Sunday, October 14

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သားတစ်ရတဲ့ ကျီးလို့

စီးပွားရှာလို့ ပစ္စည်းဥစ္စာပြည့်စုံနေတဲ့ ပုဂ္ဂိုလ်ဟာဘာနဲ့တူသလဲဆိုရင် ကျီးတစ်ကောင် အမဲသားတစ် ရတာနဲ့
တူတယ်လို့ ဘုရားကဟောတယ်။ ကျီးကန်းတစ်ကောင်ဟာ သားတစ်တစ်ခုကို ရထားတယ်၊ ဒီသားတစ်ကို
ဟိုကျီးကလဲစားချင်း ဒီကျီးကလဲစားချင်တော့၊ အမဲသားတစ်ရထားတဲ့ ကျီးနောက်ကို အကုန်ပြုံလိုက်ကြပြီး
ထိုးကြ ဆိတ်ကြလုကြတယ်၊ ဒီကျီးဟာ နဂိုကအထိုးမခံရဘူး၊ အခုသားတစ်ရမှ အထိုးခံရတာ၊ ပါးစပ်ထဲက
သားတစ် ပြုတ်ကျလောက်အောင် နာကျင်အောင် နှုတ်သီးနဲ့ထိုးဆိတ်လိုက် အတောင်နဲ့ရိုက်လိုက်နဲ့ လု
ယက်ကြတယ်၊ ဒါသားတစ်ကြောင့်အထိုး အဆိတ်ခံရတာ သားတစ်ကိုလွှတ်လိုက်တော့ ဒီကျီးအထိုးမခံရ
တော့ဘူး၊ ဒီကျီးကိုမထိုးတော့ဘဲ ဒီသားတစ်ကိုရသွားတဲ့နောက်ကျီးကိုပဲ တခြားကျီးတွေက လိုက်ပြီးထိုး
ကြ ဆိတ်ကြပြန်တာပဲ။ ခင်ဗျားတို့လဲ ဒီလိုပဲ၊ ကိုယ့်..ကိုယ်ကို ခင်နေတာဟာသားတစ် ချီးထားတာပဲ၊ပစ္စည်း
ဥစ္စာ ခင်နေတာလဲ သားတစ်ချီးထားတာပဲ၊ သားလင်ခင်ပွန်းနဲ့ တိုက်တာတွေခင်နေတာလဲ သားတစ်ကိုချီ
ထားတာပဲ၊ ဒါတွေချီထားတာ အစိုးရက"ပေးပါအိပ်ခွန် ပေးပါ အမြတ်တော်ကြေး"ဆိုတော့ ဒါအထိုးခံရတာ
ပဲ၊ သူခိုးဓားပြကလဲ ချောင်းပြီးလစ်ရင် လူသတ်ပစ္စည်းယူမယ်ဆိုတာတွေလဲ လာမှာပဲ၊ ဒါခင်ဗျားတို့က မ
လွှတ်နိုင်ရင်သေရမှာပဲ၊ ခင်ဗျားတို့က ကိုယ်ရထားတာကို ကိုက်ထားတော့ ဝိုင်းပြီးထိုးဆိတ်ခံကြရမှာပဲ၊ ခင်
ဗျားတို့က အထိုးခံရတဲ့ ဘက်ကချည်းပဲ နေကြရတယ်၊ ဘာဖြစ်လို့ သားတစ်နဲ့တူတဲ့ ပစ္စည်းတွေကို ကိုက်
ထားလို့၊"ငါ့ဟာ..ငါ့ဟာ"နဲ့ ငါ့ဟာတော့ အထိမခံနိုင်ဘူးဆိုပြီး၊ တအားကိုက်ထားကြတယ်၊ ဒီတော့ မင်း၊ ခိုးသူ၊ ရန်သူမျိုးငါးပါး၊ အမွေလိုချင်တဲ့လူတွေက လာလာပြီး ထိုးကြဆိတ်ကြတော့ ခင်ဗျာတို့ စိတ်မချမ်းမ
