Sunday, December 9

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဒုက္ခသစ္စာပိုင်ပိုင်သာသိကြပါ

"သဒ္ဓါ ပညာ သမာဓိ ဝီရိယ စောင်းနှယ်ညှိလော့ သတိအရာမပိုသာ"
မြင်စိတ်ကလေး မြင်တယ် ဉာဏ်ကနေ လှမ်းကြည့်လိုက်တဲ့အခါ..မရှိတော့ဘူး၊ ချုပ်ပျောက်သွားမှန်သိရ
မယ်၊ မြင်ရတာတော့ မဟုတ်ဘူး အပျက်ကလေးက ရှေ့က..အမြင်က နောက်ကျပြီးနေတော့ မရှိတာဘဲ
တွေ့မှာပဲ၊ ရှိတာတွေ့ နေရင်လည်း နှစ်စိတ်ပြိုင်နေတော့မယ်၊ ဖြစ်ပျက်ကတစ်စိတ် ရှုတာက တစ်စိတ်ဆို
တော့..နှစ်စိတ်သည် မပြိုင်ကောင်းတော့..တစ်ခုသော စိတ် ချုပ်ပြီးတာသာ..တစ်ခုသော ဉာဏ်ကမြင်ရ
မှာ၊ ကြားတာက ခန္ဓာငါးပါး ခေါင်းဆောင်နေတာက ကြားစိတ်၊ ကြားစိတ်ကလေးက ကြားပြီး ပျက်သွား
တာပဲလို့ သိတဲ့သဘောကလေးက နောက်ကလိုက်ပေးပါ၊ ကြားစိတ်ကလေးဟာ တစ်စိတ်ချုပ်သွား၊ တစ်
စိတ်ပေါ်လာ၊ တစ်စိတ်ဖြစ် တစ်စိတ်ပျက်နဲ့ ဖြစ်ပျက်နေတာကို ဉာဏ်နဲ့တွေ့ရင် နေရာကျပြီ ဆက်သာ
ကြည့်ပေး မလစ်စေနဲ့။ ထမင်းစားတာ ဝိပဿနာမပါသရွေ့ အပင်းစားသာမှတ်ပေတော့၊ ထမင်းလည်း
စားပါ စားလိုတဲ့ တဏှာကိုလည်း ဖြစ်ပျက်ရှုပါ၊ စားချင်တဲ့ စေတနာပေါ်လည်း ရှိမရှိတွေး၊ စားလိုစိတ်က
လေးကိုလည်း မရှိဘူး၊ မရှိဘူးနဲ့ သိပေးရမယ်။ ကိုယ်ပေါ်မှာ ယားရင် ယားတဲ့စိတ်ကို ကပျာကယာ ဖြစ်
ပျက်ရှုလိုက်၊ ယားတာလေးကို အယားလေးလား အယားလတ်လား အယားကြီးလားလို့ ခွဲနေ၊ တစ်ခု နဲ့
တစ်ခု မတူတာ ကြည့်နေရမယ်၊ တစ်ခုပျက်ပြီးမှ တစ်ခုဖြစ်တာ။
ခဏခဏ ပြောင်းရတာနဲ့ ရွှေ့တာနဲ့ တောကြာယားတာလေးကို တော်ကြား အယားလေးပျောက်ရတာနဲ့
ဆာတဲ့ ဝေဒနာပေါ်လိုက်၊ ဝတဲ့ ဝေဒနာပေါ်လိုက်၊ ညောင်းတဲ့ ဝေဒနာပေါ်လိုက်၊ ညောင်းတဲ့ ဝေဒနာ
ပျောက်လိုက်၊ ခန္ဓာငါးပါး မြဲတာပါသေးရဲ့လား၊ ခင်ဗျားတို့ စိတ်ကလေးကလည်း စိတ်ကူလိုက် ပျောက်
သွားလိုက်၊ ဝေဒနာကလည်း ဟိုကပေါ်လိုက် ပျောက်သွားလိုက်၊ ဒီကပေါ်လိုက် ပျောက်သွားလိုက်၊ အဲဒါ
သင်္ခါရတွေ မမြဲတာပြတာ၊ ဒီခန္ဓာကြီးပူတာ အေးတာသည် ဒုက္ခသစ္စာသဘောပြောနေတာ၊ နေချင်ထိုင်ချင်
တာလည်း ဒုက္ခသစ္စာ၊ လုပ်ကိုင်စားချင်တာလည်း ဒုက္ခသစ္စာ၊ နေချင်ထိုင်ချင် လုပ်ကိုင်စားချင်တာသည်
ဒုက္ခသစ္စာနဲ့ မခွဲချင်လို့။ နဂိုက ဒုက္ခသစ္စာဆိုတော့ကာ ဉာဏ်နဲ့ တည့်တိုင်း၊ တည့်တိုင်း ဒုက္ခသစ္စာချည်း
ပဲတွေ့မယ်၊ ဝမ်းထဲမှာ ကုသိုလ်စိတ်ကလေးပေါ်လာလည်း ဖြစ်ပျက်ရှု၊ မဂ်ကိုသာ ပွားရမှာ၊ ကိုယ့်ကုသိုလ်
 ကိုယ်သာယာနေရင် တဏှာဖြစ်သွားမယ်၊ ကြံစည်တဲ့ ဓမ္မကလေးပေါ်လာရင်လည်း..နှလုံးသွေးထဲမှာပေါ်
