ဒိဋ္ဌိသုံးမျိုးရှိတယ်
- သက္ကာယဒိဋ္ဌိ, သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိ၊ ဘယ်နှစ်မျိုးပါလိမ့် …
(သုံးမျိုးပါဘုရား) သေသေချာချာ မှတ်ထားစမ်းပါ၊
ဒိဋ္ဌိသုံးမျိုးရှိတဲ့အနက်ကလည်း ဒကာ ဒကာမတို့ သက္ကာယဒိဋ္ဌိတစ်ခုဟာ
ရေသောက်မြစ်ပါ၊ သူရှိလို့သဿတ, ဥစ္ဆေဒဖြစ်လာရတယ်လို့မှတ်ကြပါ … (မှန်ပါ)
ဒါဖြင့် ဘယ်ဒိဋ္ဌိပြုတ်ရင် အကုန်ပြုတ်တာပဲလို့ဆိုတာ ဒကာ ဒကာမတွေ သိပါပြီ၊
သက္ကာယဒိဋ္ဌိပြုတ်ရင် … (အကုန်ပြုတ်ပါတယ် ဘုရား)။
အဲဒီတော့
သက္ကာယဒိဋ္ဌိပြုတ်အောင် ဒကာ ဒကာမတွေ ၀ိပဿနာနောက်ထား၊ ၀ိပဿနာရှု့မှုကို …
(နောက်ထားရမှာပါဘုရား) သက္ကာယဒိဋ္ဌိပြုတ်မှုကို … (ရှေ့ထားရမှာပါဘုရား) ဒါကို
ဘယ်တော့မှ မမေ့ကြပါနဲ့ ၀ိပဿနာရှု့မှုကို နောက်ထားပါ၊ သက္ကာယဒိဋ္ဌိပြုတ်မှုကို
ရှေ့ထားပါ၊ ဒါကို ဘယ်အခါကာလမှ ဒကာ ဒကာမတွေ မမေ့ကြပါနဲ့ဆိုတာကို
သတိပေးလိုက်တယ်နော်၊ ကောင်းပြီ - ဒါဖြင့် ၀မ်းထဲမှာ
သက္ကာယဒိဋ္ဌိရှိပြီးသကာလနေတေယ်၊ ဆရာသမားတွေက အနိစ္စ, ဒုက္ခ, အနတ္တတွေ
ရုပ်ပေါ်မှာရှု့ခိုင်းခိုင်း - နာမ်ပေါ်မှာရှု့ခိုင်းခိုင်း၊ ကိုစောမောင်
အာပေါက်အောင်ရှု့၊ မရဘူး … (မှန်ပါ)။
ဘာကြောင့်မရတုံး
ဦးဘရှင်းတို့ မေးလို့ရှိရင် ဖြေတတ်ပါပြီ … (မှန်ပါ) ဘာကြောင့်မရတုံး …
(သက္ကာယဒိဋ္ဌိကြောင့်ပါဘုရား) သက္ကာယဒိဋ္ဌိကျန်နေရစ်တယ်၊ ဘုရားလက်ထက်က ကိုစံလှ
ပြင်လိုက်ရ တယ် ဒီလိုပုဂ္ဂိုလ်တွေ၊ သူများဝိပဿနာရှုတယ် သူတို့လည်း
သွားရှုတာပေါ့ဗျာ၊ ရှုတော့ ဖြစ်ပျက်တွေအား လုံး ကိုပေါ်တို့ တွေ့တာပေါ့ …
(မှန်ပါ)။
တွေ့ပေမဲ့
ဝမ်းထဲမှာ ဒီဖြစ်ပျက်ဟာ ပုဂ္ဂိုလ်ဖြစ်ပျက်လား သတ္တ၀ါဖြစ်ပျက်လားဆိုတဲ့
ဒိဋ္ဌိကခံပြီး သကာလ နေတဲ့အတွက် ဦးဘရှင်းမရပါဘူး … (မှန်ပါ) ဒါဖြင့် ဒကာ
ဒကာမတို့ သက္ကာယဒိဋ္ဌိပြုတ်မှုကို ရှေ့ထား - ၀ိပဿနာရှုမှု နောက်ထား၊ ဒါကို
ဘယ်ခါကာလမှ မမေ့ကြနဲ့ … (မှန်ပါ)။
သို့သော်
ဒီဥစ္စာ ရှု့ခါနီးဖြုတ်ရမှာလားလို့မေးတော့ ဒီလို မဟုတ်ပါဘူး၊ ခုလို
တရားနာပြီးသကာလ ရှင်းလင်းနေလို့ရှိရင် ကိုယ်ထိုင်တဲ့နေရာကျတော့
ကိုစောမောင် ဖြစ်မှု ပျက်မှုလောက်ပဲ ရှုရတယ် … (မှန်ပါ)
ရှင်းလင်းပြီးတဲ့ပုဂ္ဂိုလ် … (မှန်ပါ)။
ဟိုနေရာကျမှ
တစ်ခါ ထပ်ရှင်းနေရမယ်လို့ ဒီလိုဟောသည် မဟုတ်ပါဘူး … (မှန်ပါ) ပင်ကိုက
ဝမ်းထဲက မရှင်းလင်းဘူး ဆိုလို့ရှိရင်ဖြင့် သူ့ကို ရှင်းအောင်အရင်လုပ်ပါ၊
သက္ကာယဒိဋ္ဌိရှင်းအောင် … (အရင်လုပ်ရမှာပါဘုရား) အရင်လုပ်ရမယ်ဆိုတာ
သေချာကြပလား … (သေချာပါတယ်ဘုရား)။
ဒါကြောင့်
ဒကာ ဒကာမတွေ ရှေ့နောက်လွဲနေလို့ ဘုရားလက်ထက်က ရဟန်းတွေ၊ သြော်
ဖြစ်ပျက်တွေကိုလည်း သူတို့နားလည်သား၊ ဘယ်နှယ့်ကြောင့် ငါ၏တပည့်သား မြေးတွေ
ခန္ဓာဇာတ်သိမ်း ငြိမ်းတဲ့ နိဗ္ဗာန်မမြင်ပါလိမ့်မလဲလို့ ဘုရားက
သဗ္ဗညုတဥာဏ်နဲ့ ကြည့်တဲ့အခါ သူ့ဝမ်းထည်းမှာ ဒိဋ္ဌိမပြုတ်ဘဲနဲ့ ရှုနေတာ
(မှန်ပါ)။
ဒိဋ္ဌိမပြုတ်ဘဲနဲ့
ရှုနေတော့ ဒကာ ဒကာမတို့ အင်မတန် မကြာဘူးလား … (ကြာပါတယ်ဘုရား)
ကြာပြီးတော့ ရမှာလား မရဘူးလားလို့ တစ်ခါမေးကြဦး … (မရပါဘုရား)
မရနိုင်ဘူးတဲ့ ဒကာ ဒကာမတို့ ဒါ - သေသေချာချာမှတ်ရမယ်၊ ရှင်းပြီနော် …
(ရှင်းပါပြီဘုရား)။
အဲဒါကြောင့်
ဘုန်းကြီးတို့ ရှင်းရှင်းလင်းလင်းနဲ့ ဒကာ ဒကာမတွေကို ပြောပါတယ်၊
ရှေးကအနိစ္စ တွေ ပုတီးတွေ အပတ်တွေ ရအောင်စိပ်၊ ကိုစောမောင်
အနိစ္စဘယ်နှစ်ပတ် - ဒုက္ခဘယ်နှစ်ပတ်ရတယ်၊ ရှေးက လူကြီးသူမတွေလည်း
သူတို့တတ်သရွေ့ မှတ်သရွေ့တော့ စိပ်ကြတာပဲ … (မှန်ပါ့)
စိပ်ပင်စိပ်ငြားသော်လည်း
အမြင်စိပ်လားလို့ မေးပြန်တော့၊ အမြင်စိပ်က မဟုတ်တာတစ်မျိုး၊ ဥာဏ်နဲ့
မြင်ပြီးစိပ်တာလားလို့မေးတော့ ဥာဏ်နဲ့မြင်ပြီးစိပ်တာက ရှားလိမ့်မယ်၊ ကဲ -
စိပ်လိုက်တော့ဖြင့် သေသည်တိုင်အောင်ပဲတဲ့၊
ဥပုသ်နေ့တိုင်းစိပ်တယ်ထားပါဦးတော့ ဘာရှေ့ထားရမယ်ဆိုတာ မသိပြန်ဘူး၊
မသိပြန်တော့ ထစ်ငေါ့တာ တစ်ခုဖြစ်ဦးမယ်၊ ဟိုက မမြင်ဘဲနဲ့ စိပ်နေလို့
ထစ်ထစ်ငေါ့ငေါ့ကတစ်မျိုးဆိုတော့ သူ့မှာကန့်ကွက်မဲ့သူနှစ်မျိုးရှိတယ်၊
ဒါကြောင့်
ဒကာ ဒကာမတွေ ဒီကန့်ကွက်မှုနှစ်မျိုးကိုဖြင့် ဒကာ ဒကာမတွေ၏
ရန်သူအကြီးဆုံးလို့ ထားပြီးသကာလ အလုပ်လုပ်ကြမယ် ဆိုလို့ရှိရင်၊
ညနေအားထုတ် ခင်ဗျားတို့ မနက်ရနိုင်တယ် … (မှန်ပါ)။
မနက်အားထုတ်ရင်
… (ညနေရနိုင်ပါတယ်ဘုရား) ဒါက မြန်တဲ့ပုဂ္ဂိုလ်၊ မမြန်တဲ့ပုဂ္ဂိုလ်မှာ
ခုနစ်ရက် အားထုတ်လည်း ရပါတယ်၊ ဒီ-ဒိဋ္ဌိသာဖြုတ်ပြီးလို့ရှိရင် … (မှန်ပါ)
သဘောပါကြပလား … (ပါ ပါပြီဘုရား) ဒါဖြင့် ဒိဋ္ဌိဖြုတ်မှုသည် ဦးဘလေးရှုမှုထက်
ရှေ့ထားရမယ် … (မှန်ပါ) ဒကာ ဒကာမတွေ ဘယ်လိုအောက် မေ့ကြတုံး …
(သက္ကာယဒိဋ္ဌိဖြုတ်မှု ရှေ့ထားရပါမယ်ဘုရား)။
ရှုမှုထက်
ရှေ့ထားရမယ်နော် … (မှန်ပါ) အဲဒီတော့ ဒီ-ဒိဋ္ဌိဆိုတာကလည်းတဲ့၊ ဘုရားကလည်း
မနေ့က ပြောခဲ့တယ်၊ ရင်ဝလှံစူးတာကို အရေးကြီးတာထက် ဒိဋ္ဌိဖြုတ်မှုကို
အရေးကြီးပါ၊ ပေးပါဆိုတော့ အကြီးလို့ပြောတဲ့စကားဆိုတာ သေချာပြီ … (မှန်ပါ)
မသေချာဘူးလား … (သေချပါတယ်ဘုရား)။
အရေးကြီးလို့
ပြောတဲ့စကားပဲ သေချာတယ်၊ နောက်တစ်ခါ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာဆရာကြီးက *ဒိဋ္ဌိဗန္ဓန
ဗန္ဓာတေ၊ တဏှာသောတေန ၀ုယှရေ၊ တဏှာသောတေန ၀ုယှန္တာ၊ နတေဒုက္ခာ ပမုစ္စရေ၊
ဒီလို ဟောထားပြန်တော့ သူလည်းဘုရား၏ အာဘော်ကြည့်ပြီးရေးထားတဲ့
ဂါထာဖြစ်နေတော့ သူလည်း ဘုရား၏ တဏှာလိုက်တော့မယ် … (မှန်ပါ)
ငါရှိလို့ရှိရင် ငါ့ဥစ္စာဆိုတာလဲ (လာမှာပါဘုရား)။
သြော်
- ငါကဒိဋ္ဌိ၊ ငါ့ဥစ္စာက တဏှာ၊ သဘောကျပလား … (ကျပါတယ်ဘုရား) ငါက ဘာတုံး …
(ဒိဋ္ဌိပါဘုရား) ငါ့ဥစ္စာက … (တဏှာပါဘုရား) ဒါဖြင့်တဲ့ ဒကာ ဒကာမတွေ ဒိဋ္ဌိရှိရင်
တဏှာလိုက်လာတယ် … (မှန်ပါ) သဘောကျကြလား … (ကျပါတယ်ဘုရား) ဒိဋ္ဌိရှိရင် …
(တဏှာလိုက်လာပါတယ်ဘုရား) တဏှာလိုက်လာတယ်တဲ့၊ အဲတော့ ဒီ-ဒိဋ္ဌိက
ဘာလုပ်တတ်သတုံး မေးတဲ့အခါကျတော့မှ ကိုစောမောင် ဒီနေ့အထူးမှတ်၊ ချည်တတ်
နှောင်တတ် တုပ်တတ်တယ် … (မှန်ပါ) ဒိဋ္ဌိက ဘာလုပ်တုံး … (ချည်တတ် နှောင်တတ်
တုပ်တတ်ပါတယ်ဘုရား)။
ချည်တတ်
နှောင်တတ် တုပ်တတ်တယ်၊ မှတ်ထားလိုက်ပါ၊ တဏှာက ဘာလုပ်တတ်သတုံးမေးလို့
ရှိရင်ဖြင့် ချည်ပြီး နှောင်ပြီး တုပ်ပြီးသား ပုဂ္ဂိုလ်ကို မျောအောင်
မျှောတတ်တယ် … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား) အင်း ဒိဋ္ဌိက
ဘာလုပ်တတ်ပါလိမ့် … (ချည်တတ် နှောင်တတ် တုပ်တတ်ပါတယ်ဘုရား)။
တဏှာက
ဘာလုပ်တတ် … (မျှောတတ်ပါတယ်ဘုရား) သြော် … ဒါဖြင့် ဒိဋ္ဌိက မြစ်တစ်ခုထဲမှာ
ချည်ပြီးနှောင်ပြီး တုပ်ပြီး ဘယ်နှယ့်တုံး … (မတက်နိုင်ပါဘုရား)
ခိုကိုးရာတုံးတွေတွေ့ငြားသော်လည်း ဖမ်းပြီးဆွဲနိုင်ပါ့မလား …
(မဆွဲနိုင်ပါဘုရား) ဘာကြောင့်တုံး၊ ဒိဋ္ဌိကချည် - တဏှာက မျှော၊ အဲဒီတော့
ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီဘ၀ကနေ စုတေမနေ သေလွန်လို့ရှိရင်ဖြင့်
တခြားဘုံအပါယ်လေးပါး ငရဲဘုံရောက်သွား၊ တိရိစ္ဆာန်ဘုံရောက်သွားတယ်၊
ဘယ်သူမျှောချလိုက်တုံးမေးတော့မှ ကိုစောမောင် တဏှာမျှောချလိုက်တာ …
(မှန်ပါ)။
ဟ
- ဒီနေရာ ရောက်လို့ရှိရင် ပြန်ပြေးပါလားဆိုတော့ ချည်ပြီးသားဖြစ်နေတယ် …
(မှန်ပါ) ပြန်လည်း မပြေးနိုင်ပါဘူး၊ ရှင်းကြပလား … (ရှင်းပါပြီဘုရား)
ဒါဖြင့် ချည်ပြီးသားလည်း ဖြစ်နေပြန်၊ တဏှာ ရေမျောလို့လဲ အပါယ်လေးပါး
ရောက်ပြန်၊ ဘယ့်နှယ်လုပ်ပြီးသကာလ ကိုစောမောင် တက်လမ်းမြင်သေးရဲ့ လား …
(မမြင်ပါဘုရား)။
ဒါဖြင့်
နောက်တုန်းက ဒီ- ဒကာ ဒကာမတွေ ဘယ်လိုများ နေခဲ့ကြရပါလိမ့်မလဲ - လို့
အားလုံးကမေးလို့ရှိရင်ဖြင့် ချည်ပြီး တုပ်ပြီး မျောနေလို့ဆိုတာ သေချာပလား
(သေချာပါတယ်ဘုရား) မျောချင်သလို မျောနေလို့ဆိုတာ သေချာပလား
(သေချာပါတယ်ဘုရား) မျောတော့ကိုတဲ့ မျောပါများလို့ ရှိရင် ဒီပုဂ္ဂိုလ်ဟာ
ဝဲတွေ့ရဦးမယ် … (မှန်ပါ) ၀ဲတွေ့ရဦးမယ်ဆိုတာကော သေချာပလား … (သေချာပါပြီ
ဘုရား)။
ဒါဖြင့်
ဒကာ ဒကာမတို့ ဒိဋ္ဌိက ခန္ဓာငါးပါးကို ချည်သမား၊ တဏှာက ချည်ပြီးတုပ်ပြီး
ရေထဲမှာ … (မျောသမားပါဘုရား) မျောပါများလာတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ
ဒကာမတွေ အခုဝဲနဲ့ သွားတွေ့မယ် … (မှန်ပါ) မတွေ့ပေဘူးလား …
