Friday, January 4

မိုးကုတ်ဆရာတော်ဘုရားကြီး၏ နိရောဓသစ္စာ၏ အမတဋ္ဌအနက် (၄)

နိဗ္ဗာန်ဟာ"အမတဋ္ဌ"သဘောရှိတယ်၊ "အမတဋ္ဌ"ဆိုတာ မအို၊ မနာ၊ မသေ..အမြဲနေတဲ့သဘောကို ဆိုတာပဲ၊
ခန္ဓာကြီးကတော့ အမြဲပဲ အိုလိုက် နာလိုက် သေလိုက် ဖြစ်နေတာပဲ၊ ဒီတော့ ခင်ဗျားတို့နေတဲ့နေရာဟာ၊ အို..
နာ..သေ အမြဲရှိနေတဲ့နေရာပဲ၊ ဒီဘဝမှာလဲ အို..နာ..သေ၊ နောင်ဘဝ ရောက်ပြန်တော့လဲ အို..နာ..သေ၊ ဟို
ဘဝကူးပြန်တော့လဲ အို..နာ..သေ၊ ဪ...နိဗ္ဗာန်နဲ့ခင်ဗျားတို့နေတဲ့နေရာနဲ့တော့အတော်ကွားခြားနေပါလား
ခင်ဗျားတို့က နိဗ္ဗာန်အကြောင်းလဲ ကောင်းကောင်းသဘောမကျ၊ နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းလဲမစီ
မံတတ်သေကြောင့်၊ သွားတော့ သွားနေတာပဲ၊ သွားတော့ဘယ်ရောက် အိုလမ်း..နာလမ်း..သေလမ်းသာ
ရောက်နေတယ်၊ မအိုချင်လို့၊ မနာချင်လို့၊ မသေချင်လို့၊ ဆေးဝါးတွေနဲ့ ကု၊ ပရိတ်တွေ မန္တာန်တွေနဲ့ ကာကွယ်
စောင့်ရှောက်ကြသော်လဲ၊ ခန္ဓာကိုယ်ကြီးက အိုတတ်၊ နာတတ်၊ သေတတ်တဲ့ အမျိုးဆိုတော့ ဘယ့်နှယ်မှမ
တတ်နိုင်ဘူး၊ ခန္ဓာကိုယ်ကြီးဟာ သင်္ချိုင်းကိုအမြဲ မျက်စောင်းထိုးနေတာပဲ၊ နတ်ပြည်ရောက်လဲ ဗြဟ္မာပြည်
ရောက်လဲ သင်္ချိုင်းကို မျက်စောင်းထိုးနေတာပဲ၊ ခင်ဗျားတို့ ခန္ဓာအကြောင်း ကောင်းကောင်းမသိလို့ ဒီခန္ဓာ
ကြီးကို လိုချင်နေတာ၊ ဆုတောင်းယူနေတာ၊ ခန္ဓာအကြောင်း ကောင်းကောင်းမသိရင်၊ ခန္ဓာကို..လိုချင်နေရင်
ခင်ဗျားတို့ ဘယ်တော့မှ နိဗ္ဗာန်ကို လိုချင်မှာမဟုတ်ဘူး၊ ခန္ဓာအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိရင်
ဒီန္ဓာကြီးကို လိုချင်မှာမဟုတ်ဘူး၊ ဒီတော့ ခန္ဓာကြီးအကြောင်း ခင်ဗျားတို့ ကောင်းကောင်းသိမှ နိဗ္ဗာန်ကိုလို
ချင်မှာ၊ နိဗ္ဗာန်ကတော့ မအိုမသေအမြဲနေတဲ့နေရာပဲ၊ ပဋိသ မ္ဘိဒါမဂ် အဋ္ဌကထာဆရာက၊ ခန္ဓာကိုအဆိပ်ပင်
ကြီးဟာ သူ့ အဆိပ်နဲ့သူ သေတဲ့သဘောကိုမြင်သဖြင့်၊ မအို မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို ဉာဏ်၌ထင်မြင်လို
