Tuesday, February 26

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တဏှာသမုဒယ၏ အကောက်သွားပုံ

မဂ္ဂသစ္စာမှာ"ဟေတွဋ္ဌ"သဘောရှိတယ်၊ "ဟေတွဋ္ဌ"ဆိုတာ နိဗ္ဗာန်သို့မကွေ့မထောင့် ဖြောင့်ဖြောင့်သွားတဲ့
ခရီးမှန် ခရီးဖြောင့်လို့အဓိပ္ပာယ်ရှိတယ်၊ မဂ်တရားဟာ မအိုမသေ အမြဲနေတဲ့ နိဗ္ဗာန်သို့..မကွေ့ မထောင့်
ဖြောင့်ဖြောင့်သွားတဲ့တရားပဲ၊ တဏှာ..သမုဒယလမ်းကတော့ ခရီးမှား ခရီးကောက်ဖြစ်တယ်၊ ဘယ်လောက်
မှား၍ ဘယ်လောက် ကောက်သလဲဆိုရင် အအိုရောက်အောင် မှားတယ်၊ ကောက်တယ်၊ အနာ ရောက်
အောင်မှားတယ်၊ ကောက်တယ်၊ အသေ ရောက်အောင်မှားတယ်၊ ကောက်တယ်၊ "ခရီးမှန် ခရီးဖြောင့်"ကို
ပြောမယ်ဆိုရင်"ခရီးမှား ခရီးကောက်"ကိုရှေးဦးစွာသိမှ ခရီးမှန် ခရီးဖြောင့်ကို မြင်မယ်။ ဒီတော့ တဏှာ..သ
မုဒယ ဘယ်လောက်ကောက်ကျစ်သလဲဆိုရင် ဒီနေရာနဲ့ ဒီခြံ၊ ဒီမှာမွေး၊ ဒီမှာနေဆိုပြီးထွက်ရပ်လမ်းမရှိ
အောင်ပိတ်ပင်တားဆီး ကန့်ကွက်ထားလိုက်တယ်၊ ၃၁-ဘုံမှာဖြင့် ခင်ဗျားတို့ဟာ ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ပဲ
ပျောင်ကြတယ်၊ သူများအိမ်မှာ မပျော်ကြဘူး၊ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ်အားထုတ်ပြီးတော့ မရှိ..ရှိတဲ့ငွေနဲ့
ကြံဖန်ဆောက်ပြီး နည်းအမျိုးမျိုးနဲ့ ခြယ်သပြီးနေကြတယ်၊ ဒါကိုထောက်လိုက်တော့ ဒီနေရာဟာမင်းမှာစိတ်
ချမ်းသာ ကိုယ်ချမ်းသာဖြစ်တဲ့နေရာဆိုပြီး တဏှာက ချော့ထားလိုက်တယ်၊ စိတ်ချမ်းသာကိုယ်ချမ်းသာတွေ
ဟာ ဖြစ်ပြီးပျက်သောကြောင့် ဒုက္ခသစ္စာပဲ၊ အဲဒီ ဒုက္ခကိုပင်လျင် ခင်ဗျားတို့မှာ ကိုယ့်အိမ်ကိုယ့်ယာနေရတော့
စိတ်ချမ်းသာကိုယ်ချမ်းသာရှိတယ်လို့ သမုဒယကချော့ထားတယ်၊ ကိုယ့်အလုပ် ကိုယ့်တရားထူးကလေးနဲ့
ကျေနပ်ပြီး မစွန့်နိုင်တာ ဒီထက်ရာထူး တိုးတက်ချင်တာတွေကလဲ သမုဒယက ကောက်ကျစ်ထားတာပဲ၊
ဒါဒုက္ခသိမ်းတဲ့အလုပ်လား၊ ဒုက္ခပွားတဲ့အလုပ်လား ဆိုတော့ ဒုက္ခပွားတဲ့အလုပ်ပဲ၊ ဒုက္ခပွားတဲ့အလုပ်ကိုပင်
သမုဒယသစ္စာက ဒီဂုဏ်ထူးရာထူးနဲ့ဆိုရင် လောကကြီးမှာ နိဗ္ဗာန်ပေါ့ကွာ၊ မင်းအင်မတန် အကြောင်းညီ
ညွတ်နေတာပဲဆိုပြီး၊ ဒီဒုက္ခသစ္စထဲကမထွက်နိုင်အောင် ပိုပြီး ဒုက္ခရောက်တာကိုပင်ကြိုက်နေအောင်ချော့ပြီး
ထားထာဟာ ဘယ်သူတုံး၊ သမုဒယသစ္စာပဲ၊ ကောက်ကျစ်လိုက်တာကတော့..ခင်ဗျားတို့ထွက်ခွင့်ကို မရဘူး
မဟုတ်လား၊ အိမ်ထောက်ကျတယ်ဆိုရင်ပဲ ယောက်ျားလုပ်တဲ့လူက ဇနီး၏ဒုက္ခကို သူကိုယ်ထိုင် ထမ်းရ
တော့မယ် ဆိုတာကိုပင်၊ ဒါဟာဆင်းရဲဖို့မဟုတ်ဘူး၊ ချမ်းသာဖို့အတွက်အကူအညီရတာ၊ လက်ဆေးပြီး
ထမင်းစားလိုက်ရုံ ဖန်တီးပေးတာလို့ ခင်ဗျားတို့ကို လှည့်ပတ်ပြောတာလဲ သမုဒယသစ္စာပဲ၊ စင်စစ်တော့ ရှာရ
ဖွေရတာက အရင်လူပျိုတုန်းက တစ်ယောက်တည်းစာ၊ အခုအိမ်ထောင်ကျတော့ ၂-ယောက်စာဆိုတော့
ရှာဖွေတဲ့နေရာမှာ ဒုက္ခတိုးတာ အမှန်ပဲ၊ ဒါပေမယ့် သမုဒယသစ္စာက မင်းအရင်တုန်းကဆို ဟိုဆိုင်စားရ ဒီ
ဆိုင်စားရနဲ့ ဒုက္ခရောက်ရတယ်၊ အခုတော့ မင်း ဣနြေ္ဒရရနဲ့ (ဇိမ်ကျကျနဲ့) စားရလို့ချမ်းတာပါပေါ့လားဆိုးပြီး
ခုနက ရုန်းထားတာတွေ အကုန်ပျောက်အောင်တစ်ခါတည်းချော့ထားလိုက်တယ်၊ ဒါပေမယ့်စဉ်းလားကြည့်
စမ်း၊ အရင်ကထက်ပိုရှာရတော့ တိုးပြီးဆင်ရဲသွားတာအမှန်ပဲ။
ခင်ဗျားတို့အိမ်စုတ် တဲ့ကုပ်နဲ့ နေရတာတောင် သူက ကိုယ့်အိမ်ကို ရွှေအိမ်ရွှေနန်းကြီးထင်အောင်၊ မာနထက်
အောင်လုပ်လိုက်သေးတယ်၊ သူကချော့ထားတော့ ခင်ဗျားတို့ကလဲရွှေအိမ်ရွှေနန်းကြီးလို့ကို စိတ်ထဲမှာထင်
ကြတယ်၊ သေခြင်းသေလဲ ဒီအိမ်မှာ သေပါရစေတော့၊ နေခြင်းနေလဲ ဒီအိမ်မှာနေပါရစေတော့၊ နောင်ဘဝ
ပြန်ဖြစ်တောင်မှ ဒီမှာ ဖြစ်ပါရစေဆိုတော့၊ ဒီနေရာပဲ ကျေနပ်နေကြတယ် မဟုတ်လား၊ တကယ်တော့ ဒီနေ
ရာမှ အကြီးအကျယ် ဒုက္ခပေးတဲ့နေရာ၊ သူများအိမ်သွားရင် တံမြက်စီးမလှည်းရဘူး၊ အညစ်အကြေးတွေ မ
သုတ်သင်ရဘူး၊ ကိုယ့်အိမ်မှာတော့ တံမြက်လှည်း အမှိုက်ကျုံး၊ အိမ်သာဆေးစသည်တွေကိုမနားမနေလုပ်
ရတယ်၊ ဒီ ဒုက္ခရောက်မယ့်နေရာကို ရွှေအိမ်ရွှေနန်းထင်အောင် ဘယ်သူလုပ်တာတုံး၊ သမုဒယသစ္စာ၊ မင်း
ဟာလေးနဲ့မင်းကွာကြက်လိုပဲ ချီးကျရာပျော်ကွလို့၊ ရောက်ရဘဝ ရောက်ရအရပ်မှာ ပျော်နေအောင်ချော့
ထားတာလဲ သမုဒယသစ္စာပဲ၊ ခင်ဗျားတို့ တစ်သံတရာလုံး သူ့နေရာနှင့်သူ မထွက်ဖြစ်အောင်၊ ဒီနေရာက
သွား၊ ဒီနေရာမှာနေပြီး..အပါယ် ၄-ပါးသွား၊ နတ်ရွာသုဂတိသွားလို့ ရောက်ရာမှာ လောင်တိုက်ရှိတဲ့နေရာမှာ
နေပြီး ထိုနေရာကိုပင် ရွှေအိမ်ရွှေနန်းထင်အောင် သူကချော့မော့ထားတယ်၊ ချော့ထားတော့ ခင်ဗျားတို့မှာ
ဘုရားဖူးသွားမှာလဲ ဒီရွှေအိမ်ရွှေနန်းကို ပစ်ထားခဲ့ရမှာခက်တာနဲ့ မသွားဖြစ်ဘူး၊ တရားနာသွားမှာလဲ မသွား
ဖြစ်ဘူး၊ ကိုယ့်ရွှေအိမ်ရွှေနန်း လူလုကုန်းမှာစိုးလို့..စိတ်မချတာနဲ့ မသွားဖြစ်တော့၊ ဘုရားပွင့်တာတောင်မှ ရွှေ
အိမ်ရွှေနန်းခင်လို့ ဘုရားကျောင်းမရောက်ကြတာတွေတပုံကြီးရှိတယ်၊ ဘယ်သူကနှိပ်စက်တာလဲ၊ သမုဒယ
က၊ သူက ဘယ်လိုများပြောထားတုံး မင်းတို့နေတာဟာ မင်းတို့အကျိုးပေးနဲ့ မင်းတို့ သိပ်နေရာကျတာပဲ၊ ရှာ
မှရှား၊ မင်းတို့အဆင့်အတန်းနဲ့ မင်းတို့ကြည့်မယ်ဆိုဘယ်လောက်မှား ကျက်သရေမင်္ဂလာ ရှိသတုံးတဲ့၊
ခင်ဗျားတို့ကိုယ့်အိမ်ကို ရွှေအိမ်ရွှေနန်းထင်လို့ စိတ်မချပြီး မစွန်နိုင်တာနဲ့ ဘုရားဖူး တရားနာမသွားဖြစ်တာ
သမုဒယက ဒီလိုချော့ထားပြီး နိဗ္ဗာန်ရောက်မယ့်လမ်းကို မသွားဖြစ်အောင်ကန့်ကွက်ထားတယ်၊ ဒါတွေဟာ
သမုဒယရဲ့ ကောက်ကျစ်ထားပုံတွေနော်၊ လူတွေ"စုတိနဲ့ ပဋိသန္ဓေ"စပ်ပြီးနေတာဟာ သူ့အကြိုက်ပဲ၊ လွတ်
ထွက်သွားမှာတော့ မကြိုက်ဘူး၊ စုတေပြီး တစ်ခါတည်း နိဗ္ဗာန်ရောက်ဖို့ကျတော့..သူက သဘောမတူဘူး၊ ဒါ
ဖြင့်အကောင်းဟူသရွေ့ သူသဘောမတူဘူး၊ အဆိုးဟူသရွေ့တော့ သူက လုပ်ပေးလိမ့်မယ်၊ လောကီအ
လုပ် လုပ်ချင်တာဟူသရွေ့တော့ သူအားပေးတယ်၊ လောကုတ္တရာ မဂ်အလုပ်ကျရင် အကြောင်းပြပြီး ကန့်
ကွက်တယ်၊ ဒါ သမုဒယရဲ့သတ္တိ၊ ဒီတော့ ထွက်ရပ်လမ်း ဟူသရွေ့ကို သူကန့်ကွက်တယ်၊ မြုပ်လမ်း..မျော
လမ်း ဟူသရွေ့တော့ သူကအားပေးတယ်၊ အခု ဘုန်းကြီးက ဖော်ပြတော့မှ သူကိုး..သူကိုးလို့ လက်ညိုး
ထိုးဖော်ရလာတယ်၊ မင်းနဲ့ငါ သေခန်း..ရှင်ခန်းဖြတ်ကြစို့ ဆိုတော့၊ ခင်ဗျားတို့က ပါးစပ်ကို မဟရဲဘူး၊ ဘာပြု
လို့..ခင်ဗျားတို့က ငယ်ကြောက်ဖြစ်နေလို့၊ သူက ဒီအတိုင်းသွားဆိုရင်၊ ခင်ဗျားတို့က ဆိုက်ဆိုက်သွားတာပဲ၊
သူကပြန်ခဲ့ဆိုရင် ဆိုက်ဆိုက်လာတာပဲဆိုတော့၊ ဒါငယ်ကြောက်ဖြစ်နေလို့ပေါ့၊ ဘုရားဟောထားတာလေး
ပြောပြအုံးမယ်။
"မျောက်နှဲစေး"မျောက်သားစားလိုတဲ့ မုဆိုးကမျောက်ထောင်တဲ့ ညောင်စေးတွေ ဘာတွေချက်ပြီး၊ သစ်ကိုင်း
ပေါ်မှာ သုတ်လိမ်းပြီးချထားတယ် (ဒီအစေးကို မျောက်နှဲစေးလို့ခေါ်တယ်) မျောက်က ဒီသစ်ကိုင်းပေါ်မှာ
လျှောက်ပြီးလာတယ်၊ လာတော့ ညာဘက်လက်နဲ့ ညောင်စေးကိုင်မိတဲ့အခါ ညာဘက်လက် ခွာမရအောင်
ကပ်ငြိသွားတယ်၊ တစ်ခါ ဘယ်လက်နဲ့တွန်းပြီးခွာပြန်တော့ ဘယ်လက်ပါငြိတာပဲ၊ နောက် ညာခြေနဲ့ ကန်ပြီး
ရုန်ပြန်တော့ ဒီအတိုင်းပဲ ကပ်နေတာပဲ၊ တစ်ခါ ဘယ်ခြေနဲ့ ကန်ပြီးရုန်ပြန်တော့လဲ ကပ်သွားတာပဲ၊ နောက်..
သူက ခေါင်းနဲ့အားပြုပြန်တော့ ခေါင်းပါကပ်သွားတယ်၊ ဒီတော့ မျောက်ဟာခြေလက်ခေါင်း ၅-ခုစလုံးတွဲနေ
တာနဲ့မှီရာ တည်ရာမရှိတော့ဘူး၊ မရှိတော့ တစ်ခါတည်းအောက်ကျတာပဲ၊ ကျတော့ မုဆိုးကလုပ်ချင်သလို
