(၂၇-၁၁-၆၀)
သုသိမပရိဗိုဇ် ကြားဖူးသလား .. (ကြားဖူးပါတယ်ဘုရား၊ တစ်နေ့က ဟောပြီးပါပြီ)၊ ဘယ်ဟောရသေးလို့လဲ .. အစေလ ကဿပသာ ဟောတာ၊ သုသိမ မကြားရသေးဘူး …… (မှန်ပါ့)။
            ကဲ .ဒါဖြင့် စတော့မယ်နော် .. သူလည်းတစ်မျိုးပဲ သူကနိဒါန၀ဂ္ဂသံယုတ်ပါဠိတော်က လာတယ်၊ သူက သုသိမပရိဗိုဇ်ဆိုတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သီတင်းသုံးပြီးသကာလ . နေတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပွင့်လာတာ မကြာသေးဘူး .. ။ မကြာသေးတာနဲ့ မကြာသေးပေမယ့် ကံရော၊ ဥာဏ်ရော၊ ၀ီရိယရော တက်လာတဲ့ ကိုယ်တော်မြတ်ကြီး ဖြစ်နေတော့ ကံကလည်း ထမင်းရည်ချောင်းစီး လှူကြ၊ ပေးကြ၊ ကမ်းကြတယ်။ ဒါ ကံသဘောကိုး . ။ ဥာဏ်ကလည်း အတိတ်ပစ္စုပ္ပန် အနာဂါတ် အကုန်သိတဲ့ ဥာဏ်လည်း သူ့မှာပါတယ်၊ ၀ီရိယကလည် ညဉ့်သုံးယံမှာ တစ်ယံအိပ်ပြီး ကြိုးစားလာတဲ့ ကိုယ်တော် ကံ၊ ဥာဏ်၊ ၀ီရိယ မစုံဘူးလား (စုံပါတယ်ဘုရား)၊ အင်း - စုံလာတဲ့ ကိုယ်တော်ကြီး တက်လာတော့ ဒီသာသနာမှာ လှူကြ၊ တန်းကြ၊ ပေးကြ၊ ကမ်းကြ၊ ရှေးက ဘုရားလုပ်တဲ့ တိတ္ထိခြောက်ဦးမှာ အကုန်စားရမဲ့၊ သောက်ရမဲ့ ဖြစ်ကုန်ကြတယ်။
သုသိမပရိဗိုလ်ဇ်ကို ရွေးကြတယ်
            ဘုရားမပွင့်ခင်က တိတ္ထိဘုရားကြီး ခြောက်ဦးက ရှိသေးတာကိုး ..။ ဒါနဲ့ ဒီအထဲမှာ သုသိမဆိုတဲ့ တိတ္ထိတစ်ယောက်ကလည်း သူက တိတ္ထိထဲမှာ ဥာဏ်ကောင်းးတယ်။ တော်တော်လျင်တဲ့ ပုဂ္ဂိုလ်ပေါ့။ အဲဒီလို ဖြစ်ပြီးသကာလ နေတော့ သုသိမကို တိတ္ထိတွေက အစည်းအဝေး ဖွင့်ပြီးခေါ်တယ်။ သုသိမတို့တော့ စားရမဲ့ သောက်ရမဲ့။ နေကြီးထွက်လာတဲ့အလား၊ ပိုးစုန်းကြူးကဲ့သို့ တို့တိတ္ထိဘုရားတွေမှာ အကုန်ဖြစ်ကုန်ကြပြီ။ အဲဒါ အမျိုးသားစောက်ရှောက်ရေး လုပ်ပါ။
            အမျိုးသားကြီးပွားရေးလုပ်ပါ။ အမျိုးသားကြီးပွားရေး လုပ်ပါဆိုတော့ ဘာလုပ်ရမလဲ၊ ဟာ - မင်းဂေါတမ ဘုရားဆီ သွားပါ။ သွားပြီး မင်းတရားသင်ရမယ်။ မင်းက ဥာဏ်ကောင်းတယ်၊ ဂေါတမဆီသွားတရားသင်၊ သင်ပြီးသည့် အခြားမဲ့၌ တို့ကိုပြန်ပြီးပို့ချ။ ပို့ချတယ်ဆိုရင် တို့တရားတစ်ဝက်၊ ဂေါတမတရားတစ်ဝက် ဟောလို့ရှိရင် တို့ဘုန်းတန်ခိုးပါရမီ ပြန်ကြီးလာလိမ့် မယ်လို့ …… ပြောတယ်။
            အဲဒီတော့ သုသိမက ကောင်းပြီ၊ ဒါဖြင့် အမျိုးသားကြီးပွားရေးဆိုရင် ဆောင်ရွက်မယ်ဆိုပြီး ဘုရားဆီက သွားဖို့စိတ်ကူးကြည့်တယ်။ သို့သော် ဘုရားဆီကို သွားဖို့ဆိုရင် ရှင်သာရိပုတ္တရာဆီ သွားလို့လည်း နေရာကျမှာ မဟုတ်ပါဘူး။ အရှင်မောဂ္ဂလာန်ဆီ သွားလည်း နေရာကျမှာ မဟုတ်ပါဘူး။ အရှင်အာနန္ဒာဟာ အနီးစပ်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။ အရှင်အာနန္ဒာဟာ သူတစ်ပါးလည်း သနားတတ်တယ်။ သူ့ဆီကို ၀င်ကပ်မှပဲဆိုပြီး အရှင်အာနန္ဒာဆီ ၀င်ကပ်တယ်။
ရှင်အာနန္ဒာထံရောက်လာတယ်
            အရှင်အာနန္ဒာ၊ ဒီဘုရားသာသနာတော်ကို ကြည်ညိုလွန်းလို့ ဒီသာသနာတော်မှာပဲ ရှင်ရဟန်း လုပ်ပါရစေလို့ ပြောတယ်။ အရှင်အာနန္ဒာက သုသိမဟာ တိတ္ထိခေါင်းဆောင်ထဲမှာ ဒုတိယခေါင်းဆောင်လောက် ဖြစ်နေတဲ့ဥစ္စာကြီး . သူက ဒီဘုရား သာသနာတော်မှာ ကြည်ညိုလွန်းလို့ ဘုရား  သင်္ကန်းဝတ်ပါရစေဆိုတာ ငါတော့ ဘယ်လိုယုံရမလဲ မသိဘူး။ ဘုရားထံ ခေါ်သွားမှပဲဆိုပြီး ဘုရားထံ ခေါ်သွားတယ်။
            သုသိမပရိဗိုဇ်ကို ဘုရားထံ အရှင်အာနန္ဒာက ခေါ်သွားတယ်။ ခေါ်သွားပြီးတော့မှ အရှင်အာနန္ဒာက အရှင်ဘုရား သုသိမပရိဗိုဇ်က တပည့်တော်တို့ သာသနာတော်ကို ကြည်ညိုလို့ သာသာနာ့ဝန်ထမ်း ရှင်ရဟန်း လုပ်ချင်ပါသတဲ့ဟု မြတ်စွာဘုရားအား လျှောက်ထားတယ်။
ရဟန္တာဖြစ်မှာမို့လို့ ဘုရားကလက္ခံတယ်
            ဘုရားက အနာဂတံသဥာဏ်နဲ့ ကြည့်လိုက်တယ်။ ဒီကောင် အကောင်းဝင်တာလား၊ အဆိုးဝင်တာလားဆိုပြီး ကြည့်လိုက်တယ်။ ကြည့်လိုက်တဲ့အခါကျတော့ သြော်  တရားခိုးမလို့ လာတာကိုးဆိုပြီး သိတယ်။ သို့သော် ခိုးပေမယ့်ခိုးရင်းနဲ့ပဲ သူရဟန္တာဖြစ်သွားလိမ့်မယ်လို့ နှစ်ချက်သိတယ်။ တရားခိုးမယ် ဆိုတာလည် သိတယ်။ ခိုးရင်း ရဟန္တာဖြစ်မယ် ဆိုတာလည်း သိတယ်။
            နှစ်ချက်သိတာနဲ့ ကဲ . သုသိမကို ရေချိုးပြီး ရဟန်းခံပေးလိုက်စမ်း …… ။ ရဟန်းခံပေးလိုက်တော့ သုသိမကတော့ အကြိုက်တွေ့ပြီ ..။ ငါတော့ ပွိုင့် တစ်ခုတော့ ကောင်းကောင်းမိတာပဲ ဆိုပြီး သူ့စိတ်ထဲမှာ ၀မ်းမြောက် ၀မ်းသာဖြစ်ပြီး နေရာ၊ နေရာကနေပြီးသကာလ တောက ရဟန်းတွေက သီတင်းကျွတ်တော့ လာကြတယ်။ ခီဏာဇာတိ၊ ၀ုသိတံ ဗြဟ္မစရိယံ၊ ကတံကရဏီယံ နာပရံ ဣတ္ထတ္ထာ ယာတိ ပဇာနာမ ဆိုပြီး လျှောက်ကြတယ်။
            ခီဏာဇာတိဆိုတာ တပည့်တော်တို့ ပဋိသန္ဓေတည်တဲ့ဥစ္စာ ကုန်ခဲ့ပါပြီဘုရား .။ ဒုက္ခချုပ်တဲ့ နိဗ္ဗာန် မဂ်လေးတန် ရောက်ခဲ့ပါပြီဘုရား။ ၀ုသိတံ ဗြဟ္မစရိယံ = မြတ်သောအကျင့် တို့ကိုလည်း တပည့်တော်တို့ ကျင့်ခဲ့ပါပြီဘုရား။ မဂ်ကိစ္စကိုလည်း ကျင့်ပြီးပါပြီဘုရား။ ကတံကရဏိယံ = ပြုဖွယ်ကိစ္စ ဟူသမျှကို တပည့်တော်တို့ ပြုလုပ်ပြီးပါပြီ၊ ဘာမှ တပည့်တော်တို့ လုပ်စရာ မကျန်တော့ပါဘူး။
သုသိမ၊ တရားစပြီးခိုးပြီ
            နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာမ = နောက်တစ်ဆယ့်ခြောက်ချက်သော မဂ်ကိစ္စကို တပည့်တော်တို့ လုပ်စရာမရှိတော့ပါ။ ရဟန္တာတို့ ကျင့်ဝတ် ၁၆ -ချက်၊ ရဟန္တာတို့၏ ပရိယာယ်။
            ဒါနဲ့ သုသိမက ဒီကိုယ်တော်တို့ လာတဲ့နောက်က ချောင်းနားထောင်တယ်။ ဒီအထဲမှာ ဆရာ့လက်ဆုပ်အကောင်းဆုံးပွိုင့်ဟာ ဘယ်သူပါလိမ့်မလဲလို့။ ဒီဥစ္စာဖြင့် အကောင်းဆုံးပဲလို့ ရဟန္တာတွေကို လျှောက်တဲ့ ပါဠိတော်တော့ နားလည်ပါလိမ့်မယ်။ ဒီလို နားလည်ပြိး သကာလ နေတော့ ဆရာလက်ဆုပ်ပဲ။ ဘုရားကလည်း သာဓုခေါ်လိုက်တယ်။ သြော် .. တောနေ တောင်နေရတဲ့ အကျိုးနပ်ပါဘိတယ်ကွာ၊ ၀ါတွင်းသုံးလ သွားနေတာ ရဟန္တာဖြစ်တယ်လို့ ဖော်သာမပြောတာကိုး၊ သိပ်ဝမ်းသာသွားတယ် ဘုရားကလည်း သာဓုခေါ်တယ်။ ဆရာ့လက်ဆုပ်ပဲ။ ဆရာ့လက်ဆုပ်ဆိုတာ အကြီးဆုံးပဲ။ အကောင်းဆုံးတရားပဲ။
            ဒါနဲ့ ဘုရားက ကိုယ်တော်တွေ - ကဲ .. အာဂန္တုတွေ သွားကျောင်းပို့ဟေ့။ ဘုရားက သိပ်ကြည်ညိုစရာကောင်းတယ်ကွ ..။ လေးစားစရာ ကောင်းတယ်ကွ .. ဆိုပြီး ပို့လိုက်တယ်။ ဖြုတ်ဆို ဒီကိုယ်တော်တွေနောက် သုသိမလိုက်တယ်။
ရဟန္တာဖြစ်ရင်ကောင်းကင်ပြန်နိုင်တယ် ထင်နေတယ်
            ဒီကိုယ်တော်တွေ နောက်ကိုလိုက်ပြီး အရှင်ဘုရားတို့ . ခီဏာဇာတိ၊ ၀ုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ နာပရံ ဣတ္ထတ္ထာယတိ ပဇာနာမ လို့ . ဘုရားကို လျှောက်ထားကြတာကိုး။ ပဋိသန္ဓေနေတာလည်း ကုန်ပါပြီလို့ လျှောက်ကြတယ်။ ဒီတော့ အရှင်ဘုရားတို့ ရဟန္တာ ဖြစ်ကြပြီလား ..။ ကောင်းကင်ပျံနိုင်ရဲ့လား ..။ မြေလျှိုးနိုင်ရဲ့လား၊ သူတစ်ပါးပြောတာကို ဥာဏ်နဲ့သိပါရဲ့လားလို့ မေးတဲ့အခါ သူမမေးထိုက်ဘူးလား၊ သူက ရဟန္တာဖြစ်တယ်ဆိုရင် ကောင်းကင်ပျံ မြေလျှိုးနိုင်တယ်လို့ မှတ်နေတယ်။
            သုက္ခ၀ိပဿက က ဒီလိုမှ မဟုတ်ဘဲကိုး .။ ယခုလူတွေမှာလည်း ဒီအတိုင်းဖြစ်နေတယ်။ သုက္ခ၀ိပဿက ဆိုတာ ဈာန်ခြောက်သွေ့တယ်၊ ဈာန်ခြောက်သွေ့တဲ့ ပုဂ္ဂိုလ်ဟာ ရဟန္တာသာဖြစ်တယ်။ ကောင်းကင်ပျံ မြေလျှိုးလို့ မရဘူး။ ဒါနဲ့ ခုနက ရဟန္တာတွေက ဖြေကြတယ်။ ပညာဝိမုတ္တာ ခေါမယံ အာဝုသော သုသိမတဲ့။ အာဝုသော သုသိမ = ငါ့ရှင်သုသိမ၊ မယံ = ငါတို့မှာ၊ ၀ါ = ငါတို့သည်၊ ပညာဝိမုတ္တာ = ပညာနဲ့ ကိလေသာမှ လွတ်ခဲ့ကြကုန်၏။ ပညာနဲ့သာ လွတ်ခဲ့တယ်။ သမထ မပါဘူးလို့ပြောတာ .။
            အဲ  ခင်ဗျားတို့ကို ဟောသလို ပညာနဲ့လွတ်ဖို့ရာလို့ မှတ်လိုက်ကြ .. (တင်ပါ့)၊ သမထ မပါဘူး .. (တင်ပါ့)၊ နားလည်ပြီလား (တင်ပါ့)၊ စဉ်းစားကြည့်ပါလားလို့ ဘုန်းကြီးက ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်သိဖို့ ဦးသံဒိုင်တို့၊ ကိုထွန်းရင်တို့ အရေးကြီးတယ်လို့ ပြောတယ်၊ ပစ္စုပ္ပန်ပဋိစ္စ သမုပ္ပါဒ် ဆိုတာ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိစက္ခုဝိညာဏံ ဆိုတဲ့ဥစ္စာ ဒါ - အတိတ် ပဋိစ္စသမုပ္ပါဒ် ဆိုမလားတဲ့၊ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်လို့သာ ဆိုရမှာပဲ (မှန်ပါ့)၊ ဒါဆိုတော့ကို ဒါသည် ၀ိညာဏ်ကို ရှုရမယ်။ ဘုန်းကြီးက ဒီကနေပြီး မဂ္ဂင်ငါးပါးနဲ့ ရှုခိုင်းတယ်။
သမထကရောပါနေတာ
            သမထက ရောသာပါနေတာ၊ သူ့သီးသန့်အားထုတ်ရမှာ မဟုတ်ဘူး။ သူလည်း ဖြစ်ပျက်ရှုတယ်။ နောက်သူ့နောက်မှာ လာတာတွေကို အင်း . ဖဿဖြစ်ပျက်ရှုတယ်။ ဝေဒနာဖြစ်ပျက်ရှုတယ်။ တဏှာ ဖြစ်ပျက်ရှုတယ်။ ဥပါဒါန်ဖြစ်ပျက်ရှုတယ်။ ကံ ဖြစ်ပျက်ရှုတယ်။ ကျုပ်တို့ ဒီအစီအစဉ်အတိုင်း မရှုဘူးလား . (ရှုပါတယ်ဘုရား)။
