Wednesday, June 12

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကုက္ကုစ္စအပြစ် ကြောက်စရာကောင်းပုံ

                                 "ကုက္ကုစ္စအဖြစ် ကြောက်စရာကောင်းပုံ အနှစ်ချုပ် တရားတော်"
သာသနာတစ်ခွင်လုံးမှာ ဘုရားအဆူဆူနဲ့လွဲ တရားပွဲ အမျိုးမျိုးတွေနဲ့မကြုံတာ အယ်သူပိတ်ပင်ထားတယ်
ဆိုတာ ပေါ်ကြရောပေါ့...ဘယ်သူပါလိမ့် (နိဝရဏငါးပါးဘုရား)၊ နိဝရဏငါးလို့ မှတ်ထားလို့ရှိရင် ကာမစ္ဆန္ဒနိ
ဝရဏဆိုတာ လောဘနော်၊ လောဘနောက်လိုက်နေလို့ရှိရင်လဲ ဘုရားပွင့်လဲသူနဲ့မဆိုင်ဘူး၊ တရားတွေ
သစ္စာတရားတွေ ဟောနေပြန်ရင်လည်း (သူနဲ့မဆိုင်ပါဘူးဘုရား)၊ ဗျာပါဒနိဝရဏဆိုတာ မိမိတို့ ဘယ်မှာ
ဘုရားပွင့်လဲမသွားဖြစ်၊ ဒကာ ဒကာမတွေက မှတ်ရမယ်၊ ဒေါသကလည်း အတားသမား၊ နိဝရဏတရားလို့
မှတ်လိုက်ကြစမ်းပါ၊ ထိန၊ မိဒ္ဓဆိုတာက စားပြီးသောက်ပြီးတယ်ဆို ငိုက်တယ်..မျဉ်းတယ်ဆိုပြန်တော့ ဘုရား
တွေ ဘယ်လိုပွင့်ပြီးသကာလနေစေကာမှု သူမသွားဖြစ်ဘူး။ ကုက္ကုစ္စနိဝရဏကို အဇာတသတ်ကို ဘယ်လို
ဟောပါသတုံးဆိုလို့ရှိရင်ဖြင့်"ဥဒ္ဓစ္စ ကုက္ကုစ္စ ဒါသိယာ"ကျွန်သဘောက်သွင်းတဲ့တရား၊ လွတ်လပ်ရေးလဲ မ
ပေးပါဘူး၊ ကိုယ့်ဟာကိုယ် ချွန်နိုင်တဲ့အလုပ်မျိုးကော (မပေးပါဘူးဘုရား) အဲဒါ ဥဒ္ဓစ္စလို့ မှတ်ထားလိုက်စမ်းပါ
ဒါဖြင့် ယနေ့ ကုက္ကုစ္စပဲ ရှင်းပြပါမယ်၊ ကုက္ကုစ္စဆိုတာ စက်ဆုပ်ရွံရှာဖွယ်အလုပ်ကို လုပ်တတ်သောကြောင့်
ကုက္ကုစ္စလို့မှတ်ပါ၊ ပြုပြီးသားဒုစရိုက်တွေကိုတွေးပြီး သောကဖြစ်နေတယ်၊ မပြုရသေးတဲ့ ကောင်းတဲ့တရား
တွေလဲ မပြုရသေးလို့ သောကဖြစ်နေတယ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စသာရှိနေလို့ရှိရင် ကျွန်အလုပ်သာ လုပ်ဖြစ်တော
တယ်၊ ကိုယ်အရေးဘာမှမလုပ်ဖြစ်တော့ဘူးကွ၊ အဇာတသတ်ရ၊ ဘုရားကမေးနေတယ်၊ မဆိုဘူးလား (ဆို
ပါတယ်ဘုရား)။
          အဲဒီကဲ့သို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေထဲမှာ ပဉ္စာနန္တရိယကံ လွတ်ခဲ့လို့ရှိရင်ဖြင့် ဘာမှပူစရာမရှိ
