Saturday, August 17

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တိတ္ထိအမေးပုစ္ဆာ လေးချက် (၃) ရှင်အနုရာဓမထေရ်

သတိပဋ္ဌာန်လေးပါးဟာ
စရိုက်လိုက်ပြီး ထားရတယ်ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဟောတယ်နော် … (မှန်ပါ) သတိပဋ္ဌာန် လေးပါးထားရတာ ဘယ်လိုကြောင့် လေးပါးဖြစ်လာပါလိမ့် … (စရိုက်မတူလို့ပါဘုရား) စရိုက်၊ သြော် - စရိုက်က အမျိုးမျိုးရှိတယ်လို့ ကိုစံလှ၊ ကိုစောမောင် မှတ်ထားရမယ် … (မှန်ပါ)။
တစ်ချို့က ရာဂစရိုက် လောဘအားကြီးတယ်၊ တစ်ချို့တော့လည်း ဒေါသစရိုက်အားကြီးတယ်၊ တစ်ချို့က မောဟစရိုက်ရှိတယ်၊ စရိုက်သုံးပါး မနေဘူးလား … (နေပါတယ်ဘုရား) တစ်ချို့က သဒ္ဓါစရိုက် ရှိတယ်၊ တစ်ချို့က ၀ိတက်စရိုက်ရှိတယ်၊ တစ်ချို့က ပညာစရိုက်ရှိတယ်၊ စရိုက်ခြောက်ပါးမှတ်မိကြပလား … (မှတ်မိပါတယ်ဘုရား)။
လောဘ စရိုက်၊ ဒေါသ စရိုက်၊ မောဟ စရိုက်၊ ဒါက လူတိုင်းသိပြီးသား၊ သဒ္ဓါစရိုက်ဆိုတာက သဒ္ဓါ တရားလွန်ကဲနေတာဘဲ၊ သူဟာ ပညာမပါဘူး၊ ဒီလိုကောမရှိဘူးလား … (ရှိပါတယ်ဘုရား) ဘုရားချည်းဘဲ ကြည်ညိုနေတာဘဲ တစ်ခါတည်း လူမြင်ရလို့ရှိရင်လည်း တစ်ခါတည်း သက်ကြီးဝါကြီးလည်း ကြည်ညိုနေ တာဘဲ … (မှန်ပါ) သဒ္ဓါစရိုက်သာအားကြီးနေတာပဲ ပညာကမပါဘူး … (မှန်ပါ)။
ဒီလိုလည်းရှိသေးတယ် … (မှန်ပါ) ၀ိတက်စရိုက်ဆိုတဲ့ ဥစ္စာလည်း ကိုစောမောင်ရေ သူတွေ့လိုက် လို့ရှိရင် ကြံဖန်နေတာနဲ့ဘဲ ပြီးသွားတာပဲ၊ ပွားရတယ် ရှုရတယ်မရှိဘူး … (မှန်ပါ) ဒီလိုဝိတက် စရိုက်လည်း မရှိဘူးလား … (ရှိပါတယ်ဘုရား) ပညာစရိုက်ဆိုတာကတော့ ထိုးထိုးထွင်းထွင်း သူကလာတယ်၊ သဘော ကျပလား … (ကျပါတယ်ဘုရား) အဲတော့ စရိုက်က ခြောက်ပါးရှိတယ်။
စရိုက်ခြောက်ပါးရှိတော့ လောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ်မှာ ဝေဒနာနုပဿနာရှု … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) လောဘစရိုက်ရှိတဲ့ပုဂ္ဂိုလ် … (ဝေဒနာနုပဿနာရှုရပါမယ်ဘုရား) သြော် ဘယ့်နှယ်ကြောင့် ပါလိမ့် မတုံးဆိုတော့ ဝေဒနာနိရောဓော ဖြစ်မှ တဏှာနိရောဓောဖြစ်မှာကိုး … (မှန်ပါဘုရား) ကိုစောမောင် ဝေဒနာနိရောဓောဖြစ်မှ … (တဏှာနိရောဓော ဖြစ်မှာပါဘုရား)။
သူ့ကို ဝေဒနာကမ္မဋ္ဌာန်းပေးပါ … (မှန်ပါ) ဒကာ ဒကာမဘို့ ဘာပေးကြမတုံး … (ဝေဒနာကမ္မဋ္ဌာန်း ပေးရမှာပါဘုရား) ရှင်းပြီနော် … (မှန်ပါ) ဦးဘရှင်းဒီလိုမှတည့်အောင် မပေးလို့ရှိရင်လည်း ဒီပုဂ္ဂိုလ်ဟာ လွဲနေမှာဘဲ … (မှန်ပါ) လွဲနေလို့ရှိရင်ဖြင့် ဦးဘကလေးတို့က စဉ်းစားတာပေါ့၊ သြော် အချိန်ကြာသလောက် ခရီးမပေါက်ဘူး၊ မဆိုထိုက်ဘူးလား … (ဆိုထိုက်ပါတယ်ဘုရား)။
ကိုစောမောင် ရှင်သာရိပုတ္တရာတောင် အချိန်လွဲပါတယ်ဆိုတာ ပြောထားပေါ့၊ ကိုစံလှရိပ်မိပလား … (ရိပ်မိပါဘုရား) ဒေါသစရိုက် ရှိတာတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ပညာနဲ့ နီးပါတယ်နော် … (မှန်ပါ) ဒေါသစရိုက်ရှိ နေတဲ့ ပုဂ္ဂိုလ်ပညာနဲ့ နီးပါတယ်ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဓမ္မာနုပဿနာ ဒုက္ခသစ္စာပေး … (မှန်ပါ) ရှင်းပလား … (ရှင်းပါတယ်ဘုရား) မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ကိုစောမောင်မလာဘူးလား … (လာပါတယ် ဘုရား)။
မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အင်မတန် ဥာဏ်မလေးပေဘူးလား၊ အဲဒီ ပုဂ္ဂိုလ်ကျတော့ ခုနင် ကလေးလေးဖြစ်တဲ့၊ အဖြစ်ကလည်း နှေး အပျက်ကလည်း နှေးနဲ့၊ ရုပ်တရားများကို ပေးရမယ်ဆိုတော့ သူ့စရိုက်နဲ့သူ မလျော်ရင်တော်ပါ့မလား … (မတော်ပါဘုရား) ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင်လည်း ၀ိဘက်က တောင်ပြေး မြောက်ပြေးနဲ့ သြော် ဒါဖြင့် အာနပါနပေးမှ ကိုက်မှာပေါ့ … (မှန်ပါ)။
မပြေးတဲ့တရား အာနာပါနဆိုတော့ စိတ်ကပြေးခွင့်ရသေးရဲ့လား … (မရပါဘုရား) ဒီလိုပေးရတယ် ဆိုတာ ပေါ်ကြပလား ... (ပေါ်ပါဘုရား) ပညာစရိုက်ရှိတဲ့ ပုဂ္ဂိုလ်မျိုးကျတော့လည်း သစ္စာပေးပါ … (မှန်ပါ) သစ္စာကမ္မဋ္ဌာန်းသာပေးလိုက်၊ ခဏလေးနဲ့ရတယ်၊ သဘောပါကြပလား … (ပါ ပါတယ်ဘုရား) ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ စရိုက်နဲ့လျှော်တာကို ဘုန်းကြီးကတော့ ရှင်းပြပေးနေတယ်၊ (မှန်ပါ့)။
ဒကာ ဒကာမတွေဟာ အလုံးစုံပဲ အပါယ်လေးပါး တံခါးပိတ်ပြီး သကာလ သုဂတိ ဒုက္ခတွေတောင် မှ သူ့မတွေ့စေလိုဘူး၊ ခန္ဓာဇာတ်သိမ်းငြိမ်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်စေချင်တော့ ဒီထဲစရိုက်ကလည်း အမျိုးမျိုးရှိတယ်၊ မရှိပေဘူးလား … (ရှိပါတယ်ဘုရား) အဲတော့ ကိုယ့်စရိုက်နဲ့ကိုယ် ကြိုက်ပြီးသကာလ ကိုယ်၊ တော်တဲ့ ကမ္မဋ္ဌာန်း ကိုယ်ယူပါဆိုတာကို ဒီကနေ့ ဝေဖန်ပေးနေတယ် … (မှန်ပါ)။
ဘယ်လိုယူကြမတုံး … (ကိုယ့်စရိုက်နဲ့တော်တာ ယူရမှာပါဘုရား) ကိုယ်နဲ့တော်တဲ့ ကမ္မဋ္ဌာန်း ကိုယ်ယူပါ၊ သဘောကျပလား … (ကျပါတယ်ဘုရား) သို့သော် ဘယ်လိုပင် ဒီဘာတွေက ဘယ်လိုပင် ထူးခြားသော်လည်း နောက်ဆုံးပိတ် အနိစ္စာ ၀တသင်္ခါရာမလွတ်စေနဲ့ (မှန်ပါ) နောက်ဆုံးပိတ်ကျတော့ ဖြစ်တဲ့တရား ပျက်တတ်သည်။
ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကလည်း အင်း သူသည် လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ် ဘာဖြစ်ဖြစ် လိုချင် ရချင်တဲ့ ပုဂ္ဂိုလ် ဝေဒနာက စရှုရမယ် … (မှန်ပါ) သို့သော် တွေ့တော့ ဖြစ် ပျက်ကို တွေ့ရမယ်၊ ဖြစ်ပျက်တွေ့ရင် ကိုမြင့် ပြီးတယ်။ နောက်ဆုံးမှာတော့ ဖြစ်ပျက်မှာ လမ်းဆုံးတယ်လို့မှတ်ရမယ်၊ နောက်ဆုံးပိတ် တစ်နေ့ကျ တော့ (ဖြစ်ပျက်မှာလမ်းဆုံးပါတယ်ဘုရား)။
ရှင်းပြီနော် … (ရှင်းပါဘုရား) ကောင်းပြီ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ စရိုက်မသိဘဲနဲ့ ကမ္မဋ္ဌာန်းကို ဆရာကပေးပေး တပည့်ကပဲနေရာမကျလို့ပဲ အယူလွဲလွဲ၊ ကြာလိမ့်မယ်ဆိုတာ မှတ်ရမယ် … (မှန်ပါ) ဒကာကြီးလှိုင် ကြာလိမ့်မယ်နော် … (မှန်ပါ) ကြာလိမ့်မယ်ဆိုတာ သေချာပလား … (သေချာပါ ဘုရား) သေသေချာချာ သိထားတော့မှ …။
သြော် ကမ္မဋ္ဌာန်းဆရာလုပ်ဖို့လည်း မလွယ်ပါလား … (မှန်ပါ) ကိုစောမောင် လွယ်ပါ့မလား … (မလွယ်ပါဘရား) မလွယ်ဘူးတဲ့၊ တစ်ချို့နေရာမှာများ ကိုစောမောင်တို့ ဒီနေရာလာလို့ရှိရင် ရှူရှိုက်မှုပဲ လုပ်ဟေ့ဆိုတော့ သူဟာစရိုက်ရွေးသေးရဲ့လား … (မရွေးပါဘုရား) မရွေးတော့ သူဘာဖြစ်မတုံးလို့ မေးတဲ့ အခါကျတော့ သူက ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်မှပေးရမှာ … (မှန်ပါ) ၀ိတက်က တောင်ကြံ၊ မြောက်ကြံ အကြံအစည်များတယ် (မှန်ပါ့)။
အကြံအစည်များတဲ့ပုဂ္ဂိုလ်ကျ စိတ်က တောင်ရောက် မြောက်ရောက် ဒီလိုပုဂ္ဂိုလ်မှ အာနာပါနပေးရ မဲ့ ဥစ္စာကို အင်း သူက ၀ိတက်စရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်းဒါပေး လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေး ဒေါသ စရိုက်ရှိတဲ့ ပုဂ္ဂိုလ်လည်း ဒါပေး ဆိုလို့ရှိရင် ကိုစောမောင် ရပါ့မလား … (မရပါဘုရား) မရနိုင်ဘူးဆိုတာ သေချာပလား … (သေချာပါပြီဘုရား) ဒါဖြင့် တောင်ဝှေးဆွလြည်း အရေးမကြီးဘူးလား … (ကြီးပါတယ် ဘုရား)။
နောက်လိုက်ကော … (အရေးကြီးပါဘုရား) နောက်လိုက်ကတော့ ဒီတရားမျိုးကို နာရမှ ရွေးတတ် တယ်၊ တောင်ဝှေးဆွဲကလည်း ဒီပုဂ္ဂိုလ်တွေရဲ့ စရိုက်ဘက်မှ ဖမ်းတတ်မှ ကိုစောမောင် နေရာကျတယ် … (မှန်ပါ) လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ်များသွားတဲ့အခါ ကျလို့ရှိရင်ဖြင့် ကိုစောမောင် ခြေထောက်ဟာ စမ်းသပ် ပြီး နူးနူးညံ့ညံ့သွားလေ့ နင်းလေ့ရှိတယ် … (မှန်ပါ) လောဘစရိုက်ရှိတဲ့ ပုဂ္ဂိုလ် … ။ မကြွချင် ကြွချင်ပေါ့ဗျာ … (မှန်ပါ) ခပ်နှေးနှေးနဲ့ ခပ်ဖြေးဖြေး ဒီလိုသွားလေ့လာလေ့ရှိတယ်၊ သူ့အိပ်ယာ နေရာသွားကြည့်လို့ ရှိရင်ဖြင့် နူးနူးညံ့ သန့်သန့်ရှင်းရှင်း လုပ်ထားလေ့ရှိတယ်၊ ဒါ သူ့ ၀ါသနာအတိုင်းလာတယ် … (မှန်ပါ) ဒါကျ တော့ သူ့ကို ဝေဒနာ နုပဿနာပေးလိုက်ရင် မတည့်ပေဘူးလား … (တည့်ပါတယ်ဘုရား)။
ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ် သူ့အိမ်သွားကြည့်လိုက်ရင် …။ သူ့အခန်း သွားကြည့်လိုက်ရင် ရှုပ်ပွေလိမ် နေတာဘဲ၊ ဘယ်တော့မှ မလှည်းမကျင်းဘူး၊ ကိုစောမောင် ဖြစ်သလိုနေတတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဘာစရိုက် ဆိုကြမယ် … (ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ် ပါဘုရား) အဲဒါတွေ ကျလာလို့ရှိရင်ဖြင့် သြော် ဒေါသစရိုက်ရှိပါလား ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဖြင့်လည်း ဘယ်ကမ္မဋ္ဌာန်းပေးရမှာတုံး ဆိုတာ ဆရာက မရွေးချယ်ရဘူးလား … (ရွေးချယ်ရပါဘုရား)။