လုပ်ရုံပဲရှိတော့တယ်၊ "ခန္ဓာနဲ့တဏှာ"ထို့ အတူပဲ သမုဒယသစ္စာဆိုတဲ့ တဏှာတရားဟာလဲ ခင်ဗျားတို့ ခန္ဓာ
၅-ပါးစလုံးမှာ ရှိတယ်၊ ဒီခန္ဓာ ၅-ပါးဟာ အစေးထောင်ထားတဲ့ နေရာချည်းပဲ၊ "ရှုပက္ခန္ဓာ"ကြည့်လိုက်ပြန်လဲ
သူဝဖို့..လှဖို့ကိုပဲကျွေးရမှာ ဆိုတော့ ဒါကိုယ့်ကိုယ်လို့မုတ်ပြီး သူတို့နဲ့လဲ ခင်နေတာပဲ၊ ခင်တော့ ရှုပက္ခန္ဓာက
လဲ တဏှာတည်းဟူသော အစေးနဲ့ကပ်လျက်ပဲရှိတယ်၊ "ဝေဒနာက္ခန္ဓာ"နဲ့ ဆိုတော့ ခင်ဗျားတို့က ချမ်းသာကို
အလိုရှိတယ် မဟုတ်လား၊ အလိုရှိနေတော့ချမ်းသာကို မစွန့်နိုင်ဘူး၊ မစွန့်နိုင်တော့ ချမ်းသာနဲ့ ကပ်ငြိနေတာ
ပေါ့၊ "သညာက္ခန္ဓာ"ကလဲ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတွေကိုသေသေချာချာ မှတ်သားထားတယ်၊ ဒါကို အရေး
တယူပြုတယ်၊ အလွန်နှစ်သက်စရာလို့ ထင်နေအောင်သူက လုပ်ထားတယ်၊ အဲဒီ သညာ..အမှတ်အသားက
လေးနဲ့ပဲ တွေးပြီးကျေနပ်နေတယ်၊ သညာ..နဲ့ကပ်နေတာပေါ့၊ "သင်္ခါရက္ခန္ဓာ"ဆိုတဲ့စေတနာ၊ ဝိညာဏက္ခန္ဓာ
ဆိုတဲ့ စိတ်ကလေး၊ ဒီစိတ် စေတနာတွေနဲ့လဲ ခင်ဗျားတို့ ကပ်နေတာပဲ၊ ကျုပ်စိတ်စေတနာမျိုးမြို့ထဲလျှောက်
ရှာကြည့်..မတွေ့ဘူး၊ အထင်မလွဲနဲ့ စသည်ဖြင့် ကိုယ့်ဟာကိုအမွှန်းတင်နေမယ်ဆိုတော့ စိတ်စေတနာမှာ
ခင်တွယ်ကပ်ငြိနေတာပဲ၊ ဒီတော့ ခင်ဗျားတို့ဟာ ဒီခန္ဓာ ၅-ပါးစလုံးမှာကပ်ငြိနေတော့ မျောက်လိုဖြစ်နေပြီပေါ့
ဒီခန္ဓာ ၅-ပါးနဲ့ ဒီတဏှာအစေးနဲ့ တွဲလျက် ဖြစ်နေတော့၊ ဒီခန္ဓာ ၅-ပါး ရုပ်နာမ်ဓမ္မဟာ ဘယ်မှာထွက်ပေါက်
ကျွတ်ပေါက်ဆိုတာ ဖြစ်နိုင်တော့မလဲ၊ ခန္ဓာ ၅-ပါးမှာ တဏှာအစေးပါတယ်၊ သုတ်လိမ်းထားတယ်၊ ဒီတော့
ခင်ဗျားတို့ ဒီ ခန္ဓာ ၅-ပါးမှာ ကပ်ငြိနေပြီ ငြိနေပြီပဲ၊ အခု ကပ်ငြိတာကသိပ်ကိစ္စမရှိသေးဘူး၊ သေခါနီးကျမှ ပို
ဆိုးမယ်၊ ငါတော့ဖြင့်မနေလို့သေရတော့မယ်၊ မသေချင်ဘဲနဲ့သေရတော့မယ်ဆိုတော့ သေခါနီးမှာ လက်ရှိ
ခန္ဓာ ၅-ပါးကို တစ်ခါတည်းမခွဲချင်အောင် ငြိကပ်နေတယ်၊ တဏှာနဲ့ငြိကပ်နေကြတယ်၊ ဥပါဒါန်နဲ့ ကပ်ငြိနေ
ကြတယ်၊ ဒီခန္ဓာ ၅-ပါး ဒုက္ခသစ္စာကြီးနဲ့ ခွဲရတော့မယ်ဆိုရင် မျက်ရည်ကြီးငယ် ကျကြတယ်၊ ဘုရားရန္တာတွေ
ကျတော့ ဒီခန္ဓာဝန်ကြီး ဒုက္ခသစ္စာကြီးကို စွန့်ရတော့မယ်ဆိုရင် ပြုံးကြတယ်၊ ခင်ဗျားတို့ကတော့ ငိုကြ..ရွဲ့ကြ
မဲ့ကြတယ်၊ ဪ...ခင်ဗျားတို့က တယ်...ဒုက္ခ သိပ်ကြိုက်ကြတာပဲ၊ ရီးတီးယားတား မဟုတ်ဘူးနော်၊ ဒါ သေ
ကြည်မှသိမယ်။
သေကြည်တော့မှ ဒီခန္ဓာ ၅-ပါးကို ဘယ်အထိခင်သတုံးဆိုရင် လုံးဝကို မခွဲပါရစေနဲ့ဆိုတာလာတာ၊ ဒါတဏှာ
အစေးနဲ့ ရုပ်နာမ်ဓမ္မနဲ့ ကပ်နေလို့လာတာ၊ ခင်ဗျားတို့ ဒါနဲ့ဒါ ကပ်ငြိပြီး မစွန့်ချင် မခွဲချင်ဘဲနဲ့ သေရတယ်ဆို
တော့ ငြိပြီးသေကြတာပဲ၊ ငြိပြီးသေရင် အောက် (ဒုဂ္ဂတိ) ပဲရှိတယ်၊ အထက် (သုဂတိ) မပါဘူး၊ မျောက်နှဲစေး
နဲ့ ကပ်ငြိနေတဲ့မျောက်ဟာ အောက်ပဲကျတယ်၊ အထက်ပြန်မတက်ဘူး၊ ခင်ဗျားတို့လဲ အပါယ် ၄-ပါးဆိုတဲ့
အောက်ပဲ ကျမှာပဲ၊ ဒီခန္ဓာ ၅-ပါးနဲ့ ငြိနေရင်အောက်ကျမှာပဲ၊ ငြိနေတာကိုး၊ ငြိတော့ ဘယ်ဟာမှ မရုန်းနိုင်
တော့ဘူး၊ ဒီတော့ ခန္ဓာ ၅-ပါး ရုပ်နာမ်ဓမ္မ တဏှာနဲ့ ကပ်ငြိနေတာကဖြုတ်လို့ဖြေလို့ကို မရဘူးနော်၊ မရတော့
အောက်လမ်းသွားဖို့ သေချာတာပဲ၊ ဒုက္ခသစ္စာမှန်းသိတဲ့ အရိယာပုဂ္ဂိုလ်တွေကတော့ ဪ...ဒုက္ခဝန်ကြီး
မထမ်းရတော့ဘူး၊ ကျွတ်လွတ်ပြီဆိုပြီးပြုံးကြတယ်၊ ခင်ဗျားတို့ကတော့ ဒါကြီးနဲ့ခွဲရတော့မယ်ဆို..မဲ့ကြတယ်
မဲ့ရင်းမတ်နဲ့ သေသွားတာပဲ၊ ဒါ သမုဒယသတ္တိနော်၊ ပုထုဇဉ်တွေ သေတာကိုသေသေချာချာကြည့်၊ ပြုံးသေ
သလား..မဲ့သေသလား၊ မဲ့ပြီးသေကြတယ်၊ ဒီ ဒုက္ခသစ္စာကြီးကို ဒုက္ခသစ္စာမှန်းသိပြီး ခွဲရတာ ဝမ်းသာတဲ့အ
ခြေအနေရောက်မှ ပြုံးတဲ့ဘက်ဖြစ်မယ်၊ နို့မို့ရင်မဲ့သေ ရွဲ့သေပဲဖြစ်မယ်၊ မျောက်ဟာ ခြေလက် ခေါင်း ၅-
ဘက်စလုံး ငြိပြီးသေတော့ အောက်ကမုဆိုး၏ စားဖတ် ဝါးဖတ်ဖြစ်ရတယ်၊ ဒီမှာလဲ ခင်ဗျားတို့ဟာ ခန္ဓာ ၅-
ပါးကို ဒုက္ခသစ္စမှန်း မသိတော့ ဒါကြီးနဲ့ တဏှာနဲ့ငြိတွယ်ရင်း မတ်တတ်နဲ့ သေတော့အောက်ကျရမှာပဲ၊
အောက်သွားရမှာပဲ၊ ကောင်းပြီ၊ အောက်သွား အထက်သွားဆိုတာဟာအဓိကလဲဆိုတော့ ဒုက္ခသစ္စာ သိမှုနဲ့
မသိမှုဟာ အဓိကပဲ၊ ခန္ဓာ ၅-ပါးခင်မှုနဲ့ မခင်မှုဟာ အဓိကပဲ၊ ဒုက္ခသစ္စာ မသိရင် ခန္ဓာ ၅-ပါးကို ခင်ရင်ဒါ
အောက်သွားပဲ၊ ဒုက္ခသစ္စာသိရင် ခန္ဓာ ၅-ပါးကိုမခင်ရင် ဒါအထက်သွားပဲ၊ ခင်ဗျားတို့ ခင်တာကတော့ ခန္ဓာ ၅
ပါးကိုမကဘူး၊ ကိုယ်ခန္ဓာ ၅-ပါးတင်မကဘူး၊ မယားရဲ့ ခန္ဓာ ၅-ပါး၊ သားရဲ့ ခန္ဓာ ၅-ပါး သမီးရဲ့ ခန္ဓာ ၅-ပါး
ဆွေမျိုးရဲ့ ခန္ဓာ ၅-ပါးဆိုတော့၊ အို..ရေကို မရေနိုင်အောင်များနေတယ်၊ ဒါတွေနဲ့ အကုန်ငြိနေတော့၊ ငြိချက်
ကမျောက်ထက် ဆိုးနေတယ်၊ မျောက်က ၅-ခုဆိုရင်ကုန်ပြီ၊ ခင်ဗျားတို့ ငြိချက်က မရေမတွက်နိုင်ဘူး၊ ဒါ
ခင်ဗျားတို့ရဲ့ အဖြစ်ဆိုးတွေ၊ ဒါကြောင့် ဘုရားကဟောတယ်၊ လူသေရင် အပါယ် ၄-ပါးဟာ မင်းတို့အမြဲနေတဲ့
အိမ်ကွ၊ လူ့ပြည် နတ်ပြည်ဆိုတာ ခဏအလည်လာတာတဲ့၊ မဟောသင့်ဘူးလား၊ ဟောသင့်တာပေါ့၊ ခင်ဗျား
တို့ ခန္ဓာ ၅-ပါးနဲ့ ခင်မင်မှုဟာ ငြိကပ်နေတော့၊ ငြိ..ငြိပြီးအောက်ချည်းကျတာပဲ၊ ခန္ဓာ ၅-ပါး၊ ခန္ဓာတွေများကြီး
ခင်မင်ရက်နဲ့ သေသွားတော့၊ အကုန်လုံးချည်ပြီး တုပ်ပြီးသားကျသွားတာပဲ၊ တဏှာ..အစေးတွေနဲ့ အကုန်
ကပ်ငြိပြီး ကျသွားတာကို၊ သေတဲ့ လူတွေကြည့်လိုက်တော့ ဒီအစေးနဲ့ ကပ်ငြိပြီး မျောက်ကျ ကျတာချည်း
များတယ် (ခွေးကျ ကျတယ်လို့လဲ ဆိုချင်ဆိုပေါ့) အထက်တစ်ယောက်မှ မသွားဘူး၊ အောက်ချည်းသွားနေ
ကြတာပဲ၊ အောက်ချည်း ကျမှာပေါ့..ငြိတာက မျောက်ထက်များနေ ဆိုးနေတာကို၊ ပိုဆိုးတော့ ခင်ဗျားတို့မှာ
အောက်ကို လုံးလျက်ကြီး ကျတာပေါ့၊ လက်ကလဲ လှမ်းမဆွဲနိုင်တော့၊ အောက်ကိုတောက်လျှောက် ကျသွား
တာပဲ၊ ဒါ တဏှာသမုဒယကတွန်းချတာ၊ တဏှာကဖမ်းပြီးချည်တုပ်ပြီး ချောက်ထဲတွန်းချတော့၊ ခင်ဗျားတို့
(အပါယ်) ချောက်ကြီးထဲ ထိုးကျတာပဲ၊ တဏှာသမုဒယဆိုးပုံ ပေါ်ပြီလား။ ဒါကြောင့် ဘုရားက"ဝိသတ္တိကာ"
လို့ ဟောတယ်၊ "ဝိသတ္တိကာ"ဆိုတာ ခန္ဓာ ၅-ပါး..ကာမဂုဏ်များ၌ကပ်ငြိနေတဲ့ တဏှာကိုဆိုတာ၊ တဏှာ
လောဘာ တွေ့တော့ငြိတာပဲ၊ ဒီအိမ်နေလို့ရှိရင်၊ ဒီအိမ်နဲ့ဒီခန္ဓာငြိတာပဲ၊ ငြိရာမှာလဲ နေရာမရွးဘူး၊ မရွးတော့
ဘယ်နေရာရောက်ရောက် သူကငြိတာပဲ၊ ငြိတော့ သူကထွက်ရပ်လမ်းကိုအခွင့်မပြုဘူး၊ ဘုရားရှေ့သွားပြီး
ရှိခိုးဆုတောင်းတာကြည့်၊ သူခန္ဓာကိုယ်၏ ကျန်းမာမှု၊ ချမ်းသာမှု၊ သူ့ခန္ဓာ၏ နောင်ကောင်းစားမှုတွေပဲ
တောင်းတာ၊ တောင်းတော့ ဒါတဏှာနဲ့ကပ်ငြိနေတာပဲ၊ တဏှာနဲ့ ကပ်ငြိနေတာကများတယ်၊ ဒုက္ခဝဋ်မှကျွတ်
လိုလို့ ဘုရားရှိခိုးတဲ့လူက ရှာမှရှားဗျ၊ ကိုယ်ခန္ဓာကို ဒုက္ခသစ္စာလို့ မသိဘဲနဲ့၊ မသိလို့ခင်တာနဲ့ ဘုရားဆီသွား
ပြီး ရှိခိုးတဲ့ပုဂ္ဂိုလ် များတယ်၊ ဒုက္ခသစ္စာသိပြီး ဒုက္ခဝဋ်မှ ကျွတ်လိုတဲ့သဘောနဲ့ ရှိခိုးတဲ့ ပုဂ္ဂိုလ်ဟာ ရှာမှရှား
မယ်၊ ဒုက္ခဝဋ်မှ မကျွတ်ချင်ဘဲ ဒုက္ခဝဋ်နဲ့ နောက်တဖန်မခွဲဖို့ ရှိခိုးတာက များတယ်၊ ဒီတော့ ခင်ဗျားတို့လုပ်ပုံ
တွေဟာ တဏှာဦးစီးနေတာပဲ၊ နေရာတိုင်းမှာ ဒီသမုဒယ..တဏှာပဲဝင်ရှုပ်နေတာ၊ သူဝင်ရှုပ်တာနဲ့ ခင်ဗျားတို့
မှာ ၃၁-ဘုံအတွင်း ဝဋ်ဆင်းရဲထဲမှာ လှည့်လည်သွားနေရပြီး၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ဦးမလှည့်ဘဲဖြစ်နေတာ။
ကဲ...သမုဒယသစ္စာ၏ အကောက်သွားပုံကို ဟောပြီး၊ မဂ္ဂသစ္စာ၏ အဖြောင့်သွားပုံကို ဟောတော့မယ်။        ။