သာတာတွေများရတယ်၊ ဘာကြောင့်တုန်းဆိုတော့ ချီထားလို့ပေါ့။
ခင်ဗျာတို့ကုန်သည်တွေ ဆိုင်ကလေးကြီးလာတော့ ဟိုကမလို၊ ဒီကမလိုနဲ့ ထိုးဆိတ်ခံကြရတယ်၊ မနာလိုသူ
တွေက အစိုးရဆီသွားပြီး၊ တို့ကြ ရှို့ကြတယ်၊ ခင်ဗျားတို့က ချီထားတော့ အထိုးအဆိတ်ခံရတာပေါ့၊ ဒါဖြင့်
လွှတ်ပစ်လိုက်ပါလား၊ လွှတ်ပစ်လိုက်ရင် ဘယ်ဆိုင်နီးချင်ကမှ မျက်စောင်းထိုးတော့မှာမဟုတ်ဘူး၊ ခင်ဗျား
တို့က ဒါကြီးချီထားပြီး"ကိုယ်က လူတစ်လုံး သူတစ်လုံး လုပ်နေတာ"လို့ထင်နေသေးတယ်၊ လူပုံအလယ်မှာ
ဆိုင်ကြီးကနားကြီး ပိုင်ရှင်ကြီးအနေနဲ့နေရတာ ဂုဏ်ရှိတယ်လို့ထင်နေကြတယ်၊ အညှဉ်းခံရတာလဲမနည်း
ဘူး၊ ဒါတွေကိုမလွှတ်ဘဲ ကိုက်ထားတော့ဘယ်နေ့များ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ အသက်မှန်မှန် ရှုရတဲ့
နေ့များရှိသတုံးဆိုတော့ တစ်နေ့မှမရှိဘူး၊ ဟိုကြောက်ရ ဒီလန့်ရ၊ စိုးရိမ်ကြောင့်ကြ ဗျာပါဒတွေနဲ့ပဲနေကြရ
တယ်။ ဒါတွေဟာကိုယ်ရှာထားတဲ့ ပစ္စည်းတွေကိုမလွှတ်လို့ဘဲ၊ သားတစ်ရတဲ့ကျီးဝိုင်းပြီး အထိုးအဆိတ်ခံ
နေရသလိုပဲ။ ဒါကြောင့် ငါးပါးအာရုံကာမဂုဏ်ဆိုတဲ့ ပစ္စည်းတွေကို ခင်ဗျားတို့သိမ်းပိုက်ထားတာ ကျီးကန်း
သားတစ်ရတာနဲ့အတူတူပဲ၊ ဆွေမျိုးတွေကလဲ သူတို့ဆိုင်ကြီးကနားကြီးနဲ့နေတာတောင်မှ တို့ဘက်ကို တစ်
ပြားတစ်ချပ်မှမကျပါဘူး ဆိုပြီး ထိုးလိုက်သေးတာပဲ၊ ကိုယ်နဲ့တန်းတူတွေကလဲ ဒီကောင်ဘယ်တော့ပြုတ်
ပါမလဲ ဆိုပြီးတော့ ထိုးဆိတ်နေတာပဲ၊ ဘယ်အချိန်မှ အထိုးအဆိတ်က မလွတ်ဘူးနော်၊ ဒါကြောင့် ဘုရား
ရှင်က"ခန္ဓာရှိရင် ဒီပစ္စည်းတွေလဲရှိရမယ်၊ ဒီပစ္စည်းတွေရှိရင် ဒီလိုအထိုးခံရမယ်"လို့ဟောထားတာ၊ ခင်ဗျား
တို့ကလဲ ဒါတွေလွှတ်ပစ်ရင် ချမ်းသာမယ်ဆိုတာ မသိတော့ ဒီအထုပ်ကြီးတွေပဲ ချီပြီးပြေးနေကြတယ်၊ စစ်
အတွင်းကများဆိုရင် ပြေးလိုက်ရတဘယ်ဆီချီသွားရမတုန်းဆိုပြီးတော့ အင်းဝဘက်များချီပြေးလိုက်သေး
တယ်၊ ခင်ဗျားတို့က ပါးကိုမပါးဘူး၊ ဒါတွေရှိမှ ချမ်းသာတယ်ဆိုတဲ့ အကြံမွဲဉာဏ်မွဲကလဲ လားသေးတယ်၊
ဒါတွေမရှိမှချမ်းသာတာ၊ ဒါတွေမရှိတော့ အိမ်ပြင်ထွက် လေညှင်းခံပြီးအိပ်လိုက် ဘာမှမဖြစ်ဘူး၊ အခုတော့
အခန်းတွေ တံခါးတွေအထပ်ထပ်လုံအောင်ပိတ်ပြီး ခြင်ထောင်ထဲ ချွေးတဒီးဒီးနဲ့နေရတာ ချမ်းသာရဲ့လား
မချမ်းသာပါဘူး။
မချမ်းသာပေမယ့် တဏှာကချော့ထားတော့ ခင်ဗျားတို့က ချမ်းသာတယ်လို့ထင်နေကြတယ်၊ တဏှာက
"ရွှေရှိမှချမ်းသာတယ်၊ ငွေရှိမှချမ်းသာတယ်"လို့ပြောတော့ ခင်ဗျားတို့ကလဲ ယုံတာပဲ၊ တချို့များ အငတ်ခံ
ပြီးရှာဖွေကြတယ်၊ ဒါတဏှာက အငတ်ခိုင်းတာပဲ၊ စစ်အတွင်းကနောက်ကနေပြီး ဗုံးတွေကလဲကြဲရက်၊ စစ်
ကလဲတိုက်ရက်၊ ကိုယ်ကလဲ သားတစ်ကြီးကိုမလွှတ်နိုင်လို့ ချီရက်၊ အံမာလေး အရူးကျလိုက်တဲ့ဖြစ်ခြင်း၊
ဗုံကြဲမယ့်လေယာဉ်ပျံတွေလာတယ်ဆိုရင် ကိုယ့်ကိုယ်ကိုတောင်ဂုရုမစိုက်နိုင်ဘူး၊ ပစ္စည်းထားတဲ့နေရာကို
ပဲ လွတ်မှလွတ်ပါမလားဆိုပြီး ကြောင့်ကြပူ စိုးရိမ်ပူ သောကပူ ဗျာပါဒပူတွေ အကုန်လာတော့တာပဲ၊ ဒီအပူ
တွေဟာ ဒီသားတစ်(ဥစ္စာထုပ်)ကြီး ကိုက်ထားလို့ရတာ၊ သူ့ကိုလွှတ်ပစ်ရမယ်၊ ကိုက်မထားရဘူး၊ ခင်ဗျားတို့
ကတော့ ကိုက်ထားမှအေးတယ်လို့ထင်နေတယ်၊ ကိုက်ထားရင် အများရဲ့အထိုးအဆိတ်ခံရမယ်၊ ခင်ဗျားတို့
စားရတဲ့အချိန်နဲ့ အထိုးအဆိတ်ခံရတဲ့အချိန် ဘယ်အချိန်ကများသလဲဆိုရင် အထိုးအဆိတ်ခံရတဲ့အချိန်က
များတယ်၊ နောက်ဆုံးပိတ်ဒီပစ္စည်းတွေကိုမလွှတ်ဘဲမစွန့်ပစ်ဘဲခင်တွယ်စွဲလမ်းပြီးသေသွားရင် အပါယ်လေး
ပါးကျအောင်တွန်းပို့လိုက်ဦးမယ်၊ စွဲလမ်းပြီးသေတဲ့ ပုဂ္ဂိုလ်ဟာအပါယ်ကျတာများတယ်၊ ဒါတွေကိုစွန့်ပစ်
လိုက်ပြီး ခင်တွယ်စွဲလမ်းမှုမရှိတဲ့ ပုဂ္ဂိုလ်ကျတော့ နေတော့လဲအနေကောင်း၊ သေတော့လဲသုဂတိရောက်ရ