လမ်းသွားတဲ့အခါကျလို့ရှိရင် ဒေါသစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ကို အကဲခပ်ချင်ရင် သူ့ခြေရာ သွားကြည့် လိုက်ရင် သိမယ်၊ သူ့ခြေရာက နဂိုက မသွားခင်က ရောက်ချင်နေတယ်၊ ဒေါသစရိုက်သမားက၊ ဘာပါလိမ့် … (မသွားခင်က ရောက်ချင်ပါတယ်ဘုရား) မသွားချင်က ရောက်ချင်နေတော့ သူ့ခြေရာ သွားကြည့်လိုက် လို့ရှိရင် ကိုစောမောင် သူက ရှေ့ကုတ်ကုတ်ပြီး မြေကြီးပေါ်မှာ သွားလေ့ရှိတယ် … (မှန်ပါ)။
သူဖိနပ်ကို သွားကြည့်လိုက်လို့ရှိရင်လဲ ဒီရှေ့ပိုင်းက ခြေမတို့ ခြေသူကြွယ်တို့ အစရှိသည်တို့က ကိုစောမောင် အဲဒီနေရာက ဖိနပ်ကခွက်နေတယ် … (မှန်ပါ) ကတ္တီပါဖိနပ်ဆို အဲဒီနေရာကစပြတ်တယ် ရိပ်မိပလား … (ရိပ်မိပါပြီဘုရား) ဒါ ဒေါသစရိုက်သမား မောဟစရိုက်သမား သွားကြည့်လို့ရှိရင် ခြေလှမ်းမဖြောင့်ဘူးတဲ့ … (မှန်ပါ) တောင်နင်းလိုက် မြောက်နင်းလိုက် ဒီလိုသွားတယ် ဖြောင့်ဖြောင့်ကို မသွားဘူး၊ သူကတွေဝေပြီး သွားတာပဲ၊ ရိပ်မိပလား … (ရိပ်မိပါဘုရား)။
အဲဒီလို ဆရာသမားက စရိုက်တွေကို အကုန်သိပြီးမှ ကိုစောမောင်ရ ဒီဥစ္စာ ကမ္မဋ္ဌာန်းပေးလို့ရတယ် … (မှန်ပါ) နို့မို့လို့ရှိရင် ရပါ့မလား … (မရပါဘုရား) ဒါဖြင့် ဦးဘရှင်း ရမ်းလုပ်နေတဲ့နေရာ ဆိုလို့ရှိရင်ဖြင့် ကြိုးသာကုန် မောင်ပုံ စောင်းမတတ်ဆိုတဲ့ အဓိပ္ပါယ်မျိုးရောက်မှာပဲ၊ မရောက်ပေဘူးလား … (ရောက်ပါတယ်ဘုရား) ဒါကြောင့် ကိုစံလှ ကဲ ဆရာသည် အရေးကြီးတယ်။
မကြီးပေဘူးလား … (ကြီးပါတယ်ဘုရား) ဒါကြောင့် ရှင်အာနန္ဒာကို ပြောတာပေါ့ဘုရား၊ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ညီတော်အာနန္ဒာ ဆရာသမားများ ဘယ်လောက်အရေးကြီးသတုံးကွ၊ ဆရာသမားကြောင့် ဘုရားနိဗ္ဗာန်ရောက်တဲ့ နေရာမှာ ထက်ဝက်ပဲ သူ့တာဝန်ပေါ့ဘုရား၊ တယ်ဖျင်းပါလား၊ မင်းက သာဝကကိုးကွ သာဝကဥာဏ်လေးလောက်နဲ့ပြောနေတာ၊ မဟုတ်ဘူးကွ၊ သူ့တာဝန်လုံးလုံး၊ ရှင်းပလား … (ရှင်းပါဘုရား)။
သူအမှီကောင်းမှ ရမယ်တဲ့၊ သူအမှီမကောင်းလို့ရှိရင် ကိုစောမောင် … (မရပါဘုရား) ပေါ်ပလား … (ပေါ်ပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ တရားနာရ၊ တရားတောင်းရ၊ ကိုယ်အလိုရလို့ အရွယ်ကြီးမှ နိဗ္ဗာန် ရောက်ကြောင်း ရှာကြပြန်တော့လည်း ဒီဆရာမှားနဲ့တွေ့မှာ စရိုက်အကဲခတ်တတ်ဘဲနဲ့ ပေးနေတဲ့ ကမ္မဋ္ဌာန်း တိုက်တွေနဲ့ တွေ့မှာလည်း စိုးရိမ်ရတယ်၊ မစိုးရိမ်ရဘူးလား … (စိုးရိမ်ရပါတယ်ဘုရား)။
အဲဒါ ယနေ့တော့ဖြင့် ရှင်းရှင်းလင်းလင်းပြောတယ်ဆိုတော့ သြော် တော်တော်အရေးကြီးပါလား ဆိုတာ ပါလာတယ်၊ မပါဘူးလား … (ပါ ပါတယ်ဘုရား) ကြည့် အရှင်အနုရုဒ္ဓါဆိုတာ အဘိညာဉ်နေရာမှာ ဆိုရင်ဖြင့် ဧတဒဂ်ရ အဘိညာဉ်ဆိုတာ ကိုစောမောင် သေရင် ဘယ်သွားတယ်ဆိုတာ ချက်ချင်းသိတယ်၊ အဲဒီ ကိုယ်တော်ကြီးဟာ သောတာပန် သကဒါဂါမ် တည်ပြီး အနာဂါမ် ရဟန္တာမဖြစ်ဘဲ ဖြစ်နေတယ်။
ဘာကြောင့် မဖြစ်တာတုံးဆိုတော့ သူ့မှာတဲ့ ဒကာ ဒကာမတို့ မာနခံနေတယ်၊ သြော် ငါလိုကြည့် နိုင်တဲ့ ပုဂ္ဂိုလ်ရှားပါလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ မာနခံနေတယ်၊ သဘောကျပလား … (ကျပါဘုရား) အဲဒီတော့ ရှင်သာရိပုတ္တရာကြီး သွားကပ်ရတယ်လို့ အင်္ဂုတ္ထိုရ် ပါဠိတော်မှာလာတယ်၊ ရှင်သာရိပုတ္တရာက မင်းဟာကွာတဲ့၊ အထက်မဂ်ဖိုလ်တွေရမယ့်ဥစ္စာ၊ ဒီဟာမှ မသတ်ဘဲကိုးဆိုတော့ ကိုစောမောင် သူဟာ သူ့စရိုက်ရှုမိတဲ့ အခါကျတော့မှ …။
မာနစရိုက်ရှိနေတဲ့ပုဂ္ဂိုလ် မာနဆိုတာက ဒေါသကလာတာကို … (မှန်ပါ) ပညာထက်လွန်းလို့လည်း အဲဒီဘက် ကူးသွားတတ်တယ်၊ သဘောကျပလား … (ကျပါဘုရား) အဲဒါကြောင့် သူပညာစရိုက်လည်း ရှိတယ်၊ ဒါကြောင့် မာနဘက် ထိုးသွင်းပြီး သကာလ ပညာရှိတဲ့ ပုဂ္ဂိုလ်က မာနကို ရှိတတ်တယ် ကိုစောမောင်ရ … (မှန်ပါ)။
အဲဒါကြောင့် မာနက နောက်ကလိုက်တော့ အထက်မဂ် အထက်ဖိုလ်တက်လို့ မရဘူး … (မှန်ပါ) ရရဲ့လား … (မရပါဘုရား) အနုရုဒ္ဓါ မင်းသည်ကားဆိုလို့ရှိရင် မာနကြပ်ကြပ် ရူစမ်းကွ ဆိုတဲ့အခါကျတော့မှ မာနခံနေလို့ အထက်မဂ်မရတာ မာနဖြစ်ပျက်ရှုမှ ကိုစောမောင် တက်သွားတယ် … (မှန်ပါ) မလိုဘူးလား ဗျာ … (လိုပါတယ်ဘုရား) ရှင်သာရိပုတ္တရာကြီးက အကဲခတ်ပြီး တည့်ပေးသွားတယ်လို့ မဆိုနိုင်ဘူးလား … (ဆိုနိုင်ပါတယ်ဘုရား)။
အေး ပညာစရိုက်က သူကအားကြီးလို့ သူသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ပညာလွန်ပြီးသကာလ နေတော့ ကွေ့ကောက်နေတယ်ဆိုတဲ့ အဓိပ္ပါယ် သိတော့မှ မာနကြောင့် ကွေ့ကောက်နေတယ်ဆိုတာ သိတော့ မာနဖြစ်ပျက်ရှုခိုင်းပစ်ရတယ် … (မှန်ပါ) ဒီတော့မှ တက်သွားတယ်ဆိုတာ ရှင်းကြပလား … (ရှင်းပါပြီဘုရား) ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဒီနေ့ စရိုက်ရှင်းတမ်းကို တော်တော်လေး ပြောပြီးပါပြီ။
တော်တော်လေး ပြောပြီးတော့ သတိပဋ္ဌာန်လေးပါး ဘယ့်နှယ်ကြောင့် ပြားရသတုံးဆိုတော့ စရိုက်ပြားလို့ ပြားရတယ် … (မှန်ပါ) ကိုစောမောင် ပေါ်ပြီ … (ပေါ်ပါပြီဘုရား) သတိပဋ္ဌာန်တစ်ပါးတည်း ဟောပါတော့လားလို့ မေးတဲ့အခါကျတော့ ဖြေတတ်ကြပလား … (ဖြေတတ်ပါပြီဘုရား) ဘယ်လိုဖြေကြ မယ် … (စရိုက်ပြားလို့ပါဘုရား) စရိုက်များလို့ ပြားရသည် ဦးဘရှင်းတို့ ကျေနပ်ပလား … (ကျေနပ်ပါပြီ ဘုရား) စရိုက်များလို့ … (ပြားရပါတယ်)။
အဲဒါ စရိုက်များလို့ ပြားရသည်ဆိုတော့ ခင်ဗျားတို့ အင်မတန် ရွေးချယ်ဘို့ အရေးကြီးလာပြီဆိုတာ ပေါ်လာတယ် ကိုစံလှ မပေါ်သေးဘူးလား … (ပေါ်ပါတယ်ဘုရား) ရမ်းပေးတဲ့ ဆရာနဲ့ဆို ဘယ်လိုဆိုကြမယ် … (မရပါဘူးဘုရား) မရပေဘူးလေဗျာ … (မှန်ပါ) ရှင်းပြီလား … (ရှင်းပါပြီဘုရား)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဥာဏ်နုံ့တဲ့ပုဂ္ဂိုလ်မှာ ဒကာ ဒကာမတို့ ဥာဏ်ကတော့ ပါတော့ ပါရမှာပေါ့ နုံ့တဲ့ပုဂ္ဂိုလ်မှာ ထင်ထင်ရှားရှား ဖြစ်တဲ့ရုပ်ကို လေးလေးကန်ကန် ဖြစ်တဲ့ရုပ်ကို ရှုရမယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဥာဏ်နုံ့တဲ့ ပုဂ္ဂိုလ်ဟာ … (ရုပ်ကို ရှုရပါမယ် ဘုရား) ဒါဖြင့် ကာယာနုပဿနာရှု၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဥာဏ်ကတော့ ထက်ပါတယ်တဲ့ တဏှာက များနေတဲ့ ပုဂ္ဂိုလ်ကျလို့ရှိရင် ဝေဒနာ နုပဿနာရှု … (မှန်ပါ့ဘုရား) သဘောကျပလား … (ကျပါပြီဘုရား)။
ဥာဏ်ကထက်တယ် မာနများနေတဲ့ ပုဂ္ဂိုလ်ကျတော့ ဓမ္မာ နုပဿနာရှု၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ဥာဏ်ထက်ထက်နဲ့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်ကျတော့ စိတ္တာနုပဿနာပေး ပေါ်ပလား … (ပေါ်ပါပြီဘုးရား) ကဲ … ကိုစောမောင် ရွေးလာတော့ ခက်မလာဘူးလား … (ခက်ပါတယ်ဘုရား) ဒီလိုမရွေး ဘဲနဲ့ဆိုနောက်က ဒကာ ဒကာမတွေ သိတဲ့အတိုင်းပဲတဲ့ ကြိုးသာကုန်မောင်ပုံ စောင်းမတတ်ဆိုတဲ့အတိုင်း ဒကာ ဒကာမတို့ ရှေးကတော့ စောင်းကြိုးက ကျစ်ကျစ်ပြီးထည့်ရတာကို ကိုစောမောင်နော်။
အခုခေတ်လို ကြေးနန်းကြိုးတွေ ဘာတွေက မဟုတ်တော့ ကြိုးတွေသာကုန်တယ် သူ့စောင်းတီး တဲ့အတတ်က တတ်ကဲ့လား … (မတတ်ပါဘုရား) အဲ ဒီလိုဖြစ်နေတယ်၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးကြောင်း သိပြီပေါ့ဗျာ … (မှန်ပါဘုရား) အရေးကြီးကြောင်း သိတဲ့အခါကျ တော့ တစ်ခါ ဒါက ရှေ့ဦးစွာ ကမ္မဋ္ဌာန်းကိုပြော ဆိုတာက ရှေးဦးစွာ ကမ္မဋ္ဌာန်းပြောဆိုတာပါဆိုတော့ ရှေးဦး စွာ ပေးရမယ့် ကမ္မဋ္ဌာန်းကို ပြောဆိုတာ … (မှန်ပါ)။
ဒီဟာ ဒါနဲ့ပြီးရောလားဆိုတော့ မပြီးသေးဘူးတဲ့ မနေ့ကဟာ ပြန်ဆက် ကိုစောမောင်ရေ … (မှန်ပါ) ဒီဟာတွေ ဘယ်လိုပင်ရှုနေငြားသော်လည်း ဒီအပေါ်မှာ ဒိဋ္ဌိကမပြုတ်သေးလို့ရှိရင်လည်း အလကားပဲ … (မှန်ပါ) ကာယပေါ်မှာ ဒိဋ္ဌိကမပြုတ်လို့ရှိရင် … (အလကားပါ) ဝေဒနာပေါ်မှာ ဒိဋ္ဌိကမပြုတ်ရင် … (အလကားပါ) သညာ, သင်္ခါရပေါ် ဒိဋ္ဌိမပြုတ်လို့ရှိရင် … (အလကားပါ) အဲ စိတ်ပေါ်ဒိဋ္ဌိ မပြုတ်လို့ရှိရင် … (မလကားပါ)။
အလကားပဲ၊ ၀ိပဿနာ ဘယ်လိုရှုပေမယ့် ဖြစ်ပျက်ဘယ်လို မြင်ငြားသော်လည်း ကိုစောမောင် … မရဘူး … (မှန်ပါဘုရား) ဒါနဲ့ အနုရာဓပြန်ဆက်ကြစို့၊ အနုရာဓ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက တွေးလိုက်တယ်၊ သြော် တိတ္ထိတွေက မေးတာ သူမဖြေသင့်တာတွေ ဖြေတယ်ဆိုတာ ပြောပြီးပြီနော် … (မှန်ပါ) မဖြေပဲနေရမှာကို … (ဖြေနေတယ်)။
ဒီထက်ပိုမေးလို့ရှိရင်လဲ၊ ဖြေစရာမရှိဘူးဆိုတဲ့ ဥစ္စာသည်လည်း သူသံသယကင်းရဲ့လား … (မကင်းပါဘုရား) ဒါဖြင့် မဖြေသင့်တာဖြေတဲ့ အမှားဟာလည်း ဒိဋ္ဌိရှိလို့ … (မှန်ပါ) ၀ိစိကိစ္ဆာရှိုလိ့ … (မှန်ပါ) သဘောပါကြပလား … (ပါ ပါတယ်ဘုရား)။
မဖြေသင့်တာဖြေရင်လဲ … (ဒိဋ္ဌိဝိစိကိစ္ဆာရှိလို့ပါဘုရား) အဲဒါ စကားဦးပြောတာကိုလည်း ခင်ဗျားတို့ ဖြေသင့်တဲ့စကား မဖြေသင့်တဲ့စကားဆိုတာ နေရာတိုင်းမှာရှိသလို ဒီလောကုတ္တရာအလုပ်မှာလည်း ရှိပါတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ … (မှန်ပါ) သဘောပါပလား … (ပါ ပါတယ်ဘုရား)။
