Sunday, March 24

မိုးကုတ်ဆရာတော်ဘုရားကြီး၏ မဂ္ဂသစ္စာ၏ နိယျာနဋ္ဌ အနက် (၁)

မဂ္ဂသစ္စာဆိုတာ"နိယျာနဋ္ဌ"သဘောရှိတယ်၊ "နိယျာနဋ္ဌ"ဆိုတာ ဝဋ် ၃-ပါးမှ ထွက်မြောက်ကြောင်းတရား၊
ဝဋ် ၃-ပါးမှ ထုတ်ဆောင်နိုင်တဲ့ မဂ္ဂင် ၈-ပါးလို့ဆိုလိုတယ်၊ မဂ္ဂင် ၈-ပါးဟာ ဝဋ် ၃-ပါးမှ ဆန်တက်၍ နိဗ္ဗာန်
ဘက်သို့ ထွက်မြောက်နိုင်ကြောင်းလမ်းကောင်း လမ်းမှန် ဖြစ်တဲ့တရားပဲ၊ ဒီမဂ္ဂင် ၈-ပါးက ဝဋ် ၃-ပါးထဲမှ
သတ္တဝါတွေကို ထုတ်ဆောင်တယ်၊ ဒီလို ထုတ်ဆောင်တဲ့ နေရာမှာ ခင်ဗျားတို့ကထုတ်ဆောင်ပါလို့ ခိုင်းဖို့မ
လိုဘူး၊ သူ့ သဘော သူ့ ဓမ္မတာအတိုင်း ဆောင်းသွားတာပဲ၊ ဝိပဿနာလုပ်တော့ မဂ္ဂင်တွေဝမ်းထဲရောက်
လာပြီး၊ အားထုတ်တဲ့ပုဂ္ဂိုလ်ကို သူ့သဘောအတိုင်း ဝဋ် ၃-ပါးမှ ထုတ်ဆောင်ပြီး နိဗ္ဗာန်သို့ပို့ပေးတာပဲ၊
"မဂ္ဂင်လမ်း ၂-မျိုး" မဂ္ဂင်လမ်းမှ အပါယ်ပို့ဆောင်တဲ့ မဂ္ဂင်လမ်း၊ နိဗ္ဗာန်ပို့ဆောင်တဲ့ မဂ္ဂင်လမ်းရယ်လို့ ၂-မျိုးရှိ
တယ်၊ ထုတ်ဆောင်တတ်တဲ့တရား ၂-မျိုးရှိတယ်လို့မှတ်၊ ထုတ်ဆောင်တဲ့တရားက အကောင်းအဆိုး ၂-မျိုး
ရှိတော့၊ ခင်ဗျားတို့က (၁) အပါယ်ရောက်ကြောင်း အဆိုးတရားတွေကိုကြိုးစားရင်၊ အဲဒီတရားက ခင်ဗျားတို့
ကို အပါယ်သို့ ထုတ်ဆောင်သွားမှာပဲ၊ (၂) နိဗ္ဗာန်ရောက်ကြောင်း အကောင်းတရားတွေကို ကြိုးစားရင် အဲဒီ
တရားက ခင်ဗျားတို့ကို နိဗ္ဗာန်သို့ ထုတ်ဆောင်ပေးမှာပဲ၊ ဒါ"ဓမ္မနိယာမ"လို့ခေါ်တယ်၊ "ဓမ္မနိယာမ"ဆိုတာသူ့
သဘောနဲ့သူဆောင်သွားတယ်လို့မှတ်၊ ရှောင်လို့ကွင်းလို့မရဘူး၊ (၁) မကောင်းတဲ့ တရားလုပ်ရင် အပါယ်
သွားမှာပဲ၊ (၂) ကောင်းတဲ့တရား လုပ်ရင် နိဗ္ဗာန်ရောက်မှာပဲ၊ ဆုတောင်းနေဖို့မလုဘူး၊ ဆုတောင်းလို့မရဘူး၊
အလုပ်ကမှ ထုတ်ဆောင်နိုင်တာကို နှုတ်နဲ့ပြောနေလို့တော့ ဘယ်နည်းနဲ့မှ မရဘူး၊ "ဝဋ် ၃-ပါး" ခင်ဗျားတို့
ခန္ဓာထဲမှာ ဝေဒနာတွေဟာ အမြဲရှိနေတယ်၊ ဒီ ဝေဒနာတွေဟာ ၃-မျိုးရှိတယ်၊ သုခဝေဒနာဆိုတဲ့ ချမ်းသာတဲ့
ဝေဒနာ၊ ဒုက္ခဝေဒနာဆိုတဲ့ ခန္ဓာကိုယ်ထဲမှာ ဆင်းရဲတဲ့ဝေဒနာ၊ ဥပေက္ခာဝေဒနာဆိုတဲ့ ချမ်းသာဆင်းရဲကင်း
တဲ့ ဝေဒနာ၊ အဲ တစ်ကိုယ်လုံးမှာ ဝေဒနာ ၃-မျိုးဟာ လှည့်ဖြစ်နေတာပဲ၊ ဖြစ်တော့ (၁) "သုခဝေဒနာ"ဖြစ်ရင်
"တဏှာ"ဖြစ်မယ်၊ (၂) "ဒုက္ခဝေဒနာ"ဖြစ်ရင်"ဒေါသ"ဖြစ်မယ်၊ (၃) "ဥပေက္ခာဝေဒနာ"ဖြစ်ရင်"မောဟ"ဖြစ်
မယ်၊ ဒီတော့ ဝေဒနာ ၃-ပါးကနေပြီး လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာ ၃-မျိုးဖြစ်နိုင်တယ်၊ ဒီ ကိ
လေသာ ၃-ပါးဟာ"ကိလေသာဝဋ် "လို့ခေါ်တယ်၊ ဒီဝေဒနာ ၃-ပါးကို ဖြစ်ပျက်မရှုတဲ့ ပုဂ္ဂိုလ်မှာ ကိလေသာ
ဝဋ် ၃-ပါးဖြစ်မယ်၊ သုခဝေဒနာ..ချမ်းသာတယ် သဘောကျတယ်ဆိုရင် တဏှာကလာတာပဲ၊ ဒုက္ခဝေဒနာ..
