"ဖြစ်ပျက်မြင်တာသည် အတ္ထိပစ္စယောမှ နတ္ထိပစ္စယောသို့"
ဒကာ ဒကာမတို့ (၄) ကြိမ် (၄) ခါလောက်ဆုံးရင်..အရိုးက ဓာတ်တော်ဖြစ်ပြီ၊ အားထုတ်ဆဲ ဝိပဿနာ
ဉာဏ်နဲ့ အမြဲနေကြပါ၊ ခန္ဓာထဲ ဖြစ်ပျက် ဒုက္ခတွေ့ရင်..သားကောင်တွေ့တဲ့ မုဆိုးလို တောက်လျှောက်
လိုက်ပေတော့၊ ဉာဏ်မျက်ချည် မပြတ်အောင် လိုက်ပေတော့၊ သတိထားရင် ပေါ်တာသိတယ်၊
ပေါ်တာသိရင် ပျက်တာသိရတယ်၊ ပေါ်တိုင်းသိရင်သတိ၊ အပေါ်ရော အပျက်ရော သိရင် ပညာ၊
သတိက
လက်ညိုးညွှန်ပြတယ်၊ စိစစ်တဲ့ပညာက ဖြစ်ပျက်တွေ့တယ်၊ ခန္ဓာထဲကြည့်လိုက်တဲ့အခါ
ငါသူမတွေ့ ပျောက်ပျက်တာပဲတွေ့တာ၊ ယခုပစ္စုပ္ပန်ပေါ်လာတဲ့
ခန္ဓာငါးပါးဟာပြာတောင်မကျန်ဘဲ
အစပျောက် မသာဖြစ်သွားတာကို၊မိမိဉာဏ်နဲ့
မြင်ရမှာ၊ ဖြစ်ပြီး ပျက်ပြီးလို့ ပါးစပ်က မမြည်ပါနှင့်၊ဉာဏ်နဲ့မြင်နေရင်
ပြီးတာပဲ၊ မျက်လုံးနဲ့ မြင်နေရင် ဒါ အထည်ခံနေလိမ်မယ်၊ဉာဏ်ထဲက ယုံပြီဆိုမှ
ဖြစ်ပျက်မြင်တာ၊ အထည်သာမရှိတာ သတ္တိသဘော ထင်ရှားရှိတယ်၊သဘောဖြစ်၍
သဘောပျက်တာ၊သဘောအားဖြင့်ပေါ်လာပြီး သူ့သဘော ရုပ်သိမ်းသွားတာကို၊ မြင်တာဟာ
ဖြစ်ပျက်မြင်တာပဲ၊ ဖြစ်ပျက်မမြင်ဘဲ အသက်တစ်ရာနေရတာထက်...
ဖြစ်ပျက်တစ်ချက်မြင်ပြီး
တစ်ရက်အသက်ရှင်ရတာ ပိုမြတ်တယ်၊ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က ဒီပြင်
ကုသိုလ်မျိုးတွေထက်... အဆပေါင်း သိန်းသန်းကုဋေမကအောင်... ထူးခြားကဲလွန်
မြင့်မြတ်ပါတယ်။
ဖြစ်ပျက်တစ်ချက်ရှုရင်... မဂ္ဂင်က သိစိတ်ဇော (၇) ကြိမ်
ဖြစ်တယ်။ ပထမဇောက ယခုဘဝ၊သတ္တမဇောက ဒုတိယဘဝ၊ အလယ်ဇော ငါးချက်က တတိယဘ၀ကစပြီး
နိဗ္ဗာန်မရမချင်း အကျိုးပေးတယ်၊ဒိဌဓမ္မ အကျိုးပေးမယ့် ကံဆိုတာ... မထမဇောပဲ၊
ဒါကြောင် ဖြစ်ပျက်ရှုခိုင်းနေတာဟာ၊ပထမဇော စေတနာ များများပေါ်အောင်လို့
လုပ်ခိုင်းနေတာပါ၊ အန္တရာယ်ကင်းချင် ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်မိမိ
ခန္ဓာစေတီထိုက်အောင် တရားတော်တွေ ခန္ဓာထဲကိန်းအောင်း အားထုတ်ဖို့ လိုတယ်၊
ဝမ်းထဲ မဂ္ဂင်ကိန်းနေတော့၊မဂ္ဂင်က ဓာတ်တော်၊ ခန္ဓာက စေတီ၊ ဓမ္မစေတီ
ဖြစ်သွားပြီ။ ဘဝမခြားဘဲ နိဗ္ဗာန်ရောက်ချင်ရင်အလုံးစုံပေါ်ရာ ဖြစ်ပျက်ရှု၊
ဖြစ်ပျက်ဆီကိုသာဉာဏ်ဦးတည်ပေး၊ဉာဏ်နဲ့ဉာဏ်ချင်း
တောင်ဖြစ်ပျက်ရှုရမှာ၊