လောကုတ္တရာအလုပ်မှာလဲ အားထုတ်သင့် မထုတ်သင့်ဆိုတာ ဆုံးဖြတ်ချက်မချသင့်ဘူးလား … (ချသင့်ပါတယ်ဘုရား) ကောင်းပြီ … ဖြေသင့် မဖြေသင့်ကော … (ဆုံးဖြတ်ချက်ချရမှာပါဘုရား) မဖြေသင့်တာဖြေရင် ကိုယ့်မှာမပိုင်လို့သာမှတ် … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါပြီဘုရား) မဖြေသင့်တာ ဖြေရင် … (ကိုယ့်မှာမပိုင်လို့ပါ)။
တစ်ခါသွား ဖြေသင့်တာ မဖြေပြန်လို့ရှိရင် ကိုယ်မပိုင်လို့မှတ် … (မှန်ပါ) ဒါဖြင့် ဒကာ ဒကာမတို့ သူများမေးတဲ့အခါ မဖြေသင့်တာ ဖြေရင်ကော … (ကိုယ်မပိုင်လို့ပါဘုရား) ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ဖြေသင့်တာ မဖြေပြန်လို့ရှိရင် … (ကိုယ်မပိုင်သေးလို့ပါဘုရား) ဒါဖြင့် ကိုယ်မပိုင်လို့ရှိရင် ဒါ ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိနေတယ်မှတ်။
ကိုယ်မပိုင်တာတွေ ဟူသရွေ့ … (ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိတာချည်း မှတ်ရမှာပါ) ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိတာချည်း ပဲ မှတ်ဆိုတော့ ကိုစောမောင် ဒီနေ့ ဒီတစ်လုံးကို တိုးပေးလိုက်ပါတယ် … (မှန်ပါဘုရား) မဖြေသင့်တာဖြေ ရင်လည်း … (ကိုယ်မပိုင်လို့ပါ) ဘာရှိနေတုံး … (ဒိဋ္ဌိ, ၀ိစိကိစ္ဆာရှိနေပါတယ်ဘုရား) ဖြေသင့်တာ မဖြေပြန်ရင်လဲ … (ကိုယ်မပိုင်လို့ပါ) ဘာရှိနေတုံး … (ဒိဋ္ဌိ, ၀ိစိကိစ္ဆာ ရှိနေပါတယ်ဘုရား)။
သြော် ဒါဖြင့် ကိုယ်ရှင်းထားဖို့ အလုပ်သည်ကားဆိုလို့ရှိရင် ဒိဋ္ဌိ, ၀ိစိကိစ္ဆာသည် ရှေ့ပိုင်းက အလုပ်ပါလားဆိုတာ မှတ်ရမယ်။
သတိပဋ္ဌာန်စရိုက်နားလည်ရုံနဲ့ မပြီးသေးဘူး၊
ဒိဋ္ဌိဖြုတ်တဲ့ နေရာမှာလည်း ကိုစောမောင်ရေ တော်တော်အရေးကြီးသေးတယ်၊ မကြီးဘူးလား … (ကြီးပါတယ်ဘုရား) ကဲ ဒါဖြင့် ဒီလောက်ဆိုရင် ဒကာ ဒကာမတွေ သြော် ကိုယ့်စရိုက်နဲ့ကိုယ် လျှော်တဲ့ကမ္မဋ္ဌာန်း ကိုယ်ယူပြီးသကာလ ဒိဋ္ဌိအရင်ခွာမှပါလား … (မှန်ပါ) ကမ္မဋ္ဌာန်းကတော့ စရိုက်အတိုင်း ယူရမယ်၊ ယူပြီးတော့ ဘာလုပ်ရမတုံး … (ဒိဋ္ဌိခွာရပါမယ်ဘုရား) ဒိဋ္ဌိခွာရမယ်၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ကမ္မဋ္ဌာန်းကတော့ဖြင့် စရိုက်နဲ့လျှော်တဲ့ ကမ္မဋ္ဌာန်းယူပြီး၊ ယူပြီး ဘာလုပ်မတုံး … (ဒိဋ္ဌိအရင်ခွာရပါ မယ်ဘုရား) ဒိဋ္ဌိခွာပြီးမှ ဖြစ်ပျက်ရှုရမယ်၊ ဒါ ဒီနေ့ အစီအစဉ်ပေးပြီ ဒကာ ဒကာမတို့ သတိပဋ္ဌာန်းလေးပါး ဘာနဲ့ယူရမယ် … (စရိုက်နဲ့လျှော်တာ ယူရပါမယ်ဘုရား) စရိုက်နဲ့ လျှော်တာယူပါ၊ သဘောကျပလား … (ကျပါဘုရား) ကိုစောမောင် သတိပဋ္ဌာန်လေးပါး တစ်ပါးပါးပဲ ယူရလိမ့်မယ်။
ဘာနဲ့ယူရလိမ့်မယ် … (စရိုက်နဲ့ လျှော်တာယူရပါမယ်ဘုရား) စရိုက်နဲ့လျှော်တာယူပါ၊ သဘောကျပလား … (ကျပါတယ်ဘုရား) ကိုစောမောင် ပေါ်ပလား … (ပေါ်ပါ့ဘုရား) စရိုက်လျှော်တာယူပြီး လို့ရှိရင် ဘာလုပ်ရမတုံး … (ဒိဋ္ဌိခွာရပါမယ်) လေးပါးပေါ်မှာ ဒိဋ္ဌိခွာရမယ် … (မှန်ပါ) ရုပ်ဟာလည်း ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ဘူး၊ ဝေဒနာကော … (ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်ပါဘုရား)။
သညာသင်္ခါရကော … (ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါဘုရား) ကဲ ရှင်းပြီနော် အင်း စိတ်ဟာလည်း … (ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်ပါဘုရား) စရိုက်နဲ့ လျှော်ပြီးသကာလ ဒကာ ဒကာမတွေက ဝေဒနာ ကြိုက်ရင် ဝေဒနာယူတယ်၊ သစ္စာကြိုက် သစ္စာယူတယ်၊ ရုပ်ကြိုက် ရုပ်ယူတယ်၊ ယူချင်တာယူပါ ကိုယ့်စရိုက်နဲ့ကိုယ် ကြိုက်တာယူလို့ ရှိရင်ဖြင့် ဒါ ကမ္မဋ္ဌာန်းပေါက်ရောက်တာပဲ။
သို့သော် ဒီလောက်တင် ဥာဏ်နဲ့ဖြတ်ပိုင်းပြီးသကာလ တော်လောက်ပြီလို့ ခင်ဗျားတို့က မယူထားပါ နဲ့ … (မှန်ပါ) သဘောကျပလား … (ကျပါပြီဘုရား) စရိုက်နဲ့ တော်တာယူပြီးနောက် ကိုစောမောင် ဘာလုပ်ရမတုံး … (ဒိဋ္ဌိခွာရပါမယ်ဘုရား) ဒိဋ္ဌိခွာပြီးသည်နောက်မှ ကိုစောမောင်ရဲ့ အနိစ္စ, ဒုက္ခ, အနတ္တ ရှုရမယ် … (မှန်ပါ) ရှင်းကြပလား … (ရှင်းပါပြီဘုရား)။
အဲတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက အနုရာဓကို တွေးလိုက်တယ်၊ သြော် …။ တိတ္ထိတွေ မေးတာ သူဖြေတာကလည်း တော်အောင်ဖြေထားတယ်၊ မပိုင်ဘဲဖြေထားလို့ သူဒိဋ္ဌိ, ၀ိစိကိစ္ဆာ မကုန်ဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါပြီဘုရား) သူမပိုင်ဘဲနဲ့ ဖြေထားလို့လည်း သူဝိစိကိစ္ဆာမကုန်ဘူး၊ သို့သော်တဲ့ ငါ့ရဟန်းလေးဟာ ဘုရားကတော်တော်တော့ အားထုတ်တဲ့ရဟန်း၊ ဒါ ဘုရားကသိတယ်၊ တော်တော်တော့ ၀ိပဿနာလုပ်တဲ့ ရဟန်းပဲ၊ ပေါ်လာပြီ ၀ိပဿနာတော့ တော်တော်လုပ်တဲ့ ရဟန်းဘဲတဲ့။
ဒကာ ဒကာမတို့ ဘာလိုနေတာတုံး မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ငါ့ရဟန်းလေးက မဖြေသင့်တာ ဖြေနေတာတော့ဖြင့် သူမှားတာ အမှန်ဘဲ၊ သို့သော်လည်း ၀ိပဿနာအလုပ်တော့ တော်တော် လုပ်တဲ့ ပုဂ္ဂိုလ်ဆိုတော့ ၀ိပဿနာရှေ့ ကျနေတယ်၊ မကျဘူးလား … (ကျပါတယ်ဘုရား) ဒိဋ္ဌိခွာမှုက … (နောက်ကျပါတယ်ဘုရား) နောက်ကျနေတယ်လို့ ဘုရားကကို ညည်းတော်မူတယ်။
ငါ့ရဟန်းလေး မဖြေသင့်တာ ဖြေနေတာတဲ့၊ အားတော့ အတော်ထုတ်တဲ့ ပုဂ္ဂိုလ်၊ ဒီစကားဟာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ၊ ပေါ်လာပြီ … (မှန်ပါ) မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) ငါ့အနုရာဓဟာ အင်မတန် ယောဂါဝစရပုဂ္ဂိုလ်လေး ဖြစ်တယ်၊ တော်တော်တော့ ကြိုးစားတဲ့ ပုဂ္ဂိုလ်ပါပဲတဲ့၊ သို့သော် မဖြေသင့်တာ ဖြေနေတယ်လို့ ဆိုသဖြင့် ဦးဘရှင်း ဒါ ဘုရားက အပြစ်တင်လိုက်တာ … (မှန်ပါ)။
မတင်သင့်ဘူးလား … (တင်သင့်ပါတယ်ဘုရား) ဘာတင်လိုက်တုံး … (ဒိဋ္ဌိမကွာဘဲ အားထုတ်နေ တယ်တဲ့ပါဘုရား) ဒိဋ္ဌိမကွာဘဲ အားထုတ်နေတယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဘယ်လိုရှင်းတုံး … (ဒိဋ္ဌိမကွာဘဲ အားထုတ်နေပါတယ်ဘုရား) သြော် သူအားထုတ်နေတာ ကြာလည်းကြာ ပြီတဲ့၊ အတော်လည်း အားထုတ်တဲ့ ပုဂ္ဂိုလ်ပဲတဲ့၊ နိဗ္ဗာန်မဂ်ဖိုလ် တကယ်လိုချင်တာဘဲတဲ့၊ သို့သော် မဖြေသင့် တာ ဖြေနေတဲ့အတွက် … သူ့မှာဖြင့် ဒိဋ္ဌိမကွာဘူး … (မှန်ပါ) ရှင်းပလား … (ရှင်းပါဘုရား)။
ဒါ ထောက်ကြည့်တော့မှ ဒါကြောင့် သူမရတာကို ဆိုတာ ကောပေါ်လာတယ် … (မှန်ပါ) မပေါ်သေးဘူးလား … (ပေါ်ပါပြီဘုရား) သူ တော်တော်အားထုတ်တဲ့ ပုဂ္ဂိုလ် ဒကာ ဒကာမတို့ ဘုရားကိုယ် တိုင်ကကို ချီးမွမ်းတယ်၊ ချီးမွမ်းပေမဲ့လို့ ချီးမွမ်း ခြေကျောက်ဆိုသလိုဘဲ ဦးဘရှင်း ဖြစ်သွားတယ်၊ ချီးမွမ်းခြေ ကျောက်ဖြစ်သွားတာ ဒကာ ဒကာမတွေ အားလုံး၊ ကိုမြင့်တို့ ရိပ်မိရောပေါ့ … (မှန်ပါ)။
ဘယ်လိုရိပ်မိတုံး … (ရှေ့နောက်အစဉ်လွဲနေပါတယ်ဘုရား) ဒါဖြင့် ဒကာ ဒကာမတွေ ရှေ့နောက် အစဉ် လွဲနေပါတယ်ဆိုတာ ဘုရားက စွဲချက်တင်လိုက်တယ်၊ ရှေ့နောက် … (အစဉ်လွဲနေပါတယ်) ရှေ့နောက် အစဉ်လွဲနေတဲ့အတွက် ဘုရားကပဲ ဒကာ ဒကာမတို့ စွဲချက်တင်လိုက်တော့ကို ဘုရားကပဲ ဆုံးဖြတ်ချက်ချပြီ၊ ငါ့ရဟန်းလေးဟာ တော်တော် အားထုတ်တဲ့ ပုဂ္ဂိုလ်ပဲ။ အနိစ္စ, ဒုက္ခ, အနတ္တတွေတော့ … (မြင်ပြီးသားပါဘုရား)။ သူ အနိစ္စ, ဒုက္ခ, အနတ္တတွေတော့ မြင်သားပဲ၊ သူမြင်တာနဲ့ ခွာပေးရမှာပဲ … (မှန်ပါ) ဟောဒီလို လာတယ်၊ ပေါ်ကြပလား … (ပေါ်ပါပြီဘုရား) သူမြင်တာနဲ့ … (ခွာပေးရမှာပါဘုရား) ကိုင်း ဘယ်သူကရှေ့ ဘယ်သူအနောက်တုံး မေးစရာလိုသေးလား … (မလိုတော့ပါဘုရား) သူမြင်တာနဲ့ … (ခွာပေးရမှာပါဘုရား)။
သူမြင်တာနဲ့ ခွာပေးရမှာဆိုလို့ရှိရင် သူမြင်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တဟာ ဒိဋ္ဌိရောနေတဲ့၊ ဒိဋ္ဌိမဖြုတ်ဘဲနဲ့ သူရှုနေတဲ့ အနိစ္စ, ဒုက္ခ, အနတ္တ ဖြစ်နေသောကြောင့် ၀ိပဿနာပေးရလိမ့်မယ်၊ ပေးပြီးခွာပေးရလိမ့်မယ်ဆိုတာ ဘုရား၏ စိတ်ထားပါပဲ … (မှန်ပါ) ကိုစံလှ ရှင်းပလား … (ရှင်းပါပြီဘုရား) သူ ဘာဖြစ်နေတာတုံး … (ဒိဋ္ဌိဝိစိကိစ္ဆာ မကွာပါဘုရား)။
ရှေ့နောက်လွဲတာလို့ ခင်ဗျားတို့က အတည်ပြုလိုက်ပါတော့ … (မှန်ပါ) ဒကာ ဒကာမတို့ ဘာအတည်ပြုလိုက်တာတုံး … (ရှေ့နောက်လွဲတာလို့ အတည်ပြုရမှာပါဘုရား) ရှေ့နောက်လွဲတာလို့ အတည်ပြုလိုက်ဆိုတော့ ဘုန်းကြီး ဒကာ ဒကာမတွေ ဒါ အနုရာဓကို ဟောနေတယ်လို့ မယူပါနဲ့၊ အနုရာဓက သက်သေလုံလောက်အောင်လို့ပြတာပါ၊ ကိုယ်ရှေ့နောက်မလွဲစေချင်လို့ ပြောနေတာ၊ မလွဲစေ ချင်လို့ ပြောနေတယ်ဆိုတာ ကိုစောမောင် ကောင်းကောင်းရိပ်မိပလား … (ရိပ်မိပါဘုရား)။