ချင်လာ၏ဟု ဆိုထားတယ်၊ ဒီတော့ မအို..မသေ အမြဲနေတဲ့ နိဗ္ဗာန်ကို သဘောကျဖို့ လိုချင်လာဖို့ရာ ခန္ဓာ
ကြီးအကြောင်း ကောင်းကောင်းသိရမယ်။ ဒီ ခန္ဓာကြီးဟာ အဆိပ်ပင်ကြီးပဲ၊ သူ့မှာ ဇရာ၊ ဗျာဓိ၊ မရဏ..အို နာ
သေ ဆိုတဲ့ အဆိပ်တွေ မွေးကထဲက တစ်ခါတည်းပါလာတယ်၊ ယူလာတယ်၊ ဒီတော့ သူ့ အဆိပ်နဲ့သူသေမှာ
ပဲ၊ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ ဆုတောင်းမပြည့်တဲ့ ခန္ဓာကြီး၊ မအိုပါရစေနဲ့၊ မနာပါရစေနဲ့၊ မသေပါရစေ
နဲ့လို့ ဆုတောင်းလို့ ရရဲ့လား၊ မရဘူးနော်၊ သူယူလာတဲ့ အိုနာ အဆိပ်နဲ့ သူသေရမှာပဲ၊ အသက်ထွက်ရမှာပဲ၊
ဒီခန္ဓာအဆိပ်ပင်ကြီးဟာ အိုဖို့ရာလဲ သူ့ အဆိပ်နဲ့သူ၊ နာဖို့ရာလဲ သူ့ အဆိပ်နဲ့သူ၊ သေဖို့ရာလဲ သူ့ အဆိပ်နဲ့သူ
တစ်ခါတည်း ပါလာတာပဲ၊ ဒါကြောင့် ဒီန္ဓာကြီးရတဲ့ ပုဂ္ဂိုလ်အပေါင်းဟာ ဘယ်နည်းနဲ့မှ ချမ်းသာလိမ့်မယ်
ဘေးကင်းလိမ့်မယ် မဟုတ်ဘူး၊ ဆင်းရဲတွင်းမှာ အိုပွဲ..နာပွဲ..သေပွဲနဲ့ပဲ ဇာတ်သိမ်းရမည့် ဒီခန္ဓာကြီးဟာ သူ့
အဆိပ်နဲ့သူ သေရတာ၊ နေရာမရွေးဘူးနော်၊ နတ်ပြည်ရောက်လဲ သေမှာပဲ၊ ဗြဟ္မာပြည်ရောက်လဲ သေမှာပဲ
လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်မှာ အကြိမ်ကြိမ် ခံစားရ၍..လို့ဆုတောင်းရင် ဒါကိုယ့်အဆိပ်နဲ့ကိုယ် အဖန်ဖန်
သေရ၍..ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒီတော့ သစ္စာမသိသေးရင် ဒီခန္ဓာကြီးကို ဆုတောင်းယူကြမှာပဲ။
ခန္ဓာကြီးမှာ အို နာ သေ ဟာတစ်ခါတည်း ပါနေတော့သူဟာ ဒုက္ခသစ္စာအစစ်ပဲ၊ ခန္ဓာကြီးရှိသရွေ့ ဒုက္ခ
ရောက်နေမှာပဲ၊ ဒုက္ခသစ္စာဆိုတာ ဆင်းရဲတာအမှန်၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဖြင့်မဆင်းရဲတဲ့ပုဂ္ဂိုလ်ရယ်လို့ မရှိဘူး
နော်၊ တော်တော်ကြာ အိုရပြန်ပြီ၊ နာရပြန်ပြီ၊ သေရပြန်ပြီ၊ နောက် တစ်ခါ ရပြန်လဲ အိုရ..နာရ..သေရပြန်တာ
ပဲ၊ နောင်ဘဝများစွာ အကြိမ်ကြိမ်ရပြန်တော့လဲ အိုရ..နာရ..သေရ မှာပဲ၊ ဒီလို ခန္ဓာကြီးကို ခင်ဗျားတို့ ကြိုက်