ဘာဉာဏ်ပေါ်ပေါ် (၁) (၂) ဆိုချုပ်သွားတာပဲ၊ ဉာဏ်ဆိုတာ ရှေ့အာရုံ
ဘာဖြစ်တယ်ဆိုတာပဲ တွေးမှ အပျက်သိတာ၊ ဘယ်တရားပေါ်ပေါ် ရှိမရှိ တွေးရုံပဲ၊
တွေးတဲ့ ဉာဏ်ပေါ်လာရင် မူလတရား မရှိတောဘူး၊ ဖြစ်ပျက်မြင်တာ ဉာဏ် ၊ ဉာဏ်ဆိုတာ
မဂ်၊ မဂ်ဆိုတာ ကိလေသာဖြတ်တာ၊ ရှိတာနဲ့ သိတာကိုက်မှ ဝိပဿနာဖြစ်တာ၊
ဝိပဿနာဆိုတာ ဒီနေရာပေါ် ဒီနေရာပျောက်ဒါကိုမြင်မှ အမြင်မှန်၊ အခုနက
ဒီနေရာကလေးမှာ ရှိတာလေး မရှိတော့တာကို မြင်လိုက်တာ့ပဲ၊ သူ့သဘောကတော့
ဖြစ်ပြီးပျက်သွားတာ အမှန်ပဲ၊ ရှုတဲ့ ပုဂ္ဂိုလ်မှာတော့
မရှိတာဘဲ တွေ့လိုက်တယ်၊ ရှေ့က ပျောက်ပျက်တာကို နောက်ကရှုသိမှ ဝိပဿနာဖြစ်တာ၊ ကြည့်တော့
ပေါ်တာသိတယ်၊
ပညာနဲ့ ပေါင်းလိုက်တော့ ပျက်တာ သိတယ်၊ ချုပ်ပျောက်သွားပြီးလို့သာ
နောက်စိတ်ကသိပေး၊ တစ်နေ့ဘယ်လောက် ပြောင်းလဲပြီးနေသလဲ၊ ကျုပ်တို့ ဉာဏ်နဲ့
နောက်က၊ လဲပြီ လဲပြီလို့ သိပေးတာ ဝိပဿနာ၊ ကိုယ့်ဉာဏ်မီသလောက်
ပုထုဇဉ်ဉာဏ်မီသလောက်၊ လဲပြီ သိရင် ဝိပဿနာပဲ၊ ရုပ်ကုဋေတစ်သိန်းဆိုတာက
ဘုရားဖြစ်ပြီးမှ သိတဲ့အသိ၊ ခင်ဗျားတို့ ကျုပ်တို့ရဲ့ အသိမဟုတ်ဘူး၊
ဘုရားမဖြစ်ခင်က မြင်တဲ့ အမြင်ကိုဘုန်းကြီးကလိုက်တါ
ဘုန်းကြီးသင်တာ
သင်ရိုးမှတ်ပါ၊ ကိုယ်တိုင်မြင်ရင် ကိစ္စပြီးပြီ။ အဲဒီလို...
တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်တယ်လို့ ပညာနဲ့ ဆုံးဖြတ်ချက်ချတာ...
ဖြစ်ပျက်မြင်တာပဲ၊`စက္ခုံစ ပဋိစ္စ` ကဟောစဉ်ပဲ၊ ဖြစ်စဉ်က နာမက္ခန္ဓာလေးပါးဟာ...
တစ်ပြိုင်နက်ဖြစ်တယ်၊ တစ်ပြိုင်နက်ချုပ်တယ်၊ `ဧကုပ္ပါဒ ဧကနိရောဓ` ကဖြစ်စဉ်၊
သဒ္ဓါက ရှေ့ကပြေးမှ ပညာက နောက်ကလိုက်နိုင်တာ၊ သဒ္ဓါဗိုလ်ဖြစ်တဲ့နေ့ နိဗ္ဗာန်မြင်တာပဲ၊ သဒ္ဓါနဲ့
ပညာပေါင်းရင်..
အပါယ်ဒုက္ခမပြောနဲ့ အလုံးစုံသော ဒုက္ခချုပ်တယ်။ ခန္ဓာပေါ်တိုင်း ပေါ်တိုင်း
သိပေးပါ ဉာဏ်က၊ ဒီခန္ဓာတွေဟာ ဖြစ်ပြီးပျက်တဲ့ ဒုက္ခသစ္စာတွေ..ဖြစ်ကတည်းက
ပျက်မဲ့ဘက် ဦးတည်လာတာ
ဖြစ်တာနဲ့ ပျက်တာကြားထဲမှာ ဘာမှ မခြားဘူး၊
ကောင်းကင် လျှက်စီးလက်သလို.. ဖျက်ခနဲ ဒီနေရာပေါ် ဒီနေရာ ပျောက်တာပဲ။
လင်းတာနဲ့ ပျက်တာ တစ်ချက်တည်းပဲ၊ ပရမတ်ဆိုတာ သဘောကလေးပေါ်ပြီး
သဘောကလေးပျောက်တာပေါ်တာရှိတာပဲ၊
ပျောက်တာ မရှိတာဘဲ၊ ဘုန်းကြီးအသံနဲ့ နားအကြည်ရုပ်နဲ့ တိုက်လို့...
