Wednesday, March 23

မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်မချမီ ၂ ရက်အလိုတွင်.. နောက်ဆုံးဟောကြားတော်မူခဲ့သော တရားတော်

(၁၅.၁၀.၁၉၆၂) သီတင်းကျွတ် လပြည့်ကျော် ၂ရက်နေ့ ည

[တရားပဲအားကိုးပါ တရားတော်]
======================

ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်လာတော့ သြော် ... ငါ့မှာ အတုမရှိ ဘုရားတော့ ဖြစ်လာပြီ၊ ငါ့ထက် သာတဲ့ ပုဂ္ဂိုလ် ရှိရင်ဖြင့် ငါကိုးကွယ်
မယ်။ ပူဇော်မယ်လို့  လျှောက်ပြီးကြည့်လိုက်တော့ ၃၁ဘုံထဲမှာ ဘုရားထက် သာတဲ့သူ တစ်ယောက်မှမမြင်ဘူး။
ဒီတွင်မှ ငါသည် ဘယ်နှယ်ကြောင့် ဘုရားဖြစ်လာပါလိမ့်မတုံးလို့  ဆင်ခြင်လိုက်တော့ ၊
သြော် .. တရားအားထုတ်လို့ ဘုရားဖြစ်လာတာ။ ဒါဖြင့် တရားပဲ ကိုးကွယ်မှ
ပဲ ဆိုတဲ့ စိတ်ဟာပေါ်ပေါက်ပြီး တရားပဲကိုးကွယ်ပူဖော်တယ်လို့  မှတ်ရလိမ့်မယ်။

ခင်ဗျားတို့  လည်း..ဘယ်တရားပို့ ကြိုက်တယ်ဆိုတာ ဘုန်းကြီးဝေဖန်မယ်။ ဒါန ကုသိုလ်တရားကပို့ တာကြိုက်သလား၊၊ သီလကုသိုလ်တရား၊ သမထကုသိုလ်တရား၊ ၀ိပဿနာကုသိုလ်တရား၊ ပို့ တာကြိုက်သလား၊ အကုသိုလ်တရားကပို့ တာကြိုက်သလား လို့ မေးတော့ မေးခွန်း၅ ခုထွက်လာတယ်။
ငါးမျိုးဝေဖန်လိုက်တော့.. အကုသိုလ်တရားကပို့ ရင် သူအပါယ်လေးပါးသွား
ရလိမ့်မယ်။ ဒါတော့ ဘယ်သူမှ မသွားချင်ဘူး။

#ဒါနကုသိုလ်#

ဒါနကုသိုလ်က ပိုလိုက်ပြန်တော့လည်း..လူ့ ပြည်၊ နတ်ပြည်ကိုသူပို့ မယ်။
သူပို့ တဲ့ နေရာလည်း အိုဘေး၊နာဘေး၊ သေဘေးရှိတယ်ဆိုတာ ဒကာဒကာမ တွေက သိပြီးသားဖြစ်နေတော့၊ သူပို့ တဲ့ နေရာလည်း တပည့်တော်တို့  မသွားနိုင်ဘူး ဘုရာ့။ ဘာလို့ တုံး အိုဘေး၊ နာဘေး၊ သေဘေး ကြောက်တယ်။ မဟုတ်ဘူးလား..(မှန်ပါ့)။

#သီလကုသိုလ်#

သီလကုသိုလ်ကလည်း ပို့ မှာပဲ လူ့ ပြည်၊ နတ်ပြည်ကို သူကလည်း အိုဘေး၊နာဘေး၊ သေဘေးရှိတယ်။ ဟိုမှာ ဒုက္ခသစ္စာရှိနေတယ်။ ဒါဖြင့် သွားချင်ကြရဲ့ လား..(မသွားချင်ပါဘူးဘုရား)။