ကဲ ဒါဖြင့် သတိပဋ္ဌာန်လေးပါးနဲ့ ပဋ္ဌမရှေ့ဦးစွာ သတိပဋ္ဌာန်လေးပါး တစ်ပါးပါးအားထုတ်တော့မယ် ဆိုတော့ ဘာကိုအရင်ရွေးလေးပါး တစ်ပါးပါးအားထုတ်တော့မယ်ဆိုတော့ ဘာကိုအရင်ရွေးရမလဲ … (စရိုက်အရင်ရွေးရမှာပါဘုရား) စရိုက်ကို အရင်ရွေးပါ ဦးပုကြီး ဘာလုပ်ရမတုံး … (စရိုက်အရင်ရွေးရမှာပါ ဘုရား) ပြီးတော့မှ ကိုယ်စရိုက်နဲ့ တော်မဲ့ သတိပဋ္ဌာန်လေးပါးထဲက တစ်ပါးပါးယူ၊ တစ်နံပါတ်ပြီးသွားရော … (မှန်ပါ) ယူပြီးသကာလ ဖြစ်ပျက် ရှုရမလားမေးတော့ …။ ကိုစောမောင် ရှုသင့်ပြီလား  ရှုချိန်ရောက်ပလား … (မရောက်သေးပါဘုရား)။
မရောက်သေးဘူး၊ ကိုယ်ယူမည့်တစ်ပါးကို ဒိဋ္ဌိခွာ သဘောကျပလား … (ကျပါဘုရား) ကိုယ်ယူမည့် တစ်ပါးကို … (ဒိဋ္ဌိခွာရပါမယ်ဘုရား) တနည်းလေးပါးလုံးကို … (ခွာရမှာပါဘုရား) ခွာရလိမ့်မယ်၊ သဘောပါ လား … (ပါပါဘုရား) အဲဒီလိုခွာပြီး နောက်မှ ကိုစောမောင် ဖြစ်ပျက် ရှုရလိမ့်မယ် … (မှန်ပါ) သဘောကျပလား … (ကျပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ယနေ့ ရှေးဦးစွာ ကမ္မဋ္ဌာန်းအားယူတော့မယ်ဆိုလို့ရှိရင်ဖြင့် ဘာနဲ့လျှော်တာ ဘာယူရမယ် … (စရိုက်နဲ့လျှော်တဲ့ ကမ္မဋ္ဌာန်းယူရမှာပါဘုရား) ကိုယ့်စရိုက်နဲ့လျှော်တာ ယူရမယ်၊ ဒါ တရားဟောနေတာ မဟုတ်ဘူး၊ နည်းပေးနေတာ၊ ကဲ ယူပြီးပါပြီ ကိုစောမောင်၊ အားထုတ်ရုံပဲလား မေးတော့ မဟုတ်ဘူး အားမထုတ်နဲ့ဦး သိမှုအရင်လုပ်လိုက်ဦး၊ သဘောကျပလား … (ကျပါဘုရား) သိမှုဆိုတာ ဘာတုံးဆိုတော့ …။ ဒိဋ္ဌိရှိသလား မရှိဘူးလား သိမှု၊ အဲဒီဒိဋ္ဌိခွာတဲ့အလုပ် သိမှုကို အရင်လုပ်လိုက်ပါ … (မှန်ပါ) သဘောကျပလား … (ကျပါဘုရား) ဒိဋ္ဌိသိမှုနဲ့ ခွာပြီးတော့မှ ပွားမှုနဲ့ခွာရမှာကိုး … (မှန်ပါ) ပွားမှုနဲ့ ခွာပြီးတော့မှ ပယ်မှုနဲ့ … (ခွာရမှာပါဘုရား) အခွာ ဘယ်နှစ်မျိုးပါလိမ့် … (သုံးမျိုးပါဘုရား) သိမှု တစ်နံပါတ် ခွာရမယ်၊ နှစ်နံပါတ် … (ပွားမှုနဲ့ခွာရမှာပါဘုရား) သုံးနံပါတ်က … (ရိပ်မိပါဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကမ္မဋ္ဌာန်းပေးပြီလို့ အောက်မေ့ပါတော့၊ ကမ္မဋ္ဌာန်ပေးတော့ကို အနုရာဓ မင်းသည်ကား ဆိုလို့ရှိရင်ကွာတဲ့၊ ခန္ဓာငါးပါးရှိတယ်၊ ခန္ဓာငါးပါးရှိတဲ့အနက်က ချုံးလိုက်တော့ သတိပဋ္ဌာန်လေးပါး ဖြစ်ပါတယ်၊ ခန္ဓာငါးပါးကို ချုံလိုက်တဲ့အခါ … (သတိပဋ္ဌာန်လေးပါးဖြစ်ပါတယ်) သတိပဋ္ဌာန်လေးပါး ဖြစ်တယ်ဆိုတာ ပေါ်ပလား … (ပေါ်ပါပြီဘုရား)။
အဲဒါ သတိပဋ္ဌာန်လေးပါးထဲက ကိုစောမောင်ရေ တစ်ပါးပါးကို စရိုက်နဲ့ လျော်တာ မယူရပေဘူးလား … (ယူရပါတယ်ဘုရား) ယူပြီးသည့်နောက်မှ သူသည်ကားဆိုလို့ရှိရင် ပဋ္ဌမရှေးဦးစွာ သူ့ကို သတိပဋ္ဌာန်လေးပါးထဲက ယူငြားသော်လည်း ခန္ဓာငါးပါးနဲ့ သူ့ကို အရင်ခွာ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ခန္ဓာငါးပါးနဲ့ … (အရင်ခွာရမှာပါဘုရား) ခန္ဓာငါးပါးကိုယူ ရှေးဦးစွာ ပြပြီးတော့မှ တစ်ခါ ခန္ဓာငါးပါးနဲ့ ဝေဖန် …။
ဝေဖန်ပြီးတော့မှ တစ်ခါခန္ဓာငါးပါးကို အကုန်ခွာပေးလိမ့်မယ် … တစ်ပါးပါး ငြိနေလျှင်လည်း မရမှာ စိုးလို့ … (မှန်ပါဘုရား) ဒါလေးလည်း သတိထားလိုက်ပါဦး၊ ခန္ဓာက ဘယ်နှပါးရှိသတုံး … (ငါးပါးရှိပါတယ် ဘုရား) သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ … (လေးပါးပါဘုရား) လေးပါးပဲရှိတော့တယ် လေးပါးကို တစ်ခါ ဖြန့်လိုက်တော့ ငါးပါးပြန်မဖြစ်ဘူးလား … (ဖြစ်ပါတယ်ဘုရား) ဘာဖြစ်လို့ ပြန်ဖြန့်ရပါလိမ့်မတုံး တစ်ခုခုကပ် နေမှာ စိုးလို့ … (မှန်ပါဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း အနုရာဓဟောတော့ ဒါ ငါဝေဖန်ပြီး၊ မင်းသည်ကားဆိုလို့ရှိရင် ဒီခန္ဓာငါးပါးကို သေသေချာချာ အနုရာဓ မင်းမှတ်ဆိုပြီးသကာလ ကိုစောမောင်ရေ ၀ိပဿနာအရှုခိုင်းတယ်၊ ဒိဋ္ဌိခွာပြီး … (မှန်ပါဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနုရာဓ မင်းသည်ကားဆိုလို့ရှိရင်ဖြင့် ဟောဒီရုပ်လေးကို အနိစ္စယူမလား အနိစ္စမယူလားလို့ မေးလိုက်တယ် … (အနိစ္စယူရပါမယ်ဘုရား)။
အနိစ္စယူရမယ်၊ သဘောပါပလား … (ပါ ပါတယ်ဘုရား) ရုပ်တရားလေးတစ်လုံးကိုနော် … (မှန်ပါ ဘုရား) ရုပ်ဆိုတာ ဘယ့်နှယ်ကြောင့် ရုပ်တုံးဆိုတော့ ဖောက်ပြန်ပျက်စီးတာ ရုပ်လို့ ဆရာဘုန်းကြီး ဟောပြီးပြီ … (မှန်ပါဘုရား) ဖောက်ပြန်ပျက်စီးတာ ရုပ်ပါ ဟောထားတော့ ဖောက်ပြန်တာနဲ့ ပျက်စီးတာဟာ ဖောက်ပြန်တယ်ဆိုတာလည်း ပင်ကိုသဘောစွန့်တာ၊ ပျက်စီးတယ် ဆိုတာလည်း ပင်ကိုသဘောစွန့်တာ၊ ဒါဖြင့် ခင်ဗျားတို့ ပင်ကိုသဘောကို စွန့်မှ အမှန်ရောက်မယ်။
ခင်ဗျားတို့ ရှုတဲ့အခါတော့ ပင်ကိုသဘောစွန့်လား၊ မစွန့်ဘူးလား၊ စွန့်တဲ့အခြေအနေရောက်မှ ကိုစောမောင် အနိစ္စမှန် … (မှန်ပါ) အနိစ္စမှန်ဆိုတာ ဘာပါလိမ့် … (ပင်ကိုသဘော စွန့်တာပါဘုရား) ပင်ကိုသဘောစွန့်မှ ရုပ်ဟာ ရုပ်သဘောစွန့်မှ၊ ဝေဒနာဟာ … (ဝေဒနာသဘောစွန့်မှပါဘုရား) သညာဟာ … (သညာသဘောစွန့်မှပါဘုရား) အင်း သင်္ခါရကကော … (သင်္ခါသဘောစွန့်မှပါဘုရား) စိတ်ဟာ … (စိတ်သဘောစွန့်မှပါဘုရား)။
ဟော ကိုစောမောင် အနိစ္စဆိုတာ ဒါဆိုတာပါလား … (မှန်ပါ) ရှင်းပလား … (ရှင်းပါဘုရား) ပင်ကို သဘောစွန့်တာက အနိစ္စ၊ ပင်ကိုသဘောကို မစွန့်ဘဲနဲ့ အသီးသီးဟာ ဒါရုပ် ဒါဝေဒနာ ဒါသညာဘဲလို့ သိတာက ဒိဋ္ဌိခွာတာ၊ ပင်ကိုသဘောစွန့်တာသိမှ၊ ၀ိပဿနာရှုတာ၊ ဒါ သေသေချာချာမှတ်ပါ၊ ဒကာ ဒကာမတို့ သူ့အမည်နာမနဲ့ ခန္ဓာကိုယ်ထဲမှာ သိနေတာက ဒါ ဘာခွာတာတုံး … (ဒိဋ္ဌိခွာတာပါဘုရား)။
ရှင်းပြီနော် … (ရှင်းပါဘုရား) ဦးဘကလေး ရှင်းပြီ … (မှန်ပါ) အခုခန္ဓာငါးပါးက နဂိုက ငါးပါးရှိတယ်၊ ငါးပါးရှိတဲ့အနက်က ဒကာ ဒကာမတွေ ပုဂ္ဂိုလ်သတ္တ၀ါပျောက်သွားပြီ၊ ခန္ဓာငါးပါးမှ တစ်ပါး အပိုလျှံမရှိဘူးလို့ သတိတာက ကိုစောမောင် ဘာတုံး … (ဒိဋ္ဌိခွာတာပါဘုရား) အဲဒါ ဥာတပရိညာပြီးသွားပြီ … (မှန်ပါ) သိမှုပြီး သွားပြီ … (မှန်ပါ)။
ဒကာ ဒကာမတို့ ဘာပြီးသွားပြီတုံး … (သိမှုပြီးသွားပါပြီဘုရား) ကိုင်း ပွားမှုနဲ့ပယ်ကြစို့ဆိုတော့ ဒီ ဒိဋ္ဌိ … (မှန်ပါ) ပွားမှုနဲ့ ပယ်ကြပေတော့ဆိုတဲ့ဥစ္စာက ဘယ့်နှယ်ကြောင့် ဒီတရားကို ဘုရားသခင်ကိုယ်တော် မြတ်ကြီး ဒုတိယအချက် ဟောရပါလိမ့်မတုံးဆိုတော့ ပွားမှုကို မမေးထိုက်ဘူးလား … (မေးထိုက်ပါတယ် ဘုရား) ဒိဋ္ဌိတော့ ကွာတော့ ကွာတယ်တဲ့ ဒကာ ဒကာမတို့ …။ သူသိရုံလေး ခန္ဓာငါးပါးလို့ သူသိပြီးသကာ လနေတာ၊ ပင်ကိုသဘောစွန့်တာ မသိသေးလို့ရှိရင်ဖြင့်တဲ့ သညာနဲ့ကွာတာ၊ ပညာနဲ့ကွာတာ မဟုတ်သေး ဘူး … (မှန်ပါ) ဒါ သေသေချာချာမှတ်ပါ … (မှန်ပါ)။
ဒီ ငါးပါးတော့သိပြီ၊ ဘယ်အချိန်ဘဲပွားပွား ဒီငါးပါးကို မသိကြဘူးလား … (သိကြပါဘုရား) သိပြီ ပူတာ အေးတာရုပ်ပဲ၊ ခံစားတာ ဝေဒနာ၊ မှတ်တာက သညာ၊ ပြုပြင်စေ့ ဆော်တာ သင်္ခါရ။ သိတာ ၀ိညာဏ်၊ ဒါလောက်သိရင် ဒိဋ္ဌိတော့ ကွာပါရဲ့တဲ့၊ သညာနဲ့ကွာတာ၊ ကိုစောမောင်ဘာနဲ့ကွာတာတုံး … (သညာနဲ့ကွာ တာပါဘုရား) အဲတော့ ပညာနဲ့ကွာတာ ကျန်နေတယ်၊ ပညာကလည်း နှစ်မျိုးယူပါ၊ လောကီပညာနဲ့ ကွာတာတစ်မျိုး လောကုတ္တရာပညာနဲ့ ကွာတာတစ်မျိုး … (မှန်ပါ) ကိုစောမောင် ဒီလိုခွဲရအုံးမှာဗျ … (မှန်ပါ) ဒီလိုမှ စိပ်စိပ်ရှင်းရှင်း မလာလို့ဆိုရင်ဖြင့် ကိုစံလှ ကိုယ်ကျိုးနဲပြီသာ အောက်မေ့တော့ … (မှန်ပါ)။
ကဲ ဒါဖြင့် ရှေးဦးဏွာ အခု ခန္ဓာငါးပါးထဲမှာ ပုဂ္ဂိုလ်သတ္တ၀ါ မပါပါဘူး ကိုစောမောင်ရ … (မှန်ပါ) ဒါ ခင်ဗျားတို့ ပညာနဲ့ခွာထားတာလား သညာနဲ့ ခွာထားတာလား … (သညာနဲ့ ခွာထားတာပါဘုရား) ဆရာဘုန်းကြီးပေးတဲ့ အမှတ်အသားနဲ့ ခွာထားတာ … (မှန်ပါ) ရှင်းပလား … (ရှင်းပါဘုရား) ကဲ ဒီကရှေ့ တက်ကြစို့၊ ကိုစောမောင် အလုပ်ခွင်ဝင်ကြစို့ … (မှန်ပါ) အလုပ်ခွင်ဝင်ကြစို့ဆိုတော့ လောကီပညာနဲ့ ခွာရလိမ့်မယ် … (မှန်ပါ)။
သဘောကျပလား … (ကျပါဘုရား) လောကီပညာနဲ့ ခွာတော့မယ်ဆိုတော့ ရုပ်ဟာ ဘာသဘော စွန့် … (ပင်ကိုသဘောစွန့်ပါဘုရား) သူ့သဘောသူစွန့်တယ် … (မှန်ပါ) ရုပ်ကိုမကြည့်ရဘူး … (မှန်ပါ) ရုပ်ဟာ ရုပ်သဘောစွန့်သွားတော့ ရုပ်ကိုမကြည့်ရဘူး … (မှန်ပါ) ရုပ်ဟာ ရုပ်သဘောစွန့်သွားတော့ ရုပ်ရှိသေးရဲ့လား … (မရှိပါဘုရား) ဝေဒနာဟာ ဝေဒနာသဘောစွန့်ရင် … (ဝေဒနာမရှိပါဘုရား) သညာ သညာ သဘောစွန့်ရင် … (သညာမရှိတော့ပါဘုရား)။ အဲဒီ သဘောစွန့်တာလေးတွေကို မြင်အောင် ကြည့်နိုင်လို့ရှိရင်ဖြင့် လောကီပညာဟာ ကိုစောမောင်ပိုပြီး သဘောကျပလား … (ကျပါဘုရား) အဲတော့ ရုပ်ရှုနေတာဗျ။ ရုပ်ချည်းတွေ့နေတာဘဲဆိုလို့ရှိရင်ဖြင့် ဒါ တီရဏ ပရိညာဆိုတော့ ပွားမှုဟုတ်ကို မဟုတ်ဘူး … (မှန်ပါ)။
ဒကာကြီးလှိုင် သေသေချာချာမှတ်နော … (မှန်ပါ) ဒါ အလုပ်ခွင်မို့ သေသေချာချာပြောနေပါတယ်၊ ဒကာ ဒကာမတို့ ကဲဒါဖြင့် ဒကာ ဒကာမတို့ ရှုလိုက်တဲ့အခါကျတော့ လို့ရှိရင်ဖြင့် ကဲအကုန်ပြောနေလို့ရှိရင် ပြီးမှာမဟုတ်တော့ ကိုစောမောင်ရေ စိတ်တစ်လုံးတည်းပြောမယ် … (မှန်ပါ)၊ စိတ်တစ်လုံး ပြောကြပါစို့တဲ့၊ ဒကာ ဒကာမတို့ ဒိဋ္ဌိများတဲ့ ပုဂ္ဂိုလ်တွေပဲ စိတ်ပဲ၊ ကဲ မူတည်လိုက်ပါဦးတော့ စိတ်မူတည်လိုက်တဲ့အခါ ကျတော့ …။ စိတ်ဟာ သူဟာ ကြံစည်အောက်မေ့တတ်တာကို စိတ်လို့ခေါ်တယ် … (မှန်ပါ)။