                                    ဤကောင်းမှုကုသိုလ်ကံ
                  စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                  ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                              အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                    တည်ရှိပါစေသတည်း ။              ။

                                                                                                          အရှင်ဉာဏဓဇ
                                                                                         မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                              အမရပူရမြို့ ။          ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားထိုင်ပုံထိုင်နည်း

          "တရားထိုင်ပုံထိုင်နည်း"
၁၃၁၉-ခု၊တော်သလင်းလ၌ ဦးကျော်သိန်းအား
   ဟောကြားသောတရား
(၂-နာရီလောက်တရားထိုင်ပြီး ပြန်လာတော့)
မင်းသမာဓိကောင်းကောင်းရရဲ့လား၊(ရပါတယ်
ဘုရား၊အလင်းရောင်လဲမြင်ပါတယ်ဘုရား)။
အို....''ဒါတွေဂရုမစိုက်ပါနဲ့၊ဒီလိုသမာဓိ ရလာရင်
ပညတ် နိမိတ်အာရုံအမျိုးမျိုး၊ပရမတ်နိမိတ်အာရုံ
အမျိုးမျိုးတွေ့မြင်ရမယ်၊ဒါတွေကို ဆက်မလိုက်နဲ့။
မင်းဝေဒနာကောတွေ့ရဲ့လား၊(တွေပါတယ်၊ကြာကြာ
                                                                   ဖိထိုင်တော့ ထုံကျင်ကိုက်ခဲလာပါတယ်ဘုရား)။
အဲဒါကို ဆက်လိုက်သလား၊(လိုက်ပါတယ်ဘုရား)၊"မင်းဟာဝေဒနာကို တမင်တကာ လုပ်ယူနေသလို
ဖြစ်နေတယ်"ထိုင်နည်းလိုနေသေးတယ်၊ထိုင်တဲ့အခါ တင်ပလ္လင်ခွေထိုင်ပါ၊ခါးကိုဖြောင့်ဖြောင့်မတ်
မတ်ထားပါ၊ရှေ့လဲမငိုက်နဲ့၊ဘေးလဲမစောင်းနဲ့၊ခေါင်းလဲဘယ်ဘက်မှ မစောင်းပါနဲ့၊မင်းရဲ့ခါးအထက်
ပိုင်း ကိုယ်ကြီးဟာရှေ့-နောက်-ဘေး ယိမ်းယိုင်နေရင် အရိုးအဆစ်တွေ အဆက်ချင်းတည့်တည့်
(တဲ့တဲ့)မနေတဲ့အတွက် မကြာခင်နာလာလိမ့်မယ်၊ဝေဒနာကို တွေ့ဖို့ရာထားဦး၊သမာဓိကိုရအောင်
တောင် မထိုင်နိုင်ဘဲ နေရမှာစိုးတယ်၊ခါးအောက် ဖိထားလို့ရှိရင် သွေးလွှတ်ကြော၊သွေးပြန်ကြာ
ကိုက်ခဲလာမယ်၊ဒီတော့ ထိုင်နည်းမမှန်ရင် ဝေဒနာကို တမင်လုပ်ယူရာကျမယ်၊ဒီအချက်တွေဟာ
မင်းတို့လို တရားထိုင်စယောဂီတွေအတွက် အရေးကြီးတယ်။
ယောဂီများဟာ မိမိတို့ကြိုက်တဲ့ ဣရိယာပုတ်နဲ့အားထုတ်နိုင်တယ်၊ဒါပေမယ့် ထိုင်ခြင်း ဣရိယာ
ပုတ်ဖြင့် အားထုတ်တာက စိတ်တည်ငြိမ်မှု"သမာဓိ"ရလွယ်လို့ပိုကောင်းတယ်၊ဝင်သက်၊ထွက်သက်၊
ကိုမှန်မှန်ရှူရှိုက်ရမယ်၊သိပ်ပြင်းပြင်းထန်ထန် မြန်မြန် ဆန်ဆန် ရှူရှိုက်လို့ရှိရင် ကိုယ့်ကိုယ်ကို
ညှင်းဆဲရာကျမယ်၊မင်းအခု(ဝင်သက်)ရှူလိုက်တဲ့အခါ၊လေထဲမှာရှိနေတဲ့ (တေဇောဓာတ်)ရရှိတယ်။
ဒါကြောင့် အဆုတ်ရောက်အောင် အသက်ရှူထုတ်လိုက်တဲ့အခါတိုင်း၊အဆုတ်ဟာကျယ် ပြန့်သွား
နိုင်အောင် ခန္ဓာကိုယ် အထက်ပိုင်းကို တရားထိုင်တဲ့အခါတည့်တည့်မတ်မတ်ထားရမယ်၊အဲဒီလို
ထားရင်အဆုတ်လေအိတ်ကလေးတွေ လေပြည့်နေမယ်၊လေပြည့်နေမှ မိမိခန္ဓာကိုယ်ကြီးကို
နာရီများစွာ တရားထိုင်နိုင်မယ်၊အဆုတ်ကိုလေအပြည့်မသွင်းနိုင်ရင် မောပန်းလာမယ်၊ဒီအချက်ဟာ
တရားထိုင်တဲ့ ယောဂီများအတွက်အရေးကြီးတယ်၊မင်းတို့ ဝင်လေကိုတစ်ခါပြင်းပြင်း ရှူထုတ်လိုက်
ရင် နှလုံးဟာ ၄-ကြိမ်လှုပ်ရှားရမယ်။ညှစ်ထုတ်ရမယ်၊တစ်မိနစ်မှာ ၁၆-ကြိမ်မှ ၁၈-ကြိမ်အထိ
အသက်ရှူရှိုက်ရတယ်၊နှလုံးကတော့ ၆၄-မှ ၇၂-အထိလှုပ်ရှားညှစ်ထုတ်ရတော့၊အသက်(လေ)
ကို မြန်မြန်ပြင်းပြင်းရှူလိုက်ရင် နှလုံးဟာ ဘယ်လောက်အလုပ်များပြီး ပင်ပန်းမလဲ။တရားမရဘဲ
ရောဂါရဖို့သေချာတယ်။
အဆုတ်ရဲ့အင်အားနဲ့ ယူဆောင်လာတဲ့ တေဇောဓာတ်ကအစာအိမ်၊အူသိမ်၊အူငယ်များကို ပြုပြင်
ပေးလိုက်တော့ အစာအာဟာရကြေညက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးတယ်။
ဒီအပြင် ဒီသွေးဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးမှာဘေးဖြစ်စေတဲ့အညစ်အကြေး အဆိပ်
အတောက် အပျက်အစီးများကို သက်ဆိုင်ရာ အစိတ်အပိုင်းများမှ တစ်ဆင့်ချွေး၊အခိုး၊အငွေ့၊
ကျင်ငယ်အဖြစ်ဖြင့် အပြင်ထုတ်ပေးတယ်၊အဆုတ်မှတစ်ဆင့် အဆိပ်အတောက်နဲ့ မကောင်း
တဲ့အခိုးအငွေ့များ ပါလာတဲ့လေကို ထွက်သက်လေဖြင့် ထုတ်ပစ်တယ်၊သွေးဟာ နှလုံးခုန်ခြင်း
အားဖြင့် မကောင်းတဲ့ သွေးကြောထဲမှ ဖြစ်လိုက်ပျက်လိုက်နဲ့ လည်ပတ်ပြီး မကောင်းတဲ့ သွေး
ညိုသွေးပုပ်တွေကိုနှလုံးထဲကအဆုတ်ထဲ တွန်းထုတ်လိုက်တော့ မကောင်းတဲ့သွေးမှာ
(တေဇောဓာတ်အသစ်)တစ်ဘက် နှလုံးထဲမှ သွေးနီအကောင်းပြန်လည်ရရှိတယ်၊အဲဒီ တစ်ဖန်
မကောင်းတဲ့ အညစ်အကြေး အဆိပ်အတောက် အပျက်အစီးများကို ချွေး၊ကျင်ငယ်၊အငွေ့၊
အသက်ဖြင့် ပြန်ထုတ်ပြီး တစ်ပတ်လည်နေလို့ ငါတို့မင်းတို့အသက်ရှင်နေတယ်လို့ ခေါ်ရတာ
ပဲ။တို့ရဲ့နှလုံးဟာ လက်သီးဆုပ်ပမာဏ၊အတွင်းမှာ အခေါင်းကြီးရှိတယ်၊ဒီအခေါင်းကြီးအတွင်း
မှာတစ်ဆုပ်စာလောက်(အသစ်အသစ်ဖြစ်နေတဲ့)နှလုံးသွေးနှီ(တေဇော)ဟာရှိနေတယ်။
အဲဒီ ကောင်းတဲ့သွေးကို အသက်တစ်ခါရှုရင် တစ်ကိုယ်လုံးနှံ့အောာင် ၄-ကြိမ်ညှစ်ပို့ရတယ်။
နှလုံးသားကို ဖြူချောပါးလှပ်တဲ့ အမြှေးလွှာနဲ့ ဖုံးအုပ်ထားတယ်။ဒီနှလုံးသားရဲ့ ညာဘက်ခန်း
ကတော့ မကောင်းတဲ့သွေးညိုတွေကို အဆုပ်ထဲ တွန်းပို့ပေးတယ်။
အဲဒီလက်တစ်ဆုပ်စာရှိတဲ့သွေးတွေကို"ဟဒယဝတ္ထုရုပ်"ကမှိနေတယ်။ဒီဟဒယဝတ္ထုရုပ်ကို
မနောဓာတ်၊မနောဝိညာဏဓာတ်စိတ်တွေက စေခိုင်းရာကို ဒီရုပ်တွေက လိုက်လိုက်လုပ်နေရ
တာပဲ၊အတည်ကိုယ်မရှိတဲ့စိတ်ဟာ နှလုံးတည်းဟူသောလိုဏ်ဂူထဲမှာ ကိန်းနေတယ် လို့
ဘုရားက ဓမ္မပဒပါဋ္ဌိတော်မှာဟောတယ်။စိတ် စေတသိက်တို့ရဲ့ အစွမ်းအာနုဘော်ကြောင့်
နှလုံးဗူးအတွင်ရှိ တစ်ဆုပ်စာမျှရှိတဲ့ နှလုံးသွေးဟာ အဆင်အမျိုးမျိုးပေါ်လာရတယ်၊(၁)'ရာဂ"
အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊ဟင်္သာပြဒါးရေလို နီနီရဲရဲ ဖြစ်ပေါ်လာတယ်။(၂)"ဒေါသ"အား
ကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊မဲပုပ်ပုပ် ဖြစ်ပေါ်လာတယ်။(၃)"မောဟ"အားကြီးတဲ့အခါ အမဲသား
ဆေးရေနီလို နီကျဲကျဲဖြစ်လာတယ်။(၄)"ဝိတက်"အားကြီးတဲ့အခါ၊ပဲပိဇတ်ပြုတ်ရေလို နီနောက်
နောက်ဖြစ်လာတယ်။(၅)"သဒ္ဓါ"အားကြီးစွာဖြစ်ပေါ်လာတဲ့အခါ၊ဝါဖျော့ဖျော့နေရာမှ အဝါရင့်
ဖြစ်လာတယ်။(၆)"ပညာ"အားကြီးစွာ ဖြစ်ပေါ်လာတဲ့အခါ ဆွတ်ဆွတ်ဖြူရာမှ မှန်ကဲ့သို့ ကြည်
လင်လာပြီး ပတ္တမြားလုံးလို အလင်းရောင်တွေ တောက်ပလာတယ်။(စရိုက် ၆-ပါးအလိုက်သွေး
အရောင်ပြောင်းလဲပုံကောင်းကောင်းမှတ်ထားပါ)။
ဒီနှလုံးက ညှစ်လွှတ်လိုက်တော့ ဗဟိုသွေးကြောကတစ်ကိုယ်လုံးပျံ့နှံ့သွားတော့၊ဒေါသဖြစ်နေ
တဲ့သူဟာ မဲပုပ်ပုပ်သွေးများတစ်ကိုယ်လုံး ပျံ့နှံ့သွားတယ်။အသားတွေလဲ ဒေါသဖြစ်လွန်တော့
နီပြီးတုန်လာတော တွေရတယ်။အေး...နောက်တော့ညိုပုပ်လာပြီး မကောင်းတဲ့ ပြစ်မှုမျိုးစုံ
ကျူးလွန်တဲ့အထိဖြစ်လာတာပေါ့။
"ဘုရား၊ရဟန္တာများကျတော့ နှလုံးသွေးဟာ အထူးကြည်လင်လို့ ကိုယ်ရောင်ကိုယ်ဝါတွေဟာ
တစ်ကိုယ်လုံး တောက်ပလာပြီး ရောင်ခြည်တော်လွှတ်တဲ့အထိ ဖြစ်ပေါ်လာရတယ်"။
ရူးသွားတာလဲ ဒီနှလုံးသွေးပဲကွ။ကြောက်အားကြီးလာရင်လဲ ဒီနှလုံးသွေးက အေးပြီးပြစ်ချွဲလာ
တော့ တစ်ကိုယ်လုံးအေးစက်လာတယ်။အအေးလွန်လို့ ပြစ်ချွဲလာပြီး နှလုံးသွေးရပ်သွားတော့
သေရတာပေါ့။ဒီနှလုံးသွေးထွက်ရာဝင်ရာအဝမှာ အဆို့ရှင်လိပ်ပြာတောင် ကလေး ၂-ခုရှိတယ်။
စိတ်၊စိတ္တဇ၊ဥတုဇလေကြောင့် ဒီလိပ်ပြာတောင်ကလေး ၂-ခုဟာ အချက်ကျကျ ခတ်ပေးလိုက်
လို့ ဒီသွေးတွေဟာ ဒိတ်-ဒိတ်၊ဒိတ်-ဒိတ်၊နဲ့အချက်ကျကျ တစ်ကိုယ်လုံးပျံ့နှံ့နေတာပါ။ဒီစိတ်ဟာ
နှလုံးသွေးကိုမှိတယ်၊ဒီနှလုံးသွေး ဖောက်ရင် စိတ်လည်း ဖောက်ပြန်လာတယ်။ ဒါသေသေချာ
ချာ မှတ်ထားနော်။
ကောင်းပြီ၊လည်ပင်းသွေးကြော ၂-ခုကို ဖိနှိပ်ထားလိုက်ရင် နှလုံးသွေးကြောနဲ့ တစ်ဆက်တည်း
ဖြစ်နေတော့ သွေးဖောက်ပြန်ပြီး ဘဝင်ကျမေ့သွားတတ်တယ်။အေး...ဒါကြောင့် တရားထိုင်ချိန်
မှာ လည်ပင်းကို ရှေ့နောက်ဝဲယာ စောင့်နေရင် အချိန်ကြာမြင့်တော့ ထှိုင်းမှိုင်းတွေဝေမေ့မျော
နေတတ်တယ်။ဒါဟာ တရားအားထုတ်တဲ့ ယောဂီတွေ ကြပ်ကြပ်သတိထားဖို့လိုတယ်လို့အ
မြဲသတိပေးနေရတာပေါ့။မင်းကတစ်ခါမှ အားမထုတ်ဖူးတော့ ခန္ဓာကိုယ်ကြီးကို ဓာတ်သဘော
နဲ့ ဘယ်လိုဖွဲ့စည်းနေတယ်ဆိုတာ ရှင်းအောင်ပြောရတာ။ကဲ....ဒါလောက်ပဲ ပြောမယ်။
မင်းလဲသွားပြီး တရားအားထုတ်ချေတော့။         ။