(တွေ့ပါတယ်ဘုရား) ၀ဲနဲ့တွေ့သွားတော့မယ်တဲ့၊ ၀ဲဆိုတာက တခြားမဟုတ် ပါဘူး
ဒကာ ဒကာမတို့ ချည်ပြီးတော့ မျောလာတဲ့ ပုဂ္ဂိုလ်ဝဲထဲရောက်တာ … (မှန်ပါ)
သဘောကျပလား … (ကျပါတယ်ဘုရား)။
ချည်ပြီး
မျောလာတဲ့ပုဂ္ဂိုလ် … (၀ဲထဲရောက်ပါတယ်ဘုရား)
ဝဲထဲရောက်တဲ့အခါကျလို့ရှိရင်ဖြင့် ၀ဲစီမံ သလို ခံရုံပဲ … (မှန်ပါ) ၀ဲက
လက်ယာရစ်လှည့်နေရင်လည်း လက်ယာရစ်လည်ပဲ၊ လက်ဝဲရစ်လှည့်နေရင် ၀ဲက၊ …
(လက်ဝဲရစ်လည်ရမှာပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
ဒါဖြင့်
ကိုစောမောင် ကျုပ်တို့သည်ကားဆိုလို့ရှိရင် ဒီဝဲက ဘာတုံးဆိုတော့ ဒကာ
ဒကာမတို့ ရူပါရုံ၊ သဒ္ဒါရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗါရုံ … (မှန်ပါ)
အာရုံငါးပါးထဲမှာ ခင်ဗျားတို့လည်နေတာ ဒိဋ္ဌိကချည် ပါတယ်ဘုရား) မျောတဲ့အတွက်
ဝဲထဲရောက်သွားတယ်၊ ရောက်သွားတဲ့အခါကျတော့ အာရုံငါးပါးတည်းဟူသော ၀ဲပဲ …
(မှန်ပါ)။
တစ်ခါတလေကျတော့
မမြင်ရတာ ကြာပေါ့ဆိုပြီးသွားလိုက် မကြားရတာကြပေါ့ဆိုပြီးသွားလိုက်၊
ဒီအနံ့လေး မနံရတာ ကြာပေါ့ဆိုပြီး … (သွားပါတယ်ဘုရား) ဒီအစာလေး မစားရတာ
ကြာပေါ့ဆိုပြီး … (သွားပါတယ်) ဒီအထည်အလိပ်ကလေး မ၀တ်ရတာကြာပြီပေါ့ဆိုပြီး …
(သွားပါတယ်) ဆိုတော့ ဒီငါးပါးထဲမှာ လှည့်နေတယ် … (မှန်ပါ) ရှင်းပလား …
(ရှင်းပါတယ်ဘုရား)။
ဒါဖြင့်
ဒီပုဂ္ဂိုလ်သည်ကား ဆိုလို့ရှိရင် ကိုစောမောင် ချည်သမားရယ်၊ မျောသမားရယ်၊
လည်သမားရယ်၊ လည်တဲ့ဝဲထဲကိုလည်း ရောက်သွားပြန်တော့ ဦးဘရှင်းမြုပ်မှ
မြုပ်ပါ့မလား … (မြုပ်မှာပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) အင်း …
မြုပ်အောင်ဘယ်သူက လုပ်ပါလိမ့် မတုံးလို့ မေးဖို့မိုဘူးလား …
(လိုပါတယ်ဘုရား)။
အင်း
- ၀ဲလှည့်ရတဲ့အခါကျလို့ရှိရင် ဒကာ ဒကာမတို့ ဟောဒီဘက်က သား, ဟောဒီဘက်က
သမီး, ဒီဘက်က ပစ္စည်း, ဒီဘက်က ဆွေမျိုးမိတ်သင်္ဂဟ, ခင်ဗျားတို့ဒီထဲ
နေ့တိုင်းလှည့်နေတယ် … (မှန်ပါ) ဦးဘလေး သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
အို
… ခင်ဗျားတို့ အိမ်ထိုင်နေမှ ကိုစံလှတို့ သိသာလိုက်တာ၊ ဟိုဘက်ကိုလည်း
ကြည့်ချင် သေးတယ်၊ ဒီဘက်ကိုလည်း နှုတ်ဆက်ချင်လိုက်သေးတယ်၊ ဒီဘက်ကလည်း
ပေးလိုက်ချင်သေးတယ်၊ ဒီဘက်ကအသံကိုလည်း ဘာသံပါလိမ့်ဆိုတာ
ကြားချင်လိုက်သေးတယ်ဆိုပြီး ထိုင်ရင်းများ လှည့်နေလိုက် တဲ့ဖြစ်ခြင်း၊
ကိုစောမောင်ဘယ်နှစ်ပတ်များရှိသတုံး … (မရေတွက်နိုင်ပါဘုရား)။
ဦးဘရှင်း
ခင်ဗျားအိမ်ပေါ်ခင်ဗျားနေတာ ဘယ်နှစ်ပတ် ရှိမယ်ထင်တုံး …
(မရေတွက်နိုင်ပါဘုရား) မရေတွက်နိုင်ဘူး ကိုပေါ်၊ ပေါ်ကြပလား …
(ပေါ်ပါပြီဘုရား) ဒီ - ဒကာ ဒကာမတို့ သားတွေ, သမီးတွေ, ဆွေတွေ, မျိုးတွေဆီ
ရှောက်ပြီး၊ အိမ်ပေါ်တင် တစ်နေ့အပတ်ပေါင်း ဘယ်လောက်တုံး … (မရေတွက်နိုင်ပါ
ဘုရား)။
ဆိုလို့ရှိရင်ဖြင့်
ထိုင်ရာကနေပြီး ပတ်နေတာ အပတ်ပေါင်း ဘယ်လောက်တုံး … (မရေတွက်နိုင်ပါ
ဘုရား) ရေတွက်နိုင်ရဲ့လား … (မရေတွက်နိုင်ပါဘုရား) ထိုင်ရာကကို ပတ်နေတာ
မရေတွက်နိုင်ဘူး၊ ဒီ - ပတ်ပြီးသကာလ နေတာကလည်း ၀ဲထဲမှာ ရောက်နေလို့ သူ -
မလည်ချင်လို့ကို နေလိုရရဲ့လား … (မရပါဘုရား) ဘယ့်နှယ်ကြောင့် ဒီဝဲထဲ
ဘယ်လောက်လှည့်နေပါလိမ့် မလဲလို့ ကိုစောမောင် မေးဖို့မလိုဖူးလား …
(လိုပါတယ်ဘုရား)။
ဝဲထဲလှည့်ချင်လို့
လှည့်ရတာမဟုတ်ဖူးတဲ့၊ ဒိဋ္ဌိကချည်ပြီး တုပ်ပြီးဖြစ်နေလို့ ဘယ်ကမ်း
ဘယ်သောင် မှလည်း ဆွဲစရာ ကိုင်စရာ ပစ္စည်းက အပြင်ထွက်လာတဲ့ပစ္စည်းမရှိဘူး၊
ခြေကလည်း မသန် လက်ကလည်း မသန် အဲဒီတော့ ၀ဲလှည့်သလိုခံရုံပဲ၊ ရှင်းပလား …
(ရှင်းပါပြီ)။
အဲ
… ကိုစောမောင်တို့ အိမ်နေကြတယ်၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အိမ်နေကြတယ်၊
သြော် … ဘာများလုပ်နေကြပါလိမ့်မတုံး၊ အိမ်ပေါ်မှာဆိုလို့ရှိရင် ၀ိပဿနာ
အလုပ်မလုပ်တဲ့ အချိန်မှာ ၀ဲလှည့်နေ တယ်မှတ်ပါ၊ ဘယ်လိုမှတ်ကြမယ် …
(၀ဲလှည့်နေပါတယ်ဘုရား) ထိုင်ရင်းမတ္တနဲ့ … (၀ဲလှည့်နေပါတယ် ဘုရား)။
စိတ်ကလေးလည်း
သားဘက်စိတ်ကူးလိုက်၊ သမီးဘက် စိတ်ကူးလိုက်၊ တွင်းဘက်စိတ်ကူးလိုက်၊
ဘာလုပ်နေတာတုံး … ကိုမြင့် … (၀ဲလှည့်နေတာပါဘုရား) ကိုစောမောင် - ကိုပေါ်၊
ရှင်းပလား … (ရှင်းပါတယ်ဘုရား) ၀ဲလှည့်နေတာသည်ကား ဆိုလို့ရှိရင်ဖြင့်
ငါဖြင့် မူးလှပါပြီ၊ ရပ်ချင်ပါတယ်ဆိုတာလည်း ရပ်စရာလက်နက်က မပါဘူး၊
ချည်ပြီးတုပ်ပြီးဖြစ်နေတယ်၊ မျောလိုက်တာကလည်း ကိုစောမောင် ဒီဝဲထည်း
အရောက်ကို လှည့်ပြီး မျောပေးနေတယ်။
အဲဒီတော့
ကျုပ်တို့ခင်ဗျားတို့မှာတဲ့၊ အိမ်မှာနေတဲ့ ပုဂ္ဂိုလ်များသည်၊ အင်း -
ငါ့သားရှိတဲ့ဘက်လှည့် လိုက်၊ ငါ့သမီးရှိတဲ့ဘက်ကို … (လှည့်လိုက်ပါတယ်ဘုရား)
ခင်တဲ့မင်တဲ့ဘက်ကို … (လှည့်လိုက်ပါတယ် ဘုရား)
လှည့်လိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ဒါပဋိစ္စသမုပ္ပါဒ်ဟာ -
ဒီဘက်လှည့်လိုက်လည်း ပဋိစ္စသမုပ္ပါဒ်က, ဇာတိ, ဇရာ, မရဏထိအောင်
သွားလိုက်တာပဲ … (မှန်ပါ) သဘောကျပလား … (ကျပါတယ်ဘုရား)။
အင်း
… အသံဘက်လှည့်လိုက်ပြန်ရင်လည်း … (ဇာတိ, မရဏထိပါဘုရား) အင်း … သောတဉ္စ,
ပဋိစ္စ, သဒ္ဒေစဥပ္ပဇ္ဇတိ - သောတ၀ိညာဏံ တိဏ္ဏံ သင်္ဂတိဖေဿာ, သွားပြီ ဖဿပစ္စယာ
ဝေဒနာ၊ ဝေဒနာ ပစ္စယာတဏှာကနေပြီး ဇာတိ, ဇရာ မရဏထိ သွားပြီး၊ သဘောကျပလား …
(ကျပါပြီဘုရား)။
ဒီဝဲ,
သည်လှည့်ပါများလို့ရှိရင် ဇာတိ, ဇရာ, မရဏဆိုတဲ့ နေရာအရောက်
မြုပ်ရလိမ့်မယ် … (မှန်ပါ) မမြုပ်ရပေဘူးလား … (မြုပ်ရပါတယ်ဘုရား)
တစ်ခုတစ်ခုကနေပြီး သူက အိုသေဘက် ချည်းသွားပစ်လိုက် တယ် … (မှန်ပါ)
ကိုစောမောင် ၀ဲတစ်ခုကနေပြီး လှည့်လိုက်လို့ရှိရင် အို, သေကျအောင်
သွားရပါတယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဒကာ ဒကာမတို့ ခင်ဗျားတို့မှာ
ချည်ပြီးတုပ်ပြီးလည်း ဖြစ်နေပြန်၊ တဏှာ ကလည်း မျှောပြန်၊ ၀ဲထဲလည်း
ရောက်ပြန်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ၀ဲတစ်ခုတစ်ခု ကလည်း ဒကာ
ဒကာမတို့ အောက်မပို့ရလို့ရှိရင် ကျေနပ်ပါ့မလား … (မကျေနပ်ပါဘုရား)
သဘောပါကြပလား … (ပါ, ပါပြီဘုရား)။
အဲဒါကြောင့်
ဘုရားအဆူဆူနဲ့ လွဲခဲ့၊ အင်း - လွတ်လပ်ရေး ဘယ်တော့မှ မရခဲ့ဘူး၊
ချောင်ချောင် ချိချိ ဘယ်တော့မှ မနေခဲ့ရဘူး၊ ဘ၀င်အေးအေးနဲ့ ဘယ်တော့မှ
မနေခဲ့ရတာ၊ သြော် … မူလ ဘူတဒိဋ္ဌိမပြုတ်လို့ပဲ … (မှန်ပါ)
ဒိဋ္ဌိသာချည်မထားလို့ရှိရင် တွေ့ရာသစ်ပင်ဆွဲပြီး သူတက်မှာပဲ … (မှန်ပါ)
သဘောကျပလား … (ကျပါပြီဘုရား)။
ဒိဋ္ဌိကချည်ပြီး
တုပ်ပြီးဆိုတော့ တဏှာက ထင်သလိုမျှော၊ ၀ဲက ထင်သလိုလှည့်၊ ပဋိစ္စသမုပ္ပါဒ်
ထင်သလိုမြုပ်၊ ဒီအတိုင်း မသွားဘူးလား - သွားပါတယ်၊ အဲဒီတော့ ကျုပ်တို့မှာ
ဒီထဲမှာ အခု ပဋိစ္စသမုပ္ပါဒ် ကိုလည်း မကြောက်နဲ့၊ ကိုစောမောင်
ဝဲလည်းမကြောက်နဲ့၊ တဏှာလည်းမကြောက်နဲ့၊ ဘယ်သူကြောက်ရ မတုံး … (ချည်ပြီး
တုတ်ပြီး ကြောက်ရမှာပါဘုရား)။
ချည်ပြီးတုတ်ပြီးကြောက်ရမှာ၊
ယခင်နေ့အစက ဖော်ပြောလာတယ် - ဒါကြောင့် ဒိဋ္ဌိအရေးကြီး တယ် ပြောတာပေါ့ …
(မှန်ပါ) ရှင်းကြပလား … (ရှင်းပါပြီဘုရား) ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်က
မြုပ်အောင် လုပ်တတ်ပါတယ်ဆိုတာလည်း ထင်ရှားပါတယ် … (မှန်ပါ) ငါးပါးအာရုံ
ကာမဂုဏ်က မူးအောင် လှည့်တတ်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်မြုပ်အောင်လုပ်၊
ငါးပါးလုပ်၊ ငါးပါးအာရုံကာမဂုဏ်က … (မူးအောင်လှည့် ပါတယ်ဘုရား)။
မူးအောင်လှည့်တတ်တယ်တဲ့၊
တဏှာက ဒီအထည်းမရောက် - ရောက်အောင်ကော မျှောတတ် ပါတယ်၊ မျှောပေးတယ်၊
မျှောတဲ့အခါ ကျလို့ရှိရင် ကိုယ်စွမ်းရည် သတ္တိတုံးအောင် လုပ်လိုက်တာက
ဘယ်သူတုံး … (ဒိဋ္ဌိပါဘုရား) စွမ်းရည်သတ္တိအကုန်တုံးအောင်လုပ်တာ ဒိဋ္ဌိပဲ၊
မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား)။
စွမ်းရည်သတ္တိအကုန်တုံးအောင်
လုပ်တာ … (ဒိဋ္ဌိပါဘုရား) ဘယ်လောက်တုံးနေတယ်ဆိုတဲ့ ဥစ္စာ၊ ခင်ဗျားတို့
ကိုယ်တိုင် ရှင်းပြီးပြပါမယ်၊ သားကဖြစ်စေ၊ သမီးကဖြစ်စေ၊ ဆွေမျိုးကဖြစ်စေ၊
ပစ္စည်းရှင်က ဖြစ်စေ၊ ကိုစောမောင်သားကလည်း မျက်စောင်းထိုးကြည့်လိုက်၊
သမီးကပြင်ဘက်ကနေပြီးသကာလ နှုတ်ခမ်းလေး စူပြလိုက်ငြားသော်လည်း အို …
ကိုယ့်ဟာတွေ ဖြစ်နေတော့ ပစ်လိုက်ရမှာကလည်း အခက် သားပဲ၊