            တစ်ခုတစ်ခုရှု ရှုသွားကြတယ်။ သမထ ပါသေးသလားမေးတော့ ဘယ့်နှယ်ဆိုမလဲ .. (မပါ ပါ) မပါဘူးသာဆိုတယ် အကျုံးဝင်နေတယ်လို့ .. ဦးသံဒိုင် မှတ်ရမယ် . (မှန်လှပါ)၊ သတိ၊ သမာဓိ၊ ၀ီရိယ တို့က သမထမဂ္ဂင်သုံးပါး .. ။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပက ပညာမဂ္ဂင်နှစ်ပါးဆိုတော့ မဂ္ဂင်ငါးပါး။ ဒါက ပညာမဂ္ဂင် သူ့နောက်လိုက် မဂ္ဂင်။ ဒါကြောင့် ဦးသံဒိုင်တို့ ဘုန်းကြီးဟောနေတဲ့ တရားက သြော် . သမထနဲ့ ၀ိပဿနာကွဲလွဲတဲ့ တရား .. (တင်ပါ့)၊ ဖြစ်ပျက်ရှုတဲ့တရား၊ သမထနဲ့ ၀ိပဿနာကွဲလွဲတဲ့ တရား ..(တင်ပါ့) ဖြစ်ပျက်ရှုတဲ့ တရား သမထနဲ့ ၀ိပဿနာကွဲလွဲတဲ့ တရားလို့ ဦးသံဒိုင်နဲ့ မောင်ထွန်းရင်က မှတ်ရမယ် (မှန်ပါ့)၊ သေသေချာချာလည်း မှတ်ပေါ့ဗျာ၊ ဒီလိုနဲ့ သူတို့က ဒါတွေ ရှုပြီးသကာလ ဒါတွေ ဖြစ်ပျက်ရှုမြင်လို့၊ ဒါတွေ ဖြစ်ပျက် မုန်းလို့၊ ဒီဖြစ်ပျက်တွေ ဆုံးလို့ ရဟန္တာဖြစ်လာကြတယ်။ အဲ မဂ္ဂင်ရှစ်ပါး ပြည့်ပြီးတော့ ဖြစ်လာတယ်။
            ဒီပုဂ္ဂိုလတွေကို သူက ကောင်းကင်ပျံနိုင်သလား။ မြေလျှိုးနိုင်သလား၊ သူတစ်ပါးပြောတာ သိရဲ့လား .၊ ရေထဲသွားနိုင်သလား ..၊ ရေထဲငုပ်ချည်ပေါ်ချည် လုပ်နိုင်ရဲ့လား၊ မြေထဲကိုလျှိုးပြီးသကာလ သွားနိုင်ရဲ့လား။ သူမေးတာက သမထလမ်းကို မေးတာ။ ဟိုပုဂ္ဂိုလ်တွေက ပညာဝိမုတ္တာ ခေါ မယံ အာဝုသော သုသိမ ၊ အာဝုသော သုသိမ - ငါ့ရှင်သုသိမ၊ မယံ = ငါတို့သည်၊ ပညာဝိမုတ္တာ ခေါ = ပညာဦးစီးပြီးတော့ ကိလေသာမှ လွတ်ခဲ့တယ်။ ဒီနောက်မှ ကိလေသာတွေ မလွတ်ဘူးလား .. (တင်ပါ့ဘုရား)၊ လွတ်တယ်မဟုတ်လား (လွတ်ပါတယ်ဘုရား)။
ပညာလမ်းကတက်ကြတာ
            ပညာဦးစီးပြီးသကာလ လွတ်ခဲ့တယ်လို့ ပြောတော့ . သူကနားမလည်ဘူး။ တိတ္ထိဘက်က ကူးလာတော့ သမာဓိလမ်း ဘယ်နားလည်မလဲ။ ပညာစခန်း သမာဓိစခန်း သူနားမလည်ဘူး။ နားလည်သေးရဲ့လား . (မလည်ပါဘုရား)၊ မလည်တဲ့အတွက် အရှင်ဘုရာတို့ ဟောတာ ကျဉ်းလွန်းပါတယ်တဲ့၊ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်ဆိုတာကို တပည့်တော် နားမလည်ဘူး၊ အကျယ်ပြောစမ်းပါ .. ။ အကျယ်လည်း ပြောစရာမရှိဘူး။ ရှိရဲ့လား . (မရှိပါဘုရား)၊ သူတို့က ပညာနဲ့ ကိလေသာမှ လွတ်လာတယ်။ ပညာနဲ့ ကိလေသာမှ လွတ်ကင်းပြီး ရဟန္တာဖြစ်လာတယ် ..။
            (အလုပ်ကိစ္စပါ)၊ အလုပ်ကိစ္စ။ ဒါနဲ့ အရှင်ဘုရားတို့ ပညာနဲ့ ကိလေသာမှလွတ်လာ တယ်ဆိုတော့ တပည့်တော်ကို အကျယ်ပြောစမ်းပါဆိုတော့ တို့ - ဘာမှမပြောတတ်ဘူး၊ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်လို့ထား။ တို့အလုပ်ကတော့ ဒီအလုပ်စဉ်ဒါပဲဆိုတော့၊ ပညာနဲ့ ကိလေသာ လွတ်ပြီးသကာလ လာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လေသောကြောင့် ကိုထွန်းရင်ရဲ့၊ ကောင်းကင်ပျံ မြေလျှိုးများ ပါဦးမလား . (မပါ ပါဘုရား)၊ မြေလျှိုးမပါဘူး။ မြေလျှိုးလုပ်ချင်ရင် နောက်ထပ် သမာဓိ ထူထောင်ရဦးမယ်။ မဟုတ်ဘူးလား၊ အဘိညာဉ်ရအောင် လုပ်ရဦးမယ် .. ။ ဒါ - တစ်လမ်းပဲ။
အဘိညာဉ်က လောကီလမ်း
            အဘိညာဉ်စခန်းဟာ လောကီလမ်းပဲ ..(တင်ပါ့) အဲ ဒီတော့ ခင်ဗျားတို့ကို သင်ပေးနေ တာ ဟိုကျလုပ်ဖို့၊ ဒီကြားမှာလည်း နှလုံးသွင်းဖို့ သင်ပေးနေတာ။ ပညာနဲ့ကိလေသာမှ လွတ်အောင်လုပ်ရမယ်။ သဘောကျသလား (ကျပါတယ်)၊ ပညာနဲ့ ကိလေသာလွတ်အောင် ဆိုတော့ သူခေါင်းဆောင်တယ်၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပက ခေါင်းဆောင်တယ်။ ဒါတွေက နောက်လိုက်ဖြစ်နေတယ်။ သမထမှ သွားတော့မယ်ဆိုရင် ဒါဖြုတ်ထားပြီး ဒါ ခေါင်းဆောင်တင်ရ မယ် …… (တင်ပါ့)၊ ဒါ - ခေါင်းဆောင်တင်ရမယ်။ သမထ လေးဆယ်ထဲက တစ်ပါးပါး ရှုရမယ်။ ဖြစ်ပျက်မရှုနိုင်ဘူး .. (မရှုနိုင်ပါဘုရား)။
            အဲဒီလမ်းက တက်လို့ရှိရင်တော့ အဲဒီလမ်းကမှ တစ်ခါ ၀ိပဿနာ ပြန်ကူး၊ ကူးပြီးသကာလမှ သွားတဲ့ပုဂ္ဂိုလ်ကျတော့ ကောင်းကင်ပျံ၊ မြေလျှိုး၊ သူတစ်ပါးစိတ်အကြံအကုန်သိ ပေါ့ဗျာဆိုတော့ သူတို့က ပညာလမ်းက တက်တာဆိုတော့ မသိဘူးလို့ ပြောတာရော သဘောကျရဲ့လား .. (ကျပါတယ်ဘုရား)။
ကောင်းကင်ပျံတာနဲ့ တခြားစီ
            ပညာလမ်းက တက်တာဆိုတော့ ကောင်းကင်ပျံ မြေလျှိုးနိုင်သလား ဘာလားဆိုတာ မင်းမေးနေတာကို တို့မဖြေလိုဘူး။ ပညာလမ်းက တက်လာပြီး ကိလေသာ လွတ်ရတာဖြစ်တယ်။ ဒါပဲ အဖြေပေးတယ်။ သဘောပေါက်လား။
            ဒါဖြင့် တို့ဆရာဘုန်းကြီးသင်နေတာက အသက်တမ်း တိုတိုထဲမှာ သမထ မပါဘဲနဲ့ ပညာခေါင်းဆောင်ပြီး သင်နေတယ်ဆိုတာ မှတ်ဖို့ပဲဆိုတော့ ကိုယ့်အတွက်လည်း ပါသွားတယ်မဟုတ်လား .. (ပါသွားပြီ)၊ ကောင်းပြီ၊ ဒါနဲ့ သုသိမကတော့ မကျေနပ်ဘူး။ အရှင်ဘုရားတို့ သူက ရဟန္တာဖြစ်တယ်ဆိုတာ တပည့်တော်က ကောင်းကင်ပျံ မြေလျှိုးတယ်လို့ မှတ်တယ် ..။
ဝေဘူဆရာတော် ကောင်းကင်မပျံနိုင်ဘူး
            ယခု ဝေဘူဆရာတော်ကို တချို့ က ကောင်းကင်ပျံတယ်။ မြေလျှိုးတယ်လို့ ပြောနေတယ်။ ဝေဘူဆရာတော်က တာဝန်မခံဘူး။ ဟုတ်လည်း မဟုတ်ဘူးကိုး။ အဲဒီလို ဖြစ်နေတော့ ခေတ်က ရဟန္တာဆိုရင် ကောင်းကင်ပျံ မြေလျှိုးတယ်ချည်း မှတ်နေတာကိုး ..။ ဒါတွေကို နားမလည်ကြဘူး။
            ဒါနဲ့ သူမကျေနပ်ဘူး .။ မကျေနပ်တော့ ဟိုရဟန္တာတွေကလည်း တို့ပညာနဲ့ကိလေသာမှ လွတ်လာတယ်။ မတတ်နိုင်ဘူး။ မင်းဟာ နားလည်ချင်လည်း နားလည်၊ နားမလည်ချင်လည်း နေတော့ မတတ်နိုင်ဘူး။ ပညာနဲ့ ကိလေသာမှ လွတ်ခဲ့တယ်ဆိုတော့ ခင်ဗျားတို့ လမ်းဟာလည်း ဒါနဲ့လွတ်မှာပဲလို့ အောက်မေ့ပြီး အားထုတ်ပါ။ တိုက်တွန်းတာလည်း ပါသွားပြီ .. (တင်ပါ့)၊ ဒါနဲ့ သုသိမက မကျေနပ်ဘူး။ မကျေနပ်တော့ ကဲ .. ဒီကိုယ်တော်တွေကို မေးရတာ ဟန်မကျပါဘူး။ သူ့ဆရာဆီ သွားမေးမှ သူက ခိုးဖို့လာတာကိုး (တရားခိုးဖို့)၊ တရားခိုးဖို့ လာတာ၊ တရားခိုးဖို့လာတော့ သူက ဘုရားဆီသွားလျှောက်မယ်ဆိုပြီး ဘုရားဆီကို ပြေးတယ်။
သုသိမ၊ ဘုရားထံလျှောက်တယ်
            အရှင်ဘုရား .ဟို ကိုယ်တော်တွေ သွားမေးတယ်၊ ကောင်းကင်ပျံနိုင်ရဲ့လား .၊ မြေလျှိုးနိုင်ရဲ့လား .၊ အမျိုးမျိုးအဖုံဖုံ သူတစ်ပါးရဲ့စိတ်ကို သိပါရဲ့လား၊ အမျိုးမျိုးအဖုံဖုံတော့ မေးပါတယ်။ မေးပင်မေးငြားသော်လည်း ဘာမှအဖြေမထွက်ဘူး။ ပညာနဲ့ ကိလေသာမှ လွတ်လာတယ်လို့ ဖြေတယ်၊ ဒီတစ်လုံးတည်းပဲ အဖြေပေးတယ်။
            သို့သော် တပည့်တော်က နားမလည်လို့ အရှင်ဘုရားဆီကို လာလျှောက်တယ်ဆိုတော့ ဘုရားကဖြေလိုက်တယ် ပုဗ္ဗေခေါ သုသိမ ဓမ္မဋ္ဌိတံ ဥာဏံဟောတိ၊ ပစ္ဆာနိဗ္ဗာနေ ဥာဏံလို့ ..၊ သုသိမ= သုသိမ၊ ပုဗ္ဗေခေါ = ရှေးဦးစွာကာလ၊ ဓမ္မဋ္ဌိတံဥာဏံ = ၀ိပဿနာ ရှေ့သွားရှေ့ရွက် ရှိရသည်။ ဟောတိ = ဖြစ်၏။ ပစ္ဆာ = နောက်မှ။ နိဗ္ဗာနေ = နိဗ္ဗာန်၌၊ ဥာဏံ = သိတဲ့မဂ်ဥာဏ်သည်။ ဟောတိ = ဖြစ်၏။ ရှေ့က ၀ိပဿနာဥာဏ်၊ နောက်က မဂ်ဥာဏ်ကွ .. လို့ ဖြေလိုက်တယ်။ သဘောကျပြီလား .. (ကျပါပြီ)။
ရှေ့က ၀ိပဿနာဥာဏ် နောက်က မဂ်ဥာဏ်
            ရှေ့က ၀ိပဿနာဥာဏ်၊ နောက်က ရှစ်ပါးလိုက်တယ် (မှန်ပါ့)၊ ဆိုတော့ ဘုရားကလည်း ဒါပဲဖြေတာပဲ။ ပါဠိတော်မှာနော် ပါဠိတော်ဆိုတော့ ဘယ်သူမှ စောဒကတက်လို့ မရတော့ဘူး (တင်ပါ့)၊ သုသိမက ဘုရားဆီ လာမေးပြန်တော့လည်း ရှေ့က ၀ိပဿနာဥာဏ်၊ နောက်ကမဂ်ဥာဏ် ဆိုပြီး ဒီလိုပဲဖြေတယ်။ သမထ မပါဘူး၊ ပါသေးရဲ့လား (မပါ ပါဘုရား)၊ မပါဘူး။ သမထမပါဘူး။
            အရှင်ဘုရား - အရှင်ဘုရားဖြေတာလည်း ကျဉ်းပါသေးတယ်။ တပည့်တော်တို့ နားမလည်ပါဘူး။
            နားလည်ချင်လည်း မလည်ချင်နေ၊ ဘုရားက .. (မှန်ပါ့)၊ ခင်ဗျားတို့ လောကီအပြောဆိုရင် ဘောက်ဆန်တယ်ပြောမှာပေါ့။ ဘုကျတယ်လို့ ပြောမှာပေါ့ .. (မှန်ပါ့)။ ရှေ့က ၀ိပဿနာဥာဏ်၊ နောက်က မဂ်ဥာဏ်၊ ဒါပဲလုပ်ရမယ်လို့ ဟောတယ်ဆိုတော့ ရှေ့က ၀ိပဿနာဥာဏ်၊ နောက်က မဂ်ဥာဏ်ဆိုရင် ရဟန္တာကိစ္စပြီးတာပဲ။ ခင်ဗျားတို့ တိုက်တွန်းတယ်။ မသေမချင်း မှတ်ထားကြ .. (တင်ပါ့ဘုရား)။
            ရှေ့က ၀ိပဿနာဥာဏ်ဖြစ်ရင် နောက်က မဂ်ဥာဏ်ဖြစ်မယ်၊ ဒါ - ဘာဖြစ်တာပဲ .။ ၀ိပဿနာဥာဏ်ငါးပါး ဒါ - ဘုန်းကြီး ရှင်းပေးလိုက်တယ်။ မဂ်ဥာဏ်က နောက်ကလာတာ ရှစ်ပါး။ ဒါပဲ (မှန်ပါ့)၊ ဘုရားတပည့်တော် သုသိမက ဘုရားဖြေတာကို မကျေနပ်ဘူး ..။ နားမလည်တဲ့လူ ဖြေရတာ ကိုထွန်းရင် ဟိုဘက်က ဒကာတွေ အားကြီးခက်တယ်။ နားမလည်တဲ့လူ ဖြေရတာ . (တင်ပါ့)။
ဓမ္မဋ္ဌိတိဥာဏ်ဆိုတာ ၀ိပဿနာဥာဏ်
