အနိစ္စ
ခန္ဓာသဘောတရားကို ဥာဏ်ဖြင့်စောင့်ကြည့်နေပါက ဖောက်ပြန်ပျက်စီးနေသည်ကိုတွေ့ရှိနေရပါမည် ။
ထိုဖြောက်ပြန်ပျက်စီးနေသော သဘောသည် မြဲသလား ။
ထိုဖောက်ပြန်ပျက်စီးနေသော သဘောသည် ပျက်နေခြင်း
ဖြစ်၍ မမြဲပါ ။
ထို့ကြောင့် ဖောက်ပြန်နေသော သဘောသည် ပျက်နေခြင်း
ကြောင့် မမြဲသောတရား အနိစ္စ ဖြစ်ပါသည် ။
( ခန္ဓာ၏ သဘောသည် အပျက်သာဖြစ်၍ ဥာဏ်သည် အပျက်
တစ်ခုထဲ့ကိုသာ ဦးတည်ချက်ထား၍ သိနေတာကြာလျှင်
ဆင်းရဲကို ဥာဏ်ဖြင့် ထိုးထွင်း သိမြင်လာပါလိမ့်မည် ။ )
ဒုက္ခ
ခန္ဓာကို ဥာဏ်ဖြင့် စွဲမြဲစွာ အာရုံစိုက်ကြည့်နေမည်ဆိုလျှင်
ထိုသို့ ပျက်နေသည်ကို ဆက်ခါဆက်ခါ မြင်နေရပါမည် ။
ထိုပျက်နေသော သဘောကို သိသောဥာဏ်သည်
"" ဒီလိုတစ်ပျက်တည်းပျက်နေတာဟာ ဆင်းရဲ ပါလား ""
ဟု ခန္ဓာ၏ အပျက်ကို သံဝေဂ ပါသော ဥာဏ်ဖြင့်သိမှုဖြစ်ကာ
ထိုကဲ့သို့ တစ်ပျက်တည်းပျက် ••• ပျက်နေခြင်းသည် ဆင်းရဲ
ခြင်းဖြစ်ပြီး ဆင်းရဲသည့်တရား ( ဒုက္ခ ) ဖြစ်ပါသည် ။
( ခန္ဓာရခြင်းသည် ဆင်းရဲရခြင်း ဆင်းရဲဖြစ်ခြင်းမှလွဲ၍ ချမ်းသာ
ဟူ၍ မြူမျှမပါ ။ ဆင်းရဲ သာဖြစ်သည်ဟု ဥာဏ်ဖြင့်လာလျှင်
အစိုးမရသည့် အနတ္တ ကို ဆက်မြင်လာပါလိမ့်မည် ။ )
အနတ္တ
ခန္ဓာသည် သူ့သဘော သူ့လမ်းစဉ်အတိုင်း ပျက်နေသည်ကို
သိသောဥာဏ်၌ ဆင်းရဲ ကိုထင်လာလျှင် ထိုသဘောကို
ငါ၏ ပစ္စည်း ငါ့ဥစ္စာ ဟု ထင်စရာလုံးဝ မရှိချေ ။ ထိုသို့ ပျက်နေသည်ကို သဘောဥာဏ်မြင်လေလေ ငါဟူအတ္တ
ဝင်၍မရလေလေ ဖြစ်သည် ။ အတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိ ဆိုသည်
မှာ မကောင်အထည်ခိုင်မာ မှတ်မှုဖြစ်ရာ ယခု ခန္ဓာသဘော
ကို ဥာဏ်ရောက်သောအခါတွင် မိမိအနေနှင့် တားမရ ဆီးမရ
မည်သို့မျှ တန့်ကွက် တာမြစ်၍မရလေသောကြောင့် ( အနတ္တ )
သူ့ သဘောဖြစ်လေသည် ။ ငါ့ဥစ္စာ ငါ့သဘောဟု မည်သို့မျှ
မှတ်သား၍ မရပေ ။
( ခန္ဓာအား အစိုးမရ ၍ အနတ္တ ပါတည်း )
** ရုပ်နမ်တို့ ၏ ပျက်နေသောသဘောတရားသည် အနိတ္တ*
ရုပ်နမ်တို့၏ ပျက်သောအနိစ္စသည်ပင်လျှင် ဒုက္ခ *
** ရုပ်နမ်တို့၏ အပျက်အနိစ္စ ဆင်ရဲဒုက္ခသည်ပင်လျှင် အနတ္တ
ရုပ်နမ်တို့၏ သဘောတရား အပျက်ကိုသိမှ အနိစ္စ မြင်မည် ။
အနိစ္စ အပျက်များများ ရှုမြင်မှ ဒုက္ခ ထင်လာမည် ။
ယင်းသဘောတို့၏ အနိစ္စ အပျက် ဒုက္ခဆင်းရဲကို ကြာကြာ
ဥာဏ်မိမှ အစိုးမရသော အနတ္တ မြင်၍ မင်္ဂဝင်မည် ဖြစ်သည် ။
( အနစ္စ ဟူသောအပျက် ကြပ်ကြပ်မ မြင်ဘဲ ဆင်းရဲဒုက္ခကို
မသိပေ ။ ဆင်းရဲကို ကြပ်ကြပ် သဘောမပေါက်ဘဲ အစိုးမရသော အနတ္တ ကို မသိနိုင်သည်ကို သတိပြုပါလေ )
မိုးကုတ်ဆရာတော်ဘုရားကြီး
Saturday, November 5
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး လက္ခဏာရေး သုံးပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment