သီလ လုံခြုံရုံမျှနဲ့ မတင်းတိမ်ပါနဲ့။
ဗဟုသုတများရုံမျှနဲ့လည်းမတင်းတိမ်ပါနဲ့။
သမာဓိအားကောင်းရုံမျှနဲ့လည်း မတင်းတိမ်ပါနဲ့။
ဆိတ်ငြိမ်ရာနေနိုင်ရုံမျှနဲ့လည်းမတင်းတိမ်လိုက်ပါနဲ့။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးက ကုန်ကုန်ပြောမယ်ကွာတဲ့l အနာဂါမ်ဖြစ်ရုံမျှနဲ့တောင် မတင်းတိမ်လိုက်ပါနဲ့တဲ့။
ကိလေသာဟူသမျှကျင်ကြီးကျင်ငယ်လို့မှတ်ပါ။
ကိလေသာတွေ တစ်ကိုယ်လုံးပျံ့နှံ့နေပါလျက်နဲ့ အဆင်း အသံ အနံ့ အရသာ ထိတွေ့စရာတည်းဟူသော အာရုံငါးပါးနဲ့တိုးတာ ဆူးတောတိုးတာလို့မှတ်ပါ။
အဲဒီအခါ ခင်ဗျားတို့မှာ တဏှာ ဥပါဒါန်တည်းဟူသော အနာမန်းတွေ ထွက်ကျလာပါလိမ့်မယ်။
ငါသွားမယ့်နေရာသည် ကိလေသာတိုးပွားမယ့်နေရာလား ငြိမ်းမယ့်နေရာလားလို့စဉ်းစားပြီးမှသွားပါ။
တဏှာကြိုးနဲ့ချည်ပြီး အဝိဇ္ဇာအထုံး မထုံးလိုက်ကြပါနဲ့။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
No comments:
Post a Comment