အခုမှပေါ်လာတဲ့ ကြားသိစိတ်`ဝိညာဏက္ခန္ဓာ` ကိုပြောတာ ပုဂ္ဂိုလ်သတ္တဝါက
ကြားတာမဟုတ်
အကြောင်းနှစ်ခုကြောင့် ပေါ်လာတဲ့ အကျိုးခန္ဓာက ကြားတာ
ကြားတာက ဝိညာဏက္ခန္ဓာ။ နှစ်သက်တာက တဏှာ။ စွဲလမ်းတာက ဥပါဒါနက္ခန္ဓာ။ အားထုတ်တာက
ကာမဘဝခန္ဓာ။ ဒကာ ဒကာမတွေ သန္တာန် ဘယ်ဟာ ပေါ်လာလာ ခန္ဓာပေါ်လာတယ်လို့ မှတ်လိုက်။
တစ်သံသရာလုံး ဓမ္မတွေ လှည့်သွားနေတာ တစ်နေ့လုံးလည်း ဓမ္မတွေလှည့်နေတာ အိပ်ပျော်သွားတော့
လည်း ဘဝင်စိတ်တွေ..တစ်ခုချုပ်ပြီး တစ်ခုဖြစ်နေတာ၊ နိုးလာပြန်တော့ နိုးစိတ်ကလေးပေါ်လာတာ၊
နိုးစိတ်ချုပ်သွားပြီး တွေစိတ်ဓမ္မအနိစ္စရောက်တယ်ဆိုတော့၊ ဘယ်မှာလဲ ငါ ငါ့ဥစ္စာ၊ ဒီဓမ္မတွေပဲ လှည့်
သွားနေတာ၊ နိဗ္ဗာန်မရောက်သေးသမျှ ဒီဓမ္မအစဉ်တွေပဲ လှည့်ပတ်ပြီး ဖြစ်လိုက်ပျက်လိုက်နဲ့ နေရမှာပဲ၊
သံသရာလည်းတဲ့ ပုဂ္ဂိုလ်မရှိ၊ ဓမ္မတွေ လှည့်နေတာကို သံသရာခေါ်တာပဲ၊ ဓမ္မသဘော ငါရောရင် သက္ကာ
ယဒိဋ္ဌိ ဖြစ်တယ်၊ ဓမ္မသဘော ငါမရောရင် သက္ကာယဒိဋ္ဌိ ပြုတ်တယ်၊ ဓမ္မတစ်ခုဖြစ်ပြီး ဓမ္မတစ်ခု ပျက်တာ
သိရင်..ခိုင်တယ်မြဲတယ်ယူတဲ့ သဿတဒိဋ္ဌိ ပြုတ်တယ်၊ ပျက်သွားတဲ့ ဓမ္မက နောက်ဓမ္မတစ်ခုဖြစ်အောင်
ကျေးဇူးပြုတာ သိရင်၊ အကြောင်းအကျိုး ပြတ်တယ်လို့ယူတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ ပြုတ်တယ်၊ ဒီသုံးမျိုး အသိနဲ့
ပြုတ်ရင်..စူဠသောတပန်ပါ၊ ခန္ဓာထဲ ဘယ်တရား ပေါ်လာလာ..အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ်၊
အကြောင်းချုပ်လို့ အကျိုးချုပ်တယ်၊ ဖဿဖြစ်လို့ ဝေဒနာဖြစ်တယ်၊ ဖဿချုပ်လို့ ဝေဒနာချုပ်တယ်၊
နောက်အစားထိုးတဲ့ ဖဿဖြစ်ပြန်တော့၊ ဝေဒနာဖြစ်ပြန်တယ်လို့ သိထားရမယ်၊ အခုလိုသာ..ဖြစ်သင့်
လို့ ဖြစ်တယ်၊ ပျက်သင့်လို့ ပျက်တယ်ဆိုတာသာ ပိုင်ပိုင်သိရင်၊ အားကြီးတဲ့ ဝိပဿနာဖြစ်ပါပြီ၊ အား
ကြီးတဲ့ ဝပဿနာမှသာ နိဗ္ဗာန်ရမှာ၊ အားနည်းတဲ့ ဝိပဿနာက ကုသိုလ်သာရမှာ၊ ကုသိုလ်ရရင်
ဘဝတွေ အကျိုးပေးမယ်။ ။
ဤကောင်းမှုကုသိုလ်ကံ
စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။
အရှင်ဉာဏဓဇ
No comments:
Post a Comment