            ဒီတရားကတော့ ဘုရားသာသနာ အတွင်းမှာ ပေါ်တဲ့ ၀ိပဿနာဥာဏ်နဲ့ မဂ်ဥာဏ်ဆိုတာ သူတို့က သာသနာပဗျာ၊ အရင်ကတည်းက ဘုရားလုပ်နေတဲ့လူတွေ၊ ဒီအကြောင်းလည်း ကောင်းကောင်းကို နားမလည်တော့၊ နားမလည်သူ ဆိုတော့ ကဲ - မင်းနားလည်ချင်လည်း လည်၊ မလည်ချင်လည်းနေ။ ဘုရားက ရှေးဦးစွာ ၀ိပဿနာဥာဏ် အားထုတ်ရမယ်။ ဓမ္မဋ္ဌိတိဥာဏ်ဟာ ၀ိပဿနာဥာဏ်နောက်က မဂ်ဥာဏ်လိုက်ရမယ်။ ဒီတော့ ခင်ဗျားတို့ တာဝန်ဟာလည်း ဘုန်းကြီးက အမွေပေးလိုက်တယ်။ ၀ိပဿနာဥာဏ်ကို ရှေ့ထားသာလုပ်၊ မဂ်ဥာဏ် သူ့ဘာသာသူနောက်က လိုက်လာလိမ့်မယ်။ အဲဒါ အားလုံးပေါ့လေ။
            ရှေ့က ၀ိပဿနာဥာဏ်လုပ်၊ ခင်ဗျားတို့ တာဝန်က ၀ိပဿနာဥာဏ်တာဝန်၊ လိုက်ဖို့ တာဝန်က မဂ်ဥာဏ်တာဝန်၊ မဂ်ဥာဏ်၏တာဝန်၊ သဘောကျသလား …… ။ မဂ်ရပါစေဆိုပြီး ဆုတောင်းလို့ မရဘူး။ ၀ိပဿနာဥာဏ်မပါဘဲနဲ့ လည်း မဂ်ဥာဏ်တက်လာလိမ့်မယ်လို့ လည်း ကိုထွန်းရင် သိပ်မအောက်မေ့နဲ့၊ မတက်နိုင်ဘူး။ တေဘုမ္မက သင်္ခါရကိုမှ အာရုံမပြုဘဲနဲ့ နိဗ္ဗာန်ကို အာရုံပြုဖို့ အတော်ခဲယဉ်းတယ် ..(တင်ပါ့)။
            တေဘုမ္မက သင်္ခါရဆိုတာက ဒါတွေဟာ သင်္ခါရတွေပဲ။ ဒီသင်္ခါရတွေကို ဖြစ်ပျက်မမြင်ဘဲနဲ့၊ ဒုက္ခသစ္စာကို မပိုင်းခြားပဲနဲ့ နောက်က မဂ်ဥာဏ်က လိုက်ပါ့မလား .. (မလိုက်ပါဘုရား)။ မလိုက်တော့ဘူး။ ဘုရားဟောတော်မူတာကို ကျေနပ်ပြီလား . (ကျေနပ်ပါတယ်ဘုရား)။ ရှေ့က ၀ိပဿနာဥာဏ်၊ နောက်က မဂ်ဥာဏ်။
            ပုဗ္ဗေ ခေါ သုသိမ၊ ဓမ္မဋ္ဌိတိဥာဏံ ဓမ္မဋ္ဌိတိဥာဏန္တိ
            ဓမ္မဋ္ဌိတိဥာဏ်ဆိုတာ ၀ိပဿနာဥာဏ်ပဲ . (ဓမ္မဋ္ဌိတိနဲ့ ယထာဘူတနဲ့ အတူတူပဲလား ဘုရား)၊ အင်း . အတူတူပဲ။ ၀ိပဿနာဥာဏ်ပဲဗျ။ ဦးသံဒိုင် အတူတူပဲ၊ အချို့ နေရာမှာ ဒီအတိုင်း ဟောတယ်၊ သုသိမဓမ္မဋ္ဌိတိဥာဏန္တိ ၀ိပဿနာဥာဏံ ဆိုလိုက်ကြပါစို့ .. ။ နိဗ္ဗာနေဥာဏန္တိ မဂ္ဂဥာဏံ၊ ရှင်းသွားပြီလား . (ရှင်းပါပြီ) ဒီလို သုံးလိုက်တော့ ဘုရားက မင်းနားလည်ချင်လည် မလည်ချင်နေကွ။ သုသိမ ဒီရဟန်းတွေ ဖြစ်လာတာကတော့၊ မင်းမေးခဲ့တဲ့ ရဟန်းတွေ ဖြစ်လာတာကတော့ ၀ိပဿနာဥာဏ်ကို ရှေ့ထားပြီး နောက်က မဂ်လိုက်ပြီး ရဟန္တာဖြစ်ကြတာပဲ ..။
ဘုရားကတရားဟောပြီ
            နောက် အရှင်ဘုရား ဟောတာကိုလည်း တပည့်တော် မကျေနပ်ဘူး .. တဲ့။ ကဲ .. မကျေနပ်လို့ရှိရင် မကျေနပ် ကျေနပ်အောင်တော့ ပြရမယ်ဆိုပြီး သူ့ကို ရဟန္တာဖြစ်အောင် ဟောတော့မယ် .. ။ သူ့ ရဟန္တာဖြစ်အောင် ဟောတော့မယ်ဆိုတော့ ခင်ဗျားတို့ နားလည်ပြီး ထားရမယ်။ ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ကို ဘုရားကပြတယ် ဒီတရားပဲ။
            မင်းကွာ . အခု ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပေါ်ပြီ။ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် ပေါ်ပြီတဲ့။ စက္ခုံစ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ၊ စက္ခုံဝိညာဏံ ပေါ်ပြီကွ။ အခုဒါကလေးဟာ နိစ္စလား အနိစ္စလားလို့ ပြန်မေးတယ်၊ ဒါကလေးဟာ ဘယ်သူမေးမေး အနိစ္စပဲလို့ ဖြေရမှာ . (တင်ပါ့)၊ ဖြစ်ပြီးပျက်တဲ့ ဥစ္စာကို အနိစ္စလို့ ဖြေရုံပဲ ရှိမှာပဲ။ ဒါကလေးဟာ သုခလား ဒုက္ခလားလို့ တစ်ခါမေးစမ်း၊ ဦးသံဒိုင်တို့ ဘယ့်နှယ့်ဖြေမလဲ . (ဒုက္ခပါဘုရား)၊ ဒုက္ခလို့ လူတိုင်းဖြေတယ်၊ ဒါကလေးဟာ အတ္တလား - အနတ္တလားလို့ မေးရင်ရော .. (အနတ္တပါ ဘုရား)၊ အနတ္တဖြေလိုက်တယ်။
            ကဲ . ဒါရှိပါစေကွဆိုပြီး ဖဿကလေး လာလိမ့်ဦးမယ်ကွ။ ဖဿကလေးဟာ နိစ္စလား - အနိစ္စလား .. လို့ မေးပြန်တယ်၊ အနိစ္စဖြေရမယ် .. (အနိစ္စပါဘုရား)။ သုခလား - ဒုက္ခလားမေးရင်ရော .. (ဒုက္ခပါဘုရား)၊ အတ္တလား - အနတ္တလားမေးရင် အနတ္တပဲလို့ လူတိုင်းပြောမယ်။ ဖဿ ပစ္စယာ ဝေဒနာကလေး ကြည့်လိုက်ပြန်တော့၊ ဒါတွေက ချုပ်သွားကုန်တော့ ဝေဒနာကလေး ဥာဏ်အောက်ရောက်လာတယ်။
            ဝေဒနာကလေးဟာ နိစ္စလား - အနိစ္စလား မေးလိုက်တော့ .. (အနိစ္စပါဘုရား)၊ သုခလား - ဒုက္ခလား မေးလိုက်ရင်ရော . (ဒုက္ခပါဘုရား)၊ အတ္တလား - အနတ္တလား မေးလိုက်တော့ .. (အနတ္တပါဘုရား)၊ ဒီအတိုင်းဖြေရမယ်။ ဝေဒနာနောက်က လိုက်လာတဲ့ တဏှာကလေးဟာရော ပစ္စုပ္ပန်ပဲ မဟုတ်ဘူးလား .. (ဟုတ်ပါတယ်)၊ ဒါကို ဒီဥာဏ်နဲ့ကြည့်ပေး၊ ဒီဥာဏ်နဲ့ ကြည့်ပြီးတော့ နိစ္စလား - အနိစ္စလား . အနိစ္စပဲ။ သုခလား - ဒုက္ခလား . ဒုက္ခပဲ။ အတ္တလား - အနတ္တလား . အနတ္တပဲ။
ငါ့ကိုယ် ငါ့ဟာ စွဲသေးသလား
            ဒါ . ဟောရင်း - ဟောရင်းနဲ့ ကဲကွာ . ဒီဥစ္စာမင်း - ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာလို့ရော ဧတံ မမ ဧသောဟမ သ္မိ ဧသော မေ အတ္တာလို့ မင်းစွဲနိုင်သေးသလား။ ဝေဒနာကလေးတစ်လုံးကို မေးလိုက်တယ်။ မစွဲနိုင်ပါဘုရား။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာ မဟုတ်ပါဘူး။ ဒါဟာ ဘာသစ္စာတုံးကွ . (ဒုက္ခသစ္စာပါ)၊ ဒုက္ခသစ္စာပါလို့ ဖြေလိုက်တယ်။ ဒါ သစ္စာပိုင်းခြားတယ် .. (တင်ပါ့)၊ သစ္စာပိုင်းခြား တော့ သူကလည်း ဥာဏ်ထက်တဲ့ ပုဂ္ဂိုလ်ဖြစ်တော့ မဂ်ငါးပါးကနေပြီးသကာလ မဂ်ရှစ်ပါး ဒုက္ခသစ္စာ ပိုင်းခြားတော့ ခန္ဓာကြီးကြည့်၊ ဒီဘက်က ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် အကုန်ပျောက်တယ် . (တင်ပါ့ဘုရား)။
            ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကို ခင်ဗျားတို့ ခန္ဓာကိုယ် တစ်ကိုယ်လုံး ယခုလည်း ရှိနေတာကို ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်လို့ မှတ်ပါ (တင်ပါ့ဘုရား)၊ ကိုယ်ခန္ဓာကြီး ဘ၀နဲ့ဟာ .. (မှန်ပါ့ဘုရား)၊ ကိုယ့်ခန္ဓာအိမ်က ပါတဲ့ခန္ဓာကြီးမှ မဟုတ်ဘဲကိုး .. (မှန်ပါ့၊ မဟုတ်ပါဘုရား)၊ ဒီရောက်မှ ခန္ဓာ၊ ဒီရောက်မှ ခန္ဓာတောင်မှ အခုရှိတဲ့ခန္ဓာ၊ သဘောကျပြီလား …… (ကျပါတယ်)။
သုသိမ၊ ရဟန္တာဖြစ်ပြီ
            အဲဒီဟာ ဆိုက်လိုက်တော့ သူရဟန္တာဖြစ်သွားတယ်။ သစ္စာနဲ့ပိုင်းခြာရှုဆိုပြီး ဟောချ လိုက်တာ၊ ဟောချလိုက်တော့ ဟောရင်းနဲ့ ခန္ဓာဥာဏ်လှည့်တယ်၊ သူ၏ ခန္ဓာဥာဏ်လှည့်တော့ သူသည် ရဟန္တာဖြစ်သွားတော့ ဘုရားက မေးလိုက်တယ်၊ သိပြီ .. ကိုယ့်ဟာကိုယ် ရဟန္တာ ဖြစ်လာတော့ သူသည် ပစ္စဝေက္ခဏာ ဥာဏ်တွေရော၊ ဘာတွေရော သူသိပြီ . (တင်ပါ့ဘုရား)။
သုသိမ၊ မင်းကောင်းကင်ပျံနိုင်သလား
            မင်း - ကောင်းကင်ပျံနိုင်သလားလို့ မေးတယ် . (ကောင်းကင် ဘယ်ပျံနိုင်မလဲ)၊ မင်း ကောင်းကောင်းပျံနိုင်ရဲ့လားကွ . တဲ့။ မင်းမြေလျှိုးနိုင်ရဲ့လားကွ။ မင်း သူတစ်ပါးစိတ်ကို သိရဲ့လားကွတဲ့။ မသိပါဘူး . တဲ့။ တပည့်တော် မှားကုန်ပြီ .. (မှန်ပါ့)၊ တပည့်တော် ကောင်းကောင်းမှားကုန်ပြီ။
            တပည့်တော်အပြစ်ကို တပည့်တော် ၀န်ခံပါရစေ . တပည့်တော် ရိုးရိုးဝင်လာတဲ့လူ မဟုတ်ဘူး၊ တရားခိုးမလို့ လာတဲ့ ပုဂ္ဂိုလ်ပါပဲ။ တရားခိုးမလို့ဘဲ။ ခိုးပြီးတော့မှ တိတ္ထိတွေကို ၀ါဒဖြန့်ဖို့ တရား၊ ကွာ . တဲ့ မင်းအပြစ် မင်းသိလို့ရှိရင်လည်း ပြီးတာပါပဲ . တဲ့။ အေးမင်းကို ငါမှာချင်တာ ကတော့ ငါဘုရား သာသနာတော်မှာ သမထကို အဓိကထားတာ မဟုတ်ဘူးကွ . ဖြေချလိုက်တယ်။ ဒါကို သေသေချာချာ မှတ်ပါ .. (တင်ပါ့)။
သမထကြောင့် နိဗ္ဗာန်မရောက်ဘူး
            ငါဘုရား သာသနာတော်မှာ ငါ - သမထကို အဓိကထားတာ မဟုတ်ဘူး။ ၀ိပဿနာကို အဓိကထားတယ်။ သဘောကျသလား .. (ကျပါတယ်)၊ ငါဘုရား သာသနာတော်မှာ သမထကြောင့် နိဗ္ဗာန်မရောက်ဘူး . တဲ့။ ပေါ်ကြပြီးလား .. (မှန်ပ့ါ)၊ ၀ိပဿနာကြောင့် နိဗ္ဗာန်ရောက်တာ။
            ဒါကြောင့် ဟိုကိုယ်တော်တွေ ဖြေတာ သမထမပါဘဲ ဈာန်ခြောက်ပြီးသကာလ ရဟန္တာဖြစ်သွားတယ်။ မင်းရော အခုသိပြီလား . ။ သိရင် သူလည်း ရဟန္တာဖြစ်ပြီ။ မင်းရော အခု ကောင်းကင်ပျံ မြေလျှိုး သူတစ်ပါးစိတ်ကို သိရဲ့လား။ မသိပါဘုရား။ ဒီကျတော့ သူ ပျော့ဆင်းသွားပြီ။ သူ ရဟန္တာဖြစ်သွားပြီ။ အဲဒီတွင်မှ ငါဘုရား သာသနာမှာ သမထကိုသာ အဓိကထား ဟောတာ မဟုတ်ဘူးကွ။ ၀ိပဿနာသာလျှင် သာသနာအတွင်း တရားကွ။ သမထဆိုတာ ဘယ်အခါမဆို ကမ္ဘာပျက်ပေမဲ့ရှိတယ်။ ကျေနပ်ပြီလား . သမထက ကမ္ဘာပျက်တိုင်း ရှိတယ် (တင်ပါ့ဘုရား)။
တရားခိုးတာအပြစ်မရှိဘူး
            အဲဒီလိုဟောလိုက်တော့မှ သူကျေနပ်သွားပြီးတော့ တပည့်တော် ရိုးရိုးနဲ့ ဒီသာသနာတော် ၀င်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဟုတ်ပါဘုရား . ။ တရားခိုးမလို့ ၀င်လာတာပါ။ တပည့်တော်အပြစ်ကို တပည့်တော် တောင်းပန်ပါတယ် . (တင်ပါ့)၊ အေး - မင်းအပြစ်ကို မင်းသိလို့ တောင်းပန်လို့ရှိရင်လည်း တို့ဘုရား၏ ထုံးတမ်းမှာ မင်းဟာဘာမှအပြစ်မရှိတဲ့ ပုဂ္ဂိုလ်ထဲ မင်းရောက်သွားပြီ .. (တင်ပါ့)၊ အပြစ်ရှိနေရင် ရဟန္တာဘယ်ဖြစ်မလဲ။ ဖြစ်နိုင်ပ့ါမလားမလား .. အပြစ်ရှိရင် တရားခိုးတာ အပြစ်မရှိဘူး .. တဲ့။ ရှင်းပြီလား .. (ရှင်းပါပြီ)။