နေတာကဖြင့်"စုံလုံးကန်း"လို့ပဲ၊ သေသွားတဲ့ မိဘ..ဆွေမျိုး..မိတ်ဆွေတွေကိုသုဿန်သို့ အကြိမ်ကြိမ်လိုက်
ပို့ခဲ့ပြီးငြားသော်လဲ၊ ဒီဘဝ ငါ သေရအုံးမယ်ဆိုတာလဲမမြင်၊ နောင်ဘဝရောက်လဲသေရအုံးမယ်ဆိုတာလဲမ
မြင်ဘူးဆိုတော့ နှစ်ဘက်စုံလုံးကန်းတာပဲ၊ ခန္ဓာဒုက္ခသစ္စာကြီးကို လွယ်ထားရပါလျက် ဒုက္ခသစ္စာမှန်းမသိ
တာလဲ"ကြောင်တောင်ကန်း"လို့မသိတာပဲ၊ မနာကြနဲ့၊ ဒါခင်ဗျားတို့ ဖြစ်စဉ်ပဲ၊ ခန္ဓာကြီးဟာ အို..နာ..သေ တစ်
ခါတည်းကပ်ပါလာတော့၊ မအို..မနာ..မသေ အောင် ပရိတ်တွေရွတ်..ကာကွယ်သော်လဲမရဘူး၊ မိုးကြိုးပစ်
တာကို ထန်းလက်နဲ့ကာလို့ မရဘူးနော်။ "အဆိပ်သီးနဲ့ငှက်"ဟိမဝန္တာတောမှာ ၁၂-ရာသီပွင့်ပြီး ၁၂-ရာသီ
သီးတဲ့ အဆိပ်တောကြီး တစ်ခုရှိတယ်၊ ဒီတော့ရောက်သွားတဲ့ သတ္တဝါတွေဟာ ဒီအဆိပ်သီးရဲ့ အနံ့သာရှူ
ရှိုက်မိလို့ရှိရင်၊ မစားဘဲမနေနိုင်လောက်အောင်ကိုမွှေးကြိုင်တယ်၊ အဆင်း အနံ့ အရသာ သိပ်ကောင်းတယ်
စားမိလို့ဝမ်းထဲရောက်ရင်တော့ သေတာပဲ၊ ဒီအပင်အောက် သွားကြည့်ရင် ငှက်ရိုးတွေ သားကောင်းရိုးတွေ
ပုံနေတာပဲ၊ နောက် အတောင်စုံပြီး ပျံလာကြတဲ့ ငှက်တွေကလဲ ဒီအနံ့ရပြီးစားချင်စိတ်ပေါက်လာပြန်တာပဲ၊
သူတို့မိဘအရိုးတွေသစ်ပင်အောက်မှာ မြင်ပေမယ့် ဪ..သူတို့သာ သေတာ၊ ဒို့ မသေဘူးဆိုပြီး စားပြန်
တော့ သေကြပြန်တာပဲ၊ နောက်အကောင်တွေလာလဲ စား သောက်တာပဲ၊ ဒီတော့ အရိုးပေါ် အရိုးထပ်သေ
ကြတယ်တဲ့။
ဒီတော့ တိရစ္ဆာန်သေးတွေ တယ်မိုက်တာပဲလို့ မဆိုထိုက်ဘူးလား၊ ဆိုထိုက်တယ်၊ သေတဲ့ မိဘအရိုးတွေမြင်
လျက်သားနဲ့၊ အသီးရဲ့ အနံ့မခံနိုင်တာနဲ့ စားပြီးတော့သေကြတယ်၊ အရိုးပေါ် အရိုးထပ်သေပွဲဝင်ကြတယ် ၊
ခင်ဗျားတို့လဲ ကိုယ်အဖေအမေတွေ အဘိုးအဘွားတွေဟာ ချမ်းသာမှု..သုခဝေဒနာကိုကြိုက်လို့ သူ့နောက်
လိုက်ပြီး၊ စီးပွားရေးတွေ နေ့မအား..ညမအားလုပ်ကိုင်ကြတယ်၊ အဲဒါသုခဝေဒနာ အဆိပ်သီးကို ရှာကြတာပဲ၊
