ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိသာခနှင့်ဓမ္မဒိန္နာ အမေးအဖြေ
(၂၉-၁-၅၅)
ဒီနေ့ ဝိသာခသူဌေးနဲ့ ဓမ္မဒိန္နာခင်ပွန်းသည်တို့ အမေးအဖြေခန်း။ သက္ကာယဒိဋ္ဌိပြုတ်လို့ ယျော်းက အနာဂါမ် မိန်းမက ရဟန္တာဖြစ်ပုံ ရှင်းပြမယ်....(မှန်လှပါဘုရား)။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်သုံးနေတဲ့ အချိန်မှာ ဝိသာခဆိုတဲသူဌေးက ဓမ္မဒိန္နာဆိုတဲ့ ရဟန္တာမကို သက္ကာယဒိဋ္ဌိနဲ့ ပတ်သက်တဲ့ အမေးတွေ မေးပါတယ်။
ဘယ်နှယ်ကြောင့် သူတို့သည် ဒီအမေးထုတ်ရပါလိမ့်မတုံးလို့ သူတိုဇာတ်ထုပ်ကို အစက အနည်းငယ်ပြန်ရလို့ရှိရင် ဝသာခသူဌေးနဲ့ ဓမ္မဒိန္နာဆိုတာသည် နဂိုက အကြင်လင်မယားဖြစ်ခဲ့ပါတယ်။ အကြင်လင်မယား ဖြစ်တော့ကို ဝိသာခသူဌေးက ဘုရားရှင်ကိုယ်တော်မြတ်ကြီး သုဒ္ဓေါဒနမင်းကြီးတို့ဆီကို တိုင်းတော်ပြည်တော်သို့ ပြန်လာပြီးသကာလ ယသ သတို့သားတို့နှင့်တကွ တရားဓမ္မတွေဟောတဲ့အခါမှာ ဝိသာခသူဌေးက လူအဖြစ်နဲ့ပဲ သူသောတာပန်တည်တယ်။ နောက်တစ်ခါဆက်ပြီး တရားနာပြန်တော့ သကဒါဂါမ်တည်တယ်။ နောက်ဆက်ပြီး တရားနာပြန်တဲ့ အခါမှာလဲ အနာဂါမ်တည်တယ်။ အနာဂါမ်တည်တော့ အနာဂါမ်တည်ပြီးတဲ့နေ့မှာ သူသည် ကျောင်းတော်ကနေပြီး ပြန်လာခဲ့တယ်။ ပြန်လာတဲ့အခါကျလို့ရှိရင် ဣနြေ္ဒသိက္ခာတွေက အနာဂါမ်ဆိုတာ တကာ တကာမတို့ မှတ်စရာက လူ့ပြည်မှာရှိတဲ့ အာရုံတွေ ဘာမှ မနှစ်သက်တော့ဘူး။ ဒီအာရုံတွေကို မဂ်နှင့်ပယ်ပြီးသား။ သုံးခုမြောက် မဂ်နဲ့ပယ်ပြီးသားဆိုတာ မှတ်ထားကြပါ။
အိမ်ပြန်လာတော့ ခါတိုင်းလဲပြန်လာတာကတော့ဖြင့် အိမ်ဘက်ကို မျက်စိမျက်နှာမူပြီးသကာလ ပြန်လာတော့ သူ့ခင်ပွန်းမ ဓမ္မဒိန္နာက အပြန်မှာ ဆီး ဆီးကြိုလေ့ရှိတယ်။ ဆီး ဆီးကြိုတဲ့အခါကျလို့ရှိရင် သူတို့တိုက်ဝရောက်တဲ့အခါမှာ သူဌေးကပြန်လာ သူကတိုက်ပေါက်က ဆီးကြို ၊ လက်ကလေးဘာလေး ဆွဲပြုပြီးသကာလ အိမ်ပေါ်အတူတူ သွားကြလာကြဆိုတဲ့ သဘောလေးရှိတယ်၊ သောတာပန်တည်တုန်းက။
နောက် သကဒါဂါမ်တည်တဲ့ အခါလဲ ထိုသဘောရှိတယ်။ အနာဂါမ်တည်လာတဲ့နေ့ကျတော့ ဒီက အိမ်ပေါ်ကနေလှမ်းကြည့်လိုက်ကတည်းက ဒီနေ့လာပုံ ထူးတယ်လို့ဆိုပြီး ဓမ္မဒိန္နာက အကဲခတ်တယ်။ အကဲခတ်ပြီး ထုံးစံအတိုင်း သူဆင်းပြီးသကာလ ဝတ္တရားအတိုင်းကြိုတဲ့အခါမှာ လက်တွေဘာတွေ သွားဆွဲတဲ့အခါကျတော့လဲ အဆွဲမခံတော့ဘူး။ အဆွဲမခံတော့ ဘာကြောင့်ပါလိမ့်မလဲဆိုတဲ့ တွေးလုံးနဲ့သာ သူစောင့်ပြီးသကာလ အိမ်ပေါ်ရောက်အောင်သာ လိုက်သွားကြတယ်။ အိမ်ပေါ်ရောက်တဲ့အခါကျလို့ရှိရင်လဲ ထမင်းစားဖို့ပြင်တဲ့အခါမှာ တစ်ယောက်တည်းသာ စားတဲ့အဓိပ္ပါယ်မျိုးနဲ့ သူစားတော့ ခင်ပွန်းမကို မခေါ်တော့ဘူး။
ဆက်လက်ဖေါ်ပြပါမည်။
အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿ နာ မင်္ဂလာမဂ္ဂင်ရိပ်သာ
မိခင်ပင်မသံဝေဇနိယဌာန
အမရပူရမြို့။
Posted via Blogaway
Friday, March 18
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝိသာခနှင့်ဓမ္မဒိန္နာ အမေးအဖြေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment