Wednesday, October 31

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သောတာပန်ဖြစ်ကြောင်း အင်္ဂါနှစ်ပါး

သောတာပန်ဖြစ်ကြောင်း အင်္ဂါနှစ်ပါးရှိတယ်၊ သစ္စာတရားနာမှုနှင့် သစ္စာတရားနှလုံးသွင်းမှု၊ ဒီနှစ်ပါးစုံလျှင်
သောတာပန် ဖြစ်နိုင်တယ်၊ သစ္စာတရား နှလုံးသွင်းမှုဆိုတာ ခန္ဓာကိုယ်ကြီး၌ နှလုံးသွင်းမှန်ကန်မှု (ယောနိ
သောမနသိကာရ) ကိုခေါ်တယ်၊ သစ္စာတရားနာမှုပြည့်စုံပြီး၊ သစ္စာတရားကိုအမှန်အတိုင်း နှလုံးသွင်းလို့ရှိ
ရင် ဒီဘဝကျွတ်တမ်းဝင်နိုင်တယ်၊ သစ္စာတရားနာမှုမရှိရင် သစ္စာတရားနှလုံးသွင်းမှုဆိုတာမပေါ်နိုင်ဘူး၊
သစ္စာမသိ သစ္စာနှလုံးမသွင်းလို့ရှိရင် ဘာအားထုတ်ထုတ်အပိုပါပဲ၊ သောတာပန်မဖြစ်နိုင်ဘူး၊နိဗ္ဗာန်မရောက်
နိုင်ပါဘူး၊ ဒါကြောင့် သစ္စာသိရင် သံသရာဝဋ်တို့တယ်၊ သစ္စာမသိရင် သံသရာဝဋ်ရှည်တယ်၊ သစ္စာမသိတဲ့
သတ္တဝါတွေဟာ သံသရာတစ်လျှောက်ဘုံဘဝတွေ လျှောက်ပြီးလာခဲ့ရာမှာ အဖေသေလို့ငိုရတာနဲ့၊ ကိုယ်
သားကိုယ်သမီးသေလို့ငိုရတာနဲ့..ကျခဲ့တဲ့ မျက်ရေတွေဟာ သမုဒ္ဒရာလေးစင်းထဲကရေထက်ပင် များသေး
တယ်လို့ ဘုရားကဟောထားတယ်။ ဘာကြောင့်သစ္စာသိပြီး၊ သစ္စာနှလုံးသွင်းလို့ရှိရင် အရိယာဖြစ်ရသတုန်း
ဆိုတာကို "ပေဋကောပဒေသကျမ်းက"ရှင်းပြထားပါတယ်၊ ထင်းတုံးအစိုကြီးကို မီးရှို့ရင်မလောင်းဘူး၊ အ
ခြောက်ကိုမီးရှို့ရင်လောင်တယ်၊ ထို့အတူပဲ သစ္စာတရားနာလို့ရှိရင် ကိလေသာခြောက်တယ်၊ သစ္စာတရား
နှလုံးသွင်းပြီး ကျင့်ကြံပွားများတဲ့ အခါနဂိုက ခြောက်နေတဲ့ ကိလေသာဟာ ဒီမဂ်မီးနဲ့ ရှို့လိုက်ရင်အကုန်
လောင်၊ အကုန်ပြောင်သွားတာပဲ၊ ဒါနတရားလုပ်ပြီးနတ်ပြည်ရောက်ချင်ရင်၊ သီလဆောက်တည်ပြီးအသက်
ရှည်ချင်ရင်၊ သမထအားထုတ်ပြီး ဗြဟ္မာကြီးဖြစ်ချင်ရင်၊ သက္ကာယဒိဋ္ဌိဝင်းပြီး၊ တဏှာဝင်ပြီးကိလေသာတွေ
မခြောက်တော့ဘူး။
ဒါတွေဟာ ဒုက္ခထဲနစ်မြုပ်စေပြီး ဒုက္ခပေးတဲ့တရားတွေပါလားလို့ နှလုံးသွင်းလို့ရှိရင်၊ ကိလေသာတွေ
ခြောက်ပါတယ်၊ ဘုန်းကြီးက ရုပ်နာမ်ဓမ္မတွေဟာ ခဏခဏဖြစ်ပြီး ခဏခဏပျက်နေတာ၊ (ဝိပရိဏာမလက္ခ
