆၀)
၉၃။ ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်ပုံတရားတော် (၁၄-၁၁-၁၉၆၀)
၉၄။ သက္ကပဉာသုတ်(၄) ၀ိတက်ရှုနိသျှည်း (၁၅-၁၁-၁၉၆၀)
၉၅။ ဒုလ္လဘတရားငါးပါး (၁၆-၁၁-၁၉၆၀)
၉၆။ တိတ္ထိတွေအမေး အနာထပိဏ်သူဋ္ဌေးအဖြေ (၁၈-၁၁-၁၉၆၀)
၉၇။ ဖဂ္ဂုဏရဟန်း ဥပမာပြ သေတတ်အောင် သေနည်း (၁၉-၁၁-၁၉၆၀)
၉၈။ ရှာမှီးခြင်းမလွဲကြရန် (၂၀-၁၁-၁၉၆၀)
၉၉။ ရှင်ယမကဥပမာပြ(၁) ဒုက္ခပျောက်ဆေးမဂ်ရေအေး (၂၁-၁၁-၁၉၆၀)
၁၀၀။ အနာထပိဏ္ဍကောဝါဒသုတ် (၂၁-၁၁-၁၉၆၀)