            တရားခိုးတာ အပြစ်မရှိဘူး .. တဲ့။ အဲဒီတော့ ခင်ဗျားတို့ကို သင်လွှတ်တာဟာ ရှေ့က ၀ိပဿနာဥာဏ်ကို အားထုတ်ပါ။ နောက်က မဂ်ဥာဏ်လိုက်ပါလိမ့်မယ်။ ဒါကို ဘုန်းကြီးက အကိုးအကားနဲ့ ဖော်ပြလိုက်တာပဲ။ ရှင်းပြီလား . (တင်ပါ့ဘုရား)။
ဝိပဿနာမ၈်ကဖွားရမယ်
            ရှေ့က ၀ိပဿနာဥာဏ်ကို အားထုတ် .. (နောက်က မဂ်ဥာဏ်လိုက်ပါလိမ့်မယ်ဘုရား)၊ နောက်က မဂ်ဥာဏ်ကသူ့အလိုလို လာလိမ့်မယ်။ ၀ိပဿနာ ရင့်ကျက်လာပြီဆိုရင် မဂ်ဥာဏ် မလိုက်ပါနဲ့ဆိုလို့ ရရဲ့လား . (မရပါဘုရား)။ ဒါဖြင့် မဂ်ဥာဏ်အလုပ်သာ ဆုတောင်းအလုပ်လား၊ ၀ိပဿနာ ဘာဝေ တဗ္ဗကိစ္စအလုပ်နဲ့ ရမယ့် အလုပ်လား ဆိုတာကို ခင်ဗျားတို့ ဆုံးဖြတ်ချက်ချရမယ် . (တင်ပါ့)။
            ပွားရမယ့် အလုပ်ဆိုတော့ ခင်ဗျားတို့ဟာ ဆရာကောင်း တပည့်တွေ ဖြစ်နေတော့ .. ခင်ဗျားတို့က လောကုတ္တရာမဂ် ပွားရမှာလား၊ လောကီမဂ်ပွားရမှာလား ဆိုတာကို ဝေဖန်ကြည့်လိုက် . (လောကုတ္တရာ မဂ်ကို မပွားရပါဘုရား)၊ လောကုတ္တရာမဂ်ကို မပွားရဘူး။ လောကီမဂ်ကိုပွားရမယ်။ လောကုတ္တရာမဂ်က တစ်ကြိမ်သာကျတယ်။ နှစ်ကြိမ်တော့ မကျဘူး (တင်ပါ့)၊ ကျကောင်းရဲ့လား။ (မကျကောင်းပါ)၊ သကဒါဂါမိမဂ်လည်း တစ်ကြိမ်ပဲ . (တစ်ကြိမ်ပါဘုရား)။
လောကုတ္တရာ မဂ်ကတစ်ကြိမ်ပဲ
            သူ့ရှေ့မဂ်တွေကတော့၊ အင်္ဂါငါးပါးရှိတဲ့ မဂ်တွေကတော့ အကြိမ်ပေါင်းများစွာကျတယ်၊ လောကုတ္တရာ မဂ်ကျတော့ တစ်ကြိမ်ပဲဆိုတယ်။ သင်္ဂြိကလည်း ခင်ဗျားတို့ သင်ထားတော့ မဂ္ဂါဘိညာ သကိမထာ မဂ္ဂါဘိညာ = မဂ်ဇော အဘိညာဉ် ဇောတို့ကို။ သတိ = တစ်ကြိမ်ဟူ၍ ။ မတာ = သိအပ်ကုန်၏။ အကြိမ်ကြိမ် ပွားရတာ ဟုတ်ရဲ့လား .. (မဟုတ်ပါ)၊ ဘယ်မဂ်ကို ပွားရသလဲ . (လောကီမဂ်ပွားရပါမယ်)၊ လောကီမဂ်ပွားရမယ်၊ အဲဒါကလေး ရှင်းထားတယ်။
            အဲဒီတော့ လောကီမဂ်က ခင်ဗျားတို့ ပွားရမယ်။ လောကုတ္တရာ မဂ်ကတော့ ပွားဖို့မလိုဘူး။ တစ်ကြိမ်ပြီးလျှင် နောက်နှစ်ဘကိမ် မစောနိုင်ဘူး။ စောနိုင်သေးရဲ့လား . (မစောနိုင်ပါဘုရား)။
            အဘိညာဉ်ဇော၊ မဂ်ဇောများက တစ်ကြိမ်သာ စောနိုင်တယ်။ ဒီမှာ ဆရာကောင်းတွေ ဖြစ်ပြီးသကာလနေတော့။ မဂ်ဆိုတာ ပွားယူရမယ်ကွ။ ရမ်းချလိုက်တယ် . (မှန်ပါ့)၊ ဘယ်မဂ်ကို မဂ်လို့ခွဲပြီး မသိပြန်လို့ရှိရင်လည်း ကိုယ်ကျိုးနည်းပြီနော်  (တင်ပါ့) အခုတော့သိပြီ။ ဘယ်မဂ်ကို ပွားရမယ်။ ဘယ်မဂ်ကတော့ မပွားဘဲနဲ့ ပေါ်လာမယ် . (လောကီမဂ်ကို ပွားရမယ်)၊ လောကုတ္တရာ မဂ်ကတော့ သူ့အရှိန်နဲ့သူပေါ်လာမယ်။ သဘောကျပလား . (မှန်ပ့ါ)။
ဝါးနှစ်လုံးပွတ်တဲ့ဥပမာ
            အဲဒီတော့ ၀ါးနှစ်လုံးပွတ်တဲ့ အခါကျလို့ရှိရင်ဖြင့် မီးထွက်ပြီးသည်နောက် ကျုပ်တို့က ပွတ်ဖို့ လိုသေးရဲ့လား .. (မလိုပါဘုရား)၊ မီးပူအောင်ပွတ်တာက (တပည့်တော်တို့ တာဝန်)၊ အများကြီး ကြာကြာပွတ်ရမယ်နော်။ ၀ါးနှစ်လုံးပွတ်တဲ့အခါ ပူအောင်ပွတ်တာကတော့ ကြာတယ်။ မီးထွက်တော့ ပွတ်ဖို့လိုသေးလား . (မလိုပါဘုရား)။ အဲ.. လောကုတ္တရာမဂ်နဲ့ ပွတ်တာနဲ့ (တူပါတယ်)၊ ဒါဖြင့် ဘာဝေတဗ္ဗ ကိစ္စဆိုတာဘယ်ကိစ္စကို ဆိုတာလဲ .. (လောကီမဂ်ကိစ္စ ပါဘုရား)၊ အဲဒါ ... သေသေချာချာ မှတ်ထားကြ (တင်ပါ့)၊ လောကုတ္တရာမဂ်ကို ပွားဖို့မလိုဘူး . (တင်ပါ့)၊ လောကီမဂ်ရင့်လာလို့ရှိရင် လောကုတ္တရာမဂ်အလိုလို ပေါ်လာတယ် .. (တင်ပါ့)၊ ရှင်းပြီလား။
လောကီမဂ်သာပွားရမှာ
            ဒါဖြင့် မဂ္ဂံဘာဝနာတိ သမယေန အဘိသမေတိ လို့ . ဘုရားက ဟောထားတယ်။ မဂ္ဂံ - မဂ်ကို၊ ဘာဝနာ တိသမယေန အဘိသမေတိ - ဆင်ခြင်ပွားများမှ ရနိုင်တယ်ဆိုတဲ့ဟာ ခင်ဗျားတို့ တစ်လုံးတည်း ယူထားလိုက်မှာကို ကျုပ်စိုးရိမ်တယ် .. (မှန်ပါ့)၊ တစ်လုံးတည်း မယူနဲ့၊ လောကီမဂ်ဆိုတာ။ လောကုတ္တရာမဂ်ကို ဆိုတာမဟုတ်ဘူး . (တင်ပါ့)၊ ရှင်းပါပြီလား (ရှင်းပါပြီ)၊ ပေါ်ပြီလား၊ မပေါ်ဘူးလား (ပေါ်ပါပြီဘုရား)။
            ပဋိသမ္ဘိဒါ မဂ်က ဒီအတိုင်းဆိုတယ် .. (တင်ပါ့)၊ ဘာဝေတဗ္ဗကိစ္စဆိုတာ ဒီမဂ်ကွ။ ဒီမဂ်ဆိုစရာ မလိုပါဘူး၊ ဒီမဂ်က သစ္စာလေးချက် တစ်ပြိုင်နက် မြင်ပြီး ဒီမဂ်ပြီးတာပဲ။ သူက သစ္စာလေးပါးမမြင်တဲ့ မဂ်ကိုသာ ပွားနေရတာ (တင်ပါ့)၊ ရှင်းပြီလား။ ဒါက သစ္စာလေးပါး မြင်တဲ့ရှစ်ပါး။ နောက်က ဒီငါးပါးက သစ္စာလေးပါး မမြင်တဲ့မဂ် တစ်ပါးတည်း ရှိနေတာပဲ။ ဟိုကတော့ လေးပါးတစ်ပြိုင်နက်ပြီးတယ်။ ပေါ်ပြီလား ကိုထွန်းရင် . (ပေါ်ပါပြီဘုရား)။
ဘာမဂ်ကို ပွားရမလဲ
            ဒါဖြင့် ဘာမဂ်ကို ပွားရမလဲ .. (လောကီမဂ်ကို ပွားရပါမယ်)၊ (လောကီမဂ်ကို ပွားရပါမယ်)။ လောကီမဂ်ပွားရမယ်။ လောကီမဂ်က ဘယ်နှစ်ပါးရှိသလဲ . (ငါးပါး)၊ ငါးပါးရှိတယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒါပဲရှိတယ်။ သီလမပါဘူး။ သီလမပါဘူးလို့ တစ်နေ့ကပဲ ရှင်းပြီးခဲ့ပါပြီ။ သဘောကျသလား .. (ကျပါတယ်ဘုရား)။
            အဲဒီတော့ သီလမပါတာ မပါရင်နေပါစေ …… သီလ ဘာလို့ မပါသတုံးဆိုတော့ ၀င်လိုက်ထွက်လိုက်နဲ့ မမြဲဘူး။ ၀ိရတီဆိုတာ အနိယတ စေတသိက်။ ခင်ဗျား သင်္ဂြိုဟ် သင်ဖူးသားပဲ။ မြဲရဲ့လား .. (မမြဲပါဘုရား)၊ မမြဲတဲ့မဂ် တစ်ပါးတည်း ရှိနေတာပဲ။ ဟိုကတော့ လေးပါးတစ်ပြိုင်နက်ပြီးတယ်။ ပေါ်ပြီလား ကိုထွန်းရင် .. (ပေါ်ပါပြီဘုရား)။
ဘာမဂ်ကို ပွားရမလဲ
            ဒါဖြင့် ဘာမဂ်ကိုပွားရမလဲ .. (လောကီမဂ်ကို ပွားရပါမယ်)။ လောကီမဂ်ပွားရမယ်။ လောကီမဂ်က ဘယ်နှစ်ပါးရှိသလဲ . (ငါးပါး)၊ ငါးပါးရှိတယ်။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဒါပဲရှိတယ်။ သီလမပါဘူး။ သီလမပါဘူးလို့ တစ်နေ့ကပဲ ရှင်းပြီးခဲ့ပါပြီ။ သဘောကျပလား . (ကျပါတယ်ဘုရား)။
            အဲဒီတော့ သီလမပါတာ မပါရင်နေပါစေ .. သီလ ဘာလို့မပါသတုံးဆိုတော့ ၀င်လိုက်ထွက်လိုက်နဲ့ မမြဲဘူး။ ၀ိရတီဆိုတာ အနိယတ စေတသိက်။ ခင်ဗျားသင်္ဂြိုဟ် သင်ဖူးသားပဲ။ မြဲရဲ့လား . (မမြဲပါဘုရား)။ မမြဲတော့ သူ့ကို သီလမမြဲသေးတော့ ပုထုဇဉ်စိတ်။ သီလမြဲရင် သူကအရိယာဖြစ်သွားတယ်။ မဖြစ်ပေဘူးလား .. (ဖြစ်ပါတယ်)။ သီလမမြဲသေးရင် . (ပုထုဇဉ်စိတ်ပါဘုရား)၊ သီလမြဲရင် . (အရိယာပါဘုရားး)။ သီလမြဲရင် အရိယာစိတ်၊ ပုထုဇဉ်မှာ မဂ်သီလမှမရဘဲ။ သဘောကျသလား (တင်ပါ့)။
            ကောင်းပြီ . ဒီဒကာတွေမှာ ယခု အစိတ်အပိုင်း ကလေးတွေချည်း ပြောလွှတ် တယ်ဆိုတာ သဘောကျပြီလား . (ကျပါတယ်ဘုရား)၊ လောကီမဂ်တော့ ပွားရမယ်။ လောကုတ္တရာမဂ်ကိုတော့ မပွားနဲ့မပွားရဘူး။ သူ့ဘာသာသူပေါ်လာလိမ့်မယ်။ ဒါက ရင့်ရင့်ရင့်သလို ပေါ်လာလိမ့်မယ်။ ရှင်းပြီလား .. (ရှင်းပါပြီဘုရား)။
            ဒါဖြင့် ကောင်းပြီ . ဒါဘယ်သူ့ ဟောသတုံး ဆိုတော့ သုသိမပရိဗိုဇ်ကို ဟောတာ၊ သုသိမပရိဗိုဇ် မဟောခင်တုန်းက ရဟန္တာတွေ တက်လာတာ ဒီဟာနဲ့ပဲ ကူးသွားတာပဲ။ လောကီမဂ်ကနေပြီး လောကုတ္တရာမဂ်ကို ကူးသွားတယ်။ ကောင်းပြီ ဒါဖြင့် ရှင်းသည်ထက် ရှင်းအောင် ရှင်းပေးပါဦးဘုရား . လို့ မေးဖို့မလိုဘူးလား (လိုပါတယ်)၊ ရှင်းပေးပါမယ်။ ဦးသံဒိုင် ပဋ္ဌာန်းတို့ ဘာတို့ သူများပြောသံဆိုသံ ဖြစ်စေ၊ ကိုယ့်ကိုယ်တိုင်ဖြစ်စေ၊ အနည်းအကျဉ်းကြားဖူးလိမ့် မယ်။ အနန္တရပစ္စည်းဆိုတာ မလာဘူးလား . (လာပါတယ်)၊ အခြားမရှိဘူးဆိုတာ ဒီကြားနဲ့ဒီကြား အခြားမရှိဘူးကွာ . (မရှိပါ)၊ မရှိဘူး .. ။ ဘယ်ရှိမလဲ ဘယ်စိတ်မှ အခြားမရှိဘူး။
ဝိပဿနာမဂ်ရင့်လာရင်
လောကုတ္တရာမဂ်ကို ကျေးဇူးပြုတယ်
            အဲဒီတော့ အနန္တရပစ္စည်းဆိုတော့ကို သဘောကျသလား (မှန်ပါ့)၊ အခြားမရှိဘူး။ မဂ်၊ လောကုတ္တမဂ်ကို ကျေးဇူးပြုလိုက်တယ်။ ဒါမှတ်ထားလိုက် ပြီးတာပဲ။ သြော် .. ၀ိပဿနာမဂ်ကို အားထုတ်နေရင် ၀ိပဿနာမဂ်က သူချုပ်သွားတဲ့ တစ်နေ့ လောကုတ္တရာမဂ်ကလာပြီး ကျေးဇူးပြုမှာပဲ ဆိုတာ စွဲစွဲမြဲမြဲ မှတ်ထား။ ဒါကြောင့် သူဟာ အနန္တရပစ္စည်း .. ။
အနန္တရပစ္စည်းသာကြိုးစားပါ
            သူက အနန္တရပစ္စည်း၏ ပစ္စုပ္ပန်ရှင်းပြီလား . (ရှင်းပါပြီ)၊ အေး  ကဲ ဒါဖြင့် ဒါက သံယုတ်အဋ္ဌကထာမှာ သေသေချာချာလာတယ်လို့ မှတ်လိုက်ပါ။ ၀ိပဿနာက အနန္တရပစ္စည်း မဂ္ဂင်ရှစ်ပါးက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်။ ၀ိပဿနာမဂ်ငါးပါးက အနန္တရပစ္စည်း၊ နောက်မဂ္ဂင်ရှစ်ပါးက ပွတ်ရင်းနဲ့ ပေါ်လာမှာက အနန္တရပစ္စည်း၏ ပစ္စယုပ္ပန်။ အဲဒီတော့ အခြားမရှိဘူး။ အခြားမရှိဘူးဆိုတော့ ရှေးဦးစွာ ဓမ္မဋ္ဌိတိဥာဏံ ဖြစ်တာပဲ။ နောက် မဂ်ဥာဏ်ဆိုတော့ ဒါပဲ။ ဒါဘုရားဟောတာနဲ့ ကိုက်မသွားဘူးလား . (မှန်ပါ့)။ ဘုန်းကြီးတို့ကတော့ အစုန်အဆန် ခင်ဗျားတို့ကို လိုလေသေးမရှိအောင် သင်ပါ့မယ် .. (တင်ပါ့)၊ သဘောကျပြီလား .. (တင်ပါ့)။
