Thursday, October 6

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ လူသတ်သမားလေးဦး


လူတိုင်း လူတိုင်း လူသတ်သမားလေးဦးနှင့်အတူနေရ၏

ပထဝီ ဆိုတဲ့ လူသတ်သမားသည်လည်း သတ်ဖို့ချောင်းနေ၏
သူလွန်ပြန်လျှင် သူ့လက်တွင်မှခေါင်းစင်း၍ သေရမည်။
သူငုံ့ပြန်လျှင်လည်း သူကသတ်၍ သူ့လက်ချက်ဖြင့်သေပွဲဝင်ရ
အုံးမည်။

နောက် အာဘော ဆိုသော လူသတ်သမားကလည်း သတ်ဖို့
ချောင်းနေပါသေးသည်။ သူလွန်ကဲ့သော ဝမ်းတွေတရဟော
လျော ဆီးတွေကလွန်ပြီး နေလျှင်လည်း သေပွဲဝင်ရအုံးမည်။
သူယုတ်ပြန်လျှင်လည်း သေပွဲနွဲရအုံးမည်။

ဝါယော ဆိုသောလူသတ်ကလည်း မိမိတို့အလစ်ကိုချောင်းနေ
သည်။

တေဇော  ဟုဆိုအပ်သောလူသတ်သမားလည်း အလစ်ကို ချောင်းလျှက်ပင်။ အပူလွန်ပြီး အဖျားဒီဂရီ ၁၀၅  ၁၀၆ ဆိုလျှင်
ဆိုးရိမ်ရသည်။ အပူတွေတဖြေးဖြေး ဆုတ်ယုတ်ပြီး ခြေတွေ
လက်တွေ အေးလာပြီဆိုလျှင် သူ့လက်တွင်ပင် ခေါင်းစင်းပြီး
သေရတော့မည်မလွဲတော့ချေ။

ဤမျှမကသေ မိမိတို့ရထားသည် ခန္ဓာငါးပါးသည်လည်း လူသတ်သမားကြီးပင်ဖြစ်ပါသည်။  မြတ်စွာဘုရားသခင်ကို

""ရာဓ  ဆိုတော့ရဟန်းက အရှင်ဘုရား သေမင်း သေမင်း ဟူသည်   အဘယ်ကိုခေါ်ပါသလဲ ဘုရားဟု လျှောက်ထားရာ""

မြတ်စွာဘုရားသခင်းက ""ရှုပံ ခေါ ရာဓမောရောတိ ဝုစ္စတိ
ဝေဒနာ ခေါ ရာဓ မာရောတိ ဝုစ္စတိ ( ပ ) ဝိညာဏံ ခေါ ရာဓ
မာရောတိ ဝုစ္စတိ"" ဟူ၍ ရုပ်သည်လည်းသေမင်း  ဝေဒနာသည်
လည်းသေမင်း သညာ သခါင်္ရ ဝိညာဏ်  တည်းဟူသော ခန္ဓာငါးပါး သည်လည်း သေမင်းတွေပဲ ဟူ၍ ဘုရားရှင်က
ဟောတော်မှုပါခဲ့သည်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏
ခန္ဓာဉာဏ်ရောက် တရား


No comments:

Post a Comment