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                  အရှင်ဉာဏဓဇ
                                                                 မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                  ပင်မသံဝေဇနိယဌာန
                                                                                      အမရပူရမြို့ ။            ။

Saturday, February 16

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ရုပ်နာမ်တို့၏ နောက်ယှက်ခြင်းသဘော

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းဟာ နိဗ္ဗာန်သိဖို့ အရေးကြီးတယ်၊ နိဗ္ဗာန်မသိဘဲနဲ့ ရမ်းပြီးရချင်သူနဲ့၊ နိဗ္ဗာန်ကို
သိပြီးမှတကယ် ရချင်သူဟာ မတူဘူး၊ ကွာခြားတယ်၊ ပြောသံကြားနဲ့ နိဗ္ဗာန်လိုချင်တာက အဟုတ်လိုချင်
တယ်လို့ မဟုတ်ဘဲ၊ ထုံးစံအတိုင်း ရချင်တာဖြစ်နေတယ်၊ နိဗ္ဗာန်ကို သေသေချာချာမသိတော့ ရချင်မှန်းမသိ
ဘူး၊ လှူတုန်းမှာ နိဗ္ဗာန် ရောက်ရပါလို၏လို့ အသံထွက်ပေမယ့် စိတ်ထဲကတော့မပါဘူး၊ ဒါဟာ နိဗ္ဗာန်ရဲ့ အ
ရသာကို မသိလို့ဘဲ၊ ဒါကြောင့် နိဗ္ဗာန်ကို သိဖို့အရေးကြီးတယ်လို့ ပြောတာ၊ "ဝိဝေကဋ္ဌော"နှောက်ယှက်ခြင်း
မှ ကင်းဆိတ်ခြင်းသဘော၊ ဆိတ်ငြိမ်းခြင်းသဘော၊ နှောက်ယှက်ခြင်းမှ ကင်းဆိတ်ရာသည် နိဗ္ဗာန် မည်၏၊
အနှောက်မယှက် ဘာမှမရှိဘဲ ပင်ကိုယ်သဘောအားဖြင့် ကြည်လင်အေးမြပြီး၊ ဘယ်သူ (ဘယ်တရား) ကမှ
မနှောက်ယှက်တဲ့ နေရာမျိုးကို နိဗ္ဗာန်လိုခေါ်တယ်၊ နိဗ္ဗာန် အကြောင်း ပြောမယ်ကြံရင် နှောက်ယှက်မှုကို သိ
မှ သဘောကျမယ်။ အခု ခင်ဗျားတို့ နေထိုင်ကြရတာက အနှောက်အယှက်နဲ့အမြဲဒွန်တွဲပြီးနေတယ်၊ ဘာ
တွ နှောက်ယှက်သလဲ၊ တရားနာနေစဉ်မှာ ခန္ဓာကြီးဟာ ဟိုဘက်ပြောင်းလိုက်၊ ဒီဘက်ပြောင်းလိုက်၊ ကြာ
ကြာဖိထိုင်ထားလို့ ထုံကျင် ကိုက်ခဲလာကြတာတွေဟာ အနှောက်အယှက် မကင်းလို့ပေါ့၊ ဒီခန္ဓာကြီးဟာ
ဘယ်လို ထားလို့မှ ကြာရှည်မရဘူး၊ ဘာကြောင့် အနှောက်အယှက်တွေ များလို့၊ တော်တော်ကြာ အပူက
နှောက်ယှက်လိုက်၊ အအေးကနှောက်ယှက်လိုက်၊ ကျင့်ကြီး ကျင်ငယ်တွေကနှောက်ယှက်လိုက်၊ ဆာ
လောင်မွတ်သိတ်မှုတွေက နှောက်ယှက်လိုက်၊ ဝမ်းထဲရှိ လေတွေက နှောက်ယှက်လိုက်၊ အပြင်ဘက်ကလဲ
မှက် ခြင် ယင် အစရှိတဲ့ ရန်သူတွေကနှောက်ယှက်လိုက်၊ ဝေဒနာအမျိုးမျိုးက နှောက်ယှက်လိုက်နဲ့ အငြိမ်ကို
မနေရဘူး၊ ဒီလို အနှောက်အယှက် ကင်းတဲ့နေရာဆီ သွားဖို့ရာအတွက် ဝိပဿနာအားထုတ်ပြန်ရင်လဲ လို
ရင်းပန်းတိုင်ကိုသိမှ စိတ်လားပြင်းပြမယ်၊ နှောက်ယှက်ခြင်းကင်းတာ သိထားမှ နိဗ္ဗာန်ကိုသဘောကျမယ်
နိဗ္ဗာန်ဟာ ဝိဝေကဋ္ဌသဘောရှိတယ်၊ ဝိဝေကဋ္ဌ ဆိုတာနှောက်ယှက်ခြင်း ရှုပ်ယှက်ခတ်ခြင်းမှ ကင်းဆိတ်ပြီး
ဆိတ်ငြိမ်းခြင်း အေးချမ်းခြင်းသဘောပဲ၊ နှောက်ယှက်တဲ့ ရှုပ်ယှက်ခတ်တဲ့သဘောတွေဟာ ရုပ်နာမ်တွေပဲ
ရုပ်နာမ်ဆိုတာဟာ ခဏခဏ ဖြစ်ပျက်နေတဲ့ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရားတွေပဲ၊ ဉာဏ်မျက်လုံးပါ
တဲ့ ပုဂ္ဂိုလ်မှာ ဘယ်အချိန်ကြည့်လိုက်..ကြည့်လိုက် ဉာဏ်မျက်လုံးထဲမှာ ရှုပ်ယှက်ခတ်နေတာပဲ၊ ဉာဏ်မျက်
လုံးနဲ့ ကြည့်လိုက်တဲ့အခါ နိဗ္ဗာန်မှာ ဒီလိုရှုပ်ယှက်ခတ်တဲ့သဘောမရှိဘူး၊ ရှင်းလင်းကြည်လင်နေတယ်၊
ဆိတ်ငြိမ်တဲ့ အေးချမ်းတဲ့နေရာပဲလို့ ဉာဏ်မျက်လုံးနဲ့ ကြည့်ရင် မြင်တယ်၊ ဝိပဿနာရှုတဲ့ကိစ္စ ပြီးဆုံးသွား
တော့ ရှုပ်ယှက်ခတ်နေတာမှ ကင်းလွတ်ပြီး ဒီနေရာမှာပင် ရှုပ်ယှက်ခတ်ချုပ်ငြိမ်းရုပ်သိမ်းပြီး၊ ငြိမ်သက်နေတဲ့
သဘောပါလားဆိုတာ ကိုယ့်ဉာဏ်ထဲမှာ မြင်လာလိမ့်မယ်။
နိဗ္ဗာန်ကို ဉာဏ်မျက်စိနဲ့ အာရုံပြုသောအားဖြင့် ကြည့်လိုက်ရင် ကိလေသာအနှောက်အယှက်တွေမှကင်းဝေး
ကံအနှောက်အယှက်တွေမှ ကင်းဝေး၊ "ရုပ် နာမ် ခန္ဓာ"အနှောက်အယှက်တွေမှ ကင်းဝေတာကို သိမြင်ရမယ်
နိဗ္ဗာန် မရောက်သေးခင်မှာ"ကိလေသာဘေး"တွေကြောက်နေရသေးတယ်၊ အဝိဇ္ဇာ၊ တဏှာတို့၏ နှောက်
ယှက်မှုတွေကြောက်နေရသေးတယ်၊ "ကံဘေး"ကိုလဲကြောက်နေရသေးတယ်၊ မကောင်းတဲ့ကံက ဝင်
နှောက်ယှက်လိုက်ရင် ဖြုန်းကနဲ့ချောက်ကျအုံးမှာလားလို့ ပူဆွေးရအုံးမယ်၊ ရုပ်နာမ်ခန္ဓာကြီး ဆင်းရဲဒုက္ခ
ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးဖို့လဲ ကြောင့်ကြနေရတယ်၊ နိဗ္ဗာန်မှာ ဒီသဘောဆိုးတွေမရှိတော့ဘူးလို့
ဉာဏ်မျက်စိထဲမှာမြင်ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ (၁) ကိလေသာတည်းဟူသော အနှောက်အယှက်၊ (၂) ကံ
တည်းဟူသော အနှောက်အယှက်၊ (၃) ကိလေသာကံတို၏ အကျိုးတရားဖြစ်တဲ့ ရုပ်နာမ်ခန္ဓာ တည်းဟူသော
အနှောက်အယှက်၊ ဒီ အနှောက်ယှက် ၃-မျိုး (ဝဋ် ၃-မျိုး) မှ အကုန်ကင်းဆိတ်ပြီး နေတဲ့သဘောရှိတယ်၊
"ဝေဒနာနုပဿနာ" ဒီနေရာမှာ ဝိပဿနာအလုပ်ကလေးနဲ့ ရှင်းပြမှ နှောက်ယှက်ခြင်းမှ ကင်းဆိတ်တဲ့သ
ဘောဟာ နိဗ္ဗာန်ပါလားဆိုတာ ရှင်းသွားမယ်၊ ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင့် တရားကျင့်စဉ်ကလေးကိုး
ရှေးဦးစွာပြမယ်၊ ဘုန်းကြီးက ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာဆိုတဲ့ အနုပဿနာ ၃-ပါးနဲ့
နိဗ္ဗာန်ရောက်ကြောင်းကိုပြမယ်၊ ဒီ ၃-ပါးမှာ ဝေဒနာနုပဿနာက အရေးကြီးဆုံးပဲ၊ ဝေဒနာဟာ စေတသိက်
ပဲ၊ သူဟာ အခြားစေတသိတ်တွေနဲ့ တွဲပြီးဖြစ်တယ်၊ အဲဒီ စေတသိတ်တွေဟာ ဓမ္မာနုပဿနာဖြစ်တယ်၊ ပြီး
တော့ ဝေဒနာဟာ ဘယ်တော့မှ စိတ်နဲ့ကင်းပြီးမဖြစ်တော့ ဝေဒနာဖြစ်တိုင်း စိတ်လဲ အမြဲပါတယ်၊ ဒီတော့
စိတ်ဟာ စိတ္တာနုပဿနာ ၃-ပါးဖြစ်တယ်၊ ဒါဖြင့် ဝေဒနာရှုရင် ဝေဒနာနုပဿနာ၊ ဓမ္မနုပဿနာ၊ စိတ္တာနုပ
ဿနာ ၃-ပါစလုံးပါတယ်လို့မှတ်၊ သတိပဋ္ဌာန် ၄-ပါးမှာ ၃-ပါးစလုံး တစ်ပြိုင်နက် ပြီးတဲ့တရားဟာ ဝေဒနာနု
ပဿနာပဲလို့မှတ်။ ဝေဒနာမှာ"သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ"လို့ ၃-မျိုးရှိတယ်၊ ခန္ဓာကိုယ်ထဲ
မှာ ဝေဒနာက္ခန္ဓာ..ဝေဒနာအစုကြီးရှိတယ်၊ ဒီဝေဒနာ ၃-မျိုးဟာ ၃-မျိုးစလုံးတစ်ပြိုင်နက်မဖြစ်ဘူး၊ တစ်ခုစီ
(တစ်လှည့်စီ) သာဖြစ်နိုင် ရှိနိုင်တယ်၊ ဥပမာ..ဒုက္ခဝေဒနာ ပေါ်တဲ့အခါ ကျန်ဝေဒနာ ၂-ပါးမရှိဘူး၊ ခင်ဗျားတို့
သန္တာန်မှာ ဝေဒနာကင်းတဲ့အချိန်မရှိဘူး၊ ဝေဒနာ ၃-ခု တစ်ခုခုတော့ ရှိနေတာပဲ၊ အခု ဝေဒနာကို ရှုတော့မယ်
ဝေဒနာ၏ သက်တမ်းဟာ ၁-နဲ့ ၂-ပဲ၊ အဖြစ်နဲ့အပျက်ပဲ ရှိတယ်လို့မှတ်၊ ၁-မှာဖြစ်ပြီး၊ ၂-မှာပျက်တယ်၊ ဝေဒနာ
တွေတစ်ခုခုပေါ်လာတဲ့အခါ၊ ဥပမာ..ခန္ဓာကိုယ်မှာ ယားတာတွေပေါ်လာရင် ယားတဲ့နေရာကလေးကိုစိုက်