            အဲဒီတော့ ၀ိပဿနာဥာဏ်က ဘယ်နှစ်ဥာဏ်ရှိသတုံး လုပ်မနေနဲ့တဲ့။ ၀ိပဿနာ ဒီဥာဏ်တစ်ခုပဲတဲ့။ ဒီငါးပါးကိုပဲ ရှု။ ဖြစ်ပျက်မြင်လို့ရှိရင် ဥဒယဗ္ဗယ။ အပျက်မြင်လို့ ရှိရင် ဘင်္ဂ။ ဘေးတွေ ထင်လာရင် ဘယ။ ဟုတ်လား . အပြစ်တွေမြင်လာရင် အာဒီန၀။ ငြီးငွေ့လာရင် နိဗ္ဗိန္ဒဒီ ငါးပါးပဲ ပြားတာ မဟုတ်ဘူးလား . (တင်ပါ့ဘုရား)။
အနန္တရပစ္စယုပ္ပန်က၊ ဓမ္မနိယာမအတိုင်းလာမယ်
            ဒီငါးပါးလုပ်၊ ဒီငါးမျိုးကို နာမည်အမျိုးမျိုးပေးနေတာ။ ရှင်းပြီလား (တင်ပါ့)၊ ယုတ်စွအဆုံး ဘုန်းကြီးပြောမယ်၊ ပရိကံဥပစာ အနုလုံဆိုတာတွေလည်း ဒီငါးပါးပဲ။ ဂေါတြဘူဆိုတာတောင် ဒီငါးပါးရှိသေးတယ်၊ ရှစ်ပါးမပြည့်သေးဘူး။ ပြီးတော့မှ ဂေါတြဘူဆိုတော့မှ မဂ်ဆိုတဲ့ ၀ီထိမှာ မလာဘူးလား (လာပါတယ်)၊ အင်း . လာတော့မှ ရှစ်ပါး သွားပြည့်တယ်။ အဲဒီတော့ သူတို့က အနန္တရပစ္စည်းတွေ ဆိုတာ သေချာပြီလား .. (မှန်ပါ့)၊ အဲဒီ အနန္တရပစ္စည်းသာ ခင်ဗျားတို့က ကြိုးစားပါ။ အနန္တရပစ္စယုပ္ပန်ဟာ သူ့ဓမ္မနိယာမ အတိုင်း လာမယ် (တင်ပါ့ဘုရား)။
ဥာဏ်စဉ်ဘယ်သူကလုပ်တာလဲ
            ခင်ဗျားတို့ ဆုတောင်းနေဖို့ မလိုဘူး။ ပေါ်ပြီလား။ ဒါ - သေသေချာချာမှတ်။ နို့မို့ ဥာဏ်စဉ် ဘယ်သူကလုပ်တာလဲ ဥာဏ်စဉ်ဒီငါးပါးက လုပ်တာပဲ။ ဖြစ်ပျက်မြင်တဲ့ ဥာဏ်ကလည်း ဒီငါးပါးက လုပ်တာပဲ။ ဒီဖြစ်ပျက်ကို တစ်ခါအပျက်ချည်း မြင်နေတဲ့ဥာဏ်ကရော - (ဒီငါးပါး) မဟုတ်ဘူးလား။ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယဘေးတွေ မြင်တာရော . (ဒီငါးပါးပဲ)၊ ဒီငါးပါးပဲနော် . ။ အာဒီန၀ အပြစ်တွေ မြင်နေတာရော - (ဒီငါးပါးပါ) အေး - ဒီငါးပါးပဲဆိုတော့ ကျုပ်တို့က ဒီကနေထိုင်ကြ။ ဟိုဥာဏ်စဉ်က ပြောင်းလာတယ်လို့ ခင်ဗျားတို့က သွားမထင်နဲ့။ ကျုပ်တို့ သန္တာန်မှာ ဒီငါးပါးထက် ပိုမပေါ်ဘူး ဆိုတော့ ဘုန်းကြီးက ပြောတာက လိုရင်းကို ကိုင်ပြောလိုက်တာ။ ဟိုဥာဏ်စဉ်သမားက ဒါကနေ ကိုင်ပြောတာ မဟုတ်ဘူး။ ပြောပုံချင်း တစ်မျိုးစီဖြစ်နေတယ်။ သဘောပေါက်ရဲ့လား .။
အမြင်သာပြောင်းသွားတာ ဖြစ်စဉ်ကငါးပါးပဲ
            ဥာဏ်စဉ်သမားက ဒါပြောတာ မဟုတ်ဘူး .။ သီးခြားပိုထူးတယ်လို့ ပြောတာ။ ဒီဥာဏ်ထူးတာဟာ ငါးပါးထက် ပိုသေးသလား။ ခင်ဗျားတို့က ဒီကနေ ထိုင်စောင့်နေ။ ဘယ့်နှယ့်တုံး၊ သဘောပါရဲ့လား။ ဖြစ်ပျက်မြင်တာလည်း ဒီငါးပါးက မြင်တာပဲ။ ဖြစ်ပျက်မြင်တာလည်း ဒီငါးပါးက မြင်တာပဲ။ ဖြစ်ပျက်မုန်းတာရော . (ဒီငါးပါးပဲ)၊ အင်း . ဒါဖြင့် ဖြစ်ပျက်ကို လျစ်လျူရှုနေရင်ရော . (ဒီငါးပါးပဲ) အဲဒီတော့ ဒီငါးပါးမထူးဘူးဆိုကတည်းက သြော် . ဒီငါးပါးဟာ အမြင်သာပြောင်းသွားတာ ဖြစ်စဉ်က ငါးပါးပဲ။
            ဒီကနေထိုင်ကြည့်၊ ဟိုဥာဏ်စဉ်တွေ မရောနဲ့။ သူ့ဟာသူ အမြင်တွေကပြောင်းတာနဲ့ ကျုပ်တို့က မြင်တတ်တဲ့ ဓမ္မက ပြောင်းလို့ရှိရင်လည်း ဥာဏ်ပြောင်းတယ်ခေါ်ရရဲ့။ အခု ဒီဥာဏ်ကပြောင်းရဲ့လား . (မပြောင်းပါဘုရား)၊ မပြောင်းနိုင်တော့ သူ့ကို အမှန်ထားပါ။ သဘောပါကြရဲ့လား .. (ပါ ပါတယ်ဘုရား)။
ဘုရားက သုသိမကို နှစ်ဥာဏ်ပဲဟောတယ်
            ဒါ . အင်မတန် အရေးကြီးတဲ့စခန်း ခင်ဗျားတို့ ဥာဏ်ထဲမှာ ရှုပ်နေမှာကို ဘုန်းကြီးက ပူပန်ပြီး သိပ်စိုးရိမ်တယ်။ သိပ်စိုးရိမ်တာက တခြားမဟုတ်ပါဘူး။ ဥာဏ်ပြောင်းသွားတော့ကို ဒီဥာဏ်တွေပင်လျှင် ခြောက်ပါးဖြစ်လာတယ်။ ရှစ်ပါးဖြစ်လာတယ်လို့ ထင်မှာသိပ်စိုးရိမ်တယ်။ ရှစ်ပါးဘယ်တော့မှ မဖြစ်ဘူး။ ဒါကြောင့် သုသိမကို ရှေးဦးစွာ ၀ိပဿနာရှု နောက်မဂ်ဥာဏ်ကွ . လို့ဆိုတော့ နှစ်ဥာဏ်ပဲ သွားချတယ်။ အဲဒီကျတော့ ဘယ်နှစ်ဥာဏ်ဟောသလဲ (နှစ်ဥာဏ်ပဲ ဟောပါတယ်)၊ နှစ်ဥာဏ်ပဲဟောတယ်။
အနတ္တလက္ခဏသုတ်မှာ သုံးဥာဏ်ပဲဟောတယ်
            တစ်ခါ . အနတ္တလက္ခဏာသုတ်ကျတော့ ယထာဘူတဥာဏ်၊ နိဗ္ဗိန္ဒဥာဏ်၊ မဂ်ဥာဏ်လို့ သုံးဥာဏ်ဟောတယ်။ သဘောကျပြီလား။ သုသိမပရိဗိုဇ်ဟောတဲ့ နေရာကျတော့ နှစ်ဥာဏ်ပဲ ဟောတယ်။ ရှေ့က ၀ိပဿနာဥာဏ် ဟိုဥာဏ်တွေအကုန် ပေါင်းပစ်တယ်။ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ၊ အာဒီန၀၊ နိဗ္ဗိန္ဒ၊ မုဉ္စိတုကမျတာဥာဏ်၊ ဟောဒါကျအောင် ဂေါတြဘူကျအောင် အကုန်ပေါင်းပစ်တယ်။ သဘောကျပြီလား .(တင်ပါ့)၊ ဘာဖြစ်လို့ ပေါင်းသတုံးဆိုတော့ ခင်ဗျားတို့ ဥာဏ်ထဲမှာ ရှင်းပြီးယူသွားစမ်းပါ။ ငါးပါးက မတက်လို့ပေါ်ပြီလား . (မှန်ပါ့)၊ ဒီငါးပါးထက် တက်သေးသလား .. (မတက်ပါဘုရား)။
ဥာဏ်မပြောင်းဘူးအမြင်သာပြောင်းတာ
            ဒီငါးပါးတက်လာလည်း ဥာဏ်ပြောင်းတယ်ဆိုမယ် …… ။ ငါးပါးမတက်သရွေ့ ကာလပတ်လုံး ဥာဏ်ပြောင်းဆိုမလား အမြင်ပြောင်းဆိုမလား . (မပြောင်းပါ)၊ အေး .. ဥာဏ်မပြောင်းဘူး။ အမြင်သာ ပြောင်းတယ်။ အမြင်ကတော့ ဖြစ်ပျက်ချည်းမြင်တဲ့ဥာဏ်၊ အပျက်ချည်းမြင်တဲ့ဥာဏ် ရှင်းပြီလား - (ရှင်းပါပြီ)၊ ငြီးငွေ့လာရင် ငြီးငွေ့တယ်။ ဘာပဲငြီးငွေ့၊ ဘာပဲမြင်မြင် သင်္ခါရမြင်တာသာ တစ်လုံးတည်းထိုင်လိုက် . (တင်ပါ့)၊ ရှင်းပြီလား …… (တင်ပါ့)၊ သင်္ခါရမှတစ်ပါး ဘာမြင်သေးသလဲ။ ဘာမှမမြင်လို့ ရှိရင်ဖြင့် မဂ္ဂင်ကို ဘယ်နှစ်ပါးနဲ့ မြင်နေတာလဲ ဆိုရင် .. (ငါးပါးနဲ့မြင်ပါတယ်)၊ အင်း . ငါးပါးနဲ့မြင်နေတာကို ဆုံးဖြတ်ချက်ချလိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ကလုပ်ရမှာ မဟုတ်ဘူး . တဲ့။ ဓမ္မက သူ့ဟာသူပြောမယ်။ ရှင်းပြီလား .. (တင်ပါ့ဘုရား)။
ရှစ်ပါးမဖြစ်သ၍ ဥာဏ်မဆုံးဘူး
            အဲဒီတော့ ငါဘယ်နှစ်ဥာဏ်ရပြီလို့ သွားပြီ မယူလိုက်နဲ့တဲ့နော် . ဘယ်နှစ်ဥာဏ်မှမရဘူး။ ဒီငါးပါး ရတယ်လို့ယူပါ . (မှန်ပါ့)၊ ဒီဟာမရသေးသရွေ့ ဥာဏ်မဆုံးသေးဘူးလို့ မှတ်လိုက်ပါ (တင်ပါ့)၊ ပေါ်ပြီလား။ ဒီငါးပါးက ရှစ်ပါးမဖြစ်သရွေ့ ဥာဏ်ဆုံးပြီလား . (မဆုံးပါ)၊ မဆုံးဘူး။ မဆုံးသေးပါဘူး ……. တဲ့။ ဥာဏ်ဆုံးက ဒီရှစ်ပါးမှာ လာဆုံးမယ် .. (တင်ပါ့)၊ သောတာပတ္တိ မဂ်လည်း ရှစ်ပါး။ အရဟတ္တမဂ်လည်း ရှစ်ပါးပဲ။ ပိုသေးသလား (မပိုပါဘုရား)၊ မပိုပါဘူးတဲ့။ ကဲ ဒါဖြင့် သြော် - ဥာဏ်စဉ်ဆိုတာသည် ဒီဥာဏ်ကစဉ်တာလား၊ အာရုံပြောင်းတာလား .. (အာရုံပြောင်းတာပါ)၊ ဒီလိုယူရမယ်။
ဥာဏ်စဉ်တော့ ငါးပါးပဲရှိတယ်
            အဲဒါ မကွဲပြားတော့ ကိုယ့်ဥာဏ်တက်လာတယ်လို့ ဒီလိုထင်ပစ်လိုက်တယ်။ ဥာဏ်မတက်ပါဘူး။ ဥာဏ်ငါးပါးထက် ဘယ်သူမှ မပိုဘူး။ ဘုရားလည်း ဒါပဲ။ ဒီဥာဏ်က ဒီဥာဏ်တက်တာလည်း ငါးပါးကရှစ်ပါး တက်တာပဲ။ အရှင်သာရိပုတ္တရာလည်း ငါးပါးက ရှစ်ပါးတက်တာပဲ။ အဲဒီတော့ အခုလောကကြီး ပြောဆိုနေကြတာက ဥာဏ်စဉ် ဘယ်လောက် ရောက်ပြီလဲဆိုတော့ ဘုန်းကြီးများက ဟ . ဥာဏ်စဉ်တော့ ငါးပါးပဲ ရှိသေးတယ်။ သဘောပါပြီ လား ..။
            အဲဒီတော့ ဥာဏ်ကစဉ်လာတော့ အမြင်သာ သူ့ဟာက ရှေ့က အာရုံက ပြောင်းပြောင်းသွား တယ်။ ဖြစ်ပျက်အာရုံက အပျက်ချည်းပြချင်နေတယ်။ ဒါ . သူတက်သွားတာကို ဥာဏ်က တက်တက်မသွားဘူးလား . (တင်ပါ့ဘုရား)၊ တက်မသွားပေမယ့်လည်း တက်လို့ဥာဏ်တစ်ခု ပိုတိုးလာသလားလို့ မေးတော့ ဒီငါးပါးပဲ …… (တင်ပါ့)၊ ကျေနပ်ပြီလား .. (ကျေနပ်ပါပြီ)၊ အဲဒါ ကျုပ် လုပ်သာလုပ်နေတာဗျာ၊ ဥာဏ်ကို မတက်သေးပါဘူးလို့ ခင်ဗျားတို့ ဒီလိုမထင်လိုက်ပါနဲ့ . တဲ့။
ဥာဏ်ကိုမတက်သေးဘူးမလုပ်နဲ့
            ဆရာဘုန်းကြီးကို ကျုပ် ရန်ကုန်မှ မန္တလေးကို သွားပြီး ဆရာဘုန်းကြီးဆီ ဆည်းကပ်တာလည်း ဥာဏ်ကိုမတက်သေးပါဘူး။ ကိုထွန်းရင်လည်း ဆိုချင်ဆိုမယ်၊ ဟိုကျတော့ သူ့တရားကလည်း မှန်ပါတယ်၊ အဟောလည်း ကောင်းတယ်၊ ဘုရားဟောတော်မူတဲ့ ပါဠိတော်ကို ကိုးကားပြီး သကာလ အမျိုးမျိုး၊ ပြပါတယ်။ ဥာဏ်ကို မတက်သေးဘူး မလုပ်နဲ့ . ။ ငါ ဘုရားသေသေချာချာဟောမယ် .. တဲ့၊ ဘုရားက ထုတ်ပြတယ်။
ဥာဏ်တက်တယ် မတက်တယ်ဆိုတာ
            မင်းဥာဏ်တက်တယ်၊ မတက်တယ်ဆိုတဲ့ဥစ္စာကွာ .. တဲ့။ ငါရှင်းပြမယ် . (တင်ပါ့)၊ လက်သမားမှာ တစ်ဖက်က ဆောက်ကိုင်တယ် …… ။ တစ်ဖက်က လက်ရိုက်ကိုင်ထားတယ်၊ ကိုင်ပြီးတော့ နေ့တိုင်း ကြေးခွေတွေ ဘာတွေထွင်းကြတာပေါ့ဗျာ။ ထွင်းကြတော့ လက်ရိုက်မှာ လက်မရော၊ လက်လေးချောင်းရာတွေ မထင်ပေဘူးလား .. (တင်ပါ့ဘုရား)၊ တစ်နေ့ ဘယ်လောက်စားသွားလို့ ထင်တာတုံးဆိုတာ ပြောလို့ရရဲ့လား (မရပါဘုရား)၊ စားတော့လည်း စားတာပဲ။ လက်ချောင်းရာ လက်မရာတွေကတော့ ထင်တာပဲ .. (တင်ပါ့ဘုရား)၊ မထင်ဘူးလား . (ထင်ပါတယ်)။