ဆင်းရဲတယ် မကျေနပ်ဘူးဆိုရင် ဒေါသကတစ်ခါတည်းလာတာပဲ၊ ဥပေက္ခာဝေဒနာ..ချမ်းသာဆင်းရဲ မသိ
ဘူးဆိုရင် မောဟ (အဝိဇ္ဇာ) လာတာပဲ၊ ဥပေက္ခာဝေဒနာဟာ ခန္ဓာကိုယ်ထဲရောက်တဲ့အခါ အင်မတန် သိမ်
မွေ့တယ်၊ သိမ်မွေ့တော့မသိလိုက်ဘူး၊ မသိလိုက်တော့ မောဟလာတယ်။
ဝေဒနာ ၃-ပါး ပေါ်လာတာကို ဖြစ်ပျက်မရှုလိုက်ရင် ကိလေသဝဋ်ဖြစ်လာတယ်၊ ဝေဒနာ ၃-ပါးဟာ ခင်ဗျား
တို့ ခန္ဓာထဲမှာ ခဏခဏ အပြောင်းအလဲနဲ့ (တစ်လှည့်စီ) အဆက်မပြတ် အချိန်မရွေးပေါ်လာနေတယ်၊ ဒါ
တွေကို ဖြစ်ပျက်မရှုလိုက်တဲ့မတွက် တဏှာ (ဥပါဒါန်) ဒေါသ အဝိဇ္ဇာ ဆိုတဲ့ ကိလေသဝဋ် လာတာပဲ၊ ကိလေ
သဝဋ် လာရင် ကမ္မဘဝ သင်္ခါရဆိုတဲ့ ကမ္မဝဋ် လာမှာပဲ၊ ကမ္မဝဋ်လာရင် ခန္ဓာ ၅-ပါး"ဇာတိ"ဆိုတဲ့၊ ဝိပါကဝဋ်
လာပါလိမ့်မယ်၊ ဒီတော့ ဝေဒနာကို ဖြစ်ပျက်မရှုလိုက်တဲ့အတွက် "ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်"ဆိုတဲ့
ဝဋ် ၃-မျိုးဟာ ဆက်တိုက်လာတော့တာပဲ၊ ဒီတော့ ဝေဒနာမရှုတဲ့အတွက် ဝဋ်သုံးပါးလည်ရတယ်လို့မှတ်၊
ဇာတိဆိုတဲ့ ဝိပါကဝဋ်ထဲ ရောက်ရင်တော့"အိုမှု..ဇရာ၊ နာမှု..ဗျာဓိ၊ သေမှု..မရဏ ဆိုတဲ့ ဆင်းရဲမှုတွေဟာ
ပြေးမလွတ်တော့ဘူး၊ ဒုက္ခဝဋ်ကြီးထဲ ရောက်သွားတော့တာပဲ၊ ခင်ဗျားတို့ဟာ ဒီဝဋ်တွင်း ရောက်နေတာဆို
တော့၊ "ဝဋ်ကောင်"အစစ်ပေါ့၊ ဝဋ်ကောင်ဖြစ်ပေမယ့် ခင်ဗျားတို့က ကိုယ့်ကိုယ်ကို ဝဋ်ကောင်မှန်း မသိတော့
ဝဋ်မကျွတ်ချင်ကြဘူးပေါ့၊ ဝဋ်မကျွတ်ချင်လို့ပေါ့..သားရေး သမီးရေး စီးပွားရေးတွေနဲ့ အချိန်တွေကုန်နေကြ
တာ၊ ဒီတော့ ဒီဝဋ်အတွင်းမှ ထုတ်ဆောင်ပေးမယ့် တရားကိုတော့ ခင်ဗျားတို့ ရှာသင့်ပြီ၊ မရှာရင်ဝဋ်ဆင်းရဲ
တွင်းက ဘယ်တော့မှ ထွက်တော့မှာ မဟုတ်ဘူး၊ ထွက်လမ်း..ထွက်ပေါက် မရှိတော့ဘူးလို့မှတ်၊ ခင်ဗျားတို့
ဟာ ကိုယ့်ကိုယ်ကို ဝဋ်ကောင်းမှန်းမသိတော့၊ အိမ်မှာ စားကာသောက်ကာ ပျော်ရွှင်စွာနဲ့ နေကြတယ်၊ ဒီလို
နေတာဟာ ဟောဒီ ဝေဒနာ ၃-ပါးပြည့်စုံအောင်ကြိုးစားနေတာပဲ၊ ခင်ဗျားတို့ ခက်တယ်၊ အနာပေါက်လို့
ပေါက်မှန်းမသိဘူး၊ (ဝေဒနာ ၃-မျိုး ပေါ်တာဟာ အနာပေါက်တာ) အခုကြည့်၊ ဝေဒနာ ၃-ပါးကို ဖြစ်ပျက်မရှု
တဲ့ ပုဂ္ဂိုလ်မှာ ဝဋ် ၃-မျိုးလာတယ်၊ ရှေးဦးစွာ ကိလေသဝဋ်လာတယ်၊ ဒီ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်