ကြည့်၊ တော်တော်ကြာ ယားတာကလေးက ဖြစ်ပြီး ပျက်သွားတာပဲ၊ မရှိတော့ဘူးလို့ သိတယ်၊ မရှိတာကို
အနိစ္စ၊ သိတာကို မဂ္ဂလို့ခေါ်တယ်၊ ဒီမှာ ရှုရမှာက အနိစ္စရှုရမှာ၊ ဝေဒနာရှုလို့ဆိုလိုတာမဟုတ်ဘူး၊ ဘာရှုရ
မယ်ဆိုတာကို နာမည်တပ်ပေးရုံသာရှိတယ်၊ တကယ်တော့ ဝေဒနာရှုရမှာမဟုတ်၊ ဝေဒနာပျက်တာ..အနိစ္စ
ဖြစ်တာကို ရှုရမှာ၊ ဖြစ်ပျက်ကို ရှုရမှာ၊ ရှုခိုင်းတာ။
ရှုပုံလေး ရှင်းပြမယ်၊ ဥပမာ"သုခဝေဒနာ"..ချမ်းသာတာလေး ကိုယ်ပေါ်မှာ ပေါ်တယ်၊ ကိုယ်ပေါ်မှာ ပေါ်တဲ့
ဝေဒနာပဲလို့ မှတ်ထား၊ ဝေဒနာ ကိုယ်ပေါ်မှာ ပေါ်တုန်း ဝမ်းထဲမှာ ရှုတဲ့စိတ်က မပေါ်နိုင်ဘူး၊  သုခဝေဒနာက
ကာယဒွါရ..ကိုယ်ပေါ်မှာပေါ်တယ်၊ ရှုတဲ့စိတ်ကမနောဒွါရ..ဝမ်းထဲမှာ..ဟဒယဝတ္ထုပေါ်မှာ ပေါ်တယ်၊ ဝမ်းထဲ
ကနေပြီး ဟဒယဝတ္ထုပေါ်ကနေ ရှုရတော့၊ ဝေဒနာရှိတုန်း ရှုတဲ့ဉာဏ်က ပေါ်တာ မဟုတ်ဘူး၊ ဝေဒနာမရှိတဲ့
အခါမှပေါ်တာ၊ ထို့ကြောင့် ဝေဒနာမရှိတာကို အရှုခိုင်းတာ၊ ဒါဖြင့် မရှိတာက အနိစ္စ၊ မရှိမှန်းသိတာက မဂ္ဂလို့
မှတ်၊ ဝေဒနာမရှိတဲ့အချိန် ဒီကဉာဏ်က ရှုရတာဖြစ်လို့ ဝေဒနာကို တွေ့တာမဟုတ်၊ မရှိတာကိုတွေ့တာ၊ ဒါ
ဖြင့် ဝေဒနာနုပဿနာဆိုတာ ဆိုင်းဘုတ်ဆွဲတာသက်သက်ပဲ၊ တကယ်တော့ ဖြစ်ပျက်အနိစ္စကို ရှုခိုင်းတာ
ဝေဒနာစတဲ့ ရုပ်နာမ်ဓမ္မတွေဖြစ်ပြီးပျက်၊ ဖြစ်ပြီးပျက်သွားတာတွေဟာ ရှုပ်ယှက်ခတ်နေတာပဲ၊ ဝိပဿနာ ရှု
တဲ့နေရာမှာ အဲဒါတွေကိုကြည့်ကြည့်ပေးရတာပဲ၊ ဒီတော့ ဝိပဿနာ ရှုတာဟူသည် နှောက်ယှက်တာတွေ
ရှုပ်ယှက်ခတ်နေတာတွေကို အရှုခိုင်းတာပဲလို့မှတ်၊ ဟိုနေရာ ကြည်လိုက်လဲ ဖြစ်ပြီးပျက်သွားတာတွေ တွေ့
တာပဲ၊ ဒီနေရာ ကြည့်လိုက်လဲ ဖြစ်ပြီး ပျက်သွားတာတွေပဲ၊ ကြည့်ချင်တဲ့ဆီကြည့်၊ ဖြစ်ပျက်တွေချည်း တွေ့မှာ
ပဲ၊ ဝိပဿနာ ရှုလိုက်တော့ ဖြစ်ပျက်တည်းဟူသော အနှောက်အယှက်တွေချည်း ဉာဏ်ထဲမှာအမြဲတမ်းမြင်
နေရတာပဲ၊ ဝိပဿနာဉာဏ်အောက်မှာ ဖြစ်ပျက်တွေဟာ ရှုပ်နေတာပဲ၊ ရှုပ်ယှက်ခတ်တာတွေဟာ ဒုက္ခတွေ
ဖြစ်တော့၊ ဝိပဿနာ ရှုတယ်ဆိုတာ ဒုက္ခအကြည့်ခိုင်းတာပဲ၊ နိဗ္ဗာန်ဆိုတာ ဒီရုပ်နာမ်ဓမ္မ ရှုပ်ယှက်ခတ်နေ
တာတွေမှ ရှင်းလင်းနေတဲ့ သဘောဖြစ်တော့၊ နိဗ္ဗာန်ဆိုတာ အရှင်းဓာတ် အလင်းဓာတ်ပဲ၊ ဒီတော့ အရှုပ်မြင်
မှ အရှင်းကိုသိနိုင်မယ်၊ သဘောကျနိုင်မယ်၊ အိမ်ဝင်းထဲက အမှိုက်တွေ ရှုပ်ယှက်ခတ်နေတာ မနက်ကျမြူနီ
စီပယ်ကလာသိမ်းသွားလို့ ရှင်းသွားတာကို မြင်ရသလိုပဲ၊ ရှုပ်တာကိုမြင်ပြီးမှ ရှင်းတာကိုသဘောကျမယ်၊ ရှုပ်
တာမြင်မှ ရှင်းတာကြိုက်မယ်၊ ဝိပဿနာဉာဏ်နဲ့ ခန္ဓာကိုယ်ထဲကိုကြည့်လိုက်တော့ ဝေဒနာတွေဟာအခုမွေး
အခုသေ (အခုဖြစ်၊ အခုပျက်) တာချည်းတွေရမယ်၊ ဝိပဿနာ ရှုဖန်များလို့ ဝိပဿနာဉာဏ်ကစိပ်လေလေ၊
ဖြစ်ပျက် အရှုပ်တွေကများလေလေပဲ၊ မိမိခန္ဓာကိုယ်ကို ဝိပဿနာဉာဏ် မှန်ပြောင်းကြီးနဲ့ ကြည်မှ ဒီရုပ်နာမ်
ဓမ္မတွေဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေတာကို မြင်ရမှာ၊ ဒီလို မကြည့်ရင် မမြင်ရ
ဘူး၊ မမြင်တော့ ရှုပ်တာ ရှင်းတာကိုလဲမသိဘူး၊ မသိတော့ ရှုပ်တာကို မကြိုက်ရမှန်း၊ ရှင်းတာကို ကြိုက်ရမှန်း
လဲမသိတော့ဘူး၊ ဒီတော့ ဝိပဿနာမရှုရင် ရုပ်နာမ်ဓမ္မတွေမကောင်းမှန်း၊ နိဗ္ဗာန်ကောင်းမှန်းလဲ မသိတော့
ဘူး၊ မသိရင် နိဗ္ဗာန်ဆိုတာကို ဘယ်သူမှ အိမ်မက်မက်မှာ မဟုတ်ဘူး၊ လိုချင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဝိပ
ဿနာဉာဏ်နဲ့ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပျက်အရှုပ်တွေ ရှုနေခြင်းသည် ဒုက္ခကို ရွံ့မုန်းပြီး နိဗ္ဗာန်လိုချင်တဲ့စိတ်
တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။
ဒီတော့ ဝိပဿနာဉာဏ်နဲ့ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်မှု ပျက်မှု အရှုပ်တွေကိုစိုက်စိုက်မတ်မတ် ရှုနေရမယ်၊ ရှုဖန်
များလာရင် ဒီဖြစ်ပျက်တွေကို မကြည့်ချင်တော့ဘူးဆိုတဲ့ အမြင်ရလာတယ်၊ သို့သော်လဲ ဒါတွေကိုမကြည့်
ချင်ပေမယ့် မှိတ်သာရှု မုန်းလျက်နဲ့ပဲ ပေရှုရတယ်၊ အဲဒီတော့ ခုနက ဖြစ်ပျက် ရှုပ်ယှက်ခတ်တာတွေ မြင်တာ
က ယထာဘူတဉာဏ် ရှုပ်ရှက်ခတ်တာတွေမကြည့်ချင်ပဲနဲ့ ကြည့်နေရတာက နိဗ္ဗိန္ဒဉာဏ်၊ ရှုဖန်များလို့ မိမိ
ခန္ဓာကြီးဟာ မုန်းစရာကြီးပါလားလို့ ဉာဏ်အမြင်ပြောင်းလာရင် ဒါ နိဗ္ဗိန္ဒဉာဏ် ရောက်လာတာပဲ၊ ငြီးငွေ့တာ သန်လေလေ၊ ကောင်းလေလေပဲကွလို့ ဘုရားက ဟောထားတယ်၊ ငြီးငွေ့တာသန်ရင် မလိုချင်တာ မြင်တာ
ပဲကွတဲ့၊ ငြီးငွေ့ပေမယ့်လဲ ပေစိုက်ပြီးရှုနေ၊ နောက်ရှုရာကနေ ဒီခန္ဓာကြီးဟာ ဒုက္ခအစစ်ပါပဲလို့ ဆုံးဖြတ်ချက်
ချလိုက်တဲ့အချိန်မှာ၊ ဖျတ်ဆိုဖြစ်ပျက် (ဆိုတဲ့ ဒုက္ခသစ္စာဟာ) ချုပ်သွားတယ်၊ ချုပ်သွားတော့ ဖြစ်ပျက်တွေမ
တွေ့တော့ဘူး၊ မတွေ့တော့ ဒီနေရာမှာ ဖြစ်ပျက် မရှိတာပဲကျန်တော့တယ်၊ အဲဒီ ဖြစ်ပျက်မရှိတာ (ချုပ်သွား
တာ ဆုံးသွားတာဟာ) ကိုမြင်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ် ပဲ၊ ဖြစ်ပျက်တွေလဲ ချုပ်သွားပါရော ဒီ မဂ်ဉာဏ်ပေါ်
လာပြီး ဖြစ်ပျက်အရှုပ်တွေ ရှင်းလင်းနေတဲ့ နိဗ္ဗာန်ကိုမြင်ရတော့တာပဲ၊ ဖြစ်ပြီး ပျက်တဲ့ တရားတွေဆိုတာ ရုပ်
နာမ်ဓမ္မတွေပဲ (ဝိပါကဝဋ်ပဲ) ဒီရုပ်နာမ်ဓမ္မတွေဟာ ကုသိုလ်ကံ အကုသိုလ်ကံဆိုတဲ့ ကံကြောင့် (ကမ္မဝဋ်
ကြောင့်) ဖြစ်လာတာပဲ၊ ဒီကံဆိုတာ.. ကမ္မဝဋ် ဆိုတာလဲ အဝိဇ္ဇာ တဏှာဆိုတဲ့ ကိလေသာအရင်ခံ ၂-ပါး
(ကိလေသဝဋ်) ကြောင့်ဖြစ်ရတာပဲ၊ ဒီတော့ ရုပ်နာမ်ဓမ္မတွေ ရှုဖန်များလို့ နောက် မုန်းလာပြီး၊ ဒီခန္ဓာကြီးဟာ
ဒုက္ခအစစ်ပါပဲလို့ မြင်လိုက်ပါရော၊ ဖြစ်ပျက် ဒုက္ခသစ္စာလဲ ချုပ်သွားတာပဲ၊  ဒီဖြစ်ပျက် ဒုက္ခသစ္စာကြီး ချုပ်သွား
တာဟာ အရင်းစစ်တော့ အမြစ်မြေကဆိုသလို အကြာင်းဖြစ်တဲ့ (တဏှာ အဝိဇ္ဇာ) ဆိုတဲ့ ကိလေသာချုပ်
သွားလို့ အကျိုးဖြစ်တဲ့ ဒုက္ခချုပ်သွားတာ (တဏှာ နိရောဓာ ဒုက္ခ နိရောဓော ပေါ့) မဂ်ကနေပြီး ခွာ..ပယ်လိုက်
တော့ တဏှာချုပ်သွားတယ်၊ အကြောင်း တဏှာလဲချုပ်ရော အကျိုး ဒုက္ခလဲချုပ်သွားရတာပဲ၊ ကိလေသာ
ဆိုတဲ့ အမြစ်ကြီးကို မဂ်ကဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပင်မနဲ့တူတဲ့ ရုပ်နာမ်တို့၏ ရှုပ်ယှက်ခတ်တာတွေ
ကို မြင်တယ်၊ မဂ်ဉာဏ်ကတော့ ဖြစ်ပျက်အရှုပ်မှ ရှင်းသွားတာကို မြင်တယ်၊ ဒီတော့ မဂ်ဉာဏ်ဟာ ကိလေ
သာ ရုပ်နာမ် အရှုပ်တွေလဲ ရှင်းပစ်တယ် အဲဒါတွေ ရှင်သွားတဲ့ ဆိတ်ငြိမ်ချမ်းသာတဲ့ နိဗ္ဗာန်ကိုလဲမြင်တယ်
မျက်မှောက်ပြုတယ်လို့မှတ်ပါ။                       ။