            ကိလေသာကိုတော့ စားနေတာပဲ .။ ဘယ်နေ့ပညာတက်တယ်လို့ တော့ဖြင့် ငါမပြောဘူးကွ၊ ကိလေသာခေါင်းပါးတာတော့ဖြင့် အမှန်ပဲ။ ၀ါသိဇဋသုတ် ဆိုပြီးတော့ သံယုတ်ပါဠိတော်မှာ ပါတယ်။ ၀ါသိဇဋသုတ် ဆိုတာ လက်သမားများကိုင်တဲ့ လက်ရိုက်ရိုးကွ။ ရိုက်သာရိုက် လက်ချောင်းရာ လက်မရာကတော့ဖြင့် ဒီပဲကွပ်ရိုးကို စားလိမ့်မယ်။ ခင်ဗျား ကိလေသာကြီးကို ဒီမဂ်က စားလိမ့်မယ်ပြောတာ .. (တင်ပါ့)၊ ရှင်းပြီလား . (ရှင်းပါပြီ)၊ ငါဥာဏ်မတက်သေးဘူး၊ ငါ ဥာဏ်မတက်သေးဘူးလို့ ဒီလိုမယူနဲ့၊ သူ့ဟာသူ တရားက အပေါက်ပိတ်လာတယ်၊ ရှင်းပြီလား .. (ရှင်းပါပြီဘုရား)။
ကိလေသာကုန်မကုန်သာရွေးပါ
            ဒါဖြင့် ခင်ဗျားလုပ်သာလုပ် …… ကိလေသာကတော့ ပါးရမယ်။ ပါးသွားလို့ရှိရင်ဖြင့် အပ္ပရဇက္ခပုဂ္ဂိုလ်ဖြစ်လာလို့ရှိရင်ဖြင့် ပါးသွားရင် ဒီမဂ်ကို ကူးမယ်။ မပါးသေးရင် ကူးကို မကူးဘူး။ သူက ရိုက်သမား ကိလေသာ အရိုးက ကုန်သမား၊ သဘောကျပြီလား …… (တင်ပါ့)၊ မဂ္ဂင်ငါးပါးက ရိုက်၊ ကိလေသာ အရိုးကလည်း ပါးရမယ် ရှင်းပြီလား ..။ ဒါဖြင့် မဂ်ရထိုက်တဲ့ပုဂ္ဂိုလ်၊ မရထိုက်တဲ့ ပုဂ္ဂိုလ် ဒီလို ရွေးမနေနဲ့။ ကိလေသာကုန်၊ မကုန်သာ ခင်ဗျားတို့ ကျုပ်တို့က ရွေးဖို့သာလိုတယ် . (တင်ပါ့)၊ ကိလေသာကုန်၊ မကုန်ရွေးဖို့ပဲ။ ကုန်သွားရင် ရမှာပဲ။ ကိလေသာတွေကြောင့် မရတာကိုး . ဗျ။ တခြားနည်းကြောင့်တော့ ဘာမှ ခင်ဗျားတို့ စဉ်းစားမနေနဲ့။
ဘုရားကတော့ နှစ်ဥာဏ်နှင့် သုံးဥာဏ်ပဲ ဟောတယ်
            ကဲ . ဒါ ရှင်းသွားပြီလား . (တင်ပါ့)၊ ကောင်းပြီ ဒါဖြင့် ဒီသုသိမပရိဗိုဇ်သုတ်၊ သံယုတ်ပါဠိတော် အလိုဖြင့် ဥာဏ်ဘယ်နှစ်ဥာဏ် ဘုရားဟောသလဲ၊ နှစ်ဥာဏ်ပဲ ဟောတယ် (နှစ်ဥာဏ်ပါ)၊ အနတ္တလက္ခဏသုတ် အလိုတော့  (သုံးဥာဏ်)၊ သုံးဥာဏ်၊ သုံးဥာဏ် ဟောတယ်နော် .. ။ ပဋိသမ္ဘိဒါ မဂ်အလိုတော့ဖြင့် တစ်ဆယ့်ခြောက်ဥာဏ်လောက် ဟောချင်ဟောလိမ့်မယ်။ ဟောပင်ဟောငြားသော်လည်း .. တဲ့၊ တစ်ဆယ့်ခြောက်ဥာဏ် ဟောထားသော်လည်း ဒီဥာဏ်နဲ့ ဒီဥာဏ်၊ ဒီဥာဏ် တစ်ခုတည်းကို တစ်ဆယ့်ငါးဥာဏ်လောက် လုပ်ပြီး ဒီတစ်ဥာဏ်ထည့်လိုက်တာပဲ  (မှန်ပါ့)။ တစ်ဆယ့်ခြောက်ခုဆိုပြီး အဲဒါကတော့ ခင်ဗျားတို့က အထူးတလည် တယ်များပါ့လား၊ ဒီဥာဏ်တွေတက်ရမှာ ငါမောမှ မောရချည်ရဲ့ ဒီလိုလည်း အားမလျှော့လိုက်နဲ့။ ဒီဥာဏ်တစ်ဥာဏ်တည်း လုပ်ရမယ်လို့ မှတ် (တင်ပါ့)၊ သဘော ပေါက်ပြီလား ..။
မိုးကြိုးပစ်တာထက်နာလိမ့်မယ်
            ဒီတစ်ဥာဏ်တည်း ကျန်တော့တယ် .. ။ သူ့ဟာသူ အမြင်ပြောင်းလိမ့်မယ်။ အမြင်ပြောင်းတာကို ဥာဏ်ပြောင်းတာလို့ ယူထားတာ .. (တင်ပါ့)၊ ဥာဏ်က ပြောင်းသလား၊ အမြင်က ပြောင်းတာလား .. (အမြင်က ပြောင်းတာပါ)၊ အမြင်က ပြောင်းတာကို ဥာဏ်ပြောင်း တာလို့ ယူထားရင် ခင်ဗျားတို့ မိုးကြိုးပစ်တာထက် နာလိမ့်မယ်။ မနာပေဘူးလား . (နာပါတယ်)၊ သဘောပါသလား  (တင်ပါ့)၊ အဲဒီတော့ ဆရာကောင်း သမားကောင်း နည်းနာကောင်းပေးတဲ့ ပုဂ္ဂိုလ်က သြော် - ကျုပ်ဥာဏ်မတက်သေးဘူးဆိုပြီး နောက်ဆုတ်မှာ စိုးရိမ်လို့ ပြောလိုက်တဲ့စကား။ ဥာဏ်မတက်သေးဘူးလို့ ခင်ဗျားတို့ ထင်ချင်ထင်မှာ၊ မထင်ဘူးလား။
            ထင်တော့ ဥာဏ်မတက်ဘူးလား .. ။ ဥာဏ်တက်ပါတယ်။ လုပ်သာလုပ် လက်ရိုက်တုတ် စားသွားသလို ရိုက်သာနေ မစားပေဘူးလား .. (စားပါတယ်)၊ အဲ . စားတဲ့အခါ ကိလေသာ ပါးတယ်ဆိုကတည်းက ဥာဏ်တက်လို့ပေါ့ဗျ .. (တင်ပါ့)၊ ကိလေသာ ပါးတာဟာ ဘာလဲ . (ဥာဏ်တက်တာပါ)၊ ကိလေသာကို ဥာဏ်ကမှသာနိုင်တာ၊ သုတ်သင်နိုင်တာကိုးဗျ၊ ဒီပြင်ဟာက သုတ်သင်နိုင်တာ ရှိရဲ့လား .. (မရှိပါ)၊ မရှိတော့ ဒီဥာင်္ဏက သုတ်သင်သွားလို့ ကိလေသာပါးတာ။ အပျက်ချည်းမြင်နေသေးတာပဲ၊ ဒီဥာဏ်ကမြင်နေသေးတာပဲ၊ ကိလေသာက ပါးတယ်။ မဟုတ်ဘူးလား .. ။ အပျက်ချည်းမြင်နေလည်း ကိလေသာကတော့ ပါးမှာပဲ။ မဟုတ်ဘူးလား။ အပျက်ချည်း လျစ်လျူရှုနေလည်း ကိလေသာကပါးတာပဲ။ ငြီးငွေ့နေလည်းပါးတာပဲ။ သဘောကျပြီလား။ တစ်ဖန်ပြန်ရှုနေလည်း ပဋိသင်္ခါဥာဏ်နဲ့ ပြန်ရှုနေလည်း ကိလေသာပါးတာပဲ .။
ဝိပဿနာဥာဏ်ကအလုပ်မလုပ်ရင် ပြန်ဆင်းတယ်
            အဲဒီပြောတဲ့ ဥာဏ်စဉ်တွေက မဂ်ဥာဏ် မရောက်သေးသမျှ ကာလပတ်လုံး ပြန်ဆင်းတဲ့ ဥာဏ်တွေလို့မှတ် .. ။ ဒါကြောင့် တစ်ဥာဏ်တည်းလို့ယူ၊ ၀ိပဿနာဥာဏ်ကတော့ အခုပစ်ထား။ အခုပြန်ဆင်းသွားတာပဲ။ ခင်ဗျားတို့ သမ္မသန၊ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ၊ အာဒီန၀၊ နိဗ္ဗိဒါ၊ မုဉ္စိတုကမျတာ၊ ပဋိသင်္ခါ၊ သင်္ခါရုပေက္ခာ၊ အနုလောမ - အကုန်ပြန်ဆင်းတယ်။ ဘာဖြစ်လို့ ပြန်ဆင်းသလဲ မေးတော့ အမြင်သာ ပြောင်းတာကိုး။ သူကမှ မပြောင်းဘဲ။ သူကလည်း လောကီမဂ်ပဲ။ ဘယ့်နှယ့်ဆိုကြမလဲ (လောကီမဂ်)၊ လောကီမဂ် ပြန်ဆင်းတယ်။ မဆင်းပေဘူးလား။ (ဆင်းပါတယ်)၊ အဲဒီတော့ ခင်ဗျားတို့က မဆင်းချင်ပါဘူး။ အထက် မဂ်တက်ချင်ပါတယ်၊ အထက်မဂ်တက်ချင်ပါတယ်ဆိုရင် ဟိုက အမြင်ပြောင်းပေမယ့်၊ သူဘာ ပြောင်းနေနေ ကိုယ့်အလုပ် သာ မပြောင်းနဲ့။ ကိုယ့်အလုပ်က သင်္ခါရတွေ ပြောင်းနေတာကို ကြည့်နေ .. (တင်ပါ့ဘုရား)။
အာရုံနှင့် အာရမ္မဏိက
            ကိုယ့်အလုပ်ပဲကြည့်။ သင်္ခါရတွေ ပြောင်းနေတာကိုပဲ ကြည့်နေ။ စိုက်သာကြည့်နေ။ သင်္ခါရ ပျက်ပုံတွေကိုသာ စိုက်ကြည့်နော် .. ။ ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ကိုသာ စိုက်ကြည့်။ စိုက်ကြည့်နေ သူဟာ သူရင့်ပြီး တစ်ခါတည်းဖြတ် ဆို ဒီဥာဏ်ချုပ်သွားပြီး ဒီဥာဏ်အစားထိုးလာမယ်။ ရှင်းပြီလား . (တင်ပါ့)၊ ဒါဖြင့် ဥာဏ်စဉ်ဆိုတဲ့ဥစ္စာသည် အာရုံက စဉ်တဲ့ဥစ္စာကိုဆိုတာ။ အာရမ္မဏိက က စဉ်တာကို မဆိုရဘူး။ သဘောကျရဲ့လား (ကျပါပြီ)၊ အာရုံကတော့ အမျိုးမျိုး မပြောင်းဘူးလား။ အာရမ္မဏိကတော့ ငါးပါးထက် ပိုသေးသလား . (မပိုပါဘုရား)။
အာရုံကဘာပြပြ၊ ရှုမြဲရှုနေ
            အဲဒါ မှတ်ထားလိုက်ရင် ရှင်းသွားမယ် .. တော်တော် ကျေနပ်ပြီလား .. (တင်ပါ့)၊ ကောင်းပြီ၊ ဒါဖြင့် အခု သုသိမ ပရိဗိုဇ်ကို ယနေ့ ရှင်းလင်းပြောသဖြင့် တို့ ဒီနှစ်ဥာဏ်နဲ့ လုံနေရင်ရတယ်လို့ ခင်ဗျားတို့ နှစ်ယောက်က ဆုံးဖြတ်ချက်ချ။ အားလုံးက ဆုံးဖြတ်ချက်ချကြ . (တင်ပါ့)၊ ဒီနှစ်ဥာဏ်နဲ့ပဲ ၀ိပဿနာမှာ အာရုံကဘာပြနေနေ ကျုပ်တို့က ရှုမြဲရှုနေ၊ သဘောကျပြီလား (ကျပါပြီဘုရား)။
သူရာမုခနှင့် သုပ္ပဗုဒ္ဓ
            ဘာဖြစ်လို့လဲဆိုတော့ ဥပမာပုံတရားနာရင်း သုရာမုခတို့ သုရာမုခဆိုတာ သေသောက်သမားပေါ့ဗျာ။ တရားနာသွားတယ်၊ တရားနာသွားတော့ ဖျတ်ဆို သောတာပန် တည်လိုက်တယ်။ ၀ိပဿနာဥာဏ်နဲ့ မဂ်ဥာဏ်ပဲ လာတယ်။ နို့ . ဥာဏ်စဉ်ကိုသူသိပါ့မလား (မသိပါဘုရား)၊ မသိဘူး၊ မသိဘူးနော်။
            ရှေ့က ၀ိပဿနာဥာဏ်ကလာပြီး မဂ်ဥာဏ်တက်သွားတယ်။ မဟုတ်ဘူးလား၊ သုပ္ပဗုဒ္ဓအနူကြီး တောင်းစားရင်း သွားရင်းနဲ့ပဲ သူ သောတာပန်တည်ခဲ့တယ်၊ ဥာဏ်စဉ်သိပါ့မလား . (မသိပါဘုရား)၊ မသိဘူးတဲ့။
ဥာဏ်စဉ်ကဘယ်ကပေါ်လာသလဲ
            နို့ . ဥာဏ်စဉ်က ဘယ်ကပေါ်လာသလဲ၊ အို . အရှင်သာရိပုတ္တရာက သူက ပညာအရာ ဧတဒဂ်ရလို့၊ မှတ်တမ်းများတဲ့လူမို့ …… (တင်ပါ့)၊ သဘောကျပြီလား၊ မှတ်တမ်းများတဲ့လူက ရေးထားတာလို့မှတ်ပါ။ ဘယ်သူမှ ဥာဏ်စဉ်မသိဘူး၊ ရှင်းပြီလား . (ရှင်းပါပြီ)၊ အေး - အဲဒီတော့ ကျုပ်တို့က ဘာရယ်လို့ မဟုတ်ဘူး . တဲ့၊ ကျုပ်တို့မှာ သြော် . ဥာဏ်စဉ်ဆိုတဲ့ဥစ္စာဟာ သူကထူးတာမဟုတ်ပါလား၊ အာရုံက အပြထူးတာပါလားလို့ ခင်ဗျားတို့မှတ်ပါ . (တင်ပါ့ဘုရား)။
            အာရုံက ဖြစ်ပျက်ကလေး ပြချင်ပြမယ် . ။ အပျက်ရော . (ပြပါတယ်)၊ ဥဒယဗ္ဗယ၊ ဘင်္ဂ၊ ဘယ၊ အာဒီန၀အဖြစ်ရော . (ပြပါတယ်)၊ သူက ပြချင်တာပြ၊ ဖြစ်ပျက်ပဲ . (တင်ပါ့)၊ ပြချင်တာပြ၊ ပြချင်တာပြ၊ သူကတော့ဖြင့် ဖြစ်ပျက်မှုမှတစ်ပါး ပိုပြစရာရှိသလား . (မရှိပါဘုရား)၊ မရှိပါဘူး။ သူက ပြတာပဲကလား၊ ငါ့ကို သူကပြတော့ မုန်းတယ်။ မုန်းတော့ ရွံတယ်။ ရွံတော့ မလိုချင်ဘူး။ ဒါပဲရှိတာပဲ သဘောပါပြီလား၊ မလိုချင် မလိုချင်တာက ဘာတုံး - ဒုက္ခ သစ္စာမှန်းသိလို့ မလိုချင်ဘူး။ မလိုချင်လို့ရှိရင် ဒုက္ခသစ္စာ ချုပ်သွားပြီးတော့ နိရောဓသစ္စာ ပေါ်လာတယ်။ ရှင်းပြီလား။
ဘုရားက ဘယ်နှစ်ဥာဏ်ဟောသတုံး
            ကောင်းပြီ .. ဒါဖြင့် ဦးသံဒိုင် မေးပြီ သုသိမ ပရဗိုဇ်ကို ဘုရားက ဘယ်နှစ်ဥာဏ် ဟောသတုံး …… (နှစ်ဥာဏ်ဟောပါတယ်)၊ နှစ်ဥာဏ်ဟောတယ်။ ပဉ္စ၀ဂ္ဂီ ငါးဦးကျတော့ အနတ္တလက္ခဏသုတ်မှာ ဘယ်နှစ်ဥာဏ်ဟောသတုံး .. (သုံးဥာဏ်ဟောပါတယ်)၊ သုံးဥာဏ် ဟောပါတယ်၊ ဒါ - မှတ်ထားလိုက်ပါ။
ဥာဏ်စဉ် (၁၆) ပါး ဘယ်ကလာသလဲ
