Sunday, August 30

ကျေးဇူး​တော်​ရှင်​မိုးကုတ်​ဆရာ​တော်​ဘုရားကြီး၏ ပရိညာ (၃) ပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာနာမ်နဲ့ရုပ်ကို ခွဲခြားတတ်ရမယ်။ မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်၊
သိမှုကနာမ်၊ အာရုံ (၆) ပါးမှာလည်း ရုပ်နဲ့နာမ်ဟာ အမြဲ ယှဉ်တွဲနေတယ်။ တခါ တရားကို
အားထုတ်ရာမှာ ပရိညာ(၃) ပါးနဲ့သိ သိသွားရမယ်။

  ၁။ ဉာတပရိညာ  = ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာသည်ရုပ်၊ ဒီဟာသည်နာမ်လို့ ခွဲခြားပြီးသိရမယ်။
  ၂။ တီရဏာပရိညာ = ဖြစ်ဆဲ ရုပ်နာမ်တို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ပိုင်းခြားပြီး
သိရမယ်။
  ၃။ ပဟာနပရိညာ = နာမ်ရုပ်တို့အပေါ်မှာ “ငါ”ဆိုတဲ့ တဏှာစွဲ၊ ရုပ်ဟာ “ငါပဲ” ဆိုတဲ့ မာနစွဲ၊
ဒီရုပ်ဟာ “ငါ ”ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊ ဒီအစွဲသုံးခုကို သိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

Sunday, August 23

အဓိပတိသုံးပါး။


        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
ထုတ်တာ မဟုတ်ဘူး။ အို. နာ. သေ. မွဲ. ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်စေ

ခြင်းငှာ တရားအားထုတ်တာ၊ အဲဒါကို အတ္တာဓိပတိလို့ ခေါ်တယ်။
     ၂။ လောကကြီးကိုလည်း အဓိပတ်ထားပြီး အားထုတ်ရမယ်။ ငါသည် တရားအားထုတ်နေတယ်
လို့ အမည်ခံထားပေမယ့် တရားအားထုတ်နေတဲ့ အချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေက
ဖုံးလွှမ်းထားပြီး ရောင်းဝယ်ရေးကိစ္စတွေကို တွေးတော စဉ်းစားမနေပါနဲ့ ထိနမိဒ္ဓလည်း မဖြစ်စေနဲ့
ပျင်းလည်းမပျင်းနဲ့၊ အိပ်လည်းမအိပ်နဲ့၊ စိတ်ကိုလည်း မလွင့်စေနဲ့၊ မတော်တာတွေကို လုပ်နေရင်ဖြင့်
ကိုယ်စောင့်နတ်နဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်ကလည်း သိတယ်။ အဘိဉာဏ်ရတဲ့ ပုဂ္ဂိုလ်က
လည်း သိပါတယ်။ ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။ လောကကို အဓိ
ပတိထားပြီး အားထုတ်ခြင်းကို လောကာဓိပတိလို့ ခေါ်တယ်။
     ၃။ တရားတော်ကိုလည်း အဓိပတိထားပြီး ရိုသေလေးစားစွာ တရားအားထုတ်ရမယ်။ တရား
တော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။ တရားကို မမြင်ခဲ့ရင် တရားက မရှိလို့
မဟုတ်ဘဲ ငါက တရားတော်ကို မလေးစားလို့ မမြင်တာဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး တရား
တော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။ အဲဒါကိုတော့ ဓမ္မာဓိပတိလို့ ခေါ်တယ်။ ။

Friday, August 14

ကျေးဇူး​တော်​မိုးကုတ်​ဆရာ​တော်​ဘုကြီး၏ ပုဗ္ဗကိစ္စငါးပါး


       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။
  ၂။ ဆရာမိဘတို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့ဖူးပါက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ ၀န်ချ

တောင်းပန်ကန်တော့ပါ။
  ၃။ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာစောင့်နတ်နှင့်တကွ သတ္တ၀ါ
အပေါင်းတို့အား ဘေးကင်း ကျန်းမာချမ်းသာစေဖို့  မေတ္တာစိတ်ကို ပွားများပေးပါ။
  ၄။ ရှေးဘ၀၊ ယခုဘ၀ ကိုယ်ပြုသမျှ ကုသိုလ်ဒါနတို့သည် ငါ အလိုရှိနေသော မဂ်ဖိုလ်နိဗ္ဗာန်ကို
 ရောက်ရစေခြင်းငှာ လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ ဆိုပါ။
  ၅။ ငါသည် ဘ၀များစွာ သေခဲ့လှပြီ။ ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို (မရဏာနုဿတိ) ပွားများပြီး၊ အားထုတ်မှုအရှိန်ကို ပြင်းထန်ပေးပါတို့ ဖြစ်ပါတယ်။ ။
( ၀ိပဿနာ တရားရိပ်သာများလမ်းညွှန် ၂၀၁၅ / စာမျက်နှာ ၇၇ မှ ကူးယူရေးသား
   ပူဇော်ပါသည်။)
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

Friday, August 7

ကိုယ့်စိတ်ကိုယ်စစ် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အရေးတကြီးသတိပေးတရား