#သမထကုသိုလ်#

သမထကုသိုလ်ပို့ ရာ သွားမလားဆိုတော့ ဗြဟ္မာ့ပြည်သွားရလိမ့်မယ်။ ဟိုမှာလည်း သက်ဆိုးရှည်နေတာပဲ ခန္ဓာဝန်ထမ်းပြီး အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အတူတူ နေရတာဖြစ်သောကြောင့် သမထ ကုသိုလ် ပို့ တဲ့ ဆီတော့ တို့ မသွားဘူး။ အသက်ရှည်ပြီး ဒုက္ခရောက်နေတာ..(မှန်ပါ)။ ဒါဖြင့် အခုပြောတဲ့ လေးချက်ကို ဦးတင်လည်းမကြိုက်ဘူး၊ ဦးသန်း
မောင်လည်း မကြိုက်ဘူး...( မှန်ပါ ) ။

#၀ိပဿနာကုသိုလ်#

ဒါဖြင့် ၀ိပဿနာကုသိုလ်ပို့  တဲ့နေရာတော့ မကြိုက်ဘူးလားမေးလို့ ရှိရင် သူကတော့ဖြင့် နိဗ္ဗာန်ပဲ ပို့ မယ်။ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန် ပို့ မယ်။
ဒါဖြင့် ဘယ်ဟာ အကြိုက်ဆုံးလဲ ...( ၀ိပဿနာ ကုသိုလ်ပို့ တာ အကြိုက် ဆုံးပါ)။
ခင်ဗျားတို့ နောက်တစ်ခါ ဘယ်သွားကြမတုံးလို့  မေးတဲ့ အခါကျတော့ ၊
တပည့်တော်တို့  သစ္စာသိပြီ ဘုရာ့။ ဒုက္ခသစ္စာ ရှိတဲ့ ဆီတော့ မသွားချင်ဘူး။
ဒုက္ခသစ္စာ မရှိတဲ့ ဆီတော့ သွားချင်ပါတယ်.... (မှန်ပါ ) ။
ပေါ် ပြီလား... (ပေါ်ပါပြီ) ။
ဒါဆို ၀ိပဿနာရှုကြ၊ မဂ်ဆိုက်သွားလိမ့်မယ်။ မဂ်ကပို့ ရင် နိဗ္ဗာန်မှတစ်ပါး
ဘယ်မှ မပို့ ဘူး။ ၀ိပဿနာကတော့ ကိလေသာဖြတ်၊ ကံဖြတ်ပြီးပို့ တဲ့နေရာ ဖြစ်လေသောကြောင့်.. ကိလေသာဖြတ်တယ်ဆိုတော့
ကိလေသာဝဋိပြတ်ပြီလို့  မှတ်လိုက်။ ကံဖြတ်တယ်ဆိုကတည်းက .... ကမ္မ၀ဋ် လည်းပြတ်ပေါ့ ဥိးသန်းမောင်၊ သူ့ အကျိုးဖြစ်တဲ့ ၀ိပါက၀ဋ် လုပ်ချင်လို့  ရသေးရဲ့ လား...(မရပါဘူး)။ ဒါကြောင့် ၀ိပဿနာက တော့ဖြင့်
ဝဋ်သုံးပါး ကျွတ်တဲ့ ဆီကို ပို့ တယ်။
ဒီနေ့ တရားမှာ တရားသား ချည့်ဟောနေတယ် ဆိုတာ သေသေချာမှတ်စမ်း ပါ၊ အစစ်တွေရွေးပြီးသကာလ တရားစပြီးချီကတည်းက အင်မတန် သိစေလိုတဲ့ ဆန္ဒနဲ့  မရွေးတတ်မှာစိုးလို့  ရွေးပုံ အခြင်းအရာ အာဟာရတွေပါ
ပြောလိုက်ပါတယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဆိုတာ သူလုပ်သမျှ ခံမယ်ဆိုတဲ့ အဓိပ္ပါယ်မရောက်ပေဘူးလား။
အခုဟာက မင်းတို့ လုပ်သလို မခံဘူးကွ၊ ငါသစ္စာ သိထားပြီ၊ အပို့ ကောင်း ကို ရှာမယ် ဆိုတော့ အတော်ထင်ရှားသွားပြီ။
ဒါဖြင့် ... ဒကာဒကာမတွေ ပြောနေတဲ့ စကားဟာ ဖြစ်သမျှအကြောင်းအကောင်းချည့်ပဲဘုရား...ကံစီမံသလိုပဲ....။
အို...ဒီလိုမလုပ်ပါနဲ့ ၊ ဘုန်းကြီးတို့ က ကန့် ကွက်တယ်...(မှန်ပါ)။ ဥာဏ်စီမံ
သလိုလုပ်ပါလား...။ ၀ိပဿနာဆိုတာ ဥာဏ်ပဲ မဟုတ်လား... (မှန်ပါ)။
ဥာဏ်မှ ဖြစ်ပျက် မြင်တာ ။
ကံစီမံသလို ခံမှာပဲ ဆိုပြီး ကံကိုချည်း လွှဲချတဲ့ စကားလုံး မသုံးနဲ့ ။ ဘုန်းကြီးက သာမည ဘုန်းကြီး မဟုတ်ဘူး။ ခင်ဗျားတို့ ကို ဥာဏ်ပေးနေတာ။
ဥာဏ်စီမံရာက ၃၁ဘုံ လွတ်ရာ၊ ကံစီမံရာက ၃၁ဘုံ အတွင်းပါ။ ၃၁ဘုံက ဒုက္ခသစ္စာ ၊၃၁ဘုံ အပြင်ထွက်မှ နိရောဓသစ္စာ။ ပေါ်ပြီလား.(ပေါ်ပါပြီ)။