တယ်၊ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်ဆိုတဲ့..ဇာတိ..ပဋိသန္ဓေ အပါယ်ဇာတိဖြစ်တယ်၊ အပါယ်မှာ ပဋိသန္ဓေနေရ
တယ်၊ ဒါဖြင့်ဒီ တရားတွေဟာ ခင်ဗျားတို့ကို အပါယ်သို့ ထုတ်ဆောင်ပို့ပေးတာပဲ၊ သူ့သဘောနဲ့သူ ထုတ်
ဆောင်ပို့ပေးတာ၊ ခင်ဗျားတို့ အိမ်နေပေမယ့် မေ့နေပေမယ့် ဒီတရားတွေက မမေ့ဘူး၊ ခင်ဗျားတို့ အိပ်နေပေ
မယ့် မေ့နေပေမယ့် ဒီတရားတွေက မမေ့ဘူး၊  သူ့အလုပ်သူလုပ်နေတာပဲ၊ ခင်ဗျားတို့ ဒီ ဓမ္မသဘောကို
ရှောင်လို့ တိမ်းလို့မရဘူး၊ အပါယ်ပို့မယ့်တရားကတော့ ပို့မှာပဲ။ ခင်ဗျားတို့က ဝဋ်ဒုက္ခအကြောင်း မသိတော့
လူ့ပြည် နတ်ပြည်ကို ဆုတောင်းကြတယ်၊ ဒါ တဏှာ လောဘနဲ့တောင်းနေတာ၊ တဏှာစခန်းဖွင့်နေတာ၊
တဏှာဆိုတာက ကိလေသဝဋ်၊ ဒီတော့ နတ်ပြည်ဆုတောင်းတာဟာ ကိလေသဝဋ်လုပ်တာပဲ၊ ဆုတောင်း
တဲ့အခါ စေတနာကံကလဲ ပါလာတော့..ကမ္မဝဋ်လုပ်တာလဲ ဖြစ်တယ်၊ ကိုင်း..ကိလေသဝဋ် ကမ္မဝဋ်ပါတော့
ဝိပါကဝဋ်ဟာ ပြေးမလွတ်တော့ဘူး၊ ကုသိုလ်ကံ အရှိန်ကုန်တော့ အပါယ်ရောက်ပြန်တာပဲ၊ အပါယ် ၄-ပါး
ဟာ ခင်ဗျားတို့"နေအိမ်"ပဲ၊ လူ့ပြည် နတ်ပြည်ဆိုတာ အလည်လာပြီး ခဏနေတာပဲ၊ ကဲ..ခင်ဗျားတို့ ဝဋ် ၃-ပါး
အကြောင်း ကောင်းကောင်းသိပြီ၊ နောက်က ဒါတွေမသိလို့ မိုက်ခဲ့တာတွေလဲ များလှပြီ၊ ဒါပေမယ့် ဒီနောက်
က မိုက်ခဲ့တာတွေကိုကြောက်မနေပါနဲ့၊ ကြောက်စရာမလိုဘူး၊ မဂ်ဆိုက်အောင်သာလုပ်၊ မဂ်ဆိုက်ရင်နောက်
ကအမှားတွေဟာ အဟောသိကံဖြစ်သွားမယ်၊ အကျိုးမပေးနိုင်တော့ဘူး၊ မုဆိုးကြီးတွေ အင်္ဂုလိမာလလို လူ
သတ်သမားကြီးတွေဟာ မဂ်အလုပ်လုပ်သွားတာနဲ့ နိဗ္ဗာန်ရောက်သွားတယ်၊ နိဗ္ဗာန်ရောက်တော့ သူတို့ရဲ့
နောက်က အမှားတွေ မိုက်မဲမှုတွေ့ဟာ အဟောသိကံဖြစ်သွားတယ်၊ ဒီတော့ ဒီမဂ်အလုပ်ဟာ လုပ်သင့်တဲ့
အလုပ်ဆိုတာ ပြောဖို့မလိုတော့ဘူး၊ ဒါကိုမလုပ်တဲ့ ပုဂ္ဂိုလ်မှာတော့ ဝဋ် ၃-ပါးလာမှာပဲ၊ ဖြစ်ပျက်မြင်တဲ့ ပုဂ္ဂိုလ်
ကျတော့ ဒီဝဋ် ၃-ပါးက ကျွတ်သွားမယ်၊ ဆန်တက်သွားမယ်၊ ဒါဟာ နိဗ္ဗာန်ဘက်သို့ ထွက်မြောက်နိုင်
ကြောင်း လမ်းကောင်းအစစ်အမှန်ဖြစ်တဲ့ တရားပဲ၊ ရှေးက ခင်ဗျားတို့ ဒီတရားမျိုးမနာဖူးဘူး၊ မနာဘူးတော့