နှလုံးသွေးထဲမှာ ပျက်သွားတာပဲရယ်လို့..ဉာဏ်နဲ့ လိုက်ပေးလိုက်တာပေါ့။ ယခုပေါ်တာကို ယခု ဉာဏ်
လိုက်နိုင်ဖို့ အရေးကြီးတယ်၊ လာသမျှစိတ်ကို ဖမ်းရှု မရှုကောင်းတာ မရှိဘူး၊ ခန္ဓာကတော့ ပင်ကိုယ်
ဒုက္ခသစ္စာမို့ သူသဘောသူအမြဲပြောနေတာပါပဲ၊ ပင်ကိုယ်မူမှ သီးခြားမူပြောင်းတာတွေ၊ နဂိုမူပျောက်
တာတွေ တွေ့ရင် ဒါတွေဟာ ဖောက်ပြန်ပျက်စီးတာတွေ့ပြီပဲ။
ကိလေသာ နီဝရဏတွေက အနိစ္စပေမယ့်၊ သူက အာသေဝနများတယ်၊ သူချည်းထပ်ပြန်တလဲလဲ ဒီပေါ်
ထပ်ဖြစ်နေတာ၊ ဒီတော့ မဂ်ကလည်း ပွားမှ ရမယ်၊ ဉာဏ်နဲ့ ထပ်ပြန်တလဲလဲ မြင်ရမယ်၊ ဣနြေ္ဒရင့်တယ်
ဆိုတာ ကိုယ့်ဟာကို ဝီရိယတိုးသွားရတာ၊ အရင်မြင်တာ တစ်စက္ကန့်ကို ဖြစ်ပျက်တစ်ကြိမ်ဆို၊ နောက်နှစ်
ကြိမ် သုံးကြိမ်လောက် ဝီရိယနဲ့ သမာဓိကို..သူမလွန် ကိုယ်မလွန် ဖြစ်ပျက်ဆီတွဲလွှတ်၊ ဝီရိယလွန်ရင်၊ ပျံ့
လွင့်တတ်တယ်၊ သမာဓိလွန်ရင် ငိုက်မြည်းတတ်တယ်၊ လာသမျှ ဖြစ်ပျက်ရှုပြီး ဝီရိယ ပြင်းထန်းပေးပါ၊
သဒ္ဓါနဲ့ ပညာကို ညီအောင်လွှတ်၊ သဒ္ဓါလွန်ရင် အကြည်ညိုလွန်ပြီး တဏှာဘက် ပြေးတတ်တယ်၊ ပညာ
လွန်တော့ အတွေးအဆများပြီး ကောက်ကျစ်တဲ့ဘက် ပြေးတတ်တယ်၊ သတိကတော့ လိုတာသာရှိတယ်၊
သတိမလစ်စေနဲ့၊ ဖြစ်ပျက်အပေါ် အမြဲဘဲ သတိရှိရမယ်၊ သတိခေါင်းဆောင်လို့မို့ သတိပဋ္ဌာန်လို့၊ ခေါ်
တာ..သတိထားပြီး ပေါ်သမျှကို ဖြစ်ပျက်ရှု၊ ဒီငါးပါး ညီညွတ်ရင် ဣနြေ္ဒညီတဲ့အတွက် (နိဗ္ဗာန်) မရမရှိပါဘူး။
တရားထိုင်တဲ့အခါ ညောင်းလာလို့ ပြင်ချင်ရင်..ပြောင်းချင်ပြင်ချင်တဲ့ စိတ်ဖြစ်ပျက်ရှု၊ ရွှေ့ချင်ရင် ရွှေ့ချင်
တဲ့စိတ် ဖြစ်ပျက်ရှု၊ ဖြစ်ပျက်နဲ့ မဂ်ကြားတစ်ပါးသော ကိလေသာ မရောရင်၊ (၁၅) မိနစ်နဲ့ နာရီဝက်အတွင်း
မဂ်ကျနိုင်တယ်။
                                  "သံသယ ဝိစိကိစ္ဆာ သတ်နည်း"
အဝိဇ္ဇာနှင့် တဏှာ အရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး မျိုးမှအပင် အမျှမပြတ် ဆက်စပ်
သည့်ဟန် ကံကြောင့် နာမ်ရုပ် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန် ဖြစ်ပြန်နည်းအလျော် ဗြဟ္မာသိကြား စသည်
များက ထင်ရှားပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တဝါတို့ ဖြစ်လာရမှု မဟုတ်
ဟု ဉာဏ်ဖြင့်ရှု၍ မျှော်။ မပြုရသေးတဲ့ သုစရိုတ်တရားတွေကိုလည်း၊ မပြုရလေခြင်းဆိုတဲ့ သောကမလာ
စေနဲ့၊ တွေးလုံးမဝင်နိုင်အောင် ဟဒယဝတ္တုအပေါ် ဉာဏ်လှည့်ပြီး ပေါ်လာတာ မှန်သမျှကို ဖြစ်ပျက်ဒုက္ခ