လို့ အသေကောင်းဖြစ်တယ်၊ စွန့်ပစ် ဆိုတာသူတစ်ပါးကို ဝေပစ်ရမှာလားဆိုတော့ ဒီလိုလဲလုပ်ဖို့ မလိုပါဘူး
ဉာဏ်နဲ့သာ ငါ့ကိုယ်မဟုတ် ငါ့ဥစ္စာမဟုတ် လို့သိပြီးမခင်တွယ်ရင် စွန့်လွှတ်တာမည်တယ်၊ ဒါတွေဟာမမြဲတဲ့
အနိစ္စတွေပဲ၊ မပိုင်တဲ့ အနတ္တတွေပဲလို့ မဂ်ဉာဏ်နဲ့မြင်အောင်ကြည့်၊ အနိစ္စမြင်အောင် ကိုယ်ခန္ဓာကိုလဲကြည့်
ပစ္စည်းတွေကိုလဲကြည့်ရမယ်၊ ကြည်လို့ အနိစ္စမြင်လာတဲ့အခါကျတော့ ဪ..ငါ့ခန္ဓာနှင့်တကွ ပစ္စည်းတွေ
ဟာ မမြဲပါကလား ဆိုပြီးအရင်ကလိုမခင်တော့ဘူး မတွယ်တာတော့ဘူး၊ မမြဲမှန်းသိတော့ လိုချင်တပ်မက်မှု
လဲ မရှိတော့ဘူး၊ ရန်သူမှန်းသိတော့မကပ်ချင်တော့ဘူး၊ ဒါကြောင့် ဒီခန္ဓာနဲ့ပစ္စည်းတွေကို ဝိပဿနာရှုပေး
လို့ပြောတာ၊ ဝိပဿနာမရှုလို့ အနိစ္စမထင်ဘဲ နိစ္စထင်နေတော့ တဏှာ နဲ့ချီထားကိုက်ထားတာပေါ့။
ကိုက်ထားဆိုပါးစပ်ထဲကလွှတ်ကိုမလွှတ်တာ၊ တချို့များအငတ်ခံပြီး စီးပွားရှာကြတယ်၊ ဒါခင်တဲ့တဏှာက
အငတ်ခိုင်းတာ၊ အငိုခိုင်းတာလဲ သူကအငိုခိုင်းတာပဲ၊ အပြုံးခိုင်းတာလဲ သူကအပြုံးခိုင်းတာပဲ၊"မြတ်ရင်ပြုံး
ရှုံရင်ငိုပေါ့"ဟုတ်လား၊ ဒါအရူးပြုံး ပြုံးတာ၊ အကောင်းပြုံးတာမဟုတ်ဘူး၊ စက္ကူက စိန်ကလေးဖြစ်လာရင်ပြုံး
ပြီး၊ ကားကလေးဖြစ်လာရင် ပြုံးပြီး၊ အရောင်းအဝယ်မဖြစ်၊ စီးပွားပျက်လာတော့ မဲ့ပြီ၊ ငိုပြီ၊ ဒီတော့ခင်ဗျားတို့
ဟာ"တဏှာ"ကပြုံးဆို ပြုံးလိုက်ရပြီ၊ မဲ့ဆိုမဲ့လိုက်ရပြီ၊ ဒါဖြင့် ခင်ဗျားတို့ဟာ"အရူးပြုံးနဲ့ အရူးမဲ့"ဒီ ၂-မျိုးပဲရှိ
တယ်၊ ဒီ"ပြုံး-မဲ့"ဇာတ်ကြီးပဲ ခင်းနေကြတယ်၊ မလွှတ်နိုင်လို့ ဒီဇာတ်ကြီးခင်နေရတာ၊ လွှတ်လိုက်ရင် ဒီဇာတ်
ကြီးသိမ်းတာပဲ၊ ဒီတော့ ဉာဏ်နဲ့စွန့်လွှတ်ရမယ်၊ ဝိပဿနာ ဉာဏ်နဲ့"ဒါတွေဟာ အနိစ္စတရားတွေပဲ၊ ငါ့ကိုယ်