            နို့ . ဟိုဆယ်ပါး . တစ်ဆယ့်ခြောက်ပါးတွေက ဘယ်ကလာသလဲ၊ အို . အရှင်သာရိပုတ္တရာက သူ့ဟာသူ ဥာဏ်ထက်လို့ သူ့ဟာသူ့ မှတ်တမ်းရေးထားတာ။ အဲဒီ မှတ်တမ်းနောက်ကို ကျုပ်တို့က လိုက်နေလို့ မဖြစ်ဘူး။ ပေါ်ပြီလား . (ကိုယ်တော်ကြီးက အနည်းနည်းရေးတယ်)၊ သူက ဒ်ီနေရာကျတော့ ဟိုမှာ ဆိုင်းဘုတ်၊ ဘာဆိုင်းဘုတ်နဲ့ ဆိုင်တွေ့ခဲ့တယ်။ ဟိုနေရာကျတော့ ဘာဆိုင်းဘုတ်နဲ့ ဆိုင်တွေ့ခဲ့တယ်။ ဆိုင်းဘုတ်တိုင်း နုတ် လုပ်သွားတယ်။ ဆိုင်းဘုတ်တိုင်း နုတ် လုပ်သွားတယ် .. (မှန်ပါ့)။
ဘုရားအောက်တစ်ယောက်ပဲ
            ဥာဏ်ကျယ်တဲ့လူဆိုတော့ ဥာဏ်ကျယ်လို့ လုပ်နေတာ (ကရုဏာကလည်း တယ်ပြီး ကြီးမားတယ်ဘုရား)၊ ဟာ . ကရုဏာတော်ကတော့ ဘုရားအောက်တစ်ယောက်ပဲ .. (တင်ပါ့)၊ ဘုရားအောက် တစ်ယောက်ပဲ .. (သမင်လိုက်တာ မမိလို့ သမင်လည်း သူ့တာပဲ)၊ ဟာ . ဒီလို မဟုတ်ဘူး၊ သူက ငါတော့ ဒီလိုမြင်ခဲ့တယ်။
            သို့သော် .. ငါ့နောက်တော့ မလိုက်ကြနဲ့လို့ မှာခဲ့သေးတယ် (သြော် . သြော် )၊ အင်း . ငါ့နောက်တော့ မလိုက်နဲ့တဲ့၊ ငါလိုလူက ငါတစ်ယောက်ရှိတာလို့ ပြောတယ်။
ရှင်သာရိပုတ္တရာဘာကြောင့် ကြာသလဲ
            ဥာဏ်ငယ်တဲ့ အရှင်မောဂ္ဂလာန်က ခုနှစ်ရက်နဲ့ ရတယ်။ ဥာဏ်ကြီးတဲ့ အရှင်သာရိပုတ္တရာက ခုနှစ်ရက်နဲ့ မရဘူး . ။ ဘာကြောင့် ကြာသွားသတုံးဆိုတဲ့ မေးခွန်းက ထွက်လာတယ်။ ခုနကလို နုတ် တွေများနေလို့ ရှင်းပြီလား မှတ်တမ်းများနေလို့၊ ဥပမာ ပြောကြစို့ကွာ .. တောင်ကြီးတက်သလိုပဲ။ ပက်တက်တယ်၊ ဟိုဘက်ကတက်လည်း ရတာပဲ၊ ဒီဘက်ကတက်လည်း ရတာပဲ၊ လေးဘက်လှည့်တက်တယ်၊ ရတာချင်း အတူတူ နောက်ဆုံးနေ့မှ သူကတက်တယ်။ အရှင်မောဂ္ဂလာန်က ဒီလိုမဟုတ်ဘူး၊ ဒီလမ်းက တက်ရမယ်ဆိုတော့ ဒီလမ်းကလပဲ ထိုးတက်လို့ သူကအရင်ရောက်သွားတယ်။
ရှင်မောဂ္ဂလာန်က (၇) ရက်စောတယ်
            သူက သုံးဘက်လှည့်မတက်ဘူး၊ ပေါ်ပြီလား .. (ပေါ်ပါပြီ)၊ အဲဒါနဲ့ တက်တယ်၊ သူက ထောက်မိတာကို မလွှတ်တော့ဘူး၊ အရှင်မောဂ္ဂလာန်က ထောက်မိတာကို မလွှတ်တော့ဘူး၊ ဖြစ်ပျက်မြင်ပြီးရော၊ ဖြစ်ပျက်ချည်း ရှုသွားမယ်ဆိုပြီး ရှုတော့ တစ်ခါတည်း အရဟတ္တမဂ်ထိအောင် ရောက်သွားတယ်။ သူက ရဟန္တာဖြစ်တာ ခုနှစ်ရက်စောတယ်။
            ဟိုဥာဏ်ကြီးတဲ့လူကတော့ အင်း . သင်္ခါရုပေက္ခာ ဥာဏ်ရောက်မှ သူကပြန်ဆင်းချင် ဆင်းလိုက်သေးတယ်။ ပြန်ဆင်းပြီးအစကပြန်စ၊ အစကပြန်တက်ဦး၊ ဒီလိုသူက ဥာဏ်ဝေဖန် နေတာာနဲ့ ကြာသွားတယ်။ ပေါ်ပြီလား . (ပေါ်ပါပြီ)၊ အဲဒီတော့ နှစ်ဥာဏ်တည်းနဲ့ တက်သွားတော့ကို မြန်လိုက်တာ ……
ပဉ္စ၀ဂ္ဂီတို့က ဥာဏ်သုံးပါးနဲ့ တက်တယ်
            ပဉ္စ၀ဂ္ဂီတို့ကျတော့ သုံးပါးနဲ့ တက်သွားတော့ကို လွယ်လိုက်တာ၊ ပဉ္စ၀ဂ္ဂီတို့ကျတော့ ကြည့်ပါလားကွ . ပထမရက်မှာ ကောဏ္ဍည သောတာပန်တည်တယ်၊ နောက်တစ်ရက်စီ သောတာပန် မတည်ကြဘူးလား၊ နောက်ခြောက်ရက်မြောက်ကျတော့ ငါးပါးစလုံးပင် ရဟန္တာ အကုန်ဖြစ်ကြတယ်၊ ခြောက်ရက်နဲ့ သွားတယ်။ သူက (၁၅) ရက် ခြားတးယ်။ မရှင်းသေးဘူးလား .။
            ဥာဏ်ကြီးတဲ့လူ ခုတွင်က ဥာဏ်စဉ် ဟပ်နေလို့ (၁၀) ရက်ပိုကြာတယ်၊ ပေါ်ပြီလား .. ။ အရှင်မောဂ္ဂလာန်ကတော့ သူ့လိုပဲ သောတာပန် ဖြစ်တဲ့အခါကျတော့ အရှင်သာရိပုတ္တရာက ရှေးနည်းနည်းလေးကျတယ်၊ အရှင်သာရိပုတ္တရာဟောတဲ့ တရားမှာ အရှင်မောဂ္ဂလာန်က နာရလို့ ဆက်ပြီးသောတာပန်တည်တယ်၊ နောက်တစ်ခါ ရဟန္တာဖြစ်ကြစို့ ဆိုတဲ့အခါကျတော့ သူက ဥာဏ်ဝေဖန်နေတယ်၊ ဟိုက ခုနှစ်ရက်နဲ့ ထိုးတက်တယ်။
            အရှင်မောဂ္ဂလာန်ကတော့ ထောက်မိထောက်ရာ ဒီလမ်းနဲ့ တက်မယ်ဆိုပြီး ဒီလမ်းကပဲ တက်တယ်။ လမ်းဝေဖန်ပြီး ရှာတက်မနေတော့ဘူး။ အရှင်သာရိပုတ္တရာက ဒီလမ်းက တက်လို့ရတယ် မတက်ဘူး။ ဟိုလမ်းက တက်မယ်။ စင်စစ်တော့ ဟိုလမ်းက တက်လည်း ရတာပဲ။ မတက်သေးဘူး၊ လှည့်နေတာပဲ။ သူက နောက်ဆုံးပတ်မှာ ထိုးတက်တော့၊ လေးလမ်းမှာ၊ လေးလမ်းစေ့မှ နောက်ဆုံးပိတ်ကျမှ ထိုးတက်တယ်။ သူက သိလျက်သားနဲ့ တက်တယ်။ မကွာဘူးလား .. (ကွာပါတယ်)။
တွေ့တဲ့လမ်းကသာတက်ပါ
            အဲဒါ ခင်ဗျားတို့က အရှင်သာရိပုတ္တရာလား၊ အရှင်မောဂ္ဂလာန်လားဆိုတာ ကိုယ့်ဟာကိုယ် ဝေဖန်ပြီးသကာလ တွေ့တဲ့လမ်းကသာထိုးတက်၊ ရောက်တာသာ ပဓာနပဲ .. ။ တောင်ထိပ်ရောက်တော့ သူလည်းတောင်ထိပ်ပဲ၊ ကိုယ်လည်း တောင်ထိပ်ပဲ၊ ထူးတာမဟုတ်ဘူး .. (မှန်ပါ့)၊ မြန်မြန်ရောက် အေးတာပဲ၊ သဘောကျပြီလား .. ။
ရှင်သာရိပုတ္တရာက ငါလိုလူငါတစ်ယောက်ပဲတဲ့
            ကဲ .. ဒါဖြင့် ပြီးတော့ မှာခဲ့သေးတယ်၊ ခင်ဗျားတို့ သတိထားဖို့က ဥာဏ် (၁၆) ပါးတွေကိုနော်။ ငါ့လို ဟိုလမ်းကတက်ရ၊ ဒီလမ်းကတက်ရ ဥာဏ်အမြင်နဲ့ဟာ ငါတစ်ယောက်သာရှိ တယ်။ ငါလိုလူ တစ်ယောက်မှမရှိဘူး၊ ကျန်တဲ့လူတွေ အရှင်မောဂ္ဂလာန်တက်သလိုတက်၊ တွေ့တဲ့လမ်းကပဲ တက်သွား။ သဘောပေါက်လား . ။ ငါလိုလူက ငါတစ်ယောက်ပဲ၊ အခုဟာ မှတ်တမ်းတင်ရအောင် လုပ်တဲ့လူပဲ၊ သဘောကျပြီလား .၊ မှတ်တမ်းတင်ရအောင် လုပ်တဲ့လူဆိုတော့ မှတ်တမ်းများများကို ပြနိုင်တဲ့လူဟာ လောကမှာလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ လက်ဝဲရံ၊ လက်ယာရံ ဆိုတဲ့ ဂုဏ်ထူးကြီးနဲ့ဆိုတော့ ဥာဏ်ကျယ်ပါပေရဲ့ ဆိုတဲ့ မှတ်တမ်းကို ရအောင်လုပ်ရတယ်။
ဒီပြင်လူလိုက်ဖို့မလိုဘူး
            ပြီးတော့ငါလိုလူဟာ ငါတစ်ယောက်ပဲရှိတယ်လို့ ပြောခဲ့သေးတယ်။ ဒီ့ပြင်လူ လိုက်ဖို့ မလိုဘူးဆိုတော့ ခင်ဗျားတို့ နှစ်ဥာဏ်နဲ့ တက်ချင်တက်၊ သုံးဥာဏ်နဲ့ တက်ချင်တက်၊ ဒီဟာတွေတော့ဖြင့် မှတ်တမ်းတွေ လုပ်မနေနဲ့တော့။ ရှင်းပြီလား .. ။ ခင်ဗျားတို့ ရှုရမှာက .. (ဖြစ်ပျက်တစ်ခုတည်း ရှု)၊
            ဒီ့ပြင် ဘာမှမရှိဘူး။ အပျက်ချည်း မြင်နေတော့ သြော် ဖြစ်လို့ ပျက်တာ။ မုန်းတာလည်း ခဏ ခဏ ဖြစ်ပျက်နေလို့ မုန်းတာပဲ မဟုတ်ဘူးလား .. ။ သဘောကျပြီလား၊ ကိုင်း .. ဖြစ်ပျက်တွေချည်းပြရမယ်၊ ကဲ - မင်းတို့ လျစ်လျူရှုနေဦးမယ်ဆိုပြီး အဖြစ်အပျက်တွေကို လျစ်လျူရှုနေတယ်။ ဒါကြောင့် အရှင်မဟာကောဋ္ဌိကနဲ့ အရှင်သာရိပုတ္တရာနဲ့ အမေးအဖြေလုပ် တယ်။
နောင်လာနောက်သားများအတွက်
            အရှင်မဟာ ကောဋ္ဌိက က မေးတယ်၊ သောတာပန်တည်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ဘာလုပ်ရမတုံးလို့ အရှင်မဟာကောဋ္ဌိက ကမေးလိုက်တယ်။ အရှင်သာရိပုတ္တရာကိုပဲ မေးလိုက်တယ်၊ နောင်လာနောက်သားများအတွက် ရဟန္တာနှစ်ပါးမေးတယ်။ အရှင်မဟာကောဋ္ဌိက ကလည်း ရဟန္တာနော်၊ အရှင်သာရိပုတ္တရာကလည်း ရဟန္တာနော်၊ ရဟန္တာဖြစ်ပြီးမှ သူတို့ အမေးအဖြေ လုပ်ကြတာပဲ၊ ရဟန္တာဖြစ်ပြီး ကိုယ်တက်လာတဲ့လမ်းက လူတိုင်းသိပြီးသား၊ ဘာမေးနေစရာ လိုလို့တုံးလို့ ခင်ဗျားတို့က စောဒကတက်သိရမယ် . (တင်ပါ့)၊ မဟုတ်ဘူး . တဲ့။
သောတာပန်တည်ချင် ဘယ်ကစရာမှာတုံး
            နောင်လာနောက်သားများ အလုပ်ခွင် ပြချင်လို့ သဘောကျပြီလား . (ကျပါပြီ)၊ ဘာပြချင်လို့လဲ။ နောင်လာနောက်သားများကို အလုပ်ခွင် မမှားရအောင် ပြချင်လို့ဆိုတော့ အရှင်မဟာကောဋ္ဌိက က မေးလိုက်တယ်။ အရှင်ဘုရား သောတာပန် တည်ချင်ရင် ဘယ်ကစ လုပ်ရမတုံး။ အို - ဥဒယဗ္ဗယက စလုပ်ပေါ့ကွ၊ အရှင်သာရိပုတ္တရာက ဖြေလိုက်တယ်၊ ဒီက စလုပ်ပြီး ဖြစ်ပျက်မြင်လို့ရှိရင် ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံးလို့ရှိရင် ဒါဟာ သောတာပန်တည်တာပေါ့ကွာ။ နေစမ်းပါဦးဘုရား။ နို့ သကဒါဂါမ် တည်ချင်တော့ ဘယ်ကစပြီး ဘယ်ကထူးပြီး ဘာလုပ်ရမှာတုံး မေးတယ်။ မမေးသင့်ဘူးလား .. (မေးသင့်ပါတယ်ဘုရား)။
သကဒါဂါမ်တည်ချင်တော့ ဘာလုပ်ရမလဲ
            သကဒါဂါမ် တည်ချင်တော့ ဘာလုပ်ရမလဲ၊ အိုး . မင်းဖြစ်ပျက်က စကွ။ ဒီက စတယ်ဆိုတော့ သူမပြီးနေသေးဘူးလား။ ဒါနဲ့ နောင်လာနောက်သားတွေအတွက် မေးတာကိုးဗျ။ အနာဂါမ် တည်ချင်ရင်တော့ရော ဘယ်ကစရမလဲ၊ ဒီဖြစ်ပျက်က စရမယ်။ ရှင်းပြီလား .. (ရှင်းပါတယ် ဘုရား)၊ ရဟန္တာဖြစ်ချင်ရင်ရော ဘယ်ကစရမလဲ၊ ဒီဖြစ်ပျက်ကပဲ စကွ။ သူဟာ ဒီကနေပြီး စခိုင်းနေတာပဲ။
ဆရာလည်း မများနဲ့တော့ ဖြစ်ပျက်ကစလုပ်
            အဲဒါကြောင့် ခင်ဗျားတို့ ဆရာလည်း မများနဲ့တော့၊ ဥာဏ်လည်း မများနဲ့တော့ ဖြစ်ပျက်က စလုပ်ရမယ်။ သဘောပါပြီလား၊ ဆရာလည်း မများနဲ့။ ဥာဏ်လည်း မများနဲ့ .. (မများပါဘုရား)။