ဏံဒုက္ခသစ္စံ-ဖောက်ပြန်ပျက်စီးခြင်းလက္ခဏရှိတဲ့ ဒုက္ခသစ္စာတွေ) လို့ဖြစ်ပျက်တွေချည်းဟောနေတော့၊
တရားနာနေတုန်းမှာ ကိလေသာတွေခြောက်နေတာပဲ၊ နောက် ဒါတွေကိုနှလုံးသွင်းပြီး ကျင့်ကြံပွားများတဲ့အ
ခါကျတော့၊ ဒုက္ခအစစ် ကိုယ်တိုင်တွေ့မြင်လာတယ်၊ လာရင်ကိလေသာတွေ မဂ်မီးနဲ့ ရှို့လိုက်လို့လောင်
သွားပျောက်သွားတဲ့အခါ၊ သောတာပန် တည်တာပဲ၊ ဒါကြောင့် သစ္စာတရားနာမှုရယ်၊ သစ္စာတရားနှလုံး
သွင်းမှုရယ်၊ ဒီ ၂-ခုရှိရင် သောတာပန်တည်တယ်လို့"ပေဋကောပဒေသမှာ"ရှင်းပြထားပါတယ်။ သစ္စာကို
နှလုံးသွင်းပြီး ခန္ဓာကိုယ်ထဲကြည်ပါ၊ သူကနှိပ်စက်သလားး မနှိပ်စက်ဘူးလားဆိုတာကြည့်ပါ၊ ကြည့်လို့နှိပ်
စက်တာတွေ ခဏခဏတွေ့မယ်၊ ခင်ဗျားတို့ အခုရောင်းဝယ်ဖောက်ကား ပြေးလွှားလုပ်ကိုင်နေရတာဟာ
ဒီခန္ဓာကြီးထဲမှာရှိနေတဲ့တရားတွေရဲ့ ဆူပူမှုကြောင့် လုပ်ရတာပဲ၊ ဝေဒနာကလဲခံစားချင်တယ်၊ သညာကလဲ
မှတ်သားချင်တယ်၊ သင်္ခါရကလဲ စေ့ဆော်ချင်တယ်၊ ပြုပြင်ချင်တယ်၊ ဝိညာဏ်ကလဲ နေရာတိုင်းသိချင်
တယ်၊ ဒီတော့ ခင်ဗျားတို့ရောင်းဝယ်ဖောက်ကား သွားလာမှုဟာမရပ်စဲတော့ဘူး၊ မရပ်စဲတော့ သူတို့ဒဏ်
ချက်ကြောင့် ခင်ဗျားတို့ဒုက္ခရောက်နေရတယ်၊ သူ့ခင်တဲ့ပုဂ္ဂိုလ် ဒုက္ခရောက်တာပဲ၊ နာမ်ခန္ဓာ ၄-ပါး သည်ခြေ
ရူးကအမြဲနှိပ်စက်တော့ သူ့ကိုခင်တဲ့အမေဟာ ဒုက္ခရောက်တာပဲ။ ဒါတွေကို ဉာဏ်နဲ့ကြည့်ပေးပါ သွားတော့
မယ်ဆိုရင်သူနှိပ်စက်လို့၊ လာတော့မယ်ဆိုရင်သူနှိပ်စက်လို့ ဆိုတာကိုဉာဏ်နဲ့ကြည့်ပေတော့၊ သူပင်ကိုယ်
သဘောကို တစ်ခါထိုးထွင်းပြီးကြည်လိုက်ပြန်တော့လဲ ဝိပရိဏာမဒုက္ခသစ္စာကြီးလို့သူက ခဏခဏပြနေ
တာပဲ၊ ဒုက္ခသစ္စာဆိုတာ ဘယ်သူ့ကိုမှအညှာတာပါလား၊ ခဏခဏဖောက်ပြန်ပျက်စီးနေတဲ့သဘောပါလား
လို့ ဝိပဿနာဉာဏ်နဲ့ ခဏခဏကြည့်ပေးပါ၊ ကြည့်ပေးတော့ မဂ်၏ရှေ့ပြေး သမ္မာဒိဋ္ဌိဖြစ်လာမယ်၊ ခန္ဓာသ
ဘောကိုအမှန်အတိုင်း သိလာမယ်၊(ယထာဘူတဉာဏ်ဖြစ်လာမယ်) ဒီလို ဒုက္ခသစ္စာကြီးကို အမှန်အတိုင်း
