Saturday, October 1

မမျှော်လင့်ဘဲ သေသွားခဲ့ရင်


သံဝေဂရစရာ ကောင်းလွန်းလှတဲ့ သံသရာခရီးကြမ်းကြီးလို့ မသိသေးသောလူတစ်ချို့က ခဏတာ ပျော်ရွှင်မှုလေးကို တစ်သံသရာ ပျော်ရွှင်မှုကြီးလို့ ထင်နေကြတယ်။
လူတိုင်းလူတိုင်းဟာ မိမိတို့စွမ်းနိုင် သလောက်ကိုကြိုးစားနေကြတာ အဲဒီ
လိုကြိုးစားနေတဲ့သူတွေအထဲမှာမှ
ကိုယ့်ဘဝအတွက် အမှန်တကယ်အနှစ်သာရအစစ်ကို ရှာတွေ့သူက တကယ့်ကိုနည်းနည်းလေးပါ။

အနှစ်သာရစစ်လို့ထင်ပြီး တိုက်နဲ့ ကားနဲ့ ခြံနဲ့ဝင်းနဲ့ ရွှေနဲ့ငွေ နေနိုင်အောင်ဆိုပြီး ဂုဏ်တုဂုဏ်ပြိုင်ကာ ဒေါသ မာန အာဂတ အညှိုးတွေအမျိုးမျိုးနဲ့ ကြိုးပမ်းနေတဲ့သူတွေကလည်း အများကြီးပဲ။ အဲဒီလိုကြိုးပမ်းနေရင်းကနေပြီး မမျှော်လင့်ပဲ သေသွားခဲ့မယ်ဆိုရင် ဘယ်မှာလဲတိုက် ဘယ်မှာလဲကား ဘယ်မှာလဲ ချစ်လှစွာသောသူတို့ ဘယ်သူတွေ ကယ်နိုင်ကြဦးမလဲ။

ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်တွေက ကိုယ့်ဆီလာပြီ ဆိုရင် မကာင်းမှုလုပ်ခဲ့တဲ့ သူကတော့ အပါယ်လေးဘုံကို မောင်ပိုင်စီးပြီးတာ ခံစားပေတော့။
သေသွားလို့ရှိရင် အဲဒီခန္ဓာကိုယ်ကြီးဟာ ကြက်- ငှက်- ဝက်လောက်တောင် တန်ဖိုးမရှိဘူး။
ကြက်- ငှက်- ဝက် ကမှ အသားကို
ရောင်းစားလို့ ရသေးတယ်။
လူသေ ဆိုရင်တော့ အိမ်ပေါ်ကနေ
မြန်မြန်ချဖို့ပဲ ကြိုးစားကြတော့တယ်။ သိပ်ချစ်လှပါတယ်ဆိုတဲ့ သူတွေကလည်း အသုဘ ခန္ဓာကိုယ်ကြီးကိုတော့ ဘယ်သူမှ မနှစ်သက်ကြတော့ဘူး။

တကယ်တော့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးလို့ ဗုဒ္ဓကိုယ်တော်တိုင် ဟောထားခဲ့ပြီးသားပါ။ ကိုယ့်ဘဝမှာ မင်း ကိုသာ အချစ်ဆုံးလို့ ပြောနေသူတွေဟာ လိမ်ပြောနေကြတာလို့ပဲ မှတ်လိုက်ကြပေတော့။

ဒါကြောင့် မသေခင်မှာ လူ့ဘဝရဲ့ အနှစ်သာရ အစစ်ကို ရှာတွေ့အောင် ရှာသွားကြ ပါလို့ ဆန္ဒပြုလိုက်ပါတယ်•••


No comments:

Post a Comment