သုခဝေဒနာကို စားရင်းမတ်တတ်နဲ့ပဲ၊ အို..နာ..သေ သွားကြတယ်၊ သွားကြလို့ ခင်ဗျားတို့ ကိုယ်တိုင် သုဿန်
ပို့ခဲ့ကြရပြီ မဟုတ်လား၊ ဒီအဆိပ်သီးစားရင် ဒီအဆိပ်သီးကသတ်တာနဲ့ သေမှာပဲ၊ သေကြလို့ မိဘဘိုးဘွား
တွေရဲ့ အရိုးတွေတောင်လိုပုံရတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကသူတို့သာဒီအသီးစားပြီးသေတာ၊ ဒို့ စားရင်
တော့မသေဘူးဆိုပြီး..ဒီဝေဒနာအဆိပ်သီးကိုလျှောက်ရှာပြီးစားကြတော့၊ သေခြင်းဆိုးနဲ့သေကြတော့တာပဲ၊
သေတော့ အရင်အရိုးတွေပေါ် ခင်ဗျားတို့ အရိုးတွေ ထပ်ပြန်တာပဲ၊ နောက် ခင်ဗျားတို့ အမျိုးဟာ"အဆိပ်စား
တဲ့အမျိုး၊ သေခြင်းဆိုးနဲ့သေတဲ့အမျိုး"လို့ဆိုထိုက်တာပေါ့၊ အံမာလေ..တိရစ္ဆာန်တွေထက် မိုက်သေးပါက
လား၊ ဒါကြောင့် ခင်ဗျားတို့ ဒုက္ခသစ္စာမသိသရွေ့ အဆိပ်စားကြအုံးမှာပဲ၊ စားပြီး သေခြင်းဆိုးနဲ့ သေကြအုံး
မှာပဲ၊ "သူသတ်သမားဝေဒနာ"သံယုတ်ပါဋ္ဌိတော်မှာ ဘုရားက"ဝေဒနာမာရော"ဝေဒနာဟာ သူသတ်သမား
လို့ဟောထားတယ်၊ ဝေဒနာ ၆-မျိုးရှိတယ်၊ မျက်စီ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကြောင့် ဖြစ်ပေါ်လာတဲ့
ဝေဒနာဟာ ၆-မျိုးရှိတယ်၊ ဝေဒနာ ၆-ပါးဟာ သူသတ်သမား ၆-ယောက်တဲ့၊ ဟုတ်ရဲ့လား၊ ဒီဝေဒနာကို စား
ရင်း သေကြတာပဲ၊ ဒီဝေဒနာကို လိုချင်..ရချင်လို့၊ မျက်စီ ချမ်းသာချင်လို့၊ နား ချမ်းသာချင်လို့၊ နှာခေါင်းချမ်း
သာချင်လို့၊ လျှာ ချမ်းသာချင်လို့၊ ကိုယ် ချမ်းသာချင်လို့၊ စိတ်ချမ်းသာချင်လို့..လိုက်ရှာကြတယ်၊ အဲဒါ အဆိပ်
ရှာကြတာ၊ သူသတ်သမား ရှာကြတာ၊ တချို့ဆို ရှာရင်းမတ်နဲ့သေတယ်၊ တချို့တော့ မျိုးရင်သေတယ်၊ တချို့
အနံ့သင့်ပြီးသေတယ်၊ ခုနက တိရစ္ဆာန်တွေကတော့ တိရစ္ဆာန်မို့ မသိလိုစားပြီးသေတယ်၊ ခင်ဗျားတို့မှာ လူလို့
တော့ ဆိုင်းဘုတ်ဆွဲထားပါရဲ့၊ ဒါပေမယ့် စားပုံသောက်ပုံတွေကတော့ တိရစ္ဆာန် စားပုံသောက်ပုံနဲ့ အတူတူပါ
ပဲ၊ နုတ်သီးနဲ့ ပါးစပ်ပဲ ကွာတာပဲ၊ ၃၁-ဘုံလျှောက်ကြေည့် ဒီဝေဒနာသတ်တာနဲ့ သေကြတာချည်းပဲ၊ ဒီခန္ဓာအ
