Thursday, April 14

မိုးကုတ်ဆရာတော်ဘုရားကြီး၏ လိုက်နာသင့်သော ဆုံးမဩ၀ါဒများ

မနောကံ အဓိက
==========
ခင်ဗျားတို့က အကုသိုလ် ဒီနေ့တော်တော်နည်းတယ်ဆိုတာ ကာယကံ ဝစီကံ ပြောနေတာ။ မနောကံက ဗွက်ပေါက်နေတယ်။ မနောကံက ကြောက်စရာ အကောင်းဆုံး။ မနောကံထိန်းလို့ ရှိရင် ကာယကံဝစီကံပါလုံတယ်။
(မိုးကုတ်ဆရာတော်ဘုရား)
ဟိုဘုံဒီဘုံဆိုတာ မျောတာ။ ဘုံစဉ်စံကြိုက်ရင် မျောလမ်း။
ရိုးရားအတိုင်း စာသောက်လုပ်ကိုင် နေထိုင်ရင် မြုပ်လမ်း။
ငါ့သား ငါ့သမီးလို့ ဒီအတိုင်း မဟုတ်တာတွေ အဟုတ်ထင်နေတော့ ဒိဋ္ဌိဝိပလ္လာသဖြစ်နေတယ်။
မြုပ်လမ်းလိုက်ရင် ကိုယ်ဆင်းရဲမှုလို့မှတ်။
အလယ်လမ်းဆိုတာ ဘယ်ဟာဖြစ်ဖြစ်ဝိပဿနာ ဥာဏ်လေးအုပ်အုပ်ပြီးသွားရမယ်။
(မိုးကုတ်ဆရာတော်ဘုရား)

နားကတရားနာပါ ဥာဏ်က ခန္ဓာလှည့်ပါ။ နားက ကြားရုံတင်ကြားတတ်တာ ခန္ဓာကိုယ်ထဲ ဥာဏ်ကတည့်ထားမှ ဖြစ်ပျက်မြင်မှာ။
ဟောတဲ့အတိုင်း ဥာဏ်က ခန္ဓာထဲမှာ တည့်ပေးလိုက်လို့ရှိရင် တရားနာတဲ့ အဆုံးမှာ ကိစ္စပြီးနိုင်တယ်။
(မိုးကုတ်ဆရာတော်ဘုရား)

အလွန်တွေ့ခဲကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့
ကြုံတွေနေရတဲ့ အခိုက်
ရခဲလှတဲ့ လူ့ဘဝကိုလည်း ရနေတဲ့အခိုက်
မပေါ့လိုက်ကြပါနဲ့။
(မိုးကုတ်ဆရာတော်ဘုရား)

ဘုန်းကြီးတရား မကြိုက်လည်း ပေနာကြ။ ဒို့မကြိုက်တာ ကလေးစိတ်ရှိလို့မှတ်။ ဆက်နာ။
ကြာတော့ လူကြီးစိတ်ပေါက်လာပြီး ဒါမှ တရားစစ်တရားမှန်တွေ ပါကလားဆိုပြီး ကြိုက်လာတာပဲ။
ဒီတရားက တဏှာနားနဲ့ ထောင်လို့ မရဘူး ဥာဏ်နားနဲ့ထောင်မှ ရတယ်။
(မိုးကုတ်ဆရာတော်ဘုရား)

ဘုရားက
သူတစ်ပါး စိတ်အကဲခတ်ရတာ မှားသော်ရှိ မှန်သော်ရှိတဲ့ ကိုယ့်စိတ်သန္တာန် ပေါ်လာတဲ့စိတ်ကို ကိုယ့်ဥာဏ်နဲ့ အကဲခတ်ရတာကမှ အမှန်ရမယ်တဲ့။
စိတ်ကိုရှုဆိုတော့ စိတ်တွေ ပေါ်လာတာ တွေ့ရပါလိမ့်မယ်။
(မိုးကုတ်ဆရာတော်ဘုရား)