သစ္စာတွေပဲလို့သာ..အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေ၊ ဟုတ်မှ ဟုတ်ပါ့မလားဆိုတဲ့ ဝိစိကိစ္စာဟာ..
ကိုယ်ကျွတ်မယ့် လွတ်မယ့်လမ်းကို တားလိုက်တာပဲ၊ အလွန်ကြောက်စရာကောင်းတယ်၊ သူတစ်လုံးတည်း
က အပါယ်တွန်းချနိုင်တယ်၊ (နိဗ္ဗာန်) ရရမယ်လို့ ဘုရားဟောထားတာ..ကျုပ်တို့က သံသယဖြစ်ဖို့ လိုသေး
လို့လား။
                                          "ကုက္ကုစ္စ သတ်နည်း"
ဒါတွေဟာ နေရာကျမှ ကျပါ့မလားဆိုတာ ကုက္ကုစ္စ၊ အရင်ပြုခဲ့တဲ့ အကုသိုလ်တွေကို တရားအားထုတ်
ချိန်မှာဖြစ်စေ..အားမထုတ်ဘဲ နေချိန်မှာဖြစ်စေ၊ ဘယ်အချိန်မှာမှ ပြန်မတွေးပါနဲ့ ဖျောက်ပစ်ပါ၊ အကုသိုလ်
ပြန်တွေးတာ အဟောင်းက အသစ်ပြန်ဖြစ်ပြီး..ခင်ဗျားတို့ကို လောင်တဲ့မီး၊ သေတော့ အပါယ်သွားတယ်
ဆိုတာ အကုသိုလ်က ပြီးခဲ့ပါပြီ။ ကိုယ်တွေးလုံးကြောင့်သွားရတာ၊ မတွေးကောင်းတဲ့အတွေး တွေးလိုက်
တဲ့အ တွက်..အဖြစ်ဆိုးနဲ့ သွားကြုံရတာ။ (ဥဒ္ဓစ္စ သတ်နည်း) ဟိုပြေးဒီပြေးနဲ့ စိတ်ပျံ့လွင့်တာ ဥဒ္ဓစ္စ။
စိတ်က ဘယ်မှ မပြေးနိုင်ပါဘူး၊ မှန်ချိန်တာ ဝေးဝေးချိန်တာပဲရှိတယ်၊ ဒိနေတော့ စိတ်မငြိမ်ဘူး ဝိပဿနာ
မရှုဘူးဆိုရင်..ဥဒ္ဓ္စစ္စတည်းဟူသော သခင်၏ အလိုသို့ ရုပ်နာမ်က လိုက်နေရတဲ့အတွက် ကျွန်ဖြစ်တဲ့နေ့
လို့ မှတ်လိုက်၊ သူဖြစ်ပေါ်တဲ့ ဟဒယဝတ္တုပေါ် ဉာဏ်လှည့်လိုက်၊ မနိုင်နိုင်အောင်ရှုပါ။ မှုလရှုနေတဲ့ စိတ်
ကြားထဲမှာ ကြားထိုးတဲ့ စိတ်ဝင်တိုင်း၊ နောက်က ကိလေသာက အဖော်လိုက်လာမလို့လာတာ၊ ရှေးဦးစွာ
ဗိုလ်လုပ်တဲ့စိတ်ကို ဖြစ်ပျက်ရှုလိုက်တော့..သူ့နိယာမကြီး ပြတ်ပြီးသကာလ အရင်ဝိပဿနာ ရှုစရာစိတ်
နောက်က..နောက်ဝိပဿနာ ရှုစရာစိတ်ပေါ်တာပဲ။ ကြားထိုးတဲ့ ကိလေသာလာတိုင်း လာတိုင်း ဖြစ်ပျက်
ရှုနိုင်ရင်..ကိလေသာ ကြားခိုရာ မရောက်ဘူး၊ ဒီလိုသာ ရှုသွားရင် ယခုဘဝမှာပဲ အာသဝေါကုန်တဲ့၊
ရဟန္တာ ဖြစ်တာပဲ၊ မညှိတတ်ရင် ကြာတယ်၊ ကိုယ့်ဟာကိုယ် ချိန်တနိုင်ဖို့ အရေးကြီးတယ်။     ။

                                           ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။

                                                                  အရှင်ဉာဏဓဇ
                                                   မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                            ပင်မသံဝေဇနိယဌာန
                                                                 အမရပူရမြို့  ။

No comments:

Post a Comment