Friday, November 23

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာ တိုက်ရိုက်သိလျှင် ဒုက္ခမရှိတဲ့နိဗ္ဗာန်

   "ဒုက္ခတွေ ပင်လယ်ဝေအောင် သိလေလေ ဒုက္ခမရှိတဲ့နိဗ္ဗာန် သိလာလေ"
ဒုက္ခပိုင်ပိုင်နိုင်နိုင် သိအောင်လုပ်တဲ့အလုပ်ဟာ နိဗ္ဗာန်ရောင်ကြောင်း အကျင့်ပါပဲ။ ဘုရားရှိခိုးချင်စိတ်ပေါ်
ပေါ် ပေးကမ်းချင်တဲ့စိတ်ပေါ်ပေါ် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပါပဲ၊ နဖူးပေါ်လက်တင်တင်၊ ခေါင်းအုံးပေါ်ခေါင်း
ချချ ပေါ်လာတွေသည်၊ ဒုက္ခသစ္စာတွေလို့ တွေးပါ၊ ဒါ အပါယ်လေးပါး ပိတ်တဲ့အတွေး၊ ခန္ဓာထဲမှာ ဒုက္ခမှ
တစ်ပါး တခြားပေါ်စရာက ဘာမှမရှိပါဘူး၊ ဒုက္ခတွေ ပင်လယ်ဝေနေတော့တယ်၊ လူ့ဘဝရတာဟာ ဒုက္ခ
သစ္စာရတာ လူချမ်းသာ မရှိပါဘူး။ ရထားတဲ့ ခန္ဓာ သုဂတိတဲ့ဗျာ၊ နဂိုက တဏှာအရုး စီမံရာကို ကံကလုပ်
ပေးလို့ ကိုယ်က သုဂတိထင်ပြီး လိုက်လာတာ၊ အခုတော့ ကိုယ်ကျိုးကြီး နည်းပါပေါ့လား၊ ခန္ဓာကိုယ်က
ပေးသမျှ ဒုက္ခချည်းပဲမှတ်၊ ဒီတော့ ဘာဂတိမှ မလာတဲ့၊ သုဂတိနယ်၏ အဆုံး ဂတိဟူသမျှ၏ အဆုံးပေါ့
ဗျာ..ဂတိတို့၏ ချုပ်ရာ ငြိမ်းရာ သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာလျှင်..သွားဖြစ်အောင် သွားပါဆိုတာ တိုက်တွန်း
ပါတယ်။ ခန္ဓာ၏ နှပ်စက်မှုကို ကြပ်ကြပ်ကြည့်ပေး၊ နှိပ်စက်တာ မြင်ပါများတော့ ခန္ဓာခင်မှုက လျော့သွား
တယ်၊ ဒုက္ခသစ္စာအမြင်းများမှ ဒုက္ခသိမ်းချင်တဲ့ဉာဏ်က လာတာ၊ ဒုက္ခသစ္စာမြင်တိုင်း မြင်တိုင်း သမုဒယ
တဏှာချုပ်တယ်၊ ချုပ်ပါများရင် ပါးတယ်၊ ပါးပါများရင် ပျောက်တယ်၊ ဖြစ်ပျက် ဒုက္ခသစ္စာ သွားသာယာ
တဲ့ တဏှာလည်း ချုပ်ရော ဖြစ်ပျက်လည်း၊ ချုပ်တာပဲ၊ ခင်ဗျားတို့ နိဗ္ဗာန်မရောက်သေးတာဟာ ခန္ဓာအ
ပေါ် ခင်တွယ်တဲ့တဏှာ မချုပ်သေးလို့။
ပထမဖြစ်ချုပ် ဒုတိယဖြစ်ပျက်ပေါ်၊ ဒုတိယဖြစ်ချုပ် တတိယဖြစ်ပျက်ပေါ်၊ ဒီလို အဆက်မပြတ် ဒုက္ခစက်
ရဟတ်ကြီး လည်ပတ်နေတာ၊ ဒုက္ခမီးက ခန္ဓာကို အမြဲတောက်လောင်းပြီး နေတာပါ၊ ဒါကို ဉာဏ်နဲ့မြင်
အောင် ကြည့်ရမယ်။ မိမိ သန္တာမှာ ပေါ်လာသမျှကို မပြတ်မလပ် အထပ်ထပ်ရှုမှတ်ပေးရမယ်၊ ကိုယ်ဒုက္ခ
ကိုယ်သိမှ မဂ်ပေါ်တာ၊ ခန္ဓာ၏ ဖြစ်စဉ်က မွေးလိုက်သေလိုက် အနားမရှိဘူး၊ ဖြစ်မှုက အစားထိုးလိုက်