တကယ်သိလာတော့ နှိပ်စက်တဲ့တရားကြီးကိုဖြင့် မလိုချင်မရချင်တော့ပါဘူးဆိုတာလာမယ်၊ ငြီးငွေ့တဲ့မုန်း
လာတဲ့ ဉာဏ်ရင့်လာတဲ့အချိန်ကျတော့ ဒီဒုက္ခသစ္စာတရားကြီး ချုပ်သွားတယ်၊ ရှုရင်းမတ္တနဲ့ ဒုက္ခချုပ်သွား
တယ်၊ ဒုက္ခချုပ်သွားရင် မဂ်ဉာဏ်အစစ်လာတာပဲ၊ ဒုက္ခသစ္စာရှုနေတုန်းက ဝိပဿနာဉာဏ်ပဲ ရှိသေးတယ်၊
ဖြစ်ပျက်ပဲမြင်နေတယ်၊ ဝိပဿနာဉာဏ်မှာ မဂ္ဂင် ၅-ပါးပဲရှိသေးတယ်၊ မဂ်အစစ်ဝင်လာတဲ့အခါမှာ မဂ္ဂင် ၈-
ပါးဖြစ်လာတယ်၊ မဂ္ဂင် ၈-ပါး-မဂ်ဉာဏ်အစစ် ဝင်လာတဲ့အချိန်မှာ ဖြစ်ပျက်ဒုက္ခသစ္စာမရှိတော့ဘူး၊ ဖြစ်ပျက်
ဒုက္ခသစ္စာ ချုပ်သွားမယ်၊ ဒုက္ခချုပ်သွားမှမဂ်ဉာဏ်က ဒုက္ခချုပ်ရာနိဗ္ဗာန်ကိုအာရုံပြုတော့တယ်၊ ဝိပဿနာ
ဉာဏ်နဲ့ရှုနေတုန်းကတော့ ဖြစ်ပျက်ဒုက္ခသစ္စာကိုသာ အာရုံပြုတယ်၊ မဂ်ဉာဏ်ကျတော့ ဒုက္ခချုပ်ရာ နိရော
ဓသစ္စာ နိဗ္ဗာန်ကိုအာရုံပြုတယ်။
"အနာနှင့်ဒုက္ခ"အနာပေါက်နေတဲ့အခါ အနာပေါက်တာကိုကြည့်နေရတယ်၊ အနာပေါက်တုန်း ဆင်းရဲရ
တယ်၊ အနာပျောက်တဲ့အခါ ပျောက်တာ အစားထိုးတယ်၊ အနာပျောက်သွားတော့ ချမ်းသာခြင်းရတာပဲ၊
ထို့အတူပဲ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာ၊ ဒါကို ဝိပဿနာဉာဏ်-အရိယာမျက်လုံးနဲ့တပ်ကြည့်နေတော့ ဖြစ်ပျက်
ဒုက္ခသစ္စာပဲ မြင်နေရတယ်၊ မဂ်အစစ်ဝင်လာတဲ့အခါ ရှုရင်းမတ္တနဲ့ဖြစ်ပျက်(ဒုက္ခသစ္စာ) ကိုမလိုချင်ရင်တော့၊
ဒီ ဖြစ်ပျက်ဒုက္ခသစ္စကြီးဟာ ချုပ်သွားတယ်၊ ဖြစ်ပျက်ဒုက္ခသစ္စာကြီး ချုပ်သွားတော့ချမ်းသာတာ အစားထိုး
လာတယ်၊ ဒုက္ခနေရာသုခအစားထိုးတော့ နိဗ္ဗာန်မြင်တာပဲ၊ ဒီတော့ဖြစ်ပျက်.. ဒုက္ခသစ္စာချုပ်အောင်သာရှု
ဒုက္ခသစ္စာချုပ်သွားရင်နိဗ္ဗာန်မြင်လာလိမ့်မယ်၊ ဖြစ်ပျက်ရှုတဲ့ဝိပဿနာဉာဏ်သည်ဖြစ်ပျက်ဒုက္ခသစ္စာကိုပဲ
အာရုံပြုတယ်၊ မဂ်စစ်ဝင်လာတဲ့အခါကျတော့ ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကို အာရုံပြုလိမ့်မယ်။ ဒုက္ခသစ္စာသင်္ခါရတ
ရားဟာ ဖြစ်ပျက်ချည်းပဲ၊ ဖြစ်ပျက်တွေရှုတော့ သင်္ခါရေဝိပဿတိ ဖြစ်ပြီ၊ (သင်္ခါရေဝိပဿတိ..သင်္ခါရတရား