                                                  ဤကောင်းမှုကုသိုလ်ကံ
                             စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                             ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                         အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။           ။

                                                                                                             အရှင်ဉာဏဓဇ
                                                                                           မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                            အမရပူရမြို့ ။              ။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကံ အကြောင်းရှင်းလင်းဟောကြားသည့် တရားစုများ

တရားတော်အမည် တိုက်ရိုက်နာယူရန် ဒေါင်းလော့ယူရန်
ကံ စေတနာ ကမ္မ၀ါဒီ သဿတဒိဋ္ဌိပယ်ပုံ (၂၅-၁၁-၁၉၅၉) dw
ကံခြောက်မျိုး တရားတော် (၆-၁၂-၁၉၅၉) dw
ကံသည် အနတ္တသဘောဖြစ်ပုံ (၂၀-၁-၁၉၆၀) dw
ကံလေးမျိုးအကြောင်း ရှင်းပြပုံ (၂၄-၃-၁၉၆၀) dw
ကံအမျိုးမျိုးကို အဟောသိဖြစ်အောင် လုပ်နည်းတရားတော် (၄-၂-၁၉၆၁) dw
ကံပေါ်ကို ၀ိပလ္လာသ(၁၂)ပါးအုပ်ချုပ်ပုံ (၂၀-၆-၁၉၆၁) dw
ဝဋ်ကျွတ်၊ ကံဖြတ်တရားတော် (၂၉-၇-၁၉၆၁) dw
ကံဖြတ်၊ တဏှာဖြတ်၊ ၀ဋ်ဖြတ် (၃၀-၇-၁၉၆၁) dw
ကံပြတ်(၁)တရားတော် (၁၄-၈-၁၉၆၁) dw
ကမ္မဿကတ သမ္မာဒိဋ္ဌိနှင့် ၀ိပဿနာသမ္မာဒိဋ္ဌိ ခြားနားပုံ (၁၆-၈-၁၉၆၁) dw
ကံပြတ်(၂)တရားတော် (၁၅-၈-၁၉၆၁) dw
ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ အာသဏ္ဏကံပြောင်းနည်းတရားတော် (၂၁-၁၁-၁၉၆၁) dw
ကံနှင့်တဏှာတွင် တဏှာကပိုအရေးကြီးပုံ (၂၈-၁၁-၁၉၆၁) dw
ကံပေါ်တွင် တဏှာအုပ်ချုပ်နေပုံ (၁၈-၁၂-၁၉၆၁) dw
ကံကိုအတ္တစွဲလမ်းထားကြပုံ တရားတော် (၂၆-၄-၁၉၆၂) dw
ပဉ္စနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိကံက ပို၍ကြောက်စရာကောင်းပုံ(၁) (၂၇-၅-၁၉၆၂) dw
ပဉ္စနန္တရိယကံထက် မိစ္ဆာဒိဋ္ဌိကံက ပို၍ကြောက်စရာကောင်းပုံ(၂) (၂၈-၅-၁၉၆၂) dw
ကံလေးမျိုးတရားတော် (သေနိယနှင့်ပုဏ္ဏ) (၂၉-၁၂-၁၉၅၇) dw
ကံအမိ ကံအဖမှ ဉာဏ်အမိ ဉာဏ်အဖသို့ ကူးပြောင်းရန်တရားတော် (၁၇-၄-၁၉၆၀) dw

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မြင်၊ကြား၊နံ၊စား၊ထိ၊သိ၊တိုင်း၊ဖြစ်ပျက်ရှုနည်း