ဒကာ ဒကာမတို့ စိတ်ဆိုတာ ဘာတုံး … (ကြံစည်အောက်မေ့တတ်တာပါဘုရား) ကြံစည်အောက် မေ့တာ၊ အာရမ္မဏံ စိန္တေ တီတိစိတ္တံပေါ့ဗျာ အာရမ္မဏံ အာရုံကို စိန္တေတိကြံ တတ်၏ ဣတိတသ္မာ ထို့ကြောင့် စိတ္တံ စိတ်မည်၏။ စိတ်ဆိုတာ ကိုစောမောင်ဘာတဲ့တုံး … (အာရုံကိုကြံစည်တတ်တာပါဘုရား)။
အဲဒီ ကြံစည်အောက်မေ့တတ်တဲ့ သဘောလေးစွန့်သွားတာကို မြင်တော့မှ ၀ိပဿနာအမြင် … (မှန်ပါ) သဘောကျပလား … (ကျပါဘုရား) ကြံစည်အောက်မေ့တတ်တဲ့ သဘောလေး စွန့်သွားရင် … (၀ိပဿနာပါဘုရား) ၀ိပဿနာအမြင်ဆိုတာ ကျေနပ်ပလား … (ကျေနပ်ပါပြီဘုရား) ဒါဖြင့် ဒီစိတ်ကလေး တစ်ခု ခင်ဗျားတို့ သန္တာန် ဘယ်စိတ်လာလာ ပုထုဇဉ် သန္တာန်လာတဲ့စိတ်ကို ရှုရလိမ့်မယ်ဆိုတာကော ကျေနပ်ပလား … (ကျေနပ်ပါဘုရား)။
ပုထုဇဉ်သန္တာန်လာတဲ့စိတ်ကို ရှုပါတဲ့၊ လောဘလာရင် လောဘရှု၊ ဒေါသလာရင် ရှု၊ မောဟလာ လည်းရှုပါတဲ့၊ ဣဿလာကော … (ရှုရပါမယ်ဘုရား) မစ္ဆရိယလာရင်ကော … (ရှုရမှာပါဘုရား) အိပ်ချင် ထိုင်းမှိုင်းတဲ့ စိတ်လာရင်ကော … (ရှုရပါမယ်ဘုရား) အင်း ရှုရလိမ့်မယ် ဒကာ ဒကာမတို့ …။
ရှုစိတ် ရှိုက်စိတ်ကလေးကာ … (ရှုရပါမယ်ဘုရား) အင်း စားစိတ်ဝါးစိတ်ကလေးကော … (ရှုရပါမယ်ဘုရား)၊ ယားစိတ်ယံစိတ်တွေကော … (ရှုရပါမယ်ဘုရား) ရှုရမှာ၊ ကိုယ်သန္တာန်လာတဲ့စိတ် ဟူသ၍ကိုဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကောနဲ့ လုပ် … (မှန်ပါ) သဘောကျပလား … (ကျပါဘုရား) ချုပ်သွားတဲ့တရားက ဧဟိလာပါ  ပဿရှုပါ။
ကိုစောမောင် ဧဟိက လာပါ၊ ပဿက … (ရှုပါဘုရား) လာရှု၊ ဒကာ ဒကာမတို့ စိတ်က ဘယ့်နှယ်ခေါ်ပါလိမ့် … (လာရှုပါတဲ့ဘုရား) လာရှုပါဆိုတော့ ကိုစောမောင်တို့က စိတ်ပေါ်တာကို လာမရှုရ ပေဘူးလား … (ရှုရပါဘုရား) သဘောကျပလား … (ကျပါဘုရား) ဧဟိက … (လာပါတဲ့ဘုရား) ပဿက … (ရှုပါတဲ့ဘုရား) ဟင် သူက ဘယ်လိုများခေါ်ပါလိမ့် … (လာရှုပါတဲ့ဘုရား) လာရှုပါဆိုတော့ ခင်ဗျားတို့က ကျုပ်ကို အာရုံပြုပြီး နေပါလို့ …။ ရှုပါလို့ ကျုပ်ဘာဖြစ်တယ်ဆိုတာ ခင်ဗျားရှုပါဆိုတာ မဂ္ဂင်ကိုခေါ်တာ … (မှန်ပါ) စိတ်က ဘယ်သူ့ကိုခေါ်တုံး … (မဂ္ဂင်ကိုခေါ်ပါတယ်ဘုရား) ရှင်းပြီနော်။
ဒါ ၀ိပဿနာအလုပ်အစစ်တွေကို ပေးနေတယ် … (မှန်ပါ) စိတ်က ဘယ်လိုခေါ်တုံး … (လာရှုပါတဲ့ ဘုရား)  လာရှုပါခေါ်တယ်၊ ဘယ့်နှယ်တဲ့ … (လာရှုပါတဲ့ဘုရား) ဘယ်သူက ခေါ်တာတုံး … (စိတ်ကခေါ် တာပါဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အရှုခံက အရှုဥာဏ်ကို ခေါ်သည် … (မှန်ပါ)။
အရှုခံတရားက … (အရှုဥာဏ်ကို ခေါ်ပါသည်ဘုရား) အရှုခံတရားက အရှုဥာဏ်တရားကို ခေါ်တဲ့ သဘော … (မှန်ပါ) သဘောကျပလား … (ကျပါဘုရား) အဲဒီလို ခေါ်တဲ့အခါကျတော့ကိုတဲ့ ခေါ်လို့သွားတယ် … ခေါ်လို့က ခင်ဗျားတို့က ဥပမာ လောဘစိတ်ကလေး ပေါ်လာတယ်၊ အင်း သူက ကျုပ် လောဘပါပဲဆိုပြီးသကာလ ခင်ဗျားတို့က နောက်က လောဘဖြစ်တယ်လို့ မသိရပေဘူးလား … (သိရပါတယ်ဘုရား) သိတာ သူခေါ်လို့လာတာ … (မှန်ပါ) လောဘက ခေါ်လို့လာတာ၊ ကိုစောမောင် လောဘက မခေါ်ရင် မဂ္ဂင်က … (မလာပါဘုရား) မလာဘူးဆိုတာ သေချာပလား … (သေချာပါဘုရား)။
ခေါ်တဲ့တရားကလည်း နာမ်၊ အခေါ်ခံရတဲ့ တရား၊ လာမဲ့တရားကကော … (နာမ်ပါဘုရား) နာမ်ဆိုတော့ နှစ်ခုဖြစ်ကောင်းရဲ့လား … (မဖြစ်ကောင်းပါဘုရား) မဖြစ်ကောင်းတော့ သူကခေါ်လည်းခေါ် တယ် … သူ့သဘောလည်း ပြောပြတယ် … (မှန်ပါ့) ရှင်းပလား … (ရှင်းပါဘုရား) ခေါ်လည်းခေါ်တယ် … (သူ့သဘောလည်း ပြောပြပါတယ်ဘုရား) ခေါ်လည်းခေါ်တယ်ဆိုတာက ကျုပ်လောဘ ဖြစ်နေတယ်လို့ ခေါ်တာ …။
ခေါ်တော့ ဒီကလည်း လာတယ် မဂ္ဂင်ကလာတယ်၊ လောကီသမားက၊ လာတဲ့အခါကျတော့ကို ဒကာ ဒကာမတို့ မရှိဘူး … (မှန်ပါဘုရား) သူသဘောသူစွန့်သွားတယ်၊ လောဘ သဘောက … (စွန့်သွားပါ တယ်ဘုရား) ကျုပ်ဟာကျုပ်ကို ကျုပ်မနိုင်ပါဘူး။
ကျုပ်သည်ကားဆိုလို့ရှိရင်ဖြင့်တဲ့၊ ကျုပ်သဘောစွန့်ပါပြီ ဆိုတဲ့အကြောင်းကို လာလိုက်တဲ့တရား လည်း လာပါရော သူ့ပင်ကို သဘောစွန့်ပြီးသား ဖြစ်နေတယ် … (မှန်ပါဘုရား) မစွန့်ဘူးလား … (စွန့်ပါတယ်ဘုရား) အဲ ပင်ကိုသဘောစွန့်ပြီးသား ဖြစ်နေတာကို ကိုစောမောင်က ဦးဘရှင်းတို့က မြင်ပါမှ လက္ခဏာကို သွားတွေ့တယ် … (မှန်ပါဘုရား) အနိစ္စလက္ခဏာကို သွားတွေ့တယ်၊ သဘောပါကြပလား … (ပါ ပါပြီဘုရား) ဘာသွားတွေ့တုံး … (အနိစ္စ၏လက္ခဏာကို သွားတွေ့တယ်) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ဒါဖြင့် အနိစ္စတွေ့ရုံနဲ့၊ အနိစ္စဆိုတာက ဒီတရားလေးဟာ အနိစ္စရောက်မဲ့တရားလို့ သိတာ အနိစ္စဘဲ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) လက္ခဏာကတော့ ဒီတရားလာတဲ့အချိန်မရှိတာ တွေ့မှ လက္ခဏာတွေ့မယ် … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ဒါဖြင့် အနိစ္စနဲ့ လက္ခဏာ ဘယ်ဟာမိမှ အချိုးကျပါလိမ့် … (လက္ခဏာမိမှ အချိုးကျပါမယ်) ဒါ သေသေချာချာမှတ်ပါတဲ့၊ ဒါ အလုပ်စဉ်ကို သေသေချာချာပြောနေတယ် … (မှန်ပါဘုရား)။
သေသေချာချာပြောနေတာဆိုတာ ဒီဟာ ပြောရတာက ကျင်ပြီးပြောရတာမဟုတ်တော့ ခင်ဗျားတို့ ထင်မြင်မှု ဂရုစိုက်ရတဲ့အတွက် သြော် အနိစ္စလက္ခဏာမြင်မှ တို့သည်ကားဆိုလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ပြတ်ပါလားဆိုတာ မှတ်ပါ … (မှန်ပါ့ဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဘာမြင်မှပါလိမ့် … (အနိစ္စ၏ လက္ခဏာမြင်မှာပါ) ဧဟိပဿိကောဆိုပြီး ရှေ့ပိုင်းက စိတ်ကလေးကခေါ်တယ် … (မှန်ပါဘုရား) ခေါ်လို့လာတဲ့အခါကျတော့ ဥာဏ်သည်လာတဲ့တရားသည် ဘာကိုတွေ့သတုံးလို့ မေးလို့ရှိရင် ကိုစောမောင် စိတ်တွေ့သလားတဲ့ စိတ်၏အနိစ္စလက္ခဏာကို တွေ့သလား … (အနိစ္စ၏ လက္ခဏာကို တွေ့ပါတယ်)။
အဲ စိတ္တာနုပဿနာလို့ ဆိုငြားသော်လည်းတဲ့၊ သူဟာ ပြောမဖြစ်လို့ပြောတာ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) စင်စစ်စိတ်တွေ့ဖို့ မဟုတ်ပါဘူး … (မှန်ပါ) စိတ်၏ အနိစ္စလက္ခဏာတွေ့ဖို့ပါ၊ သဘောပါပလား … (ပါ ပါပြီ) စိတ်တွေ့ဖို့လား … (စိတ်၏အနိစ္စလက္ခဏာတွေ့ဖို့ ပါ) စိတ်တွေ့နေလို့ရှိရင် ခင်ဗျားတို့ခက်ပြီ၊ စိတ်တွေ့နေလို့ရှိရင် ဒီကမ္မဋ္ဌာန်းဆရာ အလကား ဆရာလို့မှတ် ပါ … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) ခင်ဗျားတို့က တွေ့နေတဲ့ပုဂ္ဂိုလည်း အရူးမို့လို့တွေ့ တယ်လို့ ပြောတာ … (မှန်ပါဘုရား)။
နှစ်စိတ်ပြိုင်ကောင်းရဲ့လား … (မပြိုင်ကောင်းပါဘုရား) မပြိုင်ကောင်းဘူးဆိုတာ သေချာပြီမှုတ်လား … (သေချာပါပြီဘုရား) ခေါ်တော့မခေါ်ဘူးလား … (ခေါ်ပါတယ်) ခေါ်တော့ ခေါ်တယ်နော်၊ ဥပမာမယ် ခင်ဗျားတို့ ရှင်းသထက်ရှင်းအောင် ပြောမယ်ဆိုတော့ ခြင်လေးက ပခုံးကျောလည်မှာ ကိုက်နေတယ် ဆိုပါတော့ ကိုစောမောင် … (မှန်ပါတယ်ဘုရား) ကျောလည်မှာ ကိုက်နေတဲ့အခါကျတော့ မယားလား … (ယားပါတယ်ဘုရား) လက်ကလေးက သွားလိုက်တဲ့အခါကျတော့ ခြင်ရှိသေးလားလို့ မေးရင် … (မရှိတော့ ပါဘူးဘုရား) သြော် ခြင်မရှိတော့ဘူး။
ဒါဖြင့် ခေါ်သာခေါ်တယ် ခြင်မတွေ့ဘူး၊ ဘာတွေ့သတုံး မေးတဲ့အခါကျတော့ ဖောက်ပြန်နေတာ တွေ့တယ်၊ မယားတာမှ ယားတာတွေ့တယ် … (မှန်ပါဘုရား) မယားတာမှ ယားတာတွေ့တယ်၊ ဒါဖြင့် ဖောက်ပြန်နေတာဘဲ … (မှန်ပါဘုရား) ပင်ကိုက အယားလား မယားတာချုပ်သွားလို့ ယားတာပေါ်နေတာ လား … (မယားတာချုပ်သွားလို့ ယားတာပေါ်နေတာပါ) အဲ ဖောက်ပြန်ပျက်စီးတာတွေ့မှ ကိုစောမောင် ပင်ကိုသဘောစွန့်တာ၊ ခြင်ကို မတွေ့မှ သဘောကျပလား .. (ကျပါတယ်ဘုရား)။
ဒီမှလည်း စိတ်ကခေါ်ငြားသော်လည်း ဘာမတွေ့မှတုံး … (စိတ်မရှိတာတွေ့မှပါဘုရား) သေသေချာချာမှတ်ပါ၊ သေသေချာချာ ရှင်းရှင်းလင်းလင်းပြောနေတယ်၊ စိတ်ကခေါ်ငြားသော်လည်း … (စိတ်မရှိတာတွေ့ရမှာပါ) ဘာတွေ့ရမှာတုံး … (စိတ်မရှိတာတွေ့ရမှာပါ) အဲ ခြင်ဆီလို့ လက်ကသွားငြား သော်လည်း ခြင်မတွေ့စေနဲ့တဲ့၊ ခြင်သတ္တိတွေ့ရင် ပြီးတာဘဲ၊ သဘောကျပလား … (ကျပါပြီဘုရား) ခြင်တွေ့နေလို့ရှိရင် ကိုစောမောင် ဘယ်နေရာကျမတုံး … (မကျပါဘုရား)။
ဒါက ဥပမာပြောတာနော်၊ ခုနင်က အစားလွန်ကဲနေတဲ့ခြင်ကိုတော့ ခင်ဗျားတို့ ဖိသတ်ရင် တွေ့ချင် တွေ့မှာပေါ့ ဥပမာပြောတာပါ၊ သဘောပါပလား … (ပါ ပါတယ်ဘုရား) ကောင်းပြီ၊ ဒါဖြင့် ဧဟိပဿိကော ဧကိလာခဲ့ပါ၊ ပဿရှုပါလို့ ဆိုငြားသော်လည်း ကိုစောမောင်ရေ ရှုပါလာပါလို့ ခေါ်တာလည်း အမှန်၊ သွားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့် ပင်ကိုသဘော စွန့်သွားတာလည်း အမှန်၊ အဲဒီပင်ကို သဘောစွန့်သွားတာ လေး ဒကာ ဒကာမတွေ မြင်လို့ရှိရင် ညနေအားထုတ် မနက်ရပါတယ် … (မှန်ပါတယ်ဘုရား)။
