တရားအားထုတ်တာ ၄၅နှစ်ကြာတာတောင်
တရားမရနိုင်ဘူး။
၂။ဒိဋ္ဌိဆိုတာ ငရဲမျိုးစေ့ပါ။
၃။ယောနိသော မနသိကာရ အရေးကြီးသည်။
ငရဲမျိုးစေ့ ဝမ်းထဲရှိလျှက်နှင့် သေပျော်ပြီဆို
ခက်သေးသည်။
၎။ဒိဋ္ဌိမဖြုတ်ဘဲ အလုပ်လုပ်က နိဗ္ဗာန်မရနိုင်ပါ။
ဒိဋ္ဌိဖြုတ်လုပ်မှ နိဗ္ဗာန်ရနိုင်မည်။
၅။လိုရင်းကိုပြောရလျှင် ပုဂ္ဂိုလ်ကိုမငဲ့နိုင်ပါ။
အဝတ်ဝတ်တိုင်းဖြစ်နေတဲ့ ပဋိစ္စသမုပ္ဖါဒ်ဖြစ်စဉ်၊
*အဝတ်ဝတ်တာလား ငရဲမျိုးစေ့ရှာတာလား။
သတိမထားက အဝတ်ဝတ်တိုင်း
ဒိဋ္ဌိဖြစ်နေသည်။ အဝ
တ်မဝတ်တတ်က
အပါယ်သွားရတော့မည်။
၆။ဒိဋ္ဌိမပြုတ်က ဘာလုပ်နေနေ
အပါယ်တံခါးပွင့်နေတာ။
၇။မလ္လိကာမိဖုရားကြီး သေခါနီးသူပြုခဲ့တဲ့
အပြစ်ကလေး ဝန်မချခဲ့ရတာလေး တစ်လုံးနဲ့
အဝီစိကျတယ်။ ရှေ့ရေးနောက်ရေးခွဲပါ၊
ရှေ့နောက်လွဲလို့ မှတ်ပါ။သက္ကာယဒိဋ္ဌိက
အပါယ်ချလိုက်တာ။
၈။ဧလကပတ္တတို့ အနှစ်နှစ်သောင်း
ရဟန်းတရားအား ထုတ်ရဲ့သားနဲ့
နဂါးဖြစ်ရတယ်။ ကုက္ကုစ္စလေးက ချလိုက်တာ။
ကဲ ဘယ်လောက်နာသလဲ။
၉။ဒိဋ္ဌိမပြုတ်က ငတ်သက်ရှည်၊ ဒီ ဒိဋ္ဌိ
မဂ်နှင့်မဖြတ်ရင် မရတော့ပါ။
၁၀။အသက်ငါးဆယ်ကျော်တွေဟာ ကံကောင်း
ဉာဏ်ကောင်းတုန်းပါ။ ဒိဋ္ဌိပြုတ်ရေးက
ဗလာဖြစ်နေတယ်။
၁၁။တစ်ကိုယ်လုံး အပ်သွားချစရာမရှိအောင်
ငါလို့လုပ်တာ ဒိဋ္ဌိ။ မွေးကတည်းက ငါ့ကိုယ်
ငါ့ဟာဆိုတာ လူတိုင်းချည်ပြီးသား။
၁၂။နဂိုက တစ်ကိုယ်တည်းကြိုး၊
အသက်ကြီးလေ သားကြိုးကပတ်။
သမီးကြိုးကပတ်၊ မြေးကြိုးကပတ် ဆိုတော့
ကြိုးအထပ်ထပ်ဖြစ်လေ မလှုပ်နိုင်လေ။
၁၃။ဝိပဿနာ လုပ်တော့မယ်ဆိုရင် ဒိဋ္ဌိ အသိနဲ့
အရင်ဖြုတ်ပါ။
၁၄။ရင်ဝလှံစူး ထိပ်ဦးမီးလောင်
ဒိဋ္ဌိအမြန်ရှောင်ကြ။
၁၅။ဒိဋ္ဌိသတ်က တဏှာသတ်ထက်
အရေးကြီးတယ်။
၁၆။ဒိဋ္ဌိ အသိနဲ့ဖြုတ်ချင်ရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် ကို အရင်ဆုံးနားလည်အောင်လုပ်ထားကြပ
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။ ။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
No comments:
Post a Comment