ဘူး၊ အခုဆရာသမားနဲ့ ဘုရားဟောထားတဲ့အလုပ်ကိုသာလုပ်၊ အဲဒါတွေ အကုန်ပျောက် ပျက်သွားတာပဲ၊
ကိုယ်ပြုထားတဲ့ အကုသိုလ်တွေ (ဘယ်လိုမှ မအောင်းမေ့ရပါဘုရား) မပြုရသေးတဲ့ကုသိုလ်တွေကိုလည်း
မပြုရသေးလို့ဆိုပြီး၊ ကုသိုလ်ရတယ်ထင်ပြီးများ ဒကာကြွယ်တို့က မအောက်မေ့လိုက်ပါနဲ့၊ လုပ်ချင်ရင်တော့
ထလုပ်၊ နို့မို့လို့ရှိရင် လုပ်ဖြစ်တာလဲ မဟုတ်ဘဲနဲ့ သောကဖြစ်နေမယ်၊ "သောကောတိဒေါသော"ဆိုတဲ့အ
တိုင်း ဒေါသအနုစားဖြစ်နေတာ၊ ခင်ဗျားတို့က ကုသိုလ်ရတယ်ထင်နေတယ်၊ စင်စစ်ဖြစ်နေတာက (သောက
ပါဘုရား)၊ သောကဆိုတာ ဒေါသအနုစား၊ သဘောကျပလား၊ ဒါဖြင့် ဒါတွေးကောင်း မတွေးကောင်းစဉ်းစား
စမ်း (မတွေးကောင်းပါဘုရား)၊ မတွေးကောင်းလို့ ဘုရားက ဥဒ္ဓစ္စနဲ့ ကုက္ကုစ္စ တခုခုရှိနေရင် ကျွန်စိတ်ပေါက်
နေတာကွ တဲ့၊ ငါ တရားတော့နာချင်ပါရဲ့၊ ငါ့အလှူလေးကပေးစရာ ရှိသေးတယ်၊ အဲဒီဟာလေးက မပြီးသေး
တော့ ငါခက်နေသေးတယ်၊ အဲဒါလုပ်မနေနဲ့၊ ဒါ ကုက္ကုစ္စပဲ၊ ပြုသေးတာလဲ မဟုတ်ဘဲနဲ့၊ အလှူလေးအတွက်
နဲ့ သူစိတ်ထဲ စိတ်မချမ်းမသာ မလောက်မှာ၊ မပြုမှာ၊ မပြည့်စုံမှာတွေ စိုးရိမ်နေတာ၊ သောကဖြစ်နေတာ၊ အဲဒါ
ကိုယ့်ဟာကိုယ်၊ လှူချင်တဲ့အချိန်ကျတော့ လှူလိုက်၊ ခင်ဗျား တရားနာသွားကြစို့ဗျာ၊ တရားသွားထိုင်ရ
အောင်ဗျာ၊ အို...ခင်ဗျားခက်တယ်၊ ကျုပ်က တပို့တွဲ တပေါင်း ကျလာလို့ရှိရင်..သားလေးကြီးလာလို့ရှိရင်
သားလေးရှင်ပြုစရာရှိနေတော့ ဒီဟာလေးက အပင်းလျိုသလိုဖြစ်နေတယ်။
          အဲဒါလေးက မအေးသေးဘူးဗျာ၊ ဒီအတိုင်းဖြေတာပဲ၊ မဖြေဘူးလား (ဖြေပါတယ်ဘုရား)၊ ဒီအတိုင်းဖြေ
တာကို ထောက်ကြည့်တော့ သောကဖြစ်နေတယ်၊ သောကဆိုတာ ဒေါသအနုစား၊ သဘောကျပလား (ကျပါ
ပြီးဘုရား)၊ ဒါဖြင့်သူဟာ သခင်အလုပ်၊ ကိုယ်ပိုင်အလုပ်၊ ကိုယ့်ကို ကျေးဇူးပြုမဲ့ အလုပ်လုပ်နေတာလား၊
(ကိုယ့်ကိုယ်ကို မအားအောင်လုပ်နေပါတယ်ဘုရား)၊ ဒါဖြင့် ကိုယ့်ကိုယ်ကို မအားအောင်လုပ်တဲ့အလုပ် ဖြစ်