မသိဘူး၊ မသိတော့မရှုဖြစ်မလုပ်ဖြစ်ဘူး၊ မရှုဖြစ်မလုပ်ဖြစ်တော့ ဝဋ်သင့်ပြီ၊ ဝဋ်ထဲမှာ လှည့်လည်နေခဲ့တာပဲ၊
ဝဋ်သင့်နေတော့ ခင်ဗျားတို့ သွားရင်းလာရင်း နေရင်းထိုင်ရင်းနဲ့..အိုမှု..နာမှု..သေမှုကြီးနဲ့ တွဲလျက်ပါနေတယ်
ခွဲလို့မရဘူး၊ အခုဝဋ်သင့်နေပါလျက်၊ ဝဋ်သင့်မှန်း သိပါလျက်နဲ့၊ ဝဋ်မှထွက်တဲ့တရားကို ဖြည်းဖြည်းမှ လုပ်
မယ်ဆိုရင်သေပွဲ ပြတ်မှာမဟုတ်တော့ဘူး၊ မဟုတ်တော့ ဒီထက်မိုက်တာ မရှိတော့ဘူးပေါ့၊ ရှေးက ဝဋ်မှ
ထွက်ကြောင်းတရားမနာခဲ့ရလို့ မလုပ်ခဲ့ရတော့..ဝဋ်တွေဟာ ရှုပ်ပွေလိမ်နေတာပဲ၊ အခုလဲ ဝဋ်မကျွတ်သေး
ဘူး၊ ဒီတော့ အခုသိတဲ့အချိန်ကစပြီး ဝဋ်ပြတ်အောင်လုပ်မှပဲဆိုတာကို ယနေ့စိတ်ပြောင်းမှအဖိုးတန်မယ်၊
နက်ဖြန်မှ စိတ်ပြောင်းရင် ည မရဏ..သေမင်းဝင်လာရင် ခက်မယ်၊ အခုတရားနာပြီး အခုစိတ်ပြောင်းပြီး အခု
လုပ်တော့မယ်လို့ ဆုံးဖြတ်ကြပါ၊ အချိန်ဆွဲမနေနဲ့။
ကဲ...ဝဋ်ကျွတ်တဲ့ အလုပ်ဆိုတာ တခြားမဟုတ်ဘူး၊ ဖြစ်ပျက်ရှုတဲ့အလုပ်ပဲ၊ ဒီတော့ ခင်ဗျားတို့ခန္ဓာထဲမှာ
ဝေဒနာ ၃-ပါး လှည့်ဖြစ်နေတယ်၊ လှည့်ပေါ်နေတယ်၊ ဒီတော့ ဝေဒနာကို ရှု၊ ပေါ်ရာကိုရှုဆိုတော့..နာရင် ဒုက္ခ
ဝေဒနာ၊ ကောင်းရင် သုခဝေဒနာ၊ မကောင်း တကောင်းဆိုရင် ဥပေက္ခာဝေဒနာ၊ သူပေါ်တဲ့နေရာမှာ သူရှိမ
ရှိ ရှုပေး၊ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ရှုလိုက်တဲ့အခါ ဝေဒနာမရှိတော့ဘူး၊ ချုပ်ပျက်သွားပြီ၊ ပျက်သွားတဲ့အ
ခါမှာ ပျက်ပြီလို့ သတိထားရမယ်၊ ဒီတော့"သတိထား၊ ဝီရိယစိုက်၊ ပညာနဲ့ရှုပေး"ဒီ ၃-ပါးလက်ကိုင်ထား၊ သ
တိရှိရင် သမာဓိဟာ ပါတာပဲ၊ သတိထား ဝီရိယစိုက်ဆိုရာမှာ သမာဓိလဲ ပါပြီးသားဖြစ်တယ်၊ ဒါဟာ"သမာဓီ
မဂ္ဂင် ၃-ပါး"ပါပဲ၊ ပညာနဲ့ဆိုတော့"ပညာဟာသမ္မာဒိဋ္ဌိပဲ"ပညာပါရင်"သမ္မာသင်္ကပ္ပက"လဲ အမြဲတွဲနေပါတယ်၊
ဒါဟာ"ပညာမဂ္ဂင် ၂-ပါး"ပဲ၊ ဝေဒနာဖြစ်ပျက်ရှုရာမှာ..ဒီမဂ္ဂင် ၅-ပါးက အမြဲရပါတယ်၊ ဝေဒနာကို ရှိမရှိရှုလိုက်
တော့ မရှိတာတွေ့တယ်၊ မရှိတာသည် အနိစ္စပဲ၊ ဒီမရှိတာသိတဲ့အခါမှာ ခုနကမဂ္ဂင် ၅-ပါးဟာ တစ်ပြိုင်နက်
ပေါ်လာတယ်၊ မရှိမှန်းသိတဲ့အခါမှာ၊ မရှိတာက အနိစ္စ၊ သိတာက မဂ္ဂ၊ ဪ...အနိစ္စဆိုတာ ရှိပြီး မရှိတာ၊
ခုနကပေါ်တယ်၊ အခုကြည့်လိုက်တော့ မရှိတော့ဘူး၊ ဒီလို ဝေဒနာဖြစ်ပြီး ပျက်တာကို နောက်ကရှုတဲ့တရား