#ကမ္မဿကတဥာဏ်#

ဥာဏ်ကလည်း တစ်ခါခွဲကြစို့ ။ ကောင်းတာလုပ်ရင် ကောင်းကျိုးပေးတယ် ဆိုတာ ကမ္မဿကတဥာဏ်..(မှန်ပါ)။ မလိုက်နဲ့ ပြုတ်ကျမယ်။ သုဂတိတော့ ပို့ လိုက်တာပဲ၊ ပို့ ပေမယ့်လဲ သူက ဒိဋ္ဌိတန်းလန်းနဲ့ ပါသွားတယ်။ ငါလုပ်လို့  ငါရတယ်ဆိုတဲ့ ဒိဋ္ဌိက မပါဘူးလား...(ပါပါတယ်)။
ပို့ လညိးပို့ တယ်၊ အောက်ကိုလည်း ဆွဲချလိုက်တယ်။ ဒီတော့ ကောင်းသေး ရဲ့ လား။
ငှက်တစ်ကောင်၊ ငှက်ကအင်မတန်ကြီးတယ်၊ အဆိပ်လူးမြှားတံကလေးနဲ့ 
ပစ်လိုက်တဲ့ အခါကျတော့ မှန်တယ်တဲ့ ။ မှန်ပေမယ့် အဆိပ်က ဖြုန်းကနဲမပျံ့ ဘူး။
မပျံ့ တော့ ပျံတက်သွားတာပဲ၊ အဆိပ်မပျံ့ ခင်သာ ပျံနိုင်တာ ။ အဆိပ်ပျံ့ တော့ ဘယ့်နှယ်တုံး...(မပျံနိုင်ပါဘူး)။ ဖြုန်းကနဲ ပြန်ကျတယ်။
အဲ ကမ္မဿကတာ ဥာဏ်ကလဲ ဒိဋ္ဌိ အဆိပ်မပျံ့ ခင် ပျံတက်တာ။ ဒိဋ္ဌိ အဆိပ်ပျံ့ သွားတဲ့ အခါကျတော့ ၀ုန်းဆိုထိုးကျတာပဲ။ ဒါဖြင့် ကမ္မဿကတဥာဏ်လောက်ကို ဘုန်းကြီးတို့ ဒကာဒကာမတွေ ငါလှူရင် ငါရတယ်ဆိုတဲ့ တစ်လုံးလောက်ကို အားထားလောက်ပြီဆိုတဲ့ စိတ်ကို ယနေ့ ဖြုတ်ပစ်ပါ။ ဒါဖြင့် ကမ္မဿကတာဥာဏ်က ဒိဋ္ဌိအဆိပ်ကို မပယ်နိုင်...
ရှင်းပြီလား..(ရှင်းပါပြီ)။
ဒီနေ့ ညတရားမှာ ခုနင်က တရားတွေ ရွေးတယ်နော်၊ ဓမ္မထဲကမှ တစ်ခါ ဥာဏ်အဆီ ထုတ်ပြီးတော့ ရွေးပြန်ပါတယ် ဆိုတော့ ဒါနည်းတဲ့ အသုံးအနှုန်း
မဟုတ်ဘူး။ ဥာဏ်တွေကိုစစ်တာ..။
ကမ္မဿကတဥာဏ်လောက်ဖြင့် တပည့်တော်တို့  အားမကိုး လောက်ဘူးဆိုတာ အခု ဆရာသမားပြောလို့  ရှင်းပါပြီ....ဒိဋ္ဌိတန်း
လန်းနဲ့ မို့ ဆိုတော့ ယုံကြည်ပါပြီနော် ။