ဆိပ်ပင်ကသီးတဲ့ ဝေဒနာအဆိပ်သီးတွေစားမိတာနဲ့ သေကြတာပဲ။
ခင်ဗျားတို့က"သုခကြိုက်တွေ"ဖြစ်နေတော့၊ သုခကိုပဲလျှောက်ရှာတာပဲ၊ ရှာပြီးတော့စားတဲ့လူကို သုခက
သတ်တာပဲ၊ ခင်ဗျားတို့ကလဲ (သုခ) ဝေဒနာ ၆-မျိုးကိုချည်း လိုက်ရှာနေကြတာပဲ၊ ဒီ သတ်မယ့်လူ မတွေ့
သေးလို့ရှိရင်၊ ဒီနေ့ စိတ်မချမ်းမသာ ဖြစ်ကြတယ်၊ သတ်မယ်သူတွေ့မှ ချမ်းသာတယ်တဲ့၊ ဘယ်လောက်မျက်
စိလည်နေသလဲ၊ ခင်ဗျားတို့ မသိတာကတော့ဖြင့် ဟောတဲ့ပုဂ္ဂိုလ်တောင် သံဝေဂရလာတယ်၊ ခင်ဗျားတို့က
ထူလွန်း အလွန်းလို့ ပြောတဲ့ပုဂ္ဂိုလ်တောင် မပြောချင်လောက်အောင်ဖြစ်လာတယ်၊ ခင်ဗျားတို့မှာ မျက်စိချမ်း
သာမှု၊ နားချမ်းသာမှု၊ နှာခေါင်းချမ်းသာမှု၊ လျှာချမ်းသာမှု၊ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှုမရရင်..စိတ်ဆင်း
ရဲ့ပြီး နေထိုင်မကောင်းတောင်ဖြစ်လာကြတယ်၊ ဘာပြုလို့ သတ်မယ့်လူမလာလို့၊ အဲဒီကျအောင် ဉာဏ်
ရောက်ထားတော့မှ ဪ...ခန္ဓာ ၅-ပါး အဆိပ်ပင်ကြီးက ဒီအဆိပ်သီးတွေ သီးနေသရွေ့၊ ဒီအသီးတွေစား
နေသရွေ့၊ ဘယ်ဘုံရောက်ရောက် သေခြင်းဆိုးသေမှာချည်းပဲလို့ မြင်လာမယ်၊ မြင်လာမှ ဒီခန္ဓာကြီးကို မ
ကြိုက်တော့မှာ၊ မကြိုက်ရင် မသေရာရှာတော့မယ်၊ အမတ..မသေရာနိဗ္ဗာန်ဘက်ကို လှည်လာမယ်၊သဘော
ကျလာမယ်၊ အခုတော့ ခင်ဗျားတို့ဟာ ခန္ဓာအဆိပ်ပင်ကြီးက ထွက်လာတဲ့ ဝေဒနာ..အဆိပ်သီးကိုသားစဉ်
မြေးဆက်စားစားပြီးသေသေလာခဲ့ကြတာဖြစ်တော့၊ ဒီအမျိုးဟာ အဆိပ်စား သေတဲ့အမျိုးပေါ့၊ မင်းမျိုးလား
သူဌေးမျိုးလားလို့ စဉ်းစားမနေပါနဲ့တော့၊ ကိုယ်အမျိုးကိုယ်သိပြီးသား၊ ခင်ဗျားတို့သေချင်ကြသလား၊ မသေ
ချင်ဘူးတဲ့၊ မသေချင်တာတော့ အမှန်ပဲ၊ ဒါပေမယ့် ကိုယ့်လည်ပင်းကိုယ်ကြိုးတပ်လာတာကတော့ ဖြုတ်မရ
ဘဲဖြစ်နေတယ်၊ သေရမှာတော့ ဧကန်ပဲ၊ အခုလို ခန္ဓာရဲ့သဘောကို သိလာတော့မှ မသေရာဘက်ကို နဲနဲ
ကလေးညွတ်လာသလို ရှိလာတယ်၊ ကဲ..နောင်မသေချင်ရင်တော့ မသေရာရှာကြရမယ်၊ တကယ်ရှာရင်