ပျက်မှုက ဖျက်ချလိုက်နဲ့၊ ဘယ်တော့မှ ဖြစ်ပျက်ဒုက္ခနဲ့ ခွဲခဲ့ရတယ်လို့ မရှိပါဘူး၊ ဖြစ်ပျက်ကို နာနာကြည့်
ဖန်းများရင် ဉာဏ်ရင့်လာတာပဲ၊ ရှုအားသန်မှ ဉာဏ်အားကောင်းမယ်၊ အစားထိုးမှုမမြင်ဘဲ ပျက်မှုချည်း
မြင်ရင် ဒါဉာဏ်တက်လာတာ။
ခန္ဓာကတော့ ဖြစ်ပျက်အမြဲပြနေတာပါ၊ ဉာဏ်က တက်တက်သွားလို့ အမြင်ပြောင်းတာ၊ ဖြစ်ပျက်မြင်တဲ့
ယထာဘူတဉာဏ်ရင့်လာရင်၊ မုန်းဉာဏ်တက်လာတယ်၊ ပျက်တာတောင်မှ ပျက်နေတာ မမြင်ပါဘူး၊
မရှိတော့ဘူး မရှိတော့ဘူးပဲ သိနေတာ၊ အစားထိုးမှု ပျက်မှု မမြင်ဘူးဆိုရင်..ကြည့်နေတဲ့ ဉာဏ်က ခန္ဓာ
လွတ်သွားပြီ၊ ခန္ဓာရှာမတွေ့ တော့ဘူး။ ဒီအလုပ် ဆက်မလုပ်ချင်တဲ့စိတ်၊ တော်ရာ သွားချင်တဲ့ စိတ်တွေ
ပေါ်လာမယ်၊ ထမသွားပါနဲ့ နေရာလည်း မရွှေ့ပါနဲ့ ဆက်ပြီး ပေရှုပါ၊ ငါ နိဗ္ဗာန်လိုချင်လိုက်တာ ဆိုတဲ့
စိတ် မလာစေနဲ့ ဖြစ်ပျက်သာ မဲပြီး ဉာဏ်နဲ့တည့်ထား။ မုန်းလောက်မက မုန်းတော့ ဒီအဖြစ်ကို မလိုချင်
တဲ့အထိ ဉာဏ်တက်လာတယ်၊ မလိုချင်တဲ့ ဉာဏ်ဟာ မဂ်ဉာဏ်ဘဲ၊ မလိုချင်တဲ့ ဉာဏ် တက်လာသည်
နှင့် တစ်ပြိုင်နက်တည်း ဖြစ်ပျက် ဒုက္ခပျောက်ပြီး နိဗ္ဗာန် ပေါ်လာတယ်၊ မင်းနဲ့အိုးစားကွဲမှပဲလို့ ဉာဏ်က
ုစွန့်လိုက်တော့ တဏှာသေတယ်။
ဖြစ်ပျက်နဲ့ ဉာဏ်နဲ့ တည့်နေရာက ဖြစ်ပျက်မရှိတာနဲ့ ဉာဏ်နဲ့ တည့်သွားရင် ဖြစ်ပျက်အဆုံးက နိဗ္ဗာန်၊
ဉာဏ်က မဂ်ဉာဏ်အစစ်ဖြစ်သွားတယ်၊ မဂ်ဉာဏ်ဆိုတာ ဒုက္ခသိမ်းတာ အေးငြိမ်းခြင်း လက္ခဏာရှိတယ်၊
ရှုနေတုန်းလည်း အေးချမ်းတယ်၊ ဖြစ်ပျက်ဆုံးအောင် ရှုနိုင်ရင် အေးချမ်းမှု အကြီးဆုံးရလိမ့်မယ်၊ နှလုံး
ကို အေးစေတာမဂ်ပဲရှိတယ်၊ ဝိပဿနာမဂ်သည် ထကြွကိလေသာ နှင့် လွန်ကြူးကိလေသာ သတ်နိုင်
သည်၊ အနုသယ သဘော၊ ကပ်နေသော ကိလေသာ ကိုမှု မဂ်စစ် ကမှကျန်နေသည့် အနုသယ ကိုသေ
အောင်သတ်နိုင်သည်၊ အရေးကြီးတဲ့အချက်ကို ပြောနေတဲ့အတွက် သမည နားနှင့် မထောင်နှင့်၊ ဝိသေသ
နားနှင့် ကြိုးကြိုးစားစား ထောင်ပြီး သကာလ ဒီ..အမြစ်ပြတ်အောင်၊ ဒို့လုပ်မယ်ဆိုပြီး လုပ်လိုက်ကြစမ်းပါ၊
ဖြစ်ပျက်တွေ ဆုံးရင် ပွားမှုရပ်ပြီး မပျက်စီးတဲ့ နိဗ္ဗာန်အာရုံပြုပြီး၊ ချမ်းသာတဲ့ စိတ်နဲ့သာနေလိုက်တော့
ချုပ်ပြီ ချုပ်ပြီလို့သာ အာရုံပြုနေ၊ မဂ်စိတ်က (၁) (၂) ဆိုချုပ်သွားပြီ၊ သူ့နေရာမှာ ဖိုလ်စိတ် နှစ်ကြိမ် သုံး