ဟာ မဂ္ဂမဂ်ပဲ၊ ဒီလိုရှုတော့ ဝမ်းထဲ ဒီမဂ်ရောက်ပြီ၊ မဂ်ရောက်လာတော့ ဒီမဂ်ဟာ ဝဋ်မှဆန်တက်ပြီ နိဗ္ဗာန်
ဘက်သို့ ထုတ်ဆောင်ပေးတာပဲ၊ ဒီမဂ္ဂင် ၅-ပါးမလာရင် ဝဋ် ၃-ပါးမျိုးလာမယ်၊ ရှုလိုက်လို့ မဂ်ရောက်လာ
တော့၊ ဝဋ် ၃-ပါးဟာ လာခွင်မရတော့ဘူး၊ ဝဋ်လာခွင့်မရအောင်လုပ်တော့..ဒီမဂ်ဟာ ဝဋ်မှဆန်တက်သွား
ပြီ၊ ထွက်သွားပြီး ဝဋ်ကိုဖြတ်ပစ်လိုက်ပြီ၊ ဖြတ်တော့ ဝဋ်ကျွတ်တာပေါ့၊ ဒီလို ဖြစ်ပျက်မရှုလို့ မဂ်မလာရင်၊
ဝဋ် ၃-ပါးလာမယ်၊ ဝဋ်သင့်မယ်၊ ဝဋ်ထဲမှာ အဝိုင်းပြေးနေမှာပဲ၊ ရှုတဲ့ပုဂ္ဂိုလ်မှာ မဂ်လာတော့ ဝဋ်ကျွတ်တာ
ပေါ့၊ ဒီတော့ ဝဋ်ကျွတ်တယ်ဆိုတာ ဒီလို အလုပ်လုပ်မှရမယ်၊ ဝဋ်မှကျွတ်ရပါလို၏လို့ ဆုတောင်းလို့တော့
ဝဋ်မကျွတ်နိုင်ဘူး၊ လူ့ပြည် နတ်ပြည်သာ ဆုတောင်းလို့ရတာ၊ နိဗ္ဗာန်ကျတော့ ဆုတောင်းလို့ မရဘူး၊ ဖြစ်
ပျက်ရှုတဲ့အလုပ်..လုပ်ယူရမယ်၊ အခုဝေဒနာရှုလို့ ဝဋ်ကျွတ်တာ ဝဋ်ပြတ်တာ၊ ဒီတော့ ဆုတောင်းကိုပယ် ရှုမှု
ကိုသန်ပေးပါ၊ ဖြစ်ပျက်ရှုတဲ့ အလုပ်လုပ်ရင် ဝဋ်ကျွတ်တယ်၊ အကာလိကော..အခါမလင့် အကျိုးပေးတယ်၊
ဖြစ်ပျက်ရှုလို့ မဂ်လဲလာရော ဝဋ် ၃-ပါး လာခွင့်မရတော့ဘူး၊ ဒါ အခါမလင့် အကျိုးပေးတာပဲ၊ ဒိဋ္ဌဓမ္မ..လက်
ငင်းအကျိုးပေးတာပဲ၊ ဒီတော့ ဝဋ်ကျွတ်ချင်ရင် ကိုယ်တိုင်ဖြစ်ပျက်ရှုရုံပဲ ရှိတယ်၊ ဝေဒနာကို ဖြစ်ပျက်ရှုရမယ်၊
ဝေဒနာကို ဖြစ်ပျက်မမြင်..မြင်အောင်ကြည်၊ ဖြုန်းကနဲ လုပ်စပုဂ္ဂိုလ်မှာ မမြင်နိုင်သေးဘူး၊ ဝေဒနာရှုတဲ့အခါ
ဝေဒနာဟာဖြစ်ပြီးချုပ်သွားတယ်၊ အဲဒီ ဝေဒနာချုပ်တာကို နောက်ကဉာဏ်ကနေပြီး ဪ..ဖြစ်ပြီးချုပ်သွား
တာပါလားလို့ သိရင်တော်ပြီး၊ ဖြစ်ပျက်ဟာမြန်လွန်းတော့ ဖြစ်တုန်းပျက်တုန်းမှာ မသိမမြင်ဘူး၊ (ဝေဒနာ)
ဖြစ်ပြီးပျက်ပြီးမှ သိ..မြင်နိုင်တယ်။
ဒီတော့ ဝဋ်ကျွတ်ချင်ရင် ဖြစ်ပျက်မြင်အောင်၊ ဖြစ်ပျက်နဲ့ မဂ် ကိုင်အောင်လုပ်၊ ဖြစ်ပျက်မြင်ရင် မဂ်လာပြီ၊
နည်းနည်းချဲ့ပြမယ်၊ ဝေဒနာကြောင့် တဏှာဖြစ်ရာမှာ၊ တဏှာဆိုတဲ့"ကိလေသဝဋ်"ဟာ ဟဒယဝတ္ထုပေါ်မှာ
ပေါ်ပါတယ်၊ "ကမ္မဝဋ်"ဆိုတဲ့ စေတနာလဲ ဟဒယဝတ္ထုပေါ်မှာ ပေါ်ပါတယ်၊ "ဝိပါကဝဋ်"ဆိုတာလဲ ဟဒယ