သောကြောင့်တဲ့ ဒီကုက္ကုစ္စရှိနေရင် ကျွန်ဖြစ်နေတာကွ၊ လုပ်စရာရှိတဲ့ အချိန်ကျတော့ ကုသိုလ်ပြုပြု၊ ဘာပြု
ပြု ဘုန်းကြီးတို့မတားပါဘူး၊ လုပ်တာပေါ့၊ အဲဒီအတွက်တော့ သောကဝင်မနေနဲ့၊ သောကဝင်နေလို့ရှိရင် အခု
မဂ်တား ဖိုလ်တား တားကြလိမ့်မယ်၊၊ မတားပေဘူးလား၊ သိပ်ကြောက်စရာမကောင်းဘူးလား (ကောင်းပါ
တယ်ဘုရား)၊ အဲဒါကြောင့် ဒကာ ဒကာမတွေသည်တဲ့ ကုက္ကုစ္စ အင်မတန်ကြောက်စရာကောင်းတယ်နော်၊
မဂ်တား ဖိုလ်တားဆိုတာ မနေ့ကပြောခဲ့တယ်၊ ဒကာ ဒကာမတို့ ကဿပဘုရားလက်ထက်က အနှစ် နှစ်
သောင်းလောက် ရဟန်းကြီးတစ်ပါးရှိတယ်၊ သူမြစ်နားနေတဲ့အခါ လှေပေါ်မှာ ပိန်းရွက်ကလေး ဆွဲကိုင်လိုက်
တော့ ရေစိးသန်တာနဲ့ လက်ကလဲ မလွတ်မိတော့ ပိန်းရွက်ကလေးပြတ်သွားတယ်၊ အဲဒါလေးက သူ့မှာ
ရဟန်းတွေကလဲ ရှာမရဘဲနေတော့ ဒေသနာမကြားဖြစ်ဘူးဆိုပါတော့၊ အဲဒီအပြစ်ဖြုတ်လို့ကိုမရဘူး၊ ကိုယ်
ပြုထားတဲ့အမှုလေးကမဖြစ်လောက်တာကို ကုက္ကုစဖြစ်နေပြန်တယ်။ ကုက္ကုစ္စ ပြန်ဖြစ်ပြီးသကာလ ကုက္ကုစ္စ
တွေနဲ့ပဲ ဒကာ ဒကာမတို့ သေတော့ ဂင်္ဂါဖြစ်ထဲ ပိန်းကောလောက်ရှိတဲ့ နဂါးကြီးသွားဖြစ်တယ်၊ အနှစ် နှစ်
သောင်း ရဟန်းတရားအားထုတ်ထားတာ ကဿပဘုရားလက်ထက်က ကယ်ဖော်ယူဖော် မရတော့ပါဘူး၊
အခုလဲ ဒီဝတ္ထုကြုံလာတာနဲ့ ကုက္ကုစ္စအတွက် ကြုံလာတာနဲ့ ဒကာ ဒကာမတို့ နဂါးဖြစ်ချင်လို့ဖြစ်ရတာလား၊
ကုက္ကုစ္စက နဂါးဖြစ်ခိုင်းတာလား (ကုက္ကုစ္စက ဖြစ်ခိုင်းတာပါဘုရား)။
           ဂေါတမဘုရားပွင့်လာတယ်ဆိုတော့ ဒကာ ဒကာမတို့၊ ကဿပဘုရားလက်ထက်ထဲက နဂါးဖြစ်လာ
တာ၊ ဂေါတမဘုရားလက်ထက်တောင် နဂါးရှိသေးတယ်၊ တပည့်တော်ဘုရား ကဿပဘုရားလက်ထက်
အနှစ် နှစ်သောင်းကိုယ်တိုင်၊ ရဟန်းတရား အားထုတ်လာပါတယ်၊ ကုက္ကုစ္စဆိုတဲ့ တရားလေးနှိပ်စက်လိုက်
တဲ့အဖြစ်ကြောင့် တပည့်တော်ဘုရား ဖားစိမ်းစား၊ ငါးစိမ်းစား နဂါးကြီးဖြစ်ရပါတယ်ဆိုပြီး ငိုတာကိုဗျာ၊ မ
ကယ်နိုင် မယူနိုင်ဘူးတဲ့၊ လူဘဝရအောင် မင်ပြီးအားထုတ်ပါအုံး၊ ဒကာ ဒကာမတို့ ဘဝလေးဟာသေးသေး