သူတို့မကောင်းတာလည်း သိတန်သလောက်လည်း သိသားပဲဆိုပြီးသကာလ
ဒိဋ္ဌိကချည်ထားတော့ ဟိုက နှုတ်ခမ်းစူလည်း ခံနေတာပဲ၊ မျက်စောင်းထိုးလည်း
ခံနေတာပဲ၊ ဘယ့်နှယ်ကြောင့်တုံးလို့မေးကြည့်၊ သူက ဒါတွေခွဲမှ
မခွဲနိုင်တော့ ဒိဋ္ဌိကချည်မထားဖူးလား … (ချည်ထားပါတယ်ဘုရား)။
ချည်ထားတဲ့အခါကျလို့ရှိရင်ဖြင့်
ဒီပုဂ္ဂိုလ်, ဒကာ ဒကာမတို့ ဒီပြုံးပြုံးရွှင်ရွှင်နေချိန်များ ပါသေးရဲ့လား …
(မပါ, ပါဘူးဘုရား) သားတွေက ဆိုး - သမီးတွေကဆိုး - ဆွေမျိုးတွေကဆိုး၊
ဆိုးချင်သလောက်ဆိုး၊ ကိုယ်ကမပြတ်နိုင်တော့ ဒကာ ဒကာမတို့ ခံရုံပဲ … (မှန်ပါ)
ကိုယ်ကမပြတ်နိုင်ဘူးဆိုတော့ ဒကာ ဒကာမတို့ ဒိဋ္ဌိက
မစွန့်နိုင်ဘူးလို့ပြောတာ … (မှန်ပါ) ဒိဋ္ဌိက မစွန့်နိုင်တဲ့အခါကျတော့၊
သားဆိုးနဲ့တွေ့လည်း အမေမိဘ မျက်ရည်နဲ့ မျက်ခွက်နေရုံပဲ၊
သမီးဆိုးတွေ့ပြန်လည်း အရှက်တကွဲ အကျိုးနည်းဖြစ်ရုံပဲ၊ ဒီပြင်ဘာရှိသေးတုံး …
(မရှိပါဘုရား)။
ဒါဖြင့်
ပစ်လိုက်ပါတော့လားဆိုတော့ တောင်းစုတ် ပလုံးစုတ်မဟုတ်ဘူး … (မှန်ပါ)
ဒိဋ္ဌိက ချည်ထားတာ ပစ်လိုက်ပါတော့လားဆိုတော့ ခင်ဗျားတို့ ရဲပါ့မလား …
(မရဲပါဘုရား) မရဲဘူးတဲ့၊ မကောင်းမစဉ် ပြင်ခဏ ဆိုတာနဲ့ တစ်ခါတည်း
လွှတ်လိုက်ဖို့ အရေးကိုပါသေးရဲ့လား … (မပါ, ပါဘုရား) အဲဒီကျအောင်
ချည်ထားတာ၊ ဒါဖြင့် ခင်ဗျားတို့ သူများမျက်စောင်းထိုးခံရပြီ၊
ဘယ်သူကြောင့်တုံး … (ဒိဋ္ဌိ ကြောင့်ပါဘုရား)။
သူများ
နှုတ်ခမ်းစုခံရတာ … (ဒိဋ္ဌိကြောင့်ပါဘုရား) အရှက်တကွဲ အကျိုးနည်းတွေ
ဖြစ်ပြီးသကာလ ဖုံးဖိပြီး မျိုသိပ်နေရတာကော … (ဒိဋ္ဌိကြောင့်ပါဘုရား) သြော် -
ပစ်လိုက်လို့ မတော်ပါလား … မလာဘူးလား … (လာပါတယ်ဘုရား) ဟ - ဘယ်သူက
ဒီပစ်လိုက်လို့ မတော်ပါလားဆိုတဲ့ စကားလုံးနေပါလိမ့် မတုံးဆိုတော့
“ဒိဋ္ဌိဗန္ဓနဗန္ဓာတေ” ဒိဋ္ဌိက ချည်ထားတာ၊ သားနဲ့ ချည်ထားလိုက်၊
သမီးနဲ့ချည်ထားလိုက် - သဘောကျရဲ့လား … (ကျပါပြီဘုရား)။
အဲတော့
ခင်ဗျားတို့ ကျုပ်တို့သည် အိမ်ကထွက်ရာမှာတောင်မှ အင်း - သမီးကလည်း
အချိန်အရွယ် ရောက်နေတယ်ဆိုတော့ မသွားဖြစ်ဘူး ဘယ်သူချည်ထားတာတုံး …
(ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိက ငါ့သမီးခက်ချည် ရဲ့၊ အင်း - သားလူပျိုလေးရှိပြန်တော့
လူပျိုလေးကို ဒီလို - ဒီလိုပဲနေကြတဲ့အခါကျလို့ရှိရင် သူတို့မျက်စိ
ကွယ်ရာထားလို့ မတော်ဘူးဆိုပြီး သကာလ သူတော်ကောင်းတရားတွေ, ဘုရားတွေပွင့်၊
တရားတွေမိုးလိုစွေ - ဒိဋ္ဌိချည်ထား မထွက်နိုင်ဘူး … (မှန်ပါ့)
ထွက်နိုင်ပါ့မလား … (မထွက်နိုင်ပါဘုရား) ရှင်းကြပလား … (ရှင်းပါပြီဘုရား)
ဒါဖြင့် ဘုရားနဲ့လွဲတာ လက်သည် ဘယ်သူတုံး … (ဒိဋ္ဌိပါဘုရား) တရားနဲ့ လွဲတာ …
(ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိပဲဆိုတော့ ပထမချည်ထားမိကထဲက လွဲနေပေါ့၊ ဟိုကျအောင်
တဏှာ ကမျှော လို့ ၀ဲထဲရောက်လို့ အောက်မြုပ်၊ ပဋိစ္စသမုပ္ပါဒ်နဲ့
မြုပ်သွားပြီဆိုတော့ ကမ္မဘ၀ပစ္စယာဇာတိဆိုတော့ အပါယ် ဇာတိကျအောင်
မြုပ်သွားတဲ့အခါကျတော့ ကိုစောမောင် ဘယ့်နှယ်လုပ်ပြီးသကာလ ဘုရားတွေက
ဂင်္ဂါဝါဠု သဲစုမက ပွင့်ကြငြားသော်လည်း ကိုယ်က မြုပ်သမားဖြစ်နေတယ် -
လည်သမား ဖြစ်နေတယ်၊ မြုပ်တာ ရိုးရိုးလားဆိုတော့ တဏှာရေစီးသန်သန်ထဲမှာ
မြုပ်နေတာ၊ တဏှာရေစီးကသန်တယ်၊ သဘောပါပလား … (ပါ, ပါတယ်ဘုရား)။
တဏှာရေစီးက
သိပ်သန်ငြားသော်လည်း ကိုယ်ခြေလက်တွေ အသန်အစွမ်းဆိုလို့ရှိရင်လည်း
ကိုစောမောင် ရုန်းကန်ရသေးတယ်၊ ကူးနိုင်ခတ်နိုင်သေးတယ် … (မှန်ပါ) အခုတော့
ဒီလို … (မဟုတ်ပါဘူးဘုရား)၊ ဘယ်နှယ့်ဖြစ်နေတယ်၊ ကြိုးတုပ်ထားတယ်တဲ့၊
ဒါကြောင့် ၀ိသုဒ္ဓိမဂ်တဒိဋ္ဌိဗန္ဓာတေတ ဏှာသောတန၀ုယှရေ တဏှာသောတေန၀ုယှန္တာ၊
နတေဒုက္ခာ ပမုစ္စရေ၊ သူ - မဟောသင့်ဘူးလား … (ဟောသင့်ပါတယ်ဘုရား) ကဲ …
သဘောပါကြပလား … (ပါ, ပါပြီဘုရား)။
သြော်
… ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကံမကောင်း အကြောင်းမသင့်တဲ့အခါကျလို့ရှိရင်
သားကအလိုမကျအောင် လုပ်လို့သမီးက အလိုမကျအောင်လုပ်လို့ ပစ္စည်းကလည်း
အချိုးမကျလိုက်တာ ကျုပ်ဖြင့် သေများသေချင်တာပဲ၊ တစ်ခါတစ်ခါ
ညည်းလုံးထုတ်တယ်၊ မထုတ်ဘူးလား … (ထုတ်ပါတယ် ဘုရား) ရှိတဲ့ပုဂ္ဂိုလ်
ဘာဖြစ်လို့ညည်းလုံးထုတ်တာတုံး၊ ပစ္စည်းတွေ ရှိရက်သားနဲ့ ဘယ့်နှယ်ကြောင့်
မျက်စိမျက်နှာ မကောင်းတာတုံး၊ အို့ မသိဘဲကို - မသိဘဲကိုးဆိုတော့
သူ့ဒိဋ္ဌိသူဖော်ပြောတာ … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား)။
အဲဒါတွေသည်ကားဆိုလို့ရှိရင်ဖြင့်
ဒကာ ဒကာမတို့ မရုန်းနိုင် မကန်နိုင်တဲ့အဓိပ္ပါယ်၊ တစ်ခါတစ်လေ
စစ်ဖြစ်တုန်းကမှသာ သေချာသေးတယ်၊ ကိုယ့်အိမ်ကိုယ့်ရာလေး
ဒိဋ္ဌိကချည်ပြီးထားလိုက်တာနဲ့ ဗုံးကျတဲ့အခါ စက်သေနတ်ပြစ်တဲ့အခါ ပါသွားတဲ့လူ
မနည်းဘူး၊ ဒါ - ဒိဋ္ဌိသတ်တာ … (မှန်ပါ) နင့်အိမ် နင့်ရာ နင်ပစ်ထားလို့
တော်ပါ့မလားဆိုပြီး ဒိဋ္ဌိကချည်ထားလိုက်တာ၊ ကိုစံလှ ဒီလိုသေတဲ့လူတွေ
မကြားဖူးဘူးလား … (ကြားဘူးပါတယ်ဘုရား)။
အဲဒါဗုံးကသတ်တာလား
- စက်သေနတ်က သတ်တာလား - ဒိဋ္ဌိကသတ်တာလား … (ဒိဋ္ဌိကသတ် တာပါဘုရား) ရှင်းပလား
… (ရှင်းပါပြီဘုရား) ဒါဖြင့် ဒကာဒကာမတို့ ဒိဋ္ဌိက ချည်သမား - နှောင်သမား …
(မှန်ပါ) တဏှာက မျောသမား၊ ငါးပါးအာရု့ ကာမဂုဏ်က … (လှည့်သမားပါဘုရား)
လှည့်ပေးသမား၊ ပဋိစ္စသမုပ္ပါဒ်က မြုပ်သမား၊ အဲ - ဒုက္ခသစ္စာ ပဋိစ္စသမုပ္ပါဒ်က
မြုပ်အောင်လုပ်တတ်တဲ့တရား၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့်
ကျုပ်တို့မှာ ဒီနေ့သိရတဲ့အဓိပ္ပါယ်မှာ ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောတဲ့
အတိုင်း ဒိဋ္ဌိတစ်လုံးပိုင်ရင် မျှောနိုင်တဲ့ သတ္တိလည်း တဏှာမရှိတော့ဘူး …
(မှန်ပါ) ရှင်းပလား … (ရှင်းပါပြီ ဘုရား) မျှောနိုင်တဲ့
သတ္တိမရှိလို့ရှိရင် … (၀ဲထဲမရောက်တော့ပါ)။
ဝဲထဲလည်း
ရောက်စရာမလိုတော့ဘူး၊ ၀ဲထဲမှ မရောက်တဲ့ ပုဂ္ဂိုလ် ပဋိစ္စသမုပ္ပါဒ်က
မြုပ်စရာကော … (မရှိပါဘူးဘုရား) ဒါဖြင့် ကိုစောမောင်
ဒိဋ္ဌိအလွန်အရေးကြီးတယ်၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒကာ ဒကာမတို့ အရေးတကာ
အရေးအကြီးဆုံးထဲမှာ ဘယ်သူပါလိမ့် … (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိအရေးကြီးဆုံးဆိုတာ
တစ်နေ့တစ်မျိုးပြောနေတယ်၊ ကိုစောမောင် - ကိုစံလှ၊ ဘယ်သူ
အရေးကြီးဆုံးတုန်း … (ဒိဋ္ဌိအရေးကြီးဆုံးပါ) ကဲ - မဂ်ဖိုလ်တားတာလဲ၊
အိမ်ပေါ်ကကို မဆင်းနဲ့လို့ ချည်ထားတာလဲ … (ဒိဋ္ဌိပါဘုရား)။
အိမ်ပေါ်က
ဘုရားလေးတောင်မှ နေ့စဉ်ရှိမခိုးနိုင်ဘူး ကလေးက နေမကောင်း - ဘာကနေမ
ကောင်း နဲ့ဆိုပြီးသကာလ ဘုရားတောင် ရှိမခိုးလိုက်ရတဲ့နေ့တွေပါသေးတယ်၊
ဘယ်သူချည်ထားတာတုံး … (ဒိဋ္ဌိချည်ထားတာပါ) သဘောပါပလား … (ပါ,ပါပြီဘုရား) ကဲ
- ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိသည် အလုံးစုံ ကန့်ကွက်တယ် - မဆိုနိုင်ဘူးလား
… (ဆိုနိုင်ပါတယ်ဘုရား) သူတော် ကောင်းအလုပ်ဟူသရွေ့ …
(ကန့်ကွက်ပါတယ်ဘုရား) အလုံးစုံ ကန့်ကွက်တာ ဘယ်သူပါလိမ့် … (ဒိဋ္ဌိပါဘုရား)
ရှင်းပလား … (ရှင်းပါပြီ ဘုရား)။
ဒါဖြင့်
… ဒိဋ္ဌိကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလည်း ရင်ဝလှံစူးတာထက်
ငြိမ်းမှုထက်မြန်ပြီး သူ့ကို ခွာရမယ်ဆိုတာ ဦးဘရှင်းကျေနပ်ပလား …
(ကျေနပ်ပါတယ်ဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) အခု လေးရက်ရှိပြီ
ကိုစောမောင် သူဆိုးပုံတွေချည်း ပြောနေတယ် … (မှန်ပါ) ကိုစံလှရေ
ဒိဋ္ဌိထက်ဆိုးတာများ ရှိသေးရဲ့လား … (မရှိပါဘူးဘုရား) ရှင်းကြပြီနော်။
ကောင်းပြီ
- ဒါဖြင့် ဒီ-ဒိဋ္ဌိမပြုတ်သေးသမျှ ခင်ဗျားတို့က ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်ဟာ
ဒီသားလေး မာအောင် ကိုစောမောင် ဆွမ်းကျွေးဦးမယ်လာတာပဲ၊
ဒိဋ္ဌိမပြုတ်လို့ရှိရင် ကိုစံလှလာမယ် … (မှန်ပါ) ဒီကလေးဟာ မမာဘူးဆိုပါစို့၊
မမာသောအခါ ကျလို့ရှိရင်ဖြင့် အသက်ဆက်ရမယ်၊ မလုပ်တတ်ကြဘူးလား …
(လုပ်တတ်ကြပါတယ်) ဘယ်သူမာအောင်တုံး မေးရင် ငါ့သားလေးမာအောင်၊ ဟ -
ဘယ်သူ့ဆွမ်းပါ လိမ့်မတုံးမေးလို့ရှိရင် (သားလေးဆွမ်းပါဘုရား)။
ဒိဋ္ဌိဆွမ်းပါပဲ၊
ယဉ်အောင်လုပ်မနေပါနဲ့တော့ ဒိဋ္ဌိက ကျွေးတဲ့ ဆွမ်း၊ ရိပ်မိပလား ..