#နာမရူပပရိစ္ဆေဒဥာဏ်#

ဒါဖြင့် ဘယ်ဥာဏ် အားကိုးရမှာတုံး ဆိုတော့ ...နမရူပပရိစ္ဆေဒဥာဏ် ဆိုတာရှိတယ်၊ ဒုတိယဥာဏ် တက်လာပြီ၊ နာမ်နဲ့ ရုပ်ကို ခွဲသိတဲ့ ဥာဏ်ကို
အားကိုး..(မှန်ပါ)။ ရှင်းပြီလား...(ရှင်းပါပြီ )။
သွားချင်တာက နာမ်၊ သွားတာကရုပ်။ စားချင်တာကနာမ်။ စားတာကရုပ်။
ဆိုတော့ နာမ် ရုပ်ကွဲနေတယ်။ ဒီဥာဏ်ကလေးကို ခုနင်က ဥာဏ်ထက်တော့ သာပေပြီ။ သို့ သော် အစစ် အားမကိုးနဲ့ အုံး ။ ခဏတစ်ဖြုတ် အပါယ်လွတ် တာပဲ ရှိသေးတယ်။ စူဠသောတာပန်ဖြစ်သွားတာကိုးဗျ။
ခဏ အပါယ်လွတ်တာလေးနဲ့  ကျေနပ်နေတော့ နောက်ဘ၀တွေ သူမမြင်လို့ ပြောတဲ့ စကားပဲလို့  ဆုံးဖြတ်ချက်ချ။
ကမ္မဿကတဥာဏ်ထက်တော့ သာပါရဲ့  သာပင်သာငြားသော်လည်း အသာကြီး ကျုပ်တို့  အလိုကျ မဖြစ်သေးဘူး။

#ပစ္စယပရိဂ္ဂဟဥာဏ်#

မဖြစ်သေးတော့ ဘယ်ဥာဏ် အားကိုးလောက်သလဲ...။ ပစ္စယပရိဂ္ဂဟဥာဏ် ဆိုတာက ပဋိစ္စသမုပ္ပါဒ် သိတဲ့ ဥာဏ်က...... အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်တာ။ သင်္ခါရကြောင့် ၀ိညာဏ် ဖြစ်တယ်။ သြော် ..သံသရာကြီးထဲမှာ သူ့  အကြောင်း နဲ့  သူ့ အကျိုးနဲ့  ဖြစ်နေတာပဲ။ ပုဂ္ဂိုလ် သတ္တ၀ါတော့ မရှိဘူး၊
အကြောင်းအကျိုးတွေ ပဲ ဆိုတာ မသိဘူးလား။ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့ လဲ သေပျော်ပေါ့လို့  မဆိုလိုက်ပါနဲ့ ၊ ခဏတစ်ဖြုတ် အပါယ်လွတ်တာ။ သုံးဥာဏ် ရှိသွားတော့ ကြပ်ကြပ် အရေးတကြီး မှတ်ကြပါ။