တွေကိုရှုမြင်ခြင်း) ဒီတော့ ရှေ့ပိုင်က ဝိပဿနာဉာဏ်ဖြစ်တယ်၊ ဝိပဿနာဉာဏ် ရင့်လာတဲ့ အခါကျတော့
ဒီဖြစ်ပျက် ဒုက္ခသစ္စာကြီးကို မလိုချင်တော့တဲ့ နိဗ္ဗိန္ဒဉာဏ် (ငြီးငွေ့တဲ့ဉာဏ်) ရပြီ။ ဒီတွင် သင်္ခါရုပေက္ခာဉာဏ်
(သင်္ခါရတွေကိုလျစ်လျူရှုတဲ့ဉာဏ်)က တစ်ခါတည်း လျစ်လျူရှုပြီးနောက်၊ မလိုချင်တဲ့သဘောပေါ်လာတယ်
ပေါ်လာတော့ ဒီဖြစ်ပျက်တွေချုပ်သွားတယ်၊ ဖြစ်ပျက်ချုပ်သည်နှင့်တစ်ပြိုင်နက်၊ ဖြစ်ပျက်(ဒုက္ခသစ္စာ)မရှိ
တဲ့ နိရောဓ (နိဗ္ဗာန်) အစားထိုးလာတာပဲ၊ ဖြစ်ပျက်ဒုက္ခသစ္စာက ဝိပဿနာစိတ်၏ အာရုံဖြစ်ပြီး၊ နိဗ္ဗာန်ကမဂ်
စိတ်၏ အာရုံဖြစ်လာတယ်၊ ဒီခြားနားချက်ကိုမှတ်ထားပါ၊ (သင်္ခါရေဝိပဿတိ၊ နိဗ္ဗာနံမဂ္ဂဿ၊ နိဗ္ဗာနံဖလဿ
သင်္ခါ တရားတွေကို ဝိပဿနာရှု၍၊ သင်္ခါရချုပ်သွားတော့ သင်္ခါချုပ်ရာနိဗ္ဗာန်ဟာ မဂ်ဖိုလ်၏အာရုံဖြစ်လာ
တယ်။ "ဉာဏ် ၃-ဆင့်"ထို့ကြောင့်(၁) ဖြစ်ပျက်မြင်အောင်ကြည့်ပါ။ (၂) ဖြစ်ပျက်မုန်းအောင်ကြည့်ပါ။ (၃)
ဖြစ်ပျက်ဆုံးအောင်ကြည့်ပါ။ ဒီ ၃-ချက်မှတ်ပါ။ (၁) ဖြစ်ပျက်မြင်အောင်ကြည့်တာက"ယထာဘူတဉာဏ်"
(၂) ဖြစ်ပျက်မုန်းအောင်ကြည့်တာက"နိဗ္ဗိန္ဒဉာဏ်"။ (၃) ဖြစ်ပျက်ဆုံးအောင်လုပ်ပြီး အဆုံးမြင်တာက "မဂ်
ဉာဏ်"၊ အလုပ်စဉ်မှာ ဉာဏ် ၃-မျိုးနဲ့တက်လို့ရှိရင် ကိစ္စပြီးပါတယ်၊ မဂ်ပြီးဖိုလ်ဆိုတော့ မဂ်ဉာဏ်နဲ့ဖိုလ်
ဉာဏ်ဟာ ဆက်တိုက်ဖြစ်၍ တွဲလျက်ပါပဲ၊ ဘုရားရှင်လည်း ဒီအတိုင်းပဲ ဉာဏ်စဉ်တက်သွားတယ်။
ဧဝ မေတံ ယထာဘူတံ သမ္မပညာယ ဒဋ္ဌဗ္ဗံ-ရှေးဦးစွာ ယထာဘူတဉာဏ်နဲ့ ရှုရမယ်၊"ဧဝ ပဿံ ဘိက္ခဝေ
သုတဝါ အရိယသာဝကော"(ဝေဒနာရှုရင်) ဝေဒနာယ နိဗ္ဗိန္ဒတိ- နောက်တစ်ခါတည်းနိဗ္ဗိန္ဒဉာဏ်သို့တိုးတက်
သွားတယ်၊(အနတ္တလက္ခဏသုတ်ကို ကြည့်ပါ၊ ဒီအတိုင်းပါပဲ) ဒုတိယဉာဏ်ကနိဗ္ဗိန္ဒဉာဏ်၊ ဒီတော့ ယထာ
ဘူတဉာဏ်နဲ့ နိဗ္ဗိန္ဒဉာဏ် ၂-ခုစလုံးဟာ ဝိပဿနာဉာဏ်ချည်းပဲ၊ ဖြစ်ပျက်သင်္ခတ တရားကိုအာရုံပြုတာ
ချည်းပဲ၊ နိဗ္ဗိန္ဒဉာဏ်ပြီးတော့ နိဗ္ဗိန္ဒံဝိရဇ္ဇတိ-ငြီးငွေ့ပြီးသည်ရှိသော်တပ်နှစ်သက်ခြင်းကင်း၏(ဝါ)မဂ်ဖြစ်ပေါ်၏