(ရိပ်မိပါပြီဘုရား)၊ ဒိဋ္ဌိက ကျွေးတဲ့ဆွမ်းမို့ ငါရှိလို့ ငါ့သားဖြစ်လာတာ
(မှန်ပါ့) ငါသားလေးမှာလည်း အခုကံဇာတာက နိမ့်နေ တယ်၊ အကြောင်းကလည်း
မညီညွတ်ဘူး၊ အင်း, ခေါင်းကိုက်ရင်နာကလည်း ထူနေတယ်ဆိုပြီး သကာလ
ကိုစောမောင် မလာဘူးလား … (လာပါတယ်ဘုရား)။
ဆွမ်းကျွေးဦးမှ
… ငါလေးသက်စေ့လွှတ်ဦးမှ စာကလေး လွှတ်ဦးမှနဲ့ မလာလား … (လာပါတယ် ဘုရား)
ဒါ - ဘယ်သူက လွှတ်ခိုင်းတာတုံး … (ဒိဋ္ဌိကပါဘုရား) ဒါဖြင့် ဒီကုသိုလ်ထဲ
ဒိဋ္ဌိရော - မရော … (ရောပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ကဲ …
ကုသိုလ်ကို ပယ်တာလား … ခင်ဗျားတို့ မလုပ်နဲ့ လို့ဆိုတာလား၊ ဒိဋ္ဌိရောနေလို့
နိဗ္ဗာန်မရောက်ဘူး ပြောတာလား … (ဒိဋ္ဌိရောနေလို့ နိဗ္ဗာန်မရောက်ဘူး
ပြောတာပါဘုရား) ဒိဋ္ဌိကို သောတာပတ္တိမဂ်ကပယ်ရမှာကို … (မှန်ပါ) ရှင်းပလား …
(ရှင်းပါပြီဘုရား)။
သောတာပတ္တိမဂ်က
မပယ်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပထမနိဗ္ဗာန် ဒိဋ္ဌိကြောင့် မမြင်ကြတာ၊
ပထမနိဗ္ဗာန် မမြင်တာ ဘာကြောင့်တုံး … (ဒိဋ္ဌိကြောင့်ပါ) ကိုစောမောင် -
ဒိဋ္ဌိဖုံးကွယ်နေလို့ မမြင်တာ၊ ဒကာ ဒကာမတွေကလဲ ဒိဋ္ဌိကို အရေးကြီးမှန်း
မသိဘူး၊ ကျုပ်ဖြင့် သားအမှီပြုပြီး ကုသိုလ်ပြုလိုက်သေး တယ်၊ သူသုံးများ -
သုံးလိုက်သေးတယ်၊ မသုံးဘူးလား … (သုံးပါတယ်ဘုရား) သမီးလေး -
အမှီပြုပြီးများ ဘာလို့များသုံးတုံး၊ ကုသိုလ်ဖြစ်တယ်လို့ သုံးတယ်၊
မဖြစ်ဘူးလို့ မဆိုမှ မဆိုဘဲ၊ သဘောကျပလား … (ကျပါပြီဘုရား)။
ဖြစ်တယ်ကုသိုလ်၊
ကိုစံလှ မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား) သို့သော် ဘာရောနေတုံး …
(ဒိဋ္ဌိရောနေပါတယ်ဘုရား) ဒိဋ္ဌိရောနေတဲ့ ကုသိုလ် - ဒိဋ္ဌိနယ်တွင် သူအကျိုးပေးမယ်၊
ဒိဋ္ဌိလွတ်တဲ့ နိဗ္ဗာန် … (အကျိုးမပေးနိုင်ပါဘုရား) မပေးနိုင်ဘူးဆိုတာ
သေချာပလား … (သေချာပါတယ်ဘုရား) အဲဒါခင်ဗျားတို့ ဖြစ်ထွေနဲ့ တစ်လုံးလွှဲရင်
ဘုန်းကြီးကို ဆိုကြတော့၊ ဒီဥစ္စာ ဒိဋ္ဌိမပြုတ်တဲ့ ပုဂ္ဂိုလ်မှာ
ဒီအယူရှိနေတယ်၊ မရှိဘူးလား … (ရှိပါတယ်)။
စင်စင်ကြယ်ကြယ်
သွားရဲ့လား … (မသွားပါဘုရား) မသွားဘူး၊ သေချာပလား … (သေချာပါတယ် ဘုရား)
ဒါဖြင့် ပြုတဲ့ကုသိုလ်တွေဟာ နိဗ္ဗာန်အကျိုးပေးချင်ရက်သားနဲ့ ခင်ဗျားတို့
ဒိဋ္ဌိမဖြုတ်မိတာနဲ့ ကန့်ကွက်လိုက်တယ် … (မှန်ပါ) ကုသိုလ်ကိုက
နိဗ္ဗာန်အကျိုးပေးနိုင်တယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ခင်ဗျားတို့
မရောသင့်တာ ရောတာနဲ့ ကိုစံလှရေ ဘာဖြစ်သွားတုံး … နိဗ္ဗာန်မရောက်တော့ဘူး …
(မှန်ပါဘုရား) မရောက်တော့ဘူး နိဗ္ဗာန်ကို … (မရောက်တော့ပါဘူး)။
ဘာဖြစ်လို့တုံး
… ဒိဋ္ဌိက ကန့်ကွက်ထားလို့ ဒိဋ္ဌိပါရင် နိဗ္ဗာန် - ပထမနိဗ္ဗာန်ကတောင်
လက်မခံဘူး ကိုစောမောင်၊ ပထမ နိဗ္ဗာန်က … (လက်မခံပါဘူးဘုရား)
ဘယ်သူ့လက်မခံတာတုံး … (ဒိဋ္ဌိကို လက်မခံ တာပါဘုရား) အဲ - ကျုပ်တို့
ခင်ဗျားတို့ ပြုတဲ့ကုသိုလ်တွေသည်ကားလို့ ဆိုလို့ရှိရင် ဒိဋ္ဌိရောပြီး
သကာလနေ ခဲ့လို့ရှိရင်ဖြင့် ကုသိုလ်တော့ရပါတယ်၊ နတ်ရွာသုဂတိ
အကျိုးပေးမှာပါပဲ၊ မပေးပေဘူးလား ဦးဘရှင်း … (ပေးပါတယ်ဘုရား)။
သို့သော်
နိဗ္ဗာန်ကျလာတဲ့အခါကျတော့ ဒီအရောကြီးလုပ်ထားတဲ့ ပုဂ္ဂိုလ် နိဗ္ဗာန်က
လက်ခံပါ့မလား … (လက်မခံပါဘုရား) ဘာကြောင့်တုံး ကိုစံလှ …
(ဒိဋ္ဌိရှိနေလို့ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) ပထမနိဗ္ဗာန်သည်
ဘာပယ်မှ လက်ခံမတုံး … (ဒိဋ္ဌိပယ်မှ လက်ခံမည်ဘုရား) ကဲ - ဒါနဲ့သာ
ကိုစောမောင်ရေ မှတ်လိုက်တော့ … (မှန်ပါ) ပထမနိဗ္ဗာန်က ဘာပယ်မှ လက်ခံတုံး …
(ဒိဋ္ဌိပယ်မှ လက်ခံပါတယ်ဘုရား) ရှင်းပြီနော် … (မှန်ပါ) ဒီ-တစ်လုံးဟာ
အဖြေပဲလို့ မှတ်လိုက်စမ်းပါ … (မှန်ပါ) ပထမနိဗ္ဗာန်က ဘာပယ်မှ လက်ခံတုံး …
(ဒိဋ္ဌိပယ်မှ လက်ခံပါတယ်ဘုရား)။
ဒါဖြင့်
ခင်ဗျားတို့ နိဗ္ဗာန်ရည်မှန်းပြီးသကာလ လုပ်ရင် ဒိဋ္ဌိမရောစေနဲ့ … (မှန်ပါ)
နိဗ္ဗာန်ရည်မှန်းပြီး လုပ်လို့ရှိရင် … (ဒိဋ္ဌိမရောရပါဘူးဘုရား)
ဒိဋ္ဌိမရောစေနဲ့ဆိုတာ ရှင်းပလား … (ရှင်းပါပြီဘုရား) ကောင်းပြီ … ဒါဖြင့်
နေရာကျပါပြီ၊ ဒကာ ဒကာမတို့ ဒိဋ္ဌိက တယ်အရေးကြီးပါလား တယ်အရာကျယ်ပါလား
တယ်ပြီး သကာလ ဆိုးဝါးပါလား ပေါ်လာတယ် … (ပေါ်ပါပြီဘုရား)။
မပေါ်လာဘူးလား
… (ပေါ်ပါပြီဘုရား) အဲတော့ ဘုန်းကြီးတို့ ပြောတာမလွဲပါဘူး ကိုစောမောင်ရ၊
မခံချင်ရင်သာရှိရမယ်၊ အလှူတစ်ရာမှာ သူ မချယ်လှယ်တာရှားလိမ့်မယ်၊
မရှားဘူးလား … (ရှားပါတယ် ဘုရား) အဲတော့ သူသာ ချယ်လှယ်ရင် ပထမနိဗ္ဗာန်ကို
ကိုစောမောင် … (မရနိုင်ပါဘုရား) ရနိုင်ပါ့မလား … (မရနိုင်ပါဘူးဘုရား)။
မရနိုင်ပါဘူးတဲ့၊
ပါးစပ်ကတော့ဖြင့် ဆုတောင်းမှာပဲ … (မှန်ပါ) သူကတော့
ပယ်ပြီးလုပ်လို့ရှိရင်ဖြင့် ကိုစောမောင်ရောက်မှာပဲ … (မှန်ပါ)
ပယ်ပြီးမလုပ်လို့ရှိရင် … (မရောက်ပါဘူးဘုရား) ဒါဖြင့် ဒါနက သံသရာ
ရှည်တာလား၊ ဒိဋ္ဌိကြောင့် ရှည်တာလား … (ဒိဋ္ဌိကြောင့်ရှည်တာပါဘုရား)။
အဲဒီမှာ
မဟောတတ်တဲ့ မပြောတတ်တဲ့ပုဂ္ဂိုလ်တွေကျတော့ ဒါနသံသရာရှည်တယ်၊ မဟုတ်ပါဘူး၊
ဒါန သံသရာမရှည်ပါဘူး … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား)
ဒါနဘာရောနေလို့ ရှည်တာတုံး … (ဒိဋ္ဌိရောနေလို့ရှည်တာပါဘုရား) ဒါဖြင့်
ဒိဋ္ဌိဖြုတ်ပြီး ဒါနလုပ်လိုက်မယ်ဆိုလို့ရှိရင် ကိုစောမောင်
ရှင်းလို့လင်းလို့ပေါ့ဗျာ … (မှန်ပါ) လိုရာ ခရီးအရောက်ကြီးရောက်မယ်ဆိုတာ
ပြောဖို့လိုသေးလား … (မလိုပါဘူးဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အကုသိုလ်တွေ အများကြီးရှိတဲ့ အနက်က ဘာအရေးကြီးဆုံး အရင်ဖြုတ်ရ မယ် … (ဒိဋ္ဌိအရင်ဖြုတ်ရပါမယ်ဘုရား)။
ရှင်းပြီ
- ဒိဋ္ဌိမဖြုတ်ဘဲနဲ့ ဒါနလုပ်လည်း ကန့်ကွက်မှာပဲ … (မှန်ပါ) နိဗ္ဗာန်ကို
ကန့်ကွက်မှာ၊ သီလ ဆောက်တည်လဲ … (ကန့်ကွက်မှာ) ၀ိပဿနာလုပ်လဲ …
(ကန့်ကွက်မှာပါ) နိဗ္ဗာန်ကန့်ကွက်မယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား)
ဒါဖြင့် ဒီဟာ ဘယ်မျှလောက် အရေးကြီးတယ်ဆိုတာတော့ ကိုစောမောင် ယနေ့သာ
ပြီးမပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ရှင်းပြီနော် … (ရှင်းပါတယ်ဘုရား)။
ကောင်းပြီ
- ဒါဖြင့် ဒိဋ္ဌိဖြုတ်ကြပါစို့ဆိုတာကြောင့် ဒကာ ဒကာမတို့
သဘောတူဆုံးဖြတ်ချက်ချပါ … (မှန်ပါဘုရား) ကဲ - ဒိဋ္ဌိဖြုတ်ပါစို့၊ ဒီ, ဒိဋ္ဌိက
ဘယ်ကပ်နေလို့တုံး ကိုစောမောင်ရ လုပ်ပါဦး … (ခန္ဓာငါးပါးကပ် နေလို့ဘုရား)
ခန္ဓာငါးပါးကပ်နေလို့နော်၊ ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက -
ရူပံအတ္တတော သမနုပဿတိ၊ ရူပံ - ရုပ်ကို၊ အတ္တတော - ငါဟူ၍၊ သမနုပဿတိ - သူတို့က
အမြဲထင်နေ၏။ ဝေဒနံ - ဝေဒနာကို။ အတ္တတော - အတ္တဟူ၍ ငါဟူ၍။ သမနုပဿတိ -
သူတို့အမြဲထင်နေတယ်၊ ကဲ - ကိုစောမောင် ဝေဒနာလည်း ငါထင်နေတာပဲ ရုပ်ကော …
(ငါထင်နေပါတယ်ဘုရား)။
ငါးပါးလုံး
ဘာတုံး … (ငါထင်နေပါတယ်) ထင်ပြီး သကာလနေတော့ ခက်ပြီ ကိုစောမောင်ရ၊ မခက်
သေးဘူးလား … (ခက်ပါတယ်ဘုရား) ခက်ပြီတဲ့ ခန္ဓာငါးပါးလုံး၊ သူ - ဘာထင်နေတုံး
… (ငါထင်နေပါတယ်ဘုရား) ငါထင်နေတယ်၊ ဒီ - ဒိဋ္ဌိက ဒကာ ဒကာမတို့ - ပင်ကိုက
သူတို့က ဘာတုံးလို့ မေးလို့ရှိရင် ခန္ဓာငါးပါး၊ ချုံးလိုက်တော့ … (ရုပ် -
နာမ်နှစ်ပါးပါဘုရား) ဒါကို ဘာထင်နေတုံး … (ငါထင်နေပါ တယ်ဘုရား)
ငါထင်နေတဲ့ အခါကျလို့ရှိရင်ဖြင့်တဲ့၊ သြော် - သူသည်
ကားဆိုလို့ဆိုရင်ဖြင့် ငါထင်နေတယ်၊ ခန္ဓာငါးပါးကို ခန္ဓာငါးပါးလို့