တကယ်တွေ့မှာပဲ၊ အဲဒါရှာချင်ရင် ခန္ဓာကြီးကိုမခင်ဘဲနဲ့၊ သမုဒယချုပ်ပြီး ခင်ဗျားတို့ (၁) ဖြစ်ပျက်မြင်အောင်
ကြည့်၊ (၂) ဖြစ်ပျက်မုန်းအောင်ကြည့်၊ (၃) ဖြစ်ပျက်ဆုံးအောင်ကြည့်လို့ရှိရင် ခန္ဓာကြီးရဲ့သေတတ်တဲ့သ
ဘောကို ကောင်းကောင်းကြီးသိလာမယ်၊ ဒါသိပြီးတော့၊ သေတတ်တဲ့ သေတတ်တာကြီးကိုဖြင့်မကြိုက်
တော့ပါဘူးလို့သာ မဂ်ဉာဏ်ပေါ်အောင်ကြည့်လိုက်၊ မလိုချင်တဲ့အထိရောက်အောင်ရှုလိုက်၊ ဒီလိုရှုလိုက်လို့
တကယ့်ကိုမလိုချင်တော့ဘူးဆိုရင်၊ မသေရာအမုန် မြတ်နိဗ္ဗာန်ဟာတစ်ခါတည်းပေါ်လာတယ်၊ မသေရာကို
ခုကတည်းက တွေ့အောင်ရှာထားပါ၊ သေမှတော့ မတွေ့နိုင်ဘူး၊ ဒယ်အိုး (ငရဲထဲ) ရောက်သွားရင်သွားပြီ။
မသေရာရှာနည်းကတော့ ပြောနေကျအတိုင်းပဲ၊ ဒီဝေဒနာသာ ဖြစ်ပျက်မြင်အောင် ရှုပါ၊ ဒွါရ ၆-ပါးအရ ဝေဒ
နာ အသီးသီးမှာ ၆-မျိုးပြားသော်လဲ၊ စင်စစ်တော့ ဝေဒနာဟာ သုခ၊ ဒုက္ခ၊ ဥပေက္ခာလို့ ၃-မျိုးတည်းပါပဲ၊ အဲဒီ
ဝေဒနာ ၃-မျိုး (တစ်မျိုးမျိုး) ကို ရှုလိုက်ပြီဆိုမှဖြင့် ဝေဒနာ ၃-မျိုးဖြစ်ပျက်က အနိစ္စ၊ ရှုတာက မဂ္ဂ ဖြစ်တယ်၊
ရှုတော့ တဏှာမလာတော့ဘူး၊ ဒီဝေဒနာဟာ နဂိုတုန်းက ဝေဒနာအဖြစ်နဲ့နေရင်သာ အဆိပ်ဖြစ်တာ၊ အခု
ဖြစ်ပျက်ရှုလိုက်တော့ အဆိပ်မဖြစ်တော့ဘူး၊ အနိစ္စဖြစ်သွားတယ်၊ အဆိပ်မဖြစ်ရင် သူဟာ အို..နာ..သေ
လက်နက် ၃-မျိုးနဲ့ ဒီ ရှုတဲ့ ပုဂ္ဂိုလ်ကိုသတ်မယ့်အလုပ် မလုပ်နိုင်တော့ဘူး၊ မလုပ်နိုင်အောင် မဂ်ကတားထား
တယ်၊ ဒီလို ဖြစ်ပျက်..မဂ် ရှုတဲ့အလုပ်ကိုလုပ်မှ မသေရာကိုတွေ့မှာ ရောက်မှာ။
ဝေဒနာ ၃-ခုဖြစ်ပျက်တာ ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ မဂ္ဂသစ္စာပေါ်လာရင်သူက ဒုက္ခတင်သိတာမဟုတ်
ဘူး၊ သူကိစ္စက နိရောဓ (နိဗ္ဗာန်) လဲမြင်တယ်၊ သမုဒယ (တဏှာ) ကိုလဲသတ်တယ်၊ သစ္စာ ၄-ချက်ကို တစ်
ပြိုင်နက်သိတယ်၊ ဒါဖြင့်အလုပ် လုပ်မှမြင်မှာ၊ အလုပ်လုပ်တဲ့အခါ၊ ဒုက္ခသစ္စာကိုဖြစ်ပျက် ရှုမှုကြိုးစားပါ၊ ရှုလို့
ဒုက္ခသစ္စာအဖန်ဖန် သေတာကြီးမြင်မှသာ"အမတဋ္ဌော"ဆိုတာကို သဘောကျမယ်၊ ဒီတော့ ဝေဒနာကို ဖြစ်