            မင်း  ဒီအတိုင်းသာ တက်တော့၊ ကျမ်းမျိုးစုံကို စုံနေပြီ။ မစုံသေးဘူးလား . (စုံပါပြီ)၊ အရှင်ပေါဋ္ဌိလလည်း ဟောပြီးပြီ၊ အရှင်မဟာကောဋ္ဌိကနဲ့ အရှင်သာရိပုတ္တရာ အမေးအဖြေလည်း ဟောပြီးပြီ၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တက်ပုံကလေး ထူးခြားပုံ ပြပြီးပြီဆိုတော့ ဒီနှစ်ထဲမှာ နည်းတာမဟုတ်ဘူးး။ ကျုပ် ဒီဥစ္စာကို တရားပွဲကြီး ချဟောရင် တစ်လလောက် ဟောယူရလိမ့်မယ် (တင်ပါ့ ဘုရား)။ မဟောရပေဘူးလား .. (ဟောရပါတယ်ဘုရား)၊ ဟောရလိမ့်မယ်။ ဒီဥစ္စာ နည်းတာမှ မဟုတ်ဘဲ၊ ဟိုမှာ အသေးစိတ် အကျယ်ချဲ့ ပြီး သကာလ တက်ပုံ တက်နည်းနဲ့ တကွ ပြောရမှာပေါ့ .. ။
ဗာဟုကိစ္စကြောင့် မဂ်ဖိုလ်တားနိုင်တယ်
            ခင်ဗျားတို့က တရားလည်း လိုချင်သေးတယ်။ ပြန်မယ့်ရက်ကလည်း ပါပြီးသားလူတွေ ဆိုတော့ အတော်ခက်တယ်၊ အတော်ခွကျတဲ့လူတွေ ဖြစ်နေတယ်။ ဒီလာတာ ၀ဋ်ကျွတ်ချင်လို့ လာတာမဟုတ်ဘူးလား .. (ဟုတ်ပါတယ်)၊ အမယ်လေး အတော် လျှော့ဈေးနိုင်တဲ့ လူပါလား၊ တစ်ဝက်ကျွတ်လောက်ပြီ။ အဲဒီတော့ကို .. တဲ့။ ဒီလိုလုပ်ကြပါတဲ့၊ ခင်ဗျားတို့ချည်း လျှောက်နေလို့ မပြီးသေးဘူး ဘုန်းကြီးတို့ လူအကြောင်းလည်း နားလည်ပါတယ်၊ လူဆိုတာ ဃရာဝါသော ဗဟုကိစ္စော ဆိုတဲ့အတိုင်း အင်မတန် ကိစ္စများပါတယ်။ ဒီဗဟုကိစ္စကြောင့် မဂ်တား ဖိုလ်တား ဖြစ်နိုင်တယ် (မှန်ပါ့)၊ သဘောကျပြီလား .. ။
            ဗဟုကိစ္စသည် ဘာတုံး  ၊ ကိစ္စသည် ကိလေသာ၏ ကိစ္စ (အင်မတန် ဟုတ်ပါတယ်ဘုရား)၊ ကိလေသာ၏ ကိစ္စသည် မဂ်တားမြစ်သည်၊ သဘောကျပြီလား . ။ အဲဒီတော့ မဂ်ကို တားမြစ်နေတာကို ခင်ဗျားတို့က တားမြစ်တဲ့ဘက်နေပြီး ရှေ့နေလိုက်တယ်၊ တားမြစ်ရတာ ကောင်းနိုးနိုးး။ တားမြစ်တာ တားမြစ်သင့်တယ်ဆိုပြီး ကိလေသာဘက်က ရှေ့နေလိုက်တယ်။ ဥာဏ်ဘက်က ရှေ့နေမလိုက်ဘူး။ တစ်ခါတစ်လေတော့ ပါဠိနဲ့တောင် တစ်ဖက်က ရှေ့နေလိုက်သေးတယ်။ ကိုယ့်ဘက်က ကိလေသာဘက်က အထောက်အခံရအောင် ။ အင်း . ရူးပုံ ခင်ဗျားတို့ ပြောလို့မဖြစ်ပါဘူး။ ရူးပုံများတော့ ပဋာစာရီဟာ တစ်ခါတည်း ကိလေသာရူး ရူးတုန်းက အ၀တ်ကိုမကပ်ဘူး၊ နောက် မဂ်မရမီကလေးမှာပဲ အ၀တ်ကပ်တယ်။ ခင်ဗျားတို့က အရှက်မရှိတဲ့ စကားတွေကို သိပ်တုံးတာပဲ။ ရိပ်မိပြီလား ။ အ၀တ်မကပ်တဲ့ စကားတွေကို ခင်ဗျားတို့က သိပ်သုံးတယ်။
            ကဲ .. ဒါကြောင့် အ၀ိဇ္ဇာရှိနေလို့ရှိရင် ဟီရသြတ္တပ္ပ မရှိဘူး ဘုရားဟောတာကို ကြိုက်ကြရ့လား .. (ကြိုက်ပါတယ်)။ အ၀ိဇ္ဇာချုပ်သွားလို့ ရှိရင် ဟီရိသြတ္တပ္ပလည်း ကပ်လာတယ်ကွ .. (တင်ပါ့)၊ ဘယ်ပါဠိတော်မှာ ပါသလဲ။ အ၀ိဇ္ဇာ ရှိနေလို့ရှိရင် ဟီရိသြတ္တပ္ပဆိုတာ ဘယ်တော့မှ မလာဘူး။ ဟီရိသြတ္တပ္ပဆိုတဲ့ တရား မလာဘူး . တဲ့။ အဟိရိကနဲ့ အနောတ္တပ္ပသာ လာနေတယ်။ မရှက်မကြောက် မလန့်တာတွေ လာနေတယ် .. (မှန်ပါ့)၊ သဘောပါပြီနော် .. (ပါ ပါတယ်ဘုရား)၊ ကောင်းပြီ .. ဒါဖြင့် ဒီနေ့ ပြောရတာ ဘုန်းကြီးများလည်း အဖိုးတန်တယ်။ ခင်ဗျားတို့ ဥာဏ်ထဲမှာလည်း အမျိုးမျိုး ရှင်းသွားလိမ့်မယ် (တင်ပါ့)၊ မရှင်းဘူးလား (ရှင်းပါတယ်ဘုရား)။
(၁၆) ဥာဏ်က ရှင်သာရိပုတ္တရာရဲ့ မှတ်တမ်း
အခုဒီမှာ ဘယ်နှစ်ဥာဏ်ဟောသလဲ .. (နှစ်ဥာဏ်ဟောပါတယ်ဘုရား)။ အနတ္တလက္ခဏာ သုတ် .. (သုံးဥာဏ်)၊ အရှင်သာရိပုတ္တရာ မှတ်တမ်းကျတော့ ၁၅၊ ၁၆၊ ၁၀၊ ၁၆ မဟုတ်ဘူးလား . ။ အဲဒီတော့ အရှင်သာရိပုတ္တရာက ဘယ်လိုမှာခဲ့သတုံး …… ။ ငါလိုသူ ငါတစ်ယောက်ပဲ ရှိတယ်လို့ ပြောတယ်၊ ဒီ့ပြင်လူ မလိုက်နဲ့လို့ ပြောတယ် .. ။ ငါလိုလူဟာ ငါတစ်ယောက်တည်းပဲ ရှိတယ်။ ဒီ့ပြင် လူ မလိုက်နဲ့တဲ့၊ လိုက်ရင်မှားလိမ့်မယ်။ သူ့ဥာဏ်မျိုးလည်း မဟုတ်ဘူး။ သူ့ဆုတောင်းမျိုးလည်း မဟုတ်ဘဲနဲ့ ခင်ဗျားတို့က လိုက်နေလို့ရှိရင် မောရုံပဲ ရှိမယ်၊ မောပြီးတော့ အချိန်ကြာသွားမယ်၊ ကြာသွားပြီး သကာလ သူ့ဆုတောင်းမျိုး မဟုတ်တော့ ရမှာလည်း မဟုတ်ဘူးလို့ မဆိုနိုင်ဘူးလား . ။ အဲဒါကြောင့် နှစ်ဥာဏ်နဲ့ တက်တက်၊ သုံးဥာဏ်နဲ့ တက်တက် တောင်ထိပ်ရောက်တာသာ ပဓာနပဲကွ လိုရင်းပဲကွ။
တောင်ထိပ်ရောက်တာသာ ပဓာန
            သဘောပါသလား။ ဒီအတိုင်းသာ တက်ကွတဲ့ နှစ်ဥာစ်သုံးဥာဏ်နဲ့ဆိုရင် မတိုလွန်းဘူးလား . တိုတို၊ မတိုတို တောင်ထိပ်ရောက်မှုသာ ပဓာနပဲ။ ဟုတ်ပြီလား . (ဟုတ်ပါတယ်)၊ နိဗ္ဗာန်တည်းဟူသော တောင်ထိပ်ရောက်မှုသာ .. (ပဓာန)၊ ပဓာန၊ ပေါ်ပြီနော် . ။
ရှင်သာရိပုတ္တရာက ငါ့နောက်ဘယ်သူမှ မလိုက်နဲ့တဲ့
            ကောင်းပြီ၊ ဒါဖြင့် အရှင်သာရိပုတ္တရာက ဘယ်လိုမှာသတုံး ကိုထွန်းရင် .. (ငါလိုလူ ငါတစ်ယောက်ပဲ ရှိတယ်)၊ ငါလိုလူ ငါတစ်ယောက်ပဲ ရှိတာမှာ ခင်ဗျားတို့က သူနဲ့တူအောင်လုပ်လို့တော့ မဖြစ်ဘူး။ ငါတစ်ယောက်ရှိတယ်လို့ ပြောလျက်သားနဲ့ ခင်ဗျားတို့က တူချင်လို့တော့ ဖြစ်ပါ့မလား .. (မဖြစ်ပါဘုရား)၊ ဘုရားတစ်ဆူမှာ တစ်ယောက်ရှိတယ်။ မောနေယျတို့၊ လက်ဝဲရံတို့ လက်ယာရံတို့ဆိုတာ ဘုရားတစ်ဆူမှာ တစ်ယောက်စီရှိတာကိုး။ အဲဒီဘက် လိုက်မနေနဲ့၊ မလိုက်ရစ်နဲ့လို့ မှာပစ်ခဲ့တယ်။ သဘောပါသလား။
ဘုရားဟောတဲ့အတိုင်း နှစ်ဥာဏ်၊ သုံးဥာဏ်နဲ့ တက်ပါ
            အရှင်သာရိပုတ္တရာ ဘယ့်နှယ်မှာသလဲ (သူ့နောက်မလိုက်နဲ့တဲ့)၊ ငါလိုလူတော့ ငါ့ဥာဏ်အတိုင်းတော့ မလိုက်နဲ့၊ ငါလိုလူက ငါတစ်ယောက်သာရှိတယ်။ မင်းတို့တော့ မြတ်စွာဘုရား ဟောတော်မူခဲ့တိုင်းပဲ နှစ်ဥာဏ်နဲ့ တက်တက်၊ သုံးဥာဏ်နဲ့တက်တက်၊ ကျုပ်တို့က ဥာဏ်ထိုင်းတဲ့အတွက် မှတ်တမ်းမဆောင်နိုင်ဘူး။ ရှင်းပြီလား …… (ရှင်းပါပြီဘုရား)။ ဖြစ်ပျက် ဥဒယဗ္ဗယ ၊ သင်္ခါရုပေက္ခာ ဥာဏ်၊ အနုလောမဥာဏ် ဂေါတြဘူ မဂ်ဥာဏ် ဖိုလ်ဥာဏ် ပစ္စဝေက္ခ ဏာ ဥာဏ် သူက ဒါတွေအကုန် နုတ် တွေ လုပ်သွားတယ်။
ချွေးကျပြီး အချိန်ကုန်မှာစိုးလို့
            အဲဒီတော့ ငါလို နုတ် တွေလုပ်တဲ့ ပုဂ္ဂိုလ်ဟာ ငါတစ်ယောက်ရှိတယ်။ ဒီ့ပြင်သူသည် နုတ် တွေနဲ့ မဖြစ်ဘူး။ ပေါ်ပြီလား . ဒီဟာကို မြင်လို့ပြောတာ။ ကျုပ်က ဒီလိုလုပ် နေမှာစိုးလို့ ချွေးဒီးဒီးကျပြီး အချိန်ကုန်သွားမှာစိုးလို့။ ဒါက တော်တော့ ဆရာသင်ပေးလို့လည်း မရဘူးဆိုတော့ အခု အရှင်သာရိပုတ္တရာနဲပ အရှင်မောဂ္ဂလာန်ပြောတဲ့ ၀တ္ထုပြောလိုက်လို့ ခင်ဗျားတို့ ရှင်းသွားတာပေါ့။ ငါလိုလူ ငါတစ်ယောက်သာရှိတယ်။ ငါ့နောက် ဘယ်သူမှ မလိုက်နဲ့။ အရှင်မောဂ္ဂလာန်ကတော့ ဒီဖြစ်ပျက်ထောက်မိရာကနေပြီး တက်သွားတယ် .. (တင်ပါ့)၊ ငါကတော့ ပြန်ဆင်းပြီး ဟိုလှည့်တယ် .. (လှည့်ပါတယ်)၊ မလှည့်ဘူးလား .. ။
ဘာမှရှည်မနေနဲ့ ရှည်နေရင်ကြာနေမယ်
            အဲဒီတော့ . ကွာ၊ အရှင်သာရိပုတ္တရာသွားတဲ့ နိဗ္ဗာန်၊ အရှင်မောဂ္ဂလာန်သွားတဲ့နိဗ္ဗာန်၊ သူရာမုခတို့လို သေသောက်ကျူးသွားတဲ့ နိဗ္ဗာန် ထူးသေးသလားလို့ မေးလိုက်တယ်။ နိဗ္ဗာန်ကျတော့ . (မထူးပါ)၊ မဂ်ဝင်ရင် ဘာထူးတာမှတ်လို့။ သူရာမုခသေသောက်ကျူးက သွားတဲ့နိဗ္ဗာန်ကလည်း ဒီနိဗ္ဗာန်ပဲ၊ ဒုက္ခခပ်သိမ်းငြိမ်းတာပဲ ……(မှန်ပါ့)။ ဘုရားသွားတဲ့ နိဗ္ဗာန်ရော . (ဒုက္ခခပ်သိမ်းငြိမ်းတာပါ၊ အတူတူပါပဲဘုရား)။
            တူတူပဲဆိုတော့ ခင်ဗျားတို့က လောကီဂုဏ် ငဲ့နေတာဖြင့် အတူတူဖြစ်ချင်မှဖြစ်မယ်။ ဟိုရောက်ပုံ ရောက်တဲ့နေရာမှာ ဘယ်သူမှမထူးဘူး၊ ထူးသေးသလား (မထူးပါ) အဲဒါကြောင့် ခင်ဗျားတို့ သာဝက ပါရမီဥာဏ်သွားလိုက်၊ ဘာမှရှည်မနေနဲ့၊ ရှည်နေရင် ခန္ဓာဝန် ထမ်းပြီးတော့ ဒုက္ခရောက်မယ်။ မရောက်ပေဘူးလား၊ အေး . ဒါဖြင့် တရားသိမ်းတော့မယ်၊ တစ်နာရီပြည့်ပြီ။
ရှင်သာရိပုတ္တရာက (၁၆) ဥာဏ်ဟောတယ်
            ဘယ်နှစ်ဥာဏ် ဟောသတုံး . (နှစ်ဥာဏ်)၊ အနတ္တလက္ခဏာသုတ်မှာ ဘယ်နှစ်ဥာဏ် ဟောသတုံး .. (သုံးဥာဏ်ပါ)၊ သုံးဥာဏ်ဟောတယ်။ အရှင်သာရိပုတ္တရာ ဟောတဲ့ ပဋိသမ္ဘိ ဒါမဂ်ကျတော့ ဆယ့်ခြောက်ဥာဏ်ဟောတယ် .. (ဆယ့်ခြောက်ဥာဏ်ပါ)၊ သူက ငါလိုလူ ငါတစ်ယောက်ပဲ ရှိတယ်၊ ငါ့နောက်မလိုက်နဲ့တဲ့။ အရှင်သာရိပုတ္တရာက ပြောတယ် .. (မှန်ပါ့)။
ဘုရားက ဥာဏ်စဉ်ဟောမနေတော့ဘူး            
            ဆိုတော့ ဒါမလိုက်နဲ့၊ ဒါကိုလိုက်။ ဒါအများသွားတဲ့လမ်းပဲ။ ခုနက ဘုရားသွားတဲ့လမ်း ဒီလမ်းပဲ။ အခုန ရဟန်းပေါင်း ငါးရာသွားတာလည်း ဒီလမ်းပဲ။ ပဉ္စ၀ဂ္ဂီရဟန်းတွေသွားတာလဲ ဒီလမ်းပဲ။ နောက်နေရာတိုင်း ဟောတာက ဥာဏ်စဉ်ကို ဘုရားဟောမနေတော့ဘူး ……. ။
ဥာဏ်စဉ်မပါပဲနဲ့ နိဗ္ဗာန်ကိုကူးသွားတယ်
            အေး  အနိစ္စရှု သဗ္ဗေ သင်္ခါရာ အနိစ္စာတိ ယဒါ ပညာယ ပဿတိ ဆိုတော့ ဒါနဲပ ရဟန်းငါးရာ ကျွတ်တယ်၊ ဒီတော့ ဥာဏ်စဉ်ပါသေးသလား .. (မပါ ပါ)၊ မပါတော့ဘူး။ အနိစ္စကနေပြီး အနိစ္စဆုံးတဲ့ဥာဏ်ကို ကူးသွားတယ်။ ဒုက္ခကနေပြီး ဒုက္ခကင်းတဲ့ နိဗ္ဗာန်ကို ကူးသွားတယ်။ အနတ္တကနေပြီး အနတ္တဆုံးတဲ့ နိဗ္ဗာန်ကို ကူးသွားတယ်။ ရှင်းပြီလား (ရှင်းပါပြီ)၊ အဲဒါကြောင့် ခင်ဗျားတို့ လျှာရှည်မနေနဲ့၊ လျှာရှည်နေရင် ကြာနေမယ် .. ။
အချိန်စေ့ပြီ ……. တော်ကြဦးစို့။
သာဓု .. သာဓု …… သာဓု ……