မသိတဲ့အတွက် ယောက်ျားလို့ထင်၊ ပုဂ္ဂိုလ်လို့လည်းထင်၊ ငါရယ်လို့လည်းထင်၊
အားကိုးစရာကြီးတစ်ခု ရယ်လို့ကော … (ထင်ပါတယ်ဘုရား) သဘောကျပလား …
(ကျပါပြီဘုရား)။
ဒါဖြင့်
ဒီလိုထင်နေတာသည် ကိုစောမောင် သြော် … ဘာတဲ့တုံးလို့ မေးတဲ့အခါကျတော့
ဒိဋ္ဌိကွ … (မှန်ပါဘုရား) စွဲငြိနေတာက ဒိဋ္ဌုပါဒါန်ကွ … (မှန်ပါဘုရား) သူက
ဒိဋ္ဌိလည်းဟုတ်တယ်၊ အမြင်မှားသော ကြောင့် ဒိဋ္ဌိ၊ ဒီ-သွား, သွားငြိနေလို့
ဥပါဒါန် … (မှန်ပါဘုရား) ဒါဖြင့် ကိုစောမောင် ဒိဋ္ဌုပါဒါန် … (မှန်ပါဘုရား)
ရှင်းပလား … (ရှင်းပါပြီဘုရား) ဒိဋ္ဌိဆိုတာက သူက ခန္ဓာငါးပါးကို ရှင်းပလား …
(ရှင်းပါပြီဘုရား) ဒိဋ္ဌိဆိုတာက သူက ခန္ဓာငါးပါးကို ငါထင်နေတာဘာတုံး …
(ဒိဋ္ဌိပါဘုရား) ခန္ဓာငါးပါး ငါထင်ရုံတော့ ဒိဋ္ဌိပဲရှိ သေးတယ်၊ သဘောကျရဲ့လား …
(ကျပါတယ်ဘုရား)။
ဒီခန္ဓာငါးပါးထိလို့ရှိရင်
မချိအောင်နာတယ်လို့ ဆိုပြီးသကာလ ဒကာ ဒကာမတွေကို အင်း - ဒီခန္ဓာကိုဖြင့်
နည်းနည်းမှ ကျုပ်အမွေးတစ်ပင် အကျွတ်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုးကို
တစ်ခါတည်းချည်ပြီး နှောင်ပြီးထားတဲ့အခါကျတော့ ဒီခန္ဓာပေါ်မှာ အစွဲကြီး
စွဲပြီးနေတယ်ဆိုရင်လဲ ကိုစောမောင် … (ဒိဋ္ဌုပါဒါန်ပါဘုရား)။
ဒါဖြင့်
အဲဒီကျတော့ ဥပါဒါန်ပါပြီ၊ ပါတော့ ဒိဋ္ဌိတွင် မရင်ဘဲနဲ့
ဒိဋ္ဌုပါဒါန်သွားဆက်တယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား) အမြင်မှားတာက ဒိဋ္ဌိ၊
သွားပြီသကာလ ဖြုတ်မရအောင် ချည်တာက ဥပါဒါန်၊ ပေါင်းလိုက်တဲ့ အခါကျတော့ …
(ဒိဋ္ဌုပါဒါန်ပါဘုရား) သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့ ခင်ဗျားတို့
ကျုပ်တို့၏ ဖြစ်စဉ်မှာဖြင့် အားလုံးတရားတစ်ပွဲလုံး အကိုက်ချည်းပဲ …
(မှန်ပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
အမြင်မှားတာ
… (ဒိဋ္ဌိပါဘုရား) ဒီခန္ဓာကို စွဲနေတာက … (ဥပါဒါန်) ပေါင်းလိုက်ကိုစောမောင်
… (ဒိဋ္ဌုပါဒါန်ပါဘုရား) အဲ - နဂိုကတော့ ဒိဋ္ဌုပါဒါန်တော့ စာလေးဘာလေး
ဖတ်ဖူးထားတော့ တွေ့မှာပဲတဲ့၊ ခုလို ခရေစေ့တွင်းကျ စိပ်လာအောင်ကျတော့
ဦးဘရှင်းမပြောဘူး … (မှန်ပါဘုရား) အမြင်မှားတာက ဘာတုံး … (ဒိဋ္ဌိပါဘုရား)။
ခန္ဓာငါးပါးကို
ပုဂ္ဂိုလ်သတ္တ၀ါထင်ပြီး အထင်မှားနေတာ … (ဒိဋ္ဌိပါဘုရား) ဒိဋ္ဌိ၊ အဟုတ်ကို ဒါ
အထိမခံနိုင်ဘူးဆိုတာကတော့ ဥပါဒါန်ကိုတော့ ပေါင်းလိုက် … (ဒိဋ္ဌုပါဒါန်)
ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကောင်းပြီ
- ဒါဖြင့် ဒိဋ္ဌုပါဒါန်ဟာ ကိုစောမောင် အင်မတန် ကြောက်စရာကောင်းပါလား …
(ကောင်းပါတယ်ဘုရား) ဒါဖြင့် ဒီလိုလုပ်ကြစို့ သူက ဒိဋ္ဌိဗျနော်၊ သူ့နောက်က
ဘာလိုက်တုံး … (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်လိုက်တယ်၊ ဥပါဒါန ပစ္စယာ …
(ကမ္မဘ၀) ကမ္မဘဝေါလာပြီ၊ မလာဘူးလား … (လာပါတယ် ဘုရား) ကမ္မဘ၀ပစ္စယာ … (ဇာတိ)
ဟော - ဒကာ ဒကာမတွေ ဒါ-ခင်ဗျားတို့ အပြစ်သေးသလား အပြစ်ကြီးသလားသာ
ကိုစောမောင် အကဲခတ်တော့ … (အပြစ်ကြီးပါတယ်ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဆက်ပြလိုက်တဲ့အခါ
ပိုရှင်းသွားပါတယ် … (မှန်ပါဘုရား) ဒါ ပဋိစ္စသမုပ္ပါဒ် ခင်ဗျားတို့က အစက -
စ, တာလား၊ ခန္ဓာနောက်မှ လိုက်လာတဲ့ အလယ်ကနေ စ, တာလို့ သေသေချာချာ မှတ် …
(မှန်ပါဘုရား) သဘောကျပလား … (ကျပါပြီဘုရား) ပဋိစ္စသမုပ္ပါဒ် အ၀ိဇ္ဇာပစ္စယာက
စတာဟုတ်သေးရဲ့လား … (မဟုတ်ပါဘုရား) ဒိဋ္ဌိကနေ စ,တာ … (မှန်ပါ့ဘုရား)
မစ,ဘူးလား … (စ,ပါတယ်ဘုရား) ဒိဋ္ဌိပြီးတော့မှ ဒိဋ္ဌုပါဒါန် သဘောကျပလား …
(ကျပါပြီဘုရား)။
ဥပါဒါန
ပစ္စယာကျတော့မှ … (ကမ္မဘ၀ပါဘုရား) ကမ္မဘဝေါဆိုတော့ ဒိဋ္ဌုပါဒါန်နောက်ကမှ
ကံဖြစ် တယ် … (မှန်ပါဘုရား) ကံရှိနေတဲ့ ပုဂ္ဂိုလ်အပါယ်လေးပါး ဇာတိဆိုတာ
မလာဘူးလား … (လာပါတယ်ဘုရား) ဒိဋ္ဌိအပြစ်ကိုစောမောင် သေးဘူးလား …
(မသေးပါဘုရား) ဒကာ ဒကာမတွေ ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
သြော်
- ဒါဖြင့် ဒီအပြစ်တွေ တယ်ကြီးပါလားဆိုတာ ပေါ်လာပြီ … (ပေါ်ပါပြီဘုရား)
မပေါ်လာသေးဘူးလား … (ပေါ်ပါပြီဘုရား) ဒိဋ္ဌိအုပ်ချုပ်တဲ့ကံတွေ ကမ္မဘ၀ပစ္စယာ
အပါယ်လေးပါး ဇာတိတွေ အကုန်လာတာပဲဆိုတာ ကိုစောမောင် သူများပြောလား
ဖြစ်စဉ်ကိုက်လား … (ဖြစ်စဉ်ကိုက်ပါ ဘုရား)။
ဒါက
ဘယ်နည်းနဲ့မှ ရှောင်လို့ တိမ်းလို့ကို မရဘူး၊ ဒိဋ္ဌိရှိရင် ဥပါဒါန်ကလာပြီး
… (မှန်ပါဘုရား) မလာဘူးလား … (လာပါတယ်ဘုရား) ဒိဋ္ဌုပါဒါန်ဖြစ်ပါပြီ၊
ဒိဋ္ဌိဥပါဒါန်ဖြစ်ရင် ဥပါဒါနပစ္စယာ ကမ္မဘဝေါ ဆိုတာကလဲ ဘယ်လိုမှ ငြင်းလို့မရဘူး …
(မရပါဘူးဘုရား) ရပါ့မလား … (မရပါဘုရား) ကမ္မဘ၀ ပစ္စယာ ဇာတိ၊ ဘယ့်နှယ်လုပ်
ငြင်းစရာကော … (မရှိပါဘူးဘုရား) ကိုစောမောင် ဘုရားမပွင့်လဲ - ဒီအစဉ်က …
(ရှိပါတယ်ဘုရား) ဘုရားပွင့်လဲ … (ရှိပါတယ်ဘုရား) ဘုရားရှိလဲ -
ဒီပဋိစ္စသမုပ္ပါဒ်အစဉ်က ဒီအတိုင်းသွား နေတာပဲ၊ ဘုရားမရှိလဲ … (ဒီအစဉ်အတိုင်း
သွားနေတာပါပဲဘုရား) ဒါဖြင့် ဒီ, ဒိဋ္ဌိမပြုရင် … ဒီ, အပါယ်လေး ပါး
မပြုတ်ဘူးဆိုတာ နိဂုံးချုပ်ကြစို့ … (မှန်ပါဘုရား) ကိုစံလှ ကျေနပ်ပလား …
(ကျေနပ်ပါတယ်ဘုရား)။
ဒီ,ဒိဋ္ဌိမပြုရင်
… (အပါယ်လေးပါး မလွတ်ပါဘူးဘုရား) ဒီ,အပါယ်လေးပါး မလွတ်ဘူးဆိုတဲ့ ဥစ္စာ၊
ဒိဋ္ဌိလည်း ပြုတ်ရော စတူဟာပါယေဟိစ ၀ိပ္ပမုတ္တောလို့ ဘုရားက ဟောတယ် …
(မှန်ပါဘုရား) ဒိဋ္ဌိပြုတ်ရင် အပါယ်လေးပါးလွတ်ပြီ၊ ပရိတ်ကြီးမှာ မလာဘူးလား …
(လာပါတယ်ဘုရား) ကဲ - ဒီ့ပြင်ဟာ ပါသေးသလား ကိုစောမောင် … (မပါပါဘူးဘုရား)
ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကဲ
- ဒီဘက် ပဋိစ္စသမုပ္ပါဒ်ဆက်ပြလိုက်တော့ - ဟုတ်ပါပေတယ် -
မှန်ပါပေတယ်ဆိုထိုက်ပလား … (ဆိုထိုက်ပါတယ်ဘုရား) ရှင်းပြီနော် …
(ရှင်းပါပြီဘုရား) ပရိတ်ကြီး သုတ္တနိပါတ်နဲ့ ဒိဋ္ဌိပြုတ်လိုက်လို့ရှိရင်
အပါယ်လေးပါး လွတ်ပြီကွ၊ ဘုရားဟော လုပ်ပြန်တော့လည်း ဦးဘရှင်တို့က
ကျေနပ်ဖို့ … (ကျေနပ်ပါတယ် ဘုရား) သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
ဒါဖြင့်
ဒီ ဒကာ ဒကာမတို့ ဒိဋ္ဌိမဖြုတ်ရင် မဖြစ်ကို မဖြစ်ဘူး … (မှန်ပါဘုရား)
ဒိဋ္ဌိမဖြုတ်ရင် … (မဖြစ်ပါဘူးဘုရား) ၀ိပဿနာလည်း တားမယ်… (မှန်ပါဘုရား)
ဒါနလဲ … (တားမှာပါဘုရား) နိဗ္ဗာန်ရောက် မဲ့ဒါန သွားတားတယ်၊
နိဗ္ဗာန်ရောက်မဲ့ သီလကော … (တားပါတယ်ဘုရား) ဘယ်သူပါလိမ့်မတုံး … (ဒိဋ္ဌိပါ
ဘုရား) သြော် - တယ်ဆိုးပါ့လား … (ဆိုးပါတယ်ဘုရား)။
ဒါကြောင့်
မနေ့က ကိုစောမောင် ဆားငန်ရေနဲ့ ဇာတ်သိမ်းတယ်၊ ဒီနေ့တော့ မဟုတ်ဘူးတဲ့၊
ဒိဋ္ဌိက ချည်သလား တဏှာက မျှောသလား၊ ငါးပါးအာရုံကာမဂုဏ်က၀ဲ, ပဋိစ္စသမုပ္ပါဒ်က
မြုပ်သမားဆိုတော့ မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ရှင်းပလား …
(ရှင်းပါပြီဘုရား) ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီ့ပြင်ဟာ
နောက်ထား၊ ကိုစောမောင်ရာ ဘာရှေ့ထားရမတုံး … (ဒိဋ္ဌိပြုတ်ရှေ့ထားရပါ့မယ်
ဘုရား)။
ဟေ့
ကိုစံလှ ဘုန်းကြီးက အပြောကောင်းလို့ အပြောတတ်လို့ဖြစ်စဉ်က
ဒီအတိုင်းမဟုတ်လား … (ဒီအတိုင်းပါဘုရား) ဒါ, ခင်ဗျားတို့က
ထောက်ခံချက်ပေးနေပြီတဲ့၊ ဖြစ်စဉ်က ဒီအတိုင်းဆိုတာ အခု
ပဋိစ္စသမုပ္ပဒ်နဲ့လည်း ရှင်းပြတယ် … (မှန်ပါ) ကိုစောမောင်ဟန်ရပလား …
(ရပါပြီဘုရား) ဒါဖြင့် သူ့အရေးတကြီးပေါ့ဗျာ … (မှန်ပါ) ဘုရားက မနေ့က
သံယုတ်ပါဠိတော သံဂါထာ ၀ဂ္ဂသံယုတ်ပါဠိတော်မှာ သူ့ထက်အရေးကြီးတဲ့