သိမ်သိမ်နဲ့ ရလာတယ်လို့ မအောင်မေ့ပါနဲ့၊ သားကျွန် မယားကျွန်၊ ဆွေကျွန် မျိုးကျွန်၊ ရပ်ကျွန် ရွာကျွန်တွေ
ဖြစ်ပြီးသကာလ ဒကာ ဒကာမတွေ ခန္ဓာအလွဲသုံးစားလုပ်ပစ်လိုက်တာ မရစဖူးအရထူးတဲ့ ခန္ဓာကြီးကို အ
လွဲသုံးစားပစ်လို့ တော်ပါ့မလား (မတော်ပါဘုရား)၊ ဒါဖြင့် ကုက္ကုစ္စဆိုတာ ဒကာ ဒကာမတို့ ဘယ်အချိန်လာ
တတ်ပါသတုံးမေးတော့ အခုန ရဟန်းကြီး အနှစ် နှစ်သောင်း အားထုတ်ကာသေခါနီးမှလာတယ်၊ ကုက္ကုစ္စ
လာပြီ ဒကာသစ်၊ ဘယ်နှယ်လုပ်မတုံး (ဖြစ်ပျက်ရှုရမှာပါဘုရား)၊ ဒီမှာလဲ ခင်ဗျားတို့တဲ့၊ ဒီပြင် ကုသိုလ်တွေ
က အကျိုးပေးဖို့တွေ အများကြီး ရှိပါသေးတယ်၊ သို့သော် ခြံပေါက်နဲ့နီးတဲ့ ကုက္ကုစ္စက သေခါနီးမှလာပြီး ကန့်
ကွက်ချလိုက်တယ်၊ ဒါကြောင့် သူက အလျင်အကျိုးပေးချလိုက်တယ်၊ သူက ဟိုဘဝထွက်ပေါက်နဲ့ နီးသွား
ထာ၊ ကိုယ့်ခန္ဓာ ဝေဒနာလာ ဝေဒနာကို ဖြစ်ပျက်ရှုပေါ့ဗျ စိတ်လာရင  (စိတ်ဖြစ်ပျက် ရှုရမှာပါဘုရား)။
          သေပေါက် သေဝမှာလာပြီး၊ တရားအားထုတ်တော့မယ်ဆိုရင်၊ ဒီပြင်အချိန်လာပါတော့ ကိုယ်တော်
ကြီးလို့ ပြောပါလား၊ ဒီပြင်အချိန်လာကိုမလာဘူး၊ ဒီအချိန်မှ ကြိုးကြိုးစားစားလာတယ်၊ အဲဒီလိုရှုပ်တာကို
စောစောစီးစီးကတည်းက မင်းတို့မယာင်ကြပါနဲ့ကွာ၊ ငါ့ဟာငါ တရားနှလုံးသွင်းပြီး သေပါ့မယ်။ ဘယ်အကူ
အညီမှ မပေးကြပါနဲ့၊ ဒါလူတိုင်းမှာရမယ်၊ သားတွေ မယားတွေ ဘယ်အကူအညီမှ မပေးနဲ့၊ ရေလး ဆာမယ်
ထင်ပြီး ရေလဲမတိုက်ပါနဲ့၊ သူ့ဟာသူဆာ၊ သူ့ဟာသူတိုက်၊ တိုက်ကို မတိုက်စေနဲ့၊ ကိုယ်ကလဲ တစ်လုံးတည်း
ဝေဒနာ နုပဿနာတစ်လုံးတည်းရှု၊ အဲဒီတော့ကို ဒါလူမိုက်တွေကြားထဲမှာ သူတော်ကောင်းတစ်ယောက်
သေဖို့ရာ သူယုတ်မာသေဖြစ်သွားရမှာ မစိုးရပေဘူးလား၊ လူမိုက်တွေ အနားခြံရံပြီး သေရမယ်ဆိုရင်ဖြင့် မဂ်
မဆိုက်၊ ဖိုလ်မဆိုက်တဲ့ ပုဂ္ဂိုလ်အတွက်မှာ စိုးရိမ်ရတယ်၊ မဂ်ဆိုက် ဖိုလ်ဆိုက်တဲ့ ပုဂ္ဂိုလ်အတွက်မှာ ဘယ်သူ
က ဘာပြောလို့ဘာနေနေ သူက ဒုတိယဂတိတော့ လားရသုဂတိမြဲသွားပြီး၊ သူ့အတွက်ကျတော့လည်း စိုး