အန္တရာယ်ကင်းချင် ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်မိမိ ခန္တာစေတီထိုက်အောင် တရားတော်တွေ ခန္ထာထဲကိန်းအောင် အားထုတ်ဖို့ လိုတယ်။
ဝမ်းထဲ မဂ္ဂင်ကိန်းနေတော့ မဂ္ဂင်က ဓါတ်တော် ခန္တာက စေတီ ဓမ္မစေတီဖြစ်သွားပြီ။
(မိုးကုတ်ဆရာတော်ဘုရား)
သောတပန်ဆိုတာ ရုပ်နာမ် ဓမ္မသင်္ခါရတွေကို
ငါ ငါ့ ဥစ္စာ မဟုတ်ဘူး။ အနိစ္စ၊ ဖြစ်ပျက်သာ ဟုတ်တယ်။ ဒုက္ခသစ္စာသာ ဖြစ်တယ်လို့
သူ့ဥာဏ်ထဲမှာ ပိုင်ပိုင်နိုင်နိုင် သိသွားတာ။
(မိုးကုတ်ဆရာတော်ဘုရား)
တောင်ကလူက မြောက်သွား မြောက်ကလူက တောင်သွားနဲ့ ခင်ကြွေးရှာ မင်ကြွေးရှာ ထွက်ရှာနေကြတာ။
ဘုရားက “သမုဒယသစ္စာ” လို့ဟောတာကို ခင်ဗျားတို့ သိမ်းပိုက်နေကြတယ်ဆိုရင်တော့
ခင်ဗျားတို့ “ဗုဒ္ဓဘာသာ” မဟုတ်ကြပါဘူး။
(မိုးကုတ်ဆရာတော်ဘုရား)

ခင်ဗျားတို့က ကံကောင်းချိန် ဥာဏ်ကောင်းချိန်တွေကိုတော့ ကာမဂုဏ် အာရုံတွေထဲ အသုံးချခဲ့ကြပြီး အခုလိုအိုကြီးချက်မ ထုံထိုင်းပြီး အချိန်တွေလွန်ကာမှ ဒီဘုန်းကြီးဆီ ပြေးလာကြ
ဟောချင်စရာတောင်မရှိဘူး ဒီဘုန်းကြီးမို့ ပေဟောနေတာ။
(မိုးကုတ်ဆရာတော်ဘုရား)

တောထဲတောင်ထဲ မသွားဘဲ အိမ်ကြိုအိမ်ကြား သွားရင်း လာရင်းနဲ့ လည်း တရားရနိုင်ပါတယ်။
ဘယ်မှာနေနေ ဘာတွေလုပ်လုပ် သတိနဲ့ ပညာ အစဉ်မကွာဖို့သာ လိုရင်းပဲ။ ခန္တာမှာ ဥာဏ်မလွတ်ဖို့ပဲ အရေးကြီးတယ်။
တရားက ခန္တာမှာ ရှိနေတော့… ခန္တာနဲ့ ဥာဏ်ကွာနေရင် ဘယ်မှာနေနေ တရားမရနိုင်ဘူး။
(မိုးကုတ်ဆရာတော် ဘုရား)

