သွားချင်စတ် ဖြစ်တာက နာမ်၊ ရှေ့သို့ တရွေ့- တရွေ့ ရွေ့လျားနေတာက ရုပ်၊ အတိုချုပ်ပြောရလျှင် သွားချင်တာက နာမ်၊ သွားတာက ရုပ်၊ ( ရုပ်က သွားတတ်သလားလို့တော့ လိုက်ပြီးကပ်မနေနဲ့၊ ဒီလိုပြောမှပဲ သဘောပေါက်လွယ်မှာမို့ ဒီလိုပဲ ပြောရတာပဲ )။ ရပ်ချင်တာက နာမ်၊ ရပ်တာက ရုပ်၊ ထိုင်ချင်တာက နာမ်၊ ထိုင်တာက ရုပ်၊ လဲလျောင်းချင် ( အိပ်ချင် )တာက နာမ်၊ ဤသို့စသည်ခွဲခြားပါ။
၁။ သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လိုစိတ်ဟုသိ။
၂။ စိတ်ကြောင့်ဖြစ်သော၊ ဓာတ်ဝါယော၊ နှံ့နောကိုယ်ဝယ်ပြည့်။
၃။ ဝါယောပြည့်သော်၊ ဝိညတ်ပေါ်၊ ရုပ်သော်သွားပေ၏ ။
၎။ ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွားဉာဏ်ဖြင့်သိ။
၅။ ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ်ဉာဏ်ဖြင့်သိ။
၆။ ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင်ဉာဏ်ဖြင့်သိ။
၇။ ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ်ဉာဏ်ဖြင့်သိ။
၈။ ပုဂ္ဂိုလ်မကွေး၊ ငါကကွေး၊ ရုပ်ကွေးဉာဏ်ဖြင့်သိ။
၉။ ပုဂ္ဂိုလ်မဆန့်၊ ငါမဆန့်၊ ရုပ်ဆန့်ဉာဏ်ဖြင့်သိ။
၁ဝ။ ပုဂ္ဂိုလ်မဖြန့်၊ ငါမဖြန့်၊ ရုပ်ဖြန့်ဉာဏ်ဖြင့်သိ။
ဤသို့လျှင် နာမ်နှင့် ရုပ်သာ ရိုတယ်လို့ သဘောပေါက်ထားသော ပုဂ္ဂိုလ်မှာ အပြောအားဖြင့်တော့ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ သွားတယ်ဟု ဆိုကောင်း ဆိုကြမည်၊ သို့သော်လည်း သဘောအမှန် အသိကတော့ ပုဂ္ဂိုလ် သတ္တဝါ ယောက်ျား မိန်းမ သွားတယ်ဆိုတာ မရှိ နာမ်က စေခိုင်းလို့ ရုပ်ကြီးက ရွေ့လျားပေးရခြင်းမျှသာ ဖြစ်တယ်လို့ လက်ခံနိုင်လာ၏ ။
No comments:
Post a Comment