ငါ့ဟာ ငါ့ဥစ္စာမဟုတ်ဆိုတဲ့ အနတ္တတွေပဲ"လို့ ခန္ဓာကပစ္စည်းတွေက ပြောတဲ့အတိုင်းမြင်အောင် ကြည့်ရမယ်၊
ဒီလို့ ဉာဏ်ကမြင်လာရင် ဒါတွေကိုခင်တွယ် စွဲလမ်းချင်တဲ့သဘော ချီကိုက်ထားချင်တဲ့သဘောမရှိဘူး၊ ဒါဖြင့် ဉာဏ်ဝင်လိုက်ရုံပဲရှိတာပဲ၊ ခင်ဗျားတို့ကလဲ ဒီရောက်အောင် ဉာဏ်ကမလှည့်နိုင်ကြဘူး၊ မလှည့်နိုင်
တော့ မိမိခန္ဓာနဲ့၊ ပစ္စည်းတွေကို"တဏှာဥပါဒါန်"နဲ့ခင်တွယ်-စွဲလမ်းပြီး၊ တစ်ခါတည်းမလွတ်ဘဲကိုက်ထားမျို
ထားတော့တာပဲ၊ ဒီလိုခင်တွယ် စွဲလမ်းရင်းနဲ့ပဲ သေသွားမယ်ဆိုရင် အပါယ်ရောက်ရတယ်ဆိုတော့၊နေတုန်း
ကလဲ အနေဆို၊ သေတော့လဲ အသေဆိုးပဲ။"အနေဆိုး အသေဆိုး"ဟာခင်ဗျားတို့ကိုယ်ပိုင်ပစ္စည်းမှတ်၊ အဲဒါ
ဉာဏ်မဝင်ရင်ဒီအတိုင်းသွားမယ်၊ ဉာဏ်ဝင်လိုက်ရင် သိပ်ပြီးအဖိုးတန်းမှာပဲ၊"ဒါတွေဟာ အနိစ္စတွေပဲ၊ ဒုက္ခ
တွေပဲ၊ အနတ္တတွေပဲ"လို့တစ်ခုခုမြင်အောင်ရှုပေးပါ၊ ရှုလိုက်ရင် ခင်ဗျားတို့ဉာဏ်ထဲမှာ ငါလဲမဟုတ်ပါလား၊
ငါဥစ္စာလဲ မဟုတ်ပါလား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေပဲလို့သိလာမယ်၊ ဒိလိုသိလာရင် ပစ္စည်းတွေ အခိုးခံရလဲ
မတုန်လှုပ်တော့ဘူး၊ မီးလောင်သွားလဲ မတုန်လှုပ်တော့ဘူး၊ အခုမှ..အထိုးအဆိတ် လွှတ်ပြီးချမ်းသာရသွား
တာပဲ၊ ဝိပဿနာ ရှုဖန်များလို့ ဉာဏ်အမြင်သန်လာရင် ဒါတွေမခင်တွယ်တဲ့အပြင် မလိုချင်တော့ဘူး၊ ဒါတွေ
ကို ငြီးငွေ့လာမယ်၊ ရွံ့လာမယ်၊ မုန်းလာမယ်၊ မုန်းလာတဲ့အခါဆက်ရှုပါ၊ ဆက်ရှုတော့မဂ်ဉာဏ်တွေရပြီး၊
ဒါတွေကို ခင်တဲ့ တဏှာဟာအမြစ်ပါ ပြတ်သွားမယ်၊ တဏှာ..သမုဒယချုပ်ရင် ဒုက္ခဟာ အလိုလိုချုပ်တော့
တာပဲ၊ ဒုက္ခချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။        ။

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ


                                        


No comments:

Post a Comment