အလုပ်ရှိသေးတယ်တဲ့လား … (မရှိပါဘုရား) မရှိဘူးလို့ ဘုရားကလည်း မနေ့က
ထောက်ခံတယ်၊ သဘောကျပလား … (ကျပါပြီဘုရား)
ဒါဖြင့်
ဒကာ ဒကာမတို့ ဖြုတ်ကြစို့ … (မှန်ပါ) အဲတော့ကိုတဲ့ ခင်ဗျားတို့
မဖြုတ်နိုင်တာက ဘာကြောင့် မဖြုတ်နိုင်ပါလိမ့် မတုံး ဖြုတ်နိုင်တာက
ဘာကြောင့် ဖြုတ်နိုင်သတုံးဆိုတဲ့မေးခွန်လေးထွက်က ထွက်လာတယ်၊
တော်တော်အရေးကြီးစကား၊ မဖြုတ်နိုင်တာ ဘာကြောင့် ဖြုတ်နိုင်တာက ဘာကြောင့်၊
ကဲ - ဒါဖြင့် ဒီလိုလုပ်ကြစို့ ဒါက တရားနာနေတဲ့ ဒကာ ဒကာမတွေက ခန္ဓာငါးပါး …
(မှန်ပါ) နော် - ဒီခန္ဓာငါးပါး ကို ဒကာ ဒကာမတွေက အမေ့ခန္ဓာငါးပါး …
(မှန်ပါ) အမေရင်လည်း သူလုပ်ထားတယ် … (မှန်ပါ) ခင်ပွန်းသည်ရင်လဲ …
(လုပ်ထားပါလိမ့်မယ်ဘုရား)။
လုပ်ထားတော့
ခင်ပွန်းသည်နှင့် ခန္ဓာငါးပါးကို မခွဲခြားတတ်ဘူး … (မှန်ပါ) ခင်ပွန်းမက
သဘောကျပလား … (ကျပါတယ်ဘုရား) ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်ကို …
(မခွဲခြားတတ်ပါဘူးဘုရား) အဲဒီမှာ သွားရောနေတယ် … (မှန်ပါ)
ခန္ဓငါးပါးလည်းရှိသား၊ သူ့ခင်ပွန်းသည်တဲ့၊ ဒီ ဒကာ ဒကာမကလည်း အစွဲကြီး
စွဲထားတယ်၊ မစွဲဘူးလား … (စွဲပါတယ်ဘုရား)။
စွဲတော့
သူ- ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ မကွဲပဲ ဖြစ်နေတယ် (မှန်ပါ)
ခန္ဓငါးပါးသည်ပင်လျှင် ခင်ပွန်းသည်၊ သဘောကျပလား … (ကျပါပြီဘုရား)
ခင်ပွန်းသည်ပင်လျှင် … (ခန္ဓာငါးပါးဘုရား) သြော် - ဒါဖြင့် ရူပံအတ္တတော
သမနုပဿတိ - ဆိုတဲ့အတိုင်း ဒီဟာ ငါပဲ - ငါ့ဥစ္စာပဲ၊ ခင်ဗျားတို့စွဲတော့တာပဲ
… (မှန်ပါ) ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ ကွဲသေးရဲ့လား …
(မကွဲပါဘူးဘုရား)။
မယုံလို့ရှိရင်လည်းတဲ့၊
ဒီ ဒကာမတွေ သွားကြည့်လိုက်တယ်တဲ့၊ ကိုစောမောင် မကြေည့်လိုက်တယ် နော်၊
ဥပမာမှာ တယောက်သော မိန်းမမှာ၊ ခင်ပွန်းသည်က ပျက်စီးတယ်ဆိုကြပါစို့၊
မပျက်စီးပေဘူးလား … (ပျက်စီးပါတယ်ဘုရား) အဲဒီလို ပျက်စီးတာတွေ
တစ်ပုံကြီးပေါ့ဗျာ … (မှန်ပါ)။
ဘာဖြစ်သလဲလို့
သွားမေးတဲ့အခါ ကိုစောမောင် သူဘယ်လိုဖြေမယ်ထင်သတုံး … (ခင်ပွန်းသည်
ပျက်စီးလို့ပါဘုရား) ခင်ပွန်းသည် ပျက်စီးလို့ပါဆိုတော့၊ ခင်ပွန်းသည်
ပျက်စီးလို့ဆိုတော့ ခန္ဓာငါးပါးနဲ့ ခင်ပွန်းသည်နဲ့ သူ့စိတ်ထဲရောနေတယ်၊
မရောဘူးလား … (ရောနေပါတယ်ဘုရား) အဲဒီပျက်စီးတဲ့ ဥစ္စာ ဘယ်သွားတုံးလို့
မေးတော့ ဘယ်နှစ်ရက်ရှိသွားပြီ၊ အသုဘကိစ္စတောင် ပြီးသွားပြီ …။
အသုဘတောင်
ပြီးသွားပြီ၊ မြေထဲမြှုပ်လိုက်ပြီဆိုတော့ အသုဘနဲ့ သူက ကွဲရမှာ
ကိုစောမောင် … (မှန်ပါဘုရား) ခုကွဲသေးရဲ့လား … (မကွဲပါဘူးဘုရား) ဒါဖြင့်
အသုဘမြှုပ်တယ်လို့ ဆိုတော့ ခန္ဓာငါးပါးက အသုကိုဗျ … (မှန်ပါဘုရား)
ရှင်းပလား … (ရှင်းပါပြီဘုရား)။ သို့သော် သူစိတ်ထဲမှာ ဒီမြှုပ်ပင်
မြှုပ်ငြားသော် လည်း သူမျက်ရည်က ကျတယ် ဘာဖြစ်နေ … (မျက်ရည်ကျပါတယ်ဘုရား)
မျက်ရည်ကျနေကတည်းက အသုဘ ပေါ်မလာဘူးလား … (မှန်ပါ) အသုဘသည်ပင် ခန္ဓာ -
ခင်ပွန်းပေါ်မလာဘူးလား … (မှန်ပါ) အသုဘသည်ပင် ခန္ဓာ - ခင်ပွန်း သဘောကျပလား၊
အသုဘသည်ပင် ခင်ပွန်းပဲ … (မှန်ပါ) ရိပ်မိပလား … (ရိပ်မိပါပြီဘုရား)
ရုပ်နာမ်သည်ပင်လျှင် … (ခင်ပွန်းပါဘုရား) သဘောပါပလား … (ပါ, ပါပြီဘုရား)။
ဒါကြောင့်
မျက်ရည်ကျလာတယ်၊ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား) အသုဘပေါ်လာရင်
မျက်ရည်မကျရဘူး၊ အနိစ္စပေါ်လာရင် … (မကျရပါဘူးဘုရား) ဒုက္ခပေါ်လာရင် …
(မကျရပါဘူးဘုရား) ခန္ဓာ ငါးပါးပေါ်လာရင် … (မကျရပါဘူးဘုရား) ဒုက္ခပေါ်လာရင် …
(မကျရပါဘူးဘုရား) ခန္ဓာငါးပါးကို (ခု) သူ ဘာလုပ်ထားသတုံး …
(ခင်ပွန်းသည်လုပ်ထားပါတယ်ဘုရား) ခင်ပွန်းသည် လုပ်ထားတော့ကို သြော် -
ဒိဋ္ဌိဟာ ဘယ်ကလာတာပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့
ခန္ဓာငါးပါးကို ယောက်ျားဟူ၍ သမုထားတာနဲ့၊ သမုတိသစ္စာ - ပရမတ္တသစ္စာ
မကွဲရာကလာတာ … (မှန်ပါဘုရား) ပေါ်ပလား … (ပေါ်ပါပြီ ဘုရား)။
ဘယ်ကလာတာတုံး
… (သမုတိသစ္စာ - ပရမတ္တသစ္စာ မကွဲရာက လာတာပါဘုရား) သေသေ ချာချာမှတ်ပါ၊ ဒါ -
ဒီနေ့တစ်လုံးတိုးပေးပြန်တယ် … (မှန်ပါဘုရား) သမုတိသစ္စာနဲ့ … (ပရမတ္ထသစ္စာ
မကွဲရာက လာပါတယ်) ဒကာ ဒကာမတို့ သမုတိသစ္စာက သူနဲ့ အိမ်ထောင်ကျလို့ရှိရင်
သူအိမ်ရှင်ဖြစ်ရလိမ့် မယ် - သူ ကာမပိုင်ဖြစ်ရလိမ့်မယ်၊ မဖြစ်ပေဘူးလား …
(ဖြစ်ပါတယ်ဘုရား) အဲ - ဖြစ်တဲ့အခါကျလို့ရှိရင် သမုတိသစ္စာက ဒီခင်ပွန်းသည်နဲ့
အိမ်ထောင်ကျလို့ရှိရင်ဖြင့် သူခြေရင်း အလုပ်အကျွေး ဖြစ်ရဆိုတော့
ပရမတ္ထတရားလေးပါးထဲက စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ဆိုတဲ့အတိုင်းပဲတဲ့၊ ဒါ -
စိတ်, စေတသိက်, ရုပ်တွေပဲ … (မှန်ပါဘုရား)။
ဒါ
- ပရမတ္ထသစ္စာနဲ့ သူသည် ခင်ပွန်းသည်လို့ သူများပြောထားတဲ့ သမုတိသစ္စာနဲ့
သူရောပစ်တယ်၊ သဘောပါကြပလား … (ပါ,ပါတယ်ဘုရား) ဘာဖြစ်သွားတုံး
သမုတိသစ္စာနဲ့ … (ပရမတ္ထသစ္စာရောပါတယ် ဘုရား) အဲဒီ, မကွဲရာက လာတာဗျ၊
ကိုစောမောင်၊ သစ္စာနှစ်ပါးကို မကွဲလို့ … (မှန်ပါဘုရား) သမုတိသစ္စာက
ခင်ပွန်းသည်၊ ပရမတ္ထသစ္စာက ခန္ဓာ … (ခန္ဓာငါးပါးပါဘုရား)။
အဲဒါကိုပင်လျှင်
သူ့စိတ်ထဲမှာ ခန္ဓာငါးပါးပျောက်ပြီး သကာလ သမုတိသစ္စာက တစ်ခါတည်း
လွှမ်းမိုးသွားတဲ့အခါကျတော့ ဒီဥစ္စာဖြင့် တောင်ကြီးပမာ လက်ရုံးကြီးပမာ၊
တစ်ခါတည်းအားကိုးပြီး သကာလ ဒီ, သူ-မရှိလို့ရှိရင်ပဲ အိမ်ဘာဖြစ်တော့မလိုပဲ
ကိုစောမောင်၊ မလာဘူးလား … (လာပါတယ် ဘုရား)။
ဒါ
- ဘာလွှမ်းမိုးသွားတာတုံး … (သမုတိသစ္စာပါဘုရား)
သမုတိသစ္စာလွှမ်းမိုးသွားတာ၊ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့်
သမုတိသစ္စာကြောင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကွယ်ရတယ်၊ ခန္ဓာငါးပါးကွယ်ရ
တော့ကို သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာမကွဲတော့ ငါကိုယ်ကျိုးနည်းပြီဆိုတဲ့
ဒိဋ္ဌိနောက်က တစ်ခါတည်းလာ တာ၊ မလာဘူးလား … (လာပါတယ်ဘုရား)။
ဒါဖြင့်
ဒကာ ဒကာမတို့ ဒိဋ္ဌဘယ်ကလာတာတုံး … (သစ္စာမကွဲလို့) သမုတိနဲ့
ပရမတ္ထသစ္စာမကွဲရာ က လာတာရှင်းပလား … (ရှင်းပါပြီဘုရား) ဘယ်ကလာတာပါလိမ့် …
(သမ္မုတိပရမတ်မကွဲရာက လာပါတယ်ဘုရား) ကိုစောမောင် ဟုတ်ပလား …
(ဟုတ်ပါတယ်ဘုရား)။
သမုတိသစ္စာနဲ့
… (ပရမတ္တသစ္စာမကွဲရာက လာပါတယ်ဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား)
အင်း - သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာသူကလုံးပစ်လိုက်တာ၊ ခင်ဗျားပြောတဲ့
ခန္ဓာငါးပါးလည်း ငါ,ပါတယ်၊ သို့သော် ဒီနေ့ တစ်လုံးတိုးလိုက်တော့
သမုတိသစ္စာလည်း သူမကွဲဘူး၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ကိုပေါ်
ရှင်းပလား … (ရှင်းပါပြီဘုရား)။
နောက်က
ဒကာ ဒကာမတွေ … (ရှင်းပါတယ်ဘုရား) ဘာမကွဲတာတုံး … (သမုတိသစ္စာနဲ့
ပရမတ္ထသစ္စာမကွဲတာပါဘုရား) ပရမတ္ထသစ္စာနဲ့ သမုတိသစ္စာမကွဲတာ၊ ပရမတ္ထသစ္စာက
ခန္ဓာငါးပါး၊ သမုတိသစ္စာက ခင်ပွန်းသည် … (မှန်ပါ) အဲဒါ ကွဲသေးရဲ့လား …
(မကွဲပါဘူးဘုရား)။
မကွဲတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့၊
ယောက်ျားရယ်လို့ဆိုရင် အားကိုးမှာပဲ၊ အားထားရမှာပဲဆိုပြီး သကာလ
အားလုံးကို ဒိဋ္ဌိရော ဒိဋ္ဌုပါဒါန်ရော သွားစွဲတယ်၊ မစွဲဘူးလား …
(စွဲပါတယ်ဘုရား)။
စွဲလိုက်ကတည်းကိုက၊
သြော် - ဒီ,ဒိဋ္ဌိဘယ်ကများ လာပါလိမ့်မတုံးမေးတော့မှ ဒကာ ဒကာမတွေက