ဝတ္ထုနဲ့ကပ်ပြီး ပဋိသန္ဓေနေတာပဲ၊ ဒီတော့ ဝဋ် ၃-ပါးဟာ ဟဒယဝတ္ထုပေါ်မှာပဲကျက်စားတယ်၊ ခင်ဗျားတို့ ဖြစ်
ပျက်ရှုတဲ့အခါ၊ မဂ်ဟာလဲ ဟဒယဝတ္ထုပေါ်မှာပဲ ပေါ်တယ်၊ ဒီတော့ ဖြစ်ပျက်ရှုလို့ မဂ်လာပြီဆိုရင် ဟိုဝဋ်တွေ
မလာတော့ဘူး၊ မလာရင် ဝဋ်ကျွတ်တာပေါ့၊ ဝဋ်ကျွတ်တယ်ဆိုတာ..ဝဋ်မလာအောင် တားလိုက်လို့ဝဋ်မလာ
တာကို ခေါ်တာ၊ (၁) "ယထာဘူတဉာဏ်" အခုဖြစ်ပျက်မြင်တဲ့ဉာဏ်ဟာ ဝဋ်ကျွတ်ခြင်း၏ အစဉာဏ်ပဲရှိ
သေးတယ်၊ (ဝေဒနာ) မရှိတာ မရှိမှန်းသိသောကြောင့်၊ ဟုတ်တိုင်းမှန်စွာ သိတဲ့ဉာဏ်ပဲရှိသေးတယ်၊ ဒီဉာဏ်
ကို"ယထာဘူတဉာဏ်"လို့ခေါ်တယ်၊ ဖြစ်ပျက်မြင်တဲ့ မဂ္ဂင် ၅-ပါးဟာ ယထာဘူတဉာဏ်ပဲ၊ ဒီဉာဏ်ရရင် ခင်
ဗျားတို့ စူဠသောတာပန်ဆိုတာ ဒီဇောနဲ့သေမှ ဒီဘဝသာအပါယ်စိတ်ချရတာ၊ သေခါနီးမှာ တစ်ခြားဇောတွေ
ဝင်လာရင် စိတ်မချရသေးဘူး၊ စိတ်မချရသေးတဲ့ သောတာပန် ဖြစ်သောကြောင့် ဒါကိုသိပ်အားမကိုးပါနဲ့၊
စိတ်ချရအောင် ဆက်လုပ်ပါအုံး၊ ဒီတော့ ဖြစ်ပျက်မြင်ရုံနဲ့ မကျေနပ်နဲ့အုံး၊ တစ်ဆင့်တက်အုံးလို့ သတိပေးပါ
တယ်။ (၂) "နိဗ္ဗိဒါဉာဏ်"ဘာတစ်ဆင့် တက်ရမလဲဆိုတော့ ဒီ ဖြစ်ပျက် မုန်းအောင်ရှုပါ၊ နိဗ္ဗိဒါဉာဏ်ဆိုတာ
ဖြစ်ပျက် (ဒုက္ခသစ္စာ) ကိုငြိးငွေ့မုန်းတီးလာတဲ့ဉာဏ်ကို ပြောတာ၊ ဖြစ်ပျက်မုန်းလာရင်"နိဗ္ဗိဒါဉာဏ်"ရောက်
ပြီ၊ ခုနကတော့ ဖြစ်ပျက်မြင်တယ်၊ အခုဟာက ဖြစ်ပျက်မုန်းတယ်၊ ဒီလိုဉာဏ် ၂-ပါးထူးခြားတယ်၊ ဒီတော့
ဖြစ်ပျက် မြင်တဲ့ဉာဏ်ထက် ဖြစ်ပျက်မုန်းတဲ့ဉာဏ်က ပိုထက်သန်တယ်၊ ဖြစ်ပျက်မြင်တဲ့ဉာဏ်လာပြီးမှ ဖြစ်
ပျက်မုန်းတဲ့ဉာဏ် ရလာတာကိုး၊ ဖြစ်ပျက်မမြင်ဘဲနဲ့ ဖြစ်ပျက်မုန်းတဲ့ဉာဏ် မလာနိုင်ဘူး၊ ဒီတော့ ဒီဉာဏ် ၂-
ဉာဏ်တွင် အရင်ယထာဘူတဉာဏ်တုန်းက"ကိလေသဝဋ်"အကြမ်းစားလောက်ပဲဖြတ်တယ်၊ အခု နိဗ္ဗိဒါ
ဉာဏ်က ကိလေသာအနုစားကိုပါ ဆက်ဖြတ်တယ်၊ ဒီလို ဉာဏ် ၂-ဉာဏ် အထူးကိုမှတ်ပါ၊ နိဗ္ဗိဒါဉာဏ်လာ
လို့ရှိရင် ငြီးငွေ့လျက်နဲ့ မကြည်ချင်ပဲနဲ့ ကြည့်နေရတာပဲဆိုတော့၊ အင်း..ဒီဟာမရှိရင် ကောင်းလေစွ၊ ဒီဟာမှ
ကျွတ်လွတ်ရင် ကောင်းစွဆိုတာတွေ လာတယ်၊ အဲဒါအပြင်"မုဉ္စိတုကမျှတာဉာဏ်" (ဒုက္ခမှ လွတ်လိုတဲ့
ဉာဏ်) တို့လဲ အလိုလိုတက်လာတာပဲ၊ ဒီဉာဏ်တွေဟာ အလိုလိုအကျုံးဝင်သွားလို့ တည့်ပြောဖို့မလိုပါဘူး။