တပ်နှစ်သက်ခြင်းကင်းတဲ့ မဂ်ပေါ်ရမယ်၊ ဒီတော့ ဖြစ်ပျက်အာရုံဟာ မလိုချင်လို့ ချုပ်သွားတယ်မှတ်၊ ဒီနိဗ္ဗိန္ဒ
ငြီးငွေ့လာကတည်းက ဒီဖြစ်ပျက်မလိုချင်တော့ဘူးဆိုတော့ ဒီဖြစ်ပျက်ဟာ ချုပ်သွားတာပဲ၊ ဒီဖြစ်ပျက်ချုပ်
တဲ့နေရာမှာ နိဗ္ဗာန်အစားထိုးလာတယ်၊။
သစ္စာတရားနာတဲ့ဉာဏ်အတိုင်း ပွားများနေတော့ (ဝေဒနာနှင့်တဏှာကြား)ထဲမှာ ရှိတဲ့ကိလေသာတွေဟာ
ခြောက်နေတယ်၊ နောက် ကိလေသာကြောင့်ဖြစ်တဲ့ ဒုက္ခကိုမလိုချင်တော့ဘူး၊ ဒီတော့လိုချင်တဲ့ တဏှာမ
နေနိုင်၊ မလိုချင်တဲ့ မဂ်ကသတ်ပစ်လိုက်တယ်၊ မဂ်ကဒုက္ခ၏ အကြောင်းဖြစ်တဲ့ တဏှာကိုသတ်ပစ်လိုက်
တော့၊ ဒီက ဖြစ်ပျက် ဒုက္ခသစ္စာအကျိုးဟာလည်း ချုပ်ရမယ်၊ ချုပ်သွားတော့ မဂ်ဉာဏ်ဟာ နိဗ္ဗာန်ကိုပဲ အာ
ရုံပြုတော့တယ်၊ ဒီတော့ အလုပ်စဉ်မှာ ရှေးဦးစွာယထာဘူတဉာဏ်ရအောင်သာလုပ်ပါ၊"ယထာဘူတဉာဏ်"
ဆိုတာ ခန္ဓာကိုယ်ထဲမှာ ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ဟာ ရုပ်ဖြစ်ပျက်ကိုမြင်ရမယ်၊ စိတ်ရှုတဲ့ ပုဂ္ဂိုလ်ဟာစိတ်ဖြစ်ပျက်
ကို မြင်ရမယ်၊ ဒါဟာ ယထာဘူတဉာဏ်ဖြစ်တာပဲ၊ သတိပဋ္ဌာန် ၄-ပါးထဲက တစ်ပါးပါးကို အားထုတ်လို့ တစ်
ပါးပါးကို မုန်းလာလို့ရှိရင်"နိဗ္ဗိန္ဒဉာဏ်"ဖြစ်တာပဲ၊ တစ်ပါးပါးဆုံးလို့ရှိရင် "မဂ်ဉာဏ်"ဖြစ်ရမယ်၊ တစ်ပါးပါးဆုံး
တော့၊ ရုပ်နာမ်ဆိုတာ အချင်းချင်းမှီပြီးနေတာဖြစ်တော့ ရုပ်ကိုမုန်းလိုက်လို့ မလိုချင်တော့ဘူးဆိုရင် အတူတ
ကွဖြစ်တဲ့ နာမ်ကိုမလိုချင်တော့ဘူး၊ ဒီတော့ သတိပဋ္ဌာန် ၄-ပါးစလုံးပါတယ်ဆိုတော့ ရုပ်နာမ် ၂-ပါးမှာ  နာမ်
ကိုမလိုချင်ရင် ရုပ်ကိုပါမလိုချင်တာပါသွားတာပဲ၊ ဒီတော့ သတိပဋ္ဌာန် ၄-ပါးထဲက တစ်ပါးပါးအားထုတ်ရင်
ကျန် ၃-ပါးပါသွားတာပဲ။ "ဝေဒနာနုပဿနာ"အားထုတ်နည်းကတော့၊ ဥပမာ ဝေဒနာရူတဲ့ပုဂ္ဂိုလ်ဟာ ရှေးဦး
စွာ ဝေဒနာကိုဖြစ်ပျက်မြင်အောင် ကြည့်ရမယ် (ရှုရမယ်) နောက်ဝေဒနာ ဖြစ်ပျက်အပေါ်မှာ မုန်းရမယ်၊ တရားသဘောနဲ့ အလိုလို မုန်းလာရမယ်၊ နောက်တော့ဒီဝေဒနာက္ခန္ဓာကြီးဟာတို့ကိုသတ်နေတာပဲ ဆိုပြီး ဒီ