ကြိမ်လာမှာပဲ၊ မဂ်က အနုသယကိလေသာကို သတ်တယ်၊ ဖိုလ်က မဂ်သတ်လို့ ကျန်နေတဲ့ ကိလေသာ
အငွေ့ အသက်ကို သတ်တယ်၊ ဒီမဂ်စိတ် ဖိုလ်စိတ်လည်း ဖြစ်ပျက်ပဲ။
ဖလသမာပတ် ဝင်စားတယ်ဆိုတာ ဖိုလ်ဇောတွေချည်းပဲ..ဆက်တိုက်ဖြစ်ပြီး ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်
နေတာ၊ ဖလသမာပတ်ဆိုတာ နိဗ္ဗာန်အာရုံပြုတာ၊ ဖြစ်ပျက်ချုပ်ငြိမ်းတဲ့ဆီ ဉာဏ်များများ လှည့်ထားတာ၊
ဒုက္ခချုပ်တဲ့ဆီ ဉာဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်များဟာ..သက်တမ်းကိုလည်း ရှည်စေနိုင်တယ်၊ သေမယ့်ဟာ
တောင်မှ ဆိုင်းပြီးတားနိုင်တယ်၊ သက်တမ်းကိုလည်း တားနိုင်တယ်၊ ဖြစ်ပျက်ဆုံးတဲအထိလိုက်ရင် ဖြစ်
ပျက်ဆုံးတဲ့နေရာ နိဗ္ဗာန်တွေ့ရမယ်၊ ဆုံးရင် နိဗ္ဗာန်ပါပဲ။ ဒုက္ခကြီး လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့..စွန့်ချင်
တဲ့ သဘောပေါ်လာပြီး ဒုက္ခစက်ရပ်သွားတာ၊ ဒီဒုက္ခစက်ရပ်သွားတာ မြင်တာက နိဗ္ဗာန်ပေါ်တာပဲ။ နိဗ္ဗာန်
ဆိုတာ ငြိမ်သက်ပြီး တုန်လှုပ်ခြင်း မရှိဘဲနဲ့..အေးချမ်းတဲ့သဘောကလေး သက်သက်ပဲ၊ ဒုက္ခချုပ်တဲ့ ပုဂ္ဂိုလ်
များ၏ ခံစားရာတရား၊ ဝေဒနာနဲ့ ခံစားတာ မဟုတ်ဘူး၊ ဉာဏ်အားဖြင့် တင့်တယ်ပြီးသကာလ..ကြည့်
ကောင်းရှုကောင်းဖြစ်နေတဲ့ တရား။
ဒီရောက်တဲ့ ပုဂ္ဂိုလ်မှာ စုတိပျက်ကြွေ မသေနိုင်ဘဲ၊ ခိုင်မြဲတဲ့သဘောနဲ့ နေရတယ်၊ ရှုလိုက်တဲ့အခါ ကျလို့
ရှိရင်..အလုံး၊ အဝိုင်း၊ လေးထောင့်၊ အပြား၊ ဘာနိမိတ်မှ မမြင်ဘူး၊ ချမ်းသာသက်သက်လေး မြင်လိမ့်မယ်
နိဗ္ဗာန်သည် အစရှိ၍၊ အဆုံးမရှိ ချမ်းသာသည်၊ ဆင်းရဲမရှိ အမြဲရှိသည်၊ အေးငြိမ်းမှုနှင့်သာ နေရတော့
သည်၊ ဖြစ်ပျက်ဆုံးပြီး သကာလ၊ ဪ..ဒုက္ခမရှိတဲ့နေရာ ဒါကိုဉာဏ်က ဆုံးဖြတ်ချက်ချပြီး၊ လုပ်တဲ့
ပုဂ္ဂိုလ်မှာ မြင်လိမ့်မယ်၊ (၁) ရတနာသုံးပါး၊ (၂) ခန္ဓာငါးပါး၊ (၃) နာမ်ရုပ်နှစ်ပါး၊ (၄) သံသရာစတဲ့ အရာ
တွေမှာ..ယုံမှားခြင်း မရှိတော့ဘူး၊ ဉာဏ်အမြင်ရှင်းသွားပြီး၊ အပါယ်လေးပါးက လွတ်ပြီ ကျွတ်ပြီ။    ။

                                              ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                  အရှင်ဉာဏဓဇ

No comments:

Post a Comment