ရခဲလှတဲ့"ဒုလ္လဘ တရား ၅-ပါး"မှာ ဘဝတိုင်း ဘဝတိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှုရှိချင်မှရှိမယ်၊ ဒါကြောင့်
ယခုအခါ သဒ္ဓါတရားနဲ့ ပြည့်စုံတုန်းမြန်မြန် မဂ်ဉာဏ်ရအောင်လုပ်ပါ၊ သေမှာကို ကြောက်ရင် မဂ်ဉာဏ်
ကိုရအောင်ယူ၊ မဂ်ဉာဏ်ကိုရရင် သေမင်းမမြင်နိုင်တော့ဘူး၊ သေမင်းရှာမတွေ့နိုင်တော့ဘူး၊ ဒါကြောင့်
ဝိပဿနာအလုပ်ကို မလုပ်ဘဲနေနေရင် နင်သေချင်လို့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ၊ မသေချင်ရင် ခန္ဓာ
၅-ပါးအပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုပေတော့၊ ဘုန်းကြီးတရားကိုတော့ ကုသိုလ်
ရချင်ရုံနဲ့ မနာကြနဲ့ ရအောင်လုပ်ကြပါ။ ဝိပဿနာရဲ့ အကျိုးကျေးဇူးများပုံကို ပြောပြရဦးမယ်။
ဘုရားရှင်လက်ထက်က ဘိက္ခူနီမ ၅၀၀-က သွန်သင်းဆုံးမပါဦးဘုရားလို့ လျှောက်ထားထာနဲ့၊ အရှင်နန္ဒက
ဟောကြားဆုံမတယ်၊ သူဟောကြားဆုံးမတဲ့တရားကတော့၊ ကိုယ်ရယ်၊ လေရယ်၊ နေရယ်၊ ဒီ ၃-ခုရှိနေမှ
"ဖဿ"ဆိုတဲ့ တွေ့ထိမှုဖြစ်ပေါ်လာတယ်၊ အခံဓာတ်၊ အဖိဓာတ်၊ အထိဓာတ်လို့ခေါ်တယ်၊ ဒီ ၃-မျိုးကြောင့်
အပေါ်ဓာတ် ပေါ်လာတယ်။ ဒီပေါ်လာတဲ့ အပေါ်ဓာတ်ဟာ အကြောင်း ၃-မျိုးကြောင့်ပေါ်လာတာ၊ ဝေဒနာ
ပေါ်လာတာ အကြောင်းကြောင့် ပေါ်တာ၊ ရေ၊ မြေ၊ လေ၊ နေတို့နဲ့ လွတ်အောင်မနေနိုင်တော့ဘူး၊ ၎င်းတို့
နဲ့ တွေ့ရင် ဝေဒနာ ပေါ်ရမယ်၊ မွှေးတယ်၊ နံတယ်၊ အေးတယ်၊ ပူတယ်၊ ဆိုတာဝေဒနာတွေပဲ၊ ခန္ဓာကိုယ်
ထဲက ဖြစ်ပေါ်လာတဲ့"ကာယ ဖောဋ္ဌဗ္ဗ ဖဿ ဝေဒနာ"(ကိုယ်၊ တွေ့ထိဖွယ်၊ တွေ့ထိမှု၊ ခံစားရမှု၊ )ပေါ်တိုင်း
ဖြစ်ပျက်ရှုပေးလို့၊ အရှင်နန္ဒက ဟောလိုက်တယ်၊ ဥပမာပြရရင် မီးထွန်းတဲ့အခါ ဆီ၊ မီးစာ၊ မီးတောက်၊ ဒီ
၃-ခုပေါင်းမှ အလင်းရောင်ထွက်လာတာလိုပဲ၊ ဝေဒနာဟာ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရတဲ့
အနတ္တ တရားတွေပဲလို့ ဝေဒနာပေါ်တိုင်း ဖြစ်ပျက်ကိုသာ ရှုကြပေတော့။
စိတ်တစ်မျိုး တစ်မျိုးပေါ်တိုင်းလဲ ဖြစ်ပျက်ရှု၊ ရုပ်ကလေးတစ်မျိုးတစ်မျိုး ပြောင်းလဲတိုင်းလဲ ဖြစ်ပျက်ရှုပါ၊
ခင်ဗျားတို့ အဖို့ အဘွားတွေ ဘယ်ရောက်ကုန်သလဲလို့ မေးရင် အနိစ္စ ရောက်ကုန်ပြီလို့ပြောကြပါမယ်၊
ခင်ဗျားတို့လဲ အနိစ္စတွေက မွေးခဲ့လို့ အနိစ္စတွေပဲ၊ ခင်ဗျာတို့က မွေးမယ့် ကလေးတွေလဲ အနိစ္စပဲ၊ သူတို့
ကတစ်ဆင့်မွေးမှာလဲ အနိစ္စချည်းပဲ။ ဒါကြောင့် မြင်၊ ကြား၊ နံ၊ စား၊ ထိ၊ သိ တိုင်းဖြစ်ပျက်ရှုပါ၊ ဖြစ်တာလဲ
ဒုက္ခ၊ ပျက်တာလဲ ဒုက္ခလို့ မြင်အောင်ရှုပါလို့ ရှင်နန္ဒက ဟောပြတော့ ဘိက္ခူနီမ (ရဟန်းမ) ၅၀၀-ဟာ
သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ အသီးသီးဖြစ်ကုန်ကြတယ်၊ ဒါကြောင့်ဝေဒနာရှုရင် တဏှာကုန်တယ်၊ တဏှာကုန်ရင် နိဗ္ဗာန်ရောက်တော့တာပါပဲ။
ရှုပုံရှုနည်းချည့် ဟောနေပါတယ်၊ ရှုပုံရှုနည်း နားလည်တဲ့ လူတွေများပြီ၊ ဒီ"ဖဿဝေဒနာ"တို့ဟာရောနေ
တော့၊ တစ်ခုရှုရင် အကုန်ပါတော့တာပဲ၊ ဝိပဿနာအရာမှာ စိတ်ပေါ်ပေါ် ဝေဒနာပေါ်ပေါ် ဖြစ်တာနဲ့ ပျက်
တာလို့သာ ရှုပေးဖို့လိုပါတယ်၊ ကိုယ်ပေါ်မှာ သုခ ပေါ်ပေါ်၊ ဒုက္ခ ပေါ်ပေါ်၊ ဖြစ်တာနဲ့ပျက်တာပဲ ပေါ်တာပါ၊
ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ စိတ်စေတသိက်၊ ရုပ်တွေကိုလဲ ပေါ်လာတိုင်းပေါ်လာ
တိုင်းသာစောင့်ရှုပါ၊ ရှုရင်ရွံ့စရာ မုန်းစရာတွေပါကလားလို့ ငြီးငွေ့တဲ့စိတ်တွေပေါ်လာတော့တာပါပဲ၊ ဖြစ်
ပျက်ကိုသာ ရှုဖန်များလာရင် ဉာဏ်တွေအဆင့်ဆင့် ရင့်သန်လာပြီး ဒီ ခန္ဓာကြီးကို မလိုချင်တော့ဘူး၊
ရွံ့မုန်းလာပြီး ခန္ဓာရဲ့လွတ်ရာလွတ်ကြောင်းကို သူကြံစည်တော့တာပဲ။ ဒါဟာ ဒုက္ခပိုင်းခြားသိတဲ့ဉာဏ်ပဲ၊
ဖြစ်ဖြစ်သမျှဟာ ဒုက္ခတွေချည့်ဖြစ်နေလို့ ဖြစ်ပျက်ကိုသာရှု၊ ဖြစ်ပျက်မှ တစ်ပါး ဘာမျှမရှိဘူး၊ ဖြစ်ပေါ်ပြီး
ပျက်တာချည်းပဲ၊ ဒါကြောင့် ဖြစ်ဒုက္ခ ပျက်ဒုက္ခသာရှုကြ၊ သတိ ပညာနှင့် ရုပ်ပျက် နာမ်ပျက်တို့ကို ကြည့်
ရှုနေလို့ ဖောက်ပြန်ပျက်စီးပြီးနေတာပါကလားလို့ သိလားပြီး ဒုက္ခသစ္စာကို ပိုင်းခြားသိလာရင် မဂ်ဉာဏ်
ပေါ်လာတော့တာပဲ။ 
မြတ်စွာဘုရားသခင်က ဟောတယ်၊ ဝိပဿနာ မရှုသောသူဟာ အပါယ်ငရဲဘေးတွေနဲ့တွေ့ရမယ်၊ သေခါ
နီး သား သမီး လင်မယား ပစ္စည်းခင်တွယ်တာတွေကြောင့် အပါယ်ဘေးနဲ့ နီးလွန်းလှတယ်၊ ဒါကြောင့်
ဝိပဿနာဉာဏ်က မဂ်ဉာဏ်ကိုရအောင်ရောက်အောင်လုပ်ကြရမယ်၊ ဝိပဿနာ ဉာဏ်က မဂ်ဉာဏ်ကူး
မှာ အပါယ်ငရဲဘေးမှလွတ်ကြမယ်၊ သောတာပန်များဟာ သေရမှာမကြောက်ကြတော့ဘူး၊ အပါယ်ငရဲ
ဆိုတဲ့အောက်သံသရာဘေး မကျရောက်တော့လို့ မကြောက်ကြတာ၊ မဂ်ဉာဏ်ရောက်မှ ဒီဘေးကလွန်
ပြီး(လွတ်ပြီး) လားရာဂတိမြဲမယ်။ ဘုရားတောင်မှ တရားကျင့်မှ ဘုရားဖြစ်ရတယ်၊ ဘုရားတောင် တရား
ကို ပူဇော်ကိုးကွယ်သေးတယ်၊ ရှေးတုန်းက တက္ကသိုလ်ပြည့်ရှင် ပက္ကုသာတိ မင်းကြီးဟာ ဤတရား ရတ
နာကို ရတနာအမှန်ဧကန်ဖြစ်ကြောင်း သိသဖြင့်ထီးနန်းကိုစွန့်ပြီး တက္ကသိုလ်ကခွာ၍ ဘုရားရှင်ထံ
အရောက်သွားရန် ရည်းမှန်းပြီး ၁၉၂-ယူဇနာဝေးတဲ့ ခရီးခဲကြီးကို ထီးမဆောင်းဖိနပ်မစီးဘဲ ဇွဲကြီးစွာဖြင့်
ဒုက္ခအမျိုးမျိုးခံလျက် သွားလေရာ ရာဇဂြိုလ်ပြည်၌ ဘုရားရှင်ထံမှောက်ရောက်ပြီး တရားနာယူကျင့်သုံး
တာနဲ့ ကျွတ်တမ်းဝင်းသွားတယ်၊ ဒီတော့အဲဒီ ပက္ကုသာတိမင်းကြီး ကိုနှလုံးမူပြီး မင်းတို့ကြိုးစားကြပါလို့
သတိပေးပါတယ်။
အဲဒီ ပက္ကုသာတိ မင်းကို ဟောတဲ့တရားကတော့၊ ပထဝီဓာတ်၊ အားပေါဓာတ်၊ တေဇောဓာတ်၊ ဝါယော
ဓာတ်၊ အာကာသဓာတ်၊ ဝိညာဏဓာတ် လို့ဓာတ်ခြောင်ပါးရှိတယ်၊ ဓာတ်ဆိုတာ သူ့သဘောသူလုပ်၊ သူ့
သဘော သူဆောင်တာပဲ၊ လူတို့ရဲ့သဘောကို မလိုက်ဘူး၊ သတ္တဝါဆိုတာ ဒီဓာတ် ၆-ပါးအစုအဝေးကြီးပဲ။
 ဒီဓာတ် ၆-ပါးဟာသူ့သဘောအတိုင်း ဖြစ်ပေါ်လာပြီး ပျက်သွားတာပဲ၊ သူ့သဘော သူဆောင်တာပဲ၊ ဒီလို
ဓာတ် ၆-ပါးရဲ့ဖြစ်ပျက် သဘောကိုမြင်အောင်ရှု၊ သတ္တဝါဆိုတာ ဓာတ်ကောင်၊ ဓာတ်စု၊ ဓာတ်ခဲပါလား၊
သူ့သဘော သူ ဆောင်နေတာပါလား၊ မိမိအလို မလိုက်ပါကလား၊ အစိုးမရပါကလား၊ အနတတ္တတရား
ပါကလား လို့ဓာတ်တွေရဲ့ ဖောက်ပြန် ပျက်စီးယိုယွင်း ပျက်စီးနေပုံကို အထပ်ထပ် ဆင်ခြင် မပြတ်မလပ်
ထင်မြင်လျှင် ပက္ကုသာတိမင်းကြီးလို မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရမှာမို့၊ ဓာတ် ၆-ပါးကိုသာ ဖြစ်ပျက်ရှုကြပေ
တော့ ဒကာ ဒကာမတို့။      ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                            ပင်မသံဝေဇနိယဌာန
                                                                 အမရပူရမြို့ ။              ။