ဝေဒနာကြီးကို မလိုချင်တဲ့ဉာဏ်ပေါ်အောင်ရှု၊ ရှုရင်းရှုရင်းနဲ့ ဒီဝေဒနာကြီးဟာ ချုပ်သွားမယ်၊ "ဝေဒနာကုန်
အောင် ရှုနိုင်တဲ့ ပုဂ္ဂိုလ်ဟာတဏှာမရှိသည်ဖြစ်၍ ကိလေသာချုပ်ငြိမ်းသွား၏လို့ ဘုရားဟောထားတယ်"
ဝေဒနာချုပ်အောင်ရှုတဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာမရှိတဲ့အတွက် ချုပ်သွားတဲ့အတွက် တဏှာချုပ်သွားရတယ်၊ ဝေ
ဒနာဟာ ရှုရင်းမတ္တနဲ့ ချုပ်သွားပြီမလိုချင်တော့ဘူးပေါ့၊ ဒီတော့ ဝေဒနာချုပ်သွားရင် တဏှာချုပ်တယ်၊ တဏှာချုပ်ရင် ဥပါဒါန်ချုပ်၊ ဥပါဒါန်ချုပ်တော့ ကမ္မဘဝချုပ်၊ ကမ္မဘဝချုပ်တော့ ဇာတိချုပ်၊ ဒီဝေဒနာအစ
ဇာတိအဆုံးရှိတဲ့ ဒုက္ခအစုတွေဟာ ချုပ်သွားတော့နိရောဓချည်းဖြစ်တယ်၊ နိရောဓဆိုတော့ ဒါနိဗ္ဗာန်ပေါ်လာ
တာပဲ၊ ဒီတော ပေဋကောပဒေသ ကျမ်းလာအတိုင်း ရှေးဦးစွာကိလေသာခြောက်ဖို့ အရေးကြီးတယ်၊လူ့ပြည်
နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကို တောင့်တရင် တောင့်တရင်း ကိလေသာတွေတိုးပွားနေမယ်၊ ခြောက်မှာမ
ဟုတ်ဘူး၊ ဒါကြောင့် သစ္စာတရားနာပြီ ကိလေသာခြောက်အောင်လုပ်၊ နောက်ပွားများတော့ မဂ်မီးနဲ့ ကိလေ
သာတွေကိုပြောင်အောင်ရှို့နိုင်ရင် နိဗ္ဗာန်ရောက်တော့တာပဲ။     ။

                                             ဤကောင်းမှုကုသိုလ်ကံ
                            စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                            ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                     အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                          တည်ရှိပါစေသတည်း ။   ။

                                                     အရှင်ဉာဏဓဇ
                                       မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                ပင်မသံဝေဇနိယဌာန  ။
                                                     အမရပူရမြို့ ။  ။

No comments:

Post a Comment