#၀ိပဿနာဥာဏ်#

ဒါဖြင့် ဖြစ်ပျက်သိတဲ့ ဥာဏ်ကိုတပည့်တော်တို့  အားကိုးလောက်တယ်။ လက္ခဏာရေးသုံးပါး သိတဲ့ ဥာဏ်ပေါ့။ ရှင်းပြီလား။ ဟာ..ဒါလောက်နဲ့ လည်း မတင်းတိမ်နဲ့ အုံးနော်...(မှန်ပါ)။ ပြောလိုက်ပြန်တယ်။ ဘာကြောင့်ဆိုတော့ ..ဒုတိယဘ၀ သူကပဋိသန္ဓေနေမယ်။ ပဋိသန္ဓေနေရင် ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊
မရဏဒုက္ခ မလာပေဘူးလား။တစ်ဘ၀ ဇာတိ၊ ဇရာ၊ မရဏနဲ့ နေရမယ်ဆိုရင်.. တစ်ဘ၀ဒုက္ခရောက်တာပဲ။
အကောင်းစစ်ကိုကြိုက်ရင် ဒုက္ခတွေ ဟူသမျှ ချုပ်အောင်လုပ်လိုက်။ တစ်ခါ
ချုပ်နဲ့ လည်း မကျေနပ်နဲ့ ။ နှစ်ခါချုပ်နဲ့  လည်း မကျေနပ်နဲ့ ၊ သုံးခါချုပ်နဲ့ လည်း မကျေနပ်နဲ့ ။ လေးခါချုပ်အောင်လုပ်ပစ်လိုက်။