(၃) "မဂ်ဉာဏ်"ဖြစ်ပျက်ကိုမုန်းလျက်နဲ့ပေရှု၊ ရှုရင်းမတ်တတ်နဲ့ပဲ မုန်းပြီးတော့၊ အင်း ဒါကြီးကိုတော့ဖြင့် မလို
ချင်တော့ပါဘူးလို့လာမယ်၊ ဒီဝေဒနာကြောင့် ဖြစ်တဲ့တဏှာနည်းနည်းမှမရှိလို့ မလိုချင်တာ၊ နည်းနည်းလေး
ရှိ..နည်းနည်းလေးလိုချင်တယ်၊ ငါ..ငါ့ဥစ္စာဆိုတဲ့ တဏှာတို့၊ ဒိဋ္ဌိတို့လဲ နည်းနည်းမှမရှိတော့ဘူး၊ ဝိစိကိစ္ဆာ္လလဲ
နည်းနည်းမှ မရှိတော့ဘူး၊ ဒါဖြင့် မလိုချင်တဲ့မဂ်ပေါ်တဲ့အခါကျရင် တဏှာလဲမရှိ၊ ဒိဋ္ဌိလဲမရှိ၊ ဝိစိကိစ္ဆာလဲမရှိ
တဲ့အတွက်၊ တဏှာဝိစိကိစ္ဆာတို့ စွမ်းရည်သတ္တိကဖြစ်စေတဲ့ ခင်ဗျားတို့ ဝေဒနာက္ခန္ဓာကြီးဟာ ပျောက်ထွက်
သွားတယ်၊ အကြောင်းပျောက်လို့ အကျိုးပျောက်သွားတယ်၊ အဲဒါ မီးသေလို့ အခိုးမရှိတာဘဲ၊ အကြောင်းကိ
လေသဝဋ် ပျက်သွားတာနဲ့ အကျိုးဝေဒနာက္ခန္ဓာ ဒုက္ခသစ္စာကြီးဟာ တစ်ခါတည်းမလိုချင်တဲ့အချိန်မှာပျောက်
သွားတယ်။
ဒီတော့ ဝိပါကဝဋ်ခန္ဓာကြီး..ဒုက္ခသစ္စာခန္ဓာကြီးဟာ မလိုချင်တဲ့ပုဂ္ဂိုလ်မှာ (မဂ်ဉာဏ်ဝင်လာတဲ့ ပုဂ္ဂိုလ်မှာ) ရှု
ရင်းမတ်တတ်နဲ့ ပျောက်ထွက်သွားတယ်၊ မဂ်ဆိုက်တဲ့ အခါကျတော့ မဂ္ဂင် ၈-ပါး ဖြစ်လာတယ်၊ မဂ္ဂင် ၈-ပါး
ဆိုတဲ့ မဂ်ဉာဏ်ပေါ်လာရင်..ဝေဒနာက္ခန္ဓာ ဒုက္ခသစ္စာကြီး ချုပ်သွားပြီး၊ အဲဒီနေရာမှာ သုခနိဗ္ဗာန် အစားထိုး
ဝင်လာတယ်၊ ရှိတဲ့မဂ်ဉာဏ်က သုခနိဗ္ဗာန်နဲ့သွားတွေ့တယ်၊ အစားထိုးတာ သုခနိဗ္ဗာန်၊ အစားထိုးတာမြင်
တာကမဂ်ဉာဏ်၊ ချုပ်သွားတာက ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ အဲဒီ မဂ္ဂင် ၈-ပါး လာတော့မှ အပါယ်ကိလေသ
ဝဋ်၊ အပါယ်ရောက်မယ့် ကမ္မဝဋ်၊ အပါယ်မှာ အထည်ကြီးတွေဖြစ်မယ့် ဝိပါကဝဋ်..ဒီဝဋ်တွေ အမြစ်နဲ့တကွ အ
ကုန်ကျွတ်သွားတယ်၊ ခုနက ယထာဘူတဉာဏ် နိဗ္ဗိဒါဉာဏ် ၂-ခုက ဝဋ် ၃-ပါးကို အပေါ်ယံက ဖြတ်ချတယ်
အမြစ်မပြတ်ဘူး၊ ယထာဘူတဉာဏ်က အပေါ်ယံကဖြတ်ပြီး၊ နိဗ္ဗိဒါဉာဏ်က အမြစ်နားကဖြတ်တယ်၊ မဂ်
ဉာဏ်ကျမှ အမြစ်ပါ ဖြတ်တာ၊ ဒီတော့ ဝဋ်ကျွတ်တဲ့တရား အစစ်ဟာမဂ္ဂင် ၈-ပါးပဲ၊ အချုပ်ပြောရရင် မဂ္ဂင်တ
ရားဆိုတာ ပွားများရတဲ့ ပွားယူရတဲ့"ဘာဝေတဗ္ဗ"တရားပဲ၊ လောကီ ဝိပဿနာ မဂ္ဂင်ကလဲ ဘာဝေတဗ္ဗပဲ၊
လောကုတ္တရာမဂ္ဂင်လဲ ဘာဝေတဗ္ဗပဲ၊ ဒါကြောင့် နိဗ္ဗာန်ဆိုတာ ရှုပွားယူရတာ၊ ရှုပွားမယူရင် မရဘူး၊ ရှုပွားရာ