Friday, February 8

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်း

၁။ ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး အလောင်းလျာကို ဗဒုံမင်းတရားကြီး၏ ဥယျာဉ်တော်ရွာနေ ဦးအောင်ထွန်း၊ ဒေါ်ရွှေအိတ်တို့မှ ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့လည် ၂နာရီ ၃၀မိနစ်တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူပါသည်။ ငယ်မည်မှာ မောင်လှဘော်ဖြစ်ပြီး မွေးချင်း ၈ ဦးရှိပါသည်။
၂။ ၁၂၆၉ ခုနှစ်တွင် ဥယျာဉ်တော်ရွာ ဂွေးပင်တောရ ဆရာတော် ဦးဇာဂရ ထံတွင် ရှင်ဝိမလအမည်ဖြင့် ရှင်သာမဏေပြုပါသည်။
၃။ ၁၂၇၂-ခုနှစ်တွင် ကိုရင် ၀ိမလ၏ သင်္ကန်းကို ကြိုးတန်း၌ လှန်းထာစဉ် ပျားများအုံဖွဲ့၍ နိမိတ်ထူးပြခဲ့ပါသည်။
၎။ ၁၂၈၇ ခုနှစ်တွင် အမရပူရမြို့ရှိ မင်္ဂလာကျောင်းတိုက်၊ တိုက်အုပ် ဆရာတော် ဦးသုဇာတ ထံတွင် ပရိယတ္တိစာပေကို သင်ယူခဲ့ပါသည်။
၅။ မင်္ဂလာတိုက်အနီးရှိ ဇရပ်ကြီးတွင် အဘိဓမ္မာပါရဂူ ပထမကျော် ဆရာကြီး ဦးအုန်းထံတွင် အဘိဓမ္မာည၀ါ စာပေများကို ဆက်လက်သင်ယူခဲ့ပြီး သာမဏေဘ၀ကပင် အဘိဓမ္မာကျမ်းဂန်များကို ကောင်းစွာ တတ်မြောက်ခဲ့ပါသည်။
၆။ ၁၂၈၁- ခုနှစ်တွင် မင်္ဂလာကျောင်းတိုက်၊ တိုက်အုပ်ဆရာတော် ဦးသုဇာတကို ဥပဇ္ဈာယ်ဆရာပြု၍ ရဟန်းအဖြစ်ကို ခံယူတော်မူပါသည်။
၇။ ရဟန်းအဖြစ်ကို ရောက်ရှိပြီးနောက် သိမ်မှထွက်၍ မင်္ဂလာကျောင်းတိုက်အတွင်းရှိ မိမိနေထိုင်ရာ မကုဋကျောင်းသို့ ပြန်ပြီး ချွေးစိုနေသည့် သင်္ကန်းကို တန်းပေါ်၌ လှန်းထားစဉ် ပျားများအုံဖွဲ့ကာ ဒုတိယ အကြိမ် စွဲပြန်ပြီး နိမိတ်ထူးပြခဲ့ပါသည်။
၈။ စာပေသင်ကြားမှုကို အားရ တင်းတိမ်ခြင်းမရှိဘဲ ကျမ်းတတ် အကျော်ဆရာတော်ကြီးများဖြစ်သည့် (၁) ခေမာသီဝံဆရာတော်၊ (၂) ဘုရားကြီးတိုက် ဆရာတော် ဦခန္တီ (၃) ရွှေရေးဆောင်တိုက် ဆရာတော် အရှင် အာဒိစ္စရံသီတို့ထံ၌ ပရိယတ္တိစာပေကို ဆက်လက် သင်ယူခဲ့ပါသည်။
၉။  ၁၂၈၂ ခုနှစ်တွင် မိုးကုတ်မြို့မှ သီလရှင် ဒေါ်ဝိစာရီက ရဟန်းအစ်မပြု၍ ဒုတိယအကြိမ် သိမ်ထပ်တော်မူပါသည်။
၁၀။  ဦးဝိမလသည် မင်္ဂလာတိုက်အတွင်းရှိ အလယ် ပိဋကတ်တိုက် ကျောင်းအသစ်ကြီးတွင် သီတင်းသုံးပြီး မြန်မာပြည် တစ်ခွင်မှ စာသင်သားများစွာတို့အား အနှစ် ၃၀ တိုင်အောင် အဘိဓမ္မာဆိုင်ရာ `မာတိကာ ဓါတုကထာ ယမိုက်ပဋ္ဌာန်း´ အစရှိသည့် ကျမ်းကြီးများကို တစ်နှစ်လျှင်  သုံးခေါက်ပို့ချခဲ့ပါသည်။ ခန္ဓာဉာဏ်ရောက် တရားများကိုလည်း ဟောကြားခဲ့ပါသည်။
၁၁။ ၁၂၈၇ ခုနှစ်တွင် ဆရာကြီး ဦးအုန်း ကွယ်လွန်သွားသဖြင့် အပြီး မသတ်ခဲ့သော "အဘိဓမ္မာည၀ါတံခွန်" ကျမ်းကြီးကို ဆက်လက်ပြုစုခဲ့ပါသည်။ ထို့ပြင် "ယမကမဉ္စရီကျမ်းနှင့် ပုထုဇ္ဇနအလင်းပြကျမ်း" တို့ကို ပြုစုခဲ့ပါသည်။
၁၂။ အောင်ခြင်းရှစ်ပါး ဆရာတော်၏ ဆုံးမဩ၀ါဒ ပေးမှုကို ခံယူကာ မိမိရဟန်းကိစ္စပြီးရေးကို အနည်းငယ်သာ ကျိန်းစက်၍ သန်းခေါင်ချိန်မှစပြီး သဒ္ဓါနှင့် ၀ီရိယကို စွဲကိုင်လျက် ၀ိပဿနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်တော်မူပါသည်။ ဆရာတော်သည် အချိန်ကို လေးစား တိကျစွာ လုပ်ဆောင်လေ့ရှိပါသည်။
၁၃။ ၁၂၉၂ ခုနှစ်တွင် လယ်တီစာချ ဓမ္မကထိက ဦးပဒုမ မကျန်းမာ၍ ၎င်းကိုယ်စား ညောင်းလေးပင်မြို့၊ ပြည်လုံးချမ်းသာ ဗုဒ္ဓပူဇနိယ သဘင်၌ အဘိဓမ္မာတရားများကို ဟောကြားတော်မူခဲ့ပါသည်။ ၉ နှစ်တိုင်တိုင် ဆက်လက် ချီးမြှင့်ခဲ့ပါသည်။
၁၄။ ၁၂၉၄ ခုနှစ်မှစ၍ ၁၃၀၃ ခုနှစ်အထိ မိုးကုတ်မြို့တွင် တရားဓမ္မများကို ပို့ချပြီး ၀ါဆိုခါနီးမှ အမရပူရမြို့သို့ ပြန်ကြွလေ့ရှိပါသည်။
၁၅။ စစ်ကာလအတွင်း၌ မိုးကုတ်မြို့ ဘော်ဘတန်းရွာတွင် သီတင်းသုံးပြီး ဝိပဿနာတရားကိုသာ အားထုတ်နေခဲ့ပါသည်။
၁၆။ စစ်ကြီးပြီးသော် အမရပူရမြို့၌ ၀ါတွင်း ကာလပတ်လုံး သီတင်းသုံးပြီး ပရိယတ်စာပေပို့ချမှုကို ၁၃၁၆ ခုနှစ်မှစ၍ မပြုတော့ဘဲ တရားဟောမှုကိုသာ ပြုခဲ့ပါသည်။
၁၈။ ၁၃၁၇ ခုနှစ်တွင် မန္တလေးမြို့တွင် တရားဓမ္မများကို နှစ်စဉ် ကြွ၍ ချီးမြှင့်တော်မူခဲ့ပါသည်။
၁၉။ ၁၃၂၄ ခုနှစ်၊ ၀ါဆိုလဆန်း ၅ ရက်နေ့တွင် `အဂ္ဂမဟာပဏ္ဍတ´ ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်အစိုးရ သာသနာရေးဌာနမှ ဆက်ကပ်လှူဒါန်းပါသည်။
၂၀။ ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၄)ရက်တွင် (ခရစ် ၁၉၆၂-ခု အောက်တိုဘာ လ ၁၇-ရက်) ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ (၁) နာရီ၊ မိနစ်(၂၀)အချိန်တွက် ခန္ဓာဝန် ချုပ်ငြိမ်း၍ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ နောက်ဆုံး မိန့်ဟဩဝါဒတော်
(နေ့ ၁-နာရီ၊ ၁၅ -မိနစ်)
"ခန္ဓာရှိတဲ့သူတိုင်း ခံစားရမည့် ဝေဒနာတွေကို ကျော်လွန်အောင် (ဝေဒနာဖြစ်ပျက်တို့ရဲ့ အဆုံးကို တွေ့အောင်) ရှုကြ၊ မမေ့မလျော့နေရစ်ကြ…"။
သပိတ်သွတ်လွတ်မူမှလွတ်အောင်လုပ်ပါ၊ ကံထက်ချိန်ဉာဏ်ထက်ချန် လေကီကာမဂုဏ်နဲ့ အချိန်မကုန်ပါနဲ့
ပရိတ်ရွတ်၍၎င်း..ကမ္မဝါညှပ်၍၎င်း..နှင့်ထုတ်ခံရသူမဖြစ်စေနဲ့
၂၁။ ၁၃၂၄ ခု၊ ပြာသိုလပြည့်နေ့တွင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိဟ်ရာ - ရုပ်ကလာပ်တော်၏ ထူးခြားချက် (၁၅)ချက်မှာ -
၁။ ရုပ်ကလာပ်တော် ဆေးသွင်းရာတွင် သွေးစိမ်းများ အထက်သို့ (၄)လက်မခန့် ထောင်၍ ပန်းထွက်ခြင်း၊ ထို့နောက် ရုပ်ကလာပ်တော်ကို (၇)ရက်တိုင်တိုင် နေ့စဉ် ဆေးထိုးတိုင်း သွေးစိမ်းများထွက်ခြင်း။
၂။ ရုပ်ကလာပ်တော်မှာ ဆေးသွင်းစက ညိုမည်းသွားသော်လည်း တဖြည်းဖြည်းအသားတော်မှာ သက်တော်ရှိစဉ်ကကဲ့သို့ ဝင်းထိန် တောက်ပလာခြင်း။
၃။ ရုပ်ကလာပ်တော်၏ အသားတော်များမှာ သက်တော်ရှိစဉ်ကကဲ့သို့ ပျော့ပျောင်း၍ နေခြင်း။
၎။ သက်တော်ရှိစဉ်က ချခဲ့သော ဆံတော်များ ဓာတ်တော်ကဲ့သို့ လုံးသွားခြင်း။
၅။ ရုပ်ကလာပ်တော်မှ ခြေသည်း၊ လက်သည်းများ ရှည်ထွက်လာခြင်း။
၆။ ရုပ်ကလာပ်တော်မှ ဆံတော်များ ရှည်ထွက်ခြင်း။
၇။ ရုပ်ကလာပ်တော်ကို ဗဟို စံကျောင်း မဏ္ဍပ်မှ ဦးကျော်သိန်း၊ ဒေါ်တင်လှတို့၏ မဏ္ဍပ်သို့ ပင့်ဆောင်လာစဉ် များလှစွာသော လူအုပ်ကြီးအပေါ်မှ မြောက်မြားစွာသော ပျားကောင်များသည် ဤရုပ်ကလာပ်တော်ကို ပူဇော်ဖူးမြော်လျက် ပင့်ဆောင်လာသော လမ်းစဉ်အတိုင်း ပျံသန်းလိုက်လာပြီး ရုပ်ကလာပ်တော်ထားရှိသည့် မဏ္ဍပ်မုခ်ထိပ်တွင် ဝင်ရောက်စွဲအုံကြခြင်း။
၈။ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိဟ်ရာ အချိန်ကြာမြင့်စွာ မီးမစွဲဘဲ ကျိန်းစက်ဘိသကဲ့သို့ စင်းစင်းပင် တည်ရှိခြင်း။
၉။ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိဟ်ရာ မီးစွဲလောင်သော်လည်း ရုန်းခြင်း၊ ကွေးခြင်း၊ မရှိဘဲ ပကတိ ကျိန်းစက်သကဲ့သို့ တည်ရှိခြင်း။
၁၀။ မီးသင်္ဂြိဟ်စဉ် ရုပ်ကလာပ်တော်မှ မကောင်းသော အနံ့များ မထွက်ခြင်း။
၁၁။ မီးသင်္ဂြိဟ်စဉ်က ကောက်ယူထားသော အရိုးတော်များမှာ တဖြည်းဖြည်း ဓာတ်တော်များ ဖြစ်လာခြင်း။
၁၂။ မီးသင်္ဂြိဟ်ပြီးနောက် အုတ်ပလ္လင်မှ အရိုးတော်တစ်ပိုင်း ဓာတ်တော်တစ်ပိုင်း ရရှိခြင်း။
၁၃။ မီးသင်္ဂြိဟ်ပြီးနောက် အုတ်ပလ္လင်ဖျက်ပြီးမှ အရောင်စုံ အရွယ်စုံ ဓာတ်တော်များ ရရှိခြင်း။
၁၄။ မီးသင်္ဂြိဟ်ပြီးနောက် သက်တော်ရှိစဉ်သကဲ့သို့ အကြည်ဓာတ် မပျက် မီးမခဘဲ မျက်လုံးတော် ကျန်ရှိခြင်း။
၁၅။ မီးသင်္ဂြိဟ်ပြီးနောက် ချိတ်ဆက်ဖြစ်သော လက်ဆစ်ရိုးတော်များ ရရှိခြင်း။
တို့ဖြစ်ကြပါသည်။

                         အရှင်ဉာဏဓဇ
          မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                   ပင်မသံဝေဇနိယဌာန
                           အမရပူရမြို့ ။             ။

Saturday, February 2

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတော်စာအုပ်များ


တစ်ဘဝသာသနာ(pdf ဖြင့် ဖတ်လို့ရအောင် ပြုပြင်ထားပြီး) မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့် ကျင့်စဉ် မိုးကုတ်ဝိပဿနာ ပဏာမအရသာ

23

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ အမေးနှင့် အဖြေ (အကျဉ်းချုပ်) မိုးကုတ်ဝိပဿနာ အခြေခံတရား၊ အနှစ်သာရ(ဦးကံညွှန့်) မိုးကုတ်ယောဂီလက်စွဲ (အမှတ်-၁)



သုညတ တရား သစ္စာလေးပါး တရားတော်(အမှတ်-၅) သစ္စာလေးပါး တရားတော်(အမှတ်-၆)



သစ္စာလေးပါး တရားတော်(အမှတ်-၁၂) သစ္စာလေးပါး တရားတော်(အမှတ်-၂၇) သစ္စာလေးပါးတရားတော်(အမှတ်-၃၆)



ဒါနခန်း မဂ္ဂင်အလုပ်မှတစ်ပါး ကယ်မယ့်သူမရှိ ဝေဒနာခွာနည်း


သောတာပန်ဖြစ်ဖို့နှစ်ချက် ဇော(၇)ကြိမ်အကျိုးပေးတရားတော် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများဟောခဲ့သည့် တရားတော်များ(ဦးကံညွှန့်)



ဉာတပရိညာ မိုးကုတ်ယောဂီလက်စွဲ (အမှတ်-၂) သစ္စာလေးပါးတရားတော်(အမှတ်-၁၇)



ဘုရားဝါဒနှင့် အလုပ်စဉ် ဝိသာခနှင့် ဓမ္မဒိန္နာ အမေး၊အဖြေများ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ



Copyright