ရိမ်စရာမရှိဘူးတဲ့၊ ပုထုဇဉ်အဖြစ်နဲ့ သေတဲ့ပုဂ္ဂိုလ်အတွက်မှဖြင့် အခြံအရံဘေးက သူတော်ကောင်းတော်
တော်အရေးကြီးတယ်၊ မရှိလို့ရှိရင် သူ့ဟာသူ သူတော်ကောင်းဖို့ အရေးကြီးတယ်၊ ဝိဉာဉ်ဆိုတာ ဖြုန်းကနဲ
လဲ ချုပ်တာလဲရှိတယ်၊ မချုပ်တာလဲရှိတယ်၊ တချို့မချုပ်တာတွေကျတော့ ဒကာ ဒကာမတို့ ကံက စီမံနေ
တာဗျ သူ့ကိုအပါယ်ပစ်ချရမှာလား၊ နတ်ရွာသုဂတိလား၊ ရုက္ခစိုးလောက်လား၊ ကဲ...ဝေဖန်လို့မရတာနဲ့ကြာ
နေတာ၊ အဲဒီတော့ ပြောစရာရှိတာပြော၊ မှာစရာရှိတာမှာ၊ စကားကုန်ပြော၊ ငါမသေသေးဘူး၊ ဘယ်သူမှ
မျက်ရည်ကျစရာလဲမလိုဘူး၊ အမှန်ချည်းလဲ ဒီလမ်းဟာ ဒီလမ်း၊  ငါသေလို့ရှိရင် ဘာမှရှုပ်နဲ့ဟေ့၊ ငါခန္ဓာ
ငါရှုပြီး သေပွဲဝင်မယ်ဟေ့၊ အဲသေချင်းဆိုး ကြောက်လို့ရှိရင် ကုက္ကုစ္စ ဝေးဝေးရှောင်ပါဆိုတာ သတိပေးလိုက်
တယ်၊ ရှောင်ပါဆိုတာ ဖြစ်ပျက်ရှုပြီးတော့ ဝေဒနာရှုရင်း ပြန်ရှုပေါ့ဗျာ။         ။

                                        ဤကောင်းမှုကုသိုလ်ကံ
                    စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                    ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                  အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                         တည်ရှိပါစေသတည်း ။

                                                                                                         အရှင်ဉာဏဓဇ
                                                                                        မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                     ပင်မသံဝေဇနိယဌာန
                                                                                                           အမရပူရမြို့ ။        ။

No comments:

Post a Comment