ရှင်းသွားတယ် … (မှန်ပါဘုရား) ဘယ်ကလာတာတုံး … (သမုတိသစ္စာ - ပရမတ္ထသစ္စာ
မကွဲရာက လာတာပါဘုရား) မကွဲရာက လာတာ … (မှန်ပါဘုရား) ရှင်းပလား …
(ရှင်းပါပြီဘုရား) ကိုမူကြီး ဘယ်ကလာတာတုံး … (မကွဲရာက လာတာပါဘုရား)
ဘယ်သစ္စာလာပြီ မကွဲသတုံး … (သမုတိသစ္စာ - ပရမတ္ထသစ္စာ မကွဲရာက လာတာပါဘုရား)။
ဒါဖြင့်
ဒကာ ဒကာမတို့ နေရာကျပြီ၊ သြော် - ဒီ, ဒိဋ္ဌိဘယ်က လာပါလိမ့်မတုံးဆိုတာ
ယနေ့လက် သည် တိုးပေးလိုက်ပြန်တော့ မကွဲရာက လာတာ … (မှန်ပါဘုရား)
ကိုစောမောင် ပေါ်ပြီ၊ ဘယ်သစ္စာ … (သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ မကွဲရာကပါဘုရား)
သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ မကွဲရာက လာတာ … (မှန်ပါဘုရား) ကွဲ -
နေလို့ရှိရင်ဖြင့်၊ သြော် - ယောက်ျားဆိုတာက အပြော၊ ခန္ဓာငါးပါးဆိုတာက
အရှိသဘောကျပလား … (ကျပါတယ်ဘုရား)။
အဲတော့
ဒီလိုရှိပြီးသကာလနေတော့ ဒီထဲမှာ မရောဘဲနဲ့ ထားမယ်ဆိုလို့ရှိရင်ဖြင့် ဒကာ
ဒကာမတို့၊ သြော် - ခင်ပွန်းဆိုတာကမရှိ၊ ခန္ဓာငါးပါးဆိုတာက …
(အရှိပါဘုရား) အဲဒီတော့ သူ့စိတ်ထဲမှာ နဂိုက ရောထားတော့ကိုတဲ့၊
ကျွန်ုပ်ခင်ပွန်း ဒီလိုဒီလို ဖြစ်သွားပါတယ်ဆိုတော့ သူသည် ငိုချင်းမချ,
ပေဘူးလား … (ချပါတယ်ဘုရား)။
ဘယ်သစ္စာကြောင့်
ငိုချင်းချပါလိမ့် … (သမုတိသစ္စာကြောင့် ငိုချင်းချပါတယ်ဘုရား) ရှင်းပလား
… (ရှင်းပါတယ်ဘုရား) အရှိကြောင့် ငိုချင်းချတာလား မရှိကြောင့်
ငိုချင်းချတာလား … (မရှိကြောင့်ပါဘုရား) ပေါ်ပြီ - ခင်ဗျားတို့
မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ရှိတာကြောင့် ငိုချင်းချတာလား
မရှိတာကြောင့် ငိုချင်းချတာလား … (မရှိတာကြောင့် ငိုချင်းချပါတယ်ဘုရား)
သေသေချာချာကြည့်တော့ သမုတိသစ္စာထဲမှာ ခန္ဓာငါးပါးပါရဲ့လား … (မပါ-ပါဘုရား)
ဆိုင်းဘုတ် - ဆိုင်းဘုတ်သက်သက်ပဲ၊ ပရမတ္ထသစ္စာထဲမှာတော့ ခန္ဓငါးပါးရှိတယ်၊
သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
သို့သော်
သူ-တသပြီးသကာလ ဒီ ဒကာမဟာ ဖွဲ့ကာ နွဲ့ကာနဲ့ ငိုနေတာ
ထောက်လိုက်လို့ရှိရင်ဖြင့် ဘယ်သစ္စာစွဲနေတုံး …
(သမုတိသစ္စာစွဲနေပါတယ်ဘုရား) ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် သက္ကာယဒိဋ္ဌိ
မလာဘူးလား … (လာပါတယ်ဘုရား) အဲဒီဒိဋ္ဌိသည် ကားဆိုလို့ရှိရင် သမုတိသစ္စာ,
ပရမတ္ထသစ္စာ ကွဲသေးရဲ့လား … (မကွဲပါဘူးဘုရား) ဒါဖြင့် ငိုတဲ့ပုဂ္ဂိုလ်မှာ
မကွဲတာ ထင်ရှားလိုက်တာမှ၊ ဒကာ ဒကာမတို့ အရှိအကြောင့် ငိုတာလား
မရှိတာစွဲပြီး ငိုတာလား … (မရှိတာစွဲပြီး ငိုတာပါဘုရား) သဘောကျပလား …
(ကျပါပြီဘုရား)။
ဘယ့်နှယ်တုံး
- မရှိတာစွဲပြီး ငိုတာပါ၊ ဘာဖြစ်သွားတုံးမေးတော့ ခင်ပွန်းသည်
ပျက်စီးတယ်၊ မပြောဘူးလား … (ပြောပါတယ်ဘုရား) ဘယ့်နှယ်ပြောကြပါလိမ့် …
(ခင်ပွန်းသည် ပျက်စီးတယ်လို့ ပြောပါ တယ်ဘုရား) ပျက်စီးလို့ရှိရင်
ဘာဖြစ်သတုံးလို့ မေးလို့ရှိရင်ဖြင့် ဘယ့်နှယ်မှ မတတ်နိုင်တော့ဘူး၊
အားကိုးရာမဲ့သွားပြီ၊ ဘာဖြစ်လို့ ခိုကိုးရာမဲ့တာတုံး ကိုစောမောင်မရှိတဲ့
ခင်ပွန်းသည် ပျောက်သွားလို့၊ ရိပ်မိပလား … (ရိပ်မိပါတယ်ဘုရား)။
ဘယ့်နှယ်ကြောင့်ပါလိမ့်
… (မရှိတဲ့ခင်ပွန်းသည် ပျောက်သွားလို့ပါဘုရား) သြော် - ဒါ, အခက်ဆုံး
ပဲဆိုတာ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဘယ်နှယ်ခက်ပါလိမ့် …
(မရှိတဲ့ခင်ပွန်းသည် ပျောက်လို့ပါ ဘုရား) ကိုစံလှ အဖြေတောင်
အတော်ခက်နေတယ်၊ သေသေချာချာ ဒီကခွဲပြတော့လေ … (မှန်ပါ)။
ဒါဖြင့်
ခင်ဗျားတို့ ငိုကြ, ရင်ထုကြ၊ ကြမ်းခုန်ကြ၊ ဟ-ဘယ်အတွက်တုံး၊
မရှိတာကြောင့် ဖြစ်ရတာလား ရှိတာကြောင့် ဖြစ်ရတာလား … (မရှိတာကြောင့်
ဖြစ်ရတာပါဘုရား) ဒါဖြင့် ဒီလိုရေသောက် ပြီး သကာလ အဆိပ်လို့ပြောတာနဲ့
ဟိုလူသေတာပဲ၊ သောက်တာကတော့ ရေပဲ သို့သော် ဘေးကလူက သူ့သေစေချင်တာနဲ့
မင်းသောက်တာအဆိပ်တွေ၊ နောက်တစ်နာရီလောက်ကျရင် မင်းရင်တွေ ပူလာလိမ့်
မယ်ဆိုတော့ နောက် - သူ့ဟာသူ - သူ့စိတ်ပေါက်တာနဲ့ သူသေတာပဲ၊ မသေပေဘူးလား …
(သေပါတယ် ဘုရား)။
အဲဒီမှာ
ခင်ဗျားတို့ ကျုပ်တို့သေကြတာဟာ၊ အားလုံး တစ်သံသရာလုံး သေကြတာ၊
မရှိတဲ့ခုနင်က ဥစ္စာအကြောင်းပြုပြီးတော့ သေကြတာ၊ ကိုယ်ကျိုးနည်းကြတယ်၊
ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ကိုစံလှရှိ တာက နှိပ်စက်တာလား - မရှိတာက
နှိပ်စက်တာလား … (မရှိတာက နှိပ်စက်တာပါဘုရား) ခက်နေပြီ ကိုစံလှရဲ့၊
မရှိတဲ့ ဒုတ်နဲ့ရိုက်လိုက်တာ သေရော၊ ဖြစ်နေတယ် … (မှန်ပါဘုရား)။
ဖြစ်နိုင်
- မဖြစ်နိုင်၊ ခင်ဗျားတို့အတွက်တော့ ဖြစ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်၊
ပင်ကို သဘာဝတ္ထကတော့ မရှိဘဲ ဒုတ်နဲ့ရိုက်တာသည် ဘယ်နည်းနဲ့မှ မသေနိုင်ဘူး၊
ကိုစောမောင် … (မှန်ပါဘုရား) သို့သော်လည်း ကိုစောမောင်တို့ လူစုမှာတော့
ဘယ့်နှယ်ဖြစ်နေတုံး … (သေရပါတယ်ဘုရား) ဘယ့်နှယ်ကြောင့်တုံး … (မရှိတဲ့
ဒုတ်နဲ့အရိုက်ခံရလို့ပါဘုရား) သူက ဒဏ်ချက်သာ ပြင်းသေးတယ်၊ ကိုစံလှ ရေ …
သူကသာ ဒဏ်ချက်ပြင်းသေးတယ်၊ မပြင်းဘူးလား … (ပြင်းပါတယ်ဘုရား)။
ကဲ
- ဒကာ ဒကာမတို့ ဘာသစ္စာမကွဲလို့တုံး၊ ဒီ - ငိုချင်းဟာ ဒိဋ္ဌိက
လာတဲ့ငိုချင်းပဲ၊ ဒကာ ဒကာမတွေ ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့်
သမုတိသစ္စာလည်း ကွဲရလိမ့်မယ်၊ ကိုစောမောင် ဒိဋ္ဌိဖြုတ် ချင်လို့ရှိရင်
ပရမတ္ထသစ္စာလဲ … (ကွဲရမှာပါဘုရား) သိရမယ် ကွဲရမယ် … (မှန်ပါဘုရား)။
ကိုင်း - နာမည်ကဘာသစ္စာတုန်း … (သမုတိသစ္စာပါဘုရား) ခင်ပွန်းလို့ နာမည်တတ်လိုက်တာ … (သမုတိသစ္စာပါဘုရား)။
ရှိတာက
… (ခန္ဓာငါးပါးပါဘုရား) ခန္ဓာငါးပါးက ပရမတ္ထသစ္စာ၊ ခင်ပွန်းဆိုတာ သမုတိသစ္စာ၊
ဒါဖြင့် မရောစေနဲ့ … (မှန်ပါ) သြော် ဒါက အရပ်သုံး၊ ဒါကတော့ဖြင့်
ကိုယ်သုံး … (မှန်ပါ) ရိပ်မိပလား … (ရိပ်မိပါ တယ်ဘုရား) ဒါဖြင့် ဒီဥစ္စာက
မရှိတာ၊ ဒီဘက်ကဟာက … (ရှိတာပါဘုရား) အဲ - ရှိတာကိုကြောင့်ဖြင့်
ခင်ဗျားတို့ ဒိဋ္ဌိဒီလောက် မဖြစ်ပါဘူး၊ ဒိဋ္ဌိမဖြစ်ပါဘူးတဲ့ - မရှိတဲ့အတွက်၊
သမုတိသစ္စာကို ခင်ဗျားတို့က တကယ်ခင်ပွန်းထင်ပြီး သကာလနေတဲ့အတွက်
ငိုပွဲချည်းဆင်နေရတာ … (မှန်ပါ) ဆိုထိုက် မဆိုထိုက် …
(ဆိုထိုက်ပါတယ်ဘုရား)။
ပေါ်ကြပလား
… (ပေါ်ပါပြီဘုရား) ဒါဖြင့် ဒီသမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ ကိုစောမောင်
ကွဲသွားပြီ … (မှန်ပါ) နာမည်ပညတ်ဟူသရွေ့က သမုတိသစ္စာ၊ နာမည်ပညတ်ဟူသရွေ့က
သမ္မုတိသစ္စာ၊ အရှိဟူသရွေ့ က ပရမတ္တသစ္စာ၊ ဒါကို ခင်ဗျားတို့က ခန္ဓာကိုယ်ထဲမှာ
ရုပ်နာမ်တွင် ကွဲလို့မကောင်းဘူး … (မှန်ပါ) သမုတိသစ္စာနဲ့ …
(ပရမတ္ထကွဲရအုံးမှာပါဘုရား) ကွဲရဦးမယ် … (ရှင်းပါပြီဘုရား)။
ဘယ်နှကွဲ
- ကွဲရမလဲ ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် … (နှစ်ကွဲ-ကွဲရမှာပါဘုရား)
ခန္ဓာငါးပါးလည်း ကွဲရမယ်၊ သမုတိနဲ့ပရမတ်လဲ … (ကွဲရမှာပါဘုရား) အဲ -
အခုတော့ဖြင့် ရှင်းသွားပြီးတဲ့ လေးရက်တောင်ရှိလာ တဲ့အတွက် ဒီ - ဒိဋ္ဌိ,
မကွဲရာကလာတာ … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) မကွဲတာရယ် မသိတာရယ်၊
ဒီနှစ်ခုက လာတာ … (မှန်ပါ) ခွဲမသိရင်တော့ ဘာလာတုံး … (ဒိဋ္ဌိလာပါတယ်ဘုရား)
ခန္ဓာငါးပါးလုံး ခွဲပြီးမသိပြန်လို့ရှိရင်လဲ … (ဒိဋ္ဌိလာပါတယ်ဘုရား)
ခန္ဓငါးပါးလုံး ခွဲပြီးမသိပြန်လို့ရှိရင်လဲ … (ဒိဋ္ဌိလာပါတယ်ဘုရား)။
ခန္ဓာငါးပါးမကွဲမှုကြောင့်လည်းကောင်း၊
သမုတိသစ္စာနဲ့ ပရမတ္ထ သစ္စာမခွဲမှုကြောင့်လည်းကောင်း၊ ဒီ, ဒိဋ္ဌိလာတယ်၊ ကဲ,