ဒီခန္ဓာကြီးကတော့ အားမထုတ်လည်း သေရွာသွားမှာပဲ။ အားထုတ်လည်း သေရွာသွားမှာပဲ။ ပုထုဇဉ်အဖြစ်နဲ့ သေရင် လူတစ်သိန်းသေလို့ သုဂတိ တစ်ယောက်မရောက်ဘူး။
အကုန် အပါယ်ချည်းသွားကြတာပဲ။ ယနေ့ စကြာဝတေးမင်း မနက်ဖြန် ဒယ်အိုးထဲ ရောက်နိုင်သေးတယ်။
အပါယ် “မိုးကြိုးပစ်” တာကို လှူဒါန်းတာလောက် “ထန်းလက်နဲ့ ကာ” လို့မရဘူး… ဝိပဿနာနဲ့ ကာကွယ်မှ ရမယ်။
(မိုးကုတ်ဆရာတော် ဘုရား)
“ခင်ဗျားတို့က
ကံကောင်းချိန် ဥာဏ်ကောင်းချိန်တွေကိုတော့
ကာမဂုဏ် အာရုံတွေထဲ အသုံးချခဲ့ကြပြီး …
အခုလို အိုကြီးချက်မ ထုံထိုင်းပြီး အချိန်တွေလွန်ကာမှ
ဒီဘုန်းကြီးဆီ ပြေးလာကြ
ဟောချင်စရာတောင်မရှိဘူး
ဒီဘုန်းကြီးမို့ ပေဟောနေတာ။”
(မိုးကုတ်ဆရာတော်ဘုရား)
“အလွန်တွေ့ခဲကြုံခဲလှတဲ့
သာသနာတော်ကြီးနဲ့ တွေ့ကြုံနေရတဲ့အခိုက်၊
ဆရာသမားကောင်းနဲ့လဲ တွေ့နေရတဲ့အခိုက်၊
ရခဲတဲ့ လူ့ဘဝကိုလဲရနေတဲ့အခိုက်
မပေါ့လိုက်ကြပါနဲ့။”
(မိုးကုတ်ဆရာတော်ဘုရား ၁၇.၉.၅၆)
~*~ စိတ်ကို ရူဆိုပေမယ့် ~*~
စိတ်ကို ရှုဆိုပေမယ့်…
စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး။
စိတ်၏ မရှိမှု။
ပျက်မှု။
အနိစ္စကို ရှုရမှာ။
စိတ်၏ မရှိမှုသဘောကို..
မြင်အောင် ရှုရမှာ။

~*~ ဥာဏ်နဲ့ ခန္ဓာ တည့်နေပါစေ ~*~
အလုပ်တရားဆိုတာ ခန္ဓာပြောတာ အမှန်ယူရတယ်။
အနိစ္စ လက္ခဏာမြင်ရင်…
ဒါ ပွားများနေတာပဲ။
သားသမီးများကို မျက်ခြေမပြတ်စောင့်ကြည့်သလို
ခန္တာဖောက်ြပြန်ပျက်စီးနေတာကို စောင့်ပြီးကြည့်နေရမှာ…
ခန္တာနဲ့ ဥာဏ်နဲ့ တည့်နေဖို့ အရေးဟာ …
အရေးအကြီးဆုံးပါပဲ။

~*~ ဖြစ်ပျက်မြင်တယ်ဆိုတာ ~*~
ခန္တာသည် ပရမတ် ရုပ်ပရမတ် နာမ်ပရမတ်။
ပရမတ်တို့သည်…
မည်သည့်အခါမျှ လိမ်ညာကောက်ကျစ်ပြီး မပြောဘူး။
ဒီတော့ ခန္တာသဘော ခန္တာအပြောကို…
ကိုယ်က..
သတိထား၊ ဝိရိယစိုက်၊ ပညာနဲ့ ရူလိုက်ရင်…
ဖြစ်ပျက်မြင်တာပဲ။
~*~ မပေါ့လိုက်ကြပါနဲ့ ~*~
အလွန်တွေ့ခဲကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့
ကြုံတွေ့နေရတဲ့ အခိုက်
ရခဲလှတဲ့ လူ့ဘဝကိုလည်း ရနေတဲ့အခိုက်
မပေါ့လိုက်ကြပါနဲ့။
~*~ အမှားသိမြင် အမှန်ပြင်ကြပါ ~*~
မသိတုန်းကတော့…
မသိသလိုနေလာကြတာ ကိစ္စမရှိပါဘူး၊
သိပြီးတဲ့အခါကြတော့…
ပြင်ဆင်ဖို့အချိန်အခါ ရောက်ပြီ။
ကိုယ့်ကိုယ်ကို သနားရင်…
ဝိပဿနာအလုပ် လုပ်ပါ။

No comments:

Post a Comment