မနက်အားထုတ် … (ညနေရပါတယ်) ညနေရပါတယ်ဆိုတာ ဘုရားဟောပါ … (မှန်ပါဘုရား) ကိုပေါ် ရှင်းပလား … (ရှင်းပါပြီဘုရား) ဒါဖြင့် ကျုပ်တို့ရှုတဲ့အခါ ဘာတွေ့ဖို့လိုပါလိမ့်ဗျာ … (ပင်ကိုသဘောကိုစွန့်သွားတာကို တွေ့ဖို့လိုပါတယ်) သဘောကျပလား … (ကျပါတယ်ဘုရား) အနိစ္စလက္ခဏာမတွေ့သေးလို့ ရှိရင်ဖြင့်တဲ့၊ ဒကာ ဒကာမတို့ တရားမမှန်သေးဘူးလို့မှတ် … (မှန်ပါဘုရား) တရား … (မမှန်သေးဘူးလို့ မှတ်ရပါမယ်) မမှန်သေးဘူးလို့သေသေချာချာ မှတ်ပါ။
ဒါက ရှုမှုရှိုက်မှုတွေ ပြောနေတာမဟုတ်ဘူးနော်၊ တကယ့် နိဗ္ဗာန်တရားကို ပြောနေတာ၊ သဘောကျပလား … (ကျပါတယ်ဘုရား ရှုမှုရှိုက်မှုတွေ ပြောနေတာ မဟုတ်ဘူး၊ ရှုမှုရှိုက်မှုကတော့ ရှုတယ် ရှိုက်တယ် သိနေပြီးတာဘဲ၊ ဒါ ပြီးနေတာပါဘဲ၊ တကယ့် ၀ိပဿနာကျလာတော့ ဧဟိပဿိကော လက်လွှတ်လို့ မရပါဘူး … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ဧဟိပဿိကောကို … (လက်လွှတ်လို့ မရပါဘူး) လက်လွှတ်လို့ ဘယ်ရမလဲ ကိုစောမောင်ရဲ့ ဧဟိ လာခဲ့ပါ၊ ပဿ ရှုပါဆိုတာက ချုပ်သွားတဲ့တရားက ခေါ်တာပါ၊ ချုပ်သွာတဲ့တရားက ဘာခေါ်တာတုံး … (မဂ္ဂင်ကိုခေါ်တာပါ)။
မဂ္ဂင်ကိုခေါ်တာ ရှင်းပလား … (ရှင်းပါတယ်ဘုရား) ချုပ်သွားတဲ့တရားက … (မဂ္ဂင်ကိုခေါ်တာပါ) အဲ မဂ္ဂင်ကိုခေါ်တော့ မဂ္ဂင်ဒီနေရာရောက်တော့ ကိုစောမောင် သူရှိသေးရဲ့လား … (မရှိတော့ပါဘူးဘုရား ဒါဖြင့် မရှိခြင်း လက္ခဏာဟာ အနိစ္စလက္ခဏာ မရှိခြင်း လက္ခဏာဟာ … (အနိစ္စလက္ခဏာပါ) ပင်ကိုတကယ် မရှိဘူးဆိုရင်လည်း ပညတ်ဖြစ်သွားပြီ … (မှန်ပါဘုရား) ရှိရာကို မရှိတာမှ လက္ခဏာ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။
ပင်ကိုက မရှိလို့ရှိရင် ပညတ်၊ ပင်ကိုကမရှိရင် … (ပညတ်ပါ) အဲဒါကျတော့ ဧဟိပဿိကောက မခေါ်ဘူး … (မှန်ပါဘုရား) ခေါ်ကြရဲ့လား … (မခေါ်ပါဘူးဘုရား) အဲဒါကြောင့် ဧဟိပဿိကောကလည်း ခေါ်ရမယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ပြီးတော့ကို ခေါ်လို့ရောက်တဲ့အချိန်မှာလည်း မရှိရဘူး … (မှန်ပါဘုရား) ဒီနှစ်ခုညီရင် ခင်ဗျားတို့ ခဏလေးပေါက်ရောက်တော့မယ်၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဒီနှစ်ခုညီရင် … (ခဏလေးပေါက်ရောက်တော့မှာပါ) ခေါ်တာက၊ အရှုခံတရားက ဧဟိပဿိကော … (မှန်ပါ)။
ဧဟိ လာခဲ့ပါ၊ ပဿ ရှုပါလို့ ခေါ်လဲခေါ်တယ် ကိုစောမောင် ရှိလည်းမရှိဘူး၊ ခေါ်တာက သူဘယ်သူ ခေါ်တာတုံး … (အရှုဥာဏ်ကို ခေါ်တာပါ) အရှုဥာဏ်ကိုခေါ်တာ၊ အရှုဥာဏ်ကလည်း သူ ဒီနေရာကို ဦးတည်လိုက်ပါရော ကိုစောမောင် ရှိသေးရဲ့လား … (မရှိပါဘူးဘုရား) ဒါဖြင့် ခင်ဗျားတို့တွေ့တဲ့အခါ ဘာတွေ့တုံးဆိုတော့ ဘယ့်နှယ်ဖြေကြမတုံး … (မရှိတာကိုတွေ့ပါတယ်) မရှိတာကိုတွေ့တယ်ဆိုတော့ မရှိတာ ဘယ်သူ၏ လက္ခဏာတုံး … (အနိစ္စ၏လက္ခဏာပါ)။
သူဟာ ပင်ကိုက အနိစ္စသဘော … (မှန်ပါဘုရား) ပင်ကိုက အနိစ္စတရားလေး၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) အနိစ္စတရားလေးသွားပြီး ရှုလိုက်တဲ့အခါကျတော့ ဒါသူ့လက္ခဏာ ဒီကလည်း ဧဟိပဿိကောနဲ့ ခေါ်လို့လာလည်း လာပါရော သူလည်း မတွေ့တော့ဘူး … (မှန်ပါဘုရား) တွေ့သေးရဲ့ လား … (မတွေ့ပါဘူးဘုရား) မတွေ့တော့ အနိစ္စတွေ့သလား အနိစ္စရဲ့ လက္ခဏာတွေ့သလား … (လက္ခဏာတွေ့ပါဘုရား) လက္ခဏာတွေ့မှ အမှန်၊ ကိုစံလှ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ဘာတွေ့မှတုံး … (လက္ခဏာတွေ့မှပါဘုရား) ဒီလိုသာ ဘုန်းကြီးအခုပြောသလို ဒကာ ဒကာမတွေ ဥာဏ်ထဲမှာ စိတ်ကလေးက ဥပမာ ယားတဲ့စိတ်ကလေးက လက်မောင်းမှာပေါ်တယ် ပေါ်တော့ ကိုစောမောင် အရင်ယားတဲ့စိတ်ကလေးဆီကို ဥာဏ်ကနေပြီး ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဥာဏ်ကခေါ် လို့ သွားရပကောဗျ … (မှန်ပါဘုရား) မသွားဘူးလား … (သွားပါတယ်ဘုရား) သွားတဲ့အခါ ယားတာလေးကို မရှိတာတွေ့ရတယ်၊ မရှိတာတွေ့ရင် သူ့လက္ခဏာတွေ့ရတယ်၊ သူက ပင်ကိုက အနိစ္စ သာဆိုတယ် လက္ခဏာကို မပြောရသေးဘူး ကိုစောမောင် … (မှန်ပါတယ်ဘုရား)။
လက္ခဏာကို ပြောလိုက်တဲ့အခါကျတော့မှတဲ့၊ ဒကာ ဒကာမတို့က သြော် အနိစ္စဆိုတာ လက္ခဏာမှာ လမ်းဆုံးတယ် … (မှန်ပါဘုရား) အနိစ္စဆိုတာ … (လက္ခဏာမှာ လမ်းဆုံးတယ်) ဒါဖြင့် ခင်ဗျားတို့ သုံးကြတဲ့ အားလုံး ဒကာ ဒကာမတွေ သုံးနေကြတာ အနိစ္စရှုဖို့ပဲ၊ ကိုစောမောင် မသုံးကြဘူးလား … (သုံးကြပါတယ်ဘုရား) အနိစ္စရှုဖို့ပဲ သုံးကြတယ်၊ ဒကာကြီးဦးလှိုင် … (မှန်ပါတယ်ဘုရား) တွေ့တာက အနိစ္စတွေ့သလား လက္ခဏာတွေ့သလား … (လက္ခဏာတွေ့ပါတယ်) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ဒါကြောင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာဆရာက အနိစ္စန္တိ ခန္ဓာပဉ္စကံ၊ အနိစ္စဆိုတာကွာ ခန္ဓာငါးပါးရှိနေတာ ဆိုတာပါ၊ သဘောကျပလား … (ကျပါဘုရား) အနိစ္စလက္ခဏာဆိုတာ ဟု တွာအဘာ ၀တ္ထေန လက္ခဏာဟု ထွာဖြစ်ပြီး အဘာဝတ္ထေန ဟိုကမဂ္ဂင်လာတဲ့အခါ မရှိတာမှ သူလက္ခဏာတွေ … (မှန်ပါဘုရား) ပေါ်ပလား … (ပေါ်ပါပြီဘုရား) မရှိတာမှ … (လက္ခဏာ) ရှင်းပြီ၊ ဒါဖြင့် ခင်ဗျားတို့မှတ်စရာက ကိုစံလှတို့ သေသေချာချာမှတ်၊ ရှိရာက မရှိတာ ဒါ အနိစ္စလက္ခဏာ … (မှန်ပါဘုရား) ရှိရာမှ မရှိတာ … (လက္ခဏာပါဘုရား)။
ဒါကြောင့် ဒီမှာ ဧဟိပဿကောနဲ့ တစ်လုံးတိုးလိုက်တယ်၊ သန္ဒိဋ္ဌိကောကို ခင်ဗျားတို့ လက်မလွှတ်နဲ့ … (မှန်ပါဘုရား) ဧဟိပဿိကောက ခေါ်သလား ၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဧဟိပဿ ကောက ခေါ်သမားလို့ ဆိုတဲ့အခါကျတော့ ဟောဒီတရားက သန္ဒိဋ္ဌိကော ဖြစ်ရမယ် … (မှန်ပါဘုရား) သူကိုယ်တိုင်မြင်ရတယ် … (မှန်ပါဘုရား) သြော် ရှိရာက မရှိဘူးလို့၊ သူက ဆုံးဖြတ်ချက်ချ မဂ္ဂင်ကဆုံးဖြတ် ချက်ချ၊ မဂ္ဂင်က ဆုံးဖြတ်ချက်ချ လိုက်တဲ့အခါကျတော့ ဧဟိပဿိကောကို သန္ဒိဋ္ဌိကောနဲ့ လိုက်တယ်၊ လိုက်တော့ လက္ခဏာ သွားတွေ့တယ် … (မှန်ပါဘုရား)။
သဘောကျပလား … (ကျပါတယ်ဘုရား) ဧဟိပဿိကော ဘာပါလိမ့် ကိုစောမောင် … (အခေါ်သမားပါ) အခေါ်သမား သက်သက်ခေါ်ပြီး ပြေးသလိုဘဲ ကိုစောမောင် ခေါ်ပြေးပြီး သကာလ သန္ဒိဋ္ဌိကောနဲ့ ကျုပ်တို့က ကိုယ်တိုင်မြင်အောင်လိုက်မယ်ဆိုပြီး လိုက်လိုက်တဲ့အခါကျတော့ ခင်ဗျားတို့ ကျုပ်တို့ လက္ခဏာသွားမတွေ့ဘူးလား … (တွေ့ပါတယ်ဘုရား) ဒါဖြင့် သန္ဒိဋ္ဌိကောနဲ့ လိုက်တဲ့အခါကျတော့ ဘာသွားတွေ့တုံး … (လက္ခဏာတွေ့ပါတယ်ဘုရား) ဧဟိပဿိကောခေါ်တုံးက ပေါ်စရှိသေး၊ သဘေားကျပလား … (ကျပါတယ်ဘုရား)။
သန္ဒိဋ္ဌိကောနဲ့လည်း လိုက်လိုက်ပါရော ခုနင်က ဖြစ်နေတဲ့ တရားလေး သတ္တိတွေစွန့်သွားတာသာ တွေ့တော့တယ် … (မှန်ပါဘုရား) ပေါ်ကြပလား … (ပေါ်ပါတယ်ဘုရား) ဘာတွေ့ပါလိမ့် … (သတ္တိစွန့်သွား တာတွေ့ပါတယ်ဘုရား) ဒါဖြင့် ဒီနှစ်ခုလွှတ်လို့ မရဘူး … (မရပါဘုရား) ကိုပေါ်လွှတ်လို့မရပါဘူး၊ အားလုံး နောက်က ဒကာ ဒကာမတွေရော … (လွှတ်လို့မရပါဘုရား) ဒါ နှစ်လုံးတည်းပြောနေငြားသော်လည်း ကိုစောမောင် သဘောဆိုက်အောင် ပြောရတော့ မလွယ်ပါဘူး … (မှန်ပါဘုရား)။ ဦးဘရှင်း လွယ်ပါ့မလား … (မလွယ်ပါဘူးဘုရား)။
ကဲ ဒါဖြင့် ပြန်ပြောတယ်၊ စိတ်ကလေးတစ်ခု ဒကာ ဒကာမတွေ ဘယ်စိတ်လာလာရှုပြီ၊ ဘယ်စိတ်လာလာ စိတ်က ဘာလုပ်တတ်သတုံး မေးလို့ရှိရင် ဘယ့်နှယ်ပြောကြမတုံး … (ဧဟိပဿိကော တဲ့ပါဘုရား) ဧဟိလာခဲပါ၊ ပဿရှုပါ၊ သူ့လာရှုပါချည်း မခေါ်ဘူးလား … (ခေါ်ပါတယ်ဘုရား) ခေါ်တော့ ခင်ဗျားတို့က ဘယ်ပါဠိတော်နဲ့ လိုက်မတုံး … (သန္ဒိဋ္ဌိကောနဲ့ လိုက်ပါမယ်) သန္ဒိဋ္ဌိကောနဲ့ သာမံပဿိဗ္ဗော၊ သာမံကိုယ်တိုင် ပဿိတဗ္ဗေ မြင်အောင်လိုက်မယ်ဆိုပြီး လိုက်လိုက်တဲ့အခါကျတော့ ကိုစောမောင်ရေ၊ ဟိုက ခေါ်ပြေးသွားတယ် … (မှန်ပါဘုရား)။
ခေါ်လည်းခေါ် ပျောက်လည်းပျောက်တယ် … (မှန်ပါဘုရား) လိုက်လိုက်တဲ့အခါကျတော့ကိုတဲ့၊ အထည်တွေ့သလား လက္ခဏာတွေ့သလား … (လက္ခဏာတွေ့ပါတယ်ဘုရား) လက္ခဏာတွေ့မှ အနိစ္စ လက္ခဏာ၊ ဒါကြောင့် သူလည်း အနိစ္စဥာဏ်သွားဖြစ်တယ်၊ လက္ခဏာမတွေ့ရင် အနိစ္စဥာဏ် မဖြစ်ဘူးတဲ့၊ ဝေဒနာတွေ့နေလို့ရှိရင် ဒီဥစ္စာ အနိစ္စဥာဏ်မဖြစ်တဲ့အပြင် နာမ ပရိစ္ဆေဒဥာဏ် သွားဖြစ်တယ်၊ ရှင်းပလား … (ရှင်းပါပြီဘုရား)။
ကိုပေါ် ဒါမလွယ်ဘူးနော် မလွယ်ဘူး၊ ဒကာ ဒကာမတို့ ဒီနေ့တရားကို အထူးဂရုစိုက်ပြီးနာမှဘဲ၊ ဦးရှင်းရေ လိုရင်းဆိုက်မယ် … (မှန်ပါဘုရား) အခုပြောနေတာမှ မဆိုက်သေးလို့ရှိရင်လဲ၊ ဒကာ ဒကာမတွေ အတော်လေး အားထုတ်ရမယ် … (မှန်ပါဘုရား) ကဲ ဒါဖြင့် အခုဓမ္မဂုဏ်တော် ၆ ပါးထဲမှာ ဒီနေ့ ဘယ်နှလုံးသုံးပါလိမ့် … (နှစ်လုံးသုံးပါတယ်ဘုရား) ဧဟိပဿိကောက ရှေ့က အပျက်က၊ ပျက်မဲ့တရားက ခေါ်တာ၊ သဘောကျပလား … (ကျပါတယ်ဘုရား) သန္ဒိဋ္ဌိကောက … (လိုက်ရမယ့်တရားပါဘုရား) လိုက်ရှုရမယ်။