မှာ ပြောခဲ့တဲ့ ဉာဏ် ၃-ဉာဏ်နဲ့ တက်ရမယ်၊ (၁) ယထာဘူတဉာဏ်က ဖြစ်ပျက်ကိုမြင်တယ်၊ (၂) နိဗ္ဗိဒါဉာဏ်
ကလဲ ဖြစ်ပျက်ကိုပဲမြင်တယ်၊ သို့သော် ဖြစ်ပျက်ကို မြင်ရုံတင်မဟုတ်ဘဲ..မုန်းလဲ မုန်းတယ်၊ (၃) မဂ်ဉာဏ်
ကျတော့ ဖြစ်ပျက်ကို မမြင်တော့ဘူး၊ ဖြစ်ပျက်မရှိတာကိုသာ မြင်တယ်၊ ဖြစ်ပျက်မရှိတာ မြင်တယ်ဆိုသဖြင့်
ဒီ အနိစ္စဟူသရွေ့ကို လုံးဝမမြင်၊ ဒုက္ခဟူသရွေ့ လုံးဝမမြင်၊ အနတ္တဟူသရွေ့ လုံးဝမမြင်တော့ဘူး၊ အနိစ္စ
ဒုက္ခ အနတ္တ ဖြစ်တဲ့ ရုပ်နာမ်တို့၏ ဖြစ်ပျက်တွေကို ဒီ မဂ်ဉာဏ်က မမြင်တော့ဘူး၊ မခိုင်မြဲတာ မမြင်တော့ဘူး
ခိုင်မြဲတာပဲ မြင်တယ်ဆိုတော့..ခိုင်မြဲချမ်းသာတဲ့ နိဗ္ဗာန်ကိုသာ မြင်တယ်။ အဲဒီတော့ ဒီမဂ်ဉာဏ်ရမှ အပါယ်
၎-ပါး စိတ်ချရမယ်၊ ဒီဉာဏ်မှမရသေးရင် အပါယ် ၄-ပါးဟာ ကိုယ့်အိမ်လို့မှတ်ပါ၊ ဒီမဂ်ဉာဏ်သာ ခင်ဗျားတို့
ထာဝရအားကိုးရာရှိတော့တယ်၊ တခြား တရားတွေကတော့ ခဏယာယီလောက်တာအားကိုးလို့ရမှာ။      ။

                                         ဤကောင်းမှုကုသိုလ်ကံ
                     စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
                     ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
                                   အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
                                      တည်ရှိပါစေသတည်း ။               ။

                                                                                                          အရှင်ဉာဏဓဇ
                                                                                        မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
                                                                                                  ပင်မသံဝေဇနိယဌာန
                                                                                                         အမရပူရမြို့ ။               ။

No comments:

Post a Comment