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ဖြင့် ရှင်းသွားပြီ၊ ဒါဖြင့်
ဒိဋ္ဌိခွဲချင်လို့ရှိရင်၊ ဒါဘယ်သူတုံး လို့ မေးလို့ရှိရင်၊ ခန္ဓာငါးပါး
ဒီလိုသိထားလို့ရှိရင် ကိုစောမောင် နေရာကျပြီ၊ ဒါ,
ပုဂ္ဂိုလ်သတ္တ၀ါဟုတ်သေးရဲ့ လား … (မဟုတ်ပါဘူးဘုရား) မဟုတ်လို့ရှိရင် ဒိဋ္ဌိက
အင်း - ဒါတွေကား ဆိုလို့ရှိရင် ငါ့အားကိုးရာ - ငါ့အားထားရာဖြစ်သေးရဲ့လား …
(မဖြစ်တော့ပါဘူးဘုရား)။
သမုတိသစ္စာသိပြန်တော့လည်း
အို - သမုတိသစ္စာတကယ်ရှိတာမှ မဟုတ်ပဲ၊ တကယ်ရှိတာ မဟုတ်တော့ သူ့အတွက်
ကျုပ်တို့ ထည့်စဉ်းစားဖို့ မလိုပါဘူး၊ လိုသေးလား … (မလိုတော့ပါဘုရား)
ဒီကျတော့ကော ဒိဋ္ဌိက ဘယ့်နှယ်နေတုံး … (မလာပါဘူးဘုရား) ကောင်းပြီဒါဖြင့်
ဒိဋ္ဌိခွာချင်ရင် ခန္ဓာငါးပါးကွဲ မှုနဲ့ သမုတိသစ္စာ ပရမတ္ထသစ္စာကွဲမှု
အလွန်အရေးကြီးပါတယ်၊ အခု ဒီ ဘယ်လို ကျေးဇူးများသွားတုန်း မေးတဲ့အခါကျတော့
ဥာတပရိညာ - သိမှုအတွက်မှာတော့ဖြင့် ယနေ့ကုန်ပြီ … (မှန်ပါဘုရား) သဘောကျ
ပလား … (ကျပါပြီဘုရား) သိမှုအတွက်မှာ … (ယနေ့ကုန်ပါပြီဘုရား) ကဲ -
ခန္ဓာငါးပါးကော ကွဲကြရဲ့လား … (ကွဲပါတယ်ဘုရား) ကွဲပြီ၊ သမုတိသစ္စာကိုလဲ
ဘုရားက ဟောရတယ် ကိုစောမောင်ရဲ့ …။
သူ
- ရှစ်ပါးတောင်၊ ဒါ, နင့်အမေသွားပြစ်မှားရင် ပဉ္စနန္တရိယကံထိုက်မယ်၊
မင့်အဖေဆိုရင်ကော ပြစ်မှားရင် … (ထိုက်ပါတယ်ဘုရား) သူလည်းဟောရတယ်၊
ပရပတ္ထသစ္စာလဲ … (ဟောရမှာပါဘုရား) ဒါဖြင့် သမုတိသစ္စာဟောရတာသည်
ကိုစောမောင်ရေ အကြောင်းရှစ်ပါးရှိတယ်၊ သဘောကျပလား … (ကျပါတယ် ဘုရား)
ပရမတ္ထဟောရတာက … (အကြောင်းရှစ်ပါးရှိပါတယ်ဘုရား) သူ့ -
လက္ခဏာရေးသုံးပါးမြင်ဖို့ ပရမတ္ထသစ္စာဟောရတယ် … (မှန်ပါဘုရား) သူ့ကျတော့
ဟိရိသြတ္တပ္ပအစရှိသည်လုံဖို့၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား)။
ဟိရိ
- သြတ္တပ္ပဆိုတာ အမေ့ရှေ့မှာ ဒီလိုသွားလာနေလို့ မတော်ဘူး၊ အဖေ့ရှေ့မှာ
ဒီလိုသွားလာ နေလို့ မတော်ဘူးဆိုတော့ ဟိရိ သြတ္တပ္ပအတွက် မထားရဘူးလား …
(ထားရပါတယ်ဘုရား) အဖေ အမေ ဆိုတာ သမုတ်ထားတာ၊ သားတွေ သမီးတွေက
မိဘရှေ့ကုန်းသွားရမယ် … (မှန်ပါဘုရား) ဒါ - ဘာအတွက် …
(သမ္မုတိသစ္စာအတွက်ပါဘုရား)။
သမ္မုတိသစ္စာအတွက်
ဟိရိသြတ္တပ္ပအစရှိသည် အကျိုးငှာ … (မှန်ပါဘုရား) ရှစ်ပါးတောင်၊
ပြောနေလို့ရှိရင် တော်တော်နဲ့ပြီးမှာ မဟုတ်ဘူးနော်၊ ဒါဖြင့် သူလဲရှိထိုက်
မရှိထိုက်၊ ပရမတ္ထသစ္စာကကော (ရှိထိုက်ပါတယ်ဘုရား) ပရမတ္ထသစ္စာက
လက္ခဏာရေးသုံးပါး မြင်ဖို့ဟောပါတယ်၊ ရှင်းပြီလား … (ရှင်းပါတယ်ဘုရား)။
သမ္မုတိသစ္စာက
ဟိရိသြတ္တပ္ပ ရှိဘို့ဟောပါတယ်၊ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ပရမတ္ထသစ္စာက
လက္ခဏာရေးသုံးပါး မြင်ဖို့၊ လက္ခဏာရေးသုံးပါးသိဖို့၊ ရှင်းပလား …
(ရှင်းပါပြီဘုရား) သမုတိ သစ္စာကတော့ … (ဟိရိသြတ္တပ္ပအစရှိသည် ရှိဖို့ပါဘုရား)
ခင်ဗျားတို့ ကျုပ်တို့မှာ ဟိရိသြတ္တပ္ပ ကပ်လာအောင်လို့၊ သဘော ကျပလား …
(သဘောကျပါပြီဘုရား)။
ဒါပဲတဲ့၊
ဥပမာမယ် ဗုဒ္ဓဂုဏော အနန္တော၊ ဗုဒ္ဓဆိုတာ ဘာတုံးဘုရားဆိုတယ်၊ ဘုရားဆိုတာ
ဘယ်သူတုံး ဥပမာ ဒီကျောက်ဆင်းတုကိုယ်တော်မြတ်ကြီး၊ ထားပါတော့ ဒီရှေ့မှာ
ခင်ဗျားတို့ မတော်မလျော်သွားမလုပ်နဲ့၊ ဘုရားရယ်လို့ သမုတ်ထားတဲ့အတွက် …
(မှန်ပါဘုရား) ဟုတ်လား ခင်ဗျားတို့ အပြစ်၊ ဒီဘုရားကို လက်ကျိုးအောင်
ချိုးလိုက်မယ်ဆိုရင် လောဟိတုပ္ပါဒက ကံမျိုးခံရမယ်၊ သမုတိက ဘုရားလုပ်ထားတာ၊
ဒါဖြင့် ဒကာ ဒကာမတို့ သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာကွဲသွားပြီ၊ မကွဲသေးဘူးလား …
(ကွဲပါပြီဘုရား)။
ကွဲခြင်းကြောင့်လည်း
ဘာပြုတ်တုံး … (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား) ရှင်းရဲ့လား … (ရှင်းပါပြီဘုရား)
သြော် - ဒါဖြင့် လက္ခဏာရေးသုံးပါးသိရင်လဲ … (ဒိဋ္ဌိပြုတ်ပါတယ်ဘုရား)
ခန္ဓာငါးပါးသိရင်လဲ … (ဒိဋ္ဌိပြုတ်ပါ တယ်) ဒိဋ္ဌိပြုတ်စရာတွေကလည်းတယ် …
(များပါတယ်ဘုရား) ကဲ - ဒါဖြင့် ရှင်းရှင်းလင်းလင်း ပြုတ်ပါပြီလား …
(ပြုတ်ပါပြီဘုရား)။
ဒါ
- သိမှုနဲ့ပြုတ်တာ၊ ဘယ်လိုပါလိမ့် … (သိမှုနဲ့ပြုတ်တာပါဘုရား) ကဲ -
ဒါဖြင့် ဒကာ ဒကာမတို့ တရားတွေ ရှည်နေလိမ့်မယ်၊ ခန္ဓာငါးပါးကိုတဲ့၊
ပိုင်းပိုင်းခြားခြား မသိသရွေ့ ကာလပတ်လုံး ဒိဋ္ဌိဘယ်တော့မှ မပြုတ်ဘူး …
(မှန်ပါ) ခန္ဓာငါးပါးကို … (ပိုင်းပိုင်းခြားခြားမသိသရွေ့
ဒိဋ္ဌိမပြုတ်ပါဘုရား) ပိုင်းပိုင်းခြားခြားသိမှု က သုံးမျိုးရှိတယ် …
(မှန်ပါ) ခန္ဓာငါးပါးကို ပိုင်းပိုင်းခြားခြား မသိ - ဒိဋ္ဌိမပြုတ်ဘူး၊ ဒါကို
တစ်နံပါတ်ချည်ထား၊ ခန္ဓာငါးပါးကို ပိုင်ပိုင်နိုင်နိုင် မသိရင် …
(ဒိဋ္ဌိမပြုတ်ပါဘုရား)။
ရှင်းရဲ့လား
… (ရှင်းပါပြီဘုရား) ပိုင်ပိုင်နိုင်နိုင်သိမှု ဘယ်နှမျိုးတုံး …
(သုံးမျိုးပါဘုရား) ဆိုတော့ ဒကာဒကာမတို့ ဥာတပရိညာနှင့် သိမှု … (မှန်ပါ)
ပွားပြီးသိမှုက တစ်မျိုး၊ ပယ်ပြီးတော့ကော … (သိမှုတစ်မျိုးပါဘုရား)
သဘောကျပလား … (ကျပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ခုနင်က ပြောခဲ့တဲ့
အတိုင်းတဲ့ သိမှုနဲ့ဖြင့် ဒိဋ္ဌိကွာပါပြီ သိမှုနဲ့တော့ကွာပါပြီ၊
ခန္ဓာငါးပါးသာရှိတာက သမုတိသစ္စာ၊ အဲဒါက တကယ်ရှိတာ မဟုတ်ဘူးဆိုတော့
ရှင်းမနေဖူးလား … (ရှင်းပါပြီဘုရား)။
ကဲ
- ဒါဖြင့် တစ်နံပါတ်သိမှုကိုဖြင့် ပိုင်ပြီ ပိုင်ပါပြီဆိုတော့
နှစ်နံပါတ်ပွားမှုလိုတယ် … (မှန်ပါ) မလို ဘူးလား လိုတယ်တဲ့၊ ကောင်းပြီ
ဒါဖြင့် ဒကာ ဒကာမတို့ သိမှု, ပွားမှု, ပယ်မှု, ဘယ်နှမျိုးရှိတုံး …
(သုံးမျိုးရှိ ပါတယ်ဘုရား) ရှေးဦးစွာ သိမှုနောက် ဒုတိယပွားမှု တတိယကပယ်မှု၊
ပယ်မှုဆိုတော့ ပွားမှုမလုပ်လို့၊ ခင်ဗျားတို့ ၀ိပဿနာအလုပ် မလုပ်ဘဲနဲ့
ဒိဋ္ဌိက သိမှုနဲ့ကွာတယ်လို့ ဟောနေတဲ့ ပုဂ္ဂိုလ်တွေလည်း အောက်ပြည်မှာရှိတယ်၊
သေသေချာချာလွဲတယ် လို့မှတ်ပါ၊ ပရိညာသုံးပါး သူနားမလည်ဘူး … (မှန်ပါ)
ရှင်းပလား … (ရှင်းပါပြီဘုရား)။
ပြီးတော့
မဂ္ဂသစ္စာ၏ ဘာဝေတဗ္ဗကိစ္စလည်း သူနားမလည်ဘူး၊ သဘောကျပလား … (ကျပါပြီဘုရား)
မဂ္ဂသစ္စာဆိုတာ ဘာလုပ်ရမလဲ … (ပွားရမှာပါဘုရား) လောကီလား - လောကုတ္တရာလား ….
(လောကီပါဘုရား)။
လောကီမှ
ပွားရတာ သဘောကျပလား … (ကျပါပြီဘုရား) လောကုတ္တရာကျတော့ တစ်ကြိမ်သာ
ဖြစ်တာကို ဘာမှ စောဒကထုတ်စရာမလိုဘူး ကဲ - ဒါဖြင့် လောကီမှာ
ပွားရမယ်ဆိုတဲ့ သစ္စာကကိုလဲ သူမသိလို့ရှိရင်ဖြင့် ကိုစောမောင် ဒါ -
သံသရာမှာ ရှုံးသွားတာပဲ … (မှန်ပါဘုရား) မရှုံးဘူးလား … (ရှုံးပါတယ်ဘုရား)
ကိုစံလှရှုံးပြီ၊ ဒါဖြင့် ခင်ဗျားတို့သိမှုနဲ့ပဲ တော်ပလား …
ပွားမှုဆက်ရဦးမှာလား … (ဆက်ရ ဦးမှာပါဘုရား)။
နောက်ပွားမှု
ဆက်ရဦးမှာဖြင့်၊ ဟာ - တစ်ပွားတည်းပွားနေရတော့မယ် ဒီလိုမဟုတ်ပါဘူး၊
ပွားပါ များလို့ရှိရင် ပယ်မှုလိုက်ပါလိမ့်မယ်၊ ပွားပါများရင် …
(ပယ်မှုလိုက်ပါတယ်ဘုရား) သေချာပလား … (သေချာပါပြီဘုရား) ဒကာ ဒကာမတို့
တစ်နံပါတ် ဘာအရေးအကြီးတုံး (သိမှုပါဘုရား) နှစ်နံပါတ်က … (ပွားမှုပါဘုရား)
သုံးနံပါတ်က ပယ်မှုအရေးကြီးတယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့်
ဒကာ ဒကာမတို့ တစ်မရှိဘဲနဲ့လည်း နှစ်မရှိနိုင်ဘူး၊ နှစ်မရှိဘဲနဲ့ …
(သုံးမရှိပါ)။
မဖြစ်နိုင်ဘူးဆိုတာ မသေချာဘူးလား … (သေချာပါတယ်ဘုရား) ယနေ့တစ်မှာ ယနေ့စခန်းသိမ်းပြီ၊ မနက်ဖြန်နှစ်စမယ်၊ ရှင်းပြီနော်။
No comments:
Post a Comment