# မဂ်ဥာဏ် #

ဒီဘ၀ကသေ။ ဟိုဘ၀ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ရောက်ပြီ။ ပဋိသန္ဓေလည်း မနေတော့ဘူး။ မနေတော့ ဒုက္ခလေးခါလောက် ချုပ်ပြီးတဲ့ 
ပုဂ္ဂိုလ်ကျတော့ အကောင်းဆုံးဥာဏ်ပဲ..။ မဂ်လေးပါးကို ဆိုလိုက်ပါမယ်။
ရှင်းပြီလား...(ရှင်းပါပြီ)။
ဒီဓမ္မတွေကို အဆင့်ဆင့် အယုတ်အမြတ် ရွေးလိုက်တဲ့ အခါကျတော့... မဂ်ဥာဏ်ဟာ အကောင်းဆုံးပဲ..။ ဒါဖြင့် မဂ်ဥာဏ်မှတစ်ပါး အားကိုးရာမရှိဆိုတာကိုတော့ ဒုက္ခဟူသ၍လွတ်အောင်လုပ်လို့ ။ ဒကာ
ဒကာမတွေ ဒါကို ကြိုးစားကြပါ။ ကိုယ့် ခန္ဓာကြီးက ဖြစ်ပျက်ဒုက္ခသစ္စာ။ ဒုက္ခသစ္စာ ချုပ်အောင် ကြိုးစားနိုင်သမျှ ကြိုးစားရမယ်။
မဆုံးရင် ၀ိပဿနာဥာဏ်ဆိုရင် တစ်ဘ၀နာမယ်။ အပါယ်တော့ မကျတော့ပါဘူး။ ဆုံးရင် တစ်ဘ၀ကို မနာတော့ဘူး။ တစ်ခါတည်းနဲ့ ကိစ္စပြီးသွားမယ်ဆိုတော့ အကျေနပ်ကြီး ကျေနပ်ဖို့  မကောင်းဘူးလား...။
ကမ္မဿကတဥာဏ်လောက်လည်း အားမကိုးပါနဲ့ ဦး၊ နမရူပပရိစ္ဆေဒဥာဏ်လောက်လည်း အားမကိုးပါနဲ့ ဦး၊ ပစ္စယပရိဂ္ဂဟဥာဏ်လောက် နားလည်ရုံနဲ့ လည်း အားကိုး လောက်ပြီလို့ 
မဆိုပါနဲ့ ဦး၊ လက္ခဏာ အရေးသုံးပါးသိရုံ နဲ့ လည်း တော်လောက်ပါပြီ၊ သိတဲ့
ဥာဏ်နဲ့ ပဲ ငါသေပါတော့မယ်ဆိုပြီးသကာလ ဒီလောက်နဲ့ လည်းမနေပါနဲ့ ။ တစ်ဘ၀နစ်နာမှာ စိုးသေးတယ်၊ ပေါ်ကြပြီလား။
ဒါဖြင့် ခန္ဓာဇတ်သိမ်းပြီးငြိမ်းရာရောက်တဲ့ မဂ်ဥာဏ်လေး ခု ကိုသာလျှင် ကျုပ်တို့  အကြီးဆုံး အားကိုးထိုက်တဲ့ တရားပဲ လို့ ဆို ပြီးသကာလ ဒါကိုပဲ ဆရာဘုန်းကြီး အကူအညီနဲ့  ၊ ကိုယ့် စွမ်းရည်နဲ့  နှစ်ဖက်ညှပ်ပြီးကြိုးစားပါ။
ဆရာဘုန်းကြီးက မသိတာပြောပေးတာပေါ့၊ ခင်ဗျားတို့ က ကိုယ်ပိုင်ဥာဏ်နဲ့  ကိုယ့် ခန္ဓာကြည့်ပေါ့၊ နောင်ကို....ဒီသာသနာ မရှိတော့ ဘူးလို့  ဆုံးဖြတ်ချက်ချပြီးလုပ်ကြပါ။ ဒီသာသနာမရှိဘူး ကွယ်တော့မယ်။ အဲဒီတော့ တို့ ဆရာတွေနဲ့  တို့  ဒကာဒကာမတွေ နဲ့  ယခုတွေ့ ရခြင်းဟာ အဆီအနှစ်တွေလည်း ရပြန်ပြီ။ မကွယ်ခင်မီရုံရှိတဲ့ ပုဂ္ဂိုလ်တွေမို့ မြန်မြန်လုပ်လိုက် ။ မီရုံရှိတယ်။ ရထားကထွက်ခါနီးနေပြီ။
မယုံရင်စဉ်းစားကြည့်ပါတဲ့ မိစ္ဆာအယူဝါဒတွေ လွှမ်းမိုးလာရင် ကြောက်ရတယ်
မိစ္ဆာအယူဝါဒတွေမှာ သဿတဒိဋ္ဌိတွေ၊ နဲ့ အချို့  ဥစ္ဆေဒဒိဋ္ဌိတွေပဲ...။ ဘယ့်နှယ် လုပ်မလည်း၊ နာမရူပဆိုတဲ့ ဒုတိယဥာဏ်တောင်ရှိသေးရဲ့ လား။
ဒါတွေက မလာဘူးလို့  ခင်ဗျားတို့ က ဆိုမလား..... လာမယ်လို့ ရွယ်နေတယ်လို့  ထင်ကြလား၊ လာမယ်လို့ ရွယ်နေကြပါတယ်။
ဒါဖြင့် မီရုံ ရှိတယ်ဆိုတာ မှားသေးလား...(မမှားပါဘူး)။
ပေါ်ကြပြီလား.....(ပေါ်ပါပြီ) ။
အဲဒီ သဿတဥစ္ဆေဒတွေ လွှမ်းမိုးလာလို့ ရှိရင်ဖြင့် ခင်ဗျားတို့  မပါရင်ရှိရ မယ် သားတွေ မြေးတွေကျတော့ ပါသွားမှာပဲ။ ခင်ဗျားတို့ ကျုပ်တို့ က အခု အချိန်ရှိသေးလို့  ရထားထွက်ခါနီး တက်မိသေးတယ်ဆိုတာ ဘုန်းကြီး အသားယူ ပြောနေတယ်လို့  မယူလိုက်ပါနဲ့ ။ ဥာဏ်အမြင်နဲ့  ကြည့်ပြီးတော့ မြန်မြန်သာ လုပ်ပေတော့...

ကိုယ်စိတ်ကိုယ်စစ် ဝိပဿနာ ရိပ်သာ

No comments:

Post a Comment