ပျက် နာနာရှု၊ ရှုရင် ကိုယ်ကဝေဒနာကို သတ်ပစ်တာပဲ၊ မရှုရင် ဝေဒနာက ကိုယ့်ကိုယ်ကို သတ်မယ်၊ ဒီတော့
ဝေဒနာနဲ့စစ်ထိုးဖို့ ခါးတောင်းကြိုက်ကြ၊ ဝေဒနာပေါ်လာတိုင်း ဖြစ်ပျက်ရှုရမယ်၊ ဝေဒနာသာ သူသတ်သမား
မဟုတ်သေးဘူး၊ ခန္ဓာ ၅-ပါးစလုံး သူသတ်သမားချည်းပဲတဲ့၊ ခန္ဓာ ၅-ပါးဟာ သူသတ်သမားချည်းဖြစ်တော့၊
သူတို့မရှိမှ အသေလွတ်မှာပဲ၊ သူတို့ရှိနေရင် သေဦးမှာပဲ၊ ဒီတော့ ခန္ဓာ ၅-ပါးထဲက ဘယ်ခန္ဓာဖြစ်ဖြစ် ကြိုက်
ရာကို ဖြစ်ပျက်ရှုနိုင်တယ်၊ သူသတ်သမားကို ကိုယ်ကပြန်သတ်တယ်ပေါ့၊ သတ်တော့ ခန္ဓာနောက်က
တဏှာ စတဲ့အဖော်တွေလဲသေသွားတာပဲ၊ အဲဒါ မဂ်နဲ့သတ်တာ၊ ရှေ့ကဖြစ်ပျက်..နောက်ကမဂ် ဆိုရင် ဒါ
သတ်ပြီးသားပဲ၊ မဂ်နဲ့သတ်လိုက်တော့ ခန္ဓာ ၅-ပါးဆိုတဲ့ ဒုက္ခသစ္စာတွေ ကုန်ဆုံးသွားပြီး၊ "အသေဓာတ်"နေ
ရာမှာ "မသေဓာတ်"အစားထိုးလာတယ်၊ ဒါဆို မသေရာနိဗ္ဗာန်သို့ ရောက်ပြီမှတ်။                   ။

                                           ဤကောင်းမှုကုသိုလ်ကံ
                      စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                      ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                         တည်ရှိပါစေသတည်း ။                  ။

                                                                                                               အရှင်ဉာဏဓဇ
                                                                                            မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                      ပင်မသံဝေဇနိယဌာန
                                                                                                               အမရပူရမြို့ ။                   ။

No comments:

Post a Comment