Monday, November 3

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထော်လောကန့်လန့် သားသမီး

ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရား
ကြီး၏ဥာဏ်တော်အားရှီခိုးပူဇော်ကန်တော့ပါ

ပူဇော်မှုဟူသည် နှစ်မျိုးရှိပါသည်။
(၁) အာမိသပူဇာနှင့် (၂) ဓမ္မပူဇာ ဟူ၍ပင်
ဖြစ်ပါသည်။ထိုပူဇော်မှု နှစ်မျိုးတွင် ဘုရား
ရှင်သည် ဓမ္မပူဇာကိုသာ နှစ်သက်မြတ်နိုး
တော်မှုပါသည်။အဘယ်ကြောင့်ဘုရားရှင်သည်၊ ဓမ္မပူဇာကို
နှစ်သက်မြတ်နိုးပါသနည်းဆိုပါမူ ၊ဓမ္မဖြင့်ပူဇော်ခြင်းသည် ပူဇော်သူကိုလည်း
ဒုက္ခခပ်တိုင်းငြိမ်းစေ၍ ပူဇော်မှုတကာထဲ
တွင်အမြင့်မြတ်ဆုံးသောပူဇော်ခြင်းလည်း
မည်ပေသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့်ဘုရားရှင်က တရားဖြင့်ပူဇော်ရန်
တိုက်တွန်းနိုးဆော်ခဲ့ခြင်း ဖြစ်ပါသည်။
လောက၌ မိဘတို့ပြောရိုးထုံးစံတစ်ခု ရှိပါသည်။ " မိဘကတော့ သားသမီးလုပ်စာ
မစားရရင်ံနေပါစေ၊စကားနားထောင်ရင်ပဲ
ကျေနပ်လှပါပြီ" ဟု ပြောလေ့ရှိပါသည်။
ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်လည်း ဤသို့ဤ
နှယ် မိဘသဖွယ်သာ ဖြစ်ပါချေ၏။
သူ့ကို အဖိုးတန် ပကာသနမှုများဖြင့် မလှူ
မတန်းလျှင်နေပါစေ။ အပြစ်တင်တော်မမူ
ခဲ့ပါ။တရားအလုပ်ကိုအားမထုတ်လျှင်သာ
အပြစ်တင်တော်မူခဲ့ပါသည်။
သို့သော် မိဘမေတ္တာစေတနာကို မငဲ့ညှာ
ဆင်ခြေဆင်လက် များနေသော ၊မိဘစကား
နားမထောင်သည့် သားသမီးများ ရှိနေ
ကြသလို ဘုရားရှင်၏စကားကို နားမ
ထောင်ကြသည့် သားသမီးများ ရှိနေကြ
သည်ကို သိနေမြင်နေရ၍ ထိုသူတို့အတွက်
မိုးကုတ်ဆရာတော်ဘုရားကြီးက ဘုရားရှင်
နှင့် မိဘ နှိုင်းယှဉ်၍ ဤသို့ဆုံမထားခဲ့ပါ
သည်။
""ဘုရားရှင်ကလည်းသနားလွန်းလို့
မဟာ ကရုဏာနဲ့ တိုက်တွန်းရှာတယ်။
ကိုယ့်ကိုယ်ကို သနားရင် ဝိပဿနာလုပ်ရ
မယ်။ငါဘုရားရဲ့ကရုဏာကိုပြန်ငဲ့ရင်လည်း
( ဝိပဿနာလုပ်ရပါမယ် တဲ့ဘုရား)။
အေး---မင်းတို့ ဆွမ်းတွေ ကွမ်းတွေနဲ့ ပူဇော်
ပသတာ မသာယာပါဘူးကွာ၊ မင်းတို့ရထား
တဲ့တရားနဲ့ ပူဇော်တာ သာ သာယာပါ
တယ်ဆိုတဲ့ဥစ္စာ၊သေသေချာချာဟောခဲ့ပါ
တယ်။ဒကာ ဒကာမတွေ သားသမီးတွေနဲ့
နေကြတာပဲ သားသမီးလုပ်စာမစားရရင်နေ
ပါစေ မိဘပြောတာနားထောင်ရင် ကျေနပ်
လှပါပြီဆိုတဲ့ဥစ္စာ၊ မပါကြဘူးလား။
သူ့တို့ကျွေးတာပေးတာမစားရရင်နေပါစေတဲ့ ဒါတွေကခင်ဗျားတို့ အသားယူပြောတဲ့
စကားတွေပါ။
ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဝိပဿ
နာတရားအားထုတ်ကြပါဆိုတဲ့ ဥစ္စာ၊ ခင်ဗျား
တို့က ထော်လော်ကန့်လန့်နဲ့ လုပ်ပြီး မလုပ်
ဘူး၊မနက်ဖြန်မှ ၊သေခါနီးမှနဲ့ ဒီလိုဆိုရင်
ခင်ဗျားတို့ဟာ ကောင်းသောသားသမီးဖြစ်
နိုင်ပါဦးမလား။ ထော်လော်ကန့်လန့်သားသ
မီးဖြစ်မနေဘူးလား၊ ထော်လော်ကန့်လန့်
သားသမီးဖြစ်နေရင် မိဘတွေကကျေနပ်တဲ့
သဘောရှိပါ့မလား၊ သူတို့ရဲ့ကရုဏာကို
ရော ငဲ့ရာ ရောက်ပါ့မလား။
ဘုရားရှင်ကလည်းဒီအသွားပဲ ၊မင်းတို့ လှူ
တာ၊တန်းတာ၊ပေးတာ၊ကမ်းတာကို အသာ
ထားစမ်းပါ၊ငါပြောတဲ့ အတိုင်းတရားနဲ့ ကျင့်
ပြီး ပူဇော်စမ်းပါဆိုတဲ့ ဥစ္စာ၊မသေချာသေးဘူးလား။ ဒါလေးတောင်မှ
ခင်ဗျားတို့က မလုပ်နိုင်သေးဘူး။ ဘာ
ကြောင့်မလုပ်နိုင်တာတုံး၊ထော်လော်ကန့်
လန့်လုပ်ပါရစေဦး။ ဒီအဓိပ္ပာယ် မရောက်
ဘူးလား၊သဘောပေါက်ကြတယ်နော်။"""

No comments:

Post a Comment