Friday, March 18
ကျေးဇူး​တော်​ရှင်​ မိုးကုတ်​ဆရာ​တော်​ဘုရားကြီး ​ဟောကြား​တော်​မူ​သော ဝိသာခနှင့်​ဓမ္မဒိန္နာ အ​မေးအ​ဖြေ
          ဝိသာခနှင့်​ဓမ္မဒိန္နာ အဆက်​ (၂)
လွတ်​လပ်​တဲ့​နေရာ သွားသွားပြီး သန့်​ရှင်းဖြူစင်​တဲ့ အဝတ်​​တွေကိုခင်းပြီးသကာလ အိပ်​​တော့တယ်​။
       အဲဒီကဲ့သို့ အိပ်​​တော့ ခုနက သူ​ဌေးက​တော်​ဖြစ်​တဲ့ ဓမ္မဒိန္နာက ​သြော်​...အမူအရာ​တော့ဖြင့်​ အ​တော်​ထူး​နေပြီ၊ ငါ့အ​ပေါ်မှာ အလိုမကျလို့လား သို့မဟုတ်​ သူတစ်​ပါး​သောပုဂ္ဂိုလ်​နဲ့ အလိုမကျလို့လား၊ အလိုမကျမှု တစ်​ခုခုရှိလို့သာလျှင်​ ဤကဲ့သို့​သော ​နေမှု ထိုင်​မှုမျိုး အဆင်​အပြင်​ ​ပြောင်းတာပဲဆိုပြီး​တော့ သံသယနဲ့ပဲ​နေတယ်​။
        အဲသည်​ကားလို့ ဆိုလို့ရှိရင်​ "ကာမရာဂ အနုသယ" ဆိုတဲ့ ​လောဘ​တွေ ပယ်​ပြီးသားဖြစ်​တဲ့အတွက်​ ဤကဲ့သို့​အ​နေအတိုင်​ ထူးခြားတယ်​ဆိုတာ တကာ တကာမ​တွေ မှတ်​ဖို့ပဲ။ အဲသည်​​တော့ ဒီ...အခုတရားနာ​နေတဲ့ တကာ တကာမ​တွေ မှတ်​ဖို့ရာက​တော့ ​သောတာပန်​ တည်​ရုံနဲ့​တော့ ငါးဖြာအာရုံကာမဂုဏ်​​တွေ သားနဲ့ မယားနဲ့ ​နေတာဟာ ​နေတာပဲလို့သာမှတ်​ရမယ်​။
        ထို့အတူ သကဒါဂါမ်​ တည်​ပြန်​လဲ ထုံးစံအတိုင်း ​နေတာပဲ မှတ်​ရမယ်​။ အနာဂါမ်​တည်​မှသာလျှင်​ ငါးဖြာအာရုံကာမဂုဏ်​ဆိုတဲ့ ဒီလူ့ပြည်​အာရုံ ကာမဂုဏ်​​တွေနဲ့ သူကင်းလွတ်​တယ်​၊ အဲဒီကဲ့သို့ ထူးခြား​အောင်​ မှတ်​ပြီးသကာလ ထားကြပါ။
      အချို့ ​သောတာပန်​​တွေပဲ ​ဆော့လိုက်​တာ ကမြင်းလိုက်​တာလို့ မကဲ့ရဲ့ပါနဲ့။ ​သောတာပန်​ဟာ မပယ်​နိုင်​​သေးပါဘူး။ ကာမအာရုံကို မပယ်​နိုင်​​သေးပါဘူးဆိုတာ တထစ်​ချမှတ်​ထားကြပါ။
       ဒါနဲ့ပဲ ဓမ္မဒိန္နာက စိတ်​ထဲမှာ​တော့ သူ့စိတ်​ထဲမှာ အင်​မတန်​ပဲ​ဆွေးပြီး သကာလ အင်​မတန်​ ​သောကအလုံးကြီးက  အကြီးအကျယ်​ ဖြစ်​ပြီးသကာလ​နေ​တော့ ​နောက်​ (၂) ရက်​ (၃) ရက်​ ​နေတဲ့အခါကျလို့ရှိရင်​ဖြင့်​ ဟိုတစ်​​ယောက်​တည်း အိပ်​​နေတဲ့ အိပ်​ခန်း ညဝင်​တယ်​။ ခင်​ပွန်းမကပဲ လိုက်​ပြီးသကာလ သွားတဲ့အခါ ​ယောက်ျားလုပ်​တဲ့ ပုဂ္ဂိုလ်​က​မေးတယ်​။
        ဓမ္မဒိန္နာ အချန်​မ​တော်​ ဒီအခန်းထဲဝင်​လာတာ ဘယ်​သ​ဘောတုံး။ ဘယ်​သ​ဘောမှ မဟုတ်​ပါဘူး၊ ​မေးချင်​ မြန်းချင်​လို့ဝင်​ပြီးသကာလ လာခဲ့တယ်​ ဆိုတဲ့ အ​ဖြေကို​ပေးလိုက်​တယ်​။
                  ဆက်​လက်​​ဖေါ်ပြပါမည်။
                           အရှင်​ဉာဏဓဇ
                မိုးကုတ်​ဝိပဿ     နာ မင်္ဂလာမဂ္ဂင်​ရိပ်​သာ
                     မိခင်​ပင်​မသံ​ဝေဇနိယဌာန
                               အမရပူရမြို့။
No comments:
Post a Comment