သာမံပဿိတဗ္ဗော၊ သာမံကိုယ်တိုင်ဆိုတာ ဥာဏ်ကိုပြောတာ … (မှန်ပါဘုရား) ဥာဏ်ကိုယ်တိုင် လိုက်တဲ့အခါကျတော့ ဘာတွေ့သတုံး … (လက္ခဏာတွေ့ပါတယ်ဘုရား) ဒါဖြင့် သန္ဒိဋ္ဌိကောလို့ ဆိုငြားသော်လည်း ဒကာ ဒကာမတို့ စိတ်က သူခေါ်တော့ ခေါ်တာအမှန်ဘဲတဲ့ ခေါ်ပျောက် ပျောက်ရလိမ့် မယ် … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ခေါ်ရင်း မတ္တနဲ့ … (ပျောက်ရပါတယ် ဘုရား) ပျောက်သွားတော့ကို သန္ဒိဋ္ဌိကောနဲ့လည်း ကိုစောမောင်တို့က လိုက်လိုက်ပါရောတဲ့ သူ့လက္ခဏာ ဘဲ သွားတွေ့တော့တယ် … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ဘာတွေ့ရသတုံး … (သူလက္ခဏာဘဲတွေ့ပါတယ်။) အဲဒီလိုချည်း ဒကာဒကာမတွေ ခေါ်တိုင်းလိုက်၊ လ္ခဏာတွေ့၊ ခေါ်တိုင်းလိုက်၊ ခေါ်တိုင်း … (လိုက်ရပါမယ်) ခေါ်တိုင်းလိုက်ရမယ်၊ လိုက်တဲ့ အခါ လက္ခဏာတွေ့၊ ဒါဖြင့် ခေါ်တာကိုလည်း ကိုစောမောင် အရေးကြီးတယ် … (မှန်ပါ) လိုက်တဲ့အခါ လက္ခဏာတွေ့ဖို့လဲ … (အရေးကြီးပါတယ်ဘုရား) ဒါဖြင့် ခေါ်တာရှိမှ လိုက်တဲ့အခါလည်း လိုက်မှ … (မှန်ပါဘုရား) လိုက်တဲ့အခါ အထည်တွေ့နေမှားမယ် … (မှန်ပါဘုရား) လိုက်တဲ့အခါကျတော့ အထည်တွေ့ နေရင်မှားပါတယ်၊ အဲ အတည်တွေ့နေရင်မှားပြီ … (မှန်ပါဘုရား)။
လက္ခဏာတွေ့မှ … (မှန်ပါဘုရား) ဒကာကြီး လှိုင် သဘောပါရဲ့လား … (ပါ ပါတယ်ဘုရား) ခေါ်လဲခေါ်မှာဘဲ … (မှန်ပါဘုရား) လိုက်လည်းလိုက်ရမှာဘဲ … (မှန်ပါဘုရား) လိုက်တဲ့အခါ ဘာတွေ့ရမတုံး … (လက္ခဏာတွေ့ရပါမယ်ဘုရား) ဒါဖြင့် ခေါ်တုန်းက ကိုစောမောင် သူတစ်ခုတည်းဖြစ် နေတယ်၊ သဘောကျရဲ့လား … (ကျပါတယ်ဘုရား) လိုက်တဲ့တရား မဖြစ်သေးဘူး … (မဖြစ်သေးပါဘူး ဘုရား) မဖြစ်သေးဘူးတဲ့၊ နောက် လိုက်တဲ့တရားဖြစ်လာလို့ လိုက် လိုက်တဲ့အခါကြတော့ ခေါ်တဲ့တရားမရှိ ဘူး … (မရှိပါဘူးဘုရား)။
ဒါကြောင့် လက္ခဏာတွေ့မှကိုက်တယ် … (မှန်ပါဘုရား) သဘောပါပလား … (ပါ ပါတယ်ဘုရား) သြော် တော်တော်အရေးကြီးပါလား … (မှန်ပါဘုရား) ရှင်းကြပလား … (ရှင်းပါတယ်ဘုရား) ကိုစံလှကြီး ကျေကျေနပ်နပ်သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ဧဟိပဿိကောက ဘာတုံး … (ခေါ်ပါတယ် ဘုရား) ခေါ်တာရှိတုန်းကခေါ်တာ၊ သန္ဒိဋ္ဌိကောက အဲဒီအချိန် လိုက်နိုင်ပလား … (မလိုက်နိုင်ပါဘူးဘုရား)။
အင်း ခေါ်တဲ့တရား ပျောက်သွားတော့မှ … (လိုက်ပါတယ်ဘုရား) လိုက်လာတဲ့အခါကျတော့ ဘာတွေ့တုံး … (မရှိတဲ့ လက္ခဏာတွေ့ပါတယ်ဘုရား) မရှိတဲ့လက္ခဏာ မတွေ့ဘူးလား … (တွေ့ပါတယ် ဘုရား) ဒါဖြင့် ဘယ်သူ့မရှိတာတုံး မေးတဲ့အခါကျတော့ ခုနင်က ခေါ်တဲ့စိတ်ကလေး မရှိတာ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ခေါ်တဲ့စိတ်ကလေး မရှိတာတွေ့တော့မှ အဲဒီ ကျတော့မှ သြော် ဘာမှ မမြဲပါလားဆိုတာ ဒီက ဆုံးဖြတ်ချက်ချတာ … (မှန်ပါဘုရား)။
လိုက်တဲ့တရားက … (ဆုံးဖြတ်ချက်ချပါတယ်ဘုရား) လိုက်လိုက်တော့ သူအထည်မှ မတွေ့တာဘဲ … (မတွေ့ပါဘုရား) မမြဲတာ သြော် ဒီနေရာက ခေါ်လည်းခေါ်တယ် ရှာလည်း မတွေ့ဘူးဆိုတာ ဒီလိုက်တဲ့တရားက မသိဘူးလား … (သိပါတယ်ဘုရား) ခေါ်ကော … (ခေါ်ပါတယ်ဘုရား) လိုက်ကော … (လိုက်ပါတယ်ဘုရား) လိုက်တော့ အတည်တွေ့ရဲ့လား … (မတွေ့ပါဘုရား) ဘာတွေ့တုံးဆိုတော့ လက္ခဏာပဲ တွေ့တယ်။
ဦးဘရှင်း ရှင်းပြီလား … (မှန်ပါဘုရား) ဘယ်တရားရှုရှု ဒီအတိုင်းသွားရမယ် … (မှန်ပါဘုရား) ပေါ်ပလား … (ပေါ်ပါပြီဘုရား) ဒါဖြင့် ဖြစ် ပျက်ဆိုငြားသော်လည်း အဖြစ်က အခေါ်အပျောက်က လက္ခဏာ ပြ၊ ဒကာ ဒကာမတို့ အဖြစ်က အခေါ်ပါ၊ အပျောက်က … (လက္ခဏာပြပါဘုရား) ဒါ မှတ်ထားလိုက်ရင် ရှင်းပြီ၊ အဖြစ်က … (အခေါ်ပါ) အပျောက်က … (လက္ခဏာကိုပြပါတယ်ဘုရား) အပျောက်ဆိုတာ မရှိတာ၊ မရှိတဲ့ လက္ခဏာကိုပြတာ၊ ရှင်းပြီနော် … (ရှင်းပါပြီဘုရား)။
ဒကာ ဒကာမတို့ ဘယ်လိုမှတ်မတုံး … (မရှိတဲ့ လက္ခဏာကို ပြပါတယ်ဘုရား) ကဲ ဖြစ်, ပျက်ဗျာ၊ အဖြစ်က ဘာတုံး … (အခေါ်သမားပါဘုရား) အပျက်က (လက္ခဏာပါဘုရား) အဲ လက္ခဏာပြတယ်ဆို တော့ ဒါကမှသာလျှင် ဟုတွာ အဘာဝတ္ထေန အနိစ္စံ သွားကိုက်တယ်၊ ဟုတွာဖြစ်၍ ကိုစောမောင် ဒီနေရာမှာ ပျက်တယ်၊ နားဖြစ်ဖြစ် မျက်လုံးထဲမှာ ဖြစ်ဖြစ်၊ ဘယ်ထဲ ဖြစ်ဖြစ်ပေါ့ဗျာ၊ သူ့နေရာနဲ့သူ မဖြစ်ပေဘူးလား … (ဖြစ်ပါတယ်ဘုရား) ဟုတွာ ဒီမျက်လုံးထဲမှာဖြစ်၍ အဘာဝတ္ထေန ဒီသန္ဒိဋ္ဌိကောက လိုက်လိုက်တဲ့အခါ မရှိ ခြင်းသည်ပင်လျှင် ဒါ သူလိုက်တဲ့အခါမှာ မရှိတာ တွေ့ရမယ် … (မှန်ပါဘုရား)။
မရှိတာတွေ့တော့မှ ဘာမှ မမြဲပါလားဆိုတာ မလာဘူးလား … (လာပါတယ်ဘုရား) ဒါဖြင့် ဘာမှ မမြဲပါလားဆိုတာသည် ဒီလိုက်တဲ့ တရားကပြောတာ … (မှန်ပါဘုရား) ဒါဖြင့် လိုက်တဲ့ တရားသည် ဒကာ ဒကာမတို့ သူလိုက်တယ် မလိုက်တယ်ဆိုတာဟာ ခင်ဗျားတို့ စဉ်းစားကြည့်ပါတဲ့၊ သူလိုက်လို့ လိုက်တာ အမှန်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် … (မှန်ပါ့) သူလိုက်တာ မမှန်ရင် မပြတ်ဘူးဆိုတာ သူနဲ့ပဲ ဒီဂရီထိုးကြည့်တဲ့ အခါကျတော့မှ ကိုစံလှ ပေါ်သွားတယ် … (မှန်ပါဘုရား) ပေါ်ပလား … (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်ပျက်ရှုလို့ ဆိုငြားသော်လည်း ဘုန်းကြီးများက ရှင်းအောင်ပြောတာပါလို့ မှတ်လိုက်တာပေါ့ အဖြစ်က ခေါ်တယ် အပျက်က လက္ခဏာပြတယ် … (မှန်ပါဘုရား) အဖြစ်က ခေါ်ပါတယ်၊ အပျက်က … (လက္ခဏာပြပါဘုရား) ဒါဖြင့် ဥာဏ်က ဘာတွေကတုံး … (အပျက်တွေ့ပါတယ် ဘုရား) ဥာဏ်က လက္ခဏာတွေ့ရတယ် … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) လက္ခဏာ တွေ့တော့မှ သူက အနိစ္စလက္ခဏာ၊ သူကမဂ္ဂသစ္စာ၊ ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
မရှိတာကလေးက အနိစ္စလက္ခဏာ၊ ဥာဏ်က … (မဂ္ဂသစ္စာပါဘုရား) မရှိတာလေးက … (အနိစ္စလက္ခဏာ) ဥာဏ်က … (မဂ္ဂသစ္စာ) ဒါ ကိုက်ရမယ် ဒကာ ဒကာမတို့၊ သဘောပါပလား … (ပါ ပါတယ်ဘုရား) ဒီလိုသာ ကိုက်မယ်ဆိုရင် ခင်ဗျားတို့ ခုနင်ကပြောတဲ့ ပါဠိတော်ပဲတဲ့ မနက်အားထုတ် ညနေရရမယ် … (မှန်ပါဘုရား) မရဘူးလား၊ ညနေအားထုတ်ရင် … (မနက် ရပါမယ်ဘုရား)။
ကိုင်း ဒါဖြင့် အခုလက္ခဏာသိတဲ့ ဒကာ ဒကာမတွေကျတော့ ကိုစောမောင် အရလို တစ်ခါတည်း ဒါလေးဟာ စိတ်ကလေးပဲဆိုရုံနဲ့ ဒိဋ္ဌိကွာတာ ဟုတ်သေးရဲ့လား … (မဟုတ်ပါဘူးဘုရား) စိတ်ကို စိတ်မှန်း သိတော့ သညာနဲ့ ကွာတာ … (မှန်ပါဘုရား) ခုတော့ လက္ခဏာလေး မြင်ရတဲ့အခါကျတော့ဖြင့် လောကီ ပညာနဲ့ကွာပါပြီ … (မှန်ပါဘုရား) ဘာနဲ့ကွာတုံး … (လောကီပညာနဲ့ကွာပါတယ်ဘုရား)။
လောကီပညာနဲ့ ဘာကွာသွားတုံး ကိုစောမောင် ဒိဋ္ဌိကွာပုံချင်းကို မတူဘူး … (မှန်ပါဘုရား) ပေါ်ကြ ပလား … (ပေါ်ပါပြီဘုရား) ရှင်းပြီနော် … (ရှင်းပါတယ်ဘုရား) အရင်ဟာက … (သညာကွာပါဘုရား) နောက်ဟာက … (လောကီပညာကွာပါဘုရား) လောကီပညာနဲ့ကွာတော့၊ ကိုစောမောင်က ဝေဖန်ပါအုံး၊ သြော် သညာနဲ့ ပညာကွာ၊ သညာကွာက အထည်ရှိပါလား … (မှန်ပါဘုရား) ပညာကွာက … (အထည်မရှိ ပါဘုရား) ဒီမှာ ထူးခြားသွားတယ်၊ မထူးခြားဘူးလား … (ထူးခြားပါတယ်ဘုရား)။
သညာကွာက … (အထည်ရှိပါတယ်ဘုရား) ပညာကွာက … (အထည်မရှိပါဘုရား) ကဲ ဘယ်သူက ဒဏ်ချက် ဥာဏ်ချက်ပြင်းသတုံး၊ အကဲခတ်ကြည့်ပါ … (ပညာက ဥာဏ်ဒဏ်ချက် ပြင်းပါတယ်ဘုရား) ပညာက၊ သြော် ငါ့ကိုငါ့ဟာ လုပ်စရာ ဘယ်ရှိမတုံး၊ မလာဘူးလား … (လာပါတယ်ဘုရား) ဟို ရှိနေတုန်း ကတော့ ရုပ် ရုပ်မှန်းသိ၊ စိတ် စိတ်မှန်းသိတုန်းကတော့ သြော် ရှိတဲ့စိတ်က ပြောတာကိုဆိုတော့ အရှိခံနေ တယ် … (မှန်ပါဘုရား)။
နဲနဲလေး အရှိခံနေသေးတယ် … (မခံဘူးလား) အခု သေသေချာချာ ၀ိပဿနာဥာဏ်နဲ့ လိုက် လိုက်တဲ့အခါကျတော့ အရှိခံသေးရဲ့လား … (မခံတော့ပါဘူးဘုရား) မခံတော့ဘူးဆိုတော့ လက္ခဏာ မပြဘူးလား … (ပြပါတယ်ဘုရား) လက္ခဏာပြတော့ကိုတဲ့၊ ပြတာက လက္ခဏာ သိတာက မဂ္ဂသစ္စာ … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
ပြတာက … (လက္ခဏာပါ) သိတာက … (မဂ္ဂသစ္စာပါ) ဒီလိုဖြင့် ဒကာ ဒကာမတို့ ဘုန်းကြီးက ရှင်းသထက် ရှင်းအောင် ပြောနေတယ်တဲ့၊ သြော် တယ်ခက်ပါလားလို့ ဒီလိုလည်း မယူနဲ့၊ ရှုလိုက်တော့ ဒါပဲတွေ့မှာပဲ … (မှန်ပါဘုရား) ရှုတော့ ရှင်းပလား … (ရှင်းပါပြီဘုရား) ဟာ တရားက ကြာလေခက်လေ, ကြာလေခက်လေ ရမှရနိုင်ပါ့မလား၊ ဒီဘက်ကို မသွားနဲ့ … ရှုတဲ့အခါ ဒီနည်းအတိုင်း ဖြစ်လိမ့်မယ်ပြောတာ … (လက္ခဏာတွေ့ရပါမယ်ဘုရား) စိတ်လာရှု ဝေဒနာလာရှု၊ ဒီနည်းအတိုင်းသွားမှာ … (မှန်ပါဘုရား) ပေါ်ကြပလား … (ပေါ်ပါပြီဘုရား)။
ကောင်းပြီ ဒါဖြင့် ကိုစောမောင် သေပျော်ပြီဆိုတဲ့ အဓိပ္ပါယ် မရဘူးလား … (ရပါတယ်ဘုရား) ဒါဖြင့် နာမရူပ ပရိစ္ဆေဒကျမ်းကို ထည့်လိုက်ပါတဲ့၊ စိတ်လာတိုင်း လာတိုင်း ကိုစောမောင်ရေ ဧဟိပဿိကောနဲ့ ခေါ်လို့  သန္ဒိဋ္ဌိကောနဲ့ လိုက် လိုက်တာ၊ ဧဟိပဿိကောကခေါ်လိုက် အဖြစ်က ခေါ်လိုက်နော်၊ အလိုက်က လက္ခဏာတွေ့လိုက်၊ ဦးဘရှင်း ရှင်းပလား … (ရှင်းပါတယ်ဘုရား)။
