၁။ ယောနိသောမနသိကာယ အသင့် အတင့် နှလုံးသွင်မှန်
မှ ဒုက္ခပရိညေယျ ဒုက္ခကိုပိုင်းခြား၍ သိမည်။
၂။ ဒုက္ခကို ဒုက္ခဟု ပရိညေယျပိုင်းခြား၍ သိမှသာလျှင်
သမုဒယ ခန္ဓာခင်မှုသေမည်။
၃။ ခန္ဓာခင်မင်မှု သမုဒယသေမှသာလျှင် သန္တိသုခ ပေါ်မည်။
၎။ သန္တိသုခ ဟူသည့် တည်ရှိချမ်းသာပေါ်မှသာ
နောင်တဖန်မဖြစ်ဘဲ ဇာတိချုပ်မည်။
၅။ ဘဝဇာတိချုပ်အောင် အကြောင်းအကျိုးနားလည်ရမည်။
၆။ အကြောင်းအကျိုးနားလည်က အဟေတုက ဒိဋ္ဌိသေသည်။
၇။ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲဟု နားလည်လျှင်
ဥစ္ဆေဒဒိဋ္ဌိသေသည်။
၈။ အကြောင်းချုပ်လို့ အကျိုချုပ်တာပဲဟုသိလျှင်
သက္ကာယ ဒိဋ္ဌိသေသည်။
၉။ အဖြစ်မသိတော့ ဥစ္ဆေဒသမားက နိဗ္ဗာန်မကြိုက်။
၁၀။ အပျက်မသိတော့ သဿတသမားက နိဗ္ဗာန်ရှာမတွေ။
၁၁။ ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံ နားလည်မှသာလျှင် ဒုက္ခသစ္စာကိုနားလည်သည်။
၁၂။ ပဋိစ္စသမုပ္ပါဒ်ပျက်ပုံ နားလည်မှသာလျှင် မဂ္ဂသစ္စာကိုနားလည်သည်။
၁၃။ မဂ္ဂသစ္စာနားလည်သွားတော့မှ နိရောဓသစ္စာ အလိုလိုဝင်းလားမည်။
၁၄။ နိရောဓသစ္စာ ဝင်လာတော့မှ နိဗ္ဗာန်ကိုသဘောကျမည်။
၁၅။ နိဗ္ဗာန်ကို သဘောကျတော့မှ ဒိဋ္ဌိအသိနှင့်ပြုတ်မည်။
၁၆။ ဒိဋ္ဌိအသိနှင့်ပြုတ်ပြီးမှ အပွားနှင့်ဖြုတ်လို့ရသည်။
၁၇။ ပွားမှုနှင့် ဖြုတ်လိုက်တော့မှ ခန္ဓာတွင်စွဲဝင်နေသော ဒိဋ္ဌိအားလုံး
ကင်းစင်သွားသည်။
၁၈။ ဒိဋ္ဌိအားလုံး ကင်းစင်သွားမှသာလျှင် မဟာသောတာပန် တည်နိုင်သည်။
၁၉။ မဟာသောတာပန် တည်ပြီးမှသာလျှင် အပါယ်လေးပါးနှင့် ငရဲဘေးဆိုး
ကြီးမှ ကင်းလွတ်စိတ်ချရမည် ယောဂီတို့။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
No comments:
Post a Comment