"ငါ "ဆိုတဲ့ အတ္တဒိဋ္ဌိ မပြုတ်သေးတဲ့ ပုဂ္ဂိုလ်မှန်သမျှ ဒါနတွေ အကြိမ်ကြိမ်ပြု ,သီလတွေ အကြိမ်ကြိမ် ဆောက်တည်နေပါစေ။အဲဒီ ဒါန ,သီလ သတ္တိတွေက ဆိုင်ရာ,ဆိုင်ရာ"သုဂတိဘုံ"တွေမှာ အကျိုးပေးပေမဲ့ ကံအရှိန်ကုန်လို့ သတ္တိကုန်ရင်တော့အဲဒီ ပုဂ္ဂိုလ်ကို အဲဒီ ဒိဋ္ဌိကဘဲ ဒုက္ခတိ ဘုံ တွေကို ပြန်ဆွဲချတယ်။-ဝိပဿနာ မလုပ်သေးတာဖြင့်သေရတာ အားမရသေးလို့ လား မေးဖို့ ဘဲ ရှိတော့တယ်။ခင်ဗျားတို့  အင်မတန် ကိုယ်ကျိုးနည်းမှာစိုးလို့  ဒီအလုပ်ကို ခိုင်းနေတာမှတ်ပါ။- ပုထုဇဉ်အဖြစ်နဲ့  သေရင် လူတစ်သိန်းသေလို့ တစ်ယောက် သုဂတိ မရောက်ဘူး။ ဖြည်းဖြည်းမှ ဆိုတဲ့စကား မသုံးပါနဲ့ ဖြည်းလာခဲ့တာ ကြာပါပြီ။-ခင်ဗျားတို့ က မသိလို့ အေးအေးနေတာ,တော်ကြာ ခင်ဗျားတို့  တွေ့ ရမဲ့ ဒုက္ခက မသေးဘူးနော်။ "ဆုတောင်းပြည့် ဘုရား"မကယ်နိုင်ဘူး ဖြည်းဖြည်းမှဆိုတဲ့ ဆင်ခြေပေးနေလို့ ကတော့ ငရဲမျိုးစေ့ ကြီးပွားပါရစေဆိုတာနဲ့  အတူတူဘဲ။-တစ်နေ့ တစ်နေ့  ဖြစ်နေတဲ့ လောဘ,ဒေါသ,မောဟ တွေဟာ တစ်နေ့ ကို ငရဲရောက်ဖို့  ဘဝပေါင်း မရေမတွက်နိုင်ဘူး။စိတ်ကလေး တစ်လုံး,စေတနာလေးတစ်ခု အပါယ်တစ်ခါရောက်ဆိုတော့,စိတ်ပေါင်းကလည်းမရေတွက်နိုင်ဘူးဆိုတော့က,အပါယ်ကတက်စရာမမြင်ဘူး။-သာသနာ ငါးထောင်ဆိုတာ နှစ် အပိုင်းအခြားကိုခေါ်တာမဟုတ်ဘူး။သာသနာဆိုတာ နှစ်ကိုမခေါ် အဆုံးအမ ကိုခေါ်တာဘဲဆိုတဲ့ အချက်ကို သိကြရမယ်။ဟောတဲ့အတိုင်း လိုက်နာကြ ကျင့်ကြံအားထုတ်ကြလို့ ဆိုတာဟာ သာသနာဘဲ။သာသနာ ငါးထောင်ဆိုတဲ့ စကားတွေဟာ သာသနာမဟုတ်ဘူး။သာသနာဆိုတာ လိုက်နာသူအပေါ်မှာ လုံးဝတည်နေတယ်။လိုက်နာရမယ့် သူက မလိုက်နာရင် ဘုရားရှင် ရှိနေလည်းမဆိုင်, မရှိလည်း မဆိုင်ဘူး။ ဒီ ဘုရားဟောထားတဲ့ စကားတော်အတိုင်း, အဆုံးအမ အတိုင်း လိုက်နာမှု မလိုက်နာမှု အပေါ်မှာသာ တည်တယ်။-မနက်ဖြန် သေသွားရင် သာသနာနဲ့ ငါ အိုးစားကွဲတာဘဲမှတ်။ကိုယ်သေရင် အပါယ်တွန်းချမယ့် တရားတွေ ဝမ်းထဲရှိနေလျက်နဲ့ နှောင့်နှေးတဲ့အလုပ် လုပ်နေရင် ဒီထက်မိုက်တာ ရှာမတွေ့ တော့ဘူး။ တစ်ဘဝ တစ်နပ်စာ ငဲ့နေတာနဲ့  တစ်သံသရာလုံး နစ်နာသွားလိမ့်မယ်။- ဘုရား အပေါ်လည်း သံသယမရှိနဲ့  ,တရား အပေါ်လည်း သံသယ မရှိနဲ့ ,ကိုယ့်ကိုယ်လည်း သံသယ မရှိနဲ့  သာသနာနဲ့ ကြုံ ,ဆရာကောင်းနဲ့ကြုံလို့  ပါရမီကလည်း ပြည့်နေပြီ။ကျင့်သာကျင့်ရမှာဘဲ။အချည်းနှီးလုံးဝမဖြစ်ဘူးဆိုတာ မှတ်လိုက်ပါ။ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး