Friday, March 14

မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော်များမှ

" မျက်လုံးပြောင်းပြီး သတိနဲ့နေလျှင်
မသေရာရောက်မယ် "
# ပကတိမျက်လုံး( သို့ )ရိုးရာမျက်လုံး
အစား ဥာဏ်မျက်လုံး ပြောင်းပါ။
# အရိယာမျက်လုံး တပ်ရမှ ကြွေးကြေ
မယ်-
* ပကတိမျက်လုံး နဲ့ဆိုရင် အကုသိုလ်
ကုသိုလ် အကျိုးတွေ လိုက်နေအုံးမှာပဲ။
# ပကတိမျက်လုံး နဲ့ဆိုရင်-
ပုဂ္ဂိုလ် သတ္တဝါ ပဲမြင်မယ်
* အရိယာမျက်လုံး နဲ့မှ
ဒုက္ခသစ္စာ ကို မြင်မယ်။
@ မှန်ကန်တာ အောင်းမေ့တာ
သမ္မာသတိ
ဝီရိယ လွန်ရင် ပျံ့လွင့်တတ်တယ်
ပညာလွန်ရင်ကောက်ကျစ်တတ်တယ်
သမာဓိလွန်ရင် ထိနမိဒ္ဓ ဝင်တတ်တယ်
သတိသည် ဘယ်သောအခါမှ လွန်
တယ်ဆိုတာမရှိ ပိုတာမရှိ လိုတာသာ
ရှိတယ်။
@ သတိ သည် ဆား နဲ့တူတယ်
ဝိပဿနာ လုပ်ရင် သတိ သည်
အရေးအကြီဆုံး
ဟင်းချက်လျှင် ဆား ပါမှဟင်းကောင်း
ရသလို
ဝိပဿနာ အားထုတ်လျှင်လည်း
သတိ ရှိမှ ပေါက်မြောက်မှာ
@ သတိ မရှိလျှင် မေ့မှု့ အဝိဇ္ဇာ
ရောက်မယ်
အဝိဇ္ဇာ ဖြစ်လျှင် ဘယ်အခါကာလမှ
ခရီးမရောက်
သတိ မရှိလျှင် ဘယ်တော့မှ
အလုပ်မဖြစ်
' သတိ ' သည် နေရာတိုင်းမှာလိုတယ်
# မမေ့တာက သတိ
မေ့တာက အဝိဇ္ဇာ
မဂ္ဂင် ( ၈ )ပါးတွင် သတိ သည်
အရေးအကြီးဆုံး
* မေ့လျှော့ခြင်းသည်
အဖန်ဖန် သေခြင်းအကြောင်း
* မမေ့လျှော့ခြင်းသည်
မသေခြင်း၏ အကြောင်း
( မိုးကုတ်ဆရာတော်ဘုရားကြီး)

No comments:

Post a Comment