အဖြစ်က ခေါ်သမား အပျက်က လက္ခဏာပြောသမား၊ သဘောကျပလား ... (ကျပါတယ်ဘုရား) အဖြစ်က … (အခေါ်သမားပါဘုရား) အပျက်ကလက္ခဏာပြောသမား၊ လက္ခဏာပြောလိုက်တယ်၊ သူ့လက္ခဏာဒါပါဘဲ ပြောလိုက်တော့ ခင်ဗျားတို့က ဒိဋ္ဌိ မစင်ချင်လို့ရအုံးမလား … (မရတော့ပါဘုရား) ခိုင်တာ မြဲတာ ရှိသေးရဲ့လား … (မရှိတော့ပါဘုရား) ကျေနပ်ပလား … (ကျေနပ်ပါတယ်ဘုရား)။
ခိုင်တာမြဲတာ ငါ့ကိုယ်ငါ့ဟာကော … (မရှိပါဘုရား) မရှိတော့ဘူးတဲ့ လောကီပညာက အင်မတန် ကောင်းပါတယ်၊ ဒါဖြင့် ဒီပညာဟာ တစ်ကြိမ်ထည်းဖြစ်ရမှာလား မေးတဲ့အခါကျတော့မှ ပဋိသမ္ဘိဒါမဂ်က ပညာဟာ ပွားရလိမ့်မယ်ဟေ့ … (မှန်ပါဘုရား) ဒီပညာဟာ ဘာတဲ့ … (ပွားရမှာပါ) ဒါဖြင့် “ပရိပါက ကမေနေ၀ံ၊ ပရိဘာဝိတဘာဝန ပရိစ္စဇန္တိသင်္ခါရေ၊ ပက္ခန္ဒတိ အသင်္ခတေ” သူ့ပါဠိက ဒီပါဠိသက်သက် ဘာတုံးဆိုရင်ဖြင့် မင်းကြပ်ကြပ်ပွားစမ်းပါတဲ့။
ဒကာ ဒကာမတို့ စိတ်ပေါ်တိုင်း ပေါ်တိုင်း ဒီက ဧဟိပဿိကောက ခေါ် သန္ဒိဋ္ဌိကောက လိုက် လက္ခဏာတွေ့၊ သဘောကျပလား … (ကျပါတယ်ဘုရား) ဧဟိပဿိကောကခေါ်၊ သန္ဒိဋ္ဌိကောက … (လိုက်ပါတယ်) ဒီမဂ္ဂင်က လိုက်ပေါ့ … (မှန်ပါဘုရား) ဘာတွေ့မတုံး … (လက္ခဏာတွေ့ပါမယ်) လက္ခဏာတွေ့၊ ကိုမြင့်ရှင်းပြီနော် … (ရှင်းပါပြီဘုရား) ကိုစံလှတို့ကော … (ရှင်းပါပြီ) ဧဟိပဿိကောက ခေါ်ပါတယ်၊ သန္ဒိဋ္ဌိကောကလိုက်တယ်၊ ဘာတွေ့တုံး … (လက္ခဏာတွေ့ပါတယ်) ဘယ်သူ့၏ လက္ခဏာတုံးမေးတော့မှ အနိစ္စ၏ လက္ခဏာ၊ ရှင်းပလား ... (ရှင်းပါပြီဘုရား)။
ဘာတွေ့ပါတုံး … (အနိစ္စ၏လက္ခဏာ) အနိစ္စ၏လက္ခဏာသွားတွေ့တယ် ကိုစောမောင် ဘယ်သူ၏လက္ခဏာ သွားတွေ့တုံး … (အနိစ္စ၏လက္ခဏာသွားတွေ့ပါတယ်) အနိစ္စ၏လက္ခဏာသွားတွေ့ တယ်တဲ့၊ နွားတွေတစ်ပုံကြီး ရှိငြားသော်လည်း ကိုယ်နွားကျတော့ ဘာမှတ်တုံးဆိုတော့ နွားတွေ မွေးထားတဲ့အထဲ ကိုစောမောင် ကိုယ်မွေးထားတဲ့နွား ရွေးချင်တဲ့အခါကျတော့ ကိုတဲ့ နွားချင်းအတူတူဘဲတဲ့ လက္ခဏာကိုသိပြီဖမ်းတယ် … (မှန်ပါဘုရား)။
သဘောကျပလား … (ကျပါတယ်ဘုရား) နွားတွေအများကြီးရှိတဲ့အနက် ကိုစောမောင် နွားကလည်း အဲဒီအထဲမှာ ၀င်နေတယ်ဆိုပါတော့ ကိုစောမောင် သွားဖမ်းတဲ့အခါကျတော့ ဒီ့ပြင်နွား ဖမ်းမလား ကိုယ့်နွားဖမ်းမလား … (ကိုယ့်နွားဖမ်းပါမယ်ဘုရား) ဟ နွားချင်းအတူတူ ကိုယ့်နွားဘာဖြစ်လို့ သိသတုံးမေးတော့ လက္ခဏာမတူဘူးဘုရား၊ ဘယ်လိုပါလိမ့် … (လက္ခဏာချင်း မတူပါဘူးဘုရား)။
ဒီမှာလည်း လက္ခဏာကို တွေ့ပါမှ ဒကာ ဒကာမတို့ ဟို အမှန်ရောက်ပါလိမ့်မည် … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) လက္ခဏာကိုတွေ့မှ ကိုယ့်ဟာအစစ် … (မှန်ပါဘုရား) လက္ခဏာမတွေ့ ခင်တုန်းက မဟုတ်သေးဘူး၊ နွားတွေတစ်ပုံကြီးရှိတယ် … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ် ဘုရား) ကဲ ဒါဖြင့် ဒကာ ဒကာမတို့ အနိစ္စနဲ့ လက္ခဏာကော ထူးပလား … (ထူးပါပြီ) နွားတွေလို့ ဆိုတုန်းက ဒါ အနိစ္စတွေထားပါတော့၊ ကိုစောမောင်က သူ့ဟာရယ်လို့မှတ်ပြီး ဖမ်းလိုက်တယ်၊ သူဘာကြည့်ဖမ်းတုံး မေးရင် … (လက္ခဏာကြည့် ဖမ်းပါတယ်ဘုရား)။
ဂျိုနေပုံမတူဘူးကွ၊ အမွေးနေပုံမတူဘူးကွ၊ ကိုစောမောင် မလာဘူးလား … (လာပါတယ်ဘုရား) အဲဒါဘာကြည့်ဖမ်းတုံး … (လက္ခဏာကြည့်ဖမ်းပါတယ်) ဒါဖြင့် အနိစ္စရှုငြားသော်လည်း အနိစ္စတွေတစ်ပုံကြီး ထဲက ခင်ဗျားတို့ ဥာဏ်ထဲမှာ မိရမှာက လက္ခဏာ မိရမှာမှတ်ပါ … (မှန်ပါဘုရား) ဘာမိမှာတုံး … (လက္ခဏာမိရမှာပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား)။
ဒါဖြင့် လက္ခဏာကို ဘယ်လောက်ထိအောင် မိရမှာတုံး ကိုစောမောင်ရေလို့ မေးတော့ ကိုယ့်သန္တာန်မှာ ပုထုဇဉ်သန္တာန်မှာ ပေါ်တဲ့စိတ်တွေ ပေါ်တိုင်း၊ ပေါ်တိုင်း ဒါ လက္ခဏာမိအောင် လိုက်ပါ … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ပေါ်တိုင်း၊ ပေါ်တိုင်း … (လက္ခဏာမိအောင်လိုက်ရ မှာပါ) လက္ခဏာမိအောင် လိုက် လိုက်တဲ့ အခါကျတော့ကိုတဲ့၊ ခင်ဗျားတို့ကျတော့ ဒီလက္ခဏာတွေချည်း တွေ့ပြီး တွေ့ပြီးနေတော့ ရှင်းသွားရော၊ လက္ခဏာတွေဟာဖြင့် အကုန်ဘဲတွေ့ပြီဘုရား။
ဘယ်စိတ်မှ ဘယ်စိတ်ကယ်လို့ မဟုတ်ဘူးဘုရား တပည့်တော်ဖြင့် အဲဒီစိတ်ကလေးတွေဟာ နာမည်သာတပ်လိုက်ရတယ်၊ တပည့်တော်တွေ့တာဖြင့် ပျက်စီးတဲ့လက္ခဏာလေးတွေပဲ တွေ့လိုက်တယ် … (မှန်ပါ) ရှင်းပလား … (ရှင်းပါဘုရား) ခင်ဗျားတို့ တွေ့တဲ့အခါကျတော့ … (ပျက်စီးတဲ့လက္ခဏာပဲ တွေ့ပါ တယ်ဘုရား) ဒါဖြင့် လိုက်ပါများတော့ …။ ပျက်စီးတဲ့ လက္ခဏာတောင်မှ ကိုစောမောင်ရ မတွေ့တော့ဘူး … (မှန်ပါ) မတွေ့တော့ဘူး … (မှန်ပါ) လိုက်ပါများတော့ (မတွေ့တော့ပါဘုရား) မတွေ့တော့ဘူး၊ ဒကာ ဒကာမတို့ လိုက်ပါများလာတဲ့အခါကျတော့ မတွေ့တော့တာ ဘာဖြစ်လို့တုံးလို့ မေးဖို့မလိုဖူးလား … (လိုပါ တယ်ဘုရား) မတွေ့တာက ဒီလိုပါတဲ့၊ ဒကာ ဒကာမတို့ မတွေ့တာသည်ကားလို့ ဆိုလို့ရှိရင် …။
ဥာဏ်ရင့်လာလို့မှတ်၊ သဘောကျပလား … (ကျပါဘုရား) ဥာဏ်ရင့်လာရင် … (မတွေ့တော့ပါ ဘုရား) မတွေ့ဘူးသာမှတ်ရမယ်နော်၊ လိုက်ပါများလာလို့ ဒီဥာဏ်ဘယ့်နှယ်ကြောင့် ရင့်ပါလိမ့်မတုံး မေးတဲ့ အခါကျတော့ သူသတ်တဲ့ဒိဋ္ဌိက ဒကာ ဒကာမပါဘုရား) ဒါဖြင့် သူသတ်တဲ့ဒိဋ္ဌိက ၀မ်းထဲမှာ အနုသယ သဘောနဲ့ ထိန်းနေတာ။
ရှင်းပလား … (ရှင်းပါဘုရား) အဲဒီကိန်းနေတဲ့ တရားလေး ပျောက်သွားတဲ့အချိန်မှာ လက္ခဏာ မတွေ့တော့ဘူး၊ သဘောကျပလား … (ကျပါဘုရား) လက္ခဏာမတွေ့ဘူးဆိုတော့ အနိစ္စ လက္ခဏာမတွေ့ တော့ဘူး၊ သဘောကျပလား … (ကျပါဘုရား) ဘာတွေ့မတုံး ဘုရားလို့ မေးဖို့မလိုဘူးလား … (လိုပါဘုရား) အင်း အနိစ္စလက္ခဏာသွားတွေ့တယ် … (မှန်ပါ ဒကာ ဒကာမတို့ ဘာသွားတွေ့မတုံး … (အနိစ္စလက္ခဏာ သွားတွေ့ပါတယ်ဘုရား)။
လိုက်ပါများတော့ … (အနိစ္စလက္ခဏာတွေ့ပါတယ်) ပဋ္ဌမတော့ ခင်ဗျားတို့ ဘာတွေခည်းတွေ့ နေမတုံး … (အနိစ္စလက္ခဏာတွေချည်း တွေ့ပါတယ်) နောက်ကြတော့ အနိစ္စလက္ခဏာကို မတွေ့တော့ဘူး ကိုစောမောင် … (မှန်ပါတယ်ဘုရား) ဘာတွေတွေ့နေတုံး … (အနိစ္စကိုတွေ့ပါတယ်) ဒါဖြင့် အနိစ္စလက္ခဏာတွေ့ရင် နိဗ္ဗာန်မှတ် … (မှန်ပါဘုရား) အနိစ္စလက္ခဏာတွေ့က ၀ိပဿနာဥာဏ်မှတ် … (မှန်ပါ့ဘုရား) အနိစ္စလက္ခဏာတွေ့ရင် … (နိဗ္ဗာန်ပါဘရား) နိဗ္ဗာန်မှတ်ဆိုတော့ ဒါ ဒိဋ္ဌိသေတဲ့ နိဗ္ဗာန်ကို တွေ့တဲ့အခါကျလို့ရှိရင် ဒါ အနိစ္စလက္ခဏာတွေ့တာဘဲ။ … (မှန်ပါဘုရား)။
သဘောကျရဲ့လား … (ကျပါတယ်ဘုရား) ဒိဋ္ဌိ, ၀ိစိကိစ္ဆာ သေတဲ့အခါကျတော့ နိစ္စနိဗ္ဗာန် … (မှန်ပါဘုရား) ဒိဋ္ဌိ ၀ိစိကိစ္ဆာ မသေ့တသေ ဖြစ်နေလို့ရှိရင်ဖြင့် အနိစ္စလက္ခဏာဘဲတွေ့မယ် … (မှန်ပါဘုရား) သဘောကျပလား … (ကျပါတယ်ဘုရား) ဒိဋ္ဌိ ၀ိစိကိစ္ဆာ မသေ့တသေဖြစ်နေလို့ရှိရင်၊ အားနဲ့ရုံလေးရှိနေ သေးရင် … (အနိစ္စလက္ခဏာဘဲတွေ့မှာပါ) ဒါဖြင့် ဒကာ ဒကာမတို့ ရှုပါ များလာတဲ့အခါကျတော့ကိုတဲ့၊ ဧဟိ ပဿိကောက အနိစ္စလက္ခဏာကလည်း အနိစ္စကလည်း မရှိဘူး။
လက္ခဏာကလည်း မပြတော့ဘူးဆိုလို့ရှိရင် ဒီဥာဏ်သည် ဘာတွေ့မတုံး … (အနိစ္စလက္ခဏာတွေ့ ပါတယ်) နိစ္စလက္ခဏာက နိဗ္ဗာန်၊ အနိစ္စလက္ခဏာက ဒကာ ဒကာမတွေ သိတဲ့အတိုင်း သင်္ခါရသဘော … (မှန်ပါဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) ဒါဖြင့် သင်္ခါတ သဘောက အသင်္ခတပြောင်းမယ်၊ သင်္ခတ သဘောက … (အသင်္ခတ ပြောင်းပါတယ်ဘုရား) ရှင်းပလား … (ရှင်းပါတယ်ဘုရား) နိဗ္ဗာန်သည် … (အသင်္ခတပါဘုရား) ဒါဖြင့် သင်္ခတမှ အသင်္ခတ ကူးတာမှ တရားမှန် … (မှန်လှပါဘုရား)။
သင်္ခတမှ … (အသင်္ခတသို့ ကူးတာမှ တရားမှန်ပါ) လုပ်တတ်ပလား … (လုပ်တတ်ပါပြီဘုရား) ဒါ အနုရာဓ မဆက်နိုင်ဘူး ခင်ဗျားတို့ သင်ကြားနေတာနဲ့ နာရီစေ့သွားပြီ။

                                            ဤကောင်းမှုကုသိုလ်ကံ
                               စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                               ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                        အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                             တည်ရှိပါစေသတည်း ။   ။

                                                                                                   အရှင်ဉာဏဓဇ
                                                                                  မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                             ပင်မသံဝေဇနိယဌာန
                                                                                                     အမရပူရမြို့ ။

No comments:

Post a Comment